Unicode
ထမင်းဝိုင်းမှာလူသုံးယောက်က တိတ်ဆိတ်စွာထမင်းစားနေကြတယ်။ ခေးမီပြန်ရောက်တာသိပ်မကြာသေးပေမဲ့ လိုတာထက်ပိုပြီးတိတ်ဆိတ်အေးစက်လွန်းနေတဲ့ အငွေ့အသက်တွေကြောင့် ထမင်းတောင်ဖြောင့်ဖြောင့်မစားရဲပေ။ မြူဒေါင်းငယ်ကလည်းမျက်နှာမကောင်းသလို၊ကိုကိုကလည်း မျက်နှာမှာတင်းမာမှုအပြည့်ရှိနေသည်။
နှစ်ယောက်သား ဘာတွေဖြစ်ပြန်ပြီလည်း မီမသိ။မေးကြည့်ဖို့ရာကလည်း ဒီလိုပုံစံတွေနဲ့ဘယ်လိုလုပ်မေးရဲပါ့မလဲ။
''ကျွန်တော် စားပြီးပြီ ''
''ဒုန်း.....!''
ထိုထမင်းဝိုင်းအား မြူဒေါင်းငယ်မှအရင်လျစ်လျူရှုသွား၏။ ထို့နောက်စိုင်းကပါ စားပွဲကို ဒုန်းကတည်းရိုက်ချပြီးထထွက်သွားပြန်ပါသည်။ ကျန်ခဲ့သူခေးမီမီသွင်မှာတော့ ကြောင်တောင်တောင်လေးရယ်။
သေချာပြီ ဒီနှစ်ယောက်ရန်အကြီးအကျယ်ဖြစ်ထားပြန်ပြီထင်ပါတယ်။ အခြေအနေသိပ်မဟန်တော့ဘူး။
အခန်းထဲရောက်တော့ မြူဒေါင်းအိပ်ရာကိုမျက်နှာအပ်ပြီးငိုမိပြန်၏။ ကိုကို့အနားမှာနေရတာကြာတော့ မွန်းကြပ်လာသည်။ကပ်တွယ်ချင်စိတ်ထက် ထွက်သွားချင်စိတ်သာရှိတော့၏။စိတ်ကုန်လို့ဘဲလားဆိုတော့လည်း မဟုတ်ပြန် သူကိုကို့ရဲ့အမုန်းစကားတွေကိုနားမခံနိုင်တော့ရုံလေးပါ။တရှုံ့ရှုံ့ငိုနေတုန်း မေမေ့စီကဖုန်းဝင်လာတော့ မျက်ရည်တွေဖြစ်သလိုသုတ်လိုက်ပြီး ဖုန်းကိုင်ရ၏။
''ဟယ်လို မေမေ''
''သား....နေကောင်းလား ''
မေမေ့အသံကြားတော့ သူပြုံးမိတယ်။သူဘယ်လောက်ပဲစိတ်ပင်ပန်းနေပါစေ မေမေ့အသံကြားတိုင်း အမောပြေစေပြီးရင်ထဲအေးမြသွားစေသည်။
''ကောင်းပါတယ် မေမေ၊မေမေရော နေကောင်းရဲ့လား ''
''မေမေက ကောင်းပါတယ်ကွယ်။သားကိုလွမ်းတာဘဲ ရှိတယ် ''
''သားလည်းမေမေ့ကို အရမ်းလွမ်းတယ် ဟင့်!''
ရှိုက်သံသေးသေးလေးကြောင့် မေမေကအစိုးရိမ်ပိုစွာ သူ့ကိုချော့လာသည်။ တတ်နိုင်သလောက် အသံထိန်းထားပေမဲ့လည်းမေမေ့အသံကြားတော့ သူပိုငိုချင်လာတာဖြစ်၏။ချော့ခံရတဲ့ကလေးတွေကပိုငိုချင်သည်လေ။
''မငိုပါနဲ့ သားရယ်၊မေမေလည်းသားကိုလွမ်းပါတယ် မဖြစ်လို့သာ နေနေတာ။တကယ်ဆို မေမေကသားစီပြန်လာချင်နေပြီ''
''ရပါတယ် မေမေ။သားမငိုတော့ဘူးနော် မေမေလည်းတွေးပြီး ဝမ်းနည်းမနေပါနဲ့။ သားအဆင်ပြေပါတယ်''
''သားတောင် 18နှစ်ပြည့်တော့မယ်။ သားမွေးနေ့အမှီပြန်လာချင်ပေမဲ့ သားဦးကဒီမှာအလုပ်တွေမပြီးသေးတော့ မေမေပြန်မလာနိုင်လောက်ဘူးသားရယ်''
''ရပါတယ် မေမေ။သားနားလည်ပါတယ်''
''ဒါပေမယ့် သားမွေးနေ့ကို ဦးကကြီးကြီးကျယ်ကျယ်လုပ်ပေးဖို့ ဒီကနေလှမ်းစီစဥ်ပေးနေတယ်တဲ့သား''
''သားအတွက်က အဲ့တာတွေမလိုပါဘူးမေမေရဲ့။ သားမွေးနေ့တိုင်းမှာ သားရဲ့မေမေစိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့ရှိနေရင်ပဲ သားအတွက်မွေးနေ့လေးကတန်ဖိုးရှိနေပြီးသားပါမေမေ''
''အမေ့သားလေးက လိမ်မာလိုက်တာကွယ်''
''သားမေမေ့ကို အရမ်းချစ်တယ်နော် ''
''မေမေရောပဲ သားကိုအများကြီးချစ်တယ်နော် သား''
''မေမေ သားအိပ်တော့မယ် ''
''အေးအေးသား....အိပ်လေ။ကျန်းမာရေးလည်းဂရုစိုက်အုံးနော် good night သားလေး''
တီ တီ တီ တီ
မြူဒေါင်းအိပ်မယ်ပြောခဲ့ပေမဲ့ တစ်ညလုံးအိပ်လို့မပျော်ခဲ့။ ကိုကိုနဲ့ရှေ့ဆက်သွားရမဲ့နေ့ရက်တွေကို သူဘယ်လိုရင်ဆိုင်ရမလဲအခုထိမသိသေး။ ဖြစ်နိုင်ရင် သူကိုရိုအပေါ်ထားရှိတဲ့အချစ်တွေကိုပြန်ရုတ်သိမ်းပစ်ချင်သည်။ နှလုံးသားကကိုကို့ကိုသူ့ပိုင်ရှင်အဖြစ် တံဆိပ်ရိုက်နှိပ်ထားပြီးဖြစ်လို့ သူရုန်းမထွက်နိုင်တော့ပေမဲ့လည်း သူမချစ်သင့်တဲ့လူကလည်းကိုကိုဖြစ်နေပြန်သည်။ မချစ်သင့်တဲ့သူကိုမှ သူ့နှလုံးသားလေးကရွေးပြီးချစ်ခဲ့မိသည်။
မင်းကိုမနာကျင်စေချင်ဘူးမို့ မချစ်ချင်စမ်းပါနဲ့လားငါ့နှလုံးသားရယ်....။
. . . . .
မနက်မိုးလင်းတာနဲ့ အစောကြီးထနေကျအတိုင်း မြူဒေါင်းနိုးနေပြီဖြစ်ရာ အလုပ်သွားဖို့အတွက်ပဲအေးဆေးပြင်ရသည်။ခါတိုင်း ကိုကိုစားဖို့မနက်စာပြေးပြင်ပေးတတ်ပေမဲ့ သူတို့ရန်ဖြစ်ပြီးကတည်းက ကိုကိုကမနက်စာအိမ်မှာမစားတာကြောင့်မို့မြူဒေါင်းလည်းမပြင်ပေးဖြစ်တော့။အလုပ်အတွက်စာရွက်စာတမ်းတွေကို အိတ်ထဲသေချာစီရီထည့်လိုက်ပြီးတာနဲ့ အခန်းပြင်အခြေအနေကိုသေချာစောင့်ကြည့်ရ၏။ ကိုကိုမရှိတာသေချာပြီဆိုတော့မှ အခန်းပြင်ထွက်ပြီး မနက်စာစားဖို့မီးဖိုခန်းထဲပြေးဝင်လိုက်တယ်။
''ဒေါ်ညွှန့်...''
''သားမြူလေးနိုးပြီးလား ဒေါ်လေးမနက်စာပြင်ပေးထားတယ်။စားသွားနော်''
''ဟုတ်....''
ဒေါ်ညွှန့်ပြင်ပေးတဲ့ ထမင်းကြော်ကိုလည်မနင်ရုံတမယ် စားနေတုန်းကိုကိုဝင်လာတာမြင်တော့ လည်တောင်နင်ကုန်တယ်။လည်နင်လို့ရေသောက်ပြန်တော့လည်း ရေပါသီးရပြန်သည်။
''အဟွတ် အဟွတ် ဟွတ်''
''ကျစ်! စောစောစီးစီး ကျက်သရေမရှိလိုက်တာ ''
''.........''
''ဒေါ်ညွှန့်!''
''ရှင် အကိုလေး''
''ကျုပ်မနက်စာစားမလို့ ဘာရှိလဲ ''
''ဟို....ဒေါ်လေးထမင်းကြော်ထားပါတယ် အကိုလေးစားချင်ပြင်ပေးရမလား''
''ကျုပ်က အဲ့လိုအောက်တန်းစားတွေ စားတာမျိုးကိုစားစရာလား တခြားဟာပြင်ပေး!''
''ဟုတ်ကဲ့ ခဏလေးနော် ဒေါ်ညွှန်းခုပြင်လိုက်ပါ့မယ်''
''အင်း''
မြူထမင်းကိုဆက်စားမနေတော့ပဲ အမြန်ထပြီးပန်းကန်ဆေးတော့ဒေါ်ညွှန့်က သူဆေးလိုက်မယ်ပြောသည်။
''သား ထားခဲ့လေဒေါ်ညွှန့်ဆေးလိုက်မယ်''
''ဘာကိုဆေးပေးမှာလဲဒေါ်ညွှန့် သူ့မှာခြေလက်တွေအကောင်းကြီးနေရာတကာလိုက်လုပ်ပေးစရာမလိုဘူး သူ့အဆင့်သူသိတယ်!''
''ရပါတယ် ဒေါ်ညွှန့်ရယ်သားဘာသာပဲဆေးလိုက်ပါ့မယ်''
ကိုကိုကသူ့ကိုပြဿနာရှာချင်နေမှန်းသိနေတော့ မြူဒေါင်းအလုပ်ကိုပဲသွားဖို့ပြင်ရတော့တယ်။ပန်းကန်ကိုအမြန်ဆေးလိုက်ပြီး အိတ်ကိုဆွဲယူရင်းအလုပ်စီသို့။
အလုပ်ရောက်တော့လည်း ဟိုလူကကြည့်၊ဒီလူကကြည့်နဲ့ မြူဒေါင်းမနေတတ်။ အခုဆိုသူက ဦးစိုင်းထည်ဝါရဲ့မယားပါသားဆိုတာအကုန်လုံးသိသွားကြပြီဖြစ်တယ်။လိုင်းပေါ်မှာလည်း ကိုကိုနဲ့သူအချင်းများနေတဲ့ပုံတွေကပလူပျံလို့ပဲ။ မေမေမသိရင်တောင် ကိုကိုရဲ့အဖေတော့သိမှာသေချာသလောက်ရှိ၏။ မေမေမသိပါစေနဲ့လို့ပဲ မြူဒေါင်းဆုတောင်းမိသည်။မေမေ့ကိုလည်း သူ့ကြောင့်စိတ်မပူပန်စေချင်ပါ။
ကိုယ့်အတွေးနဲ့ကိုယ်မို့ ဘေးနားအတွင်းရေးမှူကိုဖိုးခါးရောက်နေတာတောင်သူသတိမထားမိ။
''မြူဒေါင်း.....''
''ဟင်.....ကိုဖိုးခါး''
''အကိုခေါ်နေတာကြာပြီ မင်းစိတ်တွေဘယ်ရောက်နေတာလဲ မြူဒေါင်း''
''ဟို....ကျွန်တော် အိမ်အကြောင်းစိတ်ရောက်သွားမိလို့ပါဗျ တောင်းပန်ပါတယ် ''
''မင်းကို Boss ကခေါ်ခိုင်းလိုက်လို့ သွားလိုက်ဦး''
''ဟုတ်ကဲ့ ''
Bossကခေါ်တယ်ဆိုလို့ သွားနေပေမဲ့ခြေလှမ်းတွေကနှေးကွေးစွာဘဲ။ ဟိုတစ်နေ့ကကိုကိုလာပြီးသောင်းကျန်းတာကိုများစိတ်တိုပြီး သူ့ကိုအလုပ်ထုတ်တော့မှာလားစိုရိမ်မိသည်။
''Boss ကျွန်တော်ရောက်ပါပြီ''
''ဝင်ခဲ့...''
''ဟုတ်....boss ဘာခိုင်းစရာရှိလို့လဲဟင်''
''မနေ့က မြူလေးစီ ဟိုကောင်ပြဿနာလာရှာတယ်မလား''
''ဟို....ကျွန်တော်တောင်းပန်ပါတယ် boss အလုပ်မှာစိတ်အနှောက်အယှက်ပေးမိသွားလို့''
''မလိုပါဘူး အဲ့ကောင်အကြောင်း ကိုယ်သိပြီးသားပါ။အရင်ကအတိုင်းပဲ တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ကအခုထိရှိနေတုန်း''
''ကျွန်တော် ကိုကိုမသိအောင်သတိထားနေခဲ့တာ ဘယ်လိုသိသွားလဲမသိတော့ပါဘူးbossရယ်''
''မြူလေးက စိုင်းတခေတ်မှိုင်းကိုအထင်သေးလိုက်တာပဲကို''
''ဗျာ....အဲ့လိုတော့ မဟုတ်ပါဘူး ''
''စိုင်းတခေတ်မှိုင်းဆိုတဲ့ကောင်က ငယ်ငယ်ကတည်းကသူသိချင်တာ၊လိုချင်တာ၊လုပ်ချင်တာမှန်သမျှကို ရအောင်လုပ်တတ်တယ်။လုပ်လည်းလုပ်နိုင်တဲ့သူမျိုး။မင်းဘယ်လောက်ပဲ ဖုံးကွယ်ပါစေ သူသိချင်ရင်ရအောင်စုံစမ်းလိမ့်မယ်''
''အခုရုံးမှာ လူတော်တော်များများက ကျွန်တော့်ကိုအာရုံစိုက်နေကြတယ်။အဲ့လိုမျိုးကြီး မနေတတ်ဘူး''
''ခဏပါပဲ အချိန်တန်သူတို့မေ့သွားလိမ့်မယ် ဘာမှခေါင်းထဲထားမနေနဲ့''
''ဒါဆို ကျွန်တော့်ကိုအလုပ်မထုတ်ဘူးမလားဟင်''
''မြူလေးအမှားမှ မဟုတ်တာ ။ကိုယ်ကဘာလို့ ထုတ်ရမှာလဲ ''
''ကျေးဇူးပါ boss အဲ့လိုမဖြစ်အောင်နောက်ဆင်ခြင်ပါ့မယ်။ အလုပ်လည်းကြိုးစားပါ့မယ်ဗျ''
ခုဏကတော့ စိတ်အားငယ်နေပုံရပေမဲ့ ဓနရဲ့အားပေးစကားတွေကြောင့်ထင်ပါတယ် မြူဒေါင်းမှာမျက်နှာလေးပြန်ပြီးလန်းလာတယ်။ရုံးခန်းထဲက မြူဒေါင်းပြုံးပြုံးလေးထွက်သွားတော့မှ ဓနကခေါင်းတခါခါနဲ့ပြုံးမိပြန်၏။ဒီကလေးလည်းနိုရာ့လိုပဲ ချစ်ဖို့ကောင်းသည်။ဒါပေမဲ့ ကေနိုရာကသူ့ကိုဆိုအမြဲကပ်ချွဲတတ်သည်။ဟိုတစ်နေ့ကလိုပြဿနာမတက်သေးခင်အချိန်ထိတော့ချွဲနေသေးသည်။ အခုတော့ဓနကိုတွေ့ရင်ပဲ မျက်နှာလွှဲသွားတတ်၏။
ဓနက သူ့အတွင်းရေးမှူးအား စိတ်ကောက်ပြီးရှောင်နေတဲ့အကောင်ပေါက်ကိုရုံးခန်းထဲလာခဲ့ဖို့ ခေါ်ခိုင်းရပြန်သည်။ ရောက်လာတော့လည်းစူပုပ်ပုပ်နဲ့ တံခါးတောင်မခေါက်ပဲစောင့်အောင့်ဝင်လာတဲ့အကောင်ပေါက်။
''ဘာပြောမလို့လဲ!''
''ကိုယ့်ရဲ့အလုပ်ရှင်ကို ဒီလိုလေသံနဲ့ပြောရဲတယ်ပေါ့လေ''
''ခင်ဗျားအပူမပါပါဘူး ငတ်နေလို့လုပ်တာမဟုတ်ဘူး ပျင်းလို့လာလုပ်တာ''
''ဟာ.....အဲ့လိုလား''
''ဟုတ်တယ် အဲ့လိုပဲ! ''
''ဟား....ဟား အကောင်ပေါက်ကိုယ့်ကို စိတ်ကောက်နေတာလား ''
''စိတ်ကောက်ရအောင် ခင်ဗျားကဘာမို့လို့လဲ''
''နိုရာ ကိုယ့်ထက်အကြီးကို ခင်ဗျား ခင်ဗျား နဲ့မပြောရဘူး''
''ပြောတော့ ဘာဖြစ်ချင်လဲ ခင်ဗျားကြီးရဲ့!''
''ကိုယ်စိတ်တိုလာပြီနော်!''
''စိတ်မတိုချင် စကားလာမပြောနဲ့ပြန်မယ်အခု!''
နောက်လှည့်ပြန်ဖို့လုပ်နေတဲ့ကောင်လေးအား လက်မောင်းကနေလှမ်းဆွဲပြီးဖက်ထားတော့ရုန်းသည်။နောက်ကျောပေးပြီးရင်ခွင်ထဲရုန်းကန်နေသည့်အကောင်ပေါက်၏ ပုခုံးပေါ်ဓနမေးတင်းလိုက်ပြီး လေသံခပ်အေးအေးနဲ့ချော့ရပြန်သည်။
''နိုရာလေးက ကိုယ့်ကိုရှောင်နေတော့ ကိုယ်မနေတတ်ဘူးလေကွာ''
''ခင်ဗျားပဲ နိုရာကိုငြင်းခဲ့တာလေ အဲ့တော့ဝေးဝေးနေ''
''ကိုယ်ငြင်းတယ်ဆိုတာက မင်းအတွက်ပဲလေ နိုရာ။မင်းကငယ်သေးတယ် ကိုယ့်ကိုစိတ်ကစားနေတာဆိုရင် ဒီလူကြီးပဲအသဲကွဲပြီးကျန်ခဲ့ရမှာလေ''
''နိုရာအသက်ပြည့်ပြီးပြီလို့ပြောနေတယ်လေ''
''အသက်ပြည့်တိုင်းလူကြီးတစ်ယောက်ဖြစ်မလာနိုင်သေးဘူး နိုရာရဲ့။ကိုယ့်ခေါင်းထဲမှာတော့ နိုရာကကလေးလေးပဲရှိသေးတယ်''
''မသိဘူး ခင်ဗျားနိုရာကိုမချစ်ဘူးပြောပြီးငြင်းတာ အခုမှလေသံတွေနဲ့လာမချော့နဲ့''
''ကိုယ်အခုကိုယ့်စိတ်ကို သေချာမသိသေးလို့ပါ။ကိုယ့်ကိုအချိန်တစ်ခုလောက်ပေးပါ့လားနိုရာ။နိုရာလည်း အချိန်ယူပြီးပြန်စဥ်းစားသင့်တယ်လေ။ကိုယ့်ကို ဒီလိုကြီးရှောင်နေမဲ့အစားကွာ ကိုယ်တို့တစ်ယောက်အကြောင်းတစ်ယောက် ပိုသိအောင်လေ့လာကြရင်မကောင်းဘူးလား''
''ဟိုတစ်နေ့ကကျ ခင်ဗျားပြောတာ ယောကျာ်းချင်းမကြိုက်ဘူးဆို''
''ကိုယ်အချစ်ဆိုတာကိုဘာမှန်းမသိဘူး။နောက်ပြီး ယောကျာ်းလေးတွေနဲ့တစ်ခါမှမတွဲဖူးဘူးလေ အဲ့ကြောင့်ပါ။နိုရာလေးပြစ်ထားတာတော့မနေချင်ဘူးပေါ့ဗျာ''
''ဟွန့်!''
''ကိုယ်ကရှေးရိုးနည်းနည်းဆန်တာ နိုရာလည်းအသိပဲလေနော်။ကိုယ့်အကျင့်တွေကို နိုရာကပြင်မပေးချင်ဘူးလား''
''ဘယ်လိုပြင်ပေးရမှာလဲ''
''ကိုယ့်ကိုမရှောင်ပဲ ကိုယ့်အနားကိုပိုကပ်ပြီးပြင်ပေးလေ အဲ့ဆိုကိုယ်လည်းနိုရာကိုချစ်ချင်ချစ်လာနိုင်မှာပေါ့ဗျာ''
''မချစ်လာရင်ရော....''
''အဲ့ကျ နိုရာကဘာလုပ်ချင်လို့လဲ''
''ကားတင်ပြေးပြီး ယူမှာ''
''ဟား.....ဟား..... သဘောပါဗျာ။အခုစိတ်ကောက်ပြေပြီလား ကိုယ့်ကို''
''နည်းနည်းတော့ ပြေပြီ''
''ဟောဗျာ.....အကုန်ပြေလိုက်တော့လေ ကလေးရဲ့''
''ပြေပါဘူး ခင်ဗျားကြီးဟိုနေ့ကပြောထားတာတွေ ကျေနပ်သေးတာမဟုတ်ဘူး''
''ကိုယ်ဘယ်လိုလုပ်ပေးရင် အကုန်ပြေမှာလဲ''
''ညစျေးတန်းလိုက်ပို့ ဟီး......ဟီး''
''လိုက်ပို့ရင်အကုန်ပြေမှာလား''
''အွန်း....ပြေမှာပေါ့ ''
''အဲ့ဆို ခင်ဗျားလို့မခေါ်နဲ့အရင်တိုင်းပြန်ခေါ် ခင်ဗျားဆိုတာကြီး ကိုယ်မကြိုက်ဘူး။နောက်ခါခေါ်ရင် နိုရာ့ကိုကိုယ်အပြစ်ပေးတော့မှာ''
''ဟုတ် ဟုတ် ခေါ်တော့ဘူးနော် လူကြီး အဟီး.....''
''ဟာကွာ....ဘာလေးလဲ ''
''လူကြီးရဲ့ ကလေးလေး''
''ခုဏကကြ ခင်ဗျား၊ခင်ဗျားနဲ့ ခုကြတော့ တစ်မျိုးလေးနော် အကောင်ပေါက်စ''
''ငြိုငြင်တာလား လူကြီး!''
''မဟုတ်ပါဘူးဗျာ....မငြိုငြင်ရဲပါဘူး ကြောက်ပါတယ်ဗျ''
တခစ်ခစ်ရယ်ပြီးပျော်နေတဲ့ကောင်လေးဟာ နေရောင်ခြည်လိုမျိုးတောက်ပလျက်။ဓနရင်တွေတဒုန်းဒုန်းနဲ့ တစ်ခါမှ မကြုံဖူးသည့်နှလုံးခုန်သံတွေက ထိုကောင်လေးကြောင့်တဲ့လေ။ ဒီကောင်လေး မခေါ်မပြောပဲရှောင်နေရင်းလည်းသူမနေတတ်။ကပ်တွယ်ပြီးချွဲနွဲ့နေတာလေးကိုမှ ပိုလိုချင်နေတော့၏။အချစ်ဆိုတာကို သစ္စာဖောက်ခံရပြီးကတည်းကသူမယုံတော့။ထပ်လည်းမချစ်ချင်တော့ဘူး။ဒါကြောင့်ဒီကလေးကိုလည်း ဓနအပြည့်အဝမယုံကြည့်ရဲတာဖြစ်၏။နိုရာကငယ်သေးတယ်။သူ့အပေါ်စိတ်ကစားနေတာလည်းဖြစ်နိုင်တယ်။
ဘယ်လိုလုပ်မလဲ ကိုယ်မင်းကိုထပ်ချစ်မိခါမှ မင်းကပါထပ်ပြစ်သွားရင် ကိုယ်တော့ရူးရမှာပဲ နိုရာ.....။
#TBC
တိုတယ်ဆိုလို့ ရှည်အောင်ရေးပေးထားပါတယ်။ စပရိုက်ဆိုတာက စိုင်းတို့အတွဲတွက်မဟုတ်ပဲ မာန်ဝဏ္ဏခြိန်းတို့အတွဲအတွက်ပါ မကြာခင်စာအုပ်အဖြစ်အသက်ဝင်လာတော့မှာပါ။
ပထမဆုံးကိုယ်ပိုင်ဇာတ်ကောင်ဖြစ်သလို ပထမဆုံး ထုတ်ဖြစ်မဲ့စာအုပ်လည်းဖြစ်ပါတယ်။တကယ်ဆို ထုတ်ဖို့လုပ်ခဲ့တာလည်းကြာပါပြီ
အကြောင်းအမျိုးမျိုးကြောင့် ကြာနေခဲ့တာပါ ။ထုတ်ဖို့ကလည်းလိုပါသေးတယ်။ဒါကတော့ကြိုပြီးအသိပေးတဲ့သဘောရယ်ပါ ပထမဆုံး ဖြစ်လို့အမှားပါလာမှာလည်းကြောက်နေမိတယ်။
မြူဒေါင်းကိုတစ်နေ့ 10ပိုင်းမဟုတ်လို့စိတ်ပျက်သွားကြမှာပဲ ဆူးနန်းလည်းဖြစ်နိုင်ရင်ချက်ချင်းတောင်အပြီးထိတင်ပေးချင်တာတကယ်ပါ ဒါဒါတို့ကိုစောင့်ခိုင်းရတော့အားနာလို့ပါ ဒါပေမယ့်လည်း ဆူးနန်းကညနေပိုင်းလောက်မှစအားတာမို့ပါ ဟိုနေ့တွေကလည်းအိမ်ကိုဧည့်သည်တွေလာလည်တော့အရမ်းပင်ပန်းနေရတယ် ကလေးတွေပါလာတော့ပိုဆိုးညဆိုသူတို့ငိုသံနဲ့အိပ်လို့တောင်မရဘူး အခုမှပြန်သွားလို့အေးဆေးနေရတာ
wpမှာကလေးတွေကမန့်ချင်ပေမဲ့ တစ်လုံးပဲမန့်ရတယ်သာသာရယ်ဆိုပီးလာပြောကြပေးကြတော့ကျေးဇူးတင်ပါတယ်ရှင့် မရတော့လည်းမမန့်ပါနဲ့နော်နန်းကအဆင်ပြေမှမန့်ဖို့ပြောတာပါ။ old version ဒေါင်းရင်တော့မသိဘူးရယ်နန်းတို့က old version မန့်ရတယ်ထင်တာပဲ
ဒီနေ့တော့ ဒီလောက်ပါပဲ ရှင့်မီးကအခုမလာသေးဘူး မီးလာမှပဲတင်ရတော့မှာ အားလုံး ကျန်းမာရေးဂရုစိုက်ကြပါနော်။
Zawgyi
ထမင္းဝိုင္းမွာလူသုံးေယာက္က တိတ္ဆိတ္စြာထမင္းစားေနၾကတယ္။ ေခးမီျပန္ေရာက္တာသိပ္မၾကာေသးေပမဲ့ လိုတာထက္ပိုၿပီးတိတ္ဆိတ္ေအးစက္လြန္းေနတဲ့ အေငြ႕အသက္ေတြေၾကာင့္ ထမင္းေတာင္ေျဖာင့္ေျဖာင့္မစားရဲေပ။ ျမဴေဒါင္းငယ္ကလည္းမ်က္ႏွာမေကာင္းသလို၊ကိုကိုကလည္း မ်က္ႏွာမွာတင္းမာမႈအျပည့္ရွိေနသည္။
ႏွစ္ေယာက္သား ဘာေတြျဖစ္ျပန္ၿပီလည္း မီမသိ။ေမးၾကည့္ဖို႔ရာကလည္း ဒီလိုပုံစံေတြနဲ႕ဘယ္လိုလုပ္ေမးရဲပါ့မလဲ။
''ကြၽန္ေတာ္ စားၿပီးၿပီ ''
''ဒုန္း.....!''
ထိုထမင္းဝိုင္းအား ျမဴေဒါင္းငယ္မွအရင္လ်စ္လ်ဴရႈသြား၏။ ထို႔ေနာက္စိုင္းကပါ စားပြဲကို ဒုန္းကတည္းရိုက္ခ်ၿပီးထထြက္သြားျပန္ပါသည္။ က်န္ခဲ့သူေခးမီမီသြင္မွာေတာ့ ေၾကာင္ေတာင္ေတာင္ေလးရယ္။
ေသခ်ာၿပီ ဒီႏွစ္ေယာက္ရန္အႀကီးအက်ယ္ျဖစ္ထားျပန္ၿပီထင္ပါတယ္။ အေျခအေနသိပ္မဟန္ေတာ့ဘူး။
အခန္းထဲေရာက္ေတာ့ ျမဴေဒါင္းအိပ္ရာကိုမ်က္ႏွာအပ္ၿပီးငိုမိျပန္၏။ ကိုကို႔အနားမွာေနရတာၾကာေတာ့ မြန္းၾကပ္လာသည္။ကပ္တြယ္ခ်င္စိတ္ထက္ ထြက္သြားခ်င္စိတ္သာရွိေတာ့၏။စိတ္ကုန္လို႔ဘဲလားဆိုေတာ့လည္း မဟုတ္ျပန္ သူကိုကို႔ရဲ႕အမုန္းစကားေတြကိုနားမခံနိုင္ေတာ့႐ုံေလးပါ။တရႈံ႕ရႈံ႕ငိုေနတုန္း ေမေမ့စီကဖုန္းဝင္လာေတာ့ မ်က္ရည္ေတြျဖစ္သလိုသုတ္လိုက္ၿပီး ဖုန္းကိုင္ရ၏။
''ဟယ္လို ေမေမ''
''သား....ေနေကာင္းလား ''
ေမေမ့အသံၾကားေတာ့ သူၿပဳံးမိတယ္။သူဘယ္ေလာက္ပဲစိတ္ပင္ပန္းေနပါေစ ေမေမ့အသံၾကားတိုင္း အေမာေျပေစၿပီးရင္ထဲေအးျမသြားေစသည္။
''ေကာင္းပါတယ္ ေမေမ၊ေမေမေရာ ေနေကာင္းရဲ႕လား ''
''ေမေမက ေကာင္းပါတယ္ကြယ္။သားကိုလြမ္းတာဘဲ ရွိတယ္ ''
''သားလည္းေမေမ့ကို အရမ္းလြမ္းတယ္ ဟင့္!''
ရွိုက္သံေသးေသးေလးေၾကာင့္ ေမေမကအစိုးရိမ္ပိုစြာ သူ႕ကိုေခ်ာ့လာသည္။ တတ္နိုင္သေလာက္ အသံထိန္းထားေပမဲ့လည္းေမေမ့အသံၾကားေတာ့ သူပိုငိုခ်င္လာတာျဖစ္၏။ေခ်ာ့ခံရတဲ့ကေလးေတြကပိုငိုခ်င္သည္ေလ။
''မငိုပါနဲ႕ သားရယ္၊ေမေမလည္းသားကိုလြမ္းပါတယ္ မျဖစ္လို႔သာ ေနေနတာ။တကယ္ဆို ေမေမကသားစီျပန္လာခ်င္ေနၿပီ''
''ရပါတယ္ ေမေမ။သားမငိုေတာ့ဘူးေနာ္ ေမေမလည္းေတြးၿပီး ဝမ္းနည္းမေနပါနဲ႕။ သားအဆင္ေျပပါတယ္''
''သားေတာင္ 18ႏွစ္ျပည့္ေတာ့မယ္။ သားေမြးေန႕အမွီျပန္လာခ်င္ေပမဲ့ သားဦးကဒီမွာအလုပ္ေတြမၿပီးေသးေတာ့ ေမေမျပန္မလာနိုင္ေလာက္ဘူးသားရယ္''
''ရပါတယ္ ေမေမ။သားနားလည္ပါတယ္''
''ဒါေပမယ့္ သားေမြးေန႕ကို ဦးကႀကီးႀကီးက်ယ္က်ယ္လုပ္ေပးဖို႔ ဒီကေနလွမ္းစီစဥ္ေပးေနတယ္တဲ့သား''
''သားအတြက္က အဲ့တာေတြမလိုပါဘူးေမေမရဲ႕။ သားေမြးေန႕တိုင္းမွာ သားရဲ႕ေမေမစိတ္ခ်မ္းသာ၊ကိုယ္က်န္းမာနဲ႕ရွိေနရင္ပဲ သားအတြက္ေမြးေန႕ေလးကတန္ဖိုးရွိေနၿပီးသားပါေမေမ''
''အေမ့သားေလးက လိမ္မာလိုက္တာကြယ္''
''သားေမေမ့ကို အရမ္းခ်စ္တယ္ေနာ္ ''
''ေမေမေရာပဲ သားကိုအမ်ားႀကီးခ်စ္တယ္ေနာ္ သား''
''ေမေမ သားအိပ္ေတာ့မယ္ ''
''ေအးေအးသား....အိပ္ေလ။က်န္းမာေရးလည္းဂ႐ုစိုက္အုံးေနာ္ good night သားေလး''
တီ တီ တီ တီ
ျမဴေဒါင္းအိပ္မယ္ေျပာခဲ့ေပမဲ့ တစ္ညလုံးအိပ္လို႔မေပ်ာ္ခဲ့။ ကိုကိုနဲ႕ေရွ႕ဆက္သြားရမဲ့ေန႕ရက္ေတြကို သူဘယ္လိုရင္ဆိုင္ရမလဲအခုထိမသိေသး။ ျဖစ္နိုင္ရင္ သူကိုရိုအေပၚထားရွိတဲ့အခ်စ္ေတြကိုျပန္႐ုတ္သိမ္းပစ္ခ်င္သည္။ ႏွလုံးသားကကိုကို႔ကိုသူ႕ပိုင္ရွင္အျဖစ္ တံဆိပ္ရိုက္ႏွိပ္ထားၿပီးျဖစ္လို႔ သူ႐ုန္းမထြက္နိုင္ေတာ့ေပမဲ့လည္း သူမခ်စ္သင့္တဲ့လူကလည္းကိုကိုျဖစ္ေနျပန္သည္။ မခ်စ္သင့္တဲ့သူကိုမွ သူ႕ႏွလုံးသားေလးကေ႐ြးၿပီးခ်စ္ခဲ့မိသည္။
မင္းကိုမနာက်င္ေစခ်င္ဘူးမို႔ မခ်စ္ခ်င္စမ္းပါနဲ႕လားငါ့ႏွလုံးသားရယ္....။
. . . . .
မနက္မိုးလင္းတာနဲ႕ အေစာႀကီးထေနက်အတိုင္း ျမဴေဒါင္းနိုးေနၿပီျဖစ္ရာ အလုပ္သြားဖို႔အတြက္ပဲေအးေဆးျပင္ရသည္။ခါတိုင္း ကိုကိုစားဖို႔မနက္စာေျပးျပင္ေပးတတ္ေပမဲ့ သူတို႔ရန္ျဖစ္ၿပီးကတည္းက ကိုကိုကမနက္စာအိမ္မွာမစားတာေၾကာင့္မို႔ျမဴေဒါင္းလည္းမျပင္ေပးျဖစ္ေတာ့။အလုပ္အတြက္စာ႐ြက္စာတမ္းေတြကို အိတ္ထဲေသခ်ာစီရီထည့္လိုက္ၿပီးတာနဲ႕ အခန္းျပင္အေျခအေနကိုေသခ်ာေစာင့္ၾကည့္ရ၏။ ကိုကိုမရွိတာေသခ်ာၿပီဆိုေတာ့မွ အခန္းျပင္ထြက္ၿပီး မနက္စာစားဖို႔မီးဖိုခန္းထဲေျပးဝင္လိုက္တယ္။
''ေဒၚၫႊန့္...''
''သားျမဴေလးနိုးၿပီးလား ေဒၚေလးမနက္စာျပင္ေပးထားတယ္။စားသြားေနာ္''
''ဟုတ္....''
ေဒၚၫႊန့္ျပင္ေပးတဲ့ ထမင္းေၾကာ္ကိုလည္မနင္႐ုံတမယ္ စားေနတုန္းကိုကိုဝင္လာတာျမင္ေတာ့ လည္ေတာင္နင္ကုန္တယ္။လည္နင္လို႔ေရေသာက္ျပန္ေတာ့လည္း ေရပါသီးရျပန္သည္။
''အဟြတ္ အဟြတ္ ဟြတ္''
''က်စ္! ေစာေစာစီးစီး က်က္သေရမရွိလိုက္တာ ''
''.........''
''ေဒၚၫႊန့္!''
''ရွင္ အကိုေလး''
''က်ဳပ္မနက္စာစားမလို႔ ဘာရွိလဲ ''
''ဟို....ေဒၚေလးထမင္းေၾကာ္ထားပါတယ္ အကိုေလးစားခ်င္ျပင္ေပးရမလား''
''က်ဳပ္က အဲ့လိုေအာက္တန္းစားေတြ စားတာမ်ိဳးကိုစားစရာလား တျခားဟာျပင္ေပး!''
''ဟုတ္ကဲ့ ခဏေလးေနာ္ ေဒၚၫႊန္းခုျပင္လိုက္ပါ့မယ္''
''အင္း''
ျမဴထမင္းကိုဆက္စားမေနေတာ့ပဲ အျမန္ထၿပီးပန္းကန္ေဆးေတာ့ေဒၚၫႊန့္က သူေဆးလိုက္မယ္ေျပာသည္။
''သား ထားခဲ့ေလေဒၚၫႊန့္ေဆးလိုက္မယ္''
''ဘာကိုေဆးေပးမွာလဲေဒၚၫႊန့္ သူ႕မွာေျခလက္ေတြအေကာင္းႀကီးေနရာတကာလိုက္လုပ္ေပးစရာမလိုဘူး သူ႕အဆင့္သူသိတယ္!''
''ရပါတယ္ ေဒၚၫႊန့္ရယ္သားဘာသာပဲေဆးလိုက္ပါ့မယ္''
ကိုကိုကသူ႕ကိုျပႆနာရွာခ်င္ေနမွန္းသိေနေတာ့ ျမဴေဒါင္းအလုပ္ကိုပဲသြားဖို႔ျပင္ရေတာ့တယ္။ပန္းကန္ကိုအျမန္ေဆးလိုက္ၿပီး အိတ္ကိုဆြဲယူရင္းအလုပ္စီသို႔။
အလုပ္ေရာက္ေတာ့လည္း ဟိုလူကၾကည့္၊ဒီလူကၾကည့္နဲ႕ ျမဴေဒါင္းမေနတတ္။ အခုဆိုသူက ဦးစိုင္းထည္ဝါရဲ႕မယားပါသားဆိုတာအကုန္လုံးသိသြားၾကၿပီျဖစ္တယ္။လိုင္းေပၚမွာလည္း ကိုကိုနဲ႕သူအခ်င္းမ်ားေနတဲ့ပုံေတြကပလူပ်ံလို႔ပဲ။ ေမေမမသိရင္ေတာင္ ကိုကိုရဲ႕အေဖေတာ့သိမွာေသခ်ာသေလာက္ရွိ၏။ ေမေမမသိပါေစနဲ႕လို႔ပဲ ျမဴေဒါင္းဆုေတာင္းမိသည္။ေမေမ့ကိုလည္း သူ႕ေၾကာင့္စိတ္မပူပန္ေစခ်င္ပါ။
ကိုယ့္အေတြးနဲ႕ကိုယ္မို႔ ေဘးနားအတြင္းေရးမႉကိုဖိုးခါးေရာက္ေနတာေတာင္သူသတိမထားမိ။
''ျမဴေဒါင္း.....''
''ဟင္.....ကိုဖိုးခါး''
''အကိုေခၚေနတာၾကာၿပီ မင္းစိတ္ေတြဘယ္ေရာက္ေနတာလဲ ျမဴေဒါင္း''
''ဟို....ကြၽန္ေတာ္ အိမ္အေၾကာင္းစိတ္ေရာက္သြားမိလို႔ပါဗ် ေတာင္းပန္ပါတယ္ ''
''မင္းကို Boss ကေခၚခိုင္းလိုက္လို႔ သြားလိုက္ဦး''
''ဟုတ္ကဲ့ ''
Bossကေခၚတယ္ဆိုလို႔ သြားေနေပမဲ့ေျခလွမ္းေတြကႏွေးေကြးစြာဘဲ။ ဟိုတစ္ေန႕ကကိုကိုလာၿပီးေသာင္းက်န္းတာကိုမ်ားစိတ္တိုၿပီး သူ႕ကိုအလုပ္ထုတ္ေတာ့မွာလားစိုရိမ္မိသည္။
''Boss ကြၽန္ေတာ္ေရာက္ပါၿပီ''
''ဝင္ခဲ့...''
''ဟုတ္....boss ဘာခိုင္းစရာရွိလို႔လဲဟင္''
''မေန႕က ျမဴေလးစီ ဟိုေကာင္ျပႆနာလာရွာတယ္မလား''
''ဟို....ကြၽန္ေတာ္ေတာင္းပန္ပါတယ္ boss အလုပ္မွာစိတ္အႏွောက္အယွက္ေပးမိသြားလို႔''
''မလိုပါဘူး အဲ့ေကာင္အေၾကာင္း ကိုယ္သိၿပီးသားပါ။အရင္ကအတိုင္းပဲ တဇြတ္ထိုးလုပ္တတ္တဲ့ အက်င့္ကအခုထိရွိေနတုန္း''
''ကြၽန္ေတာ္ ကိုကိုမသိေအာင္သတိထားေနခဲ့တာ ဘယ္လိုသိသြားလဲမသိေတာ့ပါဘူးbossရယ္''
''ျမဴေလးက စိုင္းတေခတ္မွိုင္းကိုအထင္ေသးလိုက္တာပဲကို''
''ဗ်ာ....အဲ့လိုေတာ့ မဟုတ္ပါဘူး ''
''စိုင္းတေခတ္မွိုင္းဆိုတဲ့ေကာင္က ငယ္ငယ္ကတည္းကသူသိခ်င္တာ၊လိုခ်င္တာ၊လုပ္ခ်င္တာမွန္သမွ်ကို ရေအာင္လုပ္တတ္တယ္။လုပ္လည္းလုပ္နိုင္တဲ့သူမ်ိဳး။မင္းဘယ္ေလာက္ပဲ ဖုံးကြယ္ပါေစ သူသိခ်င္ရင္ရေအာင္စုံစမ္းလိမ့္မယ္''
''အခု႐ုံးမွာ လူေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ့္ကိုအာ႐ုံစိုက္ေနၾကတယ္။အဲ့လိုမ်ိဳးႀကီး မေနတတ္ဘူး''
''ခဏပါပဲ အခ်ိန္တန္သူတို႔ေမ့သြားလိမ့္မယ္ ဘာမွေခါင္းထဲထားမေနနဲ႕''
''ဒါဆို ကြၽန္ေတာ့္ကိုအလုပ္မထုတ္ဘူးမလားဟင္''
''ျမဴေလးအမွားမွ မဟုတ္တာ ။ကိုယ္ကဘာလို႔ ထုတ္ရမွာလဲ ''
''ေက်းဇူးပါ boss အဲ့လိုမျဖစ္ေအာင္ေနာက္ဆင္ျခင္ပါ့မယ္။ အလုပ္လည္းႀကိဳးစားပါ့မယ္ဗ်''
ခုဏကေတာ့ စိတ္အားငယ္ေနပုံရေပမဲ့ ဓနရဲ႕အားေပးစကားေတြေၾကာင့္ထင္ပါတယ္ ျမဴေဒါင္းမွာမ်က္ႏွာေလးျပန္ၿပီးလန္းလာတယ္။႐ုံးခန္းထဲက ျမဴေဒါင္းၿပဳံးၿပဳံးေလးထြက္သြားေတာ့မွ ဓနကေခါင္းတခါခါနဲ႕ၿပဳံးမိျပန္၏။ဒီကေလးလည္းနိုရာ့လိုပဲ ခ်စ္ဖို႔ေကာင္းသည္။ဒါေပမဲ့ ေကနိုရာကသူ႕ကိုဆိုအၿမဲကပ္ခြၽဲတတ္သည္။ဟိုတစ္ေန႕ကလိုျပႆနာမတက္ေသးခင္အခ်ိန္ထိေတာ့ခြၽဲေနေသးသည္။ အခုေတာ့ဓနကိုေတြ႕ရင္ပဲ မ်က္ႏွာလႊဲသြားတတ္၏။
ဓနက သူ႕အတြင္းေရးမႉးအား စိတ္ေကာက္ၿပီးေရွာင္ေနတဲ့အေကာင္ေပါက္ကို႐ုံးခန္းထဲလာခဲ့ဖို႔ ေခၚခိုင္းရျပန္သည္။ ေရာက္လာေတာ့လည္းစူပုပ္ပုပ္နဲ႕ တံခါးေတာင္မေခါက္ပဲေစာင့္ေအာင့္ဝင္လာတဲ့အေကာင္ေပါက္။
''ဘာေျပာမလို႔လဲ!''
''ကိုယ့္ရဲ႕အလုပ္ရွင္ကို ဒီလိုေလသံနဲ႕ေျပာရဲတယ္ေပါ့ေလ''
''ခင္ဗ်ားအပူမပါပါဘူး ငတ္ေနလို႔လုပ္တာမဟုတ္ဘူး ပ်င္းလို႔လာလုပ္တာ''
''ဟာ.....အဲ့လိုလား''
''ဟုတ္တယ္ အဲ့လိုပဲ! ''
''ဟား....ဟား အေကာင္ေပါက္ကိုယ့္ကို စိတ္ေကာက္ေနတာလား ''
''စိတ္ေကာက္ရေအာင္ ခင္ဗ်ားကဘာမို႔လို႔လဲ''
''နိုရာ ကိုယ့္ထက္အႀကီးကို ခင္ဗ်ား ခင္ဗ်ား နဲ႕မေျပာရဘူး''
''ေျပာေတာ့ ဘာျဖစ္ခ်င္လဲ ခင္ဗ်ားႀကီးရဲ႕!''
''ကိုယ္စိတ္တိုလာၿပီေနာ္!''
''စိတ္မတိုခ်င္ စကားလာမေျပာနဲ႕ျပန္မယ္အခု!''
ေနာက္လွည့္ျပန္ဖို႔လုပ္ေနတဲ့ေကာင္ေလးအား လက္ေမာင္းကေနလွမ္းဆြဲၿပီးဖက္ထားေတာ့႐ုန္းသည္။ေနာက္ေက်ာေပးၿပီးရင္ခြင္ထဲ႐ုန္းကန္ေနသည့္အေကာင္ေပါက္၏ ပုခုံးေပၚဓနေမးတင္းလိုက္ၿပီး ေလသံခပ္ေအးေအးနဲ႕ေခ်ာ့ရျပန္သည္။
''နိုရာေလးက ကိုယ့္ကိုေရွာင္ေနေတာ့ ကိုယ္မေနတတ္ဘူးေလကြာ''
''ခင္ဗ်ားပဲ နိုရာကိုျငင္းခဲ့တာေလ အဲ့ေတာ့ေဝးေဝးေန''
''ကိုယ္ျငင္းတယ္ဆိုတာက မင္းအတြက္ပဲေလ နိုရာ။မင္းကငယ္ေသးတယ္ ကိုယ့္ကိုစိတ္ကစားေနတာဆိုရင္ ဒီလူႀကီးပဲအသဲကြဲၿပီးက်န္ခဲ့ရမွာေလ''
''နိုရာအသက္ျပည့္ၿပီးၿပီလို႔ေျပာေနတယ္ေလ''
''အသက္ျပည့္တိုင္းလူႀကီးတစ္ေယာက္ျဖစ္မလာနိုင္ေသးဘူး နိုရာရဲ႕။ကိုယ့္ေခါင္းထဲမွာေတာ့ နိုရာကကေလးေလးပဲရွိေသးတယ္''
''မသိဘူး ခင္ဗ်ားနိုရာကိုမခ်စ္ဘူးေျပာၿပီးျငင္းတာ အခုမွေလသံေတြနဲ႕လာမေခ်ာ့နဲ႕''
''ကိုယ္အခုကိုယ့္စိတ္ကို ေသခ်ာမသိေသးလို႔ပါ။ကိုယ့္ကိုအခ်ိန္တစ္ခုေလာက္ေပးပါ့လားနိုရာ။နိုရာလည္း အခ်ိန္ယူၿပီးျပန္စဥ္းစားသင့္တယ္ေလ။ကိုယ့္ကို ဒီလိုႀကီးေရွာင္ေနမဲ့အစားကြာ ကိုယ္တို႔တစ္ေယာက္အေၾကာင္းတစ္ေယာက္ ပိုသိေအာင္ေလ့လာၾကရင္မေကာင္းဘူးလား''
''ဟိုတစ္ေန႕ကက် ခင္ဗ်ားေျပာတာ ေယာက်ာ္းခ်င္းမႀကိဳက္ဘူးဆို''
''ကိုယ္အခ်စ္ဆိုတာကိုဘာမွန္းမသိဘူး။ေနာက္ၿပီး ေယာက်ာ္းေလးေတြနဲ႕တစ္ခါမွမတြဲဖူးဘူးေလ အဲ့ေၾကာင့္ပါ။နိုရာေလးျပစ္ထားတာေတာ့မေနခ်င္ဘူးေပါ့ဗ်ာ''
''ဟြန့္!''
''ကိုယ္ကေရွးရိုးနည္းနည္းဆန္တာ နိုရာလည္းအသိပဲေလေနာ္။ကိုယ့္အက်င့္ေတြကို နိုရာကျပင္မေပးခ်င္ဘူးလား''
''ဘယ္လိုျပင္ေပးရမွာလဲ''
''ကိုယ့္ကိုမေရွာင္ပဲ ကိုယ့္အနားကိုပိုကပ္ၿပီးျပင္ေပးေလ အဲ့ဆိုကိုယ္လည္းနိုရာကိုခ်စ္ခ်င္ခ်စ္လာနိုင္မွာေပါ့ဗ်ာ''
''မခ်စ္လာရင္ေရာ....''
''အဲ့က် နိုရာကဘာလုပ္ခ်င္လို႔လဲ''
''ကားတင္ေျပးၿပီး ယူမွာ''
''ဟား.....ဟား..... သေဘာပါဗ်ာ။အခုစိတ္ေကာက္ေျပၿပီလား ကိုယ့္ကို''
''နည္းနည္းေတာ့ ေျပၿပီ''
''ေဟာဗ်ာ.....အကုန္ေျပလိုက္ေတာ့ေလ ကေလးရဲ႕''
''ေျပပါဘူး ခင္ဗ်ားႀကီးဟိုေန႕ကေျပာထားတာေတြ ေက်နပ္ေသးတာမဟုတ္ဘူး''
''ကိုယ္ဘယ္လိုလုပ္ေပးရင္ အကုန္ေျပမွာလဲ''
''ညေစ်းတန္းလိုက္ပို႔ ဟီး......ဟီး''
''လိုက္ပို႔ရင္အကုန္ေျပမွာလား''
''အြန္း....ေျပမွာေပါ့ ''
''အဲ့ဆို ခင္ဗ်ားလို႔မေခၚနဲ႕အရင္တိုင္းျပန္ေခၚ ခင္ဗ်ားဆိုတာႀကီး ကိုယ္မႀကိဳက္ဘူး။ေနာက္ခါေခၚရင္ နိုရာ့ကိုကိုယ္အျပစ္ေပးေတာ့မွာ''
''ဟုတ္ ဟုတ္ ေခၚေတာ့ဘူးေနာ္ လူႀကီး အဟီး.....''
''ဟာကြာ....ဘာေလးလဲ ''
''လူႀကီးရဲ႕ ကေလးေလး''
''ခုဏကၾက ခင္ဗ်ား၊ခင္ဗ်ားနဲ႕ ခုၾကေတာ့ တစ္မ်ိဳးေလးေနာ္ အေကာင္ေပါက္စ''
''ၿငိဳျငင္တာလား လူႀကီး!''
''မဟုတ္ပါဘူးဗ်ာ....မၿငိဳျငင္ရဲပါဘူး ေၾကာက္ပါတယ္ဗ်''
တခစ္ခစ္ရယ္ၿပီးေပ်ာ္ေနတဲ့ေကာင္ေလးဟာ ေနေရာင္ျခည္လိုမ်ိဳးေတာက္ပလ်က္။ဓနရင္ေတြတဒုန္းဒုန္းနဲ႕ တစ္ခါမွ မႀကဳံဖူးသည့္ႏွလုံးခုန္သံေတြက ထိုေကာင္ေလးေၾကာင့္တဲ့ေလ။ ဒီေကာင္ေလး မေခၚမေျပာပဲေရွာင္ေနရင္းလည္းသူမေနတတ္။ကပ္တြယ္ၿပီးခြၽဲႏြဲ႕ေနတာေလးကိုမွ ပိုလိုခ်င္ေနေတာ့၏။အခ်စ္ဆိုတာကို သစၥာေဖာက္ခံရၿပီးကတည္းကသူမယုံေတာ့။ထပ္လည္းမခ်စ္ခ်င္ေတာ့ဘူး။ဒါေၾကာင့္ဒီကေလးကိုလည္း ဓနအျပည့္အဝမယုံၾကည့္ရဲတာျဖစ္၏။နိုရာကငယ္ေသးတယ္။သူ႕အေပၚစိတ္ကစားေနတာလည္းျဖစ္နိုင္တယ္။
ဘယ္လိုလုပ္မလဲ ကိုယ္မင္းကိုထပ္ခ်စ္မိခါမွ မင္းကပါထပ္ျပစ္သြားရင္ ကိုယ္ေတာ့႐ူးရမွာပဲ နိုရာ.....။
#TBC
တိုတယ္ဆိုလို႔ ရွည္ေအာင္ေရးေပးထားပါတယ္။ စပရိုက္ဆိုတာက စိုင္းတို႔အတြဲတြက္မဟုတ္ပဲ မာန္ဝဏၰၿခိန္းတို႔အတြဲအတြက္ပါ မၾကာခင္စာအုပ္အျဖစ္အသက္ဝင္လာေတာ့မွာပါ။
ပထမဆုံးကိုယ္ပိုင္ဇာတ္ေကာင္ျဖစ္သလို ပထမဆုံး ထုတ္ျဖစ္မဲ့စာအုပ္လည္းျဖစ္ပါတယ္။တကယ္ဆို ထုတ္ဖို႔လုပ္ခဲ့တာလည္းၾကာပါၿပီ
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၾကာေနခဲ့တာပါ ။ထုတ္ဖို႔ကလည္းလိုပါေသးတယ္။ဒါကေတာ့ႀကိဳၿပီးအသိေပးတဲ့သေဘာရယ္ပါ ပထမဆုံး ျဖစ္လို႔အမွားပါလာမွာလည္းေၾကာက္ေနမိတယ္။
ျမဴေဒါင္းကိုတစ္ေန႕ 10ပိုင္းမဟုတ္လို႔စိတ္ပ်က္သြားၾကမွာပဲ ဆူးနန္းလည္းျဖစ္နိုင္ရင္ခ်က္ခ်င္းေတာင္အၿပီးထိတင္ေပးခ်င္တာတကယ္ပါ ဒါဒါတို႔ကိုေစာင့္ခိုင္းရေတာ့အားနာလို႔ပါ ဒါေပမယ့္လည္း ဆူးနန္းကညေနပိုင္းေလာက္မွစအားတာမို႔ပါ ဟိုေန႕ေတြကလည္းအိမ္ကိုဧည့္သည္ေတြလာလည္ေတာ့အရမ္းပင္ပန္းေနရတယ္ ကေလးေတြပါလာေတာ့ပိုဆိုးညဆိုသူတို႔ငိုသံနဲ႕အိပ္လို႔ေတာင္မရဘူး အခုမွျပန္သြားလို႔ေအးေဆးေနရတာ
wpမွာကေလးေတြကမန့္ခ်င္ေပမဲ့ တစ္လုံးပဲမန့္ရတယ္သာသာရယ္ဆိုပီးလာေျပာၾကေပးၾကေတာ့ေက်းဇူးတင္ပါတယ္ရွင့္ မရေတာ့လည္းမမန့္ပါနဲ႕ေနာ္နန္းကအဆင္ေျပမွမန့္ဖို႔ေျပာတာပါ။ old version ေဒါင္းရင္ေတာ့မသိဘူးရယ္နန္းတို႔က old version မန့္ရတယ္ထင္တာပဲ
ဒီေန႕ေတာ့ ဒီေလာက္ပါပဲ ရွင့္မီးကအခုမလာေသးဘူး မီးလာမွပဲတင္ရေတာ့မွာ အားလုံး က်န္းမာေရးဂ႐ုစိုက္ၾကပါေနာ္။