Hate Poem Written With Love࿐
By --KO--
40.1K 1.3K 136
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More
Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[65]
[66]
[66]
[64]
327 9 10
By --KO--
[Unicode]
တိမ်ယံဆင့်က အိပ်ချင်စိတ် ပြယ်ချင်သွားပြီဖြစ်ကာ  ပြဒါးရံကို ကုတင်ပေါ်က ချက်ချင်းတွန်းဖယ်လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ အသိစိတ်ဝင်သွားအောင် မျက်နှာကို ရေအေးအေးနဲ့အကြိမ်များစွာ ပျက်ဖြန်းလိုက်လေသည်။ ထိုအခါမှ ပူထူနေသောသူ့မျက်နှာမှာ ရေအေးတို့နဲ့ထိတွေ့မှုတွေကြောင့် အငွေ့ပျံထွက်သွားသည်ဟုပင် ထင်လိုက်သေးသည်။ မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ကိုကိုယ် စေ့စေ့စပ်စပ်စိုက်ကြည့်လိုက်ပြီး ပြန်ထွက်လာချိန်တွင် ပြဒါးရံက ရှိမနေခဲ့တော့ပေ။ တိမ်ယံဆင့်က သူကိုယ်တိုင် ယွန်းဟေမီထံသွားရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ထိုဆုံးဖြတ်ချက်ကို ချက်ချင်းအကောင်အထည်ဖော်လိုက်သည်။
အခန်းထဲကထွက်လိုက်ပြီး နေရာအနည်းငယ် လျှောက်သွားလိုက်ရုံသာရှိသေး ယွန်းဟေမီကို  ဒုတိယထပ်က ဝရံတာမှာ တွေ့လိုက်ရလေသည်။ သူမက တိမ်ယံဆင့်ကိုမြင်သော်လည်း ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိဘဲ တစ်ချက်သာစောင်းငဲ့ကြည့်လာပြီး ပင်လယ်ဘက်ကို ပြန်ငေးကြည့်နေတော့သည်။
" မမဟေမီ ကျွန်တော့်ကိုလာရှာတာ ပြောစရာတစ်ခုခုရှိနေလို့မဟုတ်လား "
" ဆင့်က အစထဲက ရိပ်မိနေခဲ့ပြီးသားပဲ "
သူမက အလွန်အမင်းညှိုးငယ်သော မျက်နှာထားနှင့် စိုးရိမ်ပူပန်နေသော အသံတို့ကိုအသုံးပြုကာ ဆင့်ကို တောင်းဆိုလာသည်။
" မမကို မာယာသစ္စာနဲ့ပက်သက်တဲ့ အချက်အလက်တွေ လွှဲပေးပါ။ ဆင့် အစထဲက အရင်ကကိစ္စတွေကို ပြန်စုံစမ်းနေတာမဟုတ်လား.....မာယာက သူ့အပြစ်တွေအတွက် ပြန်ပေးဆပ်ရမဲ့ တာဝန်ရှိတယ်ဆိုပေမယ့် အချိန်ခဏလေးပဲ ထပ်စောင့်ပေးပါ။ မမကိုယ်တိုင်..."
" သူကကျွန်တော်နဲ့ ရံ့ကို လုံးဝဝေးကွာသွားစေခဲ့တာ။ သူလုပ်ခဲ့တဲ့ အဲ့ပြဇာတ်ထဲမှာ အမေရယ်၊ ကျွန်တော်ရယ် ၊ကိုရံရယ်က ဓားစာခံလုံးလုံးဖြစ်ခဲ့တာ။ ကံကြမ္မာက တစ်ဖန်ပြန်လည်လာတော့မှ သူ့အတွက် ကျွန်တော်က သဘောထားကြီးစွာ ကျေအေးပေးလိုက်ရမှာလား။ "
" မဟုတ်ဘူး ဆင့်‌..... ကျေအေးပေးစရာမလိုပါဘူး။ ခွင့်လွှတ်ပေးစရာလည်း မလိုပါဘူး။ မမက...ဒီတိုင်း မမက သူ့ကိုအချိန်ခဏလေးပေးချင်တာပါ။ အခြားလူထက်စာရင် မမကိုယ်တိုင် သူ့ကိုအဆုံးသတ်ပေးချင်လို့ပါ။ "
" ကောင်းပြီ.....ကျွန်တော်မမဟေမီကို အခွင့်အရေးပေးမယ် "
" ကိုရံ "
" ရံလေး  "
ပြဒါးရံက ဆက်ပြောလာလေသည်။
" ကျွန်တော်တို့ ဒီကိစ္စနဲ့ ဆက်မပက်သက်တော့ဘူး။ မမကိုယ်တိုင်သူ့ကို နားချကြည့်ပေါ့။ အကယ်၍သူကဆက်ပြီး အမြင်မှန်မရသေးဘူးဆိုရင် အဲ့ခါကျ ကျွန်တော်ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ "
" ကောင်းပြီ ....ငါကြိုးစားကြည့်မယ် "
ယွန်းဟေမီမရှိတော့သည့်အခါမှ ဆင့်က သက်ပြင်းချလာပြီး ပြဒါးရံကို တိုင်ပင်လာလေသည်။
" သူလုပ်နိုင်မယ်လို့ထင်လား။ အဲ့လိုကနေ အန္တရာယ်တစ်ခုခုဖြစ်သွားရင်..... "
" မဖြစ်ပါဘူး။ မာယာသစ္စာက သူ့ကိုအန္တရာယ်ပေးမှာ မဟုတ်ဘူး "
" ဘာဖြစ်လို့လဲ "
" ကိုယ်တို့ထင်ထားတာထက် သူတို့ကြားက သံယောဇာဉ်က ပိုနက်ရှိုင်းတယ် ဆင့် "
" ဒါဆို သေချာပေါက် မမဟေမီအတွက် ခက်ခဲနေမှာပဲ "
ပြ‌ဒါးရံက သူ၏ နှုတ်ခမ်းများနှင့် ဂရုတစိုက်ပြုံးလာခဲ့ပြီး တိမ်ယံဆင့်၏ ခေါင်းနောက်ကို လက်တစ်ဖက်နဲ့ထိန်းကိုင်လျက် ဆံပင်ကို ဂရုတစိုက်ငုံ့နမ်းလာခဲ့လေသည်။ 
ထိုအပြုအမှုကြောင့် ဆင့်ရဲ့ပါးများက တမှုတ်ချင်း ပန်းရောင်သန်းလာခဲ့ပြီး မျက်လုံးများလည်း အနည်းငယ်လုံးဝန်းလာခဲ့သည်။
" ဘာလုပ်တာလဲ " 
ပြဒါးရံပြန်လွှတ်ပေးလာချိန်တွင် ဆင့်ခမျာ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်လျက် မေးမြန်းလာလေသည်။ အလွန်တရာလှပသော ပုလဲနက်ရောင်မျက်ဝန်းများကလည်း ပြဒါးရံဆီသာ ဌာနေတည်နေလျက်။
" ခေါင်းလျှော်ထားတာလား အရမ်းမွှေးတာပဲ "
ထိုအဖြေကြောင့် ဆင့်ရဲ့ နီရဲနေသော ပါးထံမှအငွေ့အသက်များသည် နားရွက်ဖျားဆီသို့ ထပ်မံကူးပြောင်းသွားတော့သည်။
"ကျွန်တော် သွားအိပ်တော့မယ်  "
" ကောင်းပြီလေ "
တိမ်ယံဆင့်တစ်ယောက် လှည့်ထွက်သွားပြီးမှ တစ်ခုခုကျန်ခဲ့သော အမူအယာတို့ဖြင့် ခြေလှမ်းခပ်သွက်သွက်လှမ်းကာ ပြန်လှည့်လာပြီး ပြဒါးရံကော်လံကိုဆွဲလျက် နှုတ်ခမ်းများကို ညှင်ညှင်သာသာလေး ပူးကပ်လိုက်လေသည်။ ထိုပူးကပ်နေသော အနေအထားနှင့်ပင် ပြဒါးရံကပြုံးလာကာ သန်မာတဲ့လက်များက ဆင့်  ခါးပေါ်ချိတ်တွယ်လာသည်အား ခံစားလိုက်ရ၍ ပြင်းရှသော အနမ်းများကို အစပြုတော့မည်အပြုတွင် ဆင့်က  နောက်ဆုတ်ကာ ရှောင်ဖယ်လိုက်သည်။
ဆင့်က ရှက်ပြုံးများနှင့်ရောစွက်၍ ပြောလာသည်။
" နှုတ်ဆက်အနမ်း "
ပြီးလျှင် ပြဒါးရံပြန်ပြောမှာကို စောင့်မနေတော့ဘဲ ထိုနေရာကနေ ချက်ချင်းလှည့်ထွက်လာလိုက်တော့သည်။ ပြဒါးရံမသိလိုက်သည်မှာ ထိုနတ်ဘုရားနှယ်လူ၏ ပါးစပ်ကအဆက်မပြတ်ရွတ်သွားသော စာကြောင်းမှာ_ 
" စိတ်ထိန်းစမ်း တိမ်ယံဆင့် ကိုရံ နေမကောင်းသေးဘူး။ "
အချိန်ကတဖြည်းဖြည်းကုန်ဆုံးလာပြီး ဆင့်ကအခန်းထဲဝင်သွားသည်မှာ ညနေစောင်းသည်အထိ ပြန်ထွက်မလာပေ။ ဤသည်မှာ အလွန်အမင်းအိပ်မောကျနေသည့် လက္ခဏာဖြစ်သည့်အတွက် ပြဒါးရံလည်း သူ့ကောင်လေးကို သွားမနှောက်ယှက်ဘဲ ဟိုဟိုသည်သည်လျှောက်သွားရင်းဖြင့်သာ အချိန်ကုန်နေလိုက်သည်။
" Hello  မာယာ "
" ........ "
" မာယာအဆင်ပြေရဲ့လား "
" ....... "
တစ်ဖက်ကဖုန်းကိုင်ထားသော်လည်း ဘာမှပြန်ဖြေမလာပေ။ ယွန်းဟေမီက သူမသူငယ်ချင်းကို သိမ်းသွင်းရန်အတွက် ထပ်မံစကားဆိုလိုက်သည်။
" အခုချိန်ရပ်လိုက်ရင် ငါတို့အချိန်မှီပါသေးတယ် "
" နင့်အနားမှာ ဘယ်သူမှမရှိတော့တာမဟုတ်ဘူး ငါတစ်ယောက်လုံးရှိပါသေးတယ်။ အပြစ်ဝန်ခံပြီး ပြန်လွတ်လာရင် ငါနင့်ကိုကြိုဆိုနေမှာပါ။ "
" ဟေမီ "
" ဟင် ! "
" နင်မှတ်မိသေးလား .....နင်ငါ့ကိုအကြွေးတင်နေသေးတယ်လေ။ အဲ့ဒီ့ဂိမ်းကိုရှုံးသွားတုန်းက ငါခိုင်းတာဘာဖြစ်ဖြစ် နင်လုပ်ပေးမယ်ဆိုတဲ့ကတိ "
ယွန်းဟေမီက သူမရဲ့ငယ်ဘဝက မာယာသစ္စာနဲ့အတူ ကုန်ဆုံးခဲ့တဲ့အချိန်များကို ချက်ချင်းသတိရမိသွားသည်။
" မှတ်မိတယ် "
အလွန်ကြာနေပြီဖြစ်သော်လည်း ယွန်းဟေမီတစ်ယောက် မှတ်မိနေသေးသည်။
" အဲ့တုန်းကအကြွေး ငါအခုလိုချင်တယ်။ ဆူး ကိုကာကွယ်ပေး။ နောက်ကျရင် သူ့အနားမှာ ဘယ်သူမှရှိတော့မှာမဟုတ်ဘူး။ ဆူးက နည်းနည်းတဇွတ်ထိုးဆန်ပေးမယ့် အဲ့တာငယ်ငယ်က အချစ်မခံခဲ့ရလို့ သူငါ့ကိုသက်သက်အရွဲ့တိုက်နေတာ။ သူသဘောကျတဲ့အရာတွေအရာတွေဆိုလည်း ဆုံးရှုံးရမှာ သိပ်ကြောက်တာ။ ငါကငါ့အနားက လူတွေကို မကာကွယ်နိုင်တော့ဘူး။ Lara ကငါ့ကိုစွန့်ပစ်လိုက်ပြီ KK က ပျက်ဆီးသွားပြီ။ အခုငါ့လမ်းဆုံးသွားပြီ။ "
"မာယာ ငါတို့အမှားတွေကို ပြန်ပြင်လို့ရပါတယ် "
" ဟေမီ အခုချိန်မှာအမှားတွေပြန်ပြင်လည်း သိပ်နောက်ကျသွားပြီ "
မာယာသစ္စာက ဖုန်းချသွားပြီး ယွန်းဟေမီဆီ ကတိတစ်ခုသာချန်ထားရစ်ခဲ့လေသည်။ သူမတစ်လျှောက်လုံး ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးလမ်းမရှိတော့သည့်အခါမှ ယွန်းဟေမီရဲ့ဖုန်းကို လက်ခံဖြေကြားခဲ့သည်။ 
နောက်နေ့မနက်တွင် ယွန်းဟေမီက မာယာသစ္စာပုန်းနေတဲ့အဆောက်အဦးဆီ သူမ လုပ်ခဲ့တဲ့အပြစ်တွေအတွက်  ထပ်ရှောင်မပြေးရန် နားချဖို့တစ်ယောက်ထဲ ရောက်လာခဲ့လေသည်။ သို့သော် ပစ္စည်းတွေနဲ့ပွစာကျဲနေသော ထိုကွန်ဒို အခန်းထဲတွင် လူနဲ့တူသောအရိပ်အယောင်မတွေ့လိုက်ရပေ။ မာယာသစ္စာက သူမတိုက်ခန်းထဲတွင် ရှိမနေခဲ့သည်ကြောင့် ယွန်းဟေမီက သူမအပေါ်ထားသည့် စိတ်ပျက်မှုတို့မှာ မိုပိုတိုးပွားလာလျက်ရှိပေသည်။
ယွန်းဟေမီတစ်ယောက် အခန်းထဲက နေရာတိုင်းကို စေ့စေ့စပ်စပ်သေချာ လိုက်ရှာကြည့်သော်လည်း မာယာသစ္စာကို လုံးဝမတွေ့ခဲ့ရပေ။ သူမက ဝရံတာထွက်ပြီး အနေအထားကို သေချာစီစစ်နေခဲ့ချိန်တွင် ခေါင်မိုးထပ်မှာ ပုံရိပ်တစ်ခုကို ခပ်ဝါးဝါးလေးမြင်တွေ့လိုက်ရသည်။ ၎င်းမှာကား ရဲရဲတောက်နီသည့် အနီရောင်ပိတ်စပါးလေးတစ်စပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထိုခေါင်မိုးထပ်ကို တက်သွားချိန်တွင် သွေးပျက်စရာ မြင်ကွင်းတစ်ခုကိုပါ မြင်တွေ့လိုက်ရသည်။ မာယာသစ္စာက ခေါင်မိုးထပ်က နံရံပေါ်မှာ မတ်တပ်ရပ်နေလေသည်။ သူမရဲ့ လှိုင်းတွန့်သဏ္ဍာန် ဆံပင်လိုင်းအကြီးများက လေအဝေ့တွင် ဝေ့ဝဲနေကြပြီး ချင်းချင်းတောက်နီသည့် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည်။ အတော်အတန်မြင့်သည့် ဒေါက်ဖိနပ်အနီရောင်ကိုလည်း ဝတ်ဆင်ထားကာ အမူအယာကင်းမဲ့နေသည့် မျက်နှာနှင့် နီဆွေးဆွေးနှုတ်ခမ်းများကို အသုံးပြုကာ မာယာသစ္စာက မေးမြန်းလာသည်။
" နင်လာပြီလား  "
" မာယာအဲ့အပေါ်မှာ ဘာတက်လုပ်နေတာလဲ.....နင်ဆင်းခဲ့စမ်း "
" ငါဘာလုပ်နိုင်ဦးမှာလဲ။ အရာအားလုံးကို အဆုံးသတ်ဖို့အတွက်ပဲလေ။ နင်ကိုယ်တိုင်လဲ ဒါကိုလိုချင်နေတာပဲမလား....ငါ့အချစ်ဆုံး သူငယ်ချင်း "
" မဟုတ်ဘူး ...ငါလိုချင်တာက နင်အပြစ်တွေကို ဝန်ခံပြီး အစကပြန်စဖို့။ လမ်းမဆုံးသေးဘူးဆိုတာ သိစေချင်တာ။ နင့်မှာ ငါရှိတယ် ၊ ဆူးသစ္စာ ရှိတယ် ။ နင်ဘာလို့ ဒီလောက်ထိ ပြောင်းလဲသွားလဲ ငါမသိဘူး။ ငါသိခဲ့တဲ့ မာယာသစ္စာက ရဲရင့်တယ် ၊ထက်မြက်တယ် ၊နွေးထွေးတယ် .... သူမက ငါ့ရဲ့သူငယ်ချင်းကောင်း ငါ့ကိုအမြဲအားပေးတယ် ‌၊အနစ်နာလည်းခံတတ်တယ်။ ဒါပေမယ့် နင်ဘာလို့ဒီလောက်ထိ ပြောင်းလဲသွားတာလဲ ငါတစ်ကယ်စဉ်းစားမရဘူး "
" ဟက် ....ငါပြောင်းလဲသွားတယ်ပေါ့။ ငါမပြောင်းလဲသင့်ဘူးလား ....ငါ့နေရာမှာ နင်စဉ်းစားကြည့်ဖူးလား။ ငါဘာတွေကြုံတွေခဲ့ရလဲဆိုတာ ၊ငါဘယ်လောက်နာကျင်ခဲ့ရလဲဆိုတာ။ ဟေမီ အရင်တိုင်း နင်ကအမြဲတုံးအတယ်၊ နင်မြင်တာကိုပဲ နင်ယုံတယ် "
" မာယာ... "
ယွန်းဟေမီက ရှေ့တစ်လမ်းတိုးလိုက်ချိန်တွင် မာယာသစ္စာတစ်ယောက် ခပ်ပြတ်ပြတ်အမိန့်ပေးလိုက်သည်။
" မလာနဲ့ "
" ကောင်းပြီ ဒါပေမယ့် နင်ငါပြောတာ နားထောင်ပါ။ ဒါ ၂၄ထပ်မှာ အရမ်းမြင့်တယ် မာယာ နင်အောက်ဆင်းခဲ့ "
" ငါနင့်စကားတွေထပ်ပြီး ထပ်ပြီးနားမထောင်တော့ဘူး။ နင်ငါ့ကိုလိမ်ခဲ့တာ ငါအမြဲတမ်းသိချင်နေတာ နင်ဘာလို့ငါ့ကိုထားခဲ့တာလဲ ဟေမီ "
" ငါမထားခဲ့ပါဘူး ငါနင့်အတွက် အမြဲတမ်းရှိပါတယ်....မာယာ "
မာယာသစ္စာက ဒေါသထွက်သွားဟန်ဖြင့် သူမပုံစံက လှောင်ပြောင်နေတဲ့အသွင်ပြောင်းသွားကာ အသံကလည်းပိုလို့တင်းမာလာသည်။
" အဖေနဲ့အမေက ကွာရှင်းသွားတော့ အဖေကနောက်အိမ်ထောင်ယူလိုက်တယ် ။ အမေကမကြာခင်မှာပဲဆုံးသွားတယ် ။ ငါနဲ့ဆူး အဖွားနဲ့ပဲနေလာခဲ့တာ။ ဖွားဖွားဆုံးသွားတော့ ရုတ်တရက်ကြီး ဘယ်ကမှန်းမသိတဲ့ အကြွေးတွေပေါ်လာတယ်လေ။ အကြွေးရှင်တွေက ထိန်းမနိုင်သိမ်းမရပဲ။ "
" ငါတစ်ချိန်လုံးထင်နေတာ ငါတို့ဒီလောက်ချမ်းသာတာ ငါ့ဘဝမှာ အကုန်ပြီးပြည့်စုံနေတာ၊ ငါစိတ်ကောင်းလေးသာထားရင်ရပြီပေါ့။ တစ်ကယ်တော့မဟုတ်ဘူး ငါ့ဘဝကပြီးပြည့်စုံနေတာမဟုတ်ဘူး အဲ့တာအချိန်မတန်သေးလို့ .....ငါလူတွေအကြောင်း ကောင်းကောင်းမသိသေးလို့ "
မာယာသစ္စာရဲ့ ပုံစံက ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ပြောင်းလဲသွားသည်။ သူမဘဝရဲ့အခါးသီးဆုံး နေ့ရက်တွေကို ပြန်ပြောပြနေခိုက်တွင် သူမက ထိုအခြေအနေတွေထဲ ဒုတိယတစ်ကြိမ်ပြန်ရောက်သွားသည့်ပုံစံဖြင့်။
" ငါနင့်ဆီကိုလာခဲ့တယ်။ ငါထင်ခဲ့တာ ငါတို့အရမ်းငယ်သေးပေမယ့် နင်ကတော့ ငါ့အခက်အခဲတွေကို ကူညီပေးနိုင်မယ်ဆိုတဲ့အသိစိတ်‌ကလေးနဲ့။ နင်ဘာမှမတတ်နိုင်ခဲ့ဘူးဆိုရင်တောင် အချစ်ဆုံး သူငယ်ချင်းဆီက ကြားရတဲ့ အားပေးစကားတစ်ခွန်းပဲဖြစ်ဖြစ် ငါ့အတွက်အရမ်းတန်ဖိုးရှိတယ်လို့ ထင်ခဲ့မိလို့။ "
ယွန်းဟေမီတစ်ယောက် ထိုအချိန်တုန်းက သူမကိုယ်သူမ ပြန်မြင်ယောင်လိုက်မိသည်။ အဲ့အချိန်တုန်းက သူဘာတွေများ လုပ်ခဲ့မိတာလဲ။ မာယာသစ္စာကို အိမ်ထဲတောင် ပေးမဝင်မိခဲ့ဖူးထင်တယ်။ ဟုတ်တယ် အဲ့တုန်း ခြံပြင်မှာ သူတို့စကားရပ်ပြောနေခဲ့ကြတဲ့ ပုံရိပ်ကအလျင်အမြန်ပင် ဝင်ရောက်လာသည်။
" ဟေမီ ......ငါအကူအညီတောင်းစရာရှိလို့ အန်တီတို့နဲ့ပေးတွေ့ပါလား "
" မာယာနင့်ပုံစံက ဘယ်လိုတွေဖြစ်လာတာလဲ ချွေးတွေနဲ့။ ဒါနဲ့အဖွားဆုံးသွားပြီဆို နင်အဆင်ပြေရဲ့လား "
" ဟေမီ ငါ....ငါတို့မှာ အကြွေးတွေဝိုင်းနေတယ် ။ အန်တီနဲ့ပေးတွေ့ပြီး ငါ့ကိုကူညီဖို့ပြောပေးပါလား။ ငါသေချာပေါက်ပြန်ဆပ်မှာပါ။ မဟုတ်ရင် ငါနဲ့ ဆူးမှာ နေစရာနေရာတောင် ရှိတော့မှာမဟုတ်ဘူး "
ထိုနေ့က သူ့ကိုအားကိုးတကြီး ဆုပ်ကိုင်ထားတဲ့ မာယာသစ္စာရဲ့လက်ကို သူကိုယ်တိုင် ဖြုတ်ချပစ်လိုက်လေသည်။
" ဟေမီ ! "
" မာယာဒါက ငါကူညီလို့မရဘူး "
" ဘာဖြစ်လို့လဲ......ငါတစ်ကယ်ပြန်ဆပ်မှာပါ။ ဘာပဲလုပ်ရလုပ်ရ ကိစ္စမရှိဘူး "
" တစ်ကယ်တော့ ငါတို့နိုင်ငံခြားကို ပြောင်းတော့မှာ ။ ငါအစကနင့်ကိုပြောမလို့ပါပဲ ဘယ်ကစပြောရမလဲ မသိတာနဲ့ နောက်ကျနေတာ "
" ဟေမီ.....နင် ငါ့ကိုထားသွားတော့မှာလား "
" ဖေဖေနဲ့မေမေကလည်း ဒီကလုပ်ငန်းတွေအကုန်လုံးကို အပြီးသတ်လိုက်ပြီ။ တစ်ပါတ်အတွင်း သွားတော့မှာ။ "
" ဟေမီ "
" ငါတောင်းပန်ပါတယ် ငါတစ်ကယ်မကူညီနိုင်ဘူး "
နောက်ဆုံးတော့ ယွန်းဟေမီ မှတ်မိလိုက်ပါပြီ။ အဲ့အချိန်ကစပြီး မာယာသစ္စာနဲ့သူနဲ့ တဖြေးဖြေးဝေးကွာသွားရုံသာမက လုံးဝသူစိမ်းဆန်သွားကြသည်။ ထိုနေ့က မျှော်လင့်ချက်တွေ ပျက်သုန်းသွားတဲ့ မျက်နှာထားနဲ့ မာယာသစ္စာကို ခြံပြင်မှာ တစ်ယောက်ထဲ ထားခဲ့လိုက်ပြီး သူတစ်ယောက်ထဲ အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။ ဖြစ်နိုင်တာက အဲ့တုန်းက သူတို့အသက် 14နှစ်ပဲရှိသေးလို့ မိုက်ရူးရဲ ဆန်ခဲ့ကြတယ်ပေါ့။
" ငါတောင်းပန်ပါတယ်.....ငါတစ်ကယ်တောင်းပန်ပါတယ် မာယာ "
" နောက်ကျသွားပြီ......အခုလည်း ငါ့ကိုအဆုံးသတ်ဖို့ နင်ကိုယ်တိုင်လာခဲ့တာပဲ "
" မာယာ ....ငါပြောတာနားထောင်ပါ။ ငါတို့အစကပြန်စလို့ရတယ်။ နင်ပြန်လွတ်လာရင် ငါတို့အရင်တိုင်း ပြန်နေလို့ရတယ်။ တစ်ကပြန်စကြရအောင်လေနော် မာယာ "
" ဟား.....ဟား.....အဲ့တာ တစ်ကပြန်စတာမဟုတ်ဘူး ဘာမှမရှိတဲ့ သုညဘဝကို ပြန်သွားခိုင်းနေတာ။ ငါဒီအခြေအနေရောက်လာဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။ ငါ့အသွေးအသားထဲက နာကျင်နေရင်တောင် ပိုက်ဆံအတွက်ဆို ငါဘာမဆိုလုပ်ခဲ့တာ။ ဘာကြောင့်လဲသိလား.....အရင်လိုပြန်မဖြစ်ချင်လို့ ၊ ငါအရမ်းမုန်းလို့ အဲ့တုန်းကဘဝကို ငါသေလောက်အောင်မုန်းလို့။ "
စိတ်လွတ်သွားတဲ့ အရူးတစ်ယောက်နှယ်ပင် ထိုစကားတွေအော်ပြောနေသော မာယာသစ္စာမှာ ရန်လိုတဲ့အကြည့်တွေကို ဆင်မြန်းထားသော်လည်း မျက်လုံးထဲကတော့ မျက်ရည်များ စီးကျနေခဲ့သည်။ သို့သော် သူမက တစ်ကြိမ်တစ်ခါလေးမျှပင် ထိုအရာတွေကို သုတ်မပစ်ခဲ့ပေ။ ထို့အစား ယွန်းဟေမီဆီကိုသာ ခပ်ပြင်းပြင်းအဆိပ်ဆူးများ  ဆက်လက်ပစ်ခတ်နေခဲ့သည်။
" မာယာရယ်.......နင်ဘာလို့များ ဒီလောက်ပြောရခက်နေတာလဲ။ ငါ့စကားကိုတစ်ကြိမ်လောက်ပဲ ထပ်နားထောင်ပေးပါ။ "
ယွန်းဟေမီရဲ့စကားတွေနဲ့ ဆန့်ကျင်စွာ မာယာသစ္စာက ရှေ့ကိုတစ်လှမ်းရွေ့လိုက်ချိန်တွင် သူမရဲ့အနီရောင်ဖိနပ်က လေထဲမှာပင် ရပ်တန့်သွားသည်။
" မာယာ "
ယွန်းဟေမီရဲ့ တုန့်ပြန်မှုတွေက အလွန်မြန်ဆန်ပေသည်။ ၂၄ ထပ်ကနေ ခုန်ချဖို့ပြင်နေသော မာယာသစ္စာရဲ့ လက်တစ်ဖက်ကို အလျင်အမြန် ဆွဲဖမ်းမိလိုက်တာကြောင့် သူမသူငယ်ချင်းက အောက်ကိုပြုတ်ကျမသွားခဲ့ပေ။ ယွန်းဟေမီတစ်ယောက် မပြီးဆုံးနိုင်အောင် ငိုနေခဲ့ကာ ခရားရေလွှတ်ပြောနေသော စကားမှာကား မာယာသစ္စာကို ဖြောင့်ဖြဖို့တစ်ခုတည်းသာဖြစ်သည်။
" မာယာ........မာယာ......ငါနင့်ကိုအဆုံးရှုံးမခံနိုင်ဘူး။ ပြန်ပြင်လို့ရပါတယ်.......ခုထိနောက်မကျသေးပါဘူး။ ငါပြောတာကိုနားထောင်ပါနော် ဟုတ်ပြီလား "
မာယာသစ္စာတစ်ယောက် ယွန်းဟေမီကို နောက်လှည့်ကြည့်လာချိန်တွင် မျက်ရည်တွေအပြည့်ဖြစ်နေတဲ့ တစ်ချိန်ကသူငယ်ချင်းကို မြင်တွေ့လိုက်ရသည်။
" နင်အတော်လေး ငိုနေတာပဲ။ ငါထင်တာ ငါသေသွားရင်  ငိုပေးမယ့်လူတောင် မရှိလောက်တော့ဘူးပေါ့။ "
" မဟုတ်ပါဘူး......ငါရှိတယ် ။ နင်မှာငါရှိတယ်သေးတယ် "
ရှိုက်သံတွေနဲ့ ဗလုံးဗထွေးစကားသံများ ယွန်းဟေမီဆီက ထွက်ကျလာသည်။
" ဒါပေမယ့် ဟေမီ  နောင်သံသရာ အဆက်ဆက်မှာ ငါနင်နဲ့ ထပ်မတွေ့ချင်တော့ဘူး။ "
မာယာသစ္စာဟာတစ်ချိန်တည်းမှာပင် ယွန်းဟေမီဆွဲထားတဲ့ သူ့လက်ကို ခါထုတ်ပစ်လိုက်ပြီး လေဟာနယ်ထဲ နောက်ပြန်ခုန်ချကာ စကားတစ်ခွန်းကိုသာ ချန်ထားရစ်ခဲ့လေသည်။
" ဆူးကိုသာ ကာကွယ်ပေး "
" ‌မာယာ......မာယာ မလုပ်နဲ့ "
အနီရောင်ပိတ်စအပါးလေးက လေထဲတွင်လွင့်လူးနေလျက် အနက်ရောင်ဆံပင်ရှည်တွေကလည်း သူမကိုတစ်ခါမှ ရုပ်မဆိုးသွားစေပေ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူမဟာ ကြံခိုင်တဲ့အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နေခဲ့သည်။ ယခုမှာကား အဆုံးမရှိသည့် သွေးအိုင်ထဲတွင် လဲလျောင်းနေလျက် အေးစက်သည့်မြေကြီးပေါ်တွင် အဖော်မဲ့နေသော်လည်း သူမအနားတွင် ထုံးစံအတိုင်း ဘယ်သူမှရှိမနေခဲ့ပေ။ 
" အား.........မာယာ........ မဟုတ်ဘူး ။ နင်မသေရဘူး .....ငါ့ကို ဆက်မုန်းနေလဲဖြစ်တယ် ။ဒါပေမယ့် နင်ဒီလိုအဆုံးသတ်မသွားရဘူး......နင်ပြန်လာခဲ့ "
ယွန်းဟေမီ သူမအနားရောက်သွားချိန်တွင် မာယာသစ္စာမှာ သေဆုံးသွားနှင့်ပြီးပြီဖြစ်သည်။ ခန္ဓာကိုယ်ထဲက စိမ့်ထွက်နေဆဲသွေးတွေဟာ မာယာသစ္စာဝတ်ထားသည့် အနီရောင်နှင့် ရောနှောနေသည့်အတွက် သိပ်သိသာမနေခဲ့ပေ‌။ သို့သော်ငြား ၎င်းတို့က ဆက်လက်စိမ့်ထွက်နေဆဲဖြစ်သည့်အတွက် ယွန်းဟေမီခမျာ လက်ကလေးနဲ့ ထိလိုက်ရုံဖြင့် မာယာသစ္စာနာသွားမည်ကို ကြောက်ရွံ့နေခဲ့လေသည်။
နောက်ဆုံးတော့ ယွန်းဟေမီ နားလည်လိုက်လေသည်။ မာယာသစ္စာဟာ အနီရောင်ကို နှစ်သက်ချင်းမဟုတ်၊ အနီရောင်ကသာလျှင် သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာကို ဖုံးကွယ်ပေးနိုင်သောကြောင့်ဖြစ်သည်။ သူမဟာ အားနည်းသည့်အမျိုးသမီးတစ်ယောက်မဟုတ်သော်လည်း အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ရသည့်အခါ လမ်းမှားရောက်တတ်ပြီး ပြိုလဲတတ်ပေသည်။
အဆုံးသတ်တွင် မာယာသစ္စာဟာ လက်နက်ချ အရှုံးပေးရခြင်းထက်  သေဆုံးခြင်းကိုသာ ရွေးချယ်သွားသည်။ယွန်းဟေမီဟာ အရင်ကအကြောင်းတွေကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ချေ။ အဲ့နှစ်တွေတုန်းက နိုင်ငံခြားကို သူထွက်သွားပြီးချင်း မာယာသစ္စာနှင့် လုံးဝအဆက်အသွယ် ပြတ်သွားသည်။ တွေးကြည့်ရုံဖြင့်ပင် သူမဘဝက ဘယ်လောက်ခက်ခဲခဲ့လည်း မြင်နိုင်ပေသည်။ ပတ်လည်ဝိုင်းနေတဲ့ အကြွေးတွေရယ် ၊အားကိုးစရာမရှိတဲ့ အခြေအနေရယ်၊ အသက်မပြည့်သေးတဲ့ သူမရယ် အရာရာဟာ မာယာသစ္စာအတွက် ကံကြမ္မာဆိုးကြီသာ။ ထိုအချိန်တုန်းက ယွန်းဟေမီတစ်ယောက် နိုင်ငံခြားမှာ ကျောင်းဆက်တက်ရင်း ပျော်နေခဲ့တာပင်ဖြစ်သည်။
" ငါတစ်ကယ်မကောင်းတဲ့ သူငယ်ချင်းဘဲ ......အဲ့တုန်းက နင့်ကိုတစ်ယောက်ထဲ ပစ်ထားခဲ့တာ။ နင်အရမ်းအထီးကျန်နေမှာပဲ။ ဒါပေမယ့် မာယာ.....ငါတစ်ကယ်ကိုပဲ နင်အသက်ဆက်ရှင်ဖို့ ဆန္ဒရှိခဲ့တာ ။ အရင်တုန်းက နင့်ကိုပြန်လိုချင်ခဲ့တာ။  "
အသည်းအသန် အော်ငိုနေသော ယွန်းဟေမီအနားတွင် မလှုပ်မယှက်ဖြစ်နေတဲ့ အလောင်းတစ်ခုသာ ရှိနေခဲ့လေသည်။ ဘယ်လောက်ပဲ လှုပ်းနှိုးပါစေ ထိုအလောင်းက ပြန်ကုန်းထလာမည် မဟုတ်သလို စီးကျနေတဲ့ ထိုမျက်ရည်တွေကိုလည်း သုတ်ပေးလာမည် မဟုတ်တော့ချေ။
လေထုထဲတွင် အသည်းခိုက်မတက်ငိုနေတဲ့ ယွန်းဟေမီရဲ့ ခပ်ဆိုးဆိုးအသံသာ ကျင်လည်နေသည်။ လည်ချောင်းတွေမှာ အက်ကွဲရုံသာမက အသံပင်လုံးဝထွက်မလာနိုင်တော့သည်အထိ ယွန်းဟေမီတစ်ယောက် ပြင်းပြင်းထန်ထန်အော်ဟစ်လျက် ယူကျုံးမရဖြစ်‌နေသည်။
ရက်အနည်းငယ်ကြာသွားတဲ့အခါ မာယာသစ္စာနဲ့ပက်သက်တဲ့အမှုတွေအားလုံးအတွက် တရားခံမှာ ပျောက်ဆုံးသွားပြီဖြစ်သည်။ သူမကျူးလွန်ခဲ့သော အမှုတွေသာမက မကျူးလွန်ခဲ့တဲ့ တိမ်ယံဆင့်ရဲ့ ကားအက်စီးဒင့်အမှုကိုပါ သူနဲ့အတူတစ်ပါတည်း ယူဆောင်သွားပြီး ဆူးသစ္စာကို အပြီးတိုင်အန္တရာယ် ကင်းစေလေသည်။ အကြောင်းအရာတွေအ‌ကုန်လုံးကို သိပြီးသားဖြစ်သည့် ဆင့် တို့လည်း အသက်နဲ့အလဲအထပ်လုပ်သွားသည့် မာယာသစ္စာကြောင့် ထိုအမှုကိုထပ်မဖော်ဘဲ ရှိမြဲအတိုင်းသာ ထားရစ်လိုက်ကြသည်။
ဆူးသစ္စာတစ်ယောက်လည်း အမဖြစ်သူတစ်ယောက်လုံးသေဆုံးသွားသည့် အဖြစ်အပျက်ကြောင့် ပူဆွေးသောကရောက်နေကာ ယွန်းဟေမီ၏ စောင့်ရောက်ပေးမှုကြောင့်လည်း ကောင်းကောင်းမွန်မွန်ရှိနေသည်။ 
တစ်ညတွင် ဆူးသစ္စာတစ်ယောက် ဆင့်ဆီဖုန်းဆက်ပြီး အရင်ကဖြစ်ခဲ့တဲ့ တိမ်ယံဆင့်ရဲ့ ကားမတော်တဆမှုတွင် မျက်နှာချင်းဆိုင်မောင်းလာသည့်ကားဟာ သူမ မောင်းလာတာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိတမင် ဝင်တိုက်ခဲ့ကြောင်း ပြောပြလာသည်။ ဆင့်က ထိုအကြောင်းတွေ သိပြီးသားဖြစ်သော်လည်း သူမဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာကို မေးမြန်းခဲ့သည်။ ဆူးသစ္စာ အဲ့ဒီ့တုန်းဟာ သူဟာ တိမ်ယံဆင့်ကို အလွန်အမင်းသဘောကျရသည့်အတွက် ပြဒါးရံနဲ့ သတင်းထွက်လာချိန်တွင် အသိစိတ်လွတ်ပြီး ထိုသို့လုပ်မိခဲ့ကြောင်း ဝန်ခံလာသည်။ ထို့ပြင် တိမ်ယံဆင့်ကိုလည်း ငြီးငွေ့လောက်သည်အထိ တောင်းပန်ကြောင်း ထပ်ကာထပ်ကာဆိုနေခဲ့ပြန်သည်။
ဆင့်က ထိုကိစ္စတွေကို ခွင့်မလွှတ်နိုင်သော်လည်း ထပ်ပြီးပြန်လည်အစဖော်မည် မဟုတ်ကြောင်း ကတိပေးခဲ့ပြီး သံသရာအဆက်ဆက် မပက်သက်မိစေရန်လည်း သတိပေးခဲ့သည်။ 
" ဆင့် "
လေနဲ့အတူပျံ့လွင့်လာသော ပြဒါးရံ၏ ခေါ်သံလေး။
" ကိုယ့်ရဲ့ပဲ့ကိုင်ရှင်လေး တစ်ကယ်ပဲ ရလဒ်ကိုကျေနပ်ရဲ့လား "
ပြဒါးရံက ဆင့်ရဲ့ လက်ဖမိုးကိုနမ်းရင်း နူးနူးညံ့ညံ့ဆိုလာသည်။
" မဟုတ်ရင်ကော ရွေးချယ်စရာရှိသေးလို့လား။ မာယာသစ္စာက သေသွားပြီ။ သေရတာအရမ်းလွယ်တယ် .......ကျွန်တော်တို့ကို သေတာထက်ဆိုးတဲ့ ဘဝပေးခဲ့ပြီး သူကျတော့လွယ်လွယ်နဲ့သေသွားတယ် "
ဆင့်က ပြဒါးရံရဲ့ အညိုရင့်ရင့်မျက်လုံးများကို စိုက်ကြည့်လာပြီး
" ရံ ဆူးသစ္စာကို လွှတ်ပေးလိုက်ရအောင် "
"'ဘာဖြစ်လို့လဲ သူက ဆင့်ကို ကားနဲ့တိုက်ခဲ့တဲ့ တရားခံလေ "
" သူ့မှာ အရမ်းကောင်းတဲ့ အမတစ်ယောက်ရှိတာကို ကျေးဇူးတင်ရမှာပဲ "
" ဒါပေမယ့်.... "
တိမ်ယံဆင့် ပြဒါးရံရဲ့ စကားတွေကို ဖြတ်ပြောလိုက်လေသည်။
" မမဟေမီက စိတ်မကောင်းဖြစ်သွားလိမ့်မယ်။ မာယာသစ္စာကို ကာကွယ်ဖို့ သူအစွမ်းကုန်ကြိုးစားခဲ့တာ။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့အတွက် အနစ်နာခံပေးထားတဲ့ မမဟေမီရဲ့ ဆန္ဒကိုလည်း ကြည့်သင့်တယ်......ထုတ်မပြပေမယ့် သူလည်းအရမ်းပင်ပန်းနေ‌မှာပါ။ "
" မင်းသဘောအတိုင်းပဲ ဆင့် ပြောသမျှ ကိုယ်အကုန်နားထောင်မယ် "
ဆင့်က စကားလမ်းကြောင်းလွှဲကာ ပြဒါးရံကို အာရုံလွှဲလိုက်သည်။
" သွားရအောင် ဒီနားမှာ အသစ်ဖွင့်တဲ့ဆိုင်အသစ်က အရမ်းစားကောင်းတယ်ကြားတယ် "
" လေပြေကိုပါ ခေါ်သွားရအောင်လေ "
" မလိုတော့ဘူး လေပြေက အရေးကြီးတဲ့လူတစ်ယောက်ကို သွားတွေ့တယ် "
" ကောင်းပီလေ ဒါဆို ကိုယ်တို့နှစ်ယောက်ပဲပေါ့ "
ဆင့်တို့နှစ်ယောက် ထိုဆိုင်မှာအချိန်ဖြုန်းနေလိုက်သည်မှာ နာရီလက်တံအတိုလေးအား သတိမထားမိသည်အထိပင်။ ပြဒါးရံဆီက အရေမတွက်နိုင်သော စကားတွေကြားနေရသော်လည်း ဆင့်တစ်ယောက် အာရုံမလာနိုင်ခဲ့သည်မှာ သိသိသာသာပင်။ သူယခုစဉ်းစားနေသည်မှာ လေပြေအဆင်ပြေရဲ့လား ဆိုတာပင်ဖြစ်သည်။ လေပြေတစ်ယောက် ကိစ္စကြီးဖြစ်ပြီးထားသည်မှာ မကြာသေးသော်လည်း သူမက တော်တော်လေး ကြံ့ခိုင်သည့် အမျိုးသမီးလေးတစ်ယောက်ပင်ဖြစ်သည်။ သူရဲ့ထိုညီမလေးမှာ သွက်သွက်လက်လက်ဖြင့် ချစ်စဖွယ်အလွန်ကောင်းလှသောကြောင့် တိမ်ယံဆင့်မှာ မျက်စိအောက်ကနေတောင် အပျောက်မခံဝံ့ပေ။
":ဆင့်......ဘာတွေစဉ်းစားနေတာလဲ "
" အာ.....ရံ ဘာပြောလိုက်တာလဲ "
ပြဒါးရံက ဆက်ပြောမလာဘဲ ဆင့်ရဲ့မျက်နှာကို သေချာစိုက်ကြည့်လာပြီး အတော်အတန်ကြာ ငြိမ်သက်နေလေသည်။
" ဘာဖြစ်လို့လဲ .....ကျွန်တော့်မျက်နှာမှာ ဘာရှိလို့လဲ "
ဆင့်က ကိုယ့်မျက်နှာကိုယ် လက်နဲ့ပွတ်သပ်လိုက်ပြီး ပြဒါးရံကို မေးမြန်းလာသည်။
" အခုတလော ကိုယ့်ကောင်လေးက ဖုံးကွယ်ထားတာတွေ ဘာလို့အဲ့လောက်များနေတာလဲလို့ စဉ်းစားနေတာ "
" ရံ .....ကျွန်တော်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး အချိန်မတန်သေးလို့ မပြောပြသေးတာ "
" ကိုယ့်ကိုတောင်မှလား ? "
" အာ အခုမှသတိရတယ်။ အပေါ်ထပ်က ကျွန်တော့်အခန်းထဲက ပန်းချီကားက မရှိတော့ဘူးဆိုတော့ အဲ့နေရာက ကြည့်ရတာအတော်လေး ဟာလာဟင်းလင်းဖြစ်နေတယ်။ "
ပြဒါးရံက ဆင့်ကို မျက်နှာသေနှင့် စိုက်ကြည့်နေဆဲပင်။ ပြဒါးရံတစ်ယောက် သူ့ရည်းစားလေးက ထပ်ပြီး စကားလမ်းကြောင်းလွှဲနေတာကို ရိပ်မိပြီးဖြစ်သော်လည်း ဆက်လက်အလိမ်ခံနေလိုက်သည်။
" ရံ "
ဆင့်က မရဲတရဲဖြင့် အသံတိုးတိုးပြုကာ ခေါ်လာလေသည်။
" အင်း "
ပြဒါးရံကလည်း တုံးတိတိအဖြေပြန်ပေးသည်။
" ကျွန်တော်တို့ အဲ့နေရာမှာ အခြားတစ်ခုခု လုပ်လိုက်ရင်မကောင်းဘူးလား "
" ဆင့်သဘောပဲ "
ဒါဆို ပန်းချီကားကို ကျွန်တော်ဆွဲလိုက်မယ်။ ဒီတစ်ခါ ကျွန်တော့်ပုံမဟုတ်ဘဲ ရံ ပုံကိုဆွဲပြီး ကျွန်တော့်အခန်းထဲမှာ ချိတ်ထားမယ်။ မကောင်းဘူးလား....
" အင်း ကောင်းတယ် "
ပြဒါးရံတစ်ယောက် တစ်ချိန်လုံး ဆင့်မျက်နှာကို စိုက်ကြည့်နေရင်း ပြန်ပြောနေခြင်းဖြစ်သည်။
" ရံ "
ဆင့်ကထပ်မံက အသံပြုလျက်ခေါ်လိုက်သော်ငြား ပြဒါးရံရဲ့ စုံထောက်မျက်ဝန်းများက သူ့အပေါ်သာ ဝေ့ဝဲနေတဲ့အတွက် မျက်တောင်ပင် မခတ်ရဲလောက်အောင် ပျာယာခတ်လာသည်။ နောက်ဆုံးတွင် တိမ်ယံဆင့်မှာ အစွမ်းကုန်ကြိုးစားပြီးသော်လည်း ကြံရာမရတဲ့အဆုံး အစွမ်းအထက်ဆုံးသော လက်နက်တစ်ခုကို ပြဒါးရံအပေါ် ထုတ်သုံးရန်ကြံစည်လိုက်တော့သည်။ 
ဆင့်ရဲ့အမူအယာလေးမှာ ချက်ခြင်းနူးညံ့သိမ်မွေ့သွားလျက် ဖယောင်းပန်းပုလို သွယ်လျတဲ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ကာ ပြဒါးရံလက်ပေါ် အုပ်မိုးလျက် သူ့ရဲ့အသံချိုချိုလေးကို အသုံးပြုကာ တိုးတိုးလေးဆိုလိုက်သည်။
" ရံ.....အရမ်းချစ်တယ်နော် "
ပြဒါးရံတစ်ယောက် ရင်ခုန်လွန်းလို့ ရူးမတတ်ပင်ဖြစ်သွားပြီး တိမ်ယံဆင့်ရဲ့ ထိုအမူအယာနဲ့ နှုတ်ခမ်းကထွက်လာသော အသံလေးမှာ ထပ်ခါတလဲလဲ ဖန်တစ်ရာလည်နေသည်မှာ မရပ်တန့်နိုင်တော့ပေ။ ပြိုင်ဘက်ကင်းမျက်နှာနှင့် သူ့ချစ်သူလေးမှာ ထိုစကားမျိုးဆိုလာတိုင်း ပြဒါးရံရဲ့ နှလုံးသားမှာ အရည်ပျော်ကာ အငွေ့ပျံထွက်သွားတတ်သည်ပင်။ နောက်ဆုံးတွင် ပြဒါးရံမှာ လုံးလုံးလျားလျား အရှုံးပေးလိုက်ရပြီး အပြင်ဘက်ထိ ခုန်ထွက်လာတော့မည့် သူ့နှလုံးကို လက်နှင်ဖိထားလိုက်သာ သန့်စင်ခန်းဆီ အမြန်ပြေးသွားလိုက်ရတော့သည်။
" Fu*k....ဒါကြီးက အခန့်မသင့်ရင် သေပါသေသွားနိုင်တယ် "
_______________________________________________
[Zawgyi]
" မဖွဈပါဘူး။ မာယာသစ်စာက သူ့ကိုအန်တရာယျပေးမှာ မဟုတျဘူး "
" ဘာဖွဈလို့လဲ "
" ........ "
" ....... "