ကုတင်ပေါ်တွင်ကိုယ်တစ်ဝက်ကိုလှဲကာ ထိုင်ရင်း ပြတင်းပေါက်ဘက်ကိုငေးနေသော သက်ပိုင်ဆီသို့ စိုင်းခပ်ဖြည်းဖြည်းကပ်လာမိသည်။
"အသက်"ဟူ၍ ညင်သာစွာခေါ်မိတော့ ထိုကောင်လေးကလှည့်ကြည့်ပါ၏။
စိုင်း ကုတင်ဘေးရှိ ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်း သက်ပိုင်အားမော့ကြည့်လိုက်တော့ အသက်မှာသူ့ကိုသိပ်ကိုသတိထားနေဟန်။
စိုင်း ခါးသက်စွာရယ်လိုက်မိရင်း
"လေးလေးငယ် မင်းကိုကိုက်မစားပါဘူး အသက်ရာ"
ဘာလိုလိုနှင့် အသက်၏ဘယ်ဘက်လက်ကိုအကြည့်ရောက်မိတော့ လက်သူကြွယ်ရှိ လက်စွပ်ကလေးကရှိမနေ။
စိုင်း၏နှလုံးသားဟာ ချောက်တစ်ခုတည်းသို့အရှိန်ပြင်းစွာနှင့်ပြုတ်ကျသွားသည့်ခံစားချက်မျိုးကို ခံစားလိုက်ရ၍ ဤခံစားချက်ကာ သူ၏အူတွင်းကလီစာများကို ဇောက်ထိုးလှန်လိုက်သလိုပင်။
သက်ပိုင်က သူ၏အကြည့်ကိုသတိထားမိသွားဟန်နှင့် ဘယ်ဘက်လက်ပေါ်ကိုညာဘက်လက်ဖြင့် ထပ်ကာမြင်ကွင်းကို ကာပြစ်လိုက်၏။
"ကျွန်တော့်အတွက်ထူးဆန်းနေလို့"
"ရပါတယ်..."
စိုင်း အားတင်းကာပြုံး၍ပြောလိုက်သော်လည်း နှလုံးသားကတော့ပြုံးမနေနိုင်ခဲ့ပါ။
ကိုယ့်ကို သိပ်ချစ်ခဲ့တဲ့သူတစ်ယောက်က
ရုတ်တရက်ကြီးအေးစက်သွားခဲ့ရင် ဘယ်သူက ပျော်တဲ့သူရှိမတဲ့လဲလေ။
"စိတ်ဆိုးသွားတာလား"
သက်ပိုင်က စူးစမ်းသလိုမျိုးမေးလို့လာ၏။
စိုင်းခေါင်းကိုအသာရမ်းလိုက်ရင်း
"မဆိုးပါဘူး"
"....."
"မင်းသတိရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ လေးလေးငယ်က မင်းအနားမှာပဲရှိနေမှာလေ...
မင်းငါ့ကိုစောင့်ခဲ့သလို ငါလည်းမင်းကိုစောင့်နိုင်ပါတယ်"
သက်ပိုင် သူ့အရှေ့မှ လူအားကြည့်လိုက်မိသည်။
မည်းနက်လှသောမျက်ဝန်းဟာ လေးနက်ခြင်းကိုဖော်ဆောင်နေ၍
အကြည့်တို့၌ နူးညံမြတ်နိုးခြင်းများကပါဝင်နေသည်။
"ဘာပဲ ဖြစ်ဖြစ်အဲ့တာက ခင်ဗျားနဲ့သူနဲ့လက်ထပ်ထားတဲ့ ကတိကဝတ်လက်စွပ်ပဲမဟုတ်လား"
သူ့စကားကို လေးလေးငယ်ဆိုသူက ခေါင်းကိုအသာရမ်းရင်းရယ်လာသည်။
"လက်စွပ်က ငါတို့နှစ်ယောက်ရဲ့ကတိသစ္စာဆိုတာမှန်ပေမဲ့
ငါတို့နှစ်ယောက်ရဲ့အချစ်က လက်စွပ်ထဲမှာရှိတာမဟုတ်ပဲ
နှလုံးသားထဲမှာရှိတာလေ"
ထိုသို့ပြောရင်းနှင့် သက်ပိုင်၏ဘက်ဘယ်ရင်အုံကို လက်ညိုးနှင့်ထောက်လာသော ထိုသူ။
ဤအခိုက်အတန့် မှာသက်ပိုင်၏ ဘယ်ဘက်ရင်အုံအတွင်းရှိ အရာက ဒုတ်ကနဲခုန်သွား၍ အရင်ကထက်ခုန်နှုန်းမှာပို၍ မြန်နေသယောင်ပင်။
ထိုသူ၏အထိအတွေ့ကို နှလုံးသားကမှတ်မိနေသလိုမျိုး လျှပ်စီးကြောင်းတစ်ကြောင်းက စီးဝင်သွားသလိုခံစားလိုက်ရသည်။
မသိလျှင် လေးလေးငယ်ဆိုတဲ့လူတစ်ယောက်တည်းအတွက် နှလုံးသားဟာခုန်ပေါက်ပေးခဲ့ဟန်နှင့်။
"ပြီးတော့ 'သူ'မဟုတ်ပါဘူး...
ငါလက်ထပ်ခဲ့တာ မင်းပါ"
အနည်းကျုံ့သွားသော မျက်ခုံးတို့ဟာစိတ်တိုနေခြင်းကြောင့်မဟုတ်ခဲ့ ဝမ်းနည်းခြင်းကိုအလိုမကျ၍သာဖြစ်သည်။
လွန်ခဲ့သော နာရီအနည်းငယ်ခန့်က~
အရင်တုန်းက ဖြစ်ပျက်ခဲ့သမျှ စိုင်း
သက်ပိုင်အားပြန်လည်ပြောပြနေခိုက် အသံတို့ဟာတုန်ရီလို့နေခဲ့သည်။
လက်ရှိတွင်သတိမရသေးသော သက်ပိုင်ဟာ သူတို့နှစ်ယောက်၏ လက်ထပ်မှုကိုလက်မခံနိုင်သေးမှာစိုးလေသည်။
အစောပိုင်းတုန်းက သက်ပိုင်၏တုံ့ပြန်ချက်ကိုသိပ်ကိုပြင်းထန်ခဲ့တာမဟုတ်လား။
အဖြစ်အပျက်များကိုနားထောင်ပြီးတော့ သက်ပိုင်က
တခွန်းမျှပြန်လည်၍ပြောဆိုခြင်းမရှိပဲ ငြိမ်ငြိမ်လေးထိုင်ကာ
တွေးတောနေလျက်ရှိသည်။
"ကျွန်တော်မမှတ်မိဘူး၊စဥ်းစားနေပေမဲ့ခေါင်းနှောက်တယ်"
မျက်နှာအားရှုံ့တွလိုက်ရင်း ငြီးငြီးငြူငြူပြောလိုက်သည်။
သက်ပိုင် တကယ့်ကိုမှတ်ညဏ်တို့၏အစအနများအား ရှာမရချေ။စဥ်းစားလိုက်တိုင်းနောက်ကျိမှုများကိုသာ လက်ခံရရှိလိုက်သည်။
မျက်နှာအား ဘယ်ဘက်လက်ဖြင့်စိတ်ရှုပ်စွာ
အုပ်လိုက်မိသည်။
"အဆင်ပြေပါတယ်....မင်းကိုယ်မင်းအရမ်းတွန်းအားမပေးလို့ဖြစ်ပါတယ်...မင်းဘေးမှာ
လေးလေးငယ်ရှိနေတယ်မဟုတ်လား"
သြရှရှအသံတို့ဟာ အံ့သြဖို့ကောင်းလှစွာ ချိုသာမှုကိုဖော်ဆောင်နေသည်။
သူ၏လက်အားအုပ်ကိုင်လာသော ထိုသူ၏အနွေးဓာတ်ဟာ ရင်းနှီးမှု တစ်စုံတစ်ရာကိုခံစားရစေ၏။
နွေးထွေးသည်၊
ဒီလူနှင့်ထိတွေ့လိုက်သည့်အချိန်တိုင်းနှလုံးသားက အေးချမ်းကိုခံစားရသည်ကိုသက်ပိုင် သတိပြုမိပါသည်။
"အင်း"
သက်ပိုင် အင်းဟုသာ အဖြေတချက်ပြန်ပေးမိသည်။
တကယ်က မည်သို့ပြန်ဖြေရမည်လဲမသိတော့သောကြောင့်ပင်ဖြစ်၏။
သူနှင့် လေးလေးငယ်ဆိုတဲ့သူ လက်ထပ်ထားသည်ဟု ကြားကြားလိုက်ရချင်းတုန်းက အံသြမိတာမှန်ပေမဲ့ ဒါဟာဒီတိုင်းရုတ်ချည်း အဖြစ်အပျက်ကိုအံ့သြရုံလေးသာဖြစ်သည်။
လက်မခံနိုင်တာတော့မဟုတ်ပါချေ။
အထူးသဖြင့် ရင်းနှီးနေသောမျက်ဝန်းများနှင့်နွေးထွေးစေသော စကားသံများဟာ သက်ပိုင်အတွက်တော့ စိတ်အေးသက်သာရာပင်။
နာရီအနည်းငယ်လေးအတွင်းမှာတင်
ဒီလူကို သက်ပိုင်သံယောဇဥ်ဖြစ်နေမိပြီဖြစ်၏။
***
လရောင် မှိန်မှိန်ဟာ ဆေးရုံရှိအခန်းလေးထဲဝယ် ဖြာကျလို့နေသည်။
မီးများအားပိတ်ထားသော်လည်း
ယင်းလရောင်ဖျဖျကလေးကပင် အလင်းမှိန်မှိန်ကလေးဖြင့် အခန်းအားဖျော့တော့တော့လေးလင်းနေစေ၏။
အေးချမ်းလှသောညချမ်းလေးနဲ့ တစ်စုံတစ်ယောက်၏ အိမ်မက်ဟာတော့ မအေးချမ်းနိုင်ခဲ့ပေ။
သက်ပိုင် လက်ရှိတွင်ဘယ်ရောက်နေသလဲမသိသော်လည်း
တကိုယ်လုံးက အရိုးများကျိုးကြေမတတ်အရိုက်ခံထားရသည်။
နာကျင်မှုဝေဒနါက သူ့ကိုညင်းဆဲလျက်ရှိ၍ အသားများပင်တဆတ်ဆတ်တုန်လာသည်အထိ သူခန္ဓာကိုယ်ရှိအားများပင်မရှိတော့ချေ။
ဦးခေါင်းထံမှ စိုစွတ်စွတ်သွေးများ၏စီးကျနေခြင်းကို ခံစားမိနေ၍
သူ့ခေါင်းဟာလည်း လေးပင်းနေကာ
တစ်စင်တီမီတာကလေးပက်ရွေ့ဖို့အနိုင်နိုင်ဖြစ်နေသည်။
သူ့အားကန်ကျောက်နေကြသောသူများ၊
ဂိုဒေါင်တံခါးကြီးနှင့် ပျောက်ကွယ်သွားသောအလင်းရောင်၊
နာကျင်မှုနှင့်အအေးဒဏ်က သူ့တကိုယ်လုံးကိုသေချင်စိတ်ပေါက်အောင်လုပ်နေသယောင်ပင်။
အထီးကျန်ဆန်မှုနှင့်အတူ သူဟာလူတစ်ယောက်ကိုမျှော်နေခဲ့သည်။
"လေး....လေး..ငယ်...."
သက်ပိုင် ချက်ချင်းဆိုသလို သူ၏မျက်လုံးများကဝုန်းကနဲပွင့်ဟသွား၍ ကုတင်ပေါ်တွင်ထထိုင့်လိုက်မိသည်။
စိုရွဲနေသောချွေးများနှင့်အတူ ပုံမှန်ထက်အခုန်မြန်နေသောနှလုံးဟာ ကြောက်ရွံ့မှုကြောင့်သာ။
သူအိမ်မက် မက်နေခဲ့တာပင်။
သူ၏လက်များအား ငုံ့ကြည့်မိတော့ လက်တို့ဟာသိသိသာသာ လှုပ်ခတ်တုန်ရီနေ၍ အိမ်မက်ထဲ၌ခံစားခဲ့ရသောနာကျင်မှုဟာ သူ၏အရိုးထဲထိစိမ့်ဝင်နေသည်ကိုခံစားနေရသည်။
သူကြောက်သည်....
သူတကယ့်ကိုကြောက်သည်။
သက်ပိုင် သွေးရူးသွေးတန်းဖြင့် နံဘေးအားလှည့်ပတ်ကာကြည့်လိုက်တော့ အခန်း၏ထောင့်စွန်းဘက်ရှိကုတင်တစ်လုံးပေါ်တွင် အိပ်ပျော်နေသော လူအားတွေ့လိုက်ရသည်။
"လေးလေးငယ်....လေးလေးငယ်...လေးလေးငယ်"
သက်ပိုင် အိမ်မက်ထဲမှ သူခေါ်ခဲ့သည့်နာမ်စားတတွတ်တွတ်ရွတ်ရင်း ထိုသူအနားသို့ကပ်သွားမိသည်။
သက်ပိုင် လေးလေးငယ်၏အနားသို့ကပ်သွားလိုက်ရင်း အေးစက်နေသောလက်များဖြင့် လေးလေးငယ်၏လက်ဖဝါးများအားကိုင်လိုက်တော့ လက်များမှအနွေးဓာတ်အားခံစားရမိသည်။
"လေးလေးငယ်.....လေးလေးငယ်"
တိုးညင်းစွာရည်ရွတ်ရင်း ကုတင်းဘေးတွင်ဒူးထောက်ကာထိုင်ချလိုက်၍ လေးလေးငယ်၏လက်ကိုသူ၏နဖူးပေါ်သို့တင်ထားမိသည်။
သူအတိတ်မှာဘာတွေဖြစ်ခဲ့သည်ကိုမမှတ်မိသော်ငှား ကြောက်ရွံ့မှုနှင့်အအေးဒဏ်က လက်ရှိကမ္ဘာအထိအထီးကျန်မှုကိုယူဆောင်လာပေးသည်။
ရှင်းရှင်းလင်းလင်းမမှတ်မိခဲ့ရင်တောင်
သူသိပ်ကိုကြောက်နေသည်။
ထိုအချိန်မှာပဲ လေးလေးငယ်၏လက်ချောင်းများကလှုပ်ခတ်သွား၍ လေးလေးငယ်၏အသံက ခပ်တိုးတိုးဖြင့်စူးစမ်းသလိုထွက်လာ၏။
"သက်ပိုင်?"
သူကပျာကယာဖြင့်လေးလေးငယ်အားမော့ကြည့်မိသည်။
လေးလေးငယ်က သက်ပိုင်အားထူးဆန်းစွာစိုက်ကြည့်နေရင်း ကုတင်ပေါ်တွင်ထထိုင်လိုက်သည်။သက်ပိုင်ကတော့ ကျောက်ရုပ်တရုပ်လို ထိုနေရာတွင်ဒူးထောက်ထားရာမှမလှုပ်မယှက်နှင့်။
"ဘာဖြစ်တာလဲ အသက်"
"လေးလေးငယ်...ကျွန်တော်.."
သက်ပိုင် တုန်တုန်ရီရီဖြင့် အဖြစ်အပျက်အားရှင်းပြရန်ကြိုးစားသော်လည်း မည်သည့်စကားမျှမထွက်လာ။
စကားလုံးများအစား မျက်ရည်များသာ ကျဆင်းလာခဲ့သည်။
သက်ပိုင်၏ မျက်ရည်တွေကိုမြင်တော့ လေးလေးငယ်က ကပျာကယာဖြင့် မျက်ရည်အားသုတ်ပေးရင်း သူ့ကိုကုတင်ပေါ်တွင် လာရောက်ထိုင်ခိုင်း၏။
"ဘာလို့ငိုနေတာလဲ အသက်၊ခေါင်းနားလို့လား...လေးလေးငယ်ဆရာဝန်ခေါ်ပေးရမှာလား...မငိုနဲ့တိတ်တိတ်"
"လေးလေးငယ်....နာတယ်...အရမ်းနာတယ်"
သက်ပိုင် ဝမ်းနည်းစွာဖြင့် လေးလေးငယ်၏ရင်ခွင်ထဲအားတိုးဝင်လိုက်သည်။
"အင်း ဘယ်နားနာတာလဲ လေးလေးငယ်ကိုပြောလေ...ဒါမှသက်သာအောင်လုပ်ပေးလို့ရမှာပေါ့"
လေးလေးငယ်က ချော့မော့ကာပြောသော်လည်း သက်ပိုင်အငိုမတိတ်မိ။
အခုချိန်သူသိသည်မှာ ဒီလူရဲ့ရင်ခွင်ထဲကိုတိုးဝင်နေရမည်ဆိုတာပင်။
ဒါမှသူအထီးမကျန်တော့မှာ...
ဒါမှ သူမနာကျင်တော့မှာ။
"လေးလေးငယ်...အိမ်မက်ထဲမှာ သူတို့ကျွန်တော့်ကိုရိုက်ကြတယ်၊
အရမ်းနာတာပဲဗျာ...ကျွန်တော်တစ်ယောက်တည်း အင့်...အေးတယ်၊ပြီးတော့ကြောက်တယ်"
သူ၏ရင်ခွင်ထဲတွင် ကလေးတစ်ယောက်လိုငို၍ ပြောနေသည့်အဖြစ်အပျက်များသည် ဘာကိုဆိုလိုမှန်းစိုင်းသိလိုက်ပါသည်။
သက်ပိုင် ထိုအဖြစ်အပျက်များကို အိမ်မက်အနေဖြင့်မက်ခဲ့တာဖြစ်ရမည်။
စိုင်း သက်ပိုင်အားပို၍ တိုးဖက်လိုက်ရင်း ကျောပြင်အားပုတ်ပေးနေမိသည်။
"မနာတော့ဘူးနော်...အခုမနာတော့ဘူး...လေးလေးငယ်အခုမင်းဘေးမှာရှိနေပြီ၊ မင်းတစ်ယောက်တည်းမဟုတ်တော့ဘူး....."
သက်ပိုင် ထိုသို့နာသည်ဟုပြောရင်းငိုနေသည်မှာ စိုင်းကိုနာကျင်စေသည်၊ပို၍အပြစ်ရှိစိတ်ခံစားရစေသည်။
စိုင်း စူးရှလာသောနှာခေါင်းအားထိန်းချုပ်လိုက်ရင်း မျက်ရည်များမကျအောင် မျက်တောင်အားပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။
သူ့ရင်ခွင်ထဲရှိ တအိအိငိုနေသောကောင်လေးဟာ နာကျင်မှုများကိုမြိုသိပ်ထားခဲ့ရဟန်တူပြီး
အခုမှဤနာကျင်မှုများကိုဖွင့်ပြဖို့အခွင့်အရေးရခဲ့ဟန်တူသည်။
သူ့ကလေးငယ် အဲ့တုန်းကဘယ်လောက်နာကျင်နေလိုက်မလဲ...အရာအားလုံးကသူအပြစ်တွေကြီးသာ...။သူသာစောစောရောက်ခဲ့ရင် မဟုတ်ဘူး...သူသာသက်ပိုင်ကိုကောင်းကောင်းကာကွယ်နိုင်ခဲ့ရင်...။
"ကျွန်တော် ကြောက်တယ်"
"မကြောက်နဲ့နော်...လေးလေးငယ်ဒီမှာရှိတယ်"
စိုင်း သက်ပိုင်အားအတော်အကြာဖျောင်းဖျအပြီးတွင်တော့ သက်ပိုင်ကငြိမ်ကျသွားပြီး အိပ်ချင်သည်ဟုပြောလာသည်။
ထို့နောက်သူ၏အိပ်ရာပေါ်တွင်သာအိပ်ခိုင်းလိုက်ပြီး သူကတော့သက်ပိုင်ဘေးတွင်လဲလျောင်းလိုက်သည်။
6ပေကျော်အရပ်များနှင့် ယောက်ျားကြီးနှစ်ယောက်အတွက် ဒီကုတင်ကသေးသည်ဟုဆိုနိုင်သော်လည်း
သက်ပိုင်ကတော့ ဤသည်ကိုပဲ စိတ်သက်သာနေဟန်။
စိုင်း သက်ပိုင်အားဖက်လိုက်တော့ အနှီပေါက်က ကြီးကောင်းကြီးမားကြီးဖြင့်
သူ့ရင်ခွင်ထဲသို့တိုးဝှေ့ကာအိပ်သည်။
"သူက...."
"ဟမ်"
"အရင်သက်ပိုင်က....
ခင်ဗျားကိုမတွေ့နိုင်တော့မှာကြောက်နေခဲ့တာ...သူခင်ဗျားကိုပဲ ခေါ်နေခဲ့တာ"
"လေးလေးငယ်အမှားပါ"
"တော်သေးတာပေါ့ အခုထိခင်ဗျားကိုပွေ့ဖက်ခွင့်ရသေးလို့.....
တကယ့်ကိုတော်ပါသေးတယ်"
သက်ပိုင် ထိုစကားကိုပြောခိုက်အသံမှာတဖြည်းဖြည်းတိုးသွား၍ အိပ်ပျော်လို့သွားလေသည်။
သက်ပိုင်၏ နာကျင်စွာငိုနေသောပုံရိပ်ကိုမြင်ယောင်လိုက်တိုင်း စိုင်း၏နှလုံးသားမှာဆွဲထုတ်ခြင်းခံလိုက်ရသလိုနာကျင်ရ၍ ၎င်းဟာမည်မျှပင်အားပြင်းကြောင်းပြောမပြတတ်ချေ။
ကျဆင်းလာသောမျက်ရည်များအဟာခေါင်းအုံးအားစိုစွတ်သွားစေသည်။
ချစ်ရသူ၏ရင်ခွင်ထဲတွင်အိပ်ပျော်နေသောအမျိုးသားဟာ နောက်ဆုံးတွင်တော့သူ၏နာကျင်မှုများကို ထုတ်ပြနိုင်ခဲ့ဟန်တူပါ၏။
သူ၏အေးချမ်းရာနှင့်သူတွေ့ချင်မိခဲ့သောသူအား ယခုအချိန်တွင်ပြန်လည်တွေ့မြင်နေရ၍ ဤသည်ကားကောင်းချီးမင်္ဂလာမဟုတ်လျှင်မည်သို့ခေါ်ရမည်နည်း။
******
Nov.13.2023
Alexander_AN
******
ကုတင္ေပၚတြင္ကိုယ္တစ္ဝက္ကိုလွဲကာ ထိုင္ရင္း ျပတင္းေပါက္ဘက္ကိုေငးေနေသာ သက္ပိုင္ဆီသို႔ စိုင္းခပ္ျဖည္းျဖည္းကပ္လာမိသည္။
"အသက္"ဟူ၍ ညင္သာစြာေခၚမိေတာ့ ထိုေကာင္ေလးကလွည့္ၾကည့္ပါ၏။
စိုင္း ကုတင္ေဘး႐ွိ ထိုင္ခုံမွာဝင္ထိုင္လိုက္ရင္း သက္ပိုင္အားေမာ့ၾကည့္လိုက္ေတာ့ အသက္မွာသူ႕ကိုသိပ္ကိုသတိထားေနဟန္။
စိုင္း ခါးသက္စြာရယ္လိုက္မိရင္း
"ေလးေလးငယ္ မင္းကိုကိုက္မစားပါဘူး အသက္ရာ"
ဘာလိုလိုႏွင့္ အသက္၏ဘယ္ဘက္လက္ကိုအၾကည့္ေရာက္မိေတာ့ လက္သူႂကြယ္႐ွိ လက္စြပ္ကေလးက႐ွိမေန။
စိုင္း၏ႏွလုံးသားဟာ ေခ်ာက္တစ္ခုတည္းသို႔အ႐ွိန္ျပင္းစြာႏွင့္ျပဳတ္က်သြားသည့္ခံစားခ်က္မ်ိဳးကို ခံစားလိုက္ရ၍ ဤခံစားခ်က္ကာ သူ၏အူတြင္းကလီစာမ်ားကို ေဇာက္ထိုးလွန္လိုက္သလိုပင္။
သက္ပိုင္က သူ၏အၾကည့္ကိုသတိထားမိသြားဟန္ႏွင့္ ဘယ္ဘက္လက္ေပၚကိုညာဘက္လက္ျဖင့္ ထပ္ကာျမင္ကြင္းကို ကာျပစ္လိုက္၏။
"ကြၽန္ေတာ္႕အတြက္ထူးဆန္းေနလို႔"
"ရပါတယ္..."
စိုင္း အားတင္းကာျပဳံး၍ေျပာလိုက္ေသာ္လည္း ႏွလုံးသားကေတာ့ျပဳံးမေနႏိုင္ခဲ့ပါ။
ကိုယ့္ကို သိပ္ခ်စ္ခဲ့တဲ့သူတစ္ေယာက္က
႐ုတ္တရက္ႀကီးေအးစက္သြားခဲ့ရင္ ဘယ္သူက ေပ်ာ္တဲ့သူ႐ွိမတဲ့လဲေလ။
"စိတ္ဆိုးသြားတာလား"
သက္ပိုင္က စူးစမ္းသလိုမ်ိဳးေမးလို႔လာ၏။
စိုင္းေခါင္းကိုအသာရမ္းလိုက္ရင္း
"မဆိုးပါဘူး"
"....."
"မင္းသတိရသည္ျဖစ္ေစ မရသည္ျဖစ္ေစ၊ ေလးေလးငယ္က မင္းအနားမွာပဲ႐ွိေနမွာေလ...
မင္းငါ့ကိုေစာင့္ခဲ့သလို ငါလည္းမင္းကိုေစာင့္ႏိုင္ပါတယ္"
သက္ပိုင္ သူ႕အေ႐ွ႕မွ လူအားၾကည့္လိုက္မိသည္။
မည္းနက္လွေသာမ်က္ဝန္းဟာ ေလးနက္ျခင္းကိုေဖာ္ေဆာင္ေန၍
အၾကည့္တို႔၌ ႏူးညံျမတ္ႏိုးျခင္းမ်ားကပါဝင္ေနသည္။
"ဘာပဲ ျဖစ္ျဖစ္အဲ့တာက ခင္ဗ်ားနဲ႔သူနဲ႔လက္ထပ္ထားတဲ့ ကတိကဝတ္လက္စြပ္ပဲမဟုတ္လား"
သူ႕စကားကို ေလးေလးငယ္ဆိုသူက ေခါင္းကိုအသာရမ္းရင္းရယ္လာသည္။
"လက္စြပ္က ငါတို႔ႏွစ္ေယာက္ရဲ႕ကတိသစၥာဆိုတာမွန္ေပမဲ့
ငါတို႔ႏွစ္ေယာက္ရဲ႕အခ်စ္က လက္စြပ္ထဲမွာ႐ွိတာမဟုတ္ပဲ
ႏွလုံးသားထဲမွာ႐ွိတာေလ"
ထိုသို႔ေျပာရင္းႏွင့္ သက္ပိုင္၏ဘက္ဘယ္ရင္အုံကို လက္ညိဳးႏွင့္ေထာက္လာေသာ ထိုသူ။
ဤအခိုက္အတန္႔ မွာသက္ပိုင္၏ ဘယ္ဘက္ရင္အုံအတြင္း႐ွိ အရာက ဒုတ္ကနဲခုန္သြား၍ အရင္ကထက္ခုန္ႏႈန္းမွာပို၍ ျမန္ေနသေယာင္ပင္။
ထိုသူ၏အထိအေတြ႕ကို ႏွလုံးသားကမွတ္မိေနသလိုမ်ိဳး လွ်ပ္စီးေၾကာင္းတစ္ေၾကာင္းက စီးဝင္သြားသလိုခံစားလိုက္ရသည္။
မသိလွ်င္ ေလးေလးငယ္ဆိုတဲ့လူတစ္ေယာက္တည္းအတြက္ ႏွလုံးသားဟာခုန္ေပါက္ေပးခဲ့ဟန္ႏွင့္။
"ၿပီးေတာ့ 'သူ'မဟုတ္ပါဘူး...
ငါလက္ထပ္ခဲ့တာ မင္းပါ"
အနည္းက်ံဳ႕သြားေသာ မ်က္ခုံးတို႔ဟာစိတ္တိုေနျခင္းေၾကာင့္မဟုတ္ခဲ့ ဝမ္းနည္းျခင္းကိုအလိုမက်၍သာျဖစ္သည္။
လြန္ခဲ့ေသာ နာရီအနည္းငယ္ခန္႔က~
အရင္တုန္းက ျဖစ္ပ်က္ခဲ့သမွ် စိုင္း
သက္ပိုင္အားျပန္လည္ေျပာျပေနခိုက္ အသံတို႔ဟာတုန္ရီလို႔ေနခဲ့သည္။
လက္႐ွိတြင္သတိမရေသးေသာ သက္ပိုင္ဟာ သူတို႔ႏွစ္ေယာက္၏ လက္ထပ္မႈကိုလက္မခံႏိုင္ေသးမွာစိုးေလသည္။
အေစာပိုင္းတုန္းက သက္ပိုင္၏တုံ႔ျပန္ခ်က္ကိုသိပ္ကိုျပင္းထန္ခဲ့တာမဟုတ္လား။
အျဖစ္အပ်က္မ်ားကိုနားေထာင္ၿပီးေတာ့ သက္ပိုင္က
တခြန္းမွ်ျပန္လည္၍ေျပာဆိုျခင္းမ႐ွိပဲ ၿငိမ္ၿငိမ္ေလးထိုင္ကာ
ေတြးေတာေနလ်က္႐ွိသည္။
"ကြၽန္ေတာ္မမွတ္မိဘူး၊စဥ္းစားေနေပမဲ့ေခါင္းေႏွာက္တယ္"
မ်က္ႏွာအား႐ႈံ႕တြလိုက္ရင္း ၿငီးၿငီးျငဴျငဴေျပာလိုက္သည္။
သက္ပိုင္ တကယ့္ကိုမွတ္ညဏ္တို႔၏အစအနမ်ားအား ႐ွာမရေခ်။စဥ္းစားလိုက္တိုင္းေနာက္က်ိမႈမ်ားကိုသာ လက္ခံရ႐ွိလိုက္သည္။
မ်က္ႏွာအား ဘယ္ဘက္လက္ျဖင့္စိတ္႐ႈပ္စြာ
အုပ္လိုက္မိသည္။
"အဆင္ေျပပါတယ္....မင္းကိုယ္မင္းအရမ္းတြန္းအားမေပးလို႔ျဖစ္ပါတယ္...မင္းေဘးမွာ
ေလးေလးငယ္႐ွိေနတယ္မဟုတ္လား"
ၾသ႐ွ႐ွအသံတို႔ဟာ အံ့ၾသဖို႔ေကာင္းလွစြာ ခ်ိဳသာမႈကိုေဖာ္ေဆာင္ေနသည္။
သူ၏လက္အားအုပ္ကိုင္လာေသာ ထိုသူ၏အေႏြးဓာတ္ဟာ ရင္းႏွီးမႈ တစ္စုံတစ္ရာကိုခံစားရေစ၏။
ေႏြးေထြးသည္၊
ဒီလူႏွင့္ထိေတြ႕လိုက္သည့္အခ်ိန္တိုင္းႏွလုံးသားက ေအးခ်မ္းကိုခံစားရသည္ကိုသက္ပိုင္ သတိျပဳမိပါသည္။
"အင္း"
သက္ပိုင္ အင္းဟုသာ အေျဖတခ်က္ျပန္ေပးမိသည္။
တကယ္က မည္သို႔ျပန္ေျဖရမည္လဲမသိေတာ့ေသာေၾကာင့္ပင္ျဖစ္၏။
သူႏွင့္ ေလးေလးငယ္ဆိုတဲ့သူ လက္ထပ္ထားသည္ဟု ၾကားၾကားလိုက္ရခ်င္းတုန္းက အံၾသမိတာမွန္ေပမဲ့ ဒါဟာဒီတိုင္း႐ုတ္ခ်ည္း အျဖစ္အပ်က္ကိုအံ့ၾသ႐ုံေလးသာျဖစ္သည္။
လက္မခံႏိုင္တာေတာ့မဟုတ္ပါေခ်။
အထူးသျဖင့္ ရင္းႏွီးေနေသာမ်က္ဝန္းမ်ားႏွင့္ေႏြးေထြးေစေသာ စကားသံမ်ားဟာ သက္ပိုင္အတြက္ေတာ့ စိတ္ေအးသက္သာရာပင္။
နာရီအနည္းငယ္ေလးအတြင္းမွာတင္
ဒီလူကို သက္ပိုင္သံေယာဇဥ္ျဖစ္ေနမိၿပီျဖစ္၏။
***
လေရာင္ မွိန္မွိန္ဟာ ေဆး႐ုံ႐ွိအခန္းေလးထဲဝယ္ ျဖာက်လို႔ေနသည္။
မီးမ်ားအားပိတ္ထားေသာ္လည္း
ယင္းလေရာင္ဖ်ဖ်ကေလးကပင္ အလင္းမွိန္မွိန္ကေလးျဖင့္ အခန္းအားေဖ်ာ့ေတာ့ေတာ့ေလးလင္းေနေစ၏။
ေအးခ်မ္းလွေသာညခ်မ္းေလးနဲ႔ တစ္စုံတစ္ေယာက္၏ အိမ္မက္ဟာေတာ့ မေအးခ်မ္းႏိုင္ခဲ့ေပ။
သက္ပိုင္ လက္႐ွိတြင္ဘယ္ေရာက္ေနသလဲမသိေသာ္လည္း
တကိုယ္လုံးက အ႐ိုးမ်ားက်ိဳးေၾကမတတ္အ႐ိုက္ခံထားရသည္။
နာက်င္မႈေဝဒနါက သူ႕ကိုညင္းဆဲလ်က္႐ွိ၍ အသားမ်ားပင္တဆတ္ဆတ္တုန္လာသည္အထိ သူခႏၶာကိုယ္႐ွိအားမ်ားပင္မ႐ွိေတာ့ေခ်။
ဦးေခါင္းထံမွ စိုစြတ္စြတ္ေသြးမ်ား၏စီးက်ေနျခင္းကို ခံစားမိေန၍
သူ႕ေခါင္းဟာလည္း ေလးပင္းေနကာ
တစ္စင္တီမီတာကေလးပက္ေ႐ြ႕ဖို႔အႏိုင္ႏိုင္ျဖစ္ေနသည္။
သူ႕အားကန္ေက်ာက္ေနၾကေသာသူမ်ား၊
ဂိုေဒါင္တံခါးႀကီးႏွင့္ ေပ်ာက္ကြယ္သြားေသာအလင္းေရာင္၊
နာက်င္မႈႏွင့္အေအးဒဏ္က သူ႕တကိုယ္လုံးကိုေသခ်င္စိတ္ေပါက္ေအာင္လုပ္ေနသေယာင္ပင္။
အထီးက်န္ဆန္မႈႏွင့္အတူ သူဟာလူတစ္ေယာက္ကိုေမွ်ာ္ေနခဲ့သည္။
"ေလး....ေလး..ငယ္...."
သက္ပိုင္ ခ်က္ခ်င္းဆိုသလို သူ၏မ်က္လုံးမ်ားကဝုန္းကနဲပြင့္ဟသြား၍ ကုတင္ေပၚတြင္ထထိုင့္လိုက္မိသည္။
စို႐ြဲေနေသာေခြၽးမ်ားႏွင့္အတူ ပုံမွန္ထက္အခုန္ျမန္ေနေသာႏွလုံးဟာ ေၾကာက္႐ြံ႕မႈေၾကာင့္သာ။
သူအိမ္မက္ မက္ေနခဲ့တာပင္။
သူ၏လက္မ်ားအား ငုံ႔ၾကည့္မိေတာ့ လက္တို႔ဟာသိသိသာသာ လႈပ္ခတ္တုန္ရီေန၍ အိမ္မက္ထဲ၌ခံစားခဲ့ရေသာနာက်င္မႈဟာ သူ၏အ႐ိုးထဲထိစိမ့္ဝင္ေနသည္ကိုခံစားေနရသည္။
သူေၾကာက္သည္....
သူတကယ့္ကိုေၾကာက္သည္။
သက္ပိုင္ ေသြး႐ူးေသြးတန္းျဖင့္ နံေဘးအားလွည့္ပတ္ကာၾကည့္လိုက္ေတာ့ အခန္း၏ေထာင့္စြန္းဘက္႐ွိကုတင္တစ္လုံးေပၚတြင္ အိပ္ေပ်ာ္ေနေသာ လူအားေတြ႕လိုက္ရသည္။
"ေလးေလးငယ္....ေလးေလးငယ္...ေလးေလးငယ္"
သက္ပိုင္ အိမ္မက္ထဲမွ သူေခၚခဲ့သည့္နာမ္စားတတြတ္တြတ္႐ြတ္ရင္း ထိုသူအနားသို႔ကပ္သြားမိသည္။
သက္ပိုင္ ေလးေလးငယ္၏အနားသို႔ကပ္သြားလိုက္ရင္း ေအးစက္ေနေသာလက္မ်ားျဖင့္ ေလးေလးငယ္၏လက္ဖဝါးမ်ားအားကိုင္လိုက္ေတာ့ လက္မ်ားမွအေႏြးဓာတ္အားခံစားရမိသည္။
"ေလးေလးငယ္.....ေလးေလးငယ္"
တိုးညင္းစြာရည္႐ြတ္ရင္း ကုတင္းေဘးတြင္ဒူးေထာက္ကာထိုင္ခ်လိုက္၍ ေလးေလးငယ္၏လက္ကိုသူ၏နဖူးေပၚသို႔တင္ထားမိသည္။
သူအတိတ္မွာဘာေတြျဖစ္ခဲ့သည္ကိုမမွတ္မိေသာ္ငွား ေၾကာက္႐ြံ႕မႈႏွင့္အေအးဒဏ္က လက္႐ွိကမ႓ာအထိအထီးက်န္မႈကိုယူေဆာင္လာေပးသည္။
႐ွင္း႐ွင္းလင္းလင္းမမွတ္မိခဲ့ရင္ေတာင္
သူသိပ္ကိုေၾကာက္ေနသည္။
ထိုအခ်ိန္မွာပဲ ေလးေလးငယ္၏လက္ေခ်ာင္းမ်ားကလႈပ္ခတ္သြား၍ ေလးေလးငယ္၏အသံက ခပ္တိုးတိုးျဖင့္စူးစမ္းသလိုထြက္လာ၏။
"သက္ပိုင္?"
သူကပ်ာကယာျဖင့္ေလးေလးငယ္အားေမာ့ၾကည့္မိသည္။
ေလးေလးငယ္က သက္ပိုင္အားထူးဆန္းစြာစိုက္ၾကည့္ေနရင္း ကုတင္ေပၚတြင္ထထိုင္လိုက္သည္။သက္ပိုင္ကေတာ့ ေက်ာက္႐ုပ္တ႐ုပ္လို ထိုေနရာတြင္ဒူးေထာက္ထားရာမွမလႈပ္မယွက္ႏွင့္။
"ဘာျဖစ္တာလဲ အသက္"
"ေလးေလးငယ္...ကြၽန္ေတာ္.."
သက္ပိုင္ တုန္တုန္ရီရီျဖင့္ အျဖစ္အပ်က္အား႐ွင္းျပရန္ႀကိဳးစားေသာ္လည္း မည္သည့္စကားမွ်မထြက္လာ။
စကားလုံးမ်ားအစား မ်က္ရည္မ်ားသာ က်ဆင္းလာခဲ့သည္။
သက္ပိုင္၏ မ်က္ရည္ေတြကိုျမင္ေတာ့ ေလးေလးငယ္က ကပ်ာကယာျဖင့္ မ်က္ရည္အားသုတ္ေပးရင္း သူ႕ကိုကုတင္ေပၚတြင္ လာေရာက္ထိုင္ခိုင္း၏။
"ဘာလို႔ငိုေနတာလဲ အသက္၊ေခါင္းနားလို႔လား...ေလးေလးငယ္ဆရာဝန္ေခၚေပးရမွာလား...မငိုနဲ႔တိတ္တိတ္"
"ေလးေလးငယ္....နာတယ္...အရမ္းနာတယ္"
သက္ပိုင္ ဝမ္းနည္းစြာျဖင့္ ေလးေလးငယ္၏ရင္ခြင္ထဲအားတိုးဝင္လိုက္သည္။
"အင္း ဘယ္နားနာတာလဲ ေလးေလးငယ္ကိုေျပာေလ...ဒါမွသက္သာေအာင္လုပ္ေပးလို႔ရမွာေပါ့"
ေလးေလးငယ္က ေခ်ာ့ေမာ့ကာေျပာေသာ္လည္း သက္ပိုင္အငိုမတိတ္မိ။
အခုခ်ိန္သူသိသည္မွာ ဒီလူရဲ႕ရင္ခြင္ထဲကိုတိုးဝင္ေနရမည္ဆိုတာပင္။
ဒါမွသူအထီးမက်န္ေတာ့မွာ...
ဒါမွ သူမနာက်င္ေတာ့မွာ။
"ေလးေလးငယ္...အိမ္မက္ထဲမွာ သူတို႔ကြၽန္ေတာ္႕ကို႐ိုက္ၾကတယ္၊
အရမ္းနာတာပဲဗ်ာ...ကြၽန္ေတာ္တစ္ေယာက္တည္း အင့္...ေအးတယ္၊ၿပီးေတာ့ေၾကာက္တယ္"
သူ၏ရင္ခြင္ထဲတြင္ ကေလးတစ္ေယာက္လိုငို၍ ေျပာေနသည့္အျဖစ္အပ်က္မ်ားသည္ ဘာကိုဆိုလိုမွန္းစိုင္းသိလိုက္ပါသည္။
သက္ပိုင္ ထိုအျဖစ္အပ်က္မ်ားကို အိမ္မက္အေနျဖင့္မက္ခဲ့တာျဖစ္ရမည္။
စိုင္း သက္ပိုင္အားပို၍ တိုးဖက္လိုက္ရင္း ေက်ာျပင္အားပုတ္ေပးေနမိသည္။
"မနာေတာ့ဘူးေနာ္...အခုမနာေတာ့ဘူး...ေလးေလးငယ္အခုမင္းေဘးမွာ႐ွိေနၿပီ၊ မင္းတစ္ေယာက္တည္းမဟုတ္ေတာ့ဘူး....."
သက္ပိုင္ ထိုသို႔နာသည္ဟုေျပာရင္းငိုေနသည္မွာ စိုင္းကိုနာက်င္ေစသည္၊ပို၍အျပစ္႐ွိစိတ္ခံစားရေစသည္။
စိုင္း စူး႐ွလာေသာႏွာေခါင္းအားထိန္းခ်ဳပ္လိုက္ရင္း မ်က္ရည္မ်ားမက်ေအာင္ မ်က္ေတာင္အားပုတ္ခတ္ပုတ္ခတ္လုပ္လိုက္မိသည္။
သူ႕ရင္ခြင္ထဲ႐ွိ တအိအိငိုေနေသာေကာင္ေလးဟာ နာက်င္မႈမ်ားကိုၿမိဳသိပ္ထားခဲ့ရဟန္တူၿပီး
အခုမွဤနာက်င္မႈမ်ားကိုဖြင့္ျပဖို႔အခြင့္အေရးရခဲ့ဟန္တူသည္။
သူ႕ကေလးငယ္ အဲ့တုန္းကဘယ္ေလာက္နာက်င္ေနလိုက္မလဲ...အရာအားလုံးကသူအျပစ္ေတြႀကီးသာ...။သူသာေစာေစာေရာက္ခဲ့ရင္ မဟုတ္ဘူး...သူသာသက္ပိုင္ကိုေကာင္းေကာင္းကာကြယ္ႏိုင္ခဲ့ရင္...။
"ကြၽန္ေတာ္ ေၾကာက္တယ္"
"မေၾကာက္နဲ႔ေနာ္...ေလးေလးငယ္ဒီမွာ႐ွိတယ္"
စိုင္း သက္ပိုင္အားအေတာ္အၾကာေဖ်ာင္းဖ်အၿပီးတြင္ေတာ့ သက္ပိုင္ကၿငိမ္က်သြားၿပီး အိပ္ခ်င္သည္ဟုေျပာလာသည္။
ထို႔ေနာက္သူ၏အိပ္ရာေပၚတြင္သာအိပ္ခိုင္းလိုက္ၿပီး သူကေတာ့သက္ပိုင္ေဘးတြင္လဲေလ်ာင္းလိုက္သည္။
6ေပေက်ာ္အရပ္မ်ားႏွင့္ ေယာက်္ားႀကီးႏွစ္ေယာက္အတြက္ ဒီကုတင္ကေသးသည္ဟုဆိုႏိုင္ေသာ္လည္း
သက္ပိုင္ကေတာ့ ဤသည္ကိုပဲ စိတ္သက္သာေနဟန္။
စိုင္း သက္ပိုင္အားဖက္လိုက္ေတာ့ အႏွီေပါက္က ႀကီးေကာင္းႀကီးမားႀကီးျဖင့္
သူ႕ရင္ခြင္ထဲသို႔တိုးေဝွ႔ကာအိပ္သည္။
"သူက...."
"ဟမ္"
"အရင္သက္ပိုင္က....
ခင္ဗ်ားကိုမေတြ႕ႏိုင္ေတာ့မွာေၾကာက္ေနခဲ့တာ...သူခင္ဗ်ားကိုပဲ ေခၚေနခဲ့တာ"
"ေလးေလးငယ္အမွားပါ"
"ေတာ္ေသးတာေပါ့ အခုထိခင္ဗ်ားကိုေပြ႕ဖက္ခြင့္ရေသးလို႔.....
တကယ့္ကိုေတာ္ပါေသးတယ္"
သက္ပိုင္ ထိုစကားကိုေျပာခိုက္အသံမွာတျဖည္းျဖည္းတိုးသြား၍ အိပ္ေပ်ာ္လို႔သြားေလသည္။
သက္ပိုင္၏ နာက်င္စြာငိုေနေသာပုံရိပ္ကိုျမင္ေယာင္လိုက္တိုင္း စိုင္း၏ႏွလုံးသားမွာဆြဲထုတ္ျခင္းခံလိုက္ရသလိုနာက်င္ရ၍ ၎ဟာမည္မွ်ပင္အားျပင္းေၾကာင္းေျပာမျပတတ္ေခ်။
က်ဆင္းလာေသာမ်က္ရည္မ်ားအဟာေခါင္းအုံးအားစိုစြတ္သြားေစသည္။
ခ်စ္ရသူ၏ရင္ခြင္ထဲတြင္အိပ္ေပ်ာ္ေနေသာအမ်ိဳးသားဟာ ေနာက္ဆုံးတြင္ေတာ့သူ၏နာက်င္မႈမ်ားကို ထုတ္ျပႏိုင္ခဲ့ဟန္တူပါ၏။
သူ၏ေအးခ်မ္းရာႏွင့္သူေတြ႕ခ်င္မိခဲ့ေသာသူအား ယခုအခ်ိန္တြင္ျပန္လည္ေတြ႕ျမင္ေနရ၍ ဤသည္ကားေကာင္းခ်ီးမဂၤလာမဟုတ္လွ်င္မည္သို႔ေခၚရမည္နည္း။
******
Nov.13.2023
Alexander_AN
******