အခန်း ၁၉၀
သူတို့က ခြေလှမ်းအနည်းငယ်သာလှမ်းရသေးသည်။ လုချုံးချုံက ရုတ်တရက်အော်လိုက်ပြီး ယဲ့ကျန်း၏လက်ကို စိတ်လှုပ်ရှားစွာ ဖမ်းကိုင်လိုက်ပြီး အခြားတစ်ဖက်သို့ လက်ညှိုးထိုးသည်။ ထိုနေရာတွင် ပြတင်းပေါက် အများအပြားပါသော အိမ်ငယ်လေးကဲ့သို့ အရာမျိုး ရှိနေသည်။
ယဲ့ကျန်းက လုချုံးချုံ လက်ညှိုးထိုးသောနေရာသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် ဖောက်ထွင်းမြင်ရမတတ်ကြည်လင်နေသော အိမ်သဏ္ဍာန် အဆောင်လေးနှစ်ဆောင် ရှိနေသည်။ အရွယ်အစားက သိပ်မကြီးသော်လည်း အလွန်အမင်း ကြည့်၍ ကောင်းလှသည်။ သာမန်အိမ်မျိုးနှင့်မတူညီစွာပင် ဘေးပတ်လည်တွင် နံရံများရှိရမည့်အစား ဖန်သားပြတင်းများကသာ ပြည့်နှက်နေလေသည်။
ဆိုတော့ ဒါက ဖန်လုံအိမ်ပေါ့။
"ငါ ကြားထားတဲ့အတိုင်းဆိုရင် ဟွမ်ဖူမိသားစုကပဲ ဖန်လုံအိမ် ဘယ်လိုဆောက်ရသလဲဆိုတာကိုသိတာတဲ့၊ ကံဆိုးစွာနဲ့ဟွမ်ဖူမိသားစုကို ဘယ်နေရာကမှ ရှာလို့မတွေ့တော့ဘူး၊ ဟုတ်သားပဲ၊ ဒီလောကမှာ ဘယ်သူကမှ ဖန်လုံအိမ်ဆောက်တာကို မသိလောက်တော့ဘူး"
လုချုံးချုံက ပြောသည်။
"ဒီဖန်လုံအိမ်ကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ချီကလန်က ပြန်ပြင်ဖို့ ကြိုးစားခဲ့သေးတယ်၊ သူတို့က ဟွမ်ဖူမိသားစုက ဆက်ခံသူတွေကို ရှာနေတာ၊ ဟွမ်ဖူမိသားစုက လူတွေကိုရှာဖို့က မဖြစ်နိုင်သလောက် ရှားပါးနေတာလေ"
ယဲ့ကျန်းကလည်း ခေါင်းကိုညင်သာစွာဖိလိုက်သည်။ သူမကလည်း ဆေးဝါးကျောင်းတော်နှင့် ပတ်သက်ပြီး ဖန်လုံအိမ်များ၏ အရေးပါမှုကို သိထားသည်။ သူတို့က အထွတ်အမြတ် ဆန်သလို မြင့်မြတ်နေသည့်အပြင် သူတို့၏ အသုံးဝင်မှုကလည်း များပြားသေးလေသည်။ အချို့သော အဖိုးတန် ဆေးပင်များအတွက် အသင့်တော်ဆုံး နေထိုင်မှုဝန်းကျင်ရရှိရန် အချက်များနှင့် အပြည့်အဝ ကိုက်ညီမှု ရှိလေသည်။
ဖြစ်နိုင်တာက တစ်ရက်မှာ ငါလည်း အထဲကို ဝင်ကြည့်ခွင့်ရလောက်တယ်။
လုချုံးချုံက ယဲ့ကျန်း၏လက်ကို ခပ်တင်းတင်းကိုင်ထားပြီး သူမ၏ မျက်ဝန်းအတွင်း ထူးဆန်းသောအလင်းများက ဖြတ်ပြေးသွားသည်။
"ဘယ်သူမှ သတိမထားမိခင် ငါတို့ခိုးဝင်ကြည့်ရအောင်"
"ဒါက အကြံကောင်းမဟုတ်ဘူး"
ယဲ့ကျန်းက နဂိုနေရာတွင် ဆက်ရပ်နေပြီး ထိုအကြံကို ငြင်းသည်။
"ဆရာတွေက ငါတို့ကို အဲ့ဒီနေရာကို သွားခွင့်မပြုထားဘူး၊ ဒီတော့ မသွားတာက ကောင်းတယ်"
"ငါတို့ တစ်ချက်ပဲကြည့်မှာပါ၊ မဝင်ဘူးလေ"
လုချုံးချုံက ခပ်တိုးတိုးပြောကာ သွေးဆောင်သည်။
ယဲ့ကျန်းဟာ သူမ၏လက်ကို အနောက်သို့ ခါချလိုက်ပြီးနောက်တွင် ပြောသည်။
"တို့တွေ ဆေးပင်ပဲ အရင်သွားရှာသင့်တယ်"
"ကောင်းပြီလေ"
လုချုံးချုံက စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်ကြည့်လာပြီး ဟွမ်ဖူရှန်းထံသို့ ကြည့်သည်။ ထို့နောက် သူမ လိုအပ်သောဆေးပင်များကိုရှာရန်အတွက် ယဲ့ကျန်း၏အနောက်သို့ လိုက်သွားလိုက်သည်။
ယဲ့ကျန်းဟာ ချင်ဖူကျစ်ရှာခိုင်းသောဆေးပင်များကို ရှာတွေ့ရုံသာမကလေဘဲ သည်အခွင့်အရေးကိုသုံးပြီး အခြားဆေးပင်များကို နားလည်အောင် ကြိုးစားချင်နေသည်။ သူမကသာ လုပ်နိုင်မည်ဆိုလျှင် သူမ သည်နေရာတွင် တစ်နေ့လုံး နေချင်သည်။ သူမ သည်နေရာကို နှစ်ခြိုက်သည်။ ဒါက ဗဟုသုတ အလွန်များစေလေသည်။
အချိန်ဆွဲမနေတော့ဘဲ နှစ်ယောက်လုံးက ဆေးပင်ရှာခြင်းပင် အလုပ်များ သွားကြသည်။ ဆေးပင်များက အနှံ့ဖြန့်ထားလေရာ မြေပြင်များနှင့် ဖုံးကွယ် ထားကြသေးလေသည်။ ထို့ကြောင့် သူတို့ ရှာလေလေ ဖန်လုံအိမ်နှင့် နီးကပ်သထက်နီးကပ်လာသည်။ လူအများ၏အကြည့်ကို အာရုံစိုက်မိသောအခါ လုချုံးချုံ၏မျက်ဝန်းက တောက်ပသွားသည်။ သူမက ယဲ့ကျန်းကို သွားပြောနေရင်းမှ တစ်ဖက်ခြမ်းသို့ တိုးသထက်တိုးသွားသည်။
ထိုအချိန်တွင် ယဲ့ကျန်းဟာ ဆေးပင်များကိုသာ အာရုံစိုက်နေ၍ လက်ရှိအချိန်တွင် သူမက ပုံပန်းသွင်ပြင်၊ အပူချိန်၊ အသုံးပြုမှု၊ ဆေးပညာဆိုင်ရာဖော်ပြချက် စသည်ဖြင့်တို့ကိုသာ အာရုံစိုက်ထားသည့်အတွက် မှန်လုံအိမ်နှင့် နီးကပ်သထက် နီးကပ်လာခြင်းကို သတိမပြုမိချေ။
"ယောင်ယောင်"
ရုတ်တရက် လုချုံးချုံက အသံတိုးတိုးဖြင့် အလန့်တကြားအော်သည်။
"ကြည့်လိုက်၊ အဲ့ဒါက မီးကြာပန်းမဟုတ်လား"
လုချုံးချုံ၏အသံကြောင့် ယဲ့ကျန်းက အသိဝင်လာသည်။ သူမ၏အကြည့်ဟာ သူမလက်ထဲမှ ဆေးပင်ထံမှ ရွေ့သွားပြီးနောက် လုချုံးချုံထံ ရောက်သွားသည်။ ထိုအချိန်တွင် ယဲ့ကျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
ငါတို့ ဘယ်အချိန်က ဒီနေရာကို ရောက်လာတာလဲ။
ယဲ့ကျန်း၏ အမူအရာကြောင့် မိသွားသည်ကို သတိထားလိုက်မိသော လုချုံးချုံဟာ ကြောင်တောင်တောင် အမူအရာလုပ်ပြီး ဖန်လုံအိမ်အတွင်းမှ မီးကြာပန်းကိုသာ လက်ညှိုးထိုးသည်။ ထို့နောက် တအံ့တဩလေသံဖြင့် ပြောသည်။
"မီးကြာပန်းပွင့်က နွေးထွေးတဲ့နေရာမှာပဲ ပွင့်တယ်လို့ပြောကြတယ်၊ ငါ မယုံနိုင်ဘူး၊ ငါ ဒါကိုမြို့တော်မှာ မြင်ရမယ်လို့ မထင်ထားဘူး"
ယဲ့ကျန်းဟာ မတ်တပ်ထရပ်လိုက်ပြီး မှန်လုံအိမ်ထဲသို့တစ်ချက်ချောင်းကြည့်သည်။
"တကယ်ကို မီးကြာပန်းပဲ"
"နှင်းကြာပန်းများ ရှိမလားလို့ သိချင်မိတယ်၊ နှင်းကြာပန်းက ဖန်လုံအိမ်ထဲမှာသာ စိုက်ထားမယ်ဆိုရင် နောက်ပိုင်းမှာ နှင်းကြာပန်းတွေရဖို့ ပိုလွယ်မှာပဲ"
လုချုံးချုံက စိတ်လှုပ်ရှားစွာပြောသည်။ ယဲ့ကျန်းဟာ ဖျော့တော့စွာဖြင့် သူမ၏အပေါင်းအဖော်၏ ရိုးရှင်းသောအတွေးများကို ပြန်ဖြေလိုက်သည်။
"မှန်လုံအိမ်က အပင်တွေ လိုအပ်တဲ့အနွေးဓါတ်ပေးဖို့ပဲ အအေးဓါတ်မဟုတ်ဘူး"
ပြောရလျှင် သူမက မှန်လုံအိမ်ကြောင့် အံ့ဩမိခြင်းမရှိချေ။ သူမ၏ဖခင်က တစ်ကြိမ်ကပြောပြခဲ့ဖူးသည်။ အစိုးရက သီးသန့်မှန်ပြုလုပ်ခြင်းကို မပိတ်ဆို့ခဲ့လျှင် သူကိုယ်တိုင်ကလည်း မှန်လုံအိမ် ဆောက်လောက်လေသည်။
"တံခါးက မပိတ်ထားဘူး၊ ငါတို့ ဝင်ပြီးကြည့်ရအောင်"
လုချုံးချုံက ခပ်တိုးတိုး ပြောပြီး ယဲ့ကျန်းကို တိုက်တွန်းသည်။
"ငါ မီးကြာပန်းကို မမြင်ဖူးဘူး၊ ငါတို့ ဝင်ပြီး အတိအလင်း ကြည့်ရအောင်"
ယဲ့ကျန်းက မဖြေနိုင်ခင်မှာပင် လုချုံးချုံက သူမ၏လက်ကိုဆွဲပြီး မှန်လုံအိမ်ထံ ခေါ်သွားသည်။ သူမဟာ မှန်လုံအိမ်ကို စိတ်မဝင်စားချေ။ ဆေးပင်များကြောင့်သာ အံ့ဩမိသွားခြင်းဖြစ်သည်။ ထိုနေရာတွင် ချီဆေးပင်များဆိုသော စာအုပ်ထဲတွင် ပါသော အဖိုးတန်ဆေးပင်များရှိနေသောကြောင့်ဖြစ်သည်။
မမျှော်လင့်ထားဘဲ ငါ့ရဲ့မျက်လုံးထဲ ရတနာတွေကို မြင်လိုက်ရတယ်၊ ဘယ်လောက်တောင် ရှားပါးတဲ့မြင်ကွင်းလဲ၊ တကယ်ကို ကျေနပ်စရာပဲ။
သည်နေ့ သူမ၏တာဝန်က ဆေးပင်ရှာရန် ဖြစ်သည်။ ယဲ့ကျန်းက ထိုမျှအထိ ဗဟုသုတ ရလိုက်မည်ဟု မထင်ထားမိချေ။
မှန်လုံအိမ်ဟာ ဒဏ္ဍာရီလာအဆင့်အတန်းမျိုးကို ကိုယ်စားပြုသည်။ တည်ဆောက်ခဲ့သော ဟွမ်ဖူမိသားစုက မည်သည့်နေရာသို့ရောက်နေမှန်း မသိရသလို တည်ရှိနေမှန်းပင် မသေချာတော့ချေ။ ဆေးခင်းဟာ ရတနာဆိုလျှင် အထဲက ရတနာထဲက ရတနာဖြစ်နေသည်။ သည်နေရာတွင်ပေါက်သောဆေးပင်များက အလွန်အမင်းရှားပါးလွန်းလှသည့်အပြင် အလွန်အမင်းဂရုထားကာ စိုက်ပျိုးထားရသည်။
လက်ရှိအခါ ဖောက်ထွင်းမြင်ရမတတ်ကြည်လင်နေသော မှန်များဖြင့် ကာရံထားသည့်အထဲတွင် ထင်ရှားစွာရှိနေလေသည်။ ယဲ့ကျန်းက ကြည့်လေလေ သူမ ဆွဲဆောင်ခံရလေလေဖြစ်ပြီး သူမ မြင်ရလေလေ ပို၍ပင် ပြင်းပြလာလေလေ ဖြစ်သည်။ သူမက တစ်ပင်ချင်းစီတိုင်း၏ ပေါက်ရောက်သည့်အနေအထားမျိုးကို ဂရုတစိုက် ကြည့်လိုသွားသည်။ သူမ တစ်ဖြည်းဖြည်း သူမ၏ကိုယ်ပိုင်နယ်မြေထဲသို့ နစ်မြောသွားတော့သည်။ သူမ၏ပတ်ဝန်းကျင်ကို ဂရုမထားမိရုံသာမကလေဘဲ သူမနှင့် အတူရှိနေသောလူကိုပင် မေ့သွားသည်။ သူမက လုချုံးချုံကို အာရုံမစိုက်မိတော့ချေ။
သိပ်မကြာခင်က သူမက ဆေးပင်များလေ့လာရခြင်းကို အလွန်အမင်း စိတ်ဝင်စားပြင်းပြလာခဲ့သည်။ သူမ နိုးထလာပြီးချိန်ကစတင်ပြီး ဆေးပင်များနှင့် သက်ဆိုင်သော စာအုပ်များကို ဖတ်ရှုခြင်း၊ သတင်းအချက်အလက်များကို စုဆောင်းခြင်းကိုသာ ဆက်တိုက်လုပ်နေလေရာ စားသောက်ရန်ပင် မေ့လျော့သည်အထိ ဖြစ်လာခဲ့သည်။ ထိုအဖိုးတန်ဆေးပင်များကို မြင်ရသည့်အချိန်တွင် သူမအနေဖြင့် အထူးရှားပါးကာ ဂရုစိုက်ထားရသည့် အပင်မျိုး၏အသုံးဝင်မှုကို သိချင်စိတ်ပြင်းပြလာပြီး အနီးကပ်ကြည့်ချင်သွားသည်။
ယဲ့ကျန်းဟာ အပင်များကို အလွန်အမင်း စိတ်ဝင်စားနေကြောင်းမြင်ပြီး သူမကို လျစ်လျူရှုထားကြောင်း မြင်သောအခါ လုချုံးချုံ၏နှုတ်ခမ်းတွင် အေးစက်သည့် အပြုံးက ပေါ်လာသည်။ သည်အခွင့်အရေးကို ယူပြီး သူမက ဂရုတစိုက်ဖြင့် မှန်လုံအိမ်အထဲသို့ခိုးဝင်ကာ ဆေးပင်အခြားတစ်ဖက်ခြမ်းသို့ သွားလိုက်သည်။ သည်နည်းအားဖြင့် ယဲ့ကျန်းကို ချန်ထားရစ်ခဲ့တော့သည်။
ယဲ့ကျန်းဟာ အဖိုးတန်ဆေးပင်များကို မှတ်ဉာဏ်ထဲသို့ ထည့်သွင်းနေရင်း လုချုံးချုံ၏ထွက်သွားမှုကို သတိမထားမိလိုက်ချေ။ သူမက တစ်ပင်ချင်းစီတိုင်းကို သေသေချာချာ စူးစိုက်ကြည့်နေပြီးနောက် နောက်ဆုံး မီးကြာပန်းထံရောက်မှသာ ရပ်တန့်လိုက်တော့သည်။ ထိုကြာပန်း၏ရှားပါးသောအလှက သူမကို ဆွဲဆောင်သွားသည်။
ဒါပေမယ့် ဒါက ဘာ ...
ဘေးဘက်ခြမ်းတွင် ပန်းအိုးလေးက စောင်းနေသည်။ မြေဆီလွှာနှင့်အရွက်များ အားလုံးဟာ ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသည်။ ပွင့်ချပ်များကလည်း တောက်ပနေကာ အမြစ်ကလည်းအိုး၏အစွန်းတစ်ဖက်ခြမ်းမှ တွဲလောင်းကျနေသေးသည်။ လွန်ခဲ့သော တစ်ခဏခန့်အထိ မီးကြာပန်းက အကောင်းအတိုင်းရှိနေသေးသည်။ ယခုမူ အမြစ်မှ ဆွဲနှုတ်ခံထားရလေပြီ။
ဒါက သိပ်မကြာခင်က ဖြစ်ထားတဲ့ပုံပဲ။
ယဲ့ကျန်းဟာ ထိုအချက်ကို သေချာသွားသည်။ သူမက ဖြတ်သွားရုံမျှသာ ဖြစ်သည်။ တရားခံက မည်သူဖြစ်ကြောင်း တွေးမိသွားသည်။
ဒါက ဘယ်လိုဖြစ်တာလဲ၊ မှန်လုံအိမ်ထဲဝင်လာတာ ငါတို့နှစ်ယောက်တည်း ရှိနေတာပါ၊ ... ငါနဲ့လာတဲ့လူက ငါ့ကို ထောင်ချောက်ထဲ တွန်းပို့သွားတာပဲဖြစ်ရမယ်။
.....
Telegram မှာ အပိုင်း ၄၈၉အထိ ရောက်ပါပြီနော်။
Zawgyi
အခန္း ၁၉၀
သူတို႔က ေျခလွမ္းအနည္းငယ္သာလွမ္းရေသးသည္။ လုခ်ဳံးခ်ဳံက ႐ုတ္တရက္ေအာ္လိုက္ၿပီး ယဲ့က်န္း၏လက္ကို စိတ္လႈပ္ရွားစြာ ဖမ္းကိုင္လိုက္ၿပီး အျခားတစ္ဖက္သို႔ လက္ညႇိဳးထိုးသည္။ ထိုေနရာတြင္ ျပတင္းေပါက္ အမ်ားအျပားပါေသာ အိမ္ငယ္ေလးကဲ့သို႔ အရာမ်ိဳး ရွိေနသည္။
ယဲ့က်န္းက လုခ်ဳံးခ်ဳံ လက္ညႇိဳးထိုးေသာေနရာသို႔ ၾကည့္လိုက္သည္။ ထိုေနရာတြင္ ေဖာက္ထြင္းျမင္ရမတတ္ၾကည္လင္ေနေသာ အိမ္သ႑ာန္ အေဆာင္ေလးႏွစ္ေဆာင္ ရွိေနသည္။ အ႐ြယ္အစားက သိပ္မႀကီးေသာ္လည္း အလြန္အမင္း ၾကည့္၍ ေကာင္းလွသည္။ သာမန္အိမ္မ်ိဳးႏွင့္မတူညီစြာပင္ ေဘးပတ္လည္တြင္ နံရံမ်ားရွိရမည့္အစား ဖန္သားျပတင္းမ်ားကသာ ျပည့္ႏွက္ေနေလသည္။
ဆိုေတာ့ ဒါက ဖန္လုံအိမ္ေပါ့။
"ငါ ၾကားထားတဲ့အတိုင္းဆိုရင္ ဟြမ္ဖူမိသားစုကပဲ ဖန္လုံအိမ္ ဘယ္လိုေဆာက္ရသလဲဆိုတာကိုသိတာတဲ့၊ ကံဆိုးစြာနဲ႔ဟြမ္ဖူမိသားစုကို ဘယ္ေနရာကမွ ရွာလို႔မေတြ႕ေတာ့ဘူး၊ ဟုတ္သားပဲ၊ ဒီေလာကမွာ ဘယ္သူကမွ ဖန္လုံအိမ္ေဆာက္တာကို မသိေလာက္ေတာ့ဘူး"
လုခ်ဳံးခ်ဳံက ေျပာသည္။
"ဒီဖန္လုံအိမ္ကို လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္က ခ်ီကလန္က ျပန္ျပင္ဖို႔ ႀကိဳးစားခဲ့ေသးတယ္၊ သူတို႔က ဟြမ္ဖူမိသားစုက ဆက္ခံသူေတြကို ရွာေနတာ၊ ဟြမ္ဖူမိသားစုက လူေတြကိုရွာဖို႔က မျဖစ္ႏိုင္သေလာက္ ရွားပါးေနတာေလ"
ယဲ့က်န္းကလည္း ေခါင္းကိုညင္သာစြာဖိလိုက္သည္။ သူမကလည္း ေဆးဝါးေက်ာင္းေတာ္ႏွင့္ ပတ္သက္ၿပီး ဖန္လုံအိမ္မ်ား၏ အေရးပါမႈကို သိထားသည္။ သူတို႔က အထြတ္အျမတ္ ဆန္သလို ျမင့္ျမတ္ေနသည့္အျပင္ သူတို႔၏ အသုံးဝင္မႈကလည္း မ်ားျပားေသးေလသည္။ အခ်ိဳ႕ေသာ အဖိုးတန္ ေဆးပင္မ်ားအတြက္ အသင့္ေတာ္ဆုံး ေနထိုင္မႈဝန္းက်င္ရရွိရန္ အခ်က္မ်ားႏွင့္ အျပည့္အဝ ကိုက္ညီမႈ ရွိေလသည္။
ျဖစ္ႏိုင္တာက တစ္ရက္မွာ ငါလည္း အထဲကို ဝင္ၾကည့္ခြင့္ရေလာက္တယ္။
လုခ်ဳံးခ်ဳံက ယဲ့က်န္း၏လက္ကို ခပ္တင္းတင္းကိုင္ထားၿပီး သူမ၏ မ်က္ဝန္းအတြင္း ထူးဆန္းေသာအလင္းမ်ားက ျဖတ္ေျပးသြားသည္။
"ဘယ္သူမွ သတိမထားမိခင္ ငါတို႔ခိုးဝင္ၾကည့္ရေအာင္"
"ဒါက အႀကံေကာင္းမဟုတ္ဘူး"
ယဲ့က်န္းက နဂိုေနရာတြင္ ဆက္ရပ္ေနၿပီး ထိုအႀကံကို ျငင္းသည္။
"ဆရာေတြက ငါတို႔ကို အဲ့ဒီေနရာကို သြားခြင့္မျပဳထားဘူး၊ ဒီေတာ့ မသြားတာက ေကာင္းတယ္"
"ငါတို႔ တစ္ခ်က္ပဲၾကည့္မွာပါ၊ မဝင္ဘူးေလ"
လုခ်ဳံးခ်ဳံက ခပ္တိုးတိုးေျပာကာ ေသြးေဆာင္သည္။
ယဲ့က်န္းဟာ သူမ၏လက္ကို အေနာက္သို႔ ခါခ်လိုက္ၿပီးေနာက္တြင္ ေျပာသည္။
"တို႔ေတြ ေဆးပင္ပဲ အရင္သြားရွာသင့္တယ္"
"ေကာင္းၿပီေလ"
လုခ်ဳံးခ်ဳံက စိတ္ပ်က္လက္ပ်က္ျဖင့္ ျပန္လွည့္ၾကည့္လာၿပီး ဟြမ္ဖူရွန္းထံသို႔ ၾကည့္သည္။ ထို႔ေနာက္ သူမ လိုအပ္ေသာေဆးပင္မ်ားကိုရွာရန္အတြက္ ယဲ့က်န္း၏အေနာက္သို႔ လိုက္သြားလိုက္သည္။
ယဲ့က်န္းဟာ ခ်င္ဖူက်စ္ရွာခိုင္းေသာေဆးပင္မ်ားကို ရွာေတြ႕႐ုံသာမကေလဘဲ သည္အခြင့္အေရးကိုသုံးၿပီး အျခားေဆးပင္မ်ားကို နားလည္ေအာင္ ႀကိဳးစားခ်င္ေနသည္။ သူမကသာ လုပ္ႏိုင္မည္ဆိုလွ်င္ သူမ သည္ေနရာတြင္ တစ္ေန႔လုံး ေနခ်င္သည္။ သူမ သည္ေနရာကို ႏွစ္ၿခိဳက္သည္။ ဒါက ဗဟုသုတ အလြန္မ်ားေစေလသည္။
အခ်ိန္ဆြဲမေနေတာ့ဘဲ ႏွစ္ေယာက္လုံးက ေဆးပင္ရွာျခင္းပင္ အလုပ္မ်ား သြားၾကသည္။ ေဆးပင္မ်ားက အႏွံ႔ျဖန႔္ထားေလရာ ေျမျပင္မ်ားႏွင့္ ဖုံးကြယ္ ထားၾကေသးေလသည္။ ထို႔ေၾကာင့္ သူတို႔ ရွာေလေလ ဖန္လုံအိမ္ႏွင့္ နီးကပ္သထက္နီးကပ္လာသည္။ လူအမ်ား၏အၾကည့္ကို အာ႐ုံစိုက္မိေသာအခါ လုခ်ဳံးခ်ဳံ၏မ်က္ဝန္းက ေတာက္ပသြားသည္။ သူမက ယဲ့က်န္းကို သြားေျပာေနရင္းမွ တစ္ဖက္ျခမ္းသို႔ တိုးသထက္တိုးသြားသည္။
ထိုအခ်ိန္တြင္ ယဲ့က်န္းဟာ ေဆးပင္မ်ားကိုသာ အာ႐ုံစိုက္ေန၍ လက္ရွိအခ်ိန္တြင္ သူမက ပုံပန္းသြင္ျပင္၊ အပူခ်ိန္၊ အသုံးျပဳမႈ၊ ေဆးပညာဆိုင္ရာေဖာ္ျပခ်က္ စသည္ျဖင့္တို႔ကိုသာ အာ႐ုံစိုက္ထားသည့္အတြက္ မွန္လုံအိမ္ႏွင့္ နီးကပ္သထက္ နီးကပ္လာျခင္းကို သတိမျပဳမိေခ်။
"ေယာင္ေယာင္"
႐ုတ္တရက္ လုခ်ဳံးခ်ဳံက အသံတိုးတိုးျဖင့္ အလန႔္တၾကားေအာ္သည္။
"ၾကည့္လိုက္၊ အဲ့ဒါက မီးၾကာပန္းမဟုတ္လား"
လုခ်ဳံးခ်ဳံ၏အသံေၾကာင့္ ယဲ့က်န္းက အသိဝင္လာသည္။ သူမ၏အၾကည့္ဟာ သူမလက္ထဲမွ ေဆးပင္ထံမွ ေ႐ြ႕သြားၿပီးေနာက္ လုခ်ဳံးခ်ဳံထံ ေရာက္သြားသည္။ ထိုအခ်ိန္တြင္ ယဲ့က်န္းက မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
ငါတို႔ ဘယ္အခ်ိန္က ဒီေနရာကို ေရာက္လာတာလဲ။
ယဲ့က်န္း၏ အမူအရာေၾကာင့္ မိသြားသည္ကို သတိထားလိုက္မိေသာ လုခ်ဳံးခ်ဳံဟာ ေၾကာင္ေတာင္ေတာင္ အမူအရာလုပ္ၿပီး ဖန္လုံအိမ္အတြင္းမွ မီးၾကာပန္းကိုသာ လက္ညႇိဳးထိုးသည္။ ထို႔ေနာက္ တအံ့တဩေလသံျဖင့္ ေျပာသည္။
"မီးၾကာပန္းပြင့္က ေႏြးေထြးတဲ့ေနရာမွာပဲ ပြင့္တယ္လို႔ေျပာၾကတယ္၊ ငါ မယုံႏိုင္ဘူး၊ ငါ ဒါကိုၿမိဳ႕ေတာ္မွာ ျမင္ရမယ္လို႔ မထင္ထားဘူး"
ယဲ့က်န္းဟာ မတ္တပ္ထရပ္လိုက္ၿပီး မွန္လုံအိမ္ထဲသို႔တစ္ခ်က္ေခ်ာင္းၾကည့္သည္။
"တကယ္ကို မီးၾကာပန္းပဲ"
"ႏွင္းၾကာပန္းမ်ား ရွိမလားလို႔ သိခ်င္မိတယ္၊ ႏွင္းၾကာပန္းက ဖန္လုံအိမ္ထဲမွာသာ စိုက္ထားမယ္ဆိုရင္ ေနာက္ပိုင္းမွာ ႏွင္းၾကာပန္းေတြရဖို႔ ပိုလြယ္မွာပဲ"
လုခ်ဳံးခ်ဳံက စိတ္လႈပ္ရွားစြာေျပာသည္။ ယဲ့က်န္းဟာ ေဖ်ာ့ေတာ့စြာျဖင့္ သူမ၏အေပါင္းအေဖာ္၏ ႐ိုးရွင္းေသာအေတြးမ်ားကို ျပန္ေျဖလိုက္သည္။
"မွန္လုံအိမ္က အပင္ေတြ လိုအပ္တဲ့အေႏြးဓါတ္ေပးဖို႔ပဲ အေအးဓါတ္မဟုတ္ဘူး"
ေျပာရလွ်င္ သူမက မွန္လုံအိမ္ေၾကာင့္ အံ့ဩမိျခင္းမရွိေခ်။ သူမ၏ဖခင္က တစ္ႀကိမ္ကေျပာျပခဲ့ဖူးသည္။ အစိုးရက သီးသန႔္မွန္ျပဳလုပ္ျခင္းကို မပိတ္ဆို႔ခဲ့လွ်င္ သူကိုယ္တိုင္ကလည္း မွန္လုံအိမ္ ေဆာက္ေလာက္ေလသည္။
"တံခါးက မပိတ္ထားဘူး၊ ငါတို႔ ဝင္ၿပီးၾကည့္ရေအာင္"
လုခ်ဳံးခ်ဳံက ခပ္တိုးတိုး ေျပာၿပီး ယဲ့က်န္းကို တိုက္တြန္းသည္။
"ငါ မီးၾကာပန္းကို မျမင္ဖူးဘူး၊ ငါတို႔ ဝင္ၿပီး အတိအလင္း ၾကည့္ရေအာင္"
ယဲ့က်န္းက မေျဖႏိုင္ခင္မွာပင္ လုခ်ဳံးခ်ဳံက သူမ၏လက္ကိုဆြဲၿပီး မွန္လုံအိမ္ထံ ေခၚသြားသည္။ သူမဟာ မွန္လုံအိမ္ကို စိတ္မဝင္စားေခ်။ ေဆးပင္မ်ားေၾကာင့္သာ အံ့ဩမိသြားျခင္းျဖစ္သည္။ ထိုေနရာတြင္ ခ်ီေဆးပင္မ်ားဆိုေသာ စာအုပ္ထဲတြင္ ပါေသာ အဖိုးတန္ေဆးပင္မ်ားရွိေနေသာေၾကာင့္ျဖစ္သည္။
မေမွ်ာ္လင့္ထားဘဲ ငါ့ရဲ႕မ်က္လုံးထဲ ရတနာေတြကို ျမင္လိုက္ရတယ္၊ ဘယ္ေလာက္ေတာင္ ရွားပါးတဲ့ျမင္ကြင္းလဲ၊ တကယ္ကို ေက်နပ္စရာပဲ။
သည္ေန႔ သူမ၏တာဝန္က ေဆးပင္ရွာရန္ ျဖစ္သည္။ ယဲ့က်န္းက ထိုမွ်အထိ ဗဟုသုတ ရလိုက္မည္ဟု မထင္ထားမိေခ်။
မွန္လုံအိမ္ဟာ ဒ႑ာရီလာအဆင့္အတန္းမ်ိဳးကို ကိုယ္စားျပဳသည္။ တည္ေဆာက္ခဲ့ေသာ ဟြမ္ဖူမိသားစုက မည္သည့္ေနရာသို႔ေရာက္ေနမွန္း မသိရသလို တည္ရွိေနမွန္းပင္ မေသခ်ာေတာ့ေခ်။ ေဆးခင္းဟာ ရတနာဆိုလွ်င္ အထဲက ရတနာထဲက ရတနာျဖစ္ေနသည္။ သည္ေနရာတြင္ေပါက္ေသာေဆးပင္မ်ားက အလြန္အမင္းရွားပါးလြန္းလွသည့္အျပင္ အလြန္အမင္းဂ႐ုထားကာ စိုက္ပ်ိဳးထားရသည္။
လက္ရွိအခါ ေဖာက္ထြင္းျမင္ရမတတ္ၾကည္လင္ေနေသာ မွန္မ်ားျဖင့္ ကာရံထားသည့္အထဲတြင္ ထင္ရွားစြာရွိေနေလသည္။ ယဲ့က်န္းက ၾကည့္ေလေလ သူမ ဆြဲေဆာင္ခံရေလေလျဖစ္ၿပီး သူမ ျမင္ရေလေလ ပို၍ပင္ ျပင္းျပလာေလေလ ျဖစ္သည္။ သူမက တစ္ပင္ခ်င္းစီတိုင္း၏ ေပါက္ေရာက္သည့္အေနအထားမ်ိဳးကို ဂ႐ုတစိုက္ ၾကည့္လိုသြားသည္။ သူမ တစ္ျဖည္းျဖည္း သူမ၏ကိုယ္ပိုင္နယ္ေျမထဲသို႔ နစ္ေျမာသြားေတာ့သည္။ သူမ၏ပတ္ဝန္းက်င္ကို ဂ႐ုမထားမိ႐ုံသာမကေလဘဲ သူမႏွင့္ အတူရွိေနေသာလူကိုပင္ ေမ့သြားသည္။ သူမက လုခ်ဳံးခ်ဳံကို အာ႐ုံမစိုက္မိေတာ့ေခ်။
သိပ္မၾကာခင္က သူမက ေဆးပင္မ်ားေလ့လာရျခင္းကို အလြန္အမင္း စိတ္ဝင္စားျပင္းျပလာခဲ့သည္။ သူမ ႏိုးထလာၿပီးခ်ိန္ကစတင္ၿပီး ေဆးပင္မ်ားႏွင့္ သက္ဆိုင္ေသာ စာအုပ္မ်ားကို ဖတ္ရႈျခင္း၊ သတင္းအခ်က္အလက္မ်ားကို စုေဆာင္းျခင္းကိုသာ ဆက္တိုက္လုပ္ေနေလရာ စားေသာက္ရန္ပင္ ေမ့ေလ်ာ့သည္အထိ ျဖစ္လာခဲ့သည္။ ထိုအဖိုးတန္ေဆးပင္မ်ားကို ျမင္ရသည့္အခ်ိန္တြင္ သူမအေနျဖင့္ အထူးရွားပါးကာ ဂ႐ုစိုက္ထားရသည့္ အပင္မ်ိဳး၏အသုံးဝင္မႈကို သိခ်င္စိတ္ျပင္းျပလာၿပီး အနီးကပ္ၾကည့္ခ်င္သြားသည္။
ယဲ့က်န္းဟာ အပင္မ်ားကို အလြန္အမင္း စိတ္ဝင္စားေနေၾကာင္းျမင္ၿပီး သူမကို လ်စ္လ်ဴရႈထားေၾကာင္း ျမင္ေသာအခါ လုခ်ဳံးခ်ဳံ၏ႏႈတ္ခမ္းတြင္ ေအးစက္သည့္ အၿပဳံးက ေပၚလာသည္။ သည္အခြင့္အေရးကို ယူၿပီး သူမက ဂ႐ုတစိုက္ျဖင့္ မွန္လုံအိမ္အထဲသို႔ခိုးဝင္ကာ ေဆးပင္အျခားတစ္ဖက္ျခမ္းသို႔ သြားလိုက္သည္။ သည္နည္းအားျဖင့္ ယဲ့က်န္းကို ခ်န္ထားရစ္ခဲ့ေတာ့သည္။
ယဲ့က်န္းဟာ အဖိုးတန္ေဆးပင္မ်ားကို မွတ္ဉာဏ္ထဲသို႔ ထည့္သြင္းေနရင္း လုခ်ဳံးခ်ဳံ၏ထြက္သြားမႈကို သတိမထားမိလိုက္ေခ်။ သူမက တစ္ပင္ခ်င္းစီတိုင္းကို ေသေသခ်ာခ်ာ စူးစိုက္ၾကည့္ေနၿပီးေနာက္ ေနာက္ဆုံး မီးၾကာပန္းထံေရာက္မွသာ ရပ္တန႔္လိုက္ေတာ့သည္။ ထိုၾကာပန္း၏ရွားပါးေသာအလွက သူမကို ဆြဲေဆာင္သြားသည္။
ဒါေပမယ့္ ဒါက ဘာ ...
ေဘးဘက္ျခမ္းတြင္ ပန္းအိုးေလးက ေစာင္းေနသည္။ ေျမဆီလႊာႏွင့္အ႐ြက္မ်ား အားလုံးဟာ ပတ္ဝန္းက်င္တြင္ ျပန႔္က်ဲေနသည္။ ပြင့္ခ်ပ္မ်ားကလည္း ေတာက္ပေနကာ အျမစ္ကလည္းအိုး၏အစြန္းတစ္ဖက္ျခမ္းမွ တြဲေလာင္းက်ေနေသးသည္။ လြန္ခဲ့ေသာ တစ္ခဏခန႔္အထိ မီးၾကာပန္းက အေကာင္းအတိုင္းရွိေနေသးသည္။ ယခုမူ အျမစ္မွ ဆြဲႏႈတ္ခံထားရေလၿပီ။
ဒါက သိပ္မၾကာခင္က ျဖစ္ထားတဲ့ပုံပဲ။
ယဲ့က်န္းဟာ ထိုအခ်က္ကို ေသခ်ာသြားသည္။ သူမက ျဖတ္သြား႐ုံမွ်သာ ျဖစ္သည္။ တရားခံက မည္သူျဖစ္ေၾကာင္း ေတြးမိသြားသည္။
ဒါက ဘယ္လိုျဖစ္တာလဲ၊ မွန္လုံအိမ္ထဲဝင္လာတာ ငါတို႔ႏွစ္ေယာက္တည္း ရွိေနတာပါ၊ ... ငါနဲ႔လာတဲ့လူက ငါ့ကို ေထာင္ေခ်ာက္ထဲ တြန္းပို႔သြားတာပဲျဖစ္ရမယ္။
.....
Telegram မွာ အပိုင္း ၄၈၉အထိ ေရာက္ပါၿပီေနာ္။