Londonရုံးချုပ်
"သုတ TAMAR hotelကအပ်ထားတာငါလဲမသိပါ့ရောဘယ်သူကိုင်နေတာလဲ"
"ကိုကျော်ဇောပါBoss"
"သူကို့ဘယ်သူလွှဲလိုက်တာလဲ"
"ဘယ်သူမှမလွှဲပါဘူးဆရာသူ့ဘာသူကိုင်နေတာပါ"
ကွန်းတစ်ချက်စဉ်းစားလိုက်ပြီးတော့
"နောက်တစ်ခါအဲ့ဟိုတယ်နဲ့ပတ်သတ်ပြီးဘာပဲထူးထူးငါ့စီအစီရင်ခံပါ မထူးလဲပြော"
"ဟုတ်ကဲ့ပါboss"
သွေးသစ်ထွက်သွားပြီးတစ်လကြာတော့ကွန်းကLondonမှာရှိတဲ့ရုံးချုပ်ကိုပြောင်းသွားတာဖြစ်ပြီးအဲ့ကနေပဲအလုပ်တွေကိုဦးစီးတော့တာဖြစ်သည်။ဖေဖေကတော့မြန်မာနိုင်ငံမှာပဲကျန်ခဲ့ပြီးသူ့ဘာသူတစ်ယောက်ထဲပဲအေးဆေးနေတော့သည်။ကွန်းLondonမှာရောက်နေတာ၄နှစ်လောက်ရှိပြီဖြစ်သည်။ပယင်းသွေးသစ်အကြောင်းစုံစမ်းပေမယ့်ပုဂံမှာသူ့အဒေါ်တွေနဲ့နေပြီးဟိုတယ်မှာပဲပြန်လုပ်နေတယ်ဆိုတာကလွဲရင်ဘာမှထွေထွေထူးထူးမသိရပေ။ဟိန်းမြတ်ကိုမေးတော့လဲသူ့ကိုအမြင်ကပ်နေတဲ့ပုဒ်မနဲ့ဟိန်းမြတ်ကသူ့ကိုပြောမပြပေ။သူကတော့ကိုသူခန့်နဲ့လက်ထပ်လိုက်ပြီဖြစ်သည်။ဟိန်းမြတ်တို့ရတုတို့နဲ့ရံဖန်ရံခါတွေ့ဖြစ်သော်ငြားဟိုနှစ်ကောင်ကသူ့ကိုစကားသေချာမပြောတော့။ပြောရင်လဲသွေးသစ်ကိုသူကရက်စက်လို့ဆိုပြီးအပြစ်တွေသာပြောသည်။ကြာတော့သူလဲမတွေ့ဖြစ်တော့ပါဒါပေမဲ့တစ်ယောက်အကူညီလိုအပ်ရင်တော့တစ်ယောက်ကရှိစမြဲဖြစ်သည်။ရတုကတော့ရှမ်းပြည်ဘက်ကိုရောက်နေတာဖြစ်သည်။သူလဲအလုပ်တွေနဲ့ဆိုတော့အဆက်အသွယ်သိပ်မရပေ။
____________________________
"သွေးသစ်ရေငါ့ကိုဒါလေးကူပါဦးကွာ"
"ပြောလေသူခန့်"
"ငါအဆောက်ဦတစ်ခုထပ်တိုးမယ့်ကိစ္စလေ"
"အေး"
"အဲတာကိုကျော်ဇောဆိုတဲ့လူလာလိမ့်မယ်သွားတွေ့ပေးစမ်းပါ ပြီးတော့ဒီမှာဒီfileကိုယူသွားဒီထဲကအတိုင်းလုပ်ချင်တာဆိုပြီးပြောလိုက်သူသဘောပေါက်တယ်ငါမနေ့ကသူ့ကိုအသေးစိတ်ရှင်းပြထားပြီးသား"
"ဪအေး မင်းကဘယ်သွားစရာရှိလို့လဲ"
"အဖေခိုင်းထားတဲ့ကိစ္စလေးလုပ်စရာရှိလို့"
"ဪအေးအေး ပေးလေငါသွားတွေ့ပေးမယ် ဘယ်နှနာရီလောက်သွားရမလဲ"
"၁နာရီကြသွားရမှာ"
"ဪအေးအေးစိတ်ချ"
"အေးငါသွားပြီနော်"
"ခန နေဦးသူ့ပုံစံပြဦးလေငါမှမမြင်ဖူးတာ"
"အသားခပ်လတ်လတ် အရပ်ကရှည်တယ်ရုပ်ကကြည့်လို့ကောင်းတဲ့ထဲပါတယ် receptionနားမှာစောင့်နေလိုက်"
"အေးအေး"
သူခန့်လဲသွေးသစ်ကိုမှာစရာရှိတာမှာပြီးတော့ထွက်လာခဲ့သည်။သွေးသစ်ကတော့သူခန့်ပေးသွားတဲ့fileလေးကိုင်ပြီးreceptionဆီသွားလိုက်သည်။အချိန်လဲသိပ်မလိုတော့ဘူးဆိုတော့ထိုနေရာမှာပဲစောင့်လိုက်သည်။ခနကြာတော့ကားတစ်စီးရောက်လာသည်။ပြီးတော့လူတစ်ယောက်ထွက်လာသည်။အရပ်ရှည်ရှည် အသားခပ်လတ်လတ်ရုပ်ကကြည့်ကောင်းတယ်ဆိုတော့သူခန့်ပြောသွားတာသူပဲဖြစ်မယ်ထင်သည်။သွေးသစ်လဲထွက်ပြီးနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါခင်ဗျ ဒီကဧည့်သည်ကကိုကျော်ဇောလားခင်ဗျ"
"ဟုတ်ပါတယ်ညီလေးက"
"ကျွန်တော့်နာမည်ပယင်းသွေးသစ်ပါ သူခန့်ကသွားစရာကိစ္စလေးပေါ်လာလို့ကျွန်တော်နဲ့လွှဲခဲ့တာပါ"
"ဪ"
"အထဲကိုကြွပါခင်ဗျ"
သွေးသစ်ကိုကျော်ဇောဆိုတဲ့သူကိုသူ့အလုပ်ခန်းထဲခေါ်လာလိုက်သည်။ပြီးတော့fileကိုပေးလိုက်ရင်း
"ဒီထဲကအတိုင်းလုပ်ချင်တာပါခင်ဗျ"
သွေးသစ်တို့လဲအလုပ်ကိစ္စပြောပြီးတော့ပြန်ထွက်လာကြသည်။ကားနားရောက်တော့ကျော်ဇောက
"ဟုတ်ပြီညီ တကယ်လို့ထပ်ပြောင်းချင်တာဘာညာရှိရင်အကို့ကိုဖုန်းဆက်လိုက်လေ"
"ဟုတ်ပြောလိုက်ပါ့မယ်ခင်ဗျ"
"အစတုန်းကမနှုတ်ဆက်လိုက်ရလို့ တွေ့ရတာဝမ်းသာပါတယ်ညီလေး"
"ဟုတ်တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ"
သွေးသစ်လဲကျော်ဇောကမ်းပေးတဲ့လက်တစ်ဖက်ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။တစ်ဖက်လူကတန်းပြီးလွှတ်ပေးမလာတော့သွေးသစ်ရုန်းပြီးလွှတ်လိုက်ရသည်။ပြီးတာနဲ့ဟိုတယ်ထဲပြန်ဝင်လာခဲ့သည်။သွေးသစ်လဲအခန်းထဲပြန်လာပြီးထိုင်နေတုန်း
"ဖေဖေ"
သူ့သမီးလေးရဲ့အသံချိုချိုလေးကိုကြားလိုက်ရသည်။
"ဗျာ့"
"ဖေဖေဗိုက်ရှာနေပြီယားဟင်"
"အင်း ဆာနေပြီ"
သွေးသစ်မျက်နှာလေးမဲ့ကာဗိုက်လေးပွတ်ပြလိုက်တော့
"မီးမီးဖေဖေကဗိုက်ရှာနေပြီပဲ မီးမီးဟင်းချက်တာနောက်ကျတွားရယ်"
မသိရင်သူပဲချက်လာသလိုလိုနဲ့ခပ်တည်တည်ပြောနေတဲ့သူ့သမီးလေးကြောင့်သွေးသစ်အော်ရယ်မိသွားသည်။
"ဟားဟား ဒါဆိုဖေဖေ့သမီးလေးချက်လာတဲ့လက်ရာလေးမြည်းကြည့်ရအောင်"
သွေးသစ်တစ်လုပ်မြည်းပြီးတော့အမရာ့ကိုစချင်တာနဲ့မျက်နှာကြီးကိုရှုံ့မဲ့ပစ်လိုက်သည်။ထိုအခါသူ့သမီးချစ်မဝလေးကမျက်လုံးလေးဝိုင်းပြီးသိချင်ဟန်မေးလာသည်။
"ဖေဖေတောင်းဘူးယားဟင်"
"အင်း မကောင်းဘူး"
ထိုအခါသူ့အဘွားဘက်လှည့်ပြီးတော့
"အဲ့ယာဖွားဖွားကြီးချက်တာဖေဖေ မီးမီးချက်တာဟုတ်ဘူး"
ထိုအခါဒေါ်မြတ်သွေးနီတစ်ယောက်သူ့မြေးရဲ့ပလီပလာကိုကြည့်ပြီးမျက်လုံးကြီးပြူးကာနဖူးကိုခပ်ဖွဖွထုလိုက်သည်။
"အမယ်ခုနကတော့သူချက်တယ်ပြောပြီးအခုမကောင်းဘူးဆိုတော့ငါချက်တယ်ဖြစ်သွားရော တတ်လဲတတ်နိုင်ပါ့"
သွေးသစ်ထိုမြေးအဘွားကြည့်ပြီးရယ်နေရသည်။
"စတာပါဗျာ ဟင်းကကောင်းမှကောင်း သမီးရောစားပြီးပြီလား စားဦးမလားဖေဖေနဲ့အတူတူ"
"အင်း ရှားတော့ရှားပြီးပြီဒါမဲ့ဖေဖေနဲ့အတူတူထပ်ရှားချင်တေးရယ်"
"လာ ဖေဖေ့ပေါ်ထိုင်"
"အယ် မြေးလေးအိမ်ကြမှစားလေသမီးဖေဖေကြစားရတာမဝပဲနေမှာပေါ့ လာ"
"ရတယ်ဒေါ်လေးနေပါစေ သားလဲအဲ့လောက်မကုန်ဘူး"
"ခုနကပြောတော့ဗိုက်ဆာတယ်ဆို"
"သမီးကိုစနေတာဒေါ်လေး သားစောစောလေးကမှမုန့်စားထားသေးတယ်"
"ဪဟုတ်ပါပြီ"
သွေးသစ်ဆီကမုန့်စားထားသေးတယ်ဆိုတဲ့စကားသံကြားတော့ထမင်းတွေပြည့်နေတဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကလှုပ်စိလှုပ်စိနဲ့ဝါးနေပြီပါးစပ်ကလဲရန်တွေ့လိုက်သေးသည်။
"ဟွန့်ဖေဖေချိတ်ပုပ် မီးမီးကိုကြကျွေးဝူး ချိတ်ကောက်ရယ်"
"သမီးရယ်ကောက်ပါနဲ့ပြီးရင်ဝယ်ကျွေးမယ်လေ"
"ရှားဝူး ချိတ်ကောက်ရယ်"
"တကယ်မစားဘူးလား"
"ရှားဝူး"
"ဒါဆိုဒါလဲမစားတော့ဘူးပေါ့"
လက်ထဲကမုန့်ထုပ်ကိုမြှောက်ပြလိုက်တော့မျက်လုံးလေးကဝိုင်းစက်လာပြီး
"အယ် ဦးဦးဟိန်းမြတ်"
"ပေးလေ မစားတော့ဘူးမလားဖေဖေပဲစားလိုက်မယ်"
"ရှားမှာ ဦးဦးဟိန်းမြတ်ကရှားချေချင်ယို့ကျွေးရာ မရှားရင်ချိတ်မတောင်းခြစ်ယိမ့်မယ်"
"အတတ်ကလေး"
"ဒီနေ့ဦးဦးဟိန်းမြတ်အလှည့်တောင်ရောက်ပြီပေါ့ရော်"
"ဟုတ်ပါ့"
ဟိန်းမြတ်ကသမီးလေးကိုတစ်ပတ်တစ်ခါမုန့်တွေလှမ်းလှမ်းပို့သည်။သမီးလေးကလဲဒါမျိုးဆိုအကြိုက်။တစ်နေ့ထဲနဲ့အကုန်စားတာ။ဟိန်းမြတ်ကိုအားနာလို့ခနခနမပို့ဖို့ပြောသော်လဲပြောမရ။ချစ်စရာဒီတူမလေးပဲရှိတာဆိုပြီးခနခနပို့သည်။သူခန့်ကလဲပို့ပါစေဆိုပြီးမပြောခိုင်းတော့ကြာတော့သွေးသစ်လဲဒီသုံးယောက်ကိုမနိုင်တာနဲ့လက်မြှောက်ထားရသည်။
_____________________________
"Bossဒီမှာပါဗျပုဂံကဟိုတယ်နဲ့ပတ်သတ်တာ"
ဆိုပြီးပုံတွေပြလာသည်။ကွန်းလဲပုံတွေကြည့်နေရင်းတစ်ပုံကိုမြင်တော့လက်သီးတွေတင်းတင်းဆုပ်ကာ
"ငါလွှတ်ပေးထားတာဒီလိုမျိုးပစ်စလတ်ခတ်ကိုင်ချင်တိုင်းအကိုင်ခံဖို့မဟုတ်ဘူး!!"
ဆိုပြီးအံကြိတ်သံနဲ့ပြောလာသည်။ပြီးတာနဲ့
"သုတမနက်ဖြန်မနက်မြန်မာပြည်ပြန်ဖို့ပြင်!!"
"ဟုတ်ကဲ့ပါboss"
ကွန်းတစ်ယောက်ရုံးခန်းထဲမှာကျော်ဇောကသွေးသစ်လက်ကိုင်ထားတဲ့ပုံကိုမျက်လုံးထဲမြင်ပြီးဒေါသတွေတစ်လှိမ့်လှိမ့်ထွက်နေသည်။နာရီအနည်းငယ်ကြာတော့ဖုန်းကိုကောက်ကိုင်ကာနံပါတ်တစ်ခုကိုခေါ်လိုက်ရင်း
"ပုဂံကကိစ္စငါကိုင်မယ် ကျော်ဇောဆိုတဲ့ကောင်ကိုတန်သလောက်ပေးပြီးအလုပ်ထုတ်ပစ်လိုက်တော့ ပြီးတော့...."
ကွန်းစိတ်ကြိုက်မှာပြီးသွားတော့နှုတ်ခမ်းထက်မှာကြောက်စရာကောင်းတဲ့အပြုံးတစ်ခုကိုချိတ်ဆွဲထားလေသည်။
ရန်ကုန်မှာတော့
"ဖေကြီးရေထမင်းစားရအောင်လေလာခဲ့"
"လာပြီမိန်းမ"
"ကျော်ဇောနဲ့ရောဖုန်းရလားမိန်းမ"
"ရတယ်ဖေကြီးအဆောက်ဦးတစ်ခုကိုင်ပြီးတာနဲ့ပြန်လာမယ်တဲ့"
"အေးအေးငါတို့စီစဉ်ထားတာနောက်ကျကုန်မှာစိုးလို့ပါကွာ"
"စိတ်မပူပါနဲ့တော်ကလဲ"
:ဒေါက်
:ဒေါက်
"မိန်းမရေဘယ်သူလဲလှပ်ပေးလိုက်ပါဦး"
"ခန ခန"
"မင်းတို့ကဘယ်သူတွေလဲ"
"ကျွန်တော်တို့နဲ့ခနလိုက်ခဲ့ပါကိစ္စလေးရှိလို့"
"ဘာလို့လဲ"
"သိရပါလိမ့်မယ်"ဆိုကာဆွဲခေါ်သွားလေသည်။
ဂိုထောင်တစ်ခု၌
ဦးခန့်ေကျာ်နဲ့ဒေါ်မြတ်သီတို့မျက်နှာမှာအုပ်ထားတဲ့အကာတွေဆွဲချွတ်ခံလိုက်ရတော့ရှေ့မှာခုံတစ်လုံးနဲ့laptopလေးတစ်ခုတွေ့သည်။လူတစ်ယောက်ကထိုlaptopလေးကိုဖွင့်လိုက်တော့ယောကျာ်းနှစ်ယောက်ကုတင်ပေါ်မှာs**လုပ်နေတာမြင်လိုက်ရသည်။ဦးခန့်ကျော်နဲ့ဒေါ်မြတ်သီတို့လဲဒီvideoမြင်လိုက်ရတော့လန့်သွားသည်။ပြီးတော့လူတစ်ယောက်ကကင်မရာဘက်လှည့်လာသည်။နှစ်ယောက်လုံးလန့်သွားကြသည်။ထိုပေါ်လာတဲ့လူကနောက်တစ်ပတ်ဆိုသူတို့သဘောတူထားတဲ့မိန်းကလေးနဲ့စေ့စပ်တော့မဲ့သူတို့သားဖြစ်နေသည်။ခနနေတော့ဖုန်းမြည်သံတစ်ခုဝင်လာသည်။လူတစ်ယောက်ကကိုင်လိုက်တော့အသံတစ်သံထွက်လာသည်။
"ဘယ်လိုလဲခင်ဗျားတို့သားယောကျာ်းစစ်စစ်ကဘယ်လိုတွေဖြစ်သွားတာလဲ ခင်ဗျားတို့ထင်မထားဘူးမလား ကျွန်တော်လဲထင်မထားဘူးအဲ့ဒီ့ရွံစရာလူကကျုပ်အပိုင်ကိုသူ့ရွံစရာလက်တွေနဲ့လာထိတာလေ ဒီvideoတစ်ဖက်မိန်းကလေးဆီမပျံ့စေချင်ဘူးဆိုရင်ကိုယ့်သားကိုထိန်းသိမ်းပါ မဟုတ်ရင်တော့ကျုပ်အဆိုးမဆိုနဲ့!! မကျေနပ်လို့ရဲတိုင်မယ်ဆိုရင်တော့အပြန်အလှန်နေနဲ့ခင်ဗျားတို့သားအလောင်းကိုခင်ဗျားတို့ဆီပြန်ပို့ပေးမယ်"
:တီ
ဖုန်းထဲကလူပြောတာတွေကြားလိုက်ရပြီးဦးခန့်ကျော်တို့လင်မယားအတော်လေးလန့်သွားသည်။သူတို့ကိုဖမ်းလာတဲ့လူတွေကသူတို့ကိုအိမ်ပြန်ပို့ပေးသည်။နှစ်ယောက်သားဘာမှမလုပ်နိုင်ပဲတစ်ယောက်မျက်နှာတစ်ယောက်သာကြည့်နေရတော့သည်။
ပုဂံမှာလဲ
"ငါ့ကိုဘာကိစ္စအလုပ်ထုတ်တာလဲ!!မင်းတို့လုပ်ချင်တိုင်းလုပ်ရအောင်ငါကဒီမှာအကြီးဆုံးကွသေချင်လို့လား!!"
"Bossကခိုင်းတာပါ"
"မင်းတို့bossလဲဂရုမစိုက်ဘူးကွာဒီနေရာကနေဘယ်မှမရွေ့နိုင်ဘူးမကျေနပ်ရင်ကြိုက်တဲ့သူသွားပြော"
ရုံးကကောင်လေးတစ်ယောက်သုတဆီဖုန်းဆက်လိုက်သည်။ရုံးခန်းထဲမှာအလုပ်ရှုပ်နေတဲ့သုတလဲဖုန်းကိုင်လိုက်တော့
"ဆရာ ဦးကျော်ဇောကဆင်းမပေးနိုင်ဘူးပြောနေပါတယ်မကျေနပ်ရင်ကြိုက်တဲ့သူပြောလို့ပြောနေပါတယ်"
"Bossကပြောတယ်လို့ပြောလိုက်လေကွာ"
"မရဘူးဆရာ"
ကွန်းလဲဘာလဲဆိုတဲ့သဘောနဲ့မေးဆတ်ပြလိုက်တော့
"Boss ကိုကျော်ဇောကအလုပ်ထွက်မပေးနိုင်ဘူးဆိုပြီးသောင်းကျန်းနေတယ်တဲ့"
ကွန်းလဲတစ်ချက်ရယ်လိုက်ကာ
"ကောင်းပြီလေဒါဆိုလဲသူစိတ်ကျေနပ်အောင်တစ်ရက်ပေးနေလိုက်မနက်ဖြန်ငါအဲ့ဒီကိုမရောက်ခင်အထိတစ်လှမ်းမှအဲ့ရုံးခန်းထဲကမရွေ့စေနဲ့!"