Beta ယောင်ဆောင်သောမြို့အုပ်ကတ...

By sususandi15

242K 16.1K 483

မြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော် More

Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Extra
new fic review

Part 6

4.9K 363 5
By sususandi15

Betaယောင်ဆောင်သော မြို့အုပ်ကတော်
Part 6
__________
မြို့အုပ်ရုံးကိုရောက်တော့ ကျင်းရန်ကအရန်သင့်ပင် သူ့ရှေ့မှာစာရင်းမှတ်တမ်းကိုင်ကာ လာရပ်သည် မြို့အုပ်၀မ်သက်ပြင်းချလိုက်ရတယ် ကိုယ်ကမှတည်ငြိမ်ပြီး ယူထားရတဲ့ယောကျာ်းကမှ မတည်ငြိမ်တာ ဘယ်လိုလုပ်ရမှာလဲ။

"ပြော..."

"ဟုတ်ကဲ့.... အမတ်၀န်ရဲ့ကားကိုပြင်ရပါ့မယ် အရှေ့ကဓာတ်တိုင်မီးနှစ်တိုင် ၊ ပန်းအိုး၅လုံး ၊ နောက်ပြီးအိမ်ကကျကွဲသွားတဲ့ ကျောက်စိမ်းပန်းအိုး ၁ လုံး၊
နစ်နာသူတွေစီကို ဆေးကုပေးရမှာက ၂ယောက် ဒါပါပဲ မင်းကတော်မွှေထားတာ"

"ဟင်း....."

ကြားလိုက်ရတဲ့သတင်းတွေကမသက်သာလှပါ ဆေးရုံတက်နေရတဲ့သူတွေကလည်း ရှောင်ကျန့်နဲ့ဖဲဝိုင်းမှာရန်ဖြစ်လို့ရှောင်ကျန့် ထိုးလွှတ်လိုက်တဲ့သူတွေ...။

*ကလင်...ကလင်....*

မြို့အုပ်၀မ် ကြိုးဖုန်းကိုကိုင်လိုက်တော့ အိမ်တော်ကပင်
လာပြီ ရှောင်ကျန့်ဘာများမွှေထားဦးမလဲ ပထမဦးဆုံးအနေနဲ့
ရှောင်ကျန့်အသံကိုစကြားလိုက်ရပါတယ်။

"ကျန့်ကျန့်ကိုလေ...အိမ်ကသူတွေကဝိုင်းနှိပ်စက်တယ်သိလား
ကျန့်ကျန့်ကလက်နာနေလို့ အနစ်နာခံပြီးကူလုပ်ပေးမယ်ပြောတာတောင်မှ သူတို့ကပေးမလုပ်ဘူးသိလား...."

"...."

"ဟယ်လို..... မြို့အုပ်၀မ်နားထောင်နေလားဟင်...."

"ငါမအားဘူးရှောင်ကျန့်....လိုရင်းကိုပြော...."

"ကျန့်ကျန့်ပျင်းလို့...."

*တူ....တူ....*

တစ်ဖက်ကဖုန်းချသွားလေပြီ ရှောင်ကျန့်နှာခေါင်းရူံ့လိုက်တယ်
ပျင်းပျင်းနဲ့ ကြိုးဖုန်းတင်ထားတဲ့ခုံအောက်ကဖုန်းနံပါတ်စာအုပ်ကြီးယူလိုက်
သည်....မှန်းစမ်းအပျင်းပြေမှာတွေဘာရှိလဲ။
.
.
.
.
.
.
.
.
.
.
.
*ကလင်....ကလင်...*

"ဟယ်လို...."

"ရိပေါ်.... ငါ့တူလေး....မင်းယောက်ျားကိုထိန်းဖို့အစီအစဉ်ဘာရှိလဲ"

"ဘာဖြစ်လို့လဲ...."

"မင်းယောကျာ်းကလေ ငါအလုပ်လုပ်နေတာကို ဖုန်းတွေတဂွမ်ဂွမ်ခေါ် ပြီး ငါမှန်းမသိပဲနဲ့ ငါ့အကြောင်းတွေအတင်းတုပ်သွားတယ်....ဟင်း..ဟင်း..."

*ကလင်....ကလင်...*

ဖုန်းကိုဖြေနေတုန်းပဲ ရုံးခန်းရှေ့ကဖုန်းကပါမြည်လာတော့ကျင်းရန်ကဖြေကြားနေတော့လည်း အဒေါ်ကိုတောင်းပန်ရသည်။

"မြို့အုပ်၀မ် ဦးလေးစီကဗျ..."

"ဘာတဲ့လဲ..."

"မင်းယောကျာ်းကိုမင်းထိန်းစမ်းကွာ....သူမွှေသီးလုပ်သွားတာ အခုငါ့မိန်းမနဲ့ငါနဲ့ကွဲတော့မယ်"

"...."

မင်းကတော်ကို နောက်တစ်ခါဖုန်းမဆက်ဖို့မှာတဲ့သူတွေကတစ်မျိုးလုံးနီးပါး ရှောင်ကျန့်ကတစ်ကယ့်ကို အမွှေစိန်ပါပဲလား ။

"ရှောင်ကျန့်ကိုသွားခေါ်ချည်...."
------------
အိမ်တော်မှာနေရတာထက်စာလျှင် မြို့အုပ်၀မ်နောက်တစ်ကောက်ကောက်လျှောက်လိုက်ရတာ နေရာစုံရောက်ဦးမည် အခုသူက ကာယဗလပြပွဲကိုရောက်နေတာပင် ဘာလို့မှန်းတော့မသိပေမဲ့လည်း ဒီပွဲ‌မှာ အထက်လူကြီးတွေ တက်ရောက်ကြတယ် ‌။

ပွဲက တော်တော်လေးကြာတော့ပြီးသွားပြီပင် ရှောင်ကျန့်ကအနိုင်ရသူကို ဂုဏ်ပြုစကားသွားပြောသည် ။

"ထိလို့ရမလားဟင်...."

"ဗျာ...အာ...ရတာပေါ့..."

သူတို့ဗိုက်သားမှာ ပေါ်နေတဲ့အမြောင်းတွေက လုံး၀ကို မိုက်လွန်းတယ် ရှောင်ကျန့်ထိဖို့အတွက်လက်လှမ်းလေးပဲလှမ်းရသေးတယ် ။

"ရှောင်ကျန့်! အခုတော့လက်ပြန်ကောင်းနေတယ်ပေါ့...."

"နေပါဦးဗျ.... ခဏလေးထိတာပဲကို..."

"လာ....မင်းယောကျာ်းငါ့စီမှာရှိတယ် အိမ်ကျမှအကြိုက်ကိုင်..."

မြို့အုပ်၀မ်က သူ့လက်ကိုဆွဲကာ ထွက်သွားတော့သည် သူခေါ်လို့လည်းလိုက်လာရသေးတယ် ဂုဏ်ပြုစကားလေးပြောတာကို ဘာဖြစ်နေမှန်းကိုမသိတာ ။

အခြားအားကစားပွဲတွေဖြစ်တဲ့ ဘောလုံး ၊ ဘောလီဘော၊ အပြေးပြိုင်တာ ၊ ရေကူးပြိုင်တာ ၊ သံလုံးပစ်တာ အဲ့တာတွေကို‌လိုက်ကြည့်ရသည် မကြာမီ‌ ဆောင်းရာသီအားကစားပွဲတော်လာမှာဖြစ်တာကြောင့် အခုထဲကကြီးကြပ်တာဖြစ်ပါလိမ့်မယ်။

ရှောင်ကျန့်ကားပြတင်းပေါက်လေးကိုမှီရင်းနဲ့ ရူခင်းကိုတစ်ဆုံးလိုက်ကြည့်နေရင်းနဲ့  ကားကခနရပ်တော့ကြည့်လိုက်တာ ပြဇာတ်ရုံတစ်ခုပင် ရှောင်ကျန့်မျက်လုံးလေးတွေလက်သွားတယ်။

"မြို့အုပ်၀မ်....မြို့အုပ်၀မ်...ကျန့်ကျန့် ပြဇာတ်ရုံကြည့်ချင်တယ်"

"ဘာပွဲမှမရှိဘူးမကြည့်စမ်းနဲ့...."

"ကျန့်ကျန့်က စန္ဒယားတီးတာလေးကိုကြည့်ချင်လို့ကို"

"ဘာပွဲမှမတင်ဘူး မရှိဘူး...."

"ဟုတ်...."

ရှောင်ကျန့်က အပြင်ဘက်ကို  ကြည့်ကာတိတ်တဆိတ်ပဲနေလိုက်ခဲ့တော့သည် ဘာလဲစိတ်ဆိုးသွားတာလား.... မတက်နိုင်ဘူးလေ....ကိုယ်နဲ့ဘာမှဆိုင်တာမှမဟုတ်တာ။

ခဏလောက်ဆက်သွားမိတော့ အရှေ့မှာလူတွေလမ်းဖြတ်ကူးတာမို့ ကားကခဏရပ်နေတုန်းပဲ ရှောင်ကျန့်မျက်လုံးလေးတွေကတစ်နေရာထဲမှာပဲစုပုံကျနေလျက်။

"မြို့အုပ်၀မ်... ကျန့်ကျန့်ကိုဟိုဟာလေး၀ယ် ပေး...."

မြို့အုပ်၀မ်ကြည့်လိုက်တော့ အမျိုးသမီး အတွင်း၀တ်တွေရောင်းတဲ့ဆိုင် ဘာလုပ်မလို့လဲရှောင်ကျန့်က....။

"မင်းအဲ့တာ၀တ်ပြီးဘာလုပ်မလို့လဲ...."

"ဟာ...အဲ့တာမဟုတ်ဘူးလေ ဟိုဘေးဘက်ဆိုင်က...အနီရောင်လေး...၀ယ်ပေး..."

အမျိုးသမီး ဆိုင်ဘေးနားမှာ အမျိုးသားတွေအတွက် အထည်တွေရောင်းတဲ့ဆိုင်ပင် အနီရောင်ကုတ်တစ်ထည်ကို အရုပ်မှာ၀တ်ပေးထားပြီး မှန်ထဲမှာထည့်ထားတယ် လက်ရာကတစ်အားလှပပါတယ်။

"ကျန့်ကျန့် အဲ့တာလေးလိုချင်လို့...."

"အိမ်မှာ မင်းအ၀တ်တွေအများကြီးရှိတာပဲကို...."

"ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့ ကျန့်ကျန့်ကိုတစ်ထည်ပဲ၀ယ်ပေးပါနော်...."

"မဆိုးစမ်းနဲ့ ...."

"ဟွန့်!"

ကားလေးကဆက်မောင်းထွက်သွားတော့ ရှောင်ကျန့်ကဘေးနားကနေပွစိပွစိနဲ့ ပြောလို့မပြီးတော့ဘူး။

"ကြည့်နေ....ကျန့်ကျန့်မှာရှိတဲ့၃ထောင်နဲ့၀ယ်မှာ...."

"...."

"ကပ်စေးနှဲကြီး....တစ်ထည်လေးတောင်မ၀ယ်ပေးဘူး...."

"....."

"အကျင့်ပုတ်ကြီး...."

"ရှောင်ကျန့်....ငါနားတွေတော်တော်လေးငြီးလာပြီနော်...."

"ဘာလုပ်နေလို့လဲ....ကျန့်ကျန့်ပြောတဲ့အထဲမှာမြို့အုပ်၀မ်နာမည်လည်းပါပဲနဲ့....."

"မင်းဘယ်သူ့ကိုစောင်းပြောနေတာလဲဆိုတာအသိသာကြီးပဲလေ...."

"သိရင်ပြီးရောပေါ့.... မြို့အုပ်၀မ်ကိုခေါ်ဘူး..."

"....."

"ကြည့်နေ ဒီထက်ပိုပြီးမွှေပြဦးမှာ...."

"....."
.
.
.
.
.
ရှောင်ကျန့်ကပျော်ရွှင်စွာနဲ့ပဲ ကားပေါ်မှာ အပြင်ကိုကြည့်ပြီးပြုံးနေလျက် သူနဲ့ မြို့အုပ်၀မ်ကြားထဲမှာတော့
အိတ်လေးတစ်ခုက ခံထားလေတယ် အဲ့အိတ်လေးထဲမှာတော့
အနီရောင်ကုတ်လေးက အထင်းသားလေးပေါ်ထွက်နေလေ၏။
____________
(14.11.2023)
#Su🐼









Part 6
__________

"ပြော..."


"ဟင်း....."


*ကလင်...ကလင်....*



"...."



"ကျန့်ကျန့်ပျင်းလို့...."

*တူ....တူ....*

.
.
.
.
.
.
.
.
.
.
.
*ကလင်....ကလင်...*

"ဟယ်လို...."


"ဘာဖြစ်လို့လဲ...."


*ကလင်....ကလင်...*



"ဘာတဲ့လဲ..."


"...."


------------


"ထိလို့ရမလားဟင်...."

"ဗျာ...အာ...ရတာပေါ့..."












"ဟုတ်...."











"မဆိုးစမ်းနဲ့ ...."

"ဟွန့်!"



"...."


"....."

"အကျင့်ပုတ်ကြီး...."





"....."


"....."
.
.
.
.
.
____________
(14.11.2023)
#Su🐼

Continue Reading

You'll Also Like

17.2K 1.5K 14
YiZhan Start Date - 5.April.2024 End Date - ???
324K 9.7K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
87.8K 8K 35
• Do not repost my translation work anywhere! • 没肝菜包包 လောင်ရှီး ဆွဲထားတဲ့ BJYX FanArt Comicsလေးတွေပါ လောင်ရှီးဆီကနေ တရားဝင်ဘာသာပြန်ဆိုခွင့်ရရှိထားပါတ...
7.1K 320 7
Cartaphilus. The bane of many miracles, destroyer of beings, and curse upon the world. Upon creating another experiment, the being abandons his new t...