" Bad Husband" ( Complete)

By HlaingHlaing112

65.2K 7.3K 1.3K

ကျုပ်ကဆိုးတယ်လေ ခင်ဗျားမသိဘူးလား ? More

intro
🔥 1 🔥
🔥 2 🔥
🔥 3 🔥
🔥 4 🔥
🔥 6 🔥
🔥 7 🔥
🔥 8 🔥
🔥 9 🔥
🔥 10 🔥
🔥 11 🔥
🔥 12 🔥
🔥 13 🔥
🔥 14 🔥(18+)
🔥 15 🔥
🔥 16 🔥
🔥 17 🔥
🔥 18 🔥 (18+)
🔥 19 🔥
🔥 20 🔥
🔥 21 🔥
🔥22🔥
🔥 23 🔥
🔥 24 🔥
🔥 25 🔥
🔥 26 🔥
🔥 27 🔥
🔥 28 🔥
🔥 29 🔥
🔥 30 🔥
🔥 31 🔥
32
The End

🔥 5 🔥

1.6K 217 22
By HlaingHlaing112


" သား ..သက်သာလား ကျောက "

ဒဏ်ရာကို ကုနေတာ ဒီနေ့ပါဆို တစ်ပတ်လောက်ရှိပြီးဖြစ်သည်။  လက်က ပတ်တီးကိုတော့ ဖြုတ်လိုက်ပေမဲ့ အမာရွှတ်တွေကတော့ ရှိနေသေးသည်။

" သက်သာပါတယ် ..."

" အေး ..ဒါပမဲ့လည်း ဒယ်ဒီကတော့သားကို ဆိုင်ကယ်မောင်းခွင့်မပေးနိင်သေးဘူး "

" ဒယ်ဒီကလဲ .."

ဆိုင်ကယ်မမောင်းရဘူးပြောတာနဲ့ စားနေတဲ့ဇွန်းကို ခပ်ပြင်းပြင်းချလိုက်သည်။ မနက်စာ စားတိုင်း ဒီသားအဖနစ်ယောက် ရန်ဖြစ်တက်သည်။ ဒီအိမ်မှာ နေတာကြာလာတော့လည်း ဂျီမင်အကြောင်းသိလာလေသည်။ ကင်မ်ထယ်ယောင်းက အမြဲအန်ကယ်နဲ့ ဆန့်ကျင်ဘက်ကို ရွေးတက်တယ်။  အမြဲတမ်းနီးပါး အန်ကယ်က လိုက်လျောပေးမဲ့ ကင်မ်ထယ်ယောင်း အန္တရာယ်ဖြစ်မဲ့ ကိစ္စမျိုးတွေဆို  မရမက တားတက်သည်။ နောက်ပြီး ကင်မ်ထယ်ယောင်းနဲ့ရန်ဘက်ဖြစ်အောင် နေလို့မရချေ။ ထိုအခါ တစ်ဖက်လူအတွက် ရေဆုံးမြေဆုံး ဒုက္ခပေးတက်မှန်းကို သူ့ကိုကြည့်ပြီး ပို၍ သိလာလေသည်။ သူပုံမှန်ဆို တော်တော်သည်းခံနိင်တဲ့အထဲပါပေမဲ့ ကင်မ်ထယ်ယောင်းနဲ့တွေ့တော့ ထိုသို့ ဟုတ်မနေချေ။ 

" ဂျီမင်တို့အိမ်ကို ဒီအပတ်သွားမယ် သားပါ လိုက်ခဲ့ "

" ဗျာ ..ဒယ်ဒီ.."

" အန်ကယ် "

အန်ကယ့်ရဲ့အပြောကြောင့် ကင်မ်ထယ်ယောင်းရော ဂျီမင်ရောပါ အံ့ဩသွားလေသည်။ ဂျီမင်ဖိတ်တာက အန်ကယ့်ကိုပဲ ကင်မ်ထယ်ယောင်းမပါချေ။

" ဘာလို ဟယ်ဆန်းထိသွားရမှာလဲ ..သားတော့မသွားနိင်ဘူး ၊ တွေ့ချင်ရင် လာပေါ့ "

" ယဉ်ကျေးမူရှိစမ်းပါ ကင်မ်ထယ်ယောင်း ..သူ့သားက မင်ရဲ့မျက်နှာချင်းမှာထိုင်နေတာ "

" ရှိတော့လည်း ဘာလုပ်ရမလဲ ..တွေ့ချင်တဲ့လူက လာပေါ့ "

" ကင်မ်ထယ်ယောင်း "

သူ့အဖေနဲ့ပတ်သက်ရင် ကင်မ်ထယ်ယောင်းက နည်းနည်းတော့ အိုဗာဖြစ်လွန်းတယ်။ သူ့အဖေကိုတောင် မြင်ဖူးလို့လား ? ။ ဟိုတစ်ခါကလည်း သူ့အဖေကို မထီမဲ့မြင်စကားပြောသည်။

" ရပါတယ် အန်ကယ် ၊ ကျွန်တော်လည်း အန်ကယ့်ကိုပဲ ဖိတ်တာပါ ၊ သူ့ကို မဟုတ်ပါဘူး "

ဂျီမင့်ရဲ့အပြောကြောင့် ကင်မ်ထယ်ယောင်းရဲ့ဒယ်ဒီလည်း ဘာပြောရမယ်မှန်းမသိတော့သလို ကင်မ်ထယ်ယောင်း ခုံနောက်ကို မှီလိုက်ပြီး ဂျီမင့်ကိုကြည့်သည် ။

" ဒီအိမ်မှာ နေတာကြာနေပြီး ဘာလိုနစ်ယောက်သားမတည့်ကြသေးတာလဲ ?"

" ဟုတ်လား ..ခင်ဗျားအ‌ဖေကတော့ ကျုပ်ကိုလာ စေချင်တာ သေတော့မလိုပဲ "

" ငါ့အဖေက ..ဘာလိုမင်းကို "

" ကဲ တော်တော်..မနက်ဖြန် တဘက်ခါပဲ ကျောင်းပြီးကြတော့မယ် မရင့်ကျတ်ကြသေးဘူးလား ..နစ်ယောက်လုံး သွားတော့ "

" ဒယ်ဒီ ဘယ်နေ့သွားမလဲ ?"

" ဟေး ..."

" သွားတဲ့နေ့ရောက်ရင်ပြောလိုက် ဒယ်ဒီ ၊ မဖြစ်မနေ သွားပေးမယ် "

" လိုက်စရာမလိုဘူး "

ဂျီမင်ထပ်ပြောတော့ ကင်မ်ထယ်ယောင်းက ထိုင်နေတဲ့နေရာက ရုတ်တရက်ထရပ်လိုက်ရင်

" ကဲ..နစ်ယောက်သား ဘာဖြစ်နေတာလဲ ...မင်းတို့အရှေ့မှာ ငါရှိသေးတယ် ၊ ငါမသေသေးဘူး ၊ လေးစားမူ ရှိကြစမ်း "

ကင်မ်ထယ်ယောင်းရဲ့ဒယ်ဒီသည် စာပွဲကို လက်ဖြင့် ခပ်ကြမ်းကြမ်းရိုက်လိုက်ပြီး နစ်ယောက်သားကို တားလိုက်သည်။ 

" တောင်းပန်ပါတယ် အန်ကယ် "

" သွားကြတော့ "

ဂျီမင်အရင်ထွက်သွားလိုက်ပြီး ကင်မ်ထ‌ယ်ယာင်းက နောက်က လိုက်သွားတော့

" ဟိုကောင်...ဒူးနာပြီးရထားတဲ့ကောင် မင်းက ဘာလိုမတောင်းပန်တာလဲ ?"

" ဘာကို တောင်းပန်ရမှာလဲ ..သားပြောတာ အမှန်ပဲလေ ၊ ဒယ်ဒီလည်း သိတာပဲ "

" တော်တိတ်..အဖေထက်သားတစ်လမကြီးနဲ့ ၊ ငါက ဒါဆိုဒါလိုက် ၊ ဟိုဟာဆို ဟိုဟာလိုက် ၊ ကန့်လန်တိုက်ရအောင် မင်းနဲ့ငါက ပါတီနစ်ခုက မဟုတ်ဘူး "

" နားညီးတယ် ဒယ်ဒီရာ...."

" ဒီကောင်တော့ .. မွေးရကျိုးလည်းမနပ်၊ ဒူးနာရကျိုးလည်းမနပ် "

" ဒူးနာတုန်းကကျ ဒယ်ဒီတို့ သာယာနေခဲ့ပြီးတော့ "

" ပိတ်စမ်း ..."

ဒီတစ်ယောက်ထဲမွေးထားလို့ မနိင်တာ ။ လေးငါးယောက်သာ မွေးလို့ကတော့ သူ့သေမှာပဲ ။သားက အလုပ်လုပ်ချင်စိတ်လေးရှိတာနဲ့ ၊ သူ့လို ရုပ်ချောနေတာက သူနဲ့သိပ်တူတယ် ။ ဒါကတော့ ကောင်းတဲ့အရာပေါ့ ကျန်တာကတော့ သူ့မာမီနဲ့တူလို့ဖြစ်ပါလိမ့်မည်။ ဟုတ်မှာပါ ဘာလိုဆို သားရဲ့မာမီကို ပထမဆုံးစတွေ့တွေ့ချင်းတုန်းက လမ်းဘေးတီးဝိုင်းအဖွဲ့မှာ သီချင်းဆိုလေသည်။ ထိုခေတ်က မိန်းခလေးက တီးဝိုင်းနဲ့ဆိုတာမို့ အမြင်တွေ သိပ်မကြည်ကြပေမဲ့ သူ့အမျိုးသမီးလေးကတော့ သူ့မျက်လုံးထဲမှာ မိုက်ကိုကိုင်ထားပြီး သီချင်းဆိုတဲ့အချိန်သည် အလှဆုံးအချိန်ဖြစ်လေသည် ။ သားရဲ့မာမီ ခေါင်းမာမူကလည်း သားအတိုင်းပဲ ။ ကန့်လန်တိုက်တာကအစပဲ။ ဂိုဟယ်ဆောင်တစ်ယာက် ကင်မ်ထယ်ယောင်းကို သူ့အကျင့်အတိုင်းပုံတူမွေးပြီးထားခဲ့ပေးတယ် ထင်ရသည် ။

.....

"ဆင်းလေ "

Suit ၀ယ်ဖို့အတွက် ကင်မ်ထယ်ယောင်းနဲ့လိုက်သွားဆိုလို့ လိုက်လာခဲ့ရတာ ဒီလို ကိုးရီးယားရဲ့ နာမည်အကြီးဆုံး ဆိုင်ဆီကို ခေါ်လာမယ်လို့ မထင်မိပေ ။ကင်မ်ထယ်ယောင်းအတွက်က  ဘာမှမဖြစ်‌ပေမဲ့ သူ့အတွက်ကတော့ တစ်စုံတစုံသည် သူ့ကျောင်းစရိတ် နစ်၀က်စာလောက်ရှိလေသည်။ အဲထက်မပါတဲ့ ၀တ်စုံတွေလည်း သေချာပေါက်အများကြီး ရှိပါအုံးမယ် ။

" ဒီနေရာမဟုတ်ပဲ အခြားနေရာကိုပို့ပေးပါလား ?"

" ကျုပ်အပေါစားဆိုင်တွေဆီ မပို့ပေးနိင်ဘူး ၊ ဒီမှာပဲ ဆင်း "

" ငါတော့ အပေါစားပဲ၀တ်တယ်၊ ငါ့ဘာသာ တက္ကစီ စီးပြီးသွားမယ် "

" သွားရဲရင်သွားကြည့် ... "

ဒီနေ့ ကင်မ်ထယ်ယောင်းက အနီ‌
ရောင်လက်ရှည်နဲ့ ဂျင်းဘောင်းဘီအမဲအပွကို ၀တ်ထားတာမို့ အရင်နေ့ကထက် ပို၍ ထင်းလင်းနေလေသည်။ ပြီးတော့ ကားတစ်စီးက သူတို့ဘေးနားမှာ လာရပ်တော့ ဂျီမင်ကြည့်လိုက်သည်။ မင်ဟိုရဲ့ကား ...။

" မင်းက နောက်ကျလိုက်တာ "

" ဆောရီး ထယ်ယောင်း "

" မင်္ဂလာပါ ဂျီမင် "

" ဟုတ် "

  ဂျီမင်သည် တက္ကစီ စီးရမဲ့နေရာကို သွားဖို့ ခြေလှမ်းလှမ်းတော့

" ဘယ်သွားမှာလဲ ?"

" ကျစ် ..မင်းအလုပ်မင်းလုပ် ငါ့အလုပ်ငါလုပ်မယ် ၊ငါ့အဖေလို လာလုပ်မနေနဲ့ "

" ကျုပ်က ခင်ဗျားအဖေလုပ်စရာလား ...လုပ်ချင်လုပ် ခင်ဗျားလင် လုပ်မှာပါ့ "

" ဘာ...."

လက်ထဲမှာ ကိုင်ထားတဲ့ အိတ်နဲ့ ကင်မ်ထယ်ယောင်းမျက်နှာကို ကောက်ပစ်ရင်

" မင်းအိမ်မှာနေတယ်ဆိုပြီးတော့ လူကို ပြောချင်တာ ပြောလို့ရမယ်ထင်နေလား ?"

ကင်မ်ထယ်ယောင်းက လျင်သည်။ ဂျီမင်ပစ်လိုက်တဲ့အိတ်ကို  အမိအရပဲ လျင်မြန်စွာ ဖမ်းလိုက်သည်။ ပတ်ဂျီမင်တို့ ဘယ်လောက်တောင် ဒေါသထွက်နေလဲဆိုရင် မျက်နှာတစ်လုလုံးနီရဲပြီး လည်ပင်းကျောတွေတောင် ထောင်နေတဲ့အထိပင်။ 

" ကျုပ်အသားကိုထိရင် ခင်ဗျား .."

" ကဲ ...ဘာဖြစ်နေတာလဲ ..ကလေးလည်းမဟုတ်ကြဘူး ၊ မင်းလည်း တော်ယုံပဲလုပ် ၊ တော်ယုံပဲစ "

မင်ဟိုက ကင်မ်ထယ်ယောင်းကို သတိပေးလိုက်သည်။ ထယ်ယောင်းလက်ချောင်တွေနဲ့ ဆံပင်တွေကို ဆွဲဖွလိုက်ရင်

" မင်းက ဘာလိုစကားဖြတ်ပြောရတာလဲ ?"

" ကားလမ်းဘေးမှာ ရန်ဖြစ်ချင်လို့လား ကင်မ်ထယ်ယောင်း ..မင်းသူ့ကို သွားသွားရန်မစနဲ့ "

" ခင်ဗျားအခုချက်ချင်းအထဲကိုလိုက်ခဲ့ ..အခြားနေရာကိုသွားမယ်ဆိုရင် အဲအခြားနေရာ ပျတ်ဆီးကြေးကို ခင်ဗျားတာ၀န်ယူနိင်ရင်သွားပေါ့ "

" ကဲ ...၀င်ပါတော့ နစ်ယောက်သား ...တောင်းပန်ပါတယ် ကင်မ်ထယ်ယောင်းရယ် ..မင်းပဲအရင်၀င်လိုက်ပါ ဂျီမင်ကို ငါခေါ်ခဲ့ပါ့မယ် "

ကင်မ်ထယ်ယောင်းတစ်ယောက် သူ့လက်ထဲမျာရောက်နေတဲ့အိတ်ကိုပြန်မပေးပဲ အထဲကိုယူသွားလေသည်။ မင်ဟိုကတော့ ဂျီမင်အနားကို သွားပြီး

" ငါ့အိတ် .."

" ကျွန်တော့်သူငယ်ချင်းက ရိုင်းတာမို့ ကျွန်တော်ကပဲ တောင်းပန်ပါတယ် ၊ သူ့က ဂျီမင့်ကို တအားစချင်တာပါ "

" စရအောင် သူ့သူငယ်ချင်းလည်းမဟုတ်ဘူး ၊ ရင်းနှီးတဲ့လူတွေလည်းမဟုတ်ဘူး "

" ဂျီမင်ဘက်က အဲလိုတွေးနိင်ပေမဲ့ ကင်မ်ထယ်ယောင်းက ရင်းနှီးတဲ့လူတွေကိုပဲ စတာပါ ၊ သူ့ကို ဘယ်သူကမှ ဒီလိုရန်ပြန်ဖြစ်နေတာကို မခံရဘူးတော့ အထူးအဆန်းဖြစ်ပြီး ဂျီမင့်ကို လိုက်စနေတာပါ "

ဂျီမင်ပြန်မပြောချင်တော့ပါ ။ ဒီလိုမျိုး ဘယ်သူက စမှာလဲ ? ။ အနိင်ယူချင်တာ ။ သူ့အိမ်မှာ နေတယ်ဆိုပြီး အနိင်ယူချင်တာ။ အနိင်ကျင့်ချင်တာ ။

" နောက်ပြီး သူ့ရဲ့အချစ်ဦးနဲ့ ဂျီမင်နဲ့က တော်တော်တူတယ် "

" ဟမ် ..!!"

"  အချစ်ဦး "။ ကင်မ်ထယ်ယောင်းလို လူမှာ အချစ်ဦးဆိုတာ ရှိတာလား ? ။
တွေ့ကရာလူနဲ့ လိုက်အိပ်တက်တယ်ဆိုတော့ အချစ်ရှိတဲ့လူလို့မမြင်မိတာ အမှန်ပေ ။

" အသားဖြူတာရယ် ..ဒေါသထွက်ရင် ချစ်ဖို့ကောင်းတာရယ် ၊ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်ရယ် "

" အဲတာ င့ါနဲ့ဘာဆိုင်လို့လဲ ?"

" တူတာကို ပြောပြတာပါ ၊ ကင်မ်ထယ်ယောင်းက ဂျီမင်ကိုဒီအတိုင်း စတာပဲနေမှာပါ "

" စတာမဟုတ်ဘူး "

" ကင်မ်ထယ်ယောင်းကို လွှတ်ထားလိုက် ၊ အန်ကယ်က ဂျီမင်ကို ဒီဆိုင်မှာပဲ ၀ယ်ပေးပါတဲ့ ၊ ဂျီမင်ပေးထားတဲ့ ဒီဇိုင်းအတွက် ထုတ်ကုန်အသစ်လုပ်နေပြီးလေ ..ဒီအတွက် ဒီဇိုင်းနာက ဒါတွေကိုပဲ ၀တ်ရမှာပါ "

" ထုတ်ကုန်အသစ် "

" မသိသေးဘူးလား ..ဪ ဟုတ်သားပဲ ..‌ဒီနေ့မှ ပြောပြမှာပေါ့ ကျွန်တော်အရင်ပြောမိသွားတာပဲ ၊ နောက်နစ်ရဲ့ နစ်စပိုင်းမှာ ထုတ်ဖို့ လုပ်နေပြီးလေ ၊ ဂျီမင်တို့တော့ နာမည်ကြီးပြီးပဲ "

ကင်မ်ထယ်ယောင်းကို ဒေါသထွက်နေတဲ့စိတ်သည် မင်ဟိုရဲ့စကားကြောင့် ချုပ်ငြိမ်းပေးသွားလေသည်။ သူ့အိမ်မက်တွေ တကယ်ဖြစ်လာတာပဲ ။

" ကဲ ဒီနေ့ညအတွက် အောင်ပွဲခံဖို့အတွက် အထဲကို၀င်ပြီး ၀တ်စုံရွေးရအောင် ၊ ကျွန်တော်တို့သုံးယောက်လုံးအတွက် အန်ကယ်ကပဲ ရှင်းပေးမှာပါ "

" မင်ဟိုရော အန်ကယ်တို့ဆီမှာ အလုပ်လုပ်တာလား ..?"

" အင်း ..လုပ်တယ် ၊ ကင်မ်ထယ်ယောင်းကိုကြည့်ရတဲ့အလုပ်ပေါ့ ၊ လခတော့ ရှယ် ကောင်းတယ် "

" ဟင့် ..."

ဂျီမင်က မယုံသလိုနဲ့ မင်ဟိုကို ပြန်ကြည့်တော့

" တကယ်ပြောတာပါ ၊ ကင်မ်ထယ်ယောင်းက ဟယ်ဆောင်လုပ်ငန်းစုအတွက် အဖိုးတန်ဆုံးလေ "

နစ်ယောက်သား စကားတပြောပြောနဲ့ အထဲကို၀င်လာတော့ ကင်မ်ထယ်ယောင်း ခြေချိတ်ထိုင်ရင် နစ်ယောက်သားကို ခပ်တည်တည်နဲ့ ကြည့်လေသည်။

" ရွေး ..."

ဂျီမင် ၀တ်စုံပြည့်ကို ၀တ်လေ့ရှိသူမဟုတ်ပါ ။  ဒါကြောင့် သူနဲ့လိုက်မလိုက်ဆိုတာလည်းမသိ ။ အပြာရောင် ရွေးလိုက်ရမလား ?။ မျက်လုံးထဲမှာတော့ အပြာရောင်က အအေးချမ်းဆုံးပဲ ။

" ဒီအပြာလေး..."

" အနီရောင် ပေးလိုက် "

၀န်ထမ်းကောင်မလေးက ဂျီမင်ပြတဲ့အပြာရောင်ကို ယူမလိုလုပ်တော့ ကင်မ်ထယ်ယောင်းရဲ့အသံကိုကြားတော့အနီရောင်ကို ပြလေသည်။

" အစ်ကို့ကို အပြာရောင်ပဲ ပေးပါ "

" အနီရောင်ပဲ ပေးလိုက် "

" အစ်ကိုအနီရောင်ပဲရွေးသင့်တယ် အစ်ကိုအသားက ဖြူပြီးကြည်နေတော့ အနီရောင်ကိုရွေးရင် အစ်ကိုက ထင်းနေမှာပါ "

" ဟုတ်တယ် ဂျီမင် မင်းနဲ့အနီနဲ့လိုက်တယ် "

မင်ဟိုပါ ၀က်ထောက်ခံတော့ ဂျီမင်လည်း အနီရောင်ကို ရွေးလိုက်သည်။ ကင်မ်ထယ်ယောင်းကတော့ ဘာအရောင်ရွေးလဲမသိသလို စိတ်လည်းမ၀င်စားပါ ။ အဖေ့ဆီက ဖုန်းလာတာကြောင့် ဖုန်းသာပြောနေမိသည်။

" တိုက်ခန်းမှာပြောင်းနေမယ်ဆို သား "

" ဟုတ်တယ်အဖေ ..ကျောင်းနဲ့လည်းနီးတယ်လေ ၊ သားလည်း အေးဆေးနေချင်လို့ "

" ကင်မ်ထယ်ယောင်းနဲ့အဆင်မပြေလို့လား ?"

သူ့နဲ့ ခပ်ဝေးဝေးကလူကိုတစ်ချက်ကြည့်ပြီး

" မဟုတ်ပါဘူး ၊ သူများအိမ်မှာနေရတာ အားနာစရာကြီးလေအဖေ ၊ သားဘာသာလည်း အဆင်ပြေနေတာပဲဆိုတော့ "

" အဖေကတော့ ဒီမှာပဲနေစေချင်တယ် ၊ လူတွေအကြောင်းကို သားကောင်းကောင်းသိတာမဟုတ်ဘူး "

လူတွေအကြောင်းကို သူကောင်းကောင်းမသိပေမဲ့ ကင်မ်ထယ်ယောင်းနဲ့တစ်အိမ်ထဲ နေရတာက ပို၍ အဆင်မပြေပေ။ ဒီအတိုင်းဆက်သွားနေရင် မုန်းစရာကိစ္စတွေပဲ ဖြစ်သွားလိမ့်မယ် ။

" အဖေ .."

" အေးလေ ..သားက အသက်ပြည့်သွားပြီးပဲ အဖမပိုင်တော့ဘူးပဲ "

အဖေ့စကားကို မငြင်းဆန်ဖူးတဲ့ သူ့အတွက် အဖေ့ရဲ့စကားသံကြောင့် စိတ်မကောင်းဖြစ်ရသည်။

" သားအသက်ပြည့်ပြီးအဖေ ၊ ဒါတစ်ခုလေးပဲခွင့်ပြုပေးပါ ၊ ကျန်တာ အဖေဘာပြောပြော လိုက်နာပြီး လက်ခံပေးပါ့မယ်  "

" ....."'

အဖေ့ဘက်က တိတ်ဆိတ်သွားတော့ ဂျီမင်လည်းစိတ်ညစ်သွားသည်။ ဘာလို အဖေက ဒီအိမ်မှာပဲ နေခိုင်းသလဲဆိုတာကို သူနားမလည်တော့ပါ ။ သူတို့အဆင့်ကလည်း အရမ်းချမ်းသာတဲ့အဆင့်မဟုတ်ပေမဲ့  သူများအိမ်မှာနေရမဲ့အဆင့်မျိုးလည်းမဟုတ်ချေ ။

" မင်ဟို အပြာရောင်ပါ ယူပေးလိုက် "

ဂျီမင်ဖုန်းထွက်ပြောနေတော့ ကင်မ်ထယ်ယောင်းကပဲ မင်ဟိုကို ပြောပြီး အပြာရောင်ကို ယူခိုင်းလိုက်သည်။ ။

" ငါ့ကိုပါ ၀ယ်ပေး "

" ငါမပြောပဲ မင်းကယူမှာပဲကို "

မင်ဟိုက စပ်ဖြီးဖြီးလုပ်နေလေသည်။ ကင်မ်ထယ်ယောင်းကတော့ သူ့စိတ်ကြိုက်ကို တစ်ထည်ပြီးတစ်ထည် ရွေးနေလေသည်။


.....

ဟယ်ဆောင်လုပ်ငန်းစုက ရှယ်ယာရှင်တွေအားလုံးလည်း လာကြတာမို့ ဂျီမင်နည်းနည်းတော့ လန့်သည်။  ဟယ်ဆောင်လုပ်ငန်းစုရဲ့အသိုင်းအဝိုင်းကလည်း  တော်ယုံအဆင့်နဒ့ ၀င်မရချေ   ။ ဟယ်ဆောင်လုပ်ငန်းစုရဲ့ နစ်ပတ်လည်ပွဲဖြစ်တာကြောင့် မီဒီယာသမားတွေလည်း များပြားသည်။ ဒီအထဲမှာ သူသိတာဆိုလို လူသုံးယောက်သား ရှိလေသည်။ မင်ဟိုရယ် ၊ အန်ကယ်ရယ် ၊ ဟိုအရိုင်းအစိုင်းရယ်ပေါ့ ။ ကင်မ်ထယ်ယောင်းက လူကြီးတွေကို လိုက်နူတ်ဆက်နေပေမဲ့ သူကတော့ ဒီအတိုင်း ထောင့်မှာသာ ကပ်နေလေသည်။ ပြီးတော့ ဒီအနီရောင်၀တ်စုံကလည်း သူ့အတွက် အဆင်မပြေသလိုခံစားရသည်။

" လိုက်ခဲ့ "

ကင်မ်ထယ်ယောင်း သူ့လက်ကိုလာဆွဲတဲ့အချိန် သူ့လက်ကိုဆွဲထားတဲ့ ကင်မ်ထယ်ယောင်းလက်ကို ပြန်ကိုင်ရင်

" ဘာလဲ..ဘယ်လဲ ..?"

" လိုက်ခဲ့ရင် သိမယ် "

အမြဲတမ်း စကားနဲ့ပဲအနိင်ယူတက်တဲ့လူက ဒီတစ်ခါ လက်ကိုလာဆွဲပြီး ခေါ်တာကြောင့် လန့်တော့လန့်ပေမဲ့ စတဲ့ပုံမဟုတ်တာကြောင့် အေးအေးဆေးဆေးပဲ လိုက်သွားလိုက်သည်။ပြီးတော့ ဒိနေရာမျိုးမှာ စကားပြိုင်လုပြီးပြောလို့လည်းမရချေ ။  ဒီလကုန်ရင်လည်း သူတိုက်ခန်းပြောင်းနေတော့မှာ ဖြစ်တာကြောင့်မသွားခင်အချိန်လေးမှာ ကင်မ်ထယ်ယောင်းနဲ့အဆင်ပြေပြေနေသွားချင်သည်  ။

Lite ကနေမဆင်းပဲ ၀န်ထမ်းတွေသွားတဲ့ လှေကားထစ်ကနေ ခေါ်လာပြီး

" ဘယ်လဲ ?"

" လက်က ဘာဖြစ်နေတာလဲ ?"

သူ့အင်္ကျီလက်ကိုဆွဲတင်ပြီးကြည့်သည်။  ဘာလို သူလက်ကောက်၀တ်က အခုမှ နာရတာလဲ ? ။ အစောက ဝိတ်တာကိုရှောင်ရင် သူပြုတ်ကျသွားတာပဲ ။ ဒါကို ကင်မ်ထယ်ယောင်း ဘယ်လိုသိလဲ ? ။

" အာ..."

ဂျီမင် ဘာလိုသိတာလဲဆိုပြီး မျက်လုံးတွေနဲ့ မေးမြန်းနေတော့

" ကျုပ်က ခင်ဗျားကိစ္စ မသိဘူး ၊ ကျုပ်ဒယ်ဒီက တွေ့လို့ကျုပ်ကို ခိုင်းလိုက်တာ ၊ ခင်ဗျားက ကလေးလား ..နမော်န‌မဲ့နဲ့ ဒါတောင် တိုက်ခန်းမှာပြောင်းနေအုံးမယ် "

" ငါ့ကိုဆရာလာလုပ်ဖို့ဆိုရင် သွားလိုက်တော့ "

သူ့လက်ကို ပြန်ရုန်းတော့ မလွှတ်ပေးချေ ။

" ငြိမ်ငြိမ်နေ ...ခနနေဒေါက်တာ လွှတ်လိုက်မယ် "

ထူးထူးဆန်းဆန်း  ကင်မ်ထယ်ယောင်းဆီက ရန်စတဲ့စကားတွေ ကြားရတာမဟုတ်တော့ နည်းနည်းတော့ လန့်သည်။ အနက်ရောင် ၀တ်စုံပြည့်နဲ့ Blonde hair နဲ့ အလယ်ခွဲပြီး သတ်တင်ထားသည်။ တည်ငြိမ်နေပုံက
ကင်မ်ထယ်ယောင်းနဲ့ တော်တော်လိုက်သည် ။

" ငါ့ကိုတစ်ယောက်ယောက်နဲ့ တူတယ်ဆိုပြီး မင်းရန်လိုက်စနေတာမလား ?"

" တစ်ယောက်ယောက် ...!!"

" မင်းရဲ့ ရည်းစားဟောင်းနဲ့ "


ကင်မ်ထယ်ယောင်းနဲ့အလိုမကျစွာနဲ့ ပတ်ဂျီမင်ကိုကြည့်သည်။

" ကျုပ်အကြာင်း ခင်ဗျားသိလို့လား ?"

" မသိဘူး .."

" မသိပဲ ဘာလိုလာပြောနေတာလဲ ...ခင်ဗျားကို ပြောပြချင်စိတ်မရှိဘူး "

" ငါမင်းအကြာင်းကို သိချင်နေတာမဟုတ်ဘူး ၊ မင်းရဲ့ရည်းစားဟောင်းထားခဲ့တာကိုခံရပြီး တူတဲ့ငါ့ကို ပြသာနာလာရှာနေတာက အကြောင်း "

ဂျီမင်စကားကြောင့် ကင်မ်ထယ်ယောင်းပြုံးလိုက်သည်။ စတာက စတာပေါ့။  ဘယ်သူနဲ့ တူတယ်က ရှိမလား ? ။

" ကျုပ်ရည်းစားဟောင်းနဲ့တူတယ်ပြောရင် ခင်‌ဗျားကကျုပ်ရည်းစား လုပ်ပေးဖို့လား ?"

" ရူးနေလို့လား  ငါမင်းကို ကြိုက်ရအောင် "

ဘယ်သတ္တိနဲ့များ လာပြောနေတာပါလိမ့် ? ။ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတယ် ။ တွေ့သမျှလူကို သူ့ကိုပဲ ကြိုက်လိမ့်မယ်လို့ ထင်နေတာလား ? ။


" ကောင်းတယ် ၊ ကျုပ်လည်း ခင်ဗျားလို
ငတုံးကိုမကြိုက်ဘူး "

" ကောင်းတယ် ၊ ငါနဲ့ ဝေးဝေးနေရင် ‌ပို‌ တောင်ကောင်းတယ် "

" အို ...ကျုပ်က အမြဲဆန့်ကျင်ဘက်ကိုပဲ ရွေးတက်တဲ့လူ ၊ ဘယ်လိုလုပ်မလဲ ?"

" သေလိုက် "

အိမ်ကဒေါက်တာကို တွေ့တာနဲ့ ဂျီမင်ဒေါက်တာဆီကိုသွားလိုက်သည်။ ကင်မ်ထယ်ယောင်းကတော့ ထိုနေရာမှာပဲ ရပ်နေပြီး ဆေးလိပ်သောက်ဖို့အတွက် ကျန်‌ခဲ့လေသည်။

ရုတ်တရက် ဖုန်းလာလို့ ဖုန်းနံပါတ်ကြည့်လိုက်တော့ ကင်မ်ထယ်ယောင်း မျက်ခုံးတွေ တွန့်ကြေသွားလသည်။ ဖုန်း စခရင်ကို အကြာကြီး ကြည့်နေလိုက်မိသည်။ ထိုဖုန်းနံပါတ်ခေါ်နေတာကိုတော့ မကိုင်မိချေ။ အဘယ်ကြောင့်ဆိုသော် ထိုဖုန်းနံပါတ် ပိုင်ရှင်သည် လီယွန်းဝူဖြစ်နေလို့ပင် ဖြစ်လေသည်။


( comments တွေကို ပြန်ဖို့စာရိုက်လို့မရဘူး ဖြစ်နေတယ် ။  ဒါကြောင့်မို့ emoji တွေနဲ့ပဲ ပြန်နေတာပါ ၊ ဘာကြောင့် စာပြန်မရလဲဆိုတော့ အမလည်းမသိဘူး ၊ Wattpad ကိုupdate လည်း တင်ထားပါတယ်  )

Zawgyi





" သား ..သက္သာလား ေက်ာက "

ဒဏ္ရာကို ကုေနတာ ဒီေန႕ပါဆို တစ္ပတ္ေလာက္ရွိၿပီးျဖစ္သည္။  လက္က ပတ္တီးကိုေတာ့ ျဖဳတ္လိုက္ေပမဲ့ အမာ႐ႊတ္ေတြကေတာ့ ရွိေနေသးသည္။

" သက္သာပါတယ္ ..."

" ေအး ..ဒါပမဲ့လည္း ဒယ္ဒီကေတာ့သားကို ဆိုင္ကယ္ေမာင္းခြင့္မေပးနိင္ေသးဘူး "

" ဒယ္ဒီကလဲ .."

ဆိုင္ကယ္မေမာင္းရဘူးေျပာတာနဲ႕ စားေနတဲ့ဇြန္းကို ခပ္ျပင္းျပင္းခ်လိဳက္သည္။ မနက္စာ စားတိုင္း ဒီသားအဖနစ္ေယာက္ ရန္ျဖစ္တက္သည္။ ဒီအိမ္မွာ ေနတာၾကာလာေတာ့လည္း ဂ်ီမင္အေၾကာင္းသိလာေလသည္။ ကင္မ္ထယ္ေယာင္းက အၿမဲအန္ကယ္နဲ႕ ဆန႔္က်င္ဘက္ကို ေ႐ြးတက္တယ္။  အၿမဲတမ္းနီးပါး အန္ကယ္က လိုက္ေလ်ာေပးမဲ့ ကင္မ္ထယ္ေယာင္း အႏၲရာယ္ျဖစ္မဲ့ ကိစၥမ်ိဳးေတြဆို  မရမက တားတက္သည္။ ေနာက္ၿပီး ကင္မ္ထယ္ေယာင္းနဲ႕ရန္ဘက္ျဖစ္ေအာင္ ေနလို႔မရေခ်။ ထိုအခါ တစ္ဖက္လူအတြက္ ေရဆုံးေျမဆုံး ဒုကၡေပးတက္မွန္းကို သူ႕ကိုၾကည့္ၿပီး ပို၍ သိလာေလသည္။ သူပုံမွန္ဆို ေတာ္ေတာ္သည္းခံနိင္တဲ့အထဲပါေပမဲ့ ကင္မ္ထယ္ေယာင္းနဲ႕ေတြ႕ေတာ့ ထိုသို႔ ဟုတ္မေနေခ်။ 

" ဂ်ီမင္တို႔အိမ္ကို ဒီအပတ္သြားမယ္ သားပါ လိုက္ခဲ့ "

" ဗ်ာ ..ဒယ္ဒီ.."

" အန္ကယ္ "

အန္ကယ့္ရဲ႕အေျပာေၾကာင့္ ကင္မ္ထယ္ေယာင္းေရာ ဂ်ီမင္ေရာပါ အံ့ဩသြားေလသည္။ ဂ်ီမင္ဖိတ္တာက အန္ကယ့္ကိုပဲ ကင္မ္ထယ္ေယာင္းမပါေခ်။

" ဘာလို ဟယ္ဆန္းထိသြားရမွာလဲ ..သားေတာ့မသြားနိင္ဘူး ၊ ေတြ႕ခ်င္ရင္ လာေပါ့ "

" ယဥ္ေက်းမူရွိစမ္းပါ ကင္မ္ထယ္ေယာင္း ..သူ႕သားက မင္ရဲ႕မ်က္ႏွာခ်င္းမွာထိုင္ေနတာ "

" ရွိေတာ့လည္း ဘာလုပ္ရမလဲ ..ေတြ႕ခ်င္တဲ့လူက လာေပါ့ "

" ကင္မ္ထယ္ေယာင္း "

သူ႕အေဖနဲ႕ပတ္သက္ရင္ ကင္မ္ထယ္ေယာင္းက နည္းနည္းေတာ့ အိုဗာျဖစ္လြန္းတယ္။ သူ႕အေဖကိုေတာင္ ျမင္ဖူးလို႔လား ? ။ ဟိုတစ္ခါကလည္း သူ႕အေဖကို မထီမဲ့ျမင္စကားေျပာသည္။

" ရပါတယ္ အန္ကယ္ ၊ ကြၽန္ေတာ္လည္း အန္ကယ့္ကိုပဲ ဖိတ္တာပါ ၊ သူ႕ကို မဟုတ္ပါဘူး "

ဂ်ီမင့္ရဲ႕အေျပာေၾကာင့္ ကင္မ္ထယ္ေယာင္းရဲ႕ဒယ္ဒီလည္း ဘာေျပာရမယ္မွန္းမသိေတာ့သလို ကင္မ္ထယ္ေယာင္း ခုံေနာက္ကို မွီလိုက္ၿပီး ဂ်ီမင့္ကိုၾကည့္သည္ ။

" ဒီအိမ္မွာ ေနတာၾကာေနၿပီး ဘာလိုနစ္ေယာက္သားမတည့္ၾကေသးတာလဲ ?"

" ဟုတ္လား ..ခင္ဗ်ားအ‌ေဖကေတာ့ က်ဳပ္ကိုလာ ေစခ်င္တာ ေသေတာ့မလိုပဲ "

" ငါ့အေဖက ..ဘာလိုမင္းကို "

" ကဲ ေတာ္ေတာ္..မနက္ျဖန္ တဘက္ခါပဲ ေက်ာင္းၿပီးၾကေတာ့မယ္ မရင့္က်တ္ၾကေသးဘူးလား ..နစ္ေယာက္လုံး သြားေတာ့ "

" ဒယ္ဒီ ဘယ္ေန႕သြားမလဲ ?"

" ေဟး ..."

" သြားတဲ့ေန႕ေရာက္ရင္ေျပာလိုက္ ဒယ္ဒီ ၊ မျဖစ္မေန သြားေပးမယ္ "

" လိုက္စရာမလိုဘူး "

ဂ်ီမင္ထပ္ေျပာေတာ့ ကင္မ္ထယ္ေယာင္းက ထိုင္ေနတဲ့ေနရာက ႐ုတ္တရက္ထရပ္လိုက္ရင္

" ကဲ..နစ္ေယာက္သား ဘာျဖစ္ေနတာလဲ ...မင္းတို႔အေရွ႕မွာ ငါရွိေသးတယ္ ၊ ငါမေသေသးဘူး ၊ ေလးစားမူ ရွိၾကစမ္း "

ကင္မ္ထယ္ေယာင္းရဲ႕ဒယ္ဒီသည္ စာပြဲကို လက္ျဖင့္ ခပ္ၾကမ္းၾကမ္းရိုက္လိုက္ၿပီး နစ္ေယာက္သားကို တားလိုက္သည္။ 

" ေတာင္းပန္ပါတယ္ အန္ကယ္ "

" သြားၾကေတာ့ "

ဂ်ီမင္အရင္ထြက္သြားလိုက္ၿပီး ကင္မ္ထ‌ယ္ယာင္းက ေနာက္က လိုက္သြားေတာ့

" ဟိုေကာင္...ဒူးနာၿပီးရထားတဲ့ေကာင္ မင္းက ဘာလိုမေတာင္းပန္တာလဲ ?"

" ဘာကို ေတာင္းပန္ရမွာလဲ ..သားေျပာတာ အမွန္ပဲေလ ၊ ဒယ္ဒီလည္း သိတာပဲ "

" ေတာ္တိတ္..အေဖထက္သားတစ္လမႀကီးနဲ႕ ၊ ငါက ဒါဆိုဒါလိုက္ ၊ ဟိုဟာဆို ဟိုဟာလိုက္ ၊ ကန႔္လန္တိုက္ရေအာင္ မင္းနဲ႕ငါက ပါတီနစ္ခုက မဟုတ္ဘူး "

" နားညီးတယ္ ဒယ္ဒီရာ...."

" ဒီေကာင္ေတာ့ .. ေမြးရက်ိဳးလည္းမနပ္၊ ဒူးနာရက်ိဳးလည္းမနပ္ "

" ဒူးနာတုန္းကက် ဒယ္ဒီတို႔ သာယာေနခဲ့ၿပီးေတာ့ "

" ပိတ္စမ္း ..."

ဒီတစ္ေယာက္ထဲေမြးထားလို႔ မနိင္တာ ။ ေလးငါးေယာက္သာ ေမြးလို႔ကေတာ့ သူ႕ေသမွာပဲ ။သားက အလုပ္လုပ္ခ်င္စိတ္ေလးရွိတာနဲ႕ ၊ သူ႕လို ႐ုပ္ေခ်ာေနတာက သူနဲ႕သိပ္တူတယ္ ။ ဒါကေတာ့ ေကာင္းတဲ့အရာေပါ့ က်န္တာကေတာ့ သူ႕မာမီနဲ႕တူလို႔ျဖစ္ပါလိမ့္မည္။ ဟုတ္မွာပါ ဘာလိုဆို သားရဲ႕မာမီကို ပထမဆုံးစေတြ႕ေတြ႕ခ်င္းတုန္းက လမ္းေဘးတီးဝိုင္းအဖြဲ႕မွာ သီခ်င္းဆိုေလသည္။ ထိုေခတ္က မိန္းခေလးက တီးဝိုင္းနဲ႕ဆိုတာမို႔ အျမင္ေတြ သိပ္မၾကည္ၾကေပမဲ့ သူ႕အမ်ိဳးသမီးေလးကေတာ့ သူ႕မ်က္လုံးထဲမွာ မိုက္ကိုကိုင္ထားၿပီး သီခ်င္းဆိုတဲ့အခ်ိန္သည္ အလွဆုံးအခ်ိန္ျဖစ္ေလသည္ ။ သားရဲ႕မာမီ ေခါင္းမာမူကလည္း သားအတိုင္းပဲ ။ ကန႔္လန္တိုက္တာကအစပဲ။ ဂိုဟယ္ေဆာင္တစ္ယာက္ ကင္မ္ထယ္ေယာင္းကို သူ႕အက်င့္အတိုင္းပုံတူေမြးၿပီးထားခဲ့ေပးတယ္ ထင္ရသည္ ။

.....

"ဆင္းေလ "

Suit ၀ယ္ဖို႔အတြက္ ကင္မ္ထယ္ေယာင္းနဲ႕လိုက္သြားဆိုလို႔ လိုက္လာခဲ့ရတာ ဒီလို ကိုးရီးယားရဲ႕ နာမည္အႀကီးဆုံး ဆိုင္ဆီကို ေခၚလာမယ္လို႔ မထင္မိေပ ။ကင္မ္ထယ္ေယာင္းအတြက္က  ဘာမွမျဖစ္‌ေပမဲ့ သူ႕အတြက္ကေတာ့ တစ္စုံတစုံသည္ သူ႕ေက်ာင္းစရိတ္ နစ္၀က္စာေလာက္ရွိေလသည္။ အဲထက္မပါတဲ့ ၀တ္စုံေတြလည္း ေသခ်ာေပါက္အမ်ားႀကီး ရွိပါအုံးမယ္ ။

" ဒီေနရာမဟုတ္ပဲ အျခားေနရာကိုပို႔ေပးပါလား ?"

" က်ဳပ္အေပါစားဆိုင္ေတြဆီ မပို႔ေပးနိင္ဘူး ၊ ဒီမွာပဲ ဆင္း "

" ငါေတာ့ အေပါစားပဲ၀တ္တယ္၊ ငါ့ဘာသာ တကၠစီ စီးၿပီးသြားမယ္ "

" သြားရဲရင္သြားၾကည့္ ... "

ဒီေန႕ ကင္မ္ထယ္ေယာင္းက အနီ‌
ေရာင္လက္ရွည္နဲ႕ ဂ်င္းေဘာင္းဘီအမဲအပြကို ၀တ္ထားတာမို႔ အရင္ေန႕ကထက္ ပို၍ ထင္းလင္းေနေလသည္။ ၿပီးေတာ့ ကားတစ္စီးက သူတို႔ေဘးနားမွာ လာရပ္ေတာ့ ဂ်ီမင္ၾကည့္လိုက္သည္။ မင္ဟိုရဲ႕ကား ...။

" မင္းက ေနာက္က်လိဳက္တာ "

" ေဆာရီး ထယ္ေယာင္း "

" မဂၤလာပါ ဂ်ီမင္ "

" ဟုတ္ "

  ဂ်ီမင္သည္ တကၠစီ စီးရမဲ့ေနရာကို သြားဖို႔ ေျခလွမ္းလွမ္းေတာ့

" ဘယ္သြားမွာလဲ ?"

" က်စ္ ..မင္းအလုပ္မင္းလုပ္ ငါ့အလုပ္ငါလုပ္မယ္ ၊ငါ့အေဖလို လာလုပ္မေနနဲ႕ "

" က်ဳပ္က ခင္ဗ်ားအေဖလုပ္စရာလား ...လုပ္ခ်င္လုပ္ ခင္ဗ်ားလင္ လုပ္မွာပါ့ "

" ဘာ...."

လက္ထဲမွာ ကိုင္ထားတဲ့ အိတ္နဲ႕ ကင္မ္ထယ္ေယာင္းမ်က္ႏွာကို ေကာက္ပစ္ရင္

" မင္းအိမ္မွာေနတယ္ဆိုၿပီးေတာ့ လူကို ေျပာခ်င္တာ ေျပာလို႔ရမယ္ထင္ေနလား ?"

ကင္မ္ထယ္ေယာင္းက လ်င္သည္။ ဂ်ီမင္ပစ္လိုက္တဲ့အိတ္ကို  အမိအရပဲ လ်င္ျမန္စြာ ဖမ္းလိုက္သည္။ ပတ္ဂ်ီမင္တို႔ ဘယ္ေလာက္ေတာင္ ေဒါသထြက္ေနလဲဆိုရင္ မ်က္ႏွာတစ္လုလုံးနီရဲၿပီး လည္ပင္းေက်ာေတြေတာင္ ေထာင္ေနတဲ့အထိပင္။ 

" က်ဳပ္အသားကိုထိရင္ ခင္ဗ်ား .."

" ကဲ ...ဘာျဖစ္ေနတာလဲ ..ကေလးလည္းမဟုတ္ၾကဘူး ၊ မင္းလည္း ေတာ္ယုံပဲလုပ္ ၊ ေတာ္ယုံပဲစ "

မင္ဟိုက ကင္မ္ထယ္ေယာင္းကို သတိေပးလိုက္သည္။ ထယ္ေယာင္းလက္ေခ်ာင္ေတြနဲ႕ ဆံပင္ေတြကို ဆြဲဖြလိုက္ရင္

" မင္းက ဘာလိုစကားျဖတ္ေျပာရတာလဲ ?"

" ကားလမ္းေဘးမွာ ရန္ျဖစ္ခ်င္လို႔လား ကင္မ္ထယ္ေယာင္း ..မင္းသူ႕ကို သြားသြားရန္မစနဲ႕ "

" ခင္ဗ်ားအခုခ်က္ခ်င္းအထဲကိုလိုက္ခဲ့ ..အျခားေနရာကိုသြားမယ္ဆိုရင္ အဲအျခားေနရာ ပ်တ္ဆီးေၾကးကို ခင္ဗ်ားတာ၀န္ယူနိင္ရင္သြားေပါ့ "

" ကဲ ...၀င္ပါေတာ့ နစ္ေယာက္သား ...ေတာင္းပန္ပါတယ္ ကင္မ္ထယ္ေယာင္းရယ္ ..မင္းပဲအရင္၀င္လိုက္ပါ ဂ်ီမင္ကို ငါေခၚခဲ့ပါ့မယ္ "

ကင္မ္ထယ္ေယာင္းတစ္ေယာက္ သူ႕လက္ထဲမ်ာေရာက္ေနတဲ့အိတ္ကိုျပန္မေပးပဲ အထဲကိုယူသြားေလသည္။ မင္ဟိုကေတာ့ ဂ်ီမင္အနားကို သြားၿပီး

" ငါ့အိတ္ .."

" ကြၽန္ေတာ့္သူငယ္ခ်င္းက ရိုင္းတာမို႔ ကြၽန္ေတာ္ကပဲ ေတာင္းပန္ပါတယ္ ၊ သူ႕က ဂ်ီမင့္ကို တအားစခ်င္တာပါ "

" စရေအာင္ သူ႕သူငယ္ခ်င္းလည္းမဟုတ္ဘူး ၊ ရင္းႏွီးတဲ့လူေတြလည္းမဟုတ္ဘူး "

" ဂ်ီမင္ဘက္က အဲလိုေတြးနိင္ေပမဲ့ ကင္မ္ထယ္ေယာင္းက ရင္းႏွီးတဲ့လူေတြကိုပဲ စတာပါ ၊ သူ႕ကို ဘယ္သူကမွ ဒီလိုရန္ျပန္ျဖစ္ေနတာကို မခံရဘူးေတာ့ အထူးအဆန္းျဖစ္ၿပီး ဂ်ီမင့္ကို လိုက္စေနတာပါ "

ဂ်ီမင္ျပန္မေျပာခ်င္ေတာ့ပါ ။ ဒီလိုမ်ိဳး ဘယ္သူက စမွာလဲ ? ။ အနိင္ယူခ်င္တာ ။ သူ႕အိမ္မွာ ေနတယ္ဆိုၿပီး အနိင္ယူခ်င္တာ။ အနိင္က်င့္ခ်င္တာ ။

" ေနာက္ၿပီး သူ႕ရဲ႕အခ်စ္ဦးနဲ႕ ဂ်ီမင္နဲ႕က ေတာ္ေတာ္တူတယ္ "

" ဟမ္ ..!!"

"  အခ်စ္ဦး "။ ကင္မ္ထယ္ေယာင္းလို လူမွာ အခ်စ္ဦးဆိုတာ ရွိတာလား ? ။
ေတြ႕ကရာလူနဲ႕ လိုက္အိပ္တက္တယ္ဆိုေတာ့ အခ်စ္ရွိတဲ့လူလို႔မျမင္မိတာ အမွန္ေပ ။

" အသားျဖဴတာရယ္ ..ေဒါသထြက္ရင္ ခ်စ္ဖို႔ေကာင္းတာရယ္ ၊ အရပ္အေမာင္းနဲ႕ ခႏၶာကိုယ္ရယ္ "

" အဲတာ င့ါနဲ႕ဘာဆိုင္လို႔လဲ ?"

" တူတာကို ေျပာျပတာပါ ၊ ကင္မ္ထယ္ေယာင္းက ဂ်ီမင္ကိုဒီအတိုင္း စတာပဲေနမွာပါ "

" စတာမဟုတ္ဘူး "

" ကင္မ္ထယ္ေယာင္းကို လႊတ္ထားလိုက္ ၊ အန္ကယ္က ဂ်ီမင္ကို ဒီဆိုင္မွာပဲ ၀ယ္ေပးပါတဲ့ ၊ ဂ်ီမင္ေပးထားတဲ့ ဒီဇိုင္းအတြက္ ထုတ္ကုန္အသစ္လုပ္ေနၿပီးေလ ..ဒီအတြက္ ဒီဇိုင္းနာက ဒါေတြကိုပဲ ၀တ္ရမွာပါ "

" ထုတ္ကုန္အသစ္ "

" မသိေသးဘူးလား ..ဪ ဟုတ္သားပဲ ..‌ဒီေန႕မွ ေျပာျပမွာေပါ့ ကြၽန္ေတာ္အရင္ေျပာမိသြားတာပဲ ၊ ေနာက္နစ္ရဲ႕ နစ္စပိုင္းမွာ ထုတ္ဖို႔ လုပ္ေနၿပီးေလ ၊ ဂ်ီမင္တို႔ေတာ့ နာမည္ႀကီးၿပီးပဲ "

ကင္မ္ထယ္ေယာင္းကို ေဒါသထြက္ေနတဲ့စိတ္သည္ မင္ဟိုရဲ႕စကားေၾကာင့္ ခ်ဳပ္ၿငိမ္းေပးသြားေလသည္။ သူ႕အိမ္မက္ေတြ တကယ္ျဖစ္လာတာပဲ ။

" ကဲ ဒီေန႕ညအတြက္ ေအာင္ပြဲခံဖို႔အတြက္ အထဲကို၀င္ၿပီး ၀တ္စုံေ႐ြးရေအာင္ ၊ ကြၽန္ေတာ္တို႔သုံးေယာက္လုံးအတြက္ အန္ကယ္ကပဲ ရွင္းေပးမွာပါ "

" မင္ဟိုေရာ အန္ကယ္တို႔ဆီမွာ အလုပ္လုပ္တာလား ..?"

" အင္း ..လုပ္တယ္ ၊ ကင္မ္ထယ္ေယာင္းကိုၾကည့္ရတဲ့အလုပ္ေပါ့ ၊ လခေတာ့ ရွယ္ ေကာင္းတယ္ "

" ဟင့္ ..."

ဂ်ီမင္က မယုံသလိုနဲ႕ မင္ဟိုကို ျပန္ၾကည့္ေတာ့

" တကယ္ေျပာတာပါ ၊ ကင္မ္ထယ္ေယာင္းက ဟယ္ေဆာင္လုပ္ငန္းစုအတြက္ အဖိုးတန္ဆုံးေလ "

နစ္ေယာက္သား စကားတေျပာေျပာနဲ႕ အထဲကို၀င္လာေတာ့ ကင္မ္ထယ္ေယာင္း ေျခခ်ိတ္ထိုင္ရင္ နစ္ေယာက္သားကို ခပ္တည္တည္နဲ႕ ၾကည့္ေလသည္။

" ေ႐ြး ..."

ဂ်ီမင္ ၀တ္စုံျပည့္ကို ၀တ္ေလ့ရွိသူမဟုတ္ပါ ။  ဒါေၾကာင့္ သူနဲ႕လိုက္မလိုက္ဆိုတာလည္းမသိ ။ အျပာေရာင္ ေ႐ြးလိုက္ရမလား ?။ မ်က္လုံးထဲမွာေတာ့ အျပာေရာင္က အေအးခ်မ္းဆုံးပဲ ။

" ဒီအျပာေလး..."

" အနီေရာင္ ေပးလိုက္ "

၀န္ထမ္းေကာင္မေလးက ဂ်ီမင္ျပတဲ့အျပာေရာင္ကို ယူမလိုလုပ္ေတာ့ ကင္မ္ထယ္ေယာင္းရဲ႕အသံကိုၾကားေတာ့အနီေရာင္ကို ျပေလသည္။

" အစ္ကို႔ကို အျပာေရာင္ပဲ ေပးပါ "

" အနီေရာင္ပဲ ေပးလိုက္ "

" အစ္ကိုအနီေရာင္ပဲေ႐ြးသင့္တယ္ အစ္ကိုအသားက ျဖဴၿပီးၾကည္ေနေတာ့ အနီေရာင္ကိုေ႐ြးရင္ အစ္ကိုက ထင္းေနမွာပါ "

" ဟုတ္တယ္ ဂ်ီမင္ မင္းနဲ႕အနီနဲ႕လိုက္တယ္ "

မင္ဟိုပါ ၀က္ေထာက္ခံေတာ့ ဂ်ီမင္လည္း အနီေရာင္ကို ေ႐ြးလိုက္သည္။ ကင္မ္ထယ္ေယာင္းကေတာ့ ဘာအေရာင္ေ႐ြးလဲမသိသလို စိတ္လည္းမ၀င္စားပါ ။ အေဖ့ဆီက ဖုန္းလာတာေၾကာင့္ ဖုန္းသာေျပာေနမိသည္။

" တိုက္ခန္းမွာေျပာင္းေနမယ္ဆို သား "

" ဟုတ္တယ္အေဖ ..ေက်ာင္းနဲ႕လည္းနီးတယ္ေလ ၊ သားလည္း ေအးေဆးေနခ်င္လို႔ "

" ကင္မ္ထယ္ေယာင္းနဲ႕အဆင္မေျပလို႔လား ?"

သူ႕နဲ႕ ခပ္ေဝးေဝးကလူကိုတစ္ခ်က္ၾကည့္ၿပီး

" မဟုတ္ပါဘူး ၊ သူမ်ားအိမ္မွာေနရတာ အားနာစရာႀကီးေလအေဖ ၊ သားဘာသာလည္း အဆင္ေျပေနတာပဲဆိုေတာ့ "

" အေဖကေတာ့ ဒီမွာပဲေနေစခ်င္တယ္ ၊ လူေတြအေၾကာင္းကို သားေကာင္းေကာင္းသိတာမဟုတ္ဘူး "

လူေတြအေၾကာင္းကို သူေကာင္းေကာင္းမသိေပမဲ့ ကင္မ္ထယ္ေယာင္းနဲ႕တစ္အိမ္ထဲ ေနရတာက ပို၍ အဆင္မေျပေပ။ ဒီအတိုင္းဆက္သြားေနရင္ မုန္းစရာကိစၥေတြပဲ ျဖစ္သြားလိမ့္မယ္ ။

" အေဖ .."

" ေအးေလ ..သားက အသက္ျပည့္သြားၿပီးပဲ အဖမပိုင္ေတာ့ဘူးပဲ "

အေဖ့စကားကို မျငင္းဆန္ဖူးတဲ့ သူ႕အတြက္ အေဖ့ရဲ႕စကားသံေၾကာင့္ စိတ္မေကာင္းျဖစ္ရသည္။

" သားအသက္ျပည့္ၿပီးအေဖ ၊ ဒါတစ္ခုေလးပဲခြင့္ျပဳေပးပါ ၊ က်န္တာ အေဖဘာေျပာေျပာ လိုက္နာၿပီး လက္ခံေပးပါ့မယ္  "

" ....."'

အေဖ့ဘက္က တိတ္ဆိတ္သြားေတာ့ ဂ်ီမင္လည္းစိတ္ညစ္သြားသည္။ ဘာလို အေဖက ဒီအိမ္မွာပဲ ေနခိုင္းသလဲဆိုတာကို သူနားမလည္ေတာ့ပါ ။ သူတို႔အဆင့္ကလည္း အရမ္းခ်မ္းသာတဲ့အဆင့္မဟုတ္ေပမဲ့  သူမ်ားအိမ္မွာေနရမဲ့အဆင့္မ်ိဳးလည္းမဟုတ္ေခ် ။

" မင္ဟို အျပာေရာင္ပါ ယူေပးလိုက္ "

ဂ်ီမင္ဖုန္းထြက္ေျပာေနေတာ့ ကင္မ္ထယ္ေယာင္းကပဲ မင္ဟိုကို ေျပာၿပီး အျပာေရာင္ကို ယူခိုင္းလိုက္သည္။ ။

" ငါ့ကိုပါ ၀ယ္ေပး "

" ငါမေျပာပဲ မင္းကယူမွာပဲကို "

မင္ဟိုက စပ္ၿဖီးၿဖီးလုပ္ေနေလသည္။ ကင္မ္ထယ္ေယာင္းကေတာ့ သူ႕စိတ္ႀကိဳက္ကို တစ္ထည္ၿပီးတစ္ထည္ ေ႐ြးေနေလသည္။


.....

ဟယ္ေဆာင္လုပ္ငန္းစုက ရွယ္ယာရွင္ေတြအားလုံးလည္း လာၾကတာမို႔ ဂ်ီမင္နည္းနည္းေတာ့ လန႔္သည္။  ဟယ္ေဆာင္လုပ္ငန္းစုရဲ႕အသိုင္းအဝိုင္းကလည္း  ေတာ္ယုံအဆင့္နဒ့ ၀င္မရေခ်   ။ ဟယ္ေဆာင္လုပ္ငန္းစုရဲ႕ နစ္ပတ္လည္ပြဲျဖစ္တာေၾကာင့္ မီဒီယာသမားေတြလည္း မ်ားျပားသည္။ ဒီအထဲမွာ သူသိတာဆိုလို လူသုံးေယာက္သား ရွိေလသည္။ မင္ဟိုရယ္ ၊ အန္ကယ္ရယ္ ၊ ဟိုအရိုင္းအစိုင္းရယ္ေပါ့ ။ ကင္မ္ထယ္ေယာင္းက လူႀကီးေတြကို လိုက္ႏူတ္ဆက္ေနေပမဲ့ သူကေတာ့ ဒီအတိုင္း ေထာင့္မွာသာ ကပ္ေနေလသည္။ ၿပီးေတာ့ ဒီအနီေရာင္၀တ္စုံကလည္း သူ႕အတြက္ အဆင္မေျပသလိုခံစားရသည္။

" လိုက္ခဲ့ "

ကင္မ္ထယ္ေယာင္း သူ႕လက္ကိုလာဆြဲတဲ့အခ်ိန္ သူ႕လက္ကိုဆြဲထားတဲ့ ကင္မ္ထယ္ေယာင္းလက္ကို ျပန္ကိုင္ရင္

" ဘာလဲ..ဘယ္လဲ ..?"

" လိုက္ခဲ့ရင္ သိမယ္ "

အၿမဲတမ္း စကားနဲ႕ပဲအနိင္ယူတက္တဲ့လူက ဒီတစ္ခါ လက္ကိုလာဆြဲၿပီး ေခၚတာေၾကာင့္ လန႔္ေတာ့လန႔္ေပမဲ့ စတဲ့ပုံမဟုတ္တာေၾကာင့္ ေအးေအးေဆးေဆးပဲ လိုက္သြားလိုက္သည္။ၿပီးေတာ့ ဒိေနရာမ်ိဳးမွာ စကားၿပိဳင္လုၿပီးေျပာလို႔လည္းမရေခ် ။  ဒီလကုန္ရင္လည္း သူတိုက္ခန္းေျပာင္းေနေတာ့မွာ ျဖစ္တာေၾကာင့္မသြားခင္အခ်ိန္ေလးမွာ ကင္မ္ထယ္ေယာင္းနဲ႕အဆင္ေျပေျပေနသြားခ်င္သည္  ။

Lite ကေနမဆင္းပဲ ၀န္ထမ္းေတြသြားတဲ့ ေလွကားထစ္ကေန ေခၚလာၿပီး

" ဘယ္လဲ ?"

" လက္က ဘာျဖစ္ေနတာလဲ ?"

သူ႕အကၤ်ီလက္ကိုဆြဲတင္ၿပီးၾကည့္သည္။  ဘာလို သူလက္ေကာက္၀တ္က အခုမွ နာရတာလဲ ? ။ အေစာက ဝိတ္တာကိုေရွာင္ရင္ သူျပဳတ္က်သြားတာပဲ ။ ဒါကို ကင္မ္ထယ္ေယာင္း ဘယ္လိုသိလဲ ? ။

" အာ..."

ဂ်ီမင္ ဘာလိုသိတာလဲဆိုၿပီး မ်က္လုံးေတြနဲ႕ ေမးျမန္းေနေတာ့

" က်ဳပ္က ခင္ဗ်ားကိစၥ မသိဘူး ၊ က်ဳပ္ဒယ္ဒီက ေတြ႕လို႔က်ဳပ္ကို ခိုင္းလိုက္တာ ၊ ခင္ဗ်ားက ကေလးလား ..နေမာ္န‌မဲ့နဲ႕ ဒါေတာင္ တိုက္ခန္းမွာေျပာင္းေနအုံးမယ္ "

" ငါ့ကိုဆရာလာလုပ္ဖို႔ဆိုရင္ သြားလိုက္ေတာ့ "

သူ႕လက္ကို ျပန္႐ုန္းေတာ့ မလႊတ္ေပးေခ် ။

" ၿငိမ္ၿငိမ္ေန ...ခနေနေဒါက္တာ လႊတ္လိုက္မယ္ "

ထူးထူးဆန္းဆန္း  ကင္မ္ထယ္ေယာင္းဆီက ရန္စတဲ့စကားေတြ ၾကားရတာမဟုတ္ေတာ့ နည္းနည္းေတာ့ လန႔္သည္။ အနက္ေရာင္ ၀တ္စုံျပည့္နဲ႕ Blonde hair နဲ႕ အလယ္ခြဲၿပီး သတ္တင္ထားသည္။ တည္ၿငိမ္ေနပုံက
ကင္မ္ထယ္ေယာင္းနဲ႕ ေတာ္ေတာ္လိုက္သည္ ။

" ငါ့ကိုတစ္ေယာက္ေယာက္နဲ႕ တူတယ္ဆိုၿပီး မင္းရန္လိုက္စေနတာမလား ?"

" တစ္ေယာက္ေယာက္ ...!!"

" မင္းရဲ႕ ရည္းစားေဟာင္းနဲ႕ "


ကင္မ္ထယ္ေယာင္းနဲ႕အလိုမက်စြာနဲ႕ ပတ္ဂ်ီမင္ကိုၾကည့္သည္။

" က်ဳပ္အၾကာင္း ခင္ဗ်ားသိလို႔လား ?"

" မသိဘူး .."

" မသိပဲ ဘာလိုလာေျပာေနတာလဲ ...ခင္ဗ်ားကို ေျပာျပခ်င္စိတ္မရွိဘူး "

" ငါမင္းအၾကာင္းကို သိခ်င္ေနတာမဟုတ္ဘူး ၊ မင္းရဲ႕ရည္းစားေဟာင္းထားခဲ့တာကိုခံရၿပီး တူတဲ့ငါ့ကို ျပသာနာလာရွာေနတာက အေၾကာင္း "

ဂ်ီမင္စကားေၾကာင့္ ကင္မ္ထယ္ေယာင္းၿပဳံးလိုက္သည္။ စတာက စတာေပါ့။  ဘယ္သူနဲ႕ တူတယ္က ရွိမလား ? ။

" က်ဳပ္ရည္းစားေဟာင္းနဲ႕တူတယ္ေျပာရင္ ခင္‌ဗ်ားကက်ဳပ္ရည္းစား လုပ္ေပးဖို႔လား ?"

" ႐ူးေနလို႔လား  ငါမင္းကို ႀကိဳက္ရေအာင္ "

ဘယ္သတၱိနဲ႕မ်ား လာေျပာေနတာပါလိမ့္ ? ။ သူ႕ကိုယ္သူ အထင္ႀကီးလြန္းေနတယ္ ။ ေတြ႕သမွ်လူကို သူ႕ကိုပဲ ႀကိဳက္လိမ့္မယ္လို႔ ထင္ေနတာလား ? ။


" ေကာင္းတယ္ ၊ က်ဳပ္လည္း ခင္ဗ်ားလို
ငတုံးကိုမႀကိဳက္ဘူး "

" ေကာင္းတယ္ ၊ ငါနဲ႕ ေဝးေဝးေနရင္ ‌ပို‌ ေတာင္ေကာင္းတယ္ "

" အို ...က်ဳပ္က အၿမဲဆန႔္က်င္ဘက္ကိုပဲ ေ႐ြးတက္တဲ့လူ ၊ ဘယ္လိုလုပ္မလဲ ?"

" ေသလိုက္ "

အိမ္ကေဒါက္တာကို ေတြ႕တာနဲ႕ ဂ်ီမင္ေဒါက္တာဆီကိုသြားလိုက္သည္။ ကင္မ္ထယ္ေယာင္းကေတာ့ ထိုေနရာမွာပဲ ရပ္ေနၿပီး ေဆးလိပ္ေသာက္ဖို႔အတြက္ က်န္‌ခဲ့ေလသည္။

႐ုတ္တရက္ ဖုန္းလာလို႔ ဖုန္းနံပါတ္ၾကည့္လိုက္ေတာ့ ကင္မ္ထယ္ေယာင္း မ်က္ခုံးေတြ တြန႔္ေၾကသြားလသည္။ ဖုန္း စခရင္ကို အၾကာႀကီး ၾကည့္ေနလိုက္မိသည္။ ထိုဖုန္းနံပါတ္ေခၚေနတာကိုေတာ့ မကိုင္မိေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုဖုန္းနံပါတ္ ပိုင္ရွင္သည္ လီယြန္းဝူျဖစ္ေနလို႔ပင္ ျဖစ္ေလသည္။


( comments ေတြကို ျပန္ဖို႔စာရိုက္လို႔မရဘူး ျဖစ္ေနတယ္ ။  ဒါေၾကာင့္မို႔ emoji ေတြနဲ႕ပဲ ျပန္ေနတာပါ ၊ ဘာေၾကာင့္ စာျပန္မရလဲဆိုေတာ့ အမလည္းမသိဘူး ၊ Wattpad ကိုupdate လည္း တင္ထားပါတယ္  )



Continue Reading

You'll Also Like

206K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
103K 9.1K 110
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
787K 29.4K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...