"ငါတို့ ဒီမှာ ဟန်ဘင်း..."
ဘားထဲသို့ဝင်လာသော ဟန်ဘင်းကို ဂျီအွန်းက လက်လှမ်းပြသည်မို့ သူတို့ရှိရာဝိုင်းဆီကိုပဲ ဦးတည်သွားလိုက်မိသည်။
"ရောက်နေတာကြာပြီလား ငါ့ကောင်တို့.."
ဂျီအွန်းနဲ့လက်ဝါးချင်းရိုက်ကာနှုတ်ဆက်ရင်း မေးလိုက်တော့..
"စောနလေးကမှ ရောက်တာပါ..."
"ဒါနဲ့ ငါတို့ ရွှေမင်းသားလေးမျက်နှာက ဘယ်လိုဖြစ်...."
ထိုင်ခုံမှာ ထိုင်နေတဲ့ ဂျောင်ဂု မျက်နှာကမှိုင်တွေနေပြီး မျက်ခုံးတို့စုကျုံ့ထားသည်မှာ များစွာ စိတ်အလိုမကျနေကြောင်းကိုဖော်ပြနေသည်။
ဟန်ဘင်းမေးတာကိုလည်းမဖြေပဲ သူ့အတွေးနဲ့သူ ငြိမ်နေ၏။
"ထုံးစံအတိုင်း ကင်မ်ထယ်ယောင်းကို လွမ်းနေပြန်တာပဲ နေမှာပေါ့..."
အကြောင်းသိတွေမို့ ဂျောင်ဂု ထိုသို့မှိုင်တွေနေတိုင်း မထိတထိစနောက်တက်ကြတာ သူတို့အကျင့်...
အသက်ရွယ်ကြီးလာလည်း အုပ်စုဆုံမိပြီဆိုရင်တော့ ငယ်ငယ်တုန်းကလို ပြန်ဖြစ်သွားကြဆဲ...
"ငါ ထယ်ယောင်းကို ရှာတွေ့ပြီ..."
ဂျီအွန်းနဲ့ဟန်ဘင်းနှစ်ယောက်သား မျက်လုံးတွေပြူးကာ လက်ထဲက သောက်လက်စခွက်တွေကိုပင် စားပွဲပေါ်ပြန် ချလိုက်ရင်း..
"ဘယ်လို....ဘယ်မှာရှာတွေ့တာလဲ?မင်းနဲ့ရော စကားပြောဖြစ်ခဲ့တာလား...ဒီကြားထဲ ဘာလို့ ပျောက်နေရလဲဆိုတာရော မသိရဘူးလား..."
ဟန်ဘင်းက နဂိုတည်းက သွက်သွက်လက်လက် သမားပီပီ သူသိချင်တာကို ကရားရေလွှတ် တတွတ်တွတ်မေးတော့၏။
"ငါလည်း သိချင်ပေမယ့် သူက ပြောင်းလဲသွားပြီ....ငါနဲ့ ပက်သက်တာတွေကိုတောင် သူမေ့ပစ်လိုက်ပြီတဲ့...လုံးဝကို သူစိမ်းတစ်ယောက်လို ငါ့ကို ဆက်ဆံသွားတာ..."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....ငါတို့ မျက်စိနောက်ရလောက်တဲ့အထိကို မင်းတို့ချစ်ခဲ့ကြတာလေ.....မင်း နိုင်ငံခြားကနေပြန်လာတာနဲ့လက်ထပ်မှာလို့ ငါတို့ သိထားခဲ့ရင်း သူရုတ်တရက်ပျောက်သွားခဲ့တာမဟုတ်လား...."
"လက်ထပ်ခဲ့ပါတယ်....ငါ မဟုတ်တဲ့ အခြားသူနဲ့....အဲ့ဒီကောင်ဘယ်သူလဲဆိုတာ မင်းတို့သိရင် ပိုအံ့ဩသွားလိမ့်မယ်.."
"ဘယ်သူနဲ့ လက်ထပ်ခဲ့တာလဲ?"
"ဂူချန်းဟိုနဲ့.....သူတို့မှာ ကလေးတစ်ယောက်တောင် ရှိသေးတယ်..."
ဟန်ဘင်းနဲ့ဂျီအွန်းမှာ တစ်ယောက်နဲ့တစ်ယောက် နားမလည်နိုင်စွာ အကြည့်ချင်းဆုံမိကြသည်။
ထယ်ယောင်းက အဲ့လိုကောင်နဲ့ဘယ်လိုလုပ်ပြီး လက်ထပ်ခဲ့တာလဲ။
"မဖြစ်နိုင်လိုက်တာကွာ..."
"ငါလည်း မဖြစ်စေချင်ပါဘူး....ဒါပေမယ့်အခု ငါ့ခေါင်းထဲမှာ စောက်ရမ်းရှုပ်ထွေးနေတယ်...ဘာတွေဘယ်လိုဖြစ်ကုန်မှန်းကိုနားမလည်တော့ဘူး...ဘာမှကိုလည်း လက်ခံပေးလို့ရမနေဘူး..."
ဂျောင်ဂုက သူခံစားနေရတာတွေကို ထုတ်ပြောပြီး ခွက်ထဲက ဝီစကီတွေကို တစ်ဟုန်ထိုးကောက် မော့ပစ်သည်။
"ဘာလို့ ဂူချန်းဟိုလဲ....ခွမ်းး!!!"
လက်ထဲက ဖန်ခွက်ကို နံရံဆီပစ်ပေါက်လိုက်သည့် ဂျောင်ဂု။
ဂျီအွန်းတို့လည်း ဒါကိုမတားမိ။ဒီနေရာက သူတို့အဖွဲ့ရဲ့သီးသန့်နေရာဖြစ်တာမို့ အပြင်လူမရှိတာ ကြောင့် စိတ်ကြိုက်ပေါက်ကွဲထုတ်လို့ရတယ်လေ။
ဂျောင်ဂုရဲ့ ရင်ထဲမှာခံစားရတာတွေကို မျိုသိပ်ထားသည်မို့ မျက်လုံးတွေကရဲတွက်နေကာ နှုတ်ခမ်းတွေဟာ တုန်ခါ နေပြီး တက်တူးအပြည့်နဲ့လက်ချောင်းတို့ကလည်း မသိမသာတုန်ယင်လို့နေသည်။
စီးပွားရေးလောကမှာ ဘယ်သူ့ကမှ အထင်သေးလို့မရအောင်ထိ အရှိန်အဝါကြီးမားလွန်းတဲ့ တော်ဝင်စံအိမ်မှ ဆက်ခံသူ ဂျောင်ဂုကို ထိုသို့အထိနာအောင်လုပ်နိုင်တာ ထယ်ယောင်းတစ်ယောက်တည်းသာရှိ၏။
အရမ်းချစ်ကြတဲ့သူနှစ်ယောက်ကပြန်ဆုံတော့လည်း အပျက်ပျက်နဲ့နှာခေါင်း သွေးထွက်နေရတဲ့ အဖြစ်မို့ ကြားထဲက ကိုယ်တွေမှာ စိတ်မကောင်းမိ။
"ငါတို့ ဘာကူညီပေးရမလဲ ဂျောင်ဂု.."
"ဟုတ်တယ်...မင်း သူနဲ့ပက်သက်ပြီး သိချင်တယ်ဆိုရင် ငါတို့ အစွမ်းကုန်ကူညီပေးမယ်..."
"ငါ အကုန်သိချင်တယ်....အထူးသဖြင့် သူ့ကလေးကို ငါ့ရဲ့ ကလေးလို့ပဲ ထင်နေတယ်....ကင်မ်ဟန်ဗြောတဲ့....ငါ့သားလို့ပဲ ထင်နေမိတယ်..."
"တစ်ဆိတ်..!ကင်မ်ဟန်ဗြော ဟုတ်လား......ဂူချန်းဟိုနဲ့လက်ထပ်ထားတယ်ဆိုပြီး မျိုးရိုးနာမည်က ဘာလို့ ကင်မ်လဲ?မင်း နားကြားမှားတာမဟုတ်ဘူးလား.."
ဂျီအွန်းက တွေးဆဆနဲ့ဝင်ပြောလာမှ ဂျောင်ဂုလည်း သတိထားမိကာ....
"မဟုတ်ဘူး...သေချာပေါက် ကင်မ်ဟန်ဗြောဆိုပြီး သူခေါ်လိုက်တယ်..."
"ဒီလိုဆို တစ်ခုခုလွဲနေပြီ....သူတို့တကယ်သာ လက်ထပ်ထားရင် မွေးလာတဲ့ကလေးကို အိမ်ထောင်ဦးစီး ဖြစ်တဲ့ Alpha ရဲ့ မျိုးရိုးအစကို ပေးရမှာ ထုံးစံပဲလေ...ဘာပဲဖြစ်ဖြစ် မင်း စိတ်အေးအေးထားပါ...ဒီကိစ္စကိုငါတို့ စုံစမ်းပေးမယ်...."
"အားကိုးပါတယ်ကွာ....ငါလည်း ရသလောက်စုံစမ်းမှာမို့ ကျေးဇူးပြုပြီး ကူညီပါဦး....ငါ မင်းတို့ကို ကျေးဇူးတင်ပါတယ်..."
"မလိုပါဘူးကွာ....မင်းသာ ဒေါသကို ရှေ့မထားပဲ ကောင်းကောင်းနေ ဟုတ်ပြီလား..."
"ဟုတ်တယ် ဂျောင်ဂု.."
ပုခုံးကို ပုတ်ကာ နှစ်သိမ့်အားပေးလာကြတဲ့ သူငယ်ချင်းတွေကို ဂျောင်ဂု မချိပြုံးလေးပဲ ပြုံးပြလိုက်မိသည်။
စိတ်အေးအေးထားနိုင်ဖို့တော့ လွယ်ကူမနေပါဘူး ငါ့ကောင်တို့ရေ။
.
.
.
.
.
.
.
.
.
"ဖေဖေ နေကောင်းသွားပြီလားဟင်..."
သားကို ကျောင်းအင်္ကျီဝတ်ပေးနေတုန်း ထယ်ယောင်း မျက်နှာကိုကြည့်ပြီးမေးလာလေတာမို့...
"ဖေဖေ နေကောင်းပါတယ်...ဗြောလေးက စိတ်ပူနေတာလား?"
"ဟုတ်...ဖေဖေ ပြုံးနေတာပဲ သားကမြင်ချင်တာပါ....ဖေဖေ နေမကောင်းတဲ့အခါ၊ဝမ်းနည်းတဲ့အခါ သားရဲ့ ဒီနားကနာကျင်ရပါတယ်.."
သားက သူ့ ရင်ဘတ်လေးကိုသူဖိကာ ချစ်စဖွယ်ပြောလာတော့ ထယ်ယောင်းမှာ ချစ်မဝနိုင်ဖြစ်ရ၏။
မျိုးရိုးမြင့် Donimant Alpha နဲ့ ရှားပါး Donimant Omega တို့ကနေ မွေးလာတဲ့ကလေးမို့လားမပြောတက်။
သားက ပုံမှန်ကလေးတွေထက် ဉာဏ်ရည်ရော၊အတွေးအခေါ်ပါမြင့်ပြီး စကားလုံးပြောဆိုရာတွင်လည်း အတော်လေးအသေးစိတ်ပြောဆိုနိုင်သည်။
ယဉ်ကျေးတဲ့ လေယူလေသိမ်းကအစ ထယ်ယောင်း အထူးတလည်သင်စရာမလိုပါပဲ တက်နေတဲ့ အတက်ကလေးပါ။
"ဖေဖေ က ဘာမှမဖြစ်တာမို့ ဖေဖေ့သားလေးက မနာကျင်ပါနဲ့တော့....ဟုတ်ပြီလား.."
"မနေ့က ဦးဦးနဲ့ဖေဖေက သူငယ်ချင်းတွေလားဟင်...."
သားဆီကနေ သူ့အကြောင်းကို ကြားရတော့ ထယ်ယောင်းစိတ်ကတင်းခနဲ။
"မဟုတ်ပါဘူး ဗြော....ပြီးတော့ သူနဲ့ဘယ်လိုလုပ်သိတာလဲ...မသိတဲ့သူတွေနဲ့ စကားမပြောရဘူးလို့ ဖေဖေမှာထားတယ်လေ ဗြော..."
"သားက ဖေဖေ့စကားကို နားမထောင်တာ မဟုတ်ပါဘူး....တကယ်တော့ သား ဝန်ခံစရာရှိပါတယ်....မနေ့က အဲ့ဒီဦးဦးရဲ့တူမလေးနဲ့ရန်ဖြစ်ရင်း သားသူ့ကို တွန်းလိုက်မိပါတယ်...အဲ့ဒါကြောင့်မို့ ဦးဦးကကျောင်းကို ရောက်လာခဲ့တာပါ....သားရန်ဖြစ်တာကို ဖေဖေ စိတ်ဆိုးလားဟင်...."
တကယ်တော့ သားပြောတဲ့ ကိစ္စက ထယ်ယောင်းဆီကို ဆရာမက ဖုန်းဖြင့် ကြိုတင်အသိပေးခဲ့ပြီးသားပါ။အဲ့ဒါကြောင့်ပဲ သား အားငယ်နေမယ်အထင်နဲ့ထယ်ယောင်းပါကျောင်းကို ချန်းနဲ့အတူလိုက်လာခဲ့တာ။မထင်မှတ်ပဲ ဂျောင်ဂုနဲ့ဆုံပြီး ပြဿနာတွေရှုပ်ထွေးကုန်တာဖြစ်၏။
"ဗြောရဲ့ သူငယ်ချင်းနဲ့ရန်ဖြစ်တဲ့ကိစ္စကိုဖေဖေစိတ်မဆိုးပါဘူး....သူငယ်ချင်းတွေဆိုတာ ရန်လည်းဖြစ်တက်ကြတာမို့ သားကလည်း သူငယ်ချင်းကို အပြစ်မမြင်ရဘူးနော်...ဒါပေမယ့် သူစိမ်းတွေနဲ့စကားပြောတာကိုတော့ ဖေဖေ စိတ်ဆိုးမိတယ်..."
"အဲ့ဒီဦးဦးကို ပါးပါးနဲ့အတူ ရေခဲမုန့်ဆိုင်မှာ တွေ့ဖူးတာပါ...အဲ့တုန်းကလည်း အဲ့ဦးဦးက ဖေဖေ့နာမည်ကို မေးပါတယ်...အဲ့ဒါကြောင့် သားက ဖေဖေ့သူငယ်ချင်းလို့ ထင်ခဲ့တာပါ...ဒါကြောင့် စကားပြောမိလိုက်တာပါ...ဖေဖေ မကြိုက်ရင် သားမပြောတော့ပါဘူး....စိတ်မဆိုးပါနဲ့..."
ဗြောက မျက်နှာလေးငယ်စွာ ထယ်ယောင်းအား ကတိပေးလာခဲ့သည်။
ချန်းက သူနဲ့ဆုံတဲ့အကြောင်းကို ထုတ်မပြောခဲ့ဘူးပဲ။
နောက်ပြီး သားကို အခုလိုတားမြစ်နေတာက အဖေနဲ့သားကို ခွဲခြားဆက်ဆံသလိုဖြစ်နေတာကို သိပေမယ့်လည်း မတက်နိုင်။ဂျောင်ဂုက ဗြောကို သူ့သားဆိုတာသိလို့မဖြစ်ဘူး။သိသွားရင်ထပ်ပြီးဘာတွေရှုပ်ထွေးလာမယ်ဆိုတာ မသိနိုင်တာကြောင့် အစတည်းက ခွဲခြားထားရမည်။
"ကောင်းပြီ....ဖေဖေစိတ်ဆိုးပြေပေးမှာမို့ ဗြောက အဲ့ဒီဦးဦးနဲ့ထပ်တွေ့လည်း စကားမပြောရဘူးနော်....သူက ဖေဖေ့သူငယ်ချင်းလည်း မဟုတ်ဘူး....အခု မနက်စာသွားစားကြစို့....ပါးပါးစောင့်နေတော့မယ်..."
.
.
.
.
.
"ပါးပါး...မောနင်း.."
"မောနင်းပါ ဗြောလေး.."
ထမင်းစားခန်းထဲပြေးဝင်လာသော ဗြောကို ချန်းဟိုပွေ့ချီလိုက်ရင်း ပါးဖောင်းလေးကို ပါ ဖိနမ်းလိုက်သည်။
"ပါးပါးကို ညတည်းက ပြန်သွားပြီထင်နေတာ..."
သားရဲ့စကားကြောင့် ထယ်ယောင်းရောချန်းဟိုပါ မသိမသာသက်ပြင်းချရင်း..
"ပါးပါးက အခုရက်ပိုင်း အလုပ်သိပ်မရှိလို့ မပြန်တာ ဗြောရဲ့...ပြီးတော့ ဒီနေ့မနက်လည်း ကျောင်းကို လိုက်ပို့မယ်...."
"တကယ်လား...."
"တကယ်ပေါ့ ဗြောရဲ့.."
"ယေးးးးးပါးပါးက အကောင်းဆုံးပဲ.."
မိမိလည်ပင်းကိုသိုင်းဖက်ကာ ပါးပေါ်ကို အားရပါးရနမ်းနေသော ဗြောကြောင့် ချန်းဟို ကြည်နူးစွာရယ်မောမိသည်။
ကိုယ့်သွေးသားမဟုတ်ပေမယ့် ဖြူစင်လွန်းတဲ့ သံယောဇဉ်ကြိုးနဲ့ချည်ထားခဲ့တဲ့ မေတ္တာအတိမ်နက်က ကြောက်စရာကောင်းစွာခိုင်မြဲလို့နေ၏။
"သားအကြိုက် ထမင်းကြော်ကြော်ထားပေးတာမို့ အများကြီးစားနော်...ထယ်ယောင်း မင်းလည်း ထိုင်လေ....ကင်မ်ချီထမင်းကြော်ဆိုပေမယ့် ငါ အစပ်လျှော့ထားတယ်..."
"ဆောရီး ချန်း....ငါ အိပ်ယာထနောက်ကျသွားတာနဲ့ မင်း ဒုက္ခများရပြီ.."
"တခါတလေမှ လုပ်ခွင့်ရတဲ့အလုပ်ပါ ထယ်ယောင်းရယ်....ဘယ်ချိန်ထိလုပ်ပေးခွင့်ရမလဲမသိပေမယ့် အခုချိန်ကစပြီး ငါ မင်းကိုရောသားကိုပါ တက်နိုင်သလောက် အချိန်ပေးချင်လို့..."
ချန်းရဲ့ ထိုစကားကြောင့် ထယ်ယောင်းစိတ်ထဲ အားနာမိရသည်။
ငါးနှစ်အတွင်း ချန်းက ကျွန်တော့်ကို တရားဝင်လက်ထပ်ဖို့ တောင်းဆိုခဲ့ပေမယ့် ကျွန်တော် လက်မခံဖြစ်ခဲ့ဘူး။
ထယ်ယောင်းအတွက် သားက အရာရာပဲမို့ အခြားဘယ်သူမှထပ်မလိုအပ်တော့ဘူး။
ချန်းက သံယောဇဉ်ကြီးတယ်။ထယ်ယောင်း ဘယ်လိုပဲ ငြင်းဆိုပါစေ။သူက တစ်ခါမှတောင် လျစ်လျုမရှုဖူးဘူး။သူ့အကျင့်အတိုင်း ဂျစ်ကန်ကန်ပြောတက်ပေမယ့်၊အနည်းငယ် အတ္တစိတ်များပေမယ့် တကယ့်စိတ်ရင်းက ကောင်းတယ်ဆိုတာကို ဒီငါးနှစ်လုံးလုံးသေချာသိခဲ့ရသည်။
"ထမင်းကြော်ကို မွှေပဲမွှေနေတော့မှာလား...."
"အာ...မဟုတ်ပါဘူး...စားပါ့မယ်...အရသာရှိတဲ့ အစားအသောက်အတွက် ကျေးဇူးပါ..."
မျက်စိရှေ့မှာ ချစ်စရာကောင်းတဲ့ သားအဖနှစ်ယောက်စားသောက်နေတာကို ကြည့်နေရတဲ့ မနက်ခင်းတွေက ချနိ်ဟိုအတွက် အကောင်းဆုံးမနက်ခင်းတွေပေါ့။မပိုင်ဆိုင်ရသေးပေမယ့် ငေးကြည့်ခွင့်ကလေးပဲဖြစ်ဖြစ် ရှိနေလို့ ဒီကောင့်ဘဝကြီးဟာ သာယာနေတာပါပဲ။
တစ်သက်လုံးဒီအနေအထားတိုင်းဆိုလည်း နေနိုင်ပါ၏။
ခက်တာက ပက်သက်ချင်တဲ့သူက ကျွန်တော့်ကို အခွင့်အရေးသေးသေးတောင်မပေးတာပါပဲ။
.
.
.
.
.
.
"ဂုဂု....ဒီနေ့ ဘာဖြစ်လို့ သမီးကို လိုက်ပို့တာလဲဟင်..."
တူမတော်က ကားမောင်းနေတဲ့ ဂျောင်ဂုကို မေးမြန်းလာတာမို့..
"အွန်းချယ် မေမေ မအားလို့လေ....ပြီးတော့ ဟန်ဗြောကို တွေ့ချင်လို့..."
"ဂုဂုက ဘာလို့ သူ့ကို တွေ့ချင်ရတာလဲ....သူက အွန်းချယ်ကို တွန်းထားတယ်လေ...."
"အွန်းချယ်....မနေ့တည်းက သမီးကို ဂုဂု ရှင်းပြထားတယ်နော်....အွန်းချယ်ကို တွန်းတာ သူလည်း မှားပေမယ့် အွန်းချယ်လည်း မှားတယ်လေ...ဖေဖေနှစ်ယောက်ရှိတာက အပြစ်မဟုတ်တာကြောင့် သူများကို မလှောင်ရဘူးဆိုတာ မေ့သွားပြီလား.....ဒီကမ္ဘာကြီးက အွန်းချယ်သိထားတာထက် အများကြီးဆန်းကြယ်တယ်....မိသားစုဆိုတာက အဖေနှစ်ယောက်ရှိလို့လည်းရတယ်၊အဖေနဲ့အမေရှိလည်းရတယ်...ဒါကြောင့် သူငယ်ချင်းကို အဲ့လိုတွေမပြောပဲ တည့်အောင်ပေါင်းရမယ် ဟုတ်ပြီလား.."
"ဟုတ်ကဲ့....အွန်းချယ် မှတ်ထားပါ့မယ်..."
"ဒါမှ ဂုဂု တူမလေး....လိမ္မာတယ် အွန်းချယ်..."
အွန်းချယ်ရဲ့ ခေါင်းလေးကို ပုတ်ပေးရင်း ဂျောင်ဂုချီးကျူးလိုက်သည်။ကလေးတွေဆိုတာ ကျောက်ရိုင်းတုံးလေးတွေနဲ့ဆင်တူတယ်လေ။တန်ဖိုးရှိအောင်သွေးရင် တန်ဖိုးမြင့်လာမှာဆိုတော့ ခပ်ငယ်ငယ်တည်းက အုပ်ထိန်းသူရဲ့ ဆုံးမမှုတွေဟာလည်း အရေးပါပါသည်။
.
.
.
.
.
.
ကျောင်းရောက်တော့ အွန်းချယ်ကို အခန်းဝထိလိုက်ပို့ရင်း မျက်လုံးကလည်း ဟန်ဗြောကို လိုက်ရှာနေမိသည်။
ဒါပေမယ့် အခန်းထဲက ကလေးတွေကြားထဲ မတွေ့ရ။
ကျွန်တော်ရောက်တာပဲ စောလွန်းနေသလားလို့ တွေးမိနေတုန်း...
"ဟော အွန်းချယ်လေး လာပြီကိုး....မင်္ဂလာပါ အွန်းချယ်...ဒီနေ့တော့ ဦးဦး လိုက်ပို့တာပဲ..."
အွန်းချယ်အတန်းကဆရာမက သူတိူ့တူဝရီးကို တွေ့တော့ နှုတ်ဆက်ကာ အွန်းချယ်ကိုလာခေါ်လေ၏။
"ဦးဦးဂျောင်ဂု တာ့တာ..."
"အင်း အွန်းချယ်....ဆရာမစကားကောင်းကောင်းနားထောင်နော်..."
အွန်းချယ်က တာ့တာပြပြီး အခန်းထဲတင်သွားလေမှ ဂျောင်ဂုမှာ ဆရာမကို ဟန်ဗြောအား မေးရတော့၏။
"ဆရာမ မနေ့တုန်းက ကလေး မရောက်သေးဘူးလားဟင်.."
"ဪ ဟန်ဗြောလား....ရောက်နေပါပြီ...လက်သွားဆေးနေတာပါ...ဟော ဟိုမှာ ပြန်လာပါပြီ..."
ဆရာမအပြောကြောင့် ဂျောင်ဂုလှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ ရပ်လို့နေသည်။
ဂျောင်ဂု သူ့နားထိလျှောက်သွားလိုက်ရင်း...
"အာညော်....ဟန်ဗြောလေး.."
ဂျောင်ဂု ချိုသာစွာ နှုတ်ဆက်လိုက်ပေမယ့် ပြန်မနှုတ်ဆက်ပဲ အနောက်သို့ဆုတ်သွားသည့် ဟန်ဗြောကြောင့်....
"ဦးဦးကို ကြောက်လို့လား.."
ခေါင်းကို အသာယမ်းပြလေသည်။
"ဒါဆို ဘာလို့ ဦးဦးကို စကားမပြောတာလဲ....မနေ့က သား ဖေဖေနဲ့ ရန်ဖြစ်လို့စိတ်ဆိုးနေတာလား.."
ထပ်ပြီး ခေါင်းပဲခါပြပြန်သည်။
"ဒါဆို စကားပြောပါဦး....သားပဲ ဦးဦးကို ခင်တယ်ဆို...."
ဟန်ဗြောက သက်ပြင်းကလေးချကာ...
"သား တကယ် ဦးဦးကို ခင်ပါတယ်....ဒါ ပေမယ့် ဖေဖေက မသိတဲ့သူတွေနဲ့ စကားမပြောရဘူးလို့ မှာထားပါတယ်..."
"ဦးဦးက သား ဖေဖေရဲ့ သူငယ်ချင်းလေ....သူစိမ်းမဟုတ်ပါဘူး..."
"ဖေဖေကတော့ ဦးဦးကို သူငယ်ချင်းမဟုတ်ဘူးလို့ ပြောပါတယ်...အဲ့ဒါကြောင့် သားက ဦးဦးကို ခင်ပေမယ့်လည်း စကားပြောလို့မရပါဘူး....ဖေဖေသိရင် အားကြီးစိတ်ဆိုးမှာမို့ပါ....."
ဟန်ဗြောက ထိုသို့ပြောပြီးတာနဲ့ ဂျောင်ဂုကို ကိုယ်လေးကိုင်းကာ အလေးပြုပြီး အတန်းထဲဝင်သွားလေသည်။
ဂျောင်ဂုမှာ ဟန်ဗြောပြောသွားတဲ့စကားတွေကြောင့် ထယ်ယောင်းကိုပိုပြီးသံသယဝင်လာမိသည်။
ဘာလို့ ကလေးနဲ့သူ့ကို စကားမပြောခိုင်းတာလဲ။တကယ်လို့ ကျွန်တော်နဲ့ဒီကလေးသာ မပက်သက်ဘူးဆိုရင် ဒီလိုမှာထားစရာမလိုဘူးမဟုတ်လား။
သေချာတာ ဒီကလေးက ထယ်ယောင်းရဲ့ အားနည်းချက်ပဲ ဖြစ်လိမ့်မယ်။
မင်းဖုံးကွယ်ထားလည်း ငါရအောင်ရှာမယ် ထယ်ယောင်းရေ။
ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။
7.11.2023 Tuesday
Taesoul 9597
Borahae 💜
"ငါတို႔ ဒီမွာ ဟန္ဘင္း..."
ဘားထဲသို႔ဝင္လာေသာ ဟန္ဘင္းကို ဂ်ီအြန္းက လက္လွမ္းျပသည္မို႔ သူတို႔ရွိရာဝိုင္းဆီကိုပဲ ဦးတည္သြားလိုက္မိသည္။
"ေရာက္ေနတာၾကာၿပီလား ငါ့ေကာင္တို႔.."
ဂ်ီအြန္းနဲ႕လက္ဝါးခ်င္းရိုက္ကာႏႈတ္ဆက္ရင္း ေမးလိုက္ေတာ့..
"ေစာနေလးကမွ ေရာက္တာပါ..."
"ဒါနဲ႕ ငါတို႔ ေ႐ႊမင္းသားေလးမ်က္ႏွာက ဘယ္လိုျဖစ္...."
ထိုင္ခုံမွာ ထိုင္ေနတဲ့ ေဂ်ာင္ဂု မ်က္ႏွာကမွိုင္ေတြေနၿပီး မ်က္ခုံးတို႔စုက်ဳံ႕ထားသည္မွာ မ်ားစြာ စိတ္အလိုမက်ေနေၾကာင္းကိုေဖာ္ျပေနသည္။
ဟန္ဘင္းေမးတာကိုလည္းမေျဖပဲ သူ႕အေတြးနဲ႕သူ ၿငိမ္ေန၏။
"ထုံးစံအတိုင္း ကင္မ္ထယ္ေယာင္းကို လြမ္းေနျပန္တာပဲ ေနမွာေပါ့..."
အေၾကာင္းသိေတြမို႔ ေဂ်ာင္ဂု ထိုသို႔မွိုင္ေတြေနတိုင္း မထိတထိစေနာက္တက္ၾကတာ သူတို႔အက်င့္...
အသက္႐ြယ္ႀကီးလာလည္း အုပ္စုဆုံမိၿပီဆိုရင္ေတာ့ ငယ္ငယ္တုန္းကလို ျပန္ျဖစ္သြားၾကဆဲ...
"ငါ ထယ္ေယာင္းကို ရွာေတြ႕ၿပီ..."
ဂ်ီအြန္းနဲ႕ဟန္ဘင္းႏွစ္ေယာက္သား မ်က္လုံးေတြျပဴးကာ လက္ထဲက ေသာက္လက္စခြက္ေတြကိုပင္ စားပြဲေပၚျပန္ ခ်လိဳက္ရင္း..
"ဘယ္လို....ဘယ္မွာရွာေတြ႕တာလဲ?မင္းနဲ႕ေရာ စကားေျပာျဖစ္ခဲ့တာလား...ဒီၾကားထဲ ဘာလို႔ ေပ်ာက္ေနရလဲဆိုတာေရာ မသိရဘူးလား..."
ဟန္ဘင္းက နဂိုတည္းက သြက္သြက္လက္လက္ သမားပီပီ သူသိခ်င္တာကို ကရားေရလႊတ္ တတြတ္တြတ္ေမးေတာ့၏။
"ငါလည္း သိခ်င္ေပမယ့္ သူက ေျပာင္းလဲသြားၿပီ....ငါနဲ႕ ပက္သက္တာေတြကိုေတာင္ သူေမ့ပစ္လိုက္ၿပီတဲ့...လုံးဝကို သူစိမ္းတစ္ေယာက္လို ငါ့ကို ဆက္ဆံသြားတာ..."
"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ....ငါတို႔ မ်က္စိေနာက္ရေလာက္တဲ့အထိကို မင္းတို႔ခ်စ္ခဲ့ၾကတာေလ.....မင္း နိုင္ငံျခားကေနျပန္လာတာနဲ႕လက္ထပ္မွာလို႔ ငါတို႔ သိထားခဲ့ရင္း သူ႐ုတ္တရက္ေပ်ာက္သြားခဲ့တာမဟုတ္လား...."
"လက္ထပ္ခဲ့ပါတယ္....ငါ မဟုတ္တဲ့ အျခားသူနဲ႕....အဲ့ဒီေကာင္ဘယ္သူလဲဆိုတာ မင္းတို႔သိရင္ ပိုအံ့ဩသြားလိမ့္မယ္.."
"ဘယ္သူနဲ႕ လက္ထပ္ခဲ့တာလဲ?"
"ဂူခ်န္းဟိုနဲ႕.....သူတို႔မွာ ကေလးတစ္ေယာက္ေတာင္ ရွိေသးတယ္..."
ဟန္ဘင္းနဲ႕ဂ်ီအြန္းမွာ တစ္ေယာက္နဲ႕တစ္ေယာက္ နားမလည္နိုင္စြာ အၾကည့္ခ်င္းဆုံမိၾကသည္။
ထယ္ေယာင္းက အဲ့လိုေကာင္နဲ႕ဘယ္လိုလုပ္ၿပီး လက္ထပ္ခဲ့တာလဲ။
"မျဖစ္နိုင္လိုက္တာကြာ..."
"ငါလည္း မျဖစ္ေစခ်င္ပါဘူး....ဒါေပမယ့္အခု ငါ့ေခါင္းထဲမွာ ေစာက္ရမ္းရႈပ္ေထြးေနတယ္...ဘာေတြဘယ္လိုျဖစ္ကုန္မွန္းကိုနားမလည္ေတာ့ဘူး...ဘာမွကိုလည္း လက္ခံေပးလို႔ရမေနဘူး..."
ေဂ်ာင္ဂုက သူခံစားေနရတာေတြကို ထုတ္ေျပာၿပီး ခြက္ထဲက ဝီစကီေတြကို တစ္ဟုန္ထိုးေကာက္ ေမာ့ပစ္သည္။
"ဘာလို႔ ဂူခ်န္းဟိုလဲ....ခြမ္းး!!!"
လက္ထဲက ဖန္ခြက္ကို နံရံဆီပစ္ေပါက္လိုက္သည့္ ေဂ်ာင္ဂု။
ဂ်ီအြန္းတို႔လည္း ဒါကိုမတားမိ။ဒီေနရာက သူတို႔အဖြဲ႕ရဲ႕သီးသန႔္ေနရာျဖစ္တာမို႔ အျပင္လူမရွိတာ ေၾကာင့္ စိတ္ႀကိဳက္ေပါက္ကြဲထုတ္လို႔ရတယ္ေလ။
ေဂ်ာင္ဂုရဲ႕ ရင္ထဲမွာခံစားရတာေတြကို မ်ိဳသိပ္ထားသည္မို႔ မ်က္လုံးေတြကရဲတြက္ေနကာ ႏႈတ္ခမ္းေတြဟာ တုန္ခါ ေနၿပီး တက္တူးအျပည့္နဲ႕လက္ေခ်ာင္းတို႔ကလည္း မသိမသာတုန္ယင္လို႔ေနသည္။
စီးပြားေရးေလာကမွာ ဘယ္သူ႕ကမွ အထင္ေသးလို႔မရေအာင္ထိ အရွိန္အဝါႀကီးမားလြန္းတဲ့ ေတာ္ဝင္စံအိမ္မွ ဆက္ခံသူ ေဂ်ာင္ဂုကို ထိုသို႔အထိနာေအာင္လုပ္နိုင္တာ ထယ္ေယာင္းတစ္ေယာက္တည္းသာရွိ၏။
အရမ္းခ်စ္ၾကတဲ့သူႏွစ္ေယာက္ကျပန္ဆုံေတာ့လည္း အပ်က္ပ်က္နဲ႕ႏွာေခါင္း ေသြးထြက္ေနရတဲ့ အျဖစ္မို႔ ၾကားထဲက ကိုယ္ေတြမွာ စိတ္မေကာင္းမိ။
"ငါတို႔ ဘာကူညီေပးရမလဲ ေဂ်ာင္ဂု.."
"ဟုတ္တယ္...မင္း သူနဲ႕ပက္သက္ၿပီး သိခ်င္တယ္ဆိုရင္ ငါတို႔ အစြမ္းကုန္ကူညီေပးမယ္..."
"ငါ အကုန္သိခ်င္တယ္....အထူးသျဖင့္ သူ႕ကေလးကို ငါ့ရဲ႕ ကေလးလို႔ပဲ ထင္ေနတယ္....ကင္မ္ဟန္ေျဗာတဲ့....ငါ့သားလို႔ပဲ ထင္ေနမိတယ္..."
"တစ္ဆိတ္..!ကင္မ္ဟန္ေျဗာ ဟုတ္လား......ဂူခ်န္းဟိုနဲ႕လက္ထပ္ထားတယ္ဆိုၿပီး မ်ိဳးရိုးနာမည္က ဘာလို႔ ကင္မ္လဲ?မင္း နားၾကားမွားတာမဟုတ္ဘူးလား.."
ဂ်ီအြန္းက ေတြးဆဆနဲ႕ဝင္ေျပာလာမွ ေဂ်ာင္ဂုလည္း သတိထားမိကာ....
"မဟုတ္ဘူး...ေသခ်ာေပါက္ ကင္မ္ဟန္ေျဗာဆိုၿပီး သူေခၚလိုက္တယ္..."
"ဒီလိုဆို တစ္ခုခုလြဲေနၿပီ....သူတို႔တကယ္သာ လက္ထပ္ထားရင္ ေမြးလာတဲ့ကေလးကို အိမ္ေထာင္ဦးစီး ျဖစ္တဲ့ Alpha ရဲ႕ မ်ိဳးရိုးအစကို ေပးရမွာ ထုံးစံပဲေလ...ဘာပဲျဖစ္ျဖစ္ မင္း စိတ္ေအးေအးထားပါ...ဒီကိစၥကိုငါတို႔ စုံစမ္းေပးမယ္...."
"အားကိုးပါတယ္ကြာ....ငါလည္း ရသေလာက္စုံစမ္းမွာမို႔ ေက်းဇူးျပဳၿပီး ကူညီပါဦး....ငါ မင္းတို႔ကို ေက်းဇူးတင္ပါတယ္..."
"မလိုပါဘူးကြာ....မင္းသာ ေဒါသကို ေရွ႕မထားပဲ ေကာင္းေကာင္းေန ဟုတ္ၿပီလား..."
"ဟုတ္တယ္ ေဂ်ာင္ဂု.."
ပုခုံးကို ပုတ္ကာ ႏွစ္သိမ့္အားေပးလာၾကတဲ့ သူငယ္ခ်င္းေတြကို ေဂ်ာင္ဂု မခ်ိၿပဳံးေလးပဲ ၿပဳံးျပလိုက္မိသည္။
စိတ္ေအးေအးထားနိုင္ဖို႔ေတာ့ လြယ္ကူမေနပါဘူး ငါ့ေကာင္တို႔ေရ။
.
.
.
.
.
.
.
.
.
"ေဖေဖ ေနေကာင္းသြားၿပီလားဟင္..."
သားကို ေက်ာင္းအကၤ်ီဝတ္ေပးေနတုန္း ထယ္ေယာင္း မ်က္ႏွာကိုၾကည့္ၿပီးေမးလာေလတာမို႔...
"ေဖေဖ ေနေကာင္းပါတယ္...ေျဗာေလးက စိတ္ပူေနတာလား?"
"ဟုတ္...ေဖေဖ ၿပဳံးေနတာပဲ သားကျမင္ခ်င္တာပါ....ေဖေဖ ေနမေကာင္းတဲ့အခါ၊ဝမ္းနည္းတဲ့အခါ သားရဲ႕ ဒီနားကနာက်င္ရပါတယ္.."
သားက သူ႕ ရင္ဘတ္ေလးကိုသူဖိကာ ခ်စ္စဖြယ္ေျပာလာေတာ့ ထယ္ေယာင္းမွာ ခ်စ္မဝနိုင္ျဖစ္ရ၏။
မ်ိဳးရိုးျမင့္ Donimant Alpha နဲ႕ ရွားပါး Donimant Omega တို႔ကေန ေမြးလာတဲ့ကေလးမို႔လားမေျပာတက္။
သားက ပုံမွန္ကေလးေတြထက္ ဉာဏ္ရည္ေရာ၊အေတြးအေခၚပါျမင့္ၿပီး စကားလုံးေျပာဆိုရာတြင္လည္း အေတာ္ေလးအေသးစိတ္ေျပာဆိုနိုင္သည္။
ယဥ္ေက်းတဲ့ ေလယူေလသိမ္းကအစ ထယ္ေယာင္း အထူးတလည္သင္စရာမလိုပါပဲ တက္ေနတဲ့ အတက္ကေလးပါ။
"ေဖေဖ က ဘာမွမျဖစ္တာမို႔ ေဖေဖ့သားေလးက မနာက်င္ပါနဲ႕ေတာ့....ဟုတ္ၿပီလား.."
"မေန႕က ဦးဦးနဲ႕ေဖေဖက သူငယ္ခ်င္းေတြလားဟင္...."
သားဆီကေန သူ႕အေၾကာင္းကို ၾကားရေတာ့ ထယ္ေယာင္းစိတ္ကတင္းခနဲ။
"မဟုတ္ပါဘူး ေျဗာ....ၿပီးေတာ့ သူနဲ႕ဘယ္လိုလုပ္သိတာလဲ...မသိတဲ့သူေတြနဲ႕ စကားမေျပာရဘူးလို႔ ေဖေဖမွာထားတယ္ေလ ေျဗာ..."
"သားက ေဖေဖ့စကားကို နားမေထာင္တာ မဟုတ္ပါဘူး....တကယ္ေတာ့ သား ဝန္ခံစရာရွိပါတယ္....မေန႕က အဲ့ဒီဦးဦးရဲ႕တူမေလးနဲ႕ရန္ျဖစ္ရင္း သားသူ႕ကို တြန္းလိုက္မိပါတယ္...အဲ့ဒါေၾကာင့္မို႔ ဦးဦးကေက်ာင္းကို ေရာက္လာခဲ့တာပါ....သားရန္ျဖစ္တာကို ေဖေဖ စိတ္ဆိုးလားဟင္...."
တကယ္ေတာ့ သားေျပာတဲ့ ကိစၥက ထယ္ေယာင္းဆီကို ဆရာမက ဖုန္းျဖင့္ ႀကိဳတင္အသိေပးခဲ့ၿပီးသားပါ။အဲ့ဒါေၾကာင့္ပဲ သား အားငယ္ေနမယ္အထင္နဲ႕ထယ္ေယာင္းပါေက်ာင္းကို ခ်န္းနဲ႕အတူလိုက္လာခဲ့တာ။မထင္မွတ္ပဲ ေဂ်ာင္ဂုနဲ႕ဆုံၿပီး ျပႆနာေတြရႈပ္ေထြးကုန္တာျဖစ္၏။
"ေျဗာရဲ႕ သူငယ္ခ်င္းနဲ႕ရန္ျဖစ္တဲ့ကိစၥကိုေဖေဖစိတ္မဆိုးပါဘူး....သူငယ္ခ်င္းေတြဆိုတာ ရန္လည္းျဖစ္တက္ၾကတာမို႔ သားကလည္း သူငယ္ခ်င္းကို အျပစ္မျမင္ရဘူးေနာ္...ဒါေပမယ့္ သူစိမ္းေတြနဲ႕စကားေျပာတာကိုေတာ့ ေဖေဖ စိတ္ဆိုးမိတယ္..."
"အဲ့ဒီဦးဦးကို ပါးပါးနဲ႕အတူ ေရခဲမုန႔္ဆိုင္မွာ ေတြ႕ဖူးတာပါ...အဲ့တုန္းကလည္း အဲ့ဦးဦးက ေဖေဖ့နာမည္ကို ေမးပါတယ္...အဲ့ဒါေၾကာင့္ သားက ေဖေဖ့သူငယ္ခ်င္းလို႔ ထင္ခဲ့တာပါ...ဒါေၾကာင့္ စကားေျပာမိလိုက္တာပါ...ေဖေဖ မႀကိဳက္ရင္ သားမေျပာေတာ့ပါဘူး....စိတ္မဆိုးပါနဲ႕..."
ေျဗာက မ်က္ႏွာေလးငယ္စြာ ထယ္ေယာင္းအား ကတိေပးလာခဲ့သည္။
ခ်န္းက သူနဲ႕ဆုံတဲ့အေၾကာင္းကို ထုတ္မေျပာခဲ့ဘူးပဲ။
ေနာက္ၿပီး သားကို အခုလိုတားျမစ္ေနတာက အေဖနဲ႕သားကို ခြဲျခားဆက္ဆံသလိုျဖစ္ေနတာကို သိေပမယ့္လည္း မတက္နိုင္။ေဂ်ာင္ဂုက ေျဗာကို သူ႕သားဆိုတာသိလို႔မျဖစ္ဘူး။သိသြားရင္ထပ္ၿပီးဘာေတြရႈပ္ေထြးလာမယ္ဆိုတာ မသိနိုင္တာေၾကာင့္ အစတည္းက ခြဲျခားထားရမည္။
"ေကာင္းၿပီ....ေဖေဖစိတ္ဆိုးေျပေပးမွာမို႔ ေျဗာက အဲ့ဒီဦးဦးနဲ႕ထပ္ေတြ႕လည္း စကားမေျပာရဘူးေနာ္....သူက ေဖေဖ့သူငယ္ခ်င္းလည္း မဟုတ္ဘူး....အခု မနက္စာသြားစားၾကစို႔....ပါးပါးေစာင့္ေနေတာ့မယ္..."
.
.
.
.
.
"ပါးပါး...ေမာနင္း.."
"ေမာနင္းပါ ေျဗာေလး.."
ထမင္းစားခန္းထဲေျပးဝင္လာေသာ ေျဗာကို ခ်န္းဟိုေပြ႕ခ်ီလိုက္ရင္း ပါးေဖာင္းေလးကို ပါ ဖိနမ္းလိုက္သည္။
"ပါးပါးကို ညတည္းက ျပန္သြားၿပီထင္ေနတာ..."
သားရဲ႕စကားေၾကာင့္ ထယ္ေယာင္းေရာခ်န္းဟိုပါ မသိမသာသက္ျပင္းခ်ရင္း..
"ပါးပါးက အခုရက္ပိုင္း အလုပ္သိပ္မရွိလို႔ မျပန္တာ ေျဗာရဲ႕...ၿပီးေတာ့ ဒီေန႕မနက္လည္း ေက်ာင္းကို လိုက္ပို႔မယ္...."
"တကယ္လား...."
"တကယ္ေပါ့ ေျဗာရဲ႕.."
"ေယးးးးးပါးပါးက အေကာင္းဆုံးပဲ.."
မိမိလည္ပင္းကိုသိုင္းဖက္ကာ ပါးေပၚကို အားရပါးရနမ္းေနေသာ ေျဗာေၾကာင့္ ခ်န္းဟို ၾကည္ႏူးစြာရယ္ေမာမိသည္။
ကိုယ့္ေသြးသားမဟုတ္ေပမယ့္ ျဖဴစင္လြန္းတဲ့ သံေယာဇဥ္ႀကိဳးနဲ႕ခ်ည္ထားခဲ့တဲ့ ေမတၱာအတိမ္နက္က ေၾကာက္စရာေကာင္းစြာခိုင္ၿမဲလို႔ေန၏။
"သားအႀကိဳက္ ထမင္းေၾကာ္ေၾကာ္ထားေပးတာမို႔ အမ်ားႀကီးစားေနာ္...ထယ္ေယာင္း မင္းလည္း ထိုင္ေလ....ကင္မ္ခ်ီထမင္းေၾကာ္ဆိုေပမယ့္ ငါ အစပ္ေလွ်ာ့ထားတယ္..."
"ေဆာရီး ခ်န္း....ငါ အိပ္ယာထေနာက္က်သြားတာနဲ႕ မင္း ဒုကၡမ်ားရၿပီ.."
"တခါတေလမွ လုပ္ခြင့္ရတဲ့အလုပ္ပါ ထယ္ေယာင္းရယ္....ဘယ္ခ်ိန္ထိလုပ္ေပးခြင့္ရမလဲမသိေပမယ့္ အခုခ်ိန္ကစၿပီး ငါ မင္းကိုေရာသားကိုပါ တက္နိုင္သေလာက္ အခ်ိန္ေပးခ်င္လို႔..."
ခ်န္းရဲ႕ ထိုစကားေၾကာင့္ ထယ္ေယာင္းစိတ္ထဲ အားနာမိရသည္။
ငါးႏွစ္အတြင္း ခ်န္းက ကြၽန္ေတာ့္ကို တရားဝင္လက္ထပ္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ကြၽန္ေတာ္ လက္မခံျဖစ္ခဲ့ဘူး။
ထယ္ေယာင္းအတြက္ သားက အရာရာပဲမို႔ အျခားဘယ္သူမွထပ္မလိုအပ္ေတာ့ဘူး။
ခ်န္းက သံေယာဇဥ္ႀကီးတယ္။ထယ္ေယာင္း ဘယ္လိုပဲ ျငင္းဆိုပါေစ။သူက တစ္ခါမွေတာင္ လ်စ္လ်ဳမရႈဖူးဘူး။သူ႕အက်င့္အတိုင္း ဂ်စ္ကန္ကန္ေျပာတက္ေပမယ့္၊အနည္းငယ္ အတၱစိတ္မ်ားေပမယ့္ တကယ့္စိတ္ရင္းက ေကာင္းတယ္ဆိုတာကို ဒီငါးႏွစ္လုံးလုံးေသခ်ာသိခဲ့ရသည္။
"ထမင္းေၾကာ္ကို ေမႊပဲေမႊေနေတာ့မွာလား...."
"အာ...မဟုတ္ပါဘူး...စားပါ့မယ္...အရသာရွိတဲ့ အစားအေသာက္အတြက္ ေက်းဇူးပါ..."
မ်က္စိေရွ႕မွာ ခ်စ္စရာေကာင္းတဲ့ သားအဖႏွစ္ေယာက္စားေသာက္ေနတာကို ၾကည့္ေနရတဲ့ မနက္ခင္းေတြက ခ်နိ္ဟိုအတြက္ အေကာင္းဆုံးမနက္ခင္းေတြေပါ့။မပိုင္ဆိုင္ရေသးေပမယ့္ ေငးၾကည့္ခြင့္ကေလးပဲျဖစ္ျဖစ္ ရွိေနလို႔ ဒီေကာင့္ဘဝႀကီးဟာ သာယာေနတာပါပဲ။
တစ္သက္လုံးဒီအေနအထားတိုင္းဆိုလည္း ေနနိုင္ပါ၏။
ခက္တာက ပက္သက္ခ်င္တဲ့သူက ကြၽန္ေတာ့္ကို အခြင့္အေရးေသးေသးေတာင္မေပးတာပါပဲ။
.
.
.
.
.
.
"ဂုဂု....ဒီေန႕ ဘာျဖစ္လို႔ သမီးကို လိုက္ပို႔တာလဲဟင္..."
တူမေတာ္က ကားေမာင္းေနတဲ့ ေဂ်ာင္ဂုကို ေမးျမန္းလာတာမို႔..
"အြန္းခ်ယ္ ေမေမ မအားလို႔ေလ....ၿပီးေတာ့ ဟန္ေျဗာကို ေတြ႕ခ်င္လို႔..."
"ဂုဂုက ဘာလို႔ သူ႕ကို ေတြ႕ခ်င္ရတာလဲ....သူက အြန္းခ်ယ္ကို တြန္းထားတယ္ေလ...."
"အြန္းခ်ယ္....မေန႕တည္းက သမီးကို ဂုဂု ရွင္းျပထားတယ္ေနာ္....အြန္းခ်ယ္ကို တြန္းတာ သူလည္း မွားေပမယ့္ အြန္းခ်ယ္လည္း မွားတယ္ေလ...ေဖေဖႏွစ္ေယာက္ရွိတာက အျပစ္မဟုတ္တာေၾကာင့္ သူမ်ားကို မေလွာင္ရဘူးဆိုတာ ေမ့သြားၿပီလား.....ဒီကမၻာႀကီးက အြန္းခ်ယ္သိထားတာထက္ အမ်ားႀကီးဆန္းၾကယ္တယ္....မိသားစုဆိုတာက အေဖႏွစ္ေယာက္ရွိလို႔လည္းရတယ္၊အေဖနဲ႕အေမရွိလည္းရတယ္...ဒါေၾကာင့္ သူငယ္ခ်င္းကို အဲ့လိုေတြမေျပာပဲ တည့္ေအာင္ေပါင္းရမယ္ ဟုတ္ၿပီလား.."
"ဟုတ္ကဲ့....အြန္းခ်ယ္ မွတ္ထားပါ့မယ္..."
"ဒါမွ ဂုဂု တူမေလး....လိမၼာတယ္ အြန္းခ်ယ္..."
အြန္းခ်ယ္ရဲ႕ ေခါင္းေလးကို ပုတ္ေပးရင္း ေဂ်ာင္ဂုခ်ီးက်ဴးလိုက္သည္။ကေလးေတြဆိုတာ ေက်ာက္ရိုင္းတုံးေလးေတြနဲ႕ဆင္တူတယ္ေလ။တန္ဖိုးရွိေအာင္ေသြးရင္ တန္ဖိုးျမင့္လာမွာဆိုေတာ့ ခပ္ငယ္ငယ္တည္းက အုပ္ထိန္းသူရဲ႕ ဆုံးမမႈေတြဟာလည္း အေရးပါပါသည္။
.
.
.
.
.
.
ေက်ာင္းေရာက္ေတာ့ အြန္းခ်ယ္ကို အခန္းဝထိလိုက္ပို႔ရင္း မ်က္လုံးကလည္း ဟန္ေျဗာကို လိုက္ရွာေနမိသည္။
ဒါေပမယ့္ အခန္းထဲက ကေလးေတြၾကားထဲ မေတြ႕ရ။
ကြၽန္ေတာ္ေရာက္တာပဲ ေစာလြန္းေနသလားလို႔ ေတြးမိေနတုန္း...
"ေဟာ အြန္းခ်ယ္ေလး လာၿပီကိုး....မဂၤလာပါ အြန္းခ်ယ္...ဒီေန႕ေတာ့ ဦးဦး လိုက္ပို႔တာပဲ..."
အြန္းခ်ယ္အတန္းကဆရာမက သူတိူ႕တူဝရီးကို ေတြ႕ေတာ့ ႏႈတ္ဆက္ကာ အြန္းခ်ယ္ကိုလာေခၚေလ၏။
"ဦးဦးေဂ်ာင္ဂု တာ့တာ..."
"အင္း အြန္းခ်ယ္....ဆရာမစကားေကာင္းေကာင္းနားေထာင္ေနာ္..."
အြန္းခ်ယ္က တာ့တာျပၿပီး အခန္းထဲတင္သြားေလမွ ေဂ်ာင္ဂုမွာ ဆရာမကို ဟန္ေျဗာအား ေမးရေတာ့၏။
"ဆရာမ မေန႕တုန္းက ကေလး မေရာက္ေသးဘူးလားဟင္.."
"ဪ ဟန္ေျဗာလား....ေရာက္ေနပါၿပီ...လက္သြားေဆးေနတာပါ...ေဟာ ဟိုမွာ ျပန္လာပါၿပီ..."
ဆရာမအေျပာေၾကာင့္ ေဂ်ာင္ဂုလွည့္ၾကည့္လိုက္ေတာ့ ခပ္လွမ္းလွမ္းမွာ ရပ္လို႔ေနသည္။
ေဂ်ာင္ဂု သူ႕နားထိေလွ်ာက္သြားလိုက္ရင္း...
"အာေညာ္....ဟန္ေျဗာေလး.."
ေဂ်ာင္ဂု ခ်ိဳသာစြာ ႏႈတ္ဆက္လိုက္ေပမယ့္ ျပန္မႏႈတ္ဆက္ပဲ အေနာက္သို႔ဆုတ္သြားသည့္ ဟန္ေျဗာေၾကာင့္....
"ဦးဦးကို ေၾကာက္လို႔လား.."
ေခါင္းကို အသာယမ္းျပေလသည္။
"ဒါဆို ဘာလို႔ ဦးဦးကို စကားမေျပာတာလဲ....မေန႕က သား ေဖေဖနဲ႕ ရန္ျဖစ္လို႔စိတ္ဆိုးေနတာလား.."
ထပ္ၿပီး ေခါင္းပဲခါျပျပန္သည္။
"ဒါဆို စကားေျပာပါဦး....သားပဲ ဦးဦးကို ခင္တယ္ဆို...."
ဟန္ေျဗာက သက္ျပင္းကေလးခ်ကာ...
"သား တကယ္ ဦးဦးကို ခင္ပါတယ္....ဒါ ေပမယ့္ ေဖေဖက မသိတဲ့သူေတြနဲ႕ စကားမေျပာရဘူးလို႔ မွာထားပါတယ္..."
"ဦးဦးက သား ေဖေဖရဲ႕ သူငယ္ခ်င္းေလ....သူစိမ္းမဟုတ္ပါဘူး..."
"ေဖေဖကေတာ့ ဦးဦးကို သူငယ္ခ်င္းမဟုတ္ဘူးလို႔ ေျပာပါတယ္...အဲ့ဒါေၾကာင့္ သားက ဦးဦးကို ခင္ေပမယ့္လည္း စကားေျပာလို႔မရပါဘူး....ေဖေဖသိရင္ အားႀကီးစိတ္ဆိုးမွာမို႔ပါ....."
ဟန္ေျဗာက ထိုသို႔ေျပာၿပီးတာနဲ႕ ေဂ်ာင္ဂုကို ကိုယ္ေလးကိုင္းကာ အေလးျပဳၿပီး အတန္းထဲဝင္သြားေလသည္။
ေဂ်ာင္ဂုမွာ ဟန္ေျဗာေျပာသြားတဲ့စကားေတြေၾကာင့္ ထယ္ေယာင္းကိုပိုၿပီးသံသယဝင္လာမိသည္။
ဘာလို႔ ကေလးနဲ႕သူ႕ကို စကားမေျပာခိုင္းတာလဲ။တကယ္လို႔ ကြၽန္ေတာ္နဲ႕ဒီကေလးသာ မပက္သက္ဘူးဆိုရင္ ဒီလိုမွာထားစရာမလိုဘူးမဟုတ္လား။
ေသခ်ာတာ ဒီကေလးက ထယ္ေယာင္းရဲ႕ အားနည္းခ်က္ပဲ ျဖစ္လိမ့္မယ္။
မင္းဖုံးကြယ္ထားလည္း ငါရေအာင္ရွာမယ္ ထယ္ေယာင္းေရ။
ဖတ္ေပးတဲ့သူတစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္။
7.11.2023 Tuesday
Taesoul 9597
Borahae 💜