{15}

7.8K 1K 203
                                    

ခြံထဲ၌ တစ်စုံတစ်ယောက်နဲ့စကားရပ်ပြောနေသော ထယ်ယောင်းကို အိမ်ပေါ်ထပ်မှာရှိနေသော ဂျီဟွမ် လှမ်းမြင်နေရသည်။
ရယ်မောလို့ပြောနေတဲ့ ထယ်ယောင်းပုံစံက သူ့အပေါ်မှာ မဆက်ဆံဖူးသေးတဲ့ အပြုမူတစ်ခုမို့ တစ်ဖက်လူကို မနာလိုဖြစ်မိရ၏။
တစ်ဆက်တည်းမှာပဲ ထိုလူဘယ်သူလဲဆိုတာ သိချင်စိတ်တို့မဆုံးနိုင်။
သေချာကြည့်မိတော့ ထယ်ယောင်းတို့အဆောင်နားမှာတွေ့ခဲ့တဲ့ကောင်လေးဖြစ်နေလေ၏။
ထယ်ယောင်းရဲ့ အခန်းဖော်ဆိုတဲ့ ခပ်ချောချောမျက်နှာနဲ့ကောင်လေး။အခန်းဖော်ချင်းရင်းရင်းနှီးနှီးပြောဆိုနေတာက ထူးဆန်းတာမျိုးတော့မဟုတ်ပေမယ့် ထိုကောင်လေးရဲ့ ထယ်ယောင်းပေါ်မှာကြည့်တဲ့ အကြည့်တို့ကို ဘဝင်မကျမိပါ။

မြွေမြွေချင်း ခြေမြင်တယ်ပြောရမလား။
Alpha ချင်းချင်းမို့ ခံစားမိတယ်ပြောရလေမလား။
ထယ်ယောင်းအပေါ်မှာကြည့်တဲ့ထိုအကြည့်တွေကရိုးသားမှုရှိမနေတာကို ခံစားလို့‌ရနေသည်။
ဒါပေမယ့် ကျွန်တော် စိတ်ထင်တာပဲဖြစ်မှာပါ။
ထယ်ယောင်းဟာ Omega ဖြစ်ကြောင်းကိုတော့ ထိုကောင်လေးက သိမှမသိပဲ။

"ဂျီဟွမ်ရေ...."

"ဟုတ်ကဲ့ ဒေါ်လေး...."

ထယ်ယောင်းရဲ့အမေဟာ ကျွန်တော့်နာမည်ကိုခေါ်ရင်း အနားသို့လျှောက်လာလေ၏။

"ဒေါ်လေးက အခန်းထဲရှိနေမယ်ထင်တာ...သားက ဒီမှာကိုး....ဒီမှာ သားအတွက် သံပုရာရည်...."

"အဒေါ်ကြီးကို ပို့ခိုင်းလိုက်မှပေါ့ဒေါ်လေးရယ်....ဘာလို့ ကိုယ်တိုင်ယူလာတာလဲ..?"

"ရပါတယ်....ဒေါ်လေးလည်း ယူစရာရှိလို့...."

"ဒါနဲ့ ဒေါ်လေး....ထယ်ယောင်းရဲ့သူငယ်ချင်းရောက်နေတာလား?"

"အေးကွယ်....အဲ့ဒီကောင်လေးက တော်ဝင်စံအိမ်ကအငယ်ဆုံးကလေးလေ....မင်းညီလေးကိုတော့ တကယ်ခင်ပုံပဲ...စက်ဘီးစီးဖို့ဆိုပြီးလာခေါ်တာ....မင်းသားလေးဆိုပေမယ့် မာန်မာနလည်းသိပ်မရှိတဲ့ ကလေးလေးပါပဲ..."

ဪ ဒါကြောင့် ထိုကောင်လေးကို တွေ့တွေ့ချင်း မြင်ဖူးပါတယ်မှတ်တာ။
တော်ဝင်စံအိမ်ကမင်းသားလေးကိုး။

The Alpha Zone (Completed)Where stories live. Discover now