{ 38 }

6.1K 932 194
                                    

"ပါးပါးကဘာလို့ သားတို့နဲ့အတူတူ မနေတာလဲဟင်.."

ညဝတ်အင်္ကျီလဲပြီး ခုတင်ပေါ်၌နေရာယူထားပြီဖြစ်တဲ့ သားက ခပ်လှမ်းလှမ်းရှိ စာအုပ်စင်တွင် ပုံပြင်စာအုပ်အား သိမ်းနေသော ထယ်ယောင်းကိုကြည့်ကာ လှမ်းမေးလေ၏။ဒီလိုမေးခွန်းမျိုးကို အရင်က မမေးဖူးပေမယ့် အခုတော့ ဗြောက အတော်သင့်နားလည်နေပြီမို့ ထယ်ယောင်းပြန်မဖြေလို့မဖြစ်။

"ပါးပါးကအလုပ်တွေအများကြီးရှိလို့လေ....ဗြောလေးက စိတ်မကောင်းဖြစ်နေတာလား....ပါးပါးက သားနဲ့အတူမနေပဲ ပြန်သွားလို့လေ..."

"ဟုတ်ကဲ့... သားမလိမ်ပဲ ပြောရရင် ဝမ်းနည်းပါတယ်..."

ဗြော ရဲ့ ပြန်ဖြေသံကြောင့် ထယ်ယောင်း ရင်ထဲ နင့်ခနဲ။
သူငယ်ငယ်တည်းက အတူတူရှိလာခဲ့တာဆိုတော့လည်း အနည်းနဲ့အများဝမ်းနည်းနေမှာပါပဲ။

"ဖေဖေ သားနားမှာရှိတယ်လေ ဗြောရဲ့.."

"ဒါပေမယ့်လည်း ရွာမှာတုန်းကလိုမျိုး အားလုံး အတူတူနေချင်ပါတယ်....အဲ့ဒီမှာဆို ပါးပါးက အလုပ်တွေရှုပ်နေလည်း ဗြောနဲ့အတူ ကစားပေးတယ်လေ...ပြီးတော့ အခုလိုမျိုး အခြားနေရာမှာ ညမအိပ်ဘူးလေ.."

သားဖြစ်သူရဲ့စကားကြောင့် ထယ်ယောင်းမှာ သက်ပြင်းသာချမိတော့သည်။မြို့ကို ပြန်ပြောင်းလာတယ်ဆိုတာ ဗြောရဲ့ ပညာရေးအတွက်ပါ။
ထယ်ယောင်းအနေနဲ့သာဆိုရင် တစ်သက်လုံး ဇာတ်မြုပ်ပြီးနေချင်ပါသေးသည်။မိမိကြောင့် ထိခိုက်မှုတွေများခဲ့ရပြီး နာကျင်မှုတွေနဲ့ပဲ ကြုံခဲ့ရသည့် ဒီမြို့ပေါ် ပြန်လည်အခြေချဖို့ကို ထယ်ယောင်းအဖို့ မနည်းဆုံးဖြတ်ခဲ့ရသည်သာ။ဒီကို ပြန်ရောက်တာလအနည်းငယ်ပဲ ရှိသေးပေမယ့် သားက ဒီလိုမျိုးထိပြောလာလိမ့်မယ်လို့ မထင်ခဲ့တာအမှန်ပါ။ချန်းက သားရဲ့ အဖေရင်း မဟုတ်ပေမယ့် သားဘက်က ဒီလိုမျိုး အတော်လေးသံယောဇဉ်တွယ်နေတာကို သိရပြန်တော့လည်း ရင်ထဲ မကောင်းလှ။

"ဖေဖေ သား အိပ်တော့မယ်..."

"ဟင်...အော ဟုတ်ပြီ ဖေဖေ့သားလေး...ကောင်းကောင်းအိပ်နော်.....သား အိပ်ပျော်တဲ့ထိ ဖေဖေစောင့်နေပေးမယ်.."

The Alpha Zone (Completed)Where stories live. Discover now