Dr.ကျန်း (ဘာသာပြန်)

By _ImFoodie

150K 22.3K 466

Translation တစ်ပတ်သုံးပိုင်း update တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး ???????? All credit to Original Author an... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Not Update 😜
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
🧑‍⚕️Chapter 27
chapter 28🧑‍⚕️
Chapter 29🧑‍⚕️
Chapter 30👨‍⚕️
Chapter 31
Chapter 32🧑‍⚕️
Chapter 33 🧑‍⚕️
Chapter 34🧑‍⚕️
Chapter 35🧑‍⚕️
Chapter 36🧑‍⚕️
Chapter 37🧑‍⚕️
Chapter 38🧑‍⚕️
Chapter 39 🧑‍⚕️
Chapter 40
Chapter 41🧑‍⚕️
Chapter 42🧑‍⚕️
Chapter 43🧑‍⚕️
Chapter 44🧑‍⚕️
Chapter 45🧑‍⚕️
Chapter 47🧑‍⚕️
Chapter 48🧑‍⚕️
Chapter 49🧑‍⚕️
Chapter 50🧑‍⚕️
Chapter 51🧑‍⚕️
Chapter 52 🧑‍⚕️
Chapter 53🧑‍⚕️
Chapter 54🧑‍⚕️
Chapter 55🧑‍⚕️
Chapter 56 🧑‍⚕️
Chapter 57🧑‍⚕️
Chapter 58🧑‍⚕️
Chapter 59 🧑‍⚕️
Chapter 60 🧑‍⚕️
Chapter 61 🧑‍⚕️
Chapter 62 🧑‍⚕️
Chapter 63 🧑‍⚕️
Chapter 64 🧑‍⚕️
Chapter 65 🧑‍⚕️
Chapter 66 🧑‍⚕️
Chapter 67 🧑‍⚕️
Chapter 68 🧑‍⚕️
Chapter 69 🧑‍⚕️
Chapter 70 🧑‍⚕️
Chapter 71 🧑‍⚕️
Chapter 72 💰
Chapter 73 🧑‍⚕️
Chapter 74 🧑‍⚕️
Chapter 75 🧑‍⚕️
Chapter 76🧑‍⚕️
Chapter 77🧑‍⚕️
Chapter 78🧑‍⚕️
Chapter 79 🧑‍⚕️
Chapter 80 🧑‍⚕️
Chapter 81 👨‍⚕️
Chapter 82 👨‍⚕️
Chapter 83👨‍⚕️
Chapter 84 👨‍⚕️
Chapter 85 👨‍⚕️
Chapter 86 👨‍⚕️
Chapter 87 👨‍⚕️
Chapter 88 👨‍⚕️
Chapter 89👨‍⚕️
Chapter 90 👨‍⚕️
Chapter 91👨‍⚕️
Chapter 92👨‍⚕️
Chapter 93👨‍⚕️
Chapter 94👨‍⚕️
Chapter 95👨‍⚕️
Chapter 96👨‍⚕️
Chapter 97👨‍⚕️
Chapter 98👨‍⚕️
Chapter 99👨‍⚕️
Chapter 100👨‍⚕️
Chapter 101🧑‍⚕️
Chapter 102🧑‍⚕️
Chapter 103🧑‍⚕️
Chapter 104🧑‍⚕️
Chapter 105🧑‍⚕️
Chapter 106
Chapter 107🧑‍⚕️
Chapter 108🧑‍⚕️
Chapter 109🧑‍⚕️
Chapter 110🧑‍⚕️
Chapter 111🧑‍⚕️
Chapter 112🧑‍⚕️

Chapter 46 🧑‍⚕️

1.3K 187 9
By _ImFoodie

Chapter 46

သို့သော် လေးစားရပါသော ဆရာမချွေ့သည် သူမ၏ ရည်မှန်းချက်အား ရှင်းလင်းစွာ မဆောင်ရွက်နိုင်သေးပေ။ခြုံပြောရလျှင် လူငယ်များသည် ဘလိုင်းဒိတ်အတွက် ဖိအားပေးခံရ တွန်းအားပေးခံရသည်ကို မကြိုက်ကြကြောင်း ကို သူမသိသည်။ထို့ကြောင့် ထို ပွဲအားအသုံးချ၍ သူတို့အား စီစဉ်ပေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ပို၍ပြောရလျှင် ဤပြဿနာနှင့်ပတ်သက်၍ ကျန်းရွှိနှင့် ရှန့်ဖန်းယွိကြားမှ မကောင်းသောဆက်ဆံရေးကိုလည်း ဖျက်ပစ်ချင်သည်။ငယ်ရွယ်စဉ် အချင်းချင်းပြိုင်ဆိုင်ကြသည်မှာ ကောင်းသော်လည်း အမြဲတမ်းထိုကဲ့သို့ဖြစ်နေလျှင် နှစ်ဦးလုံး၏ ဘဝ ဖွံဖြိုးတိုးတက်မှုအတွက်အထောက်အပံ့မဖြစ်နိုင်ပေ။သူတို့နှစ်ယောက်အနေနှင့် ခါးသီးသောရန်ဖက်များဖြစ်သွားကြပါက ဌာန၏ စည်းလုံးမှုအတွက် အထောက်အပံ့လည်း မဖြစ်နိုင်တော့ပေ။

သူမသည် ရှန့်ဖန်းယွိနှင့် ပတ်သက်၍ သိပ်မပူပန်ရပေ။ သူသည် အများအားဖြင့် စောဒကတက်ရုံသာရှိသည်။အကယ်၍ သူမသေချာ စီစဉ်ပေးပြီး သရုပ်ဆောင်ခိုင်းလျှင် သူသည် ညည်းညူသော်ငြား လည်း မငြင်းဆန်ပါ။သူ့ ဆရာမနှင့်အထက်လူကြီးများ မျက်နှာ မပျက်စေရန်သူကြိုးစား လုပ်ပေးနိုင်သည်။

သို့သော် ကျန်းရွှိက ပို၍ ခေါင်းမာသည်။သူမလုပ်ချင်လျှင် ဘာဆိုဘာကိုမျှ လုပ်မည်မဟုတ်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ …သူ၏ဆရာမဒါရိုက်တာ ချွေ့ဆိုသည့် သူမကိုယ်တိုင်ပင် မပြောနှင့်…ကျီဟွားဆေးရုံ ဌာနမှူးကိုယ်တိုင်လာပြောလျှင်ပင် မျက်နှာချင်းဆိုင်ပြီး စိတ်ရှုပ်ခံမည့်သူမျိုးမဟုတ်ပေ…။

သူမသည် တပည့်များ၏ ကိုယ့်ကျင့်တရားများအကြောင်းကောင်းသိသည်။ရှန့်ဖန်းယွိသည် နေရာတကာပျံ့နှံ့စီးနေသော ရေပြင်လေးဖြစ်ပြီး ကျန်းရွှိသည် မာကျောသော ကျောက်ဆောင်ကြီးဖြစ်သည်။ရှန့်ဖန်းယွိဆီတွင် ကျောက်ဆောင်ကို ထိုးဖောက်နိုင်သည့်နည်းလမ်းရှိနိုင်ပါစေဟုသာ သူမ မျှော်လင့်ရတော့မည်။

သို့သော်လည်း သူ၏ကျောင်းသားများအားထိုစကားများပြောထွက်မည်မဟုတ်ပေ …။ကျေးဇူးကြီးမားလှသော ဆရာမချွေ့ သည် သူမ ပြောသင့်သည့် စကားကိုသာ ပြောပြီး နောက် သူမ၏ လက်ကို ဝေ့ပြလိုက်ကာ

"ငါအစည်းအဝေးရှိလို့ သွားတော့မယ်…မင်းတို့ရဲ့သတင်းကောင်းကို စောင့်နေမယ်…"

သူမသည် ထိုနှစ်ယောက်အား ထိုနေရာမှာပင် မတ်တပ်ရပ်ကျန်စေကာ ထားခဲ့သည်။

အချိန်အတော်ကြာသောအခါ ရှန့်ဖန်းယွိကဖြည်းညှင်းစွာပြောသည်။
"ကျန်း…ရွှိ……"

"မင်းနဲ့ ကောင်းရွှယ်နဲ့က တော်တော်ရင်းနှီးတာလား…"
ကျန်းရွှိက ကြားဖြတ်ပြောသည်။

"ဟင်….အင်း…"

ကျန်းရွှိ၏ ၁၈၀ဒီဂရီလှည့်ကြည့်ခြင်းခံရပြီးနောက် ရှန့်ဖန်းယွိ ကြက်သေ သေသွားကာ စိတ်များ ထွေပြားသွားသည်။သူက ကျန်းရွှိသည်ကောင်းရွှယ်အား တစ်ခုခု မေးချင်နေသည်ဟုထင်သွားကာ…

"မင်း သူမကို ပြောစရာရှိလို့လား…ငါ့ကိုပြောလေ ရတယ်…ငါသူ့ကို ပြန်ပြောပြပေးမယ်လေ…သူကသေချာပေါက်ကူညီမှာပါ…."

ကျန်းရွှိက သူ့အား တချက်ဝေ့ကြည့်သည်။
ထိုအချိန်တွင် ရှန့်ဖန်းယွိက
"ဒါ…ဆို…ပြဇာတ်က….."

"မသွားဘူး" ဟု ကျန်းရွှိက ရှန့်ဖန်းယွိအား အသက်မပါစွာ ကြားဖြတ်ပြောပြီး သူ့အင်္ကျီလက်ကို ခေါက်တင်ကာ ထွက်သွားသည်။

"ဟာ…ဟေ့ ကျန်းရွှိ.."
ရှန့်ဖန်းယွိက ကျန်းရွှိ၏ အနောက်ဘက်အားကြည့်ရင်းပြောလိုက်သည်။

ကျန်းရွှိက လမ်းမြန်မြန်လျှောက်ကာ သူ့အားဥပေက္ခာပြုလိုက်သည်။

ရှန့်ဖန်းယွိက ဒေါသထွက်ကာထွက်သွားသော ကျန်းရွှိ၏ ကျောဘက်အား လှမ်းကြည့်ကာ
"မင်းမသွားဘူးဆိုလည်း မသွားနဲ့လေ…ဘာလို့ ဒေါသထွက်သွားရတာလဲ…" ဟုရေရွတ်နေတော့သည်။

သို့သော်လည်း…မကြာမီကပင် ကျန်းရွှိနှင့် တစ်ဖက်တည်း ရပ်တည်ခဲ့သော ရှန့်ဖန်းယွိသည် ဘက်ပြောင်းချင်သွားသည်။

ကျန်းရွှိ၏ ၂၀မီတာ ပတ်လည် အိပ်ခန်းတွင် ဝန်းရံတပ်ဆင်ထားသော စတီရီယိုစက်များမှ "မြွေဖြူလေးရဲ့ဒဏ္ဍာရီ" ဇာတ်ဝင်တေးကို အသံအတိုးအချဲ့အားတဆုံးလှည့်ထားကာ ထပ်ခါထပ်ခါဖွင့်နေတော့သည်။ပုံမှန် အိပ်ယာကုတင်ကြီးပင် တော်တော်တုန်ခါနေ၍ ကုတင်ထိပ်မှခေါင်းမှီစင်သည်လည်း သက်တောင့်သက်သာမရှိတော့ပဲ တကျွီကျွီတကျွတ်ကျွတ်ပင်မြည်နေသည်။

ဆရာဝန်နှစ်ယောက် ကုတင်ပေါ်တွင် လုံးထွေးသတ်ပုတ်နေကြသည်။ကျန်းရွှိသည် မညှာမတာစွာဖြင့် ရှန့်ဖန်းယွိ၏ အဓိကနေရာသို့ တည့်တည့်ကြီးပြေးလာသည်။ရှန့်ဖန်းယွိသည် စတီရီယိုစက်ကို ပင် အာရုံစိုက်ထားမိသည့်အတွက် ကျန်းရွှိအား သူ့န္ဓာကိုယ်ကို တိုက်ခိုက်ခွင့်ပေးမိသွားသည်။ သူအနည်းငယ် ထိခိုက်သွားသော်လည်း စတီရီယိုစက်သည် ကျန်းရွှိလက်များပေါ်သို့ ပြုတ်ကျမသွားခဲ့ပေ။

"ရှန့်ဖန်းယွိ…"

ရှန့်ဖန်းယွိမျက်နှာတွင် သံသယအပြုံးနှင့်
"အဲ့ဒါ တော်တော်နားထောင်ကောင်းလား…"

အရာအာလုံးသည် လွန်ခဲ့သော တစ်နာရီခန့်ကဖြစ်သွားခဲ့သည်။

ပုံမှန်အတိုင်းပင် သူတို့နှစ်ဦးသည် ကိုယ့်ကားနှင့်ကိုယ်တချိန်တည်း အိမ်ပြန်လာခဲ့ကြသည်။ပြီးနောက်  ရှန့်ဖန်းယွိသည် ကျန်းရွှိ မဖိတ်ခေါ်သေးပဲ ကျန်းရွှိအိမ်ဆီသို့ သူ့အိမ်သူ့ရာ လိုပင် ထပ်ရောက်လာပြန်သည်။

အိပ်ခန်းတွင်းမှ ကြမ်းပြင်ပေါ်တွင် သူ့အိပ်ယာသည်ရှိနေဆဲဖြစ်ပြီး ရေချိုးခန်းထဲတွင် အရင်ထက်ပိုများသော ရေချိုးခန်းသုံးပစ္စည်းများရှိနေသည်။ရေချိူးခန်းသုံး မျက်နှာသုတ်ပုဝါများသည်လည်း လျှော်ဖွတ်ပြီးကာစဖြစ်ပုံရပြီး နေလှန်းထားသည့်အနံ့ပင်ရနေသေးသည်။

ရှန့်ဖန်းယွိက အနည်းငယ်အံ့ဩသွားကာ…
"မင်း မျက်နှာသုတ်ပုဝါတွေကို ငါ့အတွက် လျှော်ပေးထားတာလား"

"အဲ့ဒါတွေကို အဝတ်လျှော်စက်နဲ့လျှော်ထားတာ"

"အဲ့တော့ မင်းကငါ့အတွက် အဲ့ဒါတွေကို လျှော်စက်ထဲ ထည့်ပေးတယ်ပေါ့"

ကျန်းရွှိကသူ့အား ဝေ့ကြည့်ပြီး မျက်လုံးကိုနောက်သို့လှန်ကာ "အန်တီ လုပ်ပေးခဲ့တာ"

ကျန်းရွှိသည် တစ်ပတ်တခါ အိမ်ရှင်းရန် အိမ်ထိန်းတယောက်အား အလုပ်ခန့်ခဲ့သည်။

ရှန့်ဖန်းယွိ သိချင်သွားသည်။
"ဒါဖြင့် အန်တီက ဘာလို့ ဟိုတခေါက်တုန်းက ငါ့အတွက်မလျှော်ပေးသွားရတာလဲ…"

ကျန်းရွှိက သူ့အား ဗလာနတ္ထိ အကြည့်နှင့် ကြည့်သည်။

သူစကားမပြောခင် ရှန့်ဖန်းယွိက ကုတင်ပေါ်မှ ပန်းရောင် ယုန်ရုပ်လေးအားဖက်ကာ…
"အရင်ရက်တွေတုန်းက ငါဖျားနေတာလေ…မင်း ငါ့ကို မလွမ်းဘူးလား…"

"မလွမ်းဘူး…"

"မင်းကို မမေးပါဘူး… အနောက်အရပ်ကနေထွက်ရင်တောင် ဒေါက်တာကျန်းက ငါ့ကိုမလွမ်းဘူးဆိုတာ ငါသိပါတယ်…ငါဒီဟာလေးကိုမေးနေတာ" သူ၏လက်မောင်းထဲမှယုန်ရုပ်လေးအား နှာခေါင်းဖြင့် ပွတ်သပ်ပြလိုက်သည်။

သူနှင့် ကျန်းရွှိသည်  အကယ်၍ ကျန်းရွှိ ညဘက်တွင် ခြေထောက်ကြွက်တက်၍ဖြစ်စေ တခြားနေထိုင်မကောင်း၍ဖြစ်စေ ရှန့်ဖန်းယွိအားထို ယုန်ရုပ်နှင့် ရိုက်မည်ဟု သဘောတူထားသည်။သို့မှသာ သူနိုးလာမည်ဖြစ်သည်။ထို့နောက် ရက်ပေါင်းများစွာကြာသည့်အခါ သူနှင့် ထိုယုန်ရုပ်သည် တော်လှန်ရေး မိတ်ဆွေ ဖြစ်လာကြသည်။

ကျန်းရွှိက ယုန်ရုပ်အားပြန်ဆွဲယူရင်း…
"ရေသာ အရင် သွားချိုးစမ်းပါ…"

သူသည် ရေမချိုးပဲနှင့် အိပ်ယာဝင်၍မရပါ။ထို့ပြင် ကျန်းရွှိအိပ်ယာပေါ်မှ မည်သည့်အရာမျှ ထိခွင့်မရပေ။ထိုယုန်ရုပ်လေးလည်းအပါအဝင်ဖြစ်သည်။ ရှန့်ဖန်းယွိက ဆူပုတ်ပုတ်နှင့် အဝတ်အစားတချို့ယူကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။

သူတို့နှစ်ဦးသည် ရေကို အလှည့်ကျချိုးကြသည်။ ကျန်းရွှိရေချိုးခန်းမှထွက်လာသည်နှင့် ရှန့်ဖန်းယွိ တစ်ခုခု အား ကလိနေသည်ကို မြင်လိုက်သည်။ ကျန်းရွှိတချက် လှမ်းကြည့်လိုက်ပြီးနောက် ထိုအရာသည် စားပွဲတင် စတီရီယိုဖြစ်ကြောင်းသိလိုက်သည်။

သူသည် ခေါင်းသုတ်ရန် ပုဝါတထည်ကို ယူကာ ရှန့်ဖန်းယွိအားကြည့်လိုက်သည်။ သူ့အားစောင့်နေသကဲ့သို့ပင်။ ရှန့်ဖန်းယွိက စတီရီယိုပေါ်မှ ခလုတ်အား ဖြေးဖြေးနှင့် မှန်မှန်နှိပ်လိုက်သည်နှင့် ရင်းနှီးနေသော သံစဉ်က ရုတ်တရက်ထွက်ပေါ်လာသည်။အား….အား…..ဟူသောအသံတွဲကြီးက ကျန်းရွှိနားများအား ချက်ချင်း ဆူသွားစေသည်။

ကျန်းရွှိနှင့်သူ့မိဘများသည် မြွေဖြူလေးရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းအား လွန်ခဲ့သော နှစ်များစွာကပင် အတူကြည့်ဖူးသည်။ဇာတ်လမ်းထဲမှာသီချင်းသည် အမှတ်ရစရာပင်…။ သူသည် ဇာတ်လမ်း၏အဓိကကြောင်းအရာကို သေချာ မမှတ်မိသော်ငြားလည်း "အား.."ဟူ၍ ခေါင်းထဲရိုက်သွင်းလိုက်သည့်ထိုဇာတ်လမ်းသည် သူ၏ ဒီအန်န်အေ ထဲထိ တံဆိပ်ကပ်လိုက်သယောင် ကျန်းရွှိအား လွန်ခဲ့သော ဆယ်နှစ်ထိ ပြန်အမှတ်ရစေသွားသည်။

သီချင်းက စကားလုံးများနှင့် အပိုင်းအား ရောက်သောအခါ…ဆရာမ ကျို့ဟုန်းယွမ် ၏ အားကြိုးမာန်တက်နှင့် လှပသော အသံက ထွက်ပေါ်လာသည်။

"မတ်လတုန်းက အနောက်ဘက်ရေကန်ရဲ့ အလှလို…
နွနေဲ့မိုးက ဝိုင်နဲ့ မိုးမခ လို…
မီးခိုးမြူတွေလို…"

*(ရှေ့အပိုင်းတွင်မူ မြွေဖြူလေး၏ဒဏ္ဍာရီ အသစ် ဗားရှင်း၏ ဇာတ်ဝင်တေး ဟုပြောထားကြသော်လည်း ယခုအပိုင်းတွင်မူ မူလအရင်အဟောင်းဗားရှင်း၏ ဇာတ်ဝင်တေးကိုသာ ဖွင့်ပြနေခြင်းဖြစ်သည်။)*

သီချင်းသံအား အလွန်ရင်းနှီးနေသဖြင့် သီချင်းလိုက်ဆိုချင်လာသော စိတ်ကို အောင့်ထားနိုင်ရန် ကျန်းရွှိသည် သူ့လျှာဖျားထိပ်သာ ကိုက်ထားမိတော့သည်။ရှန့်ဖန်းယွိက ဂရုမျှမစိုက်ပေ။စတီရီယိုနှင့်အတူ သီချင်းကို လိုက်၍ ညည်းနေကာ ကျန်းရွှိကိုလည်း…

"ငါဒီသီချင်းကို မကြားရတာ အတော်ကြာပြီ… ဒီသီချင်း ငါ့ခေါင်းထဲ ဘယ်လောက်ထိစွဲခဲ့လဲဆိုတာတောင်မှတ်မိသေးတယ်…ဒါပေမယ့်အခုပြန်နားထောင်တော့လည်း  ဆန်းဆန်းလေးနဲ့ နားထောင်လို့ကောင်းသား…"

ထိုအချိန်တွင် ကျန်းရွှိသည် ထိုပြဿနာ၏ အတိမ်အနက်ကို သဘောမပေါက်သေးပေ။ဆရာမချွေ့အား အလျင်အမြန် အသနားခံနေသည့်ရှန့်ဖန်းယွိအပြုအမူများနှင့်ပတ်သက်၍ အထင်အမြင်သေးခဲ့မိသေးသည်။

မမျှော်လင့်ပဲနှင့် ရှန့်ဖန်းယွိက သူ့စတီရီယိုကို ကာကွယ်လိုက်နိုင်ပြီး ကျန်းရွှိဘေးတွင် တစ်နာရီကြာ  ထပ်ခါထပ်ခါလာသည့်စနစ်အားဖွင့်ထားလိုက်သည်။ ကျန်းရွှိသည် ဆံပင် အခြောက်ခံစက်နှင့်မှုတ်နေရင်း စက်ကိုအမြင့်ဆုံးထားလိုက်သော်လည်း ထိုသီချင်းသံအား မကျော်နိုင်ပေ။

"မင်းဖျားနေတာလား"

ကျန်းရွှိသည် စတီရီယိုကို လှမ်းဆွဲရန်  ဆံပင်အခြောက်ခံသည့်စက်အား  အဝေးသို ပစ်လိုက်သည်။နှစ်ယောက်သားအိမ်ကိုပတ်ပြေးနေကြသည်။သီချင်းကလည်း လာနေဆဲဖြစ်ကာ ပို၍ ကျယ်ကျယ်လာပြီး ပွဲတော်ကဲ့သို့ဖြစ်နေသည်။ကျန်းရွှိသည် ဒေါသထွက်လွယ်၍ ရှန့်ဖန်းယွိသည် မည်သို့ရှောင်ရှားရမည်ကို ကောင်းကောင်းသိသည်။နှစ်ဦးသားသည် ရက်အတော်အတန်ကြာ ထိုကဲ့သို့အမြဲဖြစ်နေလေ့ရှိကြပြီးနောက်ဆုံးတွင်လည်း  ကုတင်ပေါ်တွင်သတ်နေကြသည်သာ….။

ကျန်းရွှိသည် ဤဆူညံပူညံဖြစ်နေမှုအား သည်းမခံနိုင်တော့ပေ…။သူသည် ရှန့်ဖန်းယွိ နေမကောင်းစဉ်ကာလက အချိန်များကို လွမ်းလာသည်…။ထိုအချိန်များသည် တိတ်ဆိတ်သည်ဟု သူထင်မိသည်။သို့သော် ယခုအချိန်တွင် သူသည် ရှန့်ဖန်းယွိအား သူ၍စတီရီယို၊စပီကာများနှင့်အတူ ပြတင်းပေါက်မှတဆင့် ပစ်ချလိုက်ချင်တော့သည်။

ထိုအတိုင်းပင်ဖြစ်သည်။အိမ်တစ်အိမ်သည်တိတ်ဆိတ်ရန်လိုအပ်သေးသည်။

သူသည် ရှန့်ဖန်းယွိအကြောင်း မတွေးသင့်ပေ။

စတီရီယိုစက် အား တတိယအကြိမ်ထပ်လု၍မရတော့သည့်အခါ ကျန်းရွှိသည် စိတ်မရှည်တော့ပေ။သူ၏နားရွက်များအား အုပ်ကာ အိပ်ယာပေါ်မှ ထလိုက်သည်။သူသည် ရှန်ဖ့န်းယွိ၏ ခေါင်းအား ခေါင်းအုံးနှင့်ပစ်ပေါက်လိုက်ကာ မျက်လုံးထဲတွင်လည်း မှောင်မိုက်နေသောမုန်တိုင်များ အစပျိူးနေသည်။

"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ…"
ဒေါသထွက်နေ ကျန်းရွှိအား ရှန့်ဖန်းယွိက ပြေရာ ပြေကြောင်းမေးသည်။

"ငါနဲ့ အတူ သရုပ်ဆောင်မယ်လို့ကတိပေး…အဲ့ဒါဆိုရင် စတီရီယိုကို ပိတ်ပေးမယ်…"

ကျန်းရွှိက သူ့အားကြည့်ကာ လေးပင်သော မျက်နှာဖြင့်
"မဖြစ်နိုင်ဘူး…"

သူ၏ နံရိုးများအားပွတ်သပ်နေသော ရှန့်ဖန်းယွိက
"အဲ့ဒါဆို ငါတော့ ဒီလိုဆက်ပြီးကစားမှာပဲ"

ထို့နောက် သူက သွေးတိုးစမ်းရန် ထပ်၍ပြောသေးသည်။

"ဒီ စပီကာတွေက စျေးတော့ပေါတယ် အသံကွာလတီလည်း သိပ်မကောင်းဘူး…ဒါပေမယ့် သူတို့ကောင်းကွက် က အသံအရမ်းကို ကျယ်တာနော်…အဲ့တော့ မင်းအဲ့ဒါကို ရိုက်ခွဲလည်း ငါ နောက်ထပ် တစ်ခုထက်ပိုပြီးဝယ် ပစ်မှာ…အဲ့တော့ မင်းအဲ့ဒါတွေကို ထပ်ဖျက်ဆီးပစ်လည်းငါက မနက်ဖြန်ကျရင် နောက်တစ်ခု ထပ်သယ်လာအုံးမှာပဲ…"

ကျန်းရွှိသည် အသက်ကိုပြင်းပြင်းရှူလိုက်ကာ ကိုယ့်ကိုယ်ကို သံသယနှင့် ပြန်မေးမိပြန်သည်။သူဘာကြောင့် ရှန်းဖန်းယွိအား သူ့အိမ်တွင်နေခွင့်ပေးခဲ့မိသည်လဲ….။

ဂီတသံက သူ့နားထဲတွင် မြည်ဟည်းနေသေးသည်။

"ငါတို့မှာ မိုင်ထောင်ချီကိုဖြတ်ပြီး ဆုံစည်းဖို့ကံကြမ္မာပါလာတယ်"

"ရေစက်ပါမလာ ရင် လက်တွေ မြဲဖို့ မဖြစ်နိုင်ဘူး"

"အတူတူ တလမ်းတည်းသွားဖို့ ၁၀နှစ်ကြာအောင် ကြိုးစားခဲ့ကြတာ"

"အတူတူ မှေးစက်ခွင့်ရဖို့ နှစ် ၁၀၀လောက်ကြာအောင် ကြိုးစားခဲ့ကြတာ"

သူသည်မည်မျှဆိုးသွမ်းသော မကောင်းမှုကို ပြုခဲ့မိခြင်းကြောင့် ယခု ရှန့်ဖန်းယွိနှင့်အတူ မကောင်းသည့် ကံကြမ္မာကို ကြုံနေရသနည်း…။ပထမဦးစွာ…သူတို့နှစ်ဦး အတူအိပ်မိသွားသည်။ထို့နောက် နားမလည်နိုင်စွာ…သူကိုယ်ဝန်ရခဲ့ပြန်သည်။ယခု ရှန့်ဖန်းယွိက သူ့ကိုယ်ပိုင်အိမ်ထဲတွင် လာ၍ ခြိမ်းခြောက်နေသေးသည်။

"ငါ မင်းကို ၁၀စက္ကန့် အချိန်ပေးမယ်…မင်းအဲ့ဒါကို မပိတ်ဘူးဆိုရင် ငါထွက်သွားမယ်"

သူ့နှာတံပေါ်တွင် မျက်မှန်တပ်ထားကာ ကုတင်ဘေးတွင်ရပ်နေသည်။ ရှန့်ဖန်းယွိမျက်မနှာ အား သူ့မျက်မှန်မှတစ်ဆင့်  အကြည့်စူးစူးများဖြင့် စိုက်ကြည့်လိုက်သည်။

"တစ်ဆယ်…ကိုး….ရှစ်…"

သီချင်းသံပိတ်သွားသည်။ရှန့်ဖန်းယွိက ဆူပုတ်ပုတ်နှင့်ပြောသည်။
"အချိန်တိုင်းစက်လေး"

ကျန်းရွှိက ကြမ်းပြင်ပေါ်ရှိ အိပ်ယာအား လက်ညှိုးထိုးပြပြီး သူ့ကုတင်ကို အပိုင်စီးထားသော ရှန့်ဖန်းယွိအား
"ဆင်းတော့…"

ရှန့်ဖန်းယွိသည် လက်ထဲတွင် သူ့စတီရီယိုကို ကိုင်လျက် ကုတင်ပေါ်မှဆင်းလိုက်သည်။ထို့နောက် ကြမ်းပြင်ပေါ်ရှိ အိပ်ယာပေါ်သို့ လှဲချလိုက်သည်။ သူလှဲချလိုက်သည်နှင့် တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရသည်။

အခင်းအောက်မှ  အောက်ခံ အဆာပလာများသည် ပို၍ ထူလာသည်။ပို၍နွေးကာ အရင်ကထက်ပို နူးညံ့သည်။

"….အန်တီက…ဒါကိုလည်း …ငါ့အတွက် ထပ်လုပ်ပေးသွားတာလား…"

ကျန်းရွှိသည် အိပ်ခန်းမီးအား ရုတ်တရက် ထပိတ်လိုက်ကာ သူ၏ရှေ့တွင် ဆူညံပူညံလုပ်နေသော သူအား ဥပေက္ခာပြုလိုက်သည်။

——-

ရွမ်ရှုဖန်းသည် ဆေးရုံမှဆင်းရတော့မည်ဖြစ်သည်။သူမ၏ ခွဲစိတ်မှုသည် အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးဆုံးခဲ့ကာ အမြန်ဆုံး ပြန်၍နာလန်ထူလာနိုင်ခဲ့သည်။
သားအိမ်ခေါင်းရှိ ပုံသဏ္ဍာန်မမှန်သော တစ်ရှူးအားဖယ်ထုတ်သည့်ခွဲစိတ်မှုလုပ်ပြီးသည့်နောက် ရောဂါဗေဒဆေးစစ် ချက်များအရ သူမ၏သားအိမ်ဝအား သေချာ ကယ်တင်လိုက်နိုင်ပြီဖြစ်သည်။

ထိုအချိန်တွင်…ကျန်းရွှိက ရွမ်ရှုဖန်း၏ နာမကျန်းဖြစ်ခြင်းသည် လိင်မှတဆင့် ကူးစက်တတ်သောရောဂါ HPV infection ကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။ ထို့ကြောင့် နောက်တဖန် ပြန်မဖြစ်စေရန်နှင့် စိတ်ချရစေရန် မားဟောင် ကိုလည်း စစ်ဆေးကြည့်သင့် ကြောင်း အကြံပေးခဲ့သည်။

အရင်ကဆိုလျှင် သားအိမ်ခေါင်းကင်ဆာသည် လူနာများ၏ မိသားစုဝင်များသည် ဆေးစစ်ကြည့်ရန်  သဘောမတူကြပေ။ဆေးစစ်ချက်များအား အကြောင်းပြချက်ပေးကာ ဆေးရုံမှငွေညှစ်နေသည်ဟု ထင်နေကြသည်။သူတို့သည် မည်သည့်ရောဂါလက္ခဏာမျှ မပြသေးသဖြင့် ဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရသည်ကိုမယုံကြပေ။တချို့သူများသည် ဆရာဝန်ရှင်းပြသည်ကိုပင် နားမထောင်ကြပဲပြန်၍ပင် ငူငေါက်ကြသေးသည်။

"နေမကောင်းတာက ငါ့မိန်းမလေ…ဘာလို့ မင်းတို့က ငါ့ကိုပါ ဆေးစစ်ခိုင်းနေရတာလဲ…"

ထို့ကြောင့်ပင် ကျီဟွားဆေးရုံရှိ သားဖွားနှင့်မီးယပ်ဌာနမှ ဆရာဝန်တိုင်းအား "တဂတ်ဂတ် တကျတ်ကျတ် ဆရာဝန်များ"ဟု ခေါ်သည်မှာအကြောင်းပြချက်ရှိလေသည်။

ကျန်းရွှိက မားဟောင်သည်လည်း အလွန်ငြင်းဆန်မည်ဟု တွေးခဲ့သည်။ထို့နောက် မားဟောင်အပေါ် သူ၏ ပထဆုံးအမြင်သည်မှားသွားခဲ့သည်။ မားဟောင်သည်  ကျန်းရွှိ အကြံပေးသည်နှင့်  ဆေးစစ်ရန် သဘောတူခဲ့သည်။ဆေးစစ်ချက် အဖြေရလာသည့်အခါတွင်လည်း ကျန်းရွှိထံသို့ ပြေးလာကာ ပြဿနာရှိမရှိမေးသည်။

မားဟောင်၏ဆေးစစ်ချက်အဖြေသည်လည်း ရောဂါပိုးမရှိကြောင်း ထွက်လာခဲ့ပြီး ရွမ်ရှုဖန်း ၏ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ပါစိတ်သက်သာရာရစေ၍ အသက်ရှုချောင်စေခဲ့သည်။

ကျန်းရွှိက သူ့အား ကျေးဇူးတင်လွန်းကာ ခါးညွတ်၍ အရိုသေပေးနေသော မားဟောင်ထံ အဖြေစာရွက်ပြန်ပေးလိုက်သည်။

ရွမ်ရှုဖန်း၏ ရောဂါအခြေနေသည် ကောင်းမွန်သောကြောင့် ပုံမှန်လူနာ လှည့်ကြည့်ပေးရုံနှင့် ရှောင်လဲ့၏ တင်ပြမှုများကိုကြည့်ပေးရုံမှအပအထွေအထူး ဂရုစိုက်မပေး ရတော့ပေ…။ထို့ကြောင့် ရွမ်ရှုဖန်း ဆေးရုံဆင်းသည့်ရက်တွင် မားဟောင်အား တွေ့လိုက်ရသည့်အခါ ကျန်းရွိအတော် အံ့ဩသွားခဲ့သည်။

ရွမ်ရှုဖန်း၏ ဆံပင်များသည် ဓာတုကုထုံး ကြောင့်အလွန်ပါးသွားသည်။ မားဟောင်က သူမအား သားမွေး ဦးထုပ်ဆောင်းပေးလိုက်သည်။ထို့နောက် သူ၏ လက်မောင်းကြားထဲမှ ပိုးသား နဖူးစည်းအား ထုတ်၍ ကျန်းရွှိထံသို့ ကမ်းပေးလိုက်သည်။

ပိုးသားနဖူးစည်း၏ထိပ်တွင် စာအိတ်တအိတ်ဖိညှပ်ထားသေးသည်။ ကျန်းရွှိက ထိုစာအိတ်ထဲတွင် ငွေသားများပါသည်ထင်လိုက်သည်။ထို့ကြောင့် မျက်မှောင်အနည်းငယ်ကြုတ်ကာ စာအိတ်အားပြန်ကမ်းပေးလိုက်သည်။မားဟောင်က အမောတကောနှင့်  ထစ်ငေါ့စွာပြောသည်။

"ကျေးဇူးပြုပြီး ယူလိုက်ပါ ဒေါက်တာကျန်း…ဒါက စာအိတ်အနီမဟုတ်ပါဘူး ခင်ဗျာ…"
ထို့နောက် သူက ရှက်ကိုးရှက်ကန်းဖြင့်
"ကျွန်တော် ဒေါက်တာ အတွက်ရေးထားတဲ့ ကျေးဇူးတင်စာလေးပါ"

ကျန်းရွှိသည် နေ့ဘက်တွင် ထိုစာကို ဖတ်ရန် အချိန်မရှိခဲ့ပေ။ထို့ကြောင့်နောက်ဆုံးခွဲစိတ်မှု တချိန်ပြီးသည့်အခါ စာအိတ်ကိုဖွင့်ရန် အချိန်ယူလိုက်သည်။ မားဟောင်သည် မလိမ်ခဲ့ပေ။ အညိုရောင်စာအိတ်လေးထဲတွင် စာရွက်အနည်းငယ်သာ ပါသည်။ ကျန်းရွှိသည် ရေနွေးတစ်ငုံကို အာခေါင်စွတ်ရုံမျှသောက်လိုက်ကာ စားပွဲတင်မီးအိမ်အလင်းဖြင့် စာကိုဖတ်လိုက်သည်။

မားဟောင်၏စာများသည် ရှုပ်ထွေးနေပြီး အနည်းငယ် နားလည်ရခက်သည်။သို့သော် ကျန်းရွှိသည် စာလုံးတိုင်းအား စိတ်ရှည်လက်ရှည်ဖတ်သည်။

ထိုစာသည် ကျန်းရွှိအတွက်ရေးပေးသည်ဆိုသော်လည်း မားဟောင်၏ သူ့အကြောင်းသူပြောသွားသည်က ပိုများသည်။ သူသည်ကျန်းရွှိအား တောင်းပန်ကြောင်းနှင့် သူ၏အယူအဆဟောင်းများအကြောင်းပါ ရေးသားထားသည်။ကျန်းရွှိသည် စာကို နောက်တကြိမ်အစအဆုံးပြန်ဖတ်လိုက်ရာ ခေါင်းစဉ်သည် ဇနီးဖြစ်သူအား အလွန်ဂရုစိုက်ရန် ဆုံးဖြတ်ထားသော မားဟောင် အကြောင်း အဖြစ်သို့ အကြောင်းအရာက လမ်းလွဲသွားသည်။ကျန်းရွှိနှင့်ပတ်သက်သည်၍ ဘာအကြောင်း မျှပါမလာပေ…။

Continue Reading

You'll Also Like

13.5K 1K 18
တစ်ညတာ အရက်အလွန်အကျွံသောက်မိပြီးနောက်၊ ဖန့်ကျင့်ကျိုက်သည် ဖုန်ရုန်ချန်နှင့်ဘေးချင်းကပ်ရပ်နိုးထလာခဲ့သည်။ အခု သူ့ခန္ဓာကိုယ်ကို အရောင်းအ၀ယ်စာချုပ်ချုပ်ပ...
10.8M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
2.2M 127K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
686K 52.8K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...