""ပြီးသွားပြီ...အရာအားလုံးပြီးသွားပြီ မင်းနဲ့ထိုက်တန်တယ်လို့ ငါယူဆတယ်""
============
သုံးလခန့်ကြာပြီးနောက်~~~~~
""ဟယ်လို...မမမြ...
""ငါမင်းနဲ့ စကားမပြောချင်ဘူးလို့ပြောထားတယ်လေ""
""ကျမ ကျမ တောင်းပန်ပါတယ် ""
ခင် မြကို စကားပြောဖို့ ကြိုးစားနေသည်မှာ သုံးလခန့်ရှိပြီ...မြလုံးဝမပြောပါ။ လွန်ခဲ့သည် သုံးလခန့်ကဖြစ်ပျက်ခဲ့သည်များကို ကျော်ကြီး ဆိုသူတို့ အုပ်စုရောက်လာခဲ့ပြီး ခင့်ကိုကယ်တင်သွားခဲ့ကြသည်။ ယွန်းသီရိကို သတ်သည်ကြောင့် ယွန်းသီရိ၏
အပေါင်းအပါများက ခင့်ကို ဖမ်းဆီးသတ်ပစ်ဖို့လုပ်နေစဥ်တွင် ဘယ်ကမှန်းမသိသော လူဖြူများဝင်စီးလိုက်ပြီး ခင့်ကိုတော့ ကျော်ကြီးတို့အဖွဲ့ခေါ်ထုတ်သွားခဲ့သည်။ ကျော်ကြီးတို့က
ခင့်ကို မြန်မာပြည်ပို့ရန်စီစဥ်ခဲ့ကြပေမယ့် ခင်လက်မခံပါ။ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို အချိန်ယူကာစိတ်ကိုပြင်ဆင်သင့်သောကြောင့်လက်မခံခဲ့ပေ။ ပြီးနောက် နှင်းမရှိသည့် အရပ်ဒေသတွင် ခင်မရှင်သန်လိုပါ။ နှင်းအငွေ့အသက်များကျန်ရှိနေသေးသည့် မြန်မာပြည်တွင် ခင်နေထိုင်ခြေချချင်စိတ်မရှိပါ။
ယခုမှာတော့ ခင်သည် စင်ကာပူတွင်နေထိုင်ကာ ဝိတ်တာအလုပ်ကိုလုပ်ကိုင်လျက် အသက်မွေးဝမ်းကြောင်းပြုနေသည်။ ဒီကြားထဲ မြကိုဆက်သွယ်ပေမယ့် လုံးဝဖုန်းမကိုင်ပါ။
အတိတ်ကို သတိရလာပြီးနောက်ပိုင်းခင့်ခန္ဓာကိုယ်ရှိ သတ္တူးများကို ဖျက်သည်။ ယွန်းသီရိ၏ ဓားစာခံဖြစ်ခဲ့သည်ကိုလည်း ကိုယ်ကိုကိုယ်ရွံရှာလှသည်။ ဒီ့အပြင် ထိုအမျိုးသမီးနှင့် လိင်ဆက်ဆံခဲ့သည်ကိုလည်း တွေးမိတိုင်း ကိုယ့်ကိုကိုယ် မုန်းတီးသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ယွန်းသီရိ ခင့်ကိုစတင်ဖမ်းခေါ်သွားချိန်တွင် ခင့်ကို ကွန်တိန်နာထဲတွင် ၂လခန့်ဖမ်းဆီးချုပ်နှောင်ထည့်ထားခဲ့ကြသည်။ပြီးနောက် လူမှန်းမသိအောင်နှိပ်စက်ကြပြီး...သင်္ဘောဖြင့်ရက်ပေါင်းများစွာခေါ်ဆောင်သွားခဲ့ကြသည်။ နှင်း အသက်ဘေးမှလွတ်မြောက်ရဲ့လား အသက်ရှင်သေးရဲ့လားဆိုတာကိုလည်း အချိန်ပြည့်တွေးပူခဲ့ရသည်။ ယွန်းသီရိကိုမေးသော်လည်း ဘာမှမဖြေ။ထိုနေ့က ခင့်ကို ယွန်းသီရိလူများခေါ်ထုတ်သွားပြီးနောက်တွင် သေနတ်သံ ကြားလိုက်ရသည်။ ဘယ်လိုတွေးတွေး နှင်းဖြစ်ဖို့များသည်ကို ခင်တွေးမိသည်။ ထိုကြောင့်ခင့်မှာ ရတက်မအေးစိတ်ပူခဲ့ရသည်။ နောက်ဆုံးအကြိမ်ခင့်အတိတ်ကိုမမေ့ခင်မှာ ခင့်ကို လူဖြူများပြူးကြည့်ကြပြီး ဆေးတစ်ချောင်းထိုးပေးလိုက်ကြသည်။ ထိုနေ့မှစ၍ ခင်ဘာဆိုဘာမှမသိတော့ပါ။ ယွန်းသီရိသည်သာ သူမအတွက် တစ်ကမ္ဘာဖြစ်သွားခဲ့သည်။
""ကံမကုန်သေးရင်တော့ ဘယ်ဘဝမှာပဲဖြစ်ဖြစ် ပြန်ဆုံချင်တယ် နှင်း""
""အကယ်၍များ ထပ်ချစ်ဖြစ်ခဲ့ရင် နှင်းကိုပဲ ရွေးချယ်ခဲ့မိမှာ...ကျမရဲ့ အပြစ်ကြွေးတွေအားလုံးကို ပေးဆပ်ချင်သေးတယ် နှင်းရယ်""
==========
""hey...Khin!! Come here..
"yes...what you want to drink? ?
""ahhhh... Cappuccino"
""ok... Wait a few minutes""
နေ့တိုင်း နေ့တိုင်း အပြုံးလှလှလေးဖန်တီးပြုံးနေရပေမယ့် ခင်ပျော်မနေပါ။ တကယ်ဆိုရင် သူမလည်းသေသင့်သည်မဟုတ်လား။ နှင်းကို သတ်ခဲ့မိသော သူမကလည်း သေသင့်သည်လေ။ သို့ပေမယ့် ထိုသို့သေလိုက်မည့်အစား ချစ်သောသူမရှိသည့် အပူမီးကိုရှင်သန်နေခြင်းဖြင့် ကိုယ့်ကိုကိုယ်အပြစ်ပေးချင်သည်။ ရှင်သန်နေရသည်က ပိုပြီး နာကျင်ပူပြင်းရသည်မဟုတ်လားး။
""ခင်...ခင်ရေ...အရေးကြီးတယ် ခင်ကူညီမှဖြစ်မယ်""
""ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာတာလဲ ဝတ်ရည်""
""နောက်မှရှင်းပြမယ်...အရင်လိုက်ခဲ့""
""ဒီမှာ ဧည့်သည်တွေကျနေတယ်...
""ဟာ...လိုက်ခဲ့ပါဆို ခင်ကူညီမှဖြစ်မှာ""
ပြောရင်းနှင့် ဝတ်ရည် ခင့်လက်ကိုဆွဲကာ ခေါ်ထုတ်သွားသည်။ ဝတ်ရည်နှင့်စင်ကာပူရောက်မှ ရင်းနှီးခဲ့ကြတာမကြာသေးပေမယ့် ခင့်ကို ဝတ်ရည်ကအများကြီး လမ်းပြပေးခဲ့သည်။ကူညီပေးခဲ့သည်။
""ဘာဖြစ်တာလဲ ဝတ်ရည်""
"ကားပေါ်အရင်တက်""
"ဟုတ်...ဟုတ်""
""ဝတ်ရည်ပြောတာ သေချာနားထောင်နော်...ဟိုရောက်ရင် မျက်နှာလေးကိုပဲ ပြုံးထား...ကြားလား""
""စိတ်တိုတာတွေ ဒေါသထွက်တာတွေ ဘာတစ်ခုမှ သွားမလုပ်မိစေနဲ့နော်""
""ဟမ်...အခုက ဘာဖြစ်နေတာလဲဆိုတာ ကျမကို အရင်ပြောပြလို့မရဘူးလား""
""ဟိုရောက်ရင် ခင် သိပါလိမ့်မယ်""
""ဟာ...ဝတ်ရည်ကလည်း ဖြစ်နေတဲ့ပြသနာရဲ့ အကြောင်းတရားလေးတော့ပြောပြအုံးမှပေါ့""
""ဟိုရောက်ရင် သိပါလိမ့်မယ်ဆိုမှပဲ...ရော့ အအေးလေးသောက်လိုက်အုံး""
ခင် နှုတ်ခမ်းထော်ကာ မျက်စောင်းထိုးပြီး ဝတ်ရည်ပေးသောအအေးဗူးကို ဆွဲယူကာ သောက်ချလိုက်သည်။
-------------
""ခင့်ကို စိတ်ချလို့ရတယ် မလားဟင်""သေချာဂရုစိုက်ပေးကြပါလို့တောင်းဆိုပါတယ်""
"စိတ်ချပါ..ညီမ ခင့်ကို သေချာစောင့်ရှောက်မှာပါ...အားရင်လည်း မြန်မာပြည်လာလည်ပေါ့""
""ဟုတ်ကဲ့..အော်...ခင့်ပစ္စည်းတွေကကားပေါ်မှာ အကုန်လုံးထည့်လာပေးတယ်""
""အိုခေ...ကျေးဇူးပါ""
""ဟုတ်.....ဟို ဒါနဲ့လေ ခင်စိတ်မဆိုးလောက်ပါဘူးနော်""
"သူပျော်မှာပါ...ပြီးတော့ ညီမကိုလည်းကျေးဇူးတင်နေမှာပါ"
""ဒါဆိုလည်း ကျမစိတ်ချလက်ချနဲ့ ကူညီပေးလိုက်ပြီနော်"
""စိတ်ချ စိတ်ချ""
""ဒါဆို သူ့ကို တင်လိုက်တော့မယ်"
-----------
ခင် တရေးနိုးကာ ထလာသည်။ အကြောဆန့် အာသန်းကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ လေပေါ်ဝဲနေသကဲ့သို့ ခံစားရသည်။ ဘေးရှိ မှန်ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တော့ တိမ်တွေပေါ်တွင် လွှင့်နေသည်ကို တွေ့လိုက်ရသည်။
"ဟမ်...ငါဘယ်ရောက်နေတာလဲ...
ဝတ်ရည်...ဝတ်ရည်...""
""ဝတ်ရည်ဘယ်မှာလဲ...ငါ...ငါ...ငါကဒီထဲဘယ်လိုရောက်နေတာလဲ""
""မဟုတ်မှ..ဝတ်ရည်ငါ့ကိုရောင်းစားလိုက်တာများလား""
"ဟင့်အင်းးး မဖြစ်နိုင်တာ...ငါဘယ်လိုလုပ်....""
ခင် လေယာဥ်အတွင်းဝေ့ဝဲကြည့်လိုက်တော့ လူဖြူအင်္ဂလိပ် အကောင်နှစ်ကောင် နေကာမျက်မှန်တပ်ထားကာ
ထိုင်နေသည်။ ခင်သူတို့ကို ကြည့်နေသည်ကို သိပုံရသည်။ နာရီတစ်ချက်ကြည့်လိုက်ကြပြီး ခင့်နားသို့လာခဲ့ကြသည်။
""Hey...where is ဝတ်ရည်""
ထိုလူနှစ်ယောက် ခင်မေးသည်ကို မဖြေ...ခင့်လက်ကို ကြိုးတုပ်လိုက်ကြသည်။ ပြီးနောက် ခင့် မျက်လုံးကိုအဝတ်စနှင့်စည်းပေးလိုက်ကြသည်။
""What are you doing to me?
""Go away from me""don't touch me!!!! အားးးးးးးးးးးသွားကြစမ်းး"
"နင်တို့ငါ့ကို ဘယ်ခေါ်သွားကြမလို့လဲ"
"လွှတ်ပေးကြစမ်း""
"အားးးးးးး"
အော်နေရင်းနှင့် လေယာဥ်အောက်ထိုးဆင်းသွားသည်ကို သတိထားမိလိုက်တော့ ပိုကျယ်လောင်စွာအော်တော့သည်။
လေယာဥ်မှ တစ်ဆင့်ဘယ်ကိုမှန်းမသိကားဖြင့်ပြန်လည်ခေါ်ဆောင်သွားကြလေသည်။ ယခုအခြေအနေသည် အကောင်းလား အဆိုးလား ဆိုတာကိုခင်မခွဲခြားတတ်တော့ပေ။ အော်ဟစ်ပြီးသာ ပါလာလေသည်။
လေဆိပ်မှ တစ်နာရီနီးပါး ကားမောင်းလာပြီးချိန်တွင်တော့ တစ်နေရာတွင် ထိုးရပ်လိုက်ပြန်သည်။ ပြီးနောက်ခင့်ကို အတင်းဆွဲခေါ်သွားကြပြီး
အခန်းတစ်ခန်းထဲမှ ကုတင်ပေါ် ပစ်တင်လိုက်ကြပြီး တံခါးပိတ်ကာထွက်သွားကြသည်။
""ဟဲ့...နင်တို့ငါ့ကို ဘယ်မှာထားခဲ့ကြတာလဲ...ပြန်လာခဲ့ကြစမ်း""
လိုက်သာအော်ပေမယ့် မထူးဘူးဟုခံစားမိကာ ကုတင်ပေါ်တွင် ဒီတိုင်းထိုင်နေမိသည်။ ဖြစ်လာသမျှကိုလည်းထပ်ပြီး ဝဋ်ကြွေးဆပ်ရုံပေါ့ဟု ခံယူလိုက်မိသည်။ တကယ်ဆိုရင် ခင့်ဘဝသည် ကံဆိုးလွန်းသည်မဟုတ်လား။
အတိတ်က ဖြစ်ခဲ့သည့် အကြောင်းတရားများက ယခုချိန်ထိသူမဘဝကိုမပျော်စေခဲ့ပါ။ ချစ်ခဲ့ရသူ၏ ညှင်းပန်းနှိပ်စက်ခြင်းကိုလည်းခံခဲ့ရ...မချစ်သောလူနှင့်လည်း ပေါင်းသင်းခဲ့ရပြီး ချစ်သောသူနှင့်လည်း မပေါင်းစည်းခဲ့ရသည်ကို တွေးမိတိုင်း သူမလောက်ကံဆိုးသည့်လူလောကတွင်ရှိပါ့မလားဟုပင် တွေးမိသည်။
""ဖြစ်ချင်ရာလည်း ဖြစ်ပလေ့စေတော့...ငါ့ဘဝလည်း စုတ်ပြတ်သတ်နေပြီပဲ...ဖြစ်လာသမျှကို ခါးစည်းပြီးခံရုံပေါ့""
သူမကို အခန်းထဲတွင် တစ်စုံတစ်ယောက်ထိုင်ကြည့်နေသည်ကိုတော့ သူမ သိမည်မထင်။ပြုံးကာတစ်စိမ့်စိမ့်နှင့် ထိုင်ကြည့်ကာပီတိဖြစ်နေသော ထိုလူမှာ မက်တပ်ထကာ ကင်မရာကို ကုတင်ပေါ်တည့်တည့်ချိန်ထားလိုက်ပြီး ...ထိုင်နေသူ ရှိရာသို့ ချဥ်းကပ်သွားလိုက်သည်။
အနားသို့ရောက်တော့ ခင့် ဆံပင်လေးတွေကို လေတစ်ချက်မှုတ်လိုက်သည်။
""ရှင်...ဘယ်သူလဲ ဘယ်ကလဲ""
""ရှူးးးးးးး"
ရှူးးးတစ်ချက်သာ အသံထွက်ပြလိုက်ပြီး ခင့်ပါးလေးကို ပွတ်သပ်ကာ ကိုင်လိုက်သည်။ ပြီးနောက် စွာလွန်းသောနှုတ်ခမ်းလေးကို လက်မဖြင့်မထိတထိ ထိတွေ့လိုက်ကာ စုတ်ယူလိုက်သည်။ နှုတ်ခမ်းနှစ်လွှာ ပွင့်ဟသည့်အနေအထားဖြစ်အောင် ကိုင်ထားပြီး အပေါ်တစ်လွှာ အောက်တစ်လွှာကို တစ်လှည့်စီ ဆွဲစုတ်နေသည်။
ခင် ရှောင်ဖယ်ဖို့ကြိုးစားပေမယ့် ခင့်မျက်နှာကို အမိအရတင်းနေအောင်ကိုင်ထားသည်ကြောင့် မရုန်းနိုင်။
တစ်ဖြည်းဖြည်းနှင့် အနမ်းများသည်အရှိန်ပါလာကာ ကြမ်းတမ်းလာပြန်သည်။ ခင့်ကို ခေါင်းအုံးပေါ်လှဲချလိုက်ပြီး စုတ်နမ်းနေပြန်သည်။
ရုန်းထွက်ဖို့မကြိုးစားတော့ပဲ ဖြစ်ချင်ရာ ဖြစ်..ဖြစ်သမျှ လုပ်သမျှ ပြုသမျှရေစုန်မြောကာ ခံလိုက်ရုံပဲဟုသာခင်တွေးလိုက်တော့သည်။
အတင်းအကြပ်စုတ်နမ်းနေသည်ကြောင့် ခင်အသက်ရှူကြပ်လာသည်။အသက်ကိုလုရှူနေရသည်မှာအဆင်မပြေတော့တာကြောင့် ထိုတဏှားရူး
နှုတ်ခမ်းပိုင်ရှင်၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။
""အားးးး""
""ဟင်....ရှင်က မိန်းကလေးလားး""
ထွက်လာသည့်အသံမှာ မိန်းကလေးအသံဖြစ်နေသည်ကြောင့် ခင် မေးလိုက်သည်။
""ဘာလို့ကိုက်တာလဲ""
""ဟင်...နှင်းး..နှင်းလား""
""နှင်းးးမဟုတ်လားဟင်""