" ဂျီမင်မအိပ်သေးဘူးပဲ "
ညဘက်စောစောမအိပ်တက်တာ သူအကျင့်လိုဖြစ်နေလေသည်။ online ကနေတစ်ဆင့် ဒီဇိုင်းတွေနဲ့လေ့လာနေတာကော့ စာကိုလေ့လာနေတာမို့ ညနက်မှာ အိပ်တက်လေသည်။ အိမ်ထဲက အဲကွန်းထက် ခြံထဲမှာနေရင် သဘာ၀ကပေးတဲ့လေလောက် သဘောမကျတာကြောင့် ညပိုင်းတွေဆို သူခြံထဲမှာပဲ ရှိတက်သည် ။ ဆိုင်ကယ်မောင်း၀င်လာတာကြောင့် တ်ချက်ကြည့်ပြီး စာကိုသာပြန်ကြည့်လိုက်သည်။ မင်ဟိုက ကင်မ်ထယ်ယောင်းကို တွဲလာတော့မှ မူးလာတယ်ထင်၍ အောက်ကနေ အခန်းတံခါးထိ လိုက်ဖွင့်ပေးမိသည်။ သွေးနံ့ကို ရတော့မှာ ကင်မ်ထယ်ယောင်းကို သူကြည့်မိသည်။
" စာကြည့်နေတာပါ "
" ထယ်ယောင်းကို ကြည့်ထားပေးလို့ရမလား ..ကျွန်တော် ဖုန်းဆက်စရာရှိလို့ ပြီးတော့ အန်ကယ့်ကိုလည်း ကျွန်တော်ပဲ သွားပြောလိုက်ပါ့မယ် "
ဂျီမင်နဲ့ ကင်မ်ထယ်ယောင်းက ဘေးချင်းကပ်အခန်းဆိုပေမဲ့ ဒယ်ဒီ့ရဲ့အခန်းကတော့ တသီးတခြားဖြစ်နေလေသည်။
" ဒယ်ဒီစိုးရိမ်နေလိမ့်မယ် မပြောနဲ့ "
" ရမလား ..မဟုတ်လည်း သိမှာပဲကို "
" မနက်ကျမှ သိပါစေ ..အခု ဆရာ၀န်ကို တိုးတိုးတိတ်တိတ်ခေါ်လိုက် "
" အေး ..."
ကုတင်ပေါ်မှာ ထိုင်၍ မင်ဟိုကို အကွက်စေ့အောင် ပြောနေလိုက်တာများ ကျောင်းကပါမောက္ခနဲ့ တူလေသည်။ ညာဘက်လက်မှာသွေးတွေနဲ့ပြည့်နေသလို ၊ ဘယ်ဘက်ပုခုံးမှာလည်း သွေးကွက်စွန်းနေလေသည်။ အစိမ်းရင့်ရောင်တီရှပ်လေးက သွေးတွေ ပေစွန်းသွားလေသည်။ အပြင်ခံ အင်္ကျီပါသွေးတွေ စွန်းနေလေသည်။ ဘာတွေ ဖြစ်ခဲ့ကြတာလဲ ? ။ ရန်ဖြစ်လာတာလား ..ဒါမှမဟုတ် ..ကင်မ်ထယ်ယောင်းက သွားစတာလား ပြသာနာကို ။ ဟုတ်မှာပါ သူများကို ပြသာနာလိုက်ရှာရတာ ကြိုက်တဲ့လူပဲ။ မင်ဟိုအခန်းထဲက ထွက်သွားတယ်ဆိုတာနဲ့
" ကျုပ်ကို အင်္ကျီချွတ်ပေး "
" အခြားလူဆီကနေ အကူအညီတောင်းရင် ပြောသံကို လျှော့ပြောရင်ကောင်းမယ် "
ဂျီမင်က အခန်း၀နားမှာပဲ ရှိနေတာကြောင့် ကင်မ်ထယ်ယောင်းသည် ပါးစောင်းထဲကို လျှာထိုးထည့်ရင်
" လုပ်ပေး "
ကင်မ်ထယ်ယောင်းက လေသံကို မလျှော့ပဲ ပိုပြီးတော့တောင်မာသွားလေသည်။ ပြီးတော့ လက်တစ်ဖက်ကို ဆန့်ပြသည်။ ညာဘက်လက် ပုလင်းကွဲစတွေ ။ စိတ်ကိုလျှော့ပြီး ကင်မ်ထယ်ယောင်းအနားကို သွားကာ အင်္ကျီချွတ်ဖို့အတွက် ကူညီပေးလိုက်သည်။ ဒဏ်ရာ ၊ ဒဏ်ချက်တွေချည်းပဲမို့ ဂျီမင် သတိထားကာ အင်္ကျီကို သေချာချွတ်ပေးရလေသည်။ သူ့ထက်စာရင် အများကြီးအသားညိုဖြစ်ပမဲ့ အရပ်အမောင်းနဲ့ လေ့ကျင့်ရေးမလုပ်ထားတာတောင် တောင့်ဖြောင့်နေတဲ့ ခန္ဓာကိုယ် ၊ ဒါကြောင့်လည်း ရုပ်ရည်ကရှိ ၊ ပိုက်ဆံကရှိတော့ အိမ်ကို တစ်ယောက်ပြီးတစ်ယောက်ခေါ်လာတာပေါ့ ။
Blonde hair လေးနဲ့က ရန်ပွဲကြောင့် ပွလှန်ကျဲနေလေသည်။ မျက်လုံးကိုဆံပင်စတွေက ထိုးနေတော့ ကင်မ်ထယ်ယောင်း ခနခန သတ်တင်နေလေသည်။ လက်က တစ်ဖက်ပဲ ကောင်းနေတာတောင် ဆေးလိပ်က သောက်ဖို့ လုပ်နေသေးသည်။ ဆေးလိပ်ကို မီးညှိခိုင်းလို့ကတော့
" မီးညှိပေး "
" မင်းလက်ပါတာပဲ "
" မအားဘူး "
ဆေးလိပ်ကို နူတ်ခမ်းမှာ ကိုက်ထားရတာပဲ ဒဏ်ရာမရတဲ့ လက်တစ်ဖက်နဲ့သောက်ပေါ့။ လူကို ခိုင်းတာ တရားလွန်းလွန်တယ် ။
" မင်း တမင်လုပ်နေတာမလား ?"
" မီးညှိခိုင်းတာလေကို ဘာကိုတမင်လုပ်ရမှာလဲ ခင်ဗျားက စားပြီး "
" ပြီးပြီးမလား ?"
ကင်မ်ထယ်ယောင်းပြန်မဖြေပါ ။ ဂျီမင်လည်း ဥပေက္ခာပြုပြီး အခန်းထဲက ထွက်လာရခဲ့သည်။ ဒဏ်ရာရထားတာတောင် လေသံက ကောင်းကင်ပေါ်က မဆင်းဘူး ။ အကူညီတောင်းရင် ဘယ်လိုလေသံမျိုးနဲ့ဆိုတာကို သင်ထားပုံ မရချေ။ ဘယ်သင်ထားရမလဲ.. အရာအားလုံးကို ပိုက်ဆံနဲ့ပဲ ဖြေရှင်းနေတာကို ။အခုလည်းကြည့် ဆေးရုံသွားပါလား ဒီလောက်ဒဏ်ရာရထားတာကို။
ဂျီမင် သူ့အခန်းကိုသူ၀င်ပြီး အိပ်လိုက်တော့သည်။ ကျန်တာ သူနဲ့မဆိုင်ပေ ။သေလောက်တဲ့ ပုံစံမဟုတ်နေတာကတစ်ပိုင်း ၊ ဆရာ၀န်လာမှာမို့ သက်သာသွားမှာကိုလည်း သိတာမို့ စိတ်အေးအေးချမ်းချမ်းသာ အိပ်လိုက်လေသည်။
မနက်ခပ်စောစောထမိတော့ အန်ကယ်က ကင်မ်ထယ်ယောင်းအခန်းထဲက ထွက်လာလေသည် ။ ညက မင်ဟိုပြောလိုက်တာ ဖြစ်မည်။
" ဂျီမင်တောင် နိုးလာပြီးပဲ "
" ဟုတ်ကဲ့ အန်ကယ် .."
" အေး ..အန်ကယ်တော့ ပြန်အိပ်တော့မယ် ၊ ခနနေ ဆရာ၀န်လာလိမ့်မယ် ၊ ဂျီမင်ခနလောက် ဒေါက်တာလာရင် တံခါးဖွင့်ပေးပါအုံး ၊ ဒါရိုက်ဘာကလည်း မနေ့ထဲက ခွင့်ယူထားတော့ .."
" ဟုတ်ကဲ့ ..ဒေါက်တာကို ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ် "
" ကျေးဇူးတင်ပါတယ် ဂျီမင် ၊ ဟိုတစ်ယောက်က ဖျားနေတော့ ဒေါက်တာကို ထပ်ခေါ်ရတာ ၊ ဂျီမင်အတွက် အနှောင့်အယှက်ဖြစ်သွားရင် အန်ကယ်တောင်းပန်ပါတယ် "
ဖျားမှာပေါ့ ။ သူများကို လက်စားချေဖို့ပဲ တွေးနေတဲ့လူက ဖျားတာထက်ကို ပိုပြီး ဖြစ်သင့်တာ ။ ကြည့်ရတာ ဒဏ်ရာအရှိန်ကြောင့်လား ? ဒဏ်ရာက များတာတောင် ဆေးလိပ်သောက်တာ မပျတ်ဘူး ။ အောက်ထပ်ကို ဆင်းပြီး ရေခဲသေတ္တာကိုဖွင့်ပြီး ငါးတစ်ချို့ကို ယူကာ ဆန်ပြုတ်လုပ်မိချေသည်။ အန်ကယ်အတွက်ပါ မနက်စားကို ပြင်ဆင်ပေးလိုက်လေသည်။ ဒီနေ့က ကျောင်းပိတ်တာမို့ ဟယ်ဆန်းကို ပြန်မလို လုပ်ကာမှာ အခုတော့
ကင်မ်ထယ်ယောင်းအခန်းထဲကို ၀င်တော့ အိပ်မောကျနေတဲ့လူရဲ့ဘေးက စာပွဲပေါ်မှာ ဗန်းကို ချလိုက်သည်။
" ကင်မ်ထယ်ယောင်း "
သူပထမတစ်ခေါက်ခေါ်တော့ မနိုးချေ။ အိပ်ပါစေဆိုပြီး ထားထားရမလား ? ။ အခန်းထဲ၌ ညကအင်္ကျီကို ကုတင်ဘေးမှာ ပုံထားတော့ ဂျီမင်ကောက်ယူကာ ခြင်းထဲ ထည့်လိုက်မိသည်။ ဒီအိမ်မှာ သူလာနေရတာ ကောက်တိုမယ်ရ လုပ်ဖို့အတွက်လို ဖြစ်နေလေသည်။ မလုပ်လို့လည်းမရချေ။ အခု လောလောလပ်လပ် သူပဲအိမ်မှာရှိတာ ။ ၉နာရီလောက်မှာ အိမ်မှာက ချက်ပြုတ်ရေးတွေ ၊ သန့်ရှင်းရေးတွေလုပ်တဲ့လူတွေ လာကြတာမို့ အဲမတိုင်ခင် သူ့တာ၀န်ဖြစ်နေလေသည်။
" နိုးပြီးလား ?"
ကင်မ်ထယ်ယောင်းမျက်လုံးဖွင့်တာ မြင်တော့မှ ဂျီမင်တန်းမေးလိုက်သည်။ ကင်မ်ထယ်ယောင်းသည် ဂျီမင်အသံကြားတာနဲ့ ...
" ဒယ်ဒီရော .."
" မင်းကို ညက စောင့်နေရလို့ ပြန်သွားအိပ်တယ် "
" ခင်ဗျားကရော ဘာလာလုပ်တာလဲ ?"
" မင်းအခန်းကိုများ လာချင်တယ်ထင်လို့လား ..အဖျားတက်ပြီး သေနေမှာစိုးလို့ "
"အို ... ကြင်နာတဲ့ စကားလေးပဲ "
ကင်မ်ထယ်ယောင်း လက်တစ်ဖက်ကို အားစိုက်ပြီး လှဲနေရာကနေ ထလိုက်သည်။ ပြီးတော့ ကုတင်ရင်းမှာ မှီလိုက်ရင်
" အခုမသေဘူးဆိုတော့ သွားချင်သွားလို့ရပြီး "
" အိုကေလေ .. ဆန်ပြုတ်လုပ်ထားပေးတယ် စိတ်ပါရင် သောက် "
" ခင်ဗျားတိုက်ရင်တော့ စိတ်ပါချင် ပါမှာပေါ့ "
" မပါဘူး မသောက်နဲ့ "
" လူနာကို စာနာလိုက်တာ "
" လူနာဆိုလည်း လူနာလိုနေလေ "
" ကျုပ်လေသံက ဒီအတိုင်းပဲ ၊ ဘယ်သူ့အတွက်မှ မပြောင်းနိင်ဘူး "
" စောက်ရူး .."
အထက်စီးဆန်တဲ့လူနဲ့ စကားပြောနေရတာလည်း မောတာပဲရှိတယ် ။ အဲတော့ အခန်းထဲထွက်ပြီး အခြားကိစ္စလုပ်ဖို့ပဲရှိတော့တယ် ။ ထပ်နေရင် ထပ်ပြီး စကားသာများရလိမ့်မယ် ။
" အဖေ နေကောင်းလား ?"
အဖေ့ဆီကို ဖုန်ဆက်၍ ဒီအပတ်မလာနိင်ကြောင်းပြောရသည်။ အန်ကယ့်ဆီကလည်း သူ့ဒီဇိုင်းအတွက် မှတ်ချက်ကောင်းတွေ ရထားတာမို့ သူအသစ်တွေကို ထပ်ဆွဲကြည့်ရအုံးမည်ဖြစ်လေသည်။
" ကောင်းတယ်သား ..သားရော "
" ကောင်းတယ်အဖေ "
" အေး ..လိလိမ္မာမ္မာသာနေနော် ၊ ပြီးတော့ ကျန်းမာရေး ဂရုစိုက် "
" ဟုတ် ...'
" ဟိုကလေးရော "
" ဘယ်ကလေးလဲ ?"
" ကင်မ်ထယ်ယောင်းလေးလေ "
" အာ့ ..သူ့ကို အဖေက ဘာလုပ်ဖို့လဲ ?"
" ဪ ဘာလုပ်ရမလဲ ဒီအတိုင်းမေးကြည့်တာပေါ့ ၊ ကင်မ်ထယ်ယောင်းနဲ့လည်း အဆင်ပြေအောင် နေနော် "
" သူနဲ့အဆင်ပြေအောင်နေဖို့က မြွေကို သွားကိုင်တာမှ အဆင်ပြေအုံးမယ် "
ဒင်းနဲ့ ဘယ်လိုအဆင်ပြေအောင် နေရမှာလဲ ? ။ ဘယ်လိုမှ အဆင်ပြေအောင်မနေနိင်ပါ ။ ကူညီပေးတဲ့လူကိုတောင် ကျေးဇူးပေးရကောင်းမှန်းမသိသလို ကြောက ကြောသေးသည် ။
" သားကအကြီးပဲ အရင်အလျှော့ပေးလေ "
" အဖေမသိပါဘူး "
" သားကတော့ သိတယ်မလား ..သားကပဲ ခွင့်လွှတ်ပေးလိုက် "
" အစ်ကိုဂျီမင် ..."
အခန်းရှေ့မှာ လာခေါ်တဲ့အသံကြားတာကြောင့်
" အဖေ ဒါပဲနော် ၊ ဖုန်းချလိုက်တော့မယ် "
" အေးအေး သား "
ဂျီမင်ဖုန်းချပြီးသည်နှင် တံခါးကိုသွားဖွင့်လေသည်။ အိမ်အကူ ကောင်မလေး ၊ နာမည်တွေတော့ မသိပေမဲ့ မျက်နှာလေးတွေတော့ သူသတိထားမိလေသည်။
" ဘာဖြစ်လို့လဲ ?"
" အစ်ကိုလေး ရေချိုးဖို့တဲ့ ၊ Bossလည်းမရှိသလို ၊ ယောင်္ကျားသားဆိုလို အခုအိမ်မှာ အစ်ကိုဂျီမင်တစ်ယောက်ပဲရှိလို့ "
"..."
" အစ်ကိုလေးက ခေါ်ခိုင်းတာမဟုတ်ပါဘူး ၊ အစ်ကိုလေးတစ်ယောက်လုပ်နေတာ အဆင်မပြေနေတာကို တွေ့လို့ ၊ နောက်ပြီး ညီမလည်း ကူလုပ်ပေးလို့မရဘူးဆိုတော့ "
" အင်း ..အစ်ကိုနားလည်ပြီး .."
ရေချိုးဖို့ ခက်နေမှာပေါ့ ။ လက်တစ်ဖက်ပဲ အသုံးပြုလို့ရတာကို ။ ဖျားနေတာကို ရေချိုးမယ် ။ နောက်တစ်ခါ ထပ်ပြီး ကင်မ်ထယ်ယောင်းရဲ့အခန်းထဲကို ဂျီမင်သွားရပြန်သည်။ အခန်းတံခါးကို ခေါက်လိုက်တော့
" ဘယ်သူလဲ ?"
" ငါပဲ "
" ၀င်လာ "
ထိုတော့မှ အခန်းထဲကို၀င်သွားလိုက်သည်။ ညအိပ်အင်္ကျီကို လက်တစ်ဖက်ထဲနဲ့ ကြယ်သီးဖြုတ်နေရတော့ တော်တော်လေးအဆင်မပြေပုံရသည်။ ဘောင်းဘီကတော့ ဘယ်လိုချွတ်ထားသလဲမသိပါ ။
" ဒေါက်တာလာသွားပြီးပဲ ဘာလိုဆန်ပြုတ်မသောက်တာလဲ ?"
ကြယ်သီးကို ကူဖြုတ်ပေးလိုက်တော့ ကင်မ်ထယ်ယောင်း မျက်ခုံးပင့်သွားသည်။ ပြီးတော့ မချိုမချဉ်မျက်နှာနဲ့
" မကောင်းပဲကို .."
" ဒါဆိုပြန်ယူသွားလိုက်မယ် "
" ကောင်းတယ် ယူသွား "
အင်္ကျီကို ချွတ်ပေးပြီးတာ့ ဘီဒီုကိုသွားဖွင့် ပေးလိုက်သည်။ တီရှပ်လက်တိုအနီကွက်ကို ပြပြီး
" ဒါ၀တ်မလား ?"
ကင်မ်ထယ်ယာင်းသည် ဂျီမင်ပြတဲ့ အနီကွက်ကိုကြည့်ရင် ဘေးကအပြာကွက်ကိုကြည့်ပြိး
"အပြာကွက် "
" အိုကေ .."
အဆင်ပြေအောင်နေဆိုလို့ အဆင်ပြေအောင် နေရင်တောင် ဒင်းကတော့ သူ့ကိုအဆင်မပြေအောင်လုပ်မည်ဖြစ်လေသည်။ သက်ပြင်းရှက်ကြီးကို ချပြီးတော့သာ နေလိုက်ရသည်။
အဖျားက မနက်ကထက်စာရင် ကျသွားပြီးဆိုပေမဲ့ ရေချိုးဖို့တော့ မဖြစ်နိင်သေးပါ ။ ဒီတော့ ရေပတ်တိုက်ပြီး အ၀တ်အစားလဲပေးချင်သာဖြစ်သည်။ Underwear မချွတ်လို့ တော်သေးသည်။ အဲတာပါ ချွတ်ပေးရမယ်ဆိုရင် သူချက်ချင်းကောက်ထွက်လာမည်သာဖြစ်သည်။
" လက်က ပတ်တီးကိုလဲပေးမယ် "
ညာဘက်လက်က ပတ်တီးကို လဲပေးရမဲ့အချိန်ကို ညက ဒေါက်တာပြောထားလို့ သူသိသည်။ ဒါကြောင့် တစ်ခါထဲ ပတ်တီးပါ လဲပေးလိုက်လေသည်။ ကင်မ်ထယ်ယောင်းက အားတဲ့ လက်တစ်ဖက်နဲ့ ဖုန်းကို လှမ်းယူကာ သီချင်းဖွင့်လေသည်။ ကင်မ်ထယ်ယောင်းက ကုတင်ပေါ်မှာထိုင်ပြီး သူကတော့ ကုတင်အစွန်းမှာ ထိုင်လေသည်။ 5_Second of Summer ရဲ့ "Youngblood"တဲ့ ။ သူကတော့ သိပ်မသိပါ ။ကင်မ်ထယ်ယောင်းရဲ့ ဖုန်းထဲက Playlist မြင်လိုက်ရတာကြောင့် ဖြစ်လေသည်။
" ကြည့်ရတာ သူ့အမျိုးသားအတွက် စိုးရိမ်ပြီးလုပ်ပေးနေတဲ့ အိမ်ရှင်မနဲ့တူတယ် "
ငြိမ်နေရာကနေ ထဖောက်လာသော ကင်မ်ထယ်ယောင်းကြောင့် ပြီးခံနီးဖြစ်တဲ့ ပတ်တီးကို လိုအပ်တာထက် ပို၍တင်းကာ စီးပစ်လိုက်သည် ။
" အား ..."
" ကူညီပေးနေတယ်ဆိုပြီး မင်းစော်ကားခံဖို့မဟုတ်ဘူး "
ကင်မ်ထယ်ယောင်း ပြန်မပြောသေးပဲ လက်ကိုသာ အာရုံစိုက်နေလေသည်။ တကယ်နာသည်။ သွေးတောင် ပြန်စို့သွားလေသည်။
" ဟုတ်လား ..ဒီအိမ်မှာ လာနေတဲ့ ရည်ရွယ်ချက်က ဒါပဲမလား ?"
" ဘာကို ရည်ရွယ်ချက်လဲ ?"
ဂျီမင် ထရပ်လိုက်သည် ။ဒေါသကလည်း တစ်ရှိန်တိုး တက်သွားလေသည်။ ကင်မ်ထယ်ယောင်းရဲ့ မျက်လုံးအကြည့်တွလည်း ပြောင်းသွားသည် ။
" မဟုတ်ရင် ဘာလိုအဲလောက်နာနေတာလဲ ?"
" မင်းက သက်သက်မဲ့စော်ကားနေတာ "
" ဟက့် "
တစ်ချက်သာ လှောင်ပြောင်ရီလိုက်ရင် ဂျီမင်ရဲ့မျက်နှာကို တည့်တည့်ကြည့်လိုက်သည်။
" ရုပ်ဆိုးလိုက်တာ "
" ဒီကောင်တော့ "
လက်သီးနစ်ဖက်ကို ဂျီမင်ဆုပ်လိုက်မိတော့
" ကျုပ်ကိုတစ်ချက်ထိရင် ခင်ဗျားကို သုံးလေးချက် ပြန်ထိမှာ "
" မင်းလို အရူးကို ကူညီပေးမိတာ ငါပဲမှားတာ "
ဆိုက်ကိုကောင် ။ ပိုက်ဆံရှိရင် ဖြစ်တက်တဲ့
ဒရမ်မာကားတွေထဲကလို ဆိုက်ကိုကောင် ။
" ကူညီပေးနေတဲ့လူကို ထပ်သွားစတာပေါ့ "
" ငါ့အိမ်မှာ စ, စရာသူပဲရှိတယ် "
" ချစ်ဖို့ကောင်းတယ်မလား ?"
" ရုပ်ဆိုးတယ် ၊ ဒေါသထွက်ရင် ပိုပြီးရုပ်ဆိုးတယ် "
မင်ဟိုရောက်တော့ ဂျီမင်အခန်းထဲက ထွက်သွားလေသည်။ ဂျီမင်ရဲ့ မျက်နှာထားကိုကကြည့်ပြီး သိလိုက်တာက ဒေါသအရမ်းထွက်နေတယ်ဆိုတာပဲ။ ဒါကြောင့် ထယ်ယောင်းကို မေးလိုက်တာ ။
" တစ်ယောက်ယောက်နဲ့ တူလို့လား ?"
မင်ဟိုထပ်မေးတော့ ကင်မ်ထယ်ယောင်း ဒေါသထွက်သွားပြီး
" မင်းစောက်ပါးစပ်က အားနေ တစ်ယောက်ယောက်ပဲ ၊ ဘယ်တစ်ယောက်ယောက်နဲ့ တူနေလို့လဲ ? "
" မတူဘူးဆိုရင် ကောင်းတာပေါ့ "
" မနေ့က ကောင်တွေရော "
" ရဲစခန်းမှာ "
" ဘာလို ရဲစခန်းကို အရင်ပို့လိုက်တာလဲ ?"
" ငါတို့ သမပြီးမှာ ပို့လိုက်တာ "
" ကျေအေးပေးလိုက် ၊ ငါကိုယ်တိုင်ပဲ စီရင်ချက်ချမယ် "
" အေး ...မင်အခုတော့နားလိုက် ၊ အဖျားကျသွားဆိုတာနဲ့ မပေါ့နဲ့ "
" အင်း ...မင်းပြန်ရင် ဟိုဘက်အခန်းက လူကို ခေါ်ပေး "
" ဘာလုပ်အုံးမလို့လဲ ?"
" မင်းကိစ္စမဟုတ်ဘူး ၊ ငါ့ကိစ္စ လှမ်းသာခေါ်ပေးလိုက် "
" မင်းသိလား..ဂျီမင်ကို လိုက်နေတဲ့လူတွေ ရှိတာကို "
" ရုပ်ဆိုးကိုလား ?'
" ဒီလောက်ချစ်ဖို့ကောင်းတာ ဘာကိုရုပ်ဆိုး "
" အင်း ...ဆက်ပြော "
" ငါတို့ရဲ့သူငယ်ချင်း ဟာယူဂယောင်းတောင်ပါတယ် "
ကင်မ်ထယ်ယောင်း ကုတင်ရင်းကို မှီလိုက်ရင် တစ်ခုခုကို စဉ်းစားသည်။
" သူ့ကို ဘယ်သူမှ မထိရဘူးလို့ ကြေငြာလိုက် ၊ ထိတဲ့ကောင် ငါနဲ့တွေ့မယ်လို့ "
" အိုကေလေ ...ကဲ ငါပြန်တော့မယ် "
" ပြန် .."
မင်ဟိုပြန်သွားတယ်ဆိုတာနဲ့ ဆေးလိပ်ကို ကောက်ဖွာသည်။ တစ်ရက်တစ်ရက် ဒီအတိုင်းဆို ပျင်းဖို့ကောင်းသည် ။ အခန်းပြင်ကိုထွက်ကာ ခြံထဲကို လမ်းလျှောက်ဆင်းမိသည်။ ဒီနေ့တော့ အိမ်မှာ အလုပ်သမားတွေရှိသည်။
အိမ်ပတ်ပတ်လည်ကို သူလိုက်မကြည့်ဖြင့်တာ ၁၀နစ်နီးပါးလောက်ရှိပြီး ဖြစ်လေသည်။ အရင် ၁၀နစ်ကနဲ့မတူအောင် ဒယ်ဒီက ပြုပြင်ပေးထားပေမဲ့ သူကတော့ အရင်ကအကြောင်းအရာတွေ အရာအားလုံးကို မှတ်မိနေသေးသည် ။
ခြံထဲကနေ အိမ်ပေါ်ကို လှမ်းကြည့်တော့ ပြတင်းပေါက်နားမှာ ဖုန်းပြောရင် ရီမောနေတဲ့လူကို မြင်ရသည်။ ထိုလူကို ကင်မ်ထယ်ယောင်းရပ်ကြည့်နေမိသည်။ အကြာကြီးမှ အကြာကြီးကို ရပ်ကြည့်နေလေသည်။ ဆေးလိပ်ကလည်း တစ်လိပ်ပြီး တစ်လိပ် မြက်ပင်ပေါ်သို့ ကျနေလေသည် ။
" ကဲ ဒီနေ့တော့ ဒီအပတ်တော့ ဆိုင်ကယ်မမောင်းသေးပဲ ကားနဲ့ပဲ လိုက်သွား ဂျီမင်နဲ့ "
" ဆိုက်ကယ်မောင်းလို့ရနေပါပြီး ဒယ်ဒီကလဲ ?"
" မရဘူး ၊ ကားနဲ့ပဲသွား ..ဒယ်ဒီထပ်မပြောတော့ဘူး "
" ကျစ် ..ဒယ်ဒီက စားတယ် ?"
ကားနောက်ခန်းမှာ နစ်ယာက်သား လိုက်ပါလာလေသည်။ ဂျီမင်ကတော့ ကားမှန်ဘက်ကိုသာ ကြည့်နေလေသည်။
" ကျုယ်ကြယ်သီးပြုတ်နေတယ် တပ်ပေးမလား ?"
ပထမတော့ ဂျီမင် မကြားချင်ယောင်ဆောင်လိုက်သည်။ အရင်ကလည်း ရင်ဘတ်ဟပြဲပဲ ၀တ်တာကို ၊ အခုမှ ကြယ်သီးပြုတ်နေတယ်တဲ့ ။
" ဪ ...နားမကောင်းဘူးပဲ "
" ကင်မ်ထယ်ယောင်း "
" ဘာလဲ ?"
" မင်းရဲ့ ပြသာနာက ဘာလဲ ?"
" ဘာကိုလဲ ?"
ကင်မ်ထယ်ယောင်းရဲ့ မျက်လုံးကို စူးစိုက်ကြည့်လိုက်သည်။ မျက်လုံးတွေကတော့ ဒေါသရိပ်တွေ မတွေ့ပေမဲ့ သူ့အတွက် အဆင်တော့မပြေပေ ။
" ခြေထောက်ကိုပြန်နင်းချင်လား ?"
" မဟုတ်တာ "
"ဒါဆိုတကယ်ပဲ အကူအညီလိုတာလား ?"
" ကြည့်လေ ..ရင်ဘတ်ကို "
လက်ညိုးနဲ့ထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ ကြယ်သီးက သုံးလုံးလောက် ပြုတ်နေလေသည်။ တစ်ယောက်တစ်တောင့်ဆီမို့ ကင်မ်ထယ်ယောင်းနားကို ကပ်သွားလိုက်ပြီး ကြယ်သီးကို တပ်ပေးလိုက်သည်။
" အပေါ်ဆုံး ထိလား ?"
" တစ်လုံးပဲ ထက်တပ်ပေး "
ခေါင်းလေးကို ငုံကိုင်းပြီး ကြယ်သီးကို တပ်ပေးလိုက်သည်။ ကင်မ်ထယ်ယာင်းသည် သူ့နှာခေါင်းနားကို ရောက်လာသော ဂျီမင်နဲ့ခေါင်းလုံးလုံးလေးထက်က ဆံပင်လေးတွေကြောင့် ခေါင်းကို ရှောင်လိုက်သည်။
" ရပြီးလား ?"
ရုတ်တရက်မော့လာသော ဂျီမင်ရဲ့မျက်နှာနဲ့ ဂျီမင်မေးလိုက်သော အမေးကြောင့် ခေါင်းငုံလာသော ထယ်ယောင်းရဲ့မျက်နှာက ထိလုမတက် ။ ဂျီမင်သေချာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတာက မျက်တောင်ရှည်ရှည် ကော့ကော့လေးတွေ ၊ နှာတံစင်းစင်းလေး ၊ ပါးမို့မို့ထက်က မှဲ့နက်ကလေး ။ ဒီအရာတွေကို သူ့ဦးနှောက်ကတောင် မသိလိုက်ခင်မှာပဲ သူသတိလက်လွတ်နဲ့ ငေးကြည့်နေမိသည်။
" ကျုပ်ချောတာ ကျုပ်လည်း သိတယ် ၊ အဲလောက်ငမ်းမနေနဲ့ "
သူ့ပါးကို ကင်မ်ထယ်ယောင်း လက်ညိုနဲ့အနောက်သို့တွန်းရင်ပြောလေသည်။ ထိုအခါ သူချက်ချင်းပင် တစ်ဖက်သို့ လှည့်လိုက်လေသည် ။
Zawgyi
" ဂ်ီမင္မအိပ္ေသးဘူးပဲ "
ညဘက္ေစာေစာမအိပ္တက္တာ သူအက်င့္လိုျဖစ္ေနေလသည္။ online ကေနတစ္ဆင့္ ဒီဇိုင္းေတြနဲ႕ေလ့လာေနတာေကာ့ စာကိုေလ့လာေနတာမို႔ ညနက္မွာ အိပ္တက္ေလသည္။ အိမ္ထဲက အဲကြန္းထက္ ၿခံထဲမွာေနရင္ သဘာ၀ကေပးတဲ့ေလေလာက္ သေဘာမက်တာေၾကာင့္ ညပိုင္းေတြဆို သူၿခံထဲမွာပဲ ရွိတက္သည္ ။ ဆိုင္ကယ္ေမာင္း၀င္လာတာေၾကာင့္ တ္ခ်က္ၾကည့္ၿပီး စာကိုသာျပန္ၾကည့္လိုက္သည္။ မင္ဟိုက ကင္မ္ထယ္ေယာင္းကို တြဲလာေတာ့မွ မူးလာတယ္ထင္၍ ေအာက္ကေန အခန္းတံခါးထိ လိုက္ဖြင့္ေပးမိသည္။ ေသြးနံ႕ကို ရေတာ့မွာ ကင္မ္ထယ္ေယာင္းကို သူၾကည့္မိသည္။
" စာၾကည့္ေနတာပါ "
" ထယ္ေယာင္းကို ၾကည့္ထားေပးလို႔ရမလား ..ကြၽန္ေတာ္ ဖုန္းဆက္စရာရွိလို႔ ၿပီးေတာ့ အန္ကယ့္ကိုလည္း ကြၽန္ေတာ္ပဲ သြားေျပာလိုက္ပါ့မယ္ "
ဂ်ီမင္နဲ႕ ကင္မ္ထယ္ေယာင္းက ေဘးခ်င္းကပ္အခန္းဆိုေပမဲ့ ဒယ္ဒီ့ရဲ႕အခန္းကေတာ့ တသီးတျခားျဖစ္ေနေလသည္။
" ဒယ္ဒီစိုးရိမ္ေနလိမ့္မယ္ မေျပာနဲ႕ "
" ရမလား ..မဟုတ္လည္း သိမွာပဲကို "
" မနက္က်မွ သိပါေစ ..အခု ဆရာ၀န္ကို တိုးတိုးတိတ္တိတ္ေခၚလိုက္ "
" ေအး ..."
ကုတင္ေပၚမွာ ထိုင္၍ မင္ဟိုကို အကြက္ေစ့ေအာင္ ေျပာေနလိုက္တာမ်ား ေက်ာင္းကပါေမာကၡနဲ႕ တူေလသည္။ ညာဘက္လက္မွာေသြးေတြနဲ႕ျပည့္ေနသလို ၊ ဘယ္ဘက္ပုခုံးမွာလည္း ေသြးကြက္စြန္းေနေလသည္။ အစိမ္းရင့္ေရာင္တီရွပ္ေလးက ေသြးေတြ ေပစြန္းသြားေလသည္။ အျပင္ခံ အကၤ်ီပါေသြးေတြ စြန္းေနေလသည္။ ဘာေတြ ျဖစ္ခဲ့ၾကတာလဲ ? ။ ရန္ျဖစ္လာတာလား ..ဒါမွမဟုတ္ ..ကင္မ္ထယ္ေယာင္းက သြားစတာလား ျပသာနာကို ။ ဟုတ္မွာပါ သူမ်ားကို ျပသာနာလိုက္ရွာရတာ ႀကိဳက္တဲ့လူပဲ။ မင္ဟိုအခန္းထဲက ထြက္သြားတယ္ဆိုတာနဲ႕
" က်ဳပ္ကို အကၤ်ီခြၽတ္ေပး "
" အျခားလူဆီကေန အကူအညီေတာင္းရင္ ေျပာသံကို ေလွ်ာ့ေျပာရင္ေကာင္းမယ္ "
ဂ်ီမင္က အခန္း၀နားမွာပဲ ရွိေနတာေၾကာင့္ ကင္မ္ထယ္ေယာင္းသည္ ပါးေစာင္းထဲကို လွ်ာထိုးထည့္ရင္
" လုပ္ေပး "
ကင္မ္ထယ္ေယာင္းက ေလသံကို မေလွ်ာ့ပဲ ပိုၿပီးေတာ့ေတာင္မာသြားေလသည္။ ၿပီးေတာ့ လက္တစ္ဖက္ကို ဆန႔္ျပသည္။ ညာဘက္လက္ ပုလင္းကြဲစေတြ ။ စိတ္ကိုေလွ်ာ့ၿပီး ကင္မ္ထယ္ေယာင္းအနားကို သြားကာ အကၤ်ီခြၽတ္ဖို႔အတြက္ ကူညီေပးလိုက္သည္။ ဒဏ္ရာ ၊ ဒဏ္ခ်က္ေတြခ်ည္းပဲမို႔ ဂ်ီမင္ သတိထားကာ အကၤ်ီကို ေသခ်ာခြၽတ္ေပးရေလသည္။ သူ႕ထက္စာရင္ အမ်ားႀကီးအသားညိုျဖစ္ပမဲ့ အရပ္အေမာင္းနဲ႕ ေလ့က်င့္ေရးမလုပ္ထားတာေတာင္ ေတာင့္ေျဖာင့္ေနတဲ့ ခႏၶာကိုယ္ ၊ ဒါေၾကာင့္လည္း ႐ုပ္ရည္ကရွိ ၊ ပိုက္ဆံကရွိေတာ့ အိမ္ကို တစ္ေယာက္ၿပီးတစ္ေယာက္ေခၚလာတာေပါ့ ။
Blonde hair ေလးနဲ႕က ရန္ပြဲေၾကာင့္ ပြလွန္က်ဲေနေလသည္။ မ်က္လုံးကိုဆံပင္စေတြက ထိုးေနေတာ့ ကင္မ္ထယ္ေယာင္း ခနခန သတ္တင္ေနေလသည္။ လက္က တစ္ဖက္ပဲ ေကာင္းေနတာေတာင္ ေဆးလိပ္က ေသာက္ဖို႔ လုပ္ေနေသးသည္။ ေဆးလိပ္ကို မီးညွိခိုင္းလို႔ကေတာ့
" မီးညွိေပး "
" မင္းလက္ပါတာပဲ "
" မအားဘူး "
ေဆးလိပ္ကို ႏူတ္ခမ္းမွာ ကိုက္ထားရတာပဲ ဒဏ္ရာမရတဲ့ လက္တစ္ဖက္နဲ႕ေသာက္ေပါ့။ လူကို ခိုင္းတာ တရားလြန္းလြန္တယ္ ။
" မင္း တမင္လုပ္ေနတာမလား ?"
" မီးညွိခိုင္းတာေလကို ဘာကိုတမင္လုပ္ရမွာလဲ ခင္ဗ်ားက စားၿပီး "
" ၿပီးၿပီးမလား ?"
ကင္မ္ထယ္ေယာင္းျပန္မေျဖပါ ။ ဂ်ီမင္လည္း ဥေပကၡာျပဳၿပီး အခန္းထဲက ထြက္လာရခဲ့သည္။ ဒဏ္ရာရထားတာေတာင္ ေလသံက ေကာင္းကင္ေပၚက မဆင္းဘူး ။ အကူညီေတာင္းရင္ ဘယ္လိုေလသံမ်ိဳးနဲ႕ဆိုတာကို သင္ထားပုံ မရေခ်။ ဘယ္သင္ထားရမလဲ.. အရာအားလုံးကို ပိုက္ဆံနဲ႕ပဲ ေျဖရွင္းေနတာကို ။အခုလည္းၾကည့္ ေဆး႐ုံသြားပါလား ဒီေလာက္ဒဏ္ရာရထားတာကို။
ဂ်ီမင္ သူ႕အခန္းကိုသူ၀င္ၿပီး အိပ္လိုက္ေတာ့သည္။ က်န္တာ သူနဲ႕မဆိုင္ေပ ။ေသေလာက္တဲ့ ပုံစံမဟုတ္ေနတာကတစ္ပိုင္း ၊ ဆရာ၀န္လာမွာမို႔ သက္သာသြားမွာကိုလည္း သိတာမို႔ စိတ္ေအးေအးခ်မ္းခ်မ္းသာ အိပ္လိုက္ေလသည္။
မနက္ခပ္ေစာေစာထမိေတာ့ အန္ကယ္က ကင္မ္ထယ္ေယာင္းအခန္းထဲက ထြက္လာေလသည္ ။ ညက မင္ဟိုေျပာလိုက္တာ ျဖစ္မည္။
" ဂ်ီမင္ေတာင္ နိုးလာၿပီးပဲ "
" ဟုတ္ကဲ့ အန္ကယ္ .."
" ေအး ..အန္ကယ္ေတာ့ ျပန္အိပ္ေတာ့မယ္ ၊ ခနေန ဆရာ၀န္လာလိမ့္မယ္ ၊ ဂ်ီမင္ခနေလာက္ ေဒါက္တာလာရင္ တံခါးဖြင့္ေပးပါအုံး ၊ ဒါရိုက္ဘာကလည္း မေန႕ထဲက ခြင့္ယူထားေတာ့ .."
" ဟုတ္ကဲ့ ..ေဒါက္တာကို ကြၽန္ေတာ္ဂ႐ုစိုက္လိုက္ပါ့မယ္ "
" ေက်းဇူးတင္ပါတယ္ ဂ်ီမင္ ၊ ဟိုတစ္ေယာက္က ဖ်ားေနေတာ့ ေဒါက္တာကို ထပ္ေခၚရတာ ၊ ဂ်ီမင္အတြက္ အေႏွာင့္အယွက္ျဖစ္သြားရင္ အန္ကယ္ေတာင္းပန္ပါတယ္ "
ဖ်ားမွာေပါ့ ။ သူမ်ားကို လက္စားေခ်ဖိဳ႕ပဲ ေတြးေနတဲ့လူက ဖ်ားတာထက္ကို ပိုၿပီး ျဖစ္သင့္တာ ။ ၾကည့္ရတာ ဒဏ္ရာအရွိန္ေၾကာင့္လား ? ဒဏ္ရာက မ်ားတာေတာင္ ေဆးလိပ္ေသာက္တာ မပ်တ္ဘူး ။ ေအာက္ထပ္ကို ဆင္းၿပီး ေရခဲေသတၱာကိုဖြင့္ၿပီး ငါးတစ္ခ်ိဳ႕ကို ယူကာ ဆန္ျပဳတ္လုပ္မိေခ်သည္။ အန္ကယ္အတြက္ပါ မနက္စားကို ျပင္ဆင္ေပးလိုက္ေလသည္။ ဒီေန႕က ေက်ာင္းပိတ္တာမို႔ ဟယ္ဆန္းကို ျပန္မလို လုပ္ကာမွာ အခုေတာ့
ကင္မ္ထယ္ေယာင္းအခန္းထဲကို ၀င္ေတာ့ အိပ္ေမာက်ေနတဲ့လူရဲ႕ေဘးက စာပြဲေပၚမွာ ဗန္းကို ခ်လိဳက္သည္။
" ကင္မ္ထယ္ေယာင္း "
သူပထမတစ္ေခါက္ေခၚေတာ့ မနိုးေခ်။ အိပ္ပါေစဆိုၿပီး ထားထားရမလား ? ။ အခန္းထဲ၌ ညကအကၤ်ီကို ကုတင္ေဘးမွာ ပုံထားေတာ့ ဂ်ီမင္ေကာက္ယူကာ ျခင္းထဲ ထည့္လိုက္မိသည္။ ဒီအိမ္မွာ သူလာေနရတာ ေကာက္တိုမယ္ရ လုပ္ဖို႔အတြက္လို ျဖစ္ေနေလသည္။ မလုပ္လို႔လည္းမရေခ်။ အခု ေလာေလာလပ္လပ္ သူပဲအိမ္မွာရွိတာ ။ ၉နာရီေလာက္မွာ အိမ္မွာက ခ်က္ျပဳတ္ေရးေတြ ၊ သန႔္ရွင္းေရးေတြလုပ္တဲ့လူေတြ လာၾကတာမို႔ အဲမတိုင္ခင္ သူ႕တာ၀န္ျဖစ္ေနေလသည္။
" နိုးၿပီးလား ?"
ကင္မ္ထယ္ေယာင္းမ်က္လုံးဖြင့္တာ ျမင္ေတာ့မွ ဂ်ီမင္တန္းေမးလိုက္သည္။ ကင္မ္ထယ္ေယာင္းသည္ ဂ်ီမင္အသံၾကားတာနဲ႕ ...
" ဒယ္ဒီေရာ .."
" မင္းကို ညက ေစာင့္ေနရလို႔ ျပန္သြားအိပ္တယ္ "
" ခင္ဗ်ားကေရာ ဘာလာလုပ္တာလဲ ?"
" မင္းအခန္းကိုမ်ား လာခ်င္တယ္ထင္လို႔လား ..အဖ်ားတက္ၿပီး ေသေနမွာစိုးလို႔ "
"အို ... ၾကင္နာတဲ့ စကားေလးပဲ "
ကင္မ္ထယ္ေယာင္း လက္တစ္ဖက္ကို အားစိုက္ၿပီး လွဲေနရာကေန ထလိုက္သည္။ ၿပီးေတာ့ ကုတင္ရင္းမွာ မွီလိုက္ရင္
" အခုမေသဘူးဆိုေတာ့ သြားခ်င္သြားလို႔ရၿပီး "
" အိုေကေလ .. ဆန္ျပဳတ္လုပ္ထားေပးတယ္ စိတ္ပါရင္ ေသာက္ "
" ခင္ဗ်ားတိုက္ရင္ေတာ့ စိတ္ပါခ်င္ ပါမွာေပါ့ "
" မပါဘူး မေသာက္နဲ႕ "
" လူနာကို စာနာလိုက္တာ "
" လူနာဆိုလည္း လူနာလိုေနေလ "
" က်ဳပ္ေလသံက ဒီအတိုင္းပဲ ၊ ဘယ္သူ႕အတြက္မွ မေျပာင္းနိင္ဘူး "
" ေစာက္႐ူး .."
အထက္စီးဆန္တဲ့လူနဲ႕ စကားေျပာေနရတာလည္း ေမာတာပဲရွိတယ္ ။ အဲေတာ့ အခန္းထဲထြက္ၿပီး အျခားကိစၥလုပ္ဖို႔ပဲရွိေတာ့တယ္ ။ ထပ္ေနရင္ ထပ္ၿပီး စကားသာမ်ားရလိမ့္မယ္ ။
" အေဖ ေနေကာင္းလား ?"
အေဖ့ဆီကို ဖုန္ဆက္၍ ဒီအပတ္မလာနိင္ေၾကာင္းေျပာရသည္။ အန္ကယ့္ဆီကလည္း သူ႕ဒီဇိုင္းအတြက္ မွတ္ခ်က္ေကာင္းေတြ ရထားတာမို႔ သူအသစ္ေတြကို ထပ္ဆြဲၾကည့္ရအုံးမည္ျဖစ္ေလသည္။
" ေကာင္းတယ္သား ..သားေရာ "
" ေကာင္းတယ္အေဖ "
" ေအး ..လိလိမၼာမၼာသာေနေနာ္ ၊ ၿပီးေတာ့ က်န္းမာေရး ဂ႐ုစိုက္ "
" ဟုတ္ ...'
" ဟိုကေလးေရာ "
" ဘယ္ကေလးလဲ ?"
" ကင္မ္ထယ္ေယာင္းေလးေလ "
" အာ့ ..သူ႕ကို အေဖက ဘာလုပ္ဖို႔လဲ ?"
" ဪ ဘာလုပ္ရမလဲ ဒီအတိုင္းေမးၾကည့္တာေပါ့ ၊ ကင္မ္ထယ္ေယာင္းနဲ႕လည္း အဆင္ေျပေအာင္ ေနေနာ္ "
" သူနဲ႕အဆင္ေျပေအာင္ေနဖို႔က ေႁမြကို သြားကိုင္တာမွ အဆင္ေျပအုံးမယ္ "
ဒင္းနဲ႕ ဘယ္လိုအဆင္ေျပေအာင္ ေနရမွာလဲ ? ။ ဘယ္လိုမွ အဆင္ေျပေအာင္မေနနိင္ပါ ။ ကူညီေပးတဲ့လူကိုေတာင္ ေက်းဇူးေပးရေကာင္းမွန္းမသိသလို ေၾကာက ေၾကာေသးသည္ ။
" သားကအႀကီးပဲ အရင္အေလွ်ာ့ေပးေလ "
" အေဖမသိပါဘူး "
" သားကေတာ့ သိတယ္မလား ..သားကပဲ ခြင့္လႊတ္ေပးလိုက္ "
" အစ္ကိုဂ်ီမင္ ..."
အခန္းေရွ႕မွာ လာေခၚတဲ့အသံၾကားတာေၾကာင့္
" အေဖ ဒါပဲေနာ္ ၊ ဖုန္းခ်လိဳက္ေတာ့မယ္ "
" ေအးေအး သား "
ဂ်ီမင္ဖုန္းခ်ၿပီးသည္ႏွင္ တံခါးကိုသြားဖြင့္ေလသည္။ အိမ္အကူ ေကာင္မေလး ၊ နာမည္ေတြေတာ့ မသိေပမဲ့ မ်က္ႏွာေလးေတြေတာ့ သူသတိထားမိေလသည္။
" ဘာျဖစ္လို႔လဲ ?"
" အစ္ကိုေလး ေရခ်ိဳးဖို႔တဲ့ ၊ Bossလည္းမရွိသလို ၊ ေယာကၤ်ားသားဆိုလို အခုအိမ္မွာ အစ္ကိုဂ်ီမင္တစ္ေယာက္ပဲရွိလို႔ "
"..."
" အစ္ကိုေလးက ေခၚခိုင္းတာမဟုတ္ပါဘူး ၊ အစ္ကိုေလးတစ္ေယာက္လုပ္ေနတာ အဆင္မေျပေနတာကို ေတြ႕လို႔ ၊ ေနာက္ၿပီး ညီမလည္း ကူလုပ္ေပးလို႔မရဘူးဆိုေတာ့ "
" အင္း ..အစ္ကိုနားလည္ၿပီး .."
ေရခ်ိဳးဖို႔ ခက္ေနမွာေပါ့ ။ လက္တစ္ဖက္ပဲ အသုံးျပဳလို႔ရတာကို ။ ဖ်ားေနတာကို ေရခ်ိဳးမယ္ ။ ေနာက္တစ္ခါ ထပ္ၿပီး ကင္မ္ထယ္ေယာင္းရဲ႕အခန္းထဲကို ဂ်ီမင္သြားရျပန္သည္။ အခန္းတံခါးကို ေခါက္လိုက္ေတာ့
" ဘယ္သူလဲ ?"
" ငါပဲ "
" ၀င္လာ "
ထိုေတာ့မွ အခန္းထဲကို၀င္သြားလိုက္သည္။ ညအိပ္အကၤ်ီကို လက္တစ္ဖက္ထဲနဲ႕ ၾကယ္သီးျဖဳတ္ေနရေတာ့ ေတာ္ေတာ္ေလးအဆင္မေျပပုံရသည္။ ေဘာင္းဘီကေတာ့ ဘယ္လိုခြၽတ္ထားသလဲမသိပါ ။
" ေဒါက္တာလာသြားၿပီးပဲ ဘာလိုဆန္ျပဳတ္မေသာက္တာလဲ ?"
ၾကယ္သီးကို ကူျဖဳတ္ေပးလိုက္ေတာ့ ကင္မ္ထယ္ေယာင္း မ်က္ခုံးပင့္သြားသည္။ ၿပီးေတာ့ မခ်ိဳမခ်ဥ္မ်က္ႏွာနဲ႕
" မေကာင္းပဲကို .."
" ဒါဆိုျပန္ယူသြားလိုက္မယ္ "
" ေကာင္းတယ္ ယူသြား "
အကၤ်ီကို ခြၽတ္ေပးၿပီးတာ့ ဘီဒီုကိုသြားဖြင့္ ေပးလိုက္သည္။ တီရွပ္လက္တိုအနီကြက္ကို ျပၿပီး
" ဒါ၀တ္မလား ?"
ကင္မ္ထယ္ယာင္းသည္ ဂ်ီမင္ျပတဲ့ အနီကြက္ကိုၾကည့္ရင္ ေဘးကအျပာကြက္ကိုၾကည့္ၿပိး
"အျပာကြက္ "
" အိုေက .."
အဆင္ေျပေအာင္ေနဆိုလို႔ အဆင္ေျပေအာင္ ေနရင္ေတာင္ ဒင္းကေတာ့ သူ႕ကိုအဆင္မေျပေအာင္လုပ္မည္ျဖစ္ေလသည္။ သက္ျပင္းရွက္ႀကီးကို ခ်ၿပီးေတာ့သာ ေနလိုက္ရသည္။
အဖ်ားက မနက္ကထက္စာရင္ က်သြားၿပီးဆိုေပမဲ့ ေရခ်ိဳးဖို႔ေတာ့ မျဖစ္နိင္ေသးပါ ။ ဒီေတာ့ ေရပတ္တိုက္ၿပီး အ၀တ္အစားလဲေပးခ်င္သာျဖစ္သည္။ Underwear မခြၽတ္လို႔ ေတာ္ေသးသည္။ အဲတာပါ ခြၽတ္ေပးရမယ္ဆိုရင္ သူခ်က္ခ်င္းေကာက္ထြက္လာမည္သာျဖစ္သည္။
" လက္က ပတ္တီးကိုလဲေပးမယ္ "
ညာဘက္လက္က ပတ္တီးကို လဲေပးရမဲ့အခ်ိန္ကို ညက ေဒါက္တာေျပာထားလို႔ သူသိသည္။ ဒါေၾကာင့္ တစ္ခါထဲ ပတ္တီးပါ လဲေပးလိုက္ေလသည္။ ကင္မ္ထယ္ေယာင္းက အားတဲ့ လက္တစ္ဖက္နဲ႕ ဖုန္းကို လွမ္းယူကာ သီခ်င္းဖြင့္ေလသည္။ ကင္မ္ထယ္ေယာင္းက ကုတင္ေပၚမွာထိုင္ၿပီး သူကေတာ့ ကုတင္အစြန္းမွာ ထိုင္ေလသည္။ 5_Second of Summer ရဲ႕ "Youngblood"တဲ့ ။ သူကေတာ့ သိပ္မသိပါ ။ကင္မ္ထယ္ေယာင္းရဲ႕ ဖုန္းထဲက Playlist ျမင္လိုက္ရတာေၾကာင့္ ျဖစ္ေလသည္။
" ၾကည့္ရတာ သူ႕အမ်ိဳးသားအတြက္ စိုးရိမ္ၿပီးလုပ္ေပးေနတဲ့ အိမ္ရွင္မနဲ႕တူတယ္ "
ၿငိမ္ေနရာကေန ထေဖာက္လာေသာ ကင္မ္ထယ္ေယာင္းေၾကာင့္ ၿပီးခံနီးျဖစ္တဲ့ ပတ္တီးကို လိုအပ္တာထက္ ပို၍တင္းကာ စီးပစ္လိုက္သည္ ။
" အား ..."
" ကူညီေပးေနတယ္ဆိုၿပီး မင္းေစာ္ကားခံဖို႔မဟုတ္ဘူး "
ကင္မ္ထယ္ေယာင္း ျပန္မေျပာေသးပဲ လက္ကိုသာ အာ႐ုံစိုက္ေနေလသည္။ တကယ္နာသည္။ ေသြးေတာင္ ျပန္စို႔သြားေလသည္။
" ဟုတ္လား ..ဒီအိမ္မွာ လာေနတဲ့ ရည္႐ြယ္ခ်က္က ဒါပဲမလား ?"
" ဘာကို ရည္႐ြယ္ခ်က္လဲ ?"
ဂ်ီမင္ ထရပ္လိုက္သည္ ။ေဒါသကလည္း တစ္ရွိန္တိုး တက္သြားေလသည္။ ကင္မ္ထယ္ေယာင္းရဲ႕ မ်က္လုံးအၾကည့္တြလည္း ေျပာင္းသြားသည္ ။
" မဟုတ္ရင္ ဘာလိုအဲေလာက္နာေနတာလဲ ?"
" မင္းက သက္သက္မဲ့ေစာ္ကားေနတာ "
" ဟက့္ "
တစ္ခ်က္သာ ေလွာင္ေျပာင္ရီလိုက္ရင္ ဂ်ီမင္ရဲ႕မ်က္ႏွာကို တည့္တည့္ၾကည့္လိုက္သည္။
" ႐ုပ္ဆိုးလိုက္တာ "
" ဒီေကာင္ေတာ့ "
လက္သီးနစ္ဖက္ကို ဂ်ီမင္ဆုပ္လိုက္မိေတာ့
" က်ဳပ္ကိုတစ္ခ်က္ထိရင္ ခင္ဗ်ားကို သုံးေလးခ်က္ ျပန္ထိမွာ "
" မင္းလို အ႐ူးကို ကူညီေပးမိတာ ငါပဲမွားတာ "
ဆိုက္ကိုေကာင္ ။ ပိုက္ဆံရွိရင္ ျဖစ္တက္တဲ့
ဒရမ္မာကားေတြထဲကလို ဆိုက္ကိုေကာင္ ။
" ကူညီေပးေနတဲ့လူကို ထပ္သြားစတာေပါ့ "
" ငါ့အိမ္မွာ စ, စရာသူပဲရွိတယ္ "
" ခ်စ္ဖို႔ေကာင္းတယ္မလား ?"
" ႐ုပ္ဆိုးတယ္ ၊ ေဒါသထြက္ရင္ ပိုၿပီး႐ုပ္ဆိုးတယ္ "
မင္ဟိုေရာက္ေတာ့ ဂ်ီမင္အခန္းထဲက ထြက္သြားေလသည္။ ဂ်ီမင္ရဲ႕ မ်က္ႏွာထားကိုကၾကည့္ၿပီး သိလိုက္တာက ေဒါသအရမ္းထြက္ေနတယ္ဆိုတာပဲ။ ဒါေၾကာင့္ ထယ္ေယာင္းကို ေမးလိုက္တာ ။
" တစ္ေယာက္ေယာက္နဲ႕ တူလို႔လား ?"
မင္ဟိုထပ္ေမးေတာ့ ကင္မ္ထယ္ေယာင္း ေဒါသထြက္သြားၿပီး
" မင္းေစာက္ပါးစပ္က အားေန တစ္ေယာက္ေယာက္ပဲ ၊ ဘယ္တစ္ေယာက္ေယာက္နဲ႕ တူေနလို႔လဲ ? "
" မတူဘူးဆိုရင္ ေကာင္းတာေပါ့ "
" မေန႕က ေကာင္ေတြေရာ "
" ရဲစခန္းမွာ "
" ဘာလို ရဲစခန္းကို အရင္ပို႔လိုက္တာလဲ ?"
" ငါတို႔ သမၿပီးမွာ ပို႔လိုက္တာ "
" ေက်ေအးေပးလိုက္ ၊ ငါကိုယ္တိုင္ပဲ စီရင္ခ်က္ခ်မယ္ "
" ေအး ...မင္အခုေတာ့နားလိုက္ ၊ အဖ်ားက်သြားဆိုတာနဲ႕ မေပါ့နဲ႕ "
" အင္း ...မင္းျပန္ရင္ ဟိုဘက္အခန္းက လူကို ေခၚေပး "
" ဘာလုပ္အုံးမလို႔လဲ ?"
" မင္းကိစၥမဟုတ္ဘူး ၊ ငါ့ကိစၥ လွမ္းသာေခၚေပးလိုက္ "
" မင္းသိလား..ဂ်ီမင္ကို လိုက္ေနတဲ့လူေတြ ရွိတာကို "
" ႐ုပ္ဆိုးကိုလား ?'
" ဒီေလာက္ခ်စ္ဖို႔ေကာင္းတာ ဘာကို႐ုပ္ဆိုး "
" အင္း ...ဆက္ေျပာ "
" ငါတို႔ရဲ႕သူငယ္ခ်င္း ဟာယူဂေယာင္းေတာင္ပါတယ္ "
ကင္မ္ထယ္ေယာင္း ကုတင္ရင္းကို မွီလိုက္ရင္ တစ္ခုခုကို စဥ္းစားသည္။
" သူ႕ကို ဘယ္သူမွ မထိရဘူးလို႔ ေၾကျငာလိုက္ ၊ ထိတဲ့ေကာင္ ငါနဲ႕ေတြ႕မယ္လို႔ "
" အိုေကေလ ...ကဲ ငါျပန္ေတာ့မယ္ "
" ျပန္ .."
မင္ဟိုျပန္သြားတယ္ဆိုတာနဲ႕ ေဆးလိပ္ကို ေကာက္ဖြာသည္။ တစ္ရက္တစ္ရက္ ဒီအတိုင္းဆို ပ်င္းဖို႔ေကာင္းသည္ ။ အခန္းျပင္ကိုထြက္ကာ ၿခံထဲကို လမ္းေလွ်ာက္ဆင္းမိသည္။ ဒီေန႕ေတာ့ အိမ္မွာ အလုပ္သမားေတြရွိသည္။
အိမ္ပတ္ပတ္လည္ကို သူလိုက္မၾကည့္ျဖင့္တာ ၁၀နစ္နီးပါးေလာက္ရွိၿပီး ျဖစ္ေလသည္။ အရင္ ၁၀နစ္ကနဲ႕မတူေအာင္ ဒယ္ဒီက ျပဳျပင္ေပးထားေပမဲ့ သူကေတာ့ အရင္ကအေၾကာင္းအရာေတြ အရာအားလုံးကို မွတ္မိေနေသးသည္ ။
ၿခံထဲကေန အိမ္ေပၚကို လွမ္းၾကည့္ေတာ့ ျပတင္းေပါက္နားမွာ ဖုန္းေျပာရင္ ရီေမာေနတဲ့လူကို ျမင္ရသည္။ ထိုလူကို ကင္မ္ထယ္ေယာင္းရပ္ၾကည့္ေနမိသည္။ အၾကာႀကီးမွ အၾကာႀကီးကို ရပ္ၾကည့္ေနေလသည္။ ေဆးလိပ္ကလည္း တစ္လိပ္ၿပီး တစ္လိပ္ ျမက္ပင္ေပၚသို႔ က်ေနေလသည္ ။
" ကဲ ဒီေန႕ေတာ့ ဒီအပတ္ေတာ့ ဆိုင္ကယ္မေမာင္းေသးပဲ ကားနဲ႕ပဲ လိုက္သြား ဂ်ီမင္နဲ႕ "
" ဆိုက္ကယ္ေမာင္းလို႔ရေနပါၿပီး ဒယ္ဒီကလဲ ?"
" မရဘူး ၊ ကားနဲ႕ပဲသြား ..ဒယ္ဒီထပ္မေျပာေတာ့ဘူး "
" က်စ္ ..ဒယ္ဒီက စားတယ္ ?"
ကားေနာက္ခန္းမွာ နစ္ယာက္သား လိုက္ပါလာေလသည္။ ဂ်ီမင္ကေတာ့ ကားမွန္ဘက္ကိုသာ ၾကည့္ေနေလသည္။
" က်ဳယ္ၾကယ္သီးျပဳတ္ေနတယ္ တပ္ေပးမလား ?"
ပထမေတာ့ ဂ်ီမင္ မၾကားခ်င္ေယာင္ေဆာင္လိုက္သည္။ အရင္ကလည္း ရင္ဘတ္ဟၿပဲပဲ ၀တ္တာကို ၊ အခုမွ ၾကယ္သီးျပဳတ္ေနတယ္တဲ့ ။
" ဪ ...နားမေကာင္းဘူးပဲ "
" ကင္မ္ထယ္ေယာင္း "
" ဘာလဲ ?"
" မင္းရဲ႕ ျပသာနာက ဘာလဲ ?"
" ဘာကိုလဲ ?"
ကင္မ္ထယ္ေယာင္းရဲ႕ မ်က္လုံးကို စူးစိုက္ၾကည့္လိုက္သည္။ မ်က္လုံးေတြကေတာ့ ေဒါသရိပ္ေတြ မေတြ႕ေပမဲ့ သူ႕အတြက္ အဆင္ေတာ့မေျပေပ ။
" ေျခေထာက္ကိုျပန္နင္းခ်င္လား ?"
" မဟုတ္တာ "
"ဒါဆိုတကယ္ပဲ အကူအညီလိုတာလား ?"
" ၾကည့္ေလ ..ရင္ဘတ္ကို "
လက္ညိုးနဲ႕ထိုးျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ ၾကယ္သီးက သုံးလုံးေလာက္ ျပဳတ္ေနေလသည္။ တစ္ေယာက္တစ္ေတာင့္ဆီမို႔ ကင္မ္ထယ္ေယာင္းနားကို ကပ္သြားလိုက္ၿပီး ၾကယ္သီးကို တပ္ေပးလိုက္သည္။
" အေပၚဆုံး ထိလား ?"
" တစ္လုံးပဲ ထက္တပ္ေပး "
ေခါင္းေလးကို ငုံကိုင္းၿပီး ၾကယ္သီးကို တပ္ေပးလိုက္သည္။ ကင္မ္ထယ္ယာင္းသည္ သူ႕ႏွာေခါင္းနားကို ေရာက္လာေသာ ဂ်ီမင္နဲ႕ေခါင္းလုံးလုံးေလးထက္က ဆံပင္ေလးေတြေၾကာင့္ ေခါင္းကို ေရွာင္လိုက္သည္။
" ရၿပီးလား ?"
႐ုတ္တရက္ေမာ့လာေသာ ဂ်ီမင္ရဲ႕မ်က္ႏွာနဲ႕ ဂ်ီမင္ေမးလိုက္ေသာ အေမးေၾကာင့္ ေခါင္းငုံလာေသာ ထယ္ေယာင္းရဲ႕မ်က္ႏွာက ထိလုမတက္ ။ ဂ်ီမင္ေသခ်ာ ရွင္းရွင္းလင္းလင္းျမင္လိုက္ရတာက မ်က္ေတာင္ရွည္ရွည္ ေကာ့ေကာ့ေလးေတြ ၊ ႏွာတံစင္းစင္းေလး ၊ ပါးမို႔မို႔ထက္က မွဲ႕နက္ကေလး ။ ဒီအရာေတြကို သူ႕ဦးေႏွာက္ကေတာင္ မသိလိုက္ခင္မွာပဲ သူသတိလက္လြတ္နဲ႕ ေငးၾကည့္ေနမိသည္။
" က်ဳပ္ေခ်ာတာ က်ဳပ္လည္း သိတယ္ ၊ အဲေလာက္ငမ္းမေနနဲ႕ "
သူ႕ပါးကို ကင္မ္ထယ္ေယာင္း လက္ညိုနဲ႕အေနာက္သို႔တြန္းရင္ေျပာေလသည္။ ထိုအခါ သူခ်က္ခ်င္းပင္ တစ္ဖက္သို႔ လွည့္လိုက္ေလသည္ ။