In Love With An Old Mafia(Com...

Da seinyadanawin

155K 9.6K 1.3K

****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** Altro

Intro
Part-1
Part-2
Part-3
part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10+11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-37
Part-38
The End
Characters' Art
New Fiction Promote

Part-36

1.9K 140 49
Da seinyadanawin

(သတိပေးတားမြစ်ချက်-သွေးထွက်သံယိုအခန်းများနှင့် လူသတ်ခန်းများပါဝင်သောကြောင့် နှလုံးရောဂါရှိသူများ သို့မဟုတ် ထိုကဲ့သို့အကြောင်းအရာများအားမကြိုက်လျှင် မဖတ်ရန်ပိုမိုသင့်လျော်ပါကြောင်းနဲ့ ဖတ်ရှုသူများကလည်း သတိနှင့်ဆင်ခြင်ဖတ်ရှုရန် သတိပေးအပ်ပါတယ်ဗျာ။
ဤအခန်းသည် စာရေးသူ၏စိတ်ကူးသက်သက်မျှသာဖြစ်၍ ပြင်ပလောကနှင့်လုံးလုံးမျှမသက်ဆိုင်ကြောင်းလည်း ပန်ကြားအပ်ပါတယ်ခင်ဗျာ)

*****

စိုင်း ကားအားအရှိန်မြင့်တင်လိုက်ရင်း စက်လင်းလျှံပေးသောတည်နေရာသို့ မောင်းထွက်လာခဲ့သည်။
နှလုံးသားအောက်ခြေတစ်နေရာက ကြောက်ရွံမှုဟာ စိုင်း၏လက်များကိုပင်တုန်ရီစေပြီး သက်ပိုင်ဘာမှမဖြစ်ပါစေနဲ့ဟူ၍သာ အထပ်ထပ်အခါခါဆုတောင်းနေမိသည်။

စိုင်း ဂိုဒေါင်အရှေ့၌ ကားအားကျွီကနဲထိုးရပ်လိုက်၍ ဂိုဒေါင်ဆီသို့ ပြေးသွားလိုက်မိသည်။
ဂိုဒေါင်တံခါးအားဆွဲဖွင့်လိုက်သည်နှင့် ပထမဆုံးတွေ့လိုက်ရသည့် မြင်ကွင်းဟာ စိုင်းအားနှလုံးရပ်သွားစေသည်အထိပြင်းထန်လှသည်။

သူ၏သက်ပိုင်ဟာ ဗလာကျင်းနေသောဂိုဒေါင်ထဲ၌ လူသေတစ်ယောက်လိုမျိုး
သွေးအိုင်ထဲမှာ
လဲကျနေခဲ့သည်။

"သက်ပိုင်!!"

စိုင်း သက်ပိုင်ဆီသို့ပြေးသွားလိုက်ရင်း သက်ပိုင်အား အနည်းငယ်လှုပ်၍ နိုးလိုက်သည်။
သက်ပိုင်နိုးမလာပါ။

သက်ပိုင်၏အဖြူရောင်ဆွယ်တာလေးဟာ ဖုန်မှုန်များသွေးများဖြင့်ပွေပွနေပြီး မူရင်းအရောင်ပင်ပျောက်နေကာ ခေါင်း၌လည်း သွေးများကအဆက်မပြန်ယိုနေသေး၏။

စိုင်း၏လက်ချောင်းများက လုံးဝကိုတုန်ရီလာပြီး သက်ပိုင်အားအလျင်ဆွဲပွေ့လိုက်မိသည်။
သူ၏ရင်ခွင်ထဲရှိသက်ပိုင်ကိုလှုပ်နိုးနေပေမဲ့ သူ့အသက်ဟာအသံတချက်မျှပြန်မပေးခဲ့ပါ။

သူနောက်ကျသွားတာများလား။

"သက်ပိုင်ထပါတော့ကွာ....လေးလေးငယ်ကိုထကြည့်ပါဦး"

"အသက် ငါရူးတော့မယ်လို့ ကျေးဇူးပြုပြီး!!!"

မျက်ရည်ပူများက ပါးပြင်ထက်သို့စီးဆင်းလာပြီး နှလုံးသားဟာဓားဖြင့်အထိုးခံရသည်ထက်နာကျင်နေ၏။
သက်ပိုင်ကိုဒီလိုမြင်ချင်ခဲ့တာမဟုတ်ဘူး
သူ့ပေါက်စက အခုလိုပုံစံမျိုးရှိနေရမှာမဟုတ်ဘူး။

သူပိုပြီးကာကွယ်ခဲ့သင့်တာ၊အစကတည်းကလူတွေမမြင်နိုင်တဲ့နေရာမှာသက်ပိုင်ကိုထားခဲ့သင့်တာ။
အကုန်သူ့အပြစ်တွေကြီးပဲ။

"မကြောက်နဲ့နော် လေးလေးငယ်ရောက်လာပြီ..."

ခေါင်းပေါ်ရှိဒဏ်ရာများနှင့် ခန္ဓာကိုယ်ပေါ်မှဒဏ်ရာများအားအသာထိရင် ယူကျုံးမရစွာ။အသက်ကိုဖက်ထားရုံကလွဲပြီးစိုင်းဘာလုပ်လို့ လုပ်ရမလဲမသိတော့ချေ။

ဒဏ်ရာများစွာနှင့် သွေးအလိမ့်လိမ့်ဖြစ်နေသောသက်ပိုင်မှာ စိုင်းကိုလုံးဝလျစ်လျူရှုထား၍ အိပ်မြဲသာအိပ်နေ၏။
သက်ပိုင်၏အခုလိုပုံစံဟာ စိုင်းကိုသေမတတ်နာကျင်အောင်ပြုလုပ်နိုင်၍
ဒီလိုမြင်ကွင်းမျိုးမြင်ရမှာထက်စာရင်အရင်သေသွားရင်ကောင်းလိမ့်မည်ဟု စိုင်းတွေးမိသည်။

ထိုအချိန်မှာပဲ ဂိုဒေါင်ထဲသို့စက်လင်းလျှံနှင့်အတူ သူ၏တပည့်များကဝင်ရောက်လာ၍ စိုင်းတို့နှစ်ယောက်အားအံ့သြသင့်စွာကြည့်နေကြ၏။

"စက်လင်းလျှံ....သက်ပိုင်ကငါခေါ်တာမထူးဘူး!
ကျေးဇူးပြုပြီး သူ့ကိုနိုးပေးကြပါဦး။
ငါ့အသက်....ငါ့ရဲ့အသက်ကို အဲ့ကောင်တွေ!!"

Bossက သွေးများဖြင့်ရစရာမရှိအောင်နှိပ်စက်ခံထားရသည့် သက်ပိုင်အား ဖက်ထားရင်းနှင့် နာကျည်းစွာ ငိုကြွေးနေ၏။

စက်လင်းလျှံ Boss၏အခုလိုပုံမျိုးကိုမမြင်ဖူးခဲ့ပေ။

ဘာပဲ ဖြစ်ဖြစ်အခုအဓိက က သက်ပိုင်အားဆေးရုံပို့ပေးရမည်ဖြစ်၍
အခြားအရာတွေကအရေးမကြီးသေးပေ။

"Bossအရင် သက်ပိုင်ကိုဆေးရုံပို့ပေးကြရအောင်ပါ မဟုတ်ရင်သက်ပိုင်တကယ်သေသွားနိုင်တယ်"

ထို့မှ သက်ပိုင်အားဆေးရုံသို့ခေါ်ဆောင်သွားနိုင်ခဲ့၍ အရေးပေါ်အခန်းသို့ ပို့ခဲ့ရလေသည်။

အရေးပေါ်ခန်းအရှေ့၌ နာရီအတော်အတန်ကြာအောင်စောင့်နေခဲ့ရသည်။
ယင်းစောင့်နေသောအချိန်အတွင်း၌ Bossမှာ လုံးဝကိုအရူးလုံးလုံးဖြစ်နေ၍
အသိစိတ်ပင်ပျောက်နေလေသည်။
သက်ပိုင်ကို သူကာကွယ်ပေးခဲ့ရမှာဟူ၍ ပါးစပ်ကတတွတ်တွတ်ရွက်နေ၍ တကယ့်ကိုသတ်တော့ဖြတ်တော့မည့်
မျက်လုံးများဖြင့် ထိန်းချုပ်ထားခဲ့သော ကြမ်းကြုပ်မှုတွေမှာပေါက်ကွဲလုဆဲဆဲအရာတွေလို။

နောက်ဆုံးတွင်တော့ကုသမှုပြီးဆုံးသွားခဲ့၍ ဆရာဝန်တစ်ယောက်က ထိုအခန်းထဲမှထွက်လာ၏။

စိုင်း ဆရာဝန်ဆီသို့ပြေးသွားလိုက်ပြီး သူမျှော်လင့်ထားသည့်စကားကိုသာပြောလာပါစေဟူ၍ဆုတောင်းနေမိသည်။

"ဆေးရုံကိုအချိန်မှီရောက်လာတာကံကောင်းသွားတယ်"

ထိုစကားကိုကြားလိုက်မှ စိုင်းစိတ်သက်သာရာရသွားဟန်နှင့် ဆေးရုံကော်ရစ်တာပေါ်သို့ထိုင်ချလိုက်မိသည်။

ထို့နောက် စက်လင်းလျှံအားမော့ကြည့်လိုက်ရင်း အားယူကာပြုံးလိုက်ရင်း
ပြောလိုက်သည့်စကားမှာ

"တကယ့်ကို..တော်သေးတာပေါ့ကွာ"

စိုင်း ကုတင်ပေါ်၌ ပတ်တီးများတစ်ကိုယ်လုံးအပြည့်ပတ်ထားကာ အိပ်စက်လဲလျောင်းနေသော သက်ပိုင်အားကြည့်နေရင်းမျက်ရည်များက မိုးပြိုသလိုအဆက်မပြတ် တသွင်သွင်ကျဆင်းလာခဲ့၏။

"တော်သေးတာပေါ့ အသက်ရာ.....ကျေးဇူးတင်ပါတယ်....ငါ့ဆီကနေထွက်မသွားခဲ့လို့တကယ့်ကိုကျေးဇူးတင်ပါတယ်"

စိုင်း ပုခုံးများပင်တုန်ရီနေအောင်ငိုနေမိပြီး သက်ပိုင်အသက်ရှင်နေသေးတာကိုပင် ကျေးဇူးတင်မဆုံးဖြစ်မိသည်။
သူနောက်ကျသွားပြီလို့ထင်လိုက်တာ...သက်ပိုင်သူ့လက်ထဲမှာ လူသေတစ်ယောက်လိုလဲနေတုန်း သူ့ကိုယ်သူလုံးဝကိုရူးပြီလို့ထင်လိုက်တာ။

ဆရာဝန်ပြောသည်ကတော့ ဆောင်းတွင်းဖြစ်သည့်အတွက် အအေးဒဏ်ကြောင့် သွေးကြောများကကျုံ့ပြီး
သွေးများကခဲကာ သွေးထွက်မလွန်သောကြောင့် အသက်ရှင်ခဲ့တာဟုဆိုသည်။
ဆောင်းတွင်းသာမဟုတ်ခဲ့လျှင် ခေါင်းရှိအရိုက်ခံထားရသောဒဏ်ရာကြောင့်
သွေးထွက်လွန်ပြီး အသက်ပင်သေသွားနိုင်သည်ဟူ၍ပင်ပြောခဲ့သည်။

ထို့အပြင် သက်ပိုင်၏ညာဘက်လက်ကအချိုးခံထားရ၍ ခန္ဓာကိုယ်အနှံ့မှာလည်း အညိုအမဲပင်စွဲနေသည်အထိအရိုက်ခံထားရသည့်ဒဏ်ရာပင်ရှိကာ နံရိုးများပင်ကျိုးလုနီးနီးဟုလည်း ပြောသည်။

ဘယ်လောက်တောင်နာကျင်နေခဲ့မလဲ....
လေးလေးငယ်မင်းကိုကာကွယ်မယ်လို့ပြောခဲ့ရဲ့သားနဲ့...။
ငါအသုံးမကျတာ...မင်းကိုအထိအခိုက်မရှိအောင် ထားမယ်လို့ကတိပေးခဲ့ရဲ့နဲ့အခုကျမင်းကိုအခုလိုမျိုးပုံစံတွေ့ရတယ်။

"လေးလေးငယ်က ကတိမတည်ဘူးနော်ဟုတ်တယ်မလား၊
လေးလေးငယ်ကို စောင့်နေခဲ့မှာပေါ့၊
တောင်းပန်ပါတယ်..."

"လေးလေးငယ်က အရမ်းဆိုးတယ်မလား...."

"လေးလေးငယ်ကတိမတည်ရင်တောင်ထားမသွားရဘူးနော် အသက်....."

ဒီကောင်လေးမှ ဘာလို့လဲ...
ဒီကောင်လေးမှာဘာအပြစ်ရှိလို့ အခုလိုနာကျင်အောင်လုပ်ရတာလဲ။

လုံးဝမခွင့်မလွှတ်ဘူး!

"မင်းကိုအခုလိုလုပ်တဲ့ကောင်တွေကို ဆယ်ဆပြန်ခံရအောင်လုပ်မယ်လို့ ငါကတိပေးတယ် အသက်။
သူတို့တွေအားလုံး သေကိုသေရမယ်!!"

"လေးလေးငယ်က မင်းအတွက်ကလဲ့စားချေပေးမယ်...
သူတို့တစ်ကောင်မှ အသက်မရှင်စေရဘူး အသက်...
ဒါလေးလေးငယ်မင်းကို ပေးတဲ့ကတိပဲ"

ထိုအချိန်တွင် စက်လင်းလျှံကာ အခန်းထဲသို့ဝင်လာ၍

"Robertတို့ကိုတွေ့ပါပြီ Boss"

"အင်း"

"ဘယ်လိုလုပ်ရမလဲ"

"ကလေးတွေကိုစုထားလိုက်
ပြီးတော့ မြေကျင်းတွေကိုပါ တူးခိုင်းထား၊ကျယ်ကျယ်လေးနက်နက်လေးတူးဖို့ပြောထား။
အလောင်းတွေကများတယ်"

စိုင်း သူ၏ကုတ်အင်္ကျီအား ဝတ်ဆင်လိုက်ရင်း စက်လင်းလျှံအား အမိန့်ပေးလိုက်သည်။

"အဲ့ဂိုဏ်းကကောင်တွေကို တစ်ကောင်မကျန်သတ်ပစ်လိုက်၊ဒီတိုင်းတန်းမသေစေနဲ့ ဆွေးဆွေးမြေ့မြေ့နဲ့ခံစားရအောင်လုပ်ပြီးမှ ငရဲကိုပို့ပေးလိုက်....
မနှိပ်စက်လိုက်ရရင် နှမျောစရာကြီး"

"ဟုတ်ကဲ့ Boss"

စက်လင်းလျှံ ထိုသို့ပြော၍ အခန်းအပြင်သို့ထွက်သွား၏။

စိုင်း သက်ပိုင်၏ပတ်တီးများပတ်ထားသောနဖူးလေးအား အပေါ်ယံလေးသာထိ၍နမ်းလိုက်ရင်း

"ဒီလိုအလုပ်တွေလုပ်တာမကြိုက်မှန်းသိပေမဲ့ လုပ်မှဖြစ်မှာမို့ အသက်ကပဲနားလည်ပေးနော်။
နိုးလာမှ လေးလေးငယ်ကိုကြိုက်သလောက်ဆူလို့ရတယ်ဟုတ်ပြီလား"

စိုင်း အသာပြုံးလိုက်ရင်း သက်ပိုင်အားကျောခိုင်းကာ ဆေးရုံမှထွက်လာခဲ့သည်။
အိပ်ပျော်နေသောသက်ပိုင်အားကျောခိုင်းလိုက်သည်နှင့် သူ၏နှုတ်ခမ်းမှအပြုံးများက ပျောက်ကွယ်သွား၍ မျက်လုံးများကနတ်ဆိုးတစ်ကောင်ကဲ့သို့ရက်စက်မှုများထင်ဟပ်လာသည်။

အခုကကြွက်တွေကိုဖမ်းရမဲ့အချိန်ပဲလေ။

Robert စစ်တုရင်အရုပ်များအားကစားနေရင်း Aaromရောက်အလာကိုစောင့်နေမိသည်။
သေချာပေါက် သူ့ပြိုင်ဘက်ကလေးကသူ့ဆီကိုရောက်လာတော့မှာလေ။

အခုချိန် Aaromတစ်ယောက်ဒေါသထွက်ပြီးသူ့ကိုတောင်သတ်ချင်နေလောက်ပြီပေါ့။

သူ၏အကြံအစည်ဖြစ်မြောက်သွားသည်ကို အလွန်သဘောကျစွာဖြင့် ကျေနပ်စွာအော်ရယ်လိုက်ရင်း စစ်တုရင်အရုပ်အား ရွေ့လိုက်၏။

"နိုင်ပြီ"

ထိုအချိန်မှာပဲ ဝုန်းကနဲ အခန်းတံခါးကပွင့်လာပြီး အခန်းထဲရှိ လူအကုန်လုံးက လန့်ဖြန့်ကာ တံခါးဘက်သို့ကြည့်လိုက်ကြ၏ သေချာပေါက် Robertအပါအဝင်ပေါ့။

တံခါးဝ၌ မေ့မျောနေသောလူတစ်ယောက်အား ဂုတ်မှတရွတ်တိုက်ဆွဲလာသော အမျိုးသားအားတွေ့ရ၍ ထိုအမျိုးသား၏လက်တွင်သွေးများကတစ်တောက်တောက်နှင့်စီးကျနေသည်။
ဆိုးတာက ဤသွေးများက ယင်းအမျိုးသား၏သွေးများမဟုတ်ပဲ အခြားတစ်ယောက်ထံမှသွေးများဖြစ်သည်။

ထိုအမျိုးသားကမေ့မျောနေသော လူအား ပစ်ချလိုက်ရင်း ယင်းလူ၏မျက်နှာအားဘွတ်ဖိနပ်ဖြင့် တက်နင်းကာ အခန်းထဲသို့ဝင်လာ၏။

အနီးသို့ကပ်လာသည်နှင့်အမျှ ထိုအမျိုးသား၏မျက်နှာမှာ တစ်စတစ်စပေါ်လာ၍ နောက်ဆုံးတွင်မျက်နှာအားရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

"Aarom"

ဘယ်ဘက်မျက်လုံးရှိကန့်လန့်ဖြတ်အမာရွတ်က Aarom၏ ကြောက်စရာအသွင်ကိုပိုမိုအားအင်ဖြည့်ပေးနေပြီး မျက်နှာတွင်လည်း သွေးများကပေကျံနေကာ တိုက်ခိုက်ပွဲတစ်ခုကိုဆင်နွဲခဲ့ပုံရသည်။

Robert လက်ဖျောက်တချက်အားတီးလိုက်သည်နှင့် Robert၏တပည့်များက Aaromထံသို့​ပြေးသွား၍ တိုက်ခိုက်ကြလာသည်။

Aaromက ခါးမှ သေနတ်အား ဆွဲထုတ်လိုက်ရင်း သူ့ထံသို့ကပ်လာသော လူအချို့အား ပစ်လိုက်၍ လက်ဗလာနှင့် ပြန်လည်တိုက်ခိုက်လေသည်။
တစ်ယောက်ပြီးတစ်ယောက် ကျသွားသွားသော်ငှား Aaromဟာလူသတ်စက်တစ်ခုလို အခန်းထဲတွင် သူ
နှင့်Robertနှစ်ယောက်တည်းကျန်သည်အထိ လူတိုင်းကိုသတ်ပစ်လိုက်သည်။

Robert တစ်ယောက် Aaromအားကြည့်နေရင်း ပိုပို၍ စိတ်လှုပ်ရှားလာသည်။
ဒါကတကယ့်မကောင်းဆိုးဝါးမဟုတ်လား။

သူဒါမျိုးကိုလိုချင်တာ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့လူသတ်စက်၊
ထိုကဲ့သို့လူက Robertအရှေ့မှရှိနေပြီး Robertအားသတ်ရန်လာနေလေသည်။

ဒါကသိပ်ကိုစိတ်လှုပ်ရှားစရာကောင်းတယ်မဟုတ်လား။

လူတိုင်းအားသုတ်သင်အပြီးတွင်တော့ စိုင်း Robertရှိရာသို့လျှောက်သွားလိုက်ရင်း

"တကယ့်ကိုကျက်သရေမရှိတဲ့တွေ့ဆုံခြင်းပဲနော်ဟုတ်တယ်မဟုတ်လား"

"ဟုတ်တ..."

Robertပင်ပြန်မဖြေရသေး ဒိုင်းဆိုသောအသံနှင့်အတူ Robert၏ပုခုံးအား အပေါက်ဖြစ်သွားစေသောကျည်ဆန်က အားပြင်းစွာ။

"အားးးး"

ဒိုင်း!!

နောက်တဖက်?

Robert၏ပုခုံးနှစ်ဖက်လုံးမှာ ကျည်ဆန်ကြောင့်အပေါက်ဖြစ်နေ၍သွေးများက စီးကျလျက်ရှိသည်။
Robertမှာ တကယ့်ပင်ဘာမျှပြင်ဆင်ချိန်မရလိုက်ချိန် သူ၏သေနတ်ကိုပင်ဆွဲမထုတ်ရသေး Aaromကသူ၏လက်များကိုလုံးသမလှုပ်နိုင်အောင်သေနတ်ဖြင့်ပစ်ထားလေသည်။

Aaromအား စူးရဲစွာစိုက်ကြည့်လိုက်တော​့ Aaromက သူ့ကိုသားကောင်တစ်ကောင်လိုကြည့်နေပြီး တဖြည်းဖြည်းသူ့အနားသို့လျှောက်လာ၏။

Aarom၏မျက်လုံးကတည်ငြိမ်နေပြီး ယင်းတည်ငြိမ်မှုကပဲ ကြောက်စရာကောင်းသည်ဟု ထင်မိသည်။
စောစောကပင်စိတ်လှုပ်ရှားနေသော Robertမှာ Aarom၏မျက်လုံးများကိုကြာကြာစိုက်ကြည့်အပြီးတွင် ကြောက်ရွံမှုများကရုတ်ချည်းဆိုသလို သွေးကြောထဲသို့စိမ့်ဝင်လာ၏။

ဝုန်းကနဲ ကန်ချက်နှင့်အတူ Robertတစ်ယောက်လွှင့်ထွက်သွားပြီးကြမ်းပြင်ပေါ်တွင် ပတ်လက်ကျသွားသည်။

Aaromက တဖန် Robert၏ ခြေထောက်နှစ်ဖက်ကို ကျည်တစ်တောင့်ဆီဖြင့် သုံးကာပစ်လိုက်ရင်း Robertအား ပြုံးကာကြည့်လေသည်။
ဤအပြုံးမှာ တကယ့်ကိုမကောင်းဆိုးဝါးတစ်ကောင်ကပြုံးသည့်အပြုံးမျိုး။

"စောင့်နေတယ်ဆို....ငါရောက်လာပြီလေ။
မပျော်ဘူးလား?
ငါတော့မပျော်ဘူး...အရမ်းပျင်းစရာကောင်းတယ်"

Aaromက ပြောရင်းနှင့် သေနတ်အားထောင်ကာ

"စိတ်မပူနဲ့ မင်းအတွက်နောက်ဆုံးတစ်တောင့်ကျန်နေသေးတယ်၊လက်ဆောင်လေ....သဘောကျရဲ့လား"

Aaromက ပြောရင်းနှင့် ဓားတလက်အားဆွဲထုတ်လိုက်ရင်း
Robert၏နားရွက်အားဆွဲကိုင်လိုက်၏။

"သက်ပိုင်ရဲ့အော်သံကိုမင်းကြားခဲ့မှာပေါ့...ဒါပေမဲ့ဘယ်လိုလုပ်မလဲအခုမင်းအော်သံကိုတောင်မကြားနိုင်လောက်တော့ဘူး"

ဇွက်!!

စိုင်း Robert၏နားရွက်အားဖြတ်ပစ်လိုက်သည်။
ထိုနောက်ကျန်နေသေးသည့်နောက်ထပ်တဖက်ကိုပါ ဖြတ်ပစ်လိုက်သည်။

Robert၏အော်သံကတိရစ္ဆာန်တစ်ကောင်ကအော်သလို နစ်နစ်နဲနဲ။
တိရစ္ဆာန်အော်တာတောင် ကြားလို့ကောင်းဦးမယ်။

"ဒီလိုမျက်လုံးတွေက သက်ပိုင်နာကျင်နေတာကိုမြင်ခဲ့မှာပေါ့....
ဟက်!!စဥ်းစားကြည့်တာနဲ့တင်သတ်ပစ်ချင်လောက်အောင် ဒေါသကထွက်လာတယ်..ဘယ်လိုလုပ်မလဲ...ဒီတိုင်းသတ်ပစ်လိုက်ရမလား"

စိုင်း ရယ်လိုက်ရင်း ဓားနှင့် Robertမျက်လုံးနှစ်ဖက်လုံးကိုထိုးချပစ်လိုက်သည်။

"မင်းရဲ့မျက်လုံးတွေက ရွံစရာကောင်းတယ်"

"အားးးးး!!
အားးးးးးးးးး!!"

စိုင်း ဆေးလိပ်အား ထုတ်လိုက်ရင်းမီးညှိိကာ တချက်ဖွာလိုက်သည်။
စိုင်းဆေးလိပ်ဖွာနေတုန်း Robert ရုတ်တရက်ကြီးထရယ်လာ၍

"မင်းသိလား Aarom? မင်းရဲ့အောင်သက်ပိုင်ဆိုတဲ့စာရေးဆရာကို နှိပ်စက်ရတာသောက်ရမ်းပျော်ဖို့ကောင်းတယ်။
သူ့ခေါင်းကိုနှစ်ချက်လောက်ဆင့်ရိုက်ပြီး အရိုးတွေကြေအောင်ကလေးတွေက တုတ်နဲ့ဝိုင်းရိုက်ကြတာ၊အဲ့မြင်ကွင်းကအရမ်းကြည့်လို့ကောင်းတယ်။
ပြီးတော့ သူ့လက်ကိုငါချိုးလိုက်တုန်းကျိုးသွားတဲ့အသံက အရမ်းနားထောင်လို့ကောင်း...."

ရှဲ!!!

စိုင်း Robert၏ပါးစပ်ထဲ ဆေးလိပ်အားထိုးသွင်းလိုက်ခြင်း

"နားညီးတယ်လို့ပြောထားတာကို...."

"ဟုတ်တာပေါ့ မင်းဘယ်ကြားမှာလဲ မင်းနားတွေမှမရှိတော့တာ"

စိုင်း သူဘာသာပြောလိုက်ရင်းဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
ထို့နောက် သေနတ်အားမောင်းဆွဲလိုက်ရင်း Robert၏ပါးစပ်ထဲသို့ သေနတ်ပြောင်းကိုသွင်းလိုက်၏။

ဖောင်း!!ဆိုသောအသံနှင့်အတူ Robertဟာလည်းငြိမ်ကျသွား၍ ငရဲသို့ရောက်သွားလောက်ပြီထင်ပါသည်။

"သက်ပိုင်ကို မထိနဲ့လို့သတိပေးခဲ့ရဲ့သားနဲ့"

စိုင်း ထိုနေရာမှ ထွက်လာခိုက် သူ့ခြေထောက်အောက်ရှိလူသေများအပေါ်တက်နင်းရင်း အခန်း၏အပြင်ဘက်သို့လျှောက်သွားလိုက်၏။
ကြမ်းပြင်ကသွေးတွေနဲ့လေ သူမနင်းချင်ပါဘူး။

ဆေးရုံကိုပြန်ရောက်တော့အရင်ဆုံးသက်ပိုင်၏အခန်းထဲသို့ဦးတည်လိုက်ရင်း ထိုင်ခုံ၌ဝင်ထိုင်လိုက်သည်။
ထို့နောက် သက်ပိုင်၏ဘယ်ဘက်လက်ချောင်းကလေးများအား ကိုင်လိုက်ရင်း အသာပြုံးလိုက်သည်။

"နောက်ကစပြီး မင်းကိုဘယ်သူမှနာကျင်အောင်လုပ်နိုင်တော့မှာမဟုတ်ဘူး အသက်"

"လက်က ညစ်ပတ်နေလို့တောင်းပန်ပါတယ်....။
လေးလေးငယ်က ကြောက်စရာကောင်းတယ်မလား....
လေးလေးငယ်ကိုမုန်းမသွားရဘူးနော်ပေါက်စ။
လေးလေးငယ်က မင်းကိုသိပ်ချစ်တာကိုသိတယ်မဟုတ်လား"

"မြန်မြန် ပြန်နိုးလာပါတော့ကွာ"

ဒုစရိုက်အလုပ်တွေကိုအများကြီးလုပ်ခဲ့တဲ့ငါက သေချာပေါက်ငရဲသွားရမှာကိုသိတာပေါ့၊
ဝဋ်ဆိုတဲ့အရာကလည်း နောက်တချိန်ပြန်ပြီးလည်
လာဦးမှာ...ဒါတွေကိုရင်မဆိုင်ရခင် ဒီဘဝတော့မင်းနဲ့တသက်လုံးအတူနေချင်တယ်အသက်။

"ငါ ငရဲကိုမကြောက်ဘူး အသက်၊မင်းမရှိမှာကိုတော့ကြောက်တယ်...ဒါပေမဲ့မင်းကတော့ငါနဲ့အတူအဲ့ကိုလိုက်ခဲ့လို့မရဘူးနော် ဟားဟား..."

စိုင်း၏ရယ်သံဟာအတော့်ပင်ခါးသက်နေခဲ့သည်။

"မင်းနိုးလာရင် လေးလေးငယ်ကိတ်မုန့်လုပ်ကျွေးမယ်နော် အသက်"

******

Alexander_AN
Nov.4.2023

A/N- ဒီအပိုင်းက သွေးထွက်သံယိုမကြိုက်တဲ့သူတွေအရမ်းဆိုးတယ်လို့အညိုထင်ပါတယ်။
ဒါ့အပြင် အညိုက Horrorစာရေးသူတစ်ယောက်လည်းဖြစ်တဲ့အတွက်ဒီလိုမျိုးရေးရတာတွေကိုခုံမင်တာကြောင့် အနည်းငယ် ဆိုးဝါးသွားသလားတောင်မသိပါဘူးTwT
ဒါတောင်အတော်လေးကိုရေးတာမလွန်သွားစေဖို့လျှော့ချထားရတာဖြစ်ပြီး ဒီအပိုင်းမှာ လေးလေးငယ်ရဲ့ ကြောက်စရာကောင်းတဲ့တဖက်ခြမ်းကိုတွေ့ရမှာပေါ့နော်။
I can't believe,I created a char like this...။
သက်ပိုင်ကို အခုလိုနှိပ်စက်တာတွေရေးတုန်းကတော့ အညိုနှလုံးသားလေးကတကယ်နာပါတယ်TwT.

********

(သတိေပးတားျမစ္ခ်က္-ေသြးထြက္သံယိုအခန္းမ်ားႏွင့္ လူသတ္ခန္းမ်ားပါဝင္ေသာေၾကာင့္ ႏွလုံးေရာဂါ႐ွိသူမ်ား သို႔မဟုတ္ ထိုကဲ့သို႔အေၾကာင္းအရာမ်ားအားမႀကိဳက္လွ်င္ မဖတ္ရန္ပိုမိုသင့္ေလ်ာ္ပါေၾကာင္းနဲ႔ ဖတ္႐ႈသူမ်ားကလည္း သတိႏွင့္ဆင္ျခင္ဖတ္႐ႈရန္ သတိေပးအပ္ပါတယ္ဗ်ာ။
ဤအခန္းသည္ စာေရးသူ၏စိတ္ကူးသက္သက္မွ်သာျဖစ္၍ ျပင္ပေလာကႏွင့္လုံးလုံးမွ်မသက္ဆိုင္ေၾကာင္းလည္း ပန္ၾကားအပ္ပါတယ္ခင္ဗ်ာ)

*****

စိုင္း ကားအားအ႐ွိန္ျမင့္တင္လိုက္ရင္း စက္လင္းလွ်ံေပးေသာတည္ေနရာသို႔ ေမာင္းထြက္လာခဲ့သည္။
ႏွလုံးသားေအာက္ေျခတစ္ေနရာက ေၾကာက္႐ြံမႈဟာ စိုင္း၏လက္မ်ားကိုပင္တုန္ရီေစၿပီး သက္ပိုင္ဘာမွမျဖစ္ပါေစနဲ႔ဟူ၍သာ အထပ္ထပ္အခါခါဆုေတာင္းေနမိသည္။

စိုင္း ဂိုေဒါင္အေ႐ွ႕၌ ကားအားကြၽီကနဲထိုးရပ္လိုက္၍ ဂိုေဒါင္ဆီသို႔ ေျပးသြားလိုက္မိသည္။
ဂိုေဒါင္တံခါးအားဆြဲဖြင့္လိုက္သည္ႏွင့္ ပထမဆုံးေတြ႕လိုက္ရသည့္ ျမင္ကြင္းဟာ စိုင္းအားႏွလုံးရပ္သြားေစသည္အထိျပင္းထန္လွသည္။

သူ၏သက္ပိုင္ဟာ ဗလာက်င္းေနေသာဂိုေဒါင္ထဲ၌ လူေသတစ္ေယာက္လိုမ်ိဳး
ေသြးအိုင္ထဲမွာ
လဲက်ေနခဲ့သည္။

"သက္ပိုင္!!"

စိုင္း သက္ပိုင္ဆီသို႔ေျပးသြားလိုက္ရင္း သက္ပိုင္အား အနည္းငယ္လႈပ္၍ ႏိုးလိုက္သည္။
သက္ပိုင္ႏိုးမလာပါ။

သက္ပိုင္၏အျဖဴေရာင္ဆြယ္တာေလးဟာ ဖုန္မႈန္မ်ားေသြးမ်ားျဖင့္ေပြပြေနၿပီး မူရင္းအေရာင္ပင္ေပ်ာက္ေနကာ ေခါင္း၌လည္း ေသြးမ်ားကအဆက္မျပန္ယိုေနေသး၏။

စိုင္း၏လက္ေခ်ာင္းမ်ားက လုံးဝကိုတုန္ရီလာၿပီး သက္ပိုင္အားအလ်င္ဆြဲေပြ႕လိုက္မိသည္။
သူ၏ရင္ခြင္ထဲ႐ွိသက္ပိုင္ကိုလႈပ္ႏိုးေနေပမဲ့ သူ႕အသက္ဟာအသံတခ်က္မွ်ျပန္မေပးခဲ့ပါ။

သူေနာက္က်သြားတာမ်ားလား။

"သက္ပိုင္ထပါေတာ့ကြာ....ေလးေလးငယ္ကိုထၾကည့္ပါဦး"

"အသက္ ငါ႐ူးေတာ့မယ္လို႔ ေက်းဇူးျပဳၿပီး!!!"

မ်က္ရည္ပူမ်ားက ပါးျပင္ထက္သို႔စီးဆင္းလာၿပီး ႏွလုံးသားဟာဓားျဖင့္အထိုးခံရသည္ထက္နာက်င္ေန၏။
သက္ပိုင္ကိုဒီလိုျမင္ခ်င္ခဲ့တာမဟုတ္ဘူး
သူ႕ေပါက္စက အခုလိုပုံစံမ်ိဳး႐ွိေနရမွာမဟုတ္ဘူး။

သူပိုၿပီးကာကြယ္ခဲ့သင့္တာ၊အစကတည္းကလူေတြမျမင္ႏိုင္တဲ့ေနရာမွာသက္ပိုင္ကိုထားခဲ့သင့္တာ။
အကုန္သူ႕အျပစ္ေတြႀကီးပဲ။

"မေၾကာက္နဲ႔ေနာ္ ေလးေလးငယ္ေရာက္လာၿပီ..."

ေခါင္းေပၚ႐ွိဒဏ္ရာမ်ားႏွင့္ ခႏၶာကိုယ္ေပၚမွဒဏ္ရာမ်ားအားအသာထိရင္ ယူက်ံဳးမရစြာ။အသက္ကိုဖက္ထား႐ုံကလြဲၿပီးစိုင္းဘာလုပ္လို႔ လုပ္ရမလဲမသိေတာ့ေခ်။

ဒဏ္ရာမ်ားစြာႏွင့္ ေသြးအလိမ့္လိမ့္ျဖစ္ေနေသာသက္ပိုင္မွာ စိုင္းကိုလုံးဝလ်စ္လ်ဴ႐ႈထား၍ အိပ္ၿမဲသာအိပ္ေန၏။
သက္ပိုင္၏အခုလိုပုံစံဟာ စိုင္းကိုေသမတတ္နာက်င္ေအာင္ျပဳလုပ္ႏိုင္၍
ဒီလိုျမင္ကြင္းမ်ိဳးျမင္ရမွာထက္စာရင္အရင္ေသသြားရင္ေကာင္းလိမ့္မည္ဟု စိုင္းေတြးမိသည္။

ထိုအခ်ိန္မွာပဲ ဂိုေဒါင္ထဲသို႔စက္လင္းလွ်ံႏွင့္အတူ သူ၏တပည့္မ်ားကဝင္ေရာက္လာ၍ စိုင္းတို႔ႏွစ္ေယာက္အားအံ့ၾသသင့္စြာၾကည့္ေနၾက၏။

"စက္လင္းလွ်ံ....သက္ပိုင္ကငါေခၚတာမထူးဘူး!
ေက်းဇူးျပဳၿပီး သူ႕ကိုႏိုးေပးၾကပါဦး။
ငါ့အသက္....ငါ့ရဲ႕အသက္ကို အဲ့ေကာင္ေတြ!!"

Bossက ေသြးမ်ားျဖင့္ရစရာမ႐ွိေအာင္ႏွိပ္စက္ခံထားရသည့္ သက္ပိုင္အား ဖက္ထားရင္းႏွင့္ နာက်ည္းစြာ ငိုေႂကြးေန၏။

စက္လင္းလွ်ံ Boss၏အခုလိုပုံမ်ိဳးကိုမျမင္ဖူးခဲ့ေပ။

ဘာပဲ ျဖစ္ျဖစ္အခုအဓိက က သက္ပိုင္အားေဆး႐ုံပို႔ေပးရမည္ျဖစ္၍
အျခားအရာေတြကအေရးမႀကီးေသးေပ။

"Bossအရင္ သက္ပိုင္ကိုေဆး႐ုံပို႔ေပးၾကရေအာင္ပါ မဟုတ္ရင္သက္ပိုင္တကယ္ေသသြားႏိုင္တယ္"

ထို႔မွ သက္ပိုင္အားေဆး႐ုံသို႔ေခၚေဆာင္သြားႏိုင္ခဲ့၍ အေရးေပၚအခန္းသို႔ ပို႔ခဲ့ရေလသည္။

အေရးေပၚခန္းအေ႐ွ႕၌ နာရီအေတာ္အတန္ၾကာေအာင္ေစာင့္ေနခဲ့ရသည္။
ယင္းေစာင့္ေနေသာအခ်ိန္အတြင္း၌ Bossမွာ လုံးဝကိုအ႐ူးလုံးလုံးျဖစ္ေန၍
အသိစိတ္ပင္ေပ်ာက္ေနေလသည္။
သက္ပိုင္ကို သူကာကြယ္ေပးခဲ့ရမွာဟူ၍ ပါးစပ္ကတတြတ္တြတ္႐ြက္ေန၍ တကယ့္ကိုသတ္ေတာ့ျဖတ္ေတာ့မည့္
မ်က္လုံးမ်ားျဖင့္ ထိန္းခ်ဳပ္ထားခဲ့ေသာ ၾကမ္းၾကဳပ္မႈေတြမွာေပါက္ကြဲလုဆဲဆဲအရာေတြလို။

ေနာက္ဆုံးတြင္ေတာ့ကုသမႈၿပီးဆုံးသြားခဲ့၍ ဆရာဝန္တစ္ေယာက္က ထိုအခန္းထဲမွထြက္လာ၏။

စိုင္း ဆရာဝန္ဆီသို႔ေျပးသြားလိုက္ၿပီး သူေမွ်ာ္လင့္ထားသည့္စကားကိုသာေျပာလာပါေစဟူ၍ဆုေတာင္းေနမိသည္။

"ေဆး႐ုံကိုအခ်ိန္မွီေရာက္လာတာကံေကာင္းသြားတယ္"

ထိုစကားကိုၾကားလိုက္မွ စိုင္းစိတ္သက္သာရာရသြားဟန္ႏွင့္ ေဆး႐ုံေကာ္ရစ္တာေပၚသို႔ထိုင္ခ်လိုက္မိသည္။

ထို႔ေနာက္ စက္လင္းလွ်ံအားေမာ့ၾကည့္လိုက္ရင္း အားယူကာျပဳံးလိုက္ရင္း
ေျပာလိုက္သည့္စကားမွာ

"တကယ့္ကို..ေတာ္ေသးတာေပါ့ကြာ"

စိုင္း ကုတင္ေပၚ၌ ပတ္တီးမ်ားတစ္ကိုယ္လုံးအျပည့္ပတ္ထားကာ အိပ္စက္လဲေလ်ာင္းေနေသာ သက္ပိုင္အားၾကည့္ေနရင္းမ်က္ရည္မ်ားက မိုးၿပိဳသလိုအဆက္မျပတ္ တသြင္သြင္က်ဆင္းလာခဲ့၏။

"ေတာ္ေသးတာေပါ့ အသက္ရာ.....ေက်းဇူးတင္ပါတယ္....ငါ့ဆီကေနထြက္မသြားခဲ့လို႔တကယ့္ကိုေက်းဇူးတင္ပါတယ္"

စိုင္း ပုခုံးမ်ားပင္တုန္ရီေနေအာင္ငိုေနမိၿပီး သက္ပိုင္အသက္႐ွင္ေနေသးတာကိုပင္ ေက်းဇူးတင္မဆုံးျဖစ္မိသည္။
သူေနာက္က်သြားၿပီလို႔ထင္လိုက္တာ...သက္ပိုင္သူ႕လက္ထဲမွာ လူေသတစ္ေယာက္လိုလဲေနတုန္း သူ႕ကိုယ္သူလုံးဝကို႐ူးၿပီလို႔ထင္လိုက္တာ။

ဆရာဝန္ေျပာသည္ကေတာ့ ေဆာင္းတြင္းျဖစ္သည့္အတြက္ အေအးဒဏ္ေၾကာင့္ ေသြးေၾကာမ်ားကက်ံဳ႕ၿပီး
ေသြးမ်ားကခဲကာ ေသြးထြက္မလြန္ေသာေၾကာင့္ အသက္႐ွင္ခဲ့တာဟုဆိုသည္။
ေဆာင္းတြင္းသာမဟုတ္ခဲ့လွ်င္ ေခါင္း႐ွိအ႐ိုက္ခံထားရေသာဒဏ္ရာေၾကာင့္
ေသြးထြက္လြန္ၿပီး အသက္ပင္ေသသြားႏိုင္သည္ဟူ၍ပင္ေျပာခဲ့သည္။

ထို႔အျပင္ သက္ပိုင္၏ညာဘက္လက္ကအခ်ိဳးခံထားရ၍ ခႏၶာကိုယ္အႏွံ႔မွာလည္း အညိဳအမဲပင္စြဲေနသည္အထိအ႐ိုက္ခံထားရသည့္ဒဏ္ရာပင္႐ွိကာ နံ႐ိုးမ်ားပင္က်ိဳးလုနီးနီးဟုလည္း ေျပာသည္။

ဘယ္ေလာက္ေတာင္နာက်င္ေနခဲ့မလဲ....
ေလးေလးငယ္မင္းကိုကာကြယ္မယ္လို႔ေျပာခဲ့ရဲ႕သားနဲ႔...။
ငါအသုံးမက်တာ...မင္းကိုအထိအခိုက္မ႐ွိေအာင္ ထားမယ္လို႔ကတိေပးခဲ့ရဲ႕နဲ႔အခုက်မင္းကိုအခုလိုမ်ိဳးပုံစံေတြ႕ရတယ္။

"ေလးေလးငယ္က ကတိမတည္ဘူးေနာ္ဟုတ္တယ္မလား၊
ေလးေလးငယ္ကို ေစာင့္ေနခဲ့မွာေပါ့၊
ေတာင္းပန္ပါတယ္..."

"ေလးေလးငယ္က အရမ္းဆိုးတယ္မလား...."

"ေလးေလးငယ္ကတိမတည္ရင္ေတာင္ထားမသြားရဘူးေနာ္ အသက္....."

ဒီေကာင္ေလးမွ ဘာလို႔လဲ...
ဒီေကာင္ေလးမွာဘာအျပစ္႐ွိလို႔ အခုလိုနာက်င္ေအာင္လုပ္ရတာလဲ။

လုံးဝမခြင့္မလႊတ္ဘူး!

"မင္းကိုအခုလိုလုပ္တဲ့ေကာင္ေတြကို ဆယ္ဆျပန္ခံရေအာင္လုပ္မယ္လို႔ ငါကတိေပးတယ္ အသက္။
သူတို႔ေတြအားလုံး ေသကိုေသရမယ္!!"

"ေလးေလးငယ္က မင္းအတြက္ကလဲ့စားေခ်ေပးမယ္...
သူတို႔တစ္ေကာင္မွ အသက္မ႐ွင္ေစရဘူး အသက္...
ဒါေလးေလးငယ္မင္းကို ေပးတဲ့ကတိပဲ"

ထိုအခ်ိန္တြင္ စက္လင္းလွ်ံကာ အခန္းထဲသို႔ဝင္လာ၍

"Robertတို႔ကိုေတြ႕ပါၿပီ Boss"

"အင္း"

"ဘယ္လိုလုပ္ရမလဲ"

"ကေလးေတြကိုစုထားလိုက္
ၿပီးေတာ့ ေျမက်င္းေတြကိုပါ တူးခိုင္းထား၊က်ယ္က်ယ္ေလးနက္နက္ေလးတူးဖို႔ေျပာထား။
အေလာင္းေတြကမ်ားတယ္"

စိုင္း သူ၏ကုတ္အက်ႌအား ဝတ္ဆင္လိုက္ရင္း စက္လင္းလွ်ံအား အမိန္႔ေပးလိုက္သည္။

"အဲ့ဂိုဏ္းကေကာင္ေတြကို တစ္ေကာင္မက်န္သတ္ပစ္လိုက္၊ဒီတိုင္းတန္းမေသေစနဲ႔ ေဆြးေဆြးေျမ့ေျမ့နဲ႔ခံစားရေအာင္လုပ္ၿပီးမွ ငရဲကိုပို႔ေပးလိုက္....
မႏွိပ္စက္လိုက္ရရင္ ႏွေမ်ာစရာႀကီး"

"ဟုတ္ကဲ့ Boss"

စက္လင္းလွ်ံ ထိုသို႔ေျပာ၍ အခန္းအျပင္သို႔ထြက္သြား၏။

စိုင္း သက္ပိုင္၏ပတ္တီးမ်ားပတ္ထားေသာနဖူးေလးအား အေပၚယံေလးသာထိ၍နမ္းလိုက္ရင္း

"ဒီလိုအလုပ္ေတြလုပ္တာမႀကိဳက္မွန္းသိေပမဲ့ လုပ္မွျဖစ္မွာမို႔ အသက္ကပဲနားလည္ေပးေနာ္။
ႏိုးလာမွ ေလးေလးငယ္ကိုႀကိဳက္သေလာက္ဆူလို႔ရတယ္ဟုတ္ၿပီလား"

စိုင္း အသာျပဳံးလိုက္ရင္း သက္ပိုင္အားေက်ာခိုင္းကာ ေဆး႐ုံမွထြက္လာခဲ့သည္။
အိပ္ေပ်ာ္ေနေသာသက္ပိုင္အားေက်ာခိုင္းလိုက္သည္ႏွင့္ သူ၏ႏႈတ္ခမ္းမွအျပဳံးမ်ားက ေပ်ာက္ကြယ္သြား၍ မ်က္လုံးမ်ားကနတ္ဆိုးတစ္ေကာင္ကဲ့သို႔ရက္စက္မႈမ်ားထင္ဟပ္လာသည္။

အခုကႂကြက္ေတြကိုဖမ္းရမဲ့အခ်ိန္ပဲေလ။

Robert စစ္တုရင္အ႐ုပ္မ်ားအားကစားေနရင္း Aaromေရာက္အလာကိုေစာင့္ေနမိသည္။
ေသခ်ာေပါက္ သူ႕ၿပိဳင္ဘက္ကေလးကသူ႕ဆီကိုေရာက္လာေတာ့မွာေလ။

အခုခ်ိန္ Aaromတစ္ေယာက္ေဒါသထြက္ၿပီးသူ႕ကိုေတာင္သတ္ခ်င္ေနေလာက္ၿပီေပါ့။

သူ၏အၾကံအစည္ျဖစ္ေျမာက္သြားသည္ကို အလြန္သေဘာက်စြာျဖင့္ ေက်နပ္စြာေအာ္ရယ္လိုက္ရင္း စစ္တုရင္အ႐ုပ္အား ေ႐ြ႕လိုက္၏။

"ႏိုင္ၿပီ"

ထိုအခ်ိန္မွာပဲ ဝုန္းကနဲ အခန္းတံခါးကပြင့္လာၿပီး အခန္းထဲ႐ွိ လူအကုန္လုံးက လန္႔ျဖန္႔ကာ တံခါးဘက္သို႔ၾကည့္လိုက္ၾက၏ ေသခ်ာေပါက္ Robertအပါအဝင္ေပါ့။

တံခါးဝ၌ ေမ့ေမ်ာေနေသာလူတစ္ေယာက္အား ဂုတ္မွတ႐ြတ္တိုက္ဆြဲလာေသာ အမ်ိဳးသားအားေတြ႕ရ၍ ထိုအမ်ိဳးသား၏လက္တြင္ေသြးမ်ားကတစ္ေတာက္ေတာက္ႏွင့္စီးက်ေနသည္။
ဆိုးတာက ဤေသြးမ်ားက ယင္းအမ်ိဳးသား၏ေသြးမ်ားမဟုတ္ပဲ အျခားတစ္ေယာက္ထံမွေသြးမ်ားျဖစ္သည္။

ထိုအမ်ိဳးသားကေမ့ေမ်ာေနေသာ လူအား ပစ္ခ်လိုက္ရင္း ယင္းလူ၏မ်က္ႏွာအားဘြတ္ဖိနပ္ျဖင့္ တက္နင္းကာ အခန္းထဲသို႔ဝင္လာ၏။

အနီးသို႔ကပ္လာသည္ႏွင့္အမွ် ထိုအမ်ိဳးသား၏မ်က္ႏွာမွာ တစ္စတစ္စေပၚလာ၍ ေနာက္ဆုံးတြင္မ်က္ႏွာအား႐ွင္း႐ွင္းလင္းလင္းျမင္လိုက္ရသည္။

"Aarom"

ဘယ္ဘက္မ်က္လုံး႐ွိကန္႔လန္႔ျဖတ္အမာ႐ြတ္က Aarom၏ ေၾကာက္စရာအသြင္ကိုပိုမိုအားအင္ျဖည့္ေပးေနၿပီး မ်က္ႏွာတြင္လည္း ေသြးမ်ားကေပက်ံေနကာ တိုက္ခိုက္ပြဲတစ္ခုကိုဆင္ႏြဲခဲ့ပုံရသည္။

Robert လက္ေဖ်ာက္တခ်က္အားတီးလိုက္သည္ႏွင့္ Robert၏တပည့္မ်ားက Aaromထံသို႔​ေျပးသြား၍ တိုက္ခိုက္ၾကလာသည္။

Aaromက ခါးမွ ေသနတ္အား ဆြဲထုတ္လိုက္ရင္း သူ႕ထံသို႔ကပ္လာေသာ လူအခ်ိဳ႕အား ပစ္လိုက္၍ လက္ဗလာႏွင့္ ျပန္လည္တိုက္ခိုက္ေလသည္။
တစ္ေယာက္ၿပီးတစ္ေယာက္ က်သြားသြားေသာ္ငွား Aaromဟာလူသတ္စက္တစ္ခုလို အခန္းထဲတြင္ သူ
ႏွင့္Robertႏွစ္ေယာက္တည္းက်န္သည္အထိ လူတိုင္းကိုသတ္ပစ္လိုက္သည္။

Robert တစ္ေယာက္ Aaromအားၾကည့္ေနရင္း ပိုပို၍ စိတ္လႈပ္႐ွားလာသည္။
ဒါကတကယ့္မေကာင္းဆိုးဝါးမဟုတ္လား။

သူဒါမ်ိဳးကိုလိုခ်င္တာ ျပင္းျပတဲ့စိတ္ဆႏၵနဲ႔လူသတ္စက္၊
ထိုကဲ့သို႔လူက Robertအေ႐ွ႕မွ႐ွိေနၿပီး Robertအားသတ္ရန္လာေနေလသည္။

ဒါကသိပ္ကိုစိတ္လႈပ္႐ွားစရာေကာင္းတယ္မဟုတ္လား။

လူတိုင္းအားသုတ္သင္အၿပီးတြင္ေတာ့ စိုင္း Robert႐ွိရာသို႔ေလွ်ာက္သြားလိုက္ရင္း

"တကယ့္ကိုက်က္သေရမ႐ွိတဲ့ေတြ႕ဆုံျခင္းပဲေနာ္ဟုတ္တယ္မဟုတ္လား"

"ဟုတ္တ..."

Robertပင္ျပန္မေျဖရေသး ဒိုင္းဆိုေသာအသံႏွင့္အတူ Robert၏ပုခုံးအား အေပါက္ျဖစ္သြားေစေသာက်ည္ဆန္က အားျပင္းစြာ။

"အားးးး"

ဒိုင္း!!

ေနာက္တဖက္?

Robert၏ပုခုံးႏွစ္ဖက္လုံးမွာ က်ည္ဆန္ေၾကာင့္အေပါက္ျဖစ္ေန၍ေသြးမ်ားက စီးက်လ်က္႐ွိသည္။
Robertမွာ တကယ့္ပင္ဘာမွ်ျပင္ဆင္ခ်ိန္မရလိုက္ခ်ိန္ သူ၏ေသနတ္ကိုပင္ဆြဲမထုတ္ရေသး Aaromကသူ၏လက္မ်ားကိုလုံးသမလႈပ္ႏိုင္ေအာင္ေသနတ္ျဖင့္ပစ္ထားေလသည္။

Aaromအား စူးရဲစြာစိုက္ၾကည့္လိုက္ေတာ​့ Aaromက သူ႕ကိုသားေကာင္တစ္ေကာင္လိုၾကည့္ေနၿပီး တျဖည္းျဖည္းသူ႕အနားသို႔ေလွ်ာက္လာ၏။

Aarom၏မ်က္လုံးကတည္ၿငိမ္ေနၿပီး ယင္းတည္ၿငိမ္မႈကပဲ ေၾကာက္စရာေကာင္းသည္ဟု ထင္မိသည္။
ေစာေစာကပင္စိတ္လႈပ္႐ွားေနေသာ Robertမွာ Aarom၏မ်က္လုံးမ်ားကိုၾကာၾကာစိုက္ၾကည့္အၿပီးတြင္ ေၾကာက္႐ြံမႈမ်ားက႐ုတ္ခ်ည္းဆိုသလို ေသြးေၾကာထဲသို႔စိမ့္ဝင္လာ၏။

ဝုန္းကနဲ ကန္ခ်က္ႏွင့္အတူ Robertတစ္ေယာက္လႊင့္ထြက္သြားၿပီးၾကမ္းျပင္ေပၚတြင္ ပတ္လက္က်သြားသည္။

Aaromက တဖန္ Robert၏ ေျခေထာက္ႏွစ္ဖက္ကို က်ည္တစ္ေတာင့္ဆီျဖင့္ သုံးကာပစ္လိုက္ရင္း Robertအား ျပဳံးကာၾကည့္ေလသည္။
ဤအျပဳံးမွာ တကယ့္ကိုမေကာင္းဆိုးဝါးတစ္ေကာင္ကျပဳံးသည့္အျပဳံးမ်ိဳး။

"ေစာင့္ေနတယ္ဆို....ငါေရာက္လာၿပီေလ။
မေပ်ာ္ဘူးလား?
ငါေတာ့မေပ်ာ္ဘူး...အရမ္းပ်င္းစရာေကာင္းတယ္"

Aaromက ေျပာရင္းႏွင့္ ေသနတ္အားေထာင္ကာ

"စိတ္မပူနဲ႔ မင္းအတြက္ေနာက္ဆုံးတစ္ေတာင့္က်န္ေနေသးတယ္၊လက္ေဆာင္ေလ....သေဘာက်ရဲ႕လား"

Aaromက ေျပာရင္းႏွင့္ ဓားတလက္အားဆြဲထုတ္လိုက္ရင္း
Robert၏နား႐ြက္အားဆြဲကိုင္လိုက္၏။

"သက္ပိုင္ရဲ႕ေအာ္သံကိုမင္းၾကားခဲ့မွာေပါ့...ဒါေပမဲ့ဘယ္လိုလုပ္မလဲအခုမင္းေအာ္သံကိုေတာင္မၾကားႏိုင္ေလာက္ေတာ့ဘူး"

ဇြက္!!

စိုင္း Robert၏နား႐ြက္အားျဖတ္ပစ္လိုက္သည္။
ထိုေနာက္က်န္ေနေသးသည့္ေနာက္ထပ္တဖက္ကိုပါ ျဖတ္ပစ္လိုက္သည္။

Robert၏ေအာ္သံကတိရစၧာန္တစ္ေကာင္ကေအာ္သလို နစ္နစ္နဲနဲ။
တိရစၧာန္ေအာ္တာေတာင္ ၾကားလို႔ေကာင္းဦးမယ္။

"ဒီလိုမ်က္လုံးေတြက သက္ပိုင္နာက်င္ေနတာကိုျမင္ခဲ့မွာေပါ့....
ဟက္!!စဥ္းစားၾကည့္တာနဲ႔တင္သတ္ပစ္ခ်င္ေလာက္ေအာင္ ေဒါသကထြက္လာတယ္..ဘယ္လိုလုပ္မလဲ...ဒီတိုင္းသတ္ပစ္လိုက္ရမလား"

စိုင္း ရယ္လိုက္ရင္း ဓားႏွင့္ Robertမ်က္လုံးႏွစ္ဖက္လုံးကိုထိုးခ်ပစ္လိုက္သည္။

"မင္းရဲ႕မ်က္လုံးေတြက ႐ြံစရာေကာင္းတယ္"

"အားးးးး!!
အားးးးးးးးးး!!"

စိုင္း ေဆးလိပ္အား ထုတ္လိုက္ရင္းမီးညႇိိကာ တခ်က္ဖြာလိုက္သည္။
စိုင္းေဆးလိပ္ဖြာေနတုန္း Robert ႐ုတ္တရက္ႀကီးထရယ္လာ၍

"မင္းသိလား Aarom? မင္းရဲ႕ေအာင္သက္ပိုင္ဆိုတဲ့စာေရးဆရာကို ႏွိပ္စက္ရတာေသာက္ရမ္းေပ်ာ္ဖို႔ေကာင္းတယ္။
သူ႕ေခါင္းကိုႏွစ္ခ်က္ေလာက္ဆင့္႐ိုက္ၿပီး အ႐ိုးေတြေၾကေအာင္ကေလးေတြက တုတ္နဲ႔ဝိုင္း႐ိုက္ၾကတာ၊အဲ့ျမင္ကြင္းကအရမ္းၾကည့္လို႔ေကာင္းတယ္။
ၿပီးေတာ့ သူ႕လက္ကိုငါခ်ိဳးလိုက္တုန္းက်ိဳးသြားတဲ့အသံက အရမ္းနားေထာင္လို႔ေကာင္း...."

႐ွဲ!!!

စိုင္း Robert၏ပါးစပ္ထဲ ေဆးလိပ္အားထိုးသြင္းလိုက္ျခင္း

"နားညီးတယ္လို႔ေျပာထားတာကို...."

"ဟုတ္တာေပါ့ မင္းဘယ္ၾကားမွာလဲ မင္းနားေတြမွမ႐ွိေတာ့တာ"

စိုင္း သူဘာသာေျပာလိုက္ရင္းဟက္ဟက္ပက္ပက္ရယ္လိုက္သည္။
ထို႔ေနာက္ ေသနတ္အားေမာင္းဆြဲလိုက္ရင္း Robert၏ပါးစပ္ထဲသို႔ ေသနတ္ေျပာင္းကိုသြင္းလိုက္၏။

ေဖာင္း!!ဆိုေသာအသံႏွင့္အတူ Robertဟာလည္းၿငိမ္က်သြား၍ ငရဲသို႔ေရာက္သြားေလာက္ၿပီထင္ပါသည္။

"သက္ပိုင္ကို မထိနဲ႔လို႔သတိေပးခဲ့ရဲ႕သားနဲ႔"

စိုင္း ထိုေနရာမွ ထြက္လာခိုက္ သူ႕ေျခေထာက္ေအာက္႐ွိလူေသမ်ားအေပၚတက္နင္းရင္း အခန္း၏အျပင္ဘက္သို႔ေလွ်ာက္သြားလိုက္၏။
ၾကမ္းျပင္ကေသြးေတြနဲ႔ေလ သူမနင္းခ်င္ပါဘူး။

ေဆး႐ုံကိုျပန္ေရာက္ေတာ့အရင္ဆုံးသက္ပိုင္၏အခန္းထဲသို႔ဦးတည္လိုက္ရင္း ထိုင္ခုံ၌ဝင္ထိုင္လိုက္သည္။
ထို႔ေနာက္ သက္ပိုင္၏ဘယ္ဘက္လက္ေခ်ာင္းကေလးမ်ားအား ကိုင္လိုက္ရင္း အသာျပဳံးလိုက္သည္။

"ေနာက္ကစၿပီး မင္းကိုဘယ္သူမွနာက်င္ေအာင္လုပ္ႏိုင္ေတာ့မွာမဟုတ္ဘူး အသက္"

"လက္က ညစ္ပတ္ေနလို႔ေတာင္းပန္ပါတယ္....။
ေလးေလးငယ္က ေၾကာက္စရာေကာင္းတယ္မလား....
ေလးေလးငယ္ကိုမုန္းမသြားရဘူးေနာ္ေပါက္စ။
ေလးေလးငယ္က မင္းကိုသိပ္ခ်စ္တာကိုသိတယ္မဟုတ္လား"

"ျမန္ျမန္ ျပန္ႏိုးလာပါေတာ့ကြာ"

ဒုစ႐ိုက္အလုပ္ေတြကိုအမ်ားႀကီးလုပ္ခဲ့တဲ့ငါက ေသခ်ာေပါက္ငရဲသြားရမွာကိုသိတာေပါ့၊
ဝဋ္ဆိုတဲ့အရာကလည္း ေနာက္တခ်ိန္ျပန္ၿပီးလည္
လာဦးမွာ...ဒါေတြကိုရင္မဆိုင္ရခင္ ဒီဘဝေတာ့မင္းနဲ႔တသက္လုံးအတူေနခ်င္တယ္အသက္။

"ငါ ငရဲကိုမေၾကာက္ဘူး အသက္၊မင္းမ႐ွိမွာကိုေတာ့ေၾကာက္တယ္...ဒါေပမဲ့မင္းကေတာ့ငါနဲ႔အတူအဲ့ကိုလိုက္ခဲ့လို႔မရဘူးေနာ္ ဟားဟား..."

စိုင္း၏ရယ္သံဟာအေတာ္႕ပင္ခါးသက္ေနခဲ့သည္။

"မင္းႏိုးလာရင္ ေလးေလးငယ္ကိတ္မုန္႔လုပ္ေကြၽးမယ္ေနာ္ အသက္"

******

Alexander_AN
Nov.4.2023

A/N- ဒီအပိုင္းက ေသြးထြက္သံယိုမႀကိဳက္တဲ့သူေတြအရမ္းဆိုးတယ္လို႔အညိဳထင္ပါတယ္။
ဒါ့အျပင္ အညိဳက Horrorစာေရးသူတစ္ေယာက္လည္းျဖစ္တဲ့အတြက္ဒီလိုမ်ိဳးေရးရတာေတြကိုခုံမင္တာေၾကာင့္ အနည္းငယ္ ဆိုးဝါးသြားသလားေတာင္မသိပါဘူးTwT
ဒါေတာင္အေတာ္ေလးကိုေရးတာမလြန္သြားေစဖို႔ေလွ်ာ့ခ်ထားရတာျဖစ္ၿပီး ဒီအပိုင္းမွာ ေလးေလးငယ္ရဲ႕ ေၾကာက္စရာေကာင္းတဲ့တဖက္ျခမ္းကိုေတြ႕ရမွာေပါ့ေနာ္။
I can't believe,I created a char like this...။
သက္ပိုင္ကို အခုလိုႏွိပ္စက္တာေတြေရးတုန္းကေတာ့ အညိဳႏွလုံးသားေလးကတကယ္နာပါတယ္TwT.

********

Continua a leggere

Ti piacerà anche

1.8M 140K 63
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...
3.9M 115K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
702K 40.8K 35
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. "Junoon ban chuki ho...
Players Da Summer Maung

Storie d'amore

688K 15.7K 51
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...