(သတိပေးတားမြစ်ချက်-သွေးထွက်သံယိုအခန်းများနှင့် လူသတ်ခန်းများပါဝင်သောကြောင့် နှလုံးရောဂါရှိသူများ သို့မဟုတ် ထိုကဲ့သို့အကြောင်းအရာများအားမကြိုက်လျှင် မဖတ်ရန်ပိုမိုသင့်လျော်ပါကြောင်းနဲ့ ဖတ်ရှုသူများကလည်း သတိနှင့်ဆင်ခြင်ဖတ်ရှုရန် သတိပေးအပ်ပါတယ်ဗျာ။
ဤအခန်းသည် စာရေးသူ၏စိတ်ကူးသက်သက်မျှသာဖြစ်၍ ပြင်ပလောကနှင့်လုံးလုံးမျှမသက်ဆိုင်ကြောင်းလည်း ပန်ကြားအပ်ပါတယ်ခင်ဗျာ)
******
"Aarom...ကျွန်တော့်ရဲ့ဖိတ်ကြားမှု(စိန်ခေါ်မှု)
ကိုစဥ်းစားပြီးပြီလား"
"Robert?"
"ဘယ်လိုလဲ Aarom..ခင်ဗျားရဲ့အဖြေကိုကျွန်တော်စောင့်နေတယ်"
"ငါအခုအဲ့လောက ကိုလုံးဝပြန်မလာတော့ဘူးဆိုတာကို မင်းသတင်းတွေကြားမှာပါ Robert၊ဒါကြောင့်
မင်းရဲ့ဖိတ်ကြားမှုကို ငါငြင်းတယ်"
ဖုန်းလိုင်းတဖက်မှ စုတ်ထိုးသံ ကျွတ်ကနဲ ကိုကြားလိုက်ရ၍ ၎င်းမှာသိပ်ကိုစိတ်ပျက်နေဟန်။
"ဒါဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲ၊
ခင်ဗျားရဲ့ ယောက်ျားအတွက်တော့စိတ်မကောင်းပါဘူး"
"ဘာကိုဆိုလိုတာလဲ"
"စာရေးဆရာအောင်သက်ပိုင်က ကျုပ်လက်ထဲမှာလေ Aaromရဲ့၊
သူက အရမ်းကိုမနာခံတတ်တာပဲဗျ၊
သူ့ကိုစစချင်းခေါ်လာတုန်းကဆို ကျုပ်ကလေးတွေကို ဒဏ်ရာရအောင်လုပ်ပစ်တာလေ ဒါကြောင့် စိတ်ငြိမ်ဆေးလေးနည်းနည်းပေးထားတာ"
ဤစကားက စိုင်း၏နှလုံးသားကို တစုံတခုဆွဲယူလှုပ်ခါလိုက်သကဲ့သို့ တုန်တက်သွားစေပြီး ကြောက်စိတ်နဲ့စိတ်ပူမှုတို့က ဟုန်းကနဲလိုက်တက်လာသည်။
စိုင်း ဒေါသဖြစ်စွာ "ငါxိုး"ဟုဆဲရေးလိုက်ရင်း
"မင်းသက်ပိုင်ကိုလက်ဖျားလေးနဲ့ထိရင်တောင်ငါမင်းကိုသတ်ပစ်မယ် Robert!"
စိုင်းဒေါသတကြီးနှင့်အော်ပြောလိုက်တော့ တဖက်မှရယ်သံလွင်လွင်ကသိပ်ကိုကျေနပ်နေဟန်။
"ပြိုင်ပွဲက အခုလိုမျိုးမှစိတ်ဝင်စားစရာကောင်းတယ်လို့ ခင်ဗျားမထင်ဘူးလား Aarom"
စိုင်း ဒုန်းကနဲ နံရံအားလက်သီးနဲ့ထိုးလိုက်မိတော့ နံရံ၌အက်ကြောင်းများနှင့်အတူ ၎င်း၏
အပိုင်းအစအချို့က ကြမ်းပြင်ပေါ်သို့အသံအချို့နှင့်အတူပြုတ်ကျလာကြ၏။
"ပြိုင်ပွဲစပြီ...."
Robert ထိုစကားကိုပြောချိန်၌ အသံကိုတိုး၍ပြောသွားသည်မှာ စိုင်း၏စိတ်ကိုစိန်ခေါ်နေသယောင်။
စိုင်း စက်လင်းလျှံအား ဖုန်းဆက်လိုက်၍ သက်ပိုင်အားအမြန်ရှာဖွေခိုင်းလိုက်သည်။
သူ့၏ပေါက်စ ထိခိုက်သွား၍မဖြစ်ပေ။
မြန်နိုင်သမျှမြန်မြန်ရှာဖွေမှရပေလိမ့်မည်။
Robertမမှားပေ၊
စိုင်း၏အားနည်းချက်မှာသက်ပိုင်ဖြစ်သည်။
သက်ပိုင်ကိုသာ လူတစ်ယောက်ကထိခိုက်လုပ်ခဲ့လျှင် စိုင်းထိုလူကိုသတ်ပါသတ်ပစ်နိုင်လေသည်အထိပင် စိုင်း၏စိတ်မှာရူးသွပ်သွားနိုင်သည်။
ယခုအတောအတွင်း ထိုကဲ့သို့အရိုင်းဆန်စိတ်များကိုချိုးနှိမ်ထားခဲ့ခြင်းမှာသက်ပိုင်ကြောင့်သာဖြစ်၍
သက်ပိုင်သာ မထိန်းချုပ်ပေးလျှင် သူဟာမကောင်းဆိုဝါးတစ်ကောင်ဖြစ်သွားပေလိမ့်မည်။
တဖက်တွင်...
သက်ပိုင် သတိအနည်းငယ်လည်လာချင်းချင်းမှာပဲ ပထမဆုံခံစားရသည်မှာ ခေါင်းထဲရှိ အလွန်အမင်းနောက်ကျိနေမှုနှင့် ထုံကိုက်ကာ အားပျော့နေသောခန္ဓာကိုယ်ကိုပင်။
သူ၏ ကိုယ်၌ ကြိုးများကိုလည်းရစ်ပတ်ထား၍ သက်ပိုင်မှာတလက်မလေးပင်လှုပ်ရှား၍မရပါချေ၊
ပြောရလျှင် လှုပ်ရှားဖို့ပင်အားမရှိတော့ချေ။
သက်ပိုင်မှတ်မိသည်မှာ သူအလုပ်မှပြန်အလာ ကားပါကင်၌ လူတစ်အုပ်က သူ့အား လာရောက်ချုပ်နှောင်သဖြင့် ပြန်လည်၍ တိုက်ခိုက်နေစဥ်၌
ခေါင်းအား အရှိန်ခပ်ပြင်းပြင်းအရာတစ်ခုနှင့်လွဲရိုက်ခြင်းအားခံလိုက်ရ၏။
တီဟူသော အချက်ပေးချက်ကခေါင်းထဲမှာ ပြည့်နှက်သွားခိုက် သူ၏လည်ပင်းထဲသို့ဝင်ရောက်သွားသော အပ်တစ်ချောင်းနှင့် ခန္ဓာကိုယ်အတွင်းသို့စီးဝင်လာသော အရည်အချို့ကြောင့် သက်ပိုင်လုံးလုံးမတောင့်ထားနိုင်တော့ပဲထိုနေရာတွင်လဲကျသွားခဲ့သည်။
အခုသူနိုးလာသောအခါတွင်လည်း
လက်များကအချည်ခံထားရသည့်အပြင် ခေါင်းများကလည်းနောက်ကျိနေသေးသည်။
သူပြန်ပေးအဆွဲခံခဲ့ရတာလား။
"နိုးပြီလား စာရေးဆရာကြီး"
သက်ပိုင်အသံလာရာသို့ကြည့်လိုက်တော့ ထိုင်ခုံပေါ်တွင်ခြေချိတ်ကာထိုင်နေသော လူတစ်ယောက်အား အထပ်ထပ်နှင့်မြင်လိုက်ရပြီး အရာအားလုံးဟာမှုန်ဝါးမှုများဖြင့်သာကြီးစိုးနေ၏။
သက်ပိုင်ခေါင်းအား အနည်းငယ်ခါလိုက်ရင်း အမြင်ကြည်သွားအောင်လုပ်လိုက်သော်လည်း မျက်လုံး၏မှုန်ဝါးမှုမှာလုံးဝမပျောက်သွားခဲ့ချေ။
ထိုအချိန်တွင် သူ၏မျက်နှာအကြမ်းပတမ်းမော့ပစ်၍ သောက်ရေများအား လောင်းထည့်လာသောကြောင့် သက်ပိုင်မှာ သီးပင်သီးသွားရ၏။
သို့သော် ထိုကျေးဇူးကြောင့်ခေါင်းကအနည်းငယ်ကြည်လင်သွားကာ သူ့အရှေ့မှလူအား သေချာစွာကြည့်ရှုလို့ရသွားသည်။
"နှိပ်စက်နေတဲ့အချိန်အသိစိတ်လွှတ်နေရင်ပျော်ဖို့မကောင်းဘူးလို့ မင်းမထင်ဘူးလား"
ထိုလူက မျက်လုံးအားမှေးကျင်းကာသိပ်ကိုသဘောတကျပုံစံနှင့်ပြုံးကာ သက်ပိုင် အားသားကောင်သဖွယ်ကြည့်နေ၍ ဤသည်ကိုသိပ်ကိုနှစ်ခြိုက်နေဟန်။
Psychopathလား။
"မင်းတွေးမှာပေါ့ ငါ့ဘာလို့မင်းကိုခေါ်လာရသလဲဆိုတာ"
"......"
"ရိုးရှင်းပါတယ် Aaromကိုမျှားခေါ်ချင်လို့ သူကမင်းနဲ့အကြောင်းမပြမချင်းငါ့ကိုလက်ခံမှာမဟုတ်ဘူးလေ။
ပြီးတော့သာမန်ပြန်ပေးဆွဲရုံနဲ့လည်း သူကဖြုံမှာမဟုတ်ဘူး ဒါကြောင့်မင်းကပဲ သည်းခံပေးလိုက်ပါ၊ စိန်ခေါ်မှုတွေကပျော်ရွှင်မှုပဲ ပြိုင်ဆိုင်မှုနဲ့အနိုင်ရရှိမှုတွေကငါ့ကို ပျော်ရွှင်စေတယ်။"
သက်ပိုင် အရှေ့မှလူအားမျက်မှောင်ကျုံ့ကာဖြင့် စူးစိုက်ကာကြည့်နေလိုက်သည်။
ထိုသူက လေးလေးငယ်ပြောပြဖူးသည့် Robertဆိုသည့်လူပဲ ဖြစ်ရမည်။
သက်ပိုင် အားယူလိုက်ပြီး စကားတစ်လုံးအား ပြောလိုက်သည်။
"သောက်ရူးကောင်"
ဤသည်ကို တဖက်လူကစိတ်ဆိုးခြင်းအလျင်း
မရှိပဲ ပြုံးကာနားထောင်နေသည်ကိုကြည့်ခြင်းဖြင့်
သောက်ကျိုးနည်းရူးနေသည့်ကောင်ဆိုတာမမှားနိုင်ပေ။
သက်ပိုင်ထိုလူကိုကြည့်နေခိုက်မှာပဲ ထိုသူကမတ်တပ်ရပ်လိုက်ပြီး သက်ပိုင်၏မျက်နှာအားမော့ကာယူလိုက်၏။
"မင်းကတကယ်ချောတာကို"
"ငါ့ကိုငါသိတယ်"
"ဟက်!ကြိုးဖြည်ပေးလိုက်"
Robertဆိုသူ၏အမိန့်သံနှင့်အတူ သက်ပိုင်အားချည်နှောင်ထားသည့်ကြိုးများကပြေချသွားသည်နှင့် သက်ပိုင်ဝုန်းကနဲထကာ ကော်လံများအားဆွဲကိုင်လိုက်သည်။
ဤသို့ဆွဲကိုင်လိုက်သည်နှင့် သူ၏ခေါင်းအနောက်သို့ထပ်မံ
တုတ်နှင့်အရိုက်ခံလိုက်ရပြန်ပြီး
အရိုက်ခံရသည့်နေရာမှာ စောစောကအရိုက်ခံထားရသည့်နေရာကိုတမင်ပိတ်ရိုက်ပစ်လိုက်ခြင်းပင်။
ခေါင်းမှာ နာကျင်မှုနှင့်အတူ ချာချာလည်အောင်မူးဝေသွား၍ ကြမ်းပြင်ပေါ်သို့ဒူးထောက်လျက်ပုံကျသွားမိသည်။
ခေါင်းအားလက်ဖြင့်ဖိကိုင်ထားရင်း ဤနာကျင်မှုများအားပျောက်သွားရန်မျှော်လင့်မိ၏။
ဝုန်းကနဲ ကျောပြင်ဆီသို့ တုတ်နှင့်ရိုက်ချက်က ရုတ်တရက်ကျရောက်လာသည့်အချိန်တွင်တော့ သက်ပိုင် ကြမ်းပြင်ပေါ်သို့မှောက်လျက်လဲကျသွားတော့သည်။
ထို့နောက်ထပ်မံထပ်မံ တုတ်နှင့်အကြိမ်ကြိမ်အရိုက်ခံရ၍ သက်ပိုင်မှာလက်ချောင်းလေးတစ်ချောင်းပင်လှုပ်ရန်အားမရှိတော့ပေ။
*လေးလေးငယ်....နာတယ်*
"စာရေးဆရာတွေအတွက် လက်တွေကအရေးကြီးတယ်တဲ့၊သူတို့ရဲ့ဖန်တီးမှုက သူတို့ရဲ့လက်တွေလို့ငါကြားဖူးတယ်။
မင်းရဲ့အဖိုးတန်တဲ့ဖန်တီးမှုတွေကို ငါယူလို့ရမလား"
သက်ပိုင်သူ့အနားသို့လျှောက်လာသည့် ဘွတ်ဖိနပ်များကိုမြင်နေရပြီး ထိုဖိနပ်ပိုင်ရှင်ကိုတော့မျက်လုံးနှင့်ပင် မော့မကြည့်နိုင်တော့ချေ။
သူတကယ့်ကို ပင်ပန်းမှုကိုခံစားနေရလေသည်။
သူတကယ့်ပင်အိပ်ချင်လှပါ၏။
ထိုအချိန်မှာပဲ ဂျွတ်ကနဲအသံနှင့်အတူ သက်ပိုင်၏ညာဘက်လက်မှာ အချိုးခံလိုက်ရ၍ အရိုးခိုက်အောင်နာကျင်မှုကြောင့်
သက်ပိုင်ပြင်းပြင်းထန်ထန်အော်လိုက်မိသည်။
"အားးးးးးးးးးးး!!!"
သက်ပိုင်၏ အော်ဟစ်သံက ဂိုထောင်ထဲ၌ ပဲ့တင်သံပင်ထပ်သွား၍ တကယ့်ကိုသွေးပျက်စရာကောင်းလှသည်။
သူ၏အချိုးခံလိုက်ရသော ညာဘက်လက်ကို ဘွတ်ဖိနပ်တစ်စုံက တက်နင်းလိုက်၍ ထိုနေရာကိုပဲထပ်ခါထပ်ခါဖိထားလေသည်။
သက်ပိုင် နာကျင်မှုအားအံကြိတ်ကာတင်းခံထားရသည်မှာ သွားများပင် ကျွတ်ထွက်မတတ်ပင်ဖြစ်သည်။
ထို့နောက်လူတစ်ယောက်၏ ရယ်သံကျယ်ကျယ်လွင့်ပျံ့လာပြီး
"ငါ့စိန်ခေါ်မှုကို မင်းရဲ့အမျိုးသားကသိပ်ကိုကျေနပ်မယ်မှန်းငါသိနေတယ်"
Robertကထိုကဲ့သို့ပြောရင်း တံခါးဘက်သို့ လျှောက်သွားသည်ကိုမှုန်ဝါးဝါးမြင်နေရ၏။
တံခါးဆီမှလာသော အလင်းရောင်ထံသို့လူများကဦးတည်နေကြပြီး သက်ပိုင်မှာတော့လက်တစ်ချောင်းပင်မလှုပ်နိုင်ခဲ့။
အချို့သူများကသက်ပိုင်အားကန်ကျောက်သွားကြ၍ အချို့လူများကသက်ပိုင်အားတက်နင်းသွားသည့်သူများပါရှိနေသေးသည်။
ခြေသံများတိတ်ဆိတ်သွားသည်နှင့် ဂိုဒေါင်တံခါးမှအလင်းရောင်ဟာလည်းပျောက်ကွယ်သွားခဲ့သည်။
သက်ပိုင်၏အမြင်အာရုံဟာလည်းမှောင်မိုက်မှုတို့ကိုသာမြင်ရ၍ တိတ်ဆိတ်မှုဟာ
ဤနေရာ၌သက်ပိုင်တစ်ယောက်တည်းသာရှိကြောင်း
သတိပေးနေဟန်။
အေးခဲမှုနှင့်အတူနာကျင်မှုဝေဒနါသိပ်ကိုပြင်းထန်လှပြီး သက်ပိုင်မှာ အလွန်အမင်းမချိမဆံ့ခံစားနေရပြီး
ဒီတိုင်းသာအိပ်ပစ်ချင်လိုက်တော့သည်။
သူသေရတော့မှာလား....။
လေးလေးငယ်က သူ့အတွက်ကိတ်မုန့်ဖုတ်ထားတယ်လို့ပြောခဲ့သေးတာ။
လေးလေးငယ်က သူ့ကိုအိမ်မှာစောင့်နေလောက်မလား....
သူလေးလေးငယ်ဆီကိုပြန်ချင်တယ်။
လေးလေးငယ်ကိုဖက်ထားချင်တယ်၊
လေးလေးငယ် ကျွန်တော်နာတယ်...အရမ်းနာတယ်။
သေတော့မလိုခံစားနေရတယ် ဒါပေမဲ့မသေချင်သေးဘူး လေးလေးငယ်နဲ့အတူရှိနေချင်သေးတယ်။
ကျဆင်းလာသောမျက်ရည်ပူပူများကို ခံစားနေရသော်လည်း သက်ပိုင်၏မျက်လုံးများကတဖြည်းဖြည်းဝေဝါးလာက နာကျင်မှုကလည်းတစ်ဆတစ်ဆပိုပို၍ ပြင်းထန်လာသောကြောင့် ဒီအတိုင်းသေလိုက်ရင်ကောင်းမလားလို့တွေးမိပြန်သည်။
"လေး....ငယ်..."
နောက်ဆုံးတစ်ခေါက်လောက်တွေ့ချင်မိသေးတာကို။
*********
Alexander AN
Nov.4.2023
**********
(သတိေပးတားျမစ္ခ်က္-ေသြးထြက္သံယိုအခန္းမ်ားႏွင့္ လူသတ္ခန္းမ်ားပါဝင္ေသာေၾကာင့္ ႏွလုံးေရာဂါ႐ွိသူမ်ား သို႔မဟုတ္ ထိုကဲ့သို႔အေၾကာင္းအရာမ်ားအားမႀကိဳက္လွ်င္ မဖတ္ရန္ပိုမိုသင့္ေလ်ာ္ပါေၾကာင္းနဲ႔ ဖတ္႐ႈသူမ်ားကလည္း သတိႏွင့္ဆင္ျခင္ဖတ္႐ႈရန္ သတိေပးအပ္ပါတယ္ဗ်ာ။
ဤအခန္းသည္ စာေရးသူ၏စိတ္ကူးသက္သက္မွ်သာျဖစ္၍ ျပင္ပေလာကႏွင့္လုံးလုံးမွ်မသက္ဆိုင္ေၾကာင္းလည္း ပန္ၾကားအပ္ပါတယ္ခင္ဗ်ာ)
******
"Aarom...ကြၽန္ေတာ္႕ရဲ႕ဖိတ္ၾကားမႈ(စိန္ေခၚမႈ)
ကိုစဥ္းစားၿပီးၿပီလား"
"Robert?"
"ဘယ္လိုလဲ Aarom..ခင္ဗ်ားရဲ႕အေျဖကိုကြၽန္ေတာ္ေစာင့္ေနတယ္"
"ငါအခုအဲ့ေလာက ကိုလုံးဝျပန္မလာေတာ့ဘူးဆိုတာကို မင္းသတင္းေတြၾကားမွာပါ Robert၊ဒါေၾကာင့္
မင္းရဲ႕ဖိတ္ၾကားမႈကို ငါျငင္းတယ္"
ဖုန္းလိုင္းတဖက္မွ စုတ္ထိုးသံ ကြၽတ္ကနဲ ကိုၾကားလိုက္ရ၍ ၎မွာသိပ္ကိုစိတ္ပ်က္ေနဟန္။
"ဒါဆိုလည္း ဘယ္တတ္ႏိုင္ပါ့မလဲ၊
ခင္ဗ်ားရဲ႕ ေယာက်္ားအတြက္ေတာ့စိတ္မေကာင္းပါဘူး"
"ဘာကိုဆိုလိုတာလဲ"
"စာေရးဆရာေအာင္သက္ပိုင္က က်ဳပ္လက္ထဲမွာေလ Aaromရဲ႕၊
သူက အရမ္းကိုမနာခံတတ္တာပဲဗ်၊
သူ႕ကိုစစခ်င္းေခၚလာတုန္းကဆို က်ဳပ္ကေလးေတြကို ဒဏ္ရာရေအာင္လုပ္ပစ္တာေလ ဒါေၾကာင့္ စိတ္ၿငိမ္ေဆးေလးနည္းနည္းေပးထားတာ"
ဤစကားက စိုင္း၏ႏွလုံးသားကို တစုံတခုဆြဲယူလႈပ္ခါလိုက္သကဲ့သို႔ တုန္တက္သြားေစၿပီး ေၾကာက္စိတ္နဲ႔စိတ္ပူမႈတို႔က ဟုန္းကနဲလိုက္တက္လာသည္။
စိုင္း ေဒါသျဖစ္စြာ "ငါxိဳး"ဟုဆဲေရးလိုက္ရင္း
"မင္းသက္ပိုင္ကိုလက္ဖ်ားေလးနဲ႔ထိရင္ေတာင္ငါမင္းကိုသတ္ပစ္မယ္ Robert!"
စိုင္းေဒါသတႀကီးႏွင့္ေအာ္ေျပာလိုက္ေတာ့ တဖက္မွရယ္သံလြင္လြင္ကသိပ္ကိုေက်နပ္ေနဟန္။
"ၿပိဳင္ပြဲက အခုလိုမ်ိဳးမွစိတ္ဝင္စားစရာေကာင္းတယ္လို႔ ခင္ဗ်ားမထင္ဘူးလား Aarom"
စိုင္း ဒုန္းကနဲ နံရံအားလက္သီးနဲ႔ထိုးလိုက္မိေတာ့ နံရံ၌အက္ေၾကာင္းမ်ားႏွင့္အတူ ၎၏
အပိုင္းအစအခ်ိဳ႕က ၾကမ္းျပင္ေပၚသို႔အသံအခ်ိဳ႕ႏွင့္အတူျပဳတ္က်လာၾက၏။
"ၿပိဳင္ပြဲစၿပီ...."
Robert ထိုစကားကိုေျပာခ်ိန္၌ အသံကိုတိုး၍ေျပာသြားသည္မွာ စိုင္း၏စိတ္ကိုစိန္ေခၚေနသေယာင္။
စိုင္း စက္လင္းလွ်ံအား ဖုန္းဆက္လိုက္၍ သက္ပိုင္အားအျမန္႐ွာေဖြခိုင္းလိုက္သည္။
သူ႕၏ေပါက္စ ထိခိုက္သြား၍မျဖစ္ေပ။
ျမန္ႏိုင္သမွ်ျမန္ျမန္႐ွာေဖြမွရေပလိမ့္မည္။
Robertမမွားေပ၊
စိုင္း၏အားနည္းခ်က္မွာသက္ပိုင္ျဖစ္သည္။
သက္ပိုင္ကိုသာ လူတစ္ေယာက္ကထိခိုက္လုပ္ခဲ့လွ်င္ စိုင္းထိုလူကိုသတ္ပါသတ္ပစ္ႏိုင္ေလသည္အထိပင္ စိုင္း၏စိတ္မွာ႐ူးသြပ္သြားႏိုင္သည္။
ယခုအေတာအတြင္း ထိုကဲ့သို႔အ႐ိုင္းဆန္စိတ္မ်ားကိုခ်ိဳးႏွိမ္ထားခဲ့ျခင္းမွာသက္ပိုင္ေၾကာင့္သာျဖစ္၍
သက္ပိုင္သာ မထိန္းခ်ဳပ္ေပးလွ်င္ သူဟာမေကာင္းဆိုဝါးတစ္ေကာင္ျဖစ္သြားေပလိမ့္မည္။
တဖက္တြင္...
သက္ပိုင္ သတိအနည္းငယ္လည္လာခ်င္းခ်င္းမွာပဲ ပထမဆုံခံစားရသည္မွာ ေခါင္းထဲ႐ွိ အလြန္အမင္းေနာက္က်ိေနမႈႏွင့္ ထုံကိုက္ကာ အားေပ်ာ့ေနေသာခႏၶာကိုယ္ကိုပင္။
သူ၏ ကိုယ္၌ ႀကိဳးမ်ားကိုလည္းရစ္ပတ္ထား၍ သက္ပိုင္မွာတလက္မေလးပင္လႈပ္႐ွား၍မရပါေခ်၊
ေျပာရလွ်င္ လႈပ္႐ွားဖို႔ပင္အားမ႐ွိေတာ့ေခ်။
သက္ပိုင္မွတ္မိသည္မွာ သူအလုပ္မွျပန္အလာ ကားပါကင္၌ လူတစ္အုပ္က သူ႕အား လာေရာက္ခ်ဳပ္ေႏွာင္သျဖင့္ ျပန္လည္၍ တိုက္ခိုက္ေနစဥ္၌
ေခါင္းအား အ႐ွိန္ခပ္ျပင္းျပင္းအရာတစ္ခုႏွင့္လြဲ႐ိုက္ျခင္းအားခံလိုက္ရ၏။
တီဟူေသာ အခ်က္ေပးခ်က္ကေခါင္းထဲမွာ ျပည့္ႏွက္သြားခိုက္ သူ၏လည္ပင္းထဲသို႔ဝင္ေရာက္သြားေသာ အပ္တစ္ေခ်ာင္းႏွင့္ ခႏၶာကိုယ္အတြင္းသို႔စီးဝင္လာေသာ အရည္အခ်ိဳ႕ေၾကာင့္ သက္ပိုင္လုံးလုံးမေတာင့္ထားႏိုင္ေတာ့ပဲထိုေနရာတြင္လဲက်သြားခဲ့သည္။
အခုသူႏိုးလာေသာအခါတြင္လည္း
လက္မ်ားကအခ်ည္ခံထားရသည့္အျပင္ ေခါင္းမ်ားကလည္းေနာက္က်ိေနေသးသည္။
သူျပန္ေပးအဆြဲခံခဲ့ရတာလား။
"ႏိုးၿပီလား စာေရးဆရာႀကီး"
သက္ပိုင္အသံလာရာသို႔ၾကည့္လိုက္ေတာ့ ထိုင္ခုံေပၚတြင္ေျခခ်ိတ္ကာထိုင္ေနေသာ လူတစ္ေယာက္အား အထပ္ထပ္ႏွင့္ျမင္လိုက္ရၿပီး အရာအားလုံးဟာမႈန္ဝါးမႈမ်ားျဖင့္သာႀကီးစိုးေန၏။
သက္ပိုင္ေခါင္းအား အနည္းငယ္ခါလိုက္ရင္း အျမင္ၾကည္သြားေအာင္လုပ္လိုက္ေသာ္လည္း မ်က္လုံး၏မႈန္ဝါးမႈမွာလုံးဝမေပ်ာက္သြားခဲ့ေခ်။
ထိုအခ်ိန္တြင္ သူ၏မ်က္ႏွာအၾကမ္းပတမ္းေမာ့ပစ္၍ ေသာက္ေရမ်ားအား ေလာင္းထည့္လာေသာေၾကာင့္ သက္ပိုင္မွာ သီးပင္သီးသြားရ၏။
သို႔ေသာ္ ထိုေက်းဇူးေၾကာင့္ေခါင္းကအနည္းငယ္ၾကည္လင္သြားကာ သူ႕အေ႐ွ႕မွလူအား ေသခ်ာစြာၾကည့္႐ႈလို႔ရသြားသည္။
"ႏွိပ္စက္ေနတဲ့အခ်ိန္အသိစိတ္လႊတ္ေနရင္ေပ်ာ္ဖို႔မေကာင္းဘူးလို႔ မင္းမထင္ဘူးလား"
ထိုလူက မ်က္လုံးအားေမွးက်င္းကာသိပ္ကိုသေဘာတက်ပုံစံႏွင့္ျပဳံးကာ သက္ပိုင္ အားသားေကာင္သဖြယ္ၾကည့္ေန၍ ဤသည္ကိုသိပ္ကိုႏွစ္ၿခိဳက္ေနဟန္။
Psychopathလား။
"မင္းေတြးမွာေပါ့ ငါ့ဘာလို႔မင္းကိုေခၚလာရသလဲဆိုတာ"
"......"
"႐ိုး႐ွင္းပါတယ္ Aaromကိုမွ်ားေခၚခ်င္လို႔ သူကမင္းနဲ႔အေၾကာင္းမျပမခ်င္းငါ့ကိုလက္ခံမွာမဟုတ္ဘူးေလ။
ၿပီးေတာ့သာမန္ျပန္ေပးဆြဲ႐ုံနဲ႔လည္း သူကျဖဳံမွာမဟုတ္ဘူး ဒါေၾကာင့္မင္းကပဲ သည္းခံေပးလိုက္ပါ၊ စိန္ေခၚမႈေတြကေပ်ာ္႐ႊင္မႈပဲ ၿပိဳင္ဆိုင္မႈနဲ႔အႏိုင္ရ႐ွိမႈေတြကငါ့ကို ေပ်ာ္႐ႊင္ေစတယ္။"
သက္ပိုင္ အေ႐ွ႕မွလူအားမ်က္ေမွာင္က်ံဳ႕ကာျဖင့္ စူးစိုက္ကာၾကည့္ေနလိုက္သည္။
ထိုသူက ေလးေလးငယ္ေျပာျပဖူးသည့္ Robertဆိုသည့္လူပဲ ျဖစ္ရမည္။
သက္ပိုင္ အားယူလိုက္ၿပီး စကားတစ္လုံးအား ေျပာလိုက္သည္။
"ေသာက္႐ူးေကာင္"
ဤသည္ကို တဖက္လူကစိတ္ဆိုးျခင္းအလ်င္း
မ႐ွိပဲ ျပဳံးကာနားေထာင္ေနသည္ကိုၾကည့္ျခင္းျဖင့္
ေသာက္က်ိဳးနည္း႐ူးေနသည့္ေကာင္ဆိုတာမမွားႏိုင္ေပ။
သက္ပိုင္ထိုလူကိုၾကည့္ေနခိုက္မွာပဲ ထိုသူကမတ္တပ္ရပ္လိုက္ၿပီး သက္ပိုင္၏မ်က္ႏွာအားေမာ့ကာယူလိုက္၏။
"မင္းကတကယ္ေခ်ာတာကို"
"ငါ့ကိုငါသိတယ္"
"ဟက္!ႀကိဳးျဖည္ေပးလိုက္"
Robertဆိုသူ၏အမိန္႔သံႏွင့္အတူ သက္ပိုင္အားခ်ည္ေႏွာင္ထားသည့္ႀကိဳးမ်ားကေျပခ်သြားသည္ႏွင့္ သက္ပိုင္ဝုန္းကနဲထကာ ေကာ္လံမ်ားအားဆြဲကိုင္လိုက္သည္။
ဤသို႔ဆြဲကိုင္လိုက္သည္ႏွင့္ သူ၏ေခါင္းအေနာက္သို႔ထပ္မံ
တုတ္ႏွင့္အ႐ိုက္ခံလိုက္ရျပန္ၿပီး
အ႐ိုက္ခံရသည့္ေနရာမွာ ေစာေစာကအ႐ိုက္ခံထားရသည့္ေနရာကိုတမင္ပိတ္႐ိုက္ပစ္လိုက္ျခင္းပင္။
ေခါင္းမွာ နာက်င္မႈႏွင့္အတူ ခ်ာခ်ာလည္ေအာင္မူးေဝသြား၍ ၾကမ္းျပင္ေပၚသို႔ဒူးေထာက္လ်က္ပုံက်သြားမိသည္။
ေခါင္းအားလက္ျဖင့္ဖိကိုင္ထားရင္း ဤနာက်င္မႈမ်ားအားေပ်ာက္သြားရန္ေမွ်ာ္လင့္မိ၏။
ဝုန္းကနဲ ေက်ာျပင္ဆီသို႔ တုတ္ႏွင့္႐ိုက္ခ်က္က ႐ုတ္တရက္က်ေရာက္လာသည့္အခ်ိန္တြင္ေတာ့ သက္ပိုင္ ၾကမ္းျပင္ေပၚသို႔ေမွာက္လ်က္လဲက်သြားေတာ့သည္။
ထို႔ေနာက္ထပ္မံထပ္မံ တုတ္ႏွင့္အႀကိမ္ႀကိမ္အ႐ိုက္ခံရ၍ သက္ပိုင္မွာလက္ေခ်ာင္းေလးတစ္ေခ်ာင္းပင္လႈပ္ရန္အားမ႐ွိေတာ့ေပ။
*ေလးေလးငယ္....နာတယ္*
"စာေရးဆရာေတြအတြက္ လက္ေတြကအေရးႀကီးတယ္တဲ့၊သူတို႔ရဲ႕ဖန္တီးမႈက သူတို႔ရဲ႕လက္ေတြလို႔ငါၾကားဖူးတယ္။
မင္းရဲ႕အဖိုးတန္တဲ့ဖန္တီးမႈေတြကို ငါယူလို႔ရမလား"
သက္ပိုင္သူ႕အနားသို႔ေလွ်ာက္လာသည့္ ဘြတ္ဖိနပ္မ်ားကိုျမင္ေနရၿပီး ထိုဖိနပ္ပိုင္႐ွင္ကိုေတာ့မ်က္လုံးႏွင့္ပင္ ေမာ့မၾကည့္ႏိုင္ေတာ့ေခ်။
သူတကယ့္ကို ပင္ပန္းမႈကိုခံစားေနရေလသည္။
သူတကယ့္ပင္အိပ္ခ်င္လွပါ၏။
ထိုအခ်ိန္မွာပဲ ဂြၽတ္ကနဲအသံႏွင့္အတူ သက္ပိုင္၏ညာဘက္လက္မွာ အခ်ိဳးခံလိုက္ရ၍ အ႐ိုးခိုက္ေအာင္နာက်င္မႈေၾကာင့္
သက္ပိုင္ျပင္းျပင္းထန္ထန္ေအာ္လိုက္မိသည္။
"အားးးးးးးးးးးး!!!"
သက္ပိုင္၏ ေအာ္ဟစ္သံက ဂိုေထာင္ထဲ၌ ပဲ့တင္သံပင္ထပ္သြား၍ တကယ့္ကိုေသြးပ်က္စရာေကာင္းလွသည္။
သူ၏အခ်ိဳးခံလိုက္ရေသာ ညာဘက္လက္ကို ဘြတ္ဖိနပ္တစ္စုံက တက္နင္းလိုက္၍ ထိုေနရာကိုပဲထပ္ခါထပ္ခါဖိထားေလသည္။
သက္ပိုင္ နာက်င္မႈအားအံႀကိတ္ကာတင္းခံထားရသည္မွာ သြားမ်ားပင္ ကြၽတ္ထြက္မတတ္ပင္ျဖစ္သည္။
ထို႔ေနာက္လူတစ္ေယာက္၏ ရယ္သံက်ယ္က်ယ္လြင့္ပ်ံ႕လာၿပီး
"ငါ့စိန္ေခၚမႈကို မင္းရဲ႕အမ်ိဳးသားကသိပ္ကိုေက်နပ္မယ္မွန္းငါသိေနတယ္"
Robertကထိုကဲ့သို႔ေျပာရင္း တံခါးဘက္သို႔ ေလွ်ာက္သြားသည္ကိုမႈန္ဝါးဝါးျမင္ေနရ၏။
တံခါးဆီမွလာေသာ အလင္းေရာင္ထံသို႔လူမ်ားကဦးတည္ေနၾကၿပီး သက္ပိုင္မွာေတာ့လက္တစ္ေခ်ာင္းပင္မလႈပ္ႏိုင္ခဲ့။
အခ်ိဳ႕သူမ်ားကသက္ပိုင္အားကန္ေက်ာက္သြားၾက၍ အခ်ိဳ႕လူမ်ားကသက္ပိုင္အားတက္နင္းသြားသည့္သူမ်ားပါ႐ွိေနေသးသည္။
ေျခသံမ်ားတိတ္ဆိတ္သြားသည္ႏွင့္ ဂိုေဒါင္တံခါးမွအလင္းေရာင္ဟာလည္းေပ်ာက္ကြယ္သြားခဲ့သည္။
သက္ပိုင္၏အျမင္အာ႐ုံဟာလည္းေမွာင္မိုက္မႈတို႔ကိုသာျမင္ရ၍ တိတ္ဆိတ္မႈဟာ
ဤေနရာ၌သက္ပိုင္တစ္ေယာက္တည္းသာ႐ွိေၾကာင္း
သတိေပးေနဟန္။
ေအးခဲမႈႏွင့္အတူနာက်င္မႈေဝဒနါသိပ္ကိုျပင္းထန္လွၿပီး သက္ပိုင္မွာ အလြန္အမင္းမခ်ိမဆံ့ခံစားေနရၿပီး
ဒီတိုင္းသာအိပ္ပစ္ခ်င္လိုက္ေတာ့သည္။
သူေသရေတာ့မွာလား....။
ေလးေလးငယ္က သူ႕အတြက္ကိတ္မုန္႔ဖုတ္ထားတယ္လို႔ေျပာခဲ့ေသးတာ။
ေလးေလးငယ္က သူ႕ကိုအိမ္မွာေစာင့္ေနေလာက္မလား....
သူေလးေလးငယ္ဆီကိုျပန္ခ်င္တယ္။
ေလးေလးငယ္ကိုဖက္ထားခ်င္တယ္၊
ေလးေလးငယ္ ကြၽန္ေတာ္နာတယ္...အရမ္းနာတယ္။
ေသေတာ့မလိုခံစားေနရတယ္ ဒါေပမဲ့မေသခ်င္ေသးဘူး ေလးေလးငယ္နဲ႔အတူ႐ွိေနခ်င္ေသးတယ္။
က်ဆင္းလာေသာမ်က္ရည္ပူပူမ်ားကို ခံစားေနရေသာ္လည္း သက္ပိုင္၏မ်က္လုံးမ်ားကတျဖည္းျဖည္းေဝဝါးလာက နာက်င္မႈကလည္းတစ္ဆတစ္ဆပိုပို၍ ျပင္းထန္လာေသာေၾကာင့္ ဒီအတိုင္းေသလိုက္ရင္ေကာင္းမလားလို႔ေတြးမိျပန္သည္။
"ေလး....ငယ္..."
ေနာက္ဆုံးတစ္ေခါက္ေလာက္ေတြ႕ခ်င္မိေသးတာကို။
*********
Alexander_AN
Nov.4.2023
******