Beta ယောင်ဆောင်သော မြို့အုပ်ကတော်
Part 5
----------
မြို့အုပ်ရုံးကိုသွားခါနီးတော့ ရှောင်ကျန့်ကပါကားပေါ်အတင်းလိုက်တက်လာသည် ။
"ဘာလဲ..."
"မနေ့က အမူ့ဘယ်လိုဖြစ်သွားပြီလဲဟင်..."
"ငါ့ကိစ္စမှမဟုတ်တာ သူ့ဘာသာသူတရားရုံးကချမှတ်မှာပေါ့..."
"ဟို...ဟိုလေ အဲ့မှာကျန့်ကျန့်ပါလားဟင်..."
"...."
"မင်းကတော်က မပါဘူးဗျ မင်းကတော်လေးကဒီလောက်အပြစ်ကင်းတာကို..."
ကျင်းရန်ကကားရှေ့ခန်းမှာ၀င်ထိုင်ပြီးကားစမောင်းနေရင်းနဲ့ ရှောင်ကျန့်ရဲ့အမေးကိုဖြေလိုက်သည်။
"ဟာ...အဲ့တာဆိုမဖြစ်ဘူး...မဖြစ်ဘူး..."
"ဘာဖြစ်လို့လဲဗျ..."
"ကျန့်ကျန့်ငွေ ၃ထောင်ပါသွားပြီ..."
"...."
"မနေ့က ဖိုးဖိုးမုန့်ဖိုးပေးတဲ့ ငွေ၃ထောင်ကိုရင်းပြီး ဖဲရိုက်လိုက်တာ
ကျန့်ကျန့်ပြန်မရသေးဘူး..."
"..."
ရှောင်ကျန့်ကတော့ မရမကလိုချင်နေပုံ မွှေလာမဲ့အမွှေကိုသိနေတာကြောင့် မြို့အုပ်၀မ် အိတ်ထဲကနေ ပိုက်ဆံ ၃ထောင်ကိုယူကာပေးလိုက်သည်။
"ရော့....ထပ်လည်းမမွှေနဲ့ ဘာမှမပြောနဲ့တော့..."
"ဟွန်း...ဒါလေးပဲပြန်ရတာလား"
"...."
"ကျန့်ကျန့်က ဖဲရိုက်တာ အများကြီး ၁သောင်းကျော်လောက်ရတာ အခုတော့ ဒါလေးပဲပြန်ရတာ..."
"ညနေကြမှပေးမယ်....ပါးစပ်ပိတ်လိုက်တော့..."
"ပြီးရော...."
ရှောင်ကျန့်ငြိမ်သက်စွာနဲ့ အရှေ့ကိုကြည့်လိုက်တော့ ကျင်းရန်ကကားမောင်းနေတာကိုတွေ့လိုက်ရသည် ကားကိုလှည့်လိုက်တာတွေ... သေသေချာချာလေးထိန်းမောင်းတာတွေကိုကြည့်နေသည် လိုချင်တဲ့နေရာကိုရောက်တဲ့အခါ စက်ရပ်လိုက်တာတွေကိုစိတ်၀င်တစားကြည့်နေသည်။
"ကျန့်ကျန့်ကားမောင်းချင်တယ်...."
"မ..ရ..ဘူး.."
မြို့အုပ်၀မ်ကတစ်ခွန်းထဲပြောကာ ကားပေါ်ကနေဆင်းသွားတော့သည် ရှောင်ကျန့်မျက်စောင်းထိုးလိုက်သည် အကျင့်ပုတ်ကြီး...။
"ကျင်းရန်....ကျင်းရန်..."
"ဟုတ်ကဲ့ မင်းကတော် ဘယ်သွားဖို့လဲဗျ လိုက်ပို့ပေးမယ်လေ"
"မဟုတ်ဘူး ငါကားမောင်းချင်လို့"
"မောင်းတတ်လို့လားဗျ..."
"ဟင့်အင်း မင်းသင်ပေးလေ..."
"အာ..ဟား..ဟား ကျွန်တော်ဒီနေ့မအားဘူးဗျ မြို့အုပ်၀မ်ခိုင်းထားတာတွေရှိသေးလို့ဗျနော်...."
ကျင်းရန်က ကားထဲကနေထွက်ကာ မြို့အုပ်၀မ်နောက်လိုက်သွားတော့သည် ကျင်းရန်ကမြို့အုပ်၀မ်ရဲ့
အတွင်းရေးမှူးလိုမျိုးဖြစ်နေတော့ သူ့ကိုပြန်လိုက်ပို့ဖို့အတွက်
ရုံးထဲကစိတ်ချရတဲ့သူတစ်ယောက်နဲ့နေရာချိန်းလိမ့်မည်ဖြစ်မည်။
ရှောင်ကျန့် ချက်ချင်းကိုအရှေ့ခန်းမှာပြောင်းထိုင်လိုက်ကာ စတီယာတိုင်ပေါ် လက်တင်လိုက်သည် မိုက်လိုက်တာ တစ်ခါမှ
မထိဖူးဘူး ။
ရှောင်ကျန့်လိုက်ကိုင်ကြည့်နေရင်းနဲ့ တွဲလောင်းလေးကျနေသော
သော့ထိုးထားတာကို တစ်ဖက်လှည့်လိုက်တော့ ကားစက်နိူးလာလေပြီ ရှောင်ကျန့်ပြုံးလိုက်တယ် ကားစက်နိူးရတာလွယ်လွယ်လေးပဲ ဒါနဲ့ဒီက တိုင်ကဘာလုပ်ရတာပါလိမ့် ခုနကကျင်းရန် ကိုင်ပြီး တစ်ချက်တွန်းလိုက်တာကိုတော့တွေ့တယ်....။
ရှောင်ကျန့်လည်းမရဲတရဲနဲ့တွန်းလိုက်တော့ ဘာမှဖြစ်မသွားပါ
ရှောင်ကျန့်ပြုံးလိုက်ကာ သက်ပြင်းချလိုက်သည် အောက်ကိုငုံ့ကြည့်တော့ ခြေနင်းရမဲ့ဟာတွေ ဘာတွေပါလိမ့်...
နင်းကြည့်တော့ ရှေ့တိုးသွားတယ် ဟား! ကားမောင်းရတာဒီလောက်လွယ်တာကို ဟိုစိတ်ပုတ်ကြီးကပေးတောင်မကိုင်ဘူး ကြည့်နေ မောင်းပြမယ်
နောက်မှချီးကျူးစေရမယ်...ဟင်း...ဟင်း...။
.
.
.
.
.
.
.
.
.
*ဒုန်း...*
ဒုန်းခနဲဆိုသလိုပဲ မြို့အုပ်၀မ်ရုံးခန်းကနေကြားရပါတယ် ကျင်းရန်ထကာ ပြတင်းပေါက်ကနေကြည့်လိုက်တော့ ကားတစ်စီးကကန့်လန့်နဲ့ အရက်မူးပြီးကားမောင်းနေတာလားလို့တောင်ထင်သွားပါတယ်
လောကမှာလဲနော် ရူးတဲ့ကားသမားတွေလည်းရှိသေးတာပဲ
ကားအရောင်ကလည်း မြို့အုပ်၀မ်ကားနဲ့တောင်တူသေးတယ်
ကားတူတာနေမှာပါလေ....။
*ခွမ်း...*
ခွမ်းကနဲဆိုသလိုပဲ ရှေ့ဘက်က ပန်းပင်တွေကကွဲကြေသွားလေပြီ
ခုနကတိုက်မိသွားတဲ့ မီးတိုင်ကလည်းကောက်လို့ သူတားရတော့မယ် မြို့အုပ်၀မ်က အစည်းအဝေးလုပ်နေတာ စိတ်အနှောင့်အယှက်ဖြစ်ပါအုံးမယ် ချက်ချင်းဆင်းကာ အရှေ့လည်းရောက်ရော ကားမရှိတော့ပေ...ကြည့်ရတာ မင်းကတော်ကို ရုံးကတစ်ယောက်ယောက်လိုက်ပို့ပေးတာဖြစ်ပါလိမ့်မယ်။
"ဟိတ်! ဟိတ်! ကားပေါ်ကလူ...ဆင်းဗျာ...ဘယ့်နှယ့် အရက်မူးပြီးကားမောင်းရတယ်လို့...."
သူအော်လိုက်ပြီး ကားနံပါတ်ကိုကြည့်တော့ ငါ့လခွမ်းပဲ မြို့အုပ်၀မ်ကားဟ...။
___________
"ရှောင်ကျန့်!!"
မြို့အုပ်၀မ်အသံကြောင့် ဇက်လေးပုကာ ထိုနေရာမှလူပ်တောင်မလူပ်ရဲ မဝံ့မရဲနဲ့ မြို့အုပ်၀မ်ကိုခိုးကြည့်ရသေးတယ်။
"မင်းအတော့်ကိုဆိုးတာပဲနော်...."
"ကျန့်ကျန့်က...."
"တစ်နေ့လောက်အငြိမ်လေးနေပေးပါလား"
"...."
"အခုကြည့် လမ်းမီးတိုင်တစ်ခုက လဲသွားပြီ နောက်တစ်ခုကကောက်သွားပြီ ပန်းအိုးတွေလည်းအကုန်ကွဲ
အမတ်၀န်ရဲ့ကားလည်း ပျက်စီးသွားပြီ....."
"မြို့အုပ်၀မ်ကလည်း....ဟင့်..... ကျန့်ကျန့်ကိုဆူမယ်ဆိုတာကြီးပဲ..."
"မဆူလို့မရဘူးလေ မင်းလုပ်သမျှကအကုန်သောက်တလွဲတွေကြီးပဲ....မင်းလုပ်လို့သူများဟာထိခိုက်သွားရပြီ"
"ကျန့်ကျန့်လည်းထိခိုက်သွားရတာပဲလေ.... လက်လေးနာသွားပြီ"
"...."
"မြို့အုပ်၀မ်က ကိုယ့်ယောကျာ်းထက် အခြားသူရဲ့ ပစ္စည်းတွေကို
လိုက်ပြီး ဂရုစိုက်ပေးနေတာပဲ...."
"ဟင်း.....ရှောင်ကျန့်...."
"ဘာလဲ..."
"မင်း ပိုက်ဆံ ၃ထောင် ပေး..."
"ဘာလို့လဲဟင်..."
"လျော်ရမယ်လေ... "
"ဟို...ညနေကျရင်ပေးမဲ့ ၁သောင်းကျော်ကျော်ရှိသေးတယ်လေ အဲ့တာလေးနဲ့ ကျေလိုက်တော့ပေါ့ နော်...ချစ်လောင်ကုန်းရေ...(ချစ်ယောကျာ်းရေ)"
"....."
_____________
ညနေစာစားတော့ ရှောင်ကျန့်ကဘေးနားမှာကုပ်ကုပ်လေးနဲ့ထိုင်
နေကာသူ့ကိုကြည့်နေတယ် အစာစားလည်းကြည့် လမ်းလျှောက်လည်းလိုက်ကြည့် မတ်တပ်ရပ်လည်းကြည့် ထိုင်လည်းကြည့် အလုပ်လုပ်နေလည်း ကြည့် အကုန်ကြည့်နေတာပဲ စိတ်ရူပ်ဖို့ကောင်းတယ်။
"မစားဘူးလား..."
ပန်းကန်ထဲကထမင်းက တစ်စက်မှကိုမလျော့သေး မထိရသေးတာဆိုပိုမှန်မယ်။
"ကျန့်ကျန့် လက်နာနေလို့...."
ရှောင်ကျန့်လက်လေးကိုအပေါ်တင်လိုက်တော့ လက်အဆစ်နားက
ယောင်နေတာ ဖောင်းနေတာပဲ ။
"ကျစ်! အဲ့တာကြောင့်ပြောတာ အရမ်းကို..ရူပ်လွန်းလို့ မင်းကိုငြိမ်ငြိမ်နေလို့"
"ကျန့်ကျန့်က အိမ်မှာနေရင်ပျင်းလို့ပါ...."
"မင်းအရင်အိမ်မှာတုန်းကဘာလုပ်လဲ...."
"အမြဲတမ်း အခန်းထဲမှာထိုင်နေရတာပေါ့ တစ်ခါတစ်လေတော့လည်း အပြင်ထွက်ဖြစ်ပါတယ် သူငယ်ချင်းတွေနဲ့...."
"ယောက်ျားလေးတွေလား မိန်းကလေးတွေလား"
"ယောက်ျားလေးတွေပါ မိန်းကလေးတစ်ယောက်တော့ပါတာပေါ့
ကျန့်ကျန့် သူတို့ကိုအိမ်ဖိတ်လို့ရမလားဟင်...."
အိမ်ဖိတ်မယ်တဲ့လား တော်ကြာနေသူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး
မွှေသွားလို့ မြို့အုပ်အိမ်တော်ပါပြာကျသွားဦးမယ် ။
"ထမင်းသာစားစမ်းပါ..."
"ကျန့်ကျန့်လက်နာနေတာ စားလို့မရဘူး...."
"စားနိုင်သလိုသာစားစမ်းပါ...."
"ဟုတ်...ကဲ့...မြို့အုပ်၀မ် ခွံ့ကျွေးပါလားဟင်...."
"...."
ရှောင်ကျန့်က လက်အဆစ်နားလေးကို အသာလေးကိုင်လို့ ဇွန်းကိုယူလိုက်ပေမဲ့လည်း လက်ကကွေးလို့တောင်မရလောက်အောင်လို့နာနေပါတယ်။
"ရော့...ဟ"
ရှောင်ကျန့်ရှေ့မှာထမင်းလုပ်လေးရောက်နေလေပြီ ရှောင်ကျန့်ပြုံးကာစားလိုက်သည် ။
"ကျန့်ကျန့်ရဲ့ ယောကျာ်းက အရမ်းအားကိုးလို့ရတာပဲ...."
"နောက်တစ်ခါသာမင်းမမွှေပါနဲ့...."
"ဟုတ်...."
မြို့အုပ်၀မ်တို့လင်မယားဒီလိုမျိုးပြုမူနေတာကို အိမ်အစေခံတွေက
ရတဲ့အပေါက်ကနေချောင်းကြသည် မြို့အုပ်၀မ်ကို လူရိုးကြီးလို့ပဲ
ထင်နေတာ ချစ်တတ်သား။
"အား!...အား! မဖိနဲ့လေ...နာတယ်..."
"ကျစ်! ဒီလိုဖိမှရမှာကို..."
ရှောင်ကျန့်လက်ရဲ့ဖောင်းနေတဲ့နေရာကို ဖိကာဆေးလိမ်းပေးတော့
ရှောင်ကျန့်ကနာလို့အော်သည် သူပြောလိုက်တော့ ခေါင်းအုံးကိုကိုက်ကာ ကြိတ်မှိတ်ခံနေရှာသည် မျက်လုံးထောင့်မှာလဲ မျက်ရည်ဥလေးတွေက ကျဆင်းဖို့အတွက်စုစည်းနေကြပြီ။
"ရပြီ...."
ပတ်တီးလေးပါတစ်ခါထဲစီးပေးပြီးတော့ မြို့အုပ်၀မ်သက်ပြင်းချကာ
Tvဖွင့်လိုက်သည် များသောအားဖြင့် TVကြည့်တာကရှားပါတယ်
မကြည့်ရတာနည်းနည်းကြာတော့လည်း ကြည့်ဖြစ်မိတယ်။
"ရှင်ကျွန်မကိုချစ်တယ်မှတ်လားဟင်"
"ဒါပေါ့... ကိုယ်မင်းကို တစ်သက်လုံးချစ်သွားမှာ"
"...."
"ကိုယ့်ကိုစောင့်နေပေးပါ ကိုယ်ပြန်လာခဲ့မယ်နော်...."
"လမ်းခရီးမှာဂရုစိုက်ပါနော်..."
"အင်း ချစ်တယ်..."
ကြည့်ရတာကတော့အချစ်ဇာတ်လမ်းဖြစ်မယ်ထင်ပါတယ် မြို့အုပ်၀မ်ကဘယ်ဇာတ်ကားပဲဖြစ်ဖြစ်ကြည့်ပါတယ် ဒါပေမဲ့ အချစ်ဇာတ်လမ်းတွေတော့သိပ်မကြည့်ဘူး မခံစားတတ်ဘူး ပြောင်းဖို့အတွက် ရီမုဒ် ကို ကိုင်လိုက်တော့ ရှောင်ကျန့်က လက်လာဆွဲတယ်။
"ကျန့်ကျန့်ကြည့်ချင်လို့...."
"....."
မြို့အုပ်၀မ် လည်း ရှောင်ကျန့်အလိုကျအတိုင်း ထိုဇာတ်ကားကိုပဲကြည့်နေမိသည် စစ်ပွဲထဲသွားတော့မဲ့ ချစ်သူကို
ကောင်မလေးက တမျှော်မျှော်ဖြစ်ရပြီး စိတ်မချမ်းသာရသောပုံစံအတိုင်းပင်။
"သူသေသွားပြီလား"
တစ်၀က်လောက်ရောက်တော့ မင်းသမီးစီကို စာရောက်လာတယ်
သူ့ချစ်သူသေသွားပြီတဲ့လေ ဘယ်လောက်တောင်မှ ၀မ်းနည်းဖို့ကောင်းလိုက်လဲ ။
မြို့အုပိ၀မ်ကြည့်နေတုန်းပဲ ရှောင်ကျန့်ကသူ့ ပုခုံးပေါ်ခေါင်းလာတင်သည် ။
"၀မ်းနည်းစရာလေးနော်..... ကျန့်ကျန့်ကသူတို့နှစ်ယောက်ညားမယ်ထင်နေတာ"
"...."
"အချစ်ဆိုတာကလည်း တစ်ခါတစ်ရံမှာမပေါင်းဖက်ရတာတွေလည်းရှိတာပဲနော်...."
"....."
"အချို့သူတွေကလေ မချစ်ပဲနဲ့ အားလည်းအားမကိုးရဘဲနဲ့ ယူလိုက်ရတာတွေရှိတယ်သိလား"
"..."
"ဒါပေမဲ့လည်း ကျန့်ကျန့်ကံကောင်းတယ်သိလား...."
"...."
" ကျန့်ကျန့်စီမှာ အရမ်းအားကိုးရတဲ့ ယောကျာ်းတစ်ယောက်လုံးရှိနေတာပဲလေ ဟီး....ထမင်းလည်းခွံ့ကျွေးတယ် လက်ကိုလည်းဆေးလိမ်းပေးတယ် တစ်ယောက်နဲ့တစ်ယောက်မချစ်ပေမဲ့လည်း မြို့အုပ်၀မ်ကကျန့်ကျန့်အတွက်တော့....အကောင်းဆုံးယောကျာ်းတစ်ယောက်ပါပဲ"
"မင်းကို အပြစ်မပေးလို့ပါ ဒီစကားပြောနေတာ"
"ဟွန်း...အတည်ပြောနေတာကို....စေတနာတောင်ပျက်တယ်"
"...."
______________
(5.11.2023)
#Su🐼
Beta ေယာင္ေဆာင္ေသာ ၿမိဳ႕အုပ္ကေတာ္
Part 5
----------
ၿမိဳ႕အုပ္႐ုံးကိုသြားခါနီးေတာ့ ေရွာင္က်န႔္ကပါကားေပၚအတင္းလိုက္တက္လာသည္ ။
"ဘာလဲ..."
"မေန႔က အမူ႔ဘယ္လိုျဖစ္သြားၿပီလဲဟင္..."
"ငါ့ကိစၥမွမဟုတ္တာ သူ႔ဘာသာသူတရား႐ုံးကခ်မွတ္မွာေပါ့..."
"ဟို...ဟိုေလ အဲ့မွာက်န႔္က်န႔္ပါလားဟင္..."
"...."
"မင္းကေတာ္က မပါဘူးဗ် မင္းကေတာ္ေလးကဒီေလာက္အျပစ္ကင္းတာကို..."
က်င္းရန္ကကားေရွ႕ခန္းမွာ၀င္ထိုင္ၿပီးကားစေမာင္းေနရင္းနဲ႔ ေရွာင္က်န႔္ရဲ႕အေမးကိုေျဖလိုက္သည္။
"ဟာ...အဲ့တာဆိုမျဖစ္ဘူး...မျဖစ္ဘူး..."
"ဘာျဖစ္လို႔လဲဗ်..."
"က်န႔္က်န႔္ေငြ ၃ေထာင္ပါသြားၿပီ..."
"...."
"မေန႔က ဖိုးဖိုးမုန႔္ဖိုးေပးတဲ့ ေငြ၃ေထာင္ကိုရင္းၿပီး ဖဲ႐ိုက္လိုက္တာ
က်န႔္က်န႔္ျပန္မရေသးဘူး..."
"..."
ေရွာင္က်န႔္ကေတာ့ မရမကလိုခ်င္ေနပုံ ေမႊလာမဲ့အေမႊကိုသိေနတာေၾကာင့္ ၿမိဳ႕အုပ္၀မ္ အိတ္ထဲကေန ပိုက္ဆံ ၃ေထာင္ကိုယူကာေပးလိုက္သည္။
"ေရာ့....ထပ္လည္းမေမႊနဲ႔ ဘာမွမေျပာနဲ႔ေတာ့..."
"ဟြန္း...ဒါေလးပဲျပန္ရတာလား"
"...."
"က်န႔္က်န႔္က ဖဲ႐ိုက္တာ အမ်ားႀကီး ၁ေသာင္းေက်ာ္ေလာက္ရတာ အခုေတာ့ ဒါေလးပဲျပန္ရတာ..."
"ညေနၾကမွေပးမယ္....ပါးစပ္ပိတ္လိုက္ေတာ့..."
"ၿပီးေရာ...."
ေရွာင္က်န႔္ၿငိမ္သက္စြာနဲ႔ အေရွ႕ကိုၾကည့္လိုက္ေတာ့ က်င္းရန္ကကားေမာင္းေနတာကိုေတြ႕လိုက္ရသည္ ကားကိုလွည့္လိုက္တာေတြ... ေသေသခ်ာခ်ာေလးထိန္းေမာင္းတာေတြကိုၾကည့္ေနသည္ လိုခ်င္တဲ့ေနရာကိုေရာက္တဲ့အခါ စက္ရပ္လိုက္တာေတြကိုစိတ္၀င္တစားၾကည့္ေနသည္။
"က်န႔္က်န႔္ကားေမာင္းခ်င္တယ္...."
"မ..ရ..ဘူး.."
ၿမိဳ႕အုပ္၀မ္ကတစ္ခြန္းထဲေျပာကာ ကားေပၚကေနဆင္းသြားေတာ့သည္ ေရွာင္က်န႔္မ်က္ေစာင္းထိုးလိုက္သည္ အက်င့္ပုတ္ႀကီး...။
"က်င္းရန္....က်င္းရန္..."
"ဟုတ္ကဲ့ မင္းကေတာ္ ဘယ္သြားဖို႔လဲဗ် လိုက္ပို႔ေပးမယ္ေလ"
"မဟုတ္ဘူး ငါကားေမာင္းခ်င္လို႔"
"ေမာင္းတတ္လို႔လားဗ်..."
"ဟင့္အင္း မင္းသင္ေပးေလ..."
"အာ..ဟား..ဟား ကြၽန္ေတာ္ဒီေန႔မအားဘူးဗ် ၿမိဳ႕အုပ္၀မ္ခိုင္းထားတာေတြရွိေသးလို႔ဗ်ေနာ္...."
က်င္းရန္က ကားထဲကေနထြက္ကာ ၿမိဳ႕အုပ္၀မ္ေနာက္လိုက္သြားေတာ့သည္ က်င္းရန္ကၿမိဳ႕အုပ္၀မ္ရဲ႕
အတြင္းေရးမႉးလိုမ်ိဳးျဖစ္ေနေတာ့ သူ႔ကိုျပန္လိုက္ပို႔ဖို႔အတြက္
႐ုံးထဲကစိတ္ခ်ရတဲ့သူတစ္ေယာက္နဲ႔ေနရာခ်ိန္းလိမ့္မည္ျဖစ္မည္။
ေရွာင္က်န႔္ ခ်က္ခ်င္းကိုအေရွ႕ခန္းမွာေျပာင္းထိုင္လိုက္ကာ စတီယာတိုင္ေပၚ လက္တင္လိုက္သည္ မိုက္လိုက္တာ တစ္ခါမွ
မထိဖူးဘူး ။
ေရွာင္က်န႔္လိုက္ကိုင္ၾကည့္ေနရင္းနဲ႔ တြဲေလာင္းေလးက်ေနေသာ
ေသာ့ထိုးထားတာကို တစ္ဖက္လွည့္လိုက္ေတာ့ ကားစက္ႏိူးလာေလၿပီ ေရွာင္က်န႔္ၿပဳံးလိုက္တယ္ ကားစက္ႏိူးရတာလြယ္လြယ္ေလးပဲ ဒါနဲ႔ဒီက တိုင္ကဘာလုပ္ရတာပါလိမ့္ ခုနကက်င္းရန္ ကိုင္ၿပီး တစ္ခ်က္တြန္းလိုက္တာကိုေတာ့ေတြ႕တယ္....။
ေရွာင္က်န႔္လည္းမရဲတရဲနဲ႔တြန္းလိုက္ေတာ့ ဘာမွျဖစ္မသြားပါ
ေရွာင္က်န႔္ၿပဳံးလိုက္ကာ သက္ျပင္းခ်လိုက္သည္ ေအာက္ကိုငုံ႔ၾကည့္ေတာ့ ေျခနင္းရမဲ့ဟာေတြ ဘာေတြပါလိမ့္...
နင္းၾကည့္ေတာ့ ေရွ႕တိုးသြားတယ္ ဟား! ကားေမာင္းရတာဒီေလာက္လြယ္တာကို ဟိုစိတ္ပုတ္ႀကီးကေပးေတာင္မကိုင္ဘူး ၾကည့္ေန ေမာင္းျပမယ္
ေနာက္မွခ်ီးက်ဴးေစရမယ္...ဟင္း...ဟင္း...။
.
.
.
.
.
.
.
.
.
*ဒုန္း...*
ဒုန္းခနဲဆိုသလိုပဲ ၿမိဳ႕အုပ္၀မ္႐ုံးခန္းကေနၾကားရပါတယ္ က်င္းရန္ထကာ ျပတင္းေပါက္ကေနၾကည့္လိုက္ေတာ့ ကားတစ္စီးကကန႔္လန႔္နဲ႔ အရက္မူးၿပီးကားေမာင္းေနတာလားလို႔ေတာင္ထင္သြားပါတယ္
ေလာကမွာလဲေနာ္ ႐ူးတဲ့ကားသမားေတြလည္းရွိေသးတာပဲ
ကားအေရာင္ကလည္း ၿမိဳ႕အုပ္၀မ္ကားနဲ႔ေတာင္တူေသးတယ္
ကားတူတာေနမွာပါေလ....။
*ခြမ္း...*
ခြမ္းကနဲဆိုသလိုပဲ ေရွ႕ဘက္က ပန္းပင္ေတြကကြဲေၾကသြားေလၿပီ
ခုနကတိုက္မိသြားတဲ့ မီးတိုင္ကလည္းေကာက္လို႔ သူတားရေတာ့မယ္ ၿမိဳ႕အုပ္၀မ္က အစည္းအေဝးလုပ္ေနတာ စိတ္အေႏွာင့္အယွက္ျဖစ္ပါအုံးမယ္ ခ်က္ခ်င္းဆင္းကာ အေရွ႕လည္းေရာက္ေရာ ကားမရွိေတာ့ေပ...ၾကည့္ရတာ မင္းကေတာ္ကို ႐ုံးကတစ္ေယာက္ေယာက္လိုက္ပို႔ေပးတာျဖစ္ပါလိမ့္မယ္။
"ဟိတ္! ဟိတ္! ကားေပၚကလူ...ဆင္းဗ်ာ...ဘယ့္ႏွယ့္ အရက္မူးၿပီးကားေမာင္းရတယ္လို႔...."
သူေအာ္လိုက္ၿပီး ကားနံပါတ္ကိုၾကည့္ေတာ့ ငါ့လခြမ္းပဲ ၿမိဳ႕အုပ္၀မ္ကားဟ...။
___________
"ေရွာင္က်န႔္!!"
ၿမိဳ႕အုပ္၀မ္အသံေၾကာင့္ ဇက္ေလးပုကာ ထိုေနရာမွလူပ္ေတာင္မလူပ္ရဲ မဝံ့မရဲနဲ႔ ၿမိဳ႕အုပ္၀မ္ကိုခိုးၾကည့္ရေသးတယ္။
"မင္းအေတာ့္ကိုဆိုးတာပဲေနာ္...."
"က်န႔္က်န႔္က...."
"တစ္ေန႔ေလာက္အၿငိမ္ေလးေနေပးပါလား"
"...."
"အခုၾကည့္ လမ္းမီးတိုင္တစ္ခုက လဲသြားၿပီ ေနာက္တစ္ခုကေကာက္သြားၿပီ ပန္းအိုးေတြလည္းအကုန္ကြဲ
အမတ္၀န္ရဲ႕ကားလည္း ပ်က္စီးသြားၿပီ....."
"ၿမိဳ႕အုပ္၀မ္ကလည္း....ဟင့္..... က်န႔္က်န႔္ကိုဆူမယ္ဆိုတာႀကီးပဲ..."
"မဆူလို႔မရဘူးေလ မင္းလုပ္သမွ်ကအကုန္ေသာက္တလြဲေတြႀကီးပဲ....မင္းလုပ္လို႔သူမ်ားဟာထိခိုက္သြားရၿပီ"
"က်န႔္က်န႔္လည္းထိခိုက္သြားရတာပဲေလ.... လက္ေလးနာသြားၿပီ"
"...."
"ၿမိဳ႕အုပ္၀မ္က ကိုယ့္ေယာက်ာ္းထက္ အျခားသူရဲ႕ ပစၥည္းေတြကို
လိုက္ၿပီး ဂ႐ုစိုက္ေပးေနတာပဲ...."
"ဟင္း.....ေရွာင္က်န႔္...."
"ဘာလဲ..."
"မင္း ပိုက္ဆံ ၃ေထာင္ ေပး..."
"ဘာလို႔လဲဟင္..."
"ေလ်ာ္ရမယ္ေလ... "
"ဟို...ညေနက်ရင္ေပးမဲ့ ၁ေသာင္းေက်ာ္ေက်ာ္ရွိေသးတယ္ေလ အဲ့တာေလးနဲ႔ ေက်လိုက္ေတာ့ေပါ့ ေနာ္...ခ်စ္ေလာင္ကုန္းေရ...(ခ်စ္ေယာက်ာ္းေရ)"
"....."
_____________
ညေနစာစားေတာ့ ေရွာင္က်န႔္ကေဘးနားမွာကုပ္ကုပ္ေလးနဲ႔ထိုင္
ေနကာသူ႔ကိုၾကည့္ေနတယ္ အစာစားလည္းၾကည့္ လမ္းေလွ်ာက္လည္းလိုက္ၾကည့္ မတ္တပ္ရပ္လည္းၾကည့္ ထိုင္လည္းၾကည့္ အလုပ္လုပ္ေနလည္း ၾကည့္ အကုန္ၾကည့္ေနတာပဲ စိတ္႐ူပ္ဖို႔ေကာင္းတယ္။
"မစားဘူးလား..."
ပန္းကန္ထဲကထမင္းက တစ္စက္မွကိုမေလ်ာ့ေသး မထိရေသးတာဆိုပိုမွန္မယ္။
"က်န႔္က်န႔္ လက္နာေနလို႔...."
ေရွာင္က်န႔္လက္ေလးကိုအေပၚတင္လိုက္ေတာ့ လက္အဆစ္နားက
ေယာင္ေနတာ ေဖာင္းေနတာပဲ ။
"က်စ္! အဲ့တာေၾကာင့္ေျပာတာ အရမ္းကို..႐ူပ္လြန္းလို႔ မင္းကိုၿငိမ္ၿငိမ္ေနလို႔"
"က်န႔္က်န႔္က အိမ္မွာေနရင္ပ်င္းလို႔ပါ...."
"မင္းအရင္အိမ္မွာတုန္းကဘာလုပ္လဲ...."
"အၿမဲတမ္း အခန္းထဲမွာထိုင္ေနရတာေပါ့ တစ္ခါတစ္ေလေတာ့လည္း အျပင္ထြက္ျဖစ္ပါတယ္ သူငယ္ခ်င္းေတြနဲ႔...."
"ေယာက္်ားေလးေတြလား မိန္းကေလးေတြလား"
"ေယာက္်ားေလးေတြပါ မိန္းကေလးတစ္ေယာက္ေတာ့ပါတာေပါ့
က်န႔္က်န႔္ သူတို႔ကိုအိမ္ဖိတ္လို႔ရမလားဟင္...."
အိမ္ဖိတ္မယ္တဲ့လား ေတာ္ၾကာေနသူ႔သူငယ္ခ်င္းေတြနဲ႔ေပါင္းၿပီး
ေမႊသြားလို႔ ၿမိဳ႕အုပ္အိမ္ေတာ္ပါျပာက်သြားဦးမယ္ ။
"ထမင္းသာစားစမ္းပါ..."
"က်န႔္က်န႔္လက္နာေနတာ စားလို႔မရဘူး...."
"စားႏိုင္သလိုသာစားစမ္းပါ...."
"ဟုတ္...ကဲ့...ၿမိဳ႕အုပ္၀မ္ ခြံ႕ေကြၽးပါလားဟင္...."
"...."
ေရွာင္က်န႔္က လက္အဆစ္နားေလးကို အသာေလးကိုင္လို႔ ဇြန္းကိုယူလိုက္ေပမဲ့လည္း လက္ကေကြးလို႔ေတာင္မရေလာက္ေအာင္လို႔နာေနပါတယ္။
"ေရာ့...ဟ"
ေရွာင္က်န႔္ေရွ႕မွာထမင္းလုပ္ေလးေရာက္ေနေလၿပီ ေရွာင္က်န႔္ၿပဳံးကာစားလိုက္သည္ ။
"က်န႔္က်န႔္ရဲ႕ ေယာက်ာ္းက အရမ္းအားကိုးလို႔ရတာပဲ...."
"ေနာက္တစ္ခါသာမင္းမေမႊပါနဲ႔...."
"ဟုတ္...."
ၿမိဳ႕အုပ္၀မ္တို႔လင္မယားဒီလိုမ်ိဳးျပဳမူေနတာကို အိမ္အေစခံေတြက
ရတဲ့အေပါက္ကေနေခ်ာင္းၾကသည္ ၿမိဳ႕အုပ္၀မ္ကို လူ႐ိုးႀကီးလို႔ပဲ
ထင္ေနတာ ခ်စ္တတ္သား။
"အား!...အား! မဖိနဲ႔ေလ...နာတယ္..."
"က်စ္! ဒီလိုဖိမွရမွာကို..."
ေရွာင္က်န႔္လက္ရဲ႕ေဖာင္းေနတဲ့ေနရာကို ဖိကာေဆးလိမ္းေပးေတာ့
ေရွာင္က်န႔္ကနာလို႔ေအာ္သည္ သူေျပာလိုက္ေတာ့ ေခါင္းအုံးကိုကိုက္ကာ ႀကိတ္မွိတ္ခံေနရွာသည္ မ်က္လုံးေထာင့္မွာလဲ မ်က္ရည္ဥေလးေတြက က်ဆင္းဖို႔အတြက္စုစည္းေနၾကၿပီ။
"ရၿပီ...."
ပတ္တီးေလးပါတစ္ခါထဲစီးေပးၿပီးေတာ့ ၿမိဳ႕အုပ္၀မ္သက္ျပင္းခ်ကာ
Tvဖြင့္လိုက္သည္ မ်ားေသာအားျဖင့္ TVၾကည့္တာကရွားပါတယ္
မၾကည့္ရတာနည္းနည္းၾကာေတာ့လည္း ၾကည့္ျဖစ္မိတယ္။
"ရွင္ကြၽန္မကိုခ်စ္တယ္မွတ္လားဟင္"
"ဒါေပါ့... ကိုယ္မင္းကို တစ္သက္လုံးခ်စ္သြားမွာ"
"...."
"ကိုယ့္ကိုေစာင့္ေနေပးပါ ကိုယ္ျပန္လာခဲ့မယ္ေနာ္...."
"လမ္းခရီးမွာဂ႐ုစိုက္ပါေနာ္..."
"အင္း ခ်စ္တယ္..."
ၾကည့္ရတာကေတာ့အခ်စ္ဇာတ္လမ္းျဖစ္မယ္ထင္ပါတယ္ ၿမိဳ႕အုပ္၀မ္ကဘယ္ဇာတ္ကားပဲျဖစ္ျဖစ္ၾကည့္ပါတယ္ ဒါေပမဲ့ အခ်စ္ဇာတ္လမ္းေတြေတာ့သိပ္မၾကည့္ဘူး မခံစားတတ္ဘူး ေျပာင္းဖို႔အတြက္ ရီမုဒ္ ကို ကိုင္လိုက္ေတာ့ ေရွာင္က်န႔္က လက္လာဆြဲတယ္။
"က်န႔္က်န႔္ၾကည့္ခ်င္လို႔...."
"....."
ၿမိဳ႕အုပ္၀မ္ လည္း ေရွာင္က်န႔္အလိုက်အတိုင္း ထိုဇာတ္ကားကိုပဲၾကည့္ေနမိသည္ စစ္ပြဲထဲသြားေတာ့မဲ့ ခ်စ္သူကို
ေကာင္မေလးက တေမွ်ာ္ေမွ်ာ္ျဖစ္ရၿပီး စိတ္မခ်မ္းသာရေသာပုံစံအတိုင္းပင္။
"သူေသသြားၿပီလား"
တစ္၀က္ေလာက္ေရာက္ေတာ့ မင္းသမီးစီကို စာေရာက္လာတယ္
သူ႔ခ်စ္သူေသသြားၿပီတဲ့ေလ ဘယ္ေလာက္ေတာင္မွ ၀မ္းနည္းဖို႔ေကာင္းလိုက္လဲ ။
ၿမိဳ႕အုပိ၀မ္ၾကည့္ေနတုန္းပဲ ေရွာင္က်န႔္ကသူ႔ ပုခုံးေပၚေခါင္းလာတင္သည္ ။
"၀မ္းနည္းစရာေလးေနာ္..... က်န႔္က်န႔္ကသူတို႔ႏွစ္ေယာက္ညားမယ္ထင္ေနတာ"
"...."
"အခ်စ္ဆိုတာကလည္း တစ္ခါတစ္ရံမွာမေပါင္းဖက္ရတာေတြလည္းရွိတာပဲေနာ္...."
"....."
"အခ်ိဳ႕သူေတြကေလ မခ်စ္ပဲနဲ႔ အားလည္းအားမကိုးရဘဲနဲ႔ ယူလိုက္ရတာေတြရွိတယ္သိလား"
"..."
"ဒါေပမဲ့လည္း က်န႔္က်န႔္ကံေကာင္းတယ္သိလား...."
"...."
" က်န႔္က်န႔္စီမွာ အရမ္းအားကိုးရတဲ့ ေယာက်ာ္းတစ္ေယာက္လုံးရွိေနတာပဲေလ ဟီး....ထမင္းလည္းခြံ႕ေကြၽးတယ္ လက္ကိုလည္းေဆးလိမ္းေပးတယ္ တစ္ေယာက္နဲ႔တစ္ေယာက္မခ်စ္ေပမဲ့လည္း ၿမိဳ႕အုပ္၀မ္ကက်န႔္က်န႔္အတြက္ေတာ့....အေကာင္းဆုံးေယာက်ာ္းတစ္ေယာက္ပါပဲ"
"မင္းကို အျပစ္မေပးလို႔ပါ ဒီစကားေျပာေနတာ"
"ဟြန္း...အတည္ေျပာေနတာကို....ေစတနာေတာင္ပ်က္တယ္"
"...."
______________
(5.11.2023)
#Su🐼