ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...

By Hannah_is_beautiful

32.5K 3.9K 120

This is not my work. This is a fan translation. All credit to original author and English translator. More

Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch1- နင္းနင္း ကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ၿပီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 4 - အထင်လွဲနေခဲ့တာလား
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 11- ဇနီးလောင်း
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (1)
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 25 - Stockholm Syndrome
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်
Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

Ch 22 -သူပဲ

525 79 5
By Hannah_is_beautiful

ချီရုဝမ်အငယ်လေးက ကျိနင်းကို ဘာကြောင့် သူ့အပေါ်ကောင်းတာလဲ မေးတဲ့အချိန်မှာ ကျိနင်း တကယ့်အကြောင်းပြချက်ကို မရှင်းပြနိုင်ခဲ့ပေ။ချီရုဝမ်က အနာဂတ်မှာ ဧကရာဇ်ဖြစ်လာမှာကြောင့်သာဟု ဟန်ဆောင်ခဲ့သည်။

အဲ့ဒါကအမှန်မဟုတ်ပါ။ ချီရုဝမ်အပေါ် အပြစ်ရှိစိတ်ခံစားရတာကြောင့် သူ့အနားခေါ်ထားချင်တာ ဖြစ်သည်။အရေးကြီးတာက  သူ့မစ်ရှင်ပြီးဖို့ ချီရုဝမ်သူ့ကို ချစ်မိလာဖို့လိုသည်။

သူတို့ဟာ သန့်စင်ပြီးချိုသာတဲ့ချစ်ခြင်းကို ဘယ်တော့မှမရနိုင်ပေ။ ကျိနင်းအလုပ်အကျွေးပြုတဲ့ နတ်ဘုရားတွေကြောင့် သူ့အမေသေသွားခဲ့ရသည်။သူ့ရဲ့ ဧကရာဇ်၊ ဝူရှန်းပြည်နဲ့ နတ်ဘုရားတွေအပေါ် အမုန်းကမပျောက်ကွယ်သွားပေ။ ကျိနင်းကိုချစ်ခဲ့ရင်တောင် အမုန်းတရားလေးတွေ ဆက်နွယ်နေဦးမှာဖြစ်သည်။

ကျိနင်း ချီရုဝမ်ရဲ့အမုန်းတွေကို မပျောက်သွားစေချင်ပါ။ ထိုအမုန်းကြောင့်ပဲ ချီရုဝမ်က အိမ်ရှေ့မင်းသားကို အဆိပ်ခတ်ကာဧကရာဇ်ကို ဆောင်းရာသီအမဲလိုက်ပွဲမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်သည်။ သူ့ကိုမထောက်ခံတဲ့အမတ်တွေနဲ့ ဆွေမျိုးတွေကိုအကျဥ်းချကာ တရားရုံးနဲ့ဆန့်ကျင်သူတွေကို နတ်ဘုရားကိုသုံးကာ ခြိမ်းခြောက်ခဲ့သည်။ ပြီးနောက်မှာတော့ ဧကရာဇ်အဖြစ်နန်းတက်ခဲ့သည်။

ရက်စက်သည်ဖြစ်စေ ဥာဏ်ကောင်းသည်ဖြစ်စေ ချီရုဝမ်ကရှပြည်ထောင်စုရဲ့ နောက်တက်မည့် ဧကရာဇ်ဖြစ်လာလိမ့်မည်။ကျိနင်းက သူ့ရဲ့လမ်းမှာ ပိတ်နေမှာမဟုတ်ပေ။

ချီရုဝမ်ရဲ့ရည်ရွယ်ချက်ကို ငြိမ်းသတ်ပစ်မဲ့ ဂရုစိုက်တာတွေ ချစ်ခြင်းမေတ္တာတွေကို ခွင့်ပြုပေးမှာမဟုတ်ပေ။ ချီရုဝမ်ကသူ့ကိုမုန်းလဲမုန်းရမည်။ ချစ်လည်းချစ်ရမည်။

—----------------------------------------------------------------------------------------------------------------------------

ကျိနင်းနိုးလာပြီး မျက်လုံးတွေကို ဖွင့်လိုက်သည်။ ပထမဆုံးမြင်လိုက်ရတာက ချီရုဝမ်ရဲ့ ဖြူဖျော့ဖျော့မျက်နှာဖြစ်သည်။

ထိုမျက်လုံးတွေက ထိုစဥ်ကငယ်ရွယ်ပြီး ကျက်သရေရှိသည့်ကောင်လေးနဲ့ ဆင်တူသည်။ သို့သော် ပိုပြီးရင့်ကျက်ကာကြမ်းတမ်းသည်။ ထို့အတူအေးစက်ကာ လစ်ဟာနေသည်။

သူက မြေကြီးပေါ်မှာ‌ ထိုင်နေပြီး ဒူးခေါင်းနားမှာ ဓားအိမ်ကိုချထားသည်။ သူ့မျက်လုံးနက်နက်တွေက ကျိနင်းရဲ့လှုပ်ရှားမှုကို လိုက်ကြည့်နေသည်။ သူနိုးလာမှန်းသိတော့ အသံဩဩနှင့်ခေါ်လာသည် "သခင်"

အခုလေးတင်ကအိပ်မက်မက်ခဲ့တာပဲ...

ကျိနင်းသူ့ကိုဝေဝါးစွာနဲ့ ကြည့်နေမိသည်။ ထိုအဖြစ်အပျက်တွေဟာအိပ်မက်ပဲ။ သူတို့ဟာ အရင်ကလိုမဟုတ်တော့သလို ရှပြည်ထောင်ဟာလည်း သမိုင်းကြောင်းထဲမှာနစ်မြုပ်ခဲ့ပြီဖြစ်သည်။

သူ့မျက်လုံးလေးတွေ မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီးခြေထောက် ထောက်ကာအမွေးလေးတွေကို ခါလိုက်သည်။ သူအခု ဘယ်သူပိုင်မှန်းမသိတဲ့ အိပ်ရာပေါ် ရောက်နေတာဖြစ်သည်။

သူအိပ်ပျော်သွားတုန်းက ရင်ချွမ်းချုံရဲ့ရထားလုံးထဲမှာ ရှိနေတာဖြစ်သည်...

အဖြူရောင်ကန့်လန့်ကာ တဖက်မှာငွေရောင်ဆံနွယ်နှင့် နတ်ဆိုးဘုရင်က စားပွဲပေါ်မှာစာရေးနေသည်။ ချိရုဝမ်အသံကြားတော့ လှုပ်ရှားမှုရပ်သွားပြီး ကျိနင်းစီခေါင်း‌ထောင်ကြည့်ကာ မတ်တပ်ရပ်ပြီး မြန်မြန်လျှောက်လာသည်။

မနေ့ကရင်ချွမ်းချုံစီမှာ နေခဲ့တာထင်တယ်။ ကံကောင်းစွာနဲ့ ထိုနှစ်ယောက် သူအိပ်ပျော်နေတုန်း မတိုက်ခိုက်ခဲ့ကြပေ။

သူ အမြီးလေးကို ယမ်းကာခေါ်လိုက်သည် "ချွမ်းချုံ" သူရပ်ဖို့ကြိုးစားလိုက်ပေမဲ့ ချက်ချင်းပြန်ပြုတ်ကျသွားသည်။ သူ့ကိုယ်ကလေးနေပြီး ကိုက်ခဲနေကာ အမြင်အာရုံကလည်း ဝေဝါးနေသည်။

ဘာလို့မသက်မသာကြီးဖြစ်နေတာလဲ...

ကုတင်ပေါ်ကို အသက်မဲ့စွာလှဲချလိုက်ပြီး အမြီးလေးကတွဲလောင်းကျနေသည်။

သူ့ရဲ့မသက်မသာပုံစံကြောင့် ရင်ချွမ်းချုံမျက်မှောင်ကြုံ့မိသည်။ထိုအချိန်မှာပဲ ရထားလုံးအပြင်မှ ကောင်မလေးတစ်ယောက်အသံထွက်လာသည် "ချွမ်းချုံ, ဝင်ခွင့်ပေးဦး,ဟွားရှင်းဆေးပါလာတယ်!"

ဝင်ခွင့်ရလိုက်ပြီးတဲ့နောက်မှာ ယွင်သောင့်ရထားလုံးထဲ ဝင်လာသည်။ သူမရဲ့လှပတဲ့ရတနာအိတ်လေးကို ထုတ်ပြီးဟွားရှင်းဆေးပါတဲ့ သေတ္တာအတော်များများကို စားပွဲပေါ်တင်လိုက်သည်။ သူမကပျော်ရွှင်စွာဖြင့် "ရင်းရွှယ်ဘယ်မှာလဲ? ဟွားရှင်းဆေးလာစားဦး"

"မမ.."

သားပေါက်လေးရဲ့အသံက အားနည်းပြီး စိတ်ထိခိုက်နေပုံပေါ်သည်။ "ကျွန်တော်နေလို့မကောင်းဘူး"

"ဘာဖြစ်လို့လဲ?" ယွင်သောင့်အံ့ဩစွာနဲ့ ကုတင်ပေါ်မှာဘောလုံးလေးလို ကွေးနေတဲ့သားပေါက်လေးကို သွားကြည့်လိုက်သည်။ သနားစရာပုံစံလေးကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်, "ရင်းရွှယ်လူတွေရဲ့ ဆေးကိုသောက်လို့ရလား? မဟုတ်သေးဘူး ချန်ရှန်စီကိုသွားငါသွားလိုက်မယ်!"

ရင်ချွမ်းချုံကစွမ်းအားကြီးပြီး နောက်လိုက်တွေအများကြီးရှိသည်။ မိသားစု၁၂စုကိုတိုက်ခိုက်ရန် သားရဲတွေကိုသုံးကာ အဓိကနယ်မြေကို လှည့်လည်သွားခဲ့ရသည်။ သားရဲတွေဟာဖျားနာမှုနဲ့ ဒဏ်ရာတွေကို ခံနိုင်ရည်မရှိသည့်အတွက် ကုသပေးရန်လိုသည်။ ချန်ရှန်ကတော့သားရဲတွေကို ကုသပေးတဲ့နေရာမှာ အတော်ဆုံးသမားတော်ဖြစ်သည်။

ယွင်သောင့်ကချန်ရှန်ကိုခေါ်လိုက်ပြီး ကျိနင်းကိုဆိုဖာပေါ်‌ရွှေ့ လိုက်သည်။ စစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ ချန်ရှန်ကပြုံးရင်း "ရင်းရွှယ်အဆင်ပြေပါတယ် မနေ့ညကအများကြီးလိုက်ပြီးအစာမကြေသေးလို့ပါ ဒီဆေးမှုန့်လေးကိုယူထားလိုက်"

"ကောင်းပြီ..."

ယွင်သောင့် သူမကိုယ်သူမ အပြစ်တင်နေမိသည်။သူမ မနေ့ညကကောင်လေးကို အတင်းအများကြီးစားခိုင်းလိုက်လို့ မသက်မသာ ဖြစ်နေရတာဖြစ်သည်။

ချန်ရှန်ကသူ့အိတ်ထဲမှ ဆေးမှုန့်အချို့ကို ထုတ်ကာရေးနွေးထဲထည့်လိုက်သည်။  သားပေါက်လေးကိုတိုက်ပြီးတဲ့နောက်မှာ "တစ်နာရီလောက်ကြာရင်ကောင်းသွားပါလိမ့်မယ်"

"ဒါဆို ရင်းရွှယ်ဒီနေ့ဟွားရှန်းဆေးသောက်လို့ရလား"ယွင်သောင့်မေးလိုက်သည်။

ချန်ရှန်ခေါင်းခါရင်း "သူ့ကိုယ်ကအားနည်းနေတဲ့အချိန်မှာပုံစံပြောင်းတဲ့ဆေးကိုမသောက်သင့်သေးဘူး နောက်နေ့ပြန်ကောင်းလာမှသောက်လည်းနောက်မကျလောက်ပါဘူး"

"တောင်းပန်ပါတယ် ရင်းရွှယ်" ယွင်သောင့်ခေါင်းငုံ့လိုက်သည်။သူမကသားပေါက်လေးအားဝမ်းနည်းစွာဖြင့် "အားလုံးမမအပြစ်ပါ"

"ရပါတယ်မမ, မမကိုအပြစ်မတင်ပါဘူး"

ကျိနင်းနေမကောင်းပေမဲ့ အလွန်ပျော်ရွှင်နေသည်။ ယွင်သောင့်ကိုဘယ်လိုအပြစ်တင်နိုင်မှာလဲ? ဒူးထောက်ပြီးတောင်ကျေးဇူးတင်လိုက်ချင်သေးတယ်။ သူမကြောင့်မနေ့ညကဟိုအသီးတွေ မစားလိုက်ရတဲ့အပြင် ဟွားရှန်းဆေးပါ စားစရာမလိုတော့။ မနက်ဖြန်လောက်ဆို ကုချန်ကမ္ဘာကို ပြန်လို့ရလောက်ပြီ။ သူ့ရဲ့စွမ်းအင်အတားအဆီး ပယ်ဖျက်ပေးမှာကိုစောင့်ရုံပင်။

"သူ့ရဲ့အမွေးလေးတွေကို ချီစွမ်းအင်နဲ့ဖြီးပေးရင် မြန်မြန်ကောင်းလာလိမ့်မယ်" ချန်ရှန်ကပြောသည်။

"လုပ်လိုက်မယ် လုပ်လိုက်မယ်!"

ယွင်သောင့် စိတ်အားထက်သန်စွာတုံ့ပြန်လိုက်ပြီး သူမအပြစ်ကိုကြေအောင် ကြိုးစားပေမဲ့ လက်တစ်စုံက တားလိုက်သည်။ငွေရောင်ဆံနွယ်နှင့်လူက အိပ်ရာဘေးကို ရောက်လာသည်။လက်ချောင်းတွေမှာ ချီစွမ်းအင်တွေကိုစုကာ သားပေါက်လေးရဲ့ အမွေးလေးတွေကို ညင်သာစွာပွတ်ပေးသည်။

ကျိနင်းအတွက် သက်သောင့်သက်သာအရမ်းရှိသည်။ အမြီးလေးကိုယမ်းကာ ရင်ချွမ်းချုံရဲ့အလေးချိန်ကိုခံစားရင်း သူ့ကိုယ်လေးက တဖြေးဖြေးနွေးလာခဲ့သည်။

ဒါကမဟုတ်သေးဘူး..

သူပထမဆုံးအသွင်ပြောင်းစဥ်က ခံစားချက်မျိုး ကျိနင်းခံစားလာရသည်။ ထိတ်လန့်သွားပြီး ကုတင်အောက်မှာ ပုန်းနေလိုက်သည်။ တဖြေးဖြေးနှင့် သူ့ရဲ့ကိုယ်ကပြောင်းလဲလာပြီး လူသားတစ်ယောက်ဖြစ်လာခဲ့သည်။

ဘာတွေဖြစ်ကုန်တာလဲ?

ရှေ့ခြေထောက်လေးတွေက လက်ဖဝါးသေးသေးလေးတွေ ဖြစ်လာသည်။သူ့တစ်ကိုယ်လုံးက ကလေးလေးတစ်ယောက်အသွင် ပြောင်းသွားသည်။ ကျိနင်းအံ့ဩသွားပြီး ခေါင်းထဲမှာအချက်ပေးသံတွေမည်လာသည်။

(မင်းရဲ့ကိုယ်ထဲမှာရှိနေသေးတဲ့ ဟွားချန်းဆေးအကြွင်းအကျန်တွေက ချီစွမ်းအင်နဲ့တွေ့ပြီး အစွမ်းပြလာတာ) အနာဂတ်ကပြောသည်။

(ကံဆိုးလွန်းတာမလား?) ကျိနင်းပူပန်လာသည် (ဘယ်အချိန်မှာပြန်ပြောင်းသွားမှာလဲ?)

(ခန့်မှန်းလို့မရဘူး အချိန်ကမသေချာဘူး)

ဘာလုပ်ရမလဲ ပြန်မပြောင်းမချင်းကုတင်အောက်မှာပုန်းနေရမလား?မဖြစ်နိုင်ဘူး ယွင်သောင့်နဲ့တခြားလူတွေလိုက်လာရင်ရှာတွေ့သွားလိမ့်မယ်။

ကျိနင်းစဥ်းစားနေစဥ်မှာပင်ယွင်သောင့်မေးလာသည်, "ရင်းရွှယ် ဘာဖြစ်လို့လဲ? ဘာလို့ပုန်းနေတာလဲ?"

သားပေါက်လေးရဲ့ အခြေအနေကိုကြည့်ဖို့ကုတင်အောက်ငုံ့လိုက်စဥ်မှာပဲ အပြင်မှအစေခံမလေးတစ်ယောက်အသံပေါ်လာသည် "အရှင် ရှန်းတုမြို့အရှင်လာတွေ့ပါတယ်"

"ဝင်လာခဲ့ပါ"

ရင်ချွမ်းချုံကုတင်ပေါ်ကို ရှုပ်ထွေးနေသော အမူအရာဖြင့်ကြည့်လိုက်ပြီးနောက် အင်္ကျီလက်ကိုခါကာ ထွက်သွားသည်။ ယွင်သောင့်အနည်းငယ် တုံ့ဆုတ်နေသည်။အခြားသူများရှေ့၌ သူမ၏ပုံရိပ်ကိုထိန်းရန် ကြမ်းပြင်ပေါ်မလှဲချလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး အောက်ဘက်ကိုကုန်းကာ "ရွှယ်ထွမ်း အဆင်ပြေရဲ့လား?"

"အဆင်ပြေပါတယ်မမ" နူးညံ့သောကလေးသံလေး ကုတင်အောက်မှ ထွက်ပေါ်လာသည်။ "ကြမ်းပြင်ပေါ်မှာအေးပြီးသက်သောင့်သက်သာရှိတယ် ဒီမှာတအောင့်လောက်နေချင်တယ်"

"ကောင်းပြီ ဒါပေမဲ့ နောက်ပြီးရင်ကိုယ့်ဘာသာထွက်လာရမယ်နော် မမဧည့်သည်နဲ့စကားသွားပြောလိုက်ဦးမယ်"

ယွင်သောင့်သူမရတနာအိတ်ထဲမှ ပုဝါကိုထုတ်လိုက်ပြီး မျက်နှာအောက်ပိုင်းကို ကာလိုက်ပြီး မျက်လုံးများကိုသာ ဖော်ထားသည်။သူမ၏စကပ်ကိုပြင်ဆင်လိုက်ပြီး ရင်ချွမ်းချုံနောက်မှ လိုက်ကာထွက်သွားသည်။

သူတို့ထွက်သွားပြီးနောက် ချီရုဝမ်ကြမ်းပြင်ပေါ်ကိုလှဲလိုက်ပြီး ကုတင်အောက်ကို လက်ဆန့်ကာခေါ်လိုက်သည် "သခင်?"

"အဆင်ပြေတယ်ရုဝမ် ဒီလိုလေးပဲတအောင့်လောက်နေချင်တယ်..." ကျိနင်းတိုးတိုးပြောသည်။

"ဟုတ်ကဲ့"

ကျိနင်းအဆင်ပြေသည်ဆိုတော့ ချီရုဝမ်မေးခွန်း ဆက်မထုတ်တော့ပေ။ မတ်တပ်ရပ်လိုက်ပြီး ကုတင်ရှေ့ကိုသွားကာသူ၏သခင်ကို စောင့်ရှောက်ပေးနေသည်။

ဘယ်အချိန်မှပြန်ပြောင်းမှာလဲ...

ကျိနင်းလက်ချောင်းလေးတွေကို ဆုပ်ကာ ပူပန်စွာစောင့်နေမိသည်။ အပြင်မှ အသံသဲ့သဲ့ကိုလည်းကြားရသည်။ ရှန်းတုမြို့အရှင်က ရင်ချွမ်းချုံရှန်းတုမြို့အနားကို ရောက်နေသည်ကိုသိသည့်အတွက် သူတို့အားအထူးတလည် ဖိတ်ခေါ်လိုက်တာဖြစ်သည်။

"မြို့အရှင်ကဖိတ်ခေါ်မှတော့ တွေ့ဆုံရမှာဝမ်းမြောက်မိပါတယ်" ရင်ချွမ်းချုံကပြောသည်။

သတင်းပို့သမားကပြန်ဖြေသည် "ဒါဆိုအပြင်မှာအရှင်နဲ့သခင်မလေးကိုစောင့်နေပါမယ်"

ရင်ချွမ်းချုံခေါင်းညိမ့်လိုက်ပြီး သတင်းသမားက ရိုသေစွာဦးညွတ်ပြီးနောက် ထွက်သွားသည်။ အစေခံတစ်စုကအဝတ်အစားလဲကာ လက်ဆောင်များကို ပြင်ဆင်ကြသည်။ရင်ချွမ်းချုံ၊ ယွင်သောင့်နှင့်အတူလိုက်ပါမည့် အစောင့်များကလည်း စုဝေးလိုက်ကြသည်။

ယွင်သောင့်ကသားပေါက်လေးကို ခေါ်သွားချင်ပေမဲ့ ချီရုဝမ်ပါအတူပါလာမှာကို တွေးမိသည့်အခါ ရှန်းတုမြို့အရှင်နှင့်သွားတွေ့မည့်နေရာကို အလောင်းကြီးခေါ်သွားတာ မသင့်တော်ဟုထင်သောကြောင့် ထိုအကြံကို လက်လျှော့လိုက်သည်။

"ပြန်လာမှာကိုစောင့်နေနော် ရွှယ်ထွမ်း"

နှတ်ဆက်ပြီးအစားအသောက်တွေ အများကြီးထားခဲ့ပေးပြီးနောက် ရင်ချွမ်းချုံနောက်ကို ယွင်သောင့်လိုက်သွားသည်။ ကျိနင်းရဲ့ ပူပန်နေတဲ့နှလုံးသားလေး အေးချမ်းသွားပြီး ကုတင်အောက်မှ တရွတ်တိုက်ထွက်လာသည်၊

ကြေးနီမှန်ရှေ့ကိုကုန်းလိုက်ပြီး သူ့ပုံစံကို စစ်ဆေးကြည့်လိုက်သည်။ သူငယ်ငယ်က ပုံစံနှင့်တထေရာတည်းပင်၊ သို့သော်ဟွားရှင်းဆေး၏အာနိသင်ကြောင့် သားရဲနားရွတ်လေးနှင့် အမြီးကတော့ရှိဆဲပင်။ ကျိနင်းသံသယဝင်စရာမလိုအောင် ချစ်စရာကောင်းလွန်းလှသည်၊ သို့သာ် သူအလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ရသည်။

ရင်ချွမ်းချုံတစ်ယောက်တည်းကပဲ ရထားလုံးအဝင်အထွက်ကိုထိန်းချုပ်နိုင်တာကြောင့် ထွက်ပြေးနိုင်မဲ့အလားအလာမရှိပေ။သူ့ခွင့်ပြုချက်မပါ၊ သူ့ထက်စွမ်းအားကြီးသူလည်းမရှိပါက အတားအဆီးစွမ်းအင်ကို ဖျက်စီးဖို့မဖြစ်နိုင်ပေ။

လက်ရှိအခြေအနေအရ ကျိနင်းမှာအခွင့်အရေးတောင် ရှိမနေပါ။ ချီရုဝမ်ကအားကြီးပေမဲ့ ဆက်လက်ပြီးပြုပြင်မှုများ မလုပ်ပါက ရင်ချွမ်းချုံကိုကျော်ဖို့မပြောနှင့် ယှဥ်တောင်မယှဥ်နိုင်ပါ။

ကျိနင်းဘာမှလုပ်မရပေ။ သူလုပ်နိုင်တာနှစ်ခုပဲရှိသည် သူသားရဲပုံပြန်မပြောင်းမချင်း ထိုနှစ်ယောက်ပြန်မလာဖို့ဆုတောင်းရန်နှင့် ဥက္ကာခဲတစ်ခုလာမှန်ပြီး အတားအဆီးပျက်သွားကာ သူနှင့်ရုဝမ်ထွက်သွားနိင်ရန် မျှော်လင့်ဖို့သာဖြစ်သည်။

မှန်ထဲကပုံစံကြောင့် စိတ်ညစ်နေသည့်ပုံစံဖြင့် မှန်ရှေ့မှာထိုင်နေမိသည်။ အတွေးတွေထဲ နစ်မြုပ်နေတာကြောင့်တစ်စုံတစ်ယောက် ချဥ်းကပ်လာတာကို သတိမထားလိုက်မိပေ။

"အယ် ဟွားရှင်းဆေးကိုမေ့ခဲ့တယ် လောဘကြီးတဲ့ရွှယ်ထွမ်းကစားပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

ယွင်သောင့်က ရင်ချွမ်းချုံရဲ့ချီစွမ်းအင်နှင့် မြုပ်နှံထားသည့် သူမအား ရထားလုံးထဲသို့ လွတ်လပ်စွာဝင်ထွက်ခွင့်ပေးနိုင်မည့် တုံကင်ကိုယူလာလိုက်ပြီး ကန့်လန့်ကာကို မြှောက်ကာ အထဲသို့ဝင်လာသည်။ မမျှော်လင့်စွာပဲ အမွေးထူနားရွတ်လေးများနှင့်အမြီးလေးရှိသည့် ကောင်လေးတစ်ယောက်ရဲ့ ကျောပြင်ကိုမြင်လိုက်ရသည်။

"ရွှယ်ထွမ်း?" ယွင်သောင့်အံ့ဩသွားသည်။ "ဟွားရှင်းဆေးစားလိုက်တာလား?"

သူမဘာလို့ပြန်လာတာလဲ??

ကောင်လေးရဲ့အမြီးလေးတောင့်သွားပြီး ကောင်မလေးကမြန်မြန်လျှောက်လာသည်၊ နှစ်ယောက်လုံးက စိတ်ပူနေပြီးပျှော်ရွှင်နေကြသည် "နေမကောင်းဘူးလား? လာ မမကိုမျက်နှာပြပါဦး"

"ဟင့်အင်း!"

ကောင်လေးကလက်မောင်းမြှောက်ကာ မျက်နှာကိုကာလိုက်ပြီး အင်္ကျီလက်ထဲမျက်နှာကို ဖွက်ထားသည်။ မြေပြင်ပေါ်မှာထိုင်ချပြီးနောက် အော်တော့သည် "မမ မကြည့်ပါနဲ့!"

"ဘာလို့မမမကြည့်နိုင်ရတာလဲ?" ယွင်သောင့်မေးလိုက်သည် "ချွမ်းချုံကိုအရင်မြင်စေချင်လို့လား?"

"မဟုတ်ဘူး အဲ့ဒါက အဲ့ဒါက.." ကောင်လေးရဲ့အသံလေးက ငိုသံအဖြစ်ပြောင်းသွားပြီး "ကျွန်တော်ကရုပ်ဆိုးလို့ပါ လူတွေကိုမမြင်စေချင်ဘူး..."

"မဟုတ်တာ ဘယ်လိုလုပ်ရုပ်ဆိုးရမှာလဲ မမရဲ့ရွယ်ထွမ်းကအချောဆုံးပဲ" ယွင်သောင့်ကစိတ်ရှည်ရှည်နှင့်ချော့သည် "လာပါ မမကိုပြ"

"ဟင့်အင်း ဟင့်အင်း ဝူးဝူးဝူး တကယ်ရုပ်ဆိုးလို့ပါ..."

ကောင်လေးရဲ့ငိုသံက ပိုပိုကျယ်လာပြီး မျက်ရည်တွေပါထွက်လာသည်။ သူ့အသံလေးက အလွန်ဝမ်းနည်းနေပုံပေါက်သည်။ယွင်သောင့်အတော်ပူပန်သွားပြီး ဆက်တိုက်ချော့တော့သည် "ကောင်းပြီကောင်းပြီ မမမကြည့်တော့ဘူး မငိုပါနဲ့"

"ကျွန်တော့မျက်နှာကိုကာဖို့တစ်ခုခုလိုချင်တယ် အဲ့ဒါမှတခြားသူတွေမမြင်မှာ "ကောင်လေးကကြို့ထိုးရင်းပြောသည်။

"ရတယ် မမဒါကိုပေးမယ်"

ယွင်သောင့်ကသူမရဲ့ပုဝါကိုချွတ်လိုက်ပြီး သူမ၏ချီစွမ်းအင်ကိုသုံးကာ ကောင်လေးကိုပေးလိုက်သည်။

ကောင်လေးကပုဝါကိုမြန်မြန်ပဲ တြိဂံပုံခေါက်ကာ မျက်နှာတစ်ဝက်ကို ကာလိုက်ပြီး ကျန်တဲ့အပိုင်းကို ခေါင်းမှာပတ်ထားလိုက်သည်။ ယွင်သောင့်ရဲ့ပုဝါက နားရွတ်ရဲ့နောက်မှာ ဝတ်ရတာဖြစ်ပေမဲ့ ကျိနင်းကတစ်ခေါင်းလုံးကို ပတ်ထားတာကြောင့်သူ့ရဲ့သားရဲနားရွတ်လေးတွေက အဝတ်စကြားမှဂျိုလေးတွေလိုပေါ်နေသည်။ အရမ်းချစ်စရာကောင်းသည်။

"ကျေးဇူးပါမမ"

ကောင်လေးက နောက်ဆုံးတော့ သူမဘက်ကိုလှည့်ဖို့ ဆန္ဒရှိသွားပြီး မျက်လုံးနီလေးများဖြင့် ကြည့်နေသည်။ရှိုက်နေတာရပ်သွားပေမဲ့ ခုနငိုထားတာကြောင့် နည်းနည်းလေးရှက်နေပုံလည်းပေါ်သည်။

"မျက်လုံးလေးတွေကအရမ်းလှတယ်..."

ကောင်လေးရဲ့ ကြီးမားပြီးနက်မှောင်တဲ့ မျက်လုံးတွေကို တွေ့သည့်အခါ အကြောင်းပြချက်အချို့ကြောင့် ယွင်သောင့်ရင်းနှီးသလိုခံစားရသည်။ သို့သော်ဘယ်သူ့ကိုသတိရမှန်းတော့မမှတ်မိပေ "ဒီလောက်လှတဲ့မျက်လုံးလေးတွေရှိတာ ဘယ်လိုရုပ်ဆိုးမှာလဲ?"

"ကျွန်တော်ကရုပ်ဆိုးတယ်..."

ကောင်လေးကတိုးတိုးပြောရင်း ပုခုံးလေးတွေက ထပ်ငိုတော့မလို တုန်ရင်လာသည်။ ယွင်သောင့်ထိုအတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ထပ်မငိုအောင် မြန်မြန်နှစ်သိမ့်လိုက်သည်။ ပြီးနောက်ဟွားရှင်းဆေးကိုဖွက်ကာ မြန်မြန်ပဲထွက်သွားသည်။

—----------------------------------------------------------------------------------------------------------------------------

သူ့မာနကို စွန့်လွှတ်ခဲ့ရတယ်ဆိုရင်တောင် အခြေအနေကိုဖြေရှင်းနိုင်ခဲ့ပြီ။

ကျိနင်းခါးသက်စွာတွေးရင်း မျက်နှာကိုကာထားသည့် ပုဝါဖြင့်နဖူးမှချွေးများကို သုတ်လိုက်သည်။

ယွင်သောင့်ကပုဝါအသစ်ကို ဝတ်ကာရထားလုံးထဲသို့ မြန်မြန်ဝင်လာသည်။

ရင်ချွမ်းချုံနှင့် ရှန်းတုမြို့အရှင်သတင်းပို့သူက သူမဘေးတဖက်စီမှာ ထိုင်နေကြသည်။ သူမအကြာကြီးထွက်သွားတာကြောင့် ရင်ချွမ်းချုံကမေးသည် "ဘာလို့ကြာနေတာလဲ?"

"ဟွားရှင်းဆေးကိုဖွင့်လျက်ကြီးထားခဲ့တာနဲ့ရင်းရွှယ်မတော်တဆစားမိမှာစိုးတာနဲ့မြန်မြန်ပြန်သွားလိုက်တာ"

အပြင်လူရှိနေတာကြောင့် ယွင်သောင့်က ရင်ချွမ်းချုံကိုကျက်သရေရှိစွာ တိုးတိုးပြောသည်။ "ပြန်သွားတော့ ရင်းရွှယ်ကစားတောင်စားလိုက်ပြီ ကျွန်မအမှားပါ အရှင်အပြစ်ပေးဖို့တောင်းဆိုပါသည်။ ကံကောင်းစွာနဲ့ ရင်းရွှယ်လူသားအသွင်နဲ့အန္တရာယ်ကင်းနေပုပါပဲ..."

ရင်ချွမ်းချုံရပ်သွားပြီးမေးသည် "သူဘယ်လိုပုံလဲ?"

"မသိသေးဘူး ရင်းရွှယ်ကသူ့မျက်နှာကိုမပြဘူး" ယွင်သောင့်ပြန်ဖြေလိုက်သည်။

လေထုကတောင့်တင်းသွားသည်။

အကြောင်းပြချက်ကြောင့်အချို့ကြောင့် ရှန်းတုမြို့အရှင်သတင်းပို့သူတောင် ငွေရောင်ဆံနွယ်နှင့် နတ်ဆိုးစီကလေးလံတဲ့ ဖိအားတွေခံစားနေရသည်။ ရှန်းတုမြို့အတွက် မျက်နှာပျက်မှာစိုး၍သာမဟုတ်ရင် မိုင်တစ်ရာလောက်ကို ထွက်ပြေးမိလောက်သည်။

"ကျွန်တော့်ကိုစောင့်နေပေးပါ, မြန်မြန်ပြန်လာပါမယ်"

သတင်းပို့သူရဲ့တုံ့ပြန်မှုကိုတောင် မစောင့်တော့ဘဲ ရင်ချွမ်းချုံပျေက်ကွယ်သွားသည်။ ယွင်သောင့်သူ့ရဲ့တုံ့ပြန်မှုကို နားမလည်ပေမဲ့ နောက်ကနေ လိုက်သွားသည်။ ချွေးသုတ်ကာ သက်ပြင်းရှည် ချနေတဲ့ သတင်းပို့သူပဲကျန်ခဲ့သည်။

—----------------------------------------------------------------------------------------------------------------------------

ယွင်သောင့်က ရုတ်တရက်ကြီးပြန်လာတာကြောင့် ကျိနင်းသတိထားမှု မြင့်တက်နေသည်။ သူ့ရဲ့ပုဝါကို အကုန်မချွတ်လိုက်သေးဘဲ ရထားလုံးအပြင်က လှုပ်ရှားမှုကို စောင့်ကြည့်နေသည်။

ဒီတစ်ခါတော့ ယွင်သောင့်ချဥ်းကပ်လာတာကို မြန်မြန်ပဲသတိထားမိသွားသည်။ ပိုဆိုးတာက ရင်ချွမ်းချုံပါ အတူပါလာတာပင်။ သူမြန်မြန်ပဲ ပုဝါကိုတင်းကြပ်စွာ ချည်နှောင်လိုက်ပြီး ရင်ချွမ်းချုံ ပုဝါကို သူ့မျက်နှာကဆွဲမချွတ်စေရန် ချီရုဝမ်နောက်မှာပုန်းနေသည်။

ရင်ချွမ်းချုံအထဲကိုဝင်လာသည့်အချိန်မှာ သူ့ရဲ့ငွေရောင်ဆံနွယ်တွေက ဝတ်ရုံနက်ပေါ်မှာ တောက်ပနေကြသည်။ ရထားလုံးထဲကို မျက်လုံးစူးစူးတွေဖြင့် ကြည့်လိုက်ပြီး ချီရုဝမ်နောက်ကကောင်လေးကို တွေ့သွားသည်။ ချီရုဝမ်ကိုအေးစက်စွာပြောလိုက်သည်"ဘေးဖယ်"

ချီရုဝမ်ကဓားလက်ကိုင်ပေါ်ကို လက်တင်လိုက်ပြီး ကျိနင်းနာက တစ်လက်မမှမခွာပေ။

ယွင်သောင့်စိတ်မသက်မသာဖြစ်လာပြီး ရင်ချွမ်းချုံကိုပြောသည်, "ချွမ်းချုံဘာဖြစ်နေတာလဲ? ရင်းရွှယ်ပြောင်းလဲသွားတာကိုကြည့်ဖို့စိတ်အားထက်သန်နေတာလား? သူ့ကိုတွန်းအားမပေးပါနဲ့, သူကရုပ်ဆိုးတယ်လို့ပြောတယ် ဒီလိုမလုပ်ပါနဲ့..."

ရင်ချွမ်းချုံကတော့တုပ်တုပ်မလှုပ်ပဲ "ရင်းရွှယ် ထွက်လာခဲ့"

"ကျွန်တော်ကရုပ်ဆိုးလွန်းတယ်,ချွမ်းချုံ,မကြည့်ပါနဲ့..."

ကောင်လေးရဲ့ဆို့နင့်နေသည့်အသံက ချီရုဝမ်နောက်မှ ထွက်လာသည်။

"မင်းထွက်မလာရင်" ရင်ချွမ်းချုံရဲ့ ကြောက်စရာအရှိန်အဝါပေါ်ထွက်လာပြီး ရထားလုံးထဲက ပရိဘောဂတွေအကုန် စက္ကူပါးတွေလို အစိတ်စိတ်အမွှာမွှာ ကွဲကြေကုန်သည်, "အဲ့ဒီ့အလောင်းကိုသတ်ပစ်မယ်"

"ချွမ်းချုံ!"

ယွင်သောင့်သူ့ရဲ့သဘောထားကြောင့် ကြောက်လန့်သွားပြီး သူ့ရဲ့အင်္ကျီလက်စတွေကို ဆုပ်ထားသည်။သို့သော်ရင်ချွမ်းချုံကသူမလက်တွေကို ခါချလိုက်သည်။

သူ့မျက်လုံးထဲမှာာအရိုင်းဆန်သည့် အကြည့်ရှိနေပြီး သူဘာကြောင့်အဲ့လောက်စိတ်တိုနေရလည်း ယွင်သောင့်နားမလည်နိုင်ပေ။ ကောင်လေးရဲ့ပုံစံအစစ်ကို မမြင်ရမချင်းမရပ်မည့်ပုံစံဖြင့် သူမပြောတာတွေကိုလည်း ဂရုမစိုက်တော့ပေ။

"မလုပ်နဲ့!"

ကောင်လေးကထိတ်လန့်စွာ အလောင်းနောက်က ထွက်လာပြီးအော်သည်။

အလောင်းကသူ့ကိုကာကွယ်ဖို့ လက်မြှောက်လိုက်ပြီး ကောင်လေးကခေါင်းခါကာ လောင်းရဲ့လက်ကိုဖွဖွထိလိုက်သည်။သူ့မျက်နှာကအဝတ်ဖြင့်အုပ်ထားတုန်းဖြစ်ကာ မျက်လုံးနီများသာပေါ်နေသည်။

ရင်ချွမ်းချုံကိုထိုမျက်လုံးများဖြင့်ကြည့်ကာတောင်းပန်သည်။

"ကျေးဇူးပြုပြီး မကြည့်ပါနဲ"

ရထားလုံးထဲမှာလှုပ်ခါနေသည့် စွမ်းအင်တွေ ရုတ်တရက်ရပ်တန့်သွားသည်။

ရုတ်တရက်ဆိုသလို ရင်ချွမ်းချုံက အကုန်လုံးကိုဖျက်စီးပစ်လိုက်သည့် ကြောက်စရာချီစွမ်းအင်တွေကို ထိန်းချုပ်လိုက်သည်။ ပန်းပုရုပ်ထုတစ်ခုလို တောင့်တောင့်ကြီးရပ်ကာ ကောင်လေးကိူစိုက်ကြည့်နေသည်။

အကြာကြီးနေမှကောင်လေးကို ကျောပေးကာ ရထားလုံးထဲမှထွက်သွားသည်။

"ဒါဆိုမကြည့်တော့ဘူး"

"ဒါ.."ယွင်သောင့်အံ့ဩပြီး တွေဝေသွားသည်။ သူမချီရုဝမ်ရယ်ကောင်လေးရယ်ကို တစ်လှည့် ရင်ချွမ်းချုံကို တစ်လှည့် ကြည့်နေမိသည်။ တအောင့်လောက်တုန့်ဆိုင်းနေပြီးမှ အံကြိတ်ကာ ရင်ချွမ်းချုံနောက်လိုက်သွားရင်း ရင်းရွှယ်ကိုပြောသည်, "မကြောက်နဲ့ ဘာဖြစ်တာလဲဆိုတာမမမေးကြည့်လိုက်မယ်"

စိတ်ထဲမှာမေးခွန်းထုတ်ရင်း ငွေရောင်ဆံနွယ်နှင့် လူနောက်ကိုလိုက်သွားသည်။ ရင်ချွမ်းချုံ ဘာလို့ရုတ်တရက်ကြီးအပြင်းအထန်တုန့်ပြန်ပြီး၊ ကောင်လေးမျက်နှာကိုကြည့်ပြီးနောက် ချက်ချင်းကြီး ဘာလို့လက်လျှော့သွားရလဲဆိုတာ နားမလည်ပါ။ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ?

ရင်ချွမ်းချုံနောက်ကို စိတ်ဆိုးနေသော မျက်နှာဖြင့် လိုက်သွားနေရင်း သူ့ရဲ့အမူအရာကြောင့် တောင့်ခဲသွားသည်။

ဘာကြောင့်ဆို ချွမ်းချုံရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေဖြင့်ပြည့်နေသည်လေ။

"...သူပဲ"

သူကတိုးတိုးပြောသည်။

"...သူပဲ"

—----------------------------------------------------------------------------------------------------------------------------

ထိုညကရင်ချွမ်းချုံနှင့်ယွင်သောင့်ပြန်မလာခဲ့ပါ။

ယွင်သောင့်က အစောင့်တစ်ယောက်ကို အရှင်နှင့်သခင်မလေးကို ရှန်းတုမြို့အရှင်က နွေးထွေးစွာကြိုဆိုကြောင်း ကျိနင်းအားအသိပေးခိုင်းလိုက်သည်။ ရှန်းတုမှာတစ်ညနေမှာဖြစ်ပြီးနောက်နေ့မှာပြန်လာမှာဖြစ်သည်။

ကျိနင်းရှုပ်ပွနေတဲ့ရထားလုံးထဲမှာ ယွင်သောင့်ထားခဲ့တဲ့အစားအသောက်တွေကို အသိစိတ်မကပ်ဘဲ စားနေမိသည်။

ရင်ချွမ်းချုံထွက်သွားတဲ့ပုံစံကို ပြန်တွေးရင်း အလွန်အမင်းမသက်မသာခံစားနေရသည်။ သူ့ကိုမြင်များမြင်သွားတာများလား။

သူ့ရဲ့စွမ်းအင်အတားအဆီးပွင့်သွားရင် ပြဿနာမရှိပါဘူး, ချီရုဝမ်ကို ကယ်ဖို့အခွင့်အရေးရှိသေးသည်။

ချီရုဝမ်ကကျိုးသွားတဲ့ကုတင်အောက်က စောင်ကိုမလိုက်ပြီးကျိနင်းနားဖို့အတွက် သန့်ရှင်းရေးလုပ်ပေးနေသည်။ ချီရုဝမ်ရဲ့ပုခုံးပေါ်မှာကွေးနေရင်း ကျိနင်းအိပ်ပျော်သွားသည်။ ပြန်နိုးလာချိန်မှာတော့ နောက်ထပ်ကမ္ဘာတစ်ခုကို ရောက်နေပြီဖြစ်သည်။

—----------------------------------------------------------------------------------------------------------------------------

ကုချန်ကမ္ဘာမှာ နောက်ဆုံးရှိနေချိန်၌ သူ့ရဲ့ဗီလာဖျက်ဆီးခံလိုက်ရ၍ ကျိမိသားစုဗီလာကို ပြောင်းနေခဲ့ရသည်။ ပြန်နိုးလာချိန်မှာနေ့လည်တောင်ရောက်နေပြီဖြစ်ကာ အကြာကြီးအိပ်ထားသည့်အတွက် ခေါင်းကကိုက်ခဲနေသည်။

ဆေးကြောပြီးနောက် ပထမထပ်ကိုဆင်းသွားလိုက်သည်။ခေါင်းကိုပွတ်ရင်း သူ့မိဘတွေကို အားနည်းစွာနှုတ်ဆက်လိုက်သည်, "ပါး,မား ကောင်းသောနေ့လည်ခင်းပါ..."

"ကောင်းသောနေ့လည်ခင်းပါ ရှောင်နင်း"

သူ့မိဘတွေက သူတို့သားရဲ့ပရမ်းပတာဖြစ်နေတဲ့ အလုပ်ချိန်နဲ့နားချိန်အချိန်ဇယားကြောင့် မဆူပေမဲ့ သူ့ရဲ့သိသာနေသောပင်ပန်းနေမှုကြောင့် စိတ်ပူနေကြသည်။

"ဘာကြည့်နေတာလဲ?"

ကျိနင်း နံရံလောက်ရှိတဲ့ စခရင်ကြီးကိုကြည့်ရင်း စတော်ဘယ်ရီတစ်လုံးကို ပါးစပ်ထဲထည့်ကာ မေးလိုက်သည်။ သူ့ရဲ့အေးစက်သည့် အမူအကျင့်ကို ဒိနေရာမှာတော့ ထိန်းထားစရာမလိုပါ။ မူရင်းဝတ္ထုထဲ၌ သခင်လေးကျိက သူ့မိသားစုရှေ့၌ ပို၍သက်သောင့်သက်သာရှိလေသည်။

"ပြည်ထောင်စုသတင်းတွေပါ," သူ့အဖေကရယ်သည်,"မင်းစိတ်ဝင်စားမှာမဟုတ်ပါဘူး"

တကယ်တော့အဆင်ပြေပါတယ်။ ကျိနင်းစတော်ဘယ်ရီစားရင်း တွေးလိုက်သည်။ ကြယ်တာရာလမ်းကြောင်းအသစ် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း တင်ဆက်နေသည့် သတင်းကိုကြည့်နေလိုက်သည်။

"မကြာသေးခင်က ဖယ်ဒရေးရှင်းဥက္ကဌဟာ မော့လင်းအင်ပါယာရဲ့ ဧကရာဇ်အိုဇာနှင့်တွေ့ဆုံခဲ့ပါတယ်။ အစည်းအဝေးမှာနှစ်ဖက်လုံးက ဂြိုလ်နှစ်ခုကြားက လမ်းကြောင်းနှင့် ပတ်သတ်ပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်..."

သတင်းတင်ဆက်သူစကားပြောနေစဥ်မှာ စခရင်ပေါ်၌ သက်ဆိုင်ရာဗီဒီယိုတစ်ခုဖွင့်ပြထားသည်။ညီလာခံအစည်းဝေးခန်းရဲ့ အလယ်မှာထိုင်နေသူက ဧကရာဇ်အိုဇာဖြစ်ကြောင်းသတင်းတင်ဆက်သူကရှင်းပြသည်။

"မော့ဧကရာဇ်ကတော်တော်ငယ်သေးတာပဲ," ကျိနင်းအမေကပြောသည်," နှစ်ဆယ်ကျော်လောက်ပဲရှိဦးမယ်ထင်တယ်"

"နှစ်ဆယ့်ငါးနှစ်ပဲရှိသေးတယ်," သူ့အဖေကလက်ကောက်ဝတ်မှခလုတ်ကပြထားတဲ့ အချက်အလက်တွေကို ကြည့်ရင်းပြောသည်။

"သူကတကယ်ကိုတော်တာပဲ, သနားစရာပဲ..."

သူ့အမေကစခရင်ပေါ်မှာပြထားတဲ့ ဧကရာဇ်ကို နောင်တအနည်းငယ်နှင့်ကြည့်ရင်းပြောသည်။ ထိုသူဟာငယ်ရွယ်ပြီးချောမောသည်။ သူ့ရဲ့ပျားရည်ရောင်အသားရည်နှင့်လိုက်ဖက်သည့် အဖြူရောင်suitကို ဝတ်ဆင်ထားသည်။ သူ့မျက်လုံးတွေဟာ အစိမ်းရောင်ရေကန်လို၊ တော်ဝင်မျိုးနွယ်ရဲ့ဝိသေသလက္ခဏာဖြစ်သည်။သူဟာမြင့်မြတ်သည့်သဘာဝစရိုက်ရှိသည်။

တစ်ချိန်တည်းမှာပဲ ဓာတ်ပုံထဲမှာဝှီးချဲပေါ်မှာ မှီရင်းထိုင်နေသည့် သူ့ရဲ့အကြည့်က စိတ္တဇဆန်နေပြီး လူအုပ်ထဲထင်းထွက်နေသည်။

"အခုခေတ် ဆေးဘက်ဆိုင်ရာနည်းပညာတွေနဲ့တောင် သူ့ရဲ့ခြေထောက်တွေက ပြန်မကောင်းနိုင်တော့ဘူး"

ဘုတ်

ကျိနင်းလက်ထဲကအသီးပြုတ်ကျသွားသည်။

Tbc 🐣

Zawgyi

ခ်ီ႐ုဝမ္အငယ္ေလးက က်ိနင္းကို ဘာေၾကာင့္ သူ႔အေပၚေကာင္းတာလဲ ေမးတဲ့အခ်ိန္မွာ က်ိနင္း တကယ့္အေၾကာင္းျပခ်က္ကို မရွင္းျပႏိုင္ခဲ့ေပ။ခ်ီ႐ုဝမ္က အနာဂတ္မွာ ဧကရာဇ္ျဖစ္လာမွာေၾကာင့္သာဟု ဟန္ေဆာင္ခဲ့သည္။

အဲ့ဒါကအမွန္မဟုတ္ပါ။ ခ်ီ႐ုဝမ္အေပၚ အျပစ္ရွိစိတ္ခံစားရတာေၾကာင့္ သူ႔အနားေခၚထားခ်င္တာ ျဖစ္သည္။အေရးႀကီးတာက သူ႔မစ္ရွင္ၿပီးဖို႔ ခ်ီ႐ုဝမ္သူ႔ကို ခ်စ္မိလာဖို႔လိုသည္။

သူတို႔ဟာ သန႔္စင္ၿပီးခ်ိဳသာတဲ့ခ်စ္ျခင္းကို ဘယ္ေတာ့မွမရႏိုင္ေပ။ က်ိနင္းအလုပ္အေကြၽးျပဳတဲ့ နတ္ဘုရားေတြေၾကာင့္ သူ႔အေမေသသြားခဲ့ရသည္။သူ႔ရဲ႕ ဧကရာဇ္၊ ဝူရွန္းျပည္နဲ႔ နတ္ဘုရားေတြအေပၚ အမုန္းကမေပ်ာက္ကြယ္သြားေပ။ က်ိနင္းကိုခ်စ္ခဲ့ရင္ေတာင္ အမုန္းတရားေလးေတြ ဆက္ႏြယ္ေနဦးမွာျဖစ္သည္။

က်ိနင္း ခ်ီ႐ုဝမ္ရဲ႕အမုန္းေတြကို မေပ်ာက္သြားေစခ်င္ပါ။ ထိုအမုန္းေၾကာင့္ပဲ ခ်ီ႐ုဝမ္က အိမ္ေရွ႕မင္းသားကို အဆိပ္ခတ္ကာဧကရာဇ္ကို ေဆာင္းရာသီအမဲလိုက္ပြဲမွာ ပစ္ခတ္သတ္ျဖတ္ခဲ့တာျဖစ္သည္။ သူ႔ကိုမေထာက္ခံတဲ့အမတ္ေတြနဲ႔ ေဆြမ်ိဳးေတြကိုအက်ဥ္းခ်ကာ တရား႐ုံးနဲ႔ဆန႔္က်င္သူေတြကို နတ္ဘုရားကိုသုံးကာ ၿခိမ္းေျခာက္ခဲ့သည္။ ၿပီးေနာက္မွာေတာ့ ဧကရာဇ္အျဖစ္နန္းတက္ခဲ့သည္။

ရက္စက္သည္ျဖစ္ေစ ဥာဏ္ေကာင္းသည္ျဖစ္ေစ ခ်ီ႐ုဝမ္ကရွျပည္ေထာင္စုရဲ႕ ေနာက္တက္မည့္ ဧကရာဇ္ျဖစ္လာလိမ့္မည္။က်ိနင္းက သူ႔ရဲ႕လမ္းမွာ ပိတ္ေနမွာမဟုတ္ေပ။

ခ်ီ႐ုဝမ္ရဲ႕ရည္႐ြယ္ခ်က္ကို ၿငိမ္းသတ္ပစ္မဲ့ ဂ႐ုစိုက္တာေတြ ခ်စ္ျခင္းေမတၱာေတြကို ခြင့္ျပဳေပးမွာမဟုတ္ေပ။ ခ်ီ႐ုဝမ္ကသူ႔ကိုမုန္းလဲမုန္းရမည္။ ခ်စ္လည္းခ်စ္ရမည္။

—----------------------------------------------------------------------------------------------------------------------------

က်ိနင္းႏိုးလာၿပီး မ်က္လုံးေတြကို ဖြင့္လိုက္သည္။ ပထမဆုံးျမင္လိုက္ရတာက ခ်ီ႐ုဝမ္ရဲ႕ ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာျဖစ္သည္။

ထိုမ်က္လုံးေတြက ထိုစဥ္ကငယ္႐ြယ္ၿပီး က်က္သေရရွိသည့္ေကာင္ေလးနဲ႔ ဆင္တူသည္။ သို႔ေသာ္ ပိုၿပီးရင့္က်က္ကာၾကမ္းတမ္းသည္။ ထို႔အတူေအးစက္ကာ လစ္ဟာေနသည္။

သူက ေျမႀကီးေပၚမွာ‌ ထိုင္ေနၿပီး ဒူးေခါင္းနားမွာ ဓားအိမ္ကိုခ်ထားသည္။ သူ႔မ်က္လုံးနက္နက္ေတြက က်ိနင္းရဲ႕လႈပ္ရွားမႈကို လိုက္ၾကည့္ေနသည္။ သူႏိုးလာမွန္းသိေတာ့ အသံဩဩႏွင့္ေခၚလာသည္ "သခင္"

အခုေလးတင္ကအိပ္မက္မက္ခဲ့တာပဲ...

က်ိနင္းသူ႔ကိုေဝဝါးစြာနဲ႔ ၾကည့္ေနမိသည္။ ထိုအျဖစ္အပ်က္ေတြဟာအိပ္မက္ပဲ။ သူတို႔ဟာ အရင္ကလိုမဟုတ္ေတာ့သလို ရွျပည္ေထာင္ဟာလည္း သမိုင္းေၾကာင္းထဲမွာနစ္ျမဳပ္ခဲ့ၿပီျဖစ္သည္။

သူ႔မ်က္လုံးေလးေတြ မွိတ္တုတ္မွိတ္တုတ္ လုပ္လိုက္ၿပီးေျခေထာက္ ေထာက္ကာအေမြးေလးေတြကို ခါလိုက္သည္။ သူအခု ဘယ္သူပိုင္မွန္းမသိတဲ့ အိပ္ရာေပၚ ေရာက္ေနတာျဖစ္သည္။

သူအိပ္ေပ်ာ္သြားတုန္းက ရင္ခြၽမ္းခ်ဳံရဲ႕ရထားလုံးထဲမွာ ရွိေနတာျဖစ္သည္...

အျဖဴေရာင္ကန႔္လန္႔ကာ တဖက္မွာေငြေရာင္ဆံႏြယ္ႏွင့္ နတ္ဆိုးဘုရင္က စားပြဲေပၚမွာစာေရးေနသည္။ ခ်ိ႐ုဝမ္အသံၾကားေတာ့ လႈပ္ရွားမႈရပ္သြားၿပီး က်ိနင္းစီေခါင္း‌ေထာင္ၾကည့္ကာ မတ္တပ္ရပ္ၿပီး ျမန္ျမန္ေလွ်ာက္လာသည္။

မေန႔ကရင္ခြၽမ္းခ်ဳံစီမွာ ေနခဲ့တာထင္တယ္။ ကံေကာင္းစြာနဲ႔ ထိုႏွစ္ေယာက္ သူအိပ္ေပ်ာ္ေနတုန္း မတိုက္ခိုက္ခဲ့ၾကေပ။

သူ အၿမီးေလးကို ယမ္းကာေခၚလိုက္သည္ "ခြၽမ္းခ်ဳံ" သူရပ္ဖို႔ႀကိဳးစားလိုက္ေပမဲ့ ခ်က္ခ်င္းျပန္ျပဳတ္က်သြားသည္။ သူ႔ကိုယ္ကေလးေနၿပီး ကိုက္ခဲေနကာ အျမင္အာ႐ုံကလည္း ေဝဝါးေနသည္။

ဘာလို႔မသက္မသာႀကီးျဖစ္ေနတာလဲ...

ကုတင္ေပၚကို အသက္မဲ့စြာလွဲခ်လိုက္ၿပီး အၿမီးေလးကတြဲေလာင္းက်ေနသည္။

သူ႔ရဲ႕မသက္မသာပုံစံေၾကာင့္ ရင္ခြၽမ္းခ်ဳံမ်က္ေမွာင္ႀကဳံ႕မိသည္။ထိုအခ်ိန္မွာပဲ ရထားလုံးအျပင္မွ ေကာင္မေလးတစ္ေယာက္အသံထြက္လာသည္ "ခြၽမ္းခ်ဳံ, ဝင္ခြင့္ေပးဦး,ဟြားရွင္းေဆးပါလာတယ္!"

ဝင္ခြင့္ရလိုက္ၿပီးတဲ့ေနာက္မွာ ယြင္ေသာင့္ရထားလုံးထဲ ဝင္လာသည္။ သူမရဲ႕လွပတဲ့ရတနာအိတ္ေလးကို ထုတ္ၿပီးဟြားရွင္းေဆးပါတဲ့ ေသတၱာအေတာ္မ်ားမ်ားကို စားပြဲေပၚတင္လိုက္သည္။ သူမကေပ်ာ္႐ႊင္စြာျဖင့္ "ရင္း႐ႊယ္ဘယ္မွာလဲ? ဟြားရွင္းေဆးလာစားဦး"

"မမ.."

သားေပါက္ေလးရဲ႕အသံက အားနည္းၿပီး စိတ္ထိခိုက္ေနပုံေပၚသည္။ "ကြၽန္ေတာ္ေနလို႔မေကာင္းဘူး"

"ဘာျဖစ္လို႔လဲ?" ယြင္ေသာင့္အံ့ဩစြာနဲ႔ ကုတင္ေပၚမွာေဘာလုံးေလးလို ေကြးေနတဲ့သားေပါက္ေလးကို သြားၾကည့္လိုက္သည္။ သနားစရာပုံစံေလးေၾကာင့္ ဘာလုပ္ရမွန္းမသိျဖစ္သြားသည္, "ရင္း႐ႊယ္လူေတြရဲ႕ ေဆးကိုေသာက္လို႔ရလား? မဟုတ္ေသးဘူး ခ်န္ရွန္စီကိုသြားငါသြားလိုက္မယ္!"

ရင္ခြၽမ္းခ်ဳံကစြမ္းအားႀကီးၿပီး ေနာက္လိုက္ေတြအမ်ားႀကီးရွိသည္။ မိသားစု၁၂စုကိုတိုက္ခိုက္ရန္ သားရဲေတြကိုသုံးကာ အဓိကနယ္ေျမကို လွည့္လည္သြားခဲ့ရသည္။ သားရဲေတြဟာဖ်ားနာမႈနဲ႔ ဒဏ္ရာေတြကို ခံႏိုင္ရည္မရွိသည့္အတြက္ ကုသေပးရန္လိုသည္။ ခ်န္ရွန္ကေတာ့သားရဲေတြကို ကုသေပးတဲ့ေနရာမွာ အေတာ္ဆုံးသမားေတာ္ျဖစ္သည္။

ယြင္ေသာင့္ကခ်န္ရွန္ကိုေခၚလိုက္ၿပီး က်ိနင္းကိုဆိုဖာေပၚ‌ေ႐ႊ႕ လိုက္သည္။ စစ္ေဆးၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ ခ်န္ရွန္ကၿပဳံးရင္း "ရင္း႐ႊယ္အဆင္ေျပပါတယ္ မေန႔ညကအမ်ားႀကီးလိုက္ၿပီးအစာမေၾကေသးလို႔ပါ ဒီေဆးမႈန႔္ေလးကိုယူထားလိုက္"

"ေကာင္းၿပီ..."

ယြင္ေသာင့္ သူမကိုယ္သူမ အျပစ္တင္ေနမိသည္။သူမ မေန႔ညကေကာင္ေလးကို အတင္းအမ်ားႀကီးစားခိုင္းလိုက္လို႔ မသက္မသာ ျဖစ္ေနရတာျဖစ္သည္။

ခ်န္ရွန္ကသူ႔အိတ္ထဲမွ ေဆးမႈန႔္အခ်ိဳ႕ကို ထုတ္ကာေရးေႏြးထဲထည့္လိုက္သည္။ သားေပါက္ေလးကိုတိုက္ၿပီးတဲ့ေနာက္မွာ "တစ္နာရီေလာက္ၾကာရင္ေကာင္းသြားပါလိမ့္မယ္"

"ဒါဆို ရင္း႐ႊယ္ဒီေန႔ဟြားရွန္းေဆးေသာက္လို႔ရလား"ယြင္ေသာင့္ေမးလိုက္သည္။

ခ်န္ရွန္ေခါင္းခါရင္း "သူ႔ကိုယ္ကအားနည္းေနတဲ့အခ်ိန္မွာပုံစံေျပာင္းတဲ့ေဆးကိုမေသာက္သင့္ေသးဘူး ေနာက္ေန႔ျပန္ေကာင္းလာမွေသာက္လည္းေနာက္မက်ေလာက္ပါဘူး"

"ေတာင္းပန္ပါတယ္ ရင္း႐ႊယ္" ယြင္ေသာင့္ေခါင္းငုံ႔လိုက္သည္။သူမကသားေပါက္ေလးအားဝမ္းနည္းစြာျဖင့္ "အားလုံးမမအျပစ္ပါ"

"ရပါတယ္မမ, မမကိုအျပစ္မတင္ပါဘူး"

က်ိနင္းေနမေကာင္းေပမဲ့ အလြန္ေပ်ာ္႐ႊင္ေနသည္။ ယြင္ေသာင့္ကိုဘယ္လိုအျပစ္တင္ႏိုင္မွာလဲ? ဒူးေထာက္ၿပီးေတာင္ေက်းဇူးတင္လိုက္ခ်င္ေသးတယ္။ သူမေၾကာင့္မေန႔ညကဟိုအသီးေတြ မစားလိုက္ရတဲ့အျပင္ ဟြားရွန္းေဆးပါ စားစရာမလိုေတာ့။ မနက္ျဖန္ေလာက္ဆို ကုခ်န္ကမာၻကို ျပန္လို႔ရေလာက္ၿပီ။ သူ႔ရဲ႕စြမ္းအင္အတားအဆီး ပယ္ဖ်က္ေပးမွာကိုေစာင့္႐ုံပင္။

"သူ႔ရဲ႕အေမြးေလးေတြကို ခ်ီစြမ္းအင္နဲ႔ၿဖီးေပးရင္ ျမန္ျမန္ေကာင္းလာလိမ့္မယ္" ခ်န္ရွန္ကေျပာသည္။

"လုပ္လိုက္မယ္ လုပ္လိုက္မယ္!"

ယြင္ေသာင့္ စိတ္အားထက္သန္စြာတုံ႔ျပန္လိုက္ၿပီး သူမအျပစ္ကိုေၾကေအာင္ ႀကိဳးစားေပမဲ့ လက္တစ္စုံက တားလိုက္သည္။ေငြေရာင္ဆံႏြယ္ႏွင့္လူက အိပ္ရာေဘးကို ေရာက္လာသည္။လက္ေခ်ာင္းေတြမွာ ခ်ီစြမ္းအင္ေတြကိုစုကာ သားေပါက္ေလးရဲ႕ အေမြးေလးေတြကို ညင္သာစြာပြတ္ေပးသည္။

က်ိနင္းအတြက္ သက္ေသာင့္သက္သာအရမ္းရွိသည္။ အၿမီးေလးကိုယမ္းကာ ရင္ခြၽမ္းခ်ဳံရဲ႕အေလးခ်ိန္ကိုခံစားရင္း သူ႔ကိုယ္ေလးက တေျဖးေျဖးေႏြးလာခဲ့သည္။

ဒါကမဟုတ္ေသးဘူး..

သူပထမဆုံးအသြင္ေျပာင္းစဥ္က ခံစားခ်က္မ်ိဳး က်ိနင္းခံစားလာရသည္။ ထိတ္လန႔္သြားၿပီး ကုတင္ေအာက္မွာ ပုန္းေနလိုက္သည္။ တေျဖးေျဖးႏွင့္ သူ႔ရဲ႕ကိုယ္ကေျပာင္းလဲလာၿပီး လူသားတစ္ေယာက္ျဖစ္လာခဲ့သည္။

ဘာေတြျဖစ္ကုန္တာလဲ?

ေရွ႕ေျခေထာက္ေလးေတြက လက္ဖဝါးေသးေသးေလးေတြ ျဖစ္လာသည္။သူ႔တစ္ကိုယ္လုံးက ကေလးေလးတစ္ေယာက္အသြင္ ေျပာင္းသြားသည္။ က်ိနင္းအံ့ဩသြားၿပီး ေခါင္းထဲမွာအခ်က္ေပးသံေတြမည္လာသည္။

(မင္းရဲ႕ကိုယ္ထဲမွာရွိေနေသးတဲ့ ဟြားခ်န္းေဆးအႂကြင္းအက်န္ေတြက ခ်ီစြမ္းအင္နဲ႔ေတြ႕ၿပီး အစြမ္းျပလာတာ) အနာဂတ္ကေျပာသည္။

(ကံဆိုးလြန္းတာမလား?) က်ိနင္းပူပန္လာသည္ (ဘယ္အခ်ိန္မွာျပန္ေျပာင္းသြားမွာလဲ?)

(ခန႔္မွန္းလို႔မရဘူး အခ်ိန္ကမေသခ်ာဘူး)

ဘာလုပ္ရမလဲ ျပန္မေျပာင္းမခ်င္းကုတင္ေအာက္မွာပုန္းေနရမလား?မျဖစ္ႏိုင္ဘူး ယြင္ေသာင့္နဲ႔တျခားလူေတြလိုက္လာရင္ရွာေတြ႕သြားလိမ့္မယ္။

က်ိနင္းစဥ္းစားေနစဥ္မွာပင္ယြင္ေသာင့္ေမးလာသည္, "ရင္း႐ႊယ္ ဘာျဖစ္လို႔လဲ? ဘာလို႔ပုန္းေနတာလဲ?"

သားေပါက္ေလးရဲ႕ အေျခအေနကိုၾကည့္ဖို႔ကုတင္ေအာက္ငုံ႔လိုက္စဥ္မွာပဲ အျပင္မွအေစခံမေလးတစ္ေယာက္အသံေပၚလာသည္ "အရွင္ ရွန္းတုၿမိဳ႕အရွင္လာေတြ႕ပါတယ္"

"ဝင္လာခဲ့ပါ"

ရင္ခြၽမ္းခ်ဳံကုတင္ေပၚကို ရႈပ္ေထြးေနေသာ အမူအရာျဖင့္ၾကည့္လိုက္ၿပီးေနာက္ အက်ႌလက္ကိုခါကာ ထြက္သြားသည္။ ယြင္ေသာင့္အနည္းငယ္ တုံ႔ဆုတ္ေနသည္။အျခားသူမ်ားေရွ႕၌ သူမ၏ပုံရိပ္ကိုထိန္းရန္ ၾကမ္းျပင္ေပၚမလွဲခ်လိုက္ဖို႔ ဆုံးျဖတ္လိုက္ၿပီး ေအာက္ဘက္ကိုကုန္းကာ "႐ႊယ္ထြမ္း အဆင္ေျပရဲ႕လား?"

"အဆင္ေျပပါတယ္မမ" ႏူးညံ့ေသာကေလးသံေလး ကုတင္ေအာက္မွ ထြက္ေပၚလာသည္။ "ၾကမ္းျပင္ေပၚမွာေအးၿပီးသက္ေသာင့္သက္သာရွိတယ္ ဒီမွာတေအာင့္ေလာက္ေနခ်င္တယ္"

"ေကာင္းၿပီ ဒါေပမဲ့ ေနာက္ၿပီးရင္ကိုယ့္ဘာသာထြက္လာရမယ္ေနာ္ မမဧည့္သည္နဲ႔စကားသြားေျပာလိုက္ဦးမယ္"

ယြင္ေသာင့္သူမရတနာအိတ္ထဲမွ ပုဝါကိုထုတ္လိုက္ၿပီး မ်က္ႏွာေအာက္ပိုင္းကို ကာလိုက္ၿပီး မ်က္လုံးမ်ားကိုသာ ေဖာ္ထားသည္။သူမ၏စကပ္ကိုျပင္ဆင္လိုက္ၿပီး ရင္ခြၽမ္းခ်ဳံေနာက္မွ လိုက္ကာထြက္သြားသည္။

သူတို႔ထြက္သြားၿပီးေနာက္ ခ်ီ႐ုဝမ္ၾကမ္းျပင္ေပၚကိုလွဲလိုက္ၿပီး ကုတင္ေအာက္ကို လက္ဆန႔္ကာေခၚလိုက္သည္ "သခင္?"

"အဆင္ေျပတယ္႐ုဝမ္ ဒီလိုေလးပဲတေအာင့္ေလာက္ေနခ်င္တယ္..." က်ိနင္းတိုးတိုးေျပာသည္။

"ဟုတ္ကဲ့"

က်ိနင္းအဆင္ေျပသည္ဆိုေတာ့ ခ်ီ႐ုဝမ္ေမးခြန္း ဆက္မထုတ္ေတာ့ေပ။ မတ္တပ္ရပ္လိုက္ၿပီး ကုတင္ေရွ႕ကိုသြားကာသူ၏သခင္ကို ေစာင့္ေရွာက္ေပးေနသည္။

ဘယ္အခ်ိန္မွျပန္ေျပာင္းမွာလဲ...

က်ိနင္းလက္ေခ်ာင္းေလးေတြကို ဆုပ္ကာ ပူပန္စြာေစာင့္ေနမိသည္။ အျပင္မွ အသံသဲ့သဲ့ကိုလည္းၾကားရသည္။ ရွန္းတုၿမိဳ႕အရွင္က ရင္ခြၽမ္းခ်ဳံရွန္းတုၿမိဳ႕အနားကို ေရာက္ေနသည္ကိုသိသည့္အတြက္ သူတို႔အားအထူးတလည္ ဖိတ္ေခၚလိုက္တာျဖစ္သည္။

"ၿမိဳ႕အရွင္ကဖိတ္ေခၚမွေတာ့ ေတြ႕ဆုံရမွာဝမ္းေျမာက္မိပါတယ္" ရင္ခြၽမ္းခ်ဳံကေျပာသည္။

သတင္းပို႔သမားကျပန္ေျဖသည္ "ဒါဆိုအျပင္မွာအရွင္နဲ႔သခင္မေလးကိုေစာင့္ေနပါမယ္"

ရင္ခြၽမ္းခ်ဳံေခါင္းညိမ့္လိုက္ၿပီး သတင္းသမားက ႐ိုေသစြာဦးၫြတ္ၿပီးေနာက္ ထြက္သြားသည္။ အေစခံတစ္စုကအဝတ္အစားလဲကာ လက္ေဆာင္မ်ားကို ျပင္ဆင္ၾကသည္။ရင္ခြၽမ္းခ်ဳံ၊ ယြင္ေသာင့္ႏွင့္အတူလိုက္ပါမည့္ အေစာင့္မ်ားကလည္း စုေဝးလိုက္ၾကသည္။

ယြင္ေသာင့္ကသားေပါက္ေလးကို ေခၚသြားခ်င္ေပမဲ့ ခ်ီ႐ုဝမ္ပါအတူပါလာမွာကို ေတြးမိသည့္အခါ ရွန္းတုၿမိဳ႕အရွင္ႏွင့္သြားေတြ႕မည့္ေနရာကို အေလာင္းႀကီးေခၚသြားတာ မသင့္ေတာ္ဟုထင္ေသာေၾကာင့္ ထိုအႀကံကို လက္ေလွ်ာ့လိုက္သည္။

"ျပန္လာမွာကိုေစာင့္ေနေနာ္ ႐ႊယ္ထြမ္း"

ႏွတ္ဆက္ၿပီးအစားအေသာက္ေတြ အမ်ားႀကီးထားခဲ့ေပးၿပီးေနာက္ ရင္ခြၽမ္းခ်ဳံေနာက္ကို ယြင္ေသာင့္လိုက္သြားသည္။ က်ိနင္းရဲ႕ ပူပန္ေနတဲ့ႏွလုံးသားေလး ေအးခ်မ္းသြားၿပီး ကုတင္ေအာက္မွ တ႐ြတ္တိုက္ထြက္လာသည္၊

ေၾကးနီမွန္ေရွ႕ကိုကုန္းလိုက္ၿပီး သူ႔ပုံစံကို စစ္ေဆးၾကည့္လိုက္သည္။ သူငယ္ငယ္က ပုံစံႏွင့္တေထရာတည္းပင္၊ သို႔ေသာ္ဟြားရွင္းေဆး၏အာနိသင္ေၾကာင့္ သားရဲနား႐ြတ္ေလးႏွင့္ အၿမီးကေတာ့ရွိဆဲပင္။ က်ိနင္းသံသယဝင္စရာမလိုေအာင္ ခ်စ္စရာေကာင္းလြန္းလွသည္၊ သို႔သာ္ သူအလြန္အမင္း စိတ္အေႏွာင့္အယွက္ျဖစ္ရသည္။

ရင္ခြၽမ္းခ်ဳံတစ္ေယာက္တည္းကပဲ ရထားလုံးအဝင္အထြက္ကိုထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ ထြက္ေျပးႏိုင္မဲ့အလားအလာမရွိေပ။သူ႔ခြင့္ျပဳခ်က္မပါ၊ သူ႔ထက္စြမ္းအားႀကီးသူလည္းမရွိပါက အတားအဆီးစြမ္းအင္ကို ဖ်က္စီးဖို႔မျဖစ္ႏိုင္ေပ။

လက္ရွိအေျခအေနအရ က်ိနင္းမွာအခြင့္အေရးေတာင္ ရွိမေနပါ။ ခ်ီ႐ုဝမ္ကအားႀကီးေပမဲ့ ဆက္လက္ၿပီးျပဳျပင္မႈမ်ား မလုပ္ပါက ရင္ခြၽမ္းခ်ဳံကိုေက်ာ္ဖို႔မေျပာႏွင့္ ယွဥ္ေတာင္မယွဥ္ႏိုင္ပါ။

က်ိနင္းဘာမွလုပ္မရေပ။ သူလုပ္ႏိုင္တာႏွစ္ခုပဲရွိသည္ သူသားရဲပုံျပန္မေျပာင္းမခ်င္း ထိုႏွစ္ေယာက္ျပန္မလာဖို႔ဆုေတာင္းရန္ႏွင့္ ဥကၠာခဲတစ္ခုလာမွန္ၿပီး အတားအဆီးပ်က္သြားကာ သူႏွင့္႐ုဝမ္ထြက္သြားနိင္ရန္ ေမွ်ာ္လင့္ဖို႔သာျဖစ္သည္။

မွန္ထဲကပုံစံေၾကာင့္ စိတ္ညစ္ေနသည့္ပုံစံျဖင့္ မွန္ေရွ႕မွာထိုင္ေနမိသည္။ အေတြးေတြထဲ နစ္ျမဳပ္ေနတာေၾကာင့္တစ္စုံတစ္ေယာက္ ခ်ဥ္းကပ္လာတာကို သတိမထားလိုက္မိေပ။

"အယ္ ဟြားရွင္းေဆးကိုေမ့ခဲ့တယ္ ေလာဘႀကီးတဲ့႐ႊယ္ထြမ္းကစားပစ္လိုက္ရင္ ဘယ္လိုလုပ္မလဲ"

ယြင္ေသာင့္က ရင္ခြၽမ္းခ်ဳံရဲ႕ခ်ီစြမ္းအင္ႏွင့္ ျမဳပ္ႏွံထားသည့္ သူမအား ရထားလုံးထဲသို႔ လြတ္လပ္စြာဝင္ထြက္ခြင့္ေပးႏိုင္မည့္ တုံကင္ကိုယူလာလိုက္ၿပီး ကန႔္လန႔္ကာကို ေျမႇာက္ကာ အထဲသို႔ဝင္လာသည္။ မေမွ်ာ္လင့္စြာပဲ အေမြးထူနား႐ြတ္ေလးမ်ားႏွင့္အၿမီးေလးရွိသည့္ ေကာင္ေလးတစ္ေယာက္ရဲ႕ ေက်ာျပင္ကိုျမင္လိုက္ရသည္။

"႐ႊယ္ထြမ္း?" ယြင္ေသာင့္အံ့ဩသြားသည္။ "ဟြားရွင္းေဆးစားလိုက္တာလား?"

သူမဘာလို႔ျပန္လာတာလဲ??

ေကာင္ေလးရဲ႕အၿမီးေလးေတာင့္သြားၿပီး ေကာင္မေလးကျမန္ျမန္ေလွ်ာက္လာသည္၊ ႏွစ္ေယာက္လုံးက စိတ္ပူေနၿပီးေပွ်ာ္႐ႊင္ေနၾကသည္ "ေနမေကာင္းဘူးလား? လာ မမကိုမ်က္ႏွာျပပါဦး"

"ဟင့္အင္း!"

ေကာင္ေလးကလက္ေမာင္းေျမႇာက္ကာ မ်က္ႏွာကိုကာလိုက္ၿပီး အက်ႌလက္ထဲမ်က္ႏွာကို ဖြက္ထားသည္။ ေျမျပင္ေပၚမွာထိုင္ခ်ၿပီးေနာက္ ေအာ္ေတာ့သည္ "မမ မၾကည့္ပါနဲ႔!"

"ဘာလို႔မမမၾကည့္ႏိုင္ရတာလဲ?" ယြင္ေသာင့္ေမးလိုက္သည္ "ခြၽမ္းခ်ဳံကိုအရင္ျမင္ေစခ်င္လို႔လား?"

"မဟုတ္ဘူး အဲ့ဒါက အဲ့ဒါက.." ေကာင္ေလးရဲ႕အသံေလးက ငိုသံအျဖစ္ေျပာင္းသြားၿပီး "ကြၽန္ေတာ္က႐ုပ္ဆိုးလို႔ပါ လူေတြကိုမျမင္ေစခ်င္ဘူး..."

"မဟုတ္တာ ဘယ္လိုလုပ္႐ုပ္ဆိုးရမွာလဲ မမရဲ႕႐ြယ္ထြမ္းကအေခ်ာဆုံးပဲ" ယြင္ေသာင့္ကစိတ္ရွည္ရွည္ႏွင့္ေခ်ာ့သည္ "လာပါ မမကိုျပ"

"ဟင့္အင္း ဟင့္အင္း ဝူးဝူးဝူး တကယ္႐ုပ္ဆိုးလို႔ပါ..."

ေကာင္ေလးရဲ႕ငိုသံက ပိုပိုက်ယ္လာၿပီး မ်က္ရည္ေတြပါထြက္လာသည္။ သူ႔အသံေလးက အလြန္ဝမ္းနည္းေနပုံေပါက္သည္။ယြင္ေသာင့္အေတာ္ပူပန္သြားၿပီး ဆက္တိုက္ေခ်ာ့ေတာ့သည္ "ေကာင္းၿပီေကာင္းၿပီ မမမၾကည့္ေတာ့ဘူး မငိုပါနဲ႔"

"ကြၽန္ေတာ့မ်က္ႏွာကိုကာဖို႔တစ္ခုခုလိုခ်င္တယ္ အဲ့ဒါမွတျခားသူေတြမျမင္မွာ "ေကာင္ေလးကႀကိဳ႕ထိုးရင္းေျပာသည္။

"ရတယ္ မမဒါကိုေပးမယ္"

ယြင္ေသာင့္ကသူမရဲ႕ပုဝါကိုခြၽတ္လိုက္ၿပီး သူမ၏ခ်ီစြမ္းအင္ကိုသုံးကာ ေကာင္ေလးကိုေပးလိုက္သည္။

ေကာင္ေလးကပုဝါကိုျမန္ျမန္ပဲ ႀတိဂံပုံေခါက္ကာ မ်က္ႏွာတစ္ဝက္ကို ကာလိုက္ၿပီး က်န္တဲ့အပိုင္းကို ေခါင္းမွာပတ္ထားလိုက္သည္။ ယြင္ေသာင့္ရဲ႕ပုဝါက နား႐ြတ္ရဲ႕ေနာက္မွာ ဝတ္ရတာျဖစ္ေပမဲ့ က်ိနင္းကတစ္ေခါင္းလုံးကို ပတ္ထားတာေၾကာင့္သူ႔ရဲ႕သားရဲနား႐ြတ္ေလးေတြက အဝတ္စၾကားမွဂ်ိဳေလးေတြလိုေပၚေနသည္။ အရမ္းခ်စ္စရာေကာင္းသည္။

"ေက်းဇူးပါမမ"

ေကာင္ေလးက ေနာက္ဆုံးေတာ့ သူမဘက္ကိုလွည့္ဖို႔ ဆႏၵရွိသြားၿပီး မ်က္လုံးနီေလးမ်ားျဖင့္ ၾကည့္ေနသည္။ရႈိက္ေနတာရပ္သြားေပမဲ့ ခုနငိုထားတာေၾကာင့္ နည္းနည္းေလးရွက္ေနပုံလည္းေပၚသည္။

"မ်က္လုံးေလးေတြကအရမ္းလွတယ္..."

ေကာင္ေလးရဲ႕ ႀကီးမားၿပီးနက္ေမွာင္တဲ့ မ်က္လုံးေတြကို ေတြ႕သည့္အခါ အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ ယြင္ေသာင့္ရင္းႏွီးသလိုခံစားရသည္။ သို႔ေသာ္ဘယ္သူ႔ကိုသတိရမွန္းေတာ့မမွတ္မိေပ "ဒီေလာက္လွတဲ့မ်က္လုံးေလးေတြရွိတာ ဘယ္လို႐ုပ္ဆိုးမွာလဲ?"

"ကြၽန္ေတာ္က႐ုပ္ဆိုးတယ္..."

ေကာင္ေလးကတိုးတိုးေျပာရင္း ပုခုံးေလးေတြက ထပ္ငိုေတာ့မလို တုန္ရင္လာသည္။ ယြင္ေသာင့္ထိုအေတြးေတြကို ဖယ္ထုတ္လိုက္ၿပီး ထပ္မငိုေအာင္ ျမန္ျမန္ႏွစ္သိမ့္လိုက္သည္။ ၿပီးေနာက္ဟြားရွင္းေဆးကိုဖြက္ကာ ျမန္ျမန္ပဲထြက္သြားသည္။

—----------------------------------------------------------------------------------------------------------------------------

သူ႔မာနကို စြန႔္လႊတ္ခဲ့ရတယ္ဆိုရင္ေတာင္ အေျခအေနကိုေျဖရွင္းႏိုင္ခဲ့ၿပီ။

က်ိနင္းခါးသက္စြာေတြးရင္း မ်က္ႏွာကိုကာထားသည့္ ပုဝါျဖင့္နဖူးမွေခြၽးမ်ားကို သုတ္လိုက္သည္။

ယြင္ေသာင့္ကပုဝါအသစ္ကို ဝတ္ကာရထားလုံးထဲသို႔ ျမန္ျမန္ဝင္လာသည္။

ရင္ခြၽမ္းခ်ဳံႏွင့္ ရွန္းတုၿမိဳ႕အရွင္သတင္းပို႔သူက သူမေဘးတဖက္စီမွာ ထိုင္ေနၾကသည္။ သူမအၾကာႀကီးထြက္သြားတာေၾကာင့္ ရင္ခြၽမ္းခ်ဳံကေမးသည္ "ဘာလို႔ၾကာေနတာလဲ?"

"ဟြားရွင္းေဆးကိုဖြင့္လ်က္ႀကီးထားခဲ့တာနဲ႔ရင္း႐ႊယ္မေတာ္တဆစားမိမွာစိုးတာနဲ႔ျမန္ျမန္ျပန္သြားလိုက္တာ"

အျပင္လူရွိေနတာေၾကာင့္ ယြင္ေသာင့္က ရင္ခြၽမ္းခ်ဳံကိုက်က္သေရရွိစြာ တိုးတိုးေျပာသည္။ "ျပန္သြားေတာ့ ရင္း႐ႊယ္ကစားေတာင္စားလိုက္ၿပီ ကြၽန္မအမွားပါ အရွင္အျပစ္ေပးဖို႔ေတာင္းဆိုပါသည္။ ကံေကာင္းစြာနဲ႔ ရင္း႐ႊယ္လူသားအသြင္နဲ႔အႏၲရာယ္ကင္းေနပုပါပဲ..."

ရင္ခြၽမ္းခ်ဳံရပ္သြားၿပီးေမးသည္ "သူဘယ္လိုပုံလဲ?"

"မသိေသးဘူး ရင္း႐ႊယ္ကသူ႔မ်က္ႏွာကိုမျပဘူး" ယြင္ေသာင့္ျပန္ေျဖလိုက္သည္။

ေလထုကေတာင့္တင္းသြားသည္။

အေၾကာင္းျပခ်က္ေၾကာင့္အခ်ိဳ႕ေၾကာင့္ ရွန္းတုၿမိဳ႕အရွင္သတင္းပို႔သူေတာင္ ေငြေရာင္ဆံႏြယ္ႏွင့္ နတ္ဆိုးစီကေလးလံတဲ့ ဖိအားေတြခံစားေနရသည္။ ရွန္းတုၿမိဳ႕အတြက္ မ်က္ႏွာပ်က္မွာစိုး၍သာမဟုတ္ရင္ မိုင္တစ္ရာေလာက္ကို ထြက္ေျပးမိေလာက္သည္။

"ကြၽန္ေတာ့္ကိုေစာင့္ေနေပးပါ, ျမန္ျမန္ျပန္လာပါမယ္"

သတင္းပို႔သူရဲ႕တုံ႔ျပန္မႈကိုေတာင္ မေစာင့္ေတာ့ဘဲ ရင္ခြၽမ္းခ်ဳံေပ်က္ကြယ္သြားသည္။ ယြင္ေသာင့္သူ႔ရဲ႕တုံ႔ျပန္မႈကို နားမလည္ေပမဲ့ ေနာက္ကေန လိုက္သြားသည္။ ေခြၽးသုတ္ကာ သက္ျပင္းရွည္ ခ်ေနတဲ့ သတင္းပို႔သူပဲက်န္ခဲ့သည္။

—----------------------------------------------------------------------------------------------------------------------------

ယြင္ေသာင့္က ႐ုတ္တရက္ႀကီးျပန္လာတာေၾကာင့္ က်ိနင္းသတိထားမႈ ျမင့္တက္ေနသည္။ သူ႔ရဲ႕ပုဝါကို အကုန္မခြၽတ္လိုက္ေသးဘဲ ရထားလုံးအျပင္က လႈပ္ရွားမႈကို ေစာင့္ၾကည့္ေနသည္။

ဒီတစ္ခါေတာ့ ယြင္ေသာင့္ခ်ဥ္းကပ္လာတာကို ျမန္ျမန္ပဲသတိထားမိသြားသည္။ ပိုဆိုးတာက ရင္ခြၽမ္းခ်ဳံပါ အတူပါလာတာပင္။ သူျမန္ျမန္ပဲ ပုဝါကိုတင္းၾကပ္စြာ ခ်ည္ေႏွာင္လိုက္ၿပီး ရင္ခြၽမ္းခ်ဳံ ပုဝါကို သူ႔မ်က္ႏွာကဆြဲမခြၽတ္ေစရန္ ခ်ီ႐ုဝမ္ေနာက္မွာပုန္းေနသည္။

ရင္ခြၽမ္းခ်ဳံအထဲကိုဝင္လာသည့္အခ်ိန္မွာ သူ႔ရဲ႕ေငြေရာင္ဆံႏြယ္ေတြက ဝတ္႐ုံနက္ေပၚမွာ ေတာက္ပေနၾကသည္။ ရထားလုံးထဲကို မ်က္လုံးစူးစူးေတြျဖင့္ ၾကည့္လိုက္ၿပီး ခ်ီ႐ုဝမ္ေနာက္ကေကာင္ေလးကို ေတြ႕သြားသည္။ ခ်ီ႐ုဝမ္ကိုေအးစက္စြာေျပာလိုက္သည္"ေဘးဖယ္"

ခ်ီ႐ုဝမ္ကဓားလက္ကိုင္ေပၚကို လက္တင္လိုက္ၿပီး က်ိနင္းနာက တစ္လက္မမွမခြာေပ။

ယြင္ေသာင့္စိတ္မသက္မသာျဖစ္လာၿပီး ရင္ခြၽမ္းခ်ဳံကိုေျပာသည္, "ခြၽမ္းခ်ဳံဘာျဖစ္ေနတာလဲ? ရင္း႐ႊယ္ေျပာင္းလဲသြားတာကိုၾကည့္ဖို႔စိတ္အားထက္သန္ေနတာလား? သူ႔ကိုတြန္းအားမေပးပါနဲ႔, သူက႐ုပ္ဆိုးတယ္လို႔ေျပာတယ္ ဒီလိုမလုပ္ပါနဲ႔..."

ရင္ခြၽမ္းခ်ဳံကေတာ့တုပ္တုပ္မလႈပ္ပဲ "ရင္း႐ႊယ္ ထြက္လာခဲ့"

"ကြၽန္ေတာ္က႐ုပ္ဆိုးလြန္းတယ္,ခြၽမ္းခ်ဳံ,မၾကည့္ပါနဲ႔..."

ေကာင္ေလးရဲ႕ဆို႔နင့္ေနသည့္အသံက ခ်ီ႐ုဝမ္ေနာက္မွ ထြက္လာသည္။

"မင္းထြက္မလာရင္" ရင္ခြၽမ္းခ်ဳံရဲ႕ ေၾကာက္စရာအရွိန္အဝါေပၚထြက္လာၿပီး ရထားလုံးထဲက ပရိေဘာဂေတြအကုန္ စကၠဴပါးေတြလို အစိတ္စိတ္အမႊာမႊာ ကြဲေၾကကုန္သည္, "အဲ့ဒီ့အေလာင္းကိုသတ္ပစ္မယ္"

"ခြၽမ္းခ်ဳံ!"

ယြင္ေသာင့္သူ႔ရဲ႕သေဘာထားေၾကာင့္ ေၾကာက္လန႔္သြားၿပီး သူ႔ရဲ႕အက်ႌလက္စေတြကို ဆုပ္ထားသည္။သို႔ေသာ္ရင္ခြၽမ္းခ်ဳံကသူမလက္ေတြကို ခါခ်လိုက္သည္။

သူ႔မ်က္လုံးထဲမွာာအ႐ိုင္းဆန္သည့္ အၾကည့္ရွိေနၿပီး သူဘာေၾကာင့္အဲ့ေလာက္စိတ္တိုေနရလည္း ယြင္ေသာင့္နားမလည္ႏိုင္ေပ။ ေကာင္ေလးရဲ႕ပုံစံအစစ္ကို မျမင္ရမခ်င္းမရပ္မည့္ပုံစံျဖင့္ သူမေျပာတာေတြကိုလည္း ဂ႐ုမစိုက္ေတာ့ေပ။

"မလုပ္နဲ႔!"

ေကာင္ေလးကထိတ္လန႔္စြာ အေလာင္းေနာက္က ထြက္လာၿပီးေအာ္သည္။

အေလာင္းကသူ႔ကိုကာကြယ္ဖို႔ လက္ေျမႇာက္လိုက္ၿပီး ေကာင္ေလးကေခါင္းခါကာ ေလာင္းရဲ႕လက္ကိုဖြဖြထိလိုက္သည္။သူ႔မ်က္ႏွာကအဝတ္ျဖင့္အုပ္ထားတုန္းျဖစ္ကာ မ်က္လုံးနီမ်ားသာေပၚေနသည္။

ရင္ခြၽမ္းခ်ဳံကိုထိုမ်က္လုံးမ်ားျဖင့္ၾကည့္ကာေတာင္းပန္သည္။

"ေက်းဇူးျပဳၿပီး မၾကည့္ပါနဲ"

ရထားလုံးထဲမွာလႈပ္ခါေနသည့္ စြမ္းအင္ေတြ ႐ုတ္တရက္ရပ္တန႔္သြားသည္။

႐ုတ္တရက္ဆိုသလို ရင္ခြၽမ္းခ်ဳံက အကုန္လုံးကိုဖ်က္စီးပစ္လိုက္သည့္ ေၾကာက္စရာခ်ီစြမ္းအင္ေတြကို ထိန္းခ်ဳပ္လိုက္သည္။ ပန္းပု႐ုပ္ထုတစ္ခုလို ေတာင့္ေတာင့္ႀကီးရပ္ကာ ေကာင္ေလးကိူစိုက္ၾကည့္ေနသည္။

အၾကာႀကီးေနမွေကာင္ေလးကို ေက်ာေပးကာ ရထားလုံးထဲမွထြက္သြားသည္။

"ဒါဆိုမၾကည့္ေတာ့ဘူး"

"ဒါ.."ယြင္ေသာင့္အံ့ဩၿပီး ေတြေဝသြားသည္။ သူမခ်ီ႐ုဝမ္ရယ္ေကာင္ေလးရယ္ကို တစ္လွည့္ ရင္ခြၽမ္းခ်ဳံကို တစ္လွည့္ ၾကည့္ေနမိသည္။ တေအာင့္ေလာက္တုန႔္ဆိုင္းေနၿပီးမွ အံႀကိတ္ကာ ရင္ခြၽမ္းခ်ဳံေနာက္လိုက္သြားရင္း ရင္း႐ႊယ္ကိုေျပာသည္, "မေၾကာက္နဲ႔ ဘာျဖစ္တာလဲဆိုတာမမေမးၾကည့္လိုက္မယ္"

စိတ္ထဲမွာေမးခြန္းထုတ္ရင္း ေငြေရာင္ဆံႏြယ္ႏွင့္ လူေနာက္ကိုလိုက္သြားသည္။ ရင္ခြၽမ္းခ်ဳံ ဘာလို႔႐ုတ္တရက္ႀကီးအျပင္းအထန္တုန႔္ျပန္ၿပီး၊ ေကာင္ေလးမ်က္ႏွာကိုၾကည့္ၿပီးေနာက္ ခ်က္ခ်င္းႀကီး ဘာလို႔လက္ေလွ်ာ့သြားရလဲဆိုတာ နားမလည္ပါ။ သူဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ?

ရင္ခြၽမ္းခ်ဳံေနာက္ကို စိတ္ဆိုးေနေသာ မ်က္ႏွာျဖင့္ လိုက္သြားေနရင္း သူ႔ရဲ႕အမူအရာေၾကာင့္ ေတာင့္ခဲသြားသည္။

ဘာေၾကာင့္ဆို ခြၽမ္းခ်ဳံရဲ႕ မ်က္လုံးေတြမွာ မ်က္ရည္ေတြျဖင့္ျပည့္ေနသည္ေလ။

"...သူပဲ"

သူကတိုးတိုးေျပာသည္။

"...သူပဲ"

—----------------------------------------------------------------------------------------------------------------------------

ထိုညကရင္ခြၽမ္းခ်ဳံႏွင့္ယြင္ေသာင့္ျပန္မလာခဲ့ပါ။

ယြင္ေသာင့္က အေစာင့္တစ္ေယာက္ကို အရွင္ႏွင့္သခင္မေလးကို ရွန္းတုၿမိဳ႕အရွင္က ေႏြးေထြးစြာႀကိဳဆိုေၾကာင္း က်ိနင္းအားအသိေပးခိုင္းလိုက္သည္။ ရွန္းတုမွာတစ္ညေနမွာျဖစ္ၿပီးေနာက္ေန႔မွာျပန္လာမွာျဖစ္သည္။

က်ိနင္းရႈပ္ပြေနတဲ့ရထားလုံးထဲမွာ ယြင္ေသာင့္ထားခဲ့တဲ့အစားအေသာက္ေတြကို အသိစိတ္မကပ္ဘဲ စားေနမိသည္။

ရင္ခြၽမ္းခ်ဳံထြက္သြားတဲ့ပုံစံကို ျပန္ေတြးရင္း အလြန္အမင္းမသက္မသာခံစားေနရသည္။ သူ႔ကိုျမင္မ်ားျမင္သြားတာမ်ားလား။

သူ႔ရဲ႕စြမ္းအင္အတားအဆီးပြင့္သြားရင္ ျပႆနာမရွိပါဘူး, ခ်ီ႐ုဝမ္ကို ကယ္ဖို႔အခြင့္အေရးရွိေသးသည္။

ခ်ီ႐ုဝမ္ကက်ိဳးသြားတဲ့ကုတင္ေအာက္က ေစာင္ကိုမလိုက္ၿပီးက်ိနင္းနားဖို႔အတြက္ သန႔္ရွင္းေရးလုပ္ေပးေနသည္။ ခ်ီ႐ုဝမ္ရဲ႕ပုခုံးေပၚမွာေကြးေနရင္း က်ိနင္းအိပ္ေပ်ာ္သြားသည္။ ျပန္ႏိုးလာခ်ိန္မွာေတာ့ ေနာက္ထပ္ကမာၻတစ္ခုကို ေရာက္ေနၿပီျဖစ္သည္။

—----------------------------------------------------------------------------------------------------------------------------

ကုခ်န္ကမာၻမွာ ေနာက္ဆုံးရွိေနခ်ိန္၌ သူ႔ရဲ႕ဗီလာဖ်က္ဆီးခံလိုက္ရ၍ က်ိမိသားစုဗီလာကို ေျပာင္းေနခဲ့ရသည္။ ျပန္ႏိုးလာခ်ိန္မွာေန႔လည္ေတာင္ေရာက္ေနၿပီျဖစ္ကာ အၾကာႀကီးအိပ္ထားသည့္အတြက္ ေခါင္းကကိုက္ခဲေနသည္။

ေဆးေၾကာၿပီးေနာက္ ပထမထပ္ကိုဆင္းသြားလိုက္သည္။ေခါင္းကိုပြတ္ရင္း သူ႔မိဘေတြကို အားနည္းစြာႏႈတ္ဆက္လိုက္သည္, "ပါး,မား ေကာင္းေသာေန႔လည္ခင္းပါ..."

"ေကာင္းေသာေန႔လည္ခင္းပါ ေရွာင္နင္း"

သူ႔မိဘေတြက သူတို႔သားရဲ႕ပရမ္းပတာျဖစ္ေနတဲ့ အလုပ္ခ်ိန္နဲ႔နားခ်ိန္အခ်ိန္ဇယားေၾကာင့္ မဆူေပမဲ့ သူ႔ရဲ႕သိသာေနေသာပင္ပန္းေနမႈေၾကာင့္ စိတ္ပူေနၾကသည္။

"ဘာၾကည့္ေနတာလဲ?"

က်ိနင္း နံရံေလာက္ရွိတဲ့ စခရင္ႀကီးကိုၾကည့္ရင္း စေတာ္ဘယ္ရီတစ္လုံးကို ပါးစပ္ထဲထည့္ကာ ေမးလိုက္သည္။ သူ႔ရဲ႕ေအးစက္သည့္ အမူအက်င့္ကို ဒိေနရာမွာေတာ့ ထိန္းထားစရာမလိုပါ။ မူရင္းဝတၳဳထဲ၌ သခင္ေလးက်ိက သူ႔မိသားစုေရွ႕၌ ပို၍သက္ေသာင့္သက္သာရွိေလသည္။

"ျပည္ေထာင္စုသတင္းေတြပါ," သူ႔အေဖကရယ္သည္,"မင္းစိတ္ဝင္စားမွာမဟုတ္ပါဘူး"

တကယ္ေတာ့အဆင္ေျပပါတယ္။ က်ိနင္းစေတာ္ဘယ္ရီစားရင္း ေတြးလိုက္သည္။ ၾကယ္တာရာလမ္းေၾကာင္းအသစ္ ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း တင္ဆက္ေနသည့္ သတင္းကိုၾကည့္ေနလိုက္သည္။

"မၾကာေသးခင္က ဖယ္ဒေရးရွင္းဥကၠဌဟာ ေမာ့လင္းအင္ပါယာရဲ႕ ဧကရာဇ္အိုဇာႏွင့္ေတြ႕ဆုံခဲ့ပါတယ္။ အစည္းအေဝးမွာႏွစ္ဖက္လုံးက ၿဂိဳလ္ႏွစ္ခုၾကားက လမ္းေၾကာင္းႏွင့္ ပတ္သတ္ၿပီးေတာ့ ေဆြးေႏြးခဲ့ၾကပါတယ္..."

သတင္းတင္ဆက္သူစကားေျပာေနစဥ္မွာ စခရင္ေပၚ၌ သက္ဆိုင္ရာဗီဒီယိုတစ္ခုဖြင့္ျပထားသည္။ညီလာခံအစည္းေဝးခန္းရဲ႕ အလယ္မွာထိုင္ေနသူက ဧကရာဇ္အိုဇာျဖစ္ေၾကာင္းသတင္းတင္ဆက္သူကရွင္းျပသည္။

"ေမာ့ဧကရာဇ္ကေတာ္ေတာ္ငယ္ေသးတာပဲ," က်ိနင္းအေမကေျပာသည္," ႏွစ္ဆယ္ေက်ာ္ေလာက္ပဲရွိဦးမယ္ထင္တယ္"

"ႏွစ္ဆယ့္ငါးႏွစ္ပဲရွိေသးတယ္," သူ႔အေဖကလက္ေကာက္ဝတ္မွခလုတ္ကျပထားတဲ့ အခ်က္အလက္ေတြကို ၾကည့္ရင္းေျပာသည္။

"သူကတကယ္ကိုေတာ္တာပဲ, သနားစရာပဲ..."

သူ႔အေမကစခရင္ေပၚမွာျပထားတဲ့ ဧကရာဇ္ကို ေနာင္တအနည္းငယ္ႏွင့္ၾကည့္ရင္းေျပာသည္။ ထိုသူဟာငယ္႐ြယ္ၿပီးေခ်ာေမာသည္။ သူ႔ရဲ႕ပ်ားရည္ေရာင္အသားရည္ႏွင့္လိုက္ဖက္သည့္ အျဖဴေရာင္suitကို ဝတ္ဆင္ထားသည္။ သူ႔မ်က္လုံးေတြဟာ အစိမ္းေရာင္ေရကန္လို၊ ေတာ္ဝင္မ်ိဳးႏြယ္ရဲ႕ဝိေသသလကၡဏာျဖစ္သည္။သူဟာျမင့္ျမတ္သည့္သဘာဝစ႐ိုက္ရွိသည္။

တစ္ခ်ိန္တည္းမွာပဲ ဓာတ္ပုံထဲမွာဝွီးခ်ဲေပၚမွာ မွီရင္းထိုင္ေနသည့္ သူ႔ရဲ႕အၾကည့္က စိတၱဇဆန္ေနၿပီး လူအုပ္ထဲထင္းထြက္ေနသည္။

"အခုေခတ္ ေဆးဘက္ဆိုင္ရာနည္းပညာေတြနဲ႔ေတာင္ သူ႔ရဲ႕ေျခေထာက္ေတြက ျပန္မေကာင္းႏိုင္ေတာ့ဘူး"

ဘုတ္

က်ိနင္းလက္ထဲကအသီးျပဳတ္က်သြားသည္။

Tbc 🐣

Continue Reading

You'll Also Like

3.4M 207K 92
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.8M 300K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
694K 42.3K 46
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.