The Alpha Zone (Completed)

By TaeSoul9597

545K 73.4K 10.9K

Ya Amar = My Moon or My most beautiful (Alpha & Omega) More

Intro
{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23}
{24}
{25}
{26}
{27}
{28}
{29}
{30}
{31}
{32}
{33}
{34}
{ 35 - part 1 }
{35-part 2}
{36}
{ 37 }
{ 39 }
{ 40 }
{ဇာတ်ကောင်များ}
{ 41 }
{ 42 }
{ 43 }
{ 44 }
{ 45 }
{ 46 }
{ 47 }
{ 48 }
{ 49 }
{ 50 }
{ 51 }
{ 52 }
{ 53 }
{ 54 }
{ 55 }
{ 56 }
{ 57 }
{ 58 }
{ 59 }
{ 60 }
{ 61 }
{ 62 }
{ 63 }
{ 64 }
{ 65 }
{ 66 }
{ 67 }
{ 68 }
{ 69 }
{ 70 }
{ 71 }
{ 72 }
{ 73 }
{ 74 }
{ 75 }
{ Final }
Extra

{ 38 }

6.3K 939 194
By TaeSoul9597

"ပါးပါးကဘာလို့ သားတို့နဲ့အတူတူ မနေတာလဲဟင်.."

ညဝတ်အင်္ကျီလဲပြီး ခုတင်ပေါ်၌နေရာယူထားပြီဖြစ်တဲ့ သားက ခပ်လှမ်းလှမ်းရှိ စာအုပ်စင်တွင် ပုံပြင်စာအုပ်အား သိမ်းနေသော ထယ်ယောင်းကိုကြည့်ကာ လှမ်းမေးလေ၏။ဒီလိုမေးခွန်းမျိုးကို အရင်က မမေးဖူးပေမယ့် အခုတော့ ဗြောက အတော်သင့်နားလည်နေပြီမို့ ထယ်ယောင်းပြန်မဖြေလို့မဖြစ်။

"ပါးပါးကအလုပ်တွေအများကြီးရှိလို့လေ....ဗြောလေးက စိတ်မကောင်းဖြစ်နေတာလား....ပါးပါးက သားနဲ့အတူမနေပဲ ပြန်သွားလို့လေ..."

"ဟုတ်ကဲ့... သားမလိမ်ပဲ ပြောရရင် ဝမ်းနည်းပါတယ်..."

ဗြော ရဲ့ ပြန်ဖြေသံကြောင့် ထယ်ယောင်း ရင်ထဲ နင့်ခနဲ။
သူငယ်ငယ်တည်းက အတူတူရှိလာခဲ့တာဆိုတော့လည်း အနည်းနဲ့အများဝမ်းနည်းနေမှာပါပဲ။

"ဖေဖေ သားနားမှာရှိတယ်လေ ဗြောရဲ့.."

"ဒါပေမယ့်လည်း ရွာမှာတုန်းကလိုမျိုး အားလုံး အတူတူနေချင်ပါတယ်....အဲ့ဒီမှာဆို ပါးပါးက အလုပ်တွေရှုပ်နေလည်း ဗြောနဲ့အတူ ကစားပေးတယ်လေ...ပြီးတော့ အခုလိုမျိုး အခြားနေရာမှာ ညမအိပ်ဘူးလေ.."

သားဖြစ်သူရဲ့စကားကြောင့် ထယ်ယောင်းမှာ သက်ပြင်းသာချမိတော့သည်။မြို့ကို ပြန်ပြောင်းလာတယ်ဆိုတာ ဗြောရဲ့ ပညာရေးအတွက်ပါ။
ထယ်ယောင်းအနေနဲ့သာဆိုရင် တစ်သက်လုံး ဇာတ်မြုပ်ပြီးနေချင်ပါသေးသည်။မိမိကြောင့် ထိခိုက်မှုတွေများခဲ့ရပြီး နာကျင်မှုတွေနဲ့ပဲ ကြုံခဲ့ရသည့် ဒီမြို့ပေါ် ပြန်လည်အခြေချဖို့ကို ထယ်ယောင်းအဖို့ မနည်းဆုံးဖြတ်ခဲ့ရသည်သာ။ဒီကို ပြန်ရောက်တာလအနည်းငယ်ပဲ ရှိသေးပေမယ့် သားက ဒီလိုမျိုးထိပြောလာလိမ့်မယ်လို့ မထင်ခဲ့တာအမှန်ပါ။ချန်းက သားရဲ့ အဖေရင်း မဟုတ်ပေမယ့် သားဘက်က ဒီလိုမျိုး အတော်လေးသံယောဇဉ်တွယ်နေတာကို သိရပြန်တော့လည်း ရင်ထဲ မကောင်းလှ။

"ဖေဖေ သား အိပ်တော့မယ်..."

"ဟင်...အော ဟုတ်ပြီ ဖေဖေ့သားလေး...ကောင်းကောင်းအိပ်နော်.....သား အိပ်ပျော်တဲ့ထိ ဖေဖေစောင့်နေပေးမယ်.."

ဗြောရဲ့ ပါးဖောင်းလေးပေါ် ခပ်ဖွဖွနမ်းလိုက်ပြီး ထယ်ယောင်းပြောတော့...

"ရပါတယ် ဖေဖေ....သား တစ်ယောက်တည်း အိပ်တက်ပါတယ်....သားက ငါးနှစ်ပြည့်တော့မှာလေ..."

ငါးနှစ်ပြည့်တော့မှာကို ဆယ့်ငါးနှစ်သားလို ပြောနေတဲ့ ကိုလူလည်လေးကြောင့် ထယ်ယောင်း ပြုံးမိရသည်။

"ဟုတ်ပါပြီ...ငါးနှစ်သား လူပျိုကြီးရေ...ဖေဖေ သွားပါ့မယ်..."

သားက ပါးချိုင့်လေးထင်းအောင်ရယ်ပြကာ ကုန်းထလာပြီး ထယ်ယောင်းရဲ့ပါးပေါ်သို့ သူ၏ နှုတ်ခမ်းပါးလေးကို စုချွန်လျက် အသံမြည်သည်အထိ နမ်းကာ..

"ကောင်းသောညပါ ဗြောရဲ့ ဖေဖေ..."

"ကောင်းသောညပါ ဖေဖေရဲ့ ဗြော.."
.
.
.
.
.
.
ဗြောကို သိပ်ပြီးနောက် မိမိအခန်းထဲ ဝင်လာလိုက်တော့ အခန်းငယ်က တိတ်ဆိတ်စွာ ကြိုဆိုနေ၏။
အိပ်ယာမဝင်မိသေးပဲ ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ကိုကြည့်မိတော့ လေအေးအေးက ထယ်ယောင်းမျက်နှာပေါ်ကို ရှပ်ပြေးကာ နှုတ်ဆက်သည်။
ကောင်းကင်မှာ လမင်းမရှိ။သို့ပေမယ့် ကြယ်လေးတွေ ဟိုတစ်စဒီတစ်စ လင်းနေတာကိုငေးကာ ထယ်ယောင်းရဲ့အတွေးတွေမှာလည်း သူ့အကြောင်းကို အစဖော်ကာ တွေးနေမိ၏။

မတွေးချင်ရင်တောင် အတွေးထဲ စိုးမိုးထားတဲ့ သူ့ကို ဘယ်လိုမှ အစားထိုးမရနိုင်ခဲ့ပါ။ပထမဆုံးနဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့ သူ့ရဲ့ wolf ကို ထယ်ယောင်း မကြာခနအိမ်မက်ထဲတွေ့ရတက်သည်။
‌အရာအားလုံးက လှပတယ်ထင်ခဲ့ရပေမယ့် တကယ်တမ်းကျ ဒဏ်ရာဒဏ်ချက်တွေနဲ့ အထီးကျန်ခဲ့ရ၏။

မမှီတဲ့ပန်းကို တုံးခုလှမ်းခဲ့လို့ ထင်ပါတယ်။ထယ်ယောင်းကို ကံကြမ္မာကဒဏ်ခတ်ခဲ့တာ...
လမင်း မရှိတဲ့ ကောင်းကင်ဟာ အကျည်းတန်သလိုမျိုး သူမရှိတော့တဲ့ ထယ်ယောင်း ဘဝကလည်း ဦးတည်ရာမဲ့ လှေငယ်ပမာ...
ဒါပေမယ့်လေ ပြန်မလိုချင်တော့ပါဘူး။
သူ့နားမှာ ကျွန်တော် ဆက်ရှိနေရင် အဆင်ပြေတာတွေ တစ်ခုမှဖြစ်လာမှာမဟုတ်ဘူး။

ပြီးတော့ ချစ်ရသလောက် မုန်းပါတယ်။
ကတိတွေကိုမတည်ခဲ့လို့၊လိမ်ညာခဲ့လို့ သူ့ကို မုန်းပါတယ်။

ဟန်ဗြောကို မြင်တိုင်း နှလုံးသားထဲက နာသည်။ပိုပြီး လွမ်းစရာကောင်းအောင် သားက သူနဲ့အတော်လေးတူ၏။မျက်လုံး ဝိုင်းဝိုင်းလေး၊ပါးချိုင့်သေးသေးလေးကနေဇွတ်တရွတ် ခေါင်းမာပုံတွေအထိ ဂျွန်ဂျောင်ဂု ပုံတူပန်းပုထုထားသည့်အတိုင်း တစ်ထေရာတည်း တူပါသည်။

ပထမဆုံးမွေးတဲ့ ကလေးကို ဟန်ဗြောလို့ ပေးမယ်လို့ တွေးခဲ့တဲ့ စိတ်ကူးကလေးကိုလည်း ထယ်ယောင်း မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။
မင်းက ကတိမတည်ပေမယ့် ငါက အရာအားလုံးမှာ ကတိတည်ခဲ့ပါတယ်။
မင်းလည်း အခုလောက်ဆို ချစ်စရာ ကလေးလေးတွေမွေးပြီး မိသားစုတွေနဲ့ပျော်နေရောပေါ့။

ပျော်နေစမ်းပါ ဂျွန်ဂျောင်ဂု။
မင်းကို မုန်းလိုက်နိုင်ဖို့ သေချာပေါက် ပျော်ရွှင်နေပါ။ဒါမှ ငါမင်းကို စိတ်နာကျည်းနိုင်မှာ...

ထိုသို့တွေးလိုက်တာတောင် မျက်ရည်စက်အချို့က ပါးပြင်ပေါ်ပေါက်ခနဲ....ထယ်‌ယောင်း ကိုယ့်ကိုကိုယ်ပဲ ကျိန်ဆဲလိုက်မိသည်။
အတွေးနဲ့တောင် မျက်ရည်ကျ‌နေတာကို.....အဲ့ဒါနဲ့များ မေ့ပစ်မယ်တဲ့။
ငါးနှစ်လုံးလုံး အရှက်မရှိကြွေးကြော်နေသေး။
.
.
.
.
.
.
.
.
.
.
"ဟင့်... ဦးဦးဂျောင်ဂု...!"

ဂျောင်ဂု တစ်ယောက် ကျောင်းခန်းရှေ့ခြေချမိမိချင်းမှာပဲ ငိုကြီးချက်မနဲ့ပြေးလာတဲ့ တူမဖြစ်သူကြောင့် ပွေ့ချီလိုက်ရင်း...

"အွန်းချယ်.....ထိခိုက်မိသွားတယ်ဆို ပြပါဦး..."

အွန်းချယ်က ငိုရင်းနဲ့ သူ့ရဲ့ နဖူးပေါ်ကို လက်ညိုးထိုးပြကာ...

"နာတယ်....အူးးဝါးးးး အားကြီးနာတယ်....သူ လုပ်လိုက်တာ.."

အွန်းချယ်နဖူးပြေပြေလေးပေါ်မှာ ထိခိုက်မိထားသည်က ငုံးဥအရွယ်လောက်ရှိတဲ့ ဆောင့်မိထားတဲ့အရာပါ။
ဖြစ်ခါစမို့အနည်းငယ်ဖူးယောင်နေ၏။

"ဥုံဖွ.....ဥုံဖွ အွန်းချယ်....ဒါက မကြာခင်ပျောက်သွားမှာပါ..."

"အီးဟီးးးဒါပေမယ့် နာတယ်လေ....အွန်းချယ် နဖူးပေါ် အညိုမဲစွဲသွားတော့မှာကို...သူ့ကို မကျေနပ်ဘူး....ဝူးးး"

"တိတ်ပါ....တိတ်ပါ အွန်းချယ်....ခနနေ မေမေလာလိမ့်မယ်....မငိုနဲ့တော့..."

အွန်းချယ်ကို ချော့မော့နေရင်း မကြာခင် မမငယ် ရောက်လာခဲ့သည်။ ကျောင်းမှာ ထိခိုက်မိသွားတယ်ဆိုပြီး မမငယ်က ဂျောင်ဂုကို ဖုန်းဆက်ပြောပြခဲ့တာဖြစ်ပြီး သူမထက် ဂျောင်ဂုက  ကျောင်းနဲ့ပိုနီးတာမို့ အရင်ဆုံးသွားကြည့်ခိုင်းခဲ့တာဖြစ်၏။
အွန်းချယ်အဖေက လတ်တလောမှာ ခရီးထွက်နေရတာမို့ အရေးကြောင်းဆို သူမမှာ ဂျောင်ဂုကို အားကိုးရသည်သာ။

"‌မေမေ....အွန်းချယ်ကို နာနာဖြစ်အောင် သူ လုပ်တာ..."

အငိုတိတ်သွားတဲ့ အွန်းချယ်က အခန်းထောင့်၌ရပ်နေသည့် ကလေးလေးကို လက်ညိုးထိုးကာ ပြသည်။
ဟယ်ရင်းလည်း အွန်းချယ်အတန်းထဲ တစ်ခါမှမမြင်ဖူးတဲ့ ကလေးမို့..

"သူက ကျောင်းသားအသစ်လား သမီး..."

"ဟုတ်...သူ့နာမည်ကလည်း ဟန်ဗြောပဲ...သမီး သူငယ်ချင်းနာမည်နဲ့တူတူပဲ...
သူက သမီးကို တွန်းတာ...အဲ့ဒါကြောင့် သမီးချော်လဲပြီး ခုံနဲ့ဆောင့်မိလို့ နဖူးနာသွားတာ...အင့်"

"တောင်းပန်ပါတယ် အစ်မရယ်....ကလေးချင်း အမှတ်တမဲ့‌တွန်းမိရင်း ဖြစ်သွားပုံပါပဲ....အွန်းချယ်က မတိတ်ပဲ အရမ်းငိုနေလို့ အခုလို ခေါ်လိုက်ရတာပါ..."

ထပ်မံငိုဖို့ အစပျိုးနေတဲ့ အွန်းချယ်ကြောင့် အတန်းပိုင်ဆရာမက ပြေရာပြေကြောင်း ဝင်ပြောပြနေသည်။
ဂျောင်ဂုမှာ ရပ်နေတဲ့ ထိုကလေးကို ကြည့်မိတော့ တိုက်တိုက်ဆိုင်ဆိုင် ဟိုနေ့က ရေခဲမုန့်ဆိုင်၌ ဆုံထားတဲ့ ကလေးဖြစ်နေတာမို့ ဂျောင်ဂု အနားကပ်သွားလိုက်သည်။

"ဦးဦးကို မှတ်မိလား ဟန်‌ဗြော.."

ဂျောင်ဂုကို တစ်ချက်ကြည့်ပြီးနောက် အသာယာခေါင်းငြိမ့်ပြကာ..

"ရေခဲမုန့်ဆိုင်မှာ ဝင်တိုက်မိတဲ့ ဦးဦးပါ..."

"သားက တော်လိုက်တာ....မှတ်မိ‌ နေတာပဲ...ဦးဦးက အွန်းချယ်ရဲ့ ဦးလေးပါ.....သားက အွန်းချယ်ကို တွန်းလိုက်တယ်လို့ အွန်းချယ်က ပြောတယ်...အဲ့ဒါ ဘာကြောင့်ဖြစ်တယ်ဆိုတာ ဦးဦးကို ပြောပြပေးနိုင်မလား....သားကို ဆူဖို့မဟုတ်ပါဘူး...ဦးဦးက အမှန်တိုင်းသိချင်လို့ပါ.."

ကလေးမလန့်သွားစေရန် ဂျောင်ဂု လေသံအေးဖြင့် ချော့ကာမေးတော့ ထိုကလေးက ဂျောင်ဂုကို ကျော်ကာ အွန်းချယ်နဲ့သူ့အမေကို တစ်ချက်ကြည့်သည်။
ပြီးတော့  ဂျောင်ဂုကို ပြန်ကြည့်ပြီး အသံလေးတုန်စွာနဲ့တစ်လုံးချင်း သေချာပြောပြလာခဲ့သည်။

"သား တောင်းပန်ပါတယ် ဦးဦး...အွန်းချယ်ကို သား တွန်းလိုက်တာပါ..."

"အင်း...ဦးဦး သိပြီးပါပြီ....ဘာကြောင့် တွန်းလိုက်တယ်ဆိုတာရော ပြောပြပေးလို့ရမလား..."

"အွန်းချယ်က  သားမှာ အမေမရှိလို့ ငါတို့နဲ့မတူဘူးလို့ပြောပါတယ်....သူနဲ့အတူ အတန်းထဲကသူငယ်ချင်းတွေကလည်း သားကို ဝိုင်းရယ်ကြပါတယ်။သားကလည်း အမေ မရှိတာဟုတ်ပေမယ့် အဖေနှစ်ယောက်ရှိတာမို့ နင်တို့နဲ့အတူတူပဲလို့ ပြန်ပြောခဲ့ပါတယ်....ဒါကို သူက လက်မခံပဲ သားကို မတူဘူး ထပ်ငြင်းပါတယ်....သားကလည်း တူတယ်လို့ ပြန်ငြင်းတာကို သူက မဟုတ်ဘူးတဲ့...မိသားစုဆိုတာ အဖေရယ်၊အမေရယ် ရှိမှ ဖြစ်တာတဲ့....နင့်မှာ အဖေနှစ်ယောက်ပဲရှိတာက ‌မွေးစားထားလို့ဖြစ်မှာပေါ့ဆိုပြီး ဆက်ပြောပါတယ်....အဲ့ဒါကြောင့် သားစိတ်တိုပြီး တွန်းလိုက်မိတာပါ...သား အရမ်းဝမ်းနည်းပါတယ်....အဲ့ဒါကြောင့်ပါ ဦးဦး...တောင်းပန်ပါတယ်....မှားသွားပါတယ်...အီးးဟီးးးးးး"

စကားအဆုံး ဝမ်းနည်းသွားတဲ့ ဟန်ဗြောက ရှိုက်ကြီးတငင် ငိုတော့တာမို့ ဂျောင်ဂုရင်ခွင်ထဲ ထည့်ဖက်ထားလိုက်ကာ...

"မငိုပါနဲ့ ဒါ သားရဲ့ အမှားမဟုတ်ပါဘူး....သားက စိတ်မကောင်းဖြစ်သွားတာကိုး...တိတ်ပါ...တိတ်ပါ....ဦးဦးကလည်း အွန်းချယ်အစား တောင်းပန်ပါတယ်နော်.."

ဟန်ဗြောငိုနေတာကိုကြည့်ပြီးနောက် မမငယ် ရင်ခွင်ထဲက အွန်းချယ်ဟာလည်း အတူတူလိုက်ငိုတော့သည်။
ကလေးနှစ်ယောက်လုံး ပြိုင်တူငိုနေတော့ ဟယ်ရင်းရောဂျောင်ဂုမှာပါ ကိုယ်စီချော့ရတော့သည်။
ဖြူဖြူစင်စင်ကလေးတွေမို့ ဘာကိုမှ ဟန်မဆောင်တက်တာကပဲ ချစ်စရာကောင်းလွန်းတယ် မဟုတ်လား။
.
.
.
.
.
.
.
.
.
"ဒါဆို ဦးဦးက သားကို စိတ်မဆိုးဘူးလားဟင်..."

"အွန်ဟွန်....ဦးဦးက ဘာလို့ စိတ်ဆိုးရမှာလဲ..."

"သားက အွန်းချယ်ကို ထိခိုက်မိအောင် လုပ်လိုက်မိတယ်မဟုတ်လား...ချစ်ရတဲ့သူတွေ ထိခိုက်မိရင် လူတိုင်းက စိတ်ဆိုးတက်ကြတယ်လေ...သားဆိုလည်း သားရဲ့ခွေးလေးကို သူများကရိုက်တဲ့အခါ စိတ်ဆိုးမိတာမို့ပါ..."

ဒီကလေးက အရမ်းကို စကားတက်သည်။သူ့အရွယ်လေးနဲ့မလိုက်အောင်ကို အချက်ကျကျပြောတက်နေတာ..

"အမှားဆိုတာ လူတိုင်းလုပ်မိကြတာမို့ အမှားပြင်ဖို့ ခွင့်လွှတ်ပေးရတာလည်းလုပ်သင့်တယ် ဟန်ဗြောရဲ့..."

ဟန်ဗြောက ခေါင်းတစ်ချက်ငြိမ့်ပြီး ‌အအေးဘူးလေးကိုစုပ်ရင်း ‌ခြေထောက်လေးတွေကို ဘယ်ညာယိမ်းလျက် လှုတ်ခတ်ကာ ဆော့ကစား‌နေခဲ့သည်။
အွန်းချယ်ကို အိမ်သို့ပြန်ခေါ်သွားပြီဆိုပေမယ့် အများကြီးငိုထားတဲ့ ဒီကလေးလေးကိုတော့ ထားခဲ့ဖို့ ဂျောင်ဂုစိတ်မအေးနိုင်။ကျောင်းဆင်းချိန်သိပ်မလိုတော့တာမို့ သူ့မိဘတွေလာတဲ့အထိစောင့်ပြီး ဒီနေ့ကိစ္စကို အကျိုးကြောင်းပြောပြဖို့ တွေးထားမိသည်။

"ဦးဦး....မိသားစုဆိုတာ တကယ်ပဲ အဖေနဲ့အမေနဲ့ ရှိမှ ဖြစ်တာလားဟင်.."

တွေးဆဆလေးမေးလာပုံက အွန်းချယ်ရဲ့စကားကိုသူအခုထိ စိတ်ထိခိုက်နေတုန်းပဲ ထင်ပါရဲ့။

"မဟုတ်ဘူး....ချစ်ရတဲ့သူတွေအချင်းချင်း အတူတူရှိနေပြီး စိတ်ချင်းနားလည်နေရင် မိသားစုပါပဲ....အဖေနဲ့အမေလည်း ရှိတာလည်း မိသားစု ဖြစ်သလို အဖေနှစ်ယောက်ရှိတာလည်း မိသားစုပဲပေါ့...ဒါကြောင့် ဟန်ဗြောလေးက ဝမ်းမနည်းရဘူးနော်..."

"သားရဲ့ ဖေဖေကလည်း အဲ့လိုပဲပြောပါတယ်....ဦးဦးကလည်း အတူတူပဲပြောတယ်ဆိုတော့ အမှန်ပဲထင်ပါတယ်...သား ဝမ်းမနည်းတော့ပါဘူး ဦးဦး..."

"တော်တယ်...ဟန်ဗြောလေး.."

ထိုနာမည်လေးခေါ်တိုင်း ဂျောင်ဂု နှလုံးသားထဲ နွေးခနဲဖြစ်ရသည်။
ကျွန်တော်နဲ့ထယ်ယောင်း အိမ်မက်မက်ဖူးတဲ့ လောကသစ်ထဲက ပထမဆုံးကလေးလေးရဲ့ နာမည်မဟုတ်လား။

နှစ်ယောက်သားမဝေးခဲ့ရင် သိပ်ကောင်းမှာပဲကို။ဒီလိုမျိုး ချစ်စရာကောင်းတဲ့သားလေးကို မွေးပြီးတူတူ ပျိုးထောင်နေရမှာပဲကို။အခုတော့ ဘယ်များရောက်နေလဲ အချစ်ရေ။

"မငိုပါနဲ့ ဦးဦး..."

ထယ်ယောင်း အကြောင်းတွေးတိုင်း ကျလာတက်တဲ့ မျက်ရည်တွေက အရင်နေ့တွေကအတိုင်း မပြောင်းလဲစွာ ကျလာပြန်တော့ ဟန်ဗြောက ခုံတန်း‌ပေါ်ထရပ်ရင်း သူ၏ လက်သေးသေးလေးဖြင့် သုတ်ပေးလာသည်။

"ကျေးဇူးပါပဲ ဟန်ဗြော.."

"ဦးဦးမှာ ဝမ်းနည်းစရာရှိလို့လား?"

"ဟင့်အင်း....လေတိုက်‌တော့ မျက်လုံးထဲဖုန်ဝင်လို့ပါ..."

"လိမ်နေတာ မဟုတ်လား...ဖေဖေလည်း အဲ့လိုအမြဲပြောတာပဲ...ဒါပေမယ့် လေလည်းမတိုက်တဲ့ အခန်းထဲမှာ ဖုန်ကဘယ်လိုလုပ်ဝင်မှာလဲ...ငိုနေတာပဲကို...ဖေဖေငိုရင် ဟန်ဗြော ဝမ်းနည်းတယ်..ဦးဦးလည်း မငိုပါနဲ့...ဦးဦးကိုလည်း သားချစ်တာမို့ ဝမ်းနည်းလို့ပါ"

"သိပါပြီ...မငိုတော့ဘူးနော်.."

ဂျောင်ဂု ထိုကလေးကို ပွေ့ဖက်ရင်း ပါးဖောင်းလေးကိုပါ နမ်းပစ်လိုက်သည်။
ကလေးပေါင်ဒါနံ့လေးက သင်းစွာ..
ထိုစဉ် လှမ်းခေါ်လိုက်သည့် အသံတစ်သံ...

"ကင်မ်ဟန်ဗြော..."

အသံလာရာဆီပြိုင်တူလှည့်ကြည့်မိကြပြီးနောက် ဟန်ဗြောက ပြုံးရွှင်စွာဖြင့် ခုံပေါ်ကဆင်းကာ ပြေးသွားသည်...။

"ဖေဖေ..!!"

ဂျောင်ဂုမှာတော့ အံ့ဩမှင်သက်မှုတွေနဲ့ မတ်တပ်ရပ်ဖို့တောင်မနည်းအားယူလိုက်ရ၏။

"ထယ်...ထယ် ယောင်း..!"

ဆို့နင့်ကြေကွဲစွာ ခေါ်လိုက်မိတဲ့ နာမည်နောက် ရင်ဆိုင်လိုက်ရသည်က စိမ်းသက်နေသည့် အကြည့်များပါနေသော မျက်လုံးပြာကလေးများကိုသာ။

ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

31.10.2023 Tuesday
TaeSoul 9597
Borahae 💜









"ဖေဖေ သား အိပ်တော့မယ်..."








.
.
.
.
.
.







.
.
.
.
.
.
.
.
.
.
"ဟင့်... ဦးဦးဂျောင်ဂု...!"






"ဉုံဖွ.....ဉုံဖွ အွန်းချယ်....ဒါက မကြာခင်ပျောက်သွားမှာပါ..."




















.
.
.
.
.
.
.
.
.










"တော်တယ်...ဟန်ဗြောလေး.."



"မငိုပါနဲ့ ဦးဦး..."


"ကျေးဇူးပါပဲ ဟန်ဗြော.."






"ကင်မ်ဟန်ဗြော..."


"ဖေဖေ..!!"


"ထယ်...ထယ် ယောင်း..!"



31.10.2023 Tuesday
TaeSoul 9597
Borahae 💜








Continue Reading

You'll Also Like

24.8K 2.7K 27
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မောင်တို့အခက်ခဲရှိရင်တောင် ကျော်ဖြစ်ကြမယ် ဂျွန်ငယ် ။ ဒီတော့မောင့်လက်ကိုသာ မြဲအောင်ဆုပ်ကိုင်ထားပေးပါ ။...
9.9K 814 5
Falling very slowly HeeJake
106K 6.3K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
116K 11.1K 33
Top _Taehyung🖤 bottom_ Jung kook 🖤 ( Include the warning)🖤 Both Zawji and unicode