187 01
အပိုင်း ၁၈၇
ယဲ့ကျန်းက ယခင်ကလည်း အကြီးဆုံးသခင်မလုနှင့်ဆုံဖူးသည်။ ကိစ္စအချို့ ပါဝင်ပတ်သက်နေပြီး အမာရွတ်လိုမျိုး စိတ်တွင် ထင်ကျန်ရစ်နေလောက်အောင် ထိုတွေ့ဆုံမှုထဲမှ တစ်ခုဟာ ကောင်းမွန်နေခြင်းမရှိပေ။ ထို့ကြောင့် သူမအနေနှင့် တတိယအိမ်တော်စုထံသို့ အကြီးဆုံးသခင်မလုဟာ ရန်ငြှိုးနက်ရှိုင်းစွာရှိကြောင်း သတိထားမိခဲ့သည်။ အရေးကြီးသောကိစ္စကြောင့်သာမဟုတ်လျှင် သူမဟာ ဖေးရှီထံ ဘယ်သောအခါမှ လာရောက်လည်ပတ်လိမ့်မည်မဟုတ်ချေ။
သေချာနေသောကိစ္စတစ်ခုဟာ တစ်စုံတစ်ယောက်ဟာ သခင်မလုကို ပြောခဲ့လောက်လေသည်။ သူမ စိတ်ကျေနပ်သလိုမျိုး သွားလာလှုပ်ရှားနိုင်စွမ်းမရှိမည်ကို သူမက ထိတ်လန့်နေခဲ့သည်။ မိသားစုညစာပွဲများဟာလည်း သက်သေပြမှုများ ဖြစ်ခဲ့သည်။ သူမဟာ အမြဲတစေဖျားနာမှုကြောင့် လူအများရှေ့ ပေါ်ထွက်မလာခဲ့သည်မှာလည်း ကြာလှပြီဖြစ်သည်။
ဒါဆိုရင် ဘာကိုဖုံးကွယ်ထားတာလဲ၊ ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး၊ လုလင်ကျစ်က ထွက်ခွာသွားတဲ့ ဒီလိုအခြေအနေမျိုးမှာ သခင်မလုက မိသားစုကို တည်ရှိမှုပြလာတယ်။
အခြေအနေအလှည့်အပြောင်းများဟာ တိုက်ဆိုင်မှုမဟုတ်ကြောင်း ယဲ့ကျန်းက နားလည်နေသည်။ လုဝူရွှမ်းနှင့်ပတ်သက်နေလောက်သည်။
သခင်မလုက ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ၊ ဘာလို့မိသားစုကိစ္စတွေကို ကိုင်တွယ်ချင်လာတာလဲ။ အများဆုံးအနေနဲ့ ဘာလို့ ငါ့အကြောင်းကို လာမေးနေတာလဲ၊ သူ ဘာလုပ်ချင်နေတာလဲ။
ယခုအချိန်အထိ လုကျင်းဟာ ယဲ့ကျန်းကို မျက်စိထောင့်ထောက်ကြည့်နေသည်။ သူမ၏မျက်နှာတွင် မည်သည့်အပြောင်းအလဲကိုမျှ မမြင်ရသောအခါ ထပ်ပြောပြလာသည်။
"တတိယအစ်မ အကြီးဆုံးသခင်မလုက တတိယဒေါ်လေးကို ဘာမေးတယ်လို့ ထင်လဲ"
ယဲ့ကျန်းက ညင်သာစွာပြုံးသည်။
"တို့က ဘယ်လိုသိမှာလဲ စတုတ္ထညီမ တို့က အိမ်တော်ကိုမပြန်တာ နှစ်ရက်တောင်ကြာခဲ့ပြီ"
နှစ်ရက်ပဲရှိသေးတယ်၊ လုဝူရွှမ်းက သူ့အမေကို တစ်ခုခုပြောလိုက်ပြီထင်တယ်။
"ညီမကြားထားတဲ့အတိုင်းဆိုရင်တော့ အကြီးဆုံးသခင်မလုက အဖွားကို အိမ်တော်ရဲ့ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်ပြီလို့ပြောတာပဲ"
လုကျင်းက ထိုသို့ပြောလိုက်သည်။ သူမ၏ပါးလေးကပင် နီရဲသွားလေသည်။
အိမ်တော်ရဲ့ကိစ္စတွေကို စီမံခန့်ခွဲဖို့အဆင်သင့်ဖြစ်ပြီဟုတ်လား၊ သေချာပေါက်ကို လက်ထပ်ပွဲနဲ့ ပတ်သက်နေတယ်။
ယဲ့ကျန်း၏အပြုံးက အေးစက်သွားသည်။ လုဝူရွှမ်း၏ ကိုင်တွယ်သည့် နည်းလမ်းများကို သူမထက်မည်သူမျှပိုမသိနိုင်ပေ။ လုလင်ကျစ်က သူမကို မကူညီသောအခါ အခြားလူတစ်ယောက်ကို သွားရှာခြင်းဖြစ်လောက်သည်။ လုမိသားစုက မည်သူက သူမအပေါ် အရက်စက်ဆုံးဖြစ်ကြောင်း သိသာလေသည်။ သဘာဝကျကျပင် သူမက တစ်စုံတစ်ယောက်ကို အကူအညီတောင်းခံလျှင် ထိုသူဟာ သေချာပေါက် သူမ၏မိခင်ဖြစ်နေပေလောက်မည်။
"စတုတ္ထညီမ အကြီးဆုံးသခင်မလုက အချိန်အတန်ကြာ ဖျားနာနေခဲ့တာ၊ အဖွားက ရုတ်တရက်ကြီး အိမ်တော်၏စီမံခန့်ခွဲမှုတွေအားလုံးကို ဘယ်လိုအပ်မှာလဲ"
ယဲ့ကျန်းက လုကျင်းကိုကြည့်ပြီး ဖျော့တော့စွာပြုံးလိုက်သည်။
"ဒါ့အပြင် ကိစ္စက တတိယအစ်မနဲ့ပတ်သက်နေတာဆိုတော့ အိမ်ပြန်ပြီး သွားမကြည့်ချင်ဘူးလား"
လုကျင်းကမေးသည်။
သခင်မလုကသာ မိသားစုကိစ္စများကို ကိုင်တွယ်လိုက်လျှင် ပထမဦးဆုံး ခံစားရမည်မှာ တတိယအိမ်တော်ခွဲဖြစ်သည်။ အကြီးဆုံးသခင်မလုက လုယောင်ယောင်၏မိသားစုကို ကိုင်တွယ်ဖြေရှင်းလောက်သည်။
ယဲ့ကျန်းက တည်ငြိမ်စွာဖြင့်ပြန်ဖြေသည်။
"စတုတ္ထညီမ ဒီလိုလာပြောပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့် ဒီကိစ္စဟာ အလျင်လိုနေတာလည်းမဟုတ်သလို တို့အနေနဲ့လည်း အလျင်စလိုပြန်ဖို့ လိုအပ်တယ်လို့မထင်ဘူး"
လုကျင်းကယဲ့ကျန်းကို ဂရုတစိုက်ကြည့်သည်။ သူမ မျှော်လင့်ထားသလို အပြောင်းအလဲမရှိသည့်အခါ အနည်းငယ်စိုးရိမ်လာပြီးနောက် ပြောလိုက်သည်။
"ကြည့်ရတာ ငါက ပြောသင့်တာအားလုံးပြောပြီးပြီ ဒီတော့ နောက်ပိုင်းကိစ္စတွေကတော့ ငါနဲ့မသက်ဆိုင်တော့ဘူး"
"တို့က ဒီလိုဆိုလိုတာမဟုတ်ပါဘူး"
ယဲ့ကျန်းက အပြုံးနှင့်ငြင်းသော်လည်း ဆက်ပြောလိုက်သေးသည်။
"စတုတ္ထညီမ ဘာကိုလိုချင်တယ်ဆိုတာ တို့သိတယ်"
187 02
ယဲ့ကျန်းက အေးစက်စွာနှာခေါင်းရှုံ့သည်။ သူမဟာ အထူးတလည် သည်နေရာသို့လာပြီး လုယောင်ယောင်ကို ထိုအကြောင်းအရာကို လာပြောခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ဟာ မကောင်းသောအကြံရှိနေသည့်အတိုင်း ကြင်နာသော အပြုံးအောက်တွင် သိုးအရေကို ခြုံထားခြင်းဖြစ်ရပေမည်။ ရိုးသားသောစကားများ ပြောနေသော်လည်း သူမဟာ စိုးရိမ်ခြင်းမရှိလောက်ချေ။ အရာအားလုံးဟာ လုယောင်ယောင် စံအိမ်သို့ပြန်ပြီး အကန်ထုတ်ခံရရန်သာ မျှော်လင့်နေခြင်းဖြစ်သည်။ ထိုတွေးတောမှုအတိုင်းဖြစ်လာလျှင် အကြီးဆုံးသခင်မကို ရန်စပြီးသား ဖြစ်သွားပေလိမ့်မည်။ ပြောရန်မလိုလောက်အောင် ထိုကိစ္စဟာ မိသားစုအတွင်းတွင် သူမ၏ဂုဏ်သိက္ခာကိုလည်း ပျက်စီးစေနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သူမ၏အကြံက အလွန်ကောင်းသည်။ သို့သော် ငါးစာကို မဟပ်လာချေ။
"ဒီလိုဆိုမှတော့ ငါ ပြန်တော့မယ်"
လုကျင်းက စိတ်တိုစွာဖြင့် ချက်ချင်းထရပ်ပြီးနောက် တံခါးသို့လျှောက်သွားသည်။ သူမ၏ပုံရိပ်က အပြည့်အဝမပျောက်သွားခင်မှာပင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ယဲ့ကျန်းကို လှည့်ကြည့်သည်။
ထို့နောက် နှာခေါင်းရှုံ့ပြီးပြောလိုက်သည်။
"ဒီကိုရောက်နေပြီဆိုမှတော့ ဒီညီမက တတိယအစ်မကို အခွင့်အရေးကောင်းကိုယူဖို့ အကြံအဉာဏ်ပေးလိုက်မယ်၊ အကယ်ဒမီထဲမှာ ရန်သူတွေ မရှာထားနဲ့၊ တတိယအစ်မက လူတိုင်းကို လိုက်ရန်စဖို့ တတ်နိုင်တာမှ မဟုတ်တာ၊ မီးနဲ့ဆော့ရင် အကျိုးကျေးဇူးမရနိုင်ဘူးဆိုတာကို တွေးထားပါ"
ယဲ့ကျန်းက တည်ငြိမ်စွာပြုံးနေသေးသည်။
"တို့သိတာပေါ့၊ သတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် စတုတ္ထညီမ"
သူမက မည်သို့ပင်ပြောစေကာမူ လုယောင်ယောင်က အမြဲတစေ တူညီစွာသာ တုန့်ပြန်နေကြောင်းခံစားသည်။ သူမ စိတ်ဝင်စားခြင်းပင်မရှိတော့ ပျင်းရိလာရသည်။
"ဒါဆိုလည်းသတိထားပါ"
စတုတ္ထညီမ၏ရည်ရွယ်ချက်ကောင်းဖြင့် သတိပေးသလိုပြုမူနေသောအပြုအမူကို မြင်ရသောအခါ ယဲ့ကျန်းက ပြုံးသည်။ သို့သော် တစ်ဖက်က ပျောက်ကွယ်သွားသောအခါ ယဲ့ကျန်း၏အပြုံးဟာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သခင်မလုက ဘာလုပ်မလို့လဲ။
သူမ ယခင်နှစ်များအတွင်း တာဝန်မယူမှုဟာ သခင်မကြီးလုကို မိသားစုရေးရာကိစ္စများကို အနားယူရာမှ ပြန်လည်စီမံခန့်ခွဲရစေခဲ့သည်။ ပြောရလျှင် သူမ၏ရာထူးကို ယူထားခဲ့သည်မှာ ကြာလှချေပြီ။ အကြီးဆုံးသခင်မလေးလုဖန်းဟာ သခင်မကြီးလုအနားယူသွားလျှင် အရိုက်အရာဆက်ခံရမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိအခြေအနေအရ ကိစ္စများက မသေချာလောက်တော့ချေ။
ယဲ့ကျန်း ယုံကြည်ထားမှုအရဆိုလျှင် လုရှီမင်နှင့်ဇနီးဖြစ်သူဟာ သခင်မကြီးလု အလွယ်တကူကြိုးကိုင်၍ရသောလူများ မဟုတ်ချေ။ ထို့ကြောင့် ယဉ်ကျေးမှုအရပင် ဖြစ်စေ၊ သိတတ်မှုအရပင်ဖြစ်စေ တတိယအိမ်တော်ခွဲကို လေးစားမှုပြလျှင် ကိစ္စများဟာ တစ်စုံတစ်ယောက်လုပ်ချင်သလို လုပ်၍ရနိုင်သည့်အနေအထားမျိုး မဟုတ်သေးချေ။ ထိုသို့တွေးမိသည့်အခါ ယဲ့ကျန်းဟာ စိတ်အေးသွားသည်။ အချိန်တစ်ခုကြာသည်အထိ သူမဟာ ထိုကိစ္စကို မတွေးတောမဆုံးဖြတ်သင့်သေးချေ။ သူမ အိမ်တော်သို့ ပြန်ပြီးမှသာလျှင် ဖေးရှီကိုမေးပြီး အဖြေများကိုနားထောင်၍ရသည်။ ထိုအချိန်မတိုင်ခင်အထိ အကောင်းဆုံးကြိုးစားကာ သူမ၏အာရုံကို အခြားနေရာသို့ ပြောင်းလဲထားရပေမည်။
အချိန်ဟာကျွန်မဟုတ်ချေ။ သူမ မသိလိုက်ခင်မှာပင် လုကျင်း လာလည်သွားသည်မှာ သုံးရက်ကြာသွားခဲ့ပြီဖြစ်သည်။ အကယ်ဒမီကျောင်းတော်တွင် လည်း ယဲ့ကျန်းဟာ ကျင့်သားရလာသည်။ နေ့ရက်တိုင်းဟာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေခဲ့ပြီး သူမဟာလည်း ဆေးဝါးနယ်ပယ်တွင် စိတ်ဝင်စားသထက် စိတ်ဝင်စားလာကာ ရင်းနှီးမြှုပ်နှံထားသည်။ပြောရလျှင် သူမအနေနှင့် နေ့တိုင်းလိုလို သင်ယူလေ့လာနိုင်ရန်သာ မျှော်လင့်နေတော့သည်။ သူမ ယခင်က ထိရန်ငြင်းဆန်ထားသော စာအုပ်အားလုံးကိုလည်း သူမဖတ်ပြီးသွားချေပြီ။ အံ့ဩရသည်မှာ သူမ တဖြည်းဖြည်းချင်း ပို၍ပင်နားလည်သဘောပေါက်လာနေခြင်း ဖြစ်သည်။
Telegram မှာ အပိုင်း ၄၈၆အထိ ရောက်ပါပြီနော်။
Zawgyi
187 01
အပိုင္း ၁၈၇
ယဲ့က်န္းက ယခင္ကလည္း အႀကီးဆုံးသခင္မလုႏွင့္ဆုံဖူးသည္။ ကိစၥအခ်ိဳ႕ ပါဝင္ပတ္သက္ေနၿပီး အမာ႐ြတ္လိုမ်ိဳး စိတ္တြင္ ထင္က်န္ရစ္ေနေလာက္ေအာင္ ထိုေတြ႕ဆုံမႈထဲမွ တစ္ခုဟာ ေကာင္းမြန္ေနျခင္းမရွိေပ။ ထို႔ေၾကာင့္ သူမအေနႏွင့္ တတိယအိမ္ေတာ္စုထံသို႔ အႀကီးဆုံးသခင္မလုဟာ ရန္ျငႇိဳးနက္ရႈိင္းစြာရွိေၾကာင္း သတိထားမိခဲ့သည္။ အေရးႀကီးေသာကိစၥေၾကာင့္သာမဟုတ္လွ်င္ သူမဟာ ေဖးရွီထံ ဘယ္ေသာအခါမွ လာေရာက္လည္ပတ္လိမ့္မည္မဟုတ္ေခ်။
ေသခ်ာေနေသာကိစၥတစ္ခုဟာ တစ္စုံတစ္ေယာက္ဟာ သခင္မလုကို ေျပာခဲ့ေလာက္ေလသည္။ သူမ စိတ္ေက်နပ္သလိုမ်ိဳး သြားလာလႈပ္ရွားႏိုင္စြမ္းမရွိမည္ကို သူမက ထိတ္လန႔္ေနခဲ့သည္။ မိသားစုညစာပြဲမ်ားဟာလည္း သက္ေသျပမႈမ်ား ျဖစ္ခဲ့သည္။ သူမဟာ အၿမဲတေစဖ်ားနာမႈေၾကာင့္ လူအမ်ားေရွ႕ ေပၚထြက္မလာခဲ့သည္မွာလည္း ၾကာလွၿပီျဖစ္သည္။
ဒါဆိုရင္ ဘာကိုဖုံးကြယ္ထားတာလဲ၊ ဒါက တိုက္ဆိုင္မႈေတာ့ မျဖစ္ႏိုင္ဘူး၊ လုလင္က်စ္က ထြက္ခြာသြားတဲ့ ဒီလိုအေျခအေနမ်ိဳးမွာ သခင္မလုက မိသားစုကို တည္ရွိမႈျပလာတယ္။
အေျခအေနအလွည့္အေျပာင္းမ်ားဟာ တိုက္ဆိုင္မႈမဟုတ္ေၾကာင္း ယဲ့က်န္းက နားလည္ေနသည္။ လုဝူ႐ႊမ္းႏွင့္ပတ္သက္ေနေလာက္သည္။
သခင္မလုက ဘာလို႔ ႐ုတ္တရက္ႀကီး စိတ္ေျပာင္းသြားတာလဲ၊ ဘာလို႔မိသားစုကိစၥေတြကို ကိုင္တြယ္ခ်င္လာတာလဲ။ အမ်ားဆုံးအေနနဲ႔ ဘာလို႔ ငါ့အေၾကာင္းကို လာေမးေနတာလဲ၊ သူ ဘာလုပ္ခ်င္ေနတာလဲ။
ယခုအခ်ိန္အထိ လုက်င္းဟာ ယဲ့က်န္းကို မ်က္စိေထာင့္ေထာက္ၾကည့္ေနသည္။ သူမ၏မ်က္ႏွာတြင္ မည္သည့္အေျပာင္းအလဲကိုမွ် မျမင္ရေသာအခါ ထပ္ေျပာျပလာသည္။
"တတိယအစ္မ အႀကီးဆုံးသခင္မလုက တတိယေဒၚေလးကို ဘာေမးတယ္လို႔ ထင္လဲ"
ယဲ့က်န္းက ညင္သာစြာၿပဳံးသည္။
"တို႔က ဘယ္လိုသိမွာလဲ စတုတၳညီမ တို႔က အိမ္ေတာ္ကိုမျပန္တာ ႏွစ္ရက္ေတာင္ၾကာခဲ့ၿပီ"
ႏွစ္ရက္ပဲရွိေသးတယ္၊ လုဝူ႐ႊမ္းက သူ႔အေမကို တစ္ခုခုေျပာလိုက္ၿပီထင္တယ္။
"ညီမၾကားထားတဲ့အတိုင္းဆိုရင္ေတာ့ အႀကီးဆုံးသခင္မလုက အဖြားကို အိမ္ေတာ္ရဲ႕ကိစၥေတြကို ကိုင္တြယ္ေဆာင္႐ြက္ဖို႔ အဆင္သင့္ျဖစ္ၿပီလို႔ေျပာတာပဲ"
လုက်င္းက ထိုသို႔ေျပာလိုက္သည္။ သူမ၏ပါးေလးကပင္ နီရဲသြားေလသည္။
အိမ္ေတာ္ရဲ႕ကိစၥေတြကို စီမံခန႔္ခြဲဖို႔အဆင္သင့္ျဖစ္ၿပီဟုတ္လား၊ ေသခ်ာေပါက္ကို လက္ထပ္ပြဲနဲ႔ ပတ္သက္ေနတယ္။
ယဲ့က်န္း၏အၿပဳံးက ေအးစက္သြားသည္။ လုဝူ႐ႊမ္း၏ ကိုင္တြယ္သည့္ နည္းလမ္းမ်ားကို သူမထက္မည္သူမွ်ပိုမသိႏိုင္ေပ။ လုလင္က်စ္က သူမကို မကူညီေသာအခါ အျခားလူတစ္ေယာက္ကို သြားရွာျခင္းျဖစ္ေလာက္သည္။ လုမိသားစုက မည္သူက သူမအေပၚ အရက္စက္ဆုံးျဖစ္ေၾကာင္း သိသာေလသည္။ သဘာဝက်က်ပင္ သူမက တစ္စုံတစ္ေယာက္ကို အကူအညီေတာင္းခံလွ်င္ ထိုသူဟာ ေသခ်ာေပါက္ သူမ၏မိခင္ျဖစ္ေနေပေလာက္မည္။
"စတုတၳညီမ အႀကီးဆုံးသခင္မလုက အခ်ိန္အတန္ၾကာ ဖ်ားနာေနခဲ့တာ၊ အဖြားက ႐ုတ္တရက္ႀကီး အိမ္ေတာ္၏စီမံခန႔္ခြဲမႈေတြအားလုံးကို ဘယ္လိုအပ္မွာလဲ"
ယဲ့က်န္းက လုက်င္းကိုၾကည့္ၿပီး ေဖ်ာ့ေတာ့စြာၿပဳံးလိုက္သည္။
"ဒါ့အျပင္ ကိစၥက တတိယအစ္မနဲ႔ပတ္သက္ေနတာဆိုေတာ့ အိမ္ျပန္ၿပီး သြားမၾကည့္ခ်င္ဘူးလား"
လုက်င္းကေမးသည္။
သခင္မလုကသာ မိသားစုကိစၥမ်ားကို ကိုင္တြယ္လိုက္လွ်င္ ပထမဦးဆုံး ခံစားရမည္မွာ တတိယအိမ္ေတာ္ခြဲျဖစ္သည္။ အႀကီးဆုံးသခင္မလုက လုေယာင္ေယာင္၏မိသားစုကို ကိုင္တြယ္ေျဖရွင္းေလာက္သည္။
ယဲ့က်န္းက တည္ၿငိမ္စြာျဖင့္ျပန္ေျဖသည္။
"စတုတၳညီမ ဒီလိုလာေျပာေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ဒါေပမယ့္ ဒီကိစၥဟာ အလ်င္လိုေနတာလည္းမဟုတ္သလို တို႔အေနနဲ႔လည္း အလ်င္စလိုျပန္ဖို႔ လိုအပ္တယ္လို႔မထင္ဘူး"
လုက်င္းကယဲ့က်န္းကို ဂ႐ုတစိုက္ၾကည့္သည္။ သူမ ေမွ်ာ္လင့္ထားသလို အေျပာင္းအလဲမရွိသည့္အခါ အနည္းငယ္စိုးရိမ္လာၿပီးေနာက္ ေျပာလိုက္သည္။
"ၾကည့္ရတာ ငါက ေျပာသင့္တာအားလုံးေျပာၿပီးၿပီ ဒီေတာ့ ေနာက္ပိုင္းကိစၥေတြကေတာ့ ငါနဲ႔မသက္ဆိုင္ေတာ့ဘူး"
"တို႔က ဒီလိုဆိုလိုတာမဟုတ္ပါဘူး"
ယဲ့က်န္းက အၿပဳံးႏွင့္ျငင္းေသာ္လည္း ဆက္ေျပာလိုက္ေသးသည္။
"စတုတၳညီမ ဘာကိုလိုခ်င္တယ္ဆိုတာ တို႔သိတယ္"
187 02
ယဲ့က်န္းက ေအးစက္စြာႏွာေခါင္းရႈံ႕သည္။ သူမဟာ အထူးတလည္ သည္ေနရာသို႔လာၿပီး လုေယာင္ေယာင္ကို ထိုအေၾကာင္းအရာကို လာေျပာျခင္းျဖစ္သည္။ တစ္စုံတစ္ေယာက္ဟာ မေကာင္းေသာအႀကံရွိေနသည့္အတိုင္း ၾကင္နာေသာ အၿပဳံးေအာက္တြင္ သိုးအေရကို ၿခဳံထားျခင္းျဖစ္ရေပမည္။ ႐ိုးသားေသာစကားမ်ား ေျပာေနေသာ္လည္း သူမဟာ စိုးရိမ္ျခင္းမရွိေလာက္ေခ်။ အရာအားလုံးဟာ လုေယာင္ေယာင္ စံအိမ္သို႔ျပန္ၿပီး အကန္ထုတ္ခံရရန္သာ ေမွ်ာ္လင့္ေနျခင္းျဖစ္သည္။ ထိုေတြးေတာမႈအတိုင္းျဖစ္လာလွ်င္ အႀကီးဆုံးသခင္မကို ရန္စၿပီးသား ျဖစ္သြားေပလိမ့္မည္။ ေျပာရန္မလိုေလာက္ေအာင္ ထိုကိစၥဟာ မိသားစုအတြင္းတြင္ သူမ၏ဂုဏ္သိကၡာကိုလည္း ပ်က္စီးေစႏိုင္ေပလိမ့္မည္။ ထိုသို႔ျဖစ္လာလွ်င္ သူမ၏အႀကံက အလြန္ေကာင္းသည္။ သို႔ေသာ္ ငါးစာကို မဟပ္လာေခ်။
"ဒီလိုဆိုမွေတာ့ ငါ ျပန္ေတာ့မယ္"
လုက်င္းက စိတ္တိုစြာျဖင့္ ခ်က္ခ်င္းထရပ္ၿပီးေနာက္ တံခါးသို႔ေလွ်ာက္သြားသည္။ သူမ၏ပုံရိပ္က အျပည့္အဝမေပ်ာက္သြားခင္မွာပင္ ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္ၿပီး ယဲ့က်န္းကို လွည့္ၾကည့္သည္။
ထို႔ေနာက္ ႏွာေခါင္းရႈံ႕ၿပီးေျပာလိုက္သည္။
"ဒီကိုေရာက္ေနၿပီဆိုမွေတာ့ ဒီညီမက တတိယအစ္မကို အခြင့္အေရးေကာင္းကိုယူဖို႔ အႀကံအဉာဏ္ေပးလိုက္မယ္၊ အကယ္ဒမီထဲမွာ ရန္သူေတြ မရွာထားနဲ႔၊ တတိယအစ္မက လူတိုင္းကို လိုက္ရန္စဖို႔ တတ္ႏိုင္တာမွ မဟုတ္တာ၊ မီးနဲ႔ေဆာ့ရင္ အက်ိဳးေက်းဇူးမရႏိုင္ဘူးဆိုတာကို ေတြးထားပါ"
ယဲ့က်န္းက တည္ၿငိမ္စြာၿပဳံးေနေသးသည္။
"တို႔သိတာေပါ့၊ သတိေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ စတုတၳညီမ"
သူမက မည္သို႔ပင္ေျပာေစကာမူ လုေယာင္ေယာင္က အၿမဲတေစ တူညီစြာသာ တုန႔္ျပန္ေနေၾကာင္းခံစားသည္။ သူမ စိတ္ဝင္စားျခင္းပင္မရွိေတာ့ ပ်င္းရိလာရသည္။
"ဒါဆိုလည္းသတိထားပါ"
စတုတၳညီမ၏ရည္႐ြယ္ခ်က္ေကာင္းျဖင့္ သတိေပးသလိုျပဳမူေနေသာအျပဳအမူကို ျမင္ရေသာအခါ ယဲ့က်န္းက ၿပဳံးသည္။ သို႔ေသာ္ တစ္ဖက္က ေပ်ာက္ကြယ္သြားေသာအခါ ယဲ့က်န္း၏အၿပဳံးဟာ ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားေတာ့သည္။
သခင္မလုက ဘာလုပ္မလို႔လဲ။
သူမ ယခင္ႏွစ္မ်ားအတြင္း တာဝန္မယူမႈဟာ သခင္မႀကီးလုကို မိသားစုေရးရာကိစၥမ်ားကို အနားယူရာမွ ျပန္လည္စီမံခန႔္ခြဲရေစခဲ့သည္။ ေျပာရလွ်င္ သူမ၏ရာထူးကို ယူထားခဲ့သည္မွာ ၾကာလွေခ်ၿပီ။ အႀကီးဆုံးသခင္မေလးလုဖန္းဟာ သခင္မႀကီးလုအနားယူသြားလွ်င္ အ႐ိုက္အရာဆက္ခံရမည္ျဖစ္သည္။ သို႔ရာတြင္ လက္ရွိအေျခအေနအရ ကိစၥမ်ားက မေသခ်ာေလာက္ေတာ့ေခ်။
ယဲ့က်န္း ယုံၾကည္ထားမႈအရဆိုလွ်င္ လုရွီမင္ႏွင့္ဇနီးျဖစ္သူဟာ သခင္မႀကီးလု အလြယ္တကူႀကိဳးကိုင္၍ရေသာလူမ်ား မဟုတ္ေခ်။ ထို႔ေၾကာင့္ ယဥ္ေက်းမႈအရပင္ ျဖစ္ေစ၊ သိတတ္မႈအရပင္ျဖစ္ေစ တတိယအိမ္ေတာ္ခြဲကို ေလးစားမႈျပလွ်င္ ကိစၥမ်ားဟာ တစ္စုံတစ္ေယာက္လုပ္ခ်င္သလို လုပ္၍ရႏိုင္သည့္အေနအထားမ်ိဳး မဟုတ္ေသးေခ်။ ထိုသို႔ေတြးမိသည့္အခါ ယဲ့က်န္းဟာ စိတ္ေအးသြားသည္။ အခ်ိန္တစ္ခုၾကာသည္အထိ သူမဟာ ထိုကိစၥကို မေတြးေတာမဆုံးျဖတ္သင့္ေသးေခ်။ သူမ အိမ္ေတာ္သို႔ ျပန္ၿပီးမွသာလွ်င္ ေဖးရွီကိုေမးၿပီး အေျဖမ်ားကိုနားေထာင္၍ရသည္။ ထိုအခ်ိန္မတိုင္ခင္အထိ အေကာင္းဆုံးႀကိဳးစားကာ သူမ၏အာ႐ုံကို အျခားေနရာသို႔ ေျပာင္းလဲထားရေပမည္။
အခ်ိန္ဟာကြၽန္မဟုတ္ေခ်။ သူမ မသိလိုက္ခင္မွာပင္ လုက်င္း လာလည္သြားသည္မွာ သုံးရက္ၾကာသြားခဲ့ၿပီျဖစ္သည္။ အကယ္ဒမီေက်ာင္းေတာ္တြင္ လည္း ယဲ့က်န္းဟာ က်င့္သားရလာသည္။ ေန႔ရက္တိုင္းဟာ တစ္ရက္ၿပီးတစ္ရက္ ကုန္ဆုံးေနခဲ့ၿပီး သူမဟာလည္း ေဆးဝါးနယ္ပယ္တြင္ စိတ္ဝင္စားသထက္ စိတ္ဝင္စားလာကာ ရင္းႏွီးျမႇဳပ္ႏွံထားသည္။ေျပာရလွ်င္ သူမအေနႏွင့္ ေန႔တိုင္းလိုလို သင္ယူေလ့လာႏိုင္ရန္သာ ေမွ်ာ္လင့္ေနေတာ့သည္။ သူမ ယခင္က ထိရန္ျငင္းဆန္ထားေသာ စာအုပ္အားလုံးကိုလည္း သူမဖတ္ၿပီးသြားေခ်ၿပီ။ အံ့ဩရသည္မွာ သူမ တျဖည္းျဖည္းခ်င္း ပို၍ပင္နားလည္သေဘာေပါက္လာေနျခင္း ျဖစ္သည္။
Telegram မွာ အပိုင္း ၄၈၆အထိ ေရာက္ပါၿပီေနာ္။