မဆုံသောမျဉ်းပြိုင်

By Khar_197

22.8K 1.7K 178

တစ်ခါတစ်လေ ကံကြမ္မာက အလှည့်အပြောင်းထက်ကျီစားလွန်းတယ်။ ဒီအလှည့်အပြောင်းမှာ ငါတို့အားလုံးနစ်နာခဲ့ရတယ်။ More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း၂၃
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)ဇာတ်သိမ်းပိုင်း
gl

အပိုင်း(၂၀)

500 43 4
By Khar_197

Unicode

ရှိုင်းတစ်ယောက်မွေးနေ့အမှီထူထူထောင်ထောင်ပြန်ဖြစ်လာသည့်အတွက် တစ်အိမ်သားလုံးစိတ်ချမ်းသာရသည်။ ဥက္ကဌကြီးကဆို ရှိုင်းရဲ့မွေးနေ့ပွဲကိုခမ်းနားစွာကျင်းပပြီး ဒုဥက္ကဌရာထူးအားတရားဝင်လွှဲပေးမယ်လို့တောင်စီစဉ်နေသည်။ မေမေကြီးကတော့ ခုထက်ထိ မဒီ့အားအမြင်မကြည်သေးပါ။ မဒီ ဒီအိမ်မှာရှိနေလို့ ပြန်မလာတာဟုပင်ဆိုသေးသည်။

"ဘယ်တုန်းကရောအိမ်ကပ်ဖူးလို့လဲ"

ရှိုင်းခပ်ရွဲ့ရွဲ့မေးတော့ ပခုံးတစ်ချက်တွန့်ပြကာ ထွက်သွားသော မေမေကြီးဆိုသူဒေါ်ခက်ခက်မိုးမှာ ဘယ်တုန်းကမှအကြောင်းပြချက်ရှိမနေပါ။

မွေးနေ့ပွဲပြင်ဆင်သူတွေနှင့်ရှုပ်ယှက်ခက်နေတဲ့ ခြံကြီးထဲမှာ ရှိုင်းတစ်ယောက်ရပ်နေရင်းမျက်စိရှုပ်လာသည်မို့ ဘယ်သူမှမလာရအမိန့်ထုတ်ဖူးသောရေကူးကန်ဘက်ကိုသာထွက်လာခဲ့လိုက်သည်။ ဒီလောက်အလုပ်ရှုပ်နေတာ မဒီတစ်ယောက်လည်းအားမည်မထင်ပါ။ ခပ်ငိုင်ငိုင်နှင့်ပင် ရေကန်ဘောင်ပေါ်ထိုင်ချမိသည်။ ဝတ်ထားတဲ့စတိုင်ပန်ကိုတော့ ဒူးအထက်ထိခေါက်လိုက်ကာ ရေကန်ထဲခြေထောက်ချထားလိုက်သည်။ တစ်စုံတစ်ယောက်သူ့ရှေ့‌ဒီလိုလုပ်တာသူမြင်ဖူးသည်လေ။

"ရှိုင်း"

နောက်ဘက်ဆီမှခေါ်သံကြားလို့လှည့်ကြည့်မိတော့မဒီ။ မျက်လုံးတွေမှိတ်တဲ့အထိရယ်ပြလိုက်တော့ သဘောကျစွာလိုက်ပြုံး၏။

"လက်ထဲကဘာတွေလဲ"

"ခြံထဲအလှဆင်ဖို့မီးသီးနဲ့မီးကြိုးတွေ ခဏလေးဒါသွားပို့ပြီးပြန်ခဲ့မယ်"

"ဟုတ်ကဲ့"

ဟုတ်ကဲ့ဆိုတဲ့စကားကိုသဘောကျကာခစ်ခနဲရယ်သွားသောမဒီ့အား သူပြုံးပြီးသာကြည့်နေမိသည်။ ကိုယ့်အသက်ရှင်ရမယ့်အကြောင်းတရားဟာမင်းပဲ။ ကိုယ်မင်းအနားရှင်သန်ချင်တယ်။

"ရှိုင်း"

မဒီရောက်လာပြီးရှိုင်းဘေးနားဝင်ထိုင်သည်။

"မြန်လိုက်တာ"

"မျက်စိခဏမှိတ်"

"ဘာလို့"

"မှိတ်ပါဆိုရှိုင်းရာ"

အလိုကျမျက်စိမှိတ်ပေးတော့ အေးစက်တဲ့အထိအတွေ့တစ်ခု လည်တိုင်တွင်ခိုတွဲလာသည်။

"ဒါက..."

"Happy birthday မောင်"

နားထဲတိုးဝင်လာတဲ့အသံချိုချိုလေးနဲ့လိုက်ဖက်စွာ သူ့ကိုချည်နှောင်လိုက်သော နာမ်စားလေး။

"ဘယ်လို...ဘယ်လိုခေါ်လိုက်တယ်"

"အဲ..ဟို မဒီသွားပြီ"

ချက်ချင်းမတ်တပ်ထရပ်ကာ ရှောင်ပြေးဖို့လုပ်တဲ့ မဒီ့လက်ကို အလျင်အမြန်ဆွဲလျက်တားဆီးလိုက်သည်။ မဒီ့အားဖြေးဖြေးလေးဖက်လိုက်တော့တောင့်တင်း‌တင်းခန္ဓာကိုယ်လေးကအလိုက်သင့်ပါလာသည်။

"ချစ်တယ် ကိုယ်မင်းကိုသိပ်ချစ်တယ်"

"မဒီရေ..မဒီ...!"

မဒီ့ဆီကဘာမှပြန်တောင်မကြားရသေးဘူး အဖျက်ကဝင်ပြီ။ အော်ခေါ်သံကြားတာနဲ့ လှစ်ခနဲဖယ်ကာ ပြေးသွားသူကလည်း မြန်လိုက်တာ။ ရေကူးကန်ဘေးနား ပြုံးပြုံးကြီးတစ်ယောက်တည်းကျန်ရစ်သူသည် ရှိုင်းခက်သွယ်သာဖြစ်ပါသည်။

"ကိုခန့် မနက်ဖြန်ခွင့်ရက်ပြည့်တာဆိုတော့ နင်မနက်ဖြန်ပြန်ရမှာပေါ့နော်"

"ဘာလို့လဲ ကိုကို့ကိုပြန်မလွှတ်ချင်ဘူးပေါ့ဟုတ်လား"

"နင်ကလေအကောင်းကိုပြောလို့မရဘူး"

"နွေးရယ် ကိုယ်ကစတာပါ။ ဒီတစ်ခေါက်ကခွင့်ရတာရှည်သွားတော့ နောက်လတော့ ကိုယ်မပြန်ဖြစ်လောက်ဘူး"

အိတ်ထဲယူရမယ့်ပစ္စည်းတွေထည့်ရင်းပြန်ပြောလိုက်သည်။ နွေးဆိုတဲ့ကောင်မလေးကဘုကလန့်သာပြောတာ သူ့ကိုဘယ်လောက်ချစ်မှန်းခန့်လွန်းသော်သိတာပေါ့။ နောက်လပြန်မလာဖြစ်ဘူးပြောလိုက်တော့ တိတ်ဆိတ်သွားလိုက်တာမှ ဘာသံမှပင်မကြားရတော့။

"နွေး"

"ဟင်"

"မျက်နှာကြီးကလည်းဘာဖြစ်သွားတာတုန်း"

"ငါ့စိတ်ထဲလေးနေတယ်ကိုခန့်ရယ် နင့်ကုမ္ပဏီကို ခွင့်နည်းနည်းထပ်တင်ကြည့်လို့မရဘူးလား"

အသံကတကယ့်ကိုစိတ်ပူနေတဲ့အသံမို့ လုပ်လက်စအလုပ်ကိုထားထားလိုက်ပြီး နွေးအနားသွားထိုင်ကာ လက်လေးကိုခပ်ဖွဖွဆုပ်ကိုင်မိသည်။

"ခုတောင်များနေပြီလေ ကိုယ်ထပ်ပြောရင်ကိုယ်လွန်မှာပေါ့ နွေးရယ် ဘာမှစိတ်မပူနဲ့ ဘာမှစိတ်လည်းလေးမနေနဲ့ ကိုယ်ကနောက်လတစ်လဟိုမှာနေပြီးရင် နောက်လတွေကျတစ်ပတ်တစ်ခါပုံမှန်ပြန်ခဲ့မှာ။ မျက်နှာကြီးဆူပုတ်မနေပါနဲ့တော့ကွာ နော်..."

ကိုခန့်ပုခုံးပေါ်ခေါင်းမှီလာရင်း ခပ်တိုးတိုးလေးဆိုသည်။

"ငါတကယ်မသိတော့ပါဘူး ကိုခန့်ရယ် ဘာကြောင့်ငါမသွားစေချင်နေတာလဲမသိဘူး"

"ဒါဆိုဒီလိုလုပ် ကိုယ်နေ့လည်လောက်မှသွားမယ် ဘယ်လိုလဲ လိမ္မာပါတယ်ကွာ ပြုံးပြပါနွေးရယ်"

နွေးခေါင်းလေးကို နမ်းလိုက်ရင်းပြောတော့ ခေါင်းလေးမော့ကာ ပြုံးပြလာသည်။ သို့သော်မျက်လုံးတွေကထိုင်းမှိုင်းဆဲ။

"ဒေါက် ဒေါက်!"

မာမီ့အခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိပြီးမှ အရဲစွန့်ပြီးတံခါးခေါက်လိုက်ရသည်။ ကြောက်သည်။ မာမီမေ့ထားမှာကြောက်သည်။ မာမီတစ်ခါမှသတိမရဖူးတဲ့သူ့မွေးနေ့ကိုဒီတစ်ခါလည်းထပ်ပြီး..ဆိုတဲ့နောက်သူထပ်မတွေးချင်တော့။

"ဘယ်သူလဲ"

"မာမီ ကိုယ်ပါ"

"ဝင်ခဲ့လေရှိုင်းရဲ့"

တံခါးလှပ်လှပ်ခြင်းမြင်တွေ့ရတဲ့မာမီက ပန်းနုရောင်ညအိပ်ဝတ်စုံနဲ့ မှန်တင်ခုံမှာ ထိုင်ကာ Skin care အဆင့်ဆင့်ကိုလိမ်းနေပုံပေါ်သည်။ သူ့ကိုတွေ့တာနဲ့ ထူးဆန်းတဲ့မျက်ဝန်းတွေနဲ့ပြုံးပြတဲ့မာမီ့အပြုံးက ခုထိတော့ သူ့အဖို့လုံခြုံတဲ့ခံစားမှုမျိုးမပေးစွမ်းနိုင်ခဲ့ပါ။

"အိပ်တော့မှာလား"

"ထူးထူးဆန်းဆန်းပါလား ရှိုင်းလေးရဲ့မအိပ်သေးပါဘူး ပြော ဘာပြောချင်လို့လဲ"

မာမီကုတင်အကျယ်ကြီးရဲ့ အစွန့်ဘက်မှာဝင်ထိုင်ရင်း မာမီ့ကိုကြည့်နေမိသည်။ မာမီကလှသည်။နုနယ်သည်။ အသက်ကြီးကြီးမိန်းမပုံစံမျိုး မာမီ့ဆီမှာမမြင်ဖူးပေ။ နှုတ်ခမ်းနီဆို နီနီရဲရဲမှကြိုက်တတ်သည့် မာမီ့ကို သူကတော့ ပန်းဖျော့ရောင်လေးဆိုးစေချင်ခဲ့သည်။

"မာမီ့ကိုကြည့်လို့ မဝဘူးလား ကဲ ပြောပါဦးရှိုင်းလေးရဲ့"

"မနက်ဖြန် ဘာနေ့လဲ မာမီသိလား"

"အော်ဒါများကွယ် မနက်ဖြန် ကြာသပတေးနေ့လေ အော်နေပါဦး ဇွန်၅ရက်နေ့မလား"

မာမီ့ကိုကြည့်မိတဲ့ သူ့မျက်လုံးထဲ မယုံနိုင်ခြင်းတွေနဲ့အတူ စိတ်ပျက်မိခြင်းတွေပါပါလိမ့်မည်။ ရင်ထဲမွန်းကြပ်လွန်းလို့ ဘာစကားမှ ‌ထွက်မလာတော့။ လည်ချောင်းတစ်ခုလုံး ပိတ်ဆို့ခံထားရသည့်နှယ်။ထင်တဲ့အတိုင်းပဲ။ ထင်ထားတဲ့အတိုင်းပဲ။ မျက်ရည်တွေက ဒီနေရာမှာခိုင်မာသည်။ ဝဲပင်ဝဲမလာနိုင်အောင် မျက်ရည်တာရိုးခိုင်ခဲ့သည်။ ဝမ်းနည်းသည်။ သိပ်ဝမ်းနည်းတဲ့စိတ်နဲ့ မျှော်လင့်ခြင်းတွေရိုက်ချိုးခံလိုက်ရသည်။

"အော် ဟင်း ဟင်း ဟုတ်တယ် ကိုယ်ပြက္ခဒိန်မကြည့်မိလို့ မာမီအိပ်တော့လေ good night "

ဒီအခန်းထဲကအမြန်ထွက်ချင်သည်။ မာမီ့ရှေ့မှာ တစ်စက္ကန့်တောင်မနေချင်တော့။ ‌ဟန်ဆောင်အပြုံးကိုမာမီ့အားပေးပြီး ကျောခိုင်းလိုက်သည်။ ထိုစဉ်မှာပင် သူ့ခါးတစ်ဝိုက် မာမီ့လက်တွေရစ်သိုင်းလာလေသည်။

"မာမီ့ရင်သွေးရဲ့မွေးနေ့ကို မေ့ရလောက်အောင်ထိ ပေါ့ဆဆမိန်းမမဟုတ်ပါဘူး ရှိုင်းလေးရယ်"

သူ့မျက်ရည်တာရိုးကျိုးခဲ့ပြီ။ မာမီမှတ်မိတယ်ဆိုတာနဲ့တင် အကျေနပ်ကြီးကျေနပ်သွားတဲ့ သူ့ကိုယ်သူကလေးဆန်လွန်းကြောင်းကိုတော့ ပထမဦးစွာ လက်ခံလိုက်ရလေပြီ။ မာမီ့ဘက်သို့လှည့်လာရင်းမာမီ့ပုခုံးပေါ်မျက်နှာအပ်ရင်း‌ငိုမိတော့ မာမီကခေါင်းအသာပွတ်ပေးသည်။

"မာမီမှတ်မိပါတယ်။ မာမီကရှိုင်းကို မာမီ့ခန္ဓာကိုယ်ထဲမှာ ၉လကြီးတောင် ထည့်ထားနိုင်ခဲ့တဲ့အမေပါ။ ဘာကြောင့် မမှတ်မိရမလဲ။တိတ် တိတ် မငိုတော့နဲ့ကွယ်..ကြည့်ပါဦးမျက်ရည်တွေ ဒီလိုကျတော့ မာမီ့ကလေးက၂၄နှစ်ပြည့်မှာလို့မထင်ရဘူးပဲ"

မျက်ရည်တွေကိုမာမီ့လက်နုနုတွေနဲ့ အသာအယာသုတ်ဖယ်ပေးရင်း သူ့ကိုစနေသေးသည်။ ငယ်ငယ်ကလို မာမီပစ်ထားတိုင်းငိုရမလား။ မာမီ့ခြေသလုံးပဲအတင်းတွယ်ကပ်ပြီးအပြင်မသွားဖို့သူတားခဲ့ရမလား။ မာမီနဲ့ဆန့်ကျင်ပြီး သူအရွဲ့တိုက်ခဲ့တာကြာခဲ့ပြီ။ ဒီတစ်နေ့တော့သူ့ဘက်ကစလျှော့ကြည့်ချင်သည်။

"မာမီ ကိုယ်ဒီညဒီမှာအိပ်လို့ရမလား"

"ရတာပေါ့ မာမီ့ကလေးကတော့တကယ် ၂၄နှစ်မဟုတ်လောက်ဘူး"

ရယ်မြူးသံတစ်ဝက်နဲ့ မာမီ့ရင်ခွင်မှာ ခိုနားခွင့်ရခဲ့သည်။

"မာမီ့ဆီက မွေးနေ့လက်ဆောင် ကိုယ်တောင်းလို့ရမလား"

"ကဲပြော ဘာလိုချင်လို့လဲ"

"Lamborghini Aventador"

"ဟမ်!"

ထိုညက မာမီ့ရဲ့ သွေးတက်ကြောင်းပြောသံတွေနဲ့ သူ့ရဲ့ ပူဆာသံတွေ ဆူညံနေခဲ့သည်။ ရယ်မောရတာဝေးခဲ့ပြီဖြစ်တဲ့မိသားစုဝင်တွေမှန်း ထိုညကတော့မေ့ခဲ့သည်။ ထိုမေ့ခြင်းဟာ မာမီ့ကိုရော သူ့ကိုပါ စိတ်ချမ်းသာစေခြင်းကြောင့် မေ့လက်စနှင့်မေ့ထားခဲ့ပါသည်။

တစ်ခါတစ်ရံ မေ့ထားသင့်တဲ့အတိတ်နဲ့ လက်ရှိအခြေအနေကြား ဘယ်တော့မှလွန်မဆွဲကြေး။

ညဦးပိုင်းလောက်အထိမာမီ့ဘေးမှာဝင်လှဲနေခဲ့ပေမယ့် မာမီ့ဆီကအသက်ရှူသံခပ်သဲ့သဲ့ကြားရတဲ့အထိ အိပ်မပျော်တာကြောင့် အခန်းထဲမှ ထထွက်လာခဲ့မိသည်။ မာမီ့ဆီကမွေးနေ့လက်ဆောင်က မနက်လင်းရင် သူပြောတဲ့ဟာမဟုတ်ရင်တောင်တစ်ခုခုအဆင်သင့်ရမှာ သေချာပါသည်။

"မာမီ့ကို ကိုယ်ခွင့်လွှတ်တယ် ဒီဘဝအတွက်"

၂၄နှစ်အတိုင်းအတာအထိ သူအသက်ရှင်နိုင်ခဲ့တာ လုံလောက်ပြီလားဆိုတဲ့မေးခွန်းသူထပ်မေးမိပြန်သည်။ အဖြေကတော့ရေရာလောက်အောင်မရှိပါ။ မီးရောင်ခပ်မှိန်မှိန်လေးရှိနေတဲ့ ဧည့်ခန်းထဲ ထိုင်ရင်း သူ့လက်ချောင်းသွယ်သွယ်တွေကိုကြည့်မိသည်။ လက်ပန်းကုံးတွေက ညိုမဲလို့ ပန်းကုံးတွေပဲ့နေတဲ့မြင်ကွင်းဟာ သူ့အတွက်တော့မဆန်းတော့ပါ။ အသက်ရှူရအဆင်မပြေလို့၊ နှလုံးတွေသည်းမခံနိုင်အောင်အောင့်လို့ အရေးပေါ်ဆေးဘူးတွေထစမ်းရတဲ့ညတွေမရေမတွက်နိုင်အောင်ရှိဖူးသည်။ တစ်ခါတစ်ခါမေ့မြောရင်းဖြတ်သန်းလိုက်ရတာတွေကပါသေးသည်။ ဒီ၂၄နှစ်လုံးမှာမှ ဒီလပိုင်းအတွင်း ပိုစိပ်လာခဲ့သည်။ လုံးဝသူလက်လျှော့ရမယ့်အခြေအနေတစ်ခုကိုပင်သူရင်ဆိုင်ခဲ့ရပြီးပြီ။ အသက်၂၄နှစ်ဆိုတာ သူ့အတွက်ရှင်သန်ရခြင်းလုံလောက်တဲ့နှစ်တစ်ခုလား။ဒါတော့ သူကိုယ်တိုင်လည်းမသေချာခဲ့ပေ။

သက်ပြင်းခပ်ဖွဖွချရင်း မြင်နေရတဲ့ပြတင်းပေါက်ဆီ သူလှမ်းကြည့်မိပြန်သည်။ ကောင်းကင်မှာ ကြယ်ပွင့်တွေမရှိကြတော့။ ငွေရောင်မိုးစက်တွေသာခိုတွဲလို့နေသည်။ ကောင်းကင်ကြီးကမဲမှောင်လို့ သူလည်းအထီးကျန်နေလောက်ပြီထင်ပါသည်။ ပြတင်းပေါက်ကိုဖွင့်ချလိုက်တော့ ညလေနဲ့အတူ ဝရုန်းသုန်းကားလွင့်စွင့်လာတဲ့ မိုးစက်တွေက သူ့ကိုအေးချမ်းစွာပက်ဖြန်းလိုက်သည်။ မလုပ်ဖူးတာတွေ၊မလုပ်ရဘူးလို့တားမြစ်သံတွေ၊ ဒါတွေအားလုံးကို မနက်ဖြန်ဆိုတဲ့ အချိန်အပိုင်းအခြားမှာ သူလုပ်ခွင့်ရရင် ကျေနပ်နိုင်လောက်မည်ထင်သည်။

ခဏလောက် နေပြီး အပေါ်ထပ်ကိုပြန်တက်ဖို့ ခြေဦးလှည့်မိသည်။ မာမီဆီတော့ ပြန်မသွားဖြစ်တော့။ အပေါ်ထပ်အခန်းထဲဝင်မယ်ကြံကာမှ ဘေးကအခန်းဆီ မဆီဆိုင်စွာ သူရောက်ဖြစ်ခဲ့သည်။ အခန်းတံခါးရှေ့ရပ်မိရင်း ဘာကြောင့်မှန်းမသိ ပြန်လှည့်ထွက်လိုက်ဖို့ သူ့ခြေထောက်တွေကိုအလုပ်မပေးမိပေ။ အခန်းတံခါးဘေးနံရံကိုမှီလို့ ထိုင်လိုက်မိသည်။ မနက်က မေကိုယ်တိုင်ဆွဲထားပေးတဲ့ ဆွဲကြိုးလေးကို ခပ်ဖွဖွကိုင်မိသည်။ မေ့ကို သူဖွင့်ပြောမိတာ မှားသွားပြီလား။ တကယ်လို့သူသာရှင်သန်ခွင့်မရှိတော့ရင် ဒီစကားတွေနဲ့မေ့အပေါ်တရားပါ့မလား။ ဟင့်အင်း သူမမှားပါဘူး။ ချစ်ရင်ချစ်တဲ့အကြောင်းတော့ပြောခဲ့ရမှာပေါ့။

ဒီညအတွက်တော့ ရှိုင်းခက်သွယ် မနက်၃နာရီလောက်မှ အိပ်ယာဝင်ဖြစ်ခဲ့သည်။ အိပ်ယာဝင်ပြီး အိပ်မပျော်ခဲ့တာတော့ သူတစ်ယောက်သာသိပါလိမ့်မည်။

"ဒေါက်! ဒေါက်!"

အခန်းရှေ့မှအဆက်မပြတ်ပေါ်နေတဲ့တံခါးခေါက်သံကြောင့် မဒီမျက်လုံးတွေကိုအားယူဖွင့်လိုက်ရသည်။ စားပွဲ‌ပုလေးပေါ်တင်ထားတဲ့ ဖုန်းကိုလှမ်းယူဖွင့်ကြည့်တော့ အချိန်က ၅ခွဲကျော်။ အစောကြီး ဘယ်သူများလာနှိုးသလဲလို့ အံ့ဩကာ တံခါးအမြန်ပြေးဖွင့်ရသည်။

" ဟင်!"

ပိုအံ့ဩစေတာကတော့ တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့သူကြောင့်ပဲဖြစ်ပါသည်။ မျက်လုံးတွေကိုပုတ်ခပ်ပုတ်ခပ်လုပ်ရင်း ကြောင်အမ်းအမ်းရပ်နေလိုက်မိသည်။

"ဘာကြောင်ကြည့်နေတာလဲ"

"ရှိုင်းက ဘယ်လို.."

"ဟို ကိုယ်နဲ့အပြင်သွားရအောင်"

"ဟမ်!"

"ကိုယ်ဟိုတစ်ခါ ရေကူးကန်မှာတုန်းကပြောထားတယ်မလား ကိုယ်နဲ့တစ်နေရာလိုက်ခဲ့‌ပေးဖို့"

မဒီတစ်ယောက်အိပ်ယာနိုးနိုးချင်းကို အသဲအသန်ဦးနှောက်ကိုအလုပ်ပေးရပြန်သည်။ ထိုအခါမှ ခေါင်းထဲအစီအရီပေါ်လာသည်။ နေပါဦး ဒီအချိန်ကြီးကိုလား။

"ဒီအချိန်ကြီးကိုလား"

အသံကျယ်ကြီးနဲ့အရှိန်ပါပါမေးလိုက်မိတော့ ရှိုင်းဆီက မျက်မှောင်ကျုံ့လျက် ခေါင်းခါကာ ပြောစရာမရှိတော့ဘူးဆိုတဲ့အကြည့်နဲ့ကြည့်သည်။

"ဒီအချိန်ကြီးသွားစရာလား ပြင်ဆင်ဖို့အချိန်ရအောင်လာနှိုးပေးတာ။"

"ဘယ်အချိန်သွားမှာမို့လို့လဲရှိုင်း"

"၈ခွဲကျော်ကျော်"

"ဟမ်!"

အဲ့အချိန်ကျမှကို ၅ခွဲကြီးလာနှိုးဖို့လိုလို့လား။ ဒေါသတွေငယ်ထိပ်တက်ဆောင့်‌ချင်သွားသည်။ မနေ့ကနေ့လည်ကလည်းတစ်ချက်လေးမှမနားရသလိုညကျပြန်‌တော့လည်း ဟုတ်တိပတ်တိအိပ်မယ်ကြံကာမှ လက်စသတ်ကမယ့် အချက်အလက်တွေအတွက် ထိုင်ပြီးစာရင်းထပ်ဖြည့်ရသည်။ လူ့ဂွစာ ရှိုင်းက သူမေးတဲ့အချိန်အဆင်သင့်မရှိရင် နဂါးမျက်စောင်းကို ဒုံးကျည်တင်ပြီးလွှတ်တဲ့လူစားမျိုး။ ကောင်းကောင်းတောင်မအိပ်ရသေးတာကို။

"အချိန်မှီမပြီးမှာစိုးလို့ လာနှိုးတာ။ ဝီရိယဆိုတာပိုတယ်မရှိဘူး။ သေချာပြင်ဆင်ထား ဟုတ်ပြီလား။

"ဒါပေမယ့်ဒီနေ့ရှိုင်းမွေးနေ့လေ ဘယ်သွားမှာလဲ အိမ်မှာမွေးနေ့ပါတီလုပ်ဖို့စီစဉ်ထားတယ်လေ"

"အဲ့ဒါကညနေမှလေကွာ ပြန်လာရင်မှီပါတယ် အစောကြီးရှိသေးတာ ကိုယ့်အမိန့်ပဲ အပြင်သွားမယ် မဒီလိုက်ခဲ့ရမယ်ဒါပဲ"

"ဟောတော်.."

ထိုစကားတစ်ခွန်းသာရေရွတ်လိုက်နိုင်တော့သည်။အိပ်ယာထခါစပုံစံနဲ့ ရုတ်တရက်ရောက်လာပြီး ပြောချင်ရာပြောကာလက်ဝှေ့ပြရင်း ပြန်ကျောခိုင်းသွားတဲ့ရှိုင်းပုံစံက မိမိုက်ချင်ယောင်ဆောင်နေတဲ့ကလေးလေးနဲ့တူလွန်းလှသည်။ ထိုပုံရိပ်လေးကိုကြည့်ရင်း မဒီ ခစ်ခနဲရယ်လိုက်မိပါသည်။

"ချစ်စရာလေး"

အခန်းထဲပြန်ဝင်ရင်း ပြန်အိပ်မရတော့မယ့်အတူတူ ဘုရားရှိခိုးရင်း ဒီနေ့ရဲ့မွေးနေ့ရှင်လေးအတွက်ဆုတောင်းပေးဖြစ်သည်။ ထို့နောက်တွင်တော့ အချိန်စောသေးတာမို့ တီဆွေတို့ကိုကူပေးဖို့ အောက်သို့ဆင်းလာခဲ့သည်။ ရှိုင်းရဲ့နှုတ်ထွက်စကားတိုင်းကို ကျေနပ်သည်ဖြစ်စေ၊မကျေနပ်သည်ဖြစ်စေ လိုက်နာနေတတ်သည်မှာ မဒီ့အကျင့်တစ်ခုလိုဖြစ်နေခဲ့သည်။ ခုလည်း မကျေနပ်တဲ့စိတ်အလျင်းမရှိ။ မျက်နှာထားကပြုံးရွှင်လို့ တက်ကြွနေခဲ့ပါသည်။ ရှိုင်းကဒါဆို မဒီကလည်းဒါပဲပေါ့။

"Wow! Thanks Mom"

တကယ်ရမယ်မထင်ထားသော မွေးနေ့လက်ဆောင်ဖြစ်သည်။ အရမ်းလူပါးဝသလိုဖြစ်နေပေမယ့် ဒီမွေးနေ့လက်ဆောင်ကိုရတော့ မျက်လုံး‌လေးတွေလက်လက်ထလို့ကလေးတစ်ယောက်လို မာမီ့ပါးပြင်တွေကိုမွှေးကြူလိုက်ပါသည်။ မာမီကလည်း သူ့နှဖူးပြင်ကို ခြေဖျားထောက်ကာမွှေးကြူရှာသည်။ ဒီမွေးနေ့မှာ မာမီနဲ့ပြေလည်ခွင့်ရတယ်လို့ပဲ သူသတ်မှတ်လိုက်သည်။ မာမီ့ကိုသူတစ်ယောက်တည်းပိုင်ခွင့်မရပေမယ့် ဘယ်အချိန်ထွက်ခွာရမလဲမသိတဲ့သူ့အတွက် ရှိနေတုန်းလေး ပြန်ပြေလည်လိုက်တာကပိုသင့်တော်မှာအမှန်ပင်။အရင်ကမာမီ့ကိုနာကျည်းမိသည်။ ဒါကလည်း သူ့ခံစားချက်နဲ့သူကို။

"Happy birthday Honey သဘောကျရဲ့လား"

အဖြူရောင်Lamborghini Aventadorကိုကြည့်ရင်း ခေါင်းတဆက်ဆက်ညိတ်ပြမိသည်။

"ပုံမှန်ဆို လက်ထဲရောက်ဖို့တော်တော်စောင့်ရတယ်မဟုတ်လားမာမီ"

"အောင်ခန့်ဆီကကြားထားလို့မာမီကြိုစီစဉ်ထားတာ လွန်ခဲ့တဲ့လကတည်းက ဒီနေ့အမှီရဖို့ကိုတော့အဆက်အသွယ်နည်းနည်းသုံးရတာပေါ့"

"ကျေးဇူးပါမာမီ တကယ်ကျေးဇူးပါ မေ့မနေခဲ့လို့"

ဖိုးဖိုးကတော့ မာမီ့ကို အလိုလိုက်လွန်းသည်ဟူသောအကြည့်နဲ့သာ ကြည့်နေသည်။ ဖိုးဖိုးကိုယ်တိုင်ကတော့သူ့ဖို့ကိုမွေးနေ့အမှီ ဘဏ်အကောင့်ထဲ ငွေတွေဖြည့်သွင်းပေးပြီးခဲ့ပြီဖြစ်သည်။

"ဒေါက်! ဒေါက်"

မဒီအဝတ်အစားလဲပြီး ခေါင်းဖြီးနေတုန်း တံခါးခေါက်သံကြားလိုက်ရသဖြင့် ရှိုင်းကိုဆူပစ်မယ်လို့ပင် စိတ်ထဲတေးပြီးအပြေးလေးသွားကာတံခါးဖွင့်လိုက်သည်။ သို့သော် ရှိုင်းတော့ဟုတ်မနေ။

"မေမေကြီး"

"သမီးကိုမေမေကြီးတောင်းပန်ချင်လို့ပါကွယ် စကားခဏပြောလို့ရမလား"

မဒီလက်ခံလိုက်ရတော့သည်။ မဒီ့ကိုဘယ်လိုပင်ဆက်ဆံပါစေ ရှိုင်းတို့သားအမိနှစ်ယောက် အဆင်ပြေသွားဖို့ကသာပိုအရေးကြီးသည်လေ။

"ဖိုးဖိုး "

"ဘာလိုချင်ပြန်ပြီလဲ ရှိုင်းခက်သွယ် ပူဆာတာတွေရပ်သင့်ပြီ"

မျက်မှောင်ကြီးကျုံ့ကာ တုတ်ကောက်ကြီးထောက်လို့ ဆူနေပုံက တကယ်အတည်ပေါက်ကြီး။ အေးပေါ့ သူကိုပူဆာခဲ့တဲ့ လန်ဘော်ဂီနီကြောင့်နဲ့သိန်းထောင်ပေါင်းများစွာထွက်သွားပြီကို။

"အဟမ်း ကိုယ်ကားလျှောက်မောင်းချင်လို့ ဒါပဲပြောမလို့ပါ"

"ဖြစ်ပါမလားရှိုင်းရယ် မာမီပြောမယ်။ မဒီ့ကိုလည်းခေါ်သွား မောင်အောင်ခန့်ကိုလည်းခေါ်သွား"

"သူများမောင်းတဲ့ကားကို စီးရတာပျင်းလာပြီ။ကိုယ့်ဘာသာပဲမောင်းချင်တာ ထားပါမာမီပြောသလိုဆို မဒီ့ကိုခေါ်သွားမယ် အောင်ခန့်ကိုတော့မခေါ်ဘူး"

အောင်ခန့်မျက်နှာကြီးကတော့ဆူပုတ်သွားလေပြီ။ အဖိုးဖြစ်သူနဲ့အမေဖြစ်သူကိုပြောနေတဲ့ ရှိုင်းက တကယ့်ကို ကိုယ့်ကိုကိုယ်မပိုင်တဲ့ လူတစ်ယောက်လိုပဲ။ လုပ်ချင်ရာလုပ်ပြီးမှအိမ်ကိုပေးသိတဲ့ကလေးဆိုးမဟုတ်တော့သလိုပဲ။အမြဲဦးဆောင်နိုင်ခဲ့တဲ့ ကောင်မလေးမဟုတ်တော့သလိုပဲ။ မေမေကြီးကတော့ သူ့သမီးကို စိုးကလည်းစိုးရိမ်၊ စိတ်ဆင်းရဲမှာလည်းမလိုချင်လို့ထင်ပါသည်။ ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။

"I love you mommy"

မာမီ့ပါးကိုရွှတ်ခနဲနမ်းကာ မျက်နှာတည်နဲ့ဖိုးဖိုးဆီ မျက်နှာချင်းဆိုင်လိုက်သည်။ ငယ်ငယ်တည်းက ခေါင်းမာအောင်ပုံသွင်းခဲ့တာ ဖိုးဖိုးပါ။

"ဖိုးဖိုး ကိုယ့်ကို ယုံပါ။ ကိုယ်တကယ်ဘာမှမဖြစ်ဘူး"

"ရှိုင်းလေးက သိပ်ခေါင်းမာတယ်။"

တုတ်ကောက်နဲ့ဖိုးဖိုးက ထိုစကားသာပြောပြီး အိမ်ထဲကိုလှမ်းဝင်သွားသည်။ ပြန်လာမှ လာတွေ့တာပေါ့။

ခုနကဒေါ်ဆွေမြင့်အနားရပ်နေတဲ့ မဒီ့ကိုမမြင်တော့သဖြင့် ဒေါ်ဆွေမြင့်ကိုလှမ်းမေးလိုက်သည်။

"ဒေါ်ဆွေမြင့် မဒီရော"

"အဝတ်အစားသွားလဲတယ်မမလေး"

"အဲ့ဒါမို့အစကတည်းကလုပ်ထားပါပြောတာကို ခုသွားမယ်ဆိုကာမှ.."

"ပြီးပါပြီရှိုင်းရယ်.. "

စကားဆုံးအောင်မပြောရသေးခင် ကြားဖြတ်ဝင်ရောက်လာတဲ့ အဖြူရောင်အရိပ်လေး။ မျက်လုံးထဲ ဝင်ရောက်လာတဲ့ အဖြူရောင်အရိပ်လေးက သူ့နှလုံးသံတွေကျယ်လောင်လာစေသတဲ့လား။ ဆံပင်လှိုင်းကောက်တွေက ကပိုကရိုကျလို့။ မျက်နှာသေးသေးလေးမှာ မိတ်ကပ်ခပ်ပါးပါးလေးကနေရာယူသည်။ အင်္ကျီလက်ဖောင်းခါးတို အဖြူရောင်လေးကိုမှ ပတ်ထမီအဖြူ‌ပေါ် ကနုတ်ဆင်အမဲလေးတွေက အလှပေါ်အယဥ်ဆင့်လိုက်သလိုပင်။

"လှလည်းမလှပဲပြင်နေသေးတယ် အပျိုကြီးဖြစ်နေပြီကို"

"ဘာ!"

စိတ်ထဲကဘယ်လောက်ပဲအမှတ်ပေးမိပါစေ အပြင်နှုတ်ကထွက်လျှင်တော့ ချိုသာခြင်းကင်းမဲ့တဲ့ ခပ်ကြမ်းကြမ်း စကားလုံးများသာ။ ကားပေါ်ကို သူအရင်တက်‌တော့ထိုနည်းတူစွာ မဒီကလည်း မျက်နှာစူပုတ်ပုတ်နှင့် ကားပေါ် တက်လာသည်။ စိတ်ဆိုးတယ်ပေါ့။ သိပ်သတ္တိကောင်းနေတာပဲ ပစ်တိုင်းထောင်။ စိတ်ဆိုးလည်းလှနေတော့ကိုယ်ခွင့်လွှတ်ပေးပါ့မယ်။

*******

ကားအမျိုးအစားနဲ့ပတ်သက်ပြီးတော့ ကိုယ်ကသိပ်မသိပါဘူး။ ကူညီပေးတဲ့ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်။ ဇာတ်‌လမ်းကိုဇာတ်လမ်းလိုပဲခံစားပေးမယ်လို့ ကိုယ်ယံကြည်ပါတယ်။ တစ်စုံတစ်ခုလစ်ဟသွားရင်ကိုယ့်အပြစ်သာဖြစ်ပါတယ်။

Zawgyi

ရွိုင္းတစ္ေယာက္ေမြးေန႕အမွီထူထူေထာင္ေထာင္ျပန္ျဖစ္လာသည့္အတြက္ တစ္အိမ္သားလုံးစိတ္ခ်မ္းသာရသည္။ ဥကၠဌႀကီးကဆို ရွိုင္းရဲ႕ေမြးေန႕ပြဲကိုခမ္းနားစြာက်င္းပၿပီး ဒုဥကၠဌရာထူးအားတရားဝင္လႊဲေပးမယ္လို႔ေတာင္စီစဥ္ေနသည္။ ေမေမႀကီးကေတာ့ ခုထက္ထိ မဒီ့အားအျမင္မၾကည္ေသးပါ။ မဒီ ဒီအိမ္မွာရွိေနလို႔ ျပန္မလာတာဟုပင္ဆိုေသးသည္။

ဘယ္တုန္းကေရာအိမ္ကပ္ဖူးလို႔လဲ

ရွိုင္းခပ္႐ြဲ႕႐ြဲ႕ေမးေတာ့ ပခုံးတစ္ခ်က္တြန႔္ျပကာ ထြက္သြားေသာ ေမေမႀကီးဆိုသူေဒၚခက္ခက္မိုးမွာ ဘယ္တုန္းကမွအေၾကာင္းျပခ်က္ရွိမေနပါ။

ေမြးေန႕ပြဲျပင္ဆင္သူေတြႏွင့္ရႈပ္ယွက္ခက္ေနတဲ့ ၿခံႀကီးထဲမွာ ရွိုင္းတစ္ေယာက္ရပ္ေနရင္းမ်က္စိရႈပ္လာသည္မို႔ ဘယ္သူမွမလာရအမိန႔္ထုတ္ဖူးေသာေရကူးကန္ဘက္ကိုသာထြက္လာခဲ့လိုက္သည္။ ဒီေလာက္အလုပ္ရႈပ္ေနတာ မဒီတစ္ေယာက္လည္းအားမည္မထင္ပါ။ ခပ္ငိုင္ငိုင္ႏွင့္ပင္ ေရကန္ေဘာင္ေပၚထိုင္ခ်မိသည္။ ဝတ္ထားတဲ့စတိုင္ပန္ကိုေတာ့ ဒူးအထက္ထိေခါက္လိုက္ကာ ေရကန္ထဲေျခေထာက္ခ်ထားလိုက္သည္။ တစ္စုံတစ္ေယာက္သူ႕ေရွ႕ဒီလိုလုပ္တာသူျမင္ဖူးသည္ေလ။

ရွိုင္း

ေနာက္ဘက္ဆီမွေခၚသံၾကားလို႔လွည့္ၾကည့္မိေတာ့မဒီ။ မ်က္လုံးေတြမွိတ္တဲ့အထိရယ္ျပလိုက္ေတာ့ သေဘာက်စြာလိုက္ၿပဳံး၏။

လက္ထဲကဘာေတြလဲ

ၿခံထဲအလွဆင္ဖို႔မီးသီးနဲ႕မီးႀကိဳးေတြ ခဏေလးဒါသြားပို႔ၿပီးျပန္ခဲ့မယ္

ဟုတ္ကဲ့

ဟုတ္ကဲ့ဆိုတဲ့စကားကိုသေဘာက်ကာခစ္ခနဲရယ္သြားေသာမဒီ့အား သူၿပဳံးၿပီးသာၾကည့္ေနမိသည္။ ကိုယ့္အသက္ရွင္ရမယ့္အေၾကာင္းတရားဟာမင္းပဲ။ ကိုယ္မင္းအနားရွင္သန္ခ်င္တယ္။

ရွိုင္း

မဒီေရာက္လာၿပီးရွိုင္းေဘးနားဝင္ထိုင္သည္။

ျမန္လိုက္တာ

မ်က္စိခဏမွိတ္

ဘာလို႔

မွိတ္ပါဆိုရွိုင္းရာ

အလိုက်မ်က္စိမွိတ္ေပးေတာ့ ေအးစက္တဲ့အထိအေတြ႕တစ္ခု လည္တိုင္တြင္ခိုတြဲလာသည္။

ဒါက...

Happy birthday ေမာင္

နားထဲတိုးဝင္လာတဲ့အသံခ်ိဳခ်ိဳေလးနဲ႕လိုက္ဖက္စြာ သူ႕ကိုခ်ည္ႏွောင္လိုက္ေသာ နာမ္စားေလး။

ဘယ္လို...ဘယ္လိုေခၚလိုက္တယ္

အဲ..ဟို မဒီသြားၿပီ

ခ်က္ခ်င္းမတ္တပ္ထရပ္ကာ ေရွာင္ေျပးဖို႔လုပ္တဲ့ မဒီ့လက္ကို အလ်င္အျမန္ဆြဲလ်က္တားဆီးလိုက္သည္။ မဒီ့အားေျဖးေျဖးေလးဖက္လိုက္ေတာ့ေတာင့္တင္းတင္းခႏၶာကိုယ္ေလးကအလိုက္သင့္ပါလာသည္။

ခ်စ္တယ္ ကိုယ္မင္းကိုသိပ္ခ်စ္တယ္

မဒီေရ..မဒီ...!

မဒီ့ဆီကဘာမွျပန္ေတာင္မၾကားရေသးဘူး အဖ်က္ကဝင္ၿပီ။ ေအာ္ေခၚသံၾကားတာနဲ႕ လွစ္ခနဲဖယ္ကာ ေျပးသြားသူကလည္း ျမန္လိုက္တာ။ ေရကူးကန္ေဘးနား ၿပဳံးၿပဳံးႀကီးတစ္ေယာက္တည္းက်န္ရစ္သူသည္ ရွိုင္းခက္သြယ္သာျဖစ္ပါသည္။

ကိုခန႔္ မနက္ျဖန္ခြင့္ရက္ျပည့္တာဆိုေတာ့ နင္မနက္ျဖန္ျပန္ရမွာေပါ့ေနာ္

ဘာလို႔လဲ ကိုကို႔ကိုျပန္မလႊတ္ခ်င္ဘူးေပါ့ဟုတ္လား

နင္ကေလအေကာင္းကိုေျပာလို႔မရဘူး

ႏြေးရယ္ ကိုယ္ကစတာပါ။ ဒီတစ္ေခါက္ကခြင့္ရတာရွည္သြားေတာ့ ေနာက္လေတာ့ ကိုယ္မျပန္ျဖစ္ေလာက္ဘူး

အိတ္ထဲယူရမယ့္ပစၥည္းေတြထည့္ရင္းျပန္ေျပာလိုက္သည္။ ႏြေးဆိုတဲ့ေကာင္မေလးကဘုကလန႔္သာေျပာတာ သူ႕ကိုဘယ္ေလာက္ခ်စ္မွန္းခန႔္လြန္းေသာ္သိတာေပါ့။ ေနာက္လျပန္မလာျဖစ္ဘူးေျပာလိုက္ေတာ့ တိတ္ဆိတ္သြားလိုက္တာမွ ဘာသံမွပင္မၾကားရေတာ့။

ႏြေး

ဟင္

မ်က္ႏွာႀကီးကလည္းဘာျဖစ္သြားတာတုန္း

ငါ့စိတ္ထဲေလးေနတယ္ကိုခန႔္ရယ္ နင့္ကုမၸဏီကို ခြင့္နည္းနည္းထပ္တင္ၾကည့္လို႔မရဘူးလား

အသံကတကယ့္ကိုစိတ္ပူေနတဲ့အသံမို႔ လုပ္လက္စအလုပ္ကိုထားထားလိုက္ၿပီး ႏြေးအနားသြားထိုင္ကာ လက္ေလးကိုခပ္ဖြဖြဆုပ္ကိုင္မိသည္။

ခုေတာင္မ်ားေနၿပီေလ ကိုယ္ထပ္ေျပာရင္ကိုယ္လြန္မွာေပါ့ ႏြေးရယ္ ဘာမွစိတ္မပူနဲ႕ ဘာမွစိတ္လည္းေလးမေနနဲ႕ ကိုယ္ကေနာက္လတစ္လဟိုမွာေနၿပီးရင္ ေနာက္လေတြက်တစ္ပတ္တစ္ခါပုံမွန္ျပန္ခဲ့မွာ။ မ်က္ႏွာႀကီးဆူပုတ္မေနပါနဲ႕ေတာ့ကြာ ေနာ္...

ကိုခန႔္ပုခုံးေပၚေခါင္းမွီလာရင္း ခပ္တိုးတိုးေလးဆိုသည္။

ငါတကယ္မသိေတာ့ပါဘူး ကိုခန႔္ရယ္ ဘာေၾကာင့္ငါမသြားေစခ်င္ေနတာလဲမသိဘူး

ဒါဆိုဒီလိုလုပ္ ကိုယ္ေန႕လည္ေလာက္မွသြားမယ္ ဘယ္လိုလဲ လိမၼာပါတယ္ကြာ ၿပဳံးျပပါႏြေးရယ္

ႏြေးေခါင္းေလးကို နမ္းလိုက္ရင္းေျပာေတာ့ ေခါင္းေလးေမာ့ကာ ၿပဳံးျပလာသည္။ သို႔ေသာ္မ်က္လုံးေတြကထိုင္းမွိုင္းဆဲ။

ေဒါက္ ေဒါက္!

မာမီ့အခန္းေရွ႕ ေခါက္တုန႔္ေခါက္ျပန္ေလွ်ာက္ေနမိၿပီးမွ အရဲစြန႔္ၿပီးတံခါးေခါက္လိုက္ရသည္။ ေၾကာက္သည္။ မာမီေမ့ထားမွာေၾကာက္သည္။ မာမီတစ္ခါမွသတိမရဖူးတဲ့သူ႕ေမြးေန႕ကိုဒီတစ္ခါလည္းထပ္ၿပီး..ဆိုတဲ့ေနာက္သူထပ္မေတြးခ်င္ေတာ့။

ဘယ္သူလဲ

မာမီ ကိုယ္ပါ

ဝင္ခဲ့ေလရွိုင္းရဲ႕

တံခါးလွပ္လွပ္ျခင္းျမင္ေတြ႕ရတဲ့မာမီက ပန္းႏုေရာင္ညအိပ္ဝတ္စုံနဲ႕ မွန္တင္ခုံမွာ ထိုင္ကာ Skin care အဆင့္ဆင့္ကိုလိမ္းေနပုံေပၚသည္။ သူ႕ကိုေတြ႕တာနဲ႕ ထူးဆန္းတဲ့မ်က္ဝန္းေတြနဲ႕ၿပဳံးျပတဲ့မာမီ့အၿပဳံးက ခုထိေတာ့ သူ႕အဖို႔လုံၿခဳံတဲ့ခံစားမႈမ်ိဳးမေပးစြမ္းနိုင္ခဲ့ပါ။

အိပ္ေတာ့မွာလား

ထူးထူးဆန္းဆန္းပါလား ရွိုင္းေလးရဲ႕မအိပ္ေသးပါဘူး ေျပာ ဘာေျပာခ်င္လို႔လဲ

မာမီကုတင္အက်ယ္ႀကီးရဲ႕ အစြန႔္ဘက္မွာဝင္ထိုင္ရင္း မာမီ့ကိုၾကည့္ေနမိသည္။ မာမီကလွသည္။ႏုနယ္သည္။ အသက္ႀကီးႀကီးမိန္းမပုံစံမ်ိဳး မာမီ့ဆီမွာမျမင္ဖူးေပ။ ႏႈတ္ခမ္းနီဆို နီနီရဲရဲမွႀကိဳက္တတ္သည့္ မာမီ့ကို သူကေတာ့ ပန္းေဖ်ာ့ေရာင္ေလးဆိုးေစခ်င္ခဲ့သည္။

မာမီ့ကိုၾကည့္လို႔ မဝဘူးလား ကဲ ေျပာပါဦးရွိုင္းေလးရဲ႕

မနက္ျဖန္ ဘာေန႕လဲ မာမီသိလား

ေအာ္ဒါမ်ားကြယ္ မနက္ျဖန္ ၾကာသပေတးေန႕ေလ ေအာ္ေနပါဦးဇြန္၅ရက္ေန႕မလား

မာမီ့ကိုၾကည့္မိတဲ့ သူ႕မ်က္လုံးထဲ မယုံနိုင္ျခင္းေတြနဲ႕အတူ စိတ္ပ်က္မိျခင္းေတြပါပါလိမ့္မည္။ ရင္ထဲမြန္းၾကပ္လြန္းလို႔ ဘာစကားမွ ထြက္မလာေတာ့။ လည္ေခ်ာင္းတစ္ခုလုံး ပိတ္ဆို႔ခံထားရသည့္ႏွယ္။ထင္တဲ့အတိုင္းပဲ။ ထင္ထားတဲ့အတိုင္းပဲ။ မ်က္ရည္ေတြက ဒီေနရာမွာခိုင္မာသည္။ ဝဲပင္ဝဲမလာနိုင္ေအာင္ မ်က္ရည္တာရိုးခိုင္ခဲ့သည္။ ဝမ္းနည္းသည္။ သိပ္ဝမ္းနည္းတဲ့စိတ္နဲ႕ ေမွ်ာ္လင့္ျခင္းေတြရိုက္ခ်ိဳးခံလိုက္ရသည္။

ေအာ္ ဟင္း ဟင္း ဟုတ္တယ္ ကိုယ္ျပကၡဒိန္မၾကည့္မိလို႔ မာမီအိပ္ေတာ့ေလ good night

ဒီအခန္းထဲကအျမန္ထြက္ခ်င္သည္။ မာမီ့ေရွ႕မွာ တစ္စကၠန႔္ေတာင္မေနခ်င္ေတာ့။ ဟန္ေဆာင္အၿပဳံးကိုမာမီ့အားေပးၿပီး ေက်ာခိုင္းလိုက္သည္။ ထိုစဥ္မွာပင္ သူ႕ခါးတစ္ဝိုက္ မာမီ့လက္ေတြရစ္သိုင္းလာေလသည္။

မာမီ့ရင္ေသြးရဲ႕ေမြးေန႕ကို ေမ့ရေလာက္ေအာင္ထိ ေပါ့ဆဆမိန္းမမဟုတ္ပါဘူး ရွိုင္းေလးရယ္

သူ႕မ်က္ရည္တာရိုးက်ိဳးခဲ့ၿပီ။ မာမီမွတ္မိတယ္ဆိုတာနဲ႕တင္ အေက်နပ္ႀကီးေက်နပ္သြားတဲ့ သူ႕ကိုယ္သူကေလးဆန္လြန္းေၾကာင္းကိုေတာ့ ပထမဦးစြာ လက္ခံလိုက္ရေလၿပီ။ မာမီ့ဘက္သို႔လွည့္လာရင္းမာမီ့ပုခုံးေပၚမ်က္ႏွာအပ္ရင္းငိုမိေတာ့ မာမီကေခါင္းအသာပြတ္ေပးသည္။

မာမီမွတ္မိပါတယ္။ မာမီကရွိုင္းကို မာမီ့ခႏၶာကိုယ္ထဲမွာ ၉လႀကီးေတာင္ ထည့္ထားနိုင္ခဲ့တဲ့အေမပါ။ ဘာေၾကာင့္ မမွတ္မိရမလဲ။တိတ္ တိတ္ မငိုေတာ့နဲ႕ကြယ္..ၾကည့္ပါဦးမ်က္ရည္ေတြ ဒီလိုက်ေတာ့ မာမီ့ကေလးက၂၄ႏွစ္ျပည့္မွာလို႔မထင္ရဘူးပဲ

မ်က္ရည္ေတြကိုမာမီ့လက္ႏုႏုေတြနဲ႕ အသာအယာသုတ္ဖယ္ေပးရင္း သူ႕ကိုစေနေသးသည္။ ငယ္ငယ္ကလို မာမီပစ္ထားတိုင္းငိုရမလား။ မာမီ့ေျခသလုံးပဲအတင္းတြယ္ကပ္ၿပီးအျပင္မသြားဖို႔သူတားခဲ့ရမလား။ မာမီနဲ႕ဆန႔္က်င္ၿပီး သူအ႐ြဲ႕တိုက္ခဲ့တာၾကာခဲ့ၿပီ။ ဒီတစ္ေန႕ေတာ့သူ႕ဘက္ကစေလွ်ာ့ၾကည့္ခ်င္သည္။

မာမီ ကိုယ္ဒီညဒီမွာအိပ္လို႔ရမလား

ရတာေပါ့ မာမီ့ကေလးကေတာ့တကယ္ ၂၄ႏွစ္မဟုတ္ေလာက္ဘူး

ရယ္ျမဴးသံတစ္ဝက္နဲ႕ မာမီ့ရင္ခြင္မွာ ခိုနားခြင့္ရခဲ့သည္။

မာမီ့ဆီက ေမြးေန႕လက္ေဆာင္ ကိုယ္ေတာင္းလို႔ရမလား

ကဲေျပာ ဘာလိုခ်င္လို႔လဲ

Lamborghini Aventador

ဟမ္!

ထိုညက မာမီ့ရဲ႕ ေသြးတက္ေၾကာင္းေျပာသံေတြနဲ႕ သူ႕ရဲ႕ ပူဆာသံေတြ ဆူညံေနခဲ့သည္။ ရယ္ေမာရတာေဝးခဲ့ၿပီျဖစ္တဲ့မိသားစုဝင္ေတြမွန္း ထိုညကေတာ့ေမ့ခဲ့သည္။ ထိုေမ့ျခင္းဟာ မာမီ့ကိုေရာ သူ႕ကိုပါ စိတ္ခ်မ္းသာေစျခင္းေၾကာင့္ ေမ့လက္စႏွင့္ေမ့ထားခဲ့ပါသည္။

တစ္ခါတစ္ရံ ေမ့ထားသင့္တဲ့အတိတ္နဲ႕ လက္ရွိအေျခအေနၾကား ဘယ္ေတာ့မွလြန္မဆြဲေၾကး။

ညဦးပိုင္းေလာက္အထိမာမီ့ေဘးမွာဝင္လွဲေနခဲ့ေပမယ့္ မာမီ့ဆီကအသက္ရႉသံခပ္သဲ့သဲ့ၾကားရတဲ့အထိ အိပ္မေပ်ာ္တာေၾကာင့္ အခန္းထဲမွ ထထြက္လာခဲ့မိသည္။ မာမီ့ဆီကေမြးေန႕လက္ေဆာင္က မနက္လင္းရင္ သူေျပာတဲ့ဟာမဟုတ္ရင္ေတာင္တစ္ခုခုအဆင္သင့္ရမွာ ေသခ်ာပါသည္။

မာမီ့ကို ကိုယ္ခြင့္လႊတ္တယ္ ဒီဘဝအတြက္

၂၄ႏွစ္အတိုင္းအတာအထိ သူအသက္ရွင္နိုင္ခဲ့တာ လုံေလာက္ၿပီလားဆိုတဲ့ေမးခြန္းသူထပ္ေမးမိျပန္သည္။ အေျဖကေတာ့ေရရာေလာက္ေအာင္မရွိပါ။ မီးေရာင္ခပ္မွိန္မွိန္ေလးရွိေနတဲ့ ဧည့္ခန္းထဲ ထိုင္ရင္း သူ႕လက္ေခ်ာင္းသြယ္သြယ္ေတြကိုၾကည့္မိသည္။ လက္ပန္းကုံးေတြက ညိုမဲလို႔ ပန္းကုံးေတြပဲ့ေနတဲ့ျမင္ကြင္းဟာ သူ႕အတြက္ေတာ့မဆန္းေတာ့ပါ။ အသက္ရႉရအဆင္မေျပလို႔၊ ႏွလုံးေတြသည္းမခံနိုင္ေအာင္ေအာင့္လို႔ အေရးေပၚေဆးဘူးေတြထစမ္းရတဲ့ညေတြမေရမတြက္နိုင္ေအာင္ရွိဖူးသည္။ တစ္ခါတစ္ခါေမ့ေျမာရင္းျဖတ္သန္းလိုက္ရတာေတြကပါေသးသည္။ ဒီ၂၄ႏွစ္လုံးမွာမွ ဒီလပိုင္းအတြင္း ပိုစိပ္လာခဲ့သည္။ လုံးဝသူလက္ေလွ်ာ့ရမယ့္အေျခအေနတစ္ခုကိုပင္သူရင္ဆိုင္ခဲ့ရၿပီးၿပီ။ အသက္၂၄ႏွစ္ဆိုတာ သူ႕အတြက္ရွင္သန္ရျခင္းလုံေလာက္တဲ့ႏွစ္တစ္ခုလား။ဒါေတာ့ သူကိုယ္တိုင္လည္းမေသခ်ာခဲ့ေပ။

သက္ျပင္းခပ္ဖြဖြခ်ရင္း ျမင္ေနရတဲ့ျပတင္းေပါက္ဆီ သူလွမ္းၾကည့္မိျပန္သည္။ ေကာင္းကင္မွာ ၾကယ္ပြင့္ေတြမရွိၾကေတာ့။ ေငြေရာင္မိုးစက္ေတြသာခိုတြဲလို႔ေနသည္။ ေကာင္းကင္ႀကီးကမဲေမွာင္လို႔ သူလည္းအထီးက်န္ေနေလာက္ၿပီထင္ပါသည္။ ျပတင္းေပါက္ကိုဖြင့္ခ်လိဳက္ေတာ့ ညေလနဲ႕အတူ ဝ႐ုန္းသုန္းကားလြင့္စြင့္လာတဲ့ မိုးစက္ေတြက သူ႕ကိုေအးခ်မ္းစြာပက္ျဖန္းလိုက္သည္။ မလုပ္ဖူးတာေတြ၊မလုပ္ရဘူးလို႔တားျမစ္သံေတြ၊ ဒါေတြအားလုံးကို မနက္ျဖန္ဆိုတဲ့ အခ်ိန္အပိုင္းအျခားမွာ သူလုပ္ခြင့္ရရင္ ေက်နပ္နိုင္ေလာက္မည္ထင္သည္။

ခဏေလာက္ ေနၿပီး အေပၚထပ္ကိုျပန္တက္ဖို႔ ေျခဦးလွည့္မိသည္။ မာမီဆီေတာ့ ျပန္မသြားျဖစ္ေတာ့။ အေပၚထပ္အခန္းထဲဝင္မယ္ႀကံကာမွ ေဘးကအခန္းဆီ မဆီဆိုင္စြာ သူေရာက္ျဖစ္ခဲ့သည္။ အခန္းတံခါးေရွ႕ရပ္မိရင္း ဘာေၾကာင့္မွန္းမသိ ျပန္လွည့္ထြက္လိုက္ဖို႔ သူ႕ေျခေထာက္ေတြကိုအလုပ္မေပးမိေပ။ အခန္းတံခါးေဘးနံရံကိုမွီလို႔ ထိုင္လိုက္မိသည္။ မနက္က ေမကိုယ္တိုင္ဆြဲထားေပးတဲ့ ဆြဲႀကိဳးေလးကို ခပ္ဖြဖြကိုင္မိသည္။ ေမ့ကို သူဖြင့္ေျပာမိတာ မွားသြားၿပီလား။ တကယ္လို႔သူသာရွင္သန္ခြင့္မရွိေတာ့ရင္ ဒီစကားေတြနဲ႕ေမ့အေပၚတရားပါ့မလား။ ဟင့္အင္း သူမမွားပါဘူး။ ခ်စ္ရင္ခ်စ္တဲ့အေၾကာင္းေတာ့ေျပာခဲ့ရမွာေပါ့။

ဒီညအတြက္ေတာ့ ရွိုင္းခက္သြယ္ မနက္၃နာရီေလာက္မွ အိပ္ယာဝင္ျဖစ္ခဲ့သည္။ အိပ္ယာဝင္ၿပီး အိပ္မေပ်ာ္ခဲ့တာေတာ့ သူတစ္ေယာက္သာသိပါလိမ့္မည္။

ေဒါက္! ေဒါက္!

အခန္းေရွ႕မွအဆက္မျပတ္ေပၚေနတဲ့တံခါးေခါက္သံေၾကာင့္ မဒီမ်က္လုံးေတြကိုအားယူဖြင့္လိုက္ရသည္။ စားပြဲပုေလးေပၚတင္ထားတဲ့ ဖုန္းကိုလွမ္းယူဖြင့္ၾကည့္ေတာ့ အခ်ိန္က ၅ခြဲေက်ာ္။ အေစာႀကီး ဘယ္သူမ်ားလာႏွိုးသလဲလို႔ အံ့ဩကာ တံခါးအျမန္ေျပးဖြင့္ရသည္။

ဟင္!

ပိုအံ့ဩေစတာကေတာ့ တံခါးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတဲ့သူေၾကာင့္ပဲျဖစ္ပါသည္။ မ်က္လုံးေတြကိုပုတ္ခပ္ပုတ္ခပ္လုပ္ရင္း ေၾကာင္အမ္းအမ္းရပ္ေနလိုက္မိသည္။

ဘာေၾကာင္ၾကည့္ေနတာလဲ

ရွိုင္းက ဘယ္လို..

ဟို ကိုယ္နဲ႕အျပင္သြားရေအာင္

ဟမ္!

ကိုယ္ဟိုတစ္ခါ ေရကူးကန္မွာတုန္းကေျပာထားတယ္မလား ကိုယ္နဲ႕တစ္ေနရာလိုက္ခဲ့ေပးဖို႔

မဒီတစ္ေယာက္အိပ္ယာနိုးနိုးခ်င္းကို အသဲအသန္ဦးႏွောက္ကိုအလုပ္ေပးရျပန္သည္။ ထိုအခါမွ ေခါင္းထဲအစီအရီေပၚလာသည္။ ေနပါဦး ဒီအခ်ိန္ႀကီးကိုလား။

ဒီအခ်ိန္ႀကီးကိုလား

အသံက်ယ္ႀကီးနဲ႕အရွိန္ပါပါေမးလိုက္မိေတာ့ ရွိုင္းဆီက မ်က္ေမွာင္က်ဳံ႕လ်က္ ေခါင္းခါကာ ေျပာစရာမရွိေတာ့ဘူးဆိုတဲ့အၾကည့္နဲ႕ၾကည့္သည္။

ဒီအခ်ိန္ႀကီးသြားစရာလား ျပင္ဆင္ဖို႔အခ်ိန္ရေအာင္လာႏွိုးေပးတာ။

ဘယ္အခ်ိန္သြားမွာမို႔လို႔လဲရွိုင္း

၈ခြဲေက်ာ္ေက်ာ္

ဟမ္!

အဲ့အခ်ိန္က်မွကို ၅ခြဲႀကီးလာႏွိုးဖို႔လိုလို႔လား။ ေဒါသေတြငယ္ထိပ္တက္ေဆာင့္ခ်င္သြားသည္။ မေန႕ကေန႕လည္ကလည္းတစ္ခ်က္ေလးမွမနားရသလိုညက်ျပန္ေတာ့လည္း ဟုတ္တိပတ္တိအိပ္မယ္ႀကံကာမွ လက္စသတ္ကမယ့္ အခ်က္အလက္ေတြအတြက္ ထိုင္ၿပီးစာရင္းထပ္ျဖည့္ရသည္။ လူ႕ဂြစာ ရွိုင္းက သူေမးတဲ့အခ်ိန္အဆင္သင့္မရွိရင္ နဂါးမ်က္ေစာင္းကို ဒုံးက်ည္တင္ၿပီးလႊတ္တဲ့လူစားမ်ိဳး။ ေကာင္းေကာင္းေတာင္မအိပ္ရေသးတာကို။

အခ်ိန္မွီမၿပီးမွာစိုးလို႔ လာႏွိုးတာ။ ဝီရိယဆိုတာပိုတယ္မရွိဘူး။ ေသခ်ာျပင္ဆင္ထား ဟုတ္ၿပီလား။

ဒါေပမယ့္ဒီေန႕ရွိုင္းေမြးေန႕ေလ ဘယ္သြားမွာလဲ အိမ္မွာေမြးေန႕ပါတီလုပ္ဖို႔စီစဥ္ထားတယ္ေလ

အဲ့ဒါကညေနမွေလကြာ ျပန္လာရင္မွီပါတယ္ အေစာႀကီးရွိေသးတာ ကိုယ့္အမိန႔္ပဲ အျပင္သြားမယ္ မဒီလိုက္ခဲ့ရမယ္ဒါပဲ

ေဟာေတာ္..

ထိုစကားတစ္ခြန္းသာေရ႐ြတ္လိုက္နိုင္ေတာ့သည္။အိပ္ယာထခါစပုံစံနဲ႕ ႐ုတ္တရက္ေရာက္လာၿပီး ေျပာခ်င္ရာေျပာကာလက္ေဝွ႕ျပရင္း ျပန္ေက်ာခိုင္းသြားတဲ့ရွိုင္းပုံစံက မိမိုက္ခ်င္ေယာင္ေဆာင္ေနတဲ့ကေလးေလးနဲ႕တူလြန္းလွသည္။ ထိုပုံရိပ္ေလးကိုၾကည့္ရင္း မဒီ ခစ္ခနဲရယ္လိုက္မိပါသည္။

ခ်စ္စရာေလး

အခန္းထဲျပန္ဝင္ရင္း ျပန္အိပ္မရေတာ့မယ့္အတူတူ ဘုရားရွိခိုးရင္း ဒီေန႕ရဲ႕ေမြးေန႕ရွင္ေလးအတြက္ဆုေတာင္းေပးျဖစ္သည္။ ထို႔ေနာက္တြင္ေတာ့ အခ်ိန္ေစာေသးတာမို႔ တီေဆြတို႔ကိုကူေပးဖို႔ ေအာက္သို႔ဆင္းလာခဲ့သည္။ ရွိုင္းရဲ႕ႏႈတ္ထြက္စကားတိုင္းကို ေက်နပ္သည္ျဖစ္ေစ၊မေက်နပ္သည္ျဖစ္ေစ လိုက္နာေနတတ္သည္မွာ မဒီ့အက်င့္တစ္ခုလိုျဖစ္ေနခဲ့သည္။ ခုလည္း မေက်နပ္တဲ့စိတ္အလ်င္းမရွိ။ မ်က္ႏွာထားကၿပဳံး႐ႊင္လို႔ တက္ႂကြေနခဲ့ပါသည္။ ရွိုင္းကဒါဆို မဒီကလည္းဒါပဲေပါ့။

Wow! Thanks Mom

တကယ္ရမယ္မထင္ထားေသာ ေမြးေန႕လက္ေဆာင္ျဖစ္သည္။ အရမ္းလူပါးဝသလိုျဖစ္ေနေပမယ့္ ဒီေမြးေန႕လက္ေဆာင္ကိုရေတာ့ မ်က္လုံးေလးေတြလက္လက္ထလို႔ကေလးတစ္ေယာက္လို မာမီ့ပါးျပင္ေတြကိုေမႊးၾကဴလိုက္ပါသည္။ မာမီကလည္း သူ႕ႏွဖူးျပင္ကို ေျခဖ်ားေထာက္ကာေမႊးၾကဴရွာသည္။ ဒီေမြးေန႕မွာ မာမီနဲ႕ေျပလည္ခြင့္ရတယ္လို႔ပဲ သူသတ္မွတ္လိုက္သည္။ မာမီ့ကိုသူတစ္ေယာက္တည္းပိုင္ခြင့္မရေပမယ့္ ဘယ္အခ်ိန္ထြက္ခြာရမလဲမသိတဲ့သူ႕အတြက္ ရွိေနတုန္းေလး ျပန္ေျပလည္လိုက္တာကပိုသင့္ေတာ္မွာအမွန္ပင္။အရင္ကမာမီ့ကိုနာက်ည္းမိသည္။ ဒါကလည္း သူ႕ခံစားခ်က္နဲ႕သူကို။

Happy birthday Honey သေဘာက်ရဲ႕လား

အျဖဴေရာင္Lamborghini Aventadorကိုၾကည့္ရင္း ေခါင္းတဆက္ဆက္ညိတ္ျပမိသည္။

ပုံမွန္ဆို လက္ထဲေရာက္ဖို႔ေတာ္ေတာ္ေစာင့္ရတယ္မဟုတ္လားမာမီ

ေအာင္ခန႔္ဆီကၾကားထားလို႔မာမီႀကိဳစီစဥ္ထားတာ လြန္ခဲ့တဲ့လကတည္းက ဒီေန႕အမွီရဖို႔ကိုေတာ့အဆက္အသြယ္နည္းနည္းသုံးရတာေပါ့

ေက်းဇူးပါမာမီ တကယ္ေက်းဇူးပါ ေမ့မေနခဲ့လို႔

ဖိုးဖိုးကေတာ့ မာမီ့ကို အလိုလိုက္လြန္းသည္ဟူေသာအၾကည့္နဲ႕သာ ၾကည့္ေနသည္။ ဖိုးဖိုးကိုယ္တိုင္ကေတာ့သူ႕ဖို႔ကိုေမြးေန႕အမွီ ဘဏ္အေကာင့္ထဲ ေငြေတြျဖည့္သြင္းေပးၿပီးခဲ့ၿပီျဖစ္သည္။

ေဒါက္! ေဒါက္

မဒီအဝတ္အစားလဲၿပီး ေခါင္းၿဖီးေနတုန္း တံခါးေခါက္သံၾကားလိုက္ရသျဖင့္ ရွိုင္းကိုဆူပစ္မယ္လို႔ပင္ စိတ္ထဲေတးၿပီးအေျပးေလးသြားကာတံခါးဖြင့္လိုက္သည္။ သို႔ေသာ္ ရွိုင္းေတာ့ဟုတ္မေန။

ေမေမႀကီး

သမီးကိုေမေမႀကီးေတာင္းပန္ခ်င္လို႔ပါကြယ္ စကားခဏေျပာလို႔ရမလား

မဒီလက္ခံလိုက္ရေတာ့သည္။ မဒီ့ကိုဘယ္လိုပင္ဆက္ဆံပါေစ ရွိုင္းတို႔သားအမိႏွစ္ေယာက္ အဆင္ေျပသြားဖို႔ကသာပိုအေရးႀကီးသည္ေလ။

ဖိုးဖိုး

ဘာလိုခ်င္ျပန္ၿပီလဲ ရွိုင္းခက္သြယ္ ပူဆာတာေတြရပ္သင့္ၿပီ

မ်က္ေမွာင္ႀကီးက်ဳံ႕ကာ တုတ္ေကာက္ႀကီးေထာက္လို႔ ဆူေနပုံက တကယ္အတည္ေပါက္ႀကီး။ ေအးေပါ့ သူကိုပူဆာခဲ့တဲ့ လန္ေဘာ္ဂီနီေၾကာင့္နဲ႕သိန္းေထာင္ေပါင္းမ်ားစြာထြက္သြားၿပီကို။

အဟမ္း ကိုယ္ကားေလွ်ာက္ေမာင္းခ်င္လို႔ ဒါပဲေျပာမလို႔ပါ

ျဖစ္ပါမလားရွိုင္းရယ္ မာမီေျပာမယ္။ မဒီ့ကိုလည္းေခၚသြား ေမာင္ေအာင္ခန႔္ကိုလည္းေခၚသြား

သူမ်ားေမာင္းတဲ့ကားကို စီးရတာပ်င္းလာၿပီ။ကိုယ့္ဘာသာပဲေမာင္းခ်င္တာ ထားပါမာမီေျပာသလိုဆို မဒီ့ကိုေခၚသြားမယ္ ေအာင္ခန႔္ကိုေတာ့မေခၚဘူး

ေအာင္ခန႔္မ်က္ႏွာႀကီးကေတာ့ဆူပုတ္သြားေလၿပီ။ အဖိုးျဖစ္သူနဲ႕အေမျဖစ္သူကိုေျပာေနတဲ့ ရွိုင္းက တကယ့္ကို ကိုယ့္ကိုကိုယ္မပိုင္တဲ့ လူတစ္ေယာက္လိုပဲ။ လုပ္ခ်င္ရာလုပ္ၿပီးမွအိမ္ကိုေပးသိတဲ့ကေလးဆိုးမဟုတ္ေတာ့သလိုပဲ။အၿမဲဦးေဆာင္နိုင္ခဲ့တဲ့ ေကာင္မေလးမဟုတ္ေတာ့သလိုပဲ။ ေမေမႀကီးကေတာ့ သူ႕သမီးကို စိုးကလည္းစိုးရိမ္၊ စိတ္ဆင္းရဲမွာလည္းမလိုခ်င္လို႔ထင္ပါသည္။ ေခါင္းညိတ္ကာ ခြင့္ျပဳလိုက္သည္။

I love you mommy

မာမီ့ပါးကို႐ႊတ္ခနဲနမ္းကာ မ်က္ႏွာတည္နဲ႕ဖိုးဖိုးဆီ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ ငယ္ငယ္တည္းက ေခါင္းမာေအာင္ပုံသြင္းခဲ့တာ ဖိုးဖိုးပါ။

ဖိုးဖိုး ကိုယ့္ကို ယုံပါ။ ကိုယ္တကယ္ဘာမွမျဖစ္ဘူး

ရွိုင္းေလးက သိပ္ေခါင္းမာတယ္။

တုတ္ေကာက္နဲ႕ဖိုးဖိုးက ထိုစကားသာေျပာၿပီး အိမ္ထဲကိုလွမ္းဝင္သြားသည္။ ျပန္လာမွ လာေတြ႕တာေပါ့။

ခုနကေဒၚေဆြျမင့္အနားရပ္ေနတဲ့ မဒီ့ကိုမျမင္ေတာ့သျဖင့္ ေဒၚေဆြျမင့္ကိုလွမ္းေမးလိုက္သည္။

ေဒၚေဆြျမင့္ မဒီေရာ

အဝတ္အစားသြားလဲတယ္မမေလး

အဲ့ဒါမို႔အစကတည္းကလုပ္ထားပါေျပာတာကို ခုသြားမယ္ဆိုကာမွ..

ၿပီးပါၿပီရွိုင္းရယ္..

စကားဆုံးေအာင္မေျပာရေသးခင္ ၾကားျဖတ္ဝင္ေရာက္လာတဲ့ အျဖဴေရာင္အရိပ္ေလး။ မ်က္လုံးထဲ ဝင္ေရာက္လာတဲ့ အျဖဴေရာင္အရိပ္ေလးက သူ႕ႏွလုံးသံေတြက်ယ္ေလာင္လာေစသတဲ့လား။ ဆံပင္လွိုင္းေကာက္ေတြက ကပိုကရိုက်လိဳ႕။ မ်က္ႏွာေသးေသးေလးမွာ မိတ္ကပ္ခပ္ပါးပါးေလးကေနရာယူသည္။ အကၤ်ီလက္ေဖာင္းခါးတို အျဖဴေရာင္ေလးကိုမွ ပတ္ထမီအျဖဴေပၚ ကႏုတ္ဆင္အမဲေလးေတြက အလွေပၚအယဥ္ဆင့္လိုက္သလိုပင္။

လွလည္းမလွပဲျပင္ေနေသးတယ္ အပ်ိဳႀကီးျဖစ္ေနၿပီကို

ဘာ!

စိတ္ထဲကဘယ္ေလာက္ပဲအမွတ္ေပးမိပါေစ အျပင္ႏႈတ္ကထြက္လွ်င္ေတာ့ ခ်ိဳသာျခင္းကင္းမဲ့တဲ့ ခပ္ၾကမ္းၾကမ္း စကားလုံးမ်ားသာ။ ကားေပၚကို သူအရင္တက္ေတာ့ထိုနည္းတူစြာ မဒီကလည္း မ်က္ႏွာစူပုတ္ပုတ္ႏွင့္ ကားေပၚ တက္လာသည္။ စိတ္ဆိုးတယ္ေပါ့။ သိပ္သတၱိေကာင္းေနတာပဲ ပစ္တိုင္းေထာင္။ စိတ္ဆိုးလည္းလွေနေတာ့ကိုယ္ခြင့္လႊတ္ေပးပါ့မယ္။

*******

ကားအမ်ိဳးအစားနဲ႕ပတ္သက္ၿပီးေတာ့ ကိုယ္ကသိပ္မသိပါဘူး။ ကူညီေပးတဲ့ညီမေလးကိုလည္းေက်းဇူးတင္ပါတယ္။ ဇာတ္လမ္းကိုဇာတ္လမ္းလိုပဲခံစားေပးမယ္လို႔ ကိုယ္ယံၾကည္ပါတယ္။ တစ္စုံတစ္ခုလစ္ဟသြားရင္ကိုယ့္အျပစ္သာျဖစ္ပါတယ္။

Continue Reading

You'll Also Like

9.2K 284 19
(Complete) မ..ရဲ့ချစ်ခြင်းကမိုးစက်တွေအဖြစ်ရွာသွန်းရင်း ကလေးရဲ့နှလုံးသားကြမ်းပြင်မှာ သမုဒ္ဒရာတစ်စင်းဖြစ်တည်လာခဲ့မယ်ဆိုရင် အဲ့ဒီရေပြင်ကျယ်ထဲမှာနစ်မြုပ်...
31.9K 2.8K 22
#Zawgyi Girl's Love ကို အေျခခံထားၿပီး ရာဇာဝင္ သမိုင္းေတြနဲ႔ ယခုေခာတ္ကို ေပါင္းစပ္ထားတဲ့ လြမ္းေမာဖြယ္ ဇာတ္လမ္းေလးတစ္ခုပါ... အတိတ္ တစ္ခုရဲ႕ အမွားေတြေၾက...
42K 658 16
DELULU & GUILT PLEASURE