Fa Wei Lan၏ပြန်လည်မွေးဖွားခြင...

lilypark202 tarafından

4.3K 252 33

I do not own this story and I just translated this story. I give full credit to the original author- @Harui30 Daha Fazla

စာတို
Ch 43(လိပ်ပြာများအား ဆွဲဆောင်ခြင်း)
Ch 44: ဇာမဏီ
Vol2(Ch1) ပိုင်သခင်လေး
Ch 2:ငါ့ကိုရွေးပါ
Ch 3:ကောလဟာလ
Ch 4: 18နှစ်
Ch 5: မှတ်မိနေဆဲပဲ

Ch45 (သတိရပီးစောင့်နေပါ)

228 23 7
lilypark202 tarafından

Translator Note
၁၀ရက်လောက်ပျောက်သွားမိတဲ့အတွက် 'Gomene'။ အိမ်ကကြောင်ပေါက်စန ပျောက်သွားတာရော နေမကောင်းဖြစ်တာရောကြောင့် စိတ်ဓါတ်ကျပီးခေါင်းတောင် မထောင်နိုင်ခဲ့လို့ပါ။ ခုတော့နေလည်းကောင်းပီး ကြောင်လည်းပြန်တွေ့ပါပီ။ နောက်အပိုင်းတွေမှန်မှန်တင်ပေးမယ်နော်။


ဝေလန်က အခြားသူများနှင့်အတူ ပွဲခန်းမထဲသို့ပြန်လိုက်ရမည်ဟုထင်ထားသော်လည်း ထိုအစား ဖုန်းက ပွဲခန်းမနှင့်ဝေးရာ အခြားတစ်ဖက်သို့ သူမကိုခေါ်ဆောင်သွားခဲ့သည်။ လူမရှိသော စင်္ကြံလမ်းထဲသို့
ရောက်တာနဲ့ ဖုန်းကအစေခံအချို့နဲ့ အစောင့်များအား
ထွက်သွားခ်ိုင်းလိုက်ပီး ဝေလန်ဘက်သို့ပြန်လှည့်လာသည်။ နက်မှောင်သော သူ့မျက်လုံးများက သူမပေါ်ရောက်လာတာနဲ့ ဝေလန်မတတ်နိုင်ပဲ ရှက်သွားရသည်။

"မြို့တော်ကပြန်တဲ့အခါ ကိုယ်လိုက်မပို့တော့ဘူးနော်... ထျန်စီရင်စုကို မနက်ဖြန်ကိုယ်သွားရတော့မှာမလို့" ဖုန်းက သူမပါးများကိုအုပ်ကိုင်ထားကာ သူ့မျက်နှာအားကြည့်စေရန် ဝေလန့်ခေါင်းကိုမော့လိုက်သည်။

သူဒီလိုပြောတာကိုကြားလိုက်ရတော့ ဝေလန်မှာ စိတ်ပျက်ခြင်းကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူကထွက်သွားတော့မှာလား။ ဝေလန်က သူမ မပြန်ခင် သူတို့ဒီထက်ပိုအတူတူ ရှိကြရဦးမယ်လို့ ထင်ထားတာလေ။

"မင်းကိုယ်မင်းပဲ အပြစ်တင်ရမှာပဲ လန်"
သူ့အသံနှင့်မျက်လုံးများက နူးညံ့သော်လည်း ဖုန်းက
ရက်စက်စွာပြောလာသည်။

"ကိုယ်တို့ကြားမှာ အချိန်၂နှစ်လိုချင်တဲ့သူက မင်းပဲလေ မှတ်မိလား"

ဖုန်းက ဝေလန်သူ့အောက်နှုတ်ခမ်းကို ကိုက်နေတာမြင်တော့ သူ့လက်မကိုဝေလန့်နှုတ်ခမ်းပေါ်တင်ကာ
ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်ပေး၍ ဝေလန့်ကို နှစ်သိမ့်ပေးလေသည်။

"တကယ်လို့များ အဲ့ဒီ၂နှစ်အတွင်းမှာ မင်းကိုယ့်ပေါ်မှာသစ္စာဖောက်တာကို ကိုယ်သိလို့ကတော့ အဲ့ဒီလူကို
ကိုယ်သတ်မယ်...တကယ်၍ဖားမိသားစုက မင်းကိုကောင်းမွန်စွာစောင့်ရှောက်ဖို့ပျက်ကွယ်မယ်ဆိုရင်လည်း သူတို့ကိုဖျက်စီးပစ်မယ်"
သူကထိုစကားများကို ကြောက်မယ်ဖွယ်ကောင်းလောက်အောင်ပင် တည်ငြိမ်စွာဖြင့်ဆက်ပြောသည်။

"ဖားဝေလန် မင်းကဘယ်သူနဲ့ဆိုင်တယ်ဆိုတာကိုမမေ့ပါနဲ့"

ဝေလန်မှာ သူမနှလုံးသားကိုမလွန်ဆန်နိုင်တော့ပဲ
ရှေ့သို့တိုး၍ ဖုန်းရဲ့ခါးကို သူ့လက်များနှင့် ဖက်တွယ်ထားလိုက်သည်။ ဖုန်းရဲ့နောက်ကျောကို တင်းကျပ်စွာ ဖက်ထားကာ သူ့ရဲ့ရင်ဘတ်-နှလုံးသား အပေါ်တွင် သူမပါးကိုအပ်ထားလိုက်သည်။

"၂နှစ်ဆိုတာ ရှည်ကြာသလို တိုလည်းတိုတောင်းပါတယ်" ဝေလန်က ဖျော့တော့စွာပြောသည်။

ဖုန်းက သူ့လက်မောင်းများဖြင့် ပြန်ရစ်တွယ်လာကာ
ဝေလန်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပေးသည်။
ဝေလန်ကတော့ သူမ မျက်ရည်များကို ကျခွင့်ပေးလိုက်ကာ

"ဝမ်ဖုန်းစောင့်ဖို့မလိုပါဘူး...ဝေလန်ကစောင့်ပါမယ်..."

ဖုန်းက ဝေလန့်ခါးကို ကိုင်လိုက်ကာ လွယ်ကူစွာပင် သူမကိုမ၍ သူကတော့ခေါင်းကိုငုံ့လိုက်ပီး ဝေလန့်နှုတ်ခမ်းများကို ပြင်းထန်စွာနမ်းတော့သည်။ထိုအနမ်းက မငြင်သာသလို နူးလည်းမနူးညံ့ပေ။ သူကထိုအနမ်းကိုဝေလန့်အား ကောင်းကောင်းအမှတ်ရစေချင်သည်။

"လန်" ဖုန်းက သူ၏အနမ်းမှ ပေါက်သွားသော စွတ်စိုနေသည့်ဝေလန့်နှုတ်ခမ်းများကို လွှတ်ပေးလိုက်သည်။
"ဝေလန် ငိုဖို့မလိုပါဘူး...ဝမ်ဖုန်းကစောင့်ပါ့မယ်..."

ဝေလန့်လက်များက ဝမ်ဖုန်း၏ပါးပြင်နှင့်မျက်နှာကိုထိလိုက်သည်-သူ ဝမ်ဖုန်းကို အမြဲတမ်းအမှတ်ရနေချင်ကာ သူ့ရုပ်သွင်ကို နှလုံးသားတွင်စွဲထင်နေစေချင်သည်။ သိပ်မကြာသေးခင်ရက်များကမှ သူတွေ့ခဲ့ရသော ယောက်ျားတစ်ယောက်။ အရင်ဘဝကသူနှင့် မသက်ဆိုင်ခဲ့သော လူ။ ထိုလူက လာမယ့်၂နှစ်အတွင်းမှာ အခြားတစ်ယောက်ဆီရောက်သွားတော့မည်လေ။
သူ ထိုမိန်းကလေးကိုရှာတွေ့သွားရင်တောင် ဝေလန်ကတော့ သူ့ကိုဘယ်တော့မှမုန်းမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်များတွင် ဝေလန်ထပ်ချစ်နိုင်သေးတယ်ဆိုတာကို သူကနားလည်စေခဲ့သည်_ ဝေလန့်ကိုချစ်ပီးတန်ဖိုးထားမယ့် တစ်ယောက်ယောက်တော့ရှိနိုင်သေးတယ်ဆိုတာလေ။ အဆုံးသတ်မှာ အဲ့တာကဝမ်ဖုန်းမဟုတ်ခဲ့ဘူးဆိုရင်တောင်မှ အခြားတစ်ယောက်ကတော့ရှိလိမ့်ဦးမည်ဆိုတာ သူယုံကြည်သည်။ ဒီလိုဆိုအထီးကျန်ရမှာကို သူကြောက်စရာမလိုတော့ဘူးမလား။

ထွက်ခွာမည့်နေ့

"ညီမလေး ဘယ်လိုနေသေးလဲ?"

သူတို့က မြို့တော်ကိုထွက်ခွာတဲ့လမ်းပေါ်မှာဖြစ်၍ ဂျင်စီရင်စုကိုပြန်နေကြခြင်းဖြစ်သည်။ မြို့တော်ကထွက်ကတည်းက ဝေလန်သိပ်စကားမပြောခဲ့ပေ။
ယွမ်ကိုစီးနေရင်းကပင်

"ကိုကြီးမင် ဝေလန်အဆင်ပြေပါတယ်...စိတ်မပူပါနဲ့"

"ဘယ်လိုလို့စိတ်မပူပဲနေနိုင်မလဲ?" သူက သက်ပြင်းအသာချလိုက်ပီး ဝေလန်ခေါင်းပေါ်ကို သူ့လက်တင်ပီး ညင်သာစွာပုတ်ပေးသည်။

"ညီမလေး ပြန်ပြုံးအောင် ကိုကြီးက ဘာလုပ်ပေးရမလဲဟင်?"

ဝေလန်မှာ မပြုံးမိအောင်မနည်းထိန်းထားရသည်။

"ကိုကြီးမင်က ဘာမလိုလုပ်ပေးမှာလား?" ဝေလန်က
အသာပြန်မေးသည်။
"ဒါပေါ့"

"ဒါဆို... ဝေလန်က ကိုကြီးမင်နဲ့တူတူ Go ကစားချင်တယ်"

မင်က သူ့မြင်းကိုချက်ချင်းရပ်ပစ်လိုက်သည်။ ဝေလန်လည်း ယွမ်ကိုရပ်တန့်လိုက်သော်လည်း မင့်ကိုတော့လှည့်မကြည့်ပေ။ မင် အလွန်ထိတ်လန့်သွားတာကို သူလှည့်မကြည့်စရာပဲသိသည်လေ။ ဝေလန်က ဆက်မထိန်းထားနိုင်တော့ပဲ ရယ်ချလိုက်တော့သည်။

"အစုတ်ပလုတ်မလေး ကိုယ့် ကိုကို ကို ဒီလိုလှည့်စားရဲတယ်ပေါ့လေ?"

"ကိုကြီးမင် ဘာလို့ Go ကစားရမှာကိုအဲ့လောက်ကြောက်နေတာလဲ?"

"အညှာအတာကိုမရှိဘူး"

"ကိုကြီးမင် ဝေလန်ကတကယ်တော့တော်တော် ညှာပါတယ်နော်...တကယ်ဆို ကိုကြီးမင်က ဝေလန့်ရဲ့ ကိုကိုဖြစ်နေလို့ ဝေလန့်မှာ အရမ်းကိုညှာကစားနေရတာလေ"

"အစုတ်ပလုတ်လေး!"

ဝေလန်က ယွမ်နဲ့အတူပြေးထွက်သွားသည်။ မင်ကသူ့မြင်းနဲ့အတူ ဝေလန့်ကိုနောက်က လိုက်ဖမ်းတာ
ကြောင့် ဝေလန်ရယ်တော့သည်။ ကွင်းပြင်ကျယ်ကြီးထဲတွင် ယွမ်နှင့်ဝေလန်မှာ လွတ်လပ်စွာပြေးလွှားနေကာ အေးမြသောလေညှင်းကို ခံစားလိုက်ရသည်။
ဝေလန်က မြို့တော်ကိုလှည့်ပင်မကြည့်ခဲ့_မျက်နှာအပေါ်တွင် အပြုံးတစ်ခုနှင့် အရှေ့ကိုသာဦးတည်ထားသည်။ ဝမ်းနည်းစရာမလိုဘူး။ ၂နှစ်ဆိုတာ
ခဏလေးနှင့်ရောက်လာလိမ့်မယ်။ ငါ ဖားဝေလန်က
၂နှစ်အတွင်းမှာ အရင်လိုရှိနေပီး ကွဲပြားနေလိမ့်မယ်။

တကယ်လို့ဝမ်ဖုန်းမစောင့်နိုင်ခဲ့ဘူးဆိုလည်း ကိစ္စမရှိပေ။ သူမကိုယ်တိုင်က မစောင့်နိုင်ခဲ့ဘူးဆိုလည်းကိစ္စမရှိဘူး။ ဝမ်ဖုန်းက မေ့လျှော့သွားရင်တောင် ရသည်။ တကယ်တမ်းအရေးကြီးသည်မှာ အဲ့ဒီအခိုက်အတန့်တွင် ဖုန်းရဲ့ သူ့အပေါ်ထားသောလေးနက် စစ်မှန်သောခံစားချက်များကြောင့် သူပျော်ခဲ့ရတယ်ဆိုတာကို အမြဲတမ်းမှတ်မိနေဖို့သာဖြစ်သည်။ တကယ်၍ ကတိသစ္စာမှာ မေ့လျှော့ခံရပီး မတည်ခဲ့ရင်တောင် သူကတော့ အနာဂတ်တစ်ခုရှိနေသေးသည်။ ထိုအနာဂတ်က အကန့်အသတ်မရှိ။ အနာဂတ်မရှိရင် သူသေရလိမ့်မည်။

ဒါ့ကြောင့် ဒီဘဝကိုတော့ ငါက ဖြုန်းတီးမပစ်တော့ဘူး။ နေ့ရက်တိုင်းကို ငါအလိုရှိသလိုဖြတ်သန်းမယ်။

"ဝေလန်!"

အဝေးဆီမှ သူ့နာမည်ကိုခေါ်တာကြားလိုက်ရသည်။ ယွမ်ကပိုမြန်မြန်ပြေးနေတာကြောင့် ဝေလန်ရယ်လိုက်သည်။ ခြေနင်းကွင်းကိုပေါ်မှမတ်တပ်ရပ်လိုက်ပီး သူ သူ့လက်များကို တောင်ပံများလိုဖြန့်ကားလိုက်တာနဲ့ လေထုကသူ့မျက်နှာကိုပွတ်တိုက်သွားတာကို ခံစားလိုက်သည်။ ဒီလိုမျိုးလွတ်လပ်ခြင်းကို သူဘယ်တုန်းကမျှ မခံစားဖူးပေ။ ရယ်နေရင်းနှင့်ပင် ယွမ်လည်းပျော်နေတာကို သူခံစားမိသည်~
လောကကြီးမှာ ဘာကိုမှဂရုစိုက်စရာ စိတ်ပူစရာမလိုပဲ ပြေးလွှားနိုင်ခွင့်ရတဲ့အတွက်လေ။

End of volume 1( Rebirth of Fa Wei Lan)
ဖားဝေလန် volume1 ပီးပါပီ။ နောက်တစ်အုပ်ထဲမှာတော့ ဓါးတွေတို့ ခွေးစာတွေတို့ အသေစား အသေမြိုရမှာပါ။ *spoiler*အရင်ဘဝက ဝမ်ဖုန်းရဲ့မိန်းမကြာပန်းဖြူမလည်းပေါ်လာမှာဆိုတော့ Be prepareပေါ့နော်😁

🩵🩵🩵🩵🩵

Translator Note
၁၀ရက္ေလာက္ေပ်ာက္သြားမိတဲ့အတြက္ 'Gomene'။ အိမ္ကေၾကာင္ေပါက္စန ေပ်ာက္သြားတာေရာ ေနမေကာင္းျဖစ္တာေရာေၾကာင့္ စိတ္ဓါတ္က်ပီးေခါင္းေတာင္ မေထာင္ႏိုင္ခဲ့လို႔ပါ။ ခုေတာ့ေနလည္းေကာင္းပီး ေၾကာင္လည္းျပန္ေတြ့ပါပီ။ ေနာက္အပိုင္းေတြမွန္မွန္တင္ေပးမယ္ေနာ္။

ေဝလန္က အျခားသူမ်ားႏွင့္အတူ ပြဲခန္းမထဲသို႔ျပန္လိုက္ရမည္ဟုထင္ထားေသာ္လည္း ထိုအစား ဖုန္းက ပြဲခန္းမႏွင့္ေဝးရာ အျခားတစ္ဖက္သို႔ သူမကိုေခၚေဆာင္သြားခဲ့သည္။ လူမရိွေသာ စႄကၤံလမ္းထဲသို႔
ေရာက္တာနဲ႔ ဖုန္းကအေစခံအခ်ိဳ႕နဲ႔ အေစာင့္မ်ားအား
ထြက္သြားခ္ိုင္းလိုက္ပီး ေဝလန္ဘက္သို႔ျပန္လွၫ့္လာသည္။ နက္ေမွာင္ေသာ သူ႔မ်က္လံုးမ်ားက သူမေပၚေရာက္လာတာနဲ႔ ေဝလန္မတတ္ႏိုင္ပဲ ရွက္သြားရသည္။

"ၿမိဳ႔ေတာ္ကျပန္တဲ့အခါ ကိုယ္လိုက္မပို႔ေတာ့ဘူးေနာ္... ထ်န္စီရင္စုကို မနက္ျဖန္ကိုယ္သြားရေတာ့မွာမလို႔" ဖုန္းက သူမပါးမ်ားကိုအုပ္ကိုင္ထားကာ သူ႔မ်က္ႏွာအားၾကည့္ေစရန္ ေဝလန္႔ေခါင္းကိုေမာ့လိုက္သည္။

သူဒီလိုေျပာတာကိုၾကားလိုက္ရေတာ့ ေဝလန္မွာ စိတ္ပ်က္ျခင္းကို မဖံုးကြယ္ႏိုင္ခဲ့ေပ။ သူကထြက္သြားေတာ့မွာလား။ ေဝလန္က သူမ မျပန္ခင္ သူတို႔ဒီထက္ပိုအတူတူ ရိွၾကရၪီးမယ္လို႔ ထင္ထားတာေလ။

"မင္းကိုယ္မင္းပဲ အျပစ္တင္ရမွာပဲ လန္"
သူ႔အသံႏွင့္မ်က္လံုးမ်ားက ႏူးညံ့ေသာ္လည္း ဖုန္းက
ရက္စက္စြာေျပာလာသည္။

"ကိုယ္တို႔ၾကားမွာ အခ်ိန္၂ႏွစ္လိုခ်င္တဲ့သူက မင္းပဲေလ မွတ္မိလား"

ဖုန္းက ေဝလန္သူ႔ေအာက္ႏႈတ္ခမ္းကို ကိုက္ေနတာျမင္ေတာ့ သူ႔လက္မကိုေဝလန္႔ႏႈတ္ခမ္းေပၚတင္ကာ
ခ်စ္ခင္ျမတ္ႏိုးစြာ ပြတ္သပ္ေပး၍ ေဝလန္႔ကို ႏွစ္သိမ့္ေပးေလသည္။

"တကယ္လို႔မ်ား အဲ့ဒီ၂ႏွစ္အတြင္းမွာ မင္းကိုယ့္ေပၚမွာသစၥာေဖာက္တာကို ကိုယ္သိလို႔ကေတာ့ အဲ့ဒီလူကို
ကိုယ္သတ္မယ္...တကယ္၍ဖားမိသားစုက မင္းကိုေကာင္းမြန္စြာေစာင့္ေရွာက္ဖို႔ပ်က္ကြယ္မယ္ဆိုရင္လည္း သူတို႔ကိုဖ်က္စီးပစ္မယ္"
သူကထိုစကားမ်ားကို ေၾကာက္မယ္ဖြယ္ေကာင္းေလာက္ေအာင္ပင္ တည္ၿငိမ္စြာျဖင့္ဆက္ေျပာသည္။

"ဖားေဝလန္ မင္းကဘယ္သူနဲ႔ဆိုင္တယ္ဆိုတာကိုမေမ့ပါနဲ႔"

ေဝလန္မွာ သူမႏွလံုးသားကိုမလြန္ဆန္ႏိုင္ေတာ့ပဲ
ေရ႔ွသို႔တိုး၍ ဖုန္းရဲ့ခါးကို သူ႔လက္မ်ားႏွင့္ ဖက္တြယ္ထားလိုက္သည္။ ဖုန္းရဲ့ေနာက္ေက်ာကို တင္းက်ပ္စြာ ဖက္ထားကာ သူ႔ရဲ့ရင္ဘတ္-ႏွလံုးသား အေပၚတြင္ သူမပါးကိုအပ္ထားလိုက္သည္။

"၂ႏွစ္ဆိုတာ ရွည္ၾကာသလို တိုလည္းတိုေတာင္းပါတယ္" ေဝလန္က ေဖ်ာ့ေတာ့စြာေျပာသည္။

ဖုန္းက သူ႔လက္ေမာင္းမ်ားျဖင့္ ျပန္ရစ္တြယ္လာကာ
ေဝလန္ကို တင္းတင္းက်ပ္က်ပ္ ဖက္ထားေပးသည္။
ေဝလန္ကေတာ့ သူမ မ်က္ရည္မ်ားကို က်ခြင့္ေပးလိုက္ကာ

"ဝမ္ဖုန္းေစာင့္ဖို႔မလိုပါဘူး...ေဝလန္ကေစာင့္ပါမယ္..."

ဖုန္းက ေဝလန္႔ခါးကို ကိုင္လိုက္ကာ လြယ္ကူစြာပင္ သူမကိုမ၍ သူကေတာ့ေခါင္းကိုငံု႔လိုက္ပီး ေဝလန္႔ႏႈတ္ခမ္းမ်ားကို ျပင္းထန္စြာနမ္းေတာ့သည္။ထိုအနမ္းက မျငင္သာသလို ႏူးလည္းမႏူးညံ့ေပ။ သူကထိုအနမ္းကိုေဝလန္႔အား ေကာင္းေကာင္းအမွတ္ရေစခ်င္သည္။

"လန္" ဖုန္းက သူ၏အနမ္းမွ ေပါက္သြားေသာ စြတ္စိုေနသည့္ေဝလန္႔ႏႈတ္ခမ္းမ်ားကို လႊတ္ေပးလိုက္သည္။
"ေဝလန္ ငိုဖို႔မလိုပါဘူး...ဝမ္ဖုန္းကေစာင့္ပါ့မယ္..."

ေဝလန္႔လက္မ်ားက ဝမ္ဖုန္း၏ပါးျပင္ႏွင့္မ်က္ႏွာကိုထိလိုက္သည္-သူ ဝမ္ဖုန္းကို အၿမဲတမ္းအမွတ္ရေနခ်င္ကာ သူ႔ရုပ္သြင္ကို ႏွလံုးသားတြင္စြဲထင္ေနေစခ်င္သည္။ သိပ္မၾကာေသးခင္ရက္မ်ားကမွ သူေတြ့ခဲ့ရေသာ ေယာက္်ားတစ္ေယာက္။ အရင္ဘဝကသူႏွင့္ မသက္ဆိုင္ခဲ့ေသာ လူ။ ထိုလူက လာမယ့္၂ႏွစ္အတြင္းမွာ အျခားတစ္ေယာက္ဆီေရာက္သြားေတာ့မည္ေလ။
သူ ထိုမိန္းကေလးကိုရွာေတြ့သြားရင္ေတာင္ ေဝလန္ကေတာ့ သူ႔ကိုဘယ္ေတာ့မွမုန္းမည္မဟုတ္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ လြန္ခဲ့ေသာ ရက္မ်ားတြင္ ေဝလန္ထပ္ခ်စ္ႏိုင္ေသးတယ္ဆိုတာကို သူကနားလည္ေစခဲ့သည္_ ေဝလန္႔ကိုခ်စ္ပီးတန္ဖိုးထားမယ့္ တစ္ေယာက္ေယာက္ေတာ့ရိွႏိုင္ေသးတယ္ဆိုတာေလ။ အဆံုးသတ္မွာ အဲ့တာကဝမ္ဖုန္းမဟုတ္ခဲ့ဘူးဆိုရင္ေတာင္မွ အျခားတစ္ေယာက္ကေတာ့ရိွလိမ့္ၪီးမည္ဆိုတာ သူယံုၾကည္သည္။ ဒီလိုဆိုအထီးက်န္ရမွာကို သူေၾကာက္စရာမလိုေတာ့ဘူးမလား။

ထြက္ခြာမည့္ေန့

"ညီမေလး ဘယ္လိုေနေသးလဲ?"

သူတို႔က ၿမိဳ႔ေတာ္ကိုထြက္ခြာတဲ့လမ္းေပၚမွာျဖစ္၍ ဂ်င္စီရင္စုကိုျပန္ေနၾကျခင္းျဖစ္သည္။ ၿမိဳ႔ေတာ္ကထြက္ကတည္းက ေဝလန္သိပ္စကားမေျပာခဲ့ေပ။
ယြမ္ကိုစီးေနရင္းကပင္

"ကိုႀကီးမင္ ေဝလန္အဆင္ေျပပါတယ္...စိတ္မပူပါနဲ႔"

"ဘယ္လိုလို႔စိတ္မပူပဲေနႏိုင္မလဲ?" သူက သက္ျပင္းအသာခ်လိုက္ပီး ေဝလန္ေခါင္းေပၚကို သူ႔လက္တင္ပီး ညင္သာစြာပုတ္ေပးသည္။

"ညီမေလး ျပန္ၿပံဳးေအာင္ ကိုႀကီးက ဘာလုပ္ေပးရမလဲဟင္?"

ေဝလန္မွာ မၿပံဳးမိေအာင္မနည္းထိန္းထားရသည္။

"ကိုႀကီးမင္က ဘာမလိုလုပ္ေပးမွာလား?" ေဝလန္က
အသာျပန္ေမးသည္။
"ဒါေပါ့"

"ဒါဆို... ေဝလန္က ကိုႀကီးမင္နဲ႔တူတူ Go ကစားခ်င္တယ္"

မင္က သူ႔ျမင္းကိုခ်က္ခ်င္းရပ္ပစ္လိုက္သည္။ ေဝလန္လည္း ယြမ္ကိုရပ္တန္႔လိုက္ေသာ္လည္း မင့္ကိုေတာ့လွည့္မၾကည့္ေပ။ မင္ အလြန္ထိတ္လန္႔သြားတာကို သူလွည့္မၾကည့္စရာပဲသိသည္ေလ။ ေဝလန္က ဆက္မထိန္းထားႏိုင္ေတာ့ပဲ ရယ္ခ်လိုက္ေတာ့သည္။

"အစုတ္ပလုတ္မေလး ကိုယ့္ ကိုကို ကို ဒီလိုလွည့္စားရဲတယ္ေပါ့ေလ?"

"ကိုႀကီးမင္ ဘာလို႔ Go ကစားရမွာကိုအဲ့ေလာက္ေၾကာက္ေနတာလဲ?"

"အၫွာအတာကိုမရိွဘူး"

"ကိုႀကီးမင္ ေဝလန္ကတကယ္ေတာ့ေတာ္ေတာ္ ၫွာပါတယ္ေနာ္...တကယ္ဆို ကိုႀကီးမင္က ေဝလန္႔ရဲ့ ကိုကိုျဖစ္ေနလို႔ ေဝလန္႔မွာ အရမ္းကိုၫွာကစားေနရတာေလ"

"အစုတ္ပလုတ္ေလး!"

ေဝလန္က ယြမ္နဲ႔အတူေျပးထြက္သြားသည္။ မင္ကသူ႔ျမင္းနဲ႔အတူ ေဝလန္႔ကိုေနာက္က လိုက္ဖမ္းတာ
ေၾကာင့္ ေဝလန္ရယ္ေတာ့သည္။ ကြင္းျပင္က်ယ္ႀကီးထဲတြင္ ယြမ္ႏွင့္ေဝလန္မွာ လြတ္လပ္စြာေျပးလႊားေနကာ ေအးျမေသာေလၫွင္းကို ခံစားလိုက္ရသည္။
ေဝလန္က ၿမိဳ႔ေတာ္ကိုလွည့္ပင္မၾကည့္ခဲ့_မ်က္ႏွာအေပၚတြင္ အၿပံဳးတစ္ခုႏွင့္ အေရ႔ွကိုသာၪီးတည္ထားသည္။ ဝမ္းနည္းစရာမလိုဘူး။ ၂ႏွစ္ဆိုတာ
ခဏေလးႏွင့္ေရာက္လာလိမ့္မယ္။ ငါ ဖားေဝလန္က
၂ႏွစ္အတြင္းမွာ အရင္လိုရိွေနပီး ကြဲျပားေနလိမ့္မယ္။

တကယ္လို႔ဝမ္ဖုန္းမေစာင့္ႏိုင္ခဲ့ဘူးဆိုလည္း ကိစၥမရိွေပ။ သူမကိုယ္တိုင္က မေစာင့္ႏိုင္ခဲ့ဘူးဆိုလည္းကိစၥမရိွဘူး။ ဝမ္ဖုန္းက ေမ့ေလ်ွာ့သြားရင္ေတာင္ ရသည္။ တကယ္တမ္းအေရးႀကီးသည္မွာ အဲ့ဒီအခိုက္အတန္႔တြင္ ဖုန္းရဲ့ သူ႔အေပၚထားေသာေလးနက္ စစ္မွန္ေသာခံစားခ်က္မ်ားေၾကာင့္ သူေပ်ာ္ခဲ့ရတယ္ဆိုတာကို အၿမဲတမ္းမွတ္မိေနဖို႔သာျဖစ္သည္။ တကယ္၍ ကတိသစၥာမွာ ေမ့ေလ်ွာ့ခံရပီး မတည္ခဲ့ရင္ေတာင္ သူကေတာ့ အနာဂတ္တစ္ခုရိွေနေသးသည္။ ထိုအနာဂတ္က အကန္႔အသတ္မရိွ။ အနာဂတ္မရိွရင္ သူေသရလိမ့္မည္။

ဒါ့ေၾကာင့္ ဒီဘဝကိုေတာ့ ငါက ျဖဳန္းတီးမပစ္ေတာ့ဘူး။ ေန့ရက္တိုင္းကို ငါအလိုရိွသလိုျဖတ္သန္းမယ္။

"ေဝလန္!"

အေဝးဆီမွ သူ႔နာမည္ကိုေခၚတာၾကားလိုက္ရသည္။ ယြမ္ကပိုျမန္ျမန္ေျပးေနတာေၾကာင့္ ေဝလန္ရယ္လိုက္သည္။ ေျခနင္းကြင္းကိုေပၚမွမတ္တပ္ရပ္လိုက္ပီး သူ သူ႔လက္မ်ားကို ေတာင္ပံမ်ားလိုျဖန္႔ကားလိုက္တာနဲ႔ ေလထုကသူ႔မ်က္ႏွာကိုပြတ္တိုက္သြားတာကို ခံစားလိုက္သည္။ ဒီလိုမ်ိဳးလြတ္လပ္ျခင္းကို သူဘယ္တုန္းကမ်ွ မခံစားဖူးေပ။ ရယ္ေနရင္းႏွင့္ပင္ ယြမ္လည္းေပ်ာ္ေနတာကို သူခံစားမိသည္~
ေလာကႀကီးမွာ ဘာကိုမွဂရုစိုက္စရာ စိတ္ပူစရာမလိုပဲ ေျပးလႊားႏိုင္ခြင့္ရတဲ့အတြက္ေလ။

End of volume 1( Rebirth of Fa Wei Lan)
ဖားေဝလန္ volume1 ပီးပါပီ။ ေနာက္တစ္အုပ္ထဲမွာေတာ့ ဓါးေတြတို႔ ေခြးစာေတြတို႔ အေသစား အေသၿမိဳရမွာပါ။ *spoiler*အရင္ဘဝက ဝမ္ဖုန္းရဲ့မိန္းမၾကာပန္းျဖဴမလည္းေပၚလာမွာဆိုေတာ့ Be prepareေပါ့ေနာ္😁

🩵🩵🩵🩵🩵

Okumaya devam et

Bunları da Beğeneceksin

25.2K 1.3K 26
An arranged marriage between two contrasting yet similar people. Will it work? Urwa Shah A nineteen year old girl filled with dreams. A strict father...
6M 471K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...
14.3K 941 15
He was just a chief minister who fell in love with a prince. He expected trouble. But he never expected his love was part of a big scheme. The prin...
18.7K 1.4K 37
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...