"ကြည့်ရတာ တို့တွေနောက်ကျမှရောက်လာလို့ ပွဲကို လွတ်သွားပုံပဲ"
ကျယ်လောင်သော ရယ်သံကြောင့် အားလုံးက လှည့်ကြည့်လိုက်ရာ တော်ဝင်သက်တော်စောင့်များ၊ များစွာသော ပညာရှိများနှင့် မင်းသားများရှေ့တွင် ရပ်နေသော ရွှေငွေဝတ်ရုံကိုခြုံထားသော လူတစ်ဦးအားတွေ့လိုက်ရသည်။ လူတိုင်းက ချက်ချင်းဒူးများကိုထောက်ချလိုက်ကာ ဧကရာဇ်အား အရိုအသေပေးကြသည်- ဧကရာဇ်ကတော့ နွေးထွေးစွာပြန်ပြုံးပြ
လိုက်ပီး သူတို့ကိုမတ်တပ်ရပ်ခွင့်ပြုလိုက်သည်။"တကယ်လှတဲ့ ပန်းတွေပဲ"
ဧကရာဇ်မှာ ပန်းချီကားဆီသို့တိုးကပ်သွားသည်။ သူ့ရဲ့မျက်လုံးတွေက ဝေလန်ဆွဲထားတဲ့ပန်းတွေအားလုံးကို သေချာကြည့်နေသည်။ လိပ်ပြာများက ပန်းများပေါ်တွင် နားနေကြတာမို့ ပိုပီးသက်ဝင်လှုပ်ရှားလာကာ ထိုအရာက ဧကရာဇ်အား ညင်သာစွာရယ်မောစေလိုက်သည်။
"ဒီဟာက ငါကိုယ်တော်မြတ် အမြဲကြားခဲ့ရတဲ့ လိပ်ပြာတွေကိုဆွဲဆောင်နိုင်တဲ့ နာမည်ကြီးတဲ့ပန်း ပန်းချီကားပဲဖြစ်ရမယ်" ဧကရာဇ်က ဝေလန်အား အပြုံးတစ်ခုဖြင့်ကြည့်လာပီး
"ဟုတ်ရုံ"
ဝေလန်မှာ ထိုနာမည်ကိုကြားတာနဲ့ စိတ်ထဲမှာ တွန့်ဆုတ်သွားရသည်။ သူမက ဧကရာဇ်ရဲ့ရုတ်တရက်ရောက်ရှိလာမှုကြောင့် အံ့သြသွားတာနဲ့ ညာဘက်ဘေးတည့်တည့်တွင်ရပ်နေသော လူကိုသတိမထားလိုက်မိပေ။ ထိုလူက သူ့ကိုငေးကြည့်ရင်းပြုံးနေသည်။
"ဖားဝေလန်ဆွဲထားတဲ့ ပန်းတွေကို မင်းဘယ်လိုမြင်လဲ?"
"လှပပါတယ်" အဲ့လူက သူမကိုဆက်ကြည့်နေရင်းကပြောသည်။ ပန်း ပန်းချီကားကိုမကြည့်ပဲနဲ့လေ..
" ဟုတ်ရုံက ဝေလန်မိန်းကလေးရဲ့အရည်အချင်းတွေကို အရင်ကတည်းလေးစားနေခဲ့တာပါ"
သူ့အပြုံးတွေကို မြင်ရတာကြောင့် ဝေလန်ကြောက်ရွံ့လာသည်။
"မင်းရဲ့လေးစားမှုကို ဝေးဝေးမှာထားလိုက်"
ဖုန်းရဲ့ ပြတ်သားအေးစက်တဲ့စကားကိုကြားလိုက်ရသည်။ ဖုန်းကဝေလန့်လက်ကိုဆွဲပီး သူ့နောက်ကိုပို့လိုက်သည်။ သူ့ရဲ့ရှည်လျားကျယ်ပြန့်တဲ့ခန္ဓာကိုယ်ကို
သုံးပီး ဟုတ်ရုံက ဝေလန်ကိုမမြင်ရအောင် ကွယ်ထားလေသည်။
VOCÊ ESTÁ LENDO
Fa Wei Lan၏ပြန်လည်မွေးဖွားခြင်း(Myanmar Translation)
Ficção HistóricaI do not own this story and I just translated this story. I give full credit to the original author- @Harui30