183 01
အပိုင်း (၁၈၃)
ခေါင်းကိုငုံ့ထားသည့်ယဲ့ကျန်းက ဆရာချင် မေးလိုက်သောဖြေဆိုမှုအားလုံးကို ဖြေရှင်းရန်ကြိုးစားနေပြီဖြစ်သည်။ ဆေးပင်များဟာ အမျိုးအမည်ရှုပ်ထွေးသော်လည်း အကြမ်းအားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ရနေသေးသည်။
ထိုဆေးပင်သုံးမျိုးဟာ ဆေးများအဖြစ်အသုံးပြုသည်။ ပိုင်စုန့်ဟာ ခန္ဓာကိုယ်အပူချိန်ကို သာမန်ပြန်ဖြစ်အောင် လျှော့ချပေးနိုင်စွမ်းရှိပြီး ဆီးရွှင်စေသည်။ သွေးဖိအားကိုလည်း လျှော့ချပေးနိုင်စွမ်းရှိပြီး သွေးထွက်တိတ်အောင်လည်း လုပ်၍ရသည်။ သို့သော် သက်ရောက်မှုဟာ သုံးသည့်နည်းလမ်းအပေါ် မူတည်ပြီး ကွာခြားသွားမည်ဖြစ်သည်။
ကျင်းထျန်းကမူ ထိုမှရောဂါများကို အရောင်ကျစေနိုင်စွမ်းရှိခြင်း၊ အဖျားကျစေ နိုင်စွမ်းရှိခြင်း၊ ကလေးနှင့်သက်ဆိုင်သောရောဂါများကို ပျောက်ကင်းစေနိုင်ခြင်း စသည်တို့အတွက် အသုံးဝင်လေသည်။ ကျင်းထျန်းဟာ ရောဂါများအတွက်လည်း သက်ရောက်မှုရှိပြီး အမြင်အာရုံကိုလည်း တိုးတက်ကောင်းမွန်စေနိုင်စွမ်းရှိသည်။
မူရုန့်သည် နှလုံးအပူမီးကိုငြိမ်းအေးချမ်းစေနိုင်စွမ်းရှိခြင်း၊ သွေးအေးခဲခြင်းကို လျော့ကျပေးနိုင်စွမ်းရှိခြင်း၊ အပူဖယ်ရှားပေးနိုင်စွမ်းရှိခြင်း၊ အဆိပ်များကို ဖယ်ရှားပေးနိုင်ခြင်း စသည့်ရောဂါများအတွက် အသုံးဝင်လေသည်။
သည်လောက၏ဆေးဝါပညာစာအုပ်များထဲတွင် ဆေးပင်များအကြောင်း အထူးတလည်သီးသန့်မှတ်တမ်းတင်ထားသော စာအုပ်များက နည်းပါးလေသည်။ ယခုလိုမည်သည့်အရာမျှ သေချာမသင်ရသေးဘဲ ဆေးဝါးအပင်များအကြောင်း မေးမြန်းလာခြင်းက သူတို့အပေါ် ရေနွေးပူလောင်းချလို၍ မဟုတ်လောက်ချေ။ ထို့အစား သူတို့၏စွမ်းရည်အကြောင်း အနည်းငယ်သိချင်သောကြောင့် ဖြစ်လောက်လေသည်။ ရိုးရှင်းစွာဆိုရလျှင် ထိုဆရာ၏အကဲဖြတ်ရန် အသုံးပြုလိုက်သောနည်းလမ်းဟာ သူ၏မြင်နိုင်စွမ်းရည်အပေါ် ဖော်ပြနေသည်။
စာမေးပွဲအခန်းထဲတွင် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေပြီး သက်ပြင်းချသံများက ယဲ့ကျန်း၏ပတ်ပတ်လည်တွင် ထွက်ပေါ်နေသည်။ အများစုက မနေ့က ပေးခဲ့သောမှတ်စုစာအုပ်ကို ထိပင်မထိခဲ့လောက်ကြချေ။
သူမ၏စားပွဲပေါ်တွင် စာရွက်ဖြူက သေသပ်စွာခေါက်ထားသည်။ ဆေးပင်သုံးပင်၏ပုံသဏ္ဍာန်ကို ဖော်ထားသော ပန်းချီပုံများကိုလည်း စတင်ကာ ရေးဆွဲပြီးနောက်တွင် ယဲ့ကျန်းဟာ သူတို့၏ဝိသေသလက္ခဏာများ၊ အသုံးပြုနည်းများ စသည်ဖြင့် အရာအားလုံးကိုဖော်ပြထားသည်။ ထိုသို့ဖော်ပြထားပြီးမှ ပြဿနာရှိလျှင် ဒါက သူမနှင့်မသက်ဆိုင်တော့ချေ။
လုယောင်ယောင်ထံမှ ဆေးဝါးအခြေခံဗဟုသုတအချို့အပြင် ယဲ့ကျန်းဟာ အလွန်ကောင်းမွန်သော မှတ်ဉာဏ်ရှိသည်။ သူမဟာ ဆေးဝါးပညာကို မလေ့ကျင့်ဖူးသော်လည်း ပါရမီရှင်ဟုခေါ်ဆိုနိုင်သေးသည်။ လူတိုင်းက သူမကဲ့သို့ ပါရမီစွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်စွမ်း မရှိလောက်ချေ။
အမြင့်ပိုင်းမှ ကုလားထိုင်ကိုမှီကာထိုင်နေသာ ချင်ဖူကျစ်ဟာ အလွန်ကောင်းမွန်သော အမြင်အာရုံရှိသည့်လူတစ်ယောက်ဖြစ်သည်။ သူဟာ သည်နယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်သည့်အလျောက် ပါရမီရှင်များကို ကောင်းမွန်စွာ ရွေးထုတ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် အခန်းနံပါတ် ၁ မှ ကျောင်းသူများကိုလည်း မနေ့ အကဲဖြတ်ပြီးလေရာ အလားအလာရှိသော တော်ဝင်သမားတော်ဖြစ်နိုင်သည့်လူအချို့ကို တွေ့ရှိခဲ့ခြင်းမရှိသေးချေ။ သည်နေ့တွင် အခန်းနံပါတ် ၂ ၏အလှည့်ဖြစ်သည်။ သူက များများစားစား မမျှော်လင့်ထားသည့်တိုင်အောင် အခွင့်အရေးရှိစေလိုသေးသည်။
သည်ရက်များတွင် တော်ဝင်သမားတော်ဖြစ်နိုင်သည့် အလားအလာရှိသော ကျောင်းသူများက နည်းသထက်နည်းလာခဲ့သည်။ သည်နေ့တွင် နန်းတော်ဟာ တော်ဝင်သမားတော်အချို့ကို ရွေးချယ်မည်ဟု အားလုံးက နားလည်ထားကြသည့် တိုင်အောင် အခြေအနေက ခက်ခဲနေတော့သည်။
တော်ဝင်နန်းတော်အတွင်းတွင် အမျိုးသမီးသမားတော်များရှိသော်လည်း ချီကျင်းဟာ ရာထူးအမြင့်ဆုံးဖြစ်သည်။ သူမဟာ မယ်တော်ကြီးကိုကုသရန် အထူးတလည်တာဝန်ယူထားရသည်။ သူမဟာ အတွင်းဆောင်မှ အမျိုးသမီးများအတွက်လည်း ကုသရင်းဖြင့် အလုပ်များနေတတ်လေ့ရှိသည်။ သို့ရာတွင် နန်းတော်တွင်ရှိသော သမားတော်အချို့မှလွဲပြီး အမျိုးသမီးတော်ဝင်သမားတော် အချို့ဟာ နောက်ကောက်ကျန်နေရစ်ခဲ့ကာ သူတို့ကြားတွင် အဆင့်အတန်း အလွန်ကွာခြားနေသလိုမျိုး ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်စွမ်း မရှိကြချေ။
183 02
ထိုလွတ်နေသောနေရာကို ဝင်ရောက်ဖြည့်ဆည်းမည့် ဆရာသခင်တစ်ယောက်ကို လိုအပ်နေသည်မှာ ကြာလှချေပြီ။
ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက်တွင် ချင်ဖူကျစ်ဟာ ပြောင်ဖြစ်နေသော စာရွက်ပေါင်းများစွာကိုသာ မြင်နေရသည်။ မည်သူမျှ ပြောစရာမလိုချေ။ အဖြေကို မည်သူမျှပြောနိုင်ခြင်းမရှိကြောင်း သူက နားလည်နေသည်။ သူက အနည်းငယ် စိတ်ပျက်သွားရသည်။ သူ သည်တစ်ခေါက် စာရွက်ပြောင်တွေကိုပဲ ယူသွားရမည်ဟု ထင်လိုက်သည့်အချိန်မှာပင် တစ်စုံတစ်ရာက သူ၏အမြင်ကို ဖမ်းစားသွားသည်။
ညာဘက်အလယ်တည့်တည့်တွင် ခေါင်းမြှုပ်ပြီး ပတ်ဝန်းကျင်ကို အာရုံမခံဘဲ ဆက်တိုက်ရေးနေသော မိန်းကလေးတစ်ယောက်ရှိသည်။ သူ မြင်လိုက်ရခြင်းကိုပင် မယုံကြည်နိုင်တော့သဖြင့် ဂရုတစိုက်ကြည့်လိုက်ရသည်။
ထိုအချိန်တွင် ယဲ့ကျန်းဟာ ဆေးပင်သုံးပင်အကြောင်း အကြမ်းဖျင်းရေးဆွဲ၍ ပြီးသွားချေပြီ။ သံသယအဝင်မခံရစေရန် ကြည့်၍ကောင်းလွန်းနေခြင်းမရှိအောင် သူမက ရေးဆွဲထားခြင်းဖြစ်သည်။ သို့ရာတွင် တစ်ချက်ကြည့်ရုံဖြင့်ပင် မည်သည့်ဆေးပင် ဖြစ်ကြောင်း သိနိုင်သေးလေသည်။
ယဲ့ကျန်းဟာ ချင်ဖူကျစ်၏ သူမအပေါ် စောင့်ကြည့်နေသောအကြည့်ကို ခံစားမိသည်။ သူမအတွက် သည်ဆေးပင်သုံးပင်ဟာ ပို၍ပင်အသုံးဝင်လာသလို ခံစားလိုက်ရပြီး သူမ၏စုတ်တံဟာလည်း မြန်ဆန်သထက်မြန်ဆန်လာတော့သည်။
ကြည့်ရသည်မှာ သူမက သည်ဆေးပင်ထံမှတစ်ဆင့် အကျိုးအမြတ်ရရှိမည့်ဟန် ရသည်။ သူမကိုယ်တိုင်လည်း ဆေးပင်များကိုသုံးပြီး လူနာများကို ကုသရခြင်းက အံ့အားသင့်စရာကောင်းသည်ဟု ခံစားမိနေသည်။
ကျောကုန်းနောက်သို့ပစ်ထားသည့်လက်ကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။ ချင်ဖူကျစ်က ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီးနောက်တွင် ခြေလှမ်းအနည်းငယ် တည်းနှင့် စာရွက်ပြောင်များစွာကို ကျော်ဖြတ်လိုက်သည်။ ကျောင်းသူအချို့ဟာ ဆေးပင်များပုံကို ဆွဲထားကြသည်။ အချို့ကမူ အရွက်အနည်းငယ်ကိုသာ ဆွဲနိုင်ကြသည်။ သူမ၏လောကတွင်သာ အပြည့်အဝနစ်မြောနေသော ကျောင်းသူတစ်ယောက်ကသာ ပုံကို အပြည့်အဝဖော်နိုင်ရုံသာမကလေဘဲ နက်ရှိုင်းစွာ အသုံးဝင်ပုံနှင့် ကုသမည့်နည်းလမ်းများအားလုံးကို ဖော်ပြထားသည်။
တကယ်မဆိုးဘူးပဲ။ ဒီကျောင်းသူက မနေ့က ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တဲ့ပုံပဲ။
မဟုတ်ဘူး၊ ကြိုးစားထားမယ်ဆိုရင်တောင်မှ ဒီဆေးပင်သုံးပင်အကြောင်း ထဲထဲဝင်ဝင်မသိနိုင်ဘူး၊ တစ်ချိန်တည်းမှာပဲ တစ်ညတည်းနဲ့ ဒီလောက်အထိ တတ်သွားစရာအကြောင်းမရှိဘူး၊ တကယ်လို့တတ်သွားရင်လည်း ဒါက ပါရမီရှင်ပဲ။
ချီဖူကျစ်ဟာ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ အကယ်ဒမီတွင် ထိုကဲ့သို့သော ကျောင်းသူမျိုးကို မကြုံရသည်မှာ ကြာလှချေပြီ။ သူဟာ သူ၏သဘောကျနှစ်ခြိုက်မှုတွင် နစ်မြောနေသည့်အချိန်တွင် အသံတစ်သံက ထွက်လာသည်။
"ဆရာ ကျွန်မ ပြီးသွားပါပြီ"
ယဲ့ကျန်းဟာ သူမ၏စာရွက်ကို သေချာခေါက်ပြီးနောက်တွင် ကမ်းပေးလာသည်။
အတန်းထဲရှိ အခြားသောကျောင်းသူများက တိတ်ဆိတ်စွာဖြင့် ကြည့်နေကြသည်။ အချို့က မနာလိုဖြစ်နေကြပြီး အချို့ကမူ ဂရုပင်မစိုက်ကြချေ။ အချို့ကမူ စိတ်ထဲတွင် မကောင်းသောအကြံများ တွေးနေကြသည်။ သို့ရာတွင် အနှစ်ချုပ်ကမူ ...
လူတစ်ယောက်က ဒီလောက်အထိလှပြီး ဉာဏ်ကောင်းဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါကပုံမှန်ကို မဟုတ်ဘူး။
အခြားသူများက မည်သို့ပင်တွေးစေကာမူ ယဲ့ကျန်းဟာ နှိမ့်ချပြီး ပုံမှန်အတိုင်းသာ နေသည်။ သူမက မည်သို့သောအချိန်တွင်မဆို အာရုံအစိုက်ခံရဆုံးမဖြစ်အောင် ကြိုးစားလေ့ရှိသည်။ သို့ရာတွင် လက်ရှိအချိန်တွင်မူ အခြေအနေက ကွာခြားနေလေပြီ။ ယဲ့ကျန်းဟာ သူမ၏အင်အားကို အပြည့်အဝထုတ်ပြရမည့်အချိန်ဖြစ်ကြောင်း ခံစားမိနေသည်။ တစ်ချိန်တည်းတွင်ပင် သာမန်အခြေအနေမှ ရုန်းထွက်ပြီး သူမ၏ပန်းတိုင်သို့ရောက်အောင် ကြိုးစားရမည်ဟု ဆုံးဖြတ်ထားသည်။ မဟုတ်လျှင် သူမ တိုးတက်တော့မည်မဟုတ်ချေ။
ယဲ့ကျန်း၏အဖြေများကို စစ်ဆေးပြီးနောက်တွင် ချင်ဖူကျစ်က အတွေးနက်သွား သည်။
သူမရဲ့အဖြေတွေက လုံးဝကိုပြီးပြည့်စုံလွန်းတယ်၊ မိတ်ဆက်ထဲမှာ ဖော်ပြထားတာထက်တောင် ပိုပြီးအသေးစိတ်ကျနေသေးတယ်။
"မင်း အရင်က ဆေးဝါးပညာကို လေ့လာဖူးတာလား"
ချင်ဖူကျစ်က ယဲ့ကျန်းကိုကြည့်ပြီး မေးသည်။
"ကျွန်မရဲ့မိခင်က ဆေးဝါးပညာလေ့လာပါတယ်၊ ဒါကြောင့် အနည်းငယ် လေ့လာထားတာပါ"
183 03
ယဲ့ကျန်းဟာ ယုံကြည်မှုအပြည့်ဖြင့်ဖြေသည်။
ဆိုတော့ မိသားစုရဲ့အလေ့အကျင့်ကြောင့် လေ့လာဖြစ်ခဲ့တာပဲ၊ ဒီလောက်ကောင်းကောင်းဖြေနိုင်တာ မအံ့ဩတော့ပါဘူး၊ ဒါပေမယ့် ဒီလိုဆိုရင်တော့ ဒီကျောင်းသူက တော်တော်လေးကို တော်လွန်းနေပြီလို့ ပြောလို့ရနေပြီ။
ထိုသို့ဖြင့် ကျောင်းသူတစ်ယောက်ပြီးတစ်ယောက်က သူတို့၏စာရွက်များကို အပ်လာကြသည်။ ချန်းကျင်းယွီ၏ဆေးသုံးပင်ကို ဖော်ထားသောပုံပန်းသွင်ပြင်နှင့် ဖော်ပြချက်များမှလွဲပြီး အများစုဟာ ဆေးပင်ပုံကို ဆွဲနိုင်ကြသည်။ အချို့ကမူ ဗလာကိုသာပြန်အပ်သည်။
ဟွမ်ဖူရှန်းက ယဲ့ကျန်းကို မုန်းတီးမှုအပြည့်ဖြင့်ကြည့်သည်။ သူမက သူမ၏မနာလိုမှုကို ဖုံးကွယ်ထားခြင်းမရှိချေ။
စာရွက်များအားလုံးကိုရပြီးချိန်တွင် ချင်ဖူကျစ်ဟာ အားလုံးကို ချက်ချင်းမစစ်လေဘဲ ဆေးပင်များ၏သီအိုရီကိုသာရှင်းပြသည်။ သူဟာ ထိုဆေးပင်များနှင့်ပတ်သက်ပြီး အဓိပ္ပါယ်ခွဲခြားသတ်မှတ်မှု စသည်ဖြင့်တို့ကို ပြောပြပေးနေခြင်းလည်းဖြစ်သည်။ အခြားသောဘက်ထောင့်မှကြည့်သော် အခြားဆရာများက ထိုမျှမရှင်းပြလောက်ချေ။
ယဲ့ကျန်းဟာလည်း တော်ဝင်သမားတော်တစ်ယောက်ဖြစ်လိုသည်။ ထိုသို့ဖြစ်လိုလျှင် သူမ၏လင်းချွမ်ကို မှီခိုရမည့်အပြင် ဆေးဝါးပညာအကြောင်း အပြည့်အဝနားလည်ထားရန်လိုအပ်ကြောင်း နားလည်နေသည်။ သည်နေ့၏ စိန်ခေါ်မှုဟာ အစမျှသာရှိသေးသည်။
မနက်ပိုင်းတွင် ခက်ခဲသောအခြေအနေက ပြီးဆုံးသွားသည်။ အတန်းဆင်းသွားချိန်တွင် ချင်ဖူကျစ်ဟာ စာရွက်အပုံနှင့်ထွက်သွားသည်။
"ယောင်ယောင် အဲ့ဒီဆေးသုံးပင်က ဘာနဲ့တူတာလဲ"
အတန်းဆင်းသည်နှင့်ချက်ချင်းပင် ဆွန်းဝမ်ဟာ ယဲ့ကျန်းအနားသို့ လာပြီးမေး သည်။ ယဲ့ကျန်းဟာ ခေါင်းငြိမ့်သည်။
"ငါ ဆွဲတော့ဆွဲလိုက်တယ်၊ စာအုပ်ထဲက ဖော်ပြထားတဲ့ပုံအတိုင်းပါပဲ"
ဆွန်းဝမ်ကအော်သည်။
"နင် အံ့ဩဖို့ကောင်းလိုက်တာ၊ ငါ မနေ့က အဲ့ဒီစာအုပ်ကိုဖတ်ထားတယ်၊ ဒါပေမယ့် အခုဘာမှ မမှတ်မိတော့ဘူး"
ချန်းကျင်းယွီက တစ်ဖက်သို့လှည့်လာပြီးနောက် ပြုံးလိုက်သည်။
"နင် ဒီဆေးပင်တွေကို မှတ်မိချင်ရင် ဆေးခင်းဆီကိုသွားပြီး ထပ်ခါတလဲလဲ လေ့လာစူးစမ်းဖူးမှ ရလိမ့်မယ်"
"အားယွီ နင်လည်းသိတာလား"
ဆွန်းဝမ်ဟာ နဖူးတွင် လက်အုပ်ပြီးနောက် အလန့်တကြားပြောသည်။
"ငါတော့ ဘာကိုမှ နားမလည်ဘူး"
"နင်က နားလည်အောင်မှ မကြိုးစားတာ၊ နင် တစ်ယောက်တည်းမှ မဟုတ်တာ"
ချန်းကျင်းယွီက နှစ်သိမ့်ပေးသည်။
ဟွမ်ဖူရှန်းက သူတို့၏စကားကိုကြားသောအခါ သူမအကြောင်းပြောနေသည်ဟုပင် ခံစားလိုက်သည်။ ဟွမ်ဖူရှန်း၏မျက်လုံးများက စူးရဲလာပြီးနောက်တွင် အနားသို့ ရောက်လာသည်။
"အခုအနေအထားမျိုးနဲ့ ဆေးပင်အနည်းငယ်လောက်ကို သိတာက ဘာများ ထူးဆန်းနေလို့လဲ၊ ပိုပြီးအရေးကြီးတာက အနာဂါတ်မှာ နန်းတော်ထဲမှာ သမားတော်ဖြစ်လာဖို့ပဲ"
"ဆေးပင်က ဘာနဲ့တူမှန်း နင် မသိဘူးဆိုရင် နင်ကသမားတော်ဖြစ်နိုင်မှာလား"
ဆွန်းဝမ်က နှာခေါင်းရှုံ့သည်။
ဟွမ်ဖူရှန်းအကြောင်းပြောလိုက်သည်နှင့် သူမ၏မျက်နှာထားက မကောင်းတော့ ချေ။ မည်သို့ပင်ဆိုစေ သူမက စာရွက်ပြောင်ကို ပေးလိုက်သူလည်းဖြစ်သည်။
"စောင့်ကြည့်နေစမ်းပါ"
ဟွမ်ဖူရှန်းက နှာခေါင်းရှုံ့သည်။ သူမက စိတ်ဓါတ်မကျဘဲ ချက်ချင်းလှည့်ထွက် သွားတော့သည်။
သူမ၏နောက်လိုက်နှစ်ယောက်ကလည်း ချက်ချင်းအနားပြေးကပ်လာပြီး ပြောသည်။
"အားရှန်း ဒီလူတွေကို စိတ်ထဲထားမနေနဲ့ နင့်ရဲ့ဒေါ်လေးက သမားတော်ဟွမ် ဆိုတာ သူတို့မှ မသိကြတာ၊ ဒီတော့ အနာဂါတ်မှာ သူတို့ပဲ ဒုက္ခရောက်လိမ့်မယ်"
ဟွမ်ဖူရှန်းက အေးစက်စွာပြန်ဖြေသည်။
"ဒီနေ့ညနေမှာ ကျင့်ဝတ်ထုံးတမ်းယဉ်ကျေးမှုသင်ခန်းစာရှိတယ်၊ အဲ့ဒီလုယောင်ယောင်က တောချုံအုံကြားကလာတဲ့ မိန်းကလေးတစ်ယောက်ဆိုတော့ ယဉ်ကျေးမှုကို နားလည်မှာမဟုတ်ဘူး၊ ဒီတော့ ရုတ်တရက်ကြီးကြွားလာချင်လိမ့်မယ်"
"ဒီလိုဆိုရင် သူ ဘာလိုချင်တယ်ဆိုတာကို ငါက ပေးလိုက်ရုံပဲ"
"ဟုတ်တယ်၊ ဒီလိုနယ်မြို့ကလာတဲ့ မိန်းကလေးတစ်ယောက်က အရာအားလုံး သိနေမယ်လို့ ငါလည်းမယုံပါဘူး၊ ဒီနေ့ အစစ်အမှန်အထက်တန်းလွှာမိန်းကလေးနဲ့ တောချုံအုံကြားက မိန်းကလေးရဲ့ကွာခြားချက်ကို ပြလိုက်မယ်"
တစ်စုံတစ်ယောက်က ဝင်ပြောသည်။
"ဒါဆိုရင် အဲ့ဒီအတိုင်းပဲ လုပ်ကြမယ်"
ဟွမ်ဖူရှန်းက ပြုံးသည်။ ယဲ့ကျန်းက အရူးဖြစ်သွားသည့်အနေအထားကို သူမက မြင်ယောင်နေသည့်အလားဖြစ်လာသည်။ သူမက တွေးလေလေ ဂုဏ်ယူလေလေ ဖြစ်လာသည်။
ထျန်းကျန့်ကသာ လုယောင်ယောင်မှာ လွတ်လပ်နေတဲ့အရာရှိတာကိုသာ သိသွားရင် ဆက်ကြိုက်အုံးမှာတဲ့လား။
သေချာပေါက် မကြိုက်နိုင်ဘူးပေါ့။
Telegram မှာ အပိုင်း ၄၈၂အထိ ရောက်ပါပြီနော်။
Zawgyi
183 01
အပိုင္း ၁၈၃
ေခါင္းကိုငုံ႔ထားသည့္ယဲ့က်န္းက ဆရာခ်င္ ေမးလိုက္ေသာေျဖဆိုမႈအားလုံးကို ေျဖရွင္းရန္ႀကိဳးစားေနၿပီျဖစ္သည္။ ေဆးပင္မ်ားဟာ အမ်ိဳးအမည္ရႈပ္ေထြးေသာ္လည္း အၾကမ္းအားျဖင့္ ခြဲျခမ္းစိတ္ျဖာ၍ရေနေသးသည္။
ထိုေဆးပင္သုံးမ်ိဳးဟာ ေဆးမ်ားအျဖစ္အသုံးျပဳသည္။ ပိုင္စုန႔္ဟာ ခႏၶာကိုယ္အပူခ်ိန္ကို သာမန္ျပန္ျဖစ္ေအာင္ ေလွ်ာ့ခ်ေပးႏိုင္စြမ္းရွိၿပီး ဆီး႐ႊင္ေစသည္။ ေသြးဖိအားကိုလည္း ေလွ်ာ့ခ်ေပးႏိုင္စြမ္းရွိၿပီး ေသြးထြက္တိတ္ေအာင္လည္း လုပ္၍ရသည္။ သို႔ေသာ္ သက္ေရာက္မႈဟာ သုံးသည့္နည္းလမ္းအေပၚ မူတည္ၿပီး ကြာျခားသြားမည္ျဖစ္သည္။
က်င္းထ်န္းကမူ ထိုမွေရာဂါမ်ားကို အေရာင္က်ေစႏိုင္စြမ္းရွိျခင္း၊ အဖ်ားက်ေစ ႏိုင္စြမ္းရွိျခင္း၊ ကေလးႏွင့္သက္ဆိုင္ေသာေရာဂါမ်ားကို ေပ်ာက္ကင္းေစႏိုင္ျခင္း စသည္တို႔အတြက္ အသုံးဝင္ေလသည္။ က်င္းထ်န္းဟာ ေရာဂါမ်ားအတြက္လည္း သက္ေရာက္မႈရွိၿပီး အျမင္အာ႐ုံကိုလည္း တိုးတက္ေကာင္းမြန္ေစႏိုင္စြမ္းရွိသည္။
မူ႐ုန႔္သည္ ႏွလုံးအပူမီးကိုၿငိမ္းေအးခ်မ္းေစႏိုင္စြမ္းရွိျခင္း၊ ေသြးေအးခဲျခင္းကို ေလ်ာ့က်ေပးႏိုင္စြမ္းရွိျခင္း၊ အပူဖယ္ရွားေပးႏိုင္စြမ္းရွိျခင္း၊ အဆိပ္မ်ားကို ဖယ္ရွားေပးႏိုင္ျခင္း စသည့္ေရာဂါမ်ားအတြက္ အသုံးဝင္ေလသည္။
သည္ေလာက၏ေဆးဝါပညာစာအုပ္မ်ားထဲတြင္ ေဆးပင္မ်ားအေၾကာင္း အထူးတလည္သီးသန႔္မွတ္တမ္းတင္ထားေသာ စာအုပ္မ်ားက နည္းပါးေလသည္။ ယခုလိုမည္သည့္အရာမွ် ေသခ်ာမသင္ရေသးဘဲ ေဆးဝါးအပင္မ်ားအေၾကာင္း ေမးျမန္းလာျခင္းက သူတို႔အေပၚ ေရေႏြးပူေလာင္းခ်လို၍ မဟုတ္ေလာက္ေခ်။ ထို႔အစား သူတို႔၏စြမ္းရည္အေၾကာင္း အနည္းငယ္သိခ်င္ေသာေၾကာင့္ ျဖစ္ေလာက္ေလသည္။ ႐ိုးရွင္းစြာဆိုရလွ်င္ ထိုဆရာ၏အကဲျဖတ္ရန္ အသုံးျပဳလိုက္ေသာနည္းလမ္းဟာ သူ၏ျမင္ႏိုင္စြမ္းရည္အေပၚ ေဖာ္ျပေနသည္။
စာေမးပြဲအခန္းထဲတြင္ အပ္က်သံပင္ၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနၿပီး သက္ျပင္းခ်သံမ်ားက ယဲ့က်န္း၏ပတ္ပတ္လည္တြင္ ထြက္ေပၚေနသည္။ အမ်ားစုက မေန႔က ေပးခဲ့ေသာမွတ္စုစာအုပ္ကို ထိပင္မထိခဲ့ေလာက္ၾကေခ်။
သူမ၏စားပြဲေပၚတြင္ စာ႐ြက္ျဖဴက ေသသပ္စြာေခါက္ထားသည္။ ေဆးပင္သုံးပင္၏ပုံသ႑ာန္ကို ေဖာ္ထားေသာ ပန္းခ်ီပုံမ်ားကိုလည္း စတင္ကာ ေရးဆြဲၿပီးေနာက္တြင္ ယဲ့က်န္းဟာ သူတို႔၏ဝိေသသလကၡဏာမ်ား၊ အသုံးျပဳနည္းမ်ား စသည္ျဖင့္ အရာအားလုံးကိုေဖာ္ျပထားသည္။ ထိုသို႔ေဖာ္ျပထားၿပီးမွ ျပႆနာရွိလွ်င္ ဒါက သူမႏွင့္မသက္ဆိုင္ေတာ့ေခ်။
လုေယာင္ေယာင္ထံမွ ေဆးဝါးအေျခခံဗဟုသုတအခ်ိဳ႕အျပင္ ယဲ့က်န္းဟာ အလြန္ေကာင္းမြန္ေသာ မွတ္ဉာဏ္ရွိသည္။ သူမဟာ ေဆးဝါးပညာကို မေလ့က်င့္ဖူးေသာ္လည္း ပါရမီရွင္ဟုေခၚဆိုႏိုင္ေသးသည္။ လူတိုင္းက သူမကဲ့သို႔ ပါရမီစြမ္းရည္မ်ိဳးကို ပိုင္ဆိုင္ႏိုင္စြမ္း မရွိေလာက္ေခ်။
အျမင့္ပိုင္းမွ ကုလားထိုင္ကိုမွီကာထိုင္ေနသာ ခ်င္ဖူက်စ္ဟာ အလြန္ေကာင္းမြန္ေသာ အျမင္အာ႐ုံရွိသည့္လူတစ္ေယာက္ျဖစ္သည္။ သူဟာ သည္နယ္ပယ္တြင္ ကြၽမ္းက်င္သူျဖစ္သည့္အေလ်ာက္ ပါရမီရွင္မ်ားကို ေကာင္းမြန္စြာ ေ႐ြးထုတ္ႏိုင္စြမ္းရွိသည္။ ထို႔ေၾကာင့္ အခန္းနံပါတ္ ၁ မွ ေက်ာင္းသူမ်ားကိုလည္း မေန႔ အကဲျဖတ္ၿပီးေလရာ အလားအလာရွိေသာ ေတာ္ဝင္သမားေတာ္ျဖစ္ႏိုင္သည့္လူအခ်ိဳ႕ကို ေတြ႕ရွိခဲ့ျခင္းမရွိေသးေခ်။ သည္ေန႔တြင္ အခန္းနံပါတ္ ၂ ၏အလွည့္ျဖစ္သည္။ သူက မ်ားမ်ားစားစား မေမွ်ာ္လင့္ထားသည့္တိုင္ေအာင္ အခြင့္အေရးရွိေစလိုေသးသည္။
သည္ရက္မ်ားတြင္ ေတာ္ဝင္သမားေတာ္ျဖစ္ႏိုင္သည့္ အလားအလာရွိေသာ ေက်ာင္းသူမ်ားက နည္းသထက္နည္းလာခဲ့သည္။ သည္ေန႔တြင္ နန္းေတာ္ဟာ ေတာ္ဝင္သမားေတာ္အခ်ိဳ႕ကို ေ႐ြးခ်ယ္မည္ဟု အားလုံးက နားလည္ထားၾကသည့္ တိုင္ေအာင္ အေျခအေနက ခက္ခဲေနေတာ့သည္။
ေတာ္ဝင္နန္းေတာ္အတြင္းတြင္ အမ်ိဳးသမီးသမားေတာ္မ်ားရွိေသာ္လည္း ခ်ီက်င္းဟာ ရာထူးအျမင့္ဆုံးျဖစ္သည္။ သူမဟာ မယ္ေတာ္ႀကီးကိုကုသရန္ အထူးတလည္တာဝန္ယူထားရသည္။ သူမဟာ အတြင္းေဆာင္မွ အမ်ိဳးသမီးမ်ားအတြက္လည္း ကုသရင္းျဖင့္ အလုပ္မ်ားေနတတ္ေလ့ရွိသည္။ သို႔ရာတြင္ နန္းေတာ္တြင္ရွိေသာ သမားေတာ္အခ်ိဳ႕မွလြဲၿပီး အမ်ိဳးသမီးေတာ္ဝင္သမားေတာ္ အခ်ိဳ႕ဟာ ေနာက္ေကာက္က်န္ေနရစ္ခဲ့ကာ သူတို႔ၾကားတြင္ အဆင့္အတန္း အလြန္ကြာျခားေနသလိုမ်ိဳး ျဖစ္ျဖစ္ေျမာက္ေျမာက္လုပ္ႏိုင္စြမ္း မရွိၾကေခ်။
183 02
ထိုလြတ္ေနေသာေနရာကို ဝင္ေရာက္ျဖည့္ဆည္းမည့္ ဆရာသခင္တစ္ေယာက္ကို လိုအပ္ေနသည္မွာ ၾကာလွေခ်ၿပီ။
ပတ္ဝန္းက်င္ကို ၾကည့္ၿပီးေနာက္တြင္ ခ်င္ဖူက်စ္ဟာ ေျပာင္ျဖစ္ေနေသာ စာ႐ြက္ေပါင္းမ်ားစြာကိုသာ ျမင္ေနရသည္။ မည္သူမွ် ေျပာစရာမလိုေခ်။ အေျဖကို မည္သူမွ်ေျပာႏိုင္ျခင္းမရွိေၾကာင္း သူက နားလည္ေနသည္။ သူက အနည္းငယ္ စိတ္ပ်က္သြားရသည္။ သူ သည္တစ္ေခါက္ စာ႐ြက္ေျပာင္ေတြကိုပဲ ယူသြားရမည္ဟု ထင္လိုက္သည့္အခ်ိန္မွာပင္ တစ္စုံတစ္ရာက သူ၏အျမင္ကို ဖမ္းစားသြားသည္။
ညာဘက္အလယ္တည့္တည့္တြင္ ေခါင္းျမႇဳပ္ၿပီး ပတ္ဝန္းက်င္ကို အာ႐ုံမခံဘဲ ဆက္တိုက္ေရးေနေသာ မိန္းကေလးတစ္ေယာက္ရွိသည္။ သူ ျမင္လိုက္ရျခင္းကိုပင္ မယုံၾကည္ႏိုင္ေတာ့သျဖင့္ ဂ႐ုတစိုက္ၾကည့္လိုက္ရသည္။
ထိုအခ်ိန္တြင္ ယဲ့က်န္းဟာ ေဆးပင္သုံးပင္အေၾကာင္း အၾကမ္းဖ်င္းေရးဆြဲ၍ ၿပီးသြားေခ်ၿပီ။ သံသယအဝင္မခံရေစရန္ ၾကည့္၍ေကာင္းလြန္းေနျခင္းမရွိေအာင္ သူမက ေရးဆြဲထားျခင္းျဖစ္သည္။ သို႔ရာတြင္ တစ္ခ်က္ၾကည့္႐ုံျဖင့္ပင္ မည္သည့္ေဆးပင္ ျဖစ္ေၾကာင္း သိႏိုင္ေသးေလသည္။
ယဲ့က်န္းဟာ ခ်င္ဖူက်စ္၏ သူမအေပၚ ေစာင့္ၾကည့္ေနေသာအၾကည့္ကို ခံစားမိသည္။ သူမအတြက္ သည္ေဆးပင္သုံးပင္ဟာ ပို၍ပင္အသုံးဝင္လာသလို ခံစားလိုက္ရၿပီး သူမ၏စုတ္တံဟာလည္း ျမန္ဆန္သထက္ျမန္ဆန္လာေတာ့သည္။
ၾကည့္ရသည္မွာ သူမက သည္ေဆးပင္ထံမွတစ္ဆင့္ အက်ိဳးအျမတ္ရရွိမည့္ဟန္ ရသည္။ သူမကိုယ္တိုင္လည္း ေဆးပင္မ်ားကိုသုံးၿပီး လူနာမ်ားကို ကုသရျခင္းက အံ့အားသင့္စရာေကာင္းသည္ဟု ခံစားမိေနသည္။
ေက်ာကုန္းေနာက္သို႔ပစ္ထားသည့္လက္ကို ခပ္တင္းတင္းဆုပ္လိုက္မိသည္။ ခ်င္ဖူက်စ္က ခ်က္ခ်င္းမတ္တပ္ထရပ္လိုက္ၿပီးေနာက္တြင္ ေျခလွမ္းအနည္းငယ္ တည္းႏွင့္ စာ႐ြက္ေျပာင္မ်ားစြာကို ေက်ာ္ျဖတ္လိုက္သည္။ ေက်ာင္းသူအခ်ိဳ႕ဟာ ေဆးပင္မ်ားပုံကို ဆြဲထားၾကသည္။ အခ်ိဳ႕ကမူ အ႐ြက္အနည္းငယ္ကိုသာ ဆြဲႏိုင္ၾကသည္။ သူမ၏ေလာကတြင္သာ အျပည့္အဝနစ္ေျမာေနေသာ ေက်ာင္းသူတစ္ေယာက္ကသာ ပုံကို အျပည့္အဝေဖာ္ႏိုင္႐ုံသာမကေလဘဲ နက္ရႈိင္းစြာ အသုံးဝင္ပုံႏွင့္ ကုသမည့္နည္းလမ္းမ်ားအားလုံးကို ေဖာ္ျပထားသည္။
တကယ္မဆိုးဘူးပဲ။ ဒီေက်ာင္းသူက မေန႔က ျပင္းျပင္းထန္ထန္ႀကိဳးစားခဲ့တဲ့ပုံပဲ။
မဟုတ္ဘူး၊ ႀကိဳးစားထားမယ္ဆိုရင္ေတာင္မွ ဒီေဆးပင္သုံးပင္အေၾကာင္း ထဲထဲဝင္ဝင္မသိႏိုင္ဘူး၊ တစ္ခ်ိန္တည္းမွာပဲ တစ္ညတည္းနဲ႔ ဒီေလာက္အထိ တတ္သြားစရာအေၾကာင္းမရွိဘူး၊ တကယ္လို႔တတ္သြားရင္လည္း ဒါက ပါရမီရွင္ပဲ။
ခ်ီဖူက်စ္ဟာ အနည္းငယ္စိတ္လႈပ္ရွားသြားသည္။ အကယ္ဒမီတြင္ ထိုကဲ့သို႔ေသာ ေက်ာင္းသူမ်ိဳးကို မႀကဳံရသည္မွာ ၾကာလွေခ်ၿပီ။ သူဟာ သူ၏သေဘာက်ႏွစ္ၿခိဳက္မႈတြင္ နစ္ေျမာေနသည့္အခ်ိန္တြင္ အသံတစ္သံက ထြက္လာသည္။
"ဆရာ ကြၽန္မ ၿပီးသြားပါၿပီ"
ယဲ့က်န္းဟာ သူမ၏စာ႐ြက္ကို ေသခ်ာေခါက္ၿပီးေနာက္တြင္ ကမ္းေပးလာသည္။
အတန္းထဲရွိ အျခားေသာေက်ာင္းသူမ်ားက တိတ္ဆိတ္စြာျဖင့္ ၾကည့္ေနၾကသည္။ အခ်ိဳ႕က မနာလိုျဖစ္ေနၾကၿပီး အခ်ိဳ႕ကမူ ဂ႐ုပင္မစိုက္ၾကေခ်။ အခ်ိဳ႕ကမူ စိတ္ထဲတြင္ မေကာင္းေသာအႀကံမ်ား ေတြးေနၾကသည္။ သို႔ရာတြင္ အႏွစ္ခ်ဳပ္ကမူ ...
လူတစ္ေယာက္က ဒီေလာက္အထိလွၿပီး ဉာဏ္ေကာင္းဖို႔က ဘယ္လိုျဖစ္ႏိုင္မွာလဲ၊ ဒါကပုံမွန္ကို မဟုတ္ဘူး။
အျခားသူမ်ားက မည္သို႔ပင္ေတြးေစကာမူ ယဲ့က်န္းဟာ ႏွိမ့္ခ်ၿပီး ပုံမွန္အတိုင္းသာ ေနသည္။ သူမက မည္သို႔ေသာအခ်ိန္တြင္မဆို အာ႐ုံအစိုက္ခံရဆုံးမျဖစ္ေအာင္ ႀကိဳးစားေလ့ရွိသည္။ သို႔ရာတြင္ လက္ရွိအခ်ိန္တြင္မူ အေျခအေနက ကြာျခားေနေလၿပီ။ ယဲ့က်န္းဟာ သူမ၏အင္အားကို အျပည့္အဝထုတ္ျပရမည့္အခ်ိန္ျဖစ္ေၾကာင္း ခံစားမိေနသည္။ တစ္ခ်ိန္တည္းတြင္ပင္ သာမန္အေျခအေနမွ ႐ုန္းထြက္ၿပီး သူမ၏ပန္းတိုင္သို႔ေရာက္ေအာင္ ႀကိဳးစားရမည္ဟု ဆုံးျဖတ္ထားသည္။ မဟုတ္လွ်င္ သူမ တိုးတက္ေတာ့မည္မဟုတ္ေခ်။
ယဲ့က်န္း၏အေျဖမ်ားကို စစ္ေဆးၿပီးေနာက္တြင္ ခ်င္ဖူက်စ္က အေတြးနက္သြား သည္။
သူမရဲ႕အေျဖေတြက လုံးဝကိုၿပီးျပည့္စုံလြန္းတယ္၊ မိတ္ဆက္ထဲမွာ ေဖာ္ျပထားတာထက္ေတာင္ ပိုၿပီးအေသးစိတ္က်ေနေသးတယ္။
"မင္း အရင္က ေဆးဝါးပညာကို ေလ့လာဖူးတာလား"
ခ်င္ဖူက်စ္က ယဲ့က်န္းကိုၾကည့္ၿပီး ေမးသည္။
"ကြၽန္မရဲ႕မိခင္က ေဆးဝါးပညာေလ့လာပါတယ္၊ ဒါေၾကာင့္ အနည္းငယ္ ေလ့လာထားတာပါ"
183 03
ယဲ့က်န္းဟာ ယုံၾကည္မႈအျပည့္ျဖင့္ေျဖသည္။
ဆိုေတာ့ မိသားစုရဲ႕အေလ့အက်င့္ေၾကာင့္ ေလ့လာျဖစ္ခဲ့တာပဲ၊ ဒီေလာက္ေကာင္းေကာင္းေျဖႏိုင္တာ မအံ့ဩေတာ့ပါဘူး၊ ဒါေပမယ့္ ဒီလိုဆိုရင္ေတာ့ ဒီေက်ာင္းသူက ေတာ္ေတာ္ေလးကို ေတာ္လြန္းေနၿပီလို႔ ေျပာလို႔ရေနၿပီ။
ထိုသို႔ျဖင့္ ေက်ာင္းသူတစ္ေယာက္ၿပီးတစ္ေယာက္က သူတို႔၏စာ႐ြက္မ်ားကို အပ္လာၾကသည္။ ခ်န္းက်င္းယြီ၏ေဆးသုံးပင္ကို ေဖာ္ထားေသာပုံပန္းသြင္ျပင္ႏွင့္ ေဖာ္ျပခ်က္မ်ားမွလြဲၿပီး အမ်ားစုဟာ ေဆးပင္ပုံကို ဆြဲႏိုင္ၾကသည္။ အခ်ိဳ႕ကမူ ဗလာကိုသာျပန္အပ္သည္။
ဟြမ္ဖူရွန္းက ယဲ့က်န္းကို မုန္းတီးမႈအျပည့္ျဖင့္ၾကည့္သည္။ သူမက သူမ၏မနာလိုမႈကို ဖုံးကြယ္ထားျခင္းမရွိေခ်။
စာ႐ြက္မ်ားအားလုံးကိုရၿပီးခ်ိန္တြင္ ခ်င္ဖူက်စ္ဟာ အားလုံးကို ခ်က္ခ်င္းမစစ္ေလဘဲ ေဆးပင္မ်ား၏သီအိုရီကိုသာရွင္းျပသည္။ သူဟာ ထိုေဆးပင္မ်ားႏွင့္ပတ္သက္ၿပီး အဓိပၸါယ္ခြဲျခားသတ္မွတ္မႈ စသည္ျဖင့္တို႔ကို ေျပာျပေပးေနျခင္းလည္းျဖစ္သည္။ အျခားေသာဘက္ေထာင့္မွၾကည့္ေသာ္ အျခားဆရာမ်ားက ထိုမွ်မရွင္းျပေလာက္ေခ်။
ယဲ့က်န္းဟာလည္း ေတာ္ဝင္သမားေတာ္တစ္ေယာက္ျဖစ္လိုသည္။ ထိုသို႔ျဖစ္လိုလွ်င္ သူမ၏လင္းခြၽမ္ကို မွီခိုရမည့္အျပင္ ေဆးဝါးပညာအေၾကာင္း အျပည့္အဝနားလည္ထားရန္လိုအပ္ေၾကာင္း နားလည္ေနသည္။ သည္ေန႔၏ စိန္ေခၚမႈဟာ အစမွ်သာရွိေသးသည္။
မနက္ပိုင္းတြင္ ခက္ခဲေသာအေျခအေနက ၿပီးဆုံးသြားသည္။ အတန္းဆင္းသြားခ်ိန္တြင္ ခ်င္ဖူက်စ္ဟာ စာ႐ြက္အပုံႏွင့္ထြက္သြားသည္။
"ေယာင္ေယာင္ အဲ့ဒီေဆးသုံးပင္က ဘာနဲ႔တူတာလဲ"
အတန္းဆင္းသည္ႏွင့္ခ်က္ခ်င္းပင္ ဆြန္းဝမ္ဟာ ယဲ့က်န္းအနားသို႔ လာၿပီးေမး သည္။ ယဲ့က်န္းဟာ ေခါင္းၿငိမ့္သည္။
"ငါ ဆြဲေတာ့ဆြဲလိုက္တယ္၊ စာအုပ္ထဲက ေဖာ္ျပထားတဲ့ပုံအတိုင္းပါပဲ"
ဆြန္းဝမ္ကေအာ္သည္။
"နင္ အံ့ဩဖို႔ေကာင္းလိုက္တာ၊ ငါ မေန႔က အဲ့ဒီစာအုပ္ကိုဖတ္ထားတယ္၊ ဒါေပမယ့္ အခုဘာမွ မမွတ္မိေတာ့ဘူး"
ခ်န္းက်င္းယြီက တစ္ဖက္သို႔လွည့္လာၿပီးေနာက္ ၿပဳံးလိုက္သည္။
"နင္ ဒီေဆးပင္ေတြကို မွတ္မိခ်င္ရင္ ေဆးခင္းဆီကိုသြားၿပီး ထပ္ခါတလဲလဲ ေလ့လာစူးစမ္းဖူးမွ ရလိမ့္မယ္"
"အားယြီ နင္လည္းသိတာလား"
ဆြန္းဝမ္ဟာ နဖူးတြင္ လက္အုပ္ၿပီးေနာက္ အလန႔္တၾကားေျပာသည္။
"ငါေတာ့ ဘာကိုမွ နားမလည္ဘူး"
"နင္က နားလည္ေအာင္မွ မႀကိဳးစားတာ၊ နင္ တစ္ေယာက္တည္းမွ မဟုတ္တာ"
ခ်န္းက်င္းယြီက ႏွစ္သိမ့္ေပးသည္။
ဟြမ္ဖူရွန္းက သူတို႔၏စကားကိုၾကားေသာအခါ သူမအေၾကာင္းေျပာေနသည္ဟုပင္ ခံစားလိုက္သည္။ ဟြမ္ဖူရွန္း၏မ်က္လုံးမ်ားက စူးရဲလာၿပီးေနာက္တြင္ အနားသို႔ ေရာက္လာသည္။
"အခုအေနအထားမ်ိဳးနဲ႔ ေဆးပင္အနည္းငယ္ေလာက္ကို သိတာက ဘာမ်ား ထူးဆန္းေနလို႔လဲ၊ ပိုၿပီးအေရးႀကီးတာက အနာဂါတ္မွာ နန္းေတာ္ထဲမွာ သမားေတာ္ျဖစ္လာဖို႔ပဲ"
"ေဆးပင္က ဘာနဲ႔တူမွန္း နင္ မသိဘူးဆိုရင္ နင္ကသမားေတာ္ျဖစ္ႏိုင္မွာလား"
ဆြန္းဝမ္က ႏွာေခါင္းရႈံ႕သည္။
ဟြမ္ဖူရွန္းအေၾကာင္းေျပာလိုက္သည္ႏွင့္ သူမ၏မ်က္ႏွာထားက မေကာင္းေတာ့ ေခ်။ မည္သို႔ပင္ဆိုေစ သူမက စာ႐ြက္ေျပာင္ကို ေပးလိုက္သူလည္းျဖစ္သည္။
"ေစာင့္ၾကည့္ေနစမ္းပါ"
ဟြမ္ဖူရွန္းက ႏွာေခါင္းရႈံ႕သည္။ သူမက စိတ္ဓါတ္မက်ဘဲ ခ်က္ခ်င္းလွည့္ထြက္ သြားေတာ့သည္။
သူမ၏ေနာက္လိုက္ႏွစ္ေယာက္ကလည္း ခ်က္ခ်င္းအနားေျပးကပ္လာၿပီး ေျပာသည္။
"အားရွန္း ဒီလူေတြကို စိတ္ထဲထားမေနနဲ႔ နင့္ရဲ႕ေဒၚေလးက သမားေတာ္ဟြမ္ ဆိုတာ သူတို႔မွ မသိၾကတာ၊ ဒီေတာ့ အနာဂါတ္မွာ သူတို႔ပဲ ဒုကၡေရာက္လိမ့္မယ္"
ဟြမ္ဖူရွန္းက ေအးစက္စြာျပန္ေျဖသည္။
"ဒီေန႔ညေနမွာ က်င့္ဝတ္ထုံးတမ္းယဥ္ေက်းမႈသင္ခန္းစာရွိတယ္၊ အဲ့ဒီလုေယာင္ေယာင္က ေတာခ်ဳံအုံၾကားကလာတဲ့ မိန္းကေလးတစ္ေယာက္ဆိုေတာ့ ယဥ္ေက်းမႈကို နားလည္မွာမဟုတ္ဘူး၊ ဒီေတာ့ ႐ုတ္တရက္ႀကီးႂကြားလာခ်င္လိမ့္မယ္"
"ဒီလိုဆိုရင္ သူ ဘာလိုခ်င္တယ္ဆိုတာကို ငါက ေပးလိုက္႐ုံပဲ"
"ဟုတ္တယ္၊ ဒီလိုနယ္ၿမိဳ႕ကလာတဲ့ မိန္းကေလးတစ္ေယာက္က အရာအားလုံး သိေနမယ္လို႔ ငါလည္းမယုံပါဘူး၊ ဒီေန႔ အစစ္အမွန္အထက္တန္းလႊာမိန္းကေလးနဲ႔ ေတာခ်ဳံအုံၾကားက မိန္းကေလးရဲ႕ကြာျခားခ်က္ကို ျပလိုက္မယ္"
တစ္စုံတစ္ေယာက္က ဝင္ေျပာသည္။
"ဒါဆိုရင္ အဲ့ဒီအတိုင္းပဲ လုပ္ၾကမယ္"
ဟြမ္ဖူရွန္းက ၿပဳံးသည္။ ယဲ့က်န္းက အ႐ူးျဖစ္သြားသည့္အေနအထားကို သူမက ျမင္ေယာင္ေနသည့္အလားျဖစ္လာသည္။ သူမက ေတြးေလေလ ဂုဏ္ယူေလေလ ျဖစ္လာသည္။
ထ်န္းက်န႔္ကသာ လုေယာင္ေယာင္မွာ လြတ္လပ္ေနတဲ့အရာရွိတာကိုသာ သိသြားရင္ ဆက္ႀကိဳက္အုံးမွာတဲ့လား။
ေသခ်ာေပါက္ မႀကိဳက္ႏိုင္ဘူးေပါ့။
Telegram မွာ အပိုင္း ၄၈၂အထိ ေရာက္ပါၿပီေနာ္။