182 01
အပိုင်း ၁၈၂
ယဲ့ကျန်းက ခေါင်းမော့ပြီး လက်ဖက်ရည်ပူကို တစ်ငုံသောက်သည်။ သူမ၏အသံဟာ ညင်သာနူးညံ့နေသည်။ သူမက ဆက်လက်ပြီးပြောပြလာသည်။
"အရာအားလုံးအတွက် ပထမဦးဆုံးအကြိမ်ဆိုတာရှိမှာပဲ၊ ဧကရီချင်ရန်လင်းက မပေါ်ထွက်လာခင်က အမျိုးသမီးတော်ဝင်သမားတော်ဆိုတဲ့အကြောင်းအရာကို ဘယ်သူက ကြားဖူးကြလို့လဲ၊ ဒီတော့ တကယ်သာဆန္ဒရှိရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး"
"ယောင်ယောင်ပြောတာ မှန်တယ်၊ ဒီလိုဆိုမှတော့လည်း ဖြစ်နိုင်ခြေရှိတာပဲ"
ချန်းကျင်းယွီက အပြုံးနှင့်ဝင်ပြောသည်။
သူမမိတ်ဆွေများ၏ အားပေးမှုကြောင့် ဆွန်းဝမ်က သူမ၏မဖြစ်နိုင်ဟု ထင်သောထင်မြင်ချက်များအားလုံးကို ဖယ်ရှားလိုက်ပြီး ပုံမှန်အတိုင်း စိတ်လှုပ်ရှားပျော်ရွှင်သည့်အပြုံးကို ပြန်ပြုံးလာသည်။
"ငါတို့ သုံးယောက် ဒီနေရာမှာ ဒီလိုတွေ့ရတာက ကံကြမ္မာပဲ၊ ငါ ဆွန်းဝမ်က ဝိုင်အစား ဒီလက်ဖက်ရည်နဲ့ နင်တို့ကို တစ်ခွက်ချင်းစီတိုက်မယ်"
"ကောင်းတယ်"
တက်ကြွသောရယ်သံများနှင့်အတူ ခွက်သုံးခွက်တိုက်သံက ပေါ်ထွက်လာသည်။
ထိုအချိန်တွင် ယဲ့ကျန်း၏ဆေးဝါးအကယ်ဒမီကျောင်းမှခရီးက စတင်လေပြီ။ သူမ၏နှလုံးသားထဲတွင် ကောင်းကောင်းနားလည်သည်။ သည်နေရာရှိ အနာဂါတ်နေ့ရက်တိုင်းဟာ ငြိမ်းချမ်းနေမည်မဟုတ်ချေ။ သို့ရာတွင် ထိုကိစ္စများက သက်ရောက်မှုမရှိနိုင်ချေ။ လက်ရှိအချိန်တွင် လုဝူရွှမ်း၏ ခန့်မှန်း၍မရသော လုပ်လာနိုင်သည့်ကိစ္စများကသာ အနည်မထိုင်သေးသည့်အရာများဖြစ်နေသည်။
လုလင်ကျစ်က သူ့ရဲ့ညီမကို ထပ်ပြီးကာကွယ်နေအုံးမှာလား။
အရင်ကလိုပဲ သူက လုဝူရွှမ်းအတွက် အနှောင့်အယှက်တိုင်းကို ဖယ်ရှားနေအုံးမှာလား။
ထိုအနှောင့်အယှက်ဆိုသည်မှာ သူမကိုဆိုလိုသည်။
သူမ၏ခရီးက စတင်ကာစရှိနေသေးသည်။ ချက်ချင်း အဆုံးသတ်သွား၍မရချေ။ သူမ၏လက်ရှိအဆင့်အတန်းကြောင့် သူမအနေနှင့် လုဝူရွှမ်းကိုမယှဉ်နိုင်ချေ။ ယှဉ်နိုင်စွမ်းရည်လည်းမရှိချေ။ သူမကို အခြားသူများ၏အကူအညီဖြင့်သာ ကာကွယ်နေရလေရာ လုဝူရွှမ်းကိုရင်မဆိုင်နိုင်ချေ။ သခင်မကြီးလုကပင် သူမ၏အဝေးတွင်ရှိနေသည်။
သို့ရာတွင် မည်သို့ပင်ဆိုစေ သူမက ပထမတစ်လှမ်းစလှမ်းပြီးကတည်းက ဆက်သွားရတော့ပေမည်။ မည်သူကမျှ သူမကို တား၍မရစေရချေ။
နောက်တစ်ရက်တွင် ယဲ့ကျန်းဟာ အာရုဏ်တက်ချိန်တွင်နိုးလာသည်။ သူမက ပြူတင်းကို ဖွင့်လိုက်သည့်အချိန်တွင် ဖြူဖွေးနေသော နှင်းစောင်ထည်၏ လှပသည့်မြင်ကွင်းဖြင့် ဆီးကြိုခံရသည်။
သူမက လက်ကိုဆန့်တန်းလိုက်ချိန်တွင် သူမ၏လက်ဖဝါးပေါ် နှင်းမှုန်များက ကျဆင်းလာသည်။
သည်နေ့ ငါ အကယ်ဒမီက ဆရာမတွေနဲ့ တစ်ယောက်ချင်းစီ ဝင်တွေ့ရမယ့်နေပဲ။
သူမ အနည်းငယ်မျှော်လင့်နေမိသည်။
နှင်းဟာငြိမ်းချမ်းမှုကို ကိုယ်စားပြုသည်။ သို့သော် အာရုဏ်ဦးအချိန်တွင် မြင်လိုက်ရသော နှင်းများဖုံးလွှမ်းနေသောမြင်ကွင်းဟာ ယဲ့ကျန်းကို တိတ်ဆိတ်ငြိမ်းအေးမှုကိုသာ ခံစားရစေသည်။
သူမက အကယ်ဒမီထဲသို့ ခြေလှမ်းဝင်လိုက်ချိန်တွင် ကောင်းရွှယ်ပင်းနှင့်ဆုံသည်။ ရန်ငြှိုးများဟာ လတ်ဆတ်နေသေးသည်။ ထို့ကြောင့် ယဲ့ကျန်းကို အေးစက်စွာကြည့်လိုက်ပြီးနောက် မေးစေ့ကိုမော့ကာ အဝေးသို့ လျှောက်ထွက်သွားသည်။
ယဲ့ကျန်း၏နှုတ်ခမ်းများကလည်း ကော့တက်သွားပြီး အခန်းနံပါတ် ၂ သို့ သွားလိုက်သည်။
ဆွန်းဝမ်နှင့်ချန်းကျင်းယွီတို့က ရောက်နေကြပြီဖြစ်သည်။ နှစ်ယောက်လုံးက ထပ်ထူထူအဝတ်များကို ဝတ်ထားကြသည်။ သူမ၏မိတ်ဆွေရောက်လာကြောင်း မြင်လိုက်သည်နှင့် ဆွန်းဝမ်ဟာ တက်ကြွစွာဖြင့် လက်ရမ်းပြလာသည်။
ပထမဦးဆုံးနေ့တွင် အကယ်ဒမီမှကျောင်းသူတိုင်းဟာ အပြည့်အဝတက်ရောက်ရ သည်။ ယဲ့ကျန်းက ဝင်လာသည်နှင့် အချို့သောကျောင်းသူများက သူမကို ခိုးကြည့်လာခြင်းကို ခံစားလိုက်ရသည်။ သို့သော် မကောင်းသောအကြည့်များဖြင့် ကြည့်လာကြခြင်းဖြစ်သည်။
182 02
မနေ့က ကောင်းရွှယ်ပင်းကို ငါ့ရဲ့အခန်းထဲကနေ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ နှင်ထုတ်လိုက်တယ်ဆိုပြီး အားလုံးက ထင်မှတ်နေကြတာများလား။
သို့သော် မည်သို့ပင်ဆိုစေ သူမက အခြားလူများကို သူမ၏တန်ဖိုးရှိလှသည့် အတွေးများအတွင်း ဝင်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။ ဒါက သူမနှင့်မသက်ဆိုင်တော့ချေ။
ယဲ့ကျန်းက ထိုင်ခုံတွင် ထိုင်ပြီးသိပ်မကြာခင်မှာပင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဝင်လာသည်။ ထိုလူဟာ ဝါဂွမ်းများပြည့်နေသော အပေါ်ထပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရိုးရှင်းကာသေသပ်ကြည့်ကောင်းနေသည်။ သူ၏ကိုယ်မှ အလွန်ဖြောင့်မတ်သောအရှိန်အဝါကို ထုတ်ဖော်နေသည်။ သူဟာ ဆရာတစ်ယောက်ဖြစ်ပြီး ချဉ်းကပ်ရလွယ်ကူဟန်ရသည်။
"ငါ့ရဲ့မျိုးရိုးနာမည်က ချင်၊ မင်းတို့အားလုံး ငါ့ကို သမားတော်ချင် ဒါမှမဟုတ် ဆရာချင်လို့ခေါ်နိုင်တယ်၊ ကြိုက်တာကို ခေါ်နိုင်တယ်"
သူဟာ သူ၏ခုံစောင်းအနောက်တွင်ရှိသော အမွှေးပွခင်းထားသောကုလားထိုင်တွင် ဝင်ထိုင်ပြီးနောက် ထပ်ဖြည့်ပြောသည်။
"အခုက နှင်းကျတဲ့ရာသီရောက်နေပြီ၊ ဆေးခင်းတွေအားလုံး ပိတ်သွားပြီ၊ ဒီတော့ ဒီနေ့ ဆေးခင်းတွေကို သွားလည်ဖို့မလိုဘူး"
ကျောင်းသူများအားလုံးဟာ လေးစားစွာဖြင့် ချင်ဖူကျစ်ကို နှုတ်ဆက်သည်။ ချင်ဖူကျစ်က လက်ကိုရမ်းသည်။
"မင်းတို့အားလုံး မင်းတို့မနေ့က မင်းတို့ရဲ့ဆရာမကနေတစ်ဆင့် လက်ဆင့်ကမ်းထားတဲ့စာအုပ်တွေကို ဖတ်ပြီးပြီလို့ ငါ ယုံကြည်တယ်"
"ဟုတ်ကဲ့"
"ကောင်းပြီ၊ ဒါဆိုရင် မင်းတို့ဆေးဝါးပညာကို လေ့လာတဲ့အခါ မင်းတို့ရဲ့ လုပ်ဆောင်မှုကိုပဲ အဓိကအာရုံစိုက်ထားသင့်တယ်၊ ပထမဦးဆုံး မင်းတို့ ပိုင်ဆိုင်ထားရမှာက ဆေးပင်တွေကို ခွဲခြားနိုင်စွမ်းရှိတဲ့စွမ်းရည်ပဲ၊ မင်းတို့က ဆေးခင်းထဲကို မသွားနိုင်ကတည်းက ဒီနေရာမှာပဲ စမ်းသပ်စစ်ဆေးရတော့မယ်"
ချင်ဖူကျစ်က ပြောသည်။
စာမေးပွဲကျင်းပတော့မည်ဟု ကြားလိုက်သည်နှင့် ကျောင်းသူအချို့ဟာ ခပ်တိုးတိုးရေရွတ်ကြသည်။
အကယ်ဒမီကိုရောက်တဲ့ ဒုတိယမြောက်နေ့မှာပင် သည်လိုစာမေးပွဲနှင့် ကြုံရမည်ဟု မည်သူက ထင်ထားမှာလဲ။
"ပိုင်စုန့်၊ ကျင်းထျန်း၊ မူရုန့်"
ချင်ဖူကျစ်က ဆေးပင်သုံးမျိုး၏ အမည်များကို ဖတ်ပြပြီးနောက် အပြုံးနှင့် ပြောသည်။
"သူတို့ရဲ့ပုံပန်းသွင်ပြင်ကို ပြည့်ပြည့်စုံစုံဖော်ပြရမယ်၊ သူတို့ရဲ့နာမည်တွေကိုလည်း အဓိပ္ပါယ်အပြည့်နဲ့ရေးသားနိုင်ရမယ်၊ သူတို့ကိုသုံးပြီး ကုသလို့ရတဲ့ရောဂါလက္ခဏာ တွေကိုလည်း ရှင်းပြနိုင်ရမယ်"
ဆရာဖြစ်သူ၏စကားကိုကြားသည်နှင့် ဟွမ်ဖူရှန်းက ပြုံးလိုက်သည်။
"ဆရာချင် ကျွန်မတို့ အတန်းတစ်ခါမှမတက်ရသေးဘူး၊ ဘယ်လိုဖြစ်ပြီး စာမေးပွဲဖြေရမှာလဲ"
မော့ပင်မကြည့်ဘဲ ချင်ဖူကျစ်က လှည့်ပြောလိုက်သည်။
"မနေ့က စုရှင်းမိန်ကို မိတ်ဆက်စာအုပ်ကို ငါ ပေးခိုင်းထားပြီးသား ဒီနေ့ မင်းတို့ကို ဆေးခင်းကိုလိုက်ပြမယ်လို့ ထင်နေကြတာလား၊ စာအုပ်ကို တစ်နေ့လုံး သေချာမဖတ်ကြဘူးလား"
ဟွမ်ဖူရှန်းက ဆွံ့အသွားသည်။ သို့ရာတွင် သူမဟာ အခြားတစ်ဖက်ခြမ်းတွင် ရှိသော စုရှင်းမိန်ကိုကို ခပ်စူးစူးကြည့်လိုက်သေးသည်။
"တိတ်စမ်း စာမေးပွဲဖြေမယ်"
ထိုသို့ဖြင့် ထိုဆရာဟာ ရေပြင်လှိုင်းကို လှုပ်ခတ်သွားအောင် ကျောက်တုံးတစ်တုံးကို ပစ်ချလိုက်တော့သည်။
Telegram မှာ အပိုင်း ၄၈၂အထိ ရောက်ပါပြီနော်။
Zawgyi
182 01
အပိုင္း ၁၈၂
ယဲ့က်န္းက ေခါင္းေမာ့ၿပီး လက္ဖက္ရည္ပူကို တစ္ငုံေသာက္သည္။ သူမ၏အသံဟာ ညင္သာႏူးညံ့ေနသည္။ သူမက ဆက္လက္ၿပီးေျပာျပလာသည္။
"အရာအားလုံးအတြက္ ပထမဦးဆုံးအႀကိမ္ဆိုတာရွိမွာပဲ၊ ဧကရီခ်င္ရန္လင္းက မေပၚထြက္လာခင္က အမ်ိဳးသမီးေတာ္ဝင္သမားေတာ္ဆိုတဲ့အေၾကာင္းအရာကို ဘယ္သူက ၾကားဖူးၾကလို႔လဲ၊ ဒီေတာ့ တကယ္သာဆႏၵရွိရင္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိပါဘူး"
"ေယာင္ေယာင္ေျပာတာ မွန္တယ္၊ ဒီလိုဆိုမွေတာ့လည္း ျဖစ္ႏိုင္ေျခရွိတာပဲ"
ခ်န္းက်င္းယြီက အၿပဳံးႏွင့္ဝင္ေျပာသည္။
သူမမိတ္ေဆြမ်ား၏ အားေပးမႈေၾကာင့္ ဆြန္းဝမ္က သူမ၏မျဖစ္ႏိုင္ဟု ထင္ေသာထင္ျမင္ခ်က္မ်ားအားလုံးကို ဖယ္ရွားလိုက္ၿပီး ပုံမွန္အတိုင္း စိတ္လႈပ္ရွားေပ်ာ္႐ႊင္သည့္အၿပဳံးကို ျပန္ၿပဳံးလာသည္။
"ငါတို႔ သုံးေယာက္ ဒီေနရာမွာ ဒီလိုေတြ႕ရတာက ကံၾကမၼာပဲ၊ ငါ ဆြန္းဝမ္က ဝိုင္အစား ဒီလက္ဖက္ရည္နဲ႔ နင္တို႔ကို တစ္ခြက္ခ်င္းစီတိုက္မယ္"
"ေကာင္းတယ္"
တက္ႂကြေသာရယ္သံမ်ားႏွင့္အတူ ခြက္သုံးခြက္တိုက္သံက ေပၚထြက္လာသည္။
ထိုအခ်ိန္တြင္ ယဲ့က်န္း၏ေဆးဝါးအကယ္ဒမီေက်ာင္းမွခရီးက စတင္ေလၿပီ။ သူမ၏ႏွလုံးသားထဲတြင္ ေကာင္းေကာင္းနားလည္သည္။ သည္ေနရာရွိ အနာဂါတ္ေန႔ရက္တိုင္းဟာ ၿငိမ္းခ်မ္းေနမည္မဟုတ္ေခ်။ သို႔ရာတြင္ ထိုကိစၥမ်ားက သက္ေရာက္မႈမရွိႏိုင္ေခ်။ လက္ရွိအခ်ိန္တြင္ လုဝူ႐ႊမ္း၏ ခန႔္မွန္း၍မရေသာ လုပ္လာႏိုင္သည့္ကိစၥမ်ားကသာ အနည္မထိုင္ေသးသည့္အရာမ်ားျဖစ္ေနသည္။
လုလင္က်စ္က သူ႔ရဲ႕ညီမကို ထပ္ၿပီးကာကြယ္ေနအုံးမွာလား။
အရင္ကလိုပဲ သူက လုဝူ႐ႊမ္းအတြက္ အေႏွာင့္အယွက္တိုင္းကို ဖယ္ရွားေနအုံးမွာလား။
ထိုအေႏွာင့္အယွက္ဆိုသည္မွာ သူမကိုဆိုလိုသည္။
သူမ၏ခရီးက စတင္ကာစရွိေနေသးသည္။ ခ်က္ခ်င္း အဆုံးသတ္သြား၍မရေခ်။ သူမ၏လက္ရွိအဆင့္အတန္းေၾကာင့္ သူမအေနႏွင့္ လုဝူ႐ႊမ္းကိုမယွဥ္ႏိုင္ေခ်။ ယွဥ္ႏိုင္စြမ္းရည္လည္းမရွိေခ်။ သူမကို အျခားသူမ်ား၏အကူအညီျဖင့္သာ ကာကြယ္ေနရေလရာ လုဝူ႐ႊမ္းကိုရင္မဆိုင္ႏိုင္ေခ်။ သခင္မႀကီးလုကပင္ သူမ၏အေဝးတြင္ရွိေနသည္။
သို႔ရာတြင္ မည္သို႔ပင္ဆိုေစ သူမက ပထမတစ္လွမ္းစလွမ္းၿပီးကတည္းက ဆက္သြားရေတာ့ေပမည္။ မည္သူကမွ် သူမကို တား၍မရေစရေခ်။
ေနာက္တစ္ရက္တြင္ ယဲ့က်န္းဟာ အာ႐ုဏ္တက္ခ်ိန္တြင္ႏိုးလာသည္။ သူမက ျပဴတင္းကို ဖြင့္လိုက္သည့္အခ်ိန္တြင္ ျဖဴေဖြးေနေသာ ႏွင္းေစာင္ထည္၏ လွပသည့္ျမင္ကြင္းျဖင့္ ဆီးႀကိဳခံရသည္။
သူမက လက္ကိုဆန႔္တန္းလိုက္ခ်ိန္တြင္ သူမ၏လက္ဖဝါးေပၚ ႏွင္းမႈန္မ်ားက က်ဆင္းလာသည္။
သည္ေန႔ ငါ အကယ္ဒမီက ဆရာမေတြနဲ႔ တစ္ေယာက္ခ်င္းစီ ဝင္ေတြ႕ရမယ့္ေနပဲ။
သူမ အနည္းငယ္ေမွ်ာ္လင့္ေနမိသည္။
ႏွင္းဟာၿငိမ္းခ်မ္းမႈကို ကိုယ္စားျပဳသည္။ သို႔ေသာ္ အာ႐ုဏ္ဦးအခ်ိန္တြင္ ျမင္လိုက္ရေသာ ႏွင္းမ်ားဖုံးလႊမ္းေနေသာျမင္ကြင္းဟာ ယဲ့က်န္းကို တိတ္ဆိတ္ၿငိမ္းေအးမႈကိုသာ ခံစားရေစသည္။
သူမက အကယ္ဒမီထဲသို႔ ေျခလွမ္းဝင္လိုက္ခ်ိန္တြင္ ေကာင္း႐ႊယ္ပင္းႏွင့္ဆုံသည္။ ရန္ျငႇိဳးမ်ားဟာ လတ္ဆတ္ေနေသးသည္။ ထို႔ေၾကာင့္ ယဲ့က်န္းကို ေအးစက္စြာၾကည့္လိုက္ၿပီးေနာက္ ေမးေစ့ကိုေမာ့ကာ အေဝးသို႔ ေလွ်ာက္ထြက္သြားသည္။
ယဲ့က်န္း၏ႏႈတ္ခမ္းမ်ားကလည္း ေကာ့တက္သြားၿပီး အခန္းနံပါတ္ ၂ သို႔ သြားလိုက္သည္။
ဆြန္းဝမ္ႏွင့္ခ်န္းက်င္းယြီတို႔က ေရာက္ေနၾကၿပီျဖစ္သည္။ ႏွစ္ေယာက္လုံးက ထပ္ထူထူအဝတ္မ်ားကို ဝတ္ထားၾကသည္။ သူမ၏မိတ္ေဆြေရာက္လာေၾကာင္း ျမင္လိုက္သည္ႏွင့္ ဆြန္းဝမ္ဟာ တက္ႂကြစြာျဖင့္ လက္ရမ္းျပလာသည္။
ပထမဦးဆုံးေန႔တြင္ အကယ္ဒမီမွေက်ာင္းသူတိုင္းဟာ အျပည့္အဝတက္ေရာက္ရ သည္။ ယဲ့က်န္းက ဝင္လာသည္ႏွင့္ အခ်ိဳ႕ေသာေက်ာင္းသူမ်ားက သူမကို ခိုးၾကည့္လာျခင္းကို ခံစားလိုက္ရသည္။ သို႔ေသာ္ မေကာင္းေသာအၾကည့္မ်ားျဖင့္ ၾကည့္လာၾကျခင္းျဖစ္သည္။
182 02
မေန႔က ေကာင္း႐ႊယ္ပင္းကို ငါ့ရဲ႕အခန္းထဲကေန မေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႔ ႏွင္ထုတ္လိုက္တယ္ဆိုၿပီး အားလုံးက ထင္မွတ္ေနၾကတာမ်ားလား။
သို႔ေသာ္ မည္သို႔ပင္ဆိုေစ သူမက အျခားလူမ်ားကို သူမ၏တန္ဖိုးရွိလွသည့္ အေတြးမ်ားအတြင္း ဝင္ခြင့္ျပဳလိမ့္မည္မဟုတ္ေခ်။ ဒါက သူမႏွင့္မသက္ဆိုင္ေတာ့ေခ်။
ယဲ့က်န္းက ထိုင္ခုံတြင္ ထိုင္ၿပီးသိပ္မၾကာခင္မွာပင္ သက္လတ္ပိုင္းအ႐ြယ္ လူတစ္ေယာက္က ဝင္လာသည္။ ထိုလူဟာ ဝါဂြမ္းမ်ားျပည့္ေနေသာ အေပၚထပ္ဝတ္႐ုံကို ဝတ္ဆင္ထားၿပီး ႐ိုးရွင္းကာေသသပ္ၾကည့္ေကာင္းေနသည္။ သူ၏ကိုယ္မွ အလြန္ေျဖာင့္မတ္ေသာအရွိန္အဝါကို ထုတ္ေဖာ္ေနသည္။ သူဟာ ဆရာတစ္ေယာက္ျဖစ္ၿပီး ခ်ဥ္းကပ္ရလြယ္ကူဟန္ရသည္။
"ငါ့ရဲ႕မ်ိဳး႐ိုးနာမည္က ခ်င္၊ မင္းတို႔အားလုံး ငါ့ကို သမားေတာ္ခ်င္ ဒါမွမဟုတ္ ဆရာခ်င္လို႔ေခၚႏိုင္တယ္၊ ႀကိဳက္တာကို ေခၚႏိုင္တယ္"
သူဟာ သူ၏ခုံေစာင္းအေနာက္တြင္ရွိေသာ အေမႊးပြခင္းထားေသာကုလားထိုင္တြင္ ဝင္ထိုင္ၿပီးေနာက္ ထပ္ျဖည့္ေျပာသည္။
"အခုက ႏွင္းက်တဲ့ရာသီေရာက္ေနၿပီ၊ ေဆးခင္းေတြအားလုံး ပိတ္သြားၿပီ၊ ဒီေတာ့ ဒီေန႔ ေဆးခင္းေတြကို သြားလည္ဖို႔မလိုဘူး"
ေက်ာင္းသူမ်ားအားလုံးဟာ ေလးစားစြာျဖင့္ ခ်င္ဖူက်စ္ကို ႏႈတ္ဆက္သည္။ ခ်င္ဖူက်စ္က လက္ကိုရမ္းသည္။
"မင္းတို႔အားလုံး မင္းတို႔မေန႔က မင္းတို႔ရဲ႕ဆရာမကေနတစ္ဆင့္ လက္ဆင့္ကမ္းထားတဲ့စာအုပ္ေတြကို ဖတ္ၿပီးၿပီလို႔ ငါ ယုံၾကည္တယ္"
"ဟုတ္ကဲ့"
"ေကာင္းၿပီ၊ ဒါဆိုရင္ မင္းတို႔ေဆးဝါးပညာကို ေလ့လာတဲ့အခါ မင္းတို႔ရဲ႕ လုပ္ေဆာင္မႈကိုပဲ အဓိကအာ႐ုံစိုက္ထားသင့္တယ္၊ ပထမဦးဆုံး မင္းတို႔ ပိုင္ဆိုင္ထားရမွာက ေဆးပင္ေတြကို ခြဲျခားႏိုင္စြမ္းရွိတဲ့စြမ္းရည္ပဲ၊ မင္းတို႔က ေဆးခင္းထဲကို မသြားႏိုင္ကတည္းက ဒီေနရာမွာပဲ စမ္းသပ္စစ္ေဆးရေတာ့မယ္"
ခ်င္ဖူက်စ္က ေျပာသည္။
စာေမးပြဲက်င္းပေတာ့မည္ဟု ၾကားလိုက္သည္ႏွင့္ ေက်ာင္းသူအခ်ိဳ႕ဟာ ခပ္တိုးတိုးေရ႐ြတ္ၾကသည္။
အကယ္ဒမီကိုေရာက္တဲ့ ဒုတိယေျမာက္ေန႔မွာပင္ သည္လိုစာေမးပြဲႏွင့္ ႀကဳံရမည္ဟု မည္သူက ထင္ထားမွာလဲ။
"ပိုင္စုန႔္၊ က်င္းထ်န္း၊ မူ႐ုန႔္"
ခ်င္ဖူက်စ္က ေဆးပင္သုံးမ်ိဳး၏ အမည္မ်ားကို ဖတ္ျပၿပီးေနာက္ အၿပဳံးႏွင့္ ေျပာသည္။
"သူတို႔ရဲ႕ပုံပန္းသြင္ျပင္ကို ျပည့္ျပည့္စုံစုံေဖာ္ျပရမယ္၊ သူတို႔ရဲ႕နာမည္ေတြကိုလည္း အဓိပၸါယ္အျပည့္နဲ႔ေရးသားႏိုင္ရမယ္၊ သူတို႔ကိုသုံးၿပီး ကုသလို႔ရတဲ့ေရာဂါလကၡဏာ ေတြကိုလည္း ရွင္းျပႏိုင္ရမယ္"
ဆရာျဖစ္သူ၏စကားကိုၾကားသည္ႏွင့္ ဟြမ္ဖူရွန္းက ၿပဳံးလိုက္သည္။
"ဆရာခ်င္ ကြၽန္မတို႔ အတန္းတစ္ခါမွမတက္ရေသးဘူး၊ ဘယ္လိုျဖစ္ၿပီး စာေမးပြဲေျဖရမွာလဲ"
ေမာ့ပင္မၾကည့္ဘဲ ခ်င္ဖူက်စ္က လွည့္ေျပာလိုက္သည္။
"မေန႔က စုရွင္းမိန္ကို မိတ္ဆက္စာအုပ္ကို ငါ ေပးခိုင္းထားၿပီးသား ဒီေန႔ မင္းတို႔ကို ေဆးခင္းကိုလိုက္ျပမယ္လို႔ ထင္ေနၾကတာလား၊ စာအုပ္ကို တစ္ေန႔လုံး ေသခ်ာမဖတ္ၾကဘူးလား"
ဟြမ္ဖူရွန္းက ဆြံ႕အသြားသည္။ သို႔ရာတြင္ သူမဟာ အျခားတစ္ဖက္ျခမ္းတြင္ ရွိေသာ စုရွင္းမိန္ကိုကို ခပ္စူးစူးၾကည့္လိုက္ေသးသည္။
"တိတ္စမ္း စာေမးပြဲေျဖမယ္"
ထိုသို႔ျဖင့္ ထိုဆရာဟာ ေရျပင္လႈိင္းကို လႈပ္ခတ္သြားေအာင္ ေက်ာက္တုံးတစ္တုံးကို ပစ္ခ်လိုက္ေတာ့သည္။
Telegram မွာ အပိုင္း ၄၈၂အထိ ေရာက္ပါၿပီေနာ္။