🌸Mud (နွံ)🌸 [Complete]
By LoonDarli
52.1K 1.9K 96
❄️ရှေ့နေကျောင်းသားလေးရှောင်းကျန့်ဟာ အချစ်ကိုအယုံအကြည်မရှိဘူး ဘဝကိုပျော်ပျော်သာဖြတ်သန်းပြီး နှလုံးသားကခံစားချက... More
🥀Intro🥀
🥀Part-1🥀
🥀Part -2🥀
🥀Part-3🥀
🥀Part -4🥀
🥀Part - 5🥀
🥀Part - 6🥀
🥀Part - 8🥀
🥀🔞Part - 9🔞🥀
🥀🔞Part-10🔞🥀
🥀🔞Part - 11🔞🥀
🥀Part -12🥀
🥀🔞Part - 13🔞🥀
🥀Part - 14🥀
🥀Part -15🥀
🥀Part - 16🥀
🥀Part -17🥀
🥀Part -18🥀
🥀Part -19🥀
🥀Part -20🥀
🥀Final🥀
🥀Part - 7🥀
1.7K 88 13
By LoonDarli
(Zawgyi)
🌸Mud (နွံ)🌸
>>လေဆိပ်၌<<
"အော်အေးအေး ဆက်ဆက်"
"Hello ရိပေါ်"
"ငါက စက်လှေကားအနားမှာ"
"အင်း အခုပဲရောက်တာ"
"မဟုတ်လို့လား"
"မဟုတ်ဘူး"
"အင်း"
ကျန်းချန်က ယန်လီရဲ့ခရီး‌ဆောင်အိတ်တွေကိုသယ်ပေးကာ
"ကြွပါ မင်းသမီး"
"မင်း...ဟင်း......"
...............................................................................
"ဟီး"
"နင်..!"
ရှောင်းကျန့် မိန်းကလေးအသံကြားလိုက်သာကြောင့် မီးဖိုခန်းမှ ဧည့်ခန်းအနားသို့သွားကာ တံခါးအကွယ်မှ မသိမသာလေးချောင်းကြည့်တော့ တွေ့လိုက်ရသော လှပလွန်းတဲ့မိန်းကလေးကြောင့် ရှောင်းကျန့်အတွေးတွေ ရှုပ်ထွေးသွားသည် ။
"ကလေးလား နင်က"
"အင်း ပို့ပေးမယ်"
ကျန်းချန်က
"အင်း"
(တကယ်မွှေးတာပဲ)
"ရှောင်းကျန့်ရော"
"ဟုတ်"
"............."
"ကျ..ကျွန်တော်...ကိုကို့ကိုမတွေ့ရဲဘူး ကော..."
"........"
"ဟုတ် ကော"
"ဟုတ်"
"ရှောင်းကျန့်"
"ဗ..ဗျာ..."
"လာ ဒီနားမှာ လာထိုင်"
"ငါ့ကို ဟင်းထည့်ပေး"
"ဟု..ဟုတ် ရိ ရိပေါ်ကော.."
"ရိ ရိ..ရိပေါ်ကော.."
"ဗျာ"
"နားကန်းနေတာလား"
" မ မဟုတ်ပါဘူး"
"....."
"ခေါ်လို့ပြောနေတယ်လေ!"
" ဟု ဟုတ်ကဲ့ ကို ကိုကို"
"ဟုတ်ကဲ့ ကျဲ"
"ဟုတ်ကဲ့ ကျဲ"
"မင်းပါးစပ်ပိတ်ထား!"
"မငိုပါနဲ့ကျန့်ကျန့်ရယ် အဲ့ကောင်စုတ်ရိပေါ်က အဲ့လိုပဲ သူမကြိုက်တာဆို ဒေါသသံပါပြီး ပြောချင်ရာပြောသွားတာ စိတ်ထဲတော့ ဘာမှမရှိပါဘူး‌ နော် မငိုနဲ့ မငိုနဲ့ တိတ်တိတ်"
"ဟုတ်...ကျဲ"
ကျန်းချန်က
"ဟုတ်ကျဲ"
"ဖြစ်ပါ့မလား ကျဲရယ်"
"ဟုတ်..."
................................................................................
>>ည၁နာရီခွဲအချိန်၌<<
ညနေက ထမင်းမစားလိုက်ရ၍ ဗိုက်ဆာကာ လူးလိမ့်နေတဲ့ရိပေါ် အောက်ထပ်သို့ဆင်းလာကာ မီးဖိုချောင်ထဲသို့ဝင်လာတော့ မှောင်မဲနေတာကြောင့် မီးဖွင့်လိုက်သည်
~ချက်!~
"အယ် ကိုကို"
"ဟင်?...ဟို..ဟို...."
"ပစ္စည်း?"
"ဟုတ်"
"ဘာပစ္စည်းလဲ?"
"အ့...ကိုကို"
"အား နာတယ် ကိုကို "
"ကိုကို"
ယန်လီ ရေတောင်မသောက်နိုင်ပဲ ရုပ်ကြီးပြုံးဖြီးကာ အိမ်ပေါ်သို့ အမြန်ပြန်တက်သွားသည်
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
#LoonDarli
...............................................................................
(Unicode)
🌸Mud (နှံ)🌸
>>လဆေိပျ၌<<
"ဝါး...ပေကျင်းက ငါငယ်ငယ်တုန်းက ရောက်ဖူးတာထက်တောင် ပိုပြီးခေတ်မှီနေပါလား အေးပေါ့လေ ငါပေကျင်းမရောက်တာပဲ အနှစ်၂၀ရှိနေပြီကိုး"
ယန်လီက လေဆိပ်မှ လူသွားလူလာတွေကိုကြည့်ကာ ပေါက်ပေါက် ဖောက်နေပေမယ့် ရိပေါ်ကတော့ ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည်
"ဟဲ့ ရိပေါ် နင်ဘာတွေလုပ်နေတာလဲ?"
"ကျန်းချန်ကို ဖုန်းဆက်နေတာ"
"အော်အေးအေး ဆက်ဆက်"
ရိပေါ်ဖုန်းကို ကိုင်လိုက်သော ကျန်းချန်
"Hello ရိပေါ်"
"ငါတို့‌ လေဆိပ်ကိုရောက်ပြီကျန်းချန် မင်းဘယ်မှာလဲ"
"ငါအထဲကိုဝင်လာပြီ မင်းရောဘယ်မှာလဲ"
"ငါက စက်လှေကားအနားမှာ"
ကျန်းချန် မျက်လုံးကိုဝေ့ဝဲရှာလိုက်တော့ တွေ့ပါပြီ ရိပေါ်ကို သို့သော် ဘေးမှာအစစ်ပါလာတဲ့ အရှုပ်ထုပ်ကြောင့် ကျန်းချန်ကြောင်သွားပြီး ဖုန်းချကာ ရိပေါ်အနားကိုသွားလိုက်သည်
"ရိပေါ် ရောက်နေတာကြာပြီလား"
"အင်း အခုပဲရောက်တာ"
"‌ဒါနဲ့ ဟိုအရူးမက ဘာလို့ပါလာတာလဲ"
ယန်လီ သူ့ကို အရူးမ ဟုခေါ်သောကြောင့် ကျန်းချန်ကိုရန်တွေ့လိုက်သည်
"အမယ် နင်ကများ ငါ့ကိုအရူးမတဲ့ ကျန်းချန်! နင်နာချင်နေပြီလား"
"မဟုတ်လို့လား"
"မဟုတ်ဘူး"
ရိပေါ်က ထို၂ယောက်ကြား နားငြီးကာ
"ကျစ် တွေ့တာနဲ့ကိုက်မနေနဲ့ နားငြီးတယ်"
"ငါဘာမှမလုပ်ဘူး ရိပေါ် ကျန်းချန်အရင်စတာ ဒါနဲ့ ငါဗိုက်ဆာတယ် ရိပေါ်"
"အင်း"
ကျန်းချန်က ယန်လီရဲ့ခရီး‌ေဆာင်အိတ်တွေကိုသယ်ပေးကာ
"ကြွပါ မင်းသမီး"
"အဟဟ ဒီလိုပဲဖြစ်နေရမှာပေါ့ မောင်လေးရယ်"
ဆိုကာ ခါနေအောင် အရှေ့ကနေ ကော့ကော့ ကော့ကော့နဲ့လမ်းလျှောက်သွားသော ယန်လီကိုကြည့်ပြီး အနောက်မှာ ကျန်ခဲ့တဲ့ ရိပေါ်နဲ့ကျန်းချန်ကတော့ ခေါင်းခါလို့နေသည် ။
"ရိပေါ် မင်းသူ့ကိုဘာလို့ခေါ်လာတာလဲ"
"ငါခေါ်လာတာမဟုတ်ဘူး ပါးပါးကိုသူသွားပူဆာလို့ ပါးပါးက ထည့်ပေးလိုက်တာ ငါလည်း စကားတွေအများကြီးမပြောချင်လို့ ခေါ်လာတာကျန်းချန်"
"အေး သူပါတာအရေးမကြီးဘူး အိမ်မှာက ရှောင်းကျန့်ရှိတယ်လေ အဲ အခုမှ သတိရတယ် ဟုတ်တာပဲ ရှောင်းကျန့်ရှိနေတယ် ရိပေါ် ယန်လီနဲ့ရှောင်းကျန့်တွေ့ရင် ဘယ်လိုလုပ်ကြမလဲ"
"ဘာကိုပြောချင်တာလဲမင်းက"
"မင်းမသိလို့ပြန်မေးနေတာလားရိပေါ် ယန်လီက မင်းနဲ့လူကြီးချင်း သဘောထားတဲ့သူနော်"
".....အင်း ဘာပဲဖြစ်နေနေ ငါစိတ်မဝင်စားဘူး သူ့ဘာသာအဆင်ပြေသွားလိမ့်မယ်"
"ဟာ မင်းအဲ့လိုကြီးပေါ့ပေါ့ မတွေးနဲ့လေ ရိပေါ်"
"ငါမသိချင်ဘူးကျန်းချန် ဘာမှမပြောနဲ့တော့"
"မင်း...ဟင်း......"
ရိပေါ်တို့ ကားလေးကတော့ လေဆိပ်မှ ရိပေါ်အိမ်ဆီသို့
...............................................................................
ရှောင်းကျန့်တစ်ယောက် တီရှပ်အကျီအဖြူလေးနှင့် ဘောင်းဘီဒူးအောက်ကျကိုဝတ်ကာ မီးဖိုထဲ၌ ထမင်းချက်အိမ်စေတွေကို ကူလုပ်ပေးနေသည် ။
"အကိုလေးရယ် အဝတ်အစားတွေ လဲထားတာကို ချွေးတွေ ထွက်နေပါဦးမယ် ညီမတို့ဘာသာ လုပ်လိုက်ပါ့မယ်"
"ရပါတယ် ကိုကိုကပြန်လာတော့ ပင်ပန်းနေမှာပဲ ဒီတော့ ကျွန်တော်လည်း ကျွန်တော်ချက်ထားတဲ့ထမင်း ဟင်းတွေနဲ့ အရသာသာရှိရှိ ကျွေးချင်လို့ပါ"
"အကိုလေးကတော့လေ သခင်လေးကို တော်တော်လေးသံယောဇဉ်ရှိတာပဲ"
အိမ်စေရဲ့စကားကို ပြုံးကာနားထောင်ပေးရင်း ဟင်းချိုရည်မွှေနေတဲ့ ရှောင်းကျန့်
"ဟုတ်တယ်ကျဲကျဲ ကျွန်တော်က ကိုကို့ကို တအားချစ်တာလေ"
"ဟုတ်ပါပြီရှင်...ဟုတ်ပါပြီ ဘယ်လိုပဲဖြစ်ဖြစ် တို့ အကိုလေးချက်တဲ့ဟင်းကတော့ အရမ်းစားကောင်းတာမို့ သခင်လေးကြိုက်မှာ အသေချာပါပဲ"
"ဟီး"
ပြုံးပျော်ကာ ဟင်းချက်နေတဲ့ရှောင်းကျန့် ကားသံကြားသဖြင့် ရိပေါ်ကို ထွက်ကြည့်ချင်သည် ။ သို့သော် သူရင်မဆိုင်ရဲ အနဲငယ်ကြောက်နေသည် ။ ဒါကြောင့် ဟင်းကိုပဲ ဆက်ချက်နေကာ ကြောက်တဲ့စိတ်ကို ဖြေလျှော့နေသည်။
ရိပေါ် အိမ်ထဲဝင်လာတော့ မွှေးကြိုင်လွန်းတဲ့ ဖက်ထုပ်ဟင်းချိုရည်လေးက ဆွဲဆောင်လို့နေသဖြင့် ရိပေါ်တောင် ဗိုက်ဆာသွားသလိုဖြစ်သွားသည် ။ ယန်လီ အိမ်ထဲကိုဝင်လာကာ ဧည့်ခန်းထဲမှာထိုင်၍ ကျန်းချန်ကိုပြောလိုက်သည်
"ဟဲ့ ကျန်းချန် နင်က ဘယ်ဆိုးလို့တုန်း အိမ်ကို သန့်ရှင်းကြည်တောက်နေတာပဲ နင်မဆိုးဘူး တော်တယ်"
"နင့်ထက်စာရင်တော့ ငါက တော်ပါတယ်"
"နင်..!"
ရှောင်းကျန့် မိန်းကလေးအသံကြားလိုက်သာကြောင့် မီးဖိုခန်းမှ ဧည့်ခန်းအနားသိူ့သွားကာ တံခါးအကွယ်မှ မသိမသာလေးချောင်းကြည့်တော့ တွေ့လိုက်ရသော လှပလွန်းတဲ့မိန်းကလေးကြောင့် ရှောင်းကျန့်အတွေးတွေ ရှုပ်ထွေးသွားသည် ။
(ဟင်? ဒီမိန်းကလေးက လှလိုက်တာ သူက ဘယ်သူပါလိမ့်?)
ထိုအချိန် ယန်လီက ရိပေါ် လက်ကိုကိုင်လိုက်ကာ
"ရိပေါ် ငါ့ကိုမနက်ဖြန်ကြရင် ကစားကွင်းလိုက်ပို့ပေး"
"ကလေးလား နင်က"
"နင်ကလဲ ကလေးမှ ကစားကွင်းသွားလို့ရတာမှမဟုတ်တာပဲလေ နော်နော်နော် နော်...လို့ ရိပေါ်...."
"အင်း ပို့ပေးမယ်"
ရှောင်းကျန့် ရိပေါ်လက်ကိုကိုင်ကာ ချွဲနွဲ့ကာပြောနေတဲ့ထိုမိန်းကလေးရဲ့ပုံစံကြောင့် မျက်ရည်အနည်းငယ် ဝဲရစ်ရစ်သွားသည် ။ ထို့နောက် ရှောင်းကျန့် မီးဖိုခန်းထဲသို့ အမြန်ထွက်သွားသည်။
(ဒီမိန်းကလေးက ဘယ်သူလဲ? ကိုကိုနဲ့ ဘယ်လိုပတ်သတ်တာလဲ?)
ရိပေါ် သူ့ကိုအမျိုးမျိုးပူဆာနေတဲ့ယန်လီကြောင့် စိတ်ရှုပ်နေသဖြင့် ဧည့်ခန်းအပြင်ကို အကြည့်ရောက်မိတော့ လှစ်ခနဲတွေ့လိုက်ရသောရှောင်းကျန့်ကြောင့် အတွေးတစ်ခုဝင်သွားသည်
(သူက ငါ့ကိုလာချောင်းနေတာလား? အင်း ဟုတ်တာပဲ ငါသာ ဒီလိုလုပ်ရင် အဟက် မဆိုးပါဘူး ဒီအကြံ)
ဟင်းရဲ့မွှေးရနံ့က ယန်လီ့ နှာခေါင်းထဲသို့ရောက်လာတော့
"ရွှတ်...မွှေးလိုက်တာ...ဘာအနံ့လဲဟယ် ငါဗိုက်တွေတောင် အရမ်းဆာလာသလိုပဲ"
ကျန်းချန်က
"‌အင်း အနောက်မှာ ဟင်းချက်နေကြတာ ပြီးရင် ထမင်းစားကြမယ်လေ"
"အင်း"
"အေးအေးကျန်းချန် စားကြမယ်"
ယန်လီတို့ အကျီလဲပြီး အောက်ဆင်းလာကာ ထမင်းစားခန်းထဲသို့ဝင်ပြီး ထိုင်ခုံမှာထိုင်လိုက်သည် ။ ရိပေါ်လည်း စားပွဲမှာ ဝင်ထိုင်ကာ ချက်ထားတဲ့ဟင်းတွေကိုကြည့်နေသည်
(တကယ်မွှေးတာပဲ)
ကျန်းချန်ပါ ထမင်းဝိုင်းထဲ ဝင်ထိုင်ကာ ဘေးမှာ ထမင်းဟင်းတွေ လာချပေးနေတဲ့သူတွေကိုကြည့်ကာ
"ရှောင်းကျန့်ရော"
"အကိုလေး မီးဖိုခန်းထဲမှာပါ အကိုကြီး"
"ဟမ်? သူက အဲ့မှာဘာလုပ်နေတာလဲ ထမင်းစားမယ်လေ ခေါ်လိုက်"
"ဟုတ်"
မီးဖို‌ခန်းထဲမှ ရှောင်းကျန့်ကို ခေါ်နေသော အိမ်စေမလေး
"အကိုလေး ထမင်းစားကြမယ်လေ အကိုကြီးက လာတဲ့"
"............."
ဘာအသံမှ မထွက်လာတဲ့ရှောင်းကျန့်ကြောင့် ကျန်းချန် မျက်မှောင်ကျုံ့သွားသည် ။ ထို့ကြောင့် ထရပ်ကာ မီးဖိုခန်းထဲကိုသွားကြည့်တော့ ခေါင်းငုံ့ကာ မျက်နှာငယ်လေးဖြင့် ငုတ်တုတ်ထိုင်နေသောရှောင်းကျန့်ကြောင့်
"ရှောင်းကျန့် ဘာလုပ်နေတာလဲ ထမင်းစားမယ်လေ"
"ကျ..ကျွန်တော်...ကိူကို့ကိုမတွေ့ရဲဘူး ကော..."
"ဘာမှမဖြစ်ပါဘူး ရိပေါ်က မင်းကို ဘာလုပ်မှာမို့လို့လဲ? လာ ထ ထမင်းစားမယ်"
ထိုတော့မှ မတ်တပ်ရပ်ကာ ကျန်းချန်အနောက်မှာ ကွယ်ပြီး အသာလေးလိုက်လာတဲ့ရှောင်းကျန့်။ ရိပေါ် တစ်ချက်ကြည့်လိုက်ကာ
(အဟက်! ဘာတွေလာဟန်ဆောင်ပြနေတာလဲ?)
ရှောင်းကျန့် ကျန်းချန်ရဲ့ဘေးက ခုံမှာထိုင်တော့ မျက်မှောင်ကျုံ့သွားသောရိပေါ်
"မင်းက အဲ့ဘက်မှာ ဘာလို့သွားထိုင်နေတာလဲ ရှောင်းကျန့်"
အေးစက်စက်အသံက ထမင်းဝိုင်းမှာ ခြောက်ခြားစရာတစ်ခုရောက်လာသလို ။ ရိပေါ်ရဲ့စကားကြောင့် ခေါင်းငုံ့၍ တုန်ရီကာ ကြောက်နေတဲ့ရှောင်းကျန့် မျက်နှာ‌ေမာ့မကြည့်ရဲ‌ေပ။ ဒါကိုမြင်တဲ့ယန်လီက ရိပေါ်ကို
"သူ့ဘာသာ ဘယ်မှာထိုင်ထိုင်ပေါ့ နင်သိပ်ဆရာကြီးလုပ်တာပဲ ရိပေါ်"
"........"
"ဟဲ့ကျန်းချန် သူလေးက ဘယ်သူတုန်းက ငါလည်းမသိပါလား?"
"အော် ငါမိတ်ဆက် ပေးဖို့မေ့နေတာ ဒါက ရှောင်းကျန့်တဲ့ ရိပေါ်ရဲ့.........တပည့်ဟောင်းတစ်ယောက်ပေါ့ ရှောင်းကျန့် ဒါက ယန်လီတဲ့ ငါနဲ့ရိပေါ်ရဲ့ အချစ်ဆုံးသူငယ်ချင်း မောင်နှမတွေလိုမခြား နေကြတယ်"
မောင်နှမတွေလိုမခြားနေကြတဲ့သူငယ်ချင်းတွေဆိုတဲ့စကားကြောင့် ရှောင်းကျန့် ပျော်သွားသည် ။ သူထင်နေသလို ချစ်သူတွေမဟုတ်ပဲ သူငယ်ချင်းတွေဆိုတဲ့အတွက် သူပျော်ရပါသည်
"ဟုတ် ကော"
"မောင်လေးက တကယ့်ကိုချစ်စရာလေးပဲ"
"ဟုတ်"
ရိပေါ်ဘက်သို့ တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်သောကျန်းချန်ကြောင့် ရိပေါ်မျက်နှာတင်းမာခက်ထန်သွားကာ
"ရှောင်းကျန့်"
ရိပေါ်ရဲ့ သူ့နမည်ကိုခေါ်တဲ့အသံကြောင့် သူကြောက်နေသည် ။
"ငါခေါ်နေတာမကြားဘူးလား? နားကန်းနေတာလား?"
ထိုအခါမှ ကြောက်စိတ်ကိုအန်တုကာ မရဲတရဲထူးလိုက်သော ရှောင်းကျန့်
"ဗ..ဗျာ..."
"လာ ဒီနားမှာ လာထိုင်"
ကျန်းချန်ဘက်မှာ သွားထိုင်နေတာကိုမကြိုက်သည့် ရိပေါ်ကတော့ မျက်မှောင်ကြီးကျုံ့ကာ အမိန့်ပေးလိုက်သည် ။ ဒါကိုမြင်တဲ့ ကျန်းချန် နဲ့ ယန်လီက
(သူ့ဘာသာနေနေတဲ့ကလေးကို ရိပေါ်ဘာလုပ်တာလဲ? ဘာလဲ မဟုတ်မှလွဲ ငါ့ရှေ့မှာ အာဏာပြချင်နေတာလား? တယ်...ဒီကောင်စုတ်)
(ရိပေါ် ဘာဖြစ်သွားတာလဲ? မင်းဘာတွေကြံစည်နေပြန်တာလဲ ရိပေါ်)
ရှောင်းကျန့် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရိပေါ်ဘေးက ခုံမှာသွားထိုင်လိုက်သည် ။ ထိုအခါ ရိပေါ်က
"ငါ့ကို ဟင်းထည့်ပေး"
"ဟု..ဟုတ် ရိ ရိပေါ်ကော.."
"ဘာ? ဘယ်လို? မင်းငါ့ကို ဘယ်လိုက်ခေါ်လိုက်တယ်?"
"ရိ ရိ..ရိပေါ်ကော.."
ရှောင်းကျန့်ရဲ့အခေါအဝေါ်ကြောင့် ရိပေါ်မျက်မှောင်ကျုံ့ကာ ကျန်းချန်ကိုကြည့်တော့ ကျန်းချန်က သူဘာမှမသိဘူးဆိုတဲ့အပြုအမူရာဖြင့် မသိချင်ယောင်ဆောင်လိုက်သည်
"ငါ့ကိုအဲ့လိုခေါ်ရမယ်လို့ မင်းကိုဘယ်သူသင်ပေးထားလဲ?"
"ဘယ် ဘယ်သူမှ မသင်ပေးပါဘူး"
"မသင်ပေးရင်မခေါ်နဲ့...မင်းခေါ်နေကြပုံစံပဲခေါ်"
"ဗျာ"
"နားကန်းနေတာလား"
" မ မဟုတ်ပါဘူး"
"အဲ့ဒါဆို ငါပြောသလိုခေါ်"
"....."
အခုမှ ဒီကိုစရောက်တဲ့သူမို့ သူများကြားမဝင်ချင်တဲ့ယန်လီက တိတ်ဆိတ်စွာကြည့်နေသည်
(အခေါ်အဝေါ်က ဘာဖြစ်နေလို့လဲ? ရိပေါ်က ဘာဖြစ်ချင်နေတာလဲ? ဟိုကောင်လေးကရော ဘာလို့ဒီလောက်ကြောက်နေရတာလဲ?)
"ခေါ်လို့ပြောနေတယ်လေ!"
ရိပေါ်ရဲ့ငေါက်ငဲလိုက်မှုကြောင့် ကြောက်လန့်ကာ ခေါ်လိုက်သောရှောင်းကျန့်
" ဟု ဟုတ်ကဲ့ ကို ကိုကို"
ရှောင်းကျန့်ရဲ့အခေါ်အဝေါ်ကြောင့် ယန်လီမျက်လုံးကြီးပြူးသွားကာ
(ဟင်!???? ဘယ်လို ဘယ်လို ကိုကို? ငင်း....ဘာတွေလဲ? ဒီအခေါ်အဝေါ်ကြီးက သူငယ်ချင်း မိတ်ဆွေတွေ ခေါ်တဲ့အခေါ်အဝေါ်မှ မဟုတ်မှပဲ ဒီ ဒီနှစ်ယောက်မဟုတ်မှလွဲ....ဟင်! ဟုတ်သားပဲ အခုမှ‌ ကြည့်မိတယ် ကောင်လေးက ukeရုပ်လေးပဲ...ဟယ် ဒါဆို ငါတို့ရိပေါ်က semeပေါ့....မဖြစ်နိုင်‌ဘူး မဖြစ်နိုင်ဘူး ငါလေး‌ေ-သချာအောင် လေ့လာမှပဲ)
ဟင်းတွေကို ရိပေါ်ပန်းကန်ထဲ ထည့်ပေးနေတဲ့ရှောင်းကျန့်တစ်ယောက် ရိပေါ်ကို ကြောက်လည်းကြောက် သူချစ်တဲ့သူအနားမှာလည်းထိုင်ရတာကြောင့် ပျော်လည်းပျော် သူ့အတွက် ခံစားချက်‌ပေါင်းစုံဖြစ်လို့နေသည်
ထို့နောက် ရိပေါ် ထမင်းကို စားလိုက်တုန်း ယန်လီက ဖက်ထုပ်ဟင်းချိုအရည်လေးကို သောက်လိုက်သည် ။ ထိုအခါ ကောင်းလွန်းလှတဲ့ဟင်းချိုအရည်ကြောင်ြ ယန်လီတစ်ယောက်က အရမ်းကြိုက်သွားသည်
"ကောင်းလိုက်တာဟယ် ဖက်ထုပ်ဟင်းချိုတွေထဲမှာ ဒီဟင်းချိုကိုအကြိုက်ဆုံးပဲ စားကောင်းလိုက်တာ ဒီဟင်းချိုကို ဘယ်သူချက်တာလဲ?"
ယန်လီက အိမ်စေကိုလှမ်းမေးလိုက်တော့ ရှောင်းကျန့်ကိုလက်ည်ုးထိုးပြကာ
"အကိုလေး ချက်တာပါ မမလေး"
"ဟယ် ကျန့်ကျန့်လေးက ဟင်းချက်တက်တာလား"
ယန်လီရဲ့အခေါ်အဝေါ်ကြောင့် ရိပေါ်ယန်လီကို တစ်ချက်ကြည့်လိုက်သည် ။ ဒါကိုမြင်တဲ့ယန်လီကတော့ ဂရုမစိုက်စွာပင်
"ဟုတ်ကဲ့ ဟို....မမလေးယန်လီ"
"ကျန့်ကျန့်ရယ် ငါ့ကိုအဲ့လိုကြီးမခေါ်စမ်းပါနဲ့ ရင်းရင်းနှီးနှီးကျဲလို့ခေါ်"
"ဟုတ်ကဲ့ ကျဲ"
"ဟီးဟီး ငါလေ နင့်ရဲ့ဟင်းချိုကို အရမ်းကြိုက်သွားပြီ ကျန့်ကျန့်ရေ နောက်နေ့လည်း အများကြီးချက်ကျွေးရမယ်နော်"
"ဟုတ်ကဲ့ ကျဲ"
ယန်လီရဲ့ရင်းနှီးဖော်ရွေစွာ ဆက်ဆံလိုက်တဲ့အပြုအမူကြောင့် ရှောင်းကျန့် ပြုံးသွားကာ ပျော်မိသည် ။ ရိပေါ်က အိမ်စေတွေကို
"ရှောင်းကျန့်ကို ဘယ်သူဟင်းချက်ခိုင်းတာလဲ!"
အသံမာမာဖြင့်ပြောလိုက်တဲ့ရိပေါ်ရဲ့စကားကြောင့် အိမ်စေတွေခဗျာ ကြောက်နေရရှာက
"မ မခိုင်းပါဘူးသခင်လေး အကိုလေးက ဟင်းချက်ချင်တယ်ဆိုလို့.."
"သူချက်ချင်ချင် မချက်ချင်ချင် မင်းတို့က ချက်ခိုင်းစရာဘာအကြောင်းမှမရှိဘူး! "
"ဟုတ် ဟုတ်ကဲ့ပါ သခင်လေး နောက်မလုပ်ခိုင်းတော့ပါဘူး"
"ဟုတ်ပါတယ် ကိုကို ကျွန်တော့်ဘာသာကျွန်တော် လုပ်"
"မင်းပါးစပ်ပိတ်ထား!"
ရိပေါ်ရဲ့စကားကြောင့် ဘယ်သူမှ ဘာမှမပြောရဲတော့ပေ။ ထမင်းဝိုင်းမှ ထမင်းမစားကာ ထထွက်သွားပြီး အပေါ်ထပ်သို့တက်သွားတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် မျက်ရည်ဝဲလာသည် ။ ဒါကိုတွေ့တဲ့ယန်လီက ရှောင်းကျန့်ဘေးနားကို သွားထိုင်ကာ
"မငိုပါနဲ့ကျန့်ကျန့်ရယ် အဲ့ကောင်စုတ်ရိပေါ်က အဲ့လိုပဲ သူမကြိုက်တာဆို ဒေါသသံပါပြီး ပြောချင်ရာပြောသွားတာ စိတ်ထဲတော့ ဘာမှမရှိပါဘူး‌ နော် မငိုနဲ့ မငိူနဲ့ တိတ်တိတ်"
"ဟုတ်...ကျဲ"
ကျန်းချန်က
"ငိုမနေနဲ့ ထမင်းဆက်စားကြမယ် ဗိုက်ဆာနေပြီ"
"ဟုတ်သားပဲ ငါလေဆိပ်မှာကတည်းက ဗိုက်ဆာနေတာ ဟိုရိပေါ်နှောက်နေလို့ ငါအခုထိမစားရသေးဘူး ဆွဲလိုက်ဦးမယ် အဟဟ"
ရယ်မောကာ ‌စားသောက်နေကြတဲ့ကျန်းချန်နဲ့ ယန်လီကြောင့် ရှောင်းကျန့် အငိုတိတ်သွားသည်
"ကျန့်ကျန့်ရေ နောက်နေ့တွေကြရင်လေ ကျဲကို အများကြီးချက်ကျွေးနော် ကျန့်ကျန့်လက်ရာကို ကျဲကြိုက်တယ်"
"ဟုတ်ကဲ့ကျဲ အများကြီးချက်ကျွေးပါ့မယ် ဒါပေမယ့်...ကိုကိုက"
"အဲ့ရိပေါ်ကို ထည့်တွက်မနေနဲ့ ကျဲက ချက်ကျွေးခိုင်းတာဆို သူဘာမှမတက်နိုင်ဘူး ဟဲဟဲကျဲမှာ သူ့ကိုနိုင်ကွက်လေးတွေရှိတယ်လေ အဲ့ဒါ‌ကြောင့် စိတ်မပူနဲ့ လုပ်သာလုပ်"
"ဟုတ်ကျဲ"
"အော် ပြီးတော့ ပြောရဦးမယ် မနက်ဖြန်ကြရင် ကစားကွင်းသွားမှာ အဲ့ဒါကျန့်ကျန့်ပါလိုက်ခဲ့နော်"
"ဟို.... ကိုကိုက ခေါ်ပါ့မလားဟင်"
"သူမခေါ်လည်း ကျဲခေါ်တယ်"
"ဖြစ်ပါ့မလား ကျဲရယ်"
"ဖြစ်ပါတယ်ဆို...နော် လိုက်ခဲ့နော်"
"ဟုတ်..."
ရိပေါ်တစ်ယောက် အခန်းထဲ၌ လက်သီးစုတ်ထားကာ ဒေါသထွက်နေသည်
(မင်းကိုပင်ပန်းစေတဲ့သူက ငါပဲဖြစ်ရမယ် ရှောင်းကျန့် ငါပဲခိုင်းမယ် ငါပဲလုပ်မယ် ငါပဲပိုင်တယ်)
................................................................................
>>ည၁နာရီခွဲအချိန်၌<<
ညနေက ထမင်းမစားလိူက်ရ၍ ဗိုက်ဆာကာ လူးလိမ့်နေတဲ့ရိပေါ် အောက်ထပ်သို့ဆင်းလာကာ မီးဖိုချောင်ထဲသို့ဝင်လာတော့ မှောင်မဲနေတာကြောင့် မီးဖွင့်လိုက်သည်
~ချက်!~
မီးဖွင့်လိုက်တော့ သူ့အရှေ့မှာ မြင်နေရတဲ့ တင်လေးလုံးတုံးလုံးတုံးနဲ့ ကုံးကန်းကာတစ်ခုခုကိုရှာနေတဲ့ရှောင်းကျန့်။ ရုတ်တရတ်ပွင့်လာတဲ့မီးကြောင့် လန့်ကာ အနောက်လှည့်ကြည့်မိတော့ ရိပေါ်ကိုမြင်လိုက်ရသည်
"အယ် ကိုကို"
"မင်းဘာလုပ်နေတာလဲ ရှောင်းကျန့်"
"ဟင်?...ဟို..ဟို...."
"တဟိုဟိုနဲ့ ဘာတွေကြံစည်နေတာလဲ?"
"ဘာမှမကြံစည်ရပါဘူးကိုကို ဟိုလေ...ကျ ကျွန်တော့်ပစ္စည်းလေး ပျောက်သွားလို့ လာရှာတာပါ"
"ပစ္စည်း?"
"ဟုတ်"
"ဘာပစ္စည်းလဲ?"
"ဟို... အော် ရပါတယ် မနက်မှပဲလာရှာတော့မယ် ကျွန်တော်သွားပြီ ကိုကို"
ရိပေါ်ရှေ့မှ အမြန်လစ်ထွက်ဖို့ကြံနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ် ရှောင်းကျန့်ရဲ့လက်ကို စောင့်ဆွဲယူကာ သူ့ရင်ခွင်ထဲကိုထည့်လိုက်သည်
"အ့...ကိုကို"
"ဘာလဲ? နာသွားတာလား? နောက်ဆိုဒီထက်ပိုပြီးနာကျင်ရဦးမှာ"
"ကိုကို...ကိုကိုဘာတွေပြောနေတာလဲ"
ရိပေါ် ရှောင်းကျန့်ရဲ့ ပါးရိုးကိုဆွဲညှစ်တော့
"အား နာတယ် ကိုကို "
"မင်းကို ဘယ်သူတွေပဲချစ်ချစ် ငါကတော့ မင်းကို အရမ်းမုန်းတယ် ရှောင်းကျန့်"
ရှောင်းကျန့် ရိပေါ်သူ့ကို အသားနာအောင်လုပ်နေသည်ကို သိပါသော်လည်း နာရုံလောက်ဖြင့်သာ သို့သော်ရိပေါ်ရဲ့စကားကြောင့် သူ့နှလုံးသားနာကျင်ရကာ မျက်ရည်များဝဲတက်လာသည်
"ကိုကို"
"အဲ့လိုအခေါ်အဝေါ်လေးနဲ့ ငါ့ကိုလိမ်လည်ခဲ့တဲ့ဒီနှုတ်ခမ်း အပြစ်ပေးရမှာပေါ့"
ထိုသို့ပြောကာ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းကို ဖိကပ်စုတ်ယူနမ်းလိုက်တဲ့ရိပေါ် ။ ရှောင်းကျန့် ရိပေါ်ရဲ့ရုတ်တရတ်ဆန်တဲ့ အ‌ပြုအမူကြောင့် ဘာပြောရမှန်းမသိ ။ သူ့ရဲ့နှုတ်ခမ်းသားကို အားနဲ့ဆွဲစုတ်နေတဲ့ရိပေါ်ကြောင့် သူ့နှုတ်ခမ်းတွေ နာကျင်လာရ‌သော်လည်း သူပျော်မိနေသည်
ယန်လီတစ်ယောက် ရေဆာကာ သူ့အခန်းထဲမှ ရေမရှိသ၍ အောက်ထပ်၌ရေသောက်ရန်ဆင်းလာတော့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးပြူးသွားကာ ပါးစပ်အဟောင်းသားဖြင့်
(ရိ ရိပေါ်နဲ့ ကျန့်ကျန့်က....နမ်းနေကြတာပဲ နေဦးနေဦး ငါ့ကိုမြင်သွားဦးမယ်)
ယန်လီ ရေတောင်မသောက်နိုင်ပဲ ရုပ်ကြီးပြုံးဖြီးကာ အိမ်ပေါ်သိူ့ အမြန်ပြန်တက်သွားသည်
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
#LoonDarli
#feedbackလေးတွေပေးခဲ့ကြပါဦးခဗျ🍀🫶
#ဖတ်ရှုပေးတဲ့ဒါဒါလေးတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခဗျ🙇💚
Continue Reading
You'll Also Like
38.8K 584 38
Follow along as we see our favorite hero accused, broken, rescued and saved. He was forced to leave his home but gains another in the process. Will h...
4.4K 355 7
ငယ်ငယ်​လေးကတည်းက တကျက်ကျက် ရန်ဖြစ်လာတဲ့ မတည့်အတူ​နေ ​ကောင်​လေးနှစ်​ယောက်.. ရင်ထဲမှာဖြစ်တည်​နေတဲ့ အချစ်ဆိုတဲ့ အရာကို တစ်​ယောက်အ​ပေါ်တစ်​ယောက် သတိထားမိ...
844K 19.2K 48
In wich a one night stand turns out to be a lot more than that.
4.2K 174 98
a young oni/dragon/human named onyx has her claws tied when she meets a certain bat king and prince, she is now fighting with them and has sworn to p...