Smile Sparkle Shine

By Vi_Vian25

351K 27.5K 2.8K

punishment type ပါ။ အဆင်ပြေမှဖတ်ပါ။ More

Intro
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အခန်း ၁၄
အပိုင်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၆
အခန်း၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃

အခန်း ၂၅

10K 926 121
By Vi_Vian25

Unicode

"အနောက်ဘက်မြို့အဝင်လမ်းဘက်မှာ တောင်ပြိုတယ် ခေါင်းဆောင်"

စခန်းထဲ ဝင်ဝင်ချင်း အနားရောက်လာသည့် တပ်သားတစ်ယောက်၏ အလောတကြီးအစီရင်ခံသံကြောင့် နက္ခတ် မျက်မှောင်ကြုံ့လိုက်မိသည်။

"အခြေအနေသွားစစ်ဆေး။ ထိခိုက်သွားတဲ့သူတွေရှိရင် ကယ်ဆယ်ရေးပါလုပ်ရအောင် လူခေါ်သွား"

"ဟုတ်ကဲ့ခေါင်းဆောင်"

"မနေ့က တောင်ပေါ်မိုးရွာတယ်ထင်တယ်ခေါင်းဆောင်"

မင်းထင်အပြောကို နက္ခတ်ခေါင်းသာညိတ်ပြလိုက်သည်။ တောင်ပေါ်မိုးရွာပြီး တောင်ကျရေကြောင့် မြေပျော့ကာ တောင်ကမ်းပါးရံ ပြိုကျခြင်းက သူတို့အတွက် ဆန်းပြားသည့်အရာတော့မဟုတ်။ မိုးရာသီဆို သွားရလာရသိပ်သတိထားရသည်။ သဘာဝတရားကြီးကို မည်သူမျှမလွန်ဆန်နိုင်။

အခုက မိုးအကုန် ဆောင်းကူးခါစအချိန်မို့ မိုးရေချိန်အတက်အကျမမှန်။ တချို့နေရာတွေဆို ရွာနီးစပ်ချုပ်က ရွာသားတွေ ထင်းလိုအပ်၍ သစ်လာခုတ်ကြသည်မို့ ရပ်ရွာလူကြီးတချို့ကနေရာကန့်သတ် တားမြစ်ရသည်။ တောင်ကျရေစီးသည့် လမ်းတစ်လျှောက် သစ်ပင်တို့နည်းပါးလာလျှင် ထိုတောင်ကျရေကို အံတုဖို့ အကာအရံမရှိတော့သည်ကြောင့် တောင်ခြေရွာတွေက ရေကြီးရေလျှံမှုကို ခံစားရတတ်သည်။

ရွာသားတွေအနေနဲ့ ၀မ်းရေးမို့မဖြစ်မနေ ကမ်းပါးရံတွေဖြတ်ရတတ်သည်ကြောင့် တောင်ပြိုသည့်မြေနှင့်ရောပါ၍ ချောင်းရိုးတစ်လျှောက်မျှောပါသွားသည့်ကိစ္စတွေကတစ်ခါနှစ်ခါမဟုတ်ပါ။ တောင်ပေါ်မိုးကြီးသည့်အခါအရှိန်နှင့်ဆင်းချလာသည့်တောင်ကျချောင်းရေတွေကပိုဆိုးသည်။ ထို့ကြောင့်တောင်ကျရေရှိသည့်ရက်တွေဆိုနက္ခတ်ကလူအင်အားတိုးပြီးကင်းလှည့်ခိုင်းနေကျဖြစ်၏  ထို့ကြောင့်လည်း သတင်းကနက္ခတ်ဆီအချိန်မှီရောက်လာခဲ့ခြင်းပင်။

အနားမှ တပ်သားလေးထွက်သွားတော့ အိမ်မကြီးဘေးအဖီလေးထဲ ဝင်ခဲ့လိုက်သည်။ အသွားတုန်းကအတိုင်း ပုံစံမပျက်ထိုင်နေသည့် ဝန်းရံခက မျက်နှာသိပ်မကောင်း။

"အနောက်ဘက်လမ်းမြေပြိုတယ်ပြောတယ် ဝန်းရံ။ တောင်ပေါ်မှာ မိုးရွာထားတာမို့ လမ်းတွေက သိပ်စိတ်မချရဘူး။ အခြေအနေပတ်ကြည့်ခိုင်းထားတယ်။ ခဏနေမှ ကျော်စွာလိုက်ပို့ပေးလိမ့်မယ်"

"တောင်အနောက်ဘက်လမ်းလား အစ်ကို"

"အင်း"

ရုတ်တရတ်မျက်နှာထက်စိုးရိမ်မှုတို့ ထင်းခနဲပေါ်သည့် ဝန်းရံကြောင့် နက္ခတ်အခြေအနေကို စောင့်ကြည့်လိုက်သည်။ အရင်တည်းက ဟန်မဆောင်တတ်၊ မလိမ်မညာတတ်သည့် ဝန်းရံက တစ်ခုခုဆို မျက်နှာအမူအယာမှာ အရင်လာပေါ်တတ်သည်လေ။

"ကားတစ်စီးမြောလာတယ်ပြောတယ် ခေါင်းဆောင်။  လူပါမပါမသိရသေးဘူး။ အခုတော့ ကမ်းပါးတစ်ခုမှာ ချိတ်နေတယ်ပြောတယ်။ရေစီးအရမ်းကြမ်းနေလို အနားကပ်လို့မရသေးပါဘူးခေါင်းဆောင်"

"ဘာ....ဘာအရောင်လဲ ကားက"

ရုတ်တရတ် အတုန်တုန်အရီရီထမေးသည့် ဝန်းရံကြောင့် နက္ခတ်အခြေအနေတစ်ခုကို သဘောပေါက်စပြုနေပြီဖြစ်သည်။ လက်သီးကိုတင်းခနဲနေအောင် ဆုပ်လိုက်မိသည်။ မေးကြောများတစ်ချက်ထောင်သွားသည်။ ဖြေလာမည့်အဖြေကိုစောင့်ရင်း ၀န်းရံခ မျက်နှာအပြောင်းအလဲတစ်ခုချင်းစီကို နက္ခတ်အကဲခတ်နေမိသည်။

"အနီရောင်ပါဆရာလေး"

"အ....အစ်ကို....."

မျက်ဝန်းထဲ စိုးရိမ်စိတ်တို့အထင်းသားပေါ်နေသည့် ဝန်းရံက နက္ခတ်ကို အားကိုးတကြီးလှည့်ခေါ်၏ မျက်လုံးတွေကိုစူးစိုက်ကြည့်မိတော့ တိတိကျကျအဖြေတစ်ခုကို နက္ခတ် ခန့်မှန်းမိပြီဖြစ်သည်။ 

*ဒီလောက်အခွင့်အရေးတွေ ထွက်လမ်းတွေ အများကြီးပေးထားတာတောင်မှ အနောက်ဘက်လမ်းကို ရွေးရလောက်အောင် တုံးအနေပြီလား ထင်သျှားဟန်*

မချိတင်ကဲ ခပ်တိုးတိုးရေရွတ်မှုက အလိုမကျစွာထွက်လာ၏ စိတ်ထဲ ဒေါသထက်ပိုကဲသည့်စိုးရိမ်ပူပန်မှုတို့က တရိပ်ရိပ်။ ထင်ရာကိုတဇွတ်ထိုးလုပ်တတ်ပြီး ဆိုးလွန်းသည့်ကောင်လေးက ထိန်းရသိပ်ခက်လွန်းသည်။ ဘယ်တော့မှ မနူးညံ့တတ်သည့် နက္ခတ်၏ စိုးရိမ်ပူပန်မှုတွေက ဒေါသအဖြစ်ပြောင်းသွားသည့်အခါ သူပဲ လူးလှိမ့်နေအောင်ခံရတတ်တာကို သိပေမယ့် လုပ်ချင်ရာကို ရှေ့နောက်မစဥ်းစားလုပ်တတ်သည့် အကျင့်က ဘယ်တော့မှ မပြောင်းလဲ။

"ကားပြင်ထား။ ငါကိုယ်တိုင်ထွက်မယ်"

"အန္တရာယ်များပါတယ်‌ ခေါင်းဆောင်"

နေရာမှ ထရပ်ကာ လှည့်မှာတော့ ဘေးမှ တပ်သားက စိုးရိမ်တကြီးသတိပေး၏ ကြိုတင်ခန့်မှန်းလို့မရသည့် ဘေးအန္တရာယ်နှင့် မတည်ညိမ်သေးသည့်အခြေအနေတွင် ကားနှစ်စီးယှဥ်မောင်းစာလောက်တောင်သိပ်မကျယ်သည့် တောင်ကမ်းပါးရံလမ်းမှ သွားရသည်က အန္တရာယ်သိပ်များလွန်းသည်။

"ကျော်စွာ......ဝန်းရံကို အခြေအနေကြည့်ပြီးရွာထဲလိုက်ပို့လိုက်။ မင်းထင် ကားထုတ်ခဲ့"

"ဟုတ်ကဲ့ခေါင်းဆောင်"

နက္ခတ်ပေးသည့်အမိန့်ကို ဘယ်တော့မှ အထွန့်မတက်သည့် မင်းထင်က ကားဂိုဒေါင်ဘက် ခပ်သွက်သွက်ထွက်သွား၏

"အစ်ကို ... ကျွန်တော်လိုက်လို့ရမလား"

လက်တစ်ဖက်ကို ဖမ်းကိုင်ကာ ပြောလာသည့် သူကြောင့် နက္ခတ် ပခုံးတစ်ဖက်မှ ဖွဖွဆုပ်ကိုင်လိုက်သည်။

"ဝန်းရံ.....အိမ်ပြန်ပြီးစောင့်နေပါ။ အစ်ကို့ကို ယုံတယ်မလား"

ထိုအခါမှ စိတ်လျော့ချလိုက်ပုံပေါ်သည့် ဝန်းရံခကြောင့် ကျော်စွာကို မျက်ရိပ်တစ်ချက်ပြပြီး ခေါ်သွားခိုင်းရသည်။ စိတ်ထဲ တရိပ်ရိပ်ပူလောင်နေသည့်အခြေအနေတွင် မင်းထင်က အလိုက်တသိ ကားတစ်စီးထုတ်ချလာ၏ ဝန်းထဲမှ အရှိန်နှင့် ထွက်သွားသည့် ကားသည် တောင်အနောက်ဘက်ခြမ်းကို ဦးတည်၏
.
.
.
.
ရွံအလိမ်းလိမ်းနှင့် သျှားက ဘေးမှ ကိုရဲခေါင်ကို တစ်ချက်ကြည့်လိုက်သည်။ ပက်လက်လှန်အမောဖြေနေသည့် ကိုရဲခေါင်ကအတော် မောဟိုက်နေပုံပင်။ ခပ်လှမ်းလှမ်းမှ ချောင်းရေစီးသံက ဝေါဝေါနှင့်။

"အစ်ကို အဆင်ပြေရဲ့လား"

တိုင်းရင်းသားဘာသာစကားတစ်ခုကိုသုံးကာ မေးတော့ အရှေ့မှ အသက် လေးဆယ် နီးနီးရှိသည့် လူက ခေါင်းညိတ်ပြ၏ တိုင်းရင်းသားမျိုးနွယ်စုတို့ပေါသည့် ရှမ်းတောင်တန်းထက် ဘာသာစကားတို့ကလည်း အမျိုးစုံသည်။ အဝတ်အစားကို ကြည့်ရသည်က ရှေ့ကလူသည် လားဟူလူမျိုးဖြစ်ပုံပင်။ ရှမ်းပြည်မှာ မွေး ရှမ်းပြည်မှာကြီးသည့် ကိုရဲခေါင်က မျိုးနွယ်စုစကားတော်တော်များများကို အကျွမ်းတဝင်ရှိ၏ သျှားက တချို့စကားတွေနားလည်ပေမယ့် ပြန်မပြောတတ်။

လားဟူလူမျိုးဟူသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင်နေထိုင်ကြသူများဖြစ်ပြီး ရေကြည်ရာမြက်နုရာသို့ပြောင်းရွေ့နေထိုင်ကြရင်းမှ ထိုင်း၊ လာအို၊ မြန်မာ နယ်စပ်တစ်လျှောက်သို့ရောက်ရှိလာကြခြင်းဖြစ်သည်။ တောင်ယာအလုပ်ကို အဓိကလုပ်ကိုင်ကြသူများဖြစ်၍ ရိုးသားကြသည်။ ကြည့်ရသည်က မြို့ပေါ်တစ်ခုခုသွားရောင်းပြီး လိုအပ်သည်များဝယ်ခြမ်းပြန်လာပုံပင်။

"နောက်တစ်ခါမြေအနေအထားကို ကြည့်ပြီးမှလာပါ။ တစ်ယောက်တည်း ဒီလိုသွားသွားလာလာလုပ်တာက အန္တရာယ်များတယ်"

"ကျေးဇူးတင်ပါတယ် လူလေးတို့"

အပြန်လမ်းတွင် တောင်အနောက်ဘက်မှ ပတ်ပြန်ရင်း မြေအနေအထားအခြေအနေမူမမှန်သည်ကြောင့် သျှားတို့ ကားခဏရပ်ကာ အခြေအနေစောင့်ကြည့်နေခြင်းဖြစ်သည်။ ထိုအချိန်ဆိုင်ကယ်တစ်စီးနှင့် ပစ္စည်းပစ္စယများစွာတို့ ဆိုင်ကယ်နောက်တင်ကာ မောင်းတက်သွားသည့် သူကို ကိုရဲခေါင်လှမ်းတားပေမယ့်မမှီလိုက်။ တဝေါဝေါအသံနှင့် မြေပြိုကျတော့ ထိုသူက အလျှင်အမြန်ဆိုင်ကယ်ထိုးရပ်လိုက်ပေမယ့် ထောင့်စွန်းနှင့် ညှိကာ ဆိုင်ကယ်ထိုးကျသွားခဲ့သည်။ အလျှင်အမြန်ခုန်ဆင်းလိုက်ပေမယ့် ခြေတစ်ဖက်ချော်ကာ ကမ်းပါးစွန်းမှလျောကျ၏ လူ့အသက်က အရေးကြီးသည်မို့ သျှားနှင့် ကိုရဲခေါင်က လူ့အသက်ကို အလျှင်မှီအောင်ကယ်တင်လိုက်ရသည်။

အလောတကြီးမို့ စက်မသတ်ထားခဲ့သည့် ကားက တောင်ပြိုမှုကြောင့် မြေအနည်းငယ်လျောကျသည့် နေရာမှ လှိမ့်ဆင်းကာ ချောင်းထဲ ခေါင်းစိုက်ကျသွားတော့သည်။ ရွံ့မြေအလိမ်းလိမ်းနှင့် သျှားတို့ကတော့ လူရုပ်သူရုပ်ပင်မပေါက်တော့။ အချိန်ထပ်မဆွဲဘဲ ထိုလူကိုတွဲကာ အပေါ်ကို ခက်ခက်ခဲခဲ ပြန်တက်ခဲ့ကြသည်။ ဒီလိုပုံနှင့် စခန်းဘယ်လို ပြန်ရမယ်မှန်းတောင်မစဥ်းစားတတ်တော့။

"ဘယ်မှာ နေလဲဗျ။ ဆိုင်ကယ်နဲ့ပစ္စည်းတွေက အောက်ရောက်သွားပြီမို့အခြေအနေညိမ်မှာ လူတွေခေါ်ပြီး ပြန်ရှာမှရမယ်။ အခုတော့ ကျွန်တော့် ဆင်စခန်းခဏလိုက်ခဲ့လိုက်။ ကလေးတစ်ယောက်နဲ့ ရွာရောက်အောင်ပို့ပေးမယ်"

ရေစီးသံတဝေါဝေါက မညိမ်သေးသည်မို့ ကိုရဲခေါင်က အသံကို ကျယ်ကာ ထိုသူ့ကို လားဟူစကားနှင့် ပြော၏ ထိုသူက ခေါင်းတဆတ်ဆတ်ညိတ်ကာ သဘောတူရင်းကျေးဇူးတင်ကြောင်းကို အမူအရာနှင့် ပြ၏

"အစ်ကို ကျွန်တော်လည်းလိုက်ခဲ့မှရမယ်။ ဒီပုံနဲ့ ပြန်ရင် ဦးမာန်မေးလိမ့်မယ်"

သျှားကို ခေါင်းတစ်ချက်ညိတ်ပြပြီးမှ ကိုရဲခေါင်က အနောက်ကို ကျော်ကြည့်၏ တစ်ချက်မေးဆတ်ပြတော့ သျှားအနောက်ဘက်ကိုလှည့်ကြည့်မိသည်။ တောင်ဆင်းလမ်းတစ်လျှောက် အရှိန်နှင့် ဆင်းချလာသသည့် တောင်ကြားလမ်းတွေတွင် မောင်းသည့် ကားသုံးစီးသည် ဘယ်ကကားတွေလည်းမေးစရာကိုမလို။ ကြောင်အစွာကြည့်နေမိတုန်း မလှမ်းမကမ်းထိုးရပ်သွားသည့် ရှေ့ဆုံးမှ ဆင်းလာသူကြောင့် ဒူးတွေပါခွေကျချင်ချင်။

Noon ကို ခေါ်ထုတ်ပြီး စိတ်ချရသူလက်ထဲ သေချာအပ်ခဲ့နိုင်ခဲ့ပေမယ့် အချိန်က နေ့တစ်ဝက်ကျော်လောက်ကြာသွားခဲ့ပြီဖြစ်သည်။  ဦးမာန်ကို ဆင်တွေရေချတာလိုက်ပေးချင်လို့ဟုဆိုကာအကြောင်းပြခဲ့တာဖြစ်ပြီး ကိုရဲခေါင်တို့ ဆင်တွေရေချသည့်နေရာသည် အရှေ့ဘက်တွင်ဖြစ်သည်။ သျှားတို့က အခုတောင်အနောက်ဘက်လမ်းမှာ။ မေးလာခဲ့ရင် ဖြေဖို့အဖြေမရှိ။ အဖြေမရှိဆိုတာထက် ဒေါသထွက်နေသည့်  ဦးမာန်ကို လိမ်ဖို့ သျှားတွင် သတ္တိမရှိ။၊

"ဦး....ဦးမာန်....ဟို...ကျွန်တော်......."

ခြေလှမ်းကျဲနှင့် သျှားရှေ့ရောက်ချလာသည့် သူကြောင့် ခြေလှမ်းတို့ကို နောက်မဆုတ်မိစေဖို့ သတိထားရသည်။ ဦးမာန်မျက်နှာက ပုံမှန်ထက်ပိုတည်တင်းနေ၏ အတုန်တုန်အရီရီစကားသံတို့သည် လျစ်လျူရှုခံရသည်။

*......*

မထင်မှတ်ထားအခြေအနေတစ်ခု။ မျက်နှာထက် ခပ်ပြင်းပြင်း နာကျင်မှတစ်ခုတော့ အရင်ဆုံးရောက်လာလောက်သည်ထင်ပေမယ့် ပခုံးတစ်ဖက်မှ ဆွဲကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းခံလိုက်သည်က တစ်ကိုယ်လုံးလျှောက်နေသည့် သွေးကြောတော့ ရပ်တန့်ကုန်၏ သတိပင်မကပ်တော့ဘဲ အသက်ရှူဖို့ပါမေ့လျော့လောက်အောင် ဦးမာန်က သျှားကို တင်းကြပ်စွာပွေ့ဖက်ထား၏ အနောက်တွင်ပါသည့် ကိုမင်းထင်က တပ်သားတွေကို လက်ဟန်တစ်ချက်ပြတော့ တစ်ဖက်လှည့်ကာသတိအနေအထားနေကြသည်။

ခါးနှင့် ပခုံးမှ တင်းကြပ်သည့် လက်ဖျံနှစ်ခု၏ တင်းအားသည် သျှားအသက်ပင်ရှူဖို့ ခက်ခဲနေ၏ နိမ့်ချည်မြင့်ချည် ဦးမာန်၏ ရင်ဘတ်တွေက မောဟိုက်နေသလို။ ဘဝတွင်အကြီးမားဆုံးအပြစ်တစ်ခု ကျူးလွန်မိသည့် ခံစားချက်သည် တင်းတင်းကြပ်ကြပ်။ ဦးမာန် သျှားကို အရမ်းစိတ်ပူနေခဲ့သည်ပဲ။ သျှားက ဦးမာန်ကို စိတ်ပူအောင် လုပ်ခဲ့မိသည်ပဲ။

အချိန်ခဏအကြာမှ ဆွဲခွာခံလိုက်သည့် သျှားက ဦးမာန်မျက်နှာကို ကြည့်၍ အဓိပ္ပါယ်ဖော်နေမိသည်။ ခေါင်းစခြေဆုံးတစ်ချက်ကြည့်၍ ဒဏ်ရာရှိမရှိစစ်ဆေးပြီး မှ ဦးမာန်က သျှားကိုမျက်မှောင်တို့ တွန့်ချိုးကာစိုက်ကြည့်၏ သျှား၏ ကိုယ်တွင်ပေပွနေသည့် ရွံ့အလူးလူးတို့က ဦးမာန်ကိုယ်တွင်ပင် ပေကျံနေခဲ့ပြီ။

"ကားပေါ်သွား ထင်သျှားဟန်"

"ဟုတ်....ကဲ့"

အေးစက်စက်လေသံနှင့် ပေးလာသည့် အမိန့်သံကြောင့် သျှား အထွန့်မတက်ရဲ။ ကိုရဲခေါင်ကို တစ်ချက်လှည့်ကြည့်ကာ ကားဆီဦးတည်သွားရသည်။ မထင်မှတ်ထားသည့်အဖြစ်အပျက်တွေကြောင့် အခုတော့ သျှားကသံပတ်ပေးထားသည့်အရုပ်တစ်ရုပ်လိုတောင့်တင်းနေ၏

"ဘာအကူအညီလိုလဲ ရဲခေါင်"

"ကျွန်တော် တော့ အကူအညီမလို ပါဘူး ခေါင်းဆောင်။ ဒီအစ်ကိုပဲ......."

"လိုအပ်တာ မင်းထင်​ကိုပြောလိုက်ရဲခေါင်....ကောင်လေးတွေ လုပ်ပေးလိမ့်မယ်။"

"ဟုတ်ကဲ့....ကျေးဇူးတင်ပါတယ်ခေါင်းဆောင်"

ခေါင်းတစ်ချက်ညိတ်ပြသည့်ခေါင်းဆောင်က ရဲခေါင်မျက်လုံးတည့်တည့်ကိုစိုက်ကြည့်၏ လက်နှစ်ဖက်ကိုခါးပတ်နားတွင်ခပ်လျော့လျော့ထောက်၍ ရဲခေါင်ရှေ့ တစ်လှမ်းချင်းလျှောက်လာ၏ တစ်တန်းတည်းနီးပါးဖြစ်နေသည့်အရပ်ကြောင့် ရဲခေါင်မျက်နှာနားကို တိုးကပ်လာသည့် ခေါင်းဆောင်ကနီးနီးကပ်ကပ်။

"နောက်တစ်ခါ....နောက်တစ်ခါဆိုတာမျိုးထပ်ဖြစ်ရင်..........မင်း ဘယ်သူဖြစ်ဖြစ် ငါဂရုစိုက်မှာ မဟုတ်ဘူးရဲခေါင်။ မင်းနာမည်ကို အသုံးချတာနဲ့ လွယ်လွယ်ကူကူခွင့်ပြုတယ်ဆိုတဲ့ ယုံကြည်ချက်မျိုး....ထင်သျှားဟန်ထပ်ရမရက မင်းအပေါ်အများကြီးမူတည်တယ်"

မျက်ဝန်းအစုံသည်အေးစက်နေသည်။ ရဲခေါင်နှင့်အနီးကပ်ဆုံးအနေအထားထိရောက်အောင် တိုးကာပြောသွားသည့် စကားက ပြတ်သား၏ ခေါင်းဆောင်အပြောကို ရဲခေါင်ခေါင်းတစ်ချက်ညိတ်ကာနာခံရသည်။ ပခုံးတစ်ဖက်ကို နှစ်ချက်ခန့်ပုတ်ကာ လှည့်ထွက်သွားသည့် ခေါင်းဆောင်၏ အခြေအနေက စနက်တံဖြုတ်ထားသည့် ဗုံးတစ်လုံးလိုပင်။

အခြေအနေကိုသုံးသပ်လိုက်သည်နှင့် ရဲခေါင်အနည်းငယ်တော့ ခန့်မှန်းမိနေပြီဖြစ်သည်။ ကိုယ့်ဘက်က မှန်ကန်နေသည်မဟုတ်သည်ကြောင့် ခွန်းတုန့်ပြန်ဖို့ စကား ရဲခေါင်တွင်မရှိပါ။

အမြဲတမ်းရေခဲရိုက်ထားသည့်မျက်နှာထားနှင့် မင်းထင်ဆိုသည့်လက်ရုံးကရဲခေါင်အကူအညီတောင်းသမျှကိုလိုက်လုပ်ပေး၏ ခေါင်းဆောင်ကိုယ်တိုင်တက်မောင်းသွားသည့်ကားပေါ်ပါသွားသည့် သျှားအကြောင်းစဥ်းစားမိတော့ စိတ်ထဲအနည်းငယ်လေးလံမိသည်။ သျှားက ခေါင်းဆောင်အပေါ်ဘယ်လောက်ထိကြောက်ရွံ့လေးစားတယ်ဆိုတာ ရဲခေါင်အသိဆုံးလေ။ မဖြစ်မနေအခြေအနေမို့အကူအညီတောင်းလိုက်ရပေမယ့် သျှားကိုဒီကိစ္စထဲဆွဲထည့်မိသည့် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည့်အခါခါ။

2306 words
22.10.2023 (00:16 am)
Vi vian
90°bow

Zawgyi

"အေနာက္ဘက္ၿမိဳ႔အဝင္လမ္းဘက္မွာ ေတာင္ၿပိဳတယ္ ေခါင္းေဆာင္"

စခန္းထဲ ဝင္ဝင္ခ်င္း အနားေရာက္လာသၫ့္ တပ္သားတစ္ေယာက္၏ အေလာတႀကီးအစီရင္ခံသံေၾကာင့္ နကၡတ္ မ်က္ေမွာင္ႀကံဳ႔လိုက္မိသည္။

"အေျခအေနသြားစစ္ေဆး။ ထိခိုက္သြားတဲ့သူေတြရိွရင္ ကယ္ဆယ္ေရးပါလုပ္ရေအာင္ လူေခၚသြား"

"ဟုတ္ကဲ့ေခါင္းေဆာင္"

"မေန့က ေတာင္ေပၚမိုးရြာတယ္ထင္တယ္ေခါင္းေဆာင္"

မင္းထင္အေျပာကို နကၡတ္ေခါင္းသာညိတ္ျပလိုက္သည္။ ေတာင္ေပၚမိုးရြာၿပီး ေတာင္က်ေရေၾကာင့္ ေျမေပ်ာ့ကာ ေတာင္ကမ္းပါးရံ ၿပိဳက်ျခင္းက သူတို႔အတြက္ ဆန္းျပားသၫ့္အရာေတာ့မဟုတ္။ မိုးရာသီဆို သြားရလာရသိပ္သတိထားရသည္။ သဘာဝတရားႀကီးကို မည္သူမ်ွမလြန္ဆန္ႏိုင္။

အခုက မိုးအကုန္ ေဆာင္းကူးခါစအခ်ိန္မို႔ မိုးေရခ်ိန္အတက္အက်မမွန္။ တခ်ိဳ႕ေနရာေတြဆို ရြာနီးစပ္ခ်ဳပ္က ရြာသားေတြ ထင္းလိုအပ္၍ သစ္လာခုတ္ၾကသည္မို႔ ရပ္ရြာလူႀကီးတခ်ိဳ႕ကေနရာကန႔္သတ္ တားျမစ္ရသည္။ ေတာင္က်ေရစီးသၫ့္ လမ္းတစ္ေလ်ွာက္ သစ္ပင္တို႔နည္းပါးလာလ်ွင္ ထိုေတာင္က်ေရကို အံတုဖို႔ အကာအရံမရိွေတာ့သည္ေၾကာင့္ ေတာင္ေျခရြာေတြက ေရႀကီးေရလ်ွံမႈကို ခံစားရတတ္သည္။

ရြာသားေတြအေနနဲ႔ ၀မ္းေရးမို႔မျဖစ္မေန ကမ္းပါးရံေတျြဖတ္ရတတ္သည္ေၾကာင့္ ေတာင္ၿပိဳသည့္ေျမႏွင့္ေရာပါ၍ ေခ်ာင္းရိုးတစ္ေလ်ွာက္ေမ်ွာပါသြားသည့္ကိစၥေတြကတစ္ခါႏွစ္ခါမဟုတ္ပါ။ ေတာင္ေပၚမိုးႀကီးသည့္အခါအရိွန္ႏွင့္ဆင္းခ်လာသည့္ေတာင္က်ေခ်ာင္းေရေတြကပိုဆိုးသည္။ ထို႔ေၾကာင့္ေတာင္က်ေရရိွသည့္ရက္ေတြဆိုနကၡတ္ကလူအင္အားတိုးၿပီးကင္းလွည့္ခိုင္းေနက်ျဖစ္၏  ထို႔ေၾကာင့္လည္း သတင္းကနကၡတ္ဆီအခ်ိန္မွီေရာက္လာခဲ့ျခင္းပင္။

အနားမွ တပ္သားေလးထြက္သြားေတာ့ အိမ္မႀကီးေဘးအဖီေလးထဲ ဝင္ခဲ့လိုက္သည္။ အသြားတုန္းကအတိုင္း ပံုစံမပ်က္ထိုင္ေနသၫ့္ ဝန္းရံခက မ်က္ႏွာသိပ္မေကာင္း။

"အေနာက္ဘက္လမ္းေျမၿပိဳတယ္ေျပာတယ္ ဝန္းရံ။ ေတာင္ေပၚမွာ မိုးရြာထားတာမို႔ လမ္းေတြက သိပ္စိတ္မခ်ရဘူး။ အေျခအေနပတ္ၾကၫ့္ခိုင္းထားတယ္။ ခဏေနမွ ေက်ာ္စြာလိုက္ပို႔ေပးလိမ့္မယ္"

"ေတာင္အေနာက္ဘက္လမ္းလား အစ္ကို"

"အင္း"

ရုတ္တရတ္မ်က္ႏွာထက္စိုးရိမ္မႈတို႔ ထင္းခနဲေပၚသၫ့္ ဝန္းရံေၾကာင့္ နကၡတ္အေျခအေနကို ေစာင့္ၾကၫ့္လိုက္သည္။ အရင္တည္းက ဟန္မေဆာင္တတ္၊ မလိမ္မညာတတ္သၫ့္ ဝန္းရံက တစ္ခုခုဆို မ်က္ႏွာအမူအယာမွာ အရင္လာေပၚတတ္သည္ေလ။

"ကားတစ္စီးေျမာလာတယ္ေျပာတယ္ ေခါင္းေဆာင္။  လူပါမပါမသိရေသးဘူး။ အခုေတာ့ ကမ္းပါးတစ္ခုမွာ ခ်ိတ္ေနတယ္ေျပာတယ္။ေရစီးအရမ္းၾကမ္းေနလို အနားကပ္လို႔မရေသးပါဘူးေခါင္းေဆာင္"

"ဘာ....ဘာအေရာင္လဲ ကားက"

ရုတ္တရတ္ အတုန္တုန္အရီရီထေမးသၫ့္ ဝန္းရံေၾကာင့္ နကၡတ္အေျခအေနတစ္ခုကို သေဘာေပါက္စျပဳေနၿပီျဖစ္သည္။ လက္သီးကိုတင္းခနဲေနေအာင္ ဆုပ္လိုက္မိသည္။ ေမးေၾကာမ်ားတစ္ခ်က္ေထာင္သြားသည္။ ေျဖလာမည့္အေျဖကိုေစာင့္ရင္း ၀န္းရံခ မ်က္ႏွာအေျပာင္းအလဲတစ္ခုခ်င္းစီကို နကၡတ္အကဲခတ္ေနမိသည္။

"အနီေရာင္ပါဆရာေလး"

"အ....အစ္ကို....."

မ်က္ဝန္းထဲ စိုးရိမ္စိတ္တို႔အထင္းသားေပၚေနသၫ့္ ဝန္းရံက နကၡတ္ကို အားကိုးတႀကီးလွၫ့္ေခၚ၏ မ်က္လံုးေတြကိုစူးစိုက္ၾကၫ့္မိေတာ့ တိတိက်က်အေျဖတစ္ခုကို နကၡတ္ ခန႔္မွန္းမိၿပီျဖစ္သည္။ 

*ဒီေလာက္အခြင့္အေရးေတြ ထြက္လမ္းေတြ အမ်ားႀကီးေပးထားတာေတာင္မွ အေနာက္ဘက္လမ္းကို ေရြးရေလာက္ေအာင္ တံုးအေနၿပီလား ထင္သ်ွားဟန္*

မခ်ိတင္ကဲ ခပ္တိုးတိုးေရရြတ္မႈက အလိုမက်စြာထြက္လာ၏ စိတ္ထဲ ေဒါသထက္ပိုကဲသၫ့္စိုးရိမ္ပူပန္မႈတို႔က တရိပ္ရိပ္။ ထင္ရာကိုတဇြတ္ထိုးလုပ္တတ္ၿပီး ဆိုးလြန္းသၫ့္ေကာင္ေလးက ထိန္းရသိပ္ခက္လြန္းသည္။ ဘယ္ေတာ့မွ မႏူးညံ့တတ္သၫ့္ နကၡတ္၏ စိုးရိမ္ပူပန္မႈေတြက ေဒါသအျဖစ္ေျပာင္းသြားသၫ့္အခါ သူပဲ လူးလိွမ့္ေနေအာင္ခံရတတ္တာကို သိေပမယ့္ လုပ္ခ်င္ရာကို ေရ႔ွေနာက္မစဥ္းစားလုပ္တတ္သၫ့္ အက်င့္က ဘယ္ေတာ့မွ မေျပာင္းလဲ။

"ကားျပင္ထား။ ငါကိုယ္တိုင္ထြက္မယ္"

"အႏၲရာယ္မ်ားပါတယ္‌ ေခါင္းေဆာင္"

ေနရာမွ ထရပ္ကာ လွၫ့္မွာေတာ့ ေဘးမွ တပ္သားက စိုးရိမ္တႀကီးသတိေပး၏ ႀကိဳတင္ခန႔္မွန္းလို႔မရသၫ့္ ေဘးအႏၲရာယ္ႏွင့္ မတည္ညိမ္ေသးသၫ့္အေျခအေနတြင္ ကားႏွစ္စီးယွဥ္ေမာင္းစာေလာက္ေတာင္သိပ္မက်ယ္သၫ့္ ေတာင္ကမ္းပါးရံလမ္းမွ သြားရသည္က အႏၲရာယ္သိပ္မ်ားလြန္းသည္။

"ေက်ာ္စြာ......ဝန္းရံကို အေျခအေနၾကၫ့္ၿပီးရြာထဲလိုက္ပို႔လိုက္။ မင္းထင္ ကားထုတ္ခဲ့"

"ဟုတ္ကဲ့ေခါင္းေဆာင္"

နကၡတ္ေပးသၫ့္အမိန႔္ကို ဘယ္ေတာ့မွ အထြန႔္မတက္သၫ့္ မင္းထင္က ကားဂိုေဒါင္ဘက္ ခပ္သြက္သြက္ထြက္သြား၏

"အစ္ကို ... ကြၽန္ေတာ္လိုက္လို႔ရမလား"

လက္တစ္ဖက္ကို ဖမ္းကိုင္ကာ ေျပာလာသၫ့္ သူေၾကာင့္ နကၡတ္ ပခံုးတစ္ဖက္မွ ဖြဖြဆုပ္ကိုင္လိုက္သည္။

"ဝန္းရံ.....အိမ္ျပန္ၿပီးေစာင့္ေနပါ။ အစ္ကို႔ကို ယံုတယ္မလား"

ထိုအခါမွ စိတ္ေလ်ာ့ခ်လိုက္ပံုေပၚသၫ့္ ဝန္းရံခေၾကာင့္ ေက်ာ္စြာကို မ်က္ရိပ္တစ္ခ်က္ျပၿပီး ေခၚသြားခိုင္းရသည္။ စိတ္ထဲ တရိပ္ရိပ္ပူေလာင္ေနသၫ့္အေျခအေနတြင္ မင္းထင္က အလိုက္တသိ ကားတစ္စီးထုတ္ခ်လာ၏ ဝန္းထဲမွ အရိွန္ႏွင့္ ထြက္သြားသၫ့္ ကားသည္ ေတာင္အေနာက္ဘက္ျခမ္းကို ၪီးတည္၏
.
.
.
.
ရြံအလိမ္းလိမ္းႏွင့္ သ်ွားက ေဘးမွ ကိုရဲေခါင္ကို တစ္ခ်က္ၾကၫ့္လိုက္သည္။ ပက္လက္လွန္အေမာေျဖေနသၫ့္ ကိုရဲေခါင္ကအေတာ္ ေမာဟိုက္ေနပံုပင္။ ခပ္လွမ္းလွမ္းမွ ေခ်ာင္းေရစီးသံက ေဝါေဝါႏွင့္။

"အစ္ကို အဆင္ေျပရဲ့လား"

တိုင္းရင္းသားဘာသာစကားတစ္ခုကိုသံုးကာ ေမးေတာ့ အေရ႔ွမွ အသက္ ေလးဆယ္ နီးနီးရိွသၫ့္ လူက ေခါင္းညိတ္ျပ၏ တိုင္းရင္းသားမ်ိဳးႏြယ္စုတို႔ေပါသၫ့္ ရွမ္းေတာင္တန္းထက္ ဘာသာစကားတို႔ကလည္း အမ်ိဳးစံုသည္။ အဝတ္အစားကို ၾကၫ့္ရသည္က ေရ႔ွကလူသည္ လားဟူလူမ်ိဳးျဖစ္ပံုပင္။ ရွမ္းျပည္မွာ ေမြး ရွမ္းျပည္မွာႀကီးသၫ့္ ကိုရဲေခါင္က မ်ိဳးႏြယ္စုစကားေတာ္ေတာ္မ်ားမ်ားကို အကြၽမ္းတဝင္ရိွ၏ သ်ွားက တခ်ိဳ႕စကားေတြနားလည္ေပမယ့္ ျပန္မေျပာတတ္။

လားဟူလူမ်ိဳးဟူသည္ တရုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းတြင္ေနထိုင္ၾကသူမ်ားျဖစ္ၿပီး ေရၾကည္ရာျမက္ႏုရာသို႔ေျပာင္းေရြ့ေနထိုင္ၾကရင္းမွ ထိုင္း၊ လာအို၊ ျမန္မာ နယ္စပ္တစ္ေလ်ွာက္သို႔ေရာက္ရိွလာၾကျခင္းျဖစ္သည္။ ေတာင္ယာအလုပ္ကို အဓိကလုပ္ကိုင္ၾကသူမ်ားျဖစ္၍ ရိုးသားၾကသည္။ ၾကၫ့္ရသည္က ၿမိဳ႔ေပၚတစ္ခုခုသြားေရာင္းၿပီး လိုအပ္သည္မ်ားဝယ္ျခမ္းျပန္လာပံုပင္။

"ေနာက္တစ္ခါေျမအေနအထားကို ၾကၫ့္ၿပီးမွလာပါ။ တစ္ေယာက္တည္း ဒီလိုသြားသြားလာလာလုပ္တာက အႏၲရာယ္မ်ားတယ္"

"ေက်းဇူးတင္ပါတယ္ လူေလးတို႔"

အျပန္လမ္းတြင္ ေတာင္အေနာက္ဘက္မွ ပတ္ျပန္ရင္း ေျမအေနအထားအေျခအေနမူမမွန္သည္ေၾကာင့္ သ်ွားတို႔ ကားခဏရပ္ကာ အေျခအေနေစာင့္ၾကၫ့္ေနျခင္းျဖစ္သည္။ ထိုအခ်ိန္ဆိုင္ကယ္တစ္စီးႏွင့္ ပစၥည္းပစၥယမ်ားစြာတို႔ ဆိုင္ကယ္ေနာက္တင္ကာ ေမာင္းတက္သြားသၫ့္ သူကို ကိုရဲေခါင္လွမ္းတားေပမယ့္မမွီလိုက္။ တေဝါေဝါအသံႏွင့္ ေျမၿပိဳက်ေတာ့ ထိုသူက အလ်ွင္အျမန္ဆိုင္ကယ္ထိုးရပ္လိုက္ေပမယ့္ ေထာင့္စြန္းႏွင့္ ၫွိကာ ဆိုင္ကယ္ထိုးက်သြားခဲ့သည္။ အလ်ွင္အျမန္ခုန္ဆင္းလိုက္ေပမယ့္ ေျခတစ္ဖက္ေခ်ာ္ကာ ကမ္းပါးစြန္းမွေလ်ာက်၏ လူ႔အသက္က အေရးႀကီးသည္မို႔ သ်ွားႏွင့္ ကိုရဲေခါင္က လူ႔အသက္ကို အလ်ွင္မွီေအာင္ကယ္တင္လိုက္ရသည္။

အေလာတႀကီးမို႔ စက္မသတ္ထားခဲ့သၫ့္ ကားက ေတာင္ၿပိဳမႈေၾကာင့္ ေျမအနည္းငယ္ေလ်ာက်သၫ့္ ေနရာမွ လိွမ့္ဆင္းကာ ေခ်ာင္းထဲ ေခါင္းစိုက္က်သြားေတာ့သည္။ ရြံ႔ေျမအလိမ္းလိမ္းႏွင့္ သ်ွားတို႔ကေတာ့ လူရုပ္သူရုပ္ပင္မေပါက္ေတာ့။ အခ်ိန္ထပ္မဆြဲဘဲ ထိုလူကိုတြဲကာ အေပၚကို ခက္ခက္ခဲခဲ ျပန္တက္ခဲ့ၾကသည္။ ဒီလိုပံုႏွင့္ စခန္းဘယ္လို ျပန္ရမယ္မွန္းေတာင္မစဥ္းစားတတ္ေတာ့။

"ဘယ္မွာ ေနလဲဗ်။ ဆိုင္ကယ္နဲ႔ပစၥည္းေတြက ေအာက္ေရာက္သြားၿပီမို႔အေျခအေနညိမ္မွာ လူေတြေခၚၿပီး ျပန္ရွာမွရမယ္။ အခုေတာ့ ကြၽန္ေတာ့္ ဆင္စခန္းခဏလိုက္ခဲ့လိုက္။ ကေလးတစ္ေယာက္နဲ႔ ရြာေရာက္ေအာင္ပို႔ေပးမယ္"

ေရစီးသံတေဝါေဝါက မညိမ္ေသးသည္မို႔ ကိုရဲေခါင္က အသံကို က်ယ္ကာ ထိုသူ႔ကို လားဟူစကားႏွင့္ ေျပာ၏ ထိုသူက ေခါင္းတဆတ္ဆတ္ညိတ္ကာ သေဘာတူရင္းေက်းဇူးတင္ေၾကာင္းကို အမူအရာႏွင့္ ျပ၏

"အစ္ကို ကြၽန္ေတာ္လည္းလိုက္ခဲ့မွရမယ္။ ဒီပံုနဲ႔ ျပန္ရင္ ၪီးမာန္ေမးလိမ့္မယ္"

သ်ွားကို ေခါင္းတစ္ခ်က္ညိတ္ျပၿပီးမွ ကိုရဲေခါင္က အေနာက္ကို ေက်ာ္ၾကၫ့္၏ တစ္ခ်က္ေမးဆတ္ျပေတာ့ သ်ွားအေနာက္ဘက္ကိုလွၫ့္ၾကၫ့္မိသည္။ ေတာင္ဆင္းလမ္းတစ္ေလ်ွာက္ အရိွန္ႏွင့္ ဆင္းခ်လာသသၫ့္ ေတာင္ၾကားလမ္းေတြတြင္ ေမာင္းသၫ့္ ကားသံုးစီးသည္ ဘယ္ကကားေတြလည္းေမးစရာကိုမလို။ ေၾကာင္အစြာၾကၫ့္ေနမိတုန္း မလွမ္းမကမ္းထိုးရပ္သြားသၫ့္ ေရ႔ွဆံုးမွ ဆင္းလာသူေၾကာင့္ ဒူးေတြပါေခြက်ခ်င္ခ်င္။

Noon ကို ေခၚထုတ္ၿပီး စိတ္ခ်ရသူလက္ထဲ ေသခ်ာအပ္ခဲ့ႏိုင္ခဲ့ေပမယ့္ အခ်ိန္က ေန့တစ္ဝက္ေက်ာ္ေလာက္ၾကာသြားခဲ့ၿပီျဖစ္သည္။  ၪီးမာန္ကို ဆင္ေတြေရခ်တာလိုက္ေပးခ်င္လို႔ဟုဆိုကာအေၾကာင္းျပခဲ့တာျဖစ္ၿပီး ကိုရဲေခါင္တို႔ ဆင္ေတြေရခ်သၫ့္ေနရာသည္ အေရ႔ွဘက္တြင္ျဖစ္သည္။ သ်ွားတို႔က အခုေတာင္အေနာက္ဘက္လမ္းမွာ။ ေမးလာခဲ့ရင္ ေျဖဖို႔အေျဖမရိွ။ အေျဖမရိွဆိုတာထက္ ေဒါသထြက္ေနသၫ့္  ၪီးမာန္ကို လိမ္ဖို႔ သ်ွားတြင္ သတၲိမရိွ။၊

"ၪီး....ၪီးမာန္....ဟို...ကြၽန္ေတာ္......."

ေျခလွမ္းက်ဲႏွင့္ သ်ွားေရ႔ွေရာက္ခ်လာသၫ့္ သူေၾကာင့္ ေျခလွမ္းတို႔ကို ေနာက္မဆုတ္မိေစဖို႔ သတိထားရသည္။ ၪီးမာန္မ်က္ႏွာက ပံုမွန္ထက္ပိုတည္တင္းေန၏ အတုန္တုန္အရီရီစကားသံတို႔သည္ လ်စ္လ်ူရႈခံရသည္။

*......*

မထင္မွတ္ထားအေျခအေနတစ္ခု။ မ်က္ႏွာထက္ ခပ္ျပင္းျပင္း နာက်င္မွတစ္ခုေတာ့ အရင္ဆံုးေရာက္လာေလာက္သည္ထင္ေပမယ့္ ပခံုးတစ္ဖက္မွ ဆြဲကိုင္ကာ ရင္ခြင္ထဲဆြဲသြင္းခံလိုက္သည္က တစ္ကိုယ္လံုးေလ်ွာက္ေနသၫ့္ ေသြးေၾကာေတာ့ ရပ္တန႔္ကုန္၏ သတိပင္မကပ္ေတာ့ဘဲ အသက္ရႉဖို႔ပါေမ့ေလ်ာ့ေလာက္ေအာင္ ၪီးမာန္က သ်ွားကို တင္းၾကပ္စြာေပြ့ဖက္ထား၏ အေနာက္တြင္ပါသၫ့္ ကိုမင္းထင္က တပ္သားေတြကို လက္ဟန္တစ္ခ်က္ျပေတာ့ တစ္ဖက္လွၫ့္ကာသတိအေနအထားေနၾကသည္။

ခါးႏွင့္ ပခံုးမွ တင္းၾကပ္သၫ့္ လက္ဖ်ံႏွစ္ခု၏ တင္းအားသည္ သ်ွားအသက္ပင္ရႉဖို႔ ခက္ခဲေန၏ နိမ့္ခ်ည္ျမင့္ခ်ည္ ၪီးမာန္၏ ရင္ဘတ္ေတြက ေမာဟိုက္ေနသလို။ ဘဝတြင္အႀကီးမားဆံုးအျပစ္တစ္ခု က်ူးလြန္မိသၫ့္ ခံစားခ်က္သည္ တင္းတင္းၾကပ္ၾကပ္။ ၪီးမာန္ သ်ွားကို အရမ္းစိတ္ပူေနခဲ့သည္ပဲ။ သ်ွားက ၪီးမာန္ကို စိတ္ပူေအာင္ လုပ္ခဲ့မိသည္ပဲ။

အခ်ိန္ခဏအၾကာမွ ဆြဲခြာခံလိုက္သၫ့္ သ်ွားက ၪီးမာန္မ်က္ႏွာကို ၾကၫ့္၍ အဓိပၸါယ္ေဖာ္ေနမိသည္။ ေခါင္းစေျခဆံုးတစ္ခ်က္ၾကၫ့္၍ ဒဏ္ရာရိွမရိွစစ္ေဆးၿပီး မွ ၪီးမာန္က သ်ွားကိုမ်က္ေမွာင္တို႔ တြန႔္ခ်ိဳးကာစိုက္ၾကၫ့္၏ သ်ွား၏ ကိုယ္တြင္ေပပြေနသၫ့္ ရြံ႔အလူးလူးတို႔က ၪီးမာန္ကိုယ္တြင္ပင္ ေပက်ံေနခဲ့ၿပီ။

"ကားေပၚသြား ထင္သ်ွားဟန္"

"ဟုတ္....ကဲ့"

ေအးစက္စက္ေလသံႏွင့္ ေပးလာသၫ့္ အမိန႔္သံေၾကာင့္ သ်ွား အထြန႔္မတက္ရဲ။ ကိုရဲေခါင္ကို တစ္ခ်က္လွၫ့္ၾကၫ့္ကာ ကားဆီၪီးတည္သြားရသည္။ မထင္မွတ္ထားသည့္အျဖစ္အပ်က္ေတြေၾကာင့္ အခုေတာ့ သ်ွားကသံပတ္ေပးထားသည့္အရုပ္တစ္ရုပ္လိုေတာင့္တင္းေန၏

"ဘာအကူအညီလိုလဲ ရဲေခါင္"

"ကြၽန္ေတာ္ ေတာ့ အကူအညီမလို ပါဘူး ေခါင္းေဆာင္။ ဒီအစ္ကိုပဲ......."

"လိုအပ္တာ မင္းထင္​ကိုေျပာလိုက္ရဲေခါင္....ေကာင္ေလးေတြ လုပ္ေပးလိမ့္မယ္။"

"ဟုတ္ကဲ့....ေက်းဇူးတင္ပါတယ္ေခါင္းေဆာင္"

ေခါင္းတစ္ခ်က္ညိတ္ျပသည့္ေခါင္းေဆာင္က ရဲေခါင္မ်က္လံုးတည့္တည့္ကိုစိုက္ၾကည့္၏ လက္ႏွစ္ဖက္ကိုခါးပတ္နားတြင္ခပ္ေလ်ာ့ေလ်ာ့ေထာက္၍ ရဲေခါင္ေရ႔ွ တစ္လွမ္းခ်င္းေလ်ွာက္လာ၏ တစ္တန္းတည္းနီးပါးျဖစ္ေနသည့္အရပ္ေၾကာင့္ ရဲေခါင္မ်က္ႏွာနားကို တိုးကပ္လာသည့္ ေခါင္းေဆာင္ကနီးနီးကပ္ကပ္။

"ေနာက္တစ္ခါ....ေနာက္တစ္ခါဆိုတာမ်ိဳးထပ္ျဖစ္ရင္..........မင္း ဘယ္သူျဖစ္ျဖစ္ ငါဂရုစိုက္မွာ မဟုတ္ဘူးရဲေခါင္။ မင္းနာမည္ကို အသံုးခ်တာနဲ႔ လြယ္လြယ္ကူကူခြင့္ျပဳတယ္ဆိုတဲ့ ယံုၾကည္ခ်က္မ်ိဳး....ထင္သ်ွားဟန္ထပ္ရမရက မင္းအေပၚအမ်ားႀကီးမူတည္တယ္"

မ်က္ဝန္းအစံုသည္ေအးစက္ေနသည္။ ရဲေခါင္ႏွင့္အနီးကပ္ဆံုးအေနအထားထိေရာက္ေအာင္ တိုးကာေျပာသြားသၫ့္ စကားက ျပတ္သား၏ ေခါင္းေဆာင္အေျပာကို ရဲေခါင္ေခါင္းတစ္ခ်က္ညိတ္ကာနာခံရသည္။ ပခံုးတစ္ဖက္ကို ႏွစ္ခ်က္ခန္႔ပုတ္ကာ လွၫ့္ထြက္သြားသၫ့္ ေခါင္းေဆာင္၏ အေျခအေနက စနက္တံျဖဳတ္ထားသၫ့္ ဗံုးတစ္လံုးလိုပင္။

အေျခအေနကိုသံုးသပ္လိုက္သည္ႏွင့္ ရဲေခါင္အနည္းငယ္ေတာ့ ခန႔္မွန္းမိေနၿပီျဖစ္သည္။ ကိုယ့္ဘက္က မွန္ကန္ေနသည္မဟုတ္သည္ေၾကာင့္ ခြန္းတုန႔္ျပန္ဖို႔ စကား ရဲေခါင္တြင္မရိွပါ။

အၿမဲတမ္းေရခဲရိုက္ထားသည့္မ်က္ႏွာထားႏွင့္ မင္းထင္ဆိုသည့္လက္ရံုးကရဲေခါင္အကူအညီေတာင္းသမ်ွကိုလိုက္လုပ္ေပး၏ ေခါင္းေဆာင္ကိုယ္တိုင္တက္ေမာင္းသြားသည့္ကားေပၚပါသြားသည့္ သ်ွားအေၾကာင္းစဥ္းစားမိေတာ့ စိတ္ထဲအနည္းငယ္ေလးလံမိသည္။ သ်ွားက ေခါင္းေဆာင္အေပၚဘယ္ေလာက္ထိေၾကာက္ရြံ႔ေလးစားတယ္ဆိုတာ ရဲေခါင္အသိဆံုးေလ။ မျဖစ္မေနအေျခအေနမို႔အကူအညီေတာင္းလိုက္ရေပမယ့္ သ်ွားကိုဒီကိစၥထဲဆြဲထည့္မိသည့္ ကိုယ့္ကိုယ္ကို အျပစ္တင္ေနမိသည့္အခါခါ။

2306 words
22.10.2023 (00:16 am)
Vi vian
90°bow

Continue Reading

You'll Also Like

37.1K 3K 45
မိေက်ာင္းတစ္ေကာင္ဟာ....ဘယ္ေတာ့မွ မ်က္ရည္မက်ဘူး...။ တကယ္လို႔ သူကမ်က္ရည္က်တယ္ ဆိုရင္ေတာ့.. အဲ့တာဟာ..ဟန္ေဆာင္မ်က္ရည္ပဲ ျဖစ္လိမ့္မယ္...။ မိကျောင်းတစ်ကောင...
167K 6.6K 77
Unicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတ...
5.4M 721K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
284K 22K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...