တနှစ်ကြာပြီးနောက်~
တံခါးဖွင့်သံနှင့်အတူ အိမ်ထဲသို့ ဝင်လာသော လေးလေးငယ်အား သက်ပိုင်ရေခွက်အားကိုင်ထားရင်းနှင့် နံရံတွင်မှီရင်းကြည့်နေမိသည်။
လေးလေးငယ်က သူ့ကို မြင်တော့ သူ့အနားသို့ချက်ချင်းရောက်လာကာ လာရောက်ပွေ့ဖက်၏။
သက်ပိုင် အသာပြုံးလိုက်ရင်း ရေခွက်ကိုနံဘေးရှိစားပွဲပေါ်တွင်ချလိုက်ကာ လေးလေးငယ်အား ပြန်လည်ပွေ့ဖက်လိုက်သည်။
"မအိပ်သေးဘူးလား ဆယ့်တစ်နာရီတောင်ထိုးနေပြီ"
"ကျွန်တော့်ရဲ့ လေးလေးငယ်ကိုစောင့်နေတာပေါ့ဗျ"
"အတတ်ကလေး"
"အများကြီးပင်ပန်းနေတာလား လေးလေးငယ်"
"အင်း ခုနကပင်ပန်းနေပေမဲ့ မင်းကိုဖက်လိုက်ရတော့အဲ့လောက်မဟုတ်တော့ဘူးရယ်"
လေးလေးငယ်၏အပြောကို သဘောကျစွာဖြင့် သွားတန်းကလေးများပေါ်အောင်ရယ်လိုက်ရင်း လေးလေးငယ်၏နဖူးလေးအား နမ်းလိုက်သည်။
"လေးလေးငယ်ကလည်း အတတ်ကလေးပါပဲခင်ဗျာ၊
နောက်ကျနေပြီ အဝတ်အစားလဲတော့လေ"
သက်ပိုင် ထိုသို့ပြောလိုက်တော့
လေးလေးငယ်က နာခံစွာဖြင့် အိပ်ခန်းထဲသို့ဝင်သွား၏။
သက်ပိုင်လည်း ရေခွက်အား ပန်းကန်စင်၌ပြန်လည်တင်ထားလိုက်ရင်း အိပ်ခန်းထဲသို့အနောက်မှလိုက်၍ ဝင်လိုက်၏။
သူဝင်တဲ့အချိန်တွင် လေးလေးငယ်က အဝတ်အစားလဲနေ၍ သူ့အားကျောပေးထား၏။
ကျောပြင်ဖြူဖြူထက်ရှိ ကျားခေါင်းပုံတက်တူးကြီးက ထည်ထည်ဝါဝါတည်ရှိနေပြီး ဘယ်ဘက်လက်တစ်လျှောက်ရှိ အနောက်ရောင်တက်တူးများက မျက်လုံးပဒေဿရှိလှပေသည်။
လေးလေးငယ်က အဝတ်လဲပြီးတော့ သက်ပိုင်ထိုင်နေသော ကုတင်ဘေးသို့လာ၍ သက်ပိုင်အား ခုန်အုပ်ကာ ကုတင်ပေါ်သို့လဲချလိုက်လေသည်။
ထို့နောက် သက်ပိုင်၏ရင်ဘက်ကျယ်ကျယ်ထက်၌ မျက်နှာအပ်ရင်း ငြိမ်ငြိမ်လေး အိပ်နေ၏။
"ဒီလိုကြီးနေရင် မသက်မသာဖြစ်မှာပေါ့ လေးလေးငယ်ရဲ့ တည့်တည့်အိပ်လေဗျာ"
သက်ပိုင် ချစ်စနိုးနှင့်ပြောလိုက်တော့ လေးလေးငယ်က မျက်လုံးအားမှိတ်ထားလျက်နှင့်ပြန်လည်ဖြေကြားလာ၏။
"မသိဘူး အခုချိန်လက်တချောင်းလေးတောင်လှုပ်ချင်တော့တာမဟုတ်ဘူး"
လေးလေးငယ်၏အသံမှာလေးပင်နေပြီး တကယ့်ပင် လက်ကလေးတချောင်းကိုတောင်လှုပ်ရန်စိတ်ကူးမရှိဟန်တူ၏။
သက်ပိုင် သူ့အပေါ်တွင် ကားယားကြီးမှောက်ကာအိပ်နေသော လေးလေးငယ်အား သူ၏ကိုယ်ပေါ်မှ ဖယ်ကာအိပ်ရာနံဘေးသို့တွန်းကာဖယ်လိုက်တော့ လေးလေးငယ်က အလိုမကျစွာမျက်မှောင်ကျုံ့သွား၏။
"နေစမ်းပါဦး မင်းအခုငါ့ကိုဖယ်လိုက်တာလား သက်ပိုင်၊ ငါမင်းအပေါ်အိပ်တာအဲ့လောက်တောင်မကြိုက်ဘူးပေါ့"
လေးလေးငယ်က မျက်မှောင်အားခပ်တင်းတင်းကျုံ့ထားရင်း ကြည့်ကာ
အံကိုကြိတ်၍မေးလာတော့ သက်ပိုင်မှာ ရယ်မိသွားရပြန်သည်။
"xိ့မို့ရယ်နေတာလား"
သက်ပိုင် လေးလေးငယ်အား ပွေ့ချီလိုက်ရင်း ကုတင်ပေါ်၌ သေချာစွာ နေရာချပေးလိုက်သည်။
"ကျွန်တော်မလုပ်ရဲပါဘူးခင်ဗျာ"
ထို့နောက် လေးလေးငယ်၏ဘေးတွင် ဝင်ရောက်လှဲလိုက်ရင်း လေးလေးငယ်၏ ခေါင်းအောက်သို့ သူ၏လက်အားလျှိုသွင်းလိုက်ရင်း လေးလေးငယ်အတွက်ခေါင်းအုံးသဖွယ်လိုက်ပေးလိုက်သည်။
"ကျွန်တော်က လေးလေးငယ်မသက်မသာဖြစ်မှာစိုးလို့ပါ၊အခုလိုသေချာလေးအိပ်တာကပိုကောင်းတယ်လေနော်....ကျွန်တော်ကလေးလေးငယ် ကျွန်တော့်အပေါ်မှာအိပ်တာမကြိုက်လို့လုံးဝမဟုတ်ပါဘူး"
"ဟုတ်ရဲဟုတ်ကြည့်လေ
ခြံထဲမှာကျင်းတူးပြီးမြုပ်ပစ်လိုက်မယ်"
လေးလေးငယ်က ပြောပြောဆိုဆိုနှင့် သူ၏ရင်ခွင်ထဲသို့ တိုးဝှေ့လာရင်း သူ၏ခါးများပေါ်၍ လက်များအားရစ်ပတ်ထား၏။
ဘယ်လောက်မှပင်မကြာလိုက် သူ၏ရင်ခွင်ထဲရှိလေးလေးငယ်မှအသက်ရှူသံမှန်မှန်လေးအားကြားလိုက်ရ၍ အနည်းငုံ့ကာကြည့်လိုက်တော့ လေးလေးငယ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေပြီပင်။
သက်ပိုင် လေးလေးငယ်၏နဖူးကလေးအား တချက်နမ်းလိုက်ရင်း
"ဂွတ်နိုက်ထ်ပါလေးလေးငယ်"
ဘာလိုလိုနှင့် မနက်ဖြန်တွင်
လေးလေးငယ်နှင့်လက်ထပ်တာပင် တနှစ်ပြည့်ပြီဖြစ်သည်။
တနှစ်အတွင်း နှစ်ယောက်သားရန်ဖြစ်လိုက်၊ပြန်အဆင်ပြေလိုက်၊အလုပ်တွေရှုပ်နေလိုက်နှင့် တနှစ်ပတ်လုံး လုံးချာလိုက်နေခဲ့သည်။
အခုအတောအတွင်းတွင်ဆိုလျှင်
လေးလေးငယ်နှင့်တွေ့ရသည်မှာ သိပ်ပင်မရှိ မနက်ခင်းပိုင်းနှင့် ညပိုင်းတွင်သာ နှစ်ယောက်သားဆုံကြလေသည်။
အထူးသဖြင့် လေးလေးငယ်ကလည်းသူ၏ကုမ္ပဏီအသစ်အတွက်အလုပ်တွေသိပ်များနေပြီး သက်ပိုင်ကိုယ်တိုင်ကလည်းစာမူကိစ္စများနှင့်အလုပ်များနေလေသည်။
ခေါင်းထဲသို့အတွေးပေါင်းများစွာဝင်လာအပြီးတွင်တော့ သက်ပိုင်ကိုယ်တိုင်လည်း လေးလေးငယ်နှင့်အတူ အိပ်ပျော်သွားလေတော့သည်။
မနက်ခင်း သူနိုးလာသည့်အချိန်တွင် လေးလေးငယ်က မနက်အစောကြီးထထွက်သွားပြီဖြစ်၍ မနက်စာပင်စားသွားလားမသိချေ။
သက်ပိုင် မနက်ခင်းကိစ္စရပ်အထွေထွေကိုလုပ်ပြီး လေးလေးငယ်မနက်စာ
စားသွားမသွားကိုသိရန် chat boxမှစာပို့လိုက်၏။
*မနက်စာစားပြီးပြီလားလေးလေးငယ်*
တော်တော်ကြာကြာနှင့်စာမပြန်လာ အလုပ်သိပ်များနေသည်ထင်၏။
အချိန်တစ်ခုကြာအပြီးတွင်တော့ ပြန်စာတစ်စောင်က နိုတီသံကလေးနှင့်အတူ ဖုန်းစခရင်ပေါ်တွင်ပေါ်ထွက်လို့လာသည်။
ဇနီးလေး-*အင်း ခုနကတင်စားထားတယ်*
အသက်-*နေ့လည်ဘာစားမလဲ ကျွန်တော်လာပို့ပေးမယ်လေ*
ဇနီးလေး-*ရုံးမှာစားလိုက်တော့မယ် သက်ပိုင်၊အလုပ်ရှုပ်မခံနဲ့တော့*
အသက်-*အလုပ်မှာအဆင်ပြေပါစေနော်(အသဲပုံစတစ္ကာ)
အိမ်စောစောပြန်လာနော် စောင့်နေမယ်)
ဇနီးလေး-*အင်း အသက်(အသဲပုံစတစ္ကာ)*
လေးလေးငယ်၏ပြန်စာကိုကြည့်အပြီးတွင်တော့
သက်ပိုင် ဖုန်းအား ဆိုဖာပေါ်သို့ပစ်တင်လိုက်ရင်း အေပရွန်အားစတင်ဝတ်လိုက်သည်။
ယနေ့ဟာ သူတို့နှစ်ယောက်ရဲ့ Anniversary Dayပင်ဖြစ်လေသည်။
သေချာပေါက် စားတော်ပွဲပြင်ဆင်ရမှာပေါ့။
ကောင်လေးတစ်ယောက်ဟာ တနေကုန်မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခဲ့၍ ထိုကောင်လေးချစ်ရသူကတော့ ကုမ္ပဏီအလုပ်များနှင့်လုံးချာလိုက်နေခဲ့၏။
လှပသောနေ့လေးတစ်နေ့မှာ လှပသောအမှတ်တရလေးတွေချန်ထားကောင်းချန်ထားနိုင်ရင် ကောင်းပါရဲ့။
*
စားပွဲပေါ်ရှိ ပြင်ဆင်ပြီးသောအစားအသောက်များကိုကြည့်ရင်း သက်ပိုင်သူ့ကိုယ်သူချီးကျူးလိုက်မိသည်။
လေးလေးငယ်ရဲ့ယောက်ျားလေးကသိပ်တော်တာပဲ။
နာရီကိုကြည့်လိုက်တော့ ညရှစ်နာရီပင်ထိုးနေလေပြီ၊
သူတနေကုန် ကိတ်မုန့်ဖုတ်လိုက်၊လိုအပ်တာတွေသွားဝယ်လိုက်၊ဟင်းတွေစုံနေအောင်ချက်လိုက်နှင့်အလုပ်ရှုပ်နေခဲ့တာပင်။
ထို့အပြင် အခန်းအားအလှဆင်နေသေးသောကြောင့် တနေကုန်သွားသည်ထင်ပါ၏။သို့ပေမဲ့ သူကေတာ့
အချိန်ကုန်လို့ကုန်သွားမှန်းပင်မသိလိုက်ပါချေ။
အားလုံးလည်းပြင်ဆင်ပြီးပြီဖြစ်သည့်အတွက်
အခုလုပ်ရမည့်အရာမှာ လေးလေးငယ်ပြန်အလာကိုစောင့်နေရန်သာဖြစ်သည်။
နာရီဝက်...တစ်နာရီ...တစ်နာရီခွဲ...။
သက်ပိုင်စောင့်နေပေမဲ့ လေးလေးငယ်ကပြန်မလာသေးချေ။အလုပ်များသိပ်များနေသလားလေ။
သက်ပိုင် ဖုန်းအားဖွင့်လိုက်ရင်း လေးလေးငယ်ဆီသို့ဖုန်းဆက်လိုက်၏။
တီ...တီ...တီဟူ၍ အသံသုံးခေါက်ထွက်လာအပြီးတွင်တော့ တဖက်ဖုန်းဆီသို့ဖုန်းဝင်သွား၏။
*ဟယ်လို*
လေးလေးငယ်မဟုတ်သည့် အခြားယောက်ျားလေးတစ်ယောက်၏ခပ်သြသြအသံက ဖုန်းလိုင်း၏တဖက်မှထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ အခုပြောနေတာဘယ်သူလဲမသိဘူး"
*ကိုယ်ပါ အောင်ဇေယျာ*
သက်ပိုင် ထိုလူကိုသိသည်။
လေးလေးငယ်တို့ကုမ္ပဏီ၏တွဲဖက်
ကုမ္ပဏီက CEOဖြစ်ပြီး သက်ပိုင်မကြည်သောလူတစ်ယောက်လည်းဖြစ်သည်။
အကြောင်းမှာ ထိုလူကလေးလေးငယ်အနားအမြဲ ရစ်သီရစ်သီရှီ၍
မျက်လုံးများကမရိုးသားဘူးဟူ၍ သက်ပိုင်ထင်သောကြောင့်ပင်။
"လေးလေးငယ်ကော"
သက်ပိုင်၏လေသံမှာချက်ချင်းပြောင်းသွား၍ စောစောကပြောဖုန်းဖြေလိုက်သောလေသံထက်အနည်းငယ်မာလျက်ရှိသည်။
*အခု ကိုယ်တို့က ကုမ္ပဏီမိတ်ဆုံစားပွဲမှာလေ သက်ပိုင်၊
ဒီမှာလူကြီးတွေလည်းအများကြီးရှိတယ်၊ ကိုမင်းခန့်က လူကြီးအချို့နဲ့စကားပြောနေလို့ ကိုယ်ကဖုန်းကိုင်လိုက်တာ*
သက်ပိုင် ဒေါသက ရုတ်တရက်ထောင်းကနဲထသွားမိသည်။
လေးလေးငယ်၏ဖုန်းကို သူကဘာကိစ္စမဆင်မခြင်ကိုင်ရပါသနည်း။
သို့သော်လည်း တိုးထွက်နေသောဒေါသများအား ချိုးနှိမ်လိုက်ရင်း
အံကြိတ်ကာမေးခွန်းတစ်ခုအားမေးလိုက်၏။
"အခုက ဘယ်နေရာမှာလဲ"
တည်နေရာသိရအပြီးတွင်တော့ သက်ပိုင် ချက်ချင်းကားဖြင့် ထွက်လာခဲ့လိုက်တော့သည်။
အခုချိန်တွင် သက်ပိုင်ခေါင်းထဲ အလွန်အမင်းသဝန်တိုမှုများကပြည့်နှက်နေပြီး လေးလေးငယ်ရှိရာသို့အမြန်ရောက်ချင်နေမိသည်။
လေးလေးငယ်သို့ရောက်နေသည့် စားသောက်ဆိုင်အရောက်တွင်တော့
ကားပေါ်က မဆင်းခင် စားသောက်ဆိုင်အပေါက်ဝနားက လူနှစ်ယောက်ကတွေ့လိုက်ရ၏။
နှစ်ယောက်သားက ပျော်စရာတစ်ခုခုအားပြောနေသည့်အလား သဘောတကျရယ်နေကြ၍ ကြည့်ရသည့်သက်ပိုင်အဖို့အတော့်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။
စောစောပြန်လာခဲ့ဖို့ပြောလိုက်ရဲ့သားနဲ့။
သက်ပိုင် ကြည့်နေခိုက်မှာပဲ လေးလေးငယ်၏ပုခုံးပေါ်ကိုရောက်သွားတဲ့ အောင်ဇေယျာ၏လက်တဖက်ကြောင့် ဒေါသနှင့်သဝန်တိုစိတ်များက နှလုံးသားထဲမှပွင့်အန်ထွက်လို့လာ၏။
ရာရာစစ ဘယ်သူ့အပိုင်ကို လာထိနေတာလဲ!!
သက်ပိုင် ကားအပြင်သို့ထွက်လိုက်ရင်း ကားတံခါးအားဝုန်းကနဲပိတ်လိုက်၏။
ထို့နောက် လေးလေးငယ်ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ရင်း လေးလေးငယ်၏လက်အား သူ့ဘက်သို့အားပါပါဆွဲယူလိုက်သည်။
ရုတ်တရက်ဖြစ်သည့်အတွက် လေးလေးငယ်က
လန့်သွားပေမဲ့ သက်ပိုင်မှာအဲ့အတွက်ဂရုမစိုက်နိုင် အခုချိန်တွင် သူ့အပိုင်အား သူ့ရင်ခွင်ထဲမှာသာရှိနေစေချင်သည်။
လေးလေးငယ်က သူ့အားအံ့သြသင့်စွာလှည့်ကြည့်လာ၍
"သက်ပိုင်?"
"စောစောပြောလာဖို့ ကျွန်တော်လေးလေးငယ်ကိုပြောလိုက်သားနဲ့"
သက်ပိုင်လေးလေးငယ်၏
လက်ကောက်ဝတ်အား
တင်းတင်းဆုပ်ကိုင်လိုက်ရင်း
အနည်းငယ်မာသော လေသံနှင့်ပြောလိုက်၏။
သူ၏လေသံကြောင့် လေးလေးငယ်ကအနည်းငယ်မျက်မှောင်ကျုံ့သွား၏။
အရက်နံ့သင်းသင်းက လေးလေးငယ်က ကိုယ်ဆီကဖြစ်ပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လေးလေးငယ်၏ကိုယ်သင့်နံ့နဲ့ရောပြီး ပျံ့လွှင့်လာတဲ့အနံ့မဟုတ်လား။
အောင်ဇေယျာက သူတို့အခြေအနေကိုကြည့်ရင်း ဝင်ရောက်၍စကားပြောလာသည်။
"မင်းတို့နှစ်ယောက်ပြေပြေလည်လည်ပြောကြရင်မကောင်းဘူးလား။ဟမ်?"
"ခင်ဗျားပါးစပ်ကို ကျွန်တော်အပ်နဲ့မချုပ်ခင်ပိတ်ထားလိုက်တာကောင်းမယ်"
သက်ပိုင်၏ ရန်လိုလှသည့်စကားကြောင့်အောင်ဇေယျာက အနည်းငယ်အနေကခက်သွား၍ လေးလေးငယ်က သူ့အား အနည်းငယ်မြင့်သောအသံနှင့်အော်လာ၏။
"သက်ပိုင်!"
"ရပါတယ်..ရပါတယ်...သက်ပိုင်ကြည့်ရတာ နည်းနည်းစိတ်မကြည်လို့ဖြစ်ပါလိမ့်မယ်"
"ဘယ်သူက ကိုယ့်အပိုင်ကိုလာထိရင်စိတ်ကြည်နေမှာလဲ...."
သက်ပိုင်၏ စကားကိုကြားတော့ အောင်ဇေယျာက စိတ်ရှုပ်ထွေးသည့်လေသံဖြင့်
"ဘာကိုဆိုလိုတာလဲ"
"ကျွန်တော်ပြောတာက လေးလေးငယ်နဲ့ဝေးဝေးနေ၊သူက ကျွန်တော့်အပိုင်"
"ဟျောင့်၊သက်ပိုင် မင်းဘာတွေပြောနေတာလဲ"
လေးလေးငယ်က သူ့အား ဆူပူလာ၍ အောင်ဇေယာအနားသို့ ရန်လိုစွာကပ်သွားသည့်သူ့ကို အနောက်သို့အနည်းငယ်ဆုတ်၍ ကြားထဲ၌နေကာလူဝင်ခွဲ၏။
အောင်ဇေယျာအား အရှိုက်တည့်တည့်ထိသွားဟန်တူသည်။
သူ့အား စူးရဲစွာကြည့်လာရင်း
"မနေရင်ကော"
သက်ပိုင် လေးလေးငယ်၏ခါးအား လက်တဖက်ထဲနှင့်ဆွဲယူလိုက်ရင်း သူ့ဘက်သို့ပါလာသော လေးလေးငယ်အားငုံ့၍ နှုတ်ခမ်းပါးများအား အတင်းနမ်းရှိုက်လိုက်၏။
လေးလေးငယ်က တွန်းဖယ်ပေမဲ့ သက်ပိုင်မလွှတ်၊ထို့်အပြင်နမ်းနေရင်းနှင့် အောင်ဇေယျာအားအထင်သေးသည့် အကြည့်နှင့်ကြည့်လိုက်သည်။
သကောင့်သားက အလွန်အမင်းဒေါသထွက်နေဟန်ရှိပြီး တောက်တချက်ခေါက်ကာ လှည့်ထွက်သွားလေတော့သည်။
အောင်ဇေယျာ ထွက်သွားပြီးတော့ လေးလေးငယ်ကသက်ပိုင်အား အားဖြင့်တွန်းထုတ်လိုက်သောကြောင့် လေးလေးငယ်နှင့် သုံးလှမ်းလောက်ဝေးသွား၍ လေးလေးငယ်အားနားမလည်စွာကြည့်လိုက်မိသည်။
လေးလေးငယ်က နီရဲနေသော မျက်နှာဖြင့် သက်ပိုင်အားဒေါသထွက်စွာကြည့်လာ၏။
"မင်းဘာစောက်ရူးထနေတာလဲ
အောင်သက်ပိုင်!!
မင်း ဇေယျာကိုလည်း အခုလိုမလေးမစားလုပ်လိုက်
သလို ငါ့ကိုလည်း လမ်းလည်ခေါင်မှာနမ်းသေးတယ်။ဒါကလည်း ငါတို့နဲ့သိကျွမ်းတဲ့သူရဲ့အရှေ့တည့်တည့်မှာ!!"
လေးလေးငယ်က သူ့ကိုအော်ဟစ်လာမှ လေးလေးငယ်၏မျက်နှာနီနေရခြင်းမှာ ရှက်သောကြောင့်မဟုတ်ပဲ ဒေါသထွက်နေခြင်းကြောင့်ဆိုတာသိလိုက်ရလေသည်။
"အဲ့ကောင်က လေးလေးငယ်ကိုကြံနေတာ!"
"မင်းထင်ရာလျှောက်မပြောနဲ့သက်ပိုင်၊မင်းသဝန်တိုတာနားလည်ပေမဲ့
ဒီလောက်အထိကျ လွန်တယ်လို့မင်းမထင်ဘူးလား"
"ဟက်!လွန်တယ်လို့ လေးလေးငယ်ကပြောလိုက်တာလား၊
ကျွန်တော့်အတွက်တော့ ဒါကပါးပါးလေးရှိသေးတာ လေးလေးငယ်က ကျွန်တော့်အပိုင်၊ကျွန်တော့်ရဲ့အပိုင်ကိုထိနေတာကိုကျွန်တော်က ပြုံးပြုံးကြီးကြည့်ရမှာလား လက်ခုပ်လက်ဝါးတီးပြီးအားပေးနေရမှာလား"
"မင်းငါ့ကိုပိုင်ကြောင်းပြချင်တာနဲ့ပဲ
သူ့အရှေ့မှာနမ်းလိုက်တယ်ပေါ့လေ...အဲ့တာကိုသင့်တော်တယ်လို့မင်းကထင်နေတာလား!"
"နေပါဦး၊ လေးလေးငယ်ကဘာလို့ကျွန်တော့်အော်နေရတာလဲ...ကျွန်တော်က လေးလေးငယ်ရဲ့ယောက်ျားမဟုတ်ဘူးလား။ လေးလေးငယ်ကသူ့အတွက်နဲ့ကျွန်တော့်ကိုအော်နေတာလား"
"မင်းဘာလို့ဒီနေ့အဲ့လောက်ကလေးဆန်နေရတာလဲ၊ရုတ်တရက်ကြီး
စားသောက်ဆိုင်ကိုရောက်လာတယ်၊ပြီးတော့ အကြောင်းမရှိပဲ ပြဿနာထရှာတယ်"
သက်ပိုင် ထိုစကားကိုကြားလိုက်ရခိုက်တွင်တော့ ခေါင်းအားငုံ့ချလိုက်မိသည်။
"ကျွန်တော်စောစောပြန်လာဖို့ပြောလိုက်တယ်....စောင့်နေခဲ့တာ။အိမ်မှာကျွန်တော်က စောင့်နေတာကိုလေးလေးငယ်က ဒီမှာအခြားကောင်တစ်ကောင်နဲ့ လာပျော်နေတယ်လေ"
"အောင်သက်ပိုင်!!"
သက်ပိုင် တချက်တွန့်သွားမိသည်။
"အရင်နေ့တွေတုန်းကလည်း ငါနောက်ကျတာပဲလေ ဘာလို့ဒီနေ့မှ..."
ဤစကားဟာ သက်ပိုင်အတွက်ဘယ်လောက် ထိခိုက်နိုင်စွမ်းရှိမှန်းလေးလေးငယ်တကယ်မသိလေရော့သလား။
သက်ပိုင် နာကျင်စွာ တချက်ရယ်လိုက်ရင်း လေးလေးငယ်ဆီမှအကြည့်လွဲလိုက်မိသည်။
"လေးလေးငယ်မေ့နေခဲ့တာပဲ"
"ဘာ?"
"ကျွန်တော်တစ်ယောက်တည်း ဒီနေ့အတွက်စိတ်လှုပ်ရှားမိနေတာလား"
စိုင်း သက်ပိုင်ကိုအတည်နားမလည်တော့ချေ။
ဒီကလေး တကယ်ဘာဖြစ်ချင်နေတာလဲ။ခုနကတင် အော်ဟစ်နေပြီးအခုကျရုတ်တရက်ကြီးငြိမ်ကျသွားပြန်တယ်။
တကယ်ပဲ ဒီနေ့ကဘာနေ့မို့လို့လဲ။စိုင်း၏ဦးနှောက်ထဲ ခဏကတင်
ဖြစ်ပျက်သွားသည့် အဖြစ်အပျက်နဲ့တင်ခေါင်းရှုပ်နေသည်ကို ဒီနေ့ဘာနေ့မှန်းပြန်လည်စဉ်းစားရသည့်အခါတွင်တော့တကယ့်ပင်ထူပူလာလေသည်။
ထိုအချိန်မှာပဲ သက်ပိုင်ဆီကနေ အသံတိုးတိုးလေးတစ်သံထွက်လို့လာ၏။
"ဒီနေ့က ကျွန်တော်တို့လက်ထပ်တာတစ်နှစ်ပြည့်လေ"
သက်ပိုင်က သူ့အားမော့ကြည့်လာခိုက် သက်ပိုင်၏မျက်လုံးအိမ်များထဲတွင်မျက်ရည်များကပြည့်နှက်နေခဲ့ပြီး ပါးပြင်ထက်သို့ ဒလဟောစီးကျနေခဲ့၏။
စိုင်း အခုမှကိုယ့်ကိုယ်ကိုယ်တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်ချင်တော့သည်။
သူဘယ်လိုလုပ်မေ့နိုင်ရတာလဲ...။
"သက်ပိုင်...ငါ"
စိုင်း သက်ပိုင်၏လက်အားကိုင်ရန် လက်လှမ်းပေမဲ့ သက်ပိုင်က
ခြေတလှမ်းဆုတ်သွားကာ ရှောင်သွား၍ စကားအချို့ကိုထပ်မံပြောလာ၏။
"လေးလေးငယ်သိလား....ကျွန်တော်က တကိုယ်ကောင်းဆန်တယ်၊လေးလေးငယ်ကိုအခြားသူတွေထိတာမကြိုက်ဘူး၊လေးလေးငယ်ကို ကျွန်တော့်ရဲ့ကိုယ်ပိုင်ကမ်ဘာထဲမှာဖွက်ထားချင်တာ။
ကျွန်တော်ရဲ့စိတ်ထားက အရမ်းသေးသိမ်တာ...လေးလေးငယ်ကိုအဲ့ကောင်ထိလိုက်တုန်းက ကျွန်တော်အသိစိတ်ပါလွှတ်ထွက်တော့မလို့၊
ဒါပေမဲ့ လေးလေးငယ်က ကျွန်တော့်ရဲ့အဲ့လိုအပြုအမူတွေကိုမကြိုက်မှန်းသိလိုက်ရတော့ ဝမ်းနည်းတယ်....
တောင်းပန်ပါတယ် အရမ်းလောဘကြီးမိသွားတယ်"
သက်ပိုင်က ထိုကဲ့သို့ပြောရင်း သူ၏ကားဆီသို့ ချက်ချင်းလှည့်ထွက်သွားလေသည်။
စိုင်းတားချင်ပေမဲ့ မတားဝံ့ချေ။ဒီကိစ္စမှာသူမှားတာမဟုတ်လား သက်ပိုင်ကိုစိတ်မဆိုးဖို့မပြောရဲပါပေ။
သူ့အားကျောခိုင်းသွားသော သက်ပိုင်အားကြည့်ရင်း သူ၏နှလုံးသားအားဆွဲထုတ်သွားသလိုခံစားရ၏။
စိုင်း သက်ပိုင်ထွက်သွားပြီးတော့ချက်ချင်း အိမ်သို့ပြန်လာခဲ့လိုက်သည်။အိမ်ရောက်မှသက်ပိုင်အား ချော့မည်ပေါ့။
သို့ပေမဲ့ အိမ်ရှေ့တွင် သက်ပိုင်၏ကားလည်းမရှိသလိုအိမ်ပေါက်ဝမှာလည်း သက်ပိုင်၏ဖိနပ်ကရှိမနေချေ။
စိုင်း
အိမ်တံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရသည့် အပြင်အဆင်တွေက သူ့အားထိတ်လန့်သွားစေသည်။
ဘယ်လောက်တောင်လဲဆိုရင် သူ၏နှလုံးသားပါအပြင်သို့ခုန်ထွက်မတက်ပင်။
သေသပ်ပြီးလှပလွန်းသည့်အပြင်အဆင်များနှင့် စားပွဲထက်ရှိ အစားအသောက်များက ထည်ထည်ဝါဝါ။
စောစောပြန်လာဖို့ပြောခဲ့တာ
ဒါကြောင့်ပေါ့။
*ကျွန်တော် တစ်ယောက်တည်းဒီနေ့အတွက်စိတ်လှုပ်ရှားနေမိတာလား*
သူတို့နှစ်ယောက် တနှစ်ပြည့်လက်ထပ်ပွဲအထိမ်းအမှတ်ကိုလည်းမေ့နေသည့်အပြင် သက်ပိုင်အားကလေးဆန်လို့
ဆူပါဆူလိုက်သေးသည်။
သူတကယ့်ကိုအကြီးကြီးမှားသွားတာပင်။
သူ့ကလေးလေးက တကယ်ကိုပြင်ဆင်ထားခဲ့တာကို။
စိုင်း သက်ပိုင်အားဖုန်းခေါ်လိုက်တော့ တဖက်ကချက်ချင်းဖုန်းအားချပစ်လိုက်၏။
အခါခါခေါ်သော်လည်း အခါခါချပစ်လိုက်ခြင်းကိုခံရ၏။
မက်ဆေ့ချ်ပို့တော့လည်း သူ့အား
ဘလော့ထားသောကြောင့် ဆက်သွယ်၍
မရရှိနေပြန်သည်။
နောက်ဆုံးတော့ စိုင်း သက်ပိုင်ပြင်ပေးထားတဲ့စားပွဲရဲ့တဖက်မှာထိုင်လိုက်ရင်း
သူ၏မျက်နှာချင်းဆိုင်မှ ထိုင်ခုံအလွှတ်အားကြည့်လိုက်၍ ခပ်တိုးတိုးပြောလိုက်၏။
"လေးလေးငယ် တောင်းပန်ပါတယ်"
ထို့နောက် မျက်ရည်တွေက အဆက်မပြတ်စီးကျလာ၍ စိုင်းတစ်ယောက်ထိုနေရာတွင်ငိုလိုက်မိသည်။
သက်ပိုင်လည်း ငိုနေခဲ့တာ တကယ့်ကိုနာနာကျင်ကျင်နဲ့။
မင်းကသေသင့်တဲ့ကောင်ပဲ စိုင်းအောင်မင်းခန့်။
တကယ်လို့ သူတို့သာဒီနေ့ရန်မဖြစ်ခဲ့ရင် သက်ပိုင်ကသူ့အရှေ့ကထိုင်ခုံမှာထိုင်ပြီး သူနဲ့အတူ အရသာရှိတဲ့အစားအသောက်တွေကိုစားရင်း ပျော်နေလောက်လား။
စိုင်း အိပ်ရာဝင်တော့ လည်း သူ၏ဘေး၌သက်ပိုင်ရှိမနေသဖြင့် တခုခုလိုနေသလိုခံစားနေရ၏။
သက်ပိုင်နှင့်လက်ထပ်ပြီးကတည်းကအခုလိုခွဲမအိပ်ဖူးပေ။
ဘယ်လောက်စိတ်ဆိုးစိတ်ဆိုး အိပ်ချိန်ရောက်လျှင်အမြဲ ပြန်တည့်ကြသာကြီးသာ။အခုလိုကြီးကြီးမားမားပြဿနာဖြစ်တာဆိုလို့ ဒီတခေါက်သာရှိဖူးလေသည်။
စိုင်း သက်ပိုင်၏ခေါင်းအုံးလေးအားဖက်လိုက်ရင်း အိပ်ပျော်အောင်ကြိုးစားလိုက်၏။
ဒါပေါ့ သက်ပိုင်၏ရင်ခွင်ကဘယ်အရာကမှပိုမကောင်းနိုင်ချေ။
ဒီလိုနဲ့ သက်ပိုင်အိမ်ပေါ်ကနေဆင်းသွားတာနှစ်ရက်ရှိပြီဖြစ်၍ အခုထက်ထိစိုင်းအားအဆက်အသွယ်မလုပ်သေးချေ။
ဒီကောင်လေးအဲ့စိတ်ကောက်တတ်မှန်းအခုမှသိတယ်။
မင်းကိုလွမ်းတယ်အသက်...။
ဒီနေ့မှမင်းပြန်မလာရင် မင်းမကြိုက်တဲ့ဆေးလိပ်တွေငါသောက်ပစ်တော့မှာ။
စိုင်း အရက်ခွက်အားဝုန်းကနဲ စားပွဲထက်သို့ပစ်ချလိုက်တော့ ဘားအတွင်းရှိလူတိုင်းကလန့်ဖျန့်သွားကြ၏။
"ဗျို့ ကိုယ်လူအဆင်ပြေရဲ့လား"
နည်းနည်းယိုင်နဲ့နေသည့် အမူးသမားတစ်ယောက်သူ့အားမေးလာခြင်းဖြစ်သည်။
"အိမ်က လူနဲ့ရန်ဖြစ်လာတာလား"
"အင်း"
"အင်း မိန်းမတွေကနည်းနည်းပွားတယ်"
"ယောက်ျား"
စိုင်းခပ်တည်တည်ပင်ပြန်ဖြေလိုက်၏။
ထိုအခါ အမူးသမားကမယုံကြည်စွာဖြင့်
"ဘာကြီး"
"အိမ်က မိန်းမ မဟုတ်ဘူး၊ယောက်ျားနဲ့ရန်ဖြစ်လာတာ"
သူ့စကားကိုကြားတော့ ထိုအမူးသမားအထင်သေးစွာဖြင့်မျက်ခုံးအားပင့်ကာကြည့်၏။
"ဟ မင်းကသောက်ကျိုးနည်းအခြောက်ကြီးလား..ငါကတက်တူးတွေနဲ့ဆိုတော့ ကျားကျားယားယားကြီးထင်နေတာ၊တကယ်တော့ဂေးကောင်ဖြစ်နေတာပဲ"
စိုင်း ဂရုမစိုက်မိ။
"ဦးနှောက်မရှိတဲ့ကောင်တွေနဲ့ပြိုင်မငြင်းနဲ့လို့သက်ပိုင်ကပြောထားတယ်"
"ယောက်ျားစကားသိပ်နားထောင်တယ်ပေါ့လေ၊တက်တူးကြီးနဲ့ယောက်ျားချင်းလက်ထပ်ရတယ်လို့ လူကြားလို့မှမကောင်း"
"ကြားမကောင်းရင်နားပိတ်ထားလေ"
"ဘာကွ စောက်ခြောက်ကများငါ့ကို"
ပြောပြောဆိုဆိုနှင့် စိုင်း၏ပုခုံးအားဆွဲလှည့်လာသောကြောင့် ဘေးနားကအရက်ပုလင်းကို ကိုင်ပြီး ထိုအမူးသမား၏ခေါင်းအားရိုက်ချပစ်လိုက်၏။
ခလွမ်းဆိုသော ပုလင်းကွဲသည့်အသံနှင့်အတူ ဘားတစ်ခုလုံးက ရှူးရှူးရှဲရှဲဖြစ်သွားကြ၏။
အရိုက်ခံလိုက်ရသော အမူးသမားက
တော့ ကြမ်းပြင်ပေါ်သို့လဲကျသွားသည်။
စိုင်း ပုလင်းကွဲအား လွှင့်ပစ်လိုက်ရင်း
ကြမ်းပြင်ထက်၌ လဲကျနေသော လူအား အသေအကျေထိုးလေတော့သည်။
"ငါ့ယောက်ျားက ပြိုင်မငြင်းဖို့ပဲပြောတာ၊ ပြိုင်မထိုးနဲ့လို့တော့မပြောထားဘူး"
ထိုအချိန်မှာ အမူးသမား၏သူငယ်ချင်းများကဖြစ်ဟန်တူသည်သူများက သူ့အနားသို့ ပြေးလာသည့်ချက်ချင်းထလိုက်၍ ထိုထဲမှတစ်ယောက်က ခြေထောက်ဖြင့်ပိတ်ကန်လိုက်၏။
အကန်ခံလိုက်ရသောသူမှာ အခြားတဖက်သို့လွှင့်ထွက်သွား၍ ပြန်ပင်မထနိုင်တော့ချေ။
ဒီလိုနှင့် ဘားအတွင်း၌ ရန်ပွဲကြီးတစ်ခုက အကြီးအကျယ်ဖြစ်သွား၍ လုံခြုံရေးများပင်ရောက်လာလေ၏။
ထို့နောက် သူတို့အကုန်လုံး ရဲစခန်းသို့အပို့ခံလိုက်ရလေသည်။
စိုင်းကတော့သိပ်ပြီးဂရုမစိုက်မိ ရဲများလက်လေးတချက်လုပ်ရုံနဲ့အလုပ်ပါဖြုတ်ပစ်လိုက်လို့ရတယ်။
ဘယ်ကောင်ကသူ့ကိုထောင်ထဲဖမ်းရဲသလဲ။
ရဲစခန်းမှာ စစ်မေးနေတုန်းမှာပဲ ရုတ်တရက်ရဲစခန်းထဲသို့ အလောတကြီးပြေးဝင်လာသည့် လူကြောင့် အပေါက်ဝဘက်သို့လူတိုင်းကခေါင်းလှည့်ကြည့်မိကြ၏။
"လေးလေးငယ်!!"
သက်ပိုင်က စိုးရိမ်တကြီးပြေးလာ၍ စိုင်း၏အရှေ့တွင်ဒူးထောက်ကာထိုင်ချလိုက်၏။
စိုင်း သက်ပိုင်ကိုတွေ့တော့ ချက်ချင်းမျက်ဝန်းများက နူးညံသွား၍
"သက်ပိုင်"
အထိုးခံထားရသော အမူးသမားများကတော့ စိုင်း၏ပြောင်းလဲမှုကိုကြည့်ပြီးသူတို့ကိုမသေရုံတမယ်ရိုက်လိုက်သည့် မွန်းစတားကြီးကောဟုတ်ပါရဲ့လားလို့တွေးမိကြ၏။
"ရန်ဖြစ်တယ်ဆို ဘယ်နားထိသွားသေးလဲဟင်"
"အသက်"
"ဗျာ"
စိုင်းက ချက်ချင်း သက်ပိုင်ပေါ်သို့မှီချလိုက်သောကြောင့် သက်ပိုင်မှာထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။
"ဘာဖြစ်တာလဲဟင် လေးလေးငယ်၊
ခေါင်းနာလို့လား...ခေါင်းထိသွားတာလား"
ထို့နောက် သက်ပိုင်ကတဖက်မှ လေးလေးငယ်နှင့်ရန်ဖြစ်သည့် သူများအား သတ်တော့ဖြတ်တော့မည့်ပုံစံနှင့်ကြည့်လိုက်ရင်း
"မင်းတို့ လေးလေးငယ်ကိုဘာလုပ်လိုက်တာလဲ?!"
တဖက်ကလူများမှာ ပြန်ဖြေချင်ဇောလောကုန်ကြ၍ တစ်ယောက်တစ်ပေါက်ဖြေလာကြလေသည်။
ပိုဆိုးသည်က သွားများက စိုင်းကြောင့်
ကျွတ်ထားသဖြင့် စကားတွေမှာမပီပဲရှိကြရာ နားထောင်သူအား
တံတွေးများပင်စင်တော့မည့်ဆဲဆဲ ဖြစ်နေလေသည်။
သက်ပိုင်လေးလေးငယ်အား ဖက်လိုက်ရင်း ကျောအားအသာပုတ်လိုက်၏။
"ခဏလေးနော် ကျွန်တော့်အတွင်းရေးမှူးက စကားပြောနေတယ်၊သူတို့လက်ခံတာနဲ့ကျွန်တော်တို့ပြန်ကြမယ်"
ခဏအကြာတော့ သက်ပိုင်၏အတွင်းရေးမှူးက သွားလို့ရပြီဖြစ်ကြောင်းပြောလာ၍ သက်ပိုင်လည်းလေးလေးငယ်ကိုခေါ်၍ ထိုနေရာမှထွက်လာခဲ့လိုက်တော့သည်။
သူ့လေးလေးငယ်ရန်ဖြစ်တယ်ကြားတော့ တကယ်စိတ်ပူနေခဲ့တာမဟုတ်လား။
"သက်ပိုင်"
"ဗျာ"
"လွမ်းနေတာ"
သက်ပိုင်၏ ခြေလှမ်းက လေးလေးငယ်၏စကားကြောင့်တန့်ကနဲဖြစ်သွား၏။
******
Alexander_AN
Oct.22.2023
A/N- သက်ပိုင်တို့ကလည်းပြီးဖို့ အပိုင်းအနည်းငယ်ပဲလိုတော့တာမို့လို့ဇာတ်ညွှန်းအသစ်ရေးနေတာနဲ့ အပိုင်းအသစ်တင်ဖို့ကိုမေ့နေတာ😭
အညိုတော့ အသစ်ကလေးကိုရေးဖို့စိတ်လှုပ်ရှားနေသလို အသက်ကလေးတို့အတွက်လည်း ပျော်စရာဇာတ်သိမ်းလေးဖြစ်အောင်ကြိုးစားဖန်တီးနေပါတယ်ဗျ။
*******
တႏွစ္ၾကာၿပီးေနာက္~
တံခါးဖြင့္သံႏွင့္အတူ အိမ္ထဲသို႔ ဝင္လာေသာ ေလးေလးငယ္အား သက္ပိုင္ေရခြက္အားကိုင္ထားရင္းႏွင့္ နံရံတြင္မွီရင္းၾကည့္ေနမိသည္။
ေလးေလးငယ္က သူ႕ကို ျမင္ေတာ့ သူ႕အနားသို႔ခ်က္ခ်င္းေရာက္လာကာ လာေရာက္ေပြ႕ဖက္၏။
သက္ပိုင္ အသာျပဳံးလိုက္ရင္း ေရခြက္ကိုနံေဘး႐ွိစားပြဲေပၚတြင္ခ်လိုက္ကာ ေလးေလးငယ္အား ျပန္လည္ေပြ႕ဖက္လိုက္သည္။
"မအိပ္ေသးဘူးလား ဆယ့္တစ္နာရီေတာင္ထိုးေနၿပီ"
"ကြၽန္ေတာ့္ရဲ႕ ေလးေလးငယ္ကိုေစာင့္ေနတာေပါ့ဗ်"
"အတတ္ကေလး"
"အမ်ားႀကီးပင္ပန္းေနတာလား ေလးေလးငယ္"
"အင္း ခုနကပင္ပန္းေနေပမဲ့ မင္းကိုဖက္လိုက္ရေတာ့အဲ့ေလာက္မဟုတ္ေတာ့ဘူးရယ္"
ေလးေလးငယ္၏အေျပာကို သေဘာက်စြာျဖင့္ သြားတန္းကေလးမ်ားေပၚေအာင္ရယ္လိုက္ရင္း ေလးေလးငယ္၏နဖူးေလးအား နမ္းလိုက္သည္။
"ေလးေလးငယ္ကလည္း အတတ္ကေလးပါပဲခင္ဗ်ာ၊
ေနာက္က်ေနၿပီ အဝတ္အစားလဲေတာ့ေလ"
သက္ပိုင္ ထိုသို႔ေျပာလိုက္ေတာ့
ေလးေလးငယ္က နာခံစြာျဖင့္ အိပ္ခန္းထဲသို႔ဝင္သြား၏။
သက္ပိုင္လည္း ေရခြက္အား ပန္းကန္စင္၌ျပန္လည္တင္ထားလိုက္ရင္း အိပ္ခန္းထဲသို႔အေနာက္မွလိုက္၍ ဝင္လိုက္၏။
သူဝင္တဲ့အခ်ိန္တြင္ ေလးေလးငယ္က အဝတ္အစားလဲေန၍ သူ႕အားေက်ာေပးထား၏။
ေက်ာျပင္ျဖဴျဖဴထက္႐ွိ က်ားေခါင္းပုံတက္တူးႀကီးက ထည္ထည္ဝါဝါတည္႐ွိေနၿပီး ဘယ္ဘက္လက္တစ္ေလွ်ာက္႐ွိ အေနာက္ေရာင္တက္တူးမ်ားက မ်က္လုံးပေဒႆ႐ွိလွေပသည္။
ေလးေလးငယ္က အဝတ္လဲၿပီးေတာ့ သက္ပိုင္ထိုင္ေနေသာ ကုတင္ေဘးသို႔လာ၍ သက္ပိုင္အား ခုန္အုပ္ကာ ကုတင္ေပၚသို႔လဲခ်လိုက္ေလသည္။
ထို႔ေနာက္ သက္ပိုင္၏ရင္ဘက္က်ယ္က်ယ္ထက္၌ မ်က္ႏွာအပ္ရင္း ၿငိမ္ၿငိမ္ေလး အိပ္ေန၏။
"ဒီလိုႀကီးေနရင္ မသက္မသာျဖစ္မွာေပါ့ ေလးေလးငယ္ရဲ႕ တည့္တည့္အိပ္ေလဗ်ာ"
သက္ပိုင္ ခ်စ္စႏိုးႏွင့္ေျပာလိုက္ေတာ့ ေလးေလးငယ္က မ်က္လုံးအားမွိတ္ထားလ်က္ႏွင့္ျပန္လည္ေျဖၾကားလာ၏။
"မသိဘူး အခုခ်ိန္လက္တေခ်ာင္းေလးေတာင္လႈပ္ခ်င္ေတာ့တာမဟုတ္ဘူး"
ေလးေလးငယ္၏အသံမွာေလးပင္ေနၿပီး တကယ့္ပင္ လက္ကေလးတေခ်ာင္းကိုေတာင္လႈပ္ရန္စိတ္ကူးမ႐ွိဟန္တူ၏။
သက္ပိုင္ သူ႕အေပၚတြင္ ကားယားႀကီးေမွာက္ကာအိပ္ေနေသာ ေလးေလးငယ္အား သူ၏ကိုယ္ေပၚမွ ဖယ္ကာအိပ္ရာနံေဘးသို႔တြန္းကာဖယ္လိုက္ေတာ့ ေလးေလးငယ္က အလိုမက်စြာမ်က္ေမွာင္က်ံဳ႕သြား၏။
"ေနစမ္းပါဦး မင္းအခုငါ့ကိုဖယ္လိုက္တာလား သက္ပိုင္၊ ငါမင္းအေပၚအိပ္တာအဲ့ေလာက္ေတာင္မႀကိဳက္ဘူးေပါ့"
ေလးေလးငယ္က မ်က္ေမွာင္အားခပ္တင္းတင္းက်ံဳ႕ထားရင္း ၾကည့္ကာ
အံကိုႀကိတ္၍ေမးလာေတာ့ သက္ပိုင္မွာ ရယ္မိသြားရျပန္သည္။
"xိ႕မို႔ရယ္ေနတာလား"
သက္ပိုင္ ေလးေလးငယ္အား ေပြ႕ခ်ီလိုက္ရင္း ကုတင္ေပၚ၌ ေသခ်ာစြာ ေနရာခ်ေပးလိုက္သည္။
"ကြၽန္ေတာ္မလုပ္ရဲပါဘူးခင္ဗ်ာ"
ထို႔ေနာက္ ေလးေလးငယ္၏ေဘးတြင္ ဝင္ေရာက္လွဲလိုက္ရင္း ေလးေလးငယ္၏ ေခါင္းေအာက္သို႔ သူ၏လက္အားလွ်ိဳသြင္းလိုက္ရင္း ေလးေလးငယ္အတြက္ေခါင္းအုံးသဖြယ္လိုက္ေပးလိုက္သည္။
"ကြၽန္ေတာ္က ေလးေလးငယ္မသက္မသာျဖစ္မွာစိုးလို႔ပါ၊အခုလိုေသခ်ာေလးအိပ္တာကပိုေကာင္းတယ္ေလေနာ္....ကြၽန္ေတာ္ကေလးေလးငယ္ ကြၽန္ေတာ့္အေပၚမွာအိပ္တာမႀကိဳက္လို႔လုံးဝမဟုတ္ပါဘူး"
"ဟုတ္ရဲဟုတ္ၾကည့္ေလ
ျခံထဲမွာက်င္းတူးၿပီးျမဳပ္ပစ္လိုက္မယ္"
ေလးေလးငယ္က ေျပာေျပာဆိုဆိုႏွင့္ သူ၏ရင္ခြင္ထဲသို႔ တိုးေဝွ႔လာရင္း သူ၏ခါးမ်ားေပၚ၍ လက္မ်ားအားရစ္ပတ္ထား၏။
ဘယ္ေလာက္မွပင္မၾကာလိုက္ သူ၏ရင္ခြင္ထဲ႐ွိေလးေလးငယ္မွအသက္႐ွဴသံမွန္မွန္ေလးအားၾကားလိုက္ရ၍ အနည္းငုံ႔ကာၾကည့္လိုက္ေတာ့ ေလးေလးငယ္မွာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနၿပီပင္။
သက္ပိုင္ ေလးေလးငယ္၏နဖူးကေလးအား တခ်က္နမ္းလိုက္ရင္း
"ဂြတ္ႏိုက္ထ္ပါေလးေလးငယ္"
ဘာလိုလိုႏွင့္ မနက္ျဖန္တြင္
ေလးေလးငယ္ႏွင့္လက္ထပ္တာပင္ တႏွစ္ျပည့္ၿပီျဖစ္သည္။
တႏွစ္အတြင္း ႏွစ္ေယာက္သားရန္ျဖစ္လိုက္၊ျပန္အဆင္ေျပလိုက္၊အလုပ္ေတြ႐ႈပ္ေနလိုက္ႏွင့္ တႏွစ္ပတ္လုံး လုံးခ်ာလိုက္ေနခဲ့သည္။
အခုအေတာအတြင္းတြင္ဆိုလွ်င္
ေလးေလးငယ္ႏွင့္ေတြ႕ရသည္မွာ သိပ္ပင္မ႐ွိ မနက္ခင္းပိုင္းႏွင့္ ညပိုင္းတြင္သာ ႏွစ္ေယာက္သားဆုံၾကေလသည္။
အထူးသျဖင့္ ေလးေလးငယ္ကလည္းသူ၏ကုမၸဏီအသစ္အတြက္အလုပ္ေတြသိပ္မ်ားေနၿပီး သက္ပိုင္ကိုယ္တိုင္ကလည္းစာမူကိစၥမ်ားႏွင့္အလုပ္မ်ားေနေလသည္။
ေခါင္းထဲသို႔အေတြးေပါင္းမ်ားစြာဝင္လာအၿပီးတြင္ေတာ့ သက္ပိုင္ကိုယ္တိုင္လည္း ေလးေလးငယ္ႏွင့္အတူ အိပ္ေပ်ာ္သြားေလေတာ့သည္။
မနက္ခင္း သူႏိုးလာသည့္အခ်ိန္တြင္ ေလးေလးငယ္က မနက္အေစာႀကီးထထြက္သြားၿပီျဖစ္၍ မနက္စာပင္စားသြားလားမသိေခ်။
သက္ပိုင္ မနက္ခင္းကိစၥရပ္အေထြေထြကိုလုပ္ၿပီး ေလးေလးငယ္မနက္စာ
စားသြားမသြားကိုသိရန္ chat boxမွစာပို႔လိုက္၏။
*မနက္စာစားၿပီးၿပီလားေလးေလးငယ္*
ေတာ္ေတာ္ၾကာၾကာႏွင့္စာမျပန္လာ အလုပ္သိပ္မ်ားေနသည္ထင္၏။
အခ်ိန္တစ္ခုၾကာအၿပီးတြင္ေတာ့ ျပန္စာတစ္ေစာင္က ႏိုတီသံကေလးႏွင့္အတူ ဖုန္းစခရင္ေပၚတြင္ေပၚထြက္လို႔လာသည္။
ဇနီးေလး-*အင္း ခုနကတင္စားထားတယ္*
အသက္-*ေန႔လည္ဘာစားမလဲ ကြၽန္ေတာ္လာပို႔ေပးမယ္ေလ*
ဇနီးေလး-*႐ုံးမွာစားလိုက္ေတာ့မယ္ သက္ပိုင္၊အလုပ္႐ႈပ္မခံနဲ႔ေတာ့*
အသက္-*အလုပ္မွာအဆင္ေျပပါေစေနာ္(အသဲပုံစတစၠာ)
အိမ္ေစာေစာျပန္လာေနာ္ ေစာင့္ေနမယ္)
ဇနီးေလး-*အင္း အသက္(အသဲပုံစတစၠာ)*
ေလးေလးငယ္၏ျပန္စာကိုၾကည့္အၿပီးတြင္ေတာ့
သက္ပိုင္ ဖုန္းအား ဆိုဖာေပၚသို႔ပစ္တင္လိုက္ရင္း ေအပ႐ြန္အားစတင္ဝတ္လိုက္သည္။
ယေန႔ဟာ သူတို႔ႏွစ္ေယာက္ရဲ႕ Anniversary Dayပင္ျဖစ္ေလသည္။
ေသခ်ာေပါက္ စားေတာ္ပြဲျပင္ဆင္ရမွာေပါ့။
ေကာင္ေလးတစ္ေယာက္ဟာ တေနကုန္မီးဖိုေခ်ာင္ထဲတြင္ အလုပ္႐ႈပ္ေနခဲ့၍ ထိုေကာင္ေလးခ်စ္ရသူကေတာ့ ကုမၸဏီအလုပ္မ်ားႏွင့္လုံးခ်ာလိုက္ေနခဲ့၏။
လွပေသာေန႔ေလးတစ္ေန႔မွာ လွပေသာအမွတ္တရေလးေတြခ်န္ထားေကာင္းခ်န္ထားႏိုင္ရင္ ေကာင္းပါရဲ႕။
*
စားပြဲေပၚ႐ွိ ျပင္ဆင္ၿပီးေသာအစားအေသာက္မ်ားကိုၾကည့္ရင္း သက္ပိုင္သူ႕ကိုယ္သူခ်ီးက်ဴးလိုက္မိသည္။
ေလးေလးငယ္ရဲ႕ေယာက်္ားေလးကသိပ္ေတာ္တာပဲ။
နာရီကိုၾကည့္လိုက္ေတာ့ ည႐ွစ္နာရီပင္ထိုးေနေလၿပီ၊
သူတေနကုန္ ကိတ္မုန္႔ဖုတ္လိုက္၊လိုအပ္တာေတြသြားဝယ္လိုက္၊ဟင္းေတြစုံေနေအာင္ခ်က္လိုက္ႏွင့္အလုပ္႐ႈပ္ေနခဲ့တာပင္။
ထို႔အျပင္ အခန္းအားအလွဆင္ေနေသးေသာေၾကာင့္ တေနကုန္သြားသည္ထင္ပါ၏။သို႔ေပမဲ့ သူေကတာ့
အခ်ိန္ကုန္လို႔ကုန္သြားမွန္းပင္မသိလိုက္ပါေခ်။
အားလုံးလည္းျပင္ဆင္ၿပီးၿပီျဖစ္သည့္အတြက္
အခုလုပ္ရမည့္အရာမွာ ေလးေလးငယ္ျပန္အလာကိုေစာင့္ေနရန္သာျဖစ္သည္။
နာရီဝက္...တစ္နာရီ...တစ္နာရီခြဲ...။
သက္ပိုင္ေစာင့္ေနေပမဲ့ ေလးေလးငယ္ကျပန္မလာေသးေခ်။အလုပ္မ်ားသိပ္မ်ားေနသလားေလ။
သက္ပိုင္ ဖုန္းအားဖြင့္လိုက္ရင္း ေလးေလးငယ္ဆီသို႔ဖုန္းဆက္လိုက္၏။
တီ...တီ...တီဟူ၍ အသံသုံးေခါက္ထြက္လာအၿပီးတြင္ေတာ့ တဖက္ဖုန္းဆီသို႔ဖုန္းဝင္သြား၏။
*ဟယ္လို*
ေလးေလးငယ္မဟုတ္သည့္ အျခားေယာက်္ားေလးတစ္ေယာက္၏ခပ္ၾသၾသအသံက ဖုန္းလိုင္း၏တဖက္မွထြက္ေပၚလာသည္။
"ဟုတ္ကဲ့ အခုေျပာေနတာဘယ္သူလဲမသိဘူး"
*ကိုယ္ပါ ေအာင္ေဇယ်ာ*
သက္ပိုင္ ထိုလူကိုသိသည္။
ေလးေလးငယ္တို႔ကုမၸဏီ၏တြဲဖက္
ကုမၸဏီက CEOျဖစ္ၿပီး သက္ပိုင္မၾကည္ေသာလူတစ္ေယာက္လည္းျဖစ္သည္။
အေၾကာင္းမွာ ထိုလူကေလးေလးငယ္အနားအၿမဲ ရစ္သီရစ္သီ႐ွီ၍
မ်က္လုံးမ်ားကမ႐ိုးသားဘူးဟူ၍ သက္ပိုင္ထင္ေသာေၾကာင့္ပင္။
"ေလးေလးငယ္ေကာ"
သက္ပိုင္၏ေလသံမွာခ်က္ခ်င္းေျပာင္းသြား၍ ေစာေစာကေျပာဖုန္းေျဖလိုက္ေသာေလသံထက္အနည္းငယ္မာလ်က္႐ွိသည္။
*အခု ကိုယ္တို႔က ကုမၸဏီမိတ္ဆုံစားပြဲမွာေလ သက္ပိုင္၊
ဒီမွာလူႀကီးေတြလည္းအမ်ားႀကီး႐ွိတယ္၊ ကိုမင္းခန္႔က လူႀကီးအခ်ိဳ႕နဲ႔စကားေျပာေနလို႔ ကိုယ္ကဖုန္းကိုင္လိုက္တာ*
သက္ပိုင္ ေဒါသက ႐ုတ္တရက္ေထာင္းကနဲထသြားမိသည္။
ေလးေလးငယ္၏ဖုန္းကို သူကဘာကိစၥမဆင္မျခင္ကိုင္ရပါသနည္း။
သို႔ေသာ္လည္း တိုးထြက္ေနေသာေဒါသမ်ားအား ခ်ိဳးႏွိမ္လိုက္ရင္း
အံႀကိတ္ကာေမးခြန္းတစ္ခုအားေမးလိုက္၏။
"အခုက ဘယ္ေနရာမွာလဲ"
တည္ေနရာသိရအၿပီးတြင္ေတာ့ သက္ပိုင္ ခ်က္ခ်င္းကားျဖင့္ ထြက္လာခဲ့လိုက္ေတာ့သည္။
အခုခ်ိန္တြင္ သက္ပိုင္ေခါင္းထဲ အလြန္အမင္းသဝန္တိုမႈမ်ားကျပည့္ႏွက္ေနၿပီး ေလးေလးငယ္႐ွိရာသို႔အျမန္ေရာက္ခ်င္ေနမိသည္။
ေလးေလးငယ္သို႔ေရာက္ေနသည့္ စားေသာက္ဆိုင္အေရာက္တြင္ေတာ့
ကားေပၚက မဆင္းခင္ စားေသာက္ဆိုင္အေပါက္ဝနားက လူႏွစ္ေယာက္ကေတြ႕လိုက္ရ၏။
ႏွစ္ေယာက္သားက ေပ်ာ္စရာတစ္ခုခုအားေျပာေနသည့္အလား သေဘာတက်ရယ္ေနၾက၍ ၾကည့္ရသည့္သက္ပိုင္အဖို႔အေတာ့္ပင္ စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းလွသည္။
ေစာေစာျပန္လာခဲ့ဖို႔ေျပာလိုက္ရဲ႕သားနဲ႔။
သက္ပိုင္ ၾကည့္ေနခိုက္မွာပဲ ေလးေလးငယ္၏ပုခုံးေပၚကိုေရာက္သြားတဲ့ ေအာင္ေဇယ်ာ၏လက္တဖက္ေၾကာင့္ ေဒါသႏွင့္သဝန္တိုစိတ္မ်ားက ႏွလုံးသားထဲမွပြင့္အန္ထြက္လို႔လာ၏။
ရာရာစစ ဘယ္သူ႕အပိုင္ကို လာထိေနတာလဲ!!
သက္ပိုင္ ကားအျပင္သို႔ထြက္လိုက္ရင္း ကားတံခါးအားဝုန္းကနဲပိတ္လိုက္၏။
ထို႔ေနာက္ ေလးေလးငယ္႐ွိရာသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေလွ်ာက္သြားလိုက္ရင္း ေလးေလးငယ္၏လက္အား သူ႕ဘက္သို႔အားပါပါဆြဲယူလိုက္သည္။
႐ုတ္တရက္ျဖစ္သည့္အတြက္ ေလးေလးငယ္က
လန္႔သြားေပမဲ့ သက္ပိုင္မွာအဲ့အတြက္ဂ႐ုမစိုက္ႏိုင္ အခုခ်ိန္တြင္ သူ႕အပိုင္အား သူ႕ရင္ခြင္ထဲမွာသာ႐ွိေနေစခ်င္သည္။
ေလးေလးငယ္က သူ႕အားအံ့ၾသသင့္စြာလွည့္ၾကည့္လာ၍
"သက္ပိုင္?"
"ေစာေစာေျပာလာဖို႔ ကြၽန္ေတာ္ေလးေလးငယ္ကိုေျပာလိုက္သားနဲ႔"
သက္ပိုင္ေလးေလးငယ္၏
လက္ေကာက္ဝတ္အား
တင္းတင္းဆုပ္ကိုင္လိုက္ရင္း
အနည္းငယ္မာေသာ ေလသံႏွင့္ေျပာလိုက္၏။
သူ၏ေလသံေၾကာင့္ ေလးေလးငယ္ကအနည္းငယ္မ်က္ေမွာင္က်ံဳ႕သြား၏။
အရက္နံ႔သင္းသင္းက ေလးေလးငယ္က ကိုယ္ဆီကျဖစ္ပါလိမ့္မည္။
အဘယ္ေၾကာင့္ဆိုေသာ္ ေလးေလးငယ္၏ကိုယ္သင့္နံ႔နဲ႔ေရာၿပီး ပ်ံ႕လႊင့္လာတဲ့အနံ႔မဟုတ္လား။
ေအာင္ေဇယ်ာက သူတို႔အေျခအေနကိုၾကည့္ရင္း ဝင္ေရာက္၍စကားေျပာလာသည္။
"မင္းတို႔ႏွစ္ေယာက္ေျပေျပလည္လည္ေျပာၾကရင္မေကာင္းဘူးလား။ဟမ္?"
"ခင္ဗ်ားပါးစပ္ကို ကြၽန္ေတာ္အပ္နဲ႔မခ်ဳပ္ခင္ပိတ္ထားလိုက္တာေကာင္းမယ္"
သက္ပိုင္၏ ရန္လိုလွသည့္စကားေၾကာင့္ေအာင္ေဇယ်ာက အနည္းငယ္အေနကခက္သြား၍ ေလးေလးငယ္က သူ႕အား အနည္းငယ္ျမင့္ေသာအသံႏွင့္ေအာ္လာ၏။
"သက္ပိုင္!"
"ရပါတယ္..ရပါတယ္...သက္ပိုင္ၾကည့္ရတာ နည္းနည္းစိတ္မၾကည္လို႔ျဖစ္ပါလိမ့္မယ္"
"ဘယ္သူက ကိုယ့္အပိုင္ကိုလာထိရင္စိတ္ၾကည္ေနမွာလဲ...."
သက္ပိုင္၏ စကားကိုၾကားေတာ့ ေအာင္ေဇယ်ာက စိတ္႐ႈပ္ေထြးသည့္ေလသံျဖင့္
"ဘာကိုဆိုလိုတာလဲ"
"ကြၽန္ေတာ္ေျပာတာက ေလးေလးငယ္နဲ႔ေဝးေဝးေန၊သူက ကြၽန္ေတာ့္အပိုင္"
"ေဟ်ာင့္၊သက္ပိုင္ မင္းဘာေတြေျပာေနတာလဲ"
ေလးေလးငယ္က သူ႕အား ဆူပူလာ၍ ေအာင္ေဇယာအနားသို႔ ရန္လိုစြာကပ္သြားသည့္သူ႕ကို အေနာက္သို႔အနည္းငယ္ဆုတ္၍ ၾကားထဲ၌ေနကာလူဝင္ခြဲ၏။
ေအာင္ေဇယ်ာအား အ႐ိႈက္တည့္တည့္ထိသြားဟန္တူသည္။
သူ႕အား စူးရဲစြာၾကည့္လာရင္း
"မေနရင္ေကာ"
သက္ပိုင္ ေလးေလးငယ္၏ခါးအား လက္တဖက္ထဲႏွင့္ဆြဲယူလိုက္ရင္း သူ႕ဘက္သို႔ပါလာေသာ ေလးေလးငယ္အားငုံ႔၍ ႏႈတ္ခမ္းပါးမ်ားအား အတင္းနမ္း႐ိႈက္လိုက္၏။
ေလးေလးငယ္က တြန္းဖယ္ေပမဲ့ သက္ပိုင္မလႊတ္၊ထို႔္အျပင္နမ္းေနရင္းႏွင့္ ေအာင္ေဇယ်ာအားအထင္ေသးသည့္ အၾကည့္ႏွင့္ၾကည့္လိုက္သည္။
သေကာင့္သားက အလြန္အမင္းေဒါသထြက္ေနဟန္႐ွိၿပီး ေတာက္တခ်က္ေခါက္ကာ လွည့္ထြက္သြားေလေတာ့သည္။
ေအာင္ေဇယ်ာ ထြက္သြားၿပီးေတာ့ ေလးေလးငယ္ကသက္ပိုင္အား အားျဖင့္တြန္းထုတ္လိုက္ေသာေၾကာင့္ ေလးေလးငယ္ႏွင့္ သုံးလွမ္းေလာက္ေဝးသြား၍ ေလးေလးငယ္အားနားမလည္စြာၾကည့္လိုက္မိသည္။
ေလးေလးငယ္က နီရဲေနေသာ မ်က္ႏွာျဖင့္ သက္ပိုင္အားေဒါသထြက္စြာၾကည့္လာ၏။
"မင္းဘာေစာက္႐ူးထေနတာလဲ
ေအာင္သက္ပိုင္!!
မင္း ေဇယ်ာကိုလည္း အခုလိုမေလးမစားလုပ္လိုက္
သလို ငါ့ကိုလည္း လမ္းလည္ေခါင္မွာနမ္းေသးတယ္။ဒါကလည္း ငါတို႔နဲ႔သိကြၽမ္းတဲ့သူရဲ႕အေ႐ွ႕တည့္တည့္မွာ!!"
ေလးေလးငယ္က သူ႕ကိုေအာ္ဟစ္လာမွ ေလးေလးငယ္၏မ်က္ႏွာနီေနရျခင္းမွာ ႐ွက္ေသာေၾကာင့္မဟုတ္ပဲ ေဒါသထြက္ေနျခင္းေၾကာင့္ဆိုတာသိလိုက္ရေလသည္။
"အဲ့ေကာင္က ေလးေလးငယ္ကိုၾကံေနတာ!"
"မင္းထင္ရာေလွ်ာက္မေျပာနဲ႔သက္ပိုင္၊မင္းသဝန္တိုတာနားလည္ေပမဲ့
ဒီေလာက္အထိက် လြန္တယ္လို႔မင္းမထင္ဘူးလား"
"ဟက္!လြန္တယ္လို႔ ေလးေလးငယ္ကေျပာလိုက္တာလား၊
ကြၽန္ေတာ့္အတြက္ေတာ့ ဒါကပါးပါးေလး႐ွိေသးတာ ေလးေလးငယ္က ကြၽန္ေတာ့္အပိုင္၊ကြၽန္ေတာ့္ရဲ႕အပိုင္ကိုထိေနတာကိုကြၽန္ေတာ္က ျပဳံးျပဳံးႀကီးၾကည့္ရမွာလား လက္ခုပ္လက္ဝါးတီးၿပီးအားေပးေနရမွာလား"
"မင္းငါ့ကိုပိုင္ေၾကာင္းျပခ်င္တာနဲ႔ပဲ
သူ႕အေ႐ွ႕မွာနမ္းလိုက္တယ္ေပါ့ေလ...အဲ့တာကိုသင့္ေတာ္တယ္လို႔မင္းကထင္ေနတာလား!"
"ေနပါဦး၊ ေလးေလးငယ္ကဘာလို႔ကြၽန္ေတာ့္ေအာ္ေနရတာလဲ...ကြၽန္ေတာ္က ေလးေလးငယ္ရဲ႕ေယာက်္ားမဟုတ္ဘူးလား။ ေလးေလးငယ္ကသူ႕အတြက္နဲ႔ကြၽန္ေတာ့္ကိုေအာ္ေနတာလား"
"မင္းဘာလို႔ဒီေန႔အဲ့ေလာက္ကေလးဆန္ေနရတာလဲ၊႐ုတ္တရက္ႀကီး
စားေသာက္ဆိုင္ကိုေရာက္လာတယ္၊ၿပီးေတာ့ အေၾကာင္းမ႐ွိပဲ ျပႆနာထ႐ွာတယ္"
သက္ပိုင္ ထိုစကားကိုၾကားလိုက္ရခိုက္တြင္ေတာ့ ေခါင္းအားငုံ႔ခ်လိုက္မိသည္။
"ကြၽန္ေတာ္ေစာေစာျပန္လာဖို႔ေျပာလိုက္တယ္....ေစာင့္ေနခဲ့တာ။အိမ္မွာကြၽန္ေတာ္က ေစာင့္ေနတာကိုေလးေလးငယ္က ဒီမွာအျခားေကာင္တစ္ေကာင္နဲ႔ လာေပ်ာ္ေနတယ္ေလ"
"ေအာင္သက္ပိုင္!!"
သက္ပိုင္ တခ်က္တြန္႔သြားမိသည္။
"အရင္ေန႔ေတြတုန္းကလည္း ငါေနာက္က်တာပဲေလ ဘာလို႔ဒီေန႔မွ..."
ဤစကားဟာ သက္ပိုင္အတြက္ဘယ္ေလာက္ ထိခိုက္ႏိုင္စြမ္း႐ွိမွန္းေလးေလးငယ္တကယ္မသိေလေရာ့သလား။
သက္ပိုင္ နာက်င္စြာ တခ်က္ရယ္လိုက္ရင္း ေလးေလးငယ္ဆီမွအၾကည့္လြဲလိုက္မိသည္။
"ေလးေလးငယ္ေမ့ေနခဲ့တာပဲ"
"ဘာ?"
"ကြၽန္ေတာ္တစ္ေယာက္တည္း ဒီေန႔အတြက္စိတ္လႈပ္႐ွားမိေနတာလား"
စိုင္း သက္ပိုင္ကိုအတည္နားမလည္ေတာ့ေခ်။
ဒီေကလး တကယ္ဘာျဖစ္ခ်င္ေနတာလဲ။ခုနကတင္ ေအာ္ဟစ္ေနၿပီးအခုက်႐ုတ္တရက္ႀကီးၿငိမ္က်သြားျပန္တယ္။
တကယ္ပဲ ဒီေန႔ကဘာေန႔မို႔လို႔လဲ။စိုင္း၏ဦးေႏွာက္ထဲ ခဏကတင္
ျဖစ္ပ်က္သြားသည့္ အျဖစ္အပ်က္နဲ႔တင္ေခါင္း႐ႈပ္ေနသည္ကို ဒီေန႔ဘာေန႔မွန္းျပန္လည္စဥ္းစားရသည့္အခါတြင္ေတာ့တကယ့္ပင္ထူပူလာေလသည္။
ထိုအခ်ိန္မွာပဲ သက္ပိုင္ဆီကေန အသံတိုးတိုးေလးတစ္သံထြက္လို႔လာ၏။
"ဒီေန႔က ကြၽန္ေတာ္တို႔လက္ထပ္တာတစ္ႏွစ္ျပည့္ေလ"
သက္ပိုင္က သူ႕အားေမာ့ၾကည့္လာခိုက္ သက္ပိုင္၏မ်က္လုံးအိမ္မ်ားထဲတြင္မ်က္ရည္မ်ားကျပည့္ႏွက္ေနခဲ့ၿပီး ပါးျပင္ထက္သို႔ ဒလေဟာစီးက်ေနခဲ့၏။
စိုင္း အခုမွကိုယ့္ကိုယ္ကိုယ္တိုင္နဲ႔ေခါင္းနဲ႔ေျပးေဆာင့္ခ်င္ေတာ့သည္။
သူဘယ္လိုလုပ္ေမ့ႏိုင္ရတာလဲ...။
"သက္ပိုင္...ငါ"
စိုင္း သက္ပိုင္၏လက္အားကိုင္ရန္ လက္လွမ္းေပမဲ့ သက္ပိုင္က
ေျခတလွမ္းဆုတ္သြားကာ ေ႐ွာင္သြား၍ စကားအခ်ိဳ႕ကိုထပ္မံေျပာလာ၏။
"ေလးေလးငယ္သိလား....ကြၽန္ေတာ္က တကိုယ္ေကာင္းဆန္တယ္၊ေလးေလးငယ္ကိုအျခားသူေတြထိတာမႀကိဳက္ဘူး၊ေလးေလးငယ္ကို ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ကမ္ဘာထဲမွာဖြက္ထားခ်င္တာ။
ကြၽန္ေတာ္ရဲ႕စိတ္ထားက အရမ္းေသးသိမ္တာ...ေလးေလးငယ္ကိုအဲ့ေကာင္ထိလိုက္တုန္းက ကြၽန္ေတာ္အသိစိတ္ပါလႊတ္ထြက္ေတာ့မလို႔၊
ဒါေပမဲ့ ေလးေလးငယ္က ကြၽန္ေတာ့္ရဲ႕အဲ့လိုအျပဳအမူေတြကိုမႀကိဳက္မွန္းသိလိုက္ရေတာ့ ဝမ္းနည္းတယ္....
ေတာင္းပန္ပါတယ္ အရမ္းေလာဘႀကီးမိသြားတယ္"
သက္ပိုင္က ထိုကဲ့သို႔ေျပာရင္း သူ၏ကားဆီသို႔ ခ်က္ခ်င္းလွည့္ထြက္သြားေလသည္။
စိုင္းတားခ်င္ေပမဲ့ မတားဝံ့ေခ်။ဒီကိစၥမွာသူမွားတာမဟုတ္လား သက္ပိုင္ကိုစိတ္မဆိုးဖို႔မေျပာရဲပါေပ။
သူ႕အားေက်ာခိုင္းသြားေသာ သက္ပိုင္အားၾကည့္ရင္း သူ၏ႏွလုံးသားအားဆြဲထုတ္သြားသလိုခံစားရ၏။
စိုင္း သက္ပိုင္ထြက္သြားၿပီးေတာ့ခ်က္ခ်င္း အိမ္သို႔ျပန္လာခဲ့လိုက္သည္။အိမ္ေရာက္မွသက္ပိုင္အား ေခ်ာ့မည္ေပါ့။
သို႔ေပမဲ့ အိမ္ေ႐ွ႕တြင္ သက္ပိုင္၏ကားလည္းမ႐ွိသလိုအိမ္ေပါက္ဝမွာလည္း သက္ပိုင္၏ဖိနပ္က႐ွိမေနေခ်။
စိုင္း
အိမ္တံခါးဖြင့္ဖြင့္ခ်င္းေတြ႕လိုက္ရသည့္ အျပင္အဆင္ေတြက သူ႕အားထိတ္လန္႔သြားေစသည္။
ဘယ္ေလာက္ေတာင္လဲဆိုရင္ သူ၏ႏွလုံးသားပါအျပင္သို႔ခုန္ထြက္မတက္ပင္။
ေသသပ္ၿပီးလွပလြန္းသည့္အျပင္အဆင္မ်ားႏွင့္ စားပြဲထက္႐ွိ အစားအေသာက္မ်ားက ထည္ထည္ဝါဝါ။
ေစာေစာျပန္လာဖို႔ေျပာခဲ့တာ
ဒါေၾကာင့္ေပါ့။
*ကြၽန္ေတာ္ တစ္ေယာက္တည္းဒီေန႔အတြက္စိတ္လႈပ္႐ွားေနမိတာလား*
သူတို႔ႏွစ္ေယာက္ တႏွစ္ျပည့္လက္ထပ္ပြဲအထိမ္းအမွတ္ကိုလည္းေမ့ေနသည့္အျပင္ သက္ပိုင္အားကေလးဆန္လို႔
ဆူပါဆူလိုက္ေသးသည္။
သူတကယ့္ကိုအႀကီးႀကီးမွားသြားတာပင္။
သူ႕ကေလးေလးက တကယ္ကိုျပင္ဆင္ထားခဲ့တာကို။
စိုင္း သက္ပိုင္အားဖုန္းေခၚလိုက္ေတာ့ တဖက္ကခ်က္ခ်င္းဖုန္းအားခ်ပစ္လိုက္၏။
အခါခါေခၚေသာ္လည္း အခါခါခ်ပစ္လိုက္ျခင္းကိုခံရ၏။
မက္ေဆ့ခ်္ပို႔ေတာ့လည္း သူ႕အား
ဘေလာ့ထားေသာေၾကာင့္ ဆက္သြယ္၍
မရ႐ွိေနျပန္သည္။
ေနာက္ဆုံးေတာ့ စိုင္း သက္ပိုင္ျပင္ေပးထားတဲ့စားပြဲရဲ႕တဖက္မွာထိုင္လိုက္ရင္း
သူ၏မ်က္ႏွာခ်င္းဆိုင္မွ ထိုင္ခုံအလႊတ္အားၾကည့္လိုက္၍ ခပ္တိုးတိုးေျပာလိုက္၏။
"ေလးေလးငယ္ ေတာင္းပန္ပါတယ္"
ထို႔ေနာက္ မ်က္ရည္ေတြက အဆက္မျပတ္စီးက်လာ၍ စိုင္းတစ္ေယာက္ထိုေနရာတြင္ငိုလိုက္မိသည္။
သက္ပိုင္လည္း ငိုေနခဲ့တာ တကယ့္ကိုနာနာက်င္က်င္နဲ႔။
မင္းကေသသင့္တဲ့ေကာင္ပဲ စိုင္းေအာင္မင္းခန္႔။
တကယ္လို႔ သူတို႔သာဒီေန႔ရန္မျဖစ္ခဲ့ရင္ သက္ပိုင္ကသူ႕အေ႐ွ႕ကထိုင္ခုံမွာထိုင္ၿပီး သူနဲ႔အတူ အရသာ႐ွိတဲ့အစားအေသာက္ေတြကိုစားရင္း ေပ်ာ္ေနေလာက္လား။
စိုင္း အိပ္ရာဝင္ေတာ့ လည္း သူ၏ေဘး၌သက္ပိုင္႐ွိမေနသျဖင့္ တခုခုလိုေနသလိုခံစားေနရ၏။
သက္ပိုင္ႏွင့္လက္ထပ္ၿပီးကတည္းကအခုလိုခြဲမအိပ္ဖူးေပ။
ဘယ္ေလာက္စိတ္ဆိုးစိတ္ဆိုး အိပ္ခ်ိန္ေရာက္လွ်င္အၿမဲ ျပန္တည့္ၾကသာႀကီးသာ။အခုလိုႀကီးႀကီးမားမားျပႆနာျဖစ္တာဆိုလို႔ ဒီတေခါက္သာ႐ွိဖူးေလသည္။
စိုင္း သက္ပိုင္၏ေခါင္းအုံးေလးအားဖက္လိုက္ရင္း အိပ္ေပ်ာ္ေအာင္ႀကိဳးစားလိုက္၏။
ဒါေပါ့ သက္ပိုင္၏ရင္ခြင္ကဘယ္အရာကမွပိုမေကာင္းႏိုင္ေခ်။
ဒီလိုနဲ႔ သက္ပိုင္အိမ္ေပၚကေနဆင္းသြားတာႏွစ္ရက္႐ွိၿပီျဖစ္၍ အခုထက္ထိစိုင္းအားအဆက္အသြယ္မလုပ္ေသးေခ်။
ဒီေကာင္ေလးအဲ့စိတ္ေကာက္တတ္မွန္းအခုမွသိတယ္။
မင္းကိုလြမ္းတယ္အသက္...။
ဒီေန႔မွမင္းျပန္မလာရင္ မင္းမႀကိဳက္တဲ့ေဆးလိပ္ေတြငါေသာက္ပစ္ေတာ့မွာ။
စိုင္း အရက္ခြက္အားဝုန္းကနဲ စားပြဲထက္သို႔ပစ္ခ်လိုက္ေတာ့ ဘားအတြင္း႐ွိလူတိုင္းကလန္႔ဖ်န္႔သြားၾက၏။
"ဗ်ိဳ႕ ကိုယ္လူအဆင္ေျပရဲ႕လား"
နည္းနည္းယိုင္နဲ႔ေနသည့္ အမူးသမားတစ္ေယာက္သူ႕အားေမးလာျခင္းျဖစ္သည္။
"အိမ္က လူနဲ႔ရန္ျဖစ္လာတာလား"
"အင္း"
"အင္း မိန္းမေတြကနည္းနည္းပြားတယ္"
"ေယာက်္ား"
စိုင္းခပ္တည္တည္ပင္ျပန္ေျဖလိုက္၏။
ထိုအခါ အမူးသမားကမယုံၾကည္စြာျဖင့္
"ဘာႀကီး"
"အိမ္က မိန္းမ မဟုတ္ဘူး၊ေယာက်္ားနဲ႔ရန္ျဖစ္လာတာ"
သူ႕စကားကိုၾကားေတာ့ ထိုအမူးသမားအထင္ေသးစြာျဖင့္မ်က္ခုံးအားပင့္ကာၾကည့္၏။
"ဟ မင္းကေသာက္က်ိဳးနည္းအေျခာက္ႀကီးလား..ငါကတက္တူးေတြနဲ႔ဆိုေတာ့ က်ားက်ားယားယားႀကီးထင္ေနတာ၊တကယ္ေတာ့ေဂးေကာင္ျဖစ္ေနတာပဲ"
စိုင္း ဂ႐ုမစိုက္မိ။
"ဦးေႏွာက္မ႐ွိတဲ့ေကာင္ေတြနဲ႔ၿပိဳင္မျငင္းနဲ႔လို႔သက္ပိုင္ကေျပာထားတယ္"
"ေယာက်္ားစကားသိပ္နားေထာင္တယ္ေပါ့ေလ၊တက္တူးႀကီးနဲ႔ေယာက်္ားခ်င္းလက္ထပ္ရတယ္လို႔ လူၾကားလို႔မွမေကာင္း"
"ၾကားမေကာင္းရင္နားပိတ္ထားေလ"
"ဘာၾက ေစာက္ေျခာက္ကမ်ားငါ့ကို"
ေျပာေျပာဆိုဆိုႏွင့္ စိုင္း၏ပုခုံးအားဆြဲလွည့္လာေသာေၾကာင့္ ေဘးနားကအရက္ပုလင္းကို ကိုင္ၿပီး ထိုအမူးသမား၏ေခါင္းအား႐ိုက္ခ်ပစ္လိုက္၏။
ခလြမ္းဆိုေသာ ပုလင္းကြဲသည့္အသံႏွင့္အတူ ဘားတစ္ခုလုံးက ႐ွဴး႐ွဴး႐ွဲ႐ွဲျဖစ္သြားၾက၏။
အ႐ိုက္ခံလိုက္ရေသာ အမူးသမားက
ေတာ့ ၾကမ္းျပင္ေပၚသို႔လဲက်သြားသည္။
စိုင္း ပုလင္းကြဲအား လႊင့္ပစ္လိုက္ရင္း
ၾကမ္းျပင္ထက္၌ လဲက်ေနေသာ လူအား အေသအေက်ထိုးေလေတာ့သည္။
"ငါ့ေယာက်္ားက ၿပိဳင္မျငင္းဖို႔ပဲေျပာတာ၊ ၿပိဳင္မထိုးနဲ႔လို႔ေတာ့မေျပာထားဘူး"
ထိုအခ်ိန္မွာ အမူးသမား၏သူငယ္ခ်င္းမ်ားကျဖစ္ဟန္တူသည္သူမ်ားက သူ႕အနားသို႔ ေျပးလာသည့္ခ်က္ခ်င္းထလိုက္၍ ထိုထဲမွတစ္ေယာက္က ေျခေထာက္ျဖင့္ပိတ္ကန္လိုက္၏။
အကန္ခံလိုက္ရေသာသူမွာ အျခားတဖက္သို႔လႊင့္ထြက္သြား၍ ျပန္ပင္မထႏိုင္ေတာ့ေခ်။
ဒီလိုႏွင့္ ဘားအတြင္း၌ ရန္ပြဲႀကီးတစ္ခုက အႀကီးအက်ယ္ျဖစ္သြား၍ လုံျခဳံေရးမ်ားပင္ေရာက္လာေလ၏။
ထို႔ေနာက္ သူတို႔အကုန္လုံး ရဲစခန္းသို႔အပို႔ခံလိုက္ရေလသည္။
စိုင္းကေတာ့သိပ္ၿပီးဂ႐ုမစိုက္မိ ရဲမ်ားလက္ေလးတခ်က္လုပ္႐ုံနဲ႔အလုပ္ပါျဖဳတ္ပစ္လိုက္လို႔ရတယ္။
ဘယ္ေကာင္ကသူ႕ကိုေထာင္ထဲဖမ္းရဲသလဲ။
ရဲစခန္းမွာ စစ္ေမးေနတုန္းမွာပဲ ႐ုတ္တရက္ရဲစခန္းထဲသို႔ အေလာတႀကီးေျပးဝင္လာသည့္ လူေၾကာင့္ အေပါက္ဝဘက္သို႔လူတိုင္းကေခါင္းလွည့္ၾကည့္မိၾက၏။
"ေလးေလးငယ္!!"
သက္ပိုင္က စိုးရိမ္တႀကီးေျပးလာ၍ စိုင္း၏အေ႐ွ႕တြင္ဒူးေထာက္ကာထိုင္ခ်လိုက္၏။
စိုင္း သက္ပိုင္ကိုေတြ႕ေတာ့ ခ်က္ခ်င္းမ်က္ဝန္းမ်ားက ႏူးညံသြား၍
"သက္ပိုင္"
အထိုးခံထားရေသာ အမူးသမားမ်ားကေတာ့ စိုင္း၏ေျပာင္းလဲမႈကိုၾကည့္ၿပီးသူတို႔ကိုမေသ႐ုံတမယ္႐ိုက္လိုက္သည့္ မြန္းစတားႀကီးေကာဟုတ္ပါရဲ႕လားလို႔ေတြးမိၾက၏။
"ရန္ျဖစ္တယ္ဆို ဘယ္နားထိသြားေသးလဲဟင္"
"အသက္"
"ဗ်ာ"
စိုင္းက ခ်က္ခ်င္း သက္ပိုင္ေပၚသို႔မွီခ်လိုက္ေသာေၾကာင့္ သက္ပိုင္မွာထိပ္ထိပ္ျပာျပာျဖစ္သြားရသည္။
"ဘာျဖစ္တာလဲဟင္ ေလးေလးငယ္၊
ေခါင္းနာလို႔လား...ေခါင္းထိသြားတာလား"
ထို႔ေနာက္ သက္ပိုင္ကတဖက္မွ ေလးေလးငယ္ႏွင့္ရန္ျဖစ္သည့္ သူမ်ားအား သတ္ေတာ့ျဖတ္ေတာ့မည့္ပုံစံႏွင့္ၾကည့္လိုက္ရင္း
"မင္းတို႔ ေလးေလးငယ္ကိုဘာလုပ္လိုက္တာလဲ?!"
တဖက္ကလူမ်ားမွာ ျပန္ေျဖခ်င္ေဇာေလာကုန္ၾက၍ တစ္ေယာက္တစ္ေပါက္ေျဖလာၾကေလသည္။
ပိုဆိုးသည္က သြားမ်ားက စိုင္းေၾကာင့္
ကြၽတ္ထားသျဖင့္ စကားေတြမွာမပီပဲ႐ွိၾကရာ နားေထာင္သူအား
တံေတြးမ်ားပင္စင္ေတာ့မည့္ဆဲဆဲ ျဖစ္ေနေလသည္။
သက္ပိုင္ေလးေလးငယ္အား ဖက္လိုက္ရင္း ေက်ာအားအသာပုတ္လိုက္၏။
"ခဏေလးေနာ္ ကြၽန္ေတာ္႕အတြင္းေရးမႉးက စကားေျပာေနတယ္၊သူတို႔လက္ခံတာနဲ႔ကြၽန္ေတာ္တို႔ျပန္ၾကမယ္"
ခဏအၾကာေတာ့ သက္ပိုင္၏အတြင္းေရးမႉးက သြားလို႔ရၿပီျဖစ္ေၾကာင္းေျပာလာ၍ သက္ပိုင္လည္းေလးေလးငယ္ကိုေခၚ၍ ထိုေနရာမွထြက္လာခဲ့လိုက္ေတာ့သည္။
သူ႕ေလးေလးငယ္ရန္ျဖစ္တယ္ၾကားေတာ့ တကယ္စိတ္ပူေနခဲ့တာမဟုတ္လား။
"သက္ပိုင္"
"ဗ်ာ"
"လြမ္းေနတာ"
သက္ပိုင္၏ ေျခလွမ္းက ေလးေလးငယ္၏စကားေၾကာင့္တန္႔ကနဲျဖစ္သြား၏။
******
Alexander_AN
Oct.22.2023
A/N- သက္ပိုင္တို႔ကလည္းၿပီးဖို႔ အပိုင္းအနည္းငယ္ပဲလိုေတာ့တာမို႔လို႔ဇာတ္ၫႊန္းအသစ္ေရးေနတာနဲ႔ အပိုင္းအသစ္တင္ဖို႔ကိုေမ့ေနတာ😭
အညိဳေတာ့ အသစ္ကေလးကိုေရးဖို႔စိတ္လႈပ္႐ွားေနသလို အသက္ကေလးတို႔အတြက္လည္း ေပ်ာ္စရာဇာတ္သိမ္းေလးျဖစ္ေအာင္ႀကိဳးစားဖန္တီးေနပါတယ္ဗ်။
*******