အခန်း ၁၇၉ ဝေဟင်ကဘာလုပ်နိုင်လဲ။
ကောင်းရွှယ်ပင်း၏ ဒေါသတကြီးဖြစ်နေသော အမှုအရာကို မြင်သောအခါ ဇွန့်ဝမ်နှင့် ချမ်းကျင်းရီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ ဒီတစ်ချိန်တွင်လည်း ဘလိုပြဿနာလာရှာမည်ကို နားမလည် နိုင်ကြတော့ချေ။
"လုယောင်ယောင် "
ကောင်းရွှယ်ပင်းက ယဲ့ကျန်းကို လှမ်းအော်သည်။
"မိန်းကလေးကောင်း တို့ဘာများကူညီပေးရမလဲ"
ယဲ့ကျန်းကလည်း ယဉ်ကျေးစွာသာ ပြန်ဖြေသည်။
ဇွန့်ဝမ်နှင့် ချမ်းကျင်းရွီတို့က ကောင်းရွှယ်ပင်း တစ်ယောက်တည်း ရောက်လာခြင်းမဟုတ်သည့်အတွက် အံ့ဩ သွားသည်။ ဒီတစ်ချိန်တွင် သူမဟာ ရွှီဝှေးရွီနှင့် မင်းသမီးလျိုဟွားကို ခေါ်လာသည်။
ယဲ့ကျန်းက မဖိတ်ခေါ်ထားသော ဧည့်သည်များကို မြင်ရသည့်တိုင်အောင် တောက်ပစွာပြုံးနေသေးသည်။
အနားသို့ရောက်လာသည်နှင့် ကောင်းရွှယ်ပင်းက လက်ညှိုးထိုးပြီး ဒေါသတကြီး အော်သည်။
" နင်ဘလိုတောင်လုပ်ရဲတာလဲ အရှက်မရှိဘူး နင်ငါ့ကိုဒီလိုဆိုးရွားတဲ့နည်းလမ်းနဲ့ မောင်းထုတ်မယ်လို့ မထင်ထားမိဘူး။ လုယောင်ယောင် ဟွန်း နင်အရမ်းတော်တယ်ထင်နေတာလား"
ယဲ့ကျန်း၏အမူအရာကမူ အပြစ်ကင်းစင်နေသေးသည် ။
"မိန်းကလေးကောင်း တို့လည်း မင်းကတို့နဲ့တစ်ခန်းတည်းမနေချင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းမေးခဲ့ပြီးပါပြီ၊ တို့မှာလည်း ဒါကိုဖြေရှင်းနိုင်တဲ့နည်းလမ်းရှိတယ်လို့ ပြန်ပြောခဲ့တာဘဲမဟုတ်ဘူးလား "
"ရွှယ်ဘင်းရေ မင်းမျှော်လင့်မထားဘူး မဟုတ်လား။ ဒီမိန်းကလေးက ကုန်သည်မိသားစုက မွေးလာတာ ၊ ဒီတော့ ပိုက်ဆံနဲ့ဖြေရှင်းရတာကို သဘောကျတယ် အကယ်ဒမီမှာတောင်မှ ကုန်သည်စွမ်းရည်တွေကို သုံးနေတုန်းဘဲ လေ"
လျိုဟွားက စိတ်အချဉ်ပေါက်စွာ ပြောလာသည်။
ရွှီဝှေးရွီကမူ လျိုဟွား၏အနားတွင် တိတ်ဆိတ်နေသည်။ သူမဟာ မင်းသမီးနှင့် ဆိုးဆိုးရွားရွားမိတ်ဆွေဖြစ်ခင်က တည်းက မင်းသမီးပြောသမျှဟာ မှန်ကန်ခြင်းရှိရှိ မရှိရှိနာခံပြုံးပြရမလိုဖြစ်နေသည်။
"ငွေသားတွေရှိတာဘယ်လောက်ကောင်းလိုက်သလဲ"
ယဲ့ကျန်းက တခစ်ခစ်ရယ်ပြီး လျိုဟွားကို စိုက်ကြည့်လိုက်သည်။
"အစောပိုင်းခေတ်ကတည်းက ငွေသားက ကပ်ဘေးတွေကို ဖြေရှင်းဖို့ အသုံးပြုလေ့ရှိကြတယ်။ "ဒါကိုတို့က ဒီ တစ်ကြိမ်မှာ သုံးတာ ဘာများမှားနေလို့လဲ။ လုမိသားစုက ဒီလိုမျိုးအသုံးပြုတဲ့အချိန်မှာ အဆင့်နိမ့်ရာ ရောက်ပြီး တော့ မင်းသမီးက အသုံးပြုတဲ့အချိန်မှာတော့ မြင့်မြတ်သွားတယ်လို့ ဆိုလိုတာပါလား"
ကောင်းရွှယ်ပင်း၏ မျက်နှာက ဒေါသကြောင့် နီရဲနေသည်။ သူမဟာ ကျော်ကြားသော မိသားစုကောင်းတစ်ခုမှ ဖြစ်သော်လည်း သူမဟာ ထိုအဆင့်အတန်းနှင့်မမှီလောက်အောင် ဒေါသကြီးသည်။ အမျိုးသမီးအကယ်ဒမီ ဝင် ခွင့်ရခဲ့ခြင်းက သူမ၏မိသားစုဟာ တော်ဝင်မင်းသမီးနှင့် မင်းသမီးလျိုဟွားကို အသားကုန် ဖားယားကာ လက် ဆောင်များပေးခဲ့ခြင်း ကြောင့် ဖြစ်သည်။
အနာဂတ်တွင်သူမက တော်ဝင်သမားတော်ဖြစ်ရန် မျှော်လင့်ထားသည်။ တစ်နည်းအားဖြင့် မိသားစုကို အောင် မြင်ကျော်ကြားမှုအဆင့်အတန်းများကို ယူဆောင်ခြင်းပေးနိုင်ရန် မျှော်လင့်ထားသည်။ ဖြစ်နိုင်သည်မှာ သူမ၏ ကံကြမ္မာက ကောင်းမွန်နေပြီး ဧကရာဇ်၏အာရုံကိုပင်ဖမ်းစားကာ နန်းတော်ထဲတွင် ဝင်ခွင့်ရလာသည်။
"ဒါပေမဲ့ ငါအခွင့်အရေးလိုအပ်နေတယ် "
မမျှော်လင့်ထားစွာပင် လုယောင်ယောင်ဟာလည်း သူမနှင့် တစ်ချိန်တည်းအလိုလိုဝင်လာမည်ဟု မထင်ထားမိ ချေ။ လုယောင်ယောင်ကို စမြင်ကတည်းက ခြိမ်းခြောက်မှုကိုခံလိုက်ရသည်။
ဒီတစ်ယောက်က အလိုလိုနေရင်း တောက်ပလွန်းနေတယ်။ သူ့အနားမှာ ဘယ်သူဘဲရပ်နေရပ်နေ တောက်ပမှုအ ရောင်က ဆုံးရှုံးရမှာဘဲ။
" နင်ပြောတော့ နင်ရွှေ့ပြောင်းဖို့ နည်းလမ်းကောင်းရှိတယ်လို့ ရှင်းရှင်းလင်းလင်းပြောသွားခဲ့တာမဟုတ်ဘူးလား။ ဘလိုဖြစ်ပြီး စကားက ပြောင်းပြန်ဖြစ်သွားတာလဲ"
ယဲ့ကျန်း၏ ကောက်ကျစ်မှုကို တွေးလေလေ သူမက ဒေါသထွက်လာလေလေဖြစ်လာသည်။
" အာ တို့က အဲ့ဒီလိုများ ပြောခဲ့မိလို့လား "
ယဲ့ကျန်းက အံ့ဩသွားဟန် ဖြစ်သွားသည်။
"တို့တော့ အခန်းက ကောင်းတယ်လို့ထင်တာဘဲ မင်းက တို့နဲ့မနေချင်မှတော့ တို့က ဒီနေရာကိုတစ်ယောက် တည်းနေနိုင်အောင် ငွေပိုပေးလိုက်တယ်လေ ဘလိုဘဲဖြစ်ဖြစ် အရင်ရက်က တို့ငွေထည် တွေအများ ကြီးရထား တော့ ကောင်းကောင်းသုံးဖို့ နေရာလိုအပ်နေရုံဘဲရှိတာ"
လျိုဟွား၏မျက်နှာက မဲ့လာသည်။ ယဲ့ကျန်းရထားသောပိုက်ဆံက မည်သည့်နေရာက လာတယ်ဆိုတာ သူမ ကောင်းကောင်းသိသည်။ အရာအားလုံးက သူမ၏ငွေသားများဖြစ်သည်။
မင်းသမီးလျိုဟွားက ယဲ့ကျန်းကို လိုက်ကြည့်သည် " လုယောင်ယောင် နင်နန်းတော်ထဲမှာရတဲ့ ပါးရိုက်ချက်က မနာဘူးလား"
အခြားမိန်းကလေးများက ထိုစကားကို ကြားသောအခါ အံ့ဩသွားကြသည်။ ထို့နောက် သူမ၏မျက်နှာကို ကြည့် လိုက်ကြသည်။
" စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မနေ့က မတော်တဆ တို့ရဲ့မျက်နှာက ထိခိုက်သွားတယ် ဒါပေမဲ့ ဒီ နေ့ မယ်တော်ကြီးကိုယ်တိုင် ချီးမြှင့်ပေးတဲ့ နှင်းကြာပန်းလိမ်းဆေးဆီကြောင့် မနာကြင်တော့ပါဘူး"
သူမ၏အသံက လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
လျိုဟွားက ယဲ့ကျန်း၏မျက်နှာကို စူးစိုက်ကာ ကြည့်သည်။ မှန်ကန်စွာပင် ထိုနေရာပင် မည်သည့် လက္ခဏာမှပင် မရှိတော့ချေ။
မယ်တော်ကြီးက အဖိုးတန်တဲ့ လိမ်းဆေးဆီတောင်ပေးလိုက်သေးလား။
သူမ၏ နှလုံးသားထဲတွင် မနာလိုမှုက မြင့်တက်လာသည်။ သူမဟာ မယ်တော်ကြီးထံမှ ချစ်ခင်သဘောကျမှုကို အချိန်တန်ကြာ ကြိုးစားခဲ့ရသည်။ ထိုသို့သော အထူးတလည်ဆက်ဆံခံရမှုမျိုးကို မပိုင်ဆိုင်ခဲ့ဘူးသေးချေ။ ယဲ့ကျန်းကမူ ပထမဦးဆုံးတွေ့သည့်နေ့မှာတင် ထိုသို့လုပ်နိုင်ပေသည်။
" လုယောင်ယောင် နင်အကယ်ဒမီထဲကိုလာပြီး မင်းကို ဝမ်ဖေးကိုခုတုန်းလုပ်ပြီး အနိုင်ယူကြည့်လို့ရမယ်မထင် နေနဲ့ " မင်းသမီးတို့က ဘယ်သူ့ကိုမှ အနိုင်မကျင့်ပါဘူး။ မိန်းကလေးကောင်းက တစ်ယောက်တည်းနေချင်ရင် တို့က ဒေါ်လေးဝမ်ကို ပေးထားတဲ့ ပိုက်ဆံကို ပြန်ရအောင်ယူပြီး တို့ကို ကြည်ကြည်သာသာထွက်သွားခိုင်းလိုက် တာက မကောင်းဘူးလား" ယဲ့ကျန်းကတည်ငြိမ်စွာပြောလိုက်သည်။
ကောင်းရွှယ်ပင်း နှာခေါင်းရှုံ့သည်။
"ဟွန်း နင်ကဘယ်လောက်ပေးလိုက်လို့လဲ" "တစ်သောင်းထောင့်နှစ်ရာပါ" ယဲ့ကျန်းက ပြောသည်။
ကောင်းရွှယ်ပင်းက ပိုက်ဆံကိုရအောင်ယူနိုင်လျှင်ပင် သူမက အကျိုးအမြတ်ရအုံးမည်ဖြစ်သည်။
" နင်... "ကောင်းရွှယ်ပင်းမျက်နှာက ဖြူဖျော့သွားသည် သူမတွင် အခန်းခကို ပေးချေပြီးလျှင်ပင် ငွေလျှမ်းတစ် ဆယ်ကျော်သာ ကျန်ရစ်တော့သည်။ သို့သော် ယဲ့ကျန်းကမူ ထောင့်နှစ်ရာပင်သုံးလိုက်သည်။
လျိုဟွားက ကောင်းရွှယ်ပင်းကို ကြည့်သည် "ဟွန်း ဒီမိန်းကလေးကို ပိုက်ဆံပေးပြီးမောင်းထုတ်လိုက်" ကောင်းရွှယ်ပင်းက ဒုက္ခများသွားသည်။
ငါက အဲ့ဒီထောင့်နှစ်ရာကို ဘယ်ကရမှာလဲ ငါဒီပမာဏအများကြီးရမယ်ဆိုရင်တောင်မှ ဒေါ်လေးဝမ်က လက်ခံ မှာမှမဟုတ်တာ။
ကောင်းရွှယ်ပင်းက ဒေါ်လေးဝမ်ထက် ချဉ်းကပ်ခဲ့ချိန်က ဒေါ်လေးဝမ်ဟာ ကျောင်းမှတာဝန်ခံများထဲမှ တစ် ယောက်ဖြစ်ကြောင်း မသိခဲ့ဘဲ အစေခံဟုသာထင်သဖြင့် ရိုင်းပျခဲ့သည်။ ထိုအမျိုးသမီးအိုကြီးကိုပင် သူမက အစေခံတစ်ယောက်လို မောက်မာစွာဖြင့်ပြောခဲ့သည်။ မင်းသမီးလျိုဟွားက ထိုဒေါ်လေးဝမ်ကို ယဉ်ကျေးစွာပင် ဦးညွတ်မှသာသူမက အခြေအနေကို နားလည်သွားခဲ့ခြင်းဖြစ်သည်။
သို့သော် အားလုံးက နောက်ကျသွားခဲ့လေသည်။ ဒေါ်လေးဝမ်ဟာ စိတ်ပျက်နေသည်။
" ဘာပဲဖြစ်ဖြစ် မင်းသမီးလျိုဟွားက မိန်းကလေးကောင်းရဲ့ကိုယ်စား ငွေထည်ကိုယ်စားပေးလို့ရနေတာဘဲ "ယဲ့ကျန်းက အကြံပေးလိုက်သည်။
လျိုဟွားဟာ ယဲ့ကျန်းကို မုန်းတီးစွာစိုက်ကြည့်လာသည်။
ဒီမနက်အစောပိုင်းတွင် သူမ၏ မိခင်က မင်းသားငယ်ထံ ငွေလျှမ်းနှစ်သောင်းကို ပေးပို့ခိုင်းခဲ့ရသည်။ ထို့ကြောင့် ရက်အနည်းငယ်ထည်နေတဲ့ တော်ဝင်မင်းသမီးဟာ ငွေလျှန်းသောင်းကျော်ဆုံးရှုံးခဲ့ပြီးသားဖြစ်သည်။ လျိုဟွား အနေနှင့် မိခင်ထံမှ ငွေလျှန်းထပ်တောင်း၍ မဖြစ်နိုင်တော့ချေ။
"ငါက ကောင်းရွှယ်ပင်းကိုယ်စားပေးဖို့ ငွေလျှန်းထောင့်နှစ်ရာကို ဘယ်ကရမှာလဲ"
ကောင်းရွှယ်ပင်းက မင်းသမီးလျိုဟွား၏ စိတ်အခြေအနေကို မသိချေ။ မည်သို့ပင်ဆိုစဉ် ဒီလိုအခြေအနေမျိုးပင် သူမ၏မိတ်ဆွေဖြစ်သူက ဝင်ရောက်ကာ ပြောဆိုလာပေးခြင်းမရှိ၍ အရှက်ရသွားကာ မခံမရပ်နိုင် ဖြစ်သွား သည်။ သူမရှုံးကြောင်း ဝန်မခံလိုလျှင်ပင် အခြားနည်းလမ်းမရှိတော့ချေ။
"ငါက ဘာလို့ နင်နဲ့တန်းတူနိမ့်ချရမှာလဲ ငါနင့်ရဲ့ကစားပွဲမှာ ဝင်ပါဖို့ငြင်းဆန်တယ် လုယောင်ယောင်"
သူမက ထိုသို့ပြောပြီး ထွက်သွားသည်။
လျိုဟွားက ရှေ့နှစ်လမ်းတိုးလာသည်။ ထို့နောက် ယဲ့ကျန်းကို မုန်းတီးစွာ စိုက်ကြည့်ပြီးနောက် ခြိမ်းခြောက် သောလေသံ ဖြင့် ရုတ်တရက် ပြောလိုက်သည်။
" လုယောင်ယောင် နင်အကြာကြီးမောက်မာလို့ ရမယ်ထင်မနေနဲ့ လုမူရွှမ်းက နင့်ကို ငြိမ်းငြိမ်းချမ်းချမ်းနေခိုင်းမှာ မဟုတ်ဘူး လူတိုင်းက သူမကို ကြောက်တယ် သူမနင့်ကို လုပ်လာမဲ့အရာတွေက ပိုပြီးတော့တောင်ကြောက်စရာ ကောင်းလိမ့်မယ်"
ယဲ့ကျန်းက သူမကို ပေါ့ပါးစွာကြည့်သည်။ သူမဘာပြောချင်ကြောင်းနားလည်သည်။
" နင့်ရဲ့ဝမ်ဖေးအမှားက နင့်ကို ဘယ်လိုဆက်ဆံမလဲ ဆိုတာကို ငါစောင့်ကြည့်နေမယ်" လျိုဟွားကပြောသည်။
" မင်းသမီး မင်းသမီးက ဘာလို့ ဝမ်ဖေးကို ကြောက်တာလဲ "
ယဲ့ကျန်းကလည်း သံသယဝင်သွားသလိုမျိုးမေးလိုက်သည်။
လုမူရွှမ်းက မည်သို့သောလူမျိုးဖြစ်ကြောင်း သူမကကောင်းကောင်းသိသည်။ သို့သော် သူမ၏ဝမ်းကွဲဖြစ်နေ သည့်အလျောက် မကောင်းသော စကားများကို အပြင်တွင်ထုတ်ပြောရန်မသင့်ချေ။
လျိုဟွားရဲ့မျက်နှာက ပျက်သွားသည်။ " ငါကဘာလို့ကြောက်ရမှာလဲ" မင်းသမီးက မကြောက်ရင် ဘာလို့ ဝမ်းကွဲညီမရဲ့ရှေ့မှာ မုန်းကြောင်းပြောနေတာပါလိမ့် ဝမ်ဖေးက ကြင်နာတတ်ပြီး နူးညံ့ညင်သာတဲ့ လူမျိုးပါ ဝမ်ဖေးကလူတိုင်းကို အမြဲတမ်းညင်သာစွာ ပြုံးပြတတ်လေ့ရှိတယ် ဝမ်ဖေးရဲ့ ညီမတစ်ယောက်အနေနဲ့ ဝမ်ဖေး ကြောင့် အမြဲတမ်း ဂုဏ်ယူနေခဲ့ရတာပါ ဒါကိုဘယ်လိုများ တို့တွေရဲ့ ကြားကို သွေးခွဲတဲ့စကားမျိုးပြောရတာပါလဲ"
လျိုဟွားက ဒေါသထွက်သွားပြီး ရယ်သည် " နင်က လုမူရွှမ်းကို ဖားနေရင်တောင်မှ နင့်ကိုနန်းတော်ထဲဝင်ခိုင်း မှာမဟုတ်ဘူး" "နောက်ဆုံးတစ်ခေါက်က ဝမ်ဖေးကသာ တို့ကိုနန်းတော်ထဲဝင်ဖို့ ဆင့်ခေါ်ခဲ့တာပါ"
ယဲ့ကျန်း၏မှတ်ချက်က လျိုဟွား၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုဖြစ်သွားသည်။ သူမ၏မျက်လုံးက စူးစိုက် ကြည့်ရလွန်းသဖြင့်ပင် နာကြင်ကျိမ်းစပ်လာသည်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ယဲ့ကျန်းကိုမရိုက်ရသည့်အတွက် လည်း နောင်တရလာသည်။
"နင်စောင့်ကြည့်နေလိုက် ဒီမင်းသမီးက နင့်နဲ့မပြီးသေးဘူး" လျိုဟွားကထိုသို့အော်သည်။
.....
Telegram မှာ အပိုင်း ၄၈၂အထိ ရောက်ပါပြီနော်။
Zawgyi
"လုယောင်ယောင် "
.....