အခန်း ၁၇၈ နည်းလမ်းရှာရမယ်။
ယဲ့ကျန်းအနေနဲ့ ငယ်ရွယ်စဉ် ကလေးဘဝကတည်းက လူအများနှင့် ရန်မဖြစ်ခဲ့ဘူးချေ။ အကြောင်းမူက မည်သူမျှ သူမကို ပြဿနာမရှာရဲသောကြောင့်ဖြစ်သည်။ သို့သော်သူမ၏ အကိုကမူ ချွင်းချက်ဖြစ်သည်။ သို့ရာတွင် သူမ၏ အကျင့်စရိုက်က အမြဲတစေ နူးညံ့တည်ငြိမ်သည်ဟု ကျော်ကြားပြီး ၊သူမ၏ယခင် ယဲ့ကျန်းဘဝတွင် ကောင်းရွှယ် ပင်းနှင့် ရင်ဆိုင်ရချိန်တွင် ကောင်းရွှယ်ပင်းကသာ သားကောင်ဖြစ်လေ့ရှိသည်။
သို့သော် ဝိညာဉ်ကူးပြောင်းပြီး ပြန်လည်နိုးထလာပြီးနောက်တွင် သူမတစ်စုံတစ်ရာကို နားလည်လိုက်ရသည်။ သူမပင် ယခင်ဘဝက ကဲ့သို့ အလိုလိုခုခံကာကွယ်ပြီးသား ဖြစ်နေပြီး နောက်ခံ မရှိတော့ချေ။ ဒီတစ်ချိန်တွင် သူမ ရဲ့သူမ၏အမွှာ ညီမ ဘဝက ဆက်နွှယ်မှု မရှိတော့သည့် အတွက် လူအများရှေ့တွင် ကို့ကိုယ်ကိုသာ ခုခံကာကွယ် ရတော့မည်ဖြစ်သည်။
တုံးရွှယ်ပင်းကလည်း လုယောင်ယောင်က ပြန်ငြင်းမည်ဟု မမျှော်လင့် ထားမိချေ။
ဒီမိန်းကလေးက ကို့ကိုယ်ကို ဘာထင်နေတာလဲ သူ့ရဲ့ဝမ်းကွဲက ဝမ်ဖေးဖြစ်ပြီး ၊ တစ်ယောက်က လက်ထောက်ဝန် ကြီးဖြစ်နေတာနဲ့ဘဲ လုမိသားစု တတိယအိမ်တော်ခွဲက လူတစ်ယောက်က ဘာလုပ်နိုင်မယ်ထင်နေတာလဲ။
လုယင်ကျင်းရဲ့အမေနဲ့ လုယောင်ယောင်ရဲ့ မိဘတွေက ပြဿနာရှိတာကို မသိဘူးလား ။
"နေပါအုံး ဒါဆိုရင် ဒီလိုမိန်းကလေးက အကယ်ဒမီကို ဘာလို့ရောက်နေတာလဲ။ " လုယောင်ယောင် နင်ကျေးဇူးမ သိတတ်တာမျိုးလုပ်မနေနဲ့" ကောင်းရွှယ်ပင်းက ဒေါသတကြီးအော်သည် ။
"ဒီအကယ်ဒမီမှာ လူတိုင်းက နင့်ထက် အဆင့်အတန်းမြင့်တယ်။ နင်က ဝန်ကြီးရဲ့ ဝမ်းကွဲဆိုတာနဲ့ဘဲ လူတိုင်းက နင့်ကို ကြောက်နေကြမယ်လို့မထင်နေလိုက်နဲ့ ။ငါ နင့်ကို ပြောပြမယ် နင်က ငါ့မျက်လုံးထဲမှာ ဘာမှကိုမဟုတ်ဘူး။"
ထိုစကားလုံးများ၏ သက်ရောက်မခံရသော ယဲ့ကျန်းက ကောင်းရွှယ်ပင်းကို ယခင်အတိုင်း တူညီသော ဖျော့တော့ သည့် လှောင်ပြုံး ဖြင့်သာ ပြန်ကြည့်သည်။
" မိန်းကလေးကောင်း မင်းအနေနဲ့ တို့နဲ့အတူမနေချင်ရင် စိုးရိမ်ဖို့မလိုပါဘူး၊ တို့ကနည်းလမ်းရှာပေး နိုင်တယ်"။
"နင်က ဘာလုပ်မှာလဲ" ကောင်းရွှယ်ပင်းက ထိုစကားကို ကြားသောအခါ မော့ကြည့်လိုက်မိသည် ။
" ထပ်မေးနေဖို့ မလိုဘူး"
ယဲ့ကျန်းက မျက်ခုံးကို ပင့်ပြီးနောက် ပြုံးလိုက်သည် ။
" တို့မှာ အမြဲတမ်း အခြေနေအရပ်ရပ်အတွက် နည်းလမ်းတွေရှိတယ်"။
ကောင်းရွှယ်ပင်းက ယဲ့ကျန်းက ကို့အခြေနေကို သိသည်ဟု နားလည်လိုက်သည့်အတွက် ဂုဏ်ယူစွာခေါင်း ခေါင်းမော့ လိုက်သည် "ကောင်းပြီလေ တို့စောင့်နေရမှာပေါ့"။
ကောင်းရွှယ်ပင်းထွက်သွားပြီးနောက် ဇွန့်ဝမ်က ယဲ့ကျန်း ၏လက်ကို လှမ်းကိုင်ကာ အော်သည် "နင်ဘာလို့ ကတိ ပေးလိုက်တာလဲ နင်က ဘာလို့အလကားနေရင်း ရွှေ့ပေးရမှာလဲ သူ့ကိုကြောက်စရာမလိုပါဘူး"။
ကောင်းမိသားစုဟာ လက်ရှိနန်းတော်အတွင်းတွင် အာဏာအနည်းငယ်ရှိနေသည့် တော်ဝင်မင်းသမီးကို မှီခိုရ သည်။ လက်ရှိအချိန်တွင် လုမိသားစုဟာလည်း ကြွယ်ဝမှုနှင့် အာဏာရှိနေပြီဖြစ်ပြီး ဧကရာဇ်က လုလင်ကျင်း၏ ယခင်စစ်ပွဲမှ အကူအညီများကို အသိအမှတ်ပြုထားသည်။ သိပ်မကြာခင်အချိန်တွင် လုမိသားစုဟာ ကောင်းမိသား စုနှင့်အဆင့်အတန်း တူညီလာပေလိမ့်မည် ။
သို့ရာတွင် လုယောင်ယောင်ကမူ ထိုအချိန်ထိစောင့်ရန် ဆန္ဒမရှိချေ။ သူမအတွက် ကောင်းရွှယ်ပင်းဟာ သင်ခန်း စာ ပေးရန် လိုအပ်သည့် ကလေးတစ်ယောက်သာဖြစ်သည်။
" တို့ကသူမကို မကြောက်ပါဘူး" ယဲ့ကျန်းက ပြောသည်။
အမျိုးသမီးအကယ်ဒမီဟာ ငွေများများသုံးနိုင်သော ကျောင်းသူများအတွက် အမြဲတစေ အထူးတလည် ပစားပေး သည်။ ထိုသို့ဆိုသည် ယဲ့ကျန်းအတွက် ပြဿနာမရှိနိုင်တော့ချေ ။
သူမတွင် လျိုဟွားထံမှ ရထားသော ငွေလျှန်းလေးသောင်းကျော်ရှိနေသည်။ ထို့ကြောင့် တစ်ယောက်ထဲနေရန် အဆင်ပြေသည်။ ထို့အပြင် အကယ်ဒမီတွင် သူမကို ကူညီပေးနိုင်သော လူတစ်ယောက်ကိုလည်း သိထားသေး သည်။
" နင်သူ့ကိုမကြောက်ရင် ဘာလို့ ရွှေ့ပေးမယ်လို့ ကတိပေးလိုက်တာလဲ" ချန်းကျင်းရွီက တိတ်တဆိတ် ပြင်းပြ လာသည်။ ယဲ့ကျန်းက လှည့်စားသလိုမျိုး မျက်လုံးတစ်ဖက် မှိတ်ပြသည် ။
" တို့ဘယ်အချိန်ကများ ရွှေ့ပေးမယ်လို့ ကောင်းရွှယ်ပင်း ကို သတိပေးလိုက်မိလို့လဲ တို့ကို ဒီနေရာမှာစောင့်နေ လူ တစ်ယောက်ကို အရင်သွားရှာလိုက်မယ် " "ယောင်ယောင် နင်ဘယ်သွားမလို့လဲ"
ဇွန့်ဝမ်ကလည်း တုံ့ဆိုင်းနေသည်။
" တို့မကြာခင် ပြန်လာခဲ့မှာပါ "
သူမ ၏ ဖြုန်းစရာ အချိန်မရှိတော့ချေ။ ထို့ကြောင့် ဂါဝန်လေးကို မပြီး အလျင်စလို ပြေးသွားလိုက်သည်။
ဇွန့်ဝမ်နှင့် ချန်းကျင်းရွီတို့က နောက်မှ မလိုက်ချင်ကြတော့ချေ။ တိတ်တဆိတ် ပျင်းပြနေသော်လည်း စိတ်ရှည်စွာ သာ စောင့်ဆိုင်းနေကြသည်။
ယဲ့ကျန်းက ဆေးကုသဆောင်၏ အလယ်ဗဟို၏ မြောက်ဘက်ကျဆုံးအပိုင်သို့ သွားသည်။ ထိုနေရာတွင် အကယ် ဒမီ အဆောင်ရှိသည်။ ထိုနေရာတွင် သာမန်အိမ်များနှင့် ကွာခြားသော အဆင့်အတန်းမြင့် ခမ်းနားသော အိပ် ဆောင်များကို အတန်းလိုက် မြင်နိုင်သည်။ တစ်ထပ်တွင် ဆယ်ခန်းစီရှိပြီး သုံးထပ်ဆောင်ကြီးဖြစ်သည်။
ယဲ့ကျန်းဟာ ထိုနေရာသို့ ဝင်ရောက်သွားချိန်တွင် ဥယျာဉ်ထဲတွင် ကောင်းကောင်းမွန်မွန်ဝတ်စားထားသော အသက်အလတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက လက်ဖက်ရည်နှပ်ရန်အတွက် ပြင် ဆင်နေသည် ။ ယဲ့ကျန်းရောက်လာချိန်ကို သတိမထားမိချေ။ ယဲ့ကျန်းဟာ တောက်ပသော အပြုံးဖြင့် အနားသို့ ကပ်သွားပြီးပြောလိုက်သည် " ဒေါ်လေး တို့ လက်ဖက်ရည်တစ်ခွက်လောက်များ တောင်းဆိုလို့ ရမလား " အမျိုးသမီးက ယဲ့ကျန်းကို လှည့်ကြည့်လာကာ မင်သက်သွားသည်။
" ဝမ်ဖေးယဲ့လား "
"ဝမ်ဖေးရဲ့ဟုတ်လား"
ယဲ့ကျန်းက နားမလည်သလိုပြန်ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသလို အမူအရာလုပ်လိုက်သည် " ဘာလို့သူမနဲ့ဒီ လောက်ထိ လာတူရတာလဲ" ထိုအမျိုးသမီးက ရေရွတ်ပြီးနောက် ယဲ့ကျန်းကို ကြည့်ကာ မျက်မှောင်ပြန်ကြုတ် ပြီးမေးသည် "မင်းက ဘယ်သူလဲ ဘာလို့ဒီနေရာကိုရောက်နေတာလဲ"။
ယဲ့ကျန်းက ဝမ်းသာအားရဖြစ်သည်။
" တို့နာမည်က လုယောင်ယောင်ပါ တို့ဒီနားမှာ ဖြတ်လျှောက်သွားတုန်း ဒေါ်လေးရဲ့လက်ဖက်ရည်အနံ့က သင်းပျံ့ လွန်းလို့ ရောက်လာခဲ့မိတာပါဘဲ"
"ဟွန်း မင်းရဲ့နှာခေါင်းက အနံ့ခံ ကောင်းလိုက်တာ "
အမျိုးသမီးက လှောင်သည် ။
" တို့က ငယ်ငယ်ကတည်းက လက်ဖက်ရည်သောက်ရတာကို နှစ်ချိုက်တာလေ ဒီတော့ ဒီအနံ့က သဘာဝအ လျောက်ဘဲ တို့ကို စွဲဆောင်မိသွားတာပေါ့"
ယဲ့ကျန်းကစကားပြောရာတွင် ပါးနပ်သည်။ ထို့ကြောင့် ဝမ်လျှို့အမည်ရသော ဆေးဝါးကျောင်းတော်မှ တာဝန်ခံ များထဲမှ တစ်ယောက်ဖြစ်သည့် အမျိုးသမီးကို ကောင်းကောင်းလှည့်စားနိုင်သည်။ ဝမ်လျို့ဟာ လက်ဖက်ရည် ကောင်းကောင်းနှပ်တတ်သည်။ သို့ရာတွင် ထိုလူဟာ သာမန်သွင်ပြင်သာ ရှိသော အမျိုးသမီးအိုကြီးပုံစံ ရှိနေ သော်လည်း ငွေသားများကို အလွန်သဘောကျသည်။
ထို့ကြောင့် ယဲ့ကျန်းကို ကြည့်ရမည့်အစား ဝမ်လျှို့ က အေးစက်စွာပြောသည် "အိမ်ပြန်တော့ ဒီနေရာမှာ မင်းလျှောက်သွားနေလည်း ဘာမှလုပ်ပေးစရာမရှိဘူး"
သဘောတကျပြုံးလိုက်သည့် ယဲ့ကျန်းက ဝင်ထိုင်လိုက်ပြီးနောက်တွင် သူမ ၏လက်က စားပွဲပေါ်သို့အုပ်လိုက် သည်။ ထိုအခါ လက်ပြန်ဖယ်လိုက်ချိန်တွင် ငွေလျှန်းငါးရာပေါ်လာသည်။
အစစ်အမှန် မှင်စာကဲ့သို့ ဝမ်လျို့ ၏ မျက်ဝန်းက ချက်ချင်းတောက်ပသွားသည်။ ရုတ်တရက် ယဲ့ကျန်းက သူမ ၏ အာရုံကို ဖမ်းစားသွားပြီး လက်ဖက်ရည်ကိုပင် မေ့သွားသည် "ဒေါ်လေးကို ဒီနေ့အကူညီတောင်းစရာရှိလို့ပါ"
"ဘာလဲပြော"
ဝမ်လျို့က ယဲ့ကျန်း ၏ လက်ထဲမှ ငွေလျှန်းများကို ရေလိုက်ပြီးနောက် ထိုမိန်းကလေးဟာ သဘောထားကြီးလွန်း သည်ဟုခံစားလိုက်ရသည်။
" တို့က မိန်းကလေးကောင်းဆိုတဲ့ တစ်ယောက်နဲ့ အခန်းအတူမျှမသုံးချင်ဘူး ဒါကြောင့် ဒီကိစ္စကိုများ စီစဉ်ပေးနိုင် မလားလို့ပါ" ယဲ့ကျန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည် "ဒါကမခက်ပါဘူး" "ဒါဆိုလည်းကျေးဇူးပြုပြီး ဒေါ်လေးက ကူညီပေးပါအုံး"
" မင်းက ဘယ်လိုလက်ဖက်ရည်အမျိုးအစားကို သောက်ချင်တယ်ဆိုတာကိုသိရင် ငါမင်းကို ငွေလျှန်းငါးရာလက် ခံ ပေးလိုက်မယ်" ဝမ်လျို့က စိန်ခေါ်သည် "ဒါဆိုရင် ကောင်းပြီ"ယဲ့ကျန်း ၏ မျက်လုံးက တောက်ပလာသည်။ သူမက လက်ဖက်ရည်တစ်ငုံ သောက်သည်။ အထဲရှိ ကာဗွန်မီးတောက်၏ မွှေးရနံ့က ဖျော့တော့လွန်းသည်။ ထို့အ ပြင် ကြော့ရှင်းကြည့်ကောင်းသော စည်းချက်ညီနေသည့် ရနံ့တစ်စုံကလည်း ကပ်ပါလာသည် "တကယ်ကို လက်ရာကောင်းလွန်းတဲ့ လက်ဖက်ရည်ဘဲ"။
ဝမ်လျို့က နှာခေါင်းရှုံ့၍ပြောသည် "ဆိုတော့ ဒါကဘာလက်ဖက်ရည်အမျိုးအစားလဲဆိုတာကိုသိလား" "ဒေါ်လေး ကာဗွန်မီးတောက်နဲ့ဖုတ်ထားတဲ့ ထိုက်ကွမ်းယင်ဘဲ"
ဝမ်လျိူ့ က အံ့ဩသွားသည် "မင်းတကယ်လက်ဖက်ရည်အကြောင်း နားလည်တာဘဲ"
"တို့က နည်းနည်းသိတာပါ ဒေါ်လေးနဲ့တော့ မယှဉ်နိုင်ပါဘူး" ယဲ့ကျန်းက ပြောသည်။
"ကောင်းပြီ ငါဒီငွေလျှန်းငါးရာကိုယူလိုက်မယ် မင်းသွားနိုင်ပြီ"
ဝမ်လျို့က လက်ယန်းပြီး ယဲ့ကျန်းကို မောင်းထုတ်သည်။ယဲ့ကျန်းကလည်း ဂါဝရပြုလိုက်သည် "ကျေးဇူးများ ကြီးတင်ပါတယ်ဒေါ်လေး"
ယဲ့ကျန်းထွက်သွားပြီးနောက်တွင် ဝမ်လျှို့၏ အကြည့်ဟာ လက်ဖက်ရည်ခွက်ထံသို့ ရောက်သွားပြီး စကားတစ် ခွန်းမှ မဆိုမိတော့ချေ။ ယဲ့ကျန်းရည်ညွှန်းသည့် မိန်းကလေးကောင်းဆိုသည်မှာ တွေးပူတတ်သော အမြဲတစေ ခေါင်းမော့၊ ရင်ကော့ ကာ တစ်ယောက်ထဲနေချင်သည်ဟု သူမထံလာကာ ပြဿနာရှာသွားသော မိန်းကလေးဖြစ် ကြောင်းသိလိုက်သည်။
"အဲ့ဒီမိန်းမက စကားပြောမကောင်းဘူး"
ဝမ်လျို့က ကောင်းရွှယ်ပင်းအပေါ် အမြင်မကြည်တော့ချေ ။ သူမ၏ရှေ့တွင် ထိုမိန်းကလေးက မောက်မာ ထောင် လွှား ရဲသည်။
အပြန်လမ်းတွင် ယဲ့ကျန်း၏မျက်နှာတွင် တောက်ပသည့် အပြုံးကရှိနေသည်။ထို့နောက် သူမ၏ အပေါင်းသင်း များ ထံ ပြန်ရောက်လာသည်။
ဝမ်လျို့၏ ဘဝအတွေ့အကြုံအကြောင်း ယဲ့ကျန်းက သိချင်စိတ် ပြင်းပြမိသည်။ ပုံမှန်အတိုင်းပြောရမည်ဆိုလျှင် သာမန်တာဝန်ခံတစ်ယောက်သည် ထိုကဲ့သို့ ရှုံ့ချဖွယ် စရိုက်မျိုးရှိမနေသင့်ချေ။ သို့သော် သူမက အေးစက်လွန်း ပြီး ငွေထည်များအတွက်သာ နှလုံးသားကနူးညံ့သက်ခြင်းဖြစ်သည်။ သို့ရာတွင် ဆေးဝါးနယ်ပယ်တစ်ခုလုံးက သူမ အတွက်ဆို အပြင်းအထန်ကာကွယ်ပေးကြပေလိမ့်မည်။ "ယောင်ယောင် နင်ဘာလုပ်ခဲ့တာလဲည်း"
ဇွန့်ဝမ်ကလည်း သိချင်စိတ်အပြည့်ဖြင့် မေးလာသည် ။ယဲ့ကျန်းက အထူးအဆန်းတစ်စုံတစ်ရာ လုပ်ခဲ့မည်ကို သူမက စိုးရိမ်သွားသည်။
ယဲ့ကျန်းကပြုံးလိုက်သည်။ "ဘာရယ်မဟုတ်ပါဘူး တို့ လက်ဖက်ရည်သွားသောက်တာ"
ဇွန့်ဝမ်ကလည်း ကြောင်တောင်တောင်ဖြစ်သွားသည်။
"နင်ဒီလိုအခြေအနေမျိုးမှာတောင် လက်ဖက်ရည်သောက်ချင်သေးတာလား" ထိုအခါ ကောင်းရွှယ်ပင်းဟာ ပျော် မြူးနေသော မျက်နှာထားဖြင့် ပြန်ရောက်လာသည်။
.....
Telegram မှာ အပိုင်း ၄၈၂အထိ ရောက်ပါပြီနော်။
Zawgyi
အခန္း ၁၇၈ နည္းလမ္းရွာရမယ္။
ယဲ့က်န္းအေနနဲ႔ ငယ္႐ြယ္စဥ္ ကေလးဘဝကတည္းက လူအမ်ားႏွင့္ ရန္မျဖစ္ခဲ့ဘူးေခ်။ အေၾကာင္းမူက မည္သူမွ် သူမကို ျပႆနာမရွာရဲေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္သူမ၏ အကိုကမူ ခြၽင္းခ်က္ျဖစ္သည္။ သို႔ရာတြင္ သူမ၏ အက်င့္စ႐ိုက္က အၿမဲတေစ ႏူးညံ့တည္ၿငိမ္သည္ဟု ေက်ာ္ၾကားၿပီး ၊သူမ၏ယခင္ ယဲ့က်န္းဘဝတြင္ ေကာင္း႐ႊယ္ ပင္းႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ ေကာင္း႐ႊယ္ပင္းကသာ သားေကာင္ျဖစ္ေလ့ရွိသည္။
သို႔ေသာ္ ဝိညာဥ္ကူးေျပာင္းၿပီး ျပန္လည္ႏိုးထလာၿပီးေနာက္တြင္ သူမတစ္စုံတစ္ရာကို နားလည္လိုက္ရသည္။ သူမပင္ ယခင္ဘဝက ကဲ့သို႔ အလိုလိုခုခံကာကြယ္ၿပီးသား ျဖစ္ေနၿပီး ေနာက္ခံ မရွိေတာ့ေခ်။ ဒီတစ္ခ်ိန္တြင္ သူမ ရဲ႕သူမ၏အမႊာ ညီမ ဘဝက ဆက္ႏႊယ္မႈ မရွိေတာ့သည့္ အတြက္ လူအမ်ားေရွ႕တြင္ ကို႔ကိုယ္ကိုသာ ခုခံကာကြယ္ ရေတာ့မည္ျဖစ္သည္။
တုံး႐ႊယ္ပင္းကလည္း လုေယာင္ေယာင္က ျပန္ျငင္းမည္ဟု မေမွ်ာ္လင့္ ထားမိေခ်။
ဒီမိန္းကေလးက ကို႔ကိုယ္ကို ဘာထင္ေနတာလဲ သူ႔ရဲ႕ဝမ္းကြဲက ဝမ္ေဖးျဖစ္ၿပီး ၊ တစ္ေယာက္က လက္ေထာက္ဝန္ ႀကီးျဖစ္ေနတာနဲ႔ဘဲ လုမိသားစု တတိယအိမ္ေတာ္ခြဲက လူတစ္ေယာက္က ဘာလုပ္ႏိုင္မယ္ထင္ေနတာလဲ။
လုယင္က်င္းရဲ႕အေမနဲ႔ လုေယာင္ေယာင္ရဲ႕ မိဘေတြက ျပႆနာရွိတာကို မသိဘူးလား ။
"ေနပါအုံး ဒါဆိုရင္ ဒီလိုမိန္းကေလးက အကယ္ဒမီကို ဘာလို႔ေရာက္ေနတာလဲ။ " လုေယာင္ေယာင္ နင္ေက်းဇူးမ သိတတ္တာမ်ိဳးလုပ္မေနနဲ႔" ေကာင္း႐ႊယ္ပင္းက ေဒါသတႀကီးေအာ္သည္ ။
"ဒီအကယ္ဒမီမွာ လူတိုင္းက နင့္ထက္ အဆင့္အတန္းျမင့္တယ္။ နင္က ဝန္ႀကီးရဲ႕ ဝမ္းကြဲဆိုတာနဲ႔ဘဲ လူတိုင္းက နင့္ကို ေၾကာက္ေနၾကမယ္လို႔မထင္ေနလိုက္နဲ႔ ။ငါ နင့္ကို ေျပာျပမယ္ နင္က ငါ့မ်က္လုံးထဲမွာ ဘာမွကိုမဟုတ္ဘူး။"
ထိုစကားလုံးမ်ား၏ သက္ေရာက္မခံရေသာ ယဲ့က်န္းက ေကာင္း႐ႊယ္ပင္းကို ယခင္အတိုင္း တူညီေသာ ေဖ်ာ့ေတာ့ သည့္ ေလွာင္ၿပဳံး ျဖင့္သာ ျပန္ၾကည့္သည္။
" မိန္းကေလးေကာင္း မင္းအေနနဲ႔ တို႔နဲ႔အတူမေနခ်င္ရင္ စိုးရိမ္ဖို႔မလိုပါဘူး၊ တို႔ကနည္းလမ္းရွာေပး ႏိုင္တယ္"။
"နင္က ဘာလုပ္မွာလဲ" ေကာင္း႐ႊယ္ပင္းက ထိုစကားကို ၾကားေသာအခါ ေမာ့ၾကည့္လိုက္မိသည္ ။
" ထပ္ေမးေနဖို႔ မလိုဘူး"
ယဲ့က်န္းက မ်က္ခုံးကို ပင့္ၿပီးေနာက္ ၿပဳံးလိုက္သည္ ။
" တို႔မွာ အၿမဲတမ္း အေျခေနအရပ္ရပ္အတြက္ နည္းလမ္းေတြရွိတယ္"။
ေကာင္း႐ႊယ္ပင္းက ယဲ့က်န္းက ကို႔အေျခေနကို သိသည္ဟု နားလည္လိုက္သည့္အတြက္ ဂုဏ္ယူစြာေခါင္း ေခါင္းေမာ့ လိုက္သည္ "ေကာင္းၿပီေလ တို႔ေစာင့္ေနရမွာေပါ့"။
ေကာင္း႐ႊယ္ပင္းထြက္သြားၿပီးေနာက္ ဇြန႔္ဝမ္က ယဲ့က်န္း ၏လက္ကို လွမ္းကိုင္ကာ ေအာ္သည္ "နင္ဘာလို႔ ကတိ ေပးလိုက္တာလဲ နင္က ဘာလို႔အလကားေနရင္း ေ႐ႊ႕ေပးရမွာလဲ သူ႔ကိုေၾကာက္စရာမလိုပါဘူး"။
ေကာင္းမိသားစုဟာ လက္ရွိနန္းေတာ္အတြင္းတြင္ အာဏာအနည္းငယ္ရွိေနသည့္ ေတာ္ဝင္မင္းသမီးကို မွီခိုရ သည္။ လက္ရွိအခ်ိန္တြင္ လုမိသားစုဟာလည္း ႂကြယ္ဝမႈႏွင့္ အာဏာရွိေနၿပီျဖစ္ၿပီး ဧကရာဇ္က လုလင္က်င္း၏ ယခင္စစ္ပြဲမွ အကူအညီမ်ားကို အသိအမွတ္ျပဳထားသည္။ သိပ္မၾကာခင္အခ်ိန္တြင္ လုမိသားစုဟာ ေကာင္းမိသား စုႏွင့္အဆင့္အတန္း တူညီလာေပလိမ့္မည္ ။
သို႔ရာတြင္ လုေယာင္ေယာင္ကမူ ထိုအခ်ိန္ထိေစာင့္ရန္ ဆႏၵမရွိေခ်။ သူမအတြက္ ေကာင္း႐ႊယ္ပင္းဟာ သင္ခန္း စာ ေပးရန္ လိုအပ္သည့္ ကေလးတစ္ေယာက္သာျဖစ္သည္။
" တို႔ကသူမကို မေၾကာက္ပါဘူး" ယဲ့က်န္းက ေျပာသည္။
အမ်ိဳးသမီးအကယ္ဒမီဟာ ေငြမ်ားမ်ားသုံးႏိုင္ေသာ ေက်ာင္းသူမ်ားအတြက္ အၿမဲတေစ အထူးတလည္ ပစားေပး သည္။ ထိုသို႔ဆိုသည္ ယဲ့က်န္းအတြက္ ျပႆနာမရွိႏိုင္ေတာ့ေခ် ။
သူမတြင္ လ်ိဳဟြားထံမွ ရထားေသာ ေငြလွ်န္းေလးေသာင္းေက်ာ္ရွိေနသည္။ ထို႔ေၾကာင့္ တစ္ေယာက္ထဲေနရန္ အဆင္ေျပသည္။ ထို႔အျပင္ အကယ္ဒမီတြင္ သူမကို ကူညီေပးႏိုင္ေသာ လူတစ္ေယာက္ကိုလည္း သိထားေသး သည္။
" နင္သူ႔ကိုမေၾကာက္ရင္ ဘာလို႔ ေ႐ႊ႕ေပးမယ္လို႔ ကတိေပးလိုက္တာလဲ" ခ်န္းက်င္း႐ြီက တိတ္တဆိတ္ ျပင္းျပ လာသည္။ ယဲ့က်န္းက လွည့္စားသလိုမ်ိဳး မ်က္လုံးတစ္ဖက္ မွိတ္ျပသည္ ။
" တို႔ဘယ္အခ်ိန္ကမ်ား ေ႐ႊ႕ေပးမယ္လို႔ ေကာင္း႐ႊယ္ပင္း ကို သတိေပးလိုက္မိလို႔လဲ တို႔ကို ဒီေနရာမွာေစာင့္ေန လူ တစ္ေယာက္ကို အရင္သြားရွာလိုက္မယ္ " "ေယာင္ေယာင္ နင္ဘယ္သြားမလို႔လဲ"
ဇြန႔္ဝမ္ကလည္း တုံ႔ဆိုင္းေနသည္။
" တို႔မၾကာခင္ ျပန္လာခဲ့မွာပါ "
သူမ ၏ ျဖဳန္းစရာ အခ်ိန္မရွိေတာ့ေခ်။ ထို႔ေၾကာင့္ ဂါဝန္ေလးကို မၿပီး အလ်င္စလို ေျပးသြားလိုက္သည္။
ဇြန႔္ဝမ္ႏွင့္ ခ်န္းက်င္း႐ြီတို႔က ေနာက္မွ မလိုက္ခ်င္ၾကေတာ့ေခ်။ တိတ္တဆိတ္ ပ်င္းျပေနေသာ္လည္း စိတ္ရွည္စြာ သာ ေစာင့္ဆိုင္းေနၾကသည္။
ယဲ့က်န္းက ေဆးကုသေဆာင္၏ အလယ္ဗဟို၏ ေျမာက္ဘက္က်ဆုံးအပိုင္သို႔ သြားသည္။ ထိုေနရာတြင္ အကယ္ ဒမီ အေဆာင္ရွိသည္။ ထိုေနရာတြင္ သာမန္အိမ္မ်ားႏွင့္ ကြာျခားေသာ အဆင့္အတန္းျမင့္ ခမ္းနားေသာ အိပ္ ေဆာင္မ်ားကို အတန္းလိုက္ ျမင္ႏိုင္သည္။ တစ္ထပ္တြင္ ဆယ္ခန္းစီရွိၿပီး သုံးထပ္ေဆာင္ႀကီးျဖစ္သည္။
ယဲ့က်န္းဟာ ထိုေနရာသို႔ ဝင္ေရာက္သြားခ်ိန္တြင္ ဥယ်ာဥ္ထဲတြင္ ေကာင္းေကာင္းမြန္မြန္ဝတ္စားထားေသာ အသက္အလတ္ပိုင္း အမ်ိဳးသမီးတစ္ေယာက္ကို ျမင္လိုက္ရသည္။ သူမက လက္ဖက္ရည္ႏွပ္ရန္အတြက္ ျပင္ ဆင္ေနသည္ ။ ယဲ့က်န္းေရာက္လာခ်ိန္ကို သတိမထားမိေခ်။ ယဲ့က်န္းဟာ ေတာက္ပေသာ အၿပဳံးျဖင့္ အနားသို႔ ကပ္သြားၿပီးေျပာလိုက္သည္ " ေဒၚေလး တို႔ လက္ဖက္ရည္တစ္ခြက္ေလာက္မ်ား ေတာင္းဆိုလို႔ ရမလား " အမ်ိဳးသမီးက ယဲ့က်န္းကို လွည့္ၾကည့္လာကာ မင္သက္သြားသည္။
" ဝမ္ေဖးယဲ့လား "
"ဝမ္ေဖးရဲ႕ဟုတ္လား"
ယဲ့က်န္းက နားမလည္သလိုျပန္ၾကည့္ၿပီး စိတ္ရႈပ္ေထြးသြားသလို အမူအရာလုပ္လိုက္သည္ " ဘာလို႔သူမနဲ႔ဒီ ေလာက္ထိ လာတူရတာလဲ" ထိုအမ်ိဳးသမီးက ေရ႐ြတ္ၿပီးေနာက္ ယဲ့က်န္းကို ၾကည့္ကာ မ်က္ေမွာင္ျပန္ၾကဳတ္ ၿပီးေမးသည္ "မင္းက ဘယ္သူလဲ ဘာလို႔ဒီေနရာကိုေရာက္ေနတာလဲ"။
ယဲ့က်န္းက ဝမ္းသာအားရျဖစ္သည္။
" တို႔နာမည္က လုေယာင္ေယာင္ပါ တို႔ဒီနားမွာ ျဖတ္ေလွ်ာက္သြားတုန္း ေဒၚေလးရဲ႕လက္ဖက္ရည္အနံ႔က သင္းပ်ံ႕ လြန္းလို႔ ေရာက္လာခဲ့မိတာပါဘဲ"
"ဟြန္း မင္းရဲ႕ႏွာေခါင္းက အနံ႔ခံ ေကာင္းလိုက္တာ "
အမ်ိဳးသမီးက ေလွာင္သည္ ။
" တို႔က ငယ္ငယ္ကတည္းက လက္ဖက္ရည္ေသာက္ရတာကို ႏွစ္ခ်ိဳက္တာေလ ဒီေတာ့ ဒီအနံ႔က သဘာဝအ ေလ်ာက္ဘဲ တို႔ကို စြဲေဆာင္မိသြားတာေပါ့"
ယဲ့က်န္းကစကားေျပာရာတြင္ ပါးနပ္သည္။ ထို႔ေၾကာင့္ ဝမ္လွ်ိဳ႕အမည္ရေသာ ေဆးဝါးေက်ာင္းေတာ္မွ တာဝန္ခံ မ်ားထဲမွ တစ္ေယာက္ျဖစ္သည့္ အမ်ိဳးသမီးကို ေကာင္းေကာင္းလွည့္စားႏိုင္သည္။ ဝမ္လ်ိဳ႕ဟာ လက္ဖက္ရည္ ေကာင္းေကာင္းႏွပ္တတ္သည္။ သို႔ရာတြင္ ထိုလူဟာ သာမန္သြင္ျပင္သာ ရွိေသာ အမ်ိဳးသမီးအိုႀကီးပုံစံ ရွိေန ေသာ္လည္း ေငြသားမ်ားကို အလြန္သေဘာက်သည္။
ထို႔ေၾကာင့္ ယဲ့က်န္းကို ၾကည့္ရမည့္အစား ဝမ္လွ်ိဳ႕ က ေအးစက္စြာေျပာသည္ "အိမ္ျပန္ေတာ့ ဒီေနရာမွာ မင္းေလွ်ာက္သြားေနလည္း ဘာမွလုပ္ေပးစရာမရွိဘူး"
သေဘာတက်ၿပဳံးလိုက္သည့္ ယဲ့က်န္းက ဝင္ထိုင္လိုက္ၿပီးေနာက္တြင္ သူမ ၏လက္က စားပြဲေပၚသို႔အုပ္လိုက္ သည္။ ထိုအခါ လက္ျပန္ဖယ္လိုက္ခ်ိန္တြင္ ေငြလွ်န္းငါးရာေပၚလာသည္။
အစစ္အမွန္ မွင္စာကဲ့သို႔ ဝမ္လ်ိဳ႕ ၏ မ်က္ဝန္းက ခ်က္ခ်င္းေတာက္ပသြားသည္။ ႐ုတ္တရက္ ယဲ့က်န္းက သူမ ၏ အာ႐ုံကို ဖမ္းစားသြားၿပီး လက္ဖက္ရည္ကိုပင္ ေမ့သြားသည္ "ေဒၚေလးကို ဒီေန႔အကူညီေတာင္းစရာရွိလို႔ပါ"
"ဘာလဲေျပာ"
ဝမ္လ်ိဳ႕က ယဲ့က်န္း ၏ လက္ထဲမွ ေငြလွ်န္းမ်ားကို ေရလိုက္ၿပီးေနာက္ ထိုမိန္းကေလးဟာ သေဘာထားႀကီးလြန္း သည္ဟုခံစားလိုက္ရသည္။
" တို႔က မိန္းကေလးေကာင္းဆိုတဲ့ တစ္ေယာက္နဲ႔ အခန္းအတူမွ်မသုံးခ်င္ဘူး ဒါေၾကာင့္ ဒီကိစၥကိုမ်ား စီစဥ္ေပးႏိုင္ မလားလို႔ပါ" ယဲ့က်န္းက ယုံၾကည္မႈအျပည့္ျဖင့္ ေျပာသည္ "ဒါကမခက္ပါဘူး" "ဒါဆိုလည္းေက်းဇူးျပဳၿပီး ေဒၚေလးက ကူညီေပးပါအုံး"
" မင္းက ဘယ္လိုလက္ဖက္ရည္အမ်ိဳးအစားကို ေသာက္ခ်င္တယ္ဆိုတာကိုသိရင္ ငါမင္းကို ေငြလွ်န္းငါးရာလက္ ခံ ေပးလိုက္မယ္" ဝမ္လ်ိဳ႕က စိန္ေခၚသည္ "ဒါဆိုရင္ ေကာင္းၿပီ"ယဲ့က်န္း ၏ မ်က္လုံးက ေတာက္ပလာသည္။ သူမက လက္ဖက္ရည္တစ္ငုံ ေသာက္သည္။ အထဲရွိ ကာဗြန္မီးေတာက္၏ ေမႊးရနံ႔က ေဖ်ာ့ေတာ့လြန္းသည္။ ထို႔အ ျပင္ ေၾကာ့ရွင္းၾကည့္ေကာင္းေသာ စည္းခ်က္ညီေနသည့္ ရနံ႔တစ္စုံကလည္း ကပ္ပါလာသည္ "တကယ္ကို လက္ရာေကာင္းလြန္းတဲ့ လက္ဖက္ရည္ဘဲ"။
ဝမ္လ်ိဳ႕က ႏွာေခါင္းရႈံ႕၍ေျပာသည္ "ဆိုေတာ့ ဒါကဘာလက္ဖက္ရည္အမ်ိဳးအစားလဲဆိုတာကိုသိလား" "ေဒၚေလး ကာဗြန္မီးေတာက္နဲ႔ဖုတ္ထားတဲ့ ထိုက္ကြမ္းယင္ဘဲ"
ဝမ္လ်ိဴ႕ က အံ့ဩသြားသည္ "မင္းတကယ္လက္ဖက္ရည္အေၾကာင္း နားလည္တာဘဲ"
"တို႔က နည္းနည္းသိတာပါ ေဒၚေလးနဲ႔ေတာ့ မယွဥ္ႏိုင္ပါဘူး" ယဲ့က်န္းက ေျပာသည္။
"ေကာင္းၿပီ ငါဒီေငြလွ်န္းငါးရာကိုယူလိုက္မယ္ မင္းသြားႏိုင္ၿပီ"
ဝမ္လ်ိဳ႕က လက္ယန္းၿပီး ယဲ့က်န္းကို ေမာင္းထုတ္သည္။ယဲ့က်န္းကလည္း ဂါဝရျပဳလိုက္သည္ "ေက်းဇူးမ်ား ႀကီးတင္ပါတယ္ေဒၚေလး"
ယဲ့က်န္းထြက္သြားၿပီးေနာက္တြင္ ဝမ္လွ်ိဳ႕၏ အၾကည့္ဟာ လက္ဖက္ရည္ခြက္ထံသို႔ ေရာက္သြားၿပီး စကားတစ္ ခြန္းမွ မဆိုမိေတာ့ေခ်။ ယဲ့က်န္းရည္ၫႊန္းသည့္ မိန္းကေလးေကာင္းဆိုသည္မွာ ေတြးပူတတ္ေသာ အၿမဲတေစ ေခါင္းေမာ့၊ ရင္ေကာ့ ကာ တစ္ေယာက္ထဲေနခ်င္သည္ဟု သူမထံလာကာ ျပႆနာရွာသြားေသာ မိန္းကေလးျဖစ္ ေၾကာင္းသိလိုက္သည္။
"အဲ့ဒီမိန္းမက စကားေျပာမေကာင္းဘူး"
ဝမ္လ်ိဳ႕က ေကာင္း႐ႊယ္ပင္းအေပၚ အျမင္မၾကည္ေတာ့ေခ် ။ သူမ၏ေရွ႕တြင္ ထိုမိန္းကေလးက ေမာက္မာ ေထာင္ လႊား ရဲသည္။
အျပန္လမ္းတြင္ ယဲ့က်န္း၏မ်က္ႏွာတြင္ ေတာက္ပသည့္ အၿပဳံးကရွိေနသည္။ထို႔ေနာက္ သူမ၏ အေပါင္းသင္း မ်ား ထံ ျပန္ေရာက္လာသည္။
ဝမ္လ်ိဳ႕၏ ဘဝအေတြ႕အႀကဳံအေၾကာင္း ယဲ့က်န္းက သိခ်င္စိတ္ ျပင္းျပမိသည္။ ပုံမွန္အတိုင္းေျပာရမည္ဆိုလွ်င္ သာမန္တာဝန္ခံတစ္ေယာက္သည္ ထိုကဲ့သို႔ ရႈံ႕ခ်ဖြယ္ စ႐ိုက္မ်ိဳးရွိမေနသင့္ေခ်။ သို႔ေသာ္ သူမက ေအးစက္လြန္း ၿပီး ေငြထည္မ်ားအတြက္သာ ႏွလုံးသားကႏူးညံ့သက္ျခင္းျဖစ္သည္။ သို႔ရာတြင္ ေဆးဝါးနယ္ပယ္တစ္ခုလုံးက သူမ အတြက္ဆို အျပင္းအထန္ကာကြယ္ေပးၾကေပလိမ့္မည္။ "ေယာင္ေယာင္ နင္ဘာလုပ္ခဲ့တာလဲည္း"
ဇြန႔္ဝမ္ကလည္း သိခ်င္စိတ္အျပည့္ျဖင့္ ေမးလာသည္ ။ယဲ့က်န္းက အထူးအဆန္းတစ္စုံတစ္ရာ လုပ္ခဲ့မည္ကို သူမက စိုးရိမ္သြားသည္။
ယဲ့က်န္းကၿပဳံးလိုက္သည္။ "ဘာရယ္မဟုတ္ပါဘူး တို႔ လက္ဖက္ရည္သြားေသာက္တာ"
ဇြန႔္ဝမ္ကလည္း ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။
"နင္ဒီလိုအေျခအေနမ်ိဳးမွာေတာင္ လက္ဖက္ရည္ေသာက္ခ်င္ေသးတာလား" ထိုအခါ ေကာင္း႐ႊယ္ပင္းဟာ ေပ်ာ္ ျမဴးေနေသာ မ်က္ႏွာထားျဖင့္ ျပန္ေရာက္လာသည္။
.....
Telegram မွာ အပိုင္း ၄၈၂အထိ ေရာက္ပါၿပီေနာ္။