ပုဂံမြေကိုတိုင်တည်၍

By Yeolmae3133

39K 519 38

ဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ... More

Intro Part
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
တောင်းပန်လွှာ
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
View
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
Request
အပိုင်း ၃၈
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
EXTRA
view
Extra 2

အပိုင်း ၃၉

470 5 0
By Yeolmae3133

ကွန်းလဲသွေးသစ်ကိုအခန်းအပြင်ဘက်သို့ဆွဲခေါ်လာလိုက်သည်။
"ဘာလုပ်ဖို့ခေါ်တာလဲကွန်း"

"ခိုင်းမလို့"

"မင်းခိုင်းဘက်မှတ်နေတာလားငါ့ကို"

"ဒါပေါ့"

"မျက်နှာပြောင်တော်တော်တိုက်တဲ့ကောင်"

"ဒီပါးစပ်ပေါက်လေးကလေမဟုတ်တဲ့စကားတွေဆိုတော်တော်ထွက်တယ်နော် ဒီနေ့တင်ခင်ဗျားစောက်ရေးမပါတာတွေပြောနေတာတော်တော်များနေပြီ!"

"မင်းကမဟုတ်တာအရင်လာလုပ်နေတာလေ"

"အေး ထားလိုက်တော့ပယင်းသွေးသစ်! ကျုပ်ဒေါသမထွက်ချင်ဘူး အခုကျုပ်ကုမ္ပဏီသွားမလို့"

"သွားလေ မင်းဘာသာသွားတာငါကဘာလုပ်ရမှာလဲ"

"ကျုပ်ဘာသာမသွားဘူး ခင်ဗျားပါလိုက်ခဲ့ရမယ် လာ"

"မလိုက်ဘူးကွန်း ငါမလိုက်ချင်ဘူး"

"ကျုပ်မနေ့ညကဘာပြောထားလဲ"

"မသိဘူး"

"အဟက်! ခင်ဗျားလာစမ်းနေတာပဲ အေးဒီတစ်ခေါက်ထပ်ပြောပြမယ်တစ်သက်လုံးမြဲနေအောင်မှတ်ထားတော့ ကျုပ်ကခင်ဗျားယောကျာ်းကျုပ်ပြောတဲ့စကားကိုခင်ဗျားနာခံရမယ်ကြားတယ်နော်"

"မနာခံတော့ဘာဖြစ်ချင်လဲကွန်း"

"အေး ဘာဖြစ်ချင်လဲဆိုတာတော့ကျုပ်ညနေပြန်လာရင်သိရမှာပေါ့ အခုတော့လိုက်ခဲ့"ဆိုပြီးသွေးသစ်လက်ကိုဆွဲပြီးကားဆီသွားလေသည်။

"ကွန်းငါ့လက်ကိုလွှတ် မလိုက်ချင်ဘူးလို့ပြောနေတယ်နော်! လွှတ်စမ်း!!"

:ဖြောင်း
"အ!"

"‌အသံထပ်ထွက်ရဲထွက်ကြည့်ဒီ့ထက်ပိုနာမယ်ပယင်းသွေးသစ်!"

သွေးသစ်ကွန်းရိုက်လိုက်တဲ့ပါးတစ်ဖက်ကိုကိုင်ကာတော်တော်လေးအံ့ဩရသည်။နာလဲနာကျင်ရသည်။ရိုက်ခံရတဲ့နေရာကမဟုတ်ပဲရင်ဘတ်ထဲကနာရသည်။
ကားပေါ်ရောက်တော့

"မျက်ရည်စမ်းတမ်းစမ်းတမ်းလုပ်မနေနဲ့ခါးပတ်ပတ်"
သွေးသစ်လဲမပတ်သေးပဲဒီတိုင်းထိုင်နေတော့ကွန်းကကားကိုအကြမ်းကြီးစထွက်လိုက်တော့သွေးသစ်လန့်သွားပြီးခါးပတ်အမြန်ပတ်လိုက်ရသည်။အဲ့ဒီအချိန်ကြမှကွန်းလဲအရှိန်ကိုပြန်လျှော့လိုက်သည်။
ကုမ္ပဏီသို့ရောက်တော့

"Bossဒီမှာbossအတွက်black coffeeဖျော်ပေးထားပါတယ်"ကွန်းကရုံးကိုရောက်တိုင်းblack coffeeသောက်နေကြဖြစ်၍သူ့အတွင်းရေးမှူးကဖျော်ပေးထားခြင်းဖြစ်သည်။

"အေး ကျေးဇူးပဲ နောက်နေ့ကစပြီးအဲ့တာဝန်သူလုပ်လိမ့်မယ် မင်းလုပ်စရာမလိုတော့ဘူး မင်းကကိုယ့်အလုပ်ကိုပဲလုပ်တော့ကျန်တဲ့ငါ့ကိစ္စအကုန်သူလုပ်ပေးလိမ့်မယ်"ဆိုကာသွေးသစ်ကိုလက်ညှိုးထိုးရင်းပြောလေသည်။

"ဟုတ်ကဲ့ပါboss ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"

"အေး"
သွေးသစ်ကတော့ဘာလုပ်ရမှန်းမသိ၍ဆိုဖာမှာထိုင်နေလေသည်။နည်းနည်းကြာတော့ကွန်းရုံးခန်းထဲကိုလူသုံးယောက်လောက်ရောက်လာလေသည်။သွေးသစ်လဲဖယ်မပေးမိပဲဆက်ထိုင်နေမိတော့

"ခင်ဗျားဖင်မှာဘုတ်စွဲထားတာလား! ဟိုမှာလူတွေလာနေတာမမြင်ဘူးလား! ဖယ်ပေးလိုက်လေ!!"

"...."သွေးသစ်လဲသူများတွေရှေ့ပြန်မပြောချင်၍ထပေးလိုက်သည်။

"ရော့ ဒီခွက်သွားထားရင်းနဲ့ဧည့်သည်တွေအတွက်ကော်ဖီဖျော်လာခဲ့"ဆိုကာခုနကကွန်းသောက်တဲ့ခွက်ကိုထားခိုင်းရင်းကော်ဖီဖျော်ခိုင်းလေသည်။သွေးသစ်လဲအပြင်ဘက်ထွက်လာလိုက်သည်။အပြင်ဘက်ရောက်တော့ခုနကကော်ဖီလာပို့တဲ့လူကိုတွေ့လေသည်။သွေးသစ်လဲနေရာမသိ၍မေးလိုက်လေသည်။

"ဟိုလေညီလေး ကော်ဖီဖျော်တဲ့နေရာကဘယ်နေရာလဲမသိဘူးခင်ဗျ"

"ဒီကနေအတည့်တိုင်းသွားပြီးထောင့်ချိုးလေးမှာပါ"

"အာဟုတ်ကဲ့ကျေးဇူးပါဗျ"

"ရပါတယ်ဗျ"
သွေးသစ်လဲကော်ဖီဖျော်တဲ့နေရာရောက်တော့ကော်ဖီဖျော်နေလိုက်သည်။ခုနကသူမေးလိုက်တဲ့ကောင်လေးကသူ့နောက်လိုက်လာသည်။

"အကို အကိုကဒီမှာအခုမှစလုပ်မှာလားဗျ"

"မဟုတ်ပါဘူး"

"ဪဒါဆို"

"မင်းတို့bossနဲ့ခနလိုက်လာတာပါ"
ဆိုပြီးသူလဲဆက်မေးရင်ဖြေရခက်လို့ဖျော်ပြီးတော့တန်းထွက်လာလိုက်သည်။
:ဒေါက်
:ဒေါက်
"ဝင်ခဲ့"
သွေးသစ်လဲကော်ဖီခွက်တွေချပေးနေသည်။သွေးသစ်ကော်ဖီခွက်ချပေးနေတုန်းလူတစ်ယောက်ကသွေးသစ်ဆီကခွက်လှမ်းယူတဲ့အယူသွေးသစ်ကပေးတဲ့အပေးနှစ်ယောက်သားတိုက်မိပြီးသွေးသစ်လက်အပူလောင်သွားသည်။

"အာ sorryကောင်လေး ကိုယ်အလောကြီးသွားလို့ဖြစ်သွားတာsorryနော်"
ဆိုကာသွေးသစ်လက်ကိုယူကာသူ့မှာပါလာတဲ့လက်ကိုင်ပဝါနဲ့သုတ်ပေးနေလေသည်။

"ရပါတယ်ဗျ ကျွန်တော်လဲမှားသွားတာပါ"

"မဟုတ်တာ‌ မင်းပေးတာစောင့်ယူရင်ရနေတာကိုကိုယ်ကလောသွားတာ"

"မဟုတ်ပါဘူးဗျ ရပါတယ်"
ကွန်းလဲရှေ့မှာဖြစ်ပျက်နေတဲ့လူနှစ်ယောက်ကြည့်ရင်းမျက်စိဆံပင်မွှေးစူးလာလေသည်။

"ခင်ဗျားပြောလို့ပြီးပြီလား! ပြီးရင်လဲသွားတော့! ဒီမှာကျန်တဲ့လူတွေအားနာဖို့ကောင်းတယ်"

"သွားမှာပါ"

"ဟို ကောင်လေးရလား ကိုယ်ကူပေးရမလား"

"ဒီကဧည့်သည်ကကိုယ့်ဘာကိုယ်အေးဆေးနေပါ  သူ့ဘာသူကြည့်လုပ်ပါလိမ့်မယ်"
ကွန်းလဲမနေနိုင်၍ဝင်ပြော‌လိုက်သည်။

"သုတ သူ့ကိုခေါ်ပြီးဆေးလိမ်းပေးလိုက် ခေါ်သွား"
ကွန်းလဲအတွင်းရေးမှူးကိုလှမ်းခေါ်လိုက်ကာသွေးသစ်ကိုခေါ်ခိုင်းလိုက်သည်။‌သုတလဲbossရဲ့ဧည့်သည်ကိုအပြင်ကိုခေါ်သွားလိုက်သည်။အခန်းထဲမှာတော့ကွန်းတို့ပဲကျန်နေခဲ့သည်။
ခုနကသွေးသစ်တိုက်မိတဲ့သူတစ်ယောက်ကကွန်းကိုမေးလိုက်သည်။

"ညီလေး ခုနကကောင်လေးကလူသစ်လား"

"မဟုတ်ဘူး ဘာလို့လဲ"

"မဟုတ်ပါဘူးသိချင်လို့ပါ ကောင်လေးကရုပ်အချောအသန့်လေးပဲနော်"

"အင်းးးအဲ့ဒီ့ချောတယ်ဆိုတဲ့သူကကျုပ်ယောကျာ်းလေ ကျုပ်နဲ့မနေ့ကမှလက်ထပ်ထားတာကျုပ်ကသူ့ရဲ့ကာမပိုင်ယောကျာ်း ဒီကိုလဲကျုပ်ခေါ်လို့ရောက်လာတာတခြားဘာများထပ်သိချင်သေးလဲခင်ဗျ"

"ဘာ ဘာမှမသိချင်တော့ပါဘူးစပ်စုတယ်မထင်နဲ့နော်ညီလေး ညီလေးလက်ထပ်လိုက်တာမသိလိုက်လို့"

"အင်း လူတိုင်းကတော့မေးချင်ရာမေးပြီးရင်အဲလိုစကားပြောကြတာပါပဲ မထင်ပါဘူးဒီကဧည့်သည်လဲသိသွားတာပေါ့"

"ဟုတ် ဟုတ်ကဲ့ဗျ"

"မေးချင်တာမေးပြီးရင်လဲအလုပ်ကြောင်းလေးဆက်ပြောရအောင်လေ"

"ကောင်းပါပြီ"
အပြင်ဘက်မှာတော့သုတကသွေးသစ်ကိုဆေးလိမ်းပေးနေသည်။

"အ!"

"အယ် အကိုရလားဗျတအားနာနေလား"

"ရပါတယ်ခုနကနည်းနည်းနာသွားလို့"

"ဪဟုတ်ကျွန်တော်လျှော့လုပ်ပေးမယ်"ဆေးလိမ်းပေးပြီးတော့ပတ်တီးစည်းပေးထားလိုက်သည်။

"ဒီပတ်တီးကခနပဲစည်းထားရမှာအကိုအကြာကြီးစည်းစရာမလိုဘူးနော် ပြီးရင်ပြန်ဖြုတ်လိုက်လို့ရတယ်"

"ကျေးဇူးနော်ညီလေး"

"မဟုတ်တာဗျာ ရပါတယ် ကျွန်တော့်နာမည်ကသုတ အကို့နာမည်ကရော"

"အကို့နာမည်ကပယင်းသွေးသစ်"

"နာမည်ကအဆန်းလေးပဲ တစ်ခါမှမကြားဖူးဘူးဒီလိုနာမည်လေး ကျွန်တော် ကိုပယင်း လို့ခေါ်မယ်နော်"

"ညီလေးအဆင်ပြေသလိုခေါ်ပါ"

"ဟုတ်"
အခန်းထဲမှာတော့အရောင်းအဝယ်ကိစ္စအဆင်ပြေသွားလေသည်။

"ကျွန်တော့်designတွေအားပေးလို့ကျေးဇူးပါခင်ဗျ"

"မဟုတ်တာ ညီလေးdesignတွေကဆန်းသစ်ပြီးခေတ်မှီတယ်လေအဲတာကြောင့်ကြိုက်တာအကိုတို့က"

"ကျေးဇူးပါဗျာ"ဆိုပြီးတစ်ယောက်ချင်းစီလက်ဆွဲနှုတ်ဆက်လိုက်လေသည်။ဟိုလူအလှည့်ရောက်တော့

"ဟိုညီလေးကိုတောင်းပန်ပါတယ်လို့ထပ်ပြောပေးပါဦးညီလေး နှုတ်ဆက်တယ်လို့လဲပြောပေးပါဦး"
ကွန်းလဲအခုထိမပြီးနိုင်တဲ့ထိုလူကိုကြာ‌တော့အမြင်ကပ်လာ၍နှုတ်ဆက်နေရင်းနဲ့လက်အရိုးကိုညှစ်လိုက်သည်မှာအသံတောင်မြည်သွားသည်။

"ပြောပေးလိုက်ပါ့မယ်ထပ် တောင်းပန်ဖို့မလိုပါဘူးသူသိပါတယ်"

"အ! ဟုတ် အ! လွှတ်ပါဦးဗျ သွားပြီနော်"

"ကောင်းပါပြီ"ကွန်းလွှတ်ပေးလိုက်တော့ထိုလူတော်တော်နာသွားသည်ထင် လက်ကိုကိုင်ပြီးယမ်းနေလေသည်။ကွန်းထပ်ပြောလိုက်သည်။

"ဟေ့လူခင်ဗျားလဲပြန်ရင်အရိုးအထူးကုပြလိုက်ဦးနော် ကျိုးသွားတယ်ထင်တယ်အသံကြားလိုက်ရတယ်"

"..."ဟိုလူတော်တော်လန့်နေသည်ထင်ခေါင်းပဲငြိမ့်ပြပြီးထွက်သွားလေသည်။

"ကိုပယင်းကပုဂံမှာနေတာပေါ့နော်"

"အင်းဟုတ်တယ်သုတရ"

"ဝါးးးမိုက်တယ်ကျွန်တော်ကအခုထိတစ်ခေါက်ပဲရောက်ဖူးသေးတာ ကိုပယင်းကိုအားကျလိုက်တာ"

"အားတဲ့အချိန်ကြလာလည်လှည့်လေသုတရဲ့"

"ဟုတ်ကိုပယင်း"

"သုတ!"

"ဗျာboss"

"ပယင်းသွေးသစ်ကိုအထဲခေါ်လာခဲ့"

"ဟုတ်ကဲ့ပါboss"

"Boss ကိုပယင်းရောက်ပါပြီ"

"ဘယ်လိုခေါ်လိုက်တာလဲ"

"ဗျာ bossလို့ခေါ်လိုက်တာလေboss"

"ငါ့ကိုမဟုတ်ဘူး သူ့ကိုမေးနေတာ"

"ဪ ကို‌ပယင်းလို့ခေါ်လိုက်တာပါ"

"သွေးသစ်လို့ပဲခေါ်  အဲ့နာမည်ကငါတစ်ယောက်ထဲကပဲခေါ်ခွင့်ရှိတဲ့နာမည်"

"ဟုတ်ကဲ့ပါboss"

"ကောင်းပြီ မင်းကပြန်ထွက်တော့"

"ဟုတ်ကဲ့ပါboss ကိုပယင်း အဲ ကိုသွေးသစ်လိုတာရှိရင်ကျွန်တော့်ကိုပြောနော်"
သုတယောင်ပြီးထိုနာမည်ပဲဆက်ခေါ်မိတော့bossဆီကနဂါးမျက်စောင်းနဲ့မိတ်ဆက်ခံလိုက်ရသဖြင့်ပြောင်းခေါ်လိုက်ရသည်။

"ဟုတ်ပြီသုတ"

"ခင်ဗျားကတော်တော်ဟန်ကျနေတာပေါ့ ခင်ဗျားကိုခေါ်လာတာဒီလိုမိတ်ဆွေလိုက်လုပ်ခိုင်းဖို့မဟုတ်ဘူး"

"သိတယ် ဘာလို့သုတကိုပယင်းလို့မခေါ်ခိုင်းတာလဲကာယကံရှင်ငါတောင်ဘာမှမဖြစ်တာကိုမင်းကဘာဖြစ်နေတာလဲ"

"ခင်ဗျားမသိရင်မသိသလိုနေနေရာတကာလိုက်မေးမနေနဲ့"

"..."
သွေးသစ်နှုတ်ခမ်းလေးမသိမသာစူမိသွားသည်။

Continue Reading

You'll Also Like

50.8K 2.3K 25
ခွဲစိတ်ဆရာဝန်နဲ့ အထွေထွေရောဂါကုဆရာဝန် ကြားက ဇာတ်လမ်းတစ်ပုဒ် ပါ မတူညီတဲ့ပြိုင်မျဥ်းတွေဟာ လားရာတစ်ခုတည်းအတူသွားကြတဲ့အချိန်မှာ မတော်တဆ ဆုံစည်းမိတတ်ကြ...
74.4K 6.7K 23
ဇာတ်လမ်းတစ်ပုဒ်မှာအရေးအကြီးဆုံးကနောက်ဆုံးဇာတ်သိမ်းပဲ ကြားထဲမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
2.2K 112 20
စပ်စလူးဓာတ်ဗူး သက်တန့်ပိုင် နဲ့ ရေခဲတုံးကြီး ရိုးရာတို့ရဲ့ ချစ်ကြည်နူး တစ်တီတူးတာလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးပဲ သွားထားတာပါ၊ အားလုံး...
4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...