🌸Mud (နွံ)🌸 [Complete]

By LoonDarli

51.7K 1.9K 96

❄️ရှေ့နေကျောင်းသားလေးရှောင်းကျန့်ဟာ အချစ်ကိုအယုံအကြည်မရှိဘူး ဘဝကိုပျော်ပျော်သာဖြတ်သန်းပြီး နှလုံးသားကခံစားချက... More

🥀Intro🥀
🥀Part-1🥀
🥀Part -2🥀
🥀Part-3🥀
🥀Part -4🥀
🥀Part - 6🥀
🥀Part - 7🥀
🥀Part - 8🥀
🥀🔞Part - 9🔞🥀
🥀🔞Part-10🔞🥀
🥀🔞Part - 11🔞🥀
🥀Part -12🥀
🥀🔞Part - 13🔞🥀
🥀Part - 14🥀
🥀Part -15🥀
🥀Part - 16🥀
🥀Part -17🥀
🥀Part -18🥀
🥀Part -19🥀
🥀Part -20🥀
🥀Final🥀

🥀Part - 5🥀

1.7K 86 10
By LoonDarli

(Zawgyi)

🌸Mud (နွံ)🌸


~ဒီး.....ဒီး....ဒီး....~


"Helloကိုကို"




"............."



"ဟုတ်........ပြောပါ ကိုကို"



"ကိုကို"






................................................................................

>>လေဆိပ်၌<<


"အင်း"




"အင်းပါ ငါနားလည်ပါတယ်"






................................................................................

>>ရှောင်ကုမ္မဏီ၌<<





"ဒီလိုပါပဲ စာရင်းတွေမှားလို့ သူတို့မှားတာအကြောင်းမရှိဘူး ရိုးရိုးမှားရင် မပြောဘူး အခုဟာက ပိုက်ဆံတွေအရမ်းကွာနေတယ် ဦးလေးက ဘယ်ကနေ ဘယ်လိုသွားစိုက်ရမလဲ? Company အခြေအနေလည်း မင်းသိသားနဲ့ကို မောင်ရင့်ကျေးဇူးကြောင့်သာ ဒီ Company အခုထိရပ်တည်နိုင်နေတာ ဟူး....သားငယ်လေးကလည်း ကျောင်းက မပြီးသေးဘူး တကယ်ပါပဲကွာ ဦး‌လေးလည်း တကယ်စိတ်ညစ်တယ်"









"ဟုတ်ကဲ့"



~ဒီး...ဒီး....ဒီး...~

"Hello"





"ဟုတ်ကဲ့အဖေ ဒါနဲ့ အဖေ"

"အေး သား ပြောလေ"



"အဟင်း အဖေကတော့လေ သားကြိုးစားနေပါတယ်ဗျ နောက်၎နှစ်ဆို ရှေ့နေကြီးဖြစ်ပါပြီ ဟီးဟီး"



"အင်းသား"


...............................................................................

>>ပဲရစ်၌<<


~ဒီး....ဒီး.....ဒီး...~

"Hello"








"အင်းပြော"






................................................................................

>>>၄နှစ်ခန့်ကြာသော်<<<


"အဖေ!!!"





ယွီပင်း - "ရှောင်းကျန့်"






"အင်း"





"ဟုတ်ကဲ့ဆရာ"




"ဗျာ!!"


"ဗျာ!.....မ မဟုတ်ဘူး အဖေက အဲ့လိုမူးယစ်‌ဆေးမျိုးတွေ မသုံးဘူးဗျ"




"ဗျာ... ကျောက်ကပ်ဆေးရမယ်"

"ဟုတ်ပါတယ်"




"ငါမသိဘူး"


"မင်းတို့တွေ ပြန်တော့ "


"ပြန်တော့"






"မလိုက်ခဲ့နဲ့ မင်းတို့ပြန်ကြတော့ ငါနောက်မှ ဖုန်းဆက်လိုက်မယ် သူငယ်ချင်းတို့"


"အေးပါဆို သွားကြတော့"

"အင်းအင်း"


...............................................................................




"ခဗျား!!!  ဒီစာချုပ်ကဘာလဲ!"



"ဘာကိုသိတာလဲ? ဘေဘီ"






"..........."















"ဆရာကျန်းချန်..."

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#LoonDarli🇨🇳✍️📚🇲🇲



#အားလုံးပဲaini💚

................................................................................

(Unicode)

🌸Mud (နှံ)🌸

ရှောင်းကျန့်တစ်ယောက် စာကြည့်စားပွဲတွင် စာအုပ်တစ်အုပ် စာတွေရေးလို့နေသည် ။ ထိုအချိန် ဖုန်းcallလေးတစ်ခု

~ဒီး.....ဒီး....ဒီး....~

ရှောင်းကျန့် ဖုန်းကိုကြည့်လိုက်တော့ ဖုန်းခေါ်နေသူက ရိပေါ်ပင် ။ ရှောင်းကျန့် ဖုန်းကိုကိုင်ကာ နားထောင်နေလိုက်သည်

"Helloကိုကို"

"ငါ့ကို ကိုကိုလို့မခေါ်နဲ့"

အေးစက်လှတဲ့သံနေသံထားကြောင့် ရှောင်းကျန့် ပင့်တချက်ရှိုင့်လိုက်သည်

"ကိုကို ကျွန်တော်ပြောတာကိုနားထောင်ပေးပါဦးနော်"

"............."

"ကျွန်တော်....အမှန်တော့လေ ကျွန်တော့်ရဲ့အိမ်စီးပွားရေးကြောင့် ကိုကို့ကို အဲ့လိုဆက်ဆံခဲ့ရတာပါ ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့ ကိုကို"

"ငါ မင်းပါးစပ်ကနေ ထွက်ကျလာသမျှစကားတွေအကုန်လုံးကို ငါမယုံဘူး ငါအခုဖုန်းဆက်တာက မင်းကို ပြောချင်တဲ့စကားရှိလို့"

"ဟုတ်........ပြောပါ ကိုကို"

"လူတစ်ယောက်ရဲ့စိတ်ခံစားချက်ဆိုတာက ကစားလို့ရတဲ့အရာမဟုတ်ဘူး  အချစ်ဆိုတာကလည်း လွယ်လွယ်နဲ့မဖြစ်တည်ဘူး အေး ဖြစ်တည်လာပြီဆိုရင်လည်း တန်ဖိုးထားတက်ရတယ် ငါမင်းကို အရမ်းချစ်ခဲ့တာပါ....ငါ့ဘဝထက်ပိုပြီးတော့ကို ငါမင်းကိုချစ်ခဲ့တာ....ငါ့ရဲ့လက်တွဲဖော်အဖြစ်ထိပါ ငါရည်ရွယ်ပြီး ချစ်ခဲ့တာ....."

ရိပေါ်  အသံယဲ့ယဲ့ဖြင့်ပြောနေသော်လည်း သူ့ရဲ့နာကျည်းမုန်းတီးနေတဲ့စိတ်က အသံတွင် သိသာလို့နေသည် ။ ရှောင်းကျန့် ရိပေါ်ပြောတာတွေကို ပြုံးပြီးနားထောင်နေပါသော်လည်း မျက်ဝန်းမှ မျက်ရည်ပူတွေက တသွင်သွင်စီးကျနေသည်

"ကိုကို"

"မခေါ်နဲ့! ငါ့ကိုအဲ့လိုမခေါ်နဲ့! ငါ့ဘဝမှာ မင်းမရှိတော့ဘူး ရှောင်းကျန့်! ငါ.......ငါ့အပေါ် မင်းလုပ်ခဲ့တဲ့လုပ်ရက်ကြောင့် တစ်နေ့ မင်းကောင်းကောင်းကြီးပြန်ပေးဆပ်ရမယ် ရှောင်းကျန့်!!! ငါ မင်းကို အရမ်းမုန်းတယ်"

ရှောင်းကျန့်တစ်ယောက် သူ့ကိုမုန်းသည်ဟုပြောသော ရိပေါ်ရဲ့စကားကြောင့် သူ့စိတ်တွေ မထိန်းနိုင်ကာ ငိုသံထွက်လာမည်စိုး၍ လက်ဖြင့် ပါးစပ်ပိတ်ကာ ကြိတ်ငိုနေရသည် ။ ဖုန်းချသွားသော ရိပေါ်ကတော့ နားကျည်းကာ ငိုသံစွတ်စွတ်ဖြင့် ။ ကျန်ခဲ့သော ရှောင်းကျန့်ကတော့ နာကျင်စွာငိုကျွေးရင်း သူ့ကိုယ်သူအပြစ်တင်နေသည်

"ကိုကိုရယ် ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့  ကျွန်တော်မှားတာ ကျွန်တော်သိပါတယ် ဒါပေမယ့်.....ကျွန်တော့်မှာ ရွေးချယ်စရာလမ်းမရှိဘူး ကိုကို........ကျွန်တော် ရွေးတဲ့လမ်းက မှားနေခဲ့ရင်တောင် အဲ့လမ်းက အဖေ့အတွက် ကောင်းမွန်မယ့်အရာဆိုရင် ကျွန်တော်ဆက်ရွေးချယ်နေမှာပဲကိုကို.....ကျွန်တော့်မှာ အဖေမရှိတော့ရင် အားကိုးစရာမရှိတော့ဘူး.....ကျွန်တော့်ရဲ့တစ်ဦးတည်းသော ခင်တွယ်ရာမို့လို့ပါ ကျွန်တော့်ကို နားလည်ပေးပါကိုကိုရယ်....."

ဟုတ်ပါတယ် ရှောင်းကျန့်က ရှောင်အိမ်တော်ရဲ့ သားအရင်းမဟုတ် မွေးစားသားပင် ။ ရှောင်လူကြီးမင်းကလည်း စီးပွားရေးအခြေမခိုင်တော့တာကြောင့် ဒါကိုသိနေတဲ့‌ကွမ်းယောင်က ထောက်ပံ့ပေးပြီး အကျိုးတူစီးပွားရေး လုပ်နေကြတာပင် ။ ရှောင်းကျန့်က သူ့မွေးစားအဖေကို သိပ်ချစ်သည် ။

သူ ရိပေါ်ကို ကစားချင်ရုံ စနောက်တွဲခဲ့ပေမယ့်လည်း ရိပေါ်ရဲ့ ယုယကြင်နာမှု ၊ အလိုလိုက်မှု၊ နွေးထွေးမှုနဲ့ အချစ်တွေကြောင့် သူရိပေါ်ကို တကယ်ချစ်မိသွားသည် ။ ရိပေါ်က ကွမ်းယောင်ထက် အရာရာသာနေပေမယ့်လည်း သူ့အဖေက ကွမ်းယောင်မှ ကွမ်းယောင်ဖြစ်နေတော့ သူ့မှာ ရွေးချယ်စရာလမ်းမရှိပေ။ ရှောင်းကျန်းတစ်ယောက် ငိုနေရုံမှလွဲ ဘာမှမတက်နိုင်ခဲ့

................................................................................

>>လေဆိပ်၌<<

"ရိပေါ်  မင်းတကယ်ပဲ သွားတော့မလို့လား"

"အင်း"

"ဟင်းးး အင်းပါ  ဟိုရောက်ရင် ငါ့ကိုစာပို့ဦး မင်းကိုယ်မင်း အားရှိအောင်နေ စိတ်လိုက်မာန်ပါ ဘာမှမလုပ်နဲ့ ကြားလား"

"မင်းက ငါ့အဖေလား ငါ့အဖေက ငါ့အဖေလား?"

"မင်းကလဲကွာ မင်းအဖေက မင်းအဖေပဲ ဒါပေမယ့် ငါကတော့ မင်းအဖေမဟုတ်ဘူး သို့သော် မင်းက ငါ့သူငယ်ချင်းလေ ရှိတာမှ ဒီသူငယ်ချင်းလေးနှစ်ယောက်တည်း မင်းကိုငါမှ ဂရုမစိုက်ရင် ဘယ်သူဂရုစိုက်မလဲ "

"အင်းပါ ငါနားလည်ပါတယ်"

"ဟိုရောက်ရင် ထမင်းကိုမှန်မှန်စား ကြားလား အလုပ်ကြီးပဲ စွတ်ဖိလုပ်မနေနဲ့ဦး အနားယူချိန်လေးဘာလေးလည်းပေး အဟင့် ငါ့သူငယ်ချင်းကြီးက ငါ့ကိုထားသွားတော့မယ်"

ဆိုကာ ငိုမဲ့မဲ့လုပ်ပြနေတဲ့ကျန်းချန်ကြောင့် ရိပေါ်က

"အပိုတွေလုပ်မနေနဲ့ ငါသေသွားမှာလည်းမဟုတ်ဘူး ထွက်မှာမဟုတ်တဲ့မျက်ရည်တွေကို ညှစ်ချမနေနဲ့ ကဲ စနောက်မနေနဲ့တော့ ငါသွားတော့မယ်"

"အဟဟဟ အေးပါကွ မင်းကလဲ dramaလေးဘာလေးခင်းကြည့်တာကို နဲနဲလေးမှ အလျှော့မပေးဘူး ကောင်းပြီ ကောင်းပြီ ဂရုစိုက်သွား"

ခေါင်းငြိမ့်ပြကာ ခရီးဆောင်အိတ်ကိုဆွဲပြီး လေယာဉ်ပေါ်သို့တက်သွားသော ရိပေါ် ။ တည်နေရာလေးက ပဲရစ်ဆီသို့ ။

................................................................................

>>ရှောင်ကုမ္မဏီ၌<<

"ဒါတွေက ဘယ်လိုဖြစ်ရတာလဲ? မင်းတို့တွေ သေချာစာရင်းတွေ မစစ်ဘူးလား?"

ရှောင်လူကြီးမင်း ဒေါသထွက်ကာ company ဝန်ထမ်းတွေကို ဆူနေသည် ။ ထိုအချိန် ဝင်လာသော ကွမ်းယောင်

"ဘာတွေဖြစ်နေတာလဲ ဦးလေး"

ကွမ်းယောင်ဝင်လာတော့ ဝန်ထမ်းများ အလိုက်တသိထွက်သွားကြသည်

"ဒီလိုပါပဲ စာရင်းတွေမှားလို့ သူတို့မှားတာအကြောင်းမရှ်ိဘူး ရိုးရိုးမှားရင် မပြောဘူး အခုဟာက ပိုက်ဆံတွေအရမ်းကွာနေတယ် ဦးလေးက ဘယ်ကနေ ဘယ်လိုသွားစိုက်ရမလဲ? Company အခြေအနေလည်း မင်းသိသားနဲ့ကို မောင်ရင့်ကျေးဇူးကြောင့်သာ ဒီ Company အခုထိရပ်တည်နိုင်နေတာ ဟူး....သားငယ်လေးကလည်း ကျောင်းက မပြီးသေးဘူး တကယ်ပါပဲကွာ ဦး‌လေးလည်း တကယ်စိတ်ညစ်တယ်"

ကွမ်းယောင်က ပြုံး၍ ပြောလိုက်သည်

"ဒီလိုလုပ်ပါလား ဦးလေး ....ဦးလေးလည်း ငွေလည်အောင် ကျွန်တော်လည်း အကျိုးမယုတ်အောင် ဦးလေးရဲ့ အိမ်ကို ကျွန်တော့်ဆီခဏလောက်ပေါင်လိုက်လေ ကျွန်တော်က သ-ပ်သ-ပ်အပေါင်ခံပေးတာပါနော် ဦးလေးလည်း ရှောင်းကျန့်ကို ကျောင်းပြီးအောင် ဆက်ထားနိုင်မယ် လောလောလတ်လတ်မှာလည်း ငွေလည်သွားမယ် ဘယ်လိုလဲဦးလေး"

ရှောင်လူကြီးမင်း စဉ်းစားနေသည် ။ သူအခုသိတာ သူ့သားရှောင်းကျန့် လူကုံလည်မှာ မျက်နှာတင့်ဖို့နဲ့ လောလောလတ်လတ်သူတို့ ငွေပြေပြေလည်လည်နဲ့ အဆင်ပြေဖို့ပင်

"ဟုတ်ပြီ သား ဦးလေးသဘောတူတယ် ဦးလေးတို့မနက်ဖြန်ကြရင် အိမ်အပေါင်စာချူပ် ချုပ်ကြတာပေါ့"

"ဟုတ်ကဲ့ ဦးလေး ဒါဆို မနက်ဖြန် ဒီအချိန်ပဲ company ကိုပြန်လာခဲ့မယ်လေ ဦးလေးအဆင်သင့်လုပ်ထားလိုက်ပေါ့ဗျာ"

"‌အေးအေး သား ကျေးဇူးပါကွယ်....ဦးလေးတို့ကို ကူညီပေးတာ"

"ရပါတယ်ဗျာ...မလိုပါဘူး ကဲ ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး "

"အေးအေး ဂရုစိုက်သွားဦးသား"

"ဟုတ်ကဲ့"

ကွမ်းယောင် ပြောကာ အပြုံးလှလှလေးဖြင့် ရှောင် company မှ ထွက်လာလိုက်သည်

ရှောင်လူကြီးမင်း ချောင်းတွေဆိုးကာ ခေါင်းကိုက်နေသည် ။ ထိုအချိန် ဖုန်းလာသောကြောင့် ကိုင်လိုက်သည်

~ဒီး...ဒီး....ဒီး...~

"Hello"

"Hello အဖေ ကျွန်တော်ပါ ရှောင်းကျန့်"

"အော် အေး အဟွတ်! အဟွတ် အေး သားပြော အဟွတ်!"

"ဟိုလေ အဖေ အဆောင်ခနဲ့ သင်တန်းကြေးပေးရတော့မယ် အဲ့ဒါ..."

"အော် အေး ဟုတ်သားပဲ စိတ်မပူနဲ့သားလေး အဖေစီစဉ်ထားပါတယ် မနက်ဖြန် အဖေ ကျောင်းမှာ ပိုက်ဆံသွားသွင်းလိုက်မယ် အဟွတ်!"

"ဟုတ်ကဲ့အဖေ ဒါနဲ့ အဖေ"

"အေး သား ပြောလေ"

"အဖေ့ကြည့်ရတာ တအားချောင်းဆိုးနေသလိုပဲ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား သားလာခဲ့ရမလား?"

"နေပါစေ သားရယ် အဖေဘာမှမဖြစ်ဘူး အကောင်းကြီး သားသာ စာသေချာလုပ် အဖေ့သား ရှေ့နေကြီးဖြစ်သွားရင် အဖေက သားရဲ့တရားရုံးမှာ တာဝန်ခံလုပ်မယ်ကွာ အဟဟဟ အဟွတ်! အဟွတ်"

"အဟင်း အဖေကတော့လေ သားကြိုးစားနေပါတယ်ဗျ နောက်၄နှစ်ဆို ရှေ့နေကြီးဖြစ်ပါပြီ ဟီးဟီး"

"အင်းအင်း ဒါပဲနော်သား အဖေလုပ်စရာလေးတွေရှိသေးလို့"

"ဟုတ်ကဲ့အဖေ ဒါဆိုသားဖုန်းချလိုက်တော့မယ်နော်"

"အင်းသား"

ရှောင်းကျန့် ဖုန်းချသွားပြီး ရှောင်လူကြီးမင်းက စားပွဲခုံအောက်မှ ‌အံဆွဲကိုဖွင့်ကာ ဆေးဗူးကိုယူပြီး ဆေးတစ်လုံးကို သောက်နေသည်

...............................................................................

>>ပဲရစ်၌<<

အလုပ်ရုံးခန်းထဲတွင် အလုပ်လုပ်နေသော ရိပေါ်ဆီသို့ ဝင်လာသောဖုန်း

~ဒီး....ဒီး.....ဒီး...~

"Hello"

"အေး ရိပေါ် မင်းငါ့ကို ဖုန်းမဆက် ဘာမဆက်နဲ့ မင်းဘာတွေလုပ်နေတာလဲ ဟမ်!"

ဖုန်းကိုင်လိုက်သည်နှင့်တပြိုင်နက် စူးရှသောအသံဖြင့် အော်ဟစ်ဆူငေါက်နေတဲ့ ကျန်းချန်ကြောင့် ရိပေါ်နားကွဲမတက် ဖြစ်သွားသည်

"အော်မနေနဲ့အဲ့လောက် လိပ်ခေါင်းထွက်လာဦးမယ်"

ရိပေါ်ပြောမှ ကျန်းချန် သူ့-င်သူစမ်းကြည့်ကာ

"မထွက်ဘူး ရိပေါ် မင်းငါ့ကိုလျှောက်ပြောမနေနဲ့"

"အဟဟ အေးပါကွာ မပြောတော့ပါဘူး အခု မင်းငါ့ကို ဖုန်းဆက်တဲ့ကိစ္စက?"

"အဲ ဟုတ်သား အဓိက ပြောဖို့ကို မေ့နေတာ"

"အင်းပြော"

"ဟို ငါ...ရှောင်းကျန့်ကိစ္စ...မင်းကိုပြောပြမလို့"

"တော်ပြီ ကျန်းချန် ငါမအားဘူး ဒါပဲ"

"ဟာ မင်း နေဦး ရိပေါ်  အရေး.."

ကျန်းချန် စကားပြောမပြီးခင်မှာပဲ ဖုန်းချသွားသောရိပေါ် ။ ရိပေါ်  ရှောင်းကျန်းနဲ့ပတ်သ-တ်ပြီး ဘာအကြောင်းမှ မသိချင် ဒါကြောင့် ဖုန်းချလိုက်ခြင်း။ တစ်ဖက်မှ ကျန်းချန်ကတော့

"ရိပေါ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ"

................................................................................

>>>၄နှစ်ခန့်ကြာသော်<<<

ရှောင်းကျန့်တစ်ယောက် လာမယ့် ရှေ့နေ့နောက်ဆုံးနှစ်စာမေးပွဲအတွက် ပြင်ဆင်ရန် အားမာန်အပြည့်ဖြင့် အိမ်ကို ပြန်လာသည် ။ ထိုအချိန် မြင်တွေ့လိုက်ရသော မြင်ကွင်းတစ်ခု ။

"အဖေ!!!"

ဧည့်ခန်းထဲတွင် ရှောင်လူကြီးမင်း လဲကျကာ ခေါ်လို့မရတော့ပေ။ ရှောင်းကျန့်လေးကတော့ ကျောပိုးအိတ်ကိုပြစ်ချကာ ရှောင်လူကြီးမင်းဆီ အပြေးသွားသည်

"အဖေ! ကျွန်တော်ခေါ်နေတယ်လေ! အဖေ! အဲ့လိုမဟုတ်ဘူးလေ အဖေ! ကယ်ကြပါဦးဗျာ!!!! ဒီမှာ အဖေမူးလဲနေလို့! အဖေ!!!"

ရှောင်းကျန့် ငိုယိုကာ အော်ဟစ်အကူညီတောင်းနေသည် ။ သူ့အတွက် သူ့အဖေက မရှိမဖြစ်ပေ ။ ရှောင်လူကြီးမင်းက ရှောင်းကျန့်ရဲ့ တွယ်တာရာ ဖြစ်သလို အားကိုးရာ နွေးထွေးသော အရိပ်တစ်ခုပင်

ရှောင်လူကြီးမင်းကို ဆေးရုံတင်ကာ ရှောင်းကျန့်ကတော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည် ။ မျက်ရည်ကျကာ ခုံတန်းလေးမှာ ထိုင်နေသည် ။ ထိုအချိန် ယွီပင်းနဲ့ဟောက်ရွှမ်းရောက်လာသည်

ယွီပင်း - "ရှောင်းကျန့်"

ဟောက်ရွှမ်း - " ဘယ်လိုဖြစ်တာလဲကွာ ငါ့ကိုပြောပြပါဦး"

"ငါလည်း မသိတော့ဘူးကွာ ငါစာမေးပွဲအတွက် စာအုပ်တွေယူဖို့ အိမ်ကိုခဏပြန်သွားတာ အိမ်အဝရောက်တော့ ဧည့်ခန်းမှာ အဖေက....လဲ‌ကျနေတယ် အဲ့ဒါနဲ့ ဆေးရုံတင်လိုက်ရတာပဲ"

"ဟူးးး ဒါဆို အခုအခြေအနေ ဘယ်လိုလဲ သိရပြီလား?"

"မသိရသေးဘူး အခုချိန်ထိ ဆေးစစ်ချက်တွေ မရသေးဘူး "

"ဟင်း....အဆင်ပြေသွားမှာပါကွာ အရမ်းကြီး စိတ်ပူမနေနဲ့ ကြားလား ရှောင်းကျန့်"

"အင်း"

ရှိုင့်သံဖြင့် ငိုကာ ခေါင်းငြိမ့်နေသော ရှောင်းကျန့်က သနားစရာဖွယ်အတိ ။

အချိန် အတော်ကြာတော့ ဆရာဝန်တွေ အရေးပေါ်ခန်းထဲမှ ထွက်လာကြသည် ။ ရှောင်းကျန့်အပြေးသွားကာ မေးတော့ ဆရာဝန်က

"ဆရာ ဆရာ ကျွန်တော့်အဖေ ဘယ်လိုနေသေးလဲဟင်"

"ကျွန်တော့်ရုံးခန်းမှာ ပြောကြတာပေါ့"

"ဟုတ်ကဲ့ဆရာ"

ဆရာဝန်ရဲ့ ရုံးခန်းထဲရောက်တော့ ရှောင်းကျန့် အသားတွေ အေးစက်ကာ တုန်ယီလို့နေသည် ။ ဘေးနား၌လည်း ဟောက်ရွှမ်းနဲ့ယွီပင်းက ထိုင်နေပေးသည်

"ဆရာ ကျွန်တော့်အဖေက ဘာဖြစ်တာလဲဗျ"

"ဟင်း...လူနာက ကျောက်ကပ်ပျက်စီးနေတာပါ"

"ဗျာ!!"

"အချိန်တော်တော်ကြာကြာဆေးကုသမှု မခံယူတော့ ဒီအခြေအနေထိ ရောက်သွားတာပါ  ရှောင်လူကြီးမင်းကို လွန်ခဲ့တဲ့၃နှစ်ကျော်လောက်ကတည်းက ကျွန်တော်ပြောထားပါတယ် ကျန်းမာရေးကို ဂရုစိုက်ပြီး သေချာလေး ဆေးကုသမှုခံယူဖို့အတွက် ဒါပေမယ့် ရှောင်လူကြီးမင်းက အတော်‌လေး ခေါင်းမာတယ် ဆေးရုံရက်ချိန်းတွေလည်း လာမပြဘူး ဘာတွေလုပ်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့လည်းမသိရဘူး ဒါပေမယ့် အခု ကျောက်ကပ်မှာ အာနိသင်တစ်ခုကိုတွေ့ပါတယ် အဲ့ဒါကတော့ ကျောက်ကပ်ကိုပျက်စီးစေတဲ့ မူးယစ်ဆေးဝါးအမှုန်တွေပါ"

"ဗျာ!.....မ မဟုတ်ဘူး အဖေက အဲ့လိုမူးယစ်‌ေဆးမျိုးတွေ မသုံးဘူးဗျ"

"ဒါပေမယ့် ကျွန်တော်တို့ ဆေးစစ်ချက်မှာ ပေါ်နေတယ်ဗျ ဒါကြောင့် ကျောက်ကပ်က သုံးစားလို့မရအောင်ကို ပျက်စီးသွားတာပါ"

"ဒါ ဒါဆို အဖေ့ကို ပြန်ကုသလို့ မရတော့ဘူးလားဗျာ"

"ပြန်ကုသလို့ကတော့ ရပါတယ် အဲ့ဒါတွေကတော့ ကျောက်ကပ်အစားထိုးကုသမှုနဲ့ ကျောက်ကပ်ဆေးဖို့ပါပဲ"

"ဗျာ... ကျောက်ကပ်ဆေးရမယ်"

"ဟုတ်ပါတယ်"

ရှောင်းကျန့် အကြပ်ရိုက်နေသည် ။ ကျောက်ကပ်ဆေးတယ်ဆိုတာ နည်းတဲ့ကုသမှုမျိုးမဟုတ် ပိုက်ဆံအရမ်းကုန်တဲ့အရာပင် တစ်ပတ်တစ်ကြိမ်လောက် (သို့မဟုတ်) တစ်လတစ်ကြိမ်လောက်ဆေးနေရတဲ့အရာမျိုးခြင်းပင် ။ ရှောင်းကျန့်တစ်ယောက် ဒီပိုက်ဆံတွေကို ဘယ်လိုရှာရမလဲ သူမသိ ။ သူ့ခေါင်းတစ်ခုလုံးပူထူနေသည်ပင်

ဆေးရုံမှ အိမ်သို့ပြန်ကာ ဧည့်ခန်းထဲတွင် ကြောင်တောင်တောင် ငူတူတူကြီးဖြင့် ငြိမ်နေသော ရှောင်းကျန့်ကြောင့် ဟောက်ရွှမ်းနဲ့ ယွီပင်းက ပြောလိုက်သည်

"အခု မင်း ဘယ်လိုဆက်လုပ်မလဲ ရှောင်းကျန့်"

"ငါမသိဘူး"

"မင်း မသိလို့မရဘူးလေရှောင်းကျန့် မင်းအဖေက အခု ဆေးရုံမှာနော် မင်းတစ်ခုခုတော့ ကြံပါဦးကွာ"

"မင်းတို့တွေ ပြန်တော့ "

ယွီပင်း/ဟောက်ရွှမ်း - "ရှောင်းကျန့်!"

"ပြန်တော့"

ထိုသို့ ပြောနေကြရင်း စားပွဲခုံအောက်မှ တစ်စွန်းတစ်စထွက်နေသော စာရွက်အား ဟောက်ရွှမ်းက တွေ့၍ ကောက်ယူလိုက်သည်

"ဟာ ရှောင်းကျန့် ဒါက အိမ်အပေါင်ခံစာချုပ်ပဲ"

ရှောင်းကျန့် သတိပြန်ကပ်သွားကာ စာချုပ်ကို ယူပြီးကြည့်တော့ သူတို့အိမ်က ပေါင်ထားတာ ၄နှစ်ပြည့်ပြီပင် အတိုးလည်းမပေးနိုင် ရွေးလည်းမရွေးနိုင်တာ ၄နှစ်တောင်‌ကြာနေပြီမို့ စာချုပ်က တော်တော်ကိုကြာနေပြီပင် ။ စာချုပ်ရဲ့ အပေါင်ခံတဲ့သူရဲ့နမည်ကို တွေ့တော့ ရှောင်းကျန့် ဒေါသထွက်သည်နှင့်ယှဉ်တွဲကာ မျှော်လင့်ချက် တစ်စုံတစ်ရာလေးဖြင့်

"ငါ အကိုကွမ်းယောင်ဆီသွားလိုက်ဦးမယ် မင်းတို့ပြန်နှင့်ကြတော့"

"ဟမ်? ဟေ့ကောင် ငါတို့လည်းလိုက်ခဲ့မယ်လေ"

"မလိုက်ခဲ့နဲ့ မင်းတိူ့ပြန်ကြတော့ ငါနောက်မှ ဖုန်းဆက်လိုက်မယ် သူငယ်ချင်းတိူ့"

"အေးအေး ဒါဆိုလည်း ငါတို့ပြန်မယ် မင်းစိတ်ချရတာ ‌ေ-သချာပါတယ်နော် ရှောင်းကျန့်"

"အေးပါဆို သွားကြတော့"

"အင်းအင်း"

ဟောက်ရွှမ်းနဲ့ ယွီပင်းထွက်သွားပြီးနောက် အိမ်စာချုပ်ကို ကိုင်ကာ ကွမ်းယောင်ဆီသို့ ရှောင်းကျန့်ထွက်လာခဲ့သည်

...............................................................................

ကွမ်းယောင်အိမ်ရှေ့သို့ ရောက်တော့ ခြံရှေ့မှ အော်ခေါ်နေသော ရှောင်းကျန့်

"ကျင်းကွမ်းယောင်!! ခဗျားထွက်လာခဲ့စမ်း!!! အခုချက်ချင်းခြံတံခါးဖွင့်ပေး!"

ခြံစောင့် တံခါးဖွင့်ပေးတော့ အိမ်ထဲသို့ဝင်လာသော ရှောင်းကျန့် ။ ဧည့်ခန်းထဲတွင် မိန့်မိန့်ကြီးထိုင်နေသော ကျင်းကွမ်းယောင် ။ စားပွဲပေါ်ကို စာချုပ်ကို ပြစ်ချပြီး ရှောင်းကျန့်ပြောလိုက်သည်

"ခဗျား!!!  ဒီစာချုပ်ကဘာလဲ!"

"အိုး ဘေဘီ ဒါက အိမ်အပေါင်ခံစာချုပ်ပဲ"

"အေး အဲ့ဒါ ခဗျားအကြံမလား ကျွန်တော်သိတယ်! "

"ဘာကိုသိတာလဲ? ဘေဘီ"

"ဘာကိုသိတာလဲ ဟက်လား!!? ခဗျား ကျွန်တော်တို့ Companyကို အပိုင်စီးချင်လို့ အဖေ့ကိုကူညီသလိုလိုနဲ့ ချောက်ထဲတွန်းပို့တဲ့ကိစ္စ ကျွန်တော်မသိဘူးထင်နေလား!!! "

ဆိုကာ သူ့လက်ထဲမှာ ဆေးလုံးတစ်ချို့ကို ကွမ်းယောင်မျက်နှာကို ပြစ်ပေါက်လိုက်သည် ။

"အဲ့နေ့က အဖေ့ကို ခဗျားကိုယ်တိုင် အဲ့ဆေးတွေကို ပေးနေတာကို ကျွန်တော်မြင်တယ်!!!! အကောင်းနဲ့ ကောင်းစေချင်လို့ပေးတယ်ထင်လို့ ဘာမှမပြောခဲ့တာ!!! အခု အဖေ ဆေးရုံရောက်နေပြီ ကျောက်ကပ်တွေ ပျက်စီးကုန်ပြီ အဖေ့ companyကိုလည်း ခဗျားရနေပြီ!! ခဗျား ကျွန်တော့်အဖေကို ကယ်ပေးရင်ကယ်ပေး! မဟုတ်ရင် ကျွန်တော် ဒီဆေးတွေကို ခဗျားပေးကြောင်း ရဲတွေပြောပြစ်လိုက်မှာ!!"

ကွမ်း‌ယောင် ရှောင်းကျန့်စကားအဆုံးမှာ ထရယ်မောလိုက်သည်

"အဟဟဟဟဟဟ ဘေဘီ မင်းကများ ငါ့ကိုရဲတိုင် တိုင်ဦးမယ်ဟုတ်လား? အဟဟဟ ဒီဆေးတွေ ငါပေးပါတယ်လို့ ပြောရအောင် သူတို့ကိုပြစရာ မင်းမှာ ဘာသက်သေရှိလဲပြော"

"..........."

"အဟက် ဘာသက်သေမှမရှိပဲ ရဲတွေကိုသွားပြောလည်း ရဲတွေက ငါ့ကိုဖမ်းမှာမဟုတ်ဘူး လောလောလတ်လတ် အဲ့မူးယစ်ဆေးဝါးတွေရှိနေတဲ့ မင်းအဖေကိုပဲ ဖမ်းမှာ အဟဟဟဟဟ"

"ခဗျား!!!! ကျင်းကွမ်းယောင်!!!! အယုတ်တမာ!! ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်!"

"အိုး ဘေဘီ မင်းကိုယ့်ကို ပြောလိုက်တာ များတယ်နော် အခုလောလောဆယ်မှာ ကိုယ်က မင်းတို့ထက်စာရင် ငွေရော အာဏာရော အဆင့်အတန်းရော ရှိသေးတယ် မင်းတို့မှာ ဘာရှိလဲ? အိမ်လား? ကားလား? ခြံလား? ငွေလား? အဟက် ဘာမှမရှိဘူးလေ အဟဟဟ ဘာမှမရှိဘူး... ကိုယ့်ကိုယ်ကို သတိကပ်စမ်းပါ ဘေဘီရာ...ကျွတ်ကျွတ်ကျွတ် ကဲကဲ ဟိုကောင်တွေ သူ့ကိုဆွဲထုတ်သွားစမ်း! တကယ်အာရုံနောက်စရာပဲ"

ရှောင်းကျန့်ကို လုံခြုံရေးတွေက အိမ်အပြင်သို့ဆွဲထုတ်ကာ လမ်းပေါ်သို့ ပြစ်ချလိုက်သည် ။ ရှောင်းကျန့်ရဲ့မျက်ရည်တွေနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင်ရွာချလာတဲ့မိုး ။ ရှောင်းကျန့်ငိုတာကို မမြင်အောင် မိုးရည်တွေက ကာကွယ်ပေးသည့်အလား

ရှောင်းကျန့် တကယ်ပင်ပန်းသည် ။ အကြပ်အတဲထဲမှာ သူရောက်နေသည် ။ သူ့ကို ကူညီမယ့်သူမရှိ သူကူကယ်ရာ မဲ့နေသည် ။ ရှောင်းကျန့် သူ့ရဲ့ရှိသမျှ မာနကို အကုန်ခဝါချကာ မိုးရေထဲ၌ ဒူးထောက်လိုက်သည်

"ကျေးဇူးပြုပြီး.........ကျေးဇူးပြုပြီး.......အဖေ့ကို ကယ်တင်ပေးပါ အကိုကွမ်းယောင်ရယ်....တောင်းပန်ပါတယ်....ကျွန်တော်တောင်းပန်ပါတယ် "

ပြောရင်းပင် လက်အုပ်ချီကာ ငို၍ ကန်တော့နေသော ရှောင်းကျန့်ကို ပြုံးပြုံးလေးကြည့်နေတဲ့ကွမ်းယောင်က လုံခြုံရေးတွေကို ခြံအပြင်သို့ မောင်းထုတ်ခိုင်းလိုက်သည်

ထိုအခါ အော်ဟစ်ငိုကျွေးပြီး လုံခြုံရေးတွေလက်ထဲမှ ရှုန်းကန်ကြောက်နေသော ရှောင်းကျန့်လေး ။ သူ့အတွက် သူ့အဖေက အရေးကြီးသည် ။ ခြံအပြင်သို့ တွန်းထုတ်ခံရကာ ထိုနေရာတွင်မှာပင် ငိုနေသော ရှောင်းကျန့် တစ်ခုသောအရာကို သတိရသွားသည်

("မင်း အဲ့လိုတွေဆက်မလုပ်ပါနဲ့တော့ ရှောင်းကျန့် ငါတို့တွေက မင်းကောင်းဖို့အတွက်ပြောတာပါ မင်းဒီလိုသာ ဆက်လုပ်နေရင် မင်းတစ်နေ့ ပြန်ဝဋ်လည်လိမ့်မယ်နော်"

"အဟက် ဝဋ်လည်မယ်ဆိုလည်း ပျော်ပျော်ကြီးကို ဝဋ်လည်ခံလိုက်မယ် အခုချိန်မှာ ငါပျော်နေတယ် ဒီလောက်ပဲ")

သူငယ်ချင်းတွေရဲ့ ပြောစကားကို နားမထောင်ခဲ့ပဲ သူ့ကို တကယ့်အချစ်စစ်နဲ့ချစ်ပြီး နွေးထွေးမှုပေးပြီး လုံခြုံစေခဲ့တဲ့ ရိပေါ်ကို သူစော်ကားခဲ့မိသည် ။ ထိုအရာတွေကိုတွေးကာ ရှောင်းကျန့်ငိုနေရင်း ရယ်နေကာ ငိုနေပြန်သည်

"အဟဟဟဟဟ ကိုကို....ကျွန်တော် ဝဋ်လည်နေပြီ သိလား!!....ကျွန်တော် သူတော်ကောင်းကို စော်ကားခဲ့မိလို့ ကျွန်တော်ဝဋ်လည်နေပြီ ကိုကို.......လာကြည့်ပါဦး...ကိုကိုသိပ်မုန်းတဲ့ ကျွန်တော်....နေစရာမရှိ မှီခိုစရာမရှိတော့ပဲ လမ်းဘေးမှာ ဒုက္ခရောက်နေပြီ...."

"ဒုက္ခမရောက်ပါဘူး ရှောင်းကျန့်..."

ရှောင်းကျန့်  အနောက်မှ ထွက်လာသောအသံကြောင့် ‌လှည့်ကြည့်မိတော့ သူအရမ်းအံ့ဩသွားမိသည် ။ သူ့ကို ထီးတစ်ချောင်းဖြင့် မတ်တပ်ရပ်ကြည့်နေသောသူက

"ဆရာကျန်းချန်..."

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#LoonDarli🇨🇳✍️📚🇲🇲

#Ficလေးကို ဖတ်ပေးကြသူဒါဒါအပေါင်းကိုကျေးဇူးတင်ပါတယ်ဗျ🙇

#feedbackလေးတွေပေးသွားကြပါဦးခဗျ🫶

#အားလုံးပဲaini💚

Continue Reading

You'll Also Like

4.4K 355 7
ငယ်ငယ်​လေးကတည်းက တကျက်ကျက် ရန်ဖြစ်လာတဲ့ မတည့်အတူ​နေ ​ကောင်​လေးနှစ်​ယောက်.. ရင်ထဲမှာဖြစ်တည်​နေတဲ့ အချစ်ဆိုတဲ့ အရာကို တစ်​ယောက်အ​ပေါ်တစ်​ယောက် သတိထားမိ...
577K 20.9K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
28.7K 1K 20
Chrysanthemum Venus Potter returns for another year at Hogwarts but nothing is the same, with Voldemort attacking the school to fight her, to killing...
37.7K 582 38
Follow along as we see our favorite hero accused, broken, rescued and saved. He was forced to leave his home but gains another in the process. Will h...