ပန်ဒိုရာသူ့ရဲ့ကုတင်အောက်ကအိပ်ယာပေါ်မှာအိပ်ပျော်နေတဲ့ကုန်းကုန်းကိုကြည့်ပြီးစိတ်ချလက်ချအိပ်လိုက်တော့သည်။သူဒီကမ္ဘာကိုစရောက်ကတည်းက,ကာကွယ်ပေးခဲ့တဲ့လူဖြစ်နေလို့လား၊ရုပ်ရှင်ထဲကမူရင်းလူကိုအသက်နဲ့လဲပြီးကာကွယ်ပေးခဲ့တဲ့မြင်ကွင်းကြောင့်ပဲလားတော့မသိဒီလူသူ့အနားမှာရှိရင်လုံခြုံနွေးထွေးသလိုခံစားရသည်။
ပန်ဒိုရာအိပ်နေရင်းသာယာလွန်းတဲ့ခံစားချက်ကြာင့်ငြီးငြူမိလိုက်သည်။တစ်စုံတစ်ယောက်ကသူ့အပေါ်မှာအားကုန်သုံးကာလှုပ်ရှားနေပြီးထိုလူကဘယ်သူမှန်းသူမသိချေ။
မျက်လုံးဖွင့်ကြည့်ချင်ပေမယ့်ခဲဆွဲသလိုလေးလံနေတဲ့မျက်ခွန်တွေကခွင့်မပြု။
တစ်စုံတစ်ယောက်ကသူ့ရဲ့ရင်သားတွေကိုလျှာနှင့်လျှက်လာတာကိုခံစားမိတာကြောင့်ပန်ဒိုရာသေမတတ်လန့်ဖြန့်သွားသည်။လူနှစ်ယောက်တောင်လား။ဒီလူတွေလုပ်ရဲလား....။
ထိုလူနှစ်ယောက်ကိုဓါးနှင့်အဆက်မပြတ်ထိုးသတ်ချင်ပေမယ့်လက်တွေ့မှာတော့ခုခံနိုင်စွမ်းနည်းနည်းလေးတောင်မရှိ။လူနှစ်ယောက်ကသူ့ကိုအိပ်ယာပေါ်ဖိချထားပြီးစိတ်ကြိုက်ချယ်လှယ်နေသည်။
"အရှင့်သား...."
တစ်စုံတစ်ယောက်ကသူ့ရဲ့နားတွေကိုလျှာနှင့်လျှက်ပြီးသူ့ကိုတီးတိုးခေါ်လာသည်။ဒီအသံကိုသူရင်းရင်းနှီးနှီးရှိလှပေမယ့်သေသေချာချာတော့မသိ။
"အရှင့်သားကိုယ်ပေါ်ကဖယ်တော့ငါတို့အလှည့်ရောက်ပြီ!"
ထပ်ပြီးလူတွေရှိသေးတာလား။
ပန်ဒိုရာ,သူမတ်တပ်ရပ်နိုင်တာနဲ့ဒီလူတွေအကုန်လုံးကိုရက်ရက်စက်စက်သတ်ပြစ်မည်ဟုကျိန်းဝါးလိုက်သည်။
"ငါမပြီးသေးဘူး,ပြီးအောင်စောင့်!"
"ငါ-ိုးပဲ!"
ထို့နောက်လူနှစ်ယောက်ကအတင်းအကြပ်ဖယ်ရှားခံလိုက်ရပြီးလူနှစ်ယောက်ကအစားထိုးဝင်လာပြီးစိတ်ကြိုက်ပြုမှုကြပြန်သည်။
'ခွေးမသားတွေလုပ်ရဲလား'
ပန်ဒိုရာပင်ပန်းနွမ်းလျနေပေမယ့်ဘယ်သူကမှသူ့အပေါ်ညှာတာခြင်းမရှိကြ။ထိုလူတွေရဲ့မျက်နှာကိုမှတ်သားဖို့ရှိသမျှအားကုန်သုံးကာမျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့အဖြူရောင်မျက်နှာကျက်ကြီးကိုသာမြင်လိုက်ရသည်။လူတစ်ယောက်မှသူ့ဘေးမှရှိမနေ။သူရဲ့ညအိပ်ဝတ်ရုံတော်ကပင်ပုံပျက်ခြင်းမရှိ။
"ငါ-ိုးပဲဘယ်လိုအိမ်မက်ကြီးလဲ"
သူအရင်ဘဝကလူတွေအများကြီးနဲ့အိပ်ဖူးပေမယ့်အိပ်လိုက်တိုင်းလူတစ်ယောက်ချင်းစီသာ။
ရုတ်တရက်အကိုကြီးနှင့်သူ့ချစ်သူနှစ်ယောက်ကိုသတိရမိလိုက်သည်။အကျဥ်းထောင်အတွင်းမှာအကိုကြီးကထိုလူနှစ်ယောက်ရဲ့အတင်းအကြပ်အကြမ်းဖက်ခြင်းကိုခံခဲ့ရပြီးသူကလည်းထိုအရာကိုထူးဆန်းတယ်လိုမထင်ခဲ့။လူတွေအများကြီးနှင့်တစ်ပြိုင်နက်ထဲလိင်ဆက်ဆံတာကိုမကြိုက်နှစ်သက်ပေမယ့်အကိုကြီးဆိုသည့်လူဖြစ်နေတာကြောင့်သူရွံရှာသလိုမခံစားခဲ့ရ။
အခုသူကဘာလို့ဒီအိပ်မက်ကိုမက်ရတာလဲ။ပြီးတော့ဒီလူတွေကသူ့အကြောင်းသေချာသိနေသလိုသူအထိအခိုက်မခံနိုင်တဲ့နေရာတွေကိုအကြိမ်ပေါင်းများစွာထိတွေ့ခဲ့ကြသည်။
"ကျစ်..ဘာတွေလဲကွာ!"
ပန်ဒိုရာရေဆာလာတာကြောင့်ကုန်းကုန်းကိုရေယူခိုင်းဖို့ကုတင်အောက်ငုံ့ကြည့်လိုက်တော့လူကအိပ်ယာမှာမရှိတော့။
"ကုန်း...ကုန်း!!!!!!!!!!"
ပန်ဒိုရာရဲ့အော်ဟစ်သံကြီးကြောင့်အိပ်မောကျနေတဲ့အစောင့်များနှင့်အပျိုတော်များကအလန့်တကြားပြေးဝင်လာကြသည်။
"ထွက်သွားကြ!အကုန်ထွက်သွားကြ!!"
ဒီလူတွေအကုန်လုံးကသူလုပ်ကြံခံရစဥ်ထိပ်ဆုံးကဝမ်းသာပျော်ရွှင်ခဲ့ကြသည့်လူများဖြစ်သည်။ကုန်းကုန်းနှင့်ဖခမည်းတော်ကသာလျှင်သူ့အပေါ်စစ်မှန်သည့်လူများဖြစ်သည်။ရုတ်တကြီးဒီခန္တာကိုယ်ကသူ့ရဲ့ခန္တာကိုယ်အစစ်အမှန်လို့ခံစားလာရသည်။ဒီကမ္ဘာကိုရောက်စတည်းကအမြဲတမ်းသူ့ဘဝမဟုတ်ဘူးလို့ပဲတွေးထားခဲ့တာ။ဒီနေ့မှာတော့ဒီဘဝဟာသူ့ဘဝဖြစ်တယ်လို့ခံစားမိလာသည်။
ကံတရားကြီးကသူ့ကိုဒီကိုပို့လိုက်ဆိုကတည်းဒီနေရာကသူပိုင်တဲ့နေရာမို့ပဲလေ။
ပန်ဒိုရာမျက်နှာကြီးနီရဲလာကာဒေါသတကြီးဖြစ်လာပြီးလူတွေအားလုံးကိုသတ်ပြစ်ချင်လာခဲ့သည်။ဒီနန်းတော်ကြီးရဲ့အညစ်အကြေးအားလုံးကိုရန်သူတွေရဲ့သွေးနဲ့ဆေးကြောဖို့သူမစောင့်နိုင်တော့။
ဘယ်သူတွေကသူ့ကိုဆန့်ကျင်ရဲတာလဲ။ငါကသမိုင်းမှာအကြီးမြတ်ဆုံးဘုရင်ကွ။
ကုန်းကုန်းအိပ်ယာမှအမြန်ထကာအပြင်ထွက်ဖို့ပြင်တော့အရှင်မင်းကြီးကသူ့လက်ကိုဆွဲထားပြီးလွှတ်မပေး။
"အရှင်မင်းကြီးကျွန်တော်မျိုးကိုသွားခွင့်ပြုတော်မူပါအိမ်ရှေ့စံကမိုးလင်းလို့ကျွန်တော်မျိုးကိုမတွေ့ရင်ဒေါသထွက်လာပါလိမ့်မယ်"
"ကိုယ်တော်လည်းမိုးလင်းလို့မင့်ကိုမတွေ့ရရင်ဒေါသထွက်တယ်"
"အရှင်မင်းကြီးမှာမိဖုရားတွေအများကြီးရှိနေတာပဲဒေါသမထွက်အောင်သူတို့ကိုခေါ်တွေ့လိုက်ပါဘုရား"
သဝန်တိုနေတဲ့ချစ်သူလေးကိုကြည့်ပြီးဘုရင်ကြီးမှာပြုံးနေတာမရပ်တန့်နိုင်တော့။
"ကိုယ်တော်သူတို့နဲ့ဘယ်တုန်းကမှကိုယ်လက်နှီးနှောမှုမပြုလုပ်ပါဘူးဆိုကွာသဝန်တိုနေတုန်းလား"
"ဒီငယ်သားကမဝံ့ရဲပါဘူးဘုရား"
မင်းကြီးမှာကျစ်ခနဲစုတ်သတ်လိုက်ရင်း
"အချိန်တန်ရင်တော့ကိုယ်တော်ဖြူစင်ကြောင်းမင့်ကိုသက်သေပြပါ့မယ်ကွာ"
ကုန်းကုန်းတော်ဝင်နန်းဆောင်ထဲကလျှင်မြန်စွာထွက်လာခဲ့သည်။အရှင်မင်းကြီးကဒီရက်ပိုင်းအတော်လေးကိုအတင့်ရဲလာခဲ့သည်။အရှင်မင်းကြီးကိုကိုယ်ချင်းစာပေမယ့်သားတော်ကိုထိခိုက်စေမယ့်အပြုအမှုမျိုးသူနည်းနည်းလေးတောင်မလုပ်ရဲချေ။အရှင့်သားကအင်အားတောင့်တင်းလာပြီဟုထင်ရပေမယ့်သူလုံးဝစိတ်မချရဲသေး။
တစ်လောကလုံးသေရမယ်ဆိုရင်တောင်အိမ်ရှေ့စံကတော့သေချာပေါက်အသက်ရှင်ရမယ်။ဒီအတွက်ငရဲကိုအကြိမ်တစ်သောင်းလောက်ခုန်ချရမယ်ဆိုရင်တောင်သူကပြုံးပြုံးကြီးခုန်ချလိုက်မှာပင်။
အိမ်ရှေ့စံနန်းဆောင်ရောက်သည်နှင့်ကုန်းကုန်းရဲ့လက်တွေပင်တုန်ယင်လာသည်။အရှင့်သားမနိုးခင်သူနန်းဆောင်ထဲပြန်ရောက်နေမှဖြစ်မယ်။
တံခါးကိုဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်တော့ကုန်းကုန်းမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သတိလစ်ကာမေ့မြောသွားတော့သည်။
သူခိုးဖမ်းဖို့စောင့်နေတဲ့ပန်ဒိုရာကကုတင်ပေါ်နောက်ပြန်လက်ထောက်ရင်းခြေထောက်ကိုကုတင်အောက်တွဲလျောင်းချထားကာအခန်းထဲဝင်လာတဲ့ကုန်းကုန်းကိုလူယုတ်မာပြုံး,ပြုံးပြလိုက်တော့လဲကျသွားတဲ့ထိုလူကြောင့်သူ့ရဲ့ဒေါသတွေကိုအတောင့်လိုက်ပြန်မြိုချလိုက်ရင်း
"လာကြစမ်း!"
______________________________________
614❤️
GMMကပေးတဲ့စိတ်ဒဏ်ရာတွေကုစားနေရလို့တိုသွားပြီရှင်နောက်နေ့ရှည်ရှည်လေးရေးပေးပါ့မယ်နော်🥺
______________________________________