Between The Hate [ Completed ]
By Jeon_Khun
38.4K 4.2K 7.6K
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မောင်ကအတ္တကြီးတယ်!လိုချင်တာကိုလည်းရအောင်ယူမယ်!ကိုကိုအလှလေးကေ... More
01
02
03
04
05
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]
06
800 113 233
By Jeon_Khun
#Zawgyi
" ရပါတယ် မေမေ "
ကူးကူးပြုံးလိုက်သည်။ပြီးနောက်ဖိနပ်စီးကာ
သွားတာ ဟီးဟီး... "
" ဂယူကလည်း "
သင့်သွားတယ်။
" Morning Kiss "
သူစောင့်နေခဲ့သည်။ကိုကိုအလှလေးက
ပူလောင်နေရတာ။မနက်စောစော
တာသိလား ကိုကိုအလှလေး "
ရှိလို့ပါ "
~
လာခဲ့သည်။တကယ်တော့ တရားခံအစစ်က
ကူးတကယ် စိတ်ဆိုးမိ၏။ဒါကြောင့်မို့
မပြောကြတာသာရှိသည်။
ကူးက မင်ဂယူရဲ့စကားကြောင့် ဟန့်တားသည်။
သူ့ကြောင့်နဲ့အလုပ်ထွက်ဖို့ကို ပြောလာတာမို့
အားနာစိတ်ဝင်မိပါသည်။
ဂျောက် !
ထယ်ယောင်းရဲ့PAပါလေ။သူတို့အားလုံး
တိတ်ဆိတ်သွားကြသည်။ထိုကောင်လေးက
အနားကိုကပ်လာခဲ့သည်။ပြီးနောက် ကူးကို
စကားဆိုသည်။
ဝင်ပြောသည်။
" ဂယူလိုက်ခဲ့မယ်လေ ကူး "
မင်ဂယူသိပ်မသင်္ကာပါ။သူ့ကူးကို တွေ့ထည်းက
" ဟုတ်ကဲ့ "
ကြည့်လို့.....
အတွေးများပွားနေတာ။
ဘူးကွာ "
~
အထဲမှအသံကထွက်လာသည်။
သတိထားပေးပါ "
ပုံကစတိုလ်ကျနေသည်။ကူးလေးကတော့
ထယ်ယောင်းပြုံးကာ....
လျှော့ထားတာ။
တန်ဖိုးထားနေရတာလဲ "
" မင်း! "
ဒုန်း!
" မင်း!တော်ပါတော့လို့! "
ဒေါသကသိပ်ကြီးတာပဲ။သူ့အမေကိစ္စကို
ကြီးတာပဲ။
လက်ခံမှာလား "
ခါရမ်းတော့သည်။
တည်တင်းသွားသည်။
" မင်း! "
ဖြောင်း!
ထိန်းပြောနေခဲ့တာ။ဒါကို ကိုကိုအလှလေးက
သူ့ကိုလက်ပါခဲ့သည်။
" ဟင့်အင်း..မလုပ် အု! "
ဖယ်သည်။အချည်းနှီးပါပဲ။ပိုလို့ကိုဖိထားကာ
" အင့်..!အွန်း!... "
မောင်ပိုင်ပြီလေ! "
ငိုချမိတော့သည်။
~
ရောက်ချလာခဲ့သည်။
" ဆရာ!သူရောက်ပါပြီ "
ဌာနမှူးကကြည့်နေရင်း.....
ခွပ်!
" အ့! ဥက္ကဌ.... "
" ဘာဖြစ်လို့.... "
" ဗျာ "
မပေးထားဘူး "
" ဘယ်လိုသိတာလဲ "
" ဗျာ.... "
သတိထားနေ! "
ကိုသတိထားမိသေးသည်။သို့ပေမဲ့ခုနကစိတ်
" ဘယ်တွေသွားနေတာလဲ "
ဂျွတ်တောင်ထိုးပြီ။
" ယောင်းဝူ!ရေယူလာခဲ့! "
" ဟုတ်ကဲ့ ဆရာ! "
ငြင်းတော့သည်။ဒါကိုထယ်ယောင်းက
ကူးလေးပါလေ။
" ရေရပါပြီဆရာ! "
စွာဆက်ဆံထားတာကို။
ထယ်ယောင်းကိုမုန်းတာ!!
" ရော့!သောက်! "
ရေတိုက်နေတာ။
" အရမ်းမုန်းတယ်! "
မေးမြန်းတော့သည်။အစ်မယူရီတို့ကလည်း
ကိုယ့်ကိုပြော! "
ကောင်းပါတယ် "
သည်။
သူပြောမိပါသည်။
To be continued ~
> >
#Unicode
ဂယူနဲ့အတူအခုတလောအလုပ်ကို အတူမသွား
ရပေမဲ့လို့ သည်နေ့တော့တစ်ရက်လောက်တော့
အတူသွားဖြစ်မှာမို့ ကူးလေးတစ်ယောက် အခန်းထဲမှထွက်ခဲ့သည်။ဧည့်ခန်းထဲရောက်တော့ ဧည့်စားပွဲပေါ်ကထမင်းဘူးကိုအမြန်ထည့်လို့
မီးဖိုခန်းထဲကမေမေ့အား နှုတ်ဆက်သည်။
" မေမေ ကူးသွားပြီနော်ဗျ "
" အင်း...သားရေ၊မေမေ ဟင်းချက်နေလို့ ထွက်မပို့နိုင်တော့ဘူးကွယ် "
" ရပါတယ် မေမေ "
မေမေကဟင်းချက်ရင်းကနေ လှမ်းဖြေတော့
ကူးကူးပြုံးလိုက်သည်။ပြီးနောက်ဖိနပ်စီးကာ
အပြင်သို့ထွက်လာခဲ့လိုက်သည်။အပြင်ကို
ရောက်တော့ဂယူက သူ့ကိုကြိုစောင့်နေတာ။
" ဂယူ!ကူးနောက်ကျသွားသေးလား၊ဟီးဟီး...
မနက်စာထက်ရေချိုးတာ ပိစိလေးနောက်ကျ
သွားတာ ဟီးဟီး... "
ဂယူကိုကြည့်ပြီး လက်ညိုးနဲ့လက်မလေးကို
သေးသေးလေးလုပ်ပြ၍ ပြောလေတော့ ဂယူ့မှာ
ူူ့ကူးလေးကိုအသည်းတွေယားလို့နေပြီဖြစ်သည်။
ဒါကြောင့်အသည်းတွေယားလို့ ဖောင်းနေတဲ့
ပါးလေးနှစ်ဖက်လုံးကို အနမ်းပေးလိုက်တော့
ရှက်သွားကာ ငြိမ်ကြသွားသေးသည်။
တကယ်!ချစ်စရာကောင်းအောင်လုပ်တက်သေး
လို့ ဂယူကစိတ်မချတာပေါ့ဗျာ !
" ဂယူကလည်း "
ဂယူကပါးကိုနမ်းလိုက်ရော ရှက်ဝဲဝဲအသံလေး ထွက်လာပြီးသူ့ရဲ့ရင်ဘက်ကို ခပ်ဖွဖွထုနေတော့
ဂယူ့မှာသဘောတွေကျလို့ သွားတက်ပေါ်အောင် အကျယ်ကြီးရယ်လိုက်မိ၏။ပြီးနောက်မှ....
" ကူး ဂယူတို့သွားကြရအောင်၊ခုနက အစ်ကိုဂျွန်ဆော့က ဖုန်းဆက်လာတယ်၊
ဘာကိစ္စရှိလဲတော့မသိ မြန်မြန်လာဖို့ပြောလို့ "
" ဟုတ်လား၊ကိစ္စလေးရှိလို့နေမှာ၊ကူးတို့
အမြန်ဆုံးသွားရအောင်လေနော် "
ကူးလေးကပြောတော့ မင်ဂယူကဘေးပတ်ဝန်း
ကျင်ကိုဝေ့ဝိုက်ကြည့်လိုက်သည်။ပြီးတော့မှ
ကူးလေးရှေ့ သူ့ကိုယ်ကိုကိုင်းချလိုက်သည်။
မင်ဂယူရဲ့လက်ညိုးက သူ့နှုတ်ခမ်းကိုတို့ပြသည့်
ပုံစံလေးလုပ်ပြတာကြောင့် ကူးလေးအံ့အား
သင့်သွားတယ်။
" Morning Kiss "
လက်စသတ်တော့ မင်ဂယူကကူးလေးထံကနေ
မနက်ခင်းအနမ်းလိုချင်နေတာကို။ကူးလေးက
သူ့ဂယူကြောင့်ပြုံးလိုက်ပြီး ခြေဖျားလေးထောက်
လို့နှုတ်ခမ်းကို ခပ်ွဖွဖွအနမ်းပေးလိုက်တော့သည်။
ဂယူကလည်းပြုံးလိုက်ရင်း လက်ဖြူလေးကို
ဆွဲကာ ရုံးကိုအတူထွက်သွားကြသည်လေ။
ထိုမြင်ကွင်းကိုအစအဆုံး ကားထဲကနေ မြင်သွားသူက ကင်မ်ထယ်ယောင်းပါလေ။
ထွက်သွားတဲ့ နှစ်ယောက်ကိုကြည့်လို့ သူခပ်မဲ့မဲ့ဆိုလိုက်သည်။
" ဟက်...အရမ်းကိုချစ်နေကြတာပဲ "
မနက်စောစော ကိုကိုအလှလေးရဲ့မျက်နှာကို
တွေ့ချင်လွန်းတာမို့ စောစောထကာ ကိုကိုအလှလေးကို လာတွေ့ရန်အိမ်ရှေ့နားက
ကားတွေရပ်ထားသည့် အဝေးကနေသာ
သူစောင့်နေခဲ့သည်။ကိုကိုအလှလေးက
ထွက်မလာခင် ထိုလူကရပ်စောင့်နေသည်။
ဖုန်းကိုကြည့်ပြီး messageပို့နေပုံပင်။
ပြီးတော့မှကိုကိုအလှလေးကထွက်လာလို့
ပြုံးရယ်နေသည့်ပုံရိပ်ကို ဆက်ကြည့်နေသည်။
အဲ့ကနေတစ်ဆင့် သူ့အပိုင်ကိုကိုအလှလေးကို
ထိုလူက ပါးဖောင်းလေးကိုနမ်းနေတာ။
ထယ်ယောင်းလက်သီးကိုတင်းတင်းဆုပ်လို့
တစ်ဖက်ကိုမျက်နှာမူလိုက်မိသည်။
ချစ်ရသူနဲ့အခြားတစ်ယောက်ပျော်ရွှင်ပြီး
နမ်းနေတာကိုတွေ့ရတာကသူ့အတွက်
ပူလောင်နေရတာ။မနက်စောစော
လေအေးအေးကြောင့် သူ့မှာမအေးနိုင်ပါ။
ပျော်ထားကြပါ!အခုထည်းကပျော်ထားကြ။
နောက်ကျရင်တော့ ဒီလိုပျော်ရမယ်ဆိုတာ မရှိတော့မှာမို့။
" ကင်မ်မင်ဂယူရဲ့ကင်မ်ဂျောင်ဂုမဖြစ်ရဘဲ ကင်မ်ထယ်ယောင်းရဲ့ ကင်မ်ဂျောင်ဂုပဲဖြစ်သင့်
တာသိလား ကိုကိုအလှလေး "
" ဆရာ!ကျွန်တော်တို့ Companyကိုသွားရမှာပါ၊
ဒီနေ့ကဆရာ့ရဲ့ လုပ်ငန်းဆွေးနွှေးစရာလေးတွေ
ရှိလို့ပါ "
ထယ်ယောင်းခပ်ဆွေးဆွေးဖြစ်နေချိန် ယောင်းဝူက companyသွားရန်သတိပေးသည်။
သူခေါင်းငြိမ့်လိုက်လျှင် ယောင်းဝူကကားကို
စက်နှိုးကာသူတို့ထိုနေရာမှထွက်လာခဲ့ကြသည်။
လမ်းတစ်လျှောက်ထယ်ယောင်းက အပြင်ဘက်ကိုငေးလို့ရှိနေတော့ ယောင်းဝူမှာ
သူ့ဆရာရှိသည့်နောက်ဘက်ကိုလှည့်ကြည့်ရင်း
ခေါင်းအသွင်သွင်ခါယမ်းမိသည်။
ပိုင်ရှင်ရှိတဲ့သူကိုလည်း မရရအောင်လိုက်မယ်
ဟုကြွေးကြော်ထားတဲ့ ကျွန်တော့်ဆရာ။
ဟိုချစ်သူရှိတဲ့အစ်ကိုကလည်း လှတာကို။
ဒါကြောင့်ဆရာက အလျှော့မပေးပုံပါ။
သူသာဆိုလည်းအဲ့လိုအလှလေးကို အလျှော့မပေးတက်ပါလေ။ရအောင်ယူမှာပါပဲ။
~
" ဘယ်လို၊ကူးကို အလုပ်ဖြုတ်တယ်! "
မင်ဂယူရဲ့ဒေါသအသံဟာ ခပ်ကျယ်ကျယ်။
ထို့အတူကူးငယ်မှာလည်း ဒေါသထွက်နေ၏။
ဂယူ့မှာတော့ ဌာနမှူးကိုကြည့်ကာ ဒေါသထွက်လို့ ခါးစပ်ကိုလက်ထောက်၍
စိတ်တွေကိုလျှော့နေမိသည်။
" ဟုတ်တယ်၊အလုပ်ဖြုတ်တယ်၊ငါ့ကိုဘာမှ
ပြန်မမေးကြနဲ့၊ဒါက ဥက္ကဌရဲ့အမိန့်ပဲ! "
ဌာနမှူးရဲ့ကူးဒေါသတွေအတိုင်းမဆထွက်ပေါ်
လာခဲ့သည်။တကယ်တော့ တရားခံအစစ်က
ဥက္ကဌကို။သူပြောတာကိုလက်မခံလို့ ဒီနည်းနဲ့
သူ့ကိုအလုပ်ဖြုတ်တာပဲ။ဌာနမှူးကိုလည်း
ကူးတကယ် စိတ်ဆိုးမိ၏။ဒါကြောင့်မို့
သူအားတင်းကာ ပြန်ပြောမိပါသည်။
" ဥက္ကဌရဲ့အမိန့်ကိုနာခံတယ်!ကျွန်တော့်ရဲ့
ဆုံးဖြတ်ချက်ကို ဌာနမှူးကအလေးမထားတာ
မဟုတ်ရင်တောင် ဌာနမှူးကကျွန်တော်ရဲ့
စိတ်နေစိတ်ထားကိုမေးရမယ်လေ "
ကူးစိတ်တိုလို့ ပြောမိသည်။အစ်မယူရီတို့လည်း
စိတ်မကောင်းလို့ ဝင်ရောက်ဟန့်တားနေပေမဲ့
ဌာနမှူးက သူတို့ထက်ရာထူးကြီးလို့သာ
မပြောကြတာသာရှိသည်။
" မင်းရဲ့ဆုံးဖြတ်ချက်ကိုမေးနေရအောင် ဟိုက
လက်အောက်ငယ်သားမဟုတ်ဘူး ဂျောင်ဂု၊သူက
ဒီcompanyတစ်ခုလုံးကိုအုပ်ချုပ်နေတဲ့ ဥက္ကဌ
မင်းကိုလည်း မေးနေစရာမှရှိဘူး၊ပြီးတော့မင်းကို သူကနေရာကောင်းခန့်မှာ "
ဌာနမှူးကစာရွက်တွေကိုပြစ်ချလို့ ကူးကို
အော်ဟောက်နေသည်။မင်ဂယူ့မှာ သူ့ချစ်သူကို
အော်ဆူနေတာကို မကြိုက်တာမို့ကူးကို သူ့အနောက်ပို့လိုက်လျှင်...
" ဒီမှာ!ဌာနမှူး!ကူးကို အလုပ်ဖြုတ်တယ်မလား၊
ကျွန်တော်လည်း အလုပ်ထွက်မယ်၊မလုပ်နိုင်ဘူး၊
ကျွန်တော်ပါ နှုတ်ထွက်စာချုပ်တင်တယ် "
" ဂယူ မလုပ်ရပါဘူး၊ကူးပဲအလုပ်ထွက်မယ် "
ကူူးက မင်ဂယူရဲ့စကားကြောင့် ဟန့်တားသည်။
သူ့ကြောင့်နဲ့အလုပ်ထွက်ဖို့ိကို ပြောလာတာမို့
အားနာစိတ်ဝင်မိပါသည်။
" မင်ဂယူနဲ့ဂျောင်ဂုလေးကို အလုပ်ထုတ်မယ်ဆို
ကျွန်မတို့ပါ အလုပ်ထွက်တော့မယ်၊နေလာတာက
မောင်နှမတွေလိုရင်းနှီးနေပြီမို့ ဒီလိုကြီးခွဲထွက်ရ
မယ်ဆို ကျွန်မတို့မနေတက်ဘူး "
" ဟုတ်တယ် မ,ပြောတာကိုထောက်ခံတယ် "
အစ်ကိုဂျွန်ဆော့က အစ်မယူရီနားကပ်ကာ
ပြောလာသလို၊ဂျောင်ဟွန်းရော၊ယွန်းဟယ်ရောက
ခေါင်းငြိမ့်ရင်း ပြောနေတာမို့ပါလေ။သို့သော်
ကူးကူးမှာတော့ အားလုံးကိုအားနာနေပြီဖြစ်၏။
သူ့ကြောင့်နဲ့အားလုံးက အလုပ်ထွက်ဖို့စိတ်အား
များနေတော့ သူ့မှာစိတ်မကောင်းဖြစ်ရသည်။
ဂျောက် !
သူတို့ဌာနရဲ့အခန်းထဲကို ဝင်လာသူကဟိုနေ့က
ထယ်ယောင်းရဲ့PAပါလေ။သူတို့အားလုံး
တိတ်ဆိတ်သွားကြသည်။ထိုကောင်လေးက
သူတို့ကိုအရိပ်အခြေအနေကြည့်ကာ ကူးရဲ့
အနားကိုကပ်လာခဲ့သည်။ပြီးနောက် ကူးကို
အရိုသေပေးသည့်အနေဖြင့် ခါးကိုင်းကာ
စကားဆိုသည်။
" အစ်ကိုလေးဂျောင်ဂုကို ဆရာခေါ်နေပါတယ်၊
သူ့ရုံးခန်းကိုလာပေးဖို့ ပြောတာပါ "
ယောင်းဝူကပြောတော့ မင်ဂယူကကြားဖြတ်
ဝင်ပြောသည်။
" ဂယူလိုက်ခဲ့မယ်လေ ကူး "
" အစ်ကိုလေးဂျောင်ဂု တစ်ယောက်ထည်းသာပါ၊
ဘေးလူတွေပါမလာဖို့ ဆရာကမှာပါတယ် "
မင်ဂယူသိပ်မသင်္ကာပါ။သူ့ကူးကို တွေ့ထည်းက
ထမင်းနဲ့အချိုပွဲကအစ သူများမရတာကို ကူး
တစ်ယောက်ထည်းကို သီးသန့်ဝယ်ကျွေးသည်။
ထမင်းကျွေးတာကိုတော့ထားပါ။ထူးဆန်းတာက
ကျေးဇူးတင်တယ်ဆိုသည့်အချက်ဖြင့် နောက်နေ့
တောင် မုန့်ပါထပ်ကျွေးသည့်အပြင်၊ကူးကိုလည်း
အလုပ်ထုတ်ဖို့ကိစ္စရယ်၊သူ့ရဲ့လစ်ဟာနေတဲ့ အတွင်းရေးမှူးနေရာကိုလည်း ပေးသည်။
" ငါလိုက်ခဲ့မယ်၊ဂယူ ကူးသွားလိုက်တော့မယ်၊
အစ်မယူရီတို့လည်း ကူးကြောင့်နဲ့ဒီလိုတွေ မလုပ်ပါနဲ့၊မဟုတ်ရင်တောင် ကူးအလုပ်က
ထွက်ရလို့ အဆင်ပြေပါတယ် "
ကူးကဂယူ့လက်ကိုကိုင်ပြီး အစ်မယူရီကိုကြည့်လို့
ပြုံးပြကာ ယောင်းဝူရှေ့ကနေထွက်သွားသည်။
ယောင်းဝူးကတော့ ဌာနမှူးဘက်လှည့်လို့
အကြည့်တစ်ချက်အပြင် စကားပါဆိုသွားသည်။
" ပြီးရင်ဥက္ကဌကခင်ဗျားနဲ့သီးသန့် မိုးမျှော်ထပ်
မှာတွေ့မယ်တဲ့၊လာဖို့ကို ခေါ်ခိုင်းလိုက်မယ် "
" ဟုတ်ကဲ့ "
အသည်းအသန်ပင် ယောင်းဝူကိုအရိုသေပေးလို့
ဖြေလိုက်သည်။ထိုသည်ကို အစ်မယွန်းဟယ်က
ကြည့်လို့.....
" ဥက္ကဌရဲ့PAကိုတောင် ကြောက်သေးတာပဲ "
ယွန်းဟယ်ကခပ်ရွဲ့ရွဲ့ပြောတော့ ဌာနမှူးက
သူတို့အားလုံးကိုကြည့်ရင်း ချောင်းဟန့်ကာ
သူ့အလုပ်ခုံ၌ထိုင်ကာ အလုပ်လုပ်သည်။
ဂယူကတော့ မကျေနိုင်သေး။သူ့အတွေးထဲ
အတွေးများပွားနေတာ။
" မင်ဂယူကွာ အဲ့လောက်မဖြစ်ပါနဲ့၊ငါတို့လည်း
မင်းတို့နဲ့အတူရှိတာပဲ၊ဂျောင်ဂုလေး ဘာမှမဖြစ်ပါ
ဘူးကွာ "
ဂျွန်ဆော့ကပုခုံးဖက်၍ ခေါ်လိုက်တော့မင်ဂယူမှာ
သူ့ကူးကိုစိတ်မချသော်ငြားလည်း သူ့မှာစိတ်ကို
လျှော့ကာ အလုပ်ခုံ၌ပြန်ထိုင်နေလိုက်သည်။
~
တစ်ဖက်မှာတော့ ဥက္ကဌအခန်းရှေ့လာတွေ့တဲ့
ကူးလေးက တံခါးကိုမခေါက်ဘဲရပ်နေသည်။
အနောက်လိုက်လာတဲ့ယောင်းဝူက သတိထားမိ
ဟန်ဖြင့် အခန်းတံခါးကိုခေါက်ကာ....
" ဆရာ ကျွန်တော်တို့ရောက်လာပါပြီ "
ယောင်းဝူကတံခါးခေါက်လို့ အသံပေးလိုက်တော့
အထဲမှအသံကထွက်လာသည်။
" အင်း၊ဝင်လာခိုင်းလိုက် "
" အစ်ကိုလေးဂျောင်ဂု ဝင်သွားလိုက်ပါ၊ဆရာက
ခုနလေးတင်အလုပ်အကြောင်းတွေများနေလို့
စိတ်တိုနေတာပါ၊အစ်ကိုလေးဂျောင်ဂုနဲ့ဆို
အဆင်ပြေလောက်တာမို့ စကားပြောလေး
သတိထားပေးပါ "
ယောင်းဝူကထိုသို့ပြောပြီး ထွက်သွားသည်။
အခန်းရှေ့ကျန်ခဲ့တဲ့ကူးလေးက သူပြောသွားတဲ့
စကားတွေကိုနားမလည်သလိုလေး ခပ်တွေတွေ
စိုက်ကြည့်လို့ မျက်ဝန်းဝိုင်းတွေကအံ့ဩနေတာ။
သို့ပေမဲ့အသံအေးအေးပြောရမည့် ပုံစံကိုသာ
အာရုံထား၍ အခန်းထဲဝင်လိုက်သည်။
" ကျွန်တော့်ကို တွေ့ချင်တယ်ဆိုလို့ "
ထယ်ယောင်းထိုင်ခုံ၌ထိုင်နေကာ ကူးလေးကို
ပြုံးကြည့်နေမိသည်။Suitအပြည့်ဖြင့်မိုက်နေတဲ့
ထယ်ယောင်းက ဆံပင်ရွှေရောင်ကိုသပ်တင်ထား
ပုံကစတိုလ်ကျနေသည်။ကူးလေးကတော့
သူ့ကိုကြည့်နေတဲ့မျက်ဝန်းတစ်စုံကြောင့်
တစ်ဖက်သို့လှည့်လိုက်တာကိုတွေ့လို့
ထယ်ယောင်းပြုံးကာ....
" မောင့်ကိုမနေ့ကလို စကားမပြောဘူးလား "
သူ့အသုံးအနှုန်းကြောင့် ကိုကိုအလှလေးက
အံ့ဩနေဟန်ပါလေ။ဘာကြောင့်ဆို သူကိုယ်တိုင်
အံ့ဩအောင်ပင် မောင်လို့သုံးနှုန်းလိုက်တာ။
" ကျေးဇူးပြု၍ တောင်းဆိုပါတယ်၊ကျွန်တော်က
လက်အောက်ငယ်သားပါ၊ဒါကြောင့် __ "
" ကျွန်တော်ထက်အသက်ကြီးလို့ ကိုကိုလို့ ခေါ်တာ၊မောင်ခေါ်တာမှားသွားလို့လားကိုကို "
သက်ပြင်းရှည်ချလိုက်တော့သည်။ဥက္ကဌက
ဘာကြောင့်ဒီလောက်အနေအထိုင်ဆိုးရလဲဆို
သူကကိုယ့်ထက်ငယ်နေတာကို။ဒါကြောင့်လည်း
ပုံစံတွေက ဆိုးသွမ်းနေတာကို။
" ဌာနမှာအလုပ်မရှိတော့ဘူးမလား၊ဒီမှာ အလုပ်လုပ်ဖို့အစီစဉ်ရှိပြီမလား၊ကျွန်တော့်
အတွင်းရေးမှူးဆိုပေမဲ့ အရာရာတိုင်းကို
သိနိုင်အောင် ကျွန်တော့်အခန်းထဲမှာပဲ
ကိုယ်ပိုင်နေရာလေးထားပေးမှာပါ "
" မလုပ်နိုင်ပါဘူး၊ဌာနမှာပဲအလုပ်လုပ်ချင်တယ်၊
ဌာနကလွဲလို့ ဘယ်နေရာမှာမှမလုပ်ပါဘူး "
ကူးလေးရဲ့စကားကြောင့် ထယ်ယောင်းရဲ့
လက်သီးဆုပ်ဟာ ခပ်တင်းတင်းဖြစ်သွားသည်။
ကိုယ်ကအဲ့လောက်ထိ အရေးတယူပေးနေတာကို
ပယ်ဖျက်နေတာကိုက ကင်မ်ထယ်ယောင်းကို
မလေးစားတာပဲ။တစ်ခြားတစ်ယောက်သာဆို
သေပြီပဲ။အခုကကိုကိုဖြစ်နေလို့ မောင့်စိတ်တွေကို
လျှော့ထားတာ။
အကယ်လို့လွန်လာရင်တောင် ကိုကိုအလှလေး
ပြေးမလွတ်အောင်ကို မောင်သောင်းကျန်းမှာ!
" ဟက်...ဘယ်သူရှိနေလို့ အဲ့လောက်ထိအလုပ်ကို
တန်ဖိုးထားနေရတာလဲ "
" ချစ်သူလည်းရှိတယ်၊အပေါင်းအဖော်တွေနဲ့
အလုပ်လုပ်လာတာ နှစ်မနည်းတော့ဘူး၊အဆင်
ပြေနေတယ်၊ဒါကြောင့်မို့ မပြောင်းချင်ဘူး "
ကူးလေးပိုသာစွာ စကားတို့ကိုသုံးနှုန်းမိသည်။
ဒီဥက္ကဌက သူ့ထက်ရာထူးသာကြီးပေးမဲ့လို့
အလုပ်ထုတ်ခံရရင်နေပါစေ၊သူရအောင်
ဒီနေရာက ရုန်းထွက်တော့မှာ။
" ချစ်သူကကင်မ်မင်ဂယူမလား၊သူလည်း နေရာကောင်းရအောင် အမေရိကားကို
ပို့ပေးရမလား၊တစ်ယောက်ထည်းပဲလေ "
" မင်း! "
ကူးလေး အတော့်ကိုစိတ်တိုနေသည်။စိတ်ဆိုး
လွန်းလို့ မျက်နှာငယ်လေးဟာ နီရဲတောက်နေပြီး
ပါးဖောင်းလေးတွေမှာလည်း ပန်းရောင်လေး
ထွက်ပေါ်လာတာက ဘယ်လောက်အတိုင်းတာ
ဒေါသထွက်နေတာကို ဖော်ပြနေပါသည်။
ထယ်ယောင်းစိတ်ထဲ ကိုကိုအလှလေးရဲ့ ဒေါသထွက်ပုံကို အသည်းယားမိတာပါလေ။
ဒါကြောင့်မို့ထပ်မြင်ချင်လို့ စကားဆိုမိ၏။
" အမေဖြစ်သူရှိသေးတယ်မလား "
ဒုန်း!
ထယ်ယောင်းရဲ့စကားကြောင့် ကိုကိုအလှလေးက
သူ့မှန်စားပွဲကို လက်နဲ့ထုချတာ။
" မင်း!တော်ပါတော့လို့! "
ကိုကိုအလှလေးဟာ လူလေးကလှသလောက်
ဒေါသကသိပ်ကြီးတာပဲ။သူ့အမေကိစ္စကို
ပြောတောင်မပြောရသေးတာကို အရမ်းဒေါသ
ကြီးတာပဲ။
" စိတ်ကြီးလိုက်တာ ကိုကိုအလှလေးရာ၊မောင့်ကို
ပြပါဦး လက်လှလှလေးဘာဖြစ်သွားလဲလို့ "
ထယ်ယောင်းက ထိုင်နေရာမှထလာပြီး ကိုကိုအလှလေးရဲ့လက်လှလှလေးကိုကိုင်ကာ
ထိခိုက်မှုမရှိကြည့်လေတော့ လက်လေးတောင်
မှန်ကိုထုချတဲ့အရှိန်ကြောင့် ရဲတက်သွားသည်။
" ဟင့်အင်း၊တောင်းပန်ပါတယ် မေမေနဲ့ဂယူကို ဘာမှမလုပ်ပါနဲ့နော် "
" မငိုပါနဲ့၊မောင်က ကိုကို့မေမေကိုမထိခိုက်ပါဘူး၊
ဒါဆိုမောင့်ရဲ့အတွင်းရေးမှူးလုပ်ပေးဖို့ကို
လက်ခံမှာလား "
ထယ်ယောင်းက ကူးလေးရဲ့လက်ဖြူလေးကို
ဆုပ်ကိုင်လို့တောင်းဆိုတော့သည်။ကူးလေးက
ထယ်ယောင်းကိုကြည့်ကာ ခေါင်းကိုအသွင်သွင်
ခါရမ်းတော့သည်။
" ဟင့်အင်း မလုပ်နိုင်ဘူး "
ကူးလေးကငြင်းလိုက်ရော ထယ်ယောင်းရဲ့ပြုံး
ယောင်သန်းနေတဲ့မျက်နှာဟာ ချက်ချင်းကို
တည်တင်းသွားသည်။
" ဒါဆိုမောင့်ကို မတားနဲ့တော့ "
" မင်း! "
ဖြောင်း!
ကူးလေးစိတ်တိုကာ ထယ်ယောင်းရဲ့ပါးကို ရိုက်လိုက်မိသည်။ဟုတ်တယ်!သူသည်းမခံနိုင်
တော့ဘူး။မေမေနဲ့ဂယူ့ကိုပဲ ပြစ်မှတ်ထားကာ
သူအလုပ်လုပ်ဖို့ကို အတင်းကြီးပြောနေလို့
နောက်ဆုံးတော့ ပါးချမိလိုက်တာ။
ထယ်ယောင်းမှာလည်း သူ့ပါးကိုအုပ်ကိုင်လို့
အံ့အားသင့်စွာကြည့်နေတော့ ကိုကိုအလှလေးက
အားနာရိပ်ဖြင့်ပြန်ကြည့်သည်။
" ကိုကိုက မောင့်ကိုပါးရိုက်လိုက်တာပဲ ဟက် "
ထယ်ယောင်းသည်းမခံနိုင်တော့ပါ။သူလည်း အလုပ်ကိစ္စတွေကြောင့် စိတ်ညစ်နေတာကို လျှော့ကာကိုကိုအလှလေးကို သူ့စကားတွေ
ထိန်းပြောနေခဲ့တာ။ဒါကို ကိုကိုအလှလေးက
သူ့ကိုလက်ပါခဲ့သည်။
" ဟင့်အင်း.... တောင်းပန်ပါတယ် "
ကိုကိုအလှလေးက အနောက်တဖြည်းဖြည်းဆုတ်
လို့သူတောင်းပန်ကြောင်းဆိုသည်။အစကတော့
ထယ်ယောင်းလည်း လျှော့ပေးမယ်လို့စဉ်းစား
လိုက်ပေမဲ့ ဒီတစ်ခါတော့သူ့မလျှော့နိုင်တော့ပါ။
ဒါကြောင့်မို့ခပ်ဟဟရယ်ရင်း ကိုကို့အလှလေး
နောက်ဆုတ်ရာကို တိုးကပ်သွားသည်။
" ပါးရိုက်ပြီးပြီဆိုတော့ ကျုပ်ဘက်က အလျှော်အစားပြန်ယူမယ်!! "
ချက်ချင်းကြီးပြောင်းလဲလာကာ ဒေါသရိပ်
တဖြည်းဖြည်းတိုးလာခဲ့သည်။ဒေါသထွက်လို့
လက်ဖျံပေါ်ကသွေးကြောစိမ်းတွေက ပေါ်ထွက်လာခဲ့တဲ့ ထယ်ယောင်း။
" ဟင့်အင်း..မလုပ် အု! "
ထယ်ယောင်းက ဒေါသထွက်သွားရော ကူးလေးကိုနံရံကပ်လိုက်ကာ အနမ်းကြမ်းတို့
ပေးမိပါသည်။ထယ်ယောင်းကအနမ်းတို့ကို နူးညံ့သည်မဟုတ်၊ကြမ်းတမ်းကာ ကူးလေးရဲ့နှုတ်ခမ်းလုံးလေးကိုတစ်လွှာချင်းစီ စုပ်ယူနမ်းရှိုက်မိပါ၏။
ကြမ်းတမ်းတဲ့အနမ်းဖြစ်သော်ငြား ထယ်ယောင်းမှာကူးရဲ့နှုတ်ခမ်းလုံးလေးကို အရသာခံလို့နမ်းရှိုက်နေရင်းကူးမှာ ထယ်ယောင်းရဲ့အနမ်းတွေကြောင့်ရော၊
မိမိရဲ့ချစ်သူကတောင် တစ်ခါမှအဲ့လိုမနမ်းဖူး
တာကြောင့်ပါ မျက်ရည်တို့ကျကာ
ထယ်ယောင်းရဲ့ကိုယ်ကြီးကိုသူ့မှာရှိသည့်အားနဲ့
ဖယ်သည်။အချည်းနှီးပါပဲ။ပိုလို့ကိုဖိထားကာ
သူ့ကိုအနမ်းကြမ်းတွေ ပိုပေးတော့သည်။
" အင့်..!အွန်း!... "
ကူးလေးမှာ နောက်ဆုံးတော့အနမ်းကြမ်းတို့ကို မခံနိုင်တော့တာမို့ ထယ်ယောင်းရဲ့ရင်ဘက်ကို
ထုတော့မှ ထယ်ယောင်းလည်းသတိဝင်ကာ
အနမ်းတို့ကိုအဆုံးသတ်သည့်အနေဖြင့်
ကိုကိုအလှလေးရဲ့နှုတ်ခမ်းကိုကိုက်ကာ
လွှတ်ပေးလိုက်သည်နှင့်ထယ်ယောင်းမှာငိုနေတဲ့ကိုကိုအလှလေးကိုငုံ့ကြည့်လိုက်ကာ.....
" မှတ်ထား!!ခင်ဗျားမှာ ကျုပ်ကိုငြင်းပိုင်ခွင့်မရှိ
ဘူး၊ကျုပ် ခင်ဗျားကိုသာချစ်တာ!ခင်ဗျားရဲ့
အလိုကျမနေနိုင်တော့ဘူး၊ခင်ဗျားမနက်ဖြန်ကြ
အတွင်းရေးမှူးလုပ်ရမယ်!ကျုပ်ကိုအသိမပေးဘဲ
အလုပ်ထွက်ရင် ခင်ဗျားနဲ့ပတ်သက်တဲ့သူတွေကို
အလွတ်ပေးမှာမဟုတ်ဘူးဆိုတာ မှတ်ထား!! "
ထယ်ယောင်းကပြောပြီး လွှတ်ပေးလိုက်ရော
ကိုကိုအလှလေးက သူ့ကိုဖယ်ကာတစ်ရှုံ့ရှုံ့ငိုလို့
ထွက်သွားတော့သည်။ကျန်ခဲ့တဲ့ထယ်ယောင်းမှာ
သူ့နှုတ်ခမ်းကိုကိုင်ကာ ပြုံးနေမိတော့သည်။
" မောင်က ကိုကိုအလှလေးရဲ့နှုတ်ခမ်းကို
အတော်စွဲလမ်းသွားပြီ၊နောက်ဆို ဒီအနမ်းတွေကို
မောင်ပိုင်ပြီလေ! "
ကူးလေးမှာတော့ ငိုနေတာကိုဂယူ့ကိုမတွေ့စေ
ချင်လို့သန့်စင်ခန်းသို့လာကာ ငိုချမိသည်။
ထယ်ယောင်းရှိကအနိုင်ကျင့်ခံပြီးအနမ်းခံလာ
ရတာကြောင့်ရော၊မိမိချစ်သူတောင်တစ်ခါမှ
ထိုကဲ့သို့မနမ်းတာကြောင့် စိတ်ဆိုးဝမ်းနည်းကာ
ငိုချမိတော့သည်။
" ဟင့်...ငါမင်းကိုမုန်းလိုက်တာ! "
ထယ်ယောင်းကိုမုန်းတယ်ဟု ပြောလိုက်သည့်
ကူးလေးဟာ အချိန်အတော်ကြာတဲ့အထိကို
သန့်စင်ခန်းထဲမှာသာရှိနေခဲ့သည်လေ။
~
ထယ်ယောင်းအခုက မိုးမျှော်ထပ်ကိုရောက်နေ
သည်။ခုနကလိုSuitအပြည့်မဟုတ်ဘဲ
အတွင်းshirtအဖြူကို တံတောင်ဆစ်အထိ
လက်ခေါက်တင်ကာ ကြယ်သီးသုံးလုံးဖြုတ်ပြီး လွပ်လပ်စွာနေတာ။ဆေးလိပ်သောက်ရင်း ခုနကမလွှတ်ပေးနိုင်သေးအထိ ယစ်မူးသွားတဲ့ အနမ်းလေးကိုတွေးကြည့်မိရင်း ပြုံးနေသည်အထိ။
သူအတင်းကျပ်လုပ်လိုက်ရပေမဲ့ ကိုကိုအလှလေးက သူ့ကိုကြောက်ပုံမပေါ်ပါ။
ဒါပေမဲ့လည်း သူ့အလှလေးငိုသွားတာကို
တွေးမိပြန်တော့ ကိုယ့်ကိုကိုယ်ဒေါသထွက်သည်။
" ကျစ်!ကိုကိုအလှလေး ငိုသွားတော့လည်း
ရင်ထဲကမကောင်းဘူး၊ကင်မ်ထယ်ယောင်း!
မင်းနောက်ဆို ဒေါသကိုလျှော့! "
သူ့ကိုယ်သူသာပြောဆိုပြီး ဆေးလိပ်ကိုဆက်
သောက်နေတယ်။အတန်ကြာတော့ ယောင်းဝူက
ရောက်ချလာခဲ့သည်။
" ဆရာ!သူရောက်ပါပြီ "
" ဟုတ်လား၊ရောက်နေပြီပေါ့ "
ထယ်ယောင်းသောက်လက်စ ဆေးလိပ်တိုကို
ဖိနပ်ဖြင့်နင်းခြေလိုက်ရင်း ဌာနမှူးကိုကြည့်လို့
ပြုံးလိုက်ကာ ဘောင်းဘီအိတ်ထဲလက်ထည့်ကာ
ဌာနမှူးအနားကိုလျှောက်လာသည်။ပြီးနောက်
မျက်နှာကိုပြုံးလို့ တည့်တည့်ငုံ့ကြည့်နေတော့
ဌာနမှူးကကြည့်နေရင်း.....
ခွပ်!
" အ့! ဥက္ကဌ.... "
ရုတ်ချည်းဆန်သလို ဌာနမှူးရဲ့မျက်နှာကို ထိုးလိုက်တဲ့ထယ်ယောင်းကြောင့် ယောင်းဝူက
မသိချင်ယောင်ဆောင်လိုက်သည်။ဌာနမှူးမှာမူ
သူ့ကိုထိုးလိုက်တဲ့ထယ်ယောင်းကြောင့် ကြောင်အံ့
သွားကာ မျက်တောင်ခပ်မတက်ကြည့်နေမိသည်။
ပြီးနောက် မရဲတရဲစကားဆိုမိ၏။
" ဘာဖြစ်လို့.... "
" ကျုပ်အပိုင်ကို အော်လို့! "
" ဗျာ "
ကျုပ်အပိုင်ဆိုသည့်စကားနောက် ဌာနမှူးက
ကြောင်အံ့သွားကာ ယောင်းဝူကိုကြည့်သည်။
ယောင်းဝူမှာတော့ နှုတ်ခမ်းတွန့်ချိုးရုံပြုံးလိုက်ပြီး
ဌာနမှူးကို ' ဥက္ကဌပြောတာဆက်နားထောင် '
ဟူသည့်အမူအရာပြလိုက်သည်။
" ကင်မ်ဂျောင်ဂုကိုအော်လို့ ခင်ဗျားကိုထိုးတာ၊
ကျုပ်ရဲ့အပိုင်ကို!ခင်ဗျားအော်စရာမလိုဘူး၊
ခင်ဗျားကိုအလုပ်ပဲထုတ်ခိုင်းတာ၊အော်ဖို့အမိန့်
မပေးထားဘူး "
" ဘယ်လိုသိတာလဲ "
" မေးမနေနဲ့၊ငါကဥက္ကဌ မင်းထက်သိလို့ လည်လို့
CCTVတွေထားထားတာ!နောက်တစ်ခါ ကျုပ်အပိုင်ကိုအော်ရင် ခင်ဗျားသေပြီ "
" ဗျာ.... "
ဌာနမှူးအံ့အားသင့်သွားသည်။သူ့အပိုင်ဆိုလို့
အံ့ဩနေသေးတာကို။ဥက္ကဌကြီးက သူ့အပိုင်ထက်ပိုသည့် ကင်မ်မျိုးရိုးတောင်
တပ်ခေါ်သွားတာမို့ သူပိုအံ့ဩမိပါသည်။
အဲ့ဒါထက် ချစ်သူရှိနေတဲ့ဂျောင်ဂုကို ဥက္ကဌက
သဘောကျနေသည်က ပိုအံ့ဩစရာ။
" ဗျာမလုပ်နဲ့၊နောက်တစ်ခါဆို ခင်ဗျားရဲ့ အလောင်းကိုဟန်မြစ်ထဲမျှောလိုက်မယ်!
သတိထားနေ! "
" ဟုတ်ကဲ့၊အမိုက်မဲအတွက် ခွင့်လွှတ်ပေးပါ၊
နောက်ဆိုဆင်ခြင်ပါ့မယ် "
ဥက္ကဌရဲ့စကားတွေကြောင့် ထိတ်လန့်သွားကာ
အသံတွေတုန်ရီလို့ ကတိပေးလိုက်မိပါသည်။
ထိုသည်ကိုထယ်ယောင်းက ဂရုမစိုက်ဘဲ
မိုးမျှော်ထပ်မှထွက်လာခဲ့ပြီး ကိုကိုအလှလေးရဲ့
ဌာနအခန်းဘက်သို့ လာတွေ့ရန်ထွက်လာသည်။
သူလာတွေ့ဖို့လာကာမှ ကိုကိုအလှလေးက
သူ့ဌာနရုံးခန်းကိုဝင်ရန် နှစ်ယောက်သားအတူ
တွေ့ဆုံတာမို့ထယ်ယောင်းက ကိုကိုအလှလေးရဲ့
နှုတ်ခမ်းရဲနေတာကို သတိထားမိသွားသလို
ငိုထားလို့မျက်ဝန်းလေးတွေက ဖောင်းအစ်နေတာ
ကိုသတိထားမိသေးသည်။သို့ပေမဲ့ခုနကစိတ်
ကြောင့် သူမျက်နှာကိုတည်တင်းကာ လက်ကိုဆွဲထားလိုက်လျှင်ဖြင့်.....
" ဘယ်တွေသွားနေတာလဲ "
ထယ်ယောင်းမေးတာကိုငြိမ်ပြီး နားထောင်နေတော့သည်။သို့ပေမဲ့
ထယ်ယောင်းက စိတ်မရှည်စွာဖြင့်....
" ဘယ်သွားနေတာလဲလို့ မေးနေတယ်လေ!
နားမကြားဘူးလား ခင်ဗျားက! "
" အင့်...သန့်စင်ခန်းထဲမှာ "
ထယ်ယောင်းကဟောက်ကာအော်မေးလိုက်ရော
လန့်သွားကာ ဂျွတ်ထိုးရင်းဖြေလေသည်။ကြည့်!
အဲ့ဒါသူကိုစိတ်သာဆိုးနေတာ။ထိတ်လန့်သွားလို့
ဂျွတ်တောင်ထိုးပြီ။
" ယောင်းဝူ!ရေယူလာခဲ့! "
" ဟုတ်ကဲ့ ဆရာ! "
" အင့်.ရပါ အင့်.တယ်၊ အင့်...တော်ပါပြီ၊
ကျွန်တော်အခန်းထဲဝင်တော့မှာ! "
ထယ်ယောင်းက ရေယူခိုင်းလိုက်တော့ ယောင်းဝူကထွက်သွားကာ ကူးလေးက
ငြင်းတော့သည်။ဒါကိုထယ်ယောင်းက
အကြည့်စူးစူးကြည်လိုက်တော့ ငြိမ်ကျသွားတဲ့
ကူးလေးပါလေ။
" ရေရပါပြီဆရာ! "
ရေဘူးပေးလိုက်ရော ထယ်ယောင်းကရေဘူးရဲ့
အဖုံးကိုသေချာဖွင့်ပေးလိုက်ပြီးသောက်စေသည်။
ကူးလေးမှာတော့ ထယ်ယောင်းရဲ့ခက်ထန်ပြီး
နူးညံ့နေပုံကိုကြည့်ကာ အံ့ဩနေတော့သည်။
ဘာကြောင့်ဆိုခုနကပဲ သူ့အပေါ်ကိုဒေါသထွက်
စွာဆက်ဆံထားတာကို။
ကြောက်တာတော့မဟုတ်!သူ့ကိုကြည့်ရင်း
မုန်းနေတာ!အသည်းထဲထိ စွဲနေအောင်မုန်းတာ။
ချစ်သူရှိတဲ့သူကိုလည်း အတင်းနမ်းလို့ ကူးက
ထယ်ယောင်းကိုမုန်းတာ!!
" ရော့!သောက်! "
ထယ်ယောင်းက ကူးလေးသောက်ဖို့ဆိုပြီး
ပါးစပ်နားအထိတေ့ပေးတော့ ကူးလေးကိုင်စရာ
တောင်မလိုဘဲ ရေဘူးကိုဖြည်းဖြည်းချင်း
ပင့်တိုက်သည်။သူ့ထက်အရပ်နိမ့်လို့ ရင်ခွင်ထဲ
ရောက်နေသည့်အလှလေးကို ကလေးလို
ရေတိုက်နေတာ။
" မငိုနဲ့တော့၊ဒီကမှားတာမို့ တောင်းပန်တယ်၊
မနက်ဖြန်ကြ ကျုပ်ရုံးခန်းထဲမှာတွေ့မယ်၊
ကျုပ်ပြောထားတာတွေ မမေ့နဲ့! "
ထယ်ယောင်းက ထိုသို့ပြောကာလက်ထဲရေဘူး
ထည့်ပေးပြီးထွက်သွားသည်။ယောင်းဝူကတော့
ကူးလေးကို ခါးကိုင်းကာအရိုသေပေးလို့ ထယ်ယောင်းနောက်ကနေပြန်လိုက်သွားသည်။
ကူးလေးမှာလက်ထဲကရေဘူးကို ဒေါသထွက်လို့ ညှစ်ချလိုက်ပြီးထယ်ယောင်းထွက်သွားတာတဲ့
ကျောပြင်ကိုကြည့်ကာ လက်သီးဆုပ်သေးလေး
ခပ်တင်းတင်းဆုပ်လိုက်ရင်း နှုတ်ခမ်းကို တင်းနေအောင်ကိုက်ကာ စကားဆိုလိုက်၏။
" အရမ်းမုန်းတယ်! "
ကူးလေးသူ့ကိုတိုက်တဲ့ရေဗူးကိုအမှိုက်ပုံးထဲ
ထည့်လိုက်ကာ အခန်းထဲဝင်လာတော့သည်။
သူဝင်လာတော့ဂယူက သူ့ကိုကြည့်လို့
မေးမြန်းတော့သည်။အစ်မယူရီတို့ကလည်း
သူ့ကိုဝိုင်းကြည့်လို့ စိတ်ပူနေရှာသည်။
" ကူးအဆင်ပြေရဲ့လား၊ကူး ကိုယ့်ကိုပြော....
ငိုထားတာလားကွာ၊ဟာ...ဥက္ကဌကဘာလုပ်လို့လဲ၊
ကိုယ့်ကိုပြော! "
သူ့ကိုစိတ်ပူနေသည့် ဂယူကြောင့်ကူးလေးမှာ
ပြုံးလိုက်ပြီး ဂယူ့ပါးကိုအုပ်ကိုင်ကာ မော့ကြည့်လိုက်သည်။
" ဟင့်အင်း...ကူးဘာမှမဖြစ်ပါဘူး၊မျက်လုံးထဲ
အမှုန်ဝင်လို့ငိုချလိုက်တာ "
" ဟောဗျာ၊ဒါနဲ့များ ကိုယ့်ရှိပြေးမလာဘူး၊
ဒါကြောင့်မျက်လုံးတွေဖောင်းအစ်နေတာကို
နှုတ်ခမ်းကဘာဖြစ်တာလဲ၊ရောင်နေတာပဲဗျာ "
ကူးလေးစိုးရိမ်သွားကာ နှုတ်ခမ်းကိုလက်ဖြင့်ပိတ်
လိုက်တော့ မင်ဂယူကကြောင်အံ့သွားသည်အထိ။
" ဘာမှမဖြစ်ပါဘူး၊ကူးခုနက ဒေါသထွက်လို့
နှုတ်ခမ်းကိုက်တာ ယောင်သွားလို့ပါ၊ဘာမှမဖြစ်ပါ
ဘူးဆို၊အလုပ်တွေရှိတယ်မလား၊အလုပ်လုပ်တာ
ကောင်းပါတယ် "
ဂယူရဲ့အဖြေကိုငြင်းလို့ အလုပ်ဆက်လုပ်ဖို့
ထွက်သွားတဲ့ကူးလေးပါလေ။ဂယူ့မှာတော့
ကူးစိတ်တိုနေတာသိလို့ မနှောက်ယှက်ဘဲ
အလုပ်လုပ်ဖို့အားလုံးကို ပြန်ပြောနေစဉ်
ပါးစောင်နားမှာသွေးစို့နေသည့်ဒါဏ်ရာဖြင့်
ရောက်လာသည့် ဌာနမှူးကိုတွေ့လိုက်သည်။
" ဌာနမှူးရဲ့မျက်နှာကဘာဖြစ်တာလဲ "
အစ်ကိုဂျောင်ဟွန်းကမေးရော ဌာနမှူးက
ကူးလေးကိုတစ်ချက်ကြည့်ကာ ကြောက်လို့
'ဘာမှမဖြစ်ပါဘူး'ဆိုသည့်ပုံစံဖြင့် လက်ခါပြ
သည်။
သည်တော့မှအားလုံးလည်း အလုပ်ဆက်လုပ်
ကြပြီး ကူးလေးမှာတော့ စာရင်းကြည့်နေရင်း
မနက်ဖြန်အတွက်ကိုတွေးမိကာ ကြိတ်ငိုမိသည်။
သူသာအတွေးမှားသွားရင် ဒီဥက္ကဌကသူ့စကား
အတိုင်း သူ့အမေနဲ့သူ့ချစ်သူကို တစ်ခုခုလုပ်မှာမို့
သူကြောက်မိတာကအမှန်ပါလေ။ဒါကြောင့်မို့
တစ်ဖက်က အစ်ကိုဂျောင်ဟွန်းနဲ့အစ်မယွန်းဟယ်
နဲ့အတူစာရင်းမှတ်နေတဲ့ဂယူ့ကိုလှမ်းကြည့်ရင်း
သူပြောမိပါသည်။
" ဂယူ့ကိုလည်း တောင်းပန်ပါတယ်၊ကူးလည်း
မတက်သာလို့ပါ ဂယူရယ်...ဟင့်... "
To be continued ~
ကထယရဲ့ကြမ်းတမ်းမှုကြောင့် ကိုကိုအလှလေး
စိတ်ဆိုးသွားပါပြီဗျာ။
မနေ့ညကမအပ်လိုက်မိတာက မီးပျက်နေတာကြောင့်မို့ နားလည်ပေးပါဗျ။
> >
Continue Reading
You'll Also Like
15.8K 1.5K 34
jk:တကယ်လို့ ကျွန်တော်တို့သာ ရာမဇာတ်တော်ထဲက ဇာတ်ကောင်တွေဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ဟာ အရှင်ရာမကိုမဟုတ်ဘဲ ဒသဂီရိကို ချစ်မိတဲ့ သီတာဒေဝီအဖြစ် သမိုင်းအသစ်...
604K 13.6K 40
In wich a one night stand turns out to be a lot more than that.
32.2K 2.5K 10
Top Tae Bottom Kook Zawgyi & Unicobe Start - March.19.2021 End - July.16.2021
665K 40.7K 105
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...