ပုဂံမြေကိုတိုင်တည်၍

By Yeolmae3133

39K 519 38

ဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ... More

Intro Part
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
တောင်းပန်လွှာ
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
View
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၇
Request
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
EXTRA
view
Extra 2

အပိုင်း ၃၆

400 4 0
By Yeolmae3133

ဘာလိုလိုနဲ့ညနေစောင်းရောက်လာတော့ကွန်းလဲသွေးသစ်ကိုသွားခေါ်ဖို့ဆင်းလာခဲ့သည်။အောက်ထပ်ရောက်တော့ဟိုမိန်းမနဲ့တွေ့လေသည်။သူလဲအပြင်သွားဖို့ပြင်နေသည်ထင်တာနဲ့ကွန်းလဲ

"အပြင်သွားမလို့လား"

"....."
ဒေါ်ပုလဲလဲစကားသံတော့ကြားလိုက်ပေမယ့်ကွန်းဆီကအသံထွက်လာတာဆိုတော့သူ့ကိုပြောတယ်မထင်တာကြောင့်ပြန်မပြောမိပေ။

"ဒီမှာ ခင်ဗျားကိုမေးနေတာ"
အဲ့ခါကြမှဒေါ်ပုလဲလဲ
"ဪအန်တီ့ကိုမေးတာလားသား"

"ဟုတ်တယ်"

"ဘာမေးတာလဲဟင်"

"အပြင်သွားမလို့လားမေးနေတာဗျာ ကျစ်!"

"ဪအေးဟုတ်တယ် ဘာ‌ပြောမလို့လဲဟင်သားက"

"အဲတာဆိုမသွားနဲ့စောင့်နေကျွန်တော်တစ်နေရာသွားပြီးတာနဲ့တန်းပြန်လာမှာမလို့"

"ဪ ဘာလို့လဲဟင်"

"သိချင်ရင်စောင့်ကြည့် အဖေလဲလာလိမ့်မယ်ခနနေရင်"

"ဪအေးအေး"
ပြောပြီးတာနဲ့ထွက်သွားသည့်ကွန်းကိုဒေါ်ပုလဲမျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။ဒါသူ့ကိုကွန်းစကားပြောတာဒီအိမ်ကိုရောက်ပြီးနှစ်တော်တော်ကြာမှဒါပထမဆုံးပဲဘာများပြောစရာရှိလို့လဲမသိဘူး။သူကမသွားခိုင်းတော့ဒေါ်ပုလဲလဲမသွားပဲအိမ်မှာပဲစောင့်နေလိုက်လေသည်။
တစ်ဖက်မှာတော့ကွန်းလဲသွေးသစ်ကိုခေါ်ဖို့သွေးသစ်တို့တိုက်ခန်းဆီသွားလေသည်။တိုက်ခန်းကိုရောက်တော့သွေးသစ်ကိုဘယ်အထပ်လဲမေးပြီးတက်လာလိုက်သည်။အခန်းရှေ့ရောက်တော့သွေးသစ်ကထွက်စောင့်နေလေသည်။

"ဘာလို့အပေါ်ထိတက်လာနေတာလဲမောင်ရဲ့ သက်သက်မဲ့မောအောင်"

"မမောပါဘူးမောင့်ပယင်းကိုတွေ့ဖို့ပဲဟာဒီလောက်ကဘာအရေးလဲ"

"မဟုတ်ပါဘူးမောင်ကငါ့ကိုခေါ်ပြီးတန်းဆင်းမှာပဲမလားအဲတော့မထူးဘူးလေငါပဲဆင်းလာမှာပေါ့"

"ပယင်းကလဲအဲတာပဲဘာမဆိုအကောင်းကိုမမြင်တတ်ဘူး"

"မဟုတ်ပါဘူးမောင်ရဲ့ငါကစေတနာနဲ့ပြောတာပါ"

"ရတယ်မောရင်လဲမောင်ပဲမောတာမလို့ပယင်းနဲ့မဆိုင်ဘူးကိစ္စမရှိဘူးဟုတ်ပြီလား"

"ဘယ်လိုလုပ်မဆိုင်ပဲနေရမလဲမောင်ရဲ့မောင်ကငါ့ချစ်သူပဲဟာမောင့်ကိစ္စတွေကငါ့ကိစ္စတွေပဲပေါ့"

"အဲတာလင်မယားတွေဖြစ်မှပြောတဲ့စကားမဟုတ်ဘူးလား"

"ဘယ်လိုပဲဖြစ်ဖြစ်နှစ်ဦးသားသက်ဆိုင်ပြီဆိုပြောလို့ရတာပဲလေ"

"မောင်ကတော့လက်ထက်ပြီးမှအဲတာတွေပြောစေချင်တာ"

"မပြောတော့ဘူးကွာ"

"စတာပါပယင်းရဲ့စိတ်ချည်းပဲ"ဆိုကာဆူနေတဲ့နှုတ်ခမ်းလေးကိုလက်လေးနဲ့အသာစိတ်ဆွဲလိုက်လေသည်။

"လာသွားရအောင်မောင်တို့အိမ်"

"အင်း"
ကွန်းတို့ကားပေါ်ရောက်ပြီးမှ
"အာဟုတ်သားပဲမောင်မေ့နေတာ"

"ဘာလဲ"

"တရားရုံးသွားဖို့"

"တရားရုံး!"

"အင်း"

"ဘယ်သူဘာဖြစ်လို့လဲ"

"‌ဘယ်သူမှဘာမှမဖြစ်ဘူး ဖြစ်တာကမောင်"

"မောင်ကဘာဖြစ်လို့လဲပြဿနာတက်လာတာလား"

"အင်းဆိုပါတော့ ဟောဒီကပုဂံသားလေးကိုချစ်မိတဲ့ပြဿနာ"

"အာ မောင်ကလဲအဲတာနဲ့ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့ ‌ဆိုင်တာမှမောင်ရောပယင်းရောနဲ့ဆိုင်နေတာ"

"အဲလောက်လေးနဲ့အဲ့ကိုသွားဖို့မှမလိုတာဗျ"

"အယ်မောင့်ပယင်းကအရေးကြီးတာမေ့နေတာထင်တယ်"

"ဘာလဲ"

"မောင်တို့ကဘာတွေလဲ"

"ရည်းစားတွေလေ"

"ပယင်းကတော့ရည်းစားတွေလေလို့ဖြေလိုက်ပေမယ့်မောင်ကအဲ့ထက်အဆင့်တက်ချင်သေးတယ်ဗျ"

"ဘာလုပ်ချင်လို့လဲ"

"ပယင်းရဲ့အိမ်ထောင်ဦးစီးလုပ်ချင်တာလေ"

"အယ့် မောင်ငါတို့ရည်းစားဖြစ်တာတစ်လတောင်မပြည့်သေးဘူးလေမစောလွန်းဘူးလားမောင်ရဲ့"

"မစောပါဘူးမောင်ကဖြင့်ပယင်းဆီကအဖြေရပြီးပြီးချင်းတန်းပြီးတောင်လက်ထပ်ချင်တာ"

"မောင်ရာ"

"ဟုတ်တယ် မောင်ပြောခဲ့တယ်မလားပယင်းရဲ့ယောကျာ်းဖြစ်ချင်တယ် ပယင်းကိုပိုင်ဆိုင်ချင်တယ်လို့"

"အဲတာတော့ဟုတ်ပါတယ် ငါ့ကိုလဲပိုင်ဆိုင်ရမှာပါမောင်ရဲ့ ဒါပေမယ့်မစောလွန်းဘူးလားမောင်ရာ"

"မောင်မပြောထားဘူးလား မစောတော့ဘူးလို့ မောင်ကမောင်မြတ်နိုးတဲ့အရာဆိုတန်းပြီးမောင့်အပိုင်လုပ်ပစ်တာ အဲတာမှသူများတွေကမပစ်မှားနိုင်မှာအခုပယင်းကိုလဲအဲလိုပဲမောင့်အပိုင်လုပ်ချင်တယ်"
ခင်ဗျားတော်တော်ခက်ပါလားပယင်းသွေးသစ်ရယ်ကျုပ်ဆန္ဒကြောင့်သာဒီလိုခယနေတာကျုပ်စိတ်နဲ့ကျုပ်ကိုယ်ဆိုခင်ဗျားကိုဒီလိုပြောနေမှာမဟုတ်ဘူးလက်ခံလိုက်စမ်းပါပယင်းသွေးသစ်

"မောင်ငါတို့ကသူများတွေလိုမဟုတ်တဲ့အတွက်ငါတို့ရှေ့ဆက်လျှောက်ရမယ့်လမ်းကလဲလွယ်မယ်မထင်ဘူးနော်မောင် အဲတာတွေအတွက်မောင်ရင်ဆိုင်ဖို့အသင့်ဖြစ်နေလို့လား"

"ပယင်းသာမောင့်အနောက်မှာရှိနေပေးပါကျန်တာတွေရင်ဆိုင်ဖို့မောင်သတ္တိရှိပြီးသား"
သွေးသစ်လဲတော်တော်အခက်တွေ့နေရသည်။မောင့်ကိုမချစ်လို့မဟုတ်ပါမောင့်ကိုသူကအရင်စချစ်ခဲ့ရသူမလားဒါပေမယ့်အခုမောင်လုပ်တာတွေကသိပ်ကိုမြန်ဆန်လွန်းနေသဖြင့်သွေးသစ်မှာယုံတောင်မယုံနိုင်ဖြစ်နေရသည်။လက်လဲလက်ခံချင်သည်။ရှေ့ကြုံရမှာတွေအတွက်လဲသူရင်လေးသည်။သွေးသစ်တစ်ယောက်နှလုံးသားနဲ့ဦးနှောက်ယှဉ်ရတော့မယ့်အချိန်မှာဘယ်ဟာကိုရွေးရမယ်မသိဖြစ်နေသည်။ဒါပေမယ့်နှလုံးသားရေးကသာသွားသည်ထင်သည်။

"မောင့်သဘောပါမောင်သာရှိနေမယ်ဆိုငါလဲဘာပဲကြုံလာကြုံလာရင်ဆိုင်ရဲတယ်မောင်"

"ချစ်လိုက်တာပယင်းရာဒါဆိုမောင့်ကိုလက်ထပ်မယ်ပေါ့နော်"

"ဟုတ်"
:မွ
"ဒါဆိုမောင်တို့တရားရုံးသွားရအောင်"

"ဟုတ်"
ကွန်းတို့တရားရုံးရောက်တော့စာချုပ်မှာလက်မှတ်ထိုးလိုက်ကြသည်။နောက်ဆုံးတော့သူ့ဂွင်ထဲကိုတည့်တည်ဝင်လာသည့်ပယင်းကိုကြည့်ပြီးကွန်းတစ်ယောက်ပျော်နေလေသည်။သွေးသစ်ကလဲသူချစ်ရတဲ့သူကိုလက်ထပ်ရ၍အတိုင်း‌မသိပျော်နေလေသည်။ကွန်းတို့တရားရုံးမှာလက်မှတ်ထိုးပြီးတာနဲ့စာချုပ်ယူပြီးကွန်းတို့အိမ်ကိုရောက်လာကြသည်။ကွန်းတို့လဲအိမ်ရောက်တော့ကွန်းမိဘတွေနဲ့မိတ်ဆက်ပေးဖို့အိမ်ထဲဝင်လာလိုက်သည်။ဧည့်ခန်းထဲရောက်တော့မျက်နှာသေချာမကြည့်မိသေးပေမယ့်လူကြီးနှစ်ယောက်ကိုတွေ့၍သွေးသစ်တစ်ယောက်ခေါင်းငုံ့ပြီးအရိုအသေပေးလိုက်လေသည်။

"အဖေ အမေဒါသားကောင်လေးအမေဒေါ်မြပုလဲသူ့ကိုမှတ်မိလားဗျ"
ကွန်းတစ်ယောက်မသိချင်ယောင်ဆောင်ပြီးမေးလိုက်လေသည်။
ဒေါ်ပုလဲလဲကွန်းကသူတို့ကိုလူငယ်လေးတစ်ယောက်ကိုသူ့ကောင်လေးလို့မိတ်ဆက်ပေးပြီးသူ့အားထိုကောင်လေးကိုမှတ်မိလားလို့မေးလိုက်တော့ရုတ်တရက်ကြောင်သွားသည်။ပြီးခါမှထိုကလေးကိုသေချာစိုက်ကြည့်လိုက်သည်။မြင်ဖူးနေသလိုလိုရင်းနှီးနေသလိုလိုရှိသည်။ဒါမဲ့သူသိသည်ဒီကလေးနဲ့တစ်ခါမှမဆုံဖူးပါဒါမဲ့ဘာလို့ရင်းနှီးနေတယ်လို့ခံစားနေရတာပါလိမ့် ဒီမျက်နှာကျ၊နှာတံ၊နှုတ်ခမ်းတွေကသူနဲ့သိပ်တူနေသလိုခံစားရသည်။မျက်လုံးတွေကိုသေချာစိုက်ကြည့်လိုက်တော့ဘယ်ဘက်မျက်ခွံပေါ်မှာသေချာစိုက်ကြည့်မှမြင်ရတဲ့မှဲ့လေးကိုမြင်လိုက်ရသည်။
'ဟင် အဲ့ဒီ့မှဲ့ ငါ့သားလေးမှာလဲအဲလိုမှဲ့ရှိတယ်'
ဒေါ်မြပုလဲလဲထိုလူငယ်လေးနာမည်ကိုထုတ်မေးလိုက်သည်။
"သားနာမည်ကဘယ်သူလဲကွဲ့"

"ပယင်းသွေးသစ်ပါမေမေ"

"သား!"
သွေးသစ်ထိုလူကြီးနှစ်ယောက်ကိုနှုတ်ဆက်ပြီးတော့ကွန်းကသူ့ကိုသူတို့နှင့်မိတ်ဆက်ပေးလေသည်။ပြီးတော့ကွန်းပါးစပ်ကအဲ့ဒီအန်တီ့ရဲ့နာမည်ကိုဒေါ်မြပုလဲလို့ခေါ်လိုက်သည်။ပြီးတော့သွေးသစ်ကိုမှတ်မိလားဆိုပြီးလဲမေးသေးသည်။အဲ့ဒီအချိန်မှာအန်တီကသူ့မျက်နှာကိုသေချာစိုက်ကြည့်လာသည်။သူလဲအန်တီ့မျက်နှာကိုသေချာကြည့်တော့မှသူတို့သားအဖနှစ်ယောက်ကိုထားသွားသည့်သူ့အမေဖြစ်နေလေသည်။အစကနာမည်တူတယ်ပဲထင်နေတာပြီးမှသူတို့သားအမိနှစ်ယောက်ရဲ့ဆင်တူမှဲ့လေးကိုမြင်တော့မှသေချာသွားလေသည်။ကွန်းအရမ်းမုန်းနေတဲ့သူ့မိထွေးဆိုတာသူ့အမေဖြစ်နေတာပေါ့သွေးသစ်ရယ်ချင်သွားသည်။ကံကြမ္မာရယ်ဘယ်လိုတောင်ရက်စက်လိုက်တာလဲသူ့ကို။သွေးသစ်တွေးနေတုန်းမှာပဲ

"သား!"လို့ခေါ်ပြီးသူ့အမေကမေ့လဲသွားလေသည်။

"မေမေ့!"

Continue Reading

You'll Also Like

1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
6.7K 160 6
ps I didn't make the cover art but idk who made it, sorry!!! :[ (my cousin sent me it saying "gay men")
1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...