Impersonator Lover (complete)

بواسطة BlackRoseTK93

93.4K 8.3K 823

Jeon Jungkook Kim Taehyung المزيد

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
Final

22

2.2K 219 36
بواسطة BlackRoseTK93

" ပြန်ရအောင် Tae "

Jungkook ဟာ Taehyung ရဲ့ လက်ကလေးကိုဆုတ်ကိုင်လိုက်ပြီး လက်တွဲကာသွားဖို့လုပ်ပေ
မယ့် သူကသာဆုတ်ကိုင်ထားတာ Taehyung ဘက်က လက်ဝါးဖြန့်လျက်သားလေးအတိုင်း သူဆွဲခေါ်ပြန်တော့လည်း ပါမလာရပ်လို့နေတုန်း သူလှည့်ကြည့်တော့ သူ့ကိုပြန်ကြည့်နေတဲ့ Taehyung.

" Tae "

Taehyung ဟာ Jungkook ရဲ့လက်ကိုပြန်လည်ဆုတ်ကိုင်လိုက်ပြီး သူ့ကိုလှည့်ကြည့်နေတဲ့ Jungkook ကိုပြုံးပြလိုက်သည်..နှစ်ယောက်သား အရေးပေါ်လှေကားကနေလက်ကလေးဆွဲလို့ထွက်လာတာကို အဝေးက ဆေးကောင်တာကနေလှမ်းကြည့်နေတဲ့ အမေဖြစ်သူရဲ့မျက်နှာကအပြုံးတွေနဲ့သာ..

" ရော့ သား Tae လေး "

အမေဖြစ်သူက ဆေးထုတ်ပေးလို့ Taehyung လက်နှစ်ဖက်နဲ့ ယူမလို့လုပ်ပေးမယ့် တွဲထားတဲ့လက်ကိုဖြုတ်မပေးတဲ့ Jungkook..

Taehyung ဟာ သူလက်ကိုဆွဲလို့ထားတဲ့ Jungkook ကိုမော့ကြည့်ပြီး မျက်မှောင်လေးကျူတ်ပြလိုက်မှ လွှတ်လို့ပေးသည်..

" ဟုတ်ကဲ့ အမေ "

" အဲ့ထဲမှာ ဆေးသောက်ရမယ့်အချိန်တွေရေးထားတယ်သား "

" ဟုတ်ကဲ့ အမေ "

" ဒါဆို အမေတို့ပြန်တော့မယ် "

Tae Jk " ဟုတ်ကဲ့ ကောင်းကောင်းသွားပါ အဖေ အမေ "

အမေဖြစ်သူဟာ Taehyung နားသို့လာကာ Taehyung ကိုဖတ်ကာ ကျောပြင်လေးကိုပုတ်ပြီး နားနားတိုးကပ်လို့တိုးတိုးလေးပြောသွားသည်..

" omma သား လေးကို ဂရုစိုက်ပေးပါအုံးနော် သားTae လေး "

အမေဖြစ်သူဟာTaehyung ကိုပြုံးပြကာနှုတ်ဆက်လို့ထွက်သွားသည်..Taehyung လည်း အဖေနဲ့ အမေကို အရိုအသေပေးရင်း လက်ကလေးပြကာနှုတ်ဆက်လို့ကျန်ခဲ့သည်..

လက်ကလေးပြကာနှုတ်ဆက်နေတဲ့ ထိုလက်ချောင်းလေးတွေအား သူရဲ့လက်ကိုယှက်နွယ်ကာ ဆုတ်ကိုင်လိုက်တဲ့ Jungkook ကြောင့် နှုတ်ဆက်နေရင်း Taehyung မှာ Jungkook ကိုလှည့်ကြည့်လိုက်တော့ ဘေးကနေပြုံးပြလို့နေသည်..

" ပြန်ရအောင် Tae "

" အင်း "

.....🐰🐯

အိမ်အပြန်က မိုးချုပ်လို့နေပြီ..ကားပေါ်​ေရာက်တော့ Jungkook ဒဏ်ရာရတဲ့လက်က ညာဘက်ဖြစ်နေတာကြောင့် ဘာ လုပ်လုပ်တခုမှအဆင်မပြေ ခုမှလောလောလက်လက်ဖြစ်ထားတာ
ကြောင့် လက်ကိုချက်ချင်းလှုပ်လှုပ်ရှားရှားကလည်းလုပ်လို့မရသေး ကားပေါ်တက်တာတောင် သူမှာတော်တော်လေးအဆင်မပြေ..

ကားDriver ဘက်မှာထိုင်လိုက်တဲ့ Taehyung ဘေးက Jungkook ကို ခါးပတ်ပတ်ပေးဖို့ Jungkook ဘက်ကို ကုန်းကာ ခါးပတ်ကြိုးလှမ်းဆွဲတော့ အစပိုင်းသူတို့နှစ်ယောက်ရဲ့အခြေအနေကိုတောင်သတိရလို့သွားသေးတဲ့ Taehyung..

သူရဲ့ မျက်နှာရှေ့ကုန်းကာခါးပတ်ကြိုးယူနေတဲ့ Taehyung.. သူမျက်စိရှေ့မြင်နေရတဲ့ လူက မဝသော်လည်း ပါး​မို့မို့​လေးရှိနေတဲ့ Taehyung ရဲ့ ပါးပြင်လေး ကိုကြည့်နေရင်း အနမ်းလေးပေးလိုက်မိတော့ ကြိုးစကိုကိုင်ရင်ဆွဲဖို့လုပ်နေတဲ့ Taehyung မှာ Jungkook ကို မျက်လုံးလေးအဝိုင်းသားနဲ့ လှည့်ကြည့်လိုက်မိသည်..

အဲ့လိုလှည့်ကြည့်မှပဲ နှစ်ဦးသားမျက်နှာက မျက်နှာခြင်းဆိုင်ဖြစ်သွားပြီး တယောက်ရှုထုတ်လိုက်တဲ့လေက တယောက်မျက်နှာကိုလာရောက်တိုက်ခက်လောက်တဲ့ ထိကိုနည်းကပ်လှတဲ့ အနေအထားမှာ နှစ်ယောက်သား အကြည့်ခြင်းဆုံမိပြန်သည်..

သူမျက်နှာရှေ့ခေါင်းလေးစောင်းလို့ သူကိုကြည့်နေတဲ့ Taehyung ရဲ့ နှုတ်ခမ်းလေးတွေစီ Jungkook ရဲ့ အကြည့်တို့ရောက်မိသွားပြီး အကြည့်တို့ကတို့နှုတ်ခမ်းလေးစီကနေမလွှဲကာ တဖြေးဖြေးရှေ့သို့တိုးလို့သွားတဲ့ Jungkook ..

နည်းကပ်လာတဲ့ အခြေအနေမှာ နှစ်ဦးသားမျက်လုံးလေးတွေမှိတ်လို့သွားသည်နှင့် နှုတ်ခမ်းသားနှစ်ခုရဲ့ နူးညံ့လှတဲ့ အထိ​အတွေ့ကိုခံစားမိတော့သည်..

ခဏမျှအကြာ Taehyung ဘက်ကနေပဲ နူးနူးညံ့ညံ့လေးရပ်ကာ မျက်လုံးလေးတွေ တဖြေးဖြေး
ဖွင့်ကာ အကြည့်ခြင်းစုံရင်း နောက်သို့ဆုတ်လိုက်ပြီး နှစ်ယောက်သားရှက်ပြုံးလေးတွေ ပြုံးလိုက်မိတော့သည်..

....🐰🐯

အိမ်သို့ပြန်ရောက်တော့ ညဆေးသောက်ဖို့အတွက် Taehyung မှာ Jungkook စားဖို့အတွက် သူအကျွမ်းကျင်ဆုံးခေါက်ဆွဲပြုတ်လေးသာ ပြုတ်ဖို့ပြင်ဆင်နေတော့သည်..

အနောက်ကနေသူရဲ့ခါးလေးကိုဖတ်လိုက် ပြီး ပခုံးလေးပေါ်မေးလေးတင်လိုက်တာကြောင့် Taehyung မှာ Jungkook ရဲ့အထိအတွေ့တွေကို မရင်းနှီးသေးတာကြောင့် Jungkook တခုခုပြုမှုလိုက်တိုင်း ခန္တာကိုယ်လေးကတွန့်တွန့်သွားတုန်း..

Jungkook ကသူရဲ့ခါးလေးကိုဖက်လိုက်တာကြောင့် Taehyung ရဲ့ကိုယ်လုံးလေးကဘေးတစောင်းလေးဖြစ်သွားကာ ခေါင်းလေးစောင်းလို့လှည့်ကြည့်မိတော့ ပခုံးပေါ်မေးလေးတင်လိုက်တဲ့ Jungkook ရဲ့ ပါးကိုနှုတ်ခမ်းလေးဖြင့်ထိလုဆဲဆဲ.. သူ့ဘာသူလည်းလန့်သွားတာကြောင့် ချက်ချင်းပဲခေါင်းလေးပြန်တည့်လိုက်ရသည်.

" ငါ့ကြောင့်နဲ့ မင်းပင်ပန်းရပြီ Tae "

" ရပါတယ် ငါလည်းခေါက်ဆွဲပဲပြုတ်တက်တာပါ "

" Tae "

"အင်း "

" ချစ်တယ် "

" Jungkook သွားထိုင်တော့လေ ခေါက်ဆွဲရပြီ "

" အင်း "

ခေါက်ဆွဲအိုးလေးကိုသယ်ကာ စားပွဲပေါ်တင်လို့ ပန်းကန်လုံးလေးနဲ့တူယူကာ Jungkook ရှေ့ချပေးပြီးမှ Jungkook ကိုကြည့်လိုက်ပြီး Taehyung တယောက် သူအလွဲကိုသူဘာသာ သဘောကျကာ နှုတ်ခမ်းလေးကို ကိုက်လိုက်ကာပြုံးမိသွားသည်..Jungkook ဘေးသို့ဖင်ထိုင်ခုံကိုဆွဲလိုက်ကာ အနားမှာသွားထိုင်လိုက်သည်.

"ငါခွံ့ ချွေးမယ် "

" အင်း "

ခေါက်ဆွဲစားတာပါးစပ်ကတော့အလိုက်သင့်လေးလှုပ်ရှားနေကာ မျက်လုံ​လေးတွေကတော့ ခွံ့ကျွေးနေတဲ့သူလေးရဲ့ စီမှာသာအကြည့်တို့မလွဲနိုင်..

" အဆင်ပြေရဲ့လား Jungkook "

" အင်းပြေတယ် မင်းရောမစားဘူးလား "

" ငါဗိုက်မဆာတော့လို့ "

" Tae ပြီးရင်လေ ငါအကျီလဲချင်လို့ အဲ့တာကူညီပေးလို့ရမလား "

" အင်း ရပါတယ် "

....🐰🐯

ခေါက်ဆွဲစားဆေးသောက်ပြီးတော့ အိမ်ပေါ်သို့တူတူတက်ခဲ့ကြပြီး Jungkook ရဲ့အခန်းသို့ Jungkook က အရှေ့ကဝင်သွားကာ Taehyungက အနောက်ကလိုက်လို့သွားသည်..

" Tae ဗီဒိုထဲမှာလေ shirt လက်တိုအပွတွေရှိတယ် "

" အင်း "

Taehyung လည်း အဝတ်ဗီဒိုထဲက ဟာဝိုင်ယီ shirt လိုခက်ပွပွအကျီကိုရွေးယူလိုက်ပြီး Jungkook ဘက်လှည့်လိုက်တော့ ဘယ်ဘက်လက်နဲ့ shirt အကျီ ကြယ်သီးတို့ကိုဖြုတ်လို့နေတာအဆင်ပြေမနေတာနဲ့ သူလည်းအနားသွားကာ အကျီကြယ်သီးလေးတွေကိုဖြုတ်ကူလိုက်သည်..

shirt အကျီက ဆေးရုံမှာ လက်တခြမ်းက ညှပ်ထားတာကြောင့် အဆင်ပြေပြေချွတ်လို့ရသွားသည်..အကျီကိုဖြေးဖြေးခြင်း အနောက်ကနေဆွဲချကာ ချွတ်ပေးရင်း ဒဏ်ရာကြောင့် ညိုမဲနေတဲ့ ပခုံးသားလေးကို လက်ချောင်းလေးတွေနဲ့ ကိုင်ကာ..

" ကျေးဇူးပါ Jungkook "

ချက်ချင်းပဲ Jungkook ဟာ Taehyung ဘက်
လှည့်လိုက်ပြီး မျက်နှာလေးကို မေးစေ့ကနေမကာကြည့်လိုက်တော့ မျက်ရည်လေးတွေဝဲလို့နေတဲ့ Taehyung

" စိတ်မကောင်းမဖြစ်ပါနဲ့တော့ Tae "

Jungkook ဟာ Taehyung ရဲ့ ကိုယ်လုံးလေးကို ဆွဲဖတ်လိုက်တော့သည်..

" မင်းမထိခိုက်တာနဲ့တင်ငါကကျေးဇူးတင်နေရတာ Tae..မင်းသာတခုခုဖြစ်သွားရင် ငါဒီထက်နာကျင်ရမှာ "

" Jungkook "

" ငါမင်းကိုအရမ်းချစ်တယ် Tae "

" အကျီဝတ်ရအောင် Jungkook အအေးပတ်မှာဆိုးလို့ "

နာနေတဲ့လက်ကို ဖြေးဖြေးခြင်းအရင်သွင်းပြီးမှ တဖက်လက်ကိုထည့်ကာ အကျီကြယ်သီးလေးတွေသေချာတက်လို့ပေးနေတဲ့ Taehyung ကို Jungkook မှာ အကြည့်တို့မလွဲနိုင်ပြန်..အကျီလဲလို့ပြီးတော့ အပြင်ပြန်ထွက်ဖို့လုပ်နေတဲ့ Taehyung ကို လက်ကနေဆွဲကာလှမ်းတာလိုက်တဲ့ Jungkook..

" ဘာလို့လည်း Jungkook "

" ငါ ဒီ stylepan နဲ့ ညအိပ်လို့အဆင်မပြေဘူး အဲ့တာ ငါ့ကိုဘောင်းဘီထုတ်ခဲ့ပေးလို့ရမလားလို့ "

" အော် အင်းးထုတ်ခဲ့ပေးမယ်လေ "

ညဝတ်ဘောင်ဘီးလေးထုတ်ပေးကာအခန်းထဲက ခက်သွက်သွက်လေးထွက်လာလိုက်တော့ အခန်းဝနားအရောက်ထပ်မှန်ခေါ်လိုက်တဲ့ Jungkook ကြောင့် Taehyung မှာ အခန်းဝရောက်မှ ပြန်
လှည့်ကြည့်ကာ

" ဘာလို့လည်း Jungkook "

" ငါ အလုပ်စာရင်းတွေစစ်ရမှာ ကားနောက်ဖုံးထဲမှာ အများကြီးပါတယ် အဲ့တာ ငါနဲ့တူတူလုပ်ပေးနိုင်မလား Tae "

" အင်းရပါတယ် Tae ငါယူထားလိုက်မယ်လေနော် "

တကယ်တော့ ထိုအလုပ်တွေကမလုပ်လည်းဖြစ်တယ် ဘာမှအရေးမကြီး ဒါပေမယ့် ဒီနေ့မှ အဖြေရတဲ့ ချစ်သူလေးရဲ့အနားမှာနေချင်လို့ ဉာဏ်များရတဲ့ Jungkook ရဲ့အဖြစ်..

ဘောင်းဘီကိုခက်ခက်ခဲခဲဝတ်လို့အပြီးမှာ အိမ်အောက်ကိုပြန်ဆင်းလို့လာတော့ အိမ်ရှေ့ဆိုဖာမှာ TV လေးကြည့်လို့စောင့်နေတဲ့ Taehyung စားပွဲပေါ်မှာတော့ ကားနောက်ခန်းကစာရွက်စာတန်းဖိုင်အကုန်ရောက်လို့နေသည်..

....🐰🐯

အလုပ်လုပ်မယ်လို့ပြောပြီးမှတော့ မလုပ်လို့ကလည်းမရတော့ကာ.. ဖိုင်တွဲတွေကို လက်တဖက်နဲ့လှန်ကာကြည့်နေတော့ ဘေးကနေ အလိုက်တသိစာရွက်လေးကိုလှန်ပေးလို့နေတဲ့ Taehyung..

" အဆင်ပြေရဲ့လား Jungkook "

" အင်းမင်းရှိလို့ အဆင်ပြေတယ် "

Jungkook ရဲ့ ပေါင်ပေါ်ကိုခေါင်းအုံးလေးတင်ကာ ထိုခေါင်းအုံးပေါ် ဖိုင်တွဲကိုတင်လို့ တရွက် တရွက်ချင်ူကို ဘေးကနေ လှန်လို့ပေးနေတဲ့ Taehyung စာရင်းမှန်ရင် လက်မှတ်မထိုးနိုင်လို့ Jungkook ပေးထားတဲ့ တံဆိပ်တုံးလေးနဲ့ ထုပေးရသေးတဲ့ Taehyung..

ဖိုင်တွဲတော်တော်များများစစ်လို့ပြီးချိန် အချိန်ကိုကြည့်လိုက်တော့ ည1:00 ထိုးပြီ စစ်နေရင်းနောက်တရွက်လည်းမလှန်ပေးသလို အရှေ့စာရွက်ကို တံဆိပ်တုံးထုဖို့ပြောတော့လည်း အသံပါမကြားရတော့လို့ ဘေးကိုကြည့်လိုက်တော့ ဘေးတစောင်းလေးထိုင်ကာ ဆိုဖာနောက်မှီပေါ်လက်ကလေးတင်လို့ ထိုလက်ကလေးကိုခေါင်းအုံးရင်းအိပ်ပျော်လို့နေတဲ့ Taehyung..

Jungkook လည်းဆိုဖာပေါ်ခြေထောက်လေးတင်ကာ Taehyung လိုဘေးတစောင်းလေးထိုင်လိုက်ပြီး ဆိုဖာပေါ်ခေါင်းလေးမှီလို့ အိပ်ပျော်လို့နေတဲ့ Taehyung ရဲ့မျက်နှာလေးကိုကြည့်နေမိသည်...

တော်တော်ကြာကြည့်နေမိရင်း Taehyung ဟာအိပ်နေရင်းလှုပ်လို့လာကာ တဖြေးဖြေးမှီထားရာကနေအရှေ့သို့လျောကျလာတော့ သူ့မှာဘေးတစောင်းထိုင်နေရာကနေ အတည့်ပြန်ထိုင်လိုက်ပြီး လျောကျလာတဲ့ Taehyung ရဲ့ကိုယ်လုံးလေးကိုဖြေးဖြေးခြင်းလဲစေပြီး သူရဲ့ပေါင်ပေါ်ခေါင်းလေးအုံးကာ အိပ်စေလိုက်တဲ့ jungkook..

လက်ကလေးနှစ်ဖက်ကို ပူးကပ်ကာ မျက်နှာနားကပ်လို့ ကွေးကွေးလေးအိပ်ပျော်သွားတဲ့ Taehyung.. သူရဲ့ပေါင်ပေါ် အိပ်နေတဲ့ Taehyung ရဲ့ပါးမို့မို့လေးကို ကုန်းကာအနမ်းလေးပေးလို့ သူလည်းဆိုဖာကိုမှီကာ ထိုညလေးကို ချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ဖြတ်သန်းလိုက်တဲ့ jungkook...


BlackroseTK 93
Taekookforever 🐰🐯

ဘာမှန်းမသိ စိတ်တိုနေလို့ ဒီညဒီတပုဒ်ထဲတင်ပါရစေရှင့် 😡

အကြိုက်တွေ့ပါစေလို့မျှော်လင့်ပါတယ် စိတ်ဖြေစရာ ရှင်တို့ပဲရှိလို့ 😍

zawgyi

" ပြန်ရအောင် Tae "


" Tae "


" ရော့ သား Tae လေး "



" ဟုတ်ကဲ့ အမေ "


" ဟုတ်ကဲ့ အမေ "







" ပြန်ရအောင် Tae "

" အင်း "

.....

အိမ်အပြန်က မိုးချုပ်လို့နေပြီ..ကားပေါ်ရောကျတော့ Jungkook ဒဏ်ရာရတဲ့လက်က ညာဘက်ဖြစ်နေတာကြောင့် ဘာ လုပ်လုပ်တခုမှအဆင်မပြေ ခုမှလောလောလက်လက်ဖြစ်ထားတာ







....






" Tae "

"အင်း "

" ချစ်တယ် "


" အင်း "


"ငါခွံ့ ချွေးမယ် "

" အင်း "




" ငါဗိုက်မဆာတော့လို့ "


" အင်း ရပါတယ် "

....



" အင်း "



" ကျေးဇူးပါ Jungkook "





" Jungkook "




" ဘာလို့လည်း Jungkook "



လှည့်ကြည့်ကာ

" ဘာလို့လည်း Jungkook "





....




Jungkook ရဲ့ ပေါင်ပေါ်ကိုခေါင်းအုံးလေးတင်ကာ ထိုခေါင်းအုံးပေါ် ဖိုင်တွဲကိုတင်လို့ တရွက် တရှကျခငျြူကို ဘေးကနေ လှန်လို့ပေးနေတဲ့ Taehyung စာရင်းမှန်ရင် လက်မှတ်မထိုးနိုင်လို့ Jungkook ပေးထားတဲ့ တံဆိပ်တုံးလေးနဲ့ ထုပေးရသေးတဲ့ Taehyung..






BlackroseTK 93
Taekookforever 🐰🐯



واصل القراءة

ستعجبك أيضاً

426K 17.4K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
865K 40.2K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
575K 12.9K 40
In wich a one night stand turns out to be a lot more than that.
1.1M 44.4K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...