Kissing In The Moonlight [Com...

By VictoryKimTae

46.4K 5.3K 1.6K

လရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ‌ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပ... More

Chapter 2
Chapter 3
Chapter 4
Chapter 5
Spoiler Alert - 1
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Spoiler Alert 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Final

Chapter 1

7.2K 360 70
By VictoryKimTae

အပြင်ဘက်မှာ မိုးက တစ်ဖြောက် နှစ်ဖြောက် ရွာကျနေဆဲ ဖြစ်ပါသည်။ ရာသီဥတုက ရုတ်တရက်ကြီး ပြောင်းလဲသွားသည်မို့ ထီးမယူလာမိသည့် ကျွန်တော့်အတွက် ဒုက္ခများလွန်းလှသည်။

ကျောပိုးအိတ်ကို ခေါင်းပေါ်မိုးပြီး ကားမှတ်တိုင်ကို ခပ်သုတ်သုတ် ပြေးရတော့၏။ သို့သော် ကားမှတ်တိုင်ရောက်ဖို့က နောက်ထပ် နှစ်လမ်းကျော်လောက် ပြေးရဦးမည်။

မှတ်ဉာဏ်ထဲ တရေးရေးပေါ်လာသည်က ဒီနားမှာ အမျိုးသား စာကြည့်တိုက် ရှိပါသည်။ အပြုံးတွေ တဖြည်းဖြည်းပေါ်လာရင်း ညာဘက်ခြမ်းကို ကွေ့ချိုးလိုက်တော့သည်။

မိုးက တဖြည်းဖြည်း ပိုသည်းလာမည့်ပုံ... ဒီအတိုင်းသာဆို အိမ်ရောက်လျှင် ကြွက်စုတ်ဘဝ ကူးတော့မည်။

စာကြည့်တိုက်ကို ရောက်တော့ ကျွန်တော့်လိုပဲ လူတချို့က မိုးခိုနေကြတာ ဖြစ်သည်။ ကျွန်တော့်လို မိုးလေဝသ သတင်း နားမထောင်သည့် လူတွေကတော့ ခပ်များများပါရယ်...

စာကြည့်တိုက်ကို ရောက်တုန်းလေး... မိုးလည်း ရွာနေတုန်းလေးမို့ စာကြည့်တိုက်ထဲ ဝင်လာခဲ့လိုက်သည်။

ဝင်လာတော့လည်း ဘယ်စာအုပ် ဖတ်ရမလဲ မစဉ်းစားတတ်... စာအုပ်တွေနဲ့ အကျွမ်းတဝင်ရှိလှသည် မဟုတ်လို့ အခက်တွေ့ရပြန်သည်။

ရေစက် တချို့ ရှိနေသည့် ဆံပင်တွေကို ခါထုတ်လိုက်ရင်း ဗီဒိုအမြင့်ကြီးတွေကြားထဲ လျှောက်သွားလိုက်ရင်းသာ အချိန်ကုန်ရတော့မည်။

Emma ဆိုသည့် အမည်‌ေလးကို ခေါင်းစဉ်အဖြစ် ရေးထားသည့် စာအုပ်လှလှလေးက မျက်လုံးထဲ ဝင်လာသည်။ စာအုပ် အမည်က မိန်းကလေးတစ်ယောက်၏ အမည် ဖြစ်နေသည်မို့ စူးစမ်းချင်စိတ်ဟာ တစ်ပြိုင်တည်း ရောက်လာပါ၏။

စာရေးသူက Jane Austen... နာမည်လည်း ကျွန်တော် မသိ။ ဘယ်သူမှန်းလည်း မသိပါဘူး။ စာရေးဆရာတွေနဲ့ အကျွမ်းတဝင်မရှိသည်မို့ ဒီအတိုင်း တစ်ခဏ အချိန်ဖြုန်းရန် ကောက်ဆွဲဖို့ ပြင်တော့ ထိုစာအုပ်လေးက တစ်ဘက်လူဆီ ပါသွားတော့သည်။

ဘေးချင်းယှဥ်လျက်မှာ ရှိနေသည့် အဲဒီလူ... ထိုလူ့ လက်ချောင်းတွေက ခပ်လှလှလေးတွေ ဖြစ်သည်။ ရှည်သွယ်နေပြီး ဖြူဖြူဖွေးဖွေးလေးတွေပါရယ်...

အသက်ကတော့ ကျွန်တော့်ထက် အနည်းကြီးပါလိမ့်မည်။ ထိုလူက စာအုပ်ကိုသာ တမေ့တမော စိုက်ကြည့်နေသည်မို့ ကျွန်တော့်ကိုတောင် သတိမထားမိပါဘူး။

"ဟို... ကျွန်တော် ယူမလို့ ရွေးထားတာပါ"

စိတ်ထဲက ရွေးထားသည့် စာအုပ်ပဲ မဟုတ်ပါလား... ဟိုဘက်က လူက စာအုပ်ကို လက်ထဲ ကိုင်ထားပြီး အရင်ရသွားခဲ့သည်။

သို့သော် မထင်မှတ်ထားသည်က ထိုလူဆီက စာအုပ်လေးမှာ ကျွန်တော့် အရှေ့သို့ ရောက်လို့လာပါသည်။

ထိုလူက မျက်တောင် ရှည်ကြီးတွေကို ပုတ်ခတ်ကာ မျက်ဝန်းဝိုင်းဝိုင်းကြီးတွေဖြင့် လှမ်းပြုံးပြသည်။ သူ့ အပြုံးက လူကြီးလူကောင်းဆန်ပါသည်။

ရှပ်အင်္ကျီ အဖြူလေးကို ကြယ်သီးတစ်လုံးတည်းသာ ဖြုတ်ထားပြီး ရေစက်အနည်းငယ် ရှိနေသည့် ကုတ်အင်္ကျီလေးကိုတော့ သူ့လက်‌မှာ ချိတ်လို့ထားပါသည်။

ထိုလူလည်း ကျွန်တော့်လို စာကြည့်တိုက်ထဲ မိုးခိုဖို့ ရောက်လာပုံပါပင်။

"မင်း အရင်ဖတ်လို့ ရပါတယ် ကလေးရဲ့... ကိုယ်က နောက်မှ ဖတ်လိုက်မယ်လေ"

ကျွန်တော်က ကလေး အရွယ် မဟုတ်တော့ပါဘူး။ မကြာခင် အသက်ပြည့်တော့မည့် ၁၈ နှစ်အရွယ် ဆယ်ကျော်သက်လူငယ် တစ်ယောက်ပါ။

သို့သော် ထိုလူက ကလေးလို့ ခေါ်လာတော့လည်း စိတ်မဆိုးမိ... သဘောတကျဖြင့် ထိုလူ့လက်ထဲက စာအုပ်လေးကို ယူလိုက်မိပါသည်။

"Jane Austen ရဲ့ စာအုပ်တွေကို လူငယ်တွေ ဖတ်သင့်တာပေါ့။ ဆရာမက လူ့အဆင့်အတန်းတွေ၊ ဂုဏ်မောက်မာမှုတွေ၊ ခွဲခြားမှုတွေကို ဖော်ပြပေးထားတာ... မင်းတို့ ကလေးတွေ ဖတ်ရင်ပိုပြီး အကျိုးရှိပါတယ်။ အချစ်ဇာတ်လမ်းတွေချည်း သက်သက် မဟုတ်တာမို့ ပညာရတယ်လေ"

ထိုလူက လက်ပိုက်ကာ စာအုပ်လေးကို ကြည့်ဖို့ ‌အသေးစိတ်ရှင်းပြလာပါသည်။ ထိုလူ့ အသံဟာ ကြည်လင်နေပြီး အေးချမ်းနေ၏။ ပူလောင်မှုတွေနဲ့ ကင်းဝေးနေသည့် နားထောင်လို့ အသံတွေ ဖြစ်သည်။

"ဟုတ်ကဲ့ ကျွန်တော် ဖတ်လိုက်ပါမယ်"

လက်ထဲမှ စာအုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ ရင်ထဲမှာ နေလို့ မကောင်းချင်။ မိုးမိသွားသည်မို့ ရင်ဘတ်ထဲ ပူပူလောင်လောင် ဖြစ်နေသလားတောင် မပြောတတ်ပါဘူး။

"ဟို... ကျွန်တော့်ကို ဒီစာအုပ်ပေးလိုက်တော့..."

စကားပြောရန် စတင်လိုက်သော်လည်း ထိုလူက ဘေးမှာ မရှိတော့ပါဘူး။ ဘယ်အချိန် ကတည်းက ထွက်သွားသလဲတောင် ကျွန်တော် မသိပါဘူး။

ဒီလို‌ဆိုတော့လည်း ထိုလူပေးသွားသည့် စာအုပ်လေး ဖတ်ဖို့ နေရာရှာရပါတော့သည်။ မိုးစဲရန် စောင့်နေကြသည့် လူတွေ များသည်မို့ စာကြည့်တိုက်မှာ လူတွေက ခပ်များများပါလေ။

နေရာရှာနေရင်းမှ စားပွဲခုံ အရှည်ကြီးရဲ့ အလယ်နားလောက်မှာ သုံး၊ လေး အုပ်လောက် အထပ်လိုက် ဖြစ်နေသည့် စာအုပ်တွေကြားထဲ ခေါင်းစိုက်နေသည့် စောနကလူ...

ကျွန်တော့် မျက်နှာလေးဟာ ဝင်းခနဲ တောက်ပသွားပြီး တစ်ချက်တော့ ပြုံးမိသွားသည် ထင်ပါသည်။ မျက်နှာချင်းဆိုင်မှ ခုံလေးဟာ လူမရှိသေးသည်မို့ ခပ်သုတ်သုတ်သာ ပြေးသွားလိုက်ရသည်။

လူခပ်ရှုပ်ရှုပ် စာကြည့်တိုက်ကြားထဲ ကျွန်တော် တစ်ယောက်တည်း နေရာရဖို့ ဗျာများနေရတာ...

ကံကောင်းချင်တော့ ထိုလူရဲ့ မျက်နှာချင်းဆိုင် ခုံလေးမှာ နေရာ ရသွားပါသည်။ ထိုလူ့အနားမှာ စာအုပ်တွေဟာ အထပ်လိုက် ပုံနေတာ ဖြစ်၏။

သူဟာ ခပ်ထူထူ စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာ ဖတ်နေသည်မို့ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေသလဲတောင် သိပုံ မရပါဘူး။

ကျွန်တော်လည်း စာအုပ်ကို ဖွင့်လိုက်ပြီး စာဖတ်ဖို့ စတင်လိုက်သည်။ သို့သော်လည်း စိတ်ဝင်စားမှုတွေက အရှေ့ဘက်မှ လူဆီမှာ ဖြစ်၏။

စာရွက်ကို တစ်ရွက်ချင်း ဖြည်းဖြည်းချင်း လှန်သည်။ ပိုစိတ်ဝင်စားလာလျှင် မျက်လုံးလေးတွေဟာ ပိုပြီး ကျယ်လာ၏။ တစ်ခါတစ်ရံ စာအုပ်လေးဖတ်ပြီး ခပ်ရေးရေးလေးတောင် ပြုံးပါသေးသည်။

လူတချို့ဟာ တဖြည်းဖြည်းနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ အပြင်ဘက်မှ မိုးကလည်း ဒီအချိန်မှ စဲသွားတော့သည်။

ကျွန်တော်လည်း နာရီကို ကြည့်လိုက်ပြီး စာအုပ်ကို ပိတ်လိုက်ရသည်။ ရယ်ချင်စရာကောင်းလောက်အောင် တစ်နာရီလောက် စာအုပ်ကို လက်မှာ ကိုင်ထားသော်လည်း စာမျက်နှာ ၄ မျက်နှာသာ ဖတ်လို့ ပြီးပါသည်။

အရှေ့ဘက်မှ လူကို တစ်ချက် ငေးကြည့်မိတော့ စာအုပ်ထဲကိုသာ အာရုံ စိုက်နေဆဲ ဖြစ်သည်။ မကြာခင်မှာ စာအုပ်အထူကြီးက ပြီးဖို့ နီးလာပြီ။

အဆုံးထိ စောင့်နေရမလား... စောင့်သင့်သည်လား။ စောင့်နေပြီးလျှင်ရော ဘာအတွက်များလဲ...

တစ်ယောက်တည်း ဝေခွဲမရ ဖြစ်နေချိန် ထိုလူဟာ စာအုပ်ကို ပိတ်ပြီး နာရီကို တစ်ချက်ကြည့်သည်။ ထို့နောက် စာအုပ်တွေ အကုန်သယ်သွားပြီး စာကြည့်တိုက်မှ ထွက်သွားတော့သည်။

ရင်ဘတ်ထဲမှာ လစ်ဟာသွားပြီး ထွက်သွားသည့် ကျောပြင်လေးကို ငေးကြည့်နေမိတော့သည်။ အသိတစ်ချက် ဝင်လာပြီး စာအုပ်ကို စာအုပ်စင်ဘက် သွားထားကာ ခုနက ‌လူကို လိုက်ရှာသည်။

တရေးရေး လျှောက်သွားပြီဖြစ်သည့် အဲဒီလူက တက္ကစီ အဖြူရောင်လေးကို တားပြီး ထွက်သွားပြီ ဖြစ်၏။

အရှေ့မှာ ထိုင်နေသည့် တစ်လျှောက်လုံး ကျွန်တော့်ကို သတိမထားမိခဲ့သည့် အဲဒီလူ... အခုလည်း ထွက်သွားပြီ ဖြစ်သည်။

"Taehyung! Kim Taehyung"

ပုခုံးကို အရိုက်ခံလိုက်ရပြီး နားထဲ ဆူဆူညံညံ ဝင်ရောက်လာသည့် ကိုရိန်းရဲ့ အသံ ဖြစ်သည်။

အခုမှ ပြေးလိုက်လာပုံရကာ မောဟိုက်နေသည့် လေသံဖြင့် ‌ရင်ဘတ်ဟာလည်း နိမ့်ချည် မြင့်ချည်... ကြည့်ရသည်မှာတော့ ကျူရှင်က အပြန် တန်းလိုက်လာပုံ ရပါသည်။

"မင်း ဒီနေ့ ‌ကျူရှင်မတက်ဘဲ အလေလိုက်နေတယ်။ အန်တီ့ကို ‌တိုင်ပြောမှာနော်"

"ဟာ... ကိုရိန်းကလည်း မင်းစားချင်တဲ့ ဝက်သားပြားကြော် တစ်ပွဲ ဝယ်ကျွေးမယ်လေ"

ဒီနေ့ဟာ ပိတ်ရက်ဖြစ်ပေမယ့် ကျူရှင်ရှိပါသည်။ ကျွန်တော် သဘောကျရသည့် သရုပ်ဆောင် မင်းသား Park Seo Joon ရဲ့ drama အသစ်အတွက် ရိုက်ကွင်းရှိသည်ဆိုတာကြောင့် သွားချောင်းခဲ့တာ...

ကျူရှင်လစ်လျှင် အမေက တုတ်နဲ့ တွေ့တဲ့နေရာမှာ ရိုက်တတ်သည်မို့ ခပ်လန့်လန့်ပါရယ်...

"တစ်ပွဲနဲ့ မရရင် နှစ်ပွဲကျွေးမယ်လေနော်... လုပ်ပါကွာ။ မင်းသား Seo Joon ရဲ့ ရိုက်ကွင်းက မြင်ရခဲလို့ဟာကို"

ကိုရိန်းက မျက်နှာမဲ့ပစ်သည်။ ကိုရိန်းက စပိန်သွေး တစ်ဝက်ရောသည်မို့ အသားအရည်က အနည်းငယ် ညိုချင်ပါသည်။ မျက်လုံးလှလှလေးတွေက အညိုရောင်တောက်နေပြီး သဘာဝအတိုင်း ညိုနေသည့် ဆံပင်ကောက်ကောက်လေးတွေနဲ့ ဖြစ်သည်။

"ကောင်းပြီလေ... ဝက်သားပြား နှစ်ပွဲနော်။ နောက်မှ ဈေးစစ်ရင် အန်တီ့ကိုရော အန်ကယ်ကိုရော သွားတိုင်ပစ်မှာ"

"အင်းပါ မင်းကလည်း"

စကားရှည်လွန်းနေသည့် ကိုရိန်းကို လက်မောင်းရင်းကနေ အတင်းဆွဲပြီး ခေါ်လာရတော့သည်။ မိုးက အပြီးတိတ်သွားပုံ မပေါ်သည်မို့ ခပ်မြန်မြန် အိမ်ရောက်မှ အဆင်ပြေလိမ့်မည်။

"အိမ်မပြန်ဘဲ စာကြည့်တိုက်နား ဘာလုပ်နေတာလဲ"

"ဘာမှ မဟုတ်ပါဘူး မိုးခိုနေတာ... ထီးမပါလာလို့"

"ကျောင်းက ထွက်လာ ကတည်းက ဒီနေ့ မိုးရွာမယ်လို့ ပြောသားပဲ။ မင်းက ငါပြောရင် ဘယ်တော့မှ နားမထောင်ဘူး။ ‌မိုးမိလို့ နေမကောင်းရင်လည်း ငါ့ပဲ ဒုက္ခပေးဦးမယ်။ တော်တော် တရားလိုက်တာ"

ကိုရိန်းနဲ့က ငယ်သူငယ်ချင်းဖြစ်သလို အိမ်နီးချင်းလည်း ဟုတ်ပါသည်။ တစ်ခုခုဆို ချူချာလွန်းသည့် ကျွန်တော်က သူ့အပေါ်ဆို သိပ်ဆိုးတာတွေလည်း ရှိဖူးပါ၏။

မိုးမိမှာစိုးလို့ မိုးခိုရာကနေ လူကြီးလူကောင်း တစ်ယောက်နဲ့ ဆုံခဲ့ရတာကိုတော့ မပြောမိတော့ပါဘူး။ ကိုရိန်းက သိလျှင် စပ်စုချင်ဦးမည် မဟုတ်ပါလား...

.

.

နောက်ရက်တွေမှာတော့ ကျူရှင်ကို တစ်ရက်မှ ပျက်လို့ မရတော့ပါဘူး။ ကိုရိန်းက မျက်စိဒေါက်ထောက် ကြည့်နေတတ်သည်မို့ အနေမချောင်လှပါဘူး။

ကျူရှင်မှာက လူအများကြီးတော့ မဟုတ်သော်လည်း ကိုရိန်းတက်သည့် ကျူရှင်ကို ကျွန်တော်လည်း လိုက်တက်တာ ဖြစ်သည်။ အမေတို့က ဘယ်သွားသွား ကိုရိန်းပါမှ စိတ်ချသည်မို့ သူက ကျွန်တော့် လက်ဆွဲအိတ်ရယ်...

ကျူရှင်က ပြန်သည့်လမ်းက စာကြည့်တိုက်ကို ဖြတ်လျှောက်ရပါသည်။ ဒီတစ်နေ့လည်း မိုးဟာ တစ်စက် နှစ်စက် ရွာချင်နေပါသေးသည်။

ကိုရိန်းက သူ့ထီး မိုးပြာရောင်လေးကို ကျွန်တော့်ဘက် ပိုတိုးလို့ ဆောင်းပေးထားသည်။ ဒီလိုကျတော့ သူ့ ပုခုံးတစ်ဘက်ဟာ ရွှဲစိုလို့...

"မင်းသာ ဆောင်းစမ်းပါ ကိုရိန်းရယ်"

"ပြောပြန်ပြီ။ ပြီးရင် အသည်းငယ်ပြီး နေမကောင်းတာက ငါ မဟုတ်ဘူးနော်"

ဘောက်ဆတ်ဆတ် ထွက်လာသည့် ကိုရိန်းစကားတွေကို ပြန်မဖြေမိတော့ပါဘူး။ ဒီလိုနဲ့ပဲ လမ်းလျှောက်လာရင်းက စာကြည့်တိုက်အရှေ့ကို ရောက်လို့လာပါသည်။

ဟိုတစ်နေ့က စာကြည့်တိုက်မှာ တွေ့ခဲ့သည့် လူက မျက်လုံးထဲကို ဝင်လို့လာ‌သည်။ ဒီတစ်နေ့မှာတော့ ကိုယ်တိုင်မောင်းလာသည့် Porsche လေးနဲ့ ဖြစ်၏။

ကား အကောင်းစားကြီးရယ်၊ ဝတ်ထားသည့် အနောက်ဝတ်စုံ ခပ်ကျော့ကျော့ရယ်... ဒီတစ်နေ့လည်း ထိုလူက လူကြီးလူကောင်းဆန်စွာ ကြည့်လို့ကောင်းလှပါသည်။

စာကြည့်တိုက်ကို လာသည့်ပုံ ရပါသည်။ ထိုလူ့ ခြေလှမ်းတွေအတိုင်း လိုက်ကြည့်ရင်း စာကြည့်တိုက်လေးကို ကျော်သွားပြီ ဖြစ်၏။

"ကို... ကိုရိန်း "

ကိုရိန်းက ထီးကို မိုးပေးထားရင်းက လှမ်းကြည့်သည်။ ဘာလဲဆိုသည့် သဘောဖြင့် မေးဆတ်ပြ၏။

"စာကြည့်တိုက် ခဏဝင်မလို့ မင်းပြန်နှင့်မလား"

"စာကြည့်တိုက်... ဘာဖြစ်လို့လဲ"

"အော စာကြည့်တိုက်ဆိုမှတော့ စာဖတ်မလို့ပေါ့"

"သွားလေ ငါ လိုက်စောင့်ပေးမယ်"

ခပ်ရေးရေး ပြုံးမိပြီး စာကြည့်တိုက်ဆီသို့ တက်ကြွသည့် ခြေလှမ်းကလေးတွေဖြင့် မပြေးရုံသာ လျှောက်မိသည်။

စာကြည့်တိုက်ထဲရောက်တော့ မြင်လိုက်သည့် စာအုပ်ကို ကောက်ဆွဲကာ ထိုင်ဖို့ နေရာရှာရသည်။ နေရာအလွတ်တွေ အများကြီး ထဲမှာမှ အနောက်တိုင်းဝတ်စုံလေးနဲ့ ခန့်ညားနေသည့် အဲဒီလူရဲ့ ‌အရှေ့ကို ရောက်အောင် သွားရ၏။

စာအုပ်လေးဖတ်လိုက်၊ အရှေ့ဘက်မှ လူကို တစ်ချက်ငေးကြည့်လိုက်နဲ့ ဒီ‌တစ်နေ့လည်း စာမျက်နှာ ၄ ခုလောက်သာ ပြီးမည့်ပုံပါပင်။ ကိုရိန်းကတော့ ကာတွန်းစာအုပ်ကြီး ချကာ ခပ်တိုးတိုး ကျိတ်ရယ်လို့ပါ။

ကျွန်တော်ကတော့ အရှေ့ဘက်မှ လူကို စက္ကန့်ပိုင်းမျှ ခြားပြီး တစ်ကြိမ်လောက် ခိုးကြည့်ရသည်။ မျက်ခုံးတန်း ပြေပြေကလေးရယ်၊ ဖြူဖွေးနေသည့် အသားအရည်လေးရယ်၊ သေသပ်နေသည့် ဆံပင် ခပ်နက်နက်တွေရယ်...

ဒီလူက သိပ်ကို ကြည့်ကောင်းလွန်းသည့် ယောကျာ်းတစ်ယောက် မဟုတ်ပါလား... ခပ်ကြာကြာ စိုက်ကြည့်နေမိတော့ ထိုလူက ခေါင်းလေး မော့လာပြီ ဖြစ်၏။

ကျွန်တော့်ဘက်ကို တစ်ချက် လှမ်းကြည့်လာသည်မို့ စာအုပ်ကို ထောင်ပြီး မျက်နှာအပ်ထားလိုက်ရသည်။

"ကလေးလေး... အရှေ့က ‌ကလေးလေး"

နားထောင်လို့ ကောင်းသည့် ခေါ်သံကလေးသာ ဖြစ်သည်။ စာအုပ်ကို မျက်နှာနားက ခွာလိုက်ပြီး လှမ်းကြည့်မိတော့ အကြည့်ချင်းဆုံသွားပါသည်။

"စာအုပ်က ပြောင်းပြန်ဖြစ်နေတာလား။ မင်းကပဲ ပြောင်းပြန်ဖတ်နိုင်တာလား"

"ဗျာ..."

စာအုပ်ကို တစ်လှည့်ကြည့်ကာ မျက်နှာကို စာအုပ်နဲ့ ပြန်ဖုံးပစ်လိုက်ရသည်။ ရှက်စရာ ကောင်းလိုက်သည့် အဖြစ်ပါလေ... မျက်နှာချင်းဆိုင်ဆီမှတော့ ရယ်သံ ခပ်လွင်လွင်လေး ထွက်လာပါသည်။

ရယ်နေသည့် မျက်နှာလေးကို မြင်ဖူးချင်ပါသည်။ သို့သော် ကြည့်ဖို့ရာလည်း မဝံ့မရဲမို့ စာအုပ်ကြီး ပိတ်ပြီးတော့သာ စားပွဲကနေ ထွက်လာရတော့သည်။

ကိုရိန်းကိုလည်း မစောင့်မိတော့ဘဲ စာကြည့်တိုက်ကနေ တစ်ချိုးတည်း ပြေးထွက်လာရသည့် ကျွန်တော့် အဖြစ်ရယ်...

.

.

ဖတ်ရှုပေးသူတစ်ဦးချင်း‌ကို ကျေးဇူးတင်ပါတယ်

ဒါလေးက My Fav Man ရဲ့ season ၃ ခုလို ချစ်စရာကောင်းပြီး fic တစ်ခုလုံးက ပျော်ရွှင်ကြည်နူးစရာတွေနဲ့ချည်း ပြည့်နေမှာ မဟုတ်ပါဘူး။

အရေးအသားဆိုရင်လည်း ရွှန်းရဲ့ ရေးနေကျပုံစံတွေလို အေးစက်စက်နဲ့ အရသာမျိုးကို ရစေမှာပါရယ်... တစ်ခုရှိတာက ပျင်းမသွားအောင်တော့ ကြိုးစားသွားပါ့မယ်။

တစ်စုံတစ်ယောက်ကို ချစ်ဖူးတယ်၊ သိပ်ချစ်တဲ့ တစ်စုံတစ်ယောက်ကို လွမ်းရင်ပဲ ဖြစ်ဖြစ် Kissing In The Moonlight လေး ဖတ်ပြီး သတိရလိုက်ပါနော်... လူတိုင်းမှာတော့ ရှိဖူးခဲ့ကြမှာပါ။ ဒီထဲက Taehyung ကလည်း သူ ချစ်တဲ့ လူတစ်ယောက် အနား ဘယ်လိုတွေ ချဉ်းကပ်သွားမလဲဆိုတာကို သူရဲ့ ရင်ခုန်သံလေးတွေ နားထောင်ပြီး ဖတ်ရမှာပါရယ်...

အတူတူ စောင့်ကြည့်ကြရအောင်ပါနော်။

VictoryKimTae

October 15, 2023

Zawgyi

အျပင္ဘက္မွာ မိုးက တစ္ေျဖာက္ ႏွစ္ေျဖာက္ ရြာက်ေနဆဲ ျဖစ္ပါသည္။ ရာသီဥတုက ႐ုတ္တရက္ႀကီး ေျပာင္းလဲသြားသည္မို႔ ထီးမယူလာမိသည့္ ကြၽန္ေတာ့္အတြက္ ဒုကၡမ်ားလြန္းလွသည္။

ေက်ာပိုးအိတ္ကို ေခါင္းေပၚမိုးၿပီး ကားမွတ္တိုင္ကို ခပ္သုတ္သုတ္ ေျပးရေတာ့၏။ သို႔ေသာ္ ကားမွတ္တိုင္ေရာက္ဖို႔က ေနာက္ထပ္ ႏွစ္လမ္းေက်ာ္ေလာက္ ေျပးရဦးမည္။

မွတ္ဉာဏ္ထဲ တေရးေရးေပၚလာသည္က ဒီနားမွာ အမ်ိဳးသား စာၾကည့္တိုက္ ရွိပါသည္။ အၿပဳံးေတြ တျဖည္းျဖည္းေပၚလာရင္း ညာဘက္ျခမ္းကို ေကြ႕ခ်ိဳးလိုက္ေတာ့သည္။

မိုးက တျဖည္းျဖည္း ပိုသည္းလာမည့္ပုံ... ဒီအတိုင္းသာဆို အိမ္ေရာက္လွ်င္ ႂကြက္စုတ္ဘဝ ကူးေတာ့မည္။

စာၾကည့္တိုက္ကို ေရာက္ေတာ့ ကြၽန္ေတာ့္လိုပဲ လူတခ်ိဳ႕က မိုးခိုေနၾကတာ ျဖစ္သည္။ ကြၽန္ေတာ့္လို မိုးေလဝသ သတင္း နားမေထာင္သည့္ လူေတြကေတာ့ ခပ္မ်ားမ်ားပါရယ္...

စာၾကည့္တိုက္ကို ေရာက္တုန္းေလး... မိုးလည္း ရြာေနတုန္းေလးမို႔ စာၾကည့္တိုက္ထဲ ဝင္လာခဲ့လိုက္သည္။

ဝင္လာေတာ့လည္း ဘယ္စာအုပ္ ဖတ္ရမလဲ မစဉ္းစားတတ္... စာအုပ္ေတြနဲ႔ အကြၽမ္းတဝင္ရွိလွသည္ မဟုတ္လို႔ အခက္ေတြ႕ရျပန္သည္။

ေရစက္ တခ်ိဳ႕ ရွိေနသည့္ ဆံပင္ေတြကို ခါထုတ္လိုက္ရင္း ဗီဒိုအျမင့္ႀကီးေတြၾကားထဲ ေလွ်ာက္သြားလိုက္ရင္းသာ အခ်ိန္ကုန္ရေတာ့မည္။

Emma ဆိုသည့္ အေမည္‌လးကို ေခါင္းစဉ္အျဖစ္ ေရးထားသည့္ စာအုပ္လွလွေလးက မ်က္လုံးထဲ ဝင္လာသည္။ စာအုပ္ အမည္က မိန္းကေလးတစ္ေယာက္၏ အမည္ ျဖစ္ေနသည္မို႔ စူးစမ္းခ်င္စိတ္ဟာ တစ္ၿပိဳင္တည္း ေရာက္လာပါ၏။

စာေရးသူက Jane Austen... နာမည္လည္း ကြၽန္ေတာ္ မသိ။ ဘယ္သူမွန္းလည္း မသိပါဘူး။ စာေရးဆရာေတြနဲ႔ အကြၽမ္းတဝင္မရွိသည္မို႔ ဒီအတိုင္း တစ္ခဏ အခ်ိန္ျဖဳန္းရန္ ေကာက္ဆြဲဖို႔ ျပင္ေတာ့ ထိုစာအုပ္ေလးက တစ္ဘက္လူဆီ ပါသြားေတာ့သည္။

ေဘးခ်င္းယွဥ္လ်က္မွာ ရွိေနသည့္ အဲဒီလူ... ထိုလူ့ လက္ေခ်ာင္းေတြက ခပ္လွလွေလးေတြ ျဖစ္သည္။ ရွည္သြယ္ေနၿပီး ျဖဴျဖဴေဖြးေဖြးေလးေတြပါရယ္...

အသက္ကေတာ့ ကြၽန္ေတာ့္ထက္ အနည္းႀကီးပါလိမ့္မည္။ ထိုလူက စာအုပ္ကိုသာ တေမ့တေမာ စိုက္ၾကည့္ေနသည္မို႔ ကြၽန္ေတာ့္ကိုေတာင္ သတိမထားမိပါဘူး။

"ဟို... ကြၽန္ေတာ္ ယူမလို႔ ေရြးထားတာပါ"

စိတ္ထဲက ေရြးထားသည့္ စာအုပ္ပဲ မဟုတ္ပါလား... ဟိုဘက္က လူက စာအုပ္ကို လက္ထဲ ကိုင္ထားၿပီး အရင္ရသြားခဲ့သည္။

သို႔ေသာ္ မထင္မွတ္ထားသည္က ထိုလူဆီက စာအုပ္ေလးမွာ ကြၽန္ေတာ့္ အေရွ႕သို႔ ေရာက္လို႔လာပါသည္။

ထိုလူက မ်က္ေတာင္ ရွည္ႀကီးေတြကို ပုတ္ခတ္ကာ မ်က္ဝန္းဝိုင္းဝိုင္းႀကီးေတြျဖင့္ လွမ္းၿပဳံးျပသည္။ သူ့ အၿပဳံးက လူႀကီးလူေကာင္းဆန္ပါသည္။

ရွပ္အကႌ် အျဖဴေလးကို ၾကယ္သီးတစ္လုံးတည္းသာ ျဖဳတ္ထားၿပီး ေရစက္အနည္းငယ္ ရွိေနသည့္ ကုတ္အကႌ်ေလးကိုေတာ့ သူ့လက္‌မွာ ခ်ိတ္လို႔ထားပါသည္။

ထိုလူလည္း ကြၽန္ေတာ့္လို စာၾကည့္တိုက္ထဲ မိုးခိုဖို႔ ေရာက္လာပုံပါပင္။

"မင္း အရင္ဖတ္လို႔ ရပါတယ္ ကေလးရဲ႕... ကိုယ္က ေနာက္မွ ဖတ္လိုက္မယ္ေလ"

ကြၽန္ေတာ္က ကေလး အရြယ္ မဟုတ္ေတာ့ပါဘူး။ မၾကာခင္ အသက္ျပည့္ေတာ့မည့္ ၁၈ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္လူငယ္ တစ္ေယာက္ပါ။

သို႔ေသာ္ ထိုလူက ကေလးလို႔ ေခၚလာေတာ့လည္း စိတ္မဆိုးမိ... သေဘာတက်ျဖင့္ ထိုလူ့လက္ထဲက စာအုပ္ေလးကို ယူလိုက္မိပါသည္။

"Jane Austen ရဲ႕ စာအုပ္ေတြကို လူငယ္ေတြ ဖတ္သင့္တာေပါ႔။ ဆရာမက လူ့အဆင့္အတန္းေတြ၊ ဂုဏ္ေမာက္မာမႈေတြ၊ ခြဲျခားမႈေတြကို ေဖာ္ျပေပးထားတာ... မင္းတို႔ ကေလးေတြ ဖတ္ရင္ပိုၿပီး အက်ိဳးရွိပါတယ္။ အခ်စ္ဇာတ္လမ္းေတြခ်ည္း သက္သက္ မဟုတ္တာမို႔ ပညာရတယ္ေလ"

ထိုလူက လက္ပိုက္ကာ စာအုပ္ေလးကို ၾကည့္ဖို႔ ‌အေသးစိတ္ရွင္းျပလာပါသည္။ ထိုလူ့ အသံဟာ ၾကည္လင္ေနၿပီး ေအးခ်မ္းေန၏။ ပူေလာင္မႈေတြနဲ႔ ကင္းေဝးေနသည့္ နားေထာင္လို႔ အသံေတြ ျဖစ္သည္။

"ဟုတ္ကဲ့ ကြၽန္ေတာ္ ဖတ္လိုက္ပါမယ္"

လက္ထဲမွ စာအုပ္ေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားမိသည္။ ရင္ထဲမွာ ေနလို႔ မေကာင္းခ်င္။ မိုးမိသြားသည္မို႔ ရင္ဘတ္ထဲ ပူပူေလာင္ေလာင္ ျဖစ္ေနသလားေတာင္ မေျပာတတ္ပါဘူး။

"ဟို... ကြၽန္ေတာ့္ကို ဒီစာအုပ္ေပးလိုက္ေတာ့..."

စကားေျပာရန္ စတင္လိုက္ေသာ္လည္း ထိုလူက ေဘးမွာ မရွိေတာ့ပါဘူး။ ဘယ္အခ်ိန္ ကတည္းက ထြက္သြားသလဲေတာင္ ကြၽန္ေတာ္ မသိပါဘူး။

ဒီလို‌ဆိုေတာ့လည္း ထိုလူေပးသြားသည့္ စာအုပ္ေလး ဖတ္ဖို႔ ေနရာရွာရပါေတာ့သည္။ မိုးစဲရန္ ေစာင့္ေနၾကသည့္ လူေတြ မ်ားသည္မို႔ စာၾကည့္တိုက္မွာ လူေတြက ခပ္မ်ားမ်ားပါေလ။

ေနရာရွာေနရင္းမွ စားပြဲခုံ အရွည္ႀကီးရဲ႕ အလယ္နားေလာက္မွာ သုံး၊ ေလး အုပ္ေလာက္ အထပ္လိုက္ ျဖစ္ေနသည့္ စာအုပ္ေတြၾကားထဲ ေခါင္းစိုက္ေနသည့္ ေစာနကလူ...

ကြၽန္ေတာ့္ မ်က္ႏွာေလးဟာ ဝင္းခနဲ ေတာက္ပသြားၿပီး တစ္ခ်က္ေတာ့ ၿပဳံးမိသြားသည္ ထင္ပါသည္။ မ်က္ႏွာခ်င္းဆိုင္မွ ခုံေလးဟာ လူမရွိေသးသည္မို႔ ခပ္သုတ္သုတ္သာ ေျပးသြားလိုက္ရသည္။

လူခပ္ရႈပ္ရႈပ္ စာၾကည့္တိုက္ၾကားထဲ ကြၽန္ေတာ္ တစ္ေယာက္တည္း ေနရာရဖို႔ ဗ်ာမ်ားေနရတာ...

ကံေကာင္းခ်င္ေတာ့ ထိုလူရဲ႕ မ်က္ႏွာခ်င္းဆိုင္ ခုံေလးမွာ ေနရာ ရသြားပါသည္။ ထိုလူ့အနားမွာ စာအုပ္ေတြဟာ အထပ္လိုက္ ပုံေနတာ ျဖစ္၏။

သူဟာ ခပ္ထူထူ စာအုပ္တစ္အုပ္ကို စိတ္ဝင္စားစြာ ဖတ္ေနသည္မို႔ ပတ္ဝန္းက်င္မွာ ဘာျဖစ္ေနသလဲေတာင္ သိပုံ မရပါဘူး။

ကြၽန္ေတာ္လည္း စာအုပ္ကို ဖြင့္လိုက္ၿပီး စာဖတ္ဖို႔ စတင္လိုက္သည္။ သို႔ေသာ္လည္း စိတ္ဝင္စားမႈေတြက အေရွ႕ဘက္မွ လူဆီမွာ ျဖစ္၏။

စာရြက္ကို တစ္ရြက္ခ်င္း ျဖည္းျဖည္းခ်င္း လွန္သည္။ ပိုစိတ္ဝင္စားလာလွ်င္ မ်က္လုံးေလးေတြဟာ ပိုၿပီး က်ယ္လာ၏။ တစ္ခါတစ္ရံ စာအုပ္ေလးဖတ္ၿပီး ခပ္ေရးေရးေလးေတာင္ ၿပဳံးပါေသးသည္။

လူတခ်ိဳ႕ဟာ တျဖည္းျဖည္းနဲ႔ လႈပ္လႈပ္ရွားရွား ျဖစ္လာၾကသည္။ အျပင္ဘက္မွ မိုးကလည္း ဒီအခ်ိန္မွ စဲသြားေတာ့သည္။

ကြၽန္ေတာ္လည္း နာရီကို ၾကည့္လိုက္ၿပီး စာအုပ္ကို ပိတ္လိုက္ရသည္။ ရယ္ခ်င္စရာေကာင္းေလာက္ေအာင္ တစ္နာရီေလာက္ စာအုပ္ကို လက္မွာ ကိုင္ထားေသာ္လည္း စာမ်က္ႏွာ ၄ မ်က္ႏွာသာ ဖတ္လို႔ ၿပီးပါသည္။

အေရွ႕ဘက္မွ လူကို တစ္ခ်က္ ေငးၾကည့္မိေတာ့ စာအုပ္ထဲကိုသာ အာ႐ုံ စိုက္ေနဆဲ ျဖစ္သည္။ မၾကာခင္မွာ စာအုပ္အထူႀကီးက ၿပီးဖို႔ နီးလာၿပီ။

အဆုံးထိ ေစာင့္ေနရမလား... ေစာင့္သင့္သည္လား။ ေစာင့္ေနၿပီးလွ်င္ေရာ ဘာအတြက္မ်ားလဲ...

တစ္ေယာက္တည္း ေဝခြဲမရ ျဖစ္ေနခ်ိန္ ထိုလူဟာ စာအုပ္ကို ပိတ္ၿပီး နာရီကို တစ္ခ်က္ၾကည့္သည္။ ထို႔ေနာက္ စာအုပ္ေတြ အကုန္သယ္သြားၿပီး စာၾကည့္တိုက္မွ ထြက္သြားေတာ့သည္။

ရင္ဘတ္ထဲမွာ လစ္ဟာသြားၿပီး ထြက္သြားသည့္ ေက်ာျပင္ေလးကို ေငးၾကည့္ေနမိေတာ့သည္။ အသိတစ္ခ်က္ ဝင္လာၿပီး စာအုပ္ကို စာအုပ္စင္ဘက္ သြားထားကာ ခုနက ‌လူကို လိုက္ရွာသည္။

တေရးေရး ေလွ်ာက္သြားၿပီျဖစ္သည့္ အဲဒီလူက တကၠစီ အျဖဴေရာင္ေလးကို တားၿပီး ထြက္သြားၿပီ ျဖစ္၏။

အေရွ႕မွာ ထိုင္ေနသည့္ တစ္ေလွ်ာက္လုံး ကြၽန္ေတာ့္ကို သတိမထားမိခဲ့သည့္ အဲဒီလူ... အခုလည္း ထြက္သြားၿပီ ျဖစ္သည္။

"Taehyung! Kim Taehyung"

ပုခုံးကို အ႐ိုက္ခံလိုက္ရၿပီး နားထဲ ဆူဆူညံညံ ဝင္ေရာက္လာသည့္ ကိုရိန္းရဲ႕ အသံ ျဖစ္သည္။

အခုမွ ေျပးလိုက္လာပုံရကာ ေမာဟိုက္ေနသည့္ ေလသံျဖင့္ ‌ရင္ဘတ္ဟာလည္း နိမ့္ခ်ည္ ျမင့္ခ်ည္... ၾကည့္ရသည္မွာေတာ့ က်ဴရွင္က အျပန္ တန္းလိုက္လာပုံ ရပါသည္။

"မင္း ဒီေန႔ ‌က်ဴရွင္မတက္ဘဲ အေလလိုက္ေနတယ္။ အန္တီ့ကို ‌တိုင္ေျပာမွာေနာ္"

"ဟာ... ကိုရိန္းကလည္း မင္းစားခ်င္တဲ့ ဝက္သားျပားေၾကာ္ တစ္ပြဲ ဝယ္ေကြၽးမယ္ေလ"

ဒီေန႔ဟာ ပိတ္ရက္ျဖစ္ေပမယ့္ က်ဴရွင္ရွိပါသည္။ ကြၽန္ေတာ္ သေဘာက်ရသည့္ သ႐ုပ္ေဆာင္ မင္းသား Park Seo Joon ရဲ႕ drama အသစ္အတြက္ ႐ိုက္ကြင္းရွိသည္ဆိုတာေၾကာင့္ သြားေခ်ာင္းခဲ့တာ...

က်ဴရွင္လစ္လွ်င္ အေမက တုတ္နဲ႔ ေတြ႕တဲ့ေနရာမွာ ႐ိုက္တတ္သည္မို႔ ခပ္လန္႔လန္႔ပါရယ္...

"တစ္ပြဲနဲ႔ မရရင္ ႏွစ္ပြဲေကြၽးမယ္ေလေနာ္... လုပ္ပါကြာ။ မင္းသား Seo Joon ရဲ႕ ႐ိုက္ကြင္းက ျမင္ရခဲလို႔ဟာကို"

ကိုရိန္းက မ်က္ႏွာမဲ့ပစ္သည္။ ကိုရိန္းက စပိန္ေသြး တစ္ဝက္ေရာသည္မို႔ အသားအရည္က အနည္းငယ္ ညိဳခ်င္ပါသည္။ မ်က္လုံးလွလွေလးေတြက အညိဳေရာင္ေတာက္ေနၿပီး သဘာဝအတိုင္း ညိဳေနသည့္ ဆံပင္ေကာက္ေကာက္ေလးေတြနဲ႔ ျဖစ္သည္။

"ေကာင္းၿပီေလ... ဝက္သားျပား ႏွစ္ပြဲေနာ္။ ေနာက္မွ ေဈးစစ္ရင္ အန္တီ့ကိုေရာ အန္ကယ္ကိုေရာ သြားတိုင္ပစ္မွာ"

"အင္းပါ မင္းကလည္း"

စကားရွည္လြန္းေနသည့္ ကိုရိန္းကို လက္ေမာင္းရင္းကေန အတင္းဆြဲၿပီး ေခၚလာရေတာ့သည္။ မိုးက အၿပီးတိတ္သြားပုံ မေပၚသည္မို႔ ခပ္ျမန္ျမန္ အိမ္ေရာက္မွ အဆင္ေျပလိမ့္မည္။

"အိမ္မျပန္ဘဲ စာၾကည့္တိုက္နား ဘာလုပ္ေနတာလဲ"

"ဘာမွ မဟုတ္ပါဘူး မိုးခိုေနတာ... ထီးမပါလာလို႔"

"ေက်ာင္းက ထြက္လာ ကတည္းက ဒီေန႔ မိုးရြာမယ္လို႔ ေျပာသားပဲ။ မင္းက ငါေျပာရင္ ဘယ္ေတာ့မွ နားမေထာင္ဘူး။ ‌မိုးမိလို႔ ေနမေကာင္းရင္လည္း ငါ႔ပဲ ဒုကၡေပးဦးမယ္။ ေတာ္ေတာ္ တရားလိုက္တာ"

ကိုရိန္းနဲ႔က ငယ္သူငယ္ခ်င္းျဖစ္သလို အိမ္နီးခ်င္းလည္း ဟုတ္ပါသည္။ တစ္ခုခုဆို ခ်ဴခ်ာလြန္းသည့္ ကြၽန္ေတာ္က သူ့အေပၚဆို သိပ္ဆိုးတာေတြလည္း ရွိဖူးပါ၏။

မိုးမိမွာစိုးလို႔ မိုးခိုရာကေန လူႀကီးလူေကာင္း တစ္ေယာက္နဲ႔ ဆုံခဲ့ရတာကိုေတာ့ မေျပာမိေတာ့ပါဘူး။ ကိုရိန္းက သိလွ်င္ စပ္စုခ်င္ဦးမည္ မဟုတ္ပါလား...

.

.

ေနာက္ရက္ေတြမွာေတာ့ က်ဴရွင္ကို တစ္ရက္မွ ပ်က္လို႔ မရေတာ့ပါဘူး။ ကိုရိန္းက မ်က္စိေဒါက္ေထာက္ ၾကည့္ေနတတ္သည္မို႔ အေနမေခ်ာင္လွပါဘူး။

က်ဴရွင္မွာက လူအမ်ားႀကီးေတာ့ မဟုတ္ေသာ္လည္း ကိုရိန္းတက္သည့္ က်ဴရွင္ကို ကြၽန္ေတာ္လည္း လိုက္တက္တာ ျဖစ္သည္။ အေမတို႔က ဘယ္သြားသြား ကိုရိန္းပါမွ စိတ္ခ်သည္မို႔ သူက ကြၽန္ေတာ့္ လက္ဆြဲအိတ္ရယ္...

က်ဴရွင္က ျပန္သည့္လမ္းက စာၾကည့္တိုက္ကို ျဖတ္ေလွ်ာက္ရပါသည္။ ဒီတစ္ေန႔လည္း မိုးဟာ တစ္စက္ ႏွစ္စက္ ရြာခ်င္ေနပါေသးသည္။

ကိုရိန္းက သူ့ထီး မိုးျပာေရာင္ေလးကို ကြၽန္ေတာ့္ဘက္ ပိုတိုးလို႔ ေဆာင္းေပးထားသည္။ ဒီလိုက်ေတာ့ သူ့ ပုခုံးတစ္ဘက္ဟာ ရႊဲစိုလို႔...

"မင္းသာ ေဆာင္းစမ္းပါ ကိုရိန္းရယ္"

"ေျပာျပန္ၿပီ။ ၿပီးရင္ အသည္းငယ္ၿပီး ေနမေကာင္းတာက ငါ မဟုတ္ဘူးေနာ္"

ေဘာက္ဆတ္ဆတ္ ထြက္လာသည့္ ကိုရိန္းစကားေတြကို ျပန္မေျဖမိေတာ့ပါဘူး။ ဒီလိုနဲ႔ပဲ လမ္းေလွ်ာက္လာရင္းက စာၾကည့္တိုက္အေရွ႕ကို ေရာက္လို႔လာပါသည္။

ဟိုတစ္ေန႔က စာၾကည့္တိုက္မွာ ေတြ႕ခဲ့သည့္ လူက မ်က္လုံးထဲကို ဝင္လို႔လာ‌သည္။ ဒီတစ္ေန႔မွာေတာ့ ကိုယ္တိုင္ေမာင္းလာသည့္ Porsche ေလးနဲ႔ ျဖစ္၏။

ကား အေကာင္းစားႀကီးရယ္၊ ဝတ္ထားသည့္ အေနာက္ဝတ္စုံ ခပ္ေက်ာ့ေက်ာ့ရယ္... ဒီတစ္ေန႔လည္း ထိုလူက လူႀကီးလူေကာင္းဆန္စြာ ၾကည့္လို႔ေကာင္းလွပါသည္။

စာၾကည့္တိုက္ကို လာသည့္ပုံ ရပါသည္။ ထိုလူ့ ေျခလွမ္းေတြအတိုင္း လိုက္ၾကည့္ရင္း စာၾကည့္တိုက္ေလးကို ေက်ာ္သြားၿပီ ျဖစ္၏။

"ကို... ကိုရိန္း "

ကိုရိန္းက ထီးကို မိုးေပးထားရင္းက လွမ္းၾကည့္သည္။ ဘာလဲဆိုသည့္ သေဘာျဖင့္ ေမးဆတ္ျပ၏။

"စာၾကည့္တိုက္ ခဏဝင္မလို႔ မင္းျပန္ႏွင့္မလား"

"စာၾကည့္တိုက္... ဘာျဖစ္လို႔လဲ"

"ေအာ စာၾကည့္တိုက္ဆိုမွေတာ့ စာဖတ္မလို႔ေပါ႔"

"သြားေလ ငါ လိုက္ေစာင့္ေပးမယ္"

ခပ္ေရးေရး ၿပဳံးမိၿပီး စာၾကည့္တိုက္ဆီသို႔ တက္ႂကြသည့္ ေျခလွမ္းကေလးေတြျဖင့္ မေျပး႐ုံသာ ေလွ်ာက္မိသည္။

စာၾကည့္တိုက္ထဲေရာက္ေတာ့ ျမင္လိုက္သည့္ စာအုပ္ကို ေကာက္ဆြဲကာ ထိုင္ဖို႔ ေနရာရွာရသည္။ ေနရာအလြတ္ေတြ အမ်ားႀကီး ထဲမွာမွ အေနာက္တိုင္းဝတ္စုံေလးနဲ႔ ခန္႔ညားေနသည့္ အဲဒီလူရဲ႕ ‌အေရွ႕ကို ေရာက္ေအာင္ သြားရ၏။

စာအုပ္ေလးဖတ္လိုက္၊ အေရွ႕ဘက္မွ လူကို တစ္ခ်က္ေငးၾကည့္လိုက္နဲ႔ ဒီ‌တစ္ေန႔လည္း စာမ်က္ႏွာ ၄ ခုေလာက္သာ ၿပီးမည့္ပုံပါပင္။ ကိုရိန္းကေတာ့ ကာတြန္းစာအုပ္ႀကီး ခ်ကာ ခပ္တိုးတိုး က်ိတ္ရယ္လို႔ပါ။

ကြၽန္ေတာ္ကေတာ့ အေရွ႕ဘက္မွ လူကို စကၠန္႔ပိုင္းမွ် ျခားၿပီး တစ္ႀကိမ္ေလာက္ ခိုးၾကည့္ရသည္။ မ်က္ခုံးတန္း ေျပေျပကေလးရယ္၊ ျဖဴေဖြးေနသည့္ အသားအရည္ေလးရယ္၊ ေသသပ္ေနသည့္ ဆံပင္ ခပ္နက္နက္ေတြရယ္...

ဒီလူက သိပ္ကို ၾကည့္ေကာင္းလြန္းသည့္ ေယာက်ာ္းတစ္ေယာက္ မဟုတ္ပါလား... ခပ္ၾကာၾကာ စိုက္ၾကည့္ေနမိေတာ့ ထိုလူက ေခါင္းေလး ေမာ့လာၿပီ ျဖစ္၏။

ကြၽန္ေတာ့္ဘက္ကို တစ္ခ်က္ လွမ္းၾကည့္လာသည္မို႔ စာအုပ္ကို ေထာင္ၿပီး မ်က္ႏွာအပ္ထားလိုက္ရသည္။

"ကေလးေလး... အေရွ႕က ‌ကေလးေလး"

နားေထာင္လို႔ ေကာင္းသည့္ ေခၚသံကေလးသာ ျဖစ္သည္။ စာအုပ္ကို မ်က္ႏွာနားက ခြာလိုက္ၿပီး လွမ္းၾကည့္မိေတာ့ အၾကည့္ခ်င္းဆုံသြားပါသည္။

"စာအုပ္က ေျပာင္းျပန္ျဖစ္ေနတာလား။ မင္းကပဲ ေျပာင္းျပန္ဖတ္ႏိုင္တာလား"

"ဗ်ာ..."

စာအုပ္ကို တစ္လွည့္ၾကည့္ကာ မ်က္ႏွာကို စာအုပ္နဲ႔ ျပန္ဖုံးပစ္လိုက္ရသည္။ ရွက္စရာ ေကာင္းလိုက္သည့္ အျဖစ္ပါေလ... မ်က္ႏွာခ်င္းဆိုင္ဆီမွေတာ့ ရယ္သံ ခပ္လြင္လြင္ေလး ထြက္လာပါသည္။

ရယ္ေနသည့္ မ်က္ႏွာေလးကို ျမင္ဖူးခ်င္ပါသည္။ သို႔ေသာ္ ၾကည့္ဖို႔ရာလည္း မဝံ့မရဲမို႔ စာအုပ္ႀကီး ပိတ္ၿပီးေတာ့သာ စားပြဲကေန ထြက္လာရေတာ့သည္။

ကိုရိန္းကိုလည္း မေစာင့္မိေတာ့ဘဲ စာၾကည့္တိုက္ကေန တစ္ခ်ိဳးတည္း ေျပးထြက္လာရသည့္ ကြၽန္ေတာ့္ အျဖစ္ရယ္...

.

.

ဖတ္ရႈေပးသူတစ္ဦးခ်င္း‌ကို ေက်းဇူးတင္ပါတယ္

ဒါေလးက My Fav Man ရဲ႕ season ၃ ခုလို ခ်စ္စရာေကာင္းၿပီး fic တစ္ခုလုံးက ေပ်ာ္ရႊင္ၾကည္ႏူးစရာေတြနဲ႔ခ်ည္း ျပည့္ေနမွာ မဟုတ္ပါဘူး။

အေရးအသားဆိုရင္လည္း ရႊန္းရဲ႕ ေရးေနက်ပုံစံေတြလို ေအးစက္စက္နဲ႔ အရသာမ်ိဳးကို ရေစမွာပါရယ္... တစ္ခုရွိတာက ပ်င္းမသြားေအာင္ေတာ့ ႀကိဳးစားသြားပါ႔မယ္။

တစ္စုံတစ္ေယာက္ကို ခ်စ္ဖူးတယ္၊ သိပ္ခ်စ္တဲ့ တစ္စုံတစ္ေယာက္ကို လြမ္းရင္ပဲ ျဖစ္ျဖစ္ Kissing In The Moonlight ေလး ဖတ္ၿပီး သတိရလိုက္ပါေနာ္... လူတိုင္းမွာေတာ့ ရွိဖူးခဲ့ၾကမွာပါ။ ဒီထဲက Taehyung ကလည္း သူ ခ်စ္တဲ့ လူတစ္ေယာက္ အနား ဘယ္လိုေတြ ခ်ဉ္းကပ္သြားမလဲဆိုတာကို သူရဲ႕ ရင္ခုန္သံေလးေတြ နားေထာင္ၿပီး ဖတ္ရမွာပါရယ္...

အတူတူ ေစာင့္ၾကည့္ၾကရေအာင္ပါေနာ္။

VictoryKimTae

October 15, 2023

Continue Reading

You'll Also Like

1.1M 35.9K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
3.1K 197 13
ဘဝမှာတစ်ခါ ကျရှုံးရမည်ဆိုလျှင် ကိုကို့ထံတွင်သာ ဒူးထောက်လိမ့်မည်။ KOOKV / ဘဝမွာတစ္ခါ က်ရႈံးရမည္ဆိုလွ်င္ ကိုကို႔ထံတြင္သာ ဒူးေထာက္လိမ့္မည္။ KOOKV /
1.3M 56.1K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1M 63.3K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...