Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)
အပိုင်း(၄၅)
ဟေသုမဒီ
သူအမြင်မမှားပါ။ မတွေ့ရသည့်ကာလရှည်အတွင်း သူမအသွင်က အတော်လေးပြောင်းလဲသွားသော်လည်း ခါးထိဝဲကျနေသည့်ဆံနွယ်ညိုတွေနှင့် သူမကတော်တော်လှလာသလို အရင်ကထက်လည်း ပိုရင့်ကျက်တည်ငြိမ်နေ၏။
ကြည့်လေ.. သူကသာစိတ်လှုပ်ရှားပြီး ဘာလုပ်ရမှန်းမသိအောင် တုန်လှုပ်နေမိသည်။ သူမကတော့ သူ့ကိုမြင်သည့်တိုင် နှုတ်ခမ်းတွန့်ရုံမျှသာပြုံးလျက် ခေါင်းညိတ်ပြီး တည်တည်ငြိမ်ငြိမ်လေးပင် နှုတ်ဆက်သည်။ ပြီးနောက် ဘာခံစားချက်မှမရှိသကဲ့သို့ မျက်နှာလွှဲချသွား၏။
အင်း.. ဟေသုမဒီပီသပါတယ်လေ။ အမြဲတမ်း သွေးအေးတည်ငြိမ်နေတတ်သည်မှာလည်း ဟိုးအရင်ကအတိုင်း မပြောင်းမလဲပါလား။
ထိရှသွားသည့်နာကျင်မှုတွေနှင့်အတူ မာနတရားတို့သည် ရင်ကိုပါးပါးရိုက်ခတ်လာတော့ ကောင်းမာန်လည်း ခပ်စိမ်းစိမ်းပြုံးမိပြီး
"အော်.. ရောက်ပြီကို ဘယ်တုန်းကရောက်နေသလဲ"
"သုံးလေးရက်ရှိနေပြီ"
"ဟုတ်လား.. ဘယ်မှာနေသလဲအခုက"
"အသိသူငယ်ချင်းတစ်ယောက်အိမ်မှာပါ"
"ဒီမှာပဲနေဖြစ်တော့မယ်လို့ကြားတယ်"
"ဟုတ်တယ် အပြီးပြောင်းလာတာပါ"
"မဟေဒီက တာရာတို့နဲ့လာနေမှာ.."
တစ်ခွန်းမေးတစ်ခွန်းဖြေပြီး သွေးအေးနေကြသည့်သူတို့ကြား ဝင်ဖျက်လိုက်သည်က တာရာ။ မြူးကြွပျော်ရွှင်စွာပင် ဟေဒီ့လက်ကို ဖက်တွယ်ထားရင်း
"ဟုတ်တယ်နော်.. မမဟေဒီ"
"နေလို့မရဘူးလေ တာရာရဲ့"
"ဘာလို့နေလို့မရသလဲဟင် တာရာကမမနဲ့အတူနေချင်ကို.."
ငိုမဲ့ငိုမဲ့နှင့်မေးလာသည့်တာရာ့ခေါင်းလေးကို ဟေဒီအသာပွတ်သပ်ပေးမိရင်းနှင့်
"မမကကိုယ့်အိမ်မှာပဲကိုယ်နေရမှာပေါ့ ကလေးရဲ့ သူများအိမ်မှာကပ်နေလို့မရဘူးလေ"
"မှိုင်းကသူများမှမဟုတ်တာ တာရာပြောရင် ရပါတယ် နော် မှိုင်း"
မှိုင်းဘက်လှည့်ပြီး တာရာမျက်လုံးရွဲတွေနှင့်ဆိုလာတော့ သူ့ကလေးငိုမဲ့မဲ့ဖြစ်နေသည်ကို မကြည့်ရက်သည့်မှိုင်းက
"ဟုတ်သားပဲ ဟေဒီ.. ဒီအိမ်မှာအခန်းလွတ်တွေအများကြီးရှိတယ် မင်းကြိုက်တဲ့အခန်းယူလို့ရတယ်"
"ငါ့ပုံစံက အခြားတစ်ယောက်ဆီမှာ မှီခိုပြီးနေသွားမဲ့ပုံပေါ်နေလို့လား မှိုင်းရယ် ငါ့အကြောင်းမသိတာလည်းမဟုတ်ဘူး"
မာနကြီးပြီး တော်တန်ရုံအကူအညီတောင် မယူတတ်သည့်ဟေဒီကို သူ့အိမ်မှာနေခိုင်းဖို့ဆိုတာ မဖြစ်နိုင်မှန်း မှိုင်းတွေးဆမိခဲ့ပြီးသားပင်။
"ဒါပေမဲ့ မမကအခုအိမ်မှမရှိသေးတာကို"
သို့သော် တာရာဝမ်းနည်းနေသည်ကို မကြည့်နေနိုင်သည့်သူက ရသည့်နည်းဖြင့် တိုက်တွန်းပေးရသည်။
"ဒါဖြင့်လည်း မင်းအိမ်ရှာဝယ်နေတဲ့ ကာလမှာတော့ ဒီမှာပဲခဏနေပေးပါလား တာရာလည်း စိတ်ကျေနပ်သွားတာပေါ့"
မှိုင်းစကားကြောင့် ဟေဒီတစ်ချက်တွေဝေသွားသည်။ အိမ်တစ်လုံးဝယ်သည်ဆိုတာကလည်း ခုဝယ်ခုချက်ချင်းတက်ဖို့က မလွယ်သည်မို့ အချိန်တော့ပေးရမည်။ ဒီကြားထဲ တာရာနှင့်အတူ နေပေးခြင်းက သူမအတွက် သိပ်ခက်ခဲလှသည့်ကိစ္စမဟုတ်သဖြင့်
"အင်း.. ဒါတော့ရပါတယ်"
"ဟေး..."
တာရာပျော်သွားသည်ကိုကြည့်ပြီး မှိုင်းလည်း စိတ်သက်သာရာရတော့သည်။ ကောင်းမာန်က ဘာမှဝင်မပြော။ ထသွားပြန်ရင်လည်း ရုပ်ပျက်သလိုဖြစ်မည်စိုးသဖြင့် နှုတ်ဆိတ်ရင်း ဘာသိဘာသာထိုင်နေရင်းမှ မျက်လုံးတွေက တစ်ချက်တစ်ချက် သူမထံမသိမသာ ရောက်သွားမိပြန်သည်။
ဝဲကျနေသည့်ဆံနွယ်ညိုတွေကြားမှမျက်နှာဝင်းဝင်းလေးဟာ လိုအပ်သည်ထက်တည်တံ့လွန်းနေသည်။ မျက်ဝန်းတွေကတည်ငြိမ်နေပြီး ခပ်ဆွေးဆွေးလှနေသည့်နှုတ်ခမ်းလေးတွေကိုလည်း တင်းတင်းစေ့ထားသည်။ ဒီအမျိုးသမီးဟာ မပြုံးမရယ်နှင့် မာနတွေဖြင့်တည်တင်းနေသည်ဟုထင်ရပါသော်လည်း တာရာနှင့်စကားပြောနေစဉ်မှာတော့ တစ်ခါတရံ ဖျပ်ခနဲ့ပြုံးကျသွားသည့်အခါတိုင်း ပကတိလှပပြီး ချစ်စရာကောင်းနေပြန်၏။
ဆံပင်တွေပိုရှည်ပြီး ပိုလှလာသည့်သူမက တည်တည်ငြိမ်ငြိမ်နှင့် ရင့်ကျက်လွန်းနေလှ၏။ သို့သော်ခံပြင်းစရာကောင်ရသည်က သူ့အပေါ်ဘာအပြစ်မှကျူးလွန်ထားခြင်းမရှိသလို၊ သူနှင့်ဘာမှမပတ်သက်ဖူးသလိုပင် သူမအပြုအမူတွေက သွေးအေးလှပါသည်။
နှစ်တွေအကြာကြီးခွဲခဲ့ရသည့်ငယ်ချစ်ဦး၊ သစ္စာဖောက်ကျောခိုင်းထားခဲ့ပြီး ဒဏ်ရာတွေပေးခဲ့ရသောငယ်ချစ်ဦးကိုပြန်တွေ့သည့်တိုင် အပြစ်ရှိသလို ခံစားရဖို့မဆိုထားနှင့် အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်းရှိပုံမပေါ်ပါ။ သူစိမ်းတစ်ယောက်ကိုတွေ့ရသကဲ့သို့ သာမာန်ဆန်သောအပြုံးတွေနှင့် တည်တည်ငြိမ်ငြိမ် ပြုံးပြနိုင်သည့် ဟေသုမဒီ၏သွေးအေးမှုနှင့် မာနကြီးမှုတွေက ဩချစရာကောင်းလှပါရဲ့....။
တကယ်ဆိုရင် ဒီလိုဖြစ်သင့်တာက သူမဟုတ်လား။ အခုတော့ သူ့မှာက စိတ်တွေလှုပ်ရှားပြီး ဘာကိုခံရခက်မှန်းမသိ ခံရခက်ခက်ဖြစ်နေသည်။ ဟေဒီ၏သွေးအေးမှုနှင့် သူစိမ်းဆန်နေမှုကြောင့်လား၊ သို့မဟုတ် သူ့အပေါ်အားနာစိတ်လေးတောင်မရှိသည်ကို မြင်နေရ၍လား..။ သူမသိတော့ပါ။ သေချာသည်က ဒီလိုဖြစ်နေရခြင်းကိုလည်း သူ့ကိုသူဒေါသထွက်မိသည်။
ထိုအခိုက်..
"ဟင်..."
မျက်လုံးဝင့်လာသည့်ဟေဒီနှင့်သူမျက်လုံးချင်းဆုံသွားတော့ကောင်းမာန်စိတ်တွေလှုပ်ခတ်သွားသည်။ ထို့အတူ ခိုးကြည့်နေတာကို လူမိသွားသလိုဖြစ်နေတော့ ရှက်ရှက်နှင့်ထရပ်လိုက်ပြီး
"ငါပင်ပန်းလာလို့ သွားနားဦးမယ်"
ဟုဆိုကာ ထွက်သွားတော့သည်။ မှိုင်းလည်း အလုပ်ကိစ္စပေါ်လာသဖြင့် တာရာ့ကိုဟေဒီနှင့်ထားပြီး ထွက်သွားသည်။ တာရာကတော့ ခွဲခွါခဲ့ရသည်မှာကြာမြင့်နေပြီဖြစ်သည့်ဟေဒီနှင့် ပြန်ဆုံရတော့ အပျော်လွန်ပြီး ချွဲမဆုံးနိုင်အောင် ဖြစ်နေ၏။
"တာရာကမမကိုမျှော်နေတာ လာမယ်လာမယ်ဆိုပြီး တာရာ့ကိုပါ အဆက်အသွယ်ဖြတ်သွားတယ် ဟွန့်.."
"အဆက်အသွယ်ဖြတ်တာမဟုတ်ပါဘူးကလေးရယ် ဒီကိုလာဖို့ဗီဇာကိစ္စက အခက်အခဲပေါ်လာတာရယ်နဲ့ အခြားစိတ်ရူပ်စရာလေးတွေလည်းရှိတော့ socialကို ခဏbreakထားလိုက်တာပါ"
တာရာ့ခေါင်းလေးကိုပွတ်ရင်းနှင့် ဟေဒီက ဟိုးအရင်ကအတိုင်း ချော့ရပြန်ပါသည်။ တကယ်လည်း ဗီဇာအခက်အခဲအချို့ ပေါ်လာတာရယ်နှင့် ခင်ပွန်းဟောင်းကပါ ပြဿနာလာရှာသဖြင့် စိတ်တွေမွန်းကျပ်ရူပ်ထွေးပြီး ဟေဒီ socialကိုခဏဖြတ်လိုက်ခြင်းပင်။
မည်သို့ပင်ဖြစ်စေ.. သူမကမြန်မာပြည်ကို ချောချောမွေ့မွေ့ပြန်ရောက်လာနိုင်ပြီဖြစ်၍ စိတ်အမောအချို့ ပြေသွားရပြီဖြစ်သည်။ နောက်ထပ်လျှောက်လမ်းရမည့်ဘဝသစ်အတွက်တော့ တဖြည်းဖြည်းချင်း settingချသွားဖို့ပဲ စိတ်ကူးထားသည်။
"မမဒီမှာ တာရာနဲ့အကြာကြီးနေနော် အိမ်ကို ဖြည်းဖြည်းပဲရှာဝယ်ရမယ်သိလား"
"အင်းပါ.."
တာရာ စိတ်ကျေနပ်သွားစေရန်အတွက် ခေါင်းညိတ်လိုက်သည့်တိုင် အေးစက်စက်အပြုံးနှင့် သူစိမ်းဆန်လွန်းနေသည့်ကောင်းမာန်ကို မြင်ယောင်ရင်း ဟေဒီမသိမသာသက်ပြင်းတွေခိုးချမိပါသည်။
နှစ်တွေအတော်ကြာညောင်းပြီဖြစ်သလို ခံစားချက်တွေလည်း ကိုယ်စီသွေးအေးကြပြီဖြစ်၍ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မည်ထင်ထားသော်လည်း တကယ်တမ်းကျမလွယ်ကူခဲ့ပါလေ။ ဘာမှမဖြစ်သလို၊ မခံစားရသလိုနှင့် ဟန်ဆောင်ပြီး နေပြနိုင်ရုံသာရှိခဲ့ပါသည်။ ရင်ထဲလှုပ်ခတ်သွားသည့်ခံစားချက်တို့ကိုတော့ကိုယ်တိုင်ကအသိဆုံးပင်။
သွေးအေးသင့်ပြီဖြစ်သော်လည်း ဘဝမှာတစ်ခါသာချစ်ခဲ့ဖူးသည့်ငယ်ချစ်ဖြစ်၍လား။ ပြန်တွေ့ရသည့်အခါတွင်တော့ မျှော်လင့်ထားသည်ထက်ပင် ပိုစိတ်လှုပ်ရှားသွားခဲ့သည်။ တကယ်ဆို ကိုယ်စီမှမသက်ဆိုင်တော့သည်ပဲ။ ဟေဒီပိုရင့်ကျက်သင့်ပါသည်။ မျက်လုံးချင်းဆုံမိစဉ်က ရင်ထဲတစ်နေရာကပဲ့တင်သွားခဲ့သော်လည်း ဟန်ဆောင်ခြင်း၌ နေသားကျနေသည့်သူမက ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ်ရှိနေနိုင်ခဲ့၏။
သို့သော်.. တစ်အိမ်တည်းနေရသည့်အခါ၌ သူမဘယ်လောက်ထိ တည်တည်ငြိမ်ငြိမ်ရှိနေနိုင်မည်လဲဆိုတာ မသေချာ၍ ဟေဒီသက်ပြင်းသာချနေမိတော့သည်။
"တာရာကဖြင့် မမဒီရောက်လာရင် တာရာတို့အတူနေရတော့မယ်ထင်ပြီး ပျော်နေတာကို.."
ရင်ခွင်ထဲကနေခေါင်းလေးထိုးထွက်ပြီး နှုတ်ခမ်းလေးတဆူဆူဖြင့် တာရာကမကျေမနပ်ဆိုလာပြန်တော့ ဟေဒီယဲ့ယဲ့လေးပြုံးလိုက်ပြီး
"သွေးမတော်သားမစပ်မပြောနဲ့ တစ်သက်လုံး တစ်အိမ်တည်းအတူနေလာကြတဲ့သွေးသားအရင်းအချာတွေတောင် အချိန်တန်လာရင် အိမ်ခွဲထွက်ပြီးနေကြတယ်တာရာရဲ့ လူရယ်လို့ဖြစ်လာရင် ကိုယ့်တာဝန်ကို အလိုက်သိသိ ယူတတ်ရမယ် သူများအပေါ်အချိန်ပြည့်မှီခိုနေလို့မရဘူးလေ ကိုယ့်ခြေထောက်ပေါ်ကိုလည်း ရပ်တည်တတ်ရမယ်. ကိုယ့်နေရာကကျဉ်းတယ်ဆိုရင်တောင် ကိုယ်လက်တွေနဲ့ဖန်တီးထားတဲ့အိမ် ကိုယ်ပိုင်တဲ့နေရာဖြစ်တဲ့အတွက် အများကြီးလွပ်လပ်ပေါ့ပါးပြီး ပျော်ရွှင်မှုအပြည့်အဝ ခံစားလို့ရမှာပါ ဘယ်သူ့မျက်နှာမှကြည့်စရာမလိုတဲ့ လွပ်လပ်မှုတွေက ဘာနဲ့မှလဲလို့မရဘူး တာရာ.."
"မမဘာတွေပြောနေမှန်း တာရာသိပ်တော့နားမလည်ဘူး ဟီး.."
လျှာလေးထုတ်ပြီး ဆိုလာသည့်တာရာ့အမူအရာလေးက ချစ်စရာကောင်းလွန်းလှသဖြင့် ဟေဒီ သူမနှဖူးလေးကို မနာအောင် ဖွဖွလေးတောက်လိုက်မိရင်း
"အရွယ်ရောက်လာရင်တော့ ညီမလေး ဒါကိုကောင်းကောင်းသဘောပေါက်လာမှာပါ"
"တာရာကတော့မမနဲ့အတူနေချင်တာပဲသိတယ်"
"နေလို့ရတယ်လေ တာရာရဲ့.."
"မမကအိမ်ဝယ်ပြီးရင် ထွက်သွားတော့မှာ မဟုတ်လား"
"အင်း.. ဟုတ်တယ်လေ ဒါပေမဲ့တာရာလေး မမနဲ့လိုက်နေလို့ရတာပဲ"
"ဟင်.. ဘယ်လို"
"မမအိမ်ဝယ်ပြီးရင် မမနဲ့အတူနေကြမယ်လေ ဟိုးအရင်တုန်းကအတိုင်းပေါ့ ဘယ်လိုလဲ"
ဒီလိုဆိုတော့လည်း တာရာ့မျက်နှာလေးက တွေတွေလေးဖြစ်သွားသည်။ ပြီးနောက် မအီမလည် ဟန်လေးနှင့်
"တာရာ.. မှိုင်းနဲ့မခွဲနိုင်ဘူး မမ ဟီး"
"သတိရရင်လာလို့ရတာပဲ"
"တာရာကမှိုင်းကို(၂၄)နာရီလုံးလွမ်းနေတာကို"
မှိုင်းထိပ်ထားစံလေးအကြောင်းနောကျေနေအောင် သိထားသည်မို့ ဟေဒီထပ်မပြောတော့ဘဲ ချစ်စနိုးနှင့်သာ မျက်စောင်းလေးထိုးလိုက်သည်။
ပြီးနောက် လာကတည်းက သတိထားခဲ့မိသည့်နူးညံ့နွေးထွေးလွန်းနေသည့် မှိုင်းနှင့်တာရာကြားက ဆက်ဆံရေးကိုထုတ်မေးကြည့်ဖို့ သတိရသွားကာ..
"ဒါနဲ့ မှိုင်းနဲ့ညီမလေးက တော်တော်အဆင်ပြေနေကြတာပဲ မှိုင်းကဒီလိုကျတော့လည်း မဆိုးပါဘူး ကောင်းကောင်းမွန်မွန်ဆက်ဆံသားပဲ"
"ကောင်းဆို.. တာရာတို့ကချစ်သူတွေဖြစ်သွားပြီလေ အဟီး"
"ဘယ်လို..."
"မှိုင်းက တာရာ့ကိုချစ်တယ်မမဟေဒီ တာရာက မှိုင်းရဲ့ဘေဘီ ကလေးလေးဖြစ်နေပြီ အခု တာရာ့ကို တာရာကြိုက်တဲ့ ဟော့ပေါ့ဆိုင်၊ မာလာရှမ်းကောဆိုင်တွေပါ ဝယ်ပေးထားလို့ တာရာတော်တော်ချမ်းသာနေပြီ ဟိဟိ"
အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလှသည့်တာရာ့ကို မှိုင်းတစ်ချိန်ချိန်ကျအကောင်းမြင်ပေးလာမည်ဟုသာ ဟေဒီတွေးထားသည်။ ဒီလောက်အခြေအနေထိကို အလျှင်အမြန်ရောက်သွားလိမ့်မည်ဟု ထင်မထားသည်ကတော့ အမှန်..။ ကြည့်ရသည်မှာ တာရာ၏တီတီတာတာချွဲနွဲ့တတ်မှုတွေကြား သွေးအေးလွန်းလှပါသည်ဆိုသည့်မှိုင်းတစ်ယောက် ပျော်ကြသွားပြီထင်သည်။
မည်သို့ပင်ဖြစ်စေ တာရာ့အတွက် ဟေဒီဝမ်းသာမိပါသည်။ ဟိုးငယ်ငယ်ကတည်းက မှိုင်းအပေါ် တာရာဘယ်လောက်တွယ်တာခဲ့သလဲဆိုတာ ဟေဒီကောင်းကောင်းသိထားသည်ကို။ အခု တာရာလေးအမြဲတောင့်တလိုချင်ခဲ့သည့်လိုအင်ဆန္ဒလေးပြည့်ဝသွားသည်ကိုမြင်ရတော့ ဟေဒီတာရာ့ကိုယ်စားအတိုင်းမသိဝမ်းသာပျော်ရွှင်မိပါသည်။
"ကြားရတာ မင်္ဂလာရှိလိုက်တာ ငါ့ညီမလေးတော့ မှိုင်းအချစ်တွေကိုရသွားတော့ အတော်ပျော်နေခဲ့မှာပဲ"
"သေလောက်အောင်ကိုပျော်တာ မမဟေဒီရဲ့"
အားမာန်အပြည့်နှင့်ဆိုလိုက်သည့်တာရာ့စကားကြောင့် ဟေဒီပင်ပြုံးမိပါသည်။ အင်း... ဒီရောက်လာမှပဲ သူမလည်းအကြိမ်ကြိမ်အခါခါကိုပြုံးနေရတော့သည်၊
"မမကိုပို့ထားတဲ့စာတွေကျအများကြီးပဲကို မှိုင်းနဲ့ချစ်သူဖြစ်နေတဲ့အကြောင်းကိုတော့ တစ်ခွန်းတောင် မပါဘူးရော.."
"ဟီး.. တာရာက မမရှေ့မှာပဲအားပါးတရကြွား အဲ.. ပြောပြချင်လို့ အဟဲ"
"ဖြစ်ရမယ်.. ဒါဖြင့်လည်းကြွားပါဦး မှိုင်းနဲ့ဘယ်လိုချစ်သူဖြစ်သွားလဲ မမသိချင်နေပြီ"
"သိပ်အထူးအဆန်းတော့မဟုတ်ပါဘူး တာရာကလှတော့လည်း မှိုင်းကသတိထားမိသွားပြီး fall in love ဖြစ်သွားတာပါ"
"အမလေးတော်"
တာရာ့ပြောဟန်လေးကိုသဘောကျလွန်းသဖြင့် ဟေဒီပင် ရယ်မိသည်။ တာရာကခပ်တည်တည်အမူအရာနှင့်ဆက်ပြောလာသည်။
"တကယ်တော့ crushရဲ့အချစ်ကိုရဖို့က မခက်ခဲပါဘူး အဓိကအချက်က ကိုယ့်ဘက်က ရုပ်လေးချောနေဖို့ပဲလိုတယ်"
"ဟုတ်ပါပြီ မမကလေးက ဒီလောက်ချစ်စရာကောင်းနေမှတော့ မှိုင်းကမချစ်ဘဲနေပါ့မလားနော်"
"ဟိဟိ..."
တာရာကကိုယ့်စကားကိုသဘောကျစွာ ရယ်မောလိုက်ရင်းနှင့်
"မမသိလား တာရာက(၁၈)နှစ်ပြည့်တာနဲ့ လက်ထပ်ချင်ပေမဲ့ မှိုင်းကတာရာအသက်(၂၀)လောက်မှ လက်ထပ်မယ်တဲ့"
"အင်းလေ.. ဘာလို့စောစောစီးစီးလက်ထပ်မှာလဲ နေပါဦးကလေးရယ် တကယ်ဆိုရင် (၂၀)ဆိုတာလည်း ငယ်သေးတယ် (၂၅)လောက်မှ ယူသင့်တယ်"
"အာ.. အဲ့လောက်အကြာကြီးတာရာစောင့်နိုင်ပါဘူး (၂၀)တောင် စိတ်ညစ်ညစ်နဲ့စောင့်ရမှာ (၂၅)တော့လုပ်ပါနဲ့ ဖြစ်နိုင်ရင် တာရာကလေအခုတောင်ချက်ချင်းလက်ထပ်ပစ်ချင်တာ"
မျက်နှာရူံ့မဲ့ရင်း ဆိုလိုက်သော တာရာ့ကိုကြည့်ပြီး ဟေဒီပြုံးမိကာ
"ဘာလို့ဒီလောက်တောင် လက်ထပ်ချင်နေရတာလဲ"
"ချစ်လို့လေ.."
တာရာ့အဖြေကရိုးရှင်းပြတ်တောင်းသော်လည်း ပြည့်စုံလှပါသည်။ ဟေဒီတာရာ့ကိုကြည့်မိ၏။ ပုခုံးကျော်ကျော်ဝဲကျနေသည့် ဆံနွယ်စင်းစင်းတွေကြားမှ တာရာ့မျက်နှာလေးကဖောင်းဖောင်းအိအိလေးနှင့် တော်တော်ချစ်စရာကောင်းပါသည်။ မျက်လုံးတွေရွှန်းလက်နေသလို နှုတ်ခမ်းဖူးဖူးရဲရဲတို့ကလည်း အသည်းယားချင်စရာအတိ။
ပကတိဖြူစင်လှပနေသည့်ဤကလေးမလေးက မှိုင်းအကြောင်းများပြောရမည်ဆိုလျှင် မျက်လုံးလေးတွေ ရွှန်းရွှန်းဝေသွားသည်မှာ ဟိုးအရင်ကအတိုင်းပါပဲလား...။
"မှိုင်းကို ဒီလောက်တောင်ချစ်သလားတာရာ"
သိလိုစိတ်ဖြင့်ဟေဒီမေးလိုက်တော့ တာရာက အပြုံးလက်လက်လေးဖြင့် မဆိုင်းမတွပင် ဖြေလာသည်။
"ချစ်တာပေါ့မမရဲ့ မမစိတ်မဆိုးနဲ့နော် ကမ္ဘာပေါ်မှာတာရာအချစ်ဆုံးက မှိုင်းပဲသိလား"
"သိပါတယ်ရှင်"
"တာရာ့အသက်ထက်တောင် မှိုင်းကိုပိုချစ်တယ် "
"ဟင်..."
တာရာကဒီအတိုင်းပြောလိုက်သော်လည်း ထိုစကားကြားတော့ ဟေဒီ့ရင်တွေလှိုက်ခနဲ့ ဖြစ်သွားရတော့၏။
"တစ်ခါတလေကျရင် တာရာလေစဉ်းစားမိသေးတယ် တာရာကမှိုင်းကိုချစ်ဖို့ မွေးလာသလားမသိဘူး တအားချစ်တာပဲ မပြောကောင်းမဆိုကောင်း မှိုင်းနဲ့သာဝေးရရင်တော့ တာရာတကယ်ကြီးသေသွားနိုင်တယ်"
"ကလေးရယ်....."
ကြည့်စမ်း.. ဒါက(၁၈)နှစ်အရွယ်ကလေးမလေးတစ်ယောက်၏အချစ်တဲ့လား။
နက်ရိူင်းလွန်းလိုက်တာ.. တာရာရယ်။
ဒီလောက်တောင် မှိုင်းကိုချစ်သတဲ့လာူ။
ဘာကြောင့်မှန်းမသိ ရုတ်တရက်ဖြစ်တည်လာသည့် စိုးရိမ်ပူပင်မှုအချို့နှင့်အတူ ဟေဒီတိုးတိတ်စွာ ဆုတောင်းပေးမိပါသည်။
နှလုံးသားသေးသေးလေးနဲ့ အများကြီးချစ်နေတဲ့ငါ့ညီမလေးရယ်..။ တစ်နေ့ကျရင်တော့ ဒီအချစ်တွေက ညီမလေးရင်ကိုပြန်ခွဲမဲ့ ဓားတွေဖြစ်မလာဖို့ မမဆုတောင်းပါတယ်...
ဒီအတိုင်းလေးပဲ သူမတာရာလေးပျော်ခွင့်ရပါစေတော့လား......။
ဆက်ရန်
ဆူးခတ်ပန်း
Zawgyi
🖤Until the End of Time🖤
(အသက္ထက္ဆုံးတိုင္.....)
အပိုင္း(၄၅)
ေဟသုမဒီ
သူအျမင္မမွားပါ။ မေတြ႕ရသည့္ကာလရွည္အတြင္း သူမအသြင္က အေတာ္ေလးေျပာင္းလဲသြားေသာ္လည္း ခါးထိဝဲက်ေနသည့္ဆံႏြယ္ညိဳေတြႏွင့္ သူမကေတာ္ေတာ္လွလာသလို အရင္ကထက္လည္း ပိုရင့္က်က္တည္ၿငိမ္ေန၏။
ၾကည့္ေလ.. သူကသာစိတ္လႈပ္ရွားၿပီး ဘာလုပ္ရမွန္းမသိေအာင္ တုန္လႈပ္ေနမိသည္။ သူမကေတာ့ သူ႔ကိုျမင္သည့္တိုင္ ႏႈတ္ခမ္းတြန္႔႐ုံမွ်သာၿပဳံးလ်က္ ေခါင္းညိတ္ၿပီး တည္တည္ၿငိမ္ၿငိမ္ေလးပင္ ႏႈတ္ဆက္သည္။ ၿပီးေနာက္ ဘာခံစားခ်က္မွမရွိသကဲ့သို႔ မ်က္ႏွာလႊဲခ်သြား၏။
အင္း.. ေဟသုမဒီပီသပါတယ္ေလ။ အၿမဲတမ္း ေသြးေအးတည္ၿငိမ္ေနတတ္သည္မွာလည္း ဟိုးအရင္ကအတိုင္း မေျပာင္းမလဲပါလား။
ထိရွသြားသည့္နာက်င္မႈေတြႏွင့္အတူ မာနတရားတို႔သည္ ရင္ကိုပါးပါး႐ိုက္ခတ္လာေတာ့ ေကာင္းမာန္လည္း ခပ္စိမ္းစိမ္းၿပဳံးမိၿပီး
"ေအာ္.. ေရာက္ၿပီကို ဘယ္တုန္းကေရာက္ေနသလဲ"
"သုံးေလးရက္ရွိေနၿပီ"
"ဟုတ္လား.. ဘယ္မွာေနသလဲအခုက"
"အသိသူငယ္ခ်င္းတစ္ေယာက္အိမ္မွာပါ"
"ဒီမွာပဲေနျဖစ္ေတာ့မယ္လို႔ၾကားတယ္"
"ဟုတ္တယ္ အၿပီးေျပာင္းလာတာပါ"
"မေဟဒီက တာရာတို႔နဲ႔လာေနမွာ.."
တစ္ခြန္းေမးတစ္ခြန္းေျဖၿပီး ေသြးေအးေနၾကသည့္သူတို႔ၾကား ဝင္ဖ်က္လိုက္သည္က တာရာ။ ျမဴးႂကြေပ်ာ္႐ႊင္စြာပင္ ေဟဒီ့လက္ကို ဖက္တြယ္ထားရင္း
"ဟုတ္တယ္ေနာ္.. မမေဟဒီ"
"ေနလို႔မရဘူးေလ တာရာရဲ႕"
"ဘာလို႔ေနလို႔မရသလဲဟင္ တာရာကမမနဲ႔အတူေနခ်င္ကို.."
ငိုမဲ့ငိုမဲ့ႏွင့္ေမးလာသည့္တာရာ့ေခါင္းေလးကို ေဟဒီအသာပြတ္သပ္ေပးမိရင္းႏွင့္
"မမကကိုယ့္အိမ္မွာပဲကိုယ္ေနရမွာေပါ့ ကေလးရဲ႕ သူမ်ားအိမ္မွာကပ္ေနလို႔မရဘူးေလ"
"မႈိင္းကသူမ်ားမွမဟုတ္တာ တာရာေျပာရင္ ရပါတယ္ ေနာ္ မႈိင္း"
မႈိင္းဘက္လွည့္ၿပီး တာရာမ်က္လုံး႐ြဲေတြႏွင့္ဆိုလာေတာ့ သူ႔ကေလးငိုမဲ့မဲ့ျဖစ္ေနသည္ကို မၾကည့္ရက္သည့္မႈိင္းက
"ဟုတ္သားပဲ ေဟဒီ.. ဒီအိမ္မွာအခန္းလြတ္ေတြအမ်ားႀကီးရွိတယ္ မင္းႀကိဳက္တဲ့အခန္းယူလို႔ရတယ္"
"ငါ့ပုံစံက အျခားတစ္ေယာက္ဆီမွာ မွီခိုၿပီးေနသြားမဲ့ပုံေပၚေနလို႔လား မႈိင္းရယ္ ငါ့အေၾကာင္းမသိတာလည္းမဟုတ္ဘူး"
မာနႀကီးၿပီး ေတာ္တန္႐ုံအကူအညီေတာင္ မယူတတ္သည့္ေဟဒီကို သူ႔အိမ္မွာေနခိုင္းဖို႔ဆိုတာ မျဖစ္ႏိုင္မွန္း မႈိင္းေတြးဆမိခဲ့ၿပီးသားပင္။
"ဒါေပမဲ့ မမကအခုအိမ္မွမရွိေသးတာကို"
သို႔ေသာ္ တာရာဝမ္းနည္းေနသည္ကို မၾကည့္ေနႏိုင္သည့္သူက ရသည့္နည္းျဖင့္ တိုက္တြန္းေပးရသည္။
"ဒါျဖင့္လည္း မင္းအိမ္ရွာဝယ္ေနတဲ့ ကာလမွာေတာ့ ဒီမွာပဲခဏေနေပးပါလား တာရာလည္း စိတ္ေက်နပ္သြားတာေပါ့"
မႈိင္းစကားေၾကာင့္ ေဟဒီတစ္ခ်က္ေတြေဝသြားသည္။ အိမ္တစ္လုံးဝယ္သည္ဆိုတာကလည္း ခုဝယ္ခုခ်က္ခ်င္းတက္ဖို႔က မလြယ္သည္မို႔ အခ်ိန္ေတာ့ေပးရမည္။ ဒီၾကားထဲ တာရာႏွင့္အတူ ေနေပးျခင္းက သူမအတြက္ သိပ္ခက္ခဲလွသည့္ကိစၥမဟုတ္သျဖင့္
"အင္း.. ဒါေတာ့ရပါတယ္"
"ေဟး..."
တာရာေပ်ာ္သြားသည္ကိုၾကည့္ၿပီး မႈိင္းလည္း စိတ္သက္သာရာရေတာ့သည္။ ေကာင္းမာန္က ဘာမွဝင္မေျပာ။ ထသြားျပန္ရင္လည္း ႐ုပ္ပ်က္သလိုျဖစ္မည္စိုးသျဖင့္ ႏႈတ္ဆိတ္ရင္း ဘာသိဘာသာထိုင္ေနရင္းမွ မ်က္လုံးေတြက တစ္ခ်က္တစ္ခ်က္ သူမထံမသိမသာ ေရာက္သြားမိျပန္သည္။
ဝဲက်ေနသည့္ဆံႏြယ္ညိဳေတြၾကားမွမ်က္ႏွာဝင္းဝင္းေလးဟာ လိုအပ္သည္ထက္တည္တံ့လြန္းေနသည္။ မ်က္ဝန္းေတြကတည္ၿငိမ္ေနၿပီး ခပ္ေဆြးေဆြးလွေနသည့္ႏႈတ္ခမ္းေလးေတြကိုလည္း တင္းတင္းေစ့ထားသည္။ ဒီအမ်ိဳးသမီးဟာ မၿပဳံးမရယ္ႏွင့္ မာနေတြျဖင့္တည္တင္းေနသည္ဟုထင္ရပါေသာ္လည္း တာရာႏွင့္စကားေျပာေနစဥ္မွာေတာ့ တစ္ခါတရံ ဖ်ပ္ခနဲ႔ၿပဳံးက်သြားသည့္အခါတိုင္း ပကတိလွပၿပီး ခ်စ္စရာေကာင္းေနျပန္၏။
ဆံပင္ေတြပိုရွည္ၿပီး ပိုလွလာသည့္သူမက တည္တည္ၿငိမ္ၿငိမ္ႏွင့္ ရင့္က်က္လြန္းေနလွ၏။ သို႔ေသာ္ခံျပင္းစရာေကာင္ရသည္က သူ႔အေပၚဘာအျပစ္မွက်ဴးလြန္ထားျခင္းမရွိသလို၊ သူႏွင့္ဘာမွမပတ္သက္ဖူးသလိုပင္ သူမအျပဳအမူေတြက ေသြးေအးလွပါသည္။
ႏွစ္ေတြအၾကာႀကီးခြဲခဲ့ရသည့္ငယ္ခ်စ္ဦး၊ သစၥာေဖာက္ေက်ာခိုင္းထားခဲ့ၿပီး ဒဏ္ရာေတြေပးခဲ့ရေသာငယ္ခ်စ္ဦးကိုျပန္ေတြ႕သည့္တိုင္ အျပစ္ရွိသလို ခံစားရဖို႔မဆိုထားႏွင့္ အနည္းငယ္မွ်ပင္ စိတ္လႈပ္ရွားျခင္းရွိပုံမေပၚပါ။ သူစိမ္းတစ္ေယာက္ကိုေတြ႕ရသကဲ့သို႔ သာမာန္ဆန္ေသာအၿပဳံးေတြႏွင့္ တည္တည္ၿငိမ္ၿငိမ္ ၿပဳံးျပႏိုင္သည့္ ေဟသုမဒီ၏ေသြးေအးမႈႏွင့္ မာနႀကီးမႈေတြက ဩခ်စရာေကာင္းလွပါရဲ႕....။
တကယ္ဆိုရင္ ဒီလိုျဖစ္သင့္တာက သူမဟုတ္လား။ အခုေတာ့ သူ႔မွာက စိတ္ေတြလႈပ္ရွားၿပီး ဘာကိုခံရခက္မွန္းမသိ ခံရခက္ခက္ျဖစ္ေနသည္။ ေဟဒီ၏ေသြးေအးမႈႏွင့္ သူစိမ္းဆန္ေနမႈေၾကာင့္လား၊ သို႔မဟုတ္ သူ႔အေပၚအားနာစိတ္ေလးေတာင္မရွိသည္ကို ျမင္ေနရ၍လား..။ သူမသိေတာ့ပါ။ ေသခ်ာသည္က ဒီလိုျဖစ္ေနရျခင္းကိုလည္း သူ႔ကိုသူေဒါသထြက္မိသည္။
ထိုအခိုက္..
"ဟင္..."
မ်က္လုံးဝင့္လာသည့္ေဟဒီႏွင့္သူမ်က္လုံးခ်င္းဆုံသြားေတာ့ေကာင္းမာန္စိတ္ေတြလႈပ္ခတ္သြားသည္။ ထို႔အတူ ခိုးၾကည့္ေနတာကို လူမိသြားသလိုျဖစ္ေနေတာ့ ရွက္ရွက္ႏွင့္ထရပ္လိုက္ၿပီး
"ငါပင္ပန္းလာလို႔ သြားနားဦးမယ္"
ဟုဆိုကာ ထြက္သြားေတာ့သည္။ မႈိင္းလည္း အလုပ္ကိစၥေပၚလာသျဖင့္ တာရာ့ကိုေဟဒီႏွင့္ထားၿပီး ထြက္သြားသည္။ တာရာကေတာ့ ခြဲခြါခဲ့ရသည္မွာၾကာျမင့္ေနၿပီျဖစ္သည့္ေဟဒီႏွင့္ ျပန္ဆုံရေတာ့ အေပ်ာ္လြန္ၿပီး ခြၽဲမဆုံးႏိုင္ေအာင္ ျဖစ္ေန၏။
"တာရာကမမကိုေမွ်ာ္ေနတာ လာမယ္လာမယ္ဆိုၿပီး တာရာ့ကိုပါ အဆက္အသြယ္ျဖတ္သြားတယ္ ဟြန္႔.."
"အဆက္အသြယ္ျဖတ္တာမဟုတ္ပါဘူးကေလးရယ္ ဒီကိုလာဖို႔ဗီဇာကိစၥက အခက္အခဲေပၚလာတာရယ္နဲ႔ အျခားစိတ္႐ူပ္စရာေလးေတြလည္းရွိေတာ့ socialကို ခဏbreakထားလိုက္တာပါ"
တာရာ့ေခါင္းေလးကိုပြတ္ရင္းႏွင့္ ေဟဒီက ဟိုးအရင္ကအတိုင္း ေခ်ာ့ရျပန္ပါသည္။ တကယ္လည္း ဗီဇာအခက္အခဲအခ်ိဳ႕ ေပၚလာတာရယ္ႏွင့္ ခင္ပြန္းေဟာင္းကပါ ျပႆနာလာရွာသျဖင့္ စိတ္ေတြမြန္းက်ပ္႐ူပ္ေထြးၿပီး ေဟဒီ socialကိုခဏျဖတ္လိုက္ျခင္းပင္။
မည္သို႔ပင္ျဖစ္ေစ.. သူမကျမန္မာျပည္ကို ေခ်ာေခ်ာေမြ႕ေမြ႕ျပန္ေရာက္လာႏိုင္ၿပီျဖစ္၍ စိတ္အေမာအခ်ိဳ႕ ေျပသြားရၿပီျဖစ္သည္။ ေနာက္ထပ္ေလွ်ာက္လမ္းရမည့္ဘဝသစ္အတြက္ေတာ့ တျဖည္းျဖည္းခ်င္း settingခ်သြားဖို႔ပဲ စိတ္ကူးထားသည္။
"မမဒီမွာ တာရာနဲ႔အၾကာႀကီးေနေနာ္ အိမ္ကို ျဖည္းျဖည္းပဲရွာဝယ္ရမယ္သိလား"
"အင္းပါ.."
တာရာ စိတ္ေက်နပ္သြားေစရန္အတြက္ ေခါင္းညိတ္လိုက္သည့္တိုင္ ေအးစက္စက္အၿပဳံးႏွင့္ သူစိမ္းဆန္လြန္းေနသည့္ေကာင္းမာန္ကို ျမင္ေယာင္ရင္း ေဟဒီမသိမသာသက္ျပင္းေတြခိုးခ်မိပါသည္။
ႏွစ္ေတြအေတာ္ၾကာေညာင္းၿပီျဖစ္သလို ခံစားခ်က္ေတြလည္း ကိုယ္စီေသြးေအးၾကၿပီျဖစ္၍ တည္တည္ၿငိမ္ၿငိမ္ ရင္ဆိုင္ႏိုင္မည္ထင္ထားေသာ္လည္း တကယ္တမ္းက်မလြယ္ကူခဲ့ပါေလ။ ဘာမွမျဖစ္သလို၊ မခံစားရသလိုႏွင့္ ဟန္ေဆာင္ၿပီး ေနျပႏိုင္႐ုံသာရွိခဲ့ပါသည္။ ရင္ထဲလႈပ္ခတ္သြားသည့္ခံစားခ်က္တို႔ကိုေတာ့ကိုယ္တိုင္ကအသိဆုံးပင္။
ေသြးေအးသင့္ၿပီျဖစ္ေသာ္လည္း ဘဝမွာတစ္ခါသာခ်စ္ခဲ့ဖူးသည့္ငယ္ခ်စ္ျဖစ္၍လား။ ျပန္ေတြ႕ရသည့္အခါတြင္ေတာ့ ေမွ်ာ္လင့္ထားသည္ထက္ပင္ ပိုစိတ္လႈပ္ရွားသြားခဲ့သည္။ တကယ္ဆို ကိုယ္စီမွမသက္ဆိုင္ေတာ့သည္ပဲ။ ေဟဒီပိုရင့္က်က္သင့္ပါသည္။ မ်က္လုံးခ်င္းဆုံမိစဥ္က ရင္ထဲတစ္ေနရာကပဲ့တင္သြားခဲ့ေသာ္လည္း ဟန္ေဆာင္ျခင္း၌ ေနသားက်ေနသည့္သူမက ဘာမွမျဖစ္သလို တည္တည္ၿငိမ္ၿငိမ္ရွိေနႏိုင္ခဲ့၏။
သို႔ေသာ္.. တစ္အိမ္တည္းေနရသည့္အခါ၌ သူမဘယ္ေလာက္ထိ တည္တည္ၿငိမ္ၿငိမ္ရွိေနႏိုင္မည္လဲဆိုတာ မေသခ်ာ၍ ေဟဒီသက္ျပင္းသာခ်ေနမိေတာ့သည္။
"တာရာကျဖင့္ မမဒီေရာက္လာရင္ တာရာတို႔အတူေနရေတာ့မယ္ထင္ၿပီး ေပ်ာ္ေနတာကို.."
ရင္ခြင္ထဲကေနေခါင္းေလးထိုးထြက္ၿပီး ႏႈတ္ခမ္းေလးတဆူဆူျဖင့္ တာရာကမေက်မနပ္ဆိုလာျပန္ေတာ့ ေဟဒီယဲ့ယဲ့ေလးၿပဳံးလိုက္ၿပီး
"ေသြးမေတာ္သားမစပ္မေျပာနဲ႔ တစ္သက္လုံး တစ္အိမ္တည္းအတူေနလာၾကတဲ့ေသြးသားအရင္းအခ်ာေတြေတာင္ အခ်ိန္တန္လာရင္ အိမ္ခြဲထြက္ၿပီးေနၾကတယ္တာရာရဲ႕ လူရယ္လို႔ျဖစ္လာရင္ ကိုယ့္တာဝန္ကို အလိုက္သိသိ ယူတတ္ရမယ္ သူမ်ားအေပၚအခ်ိန္ျပည့္မွီခိုေနလို႔မရဘူးေလ ကိုယ့္ေျခေထာက္ေပၚကိုလည္း ရပ္တည္တတ္ရမယ္. ကိုယ့္ေနရာကက်ဥ္းတယ္ဆိုရင္ေတာင္ ကိုယ္လက္ေတြနဲ႔ဖန္တီးထားတဲ့အိမ္ ကိုယ္ပိုင္တဲ့ေနရာျဖစ္တဲ့အတြက္ အမ်ားႀကီးလြပ္လပ္ေပါ့ပါးၿပီး ေပ်ာ္႐ႊင္မႈအျပည့္အဝ ခံစားလို႔ရမွာပါ ဘယ္သူ႔မ်က္ႏွာမွၾကည့္စရာမလိုတဲ့ လြပ္လပ္မႈေတြက ဘာနဲ႔မွလဲလို႔မရဘူး တာရာ.."
"မမဘာေတြေျပာေနမွန္း တာရာသိပ္ေတာ့နားမလည္ဘူး ဟီး.."
လွ်ာေလးထုတ္ၿပီး ဆိုလာသည့္တာရာ့အမူအရာေလးက ခ်စ္စရာေကာင္းလြန္းလွသျဖင့္ ေဟဒီ သူမႏွဖူးေလးကို မနာေအာင္ ဖြဖြေလးေတာက္လိုက္မိရင္း
"အ႐ြယ္ေရာက္လာရင္ေတာ့ ညီမေလး ဒါကိုေကာင္းေကာင္းသေဘာေပါက္လာမွာပါ"
"တာရာကေတာ့မမနဲ႔အတူေနခ်င္တာပဲသိတယ္"
"ေနလို႔ရတယ္ေလ တာရာရဲ႕.."
"မမကအိမ္ဝယ္ၿပီးရင္ ထြက္သြားေတာ့မွာ မဟုတ္လား"
"အင္း.. ဟုတ္တယ္ေလ ဒါေပမဲ့တာရာေလး မမနဲ႔လိုက္ေနလို႔ရတာပဲ"
"ဟင္.. ဘယ္လို"
"မမအိမ္ဝယ္ၿပီးရင္ မမနဲ႔အတူေနၾကမယ္ေလ ဟိုးအရင္တုန္းကအတိုင္းေပါ့ ဘယ္လိုလဲ"
ဒီလိုဆိုေတာ့လည္း တာရာ့မ်က္ႏွာေလးက ေတြေတြေလးျဖစ္သြားသည္။ ၿပီးေနာက္ မအီမလည္ ဟန္ေလးႏွင့္
"တာရာ.. မႈိင္းနဲ႔မခြဲႏိုင္ဘူး မမ ဟီး"
"သတိရရင္လာလို႔ရတာပဲ"
"တာရာကမႈိင္းကို(၂၄)နာရီလုံးလြမ္းေနတာကို"
မႈိင္းထိပ္ထားစံေလးအေၾကာင္းေနာေက်ေနေအာင္ သိထားသည္မို႔ ေဟဒီထပ္မေျပာေတာ့ဘဲ ခ်စ္စႏိုးႏွင့္သာ မ်က္ေစာင္းေလးထိုးလိုက္သည္။
ၿပီးေနာက္ လာကတည္းက သတိထားခဲ့မိသည့္ႏူးညံ့ေႏြးေထြးလြန္းေနသည့္ မႈိင္းႏွင့္တာရာၾကားက ဆက္ဆံေရးကိုထုတ္ေမးၾကည့္ဖို႔ သတိရသြားကာ..
"ဒါနဲ႔ မႈိင္းနဲ႔ညီမေလးက ေတာ္ေတာ္အဆင္ေျပေနၾကတာပဲ မႈိင္းကဒီလိုက်ေတာ့လည္း မဆိုးပါဘူး ေကာင္းေကာင္းမြန္မြန္ဆက္ဆံသားပဲ"
"ေကာင္းဆို.. တာရာတို႔ကခ်စ္သူေတြျဖစ္သြားၿပီေလ အဟီး"
"ဘယ္လို..."
"မႈိင္းက တာရာ့ကိုခ်စ္တယ္မမေဟဒီ တာရာက မႈိင္းရဲ႕ေဘဘီ ကေလးေလးျဖစ္ေနၿပီ အခု တာရာ့ကို တာရာႀကိဳက္တဲ့ ေဟာ့ေပါ့ဆိုင္၊ မာလာရွမ္းေကာဆိုင္ေတြပါ ဝယ္ေပးထားလို႔ တာရာေတာ္ေတာ္ခ်မ္းသာေနၿပီ ဟိဟိ"
အျပစ္ကင္းစင္ၿပီး ခ်စ္စရာေကာင္းလွသည့္တာရာ့ကို မႈိင္းတစ္ခ်ိန္ခ်ိန္က်အေကာင္းျမင္ေပးလာမည္ဟုသာ ေဟဒီေတြးထားသည္။ ဒီေလာက္အေျခအေနထိကို အလွ်င္အျမန္ေရာက္သြားလိမ့္မည္ဟု ထင္မထားသည္ကေတာ့ အမွန္..။ ၾကည့္ရသည္မွာ တာရာ၏တီတီတာတာခြၽဲႏြဲ႕တတ္မႈေတြၾကား ေသြးေအးလြန္းလွပါသည္ဆိုသည့္မႈိင္းတစ္ေယာက္ ေပ်ာ္ၾကသြားၿပီထင္သည္။
မည္သို႔ပင္ျဖစ္ေစ တာရာ့အတြက္ ေဟဒီဝမ္းသာမိပါသည္။ ဟိုးငယ္ငယ္ကတည္းက မႈိင္းအေပၚ တာရာဘယ္ေလာက္တြယ္တာခဲ့သလဲဆိုတာ ေဟဒီေကာင္းေကာင္းသိထားသည္ကို။ အခု တာရာေလးအၿမဲေတာင့္တလိုခ်င္ခဲ့သည့္လိုအင္ဆႏၵေလးျပည့္ဝသြားသည္ကိုျမင္ရေတာ့ ေဟဒီတာရာ့ကိုယ္စားအတိုင္းမသိဝမ္းသာေပ်ာ္႐ႊင္မိပါသည္။
"ၾကားရတာ မဂၤလာရွိလိုက္တာ ငါ့ညီမေလးေတာ့ မႈိင္းအခ်စ္ေတြကိုရသြားေတာ့ အေတာ္ေပ်ာ္ေနခဲ့မွာပဲ"
"ေသေလာက္ေအာင္ကိုေပ်ာ္တာ မမေဟဒီရဲ႕"
အားမာန္အျပည့္ႏွင့္ဆိုလိုက္သည့္တာရာ့စကားေၾကာင့္ ေဟဒီပင္ၿပဳံးမိပါသည္။ အင္း... ဒီေရာက္လာမွပဲ သူမလည္းအႀကိမ္ႀကိမ္အခါခါကိုၿပဳံးေနရေတာ့သည္၊
"မမကိုပို႔ထားတဲ့စာေတြက်အမ်ားႀကီးပဲကို မႈိင္းနဲ႔ခ်စ္သူျဖစ္ေနတဲ့အေၾကာင္းကိုေတာ့ တစ္ခြန္းေတာင္ မပါဘူးေရာ.."
"ဟီး.. တာရာက မမေရွ႕မွာပဲအားပါးတရႂကြား အဲ.. ေျပာျပခ်င္လို႔ အဟဲ"
"ျဖစ္ရမယ္.. ဒါျဖင့္လည္းႂကြားပါဦး မႈိင္းနဲ႔ဘယ္လိုခ်စ္သူျဖစ္သြားလဲ မမသိခ်င္ေနၿပီ"
"သိပ္အထူးအဆန္းေတာ့မဟုတ္ပါဘူး တာရာကလွေတာ့လည္း မႈိင္းကသတိထားမိသြားၿပီး fall in love ျဖစ္သြားတာပါ"
"အမေလးေတာ္"
တာရာ့ေျပာဟန္ေလးကိုသေဘာက်လြန္းသျဖင့္ ေဟဒီပင္ ရယ္မိသည္။ တာရာကခပ္တည္တည္အမူအရာႏွင့္ဆက္ေျပာလာသည္။
"တကယ္ေတာ့ crushရဲ႕အခ်စ္ကိုရဖို႔က မခက္ခဲပါဘူး အဓိကအခ်က္က ကိုယ့္ဘက္က ႐ုပ္ေလးေခ်ာေနဖို႔ပဲလိုတယ္"
"ဟုတ္ပါၿပီ မမကေလးက ဒီေလာက္ခ်စ္စရာေကာင္းေနမွေတာ့ မႈိင္းကမခ်စ္ဘဲေနပါ့မလားေနာ္"
"ဟိဟိ..."
တာရာကကိုယ့္စကားကိုသေဘာက်စြာ ရယ္ေမာလိုက္ရင္းႏွင့္
"မမသိလား တာရာက(၁၈)ႏွစ္ျပည့္တာနဲ႔ လက္ထပ္ခ်င္ေပမဲ့ မႈိင္းကတာရာအသက္(၂၀)ေလာက္မွ လက္ထပ္မယ္တဲ့"
"အင္းေလ.. ဘာလို႔ေစာေစာစီးစီးလက္ထပ္မွာလဲ ေနပါဦးကေလးရယ္ တကယ္ဆိုရင္ (၂၀)ဆိုတာလည္း ငယ္ေသးတယ္ (၂၅)ေလာက္မွ ယူသင့္တယ္"
"အာ.. အဲ့ေလာက္အၾကာႀကီးတာရာေစာင့္ႏိုင္ပါဘူး (၂၀)ေတာင္ စိတ္ညစ္ညစ္နဲ႔ေစာင့္ရမွာ (၂၅)ေတာ့လုပ္ပါနဲ႔ ျဖစ္ႏိုင္ရင္ တာရာကေလအခုေတာင္ခ်က္ခ်င္းလက္ထပ္ပစ္ခ်င္တာ"
မ်က္ႏွာ႐ူံ႕မဲ့ရင္း ဆိုလိုက္ေသာ တာရာ့ကိုၾကည့္ၿပီး ေဟဒီၿပဳံးမိကာ
"ဘာလို႔ဒီေလာက္ေတာင္ လက္ထပ္ခ်င္ေနရတာလဲ"
"ခ်စ္လို႔ေလ.."
တာရာ့အေျဖက႐ိုးရွင္းျပတ္ေတာင္းေသာ္လည္း ျပည့္စုံလွပါသည္။ ေဟဒီတာရာ့ကိုၾကည့္မိ၏။ ပုခုံးေက်ာ္ေက်ာ္ဝဲက်ေနသည့္ ဆံႏြယ္စင္းစင္းေတြၾကားမွ တာရာ့မ်က္ႏွာေလးကေဖာင္းေဖာင္းအိအိေလးႏွင့္ ေတာ္ေတာ္ခ်စ္စရာေကာင္းပါသည္။ မ်က္လုံးေတြ႐ႊန္းလက္ေနသလို ႏႈတ္ခမ္းဖူးဖူးရဲရဲတို႔ကလည္း အသည္းယားခ်င္စရာအတိ။
ပကတိျဖဴစင္လွပေနသည့္ဤကေလးမေလးက မႈိင္းအေၾကာင္းမ်ားေျပာရမည္ဆိုလွ်င္ မ်က္လုံးေလးေတြ ႐ႊန္း႐ႊန္းေဝသြားသည္မွာ ဟိုးအရင္ကအတိုင္းပါပဲလား...။
"မႈိင္းကို ဒီေလာက္ေတာင္ခ်စ္သလားတာရာ"
သိလိုစိတ္ျဖင့္ေဟဒီေမးလိုက္ေတာ့ တာရာက အၿပဳံးလက္လက္ေလးျဖင့္ မဆိုင္းမတြပင္ ေျဖလာသည္။
"ခ်စ္တာေပါ့မမရဲ႕ မမစိတ္မဆိုးနဲ႔ေနာ္ ကမာၻေပၚမွာတာရာအခ်စ္ဆုံးက မႈိင္းပဲသိလား"
"သိပါတယ္ရွင္"
"တာရာ့အသက္ထက္ေတာင္ မႈိင္းကိုပိုခ်စ္တယ္ "
"ဟင္..."
တာရာကဒီအတိုင္းေျပာလိုက္ေသာ္လည္း ထိုစကားၾကားေတာ့ ေဟဒီ့ရင္ေတြလႈိက္ခနဲ႔ ျဖစ္သြားရေတာ့၏။
"တစ္ခါတေလက်ရင္ တာရာေလစဥ္းစားမိေသးတယ္ တာရာကမႈိင္းကိုခ်စ္ဖို႔ ေမြးလာသလားမသိဘူး တအားခ်စ္တာပဲ မေျပာေကာင္းမဆိုေကာင္း မႈိင္းနဲ႔သာေဝးရရင္ေတာ့ တာရာတကယ္ႀကီးေသသြားႏိုင္တယ္"
"ကေလးရယ္....."
ၾကည့္စမ္း.. ဒါက(၁၈)ႏွစ္အ႐ြယ္ကေလးမေလးတစ္ေယာက္၏အခ်စ္တဲ့လား။
နက္႐ိူင္းလြန္းလိုက္တာ.. တာရာရယ္။
ဒီေလာက္ေတာင္ မႈိင္းကိုခ်စ္သတဲ့လာူ။
ဘာေၾကာင့္မွန္းမသိ ႐ုတ္တရက္ျဖစ္တည္လာသည့္ စိုးရိမ္ပူပင္မႈအခ်ိဳ႕ႏွင့္အတူ ေဟဒီတိုးတိတ္စြာ ဆုေတာင္းေပးမိပါသည္။
ႏွလုံးသားေသးေသးေလးနဲ႔ အမ်ားႀကီးခ်စ္ေနတဲ့ငါ့ညီမေလးရယ္..။ တစ္ေန႔က်ရင္ေတာ့ ဒီအခ်စ္ေတြက ညီမေလးရင္ကိုျပန္ခြဲမဲ့ ဓားေတြျဖစ္မလာဖို႔ မမဆုေတာင္းပါတယ္...
ဒီအတိုင္းေလးပဲ သူမတာရာေလးေပ်ာ္ခြင့္ရပါေစေတာ့လား......။
ဆက္ရန္
ဆူးခတ္ပန္း