ရှေးဖြစ်ဟော ဆရာသခင် (MM Trans...

By shunleikhin

13.9K 1.9K 22

English Title - "Fortune Teller Master" Author - 信用卡 (Xinyongka) Chapters Status - Completed (138 Chapters +... More

ရှေးဖြစ်ဟော ဆရာသခင်
အပိုင်း(၁.၁) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၁.၂) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၂.၁) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၂.၂) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၃.၁) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း(၃.၂) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၄.၂) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၅.၁) ရဲအရာရှိငယ်လေး
အပိုင်း (၅.၂) ရဲအရာရှိငယ်လေး
အပိုင်း (၆.၁) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၆.၂) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၇.၁) တားဆီးခံရသည့် ကံတရား
အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား
အပိုင်း (၈.၁) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၈.၂) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၉.၁) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၉.၂) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၁၀.၁) ဖြောင့်မတ်သော ဆရာသခင်
အပိုင်း (၁၀.၂) ဖြောင့်မတ်သော ဆရာသခင်
အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အခန်း (၁၁.၂) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ
အပိုင်း (၁၂.၂) တမူထူးခြားသော ဗေဒင်ဆရာ
အခန်း (၁၃.၁) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အခန်း (၁၃.၂) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အပိုင်း (၁၄.၁) Making a wedding dress for others
အပိုင်း (၁၄.၂) Making a wedding dress for others
အပိုင်း (၁၅.၂) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၆.၁) ဒဏ်ခတ်ခံရခြင်း

အပိုင်း (၁၅.၁) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

377 62 1
By shunleikhin

Unicode


"ဆရာသခင်၊ ဒါတွေက ဆရာ ကျွန်တော့်ကို ရှာခိုင်းထားတဲ့ ကျောက်စိမ်းတွေပါ။ ဆရာ့ရဲ့ ဆန္ဒနဲ့ ကိုက်ညီပါ့လား မသိဘူး"

ကျန်းဝူသည် ကျောက်စိမ်းတုံး ၅၀ မှ ၆၀ ပါဝင်သော သေတ္တာကြီးတစ်လုံးကို လေးစားစွာဖြင့် ပေးအပ်လိုက်သည်။ အချို့မှာ ကျောက်စိမ်းလက်ကောက်များ၊ ကျောက်စိမ်းဆွဲသီးများဖြစ်ကြပြီး၊ အချို့မှာ အရောင်မတင်ရသေးသော မူလကျောက်စိမ်းတုံးများ ဖြစ်ကြသည်။

ကျန်းဝူသည် သူ၏စည်းစိမ်ဥစ္စာများ ပျောက်ကွယ်တော့မည်ကို သိထားပြီး၊ ယခုအချိန်တွင် သူသည် စိတ်မပူ‌တော့ပေ။ လင်းချင်းယင်သည် ကျောက်စိမ်းတုံး ၂၄ လုံးက လုံလောက်သည်ဟု ပြောခဲ့ပေမဲ့၊ အရည်အသွေး မပြည့်မီသော ပစ္စည်းများကြောင့် သူတို့၏ လုပ်ငန်းအား နှောင့်နှေးသွားမည်ကို စိုးရိမ်သဖြင့်၊ သူသည် အသက်တစ်ချက် ရှူရုံမျှတွင် နှစ်ဆလောက် ဝယ်ခဲ့လိုက်သည်။

ဝိညာဉ်ကျောက်စိမ်း အပြည့်ထည့်ထားသည့် သေတ္တာကို ကြည့်လိုက်သောအခါ၊ လင်းချင်းယင်၏ မျက်လုံးများက တောက်ပလာသည်။ သူ(မ)က ၎င်းတို့ကို တစ်ခုပြီးတစ်ခု ပွတ်သပ်လိုက်၏ :

"ရှင့်ရဲ့ ပြဿနာကို ဖြေရှင်းပြီးရင်၊ ကျွန်မကို ပိုက်ဆံ ပေးစရာ မလိုဘူး။ ဒါပေမဲ့ ကျန်တဲ့ ကျောက်စိမ်းတွေကို တော့ ကျွန်မကို ပေးနိုင်မလား"

ဖက်တီးဝမ်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် စိုးရိမ်လျက်။ သူက လင်းချင်းယင်ကို မျက်တောင်ခတ်ပြရန် ကြိုးပမ်းခဲ့သည်။ ဒီလိုစီးပွားရေးလုပ်ငန်းတစ်ခု လုပ်မယ်ဆိုလျှင် ဒီလိုသဘောတူညီချက်မျိုး မပြုလုပ်သင့်‌ပေ။

သူ(မ)သည် သူ့(ကျန်းဝူ)အား ပေးဆောင်ခိုင်းသင့်၏။ နောက်ဆုံးတော့ ဆရာသခင်ငယ်လေးက ငယ်လွန်းနေပါသေး၏။ ဒီလိုကြီးမားသော ပြဿနာကို ဖြေရှင်းခြင်းအားဖြင့် သူ(မ)သည် ငွေအများကြီး ရရှိနိုင်မှာ သေချာပါသည်။

ကျန်းဝူသည် နှစ်ပေါင်းများစွာ စီးပွားရေးကို လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဖက်တီးဝမ်၏ အဓိပ္ပါယ်ကို သူနားလည်သောကြောင့် ချက်ချင်း ကတိပြုခဲ့သည် :

"ဆရာသခင်၊ စိတ်ချပါ။ ကျောက်စိမ်းတွေ ဘယ်လောက်ပဲ ကျန်နေပါစေ၊ ကျွန်တော် ဆရာ့ကို ပေးပါမယ်"

ဖက်တီးဝမ်၏ အမူအရာက တော်တော်‌လေး သက်သာသွားသည်ကို မြင်သောအခါ၊ ကျန်းဝူက ခါးသီးစွားဖြင့် ပြုံးလိုက်သည် :

"ကျွန်တော်က မကြာခင် ဒေဝါလီခံတော့မှာမို့လို့ ကျွန်တော် ရှာထားတဲ့ ပိုက်ဆံတွေကို အကုန် သုံးလိုက်ပါပြီ။ ဆရာတို့ကို ရိုးရိုးသားသားပြောရမယ်ဆိုရင် မနေ့က ကျွန်တော့်မိသားစုအတွက် စုဆောင်းနိုင်တဲ့ ငွေကြေးတွေ အားလုံးကို ကျွန်တော် ရွှေ့လိုက်တယ်။
ကျွန်တော် ဘဏ်နဲ့ စကားပြောခဲ့ပြီး ဇနီးနဲ့ မိဘတွေအတွက် အာမခံငွေ အမြောက်အမြားဝယ်ဖို့ စီစဉ်ထားပြီး၊ သမီးအတွက် စိတ်ချရတဲ့ ငွေ ကြေးကို စုဆောင်းထားတယ်လို့ သူတို့ကို ပြောခဲ့တယ်။ ဒါကြောင့် နောက်ပိုင်း ကျွန်တော် ဒေဝါလီခံရင်တောင်၊ ဘာမှ စိုးရိမ်စရာ မရှိ‌တော့ပါဘူး"

ဖက်တီးဝမ်က ကျန်းဝူကို လေးစားသွားခဲ့ပြီး သူ့ကို လက်မထောင်ပြလိုက်သည် :

"ခင်ဗျားက လွတ်လမ်း‌ ကယ်ပေါက်တွေကို အခွင့်ကောင်းယူခဲ့တာ... တကယ် တော်တာပဲ"

လင်းချင်းယင်သည် ကျောက်စိမ်းတုံးတစ်တုံးကို ကောက်ယူပြီး လိပ်ခွံလေးထဲသို့ ထည့်ကာ အားနည်းသော အမူအရာဖြင့် ပြောလိုက်သည် :

" လောကကြီးမှာ အခွင့်ကောင်းယူလို့ရတဲ့ အရာတွေအများကြီးရှိတယ်။ မင်းက များများဖြုန်းလေ၊ များများပြန်ပေးရလေပဲ။ မင်းကိုယ်တိုင် စဉ်းစားရမယ်"

"ကျွန်တော် စဉ်းစားမိခဲ့တယ်!" ကျန်းဝူက သူ၏နဖူးကိုထိကာ ပြုံးလိုက်၏ :

"ကျွန်တော်က ရိုင်းစိုင်း‌နေကျပါ။ ကျွန်တော် ချမ်းသာနေသရွေ့ တခြားအရာအားလုံးကို စတေးနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ ကျွန်တော့်သားကို ဆုံးရှုံးလိုက်ရတဲ့အခါ၊ ကျွန်တော် မှားသွားမှန်း သိလာခဲ့တယ်။ ကျွန်တော် ဘာလို့ ဒီလောက် ပိုက်ဆံအများကြီး ရှာနေတာလဲ။ ကျွန်တော့် မိသားစုကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ပဲ မဟုတ်လား? ဆန့်ကျင်ဘက်အနေနဲ့ သူတို့ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေကို ကျွန်တော့် ပိုက်ဆံနဲ့ ဘယ်လို လဲလှယ်နိုင်ပါ့မလဲ"

ကျန်းဝူသည် သက်ပြင်းချလိုက်ပြီး သူ၏မျက်နှာကို သုတ်ရန် လက်ကို ဆန့်ထုတ်လိုက်သည် :

"ဒါတွေက ကျွန်တော် သူတို့အတွက် ပေးဆပ်စရာတွေပဲ။ ပြီးတော့ ဒါက သူတို့အတွက် ကျွန်တော် လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ ကျွန်တော် နောင်တရတယ်လို့ ပြောရင်၊ ဆရာသခင်ငယ်လေးနဲ့ စောစော မဆုံဖြစ်ခဲ့တာပဲ။ မဟုတ်ရင် ကျွန်‌တော့်သား သေမှာ မဟုတ်ဘူး"

တွဲဖက်ယာဉ်‌မောင်းနေရာတွင် ထိုင်နေသော ကျန်း ကျန်ကော၏ မျက်လုံးများက နီရဲသွားသည်။ သူက ပြတင်းပေါက်၏ အပြင်ဘက်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည် :

" အခုမှ ဘာကို နောင်တရနေတာလဲ။ ဒီအတိုင်း မောင်းလိုက်တော့!"


ကျန်းဝူသည် သူ့အဖေ အမုန်းဆုံးလူက သူပဲဆိုတာ သိ၏။ နောက်ဆုံးတော့ သူသည် သူ့ကိုယ်သူတောင် ခွင့်မလွှတ်နိုင်ပေ။ သူ၏ လောဘနှင့် စွဲလမ်းမှုကြောင့် သားဖြစ်သူ ဆယ်ကျော်သက်အရွယ်တွင် အသက်ဆုံးရှုံးခဲ့ရသည်။

ကံမကောင်းစွာဖြင့်၊ နောင်တရရန် အချိန်နှောင်းသွားခဲ့ပြီ!

*

အဝေးပြေးလမ်းမကြီးပေါ်ရှိ မြို့မှ Shanbo (ရှန်းပေါ်) ခရိုင်သို့ ရောက်ရန် တစ်နာရီသာ ကြာသည်။ ကျန်းကျန်ကောသည် တွဲဖက်ယာဉ်မောင်းနေရာတွင် ထိုင်ပြီး၊ စကားမပြောချင်သဖြင့် ပြတင်းပေါက် အပြင်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

လင်းချင်းယင်သည် သူ(မ)၏မျက်လုံးများကို မှိတ်ထားကာ လိပ်ခွံလေးကို ကိုင်ထားသော်လည်း ကျောက်စိမ်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ရန် လိပ်ခွံလေးကို ကူညီပေး‌နေသည်။

ဒီမြင်ကွင်းကိုမြင်တော့ ဖက်တီးဝမ်သည် သူက မည်သူနှင့်မျှ စကားမပြောနိုင်သည်ကို သိလိုက်သည်။ ထို့ကြောင့် သူ၏ဖုန်းကို ထုတ်ပြီး WeChat ကို တိတ်တိတ်လေး ဖွင့်လိုက်သည်။

သူချိန်းဆိုထားသည့် Wechat အဖွဲ့အပြင်၊ သူသည် ထူးဆန်းသော ကျန်းမာရေးဗဟုသုတများနှင့် 'ကမ္ဘာကြီးကို တုန်လှုပ်စေသည်' သို့မဟုတ် 'မြန်မြန်ကြည့်လိုက်ပါ၊ မကြာခင် ပယ်ဖျက်တော့မည်' ဟူသော ခေါင်းစဉ်အတုများဖြင့် ရိုးရာယဉ်ကျေးမှုဖလှယ်သည့်အဖွဲ့ကိုလည်း ဖွဲ့ထားသည်။

သူ၏ပို့စ်ကို အကြိမ်အနည်းငယ် ဖတ်ပြီးသည့်နောက်တွင်၊ သူသည် ပဒေသရာဇ် အယူသီးမှုများကြောင့်မဟုတ်ဘဲ ကောလာဟလများပျံ့နှံ့ခြင်းကြောင့် မကြာမီတွင် သူ၏အဖွဲ့ကို ဖျက်ပစ်လိုက်ရမည်ဟု ခံစားခဲ့ရသည်။

ဖောက်သည်များကို ဤလုပ်ငန်းသို့ ခေါ်ဆောင်ရန် အမှန်တကယ်ပင် ခက်ခဲလှပါသည်!

အချိန်ကုန်လွန်ပြီး တစ်နာရီအကြာတွင် လမ်းကြမ်းယာဉ်သည် အဝေးပြေးလမ်းမကြီးမှ ဆင်းကာ ဆင်ခြေဖုံး‌နေရာသို့ တည့်တည့်သွားခဲ့သည်။ သူတို့သည် မြုံနေသော တောင်ပေါ်သို့ မရောက်မီ နောက်ထပ် တစ်နာရီကြာ ကားမောင်းသွားခဲ့ကြသည်။

ဤအချိန်သည် နွေရာသီဖြစ်၍ မြုံနေသောတောင်ပေါ်၌ မြက်ပင်များမရှိပေ။ ငှက်တွေတောင် ဖြတ်သွားပြီး မနှောင့်ယှက်ကြ။ ဖက်တီးဝမ်သည် ဗေဒင်ဟောဆိုင်ခန်းငယ်တွင် နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့သည်။

ဒါကြောင့် သူ့တွင် အရည်အချင်း မရှိ‌‌သော်လည်း၊ လိမ်လည်ကောက်ကျစ်သော စာအုပ်များကို အများကြီး ဖတ်ဖူး၏။ သူက သဲများပြည့်နေသည့် မြုံနေသော တောင်ကုန်းများကို ကြည့်ပြီး လင်းချင်းယင် ကို မေးလိုက်သည် :

"ဆရာသခင်၊ ဒါက အသက်ပါခြင်းမရှိလို့ ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် နေရာပဲ မဟုတ်လား"

လင်းချင်းယင်က ခေါင်းညိတ်ပြပြီးနောက် လှည့်ကြည့်ကာ ကျန်းဝူကို လက်မထောင်ပြလိုက်သည် :

"ဒီလို အဆိပ်ရှိတဲ့နေရာကို ရှာရတာ တကယ် မလွယ်ဘူးပဲ"

ကျန်းဝူ၏ မျက်နှာမှာ ရှက်စိတ်ဖြင့် နီရဲသွားသည်။ ဒါပေမဲ့ ကျန်းကျန်ကော၏ စိမ်းစိမ်းဝါးဝါး မျက်လုံးများနဲ့ ရင်ဆိုင်လိုက်ရသောအခါ၊ သူ့ကိုယ်သူ ခုခံကာကွယ်မှု မပြုနိုင်ခဲ့ပေ :

"ဒီနေရာက စွန့်ပစ်ထားတဲ့မြေလို့ ဆရာသခင်ဝမ် က မပြောခဲ့ဘူး။ သူက နေရာကို ပြင်းထန်တဲ့နေရာလို့သာ ပြောခဲ့တာ။ ကျွန်တော်တို့လက်ကို နည်းနည်းရွှေ့ထား သရွေ့တော့ ဒီနေရာရဲ့ ပြင်းထန်တဲ့ စွမ်းအင်တွေနဲ့ ကံကြမ္မာကို ရနိုင်မှာတဲ့"

လင်းချင်းယင်သည် သူ(မ)၏ လျှာကို နှစ်ကြိမ်လောက် ဖြောက်ခနဲ မြည်သံ ပြုလိုက်ပြီး ကျန်းဝူကို ကြည့်လိုက်သည်။ သူ(မ)က ခေါင်းခါလိုက်ပြီး :

"တကယ်တော့ ရှင့်ရဲ့ မူလဘဝက မဆိုးဘူး။ ရှင်က
နှစ်အနည်းငယ်ကြာအောင် ဖြည်းဖြည်း မှန်မှန်နဲ့ ဝီရိယရှိရှိ လုပ်ဆောင်ဖို့သာ လိုအပ်တာ။ ရှင်က အခုလောက် မချမ်းသာပေမဲ့၊ ရှင့်ရဲ့ဘဝက သာမန်လူတွေထက် ပိုကောင်းလာလိမ့်မယ်"

ခေါင်းယမ်းလိုက်ပြီးနောက် လင်းချင်းယင် ၏ မျက်လုံးများသည် သူ၏မျက်နှာပေါ်သို့ တစ်ဖန်ပြန်ကျလာ၏ :

"သနားစရာပဲ၊ လူတစ်ယောက်ရဲ့ နှလုံးသားက ဆင်တစ်ကောင်ကို မျိုဖို့ကြိုးစားနေတဲ့ မြွေတစ်ကောင်လို မတင်းတိမ်နိုင်ဘူး!"

ကျန်းဝူ၏မျက်နှာသည် ပို၍ပင် နီရဲလာသည်။ သူသည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောဝံ့‌‌ပေ။ သူသည် ရိက္ခာမျိုးစုံပါရှိသော အိတ်ကြီးတစ်လုံးကို ကားနောက်ခန်းထဲမှ ထုတ်လိုက်သည်။

ကျန်းမိသားစု၏ ဘိုးဘွားပိုင် သင်္ချိုင်းသည် ဤမြုံနေသော တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ လေက အလွန်ပင် အေးစက်လျက်။

အနှေးနဲ့အမြန်ဆိုသလို ကျန်းမိသားစု၏ သားသမီးများ ဒုက္ခရောက်လိမ့်မည်။ ကျန်းဝူ၏ သားနှင့်သမီးသာမက ကျန်းကျန်ကော၏ ဝမ်းကွဲများ၏ သားမြေးများပင် ထိခိုက်လိမ့်မည်။ နောက်ဆုံးတော့ သူတို့မိသားစု၏ ဘိုးဘေးများကို ဤနေရာတွင် မြှုပ်နှံခဲ့သည်။

လင်းချင်းယင်သည် တောင်နှင့် မနီးမဝေးတွင် တူညီသော အဆောက်အအုံ လေးလုံးကို တွေ့လိုက်ရသည်။ အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် ဓားတစ်ချောင်းကို အလှဆင်ထား၏။ ဓားသွားများသည် ကျန်း မိသားစု၏ သင်္ချိုင်းဆီသို့ ဦးတည်နေပြီး မူလက မကောင်းသော ဖုန်းရွှေကို အနည်းငယ် ဒေါသပိုထွက်စေသည်။

လင်းချင်းယင်က ကျန်းဝူကို ခေါ်ပြီး အဆောက်အအုံပေါ်ရှိ အလှဆင်ထားမှုကို လက်ညိုးထိုးပြပြီး မေးလိုက်သည် :

"သင်္ချိုင်းကို ရွှေ့တုန်းက အဲဒီ အဆောက်အအုံတွေ ဆောက်ခဲ့တာလား"

ကျန်းဝူက သနားစဖွယ်ကောင်းစွာ ခေါင်းညိတ်ပြလိုက်သည် :

"ဟင်း... ဆရာသခင်ဝမ်က ဒီအဆောက်အအုံတွေက ရွှေကိုကိုယ်စားပြုပြီး၊ ရွှေလေးခုက ချမ်းသာကြွယ်ဝမှုကို တိုးတက်စေနိုင်တယ်လို့ ပြောပါတယ်"

လင်းချင်းယင်သည် ဤမယုံနိုင်စရာ မှတ်ချက်ကြောင့် ရယ်မောမိသွားသည်။ ကျန်းဝူ၏ မျက်နှာသည် ဖျော့တော့သွား၏။ သူသည် ရူးမိုက်နေလျှင်တောင်မှ ဒီစာကြောင်းက သူ့ကိုလှည့်စားရန် ဆရာသခင်ဝမ်က ဖန်တီးထားသည်ကို သိလိုက်သည်။


....................

Zawgyi


"ဆရာသခင္၊ ဒါေတြက ဆရာ ကၽြန္ေတာ့္ကို ရွာခိုင္းထားတဲ့ ေက်ာက္စိမ္းေတြပါ။ ဆရာ့ရဲ့ ဆႏၵနဲ႔ ကိုက္ညီပါ့လား မသိဘူး"

က်န္းဝူသည္ ေက်ာက္စိမ္းတုံး ၅၀ မွ ၆၀ ပါဝင္ေသာ ေသတၱာႀကီးတစ္လုံးကို ေလးစားစြာျဖင့္ ေပးအပ္လိုက္သည္။ အခ်ိဳ႕မွာ ေက်ာက္စိမ္းလက္ေကာက္မ်ား၊ ေက်ာက္စိမ္းဆြဲသီးမ်ားျဖစ္ၾကၿပီး၊ အခ်ိဳ႕မွာ အေရာင္မတင္ရေသးေသာ မူလေက်ာက္စိမ္းတုံးမ်ား ျဖစ္ၾကသည္။

က်န္းဝူသည္ သူ၏စည္းစိမ္ဥစၥာမ်ား ေပ်ာက္ကြယ္ေတာ့မည္ကို သိထားၿပီး၊ ယခုအခ်ိန္တြင္ သူသည္ စိတ္မပူ‌ေတာ့ေပ။ လင္းခ်င္းယင္သည္ ေက်ာက္စိမ္းတုံး ၂၄ လုံးက လုံေလာက္သည္ဟု ေျပာခဲ့ေပမဲ့၊ အရည္အေသြး မျပည့္မီေသာ ပစၥည္းမ်ားေၾကာင့္ သူတို႔၏ လုပ္ငန္းအား ေႏွာင့္ေႏွးသြားမည္ကို စိုးရိမ္သျဖင့္၊ သူသည္ အသက္တစ္ခ်က္ ရွူ႐ုံမၽွတြင္ ႏွစ္ဆေလာက္ ဝယ္ခဲ့လိုက္သည္။

ဝိညာဥ္ေက်ာက္စိမ္း အျပည့္ထည့္ထားသည့္ ေသတၱာကို ၾကည့္လိုက္ေသာအခါ၊ လင္းခ်င္းယင္၏ မ်က္လုံးမ်ားက ေတာက္ပလာသည္။ သူ(မ)က ၎တို႔ကို တစ္ခုၿပီးတစ္ခု ပြတ္သပ္လိုက္၏ :

"ရွင့္ရဲ့ ျပႆနာကို ေျဖရွင္းၿပီးရင္၊ ကၽြန္မကို ပိုက္ဆံ ေပးစရာ မလိုဘူး။ ဒါေပမဲ့ က်န္တဲ့ ေက်ာက္စိမ္းေတြကို ေတာ့ ကၽြန္မကို ေပးနိုင္မလား"

ဖက္တီးဝမ္သည္ ထိုစကားကို ၾကားေသာအခါ အနည္းငယ္ စိုးရိမ္လ်က္။ သူက လင္းခ်င္းယင္ကို မ်က္ေတာင္ခတ္ျပရန္ ႀကိဳးပမ္းခဲ့သည္။ ဒီလိုစီးပြားေရးလုပ္ငန္းတစ္ခု လုပ္မယ္ဆိုလၽွင္ ဒီလိုသေဘာတူညီခ်က္မ်ိဳး မျပဳလုပ္သင့္‌ေပ။

သူ(မ)သည္ သူ႔(က်န္းဝူ)အား ေပးေဆာင္ခိုင္းသင့္၏။ ေနာက္ဆုံးေတာ့ ဆရာသခင္ငယ္ေလးက ငယ္လြန္းေနပါေသး၏။ ဒီလိုႀကီးမားေသာ ျပႆနာကို ေျဖရွင္းျခင္းအားျဖင့္ သူ(မ)သည္ ေငြအမ်ားႀကီး ရရွိနိုင္မွာ ေသခ်ာပါသည္။

က်န္းဝူသည္ ႏွစ္ေပါင္းမ်ားစြာ စီးပြားေရးကို လုပ္ကိုင္ခဲ့သူျဖစ္သည္။ ဖက္တီးဝမ္၏ အဓိပၸါယ္ကို သူနားလည္ေသာေၾကာင့္ ခ်က္ခ်င္း ကတိျပဳခဲ့သည္ :

"ဆရာသခင္၊ စိတ္ခ်ပါ။ ေက်ာက္စိမ္းေတြ ဘယ္ေလာက္ပဲ က်န္ေနပါေစ၊ ကၽြန္ေတာ္ ဆရာ့ကို ေပးပါမယ္"

ဖက္တီးဝမ္၏ အမူအရာက ေတာ္ေတာ္‌ေလး သက္သာသြားသည္ကို ျမင္ေသာအခါ၊ က်န္းဝူက ခါးသီးစြားျဖင့္ ျပဳံးလိုက္သည္ :

"ကၽြန္ေတာ္က မၾကာခင္ ေဒဝါလီခံေတာ့မွာမို႔လို႔ ကၽြန္ေတာ္ ရွာထားတဲ့ ပိုက္ဆံေတြကို အကုန္ သုံးလိုက္ပါၿပီ။ ဆရာတို႔ကို ရိုးရိုးသားသားေျပာရမယ္ဆိုရင္ မေန႔က ကၽြန္ေတာ့္မိသားစုအတြက္ စုေဆာင္းနိုင္တဲ့ ေငြေၾကးေတြ အားလုံးကို ကၽြန္ေတာ္ ေရႊ႕လိုက္တယ္။
ကၽြန္ေတာ္ ဘဏ္နဲ႔ စကားေျပာခဲ့ၿပီး ဇနီးနဲ႔ မိဘေတြအတြက္ အာမခံေငြ အေျမာက္အျမားဝယ္ဖို႔ စီစဥ္ထားၿပီး၊ သမီးအတြက္ စိတ္ခ်ရတဲ့ ေငြ ေၾကးကို စုေဆာင္းထားတယ္လို႔ သူတို႔ကို ေျပာခဲ့တယ္။ ဒါေၾကာင့္ ေနာက္ပိုင္း ကၽြန္ေတာ္ ေဒဝါလီခံရင္ေတာင္၊ ဘာမွ စိုးရိမ္စရာ မရွိ‌ေတာ့ပါဘူး"

ဖက္တီးဝမ္က က်န္းဝူကို ေလးစားသြားခဲ့ၿပီး သူ႔ကို လက္မေထာင္ျပလိုက္သည္ :

"ခင္ဗ်ားက လြတ္လမ္း‌ ကယ္ေပါက္ေတြကို အခြင့္ေကာင္းယူခဲ့တာ... တကယ္ ေတာ္တာပဲ"

လင္းခ်င္းယင္သည္ ေက်ာက္စိမ္းတုံးတစ္တုံးကို ေကာက္ယူၿပီး လိပ္ခြံေလးထဲသို႔ ထည့္ကာ အားနည္းေသာ အမူအရာျဖင့္ ေျပာလိုက္သည္ :

" ေလာကႀကီးမွာ အခြင့္ေကာင္းယူလို႔ရတဲ့ အရာေတြအမ်ားႀကီးရွိတယ္။ မင္းက မ်ားမ်ားျဖဳန္းေလ၊ မ်ားမ်ားျပန္ေပးရေလပဲ။ မင္းကိုယ္တိုင္ စဥ္းစားရမယ္"

"ကၽြန္ေတာ္ စဥ္းစားမိခဲ့တယ္!" က်န္းဝူက သူ၏နဖူးကိုထိကာ ျပဳံးလိုက္၏ :

"ကၽြန္ေတာ္က ရိုင္းစိုင္း‌ေနက်ပါ။ ကၽြန္ေတာ္ ခ်မ္းသာေနသေရြ႕ တျခားအရာအားလုံးကို စေတးနိုင္မယ္လို႔ ထင္ခဲ့ေပမဲ့ ကၽြန္ေတာ့္သားကို ဆုံးရွုံးလိုက္ရတဲ့အခါ၊ ကၽြန္ေတာ္ မွားသြားမွန္း သိလာခဲ့တယ္။ ကၽြန္ေတာ္ ဘာလို႔ ဒီေလာက္ ပိုက္ဆံအမ်ားႀကီး ရွာေနတာလဲ။ ကၽြန္ေတာ့္ မိသားစုကို ေကာင္းေကာင္းမြန္မြန္ ေနထိုင္နိုင္ဖို႔ပဲ မဟုတ္လား? ဆန႔္က်င္ဘက္အေနနဲ႔ သူတို႔ရဲ့ က်န္းမာေရးနဲ႔ ေပ်ာ္ရႊင္မွုေတြကို ကၽြန္ေတာ့္ ပိုက္ဆံနဲ႔ ဘယ္လို လဲလွယ္နိုင္ပါ့မလဲ"

က်န္းဝူသည္ သက္ျပင္းခ်လိုက္ၿပီး သူ၏မ်က္ႏွာကို သုတ္ရန္ လက္ကို ဆန႔္ထုတ္လိုက္သည္ :

"ဒါေတြက ကၽြန္ေတာ္ သူတို႔အတြက္ ေပးဆပ္စရာေတြပဲ။ ၿပီးေတာ့ ဒါက သူတို႔အတြက္ ကၽြန္ေတာ္ လုပ္နိုင္တဲ့ တစ္ခုတည္းေသာ အရာပဲ။ ကၽြန္ေတာ္ ေနာင္တရတယ္လို႔ ေျပာရင္၊ ဆရာသခင္ငယ္ေလးနဲ႔ ေစာေစာ မဆုံျဖစ္ခဲ့တာပဲ။ မဟုတ္ရင္ ကၽြန္‌ေတာ့္သား ေသမွာ မဟုတ္ဘူး"

တြဲဖက္ယာဥ္‌ေမာင္းေနရာတြင္ ထိုင္ေနေသာ က်န္း က်န္ေကာ၏ မ်က္လုံးမ်ားက နီရဲသြားသည္။ သူက ျပတင္းေပါက္၏ အျပင္ဘက္ကို ၾကည့္ရန္ ေခါင္းကို လွည့္လိုက္ၿပီး တုန္ယင္ေနေသာ အသံျဖင့္ ေျပာလိုက္သည္ :

" အခုမွ ဘာကို ေနာင္တရေနတာလဲ။ ဒီအတိုင္း ေမာင္းလိုက္ေတာ့!"


က်န္းဝူသည္ သူ႔အေဖ အမုန္းဆုံးလူက သူပဲဆိုတာ သိ၏။ ေနာက္ဆုံးေတာ့ သူသည္ သူ႔ကိုယ္သူေတာင္ ခြင့္မလႊတ္နိုင္ေပ။ သူ၏ ေလာဘႏွင့္ စြဲလမ္းမွုေၾကာင့္ သားျဖစ္သူ ဆယ္ေက်ာ္သက္အရြယ္တြင္ အသက္ဆုံးရွုံးခဲ့ရသည္။

ကံမေကာင္းစြာျဖင့္၊ ေနာင္တရရန္ အခ်ိန္ေႏွာင္းသြားခဲ့ၿပီ!

*

အေဝးေျပးလမ္းမႀကီးေပၚရွိ ၿမိဳ႕မွ Shanbo (ရွန္းေပၚ) ခရိုင္သို႔ ေရာက္ရန္ တစ္နာရီသာ ၾကာသည္။ က်န္းက်န္ေကာသည္ တြဲဖက္ယာဥ္ေမာင္းေနရာတြင္ ထိုင္ၿပီး၊ စကားမေျပာခ်င္သျဖင့္ ျပတင္းေပါက္ အျပင္ကို တိတ္တဆိတ္ ၾကည့္ေနခဲ့သည္။

လင္းခ်င္းယင္သည္ သူ(မ)၏မ်က္လုံးမ်ားကို မွိတ္ထားကာ လိပ္ခြံေလးကို ကိုင္ထားေသာ္လည္း ေက်ာက္စိမ္းအတြင္းရွိ ဝိညာဥ္စြမ္းအင္မ်ားကို စုပ္ယူနိုင္ရန္ လိပ္ခြံေလးကို ကူညီေပး‌ေနသည္။

ဒီျမင္ကြင္းကိုျမင္ေတာ့ ဖက္တီးဝမ္သည္ သူက မည္သူႏွင့္မၽွ စကားမေျပာနိုင္သည္ကို သိလိုက္သည္။ ထို႔ေၾကာင့္ သူ၏ဖုန္းကို ထုတ္ၿပီး WeChat ကို တိတ္တိတ္ေလး ဖြင့္လိုက္သည္။

သူခ်ိန္းဆိုထားသည့္ Wechat အဖြဲ႕အျပင္၊ သူသည္ ထူးဆန္းေသာ က်န္းမာေရးဗဟုသုတမ်ားႏွင့္ 'ကမၻာႀကီးကို တုန္လွုပ္ေစသည္' သို႔မဟုတ္ 'ျမန္ျမန္ၾကည့္လိုက္ပါ၊ မၾကာခင္ ပယ္ဖ်က္ေတာ့မည္' ဟူေသာ ေခါင္းစဥ္အတုမ်ားျဖင့္ ရိုးရာယဥ္ေက်းမွုဖလွယ္သည့္အဖြဲ႕ကိုလည္း ဖြဲ႕ထားသည္။

သူ၏ပို႔စ္ကို အႀကိမ္အနည္းငယ္ ဖတ္ၿပီးသည့္ေနာက္တြင္၊ သူသည္ ပေဒသရာဇ္ အယူသီးမွုမ်ားေၾကာင့္မဟုတ္ဘဲ ေကာလာဟလမ်ားပ်ံ႕ႏွံ့ျခင္းေၾကာင့္ မၾကာမီတြင္ သူ၏အဖြဲ႕ကို ဖ်က္ပစ္လိုက္ရမည္ဟု ခံစားခဲ့ရသည္။

ေဖာက္သည္မ်ားကို ဤလုပ္ငန္းသို႔ ေခၚေဆာင္ရန္ အမွန္တကယ္ပင္ ခက္ခဲလွပါသည္!

အခ်ိန္ကုန္လြန္ၿပီး တစ္နာရီအၾကာတြင္ လမ္းၾကမ္းယာဥ္သည္ အေဝးေျပးလမ္းမႀကီးမွ ဆင္းကာ ဆင္ေျခဖုံး‌ေနရာသို႔ တည့္တည့္သြားခဲ့သည္။ သူတို႔သည္ ျမဳံေနေသာ ေတာင္ေပၚသို႔ မေရာက္မီ ေနာက္ထပ္ တစ္နာရီၾကာ ကားေမာင္းသြားခဲ့ၾကသည္။

ဤအခ်ိန္သည္ ေႏြရာသီျဖစ္၍ ျမဳံေနေသာေတာင္ေပၚ၌ ျမက္ပင္မ်ားမရွိေပ။ ငွက္ေတြေတာင္ ျဖတ္သြားၿပီး မေႏွာင့္ယွက္ၾက။ ဖက္တီးဝမ္သည္ ေဗဒင္ေဟာဆိုင္ခန္းငယ္တြင္ ႏွစ္ေပါင္းမ်ားစြာ လည္ပတ္ေနခဲ့သည္။

ဒါေၾကာင့္ သူ႔တြင္ အရည္အခ်င္း မရွိ‌‌ေသာ္လည္း၊ လိမ္လည္ေကာက္က်စ္ေသာ စာအုပ္မ်ားကို အမ်ားႀကီး ဖတ္ဖူး၏။ သူက သဲမ်ားျပည့္ေနသည့္ ျမဳံေနေသာ ေတာင္ကုန္းမ်ားကို ၾကည့္ၿပီး လင္းခ်င္းယင္ ကို ေမးလိုက္သည္ :

"ဆရာသခင္၊ ဒါက အသက္ပါျခင္းမရွိလို႔ ေခၚတဲ့ ဒ႑ာရီဆန္ဆန္ ေနရာပဲ မဟုတ္လား"

လင္းခ်င္းယင္က ေခါင္းညိတ္ျပၿပီးေနာက္ လွည့္ၾကည့္ကာ က်န္းဝူကို လက္မေထာင္ျပလိုက္သည္ :

"ဒီလို အဆိပ္ရွိတဲ့ေနရာကို ရွာရတာ တကယ္ မလြယ္ဘူးပဲ"

က်န္းဝူ၏ မ်က္ႏွာမွာ ရွက္စိတ္ျဖင့္ နီရဲသြားသည္။ ဒါေပမဲ့ က်န္းက်န္ေကာ၏ စိမ္းစိမ္းဝါးဝါး မ်က္လုံးမ်ားနဲ႔ ရင္ဆိုင္လိုက္ရေသာအခါ၊ သူ႔ကိုယ္သူ ခုခံကာကြယ္မွု မျပဳနိုင္ခဲ့ေပ :

"ဒီေနရာက စြန႔္ပစ္ထားတဲ့ေျမလို႔ ဆရာသခင္ဝမ္ က မေျပာခဲ့ဘူး။ သူက ေနရာကို ျပင္းထန္တဲ့ေနရာလို႔သာ ေျပာခဲ့တာ။ ကၽြန္ေတာ္တို႔လက္ကို နည္းနည္းေရႊ႕ထား သေရြ႕ေတာ့ ဒီေနရာရဲ့ ျပင္းထန္တဲ့ စြမ္းအင္ေတြနဲ႔ ကံၾကမၼာကို ရနိုင္မွာတဲ့"

လင္းခ်င္းယင္သည္ သူ(မ)၏ လၽွာကို ႏွစ္ႀကိမ္ေလာက္ ေျဖာက္ခနဲ ျမည္သံ ျပဳလိုက္ၿပီး က်န္းဝူကို ၾကည့္လိုက္သည္။ သူ(မ)က ေခါင္းခါလိုက္ၿပီး :

"တကယ္ေတာ့ ရွင့္ရဲ့ မူလဘဝက မဆိုးဘူး။ ရွင္က
ႏွစ္အနည္းငယ္ၾကာေအာင္ ျဖည္းျဖည္း မွန္မွန္နဲ႔ ဝီရိယရွိရွိ လုပ္ေဆာင္ဖို႔သာ လိုအပ္တာ။ ရွင္က အခုေလာက္ မခ်မ္းသာေပမဲ့၊ ရွင့္ရဲ့ဘဝက သာမန္လူေတြထက္ ပိုေကာင္းလာလိမ့္မယ္"

ေခါင္းယမ္းလိုက္ၿပီးေနာက္ လင္းခ်င္းယင္ ၏ မ်က္လုံးမ်ားသည္ သူ၏မ်က္ႏွာေပၚသို႔ တစ္ဖန္ျပန္က်လာ၏ :

"သနားစရာပဲ၊ လူတစ္ေယာက္ရဲ့ ႏွလုံးသားက ဆင္တစ္ေကာင္ကို မ်ိဳဖို႔ႀကိဳးစားေနတဲ့ ေႁမြတစ္ေကာင္လို မတင္းတိမ္နိုင္ဘူး!"

က်န္းဝူ၏မ်က္ႏွာသည္ ပို၍ပင္ နီရဲလာသည္။ သူသည္ ေနာက္ထပ္ စကားတစ္ခြန္းမၽွ မေျပာဝံ့‌‌ေပ။ သူသည္ ရိကၡာမ်ိဳးစုံပါရွိေသာ အိတ္ႀကီးတစ္လုံးကို ကားေနာက္ခန္းထဲမွ ထုတ္လိုက္သည္။

က်န္းမိသားစု၏ ဘိုးဘြားပိုင္ သခၤ်ိဳင္းသည္ ဤျမဳံေနေသာ ေတာင္ထိပ္ေပၚတြင္ တည္ရွိသည္။ ေလက အလြန္ပင္ ေအးစက္လ်က္။

အေႏွးနဲ႔အျမန္ဆိုသလို က်န္းမိသားစု၏ သားသမီးမ်ား ဒုကၡေရာက္လိမ့္မည္။ က်န္းဝူ၏ သားႏွင့္သမီးသာမက က်န္းက်န္ေကာ၏ ဝမ္းကြဲမ်ား၏ သားေျမးမ်ားပင္ ထိခိုက္လိမ့္မည္။ ေနာက္ဆုံးေတာ့ သူတို႔မိသားစု၏ ဘိုးေဘးမ်ားကို ဤေနရာတြင္ ျမႇုပ္ႏွံခဲ့သည္။

လင္းခ်င္းယင္သည္ ေတာင္ႏွင့္ မနီးမေဝးတြင္ တူညီေသာ အေဆာက္အအုံ ေလးလုံးကို ေတြ႕လိုက္ရသည္။ အေဆာက္အအုံ၏ ေခါင္မိုးေပၚတြင္ ဓားတစ္ေခ်ာင္းကို အလွဆင္ထား၏။ ဓားသြားမ်ားသည္ က်န္း မိသားစု၏ သခၤ်ိဳင္းဆီသို႔ ဦးတည္ေနၿပီး မူလက မေကာင္းေသာ ဖုန္းေရႊကို အနည္းငယ္ ေဒါသပိုထြက္ေစသည္။

လင္းခ်င္းယင္က က်န္းဝူကို ေခၚၿပီး အေဆာက္အအုံေပၚရွိ အလွဆင္ထားမွုကို လက္ညိဳးထိုးျပၿပီး ေမးလိုက္သည္ :

"သခၤ်ိဳင္းကို ေရႊ႕တုန္းက အဲဒီ အေဆာက္အအုံေတြ ေဆာက္ခဲ့တာလား"

က်န္းဝူက သနားစဖြယ္ေကာင္းစြာ ေခါင္းညိတ္ျပလိုက္သည္ :

"ဟင္း... ဆရာသခင္ဝမ္က ဒီအေဆာက္အအုံေတြက ေရႊကိုကိုယ္စားျပဳၿပီး၊ ေရႊေလးခုက ခ်မ္းသာႂကြယ္ဝမွုကို တိုးတက္ေစနိုင္တယ္လို႔ ေျပာပါတယ္"

လင္းခ်င္းယင္သည္ ဤမယုံနိုင္စရာ မွတ္ခ်က္ေၾကာင့္ ရယ္ေမာမိသြားသည္။ က်န္းဝူ၏ မ်က္ႏွာသည္ ေဖ်ာ့ေတာ့သြား၏။ သူသည္ ႐ူးမိုက္ေနလၽွင္ေတာင္မွ ဒီစာေၾကာင္းက သူ႔ကိုလွည့္စားရန္ ဆရာသခင္ဝမ္က ဖန္တီးထားသည္ကို သိလိုက္သည္။


....................



Continue Reading

You'll Also Like

163K 6.8K 83
A girl whom I thought as my best friend standing before me with a knife to kill me. She stabbed the knife onto my chest and told me "He will not like...
128K 12.9K 32
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...
622K 9.6K 48
Lost, Lose (Loose Trilogy #1) She's a girl of hope, Lisianthus Yvonne Vezina. A teen-year-old girl who focused on her goal... to strive. But everyth...