Light on me

By Chochoyaminhlaing

41.6K 3.2K 74

ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင် မည်သူနဲ့မျှစစ်မဖြစ်လို🤍 More

Intro 1
Intro 2
1:1
2:2
3:3
4:4
5:5
6:6
7:7
8:8
9:9
10:10(❣)
11:11
12:12
13:13
14:14
15:15
16:16
17:17
18:18
Hi
19:19
20:20
21:21
💭
22:22
23:23
25:25
26:26
The end

24:24

1.2K 80 5
By Chochoyaminhlaing

Jin Hyungရဲ့ သတိပေးချက်အရ ကူးငယ်တစ်ယောက် မနက်အစောကြီးနိုးလာကာ အတတ်နိုင်ဆုံးCuteဖြစ်အောင်ပြင်လေတော့သည်။

အပြာနုရောင်ဟူဒီလေးကိုရွေးချယ်လိုက်ပီး အဖြူရောင်ဘောင်းဘီအတိုလေးဖြင့် သူ့ကိုယ်သူ မှန်ထဲ ကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်မိသည်။

တကယ်ပါပဲ လူဆိုးကြီးက ဒီလိုနုရွတာတွေနဲ့ မလိုက်မဖက်။ဟူဒီရဲ့ခေါင်းစွပ်လေးစွပ်ကာ ကားသော့လေး ဆွဲရင်း အရောင်းရှိမယ်ဆိုတဲ့ ကိုကို့ showroomသို့ လစ်ရန်အသင့်ပင်။

ကူးငယ်ဟာ အရင်ကထပ်များစွာ လက်ဆတ်နေတဲ့လူငယ်လေးလို။တကယ့်သူ့အသက်က၂၄နှစ်စွန်းစွန်းကလေးလေးပါပဲ။

အိမ်ထဲကမထွက်ခင် သူ့ရဲ့အိမ်ကိုဝေ့ဝဲ ကြည့်မိသည်။ငယ်စဥ်ထဲက တစ်ယောက်ထဲ ဖြတ်သန်းခဲ့သည်မို့ တိတ်ဆိတ်နေသည်က သူ့အတွက်သာမန်ပါပဲ။

ဧည့်ခန်းအလယ်မှာ ချိတ်ဆွဲထားတဲ့မေမေနဲ့ဖေဖေပုံက သူ့ကိုရယ်ပြနေသည်။ သူထောင်ကျသည့်သတင်းကိုမေမေဟာကြားပီး နှလုံးသွေးတို့ပြောင်းပြန်စီးကာ လောကကြီးမှ ထွက်သွားပြီတဲ့လေ။

ဖေဖေဆိုရင်လည်း နဂိုထဲက အဝေးမှာမို့ မမျှော်လင့်မိပါ။

မေမေကသူ့အတွက်အကုန်ဖြည့်ဆည်းပေးခဲ့သည်။အမွေတွေလည်းတစ်ယောက်ထဲအတွက်မသေခင်ထဲက အကုန်လွှဲပြောင်းပေးခဲ့သည်တဲ့လေ။

မလိမ်မာတဲ့ကူးငယ်လေးကို မေမေက နောက်ဆုံးအထိ ချစ်ပြသွားခဲ့တာပါပဲ။

ဝဲတက်လာတဲ့မျက်ရည်အချို့ကိုသုတ်ပစ်ပြီး မေမေ့အားလက်ပြနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။

စနစ်တကျစီတန်းထားသော ရောင်စုံကားလှလှလေးတွေကလည်းသွားလေသူမေမေဝယ်ထားခဲ့ပေးတာတွေချည်းပဲတဲ့လေ။

.......................

မနေ့ကMeetingကိစ္စကိုခေါင်းကိုက်နေ၍ ၇နာရီကျော်မှ အိပ်ရာနိုးလေတော့သည်။

အရောင်မကြိုက်တဲ့အကြောင်းပြချက်ကို ဝန်ထမ်းလေးများက မျက်နှာမဲ့ကြသည်။

တစ်ပတ်အတွင်းရောင်းထွက်စေရမည်ဟု ကတိ အပြန်အလှန်ပေးကာ Meetingကိုအဆုံးသတ်စေခဲ့သည်။

သူကတစ်ကိုယ်ကောင်းဆန်သတ်မှတ်လိုက်တာမဟုတ်ရပါဘူး။အရာရာကို တိတိကျကျနဲ့ စနစ်တကျလုပ်စေချင်တာ။

ကားအများကြီးထုတ်လို့တစ်စီးတစ်လေအရောင်လွှဲမှားသွားတာကိုသူခွင့်လွှတ်ပါတယ်။

အခုဟာ နှစ်စီးထဲမို့ကို တလွဲလုပ်လိုက်ခြင်းကိုသူမကျေနပ်ရခြင်း။

''Jimin ထတာနောက်ကျတယ်ရော''

''ညက နည်း''နောက်ကျသွားလို့ Hyung Coffeeထည့်ပေးပါဦး''

''အင်း...အခုတလောအဆင်ပြေရဲ့လား''

''ပြေပါတယ် ကားကိစ္စကနည်းနည်းလေးလွဲသွားလို့''

''ဟုတ်ပါပီ''

Coffee သောက်ရင်း မနေ့က ကားကိုအတင်းဝယ်နေသော ကလေးတစ်ယောက်ကို မြင်ယောင်မိသည်။

သူ့စိတ်ကူးထဲက ကလေးငယ်လေးနဲ့သိပ်တူတာပဲ။အိပ်မက်ထဲက ကလေးငယ်လေးများလားလို့တောင်အတွေးဝင်မိသည်။

ချစ်စရာဟန်ပန်နဲ့အပြစ်ကင်းမှုတွေကိုသူကသိပ်သဘောကျတတ်တဲ့လူကြီးလေ။

ကလေးလေးတွေကိုသိပ်ချစ်တတ်တဲ့လူကြီးပါပေါ့ကွယ်။

မနက်စာစားပီးသည်နှင့်အိတ်ကိုဆွဲကာ အလုပ်ကိုထွက်ခဲ့တော့သည်။နောက်ကျနေပြီမို့ အလောတကြိးပင်​။

ဒီနေ့မှ အသကုန်ပိတ်နေတဲ့ မီးပွိုင့်တွေကိုလည်း စိတ်ထဲ ကျိန်ဆဲမိသည်။

သူ့ကိုယ်သူသတိထားမိသည်ကအခုတလော သူဟာဒေါသကိုထိန်းမရသိမ်းမရကြီးလာလေသည်။

ကားမီးပွိုင့်စောင့်နေစဥ် ဖုန်းကမြည်လာသည်။

''Hello Seok ပြောလေ''

''....''

''သိပ်အား''

''...''

''Date သာပြော''

''...''

''Ok okအခုတလောကျန်းမာရေးကအဆင်ပြေလာတော့ သောက်ရက်ဆက်လည်းဘာမှမဖြစ်ဘူး မနေ့ကသောက်ထားတဲ့အရှိန်ကတော့အခုထိမူးနောက်နောက်ဖြစ်နေတုန်း''

''...''

''ဟုတ်တယ် အလုပ်သွားနေတာ အားရင်လှည့်ခဲ့ဦး ကားအသစ်ပြမလို့ စိတ်တိုင်းမကျလို့ တဝက်စျေးနဲ့ပေးပစ်မယ်bro''

''...''

''ဒါပဲဗျာSee you''

တဖတ်မှအသံသည်ကြည်ကြည်လင်လင်ရှိလှသည်။ဘေးနားကမျက်လုံးအဝိုင်းသားနဲ့အားစိုက်နားထောင်နေသော လူကို လည်းကြည့်ရ​သေးသည်။အသံလေးကြားရုံဖြင့်မေ့နေသလားပဲ။

''Hyungကျွန်တော်တို့သွားကြမလား''

''မင်းလည်းနော်''

''Hyungကျွန်တော့်ကိုကတိတစ်ခုပေးမလား''

''ဘာလဲပြောစေဗျာ''

''ကိုကို့ကို ကျွန်တော်နဲ့ပတ်သက်တဲ့အတိတ်အကြောင်းမပြောပါနဲ့နော် ကျွန်တော် စိတ်သစ်လူအသစ်နဲ့သူ့ကိုထပ်ချစ်မှာ''

''ကြိုးစားကြတာပေါ့''

ကားလေးသည် Company areaအတွင်းသို့ လှလှပပလေးကွေ့ဝင်သွားခဲ့လေတော့သည်။ဒီနေ့ကFridayမို့ အားလုံးကို လွတ်လွတ်လပ်လပ်ပေးဝတ်ဆင်ထားကာ သူသည်လည်း အပေါ့ပါးဆုံးဝတ်ဆင်ထားလေသည်။

သူ့ရဲ့ပထမဦးဆုံးခြေလှမ်းသည် မနေ့ကဝယ်မည်လို့ပြောသွားပါသော ကားလေးဆီသိူ့။

သူ့ရဲ့သိစိတ်က ကားလေးကိုရောင်းချင်နေတာပါဆိုရင် သူ့ရဲ့မသိစိတ်ကတော့ ကူးငယ်လေးကိုတွေ့ချင်လို့သာ။

တွေ့ပါပီ။ချစ်စဖွယ်လူသားက ဧည့်တွေ့ခုံမှာထိုင်နေရင်းဖုန်းသုံးနေသည်။သူ့ရဲ့ရင်ခုန်သံဟာလည်းနည်းနည်းမြန်လာသလို။မညာတမ်းဆိုရပါက ရင်ခုန်မိပါသည်။ပထမဦးဆုံး အဦးဆုံးရင်ခုန်သံဟာ ထိုကလေးပဲ ဖြစ်ပါလေစ။သူမသိခဲ့ခြင်းက အတိတ်ကသူသည်လည်း ကူးငယ်အား ပထမဆုံးရင်ခုန်ခဲ့ဖူးပါသည်။

''ကဲ လူကြီးမင်းက အစောကြီးရောက်နေပါလား''

ကိုကိုဟာ အရင်ကနဲ့မတူပဲ ဖော်ဖော်ရွေရွေ နဲ့ဆိုလာသည်။အညိုရောင်ရှပ်လက်တိုနဲ့မို့ လူကြီးတစ်ယောက်နဲ့ပိုတူနေကာ အမူအရာတွေ အပြုအမူတွေ အပြုံးတွေက အစ ရင့်ကျက်တည်ငြိမ်နေတဲ့သူကြီးဖြစ်လာသည်။သိူ့သော်လည်းဒါတွေဟာ ကူးငယ် ထပ်မံငေးမောနေရဆဲ ဖြစ်တဲ့ ကဗျာ အသစ်လှလှလေးပင်။

''ငေးမနေနဲ့ ပြောပါဦး ကိုယ်စိတ်တိုင်းမကြိုက်တဲ့ကားကို မင်းလေးက ဘာလို့အတင်းလိုချင်''

''ကိုကို ကိုယ်တိုင်ထုတ်ထားတာမို့လေ''

ကလေးပေါက်စကသူ့အားကိုကိုဟုသုံးနှုန်းခေါ်သွားသည်မှာတစ်ကြိမ်မကတော့ပေ။လူကြီးတွေက ကိုကိုလို့ခေါ်ရင်လည်း ကြိုက်ကြပါသည်။ဟန်မဆောင်နိုင်အောင်ပြုံးလို့ဖြီးလို့။

''ကိုကို က တို့ကို... ခေါ်တာလား''

သူ့ကိုယ်သူလက်ညှိုးလေးထိုးကာ မျက်လုံးလေးပင့်ပြောနေပါသော ဇွတ်လူကြီးလေးအား အသဲတယားကိုင်ပေါက်ချင်စိတ်တွေက တဖွားဖွား။Jin Hyungရဲ့စကားတွေက ထပ်ခါထပ်ခါပြန်ကြားလာရသည်မို့ ဇွတ်ကလေးလေးသည်လည်း စိတ်ကိုငြိမ်အောင်ပြန်ထိန်းထားရသည်။

''ဟုတ်တယ်လေ ကူးငယ်ထပ် ကြီးတော့ ကိုကိုပေါ့''

''ကူးငယ်တဲ့လား အသက်ကရော ဘယ်လောက်လဲ ''

''လူကြီးက ကားရောင်းမှာလား ဧည့်စစ်မှာလား''

''ကိုယ်မေးတာပဲဖြေပါ ကိုယ်မရောင်းရင်မင်းဝယ်လို့မရပါဘူး''

''၂၄နှစ်ဗျ''

''၂နှစ်ငယ်တဲ့ကူးငယ်လေးပေါ့''

''ဟုတ်ပါပီ လူကြီးရယ် ကားရဲ့စျေးသာပြောပါတော့ ရောင်းချင်စိတ်ရော ရှိပါရဲ့လားဗျ''

''ကူးငယ်ရဲ့ရုပ်ခံလေးကြောင့် ချစ်စျေးနဲ့ရောင်းလိုက်မယ်''

ကိုကိုအပြောကြောင့် ကူးငယ်ဟာ ပါးစပ်အဟောင်းသားဖြစ်သွားလေတော့သည်။ကိုကိုဟာဒီလိုစကားပြောပုံဆိုပုံတွေကိုဘယ်ကနေဘယ်လိုများတတ်လာရပါသလဲသိချင်မိပါသည်။ကူးငယ်က ကိုကို့ကို ပြန်လိုက်ဖို့စဥ်းစားနေတာပါ။အခု ကိုကိုက အရင်လမ်းခင်းနေသလို....ဟီး။

''ပြောကြည့်စျေးကို''

''သိန်းပေါင်း1500 ''

.................................

''Taeနေလို့အဆင်ပြေရဲ့လား''

တဖက်မှအိမ်ပိုင်ရှင်လေးသည်ဧည့်သည်လေးဖျားနေသည်ဆိုတဲ့သတင်းကြားတော့အပြေးရောက်ချလာပါသည်။

ကြိုက်တတ်တဲ့အရာလေးများကိုထုတ်ပိုးထားသော အထုတ်ကြီးငယ်တို့ကို ကုတင်ဘေးချရင်း ကုတင်ထပ်မှ ဆံပင်ကောက်ကွေးကွေးကောင်လေးအား ဂရုဏာစိတ်ဖြင့်ကြည့်မိသည်။

အသိမရှိပဲတစ်ယောက်ထဲစွန့်စားလာကာ အခြေချနေထိုင်နေတဲ့ကောင်ငယ်လေးဟာ စိတ်နည်းနည်းလေးပင် အထိခိုက်မခံ။တစ်ခုခုဖြစ်တာနဲ့Taeဟာ ဖျားတတ်သည်။

အခုလည်း ပန်းချီကားလေးများ Min Holly ရဲ့ရှူးပန်းမှုကြောင့် ပျက်စီးသွားခြင်းအပေါ် သူပြိုလဲခဲ့သည်။Min Hollyရဲ့ဖေဖေဟာလည်း စိတ်ဆိုးစွာ Min Hollyအား နေ့လည်ခင်း အစာဖြတ်ထားတော့သည်။

''Taeဘာစားချင်နေမှန်းမသိလို့ ကိုယ်က ကြိုက်တတ်တာတွေ အကုန်ဝယ်ခဲ့တယ် ညနေခင်းမသက်သာရင် ဆေးခန်းသွားရအောင်''

''Taeမသွားချင်ဘူး''

''Taeရယ် Hollyကိုလည်းဆူပြီးပါပီ ကိုယ်လည်းအများကြီးတောင်းပန်ပါတယ် Taeကမေ့ပျောက်ပီး အသစ်ကပြန်ဆွဲပေါ့ ကိုယ်လိုအပ်တာအကုန်ဝယ်ပေးပါ့မယ်''

''အသစ်ဆွဲဖို့လွယ်မလားHollyဖေဖေရဲ့''

Holly ဖေဖေကစကားအများကြီးပြောနေခဲ့ပေမယ့် ကောက်ကွေးနေသော ကောင်လေးသည် မျက်စောင်းတစ်ချက်ထိုးကာ တစ်ဖက်လှည့်ရင်းကောက်သွားပါတော့သည်။

နားလည်ရခက်သော ကဗျာ

လိုက်မမှီနိုင်သော စာ

Min Hollyဖေဖေသည် ချော့မော့ရန်စကားရှာဖွေရင်း ညနေစောင်းသည်အထိ ကောက်ကွေးလေးရဲ့ ကုတင်ဘေးတွင် အိပ်ပျော်သွားလေတော့သည်။


12.10.2023🤍

Happy Birthday pr ဇွတ်လူကြီးလေးရေ🤎







Continue Reading

You'll Also Like

882K 20K 48
In wich a one night stand turns out to be a lot more than that.
190K 6.7K 95
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
131K 4.6K 39
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
267K 9.3K 106
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...