Impersonator Lover (complete)

Af BlackRoseTK93

93.6K 8.3K 823

Jeon Jungkook Kim Taehyung Mere

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
Final

17

2K 192 23
Af BlackRoseTK93

မနက်ခင်း အလုပ်သွားဖို့ပြင်ဆင်ကာ အိပ်ပေါ်ကဆင်းလာတဲ့ Taehyung.မနက်စာပြင်ဆင်ပြီးစောင့်လို့နေတဲ့ Jungkook..

Taeyung စားပွဲနားသို့ရောက်လာချိန် Jungkook မှာ ညကအခြေအနေကိုသာ ပြန်သတိရလို့ရင်တွေပြန်ခုန်လာပေမယ့် Taehyung ကတော့သူ့ကိုပြုံးပြကာ စားပွဲမှာထိုင်လို့ သူလုပ်ပေးတဲ့ ပေါင်မုန့်မီးကင်ရယ် နွားနို့ရယ်ကိုသောက်ဖို့ပြင်နေသည်..

" morning Jungkook ငါညက "

ည ကလို့ပြောလိုက်ချိန်မှာ ထိုင်ဖို့ပြင်နေတဲ့ Jungkook မှာ ကုန်းကုန်းကြီးရပ်လို့သွားကာ Taehyung ကိုလမ်းကြည့်လိုက်သည်..

" ငါညက Taxi နဲ့ အစောကြီးပြန်သွားတာ မင်းရောဘယ်ချိန်ရောက်လည်း "

Taehyung ပြောလိုက်တဲ့စကားကြားမှသာ Taehyung ကိုပြုံးပြလို့ ထိုင်ခုံဆွဲကာ ထိုင်လိုက်ပြီး မနက်စာစားဖို့လုပ်ရင်း Taehyung ကိုကြည့်နေမိသည်..

" အင်း ဟုတ်တယ် ငါက နည်းနည်းနောက်ကျမှပြန်ရောက်တာ "

သူ့ရှေ့မှာ နွားနို့သောက်ကာ နှုတ်ခမ်းပေါ်ပေနေတဲ့ နွားနို့စလေးကို လျှာဖြင့်သပ်လိုက်ချိန် Jungkook ရဲ့အကြည့်တို့က ထိုနှုတ်ခမ်းလေးစီရောက်မိပြန်တော့နေရင်းထိုင်ရင်း တံတွေးမြိုချနေမိသည်..

" Jungkook နေမကောင်းလို့လား "

နေမကောင်းလို့လားလို့ ပါးစပ်ကလည်းမေးသလို ထိုင်နေရာကနေထကာ Jungkook ရှေ့ကိုယ်တပိုင်းကုန်းကာ နဖူးကိုလက်ကလေးနဲ့ စမ်းကြည့်လိုက်တဲ့ Taehyung ​ကြောင့် မျက်နှာခြင်းဆိုင်အနေအထားမှာ ရည်းစားတခါမှ မထားဘူးတဲ့ jungkook တယောက်ရင်ခုန်ကာ တံတွေးတွေမြိုချမိနေပြန်တယ်..

" လည် လည်ပင်းနားနေတာ "

" ဟုတ်လား တော်တော်နာနေလား ရေနွေးသောက်လေ နွားနို့မသောက်နဲ့တော့ ခဏလေးငါလုပ်ပေးမယ် "

စားနေတာက်ိုရပ်လိုက်ပြီး ထိုင်ခုံကနေထကာ ရေနွေးလုပ်ပေးနေတဲ့ Taehyung..Taehyung လုပ်သမျှ ထိုင်နေရာကနေ လှည့်ကာလိုက်ကြည့်နေရင်း ထကာ Taehyung နားသွားလို့

"Taehyung ရတယ် ငါ့ဘာသာလုပ်လိုက်မယ် "

" ငါဒီလောက်တော့လုပ်ပေးလို့ရတယ်မဟုတ်ဘူးလား မင်းကို "

" ဟင် အင်းးး ရ ရပါတယ် "

ရပါတယ်သာပြောတာ အနားကမခွာသေးတဲ့ Jungkook ကို Taehyung ပြန်လှည့်ကြည့်ကာ

" ထိုင်နေလေ "

" အင်း "

" ရော့ နည်းနည်းတော့ပူသေးတယ် ဖြေးဖြေးခြင်းသောက် အဲ့နွားနို့မသောက်နဲ့တော့ ခဏလေးငါဆေးသွားယူလိုက်အုံးမယ် "

ထိုင်နေရာကနေ ထထွက်သွားပြန်ကာ ဆေးသွားယူနေပြန်တဲ့ Taehyung ကြောင့် လည်ပင်းမနာသော်လည်း ဂရုစိုက်ခံနေရတာနဲ့တင် လည်ပင်းတောင်မသက်သာစေချင်တော့တဲ့အဖြစ် ပြုံးပြုံးကြီးနဲ့ Taehyung လုပ်သမျှလိုက်ကြည့်နေမိတော့သည်..

" ရော ဒီဆေးကို​ရေနဲ့သောက် ..ပြီးတော့ ဒီနေ့ ငါမင်းနဲ့လိုက်ခဲ့မယ် ခုချိန်ဆို ငါကားမမှီတော့ဘူးအဆင်ပြေတယ်မဟုတ်လား "

" ပြေတယ် အရမ်းအဆင်ပြေတယ် "

မုန့်စားနေရင်း Jungkook ပြောတဲ့စကားကြောင့် Taehyung မှာ မျက်လုံးလေးလှန်ကာကြည့်လိုက်တော့ သူ့ကိုပြုံးပြလို့နေတဲ့ Jungkook ကြောင့် သူလည်းပြုံးလိုက်မိတော့သည်..

....🐰🐯

ကားပေါ်ရောက်တော့ ipad နဲ့ ဆွဲထားတဲ့ ဒီဇိုင်းပုံတွေကြည့်နေတဲ့ Taehyung..Jungkook ကတော့ ကားလည်းမောင်းရင်း Taehyung ကိုလည်း လှည့်လှည့်ကြည့်ရင်းပေါ့..

" Taehyung ဒီတခေါက် ဒီဇိုင်းကိုဘယ်လိုစဥ်းစားထားလည်း "

" ပြောပြပါဘူး ဘာလို့ပြောပြရမှာလည်း "

" အရိပ်အမွှတ်လေးပေါ့ "

" ဟား CEO ဆိုတာနဲ့ပြောပြရရောလား နိုးပါ "

" ဟုတ်ပါပြီ ကပ်စေးနဲတာ "

" Jungkook "

" အင်း ​ပြောလေ "

" မင်းနဲ့ ဟိုတယောက်နဲ့က အရမ်းရင်းနှီးတာလား "

" အင်း ဟုတ်တယ် ငယ်ငယ်ထဲကသူငယ်ချင်းတွေလေ "

" omma တို့နဲ့လည်းသိမှာပေါ့ "

" သိတာပေါ့ omma က သမီးမိန်းကလေးအရမ်းလိုချင်ခဲ့တာလေ အဲ့တာသူအိမ်လာပြီဆို သူကသမီးငါက တစိမ်း "

" အော် အင်း...Jungkook ဟိုနားမှာရပ်လိုက်တော့ ရပြီ ငါအဲ့နားမှာပဲဆင်းတော့မယ် "

" ဘာလို့လည်း ကားပါကင်ထိလိုက်လို့ရတယ်လေဘယ်အလုပ်သမားမှ ကားနဲ့လာတာမရှိဘူးလေ "

" ရတယ် ငါအဲ့မှာပဲဆင်းတော့မယ် "

Jungkook ကားရပ်ပေးလို​က်တော့ ကားပေါ်ကဆင်းကာ အနီးနားကကော်ဖီဆိုင်ထဲဝင်လို့သွားတဲ့ Taehyung.

....🐰🐯

ကုမ္မဏီကားပါးကင်ထဲ ရောက်တဲ့ထိ Jungkook ဘာကြောင့်လည်းဆိုတာစဥ်းစားမရ.. ဓာတ်လှေကားထဲရောက်တဲ့အထိ ဆက်စဥ်းစားနေဆဲ..သူ့ကိုလာကြိုတဲ့ မန်နေဂျာ Hobi တောင်မေးယူရတဲ့အထိကို သူ့အတွေးထဲမျောနေခဲ့တာ

" CEO ဘာတွေစဥ်းစားနေတာလည်း "

" Hyung Taehyung က အိမ်မှာကျွန်တော်နဲ့ မုန့်စားပြီးသားကို ဘာလို့ကော်ဖီနဲ့မုန့်ဝယ်နေတာလည်း သူမဝလို့လား "

" မင်းမသိဘူးလာ ဟိုနှစ်ကောင်အတွက်လေ.. ဟိုကလေးနှစ်ယောက်က နယ်ကနေအလုပ်လာလုပ်ကြတာ ချိုးခြံခြွေတာပြီး မနက်စာမစားကြလို့ သူက မနက်တိုင်းဝယ်ကျွေးနေတာလေ "

" သူကလား.. သူကရော ပိုက်ဆံဘယ်လောက်ရှိလို့လည်း "

" မင်းတယောက်လုံးရှိနေတာ Taehyung မှာလည်းပိုက်ဆံရှိမှာပေါ့ "

" သူက ကျွန်တော်ပေးထားတဲ့ ကတ်တွေကော အမေပေးတဲ့ ကတ်ရော ခုထိတပြားမှမသုံးဘူး.Hyung ရ Taehyung က တကယ်နားလည်ရခက်တယ် "

" တချိန်တော့ မင်းနားလည်သွားမှာပါ ခုတော့သူဘာကြောင့်အဲ့လိုလုပ်နေလည်း ဆိုတာသူပဲသိမှာပေါ့ ငါသိတာပြောရမယ်ဆို မင်းနဲ့သူရဲ့ပက်သက်မှုကြောင့်ပဲဖြစ်နိုင်တယ် "

" ကျွန်တော်တို့က ဘယ်လောက်ပဲဟန်ဆောင်ဟန်ဆောင်ပေါ့ဗျာ ဒီလောက်ကြီးကျတော့ "

" ငါပြောသလိုပဲပေါ့ တချိန်မင်းနားလည်မှာပါ "

...🐰🐯

ကုမ္မဏီတခုလုံးက မှန်တွေနဲ့သာ ပြုလုပ်ထားတဲ့ အခန်းတွေဖြစ်တာကြောင့် ရုံးထဲသို့ဝင်လာတဲ့ jungkook ဟာ ဒီဇိုင်းနာအခန်းထဲသို့ ဝင်လာထဲကကြည့်နေလိုက်တာ အခန်းထဲက Taehyung sobin နဲ့ yeonjun ကတော့မသိ..

Taehyung ဝယ်ပေးတဲ့ မုန့်ကိုစားကာပြုံးရယ်နေကြသည်...ရယ်မောနေရင်း Taehyung အကြည့်က ဒီဘက်သိုလှည့်လိုက်ချိန်မှာတော့ Jungkook ကိုမြင်လို့သွားမှသာ ခေါင်းလေးငုံ့ကာအရိုအသေပြုလိုက်တော့ ကျန်တဲ့နှစ်ယောက်ကပါထကာ CEO ကိုအရိုအသေပြုကာ နှုတ်ဆက်ကြသည်..

ထိုအချိန်အနောက်ကရောက်လာတဲ့ wooyoung က Jungkook နားပြေးကပ်ကာ လက်မောင်းကိုချိတ်လိုက်တော့ Taehyung ကလည်းကြည့်နေသေးတာကြောင့် Jungkook မှာလည်း Taehyung ကိုလှမ်းကြည့်လိုက်တော့ ချက်ချင်းမျက်နှာလွဲကာ ဘေးကနှစ်ယောက်နဲ့ စကားပြန်ပြောနေပေမယ့် Taehyung မြင်သွားမှန်း Jungkook သိသည်..

" wooyoung အလုပ်ထဲမှာ အဲ့လိုမလုပ်နဲ့ ငါမကြိုက်ဘူး "

" နင်မကြိုက်လည်းနေပေါ့ ငါကြိုက်တယ်လေ ငါတို့ဘယ်လောက်ရင်နှီးတာ ကုမ္မဏီ တခုလုံးသိတယ် "

" သိလည်းလွှတ်စမ်းပါဟာ သွားတော့နင့်နေရာနင် "

" ဟွန့် သွားမှာသွားမှာ "

Jungkook ဟာ wooyoung ကို နှင်ထုတ်ကာ အကြည့်တို့က Taehyung စီရောက်နေတော့ Wooyoung က မြင်လို့သွားကာ မျက်နှာတချက်မဲ့ကာလှည့်ထွက်လာလိုက်သည်..ဒါကိုတော့ Jungkook မမြင်မိလိုက်..

...🐰🐯

နေ့လည်ထမင်းစားချိန်ရောက်တော့ Jungkook က အခြားကုမ္မဏီက​ဧည့်သည်တွေနဲ့ နေ့လည်စာစားဖို့ ရုံးခန်းထဲကထွက်လို့အလာ Taehyung တို့ကလည်း ထမင်းစားမယ်ဆိုပြီး သူတို့အခန်းကအထွက် အဝနားလောက်မှာတွေ့ကြတော့ Taehyung တို့က အဝမှာရပ်လို့နေပြီး ခေါင်းလေးငုံ့ကာအရိုအသေပေးရင်း Taehyung ဟာ မသိမသာလေး သူ့ လည်ပင်းကို ​လက်ကလေးဖြင့်ထောက်ကာ လည်ပင်းဘယ်လိုနေသေးလည်းဆိုတဲ့မေးသလို လှုပ်ပြလိုက်တော့ Jungkook ကလည်း ဧည့်သည်တွေနဲ့စကားပြောရင်း နားထင်ကိုကုတ်သလိုလိုနဲ့ လက်မလေးထောင်ပြကာ ပြုံးပြလို့နေတော့ Taehyung ကလည်းပြန်ပြုံးပြလိုက်သည်..

sobin " Hyung ဘာတွေပြုံးနေတာလည်း "

" ဟင် ဘာမှမပြုံးပါဘူး "

Yeonjun " လေးလုံး မြင်ချင်တာတွေမြင်မနေနဲ့ ဘယ်မှာပြုံးနေလို့လည်း Hyung က "

....🐰🐯

ညနေရုံးဆင်းတဲ့အထိ Jungkook ပြန်လာတာမတွေ့တာကြောင့် အပြင်ကနေပဲအိမ်တန်းပြန်တယ်ဆိုတာသိလိုက်ပေမယ့် တဖက်ကအလိုက်တသိ Mess ပို့လို့လာသည်..

* Taehyung ငါ အပြင်ကနေပဲအိမ်ပြန်တော့မယ် အဲ့တာလှမ်းပြောတာ *

* အင်း *

သူကသာအကျိုးအကြောင်းလှမ်းပြောသော်လည်းတဖက်ကတော့ * အင်း * တလုံးသာ..

" CEO Jeon ဘာလည်း အမျိုးသားစီ mess ပို့နေတာလား "

" အင်း ဟုတ်တယ် စိတ်ပူနေမှာဆိုးလို့လေ "

" CEO Jeon တို့များချစ်တက်လိုက်တာ ကျွန်တော်တို့လည်း တခါပဲတွေ့ဘူးတော့ CEO Jeon အမျိုးသားကိုအပြင်မှာမြင်ရင်တောင်သိမှာမဟုတ်ဘူး တခါတလေလေး ညစာ​တူတူစားကြတာပေါ့ဗျာ "

" ဟုတ်ကဲ့ပါဗျာ "

မိတ်ဆွေရဲ့ပြောတဲ့ စကားကြောင့် Taehyung ပြောတာကိုတောင်သတိရလို့သွားတဲ့ Jungkook. တကယ်ပဲဘယ်သူမှ Taehyung ကို မမှတ်မိကြဘူးလေ..

....🐰🐯

Jungkook အိမ်ပြန်ရောက်တော့ Taehyung က အရင်ရောက်နေကာ အိမ်နောက်ခန်းရေခဲသေတ္တာထဲ ဘာတွေရှာနေမှန်းမသိရှာလို့နေတာကြောင့် ဆိုဖာပေါ်လက်ဆွဲအိတ်ကိုချကာ ကုတ်အကျီချွတ်ရင်းလှမ်းမေးလိုက်တဲ့ Jungkook..

" Taehyung ဘာတွေရှာနေတာလည်း "

" ဟင် ပြန်ရောက်ပြီလား Jungkook ငါ အသားကင်စားချင်လို့ အဲ့တာ မင်းအသားကင်ပေးမလား.ငါဆလပ်ရွက်ဆေးလိုက်မယ်လေ "

" အင်းကောင်းပြီ "

Taehyung တယောက်ဘေးစင်မှဆလပ်ရွက်လေးတွေဆေးနေချိန် Taehyung ခေါင်းပေါ်က ဗီဒိုထဲကနေ အသားကင်အိုးယူရန်အနောက်ကရောက်လို့လာပြီးလှမ်းယူမလို့တံခါးဖွင့်လိုက်တဲ့ Jungkook ..

Taehyung ကလည်းဆလပ်ရွက်ဆေးပြီးတာ
ကြောင့် ဘေစင်ထဲလက်ကိုခါကာ တဖက်ပြန်အလှည့် သူနောက်တည့်တည့်ရောက်လို့နေတဲ့ Jungkook ရဲ့ရင်ဖက်ကို ရေစိုနေတဲ့လက်တို့ဖြင့် ကိုင်လျက်သား Jungkook ကိုလည်းမော့ကြည့်နေမိသည်..အိုးယူတန်းလန်းJungkook ကလည်းသူ့ကိုငုံ့ကြည့်ကာ..

" sry Taehyung ငါ မင်းမပြီးသေးလောက်ဘူးထင်လို့ "

" အင်းး ရ ရပါတယ် မင်းအကျီတွေ ရေစိုကုန်ပြီ "

" ရပါတယ် ပြီးရင်ချွတ်မှာပဲ "

Jungkook ကင်ပေးတဲ့ အသားကင်ကို ဆလပ်ရွက်လေးနဲ့ထုတ်ကာ ပါးစပ်ထဲပလုပ်ပလောင်းထိုးထည့်ကာစားလို့နေတဲ့ Taehyung..

Taehyung အဲ့လိုစားတိုင်းအမြဲကြည့်နေတက်တဲ့ Jungkook..Taehyung လည်းစားနေရင်း Jungkook ကိုကြည့်လိုက်မိတော့တယောက်နဲ့တယောက် အကြည့်တို့မလွဲကာ ပါးစပ်ထဲက အသား ကင်ကုန်သွားတဲ့ထိတောင် နှစ်ယောက်သားအကြည့်တို့ကမလွဲနိုင်ကာ ကြည့်နေမိသေးတဲ့အထိ..

ထိုအချိန် Jungkook ရဲ့ ဘေးကဖုန်းကထမြည်လို့လာတော့ Taehyung ရဲ့အကြည့်ကလည်း ထိုဖုန်း​စီရောက်လို့သွားကာ ဖုန်း screen ပေါ်က နာမည်ကြောင့် စားစရာရှိတာသာ ဆက်စားနေလိုက်သည်..

ထိုနာမည်ကြောင့်ပဲ Jungkook ကလည်းTaehyung ကိုလှမ်းကြည့်တော့ မသိချင်ယောင်ဆောင်ကာ အစား စားလို့နေတဲ့ Taehyung ကြောင့် သူလည်းဖုန်းကို ယူကာအိမ်​ရှေ့သို့ထွက်လာခဲ့လိုက်သည်..

သူဖုန်းပြောလို့ပြီးလို့ နောက်ခန်းကို အပြေးလေး အမှီပြန်လာပေမယ့် တယောက်သောသူက ဘယ်လိုတောင်စားလိုက်လည်းမသိ အားလုံးသိမ်းပြီးလို့ အိမ်ပေါ်တောင်တက်လို့သွားပြီဖြစ်တာကြောင့် နှုတ်ဆက်စကားတောင်မပြောလိုက်ရ..

BlackroseTK93
Taekookforever 🐰🐯

ဇာတ်လမ်းကဆွဲထားသလိုဖြစ်နေလားတော့
မသိဘူး နမ်းတဲ့အခန်းမပြောနဲ့ရည်းစားတောင်မဖြစ်သေးတော့ ပျင်းနေမှာပေါ့နော် မတက်နိုင်ဘူးလေ ပျင်းလည်းဖတ်တော့ 😒

zawgyi



" morning Jungkook ငါညက "








" လည် လည်ပင်းနားနေတာ "


စားနတောကျိုရပျလိုကျပွီး ထိုင်ခုံကနေထကာ ရေနွေးလုပ်ပေးနေတဲ့ Taehyung..Taehyung လုပ်သမျှ ထိုင်နေရာကနေ လှည့်ကာလိုက်ကြည့်နေရင်း ထကာ Taehyung နားသွားလို့



" ဟင် အင်းးး ရ ရပါတယ် "


" ထိုင်နေလေ "

" အင်း "






....🐰🐯




" အရိပ်အမွှတ်လေးပေါ့ "


" ဟုတ်ပါပြီ ကပ်စေးနဲတာ "

" Jungkook "

" အင်း ပြောလေ "









....🐰🐯











...🐰🐯







" ဟွန့် သွားမှာသွားမှာ "


...🐰🐯



" ဟင် ဘာမှမပြုံးပါဘူး "


....🐰🐯



* အင်း *





" ဟုတ်ကဲ့ပါဗျာ "


....🐰🐯




" အင်းကောင်းပြီ "











BlackroseTK93
Taekookforever 🐰🐯


Fortsæt med at læse

You'll Also Like

633K 38.8K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
138K 5.1K 87
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
906K 41.4K 175
𝒊𝒏 𝒘𝒉𝒊𝒄𝒉 the boy who lived falls for the girl who had no one
430K 17.5K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...