""အာ့....အင့်....
"မင်းက သိပ်ကောင်းတာပဲ"
""မ...မ...အင်း....ဖြည်း...ဖြည်း""
""ဖာ့ခ်....ပြီးတော့မယ်...သည်းခံလိုက်"
နတ်ပြည်အဆုံးသို့သွားရန် လျှောက်လှမ်းနေကြစဥ်.......
"""H E L L O"" ယွန်း""
အခန်းတံခါးကို ဖြည်းညှင်းစွာဖွင့်ကာဟယ်လိုဟု ခပ်တိုးတိုးပီပီသသနှင့် နူးညံ့စွာနှုတ်ဆက်လိုက်သော နှင်း...။
""တောက်စ်...ကောင်းခန်းရောက်နေတာကိုကွာ""
ဆက်ဆံနေသော အမျိုးသမီးနှစ်ယောက် ပျာယာခတ်ကာ စောင်ဆွဲခြုံသည်။အမှောင်ချထားသည်မို့ ဘယ်သူဘယ်ဝါ သဲသဲကွဲကွဲမမြင်ရသောကြောင့် အသံလာရာသို့သာပြူးကြည့်နေကြသည်။
နှင်း အခန်းထဲမှ မီးခလုတ်ကို ဖွင့်လိုက်တော့......
""တူးတူရေဝါး"
""Rose""
မထင်မှတ်ထားသည့် လူဖြစ်နေသည်ကြောင့် ယွန်းထိတ်လန့်သွားခဲ့သည်။
မမျှော်လင့်ထားပဲ ရောက်လာသည်မို့ကြောက်ရွံ့စိတ်များတစ်ဖွားဖွားနှင့်သေးပေါက်ချင်သလို အီးပါချင်သလိုကြက်သီးများဖြန်းခနဲဖြစ်ပြီး ခြေလက်များ အေးစက်သွားခဲ့သည်။
""စပရိုက်""
""လန့်သွားတာလား....ကျွတ်...ကျွတ်..
"မင်း...မင်း...ဒီကို ဘာလာလုပ်တာလဲ"
"ဟမ်....ဘာလာလုပ်ရမှာလဲ....ငါပိုင်တဲ့ ပစ္စည်းငါပြန်လာယူတာပေါ့"
""ဟိုမှာလေ.... အဲဒါငါပိုင်တဲ့ ပစ္စည်းပေါ့...ငါမပေးပဲ နင်ယူသွားတာလေ"
""ဟဲ့ကောင်တွေ အပြင်မှာဘယ်သူမှမရှိကြဘူးလား...ဝင်ခဲ့ကြစမ်း"
"အော်မနေနဲ့...နင့်နွားတွေ သေပြီ"
""မမ သူကဘယ်သူလဲ"
"ဘယ်သူပဲဖြစ်ဖြစ် လေဒီယာမင်းဝင်ပါစရာမလိုဘူး"
"ဟုတ်ကဲ့ မမ"
ယွန်းသီရိတစ်ခွန်းသာဟောက်ရသေးပေမယ့် လေဒီယာအတွန့်မတက်ရဲတော့ပဲ ငြိမ်ကျသွားသည်။
လေဒီယာ၏ အမိန့်နာခံပုံကို ကြည့်ကာနှင်း ဝမ်းနည်းသွားခဲ့ရသည်။ အခန်းထဲဝင်ဝင်ချင်း အမုန်းဆုံးမိန်းမနှင့်သူမအချစ်ဆုံးအမျိုးသမီးတို့ လိင်ဆက်ဆံနေသော မြင်ကွင်းသည် နှင်း
ကို ရင်နာစေသည်...ရင်ထဲဆို့နစ်စေသည်...သို့ပေမယ့် စိတ်ကို ပြန်ထိန်းချုပ်လိုက်သည်။
"မင်း...မင်း ဘာတွေလုပ်လိုက်တာလဲ...ဒီနေရာက မင်းနေတဲ့ နိုင်ငံမဟုတ်ဘူးနော်"
""ကြောက်နေတာလား ယွန်းရယ်...မကြောက်ပါနဲ့...Roseကမပိုင်ရင် ဘာမှမလုပ်ဘူး""
""ကျစ်...အင်္ကျီမြန်မြန်ဝတ်စမ်း..မြင်နေရတာ ကျက်သရေတုံးတယ်""
""Hey..ဘေဘီလေးရေ တို့ကိုနောက်မှငေး အင်္ကျီမြန်မြန်ဝတ်....ဘာလဲ..တို့ လာပြီးဝတ်ပေးရမှာလား"
နှင်းကိုပြူးကာကြည့်နေသော ထိုအမျိုးသမီးလေးကို အဝတ်ဝတ်ရန် စနှောက်လိုက်သေးသည်။
လက်ထဲတွင်လည်း သေနတ်ကိုင်ကာဝှေ့ရမ်းနေသည်။
နှင်း ပြောစကားကိုတုပ်တုပ်ပင်မလှုပ်သော ထိုအမျိုးသမီးနှစ်ယောက်ကိုကြည့်ကာ စိတ်မရှည်စွာနှင့် အခန်းထဲတွင်ရှိသော အဝတ်ဗီရိုကို ဆွဲဖွင့်လိုက်
ကာ မြန်မြန်ကောက်စွပ်လို့ရသည့် အဝတ်ကို မွှေရှာလိုက်သည်။
ပြီးနောက် သဘောကျသည့် ဂါဝန်နှစ်ထည်ကိုတွေ့သဖြင့် နှစ်ခြိုက်စွာပြုံးလိုက်ကာ တစ်ယောက်တစ်ထည်စီပစ်ပေးလိုက်သည်။
""သွေးလန့်မနေနဲ့ ယွန်း...မြန်မြန်ဝတ်စမ်း...တော်ကြာ ငါ့လူတွေ ဝင်လာမှဖြင့် စောက်ကြိုးနည်းဝှက်ဝှက်ကွဲနေအုံးမယ်""
""ဒါနဲ့ မင်းပုန်းတာတော်သားပဲနော်...ငါ့အာဏာ ငါ့ပါဝါနဲ့ ရှာလိုက်ရတာ ၂နှစ်ကြီးများတောင်""
""အင်းပေါ့လေ...မင်းငယ်ငယ်က တူတူပုန်းတမ်းကစားတာသိပ်ကြိုက်တာ တစ်ချက်မေ့သွားတယ်"
ကမန်းကတမ်းအဝတ်ကောက်စွပ်နေသော ယွန်းကို နှင်းအဆက်မပြတ်စကားပြောနေသည်။
""ပြီးတော့....နင် သူ့ကို ဘာလုပ်ထားတာလဲ""
""နင်တို့ ဆက်ဆံရေးကကော ဘာလဲ"
"နဂိုကတည်းက နင် ခင့်ကို လိုချင်ခဲ့တာလား"
နှင်း ဒေါသအနည်းငယ်စွတ်နေသည့်လေသံဖြင့်မေးလိုက်သည်။
""ဟား....ဟား...ဟား...ဟား...roseရယ်"...နင် သိပ်တုံးအတာပဲကွယ်"
"နင်အခု သူ့ကို လာခေါ်တာမလား...ဆုတောင်းနေလိုက်...လေဒီယာက တစ်သတ်လုံးငါ့အပိုင်"...နင့်ကို အရင်ကလို ပြန်ချစ်လိမ့်မယ်လို့တော့ မထင်လိုက်နဲ့""
""ငါလည်း မပိုင်ရင်ဘာမှမလုပ်တတ်တာ နင်သိသားပဲ""
"အာကျယ်မနေနဲ့ ယွန်းသီရိ...နင့်ကိုငါဒီတစ်ကြိမ်တော့ ချမ်းသာပေးမယ်မထင်နဲ့""
"ဟက်...လုပ်ကြည့်လိုက်လေ...ငါသေရင် မင်းသိပ်ချစ်တဲ့ မင်းမိန်းမလည်းသေမှာ"
""ငါဆိုတဲ့ မိန်းမကလည်း မပိုင်ရင် ဘာမှမလုပ်တတ်တာ မင်းသိပါတယ်""
နှင်း ဒေါကထွက်သွားကာ ယွန်းကို သေနတ်ဖြင့် ချိန်လိုက်သည်။
""ရှင် ဒါဘာလုပ်တာလဲ""
လေဒီယာ ကုန်းရုန်းထလာကာ သေနတ်ဖြင့် ချိန်ထားခံရသော သူမ မမရှေ့ဝင်ကာပေးလိုက်သည်။လေဒီယာ၏အပြုအမူကြောင့် နှင်းရင်ထဲ နာကျင်သွားခဲ့ရပေမယ့် ယွန်းကတော့ လေဒီယာ၏ အကွယ်မှ နှုတ်ခမ်းတစ်ချက်မဲ့ရွဲ့ကာ ရယ်ပြနေသည်။
ထိုစဥ် အခန်းထဲသို့ ကျော်ကြီးးဝင်လာပြီး.....
""မမကြီး ကျွန်တော်တို့ သွားမှဖြစ်မယ်...ကြာကြာနေလို့မရဘူး""
""ငါသိတယ်....ဟိုတစ်ယောက်ကို
ခေါ်သွားလိုက်""
လေဒီယာကို လက်ညိုးညွှန်ကာပြပြီးကျော်ကြီးအားအမိန့်ပေးလိုက်သည်။
ထိုစဥ် ယွန်းမှ လေဒီယာအနားသို့ကပ်လာသော ကျော်ကြီးခါးကြားမှာ သေနတ်ကိုဆွဲထုတ်လိုက်ကာ မျက်စိတစ်မှိတ်အတွင်း လေဒီယာရင်ဘက်
ကို လက်တစ်ဖက်နှင့် ဆွဲဖက်ကာ နဖူးကို ချိန်လိုက်လေသည်။
""မင်း...မင်း...ဒါဘာလုပ်တာလဲ""
"ခင့်ကို လွှတ်လိုက်စမ်း"
""အရှေ့တိုးမလာနဲ့...တွေ့တယ်နော်""
"သူ့ခေါင်းပွင့်မသွားစေချင်ရင် ကိုယ့်လူကိုယ်ခေါ်ပြီး ထွက်သွားလိုက်တော့Rose""
နှင်း ထိတ်လန့်သွားပေမယ့် သေနတ်ဖြင့် ယွန်းရှေ့တည့်တည့်ကို ချိန်ထားလိုက်ကာ........
""တော်လောက်ပြီ ယွန်းသီရိရယ်"
""ငါ... ငါတောင်းပန်ပါတယ်ဟာ...ခင့်ကိုပြန်ပေးပါ....ငါ့စည်းစိမ်တွေ အကုန်လုံးပေးပါ့မယ်...ခင့်...ခင့်ကိုတော့ ငါ့
ကိုပြန်ပေးပါတော့ဟာ..."
""ငါ့အပြစ်တွေအတွက်လည်း ငါတောင်းပန်ပါတယ်"
""နင်ငါ့ကို ဒီလောက်ပဲနှိပ်စက်ပါတော့ဟာ...ငါ သူမရှိရင်မနေနိုင်ဘူး""
""မနေနိုင်ရင် လဲသေလိုက်...ငါ့လက်တွေကို ကြည့်မိတိုင်း ရင်ထဲတစ်ဆစ်ဆစ်နဲ့ နာတယ်သိလား""
""နင့်ကိုငါ ဒီ့ထက်နာကျင်အောင် လုပ်ချင်သေးတာ..." နင်လည်းအသက်တော်တော်ပြင်းတာပဲ...မသေနိုင်ဘူးနော်""
"ငါ...ငါ...တောင်းပန်ပါတယ်...ခင့်ကိုတော့ ဓားစာခံမလုပ်ပါနဲ့တော့...နင်..နင် လုပ်ချင်ရင် ငါ့..ငါ့ကိုပဲ ကြိုက်သလောက်နှိပ်စက်ပါ""
"ခင့်ကို သူ့ဘဝနဲ့သူ ပေးနေလိုက်ပါ ယွန်းသီရိရယ်""
""နားတွေငြီးတယ်...မထွက်သွားကြသေးဘူးလား...ဒီမှာ ဖောက်ထည့်လိုက်မယ်နော်....သွားကြစမ်း""
နှင်း တောင်းပန်တိုးလျှိုးနေပေမယ့် ယွန်းသီရိမှာတော့ မပြောင်းမလဲ မျက်နှာတည်တည်နဲ့သာ။ လေဒီယာကတော့ ယွန်းပြုသမျှနုနေရသည့် မျက်နှာမျိုးနှင့် လှန့်သည့်အရိပ်အယောင် လည်းမတွေ့ရ။ သတ်လျှင်သေမည်ဆိုသော မျက်ဝန်းများနှင့်သာ ရုန်းကန်ခြင်းမရှိပဲ ရပ်နေသည်။
လေဒီယာခန္ဓာကိုယ်ကလည်း အပျော့သားနှင့် ညို့ခြင်းခံထားရသော မျက်နှာသေလိုပင်။
""ထွက်သွားကြလို့ ပြောနေတယ်နော်"
"တော်ကြာ ငါ့ဂိုဏ်းကလူတွေ ထပ်ရောက်လာရင် ဒီနေရာမှာ သွေးအိုင်ထွန်းသွားလိမ့်မယ်""
""မမကြီး...ကျွန်တော်တို့သွားရအောင် အချိန်သိပ်မရှိတော့ဘူး""
"လာပါ...မမကြီးရယ်"
ကျော်ကြီး နှင်းကို ဆွဲကာခေါ်နေသည်ကို နှင်းဂရုမပြုပဲ...
"ဖယ်စမ်း....ငါ သူ့ကို ထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး....ရအောင်ခေါ်မယ်""
""လာပါ မမကြီးရယ်...နောက်မှကျွန်တော်တို့ ပြန်ခေါ်ပေးပါ့မယ်...လောလောဆယ် မမကြီးတစ်ခုခုဖြစ်လို့မရဘူး""
"မမကြီးတစ်ခုခုဖြစ်ရင် အားလုံးပြီးဆုံးသွားလိမ့်မယ်"
""တောက်စ်! !!!!!!
""အားးးးးးး! !!!!!!
နှင်း မခံမရပ်နိုင်အောင် အာခေါင်ခြစ်အော်လိုက်ပြီး......
""နင့်နဲ့ ငါ တွေ့အုံးမယ် ယွန်းသီရိ""
ဒေါသသံနှင့် အော်ကာပြောပြီး ဆောင့်ဆောင့်နှင့်ထွက်သွားတော့လေသည်။
ထိုအခါကျမှ တစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့သော လေဒီယာ မျက်ဝန်းထဲမှ မျက်ရည်များ အတိုင်းအဆမရှိစီးကျလာသည်။ ရင်ထဲစူးခနဲ့အောင့်
တက်သွားပြီး ဘာကြောင့်နာကျင်လာလဲ သူမကိုယ်သူမလည်း အဖြေရှာမရ။ ဘာတွေဖြစ်ပျက်နေကြတာလဲ ဆို
တာကိုလည်း ဘာဆိုဘာမှ မသိ။ သေချာတာတစ်ခုကတော့ သူမကြောင့်ယခုလိုပြသနာများ ဖြစ်ပျက်နေသည်ကိုတော့ သိသည်။
မမကိုမေးပြန်ရင်လည်း ဘာမှသိရမည်မဟုတ်။ ထို နှင်းဆိုသော အမျိုးသမီးဘယ်သူဘယ်ဝါ ၊ သူမနှင့် မမတို့ကြား ဘယ်လိုပတ်သတ်မှုရှိခဲ့သလဲဆိုတာကိုလည်း မသိ။
နှင်း ဟူသော နာမ်စားလေးက ကြားလိုက်ရုံနှင့် သူမရင်ကိုတော့ ကြေကွဲဆို့နစ်နာကျင်စေသည်။ အလိုလိုဝမ်းနည်းလာစေသည်။ ထိုအမျိုးသမီး၏မျက်ဝန်းတွေထဲ ကြေကွဲ ဝမ်းနည်းလွမ်းဆွတ်နေသည့် အရိပ်အယောင်ကိုတော့ မြင်နေရသည်။အကဲခက်မိသည်။
""မမ...သူက ဘယ်သူလဲ""
""မင်း အပေါက်ပိတ်ထားစမ်း...ဖြေရှင်းချက်တွေ လာမတောင်းနဲ့""ငါဘာမေးခွန်းမေးတာကိုမှ မကြားချင်ဘူး"
""ငါ အာရုံတွေနှောက်နေတယ်....အိပ်ပျော်အောင်အိပ်လိုက်စမ်း"
"ဟုတ်"
"ဟုတ်"တစ်ခွန်းထဲသာ တုံ့ပြန်ပြီး ကုတင်ပေါ်တတ်ကာ အပူအပင်မရှိ ဘာပြသနာမှ မဖြစ်ခဲ့သည့် မျက်နှာထားနှင့် အိပ်လိုက်သည်။ အမိန့်ကို နာခံသည့်ခွေးးလိမ်မာကဲ့သို့ အပိုးကျိုးလျက် အိပ်ပျော်သွားသည်။
ယွန်းသီရိမှာတော့ roseဖွခဲ့သော အရှုပ်များကို ရှင်းရန် ဖုန်းတစ်လုံးနှင့်စတင်ကာ အလုပ်ရှုပ်တော့သည်။
ရုတ်တရက်ပေါ်လာသော နှင်းကို
ကြောက်ရွံ့စိတ်အနည်းငယ်ဖြစ်ခဲ့ပေမယ့် နှင်း အားနည်းချက်နှင့် အညှာကိုဆုပ်ကိုင်ထားသည်မို့ လွတ်မြောက်ခဲ့ရသည်။ နှင်းရောက်နေသည် ဟူသော ခံစားချက်က ယွန်းကိုစိတ် ခြောက်ချားစေသည်။ နှင်းစိတ်ကို
သူမအသိဆုံးမဟုတ်လား။ အခုလည်းမသက်သာသည့်အဆုံးမှာ လက်လျှော့လိုက်ပြီးထွက်သွားပေမယ့် တစ်ခုခုထပ်လုပ်အုံးမည်ဆိုတာကိုတော့ ယွန်းတပ်အပ်ပြောနိုင်သည်။
((အလုပ်မအားလို့ မတင်ဖြစ်တာနားလည်ပေးကြပါနော်....ချစ်တယ်...အူးမွှ😘😘))