မနေ့က Jungkook စိတ်ဆိုးနေမှန်းသိနေတာ
ကြောင့် Taehyung တယောက်အစောကြီးထကာ မနက်စာပြင်ဆင်လို့နေသည်..
တသက်နဲ့တကိုယ် ရေနွေးအိုးတောင်ဆူအောင်မတည်တက်တဲ့ Taehyung က မနက်စာပြင်လို့နေတာ ဦးလေးသာမြင်ရင် ထိုင်ရယ်နေမှာအသေအချာပင်..
Jungkook ဟာ အရင်လိုဆိုအစောကြီးမနက်သာထပြင်တက်ပေမယ့် ဒီနေ့တော့ လုံးဝဆင်းမလာ.. ဆင်းလာလို့ကြည့်လိုက်တော့ အလုပ်သွားဖို့ suit အပြည့်နဲ့
" Jungkook မနက်စာမစားဘူးလား ငါလုပ်... "
" ငါကုမ္မဏီရောက်မှ စားတော့မယ် "
" အင်း ကောင်းကောင်းသွားပါ "
" အင်း "
Taehyung လည်း Jungkook ကိုနှုတ်ဆက်ပြီး အိမ်နောက်ဖေးသို့ပြန်ရောက်လာကာ သူလုပ်ထားတဲ့ပေါင်မုန့်အသားညှပ်လေးတွေကိုကြည့်ပြီး
Tae pov..အင်းလေကောင်းမှာမှ မဟုတ်တာ မစားတာပဲကောင်းပါတယ်
လုပ်ထားတဲ့မနက်စာတွေက်ို သူလည်းမစားတော့ပဲ အမှိုက်ပုံးထဲပစ်ထည့်လိုက်တော့သည်..
Taehyung လည်းအစက မနက်ပိုင်း Jungkook ကိုတောင်းပန်ပြီး အလုပ်မသွားခင် အမေစီကိုသွားကြမယ်လို့ပြောမလို့ပဲ Jungkook က သူ့ကိုစိတ်ဆိုးနေတာမပြေသလို စကားတောင်မပြောတာကြောင့် ဘာမှမပြောတော့ပဲနေနေလိုက်သည်..Jungkook မပါလည်း သူသွားလို့ရနေတာပဲဆိုကာ တယောက်ထဲ Jungkook မိဘတွေစီထွက်လာခဲ့လိုက်တော့သည်..
တင်းတောင်
" ဘယ်သူလည်း "
" အဒေါ်ကြီး သား Taehyung ပါ "
"ဟုတ်ကဲ့ "
ခြံတံခါးဖွင့်သားကြားလိုက်တော့တံခါးလေးဖွင့်ကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်..သူလာတယ်ဆိုတာသိထဲက အိမ်ရှေ့တံခါးဝမှာအပြုံးနဲ့စီးကြိုလို့နေတဲ့ ယောက္ခမဖြစ်သူ အမေ..
" သားလေး အမေက သားကိုသတိရနေတာ မနေ့က Jeon Jungkook ပေါ့သားကိုသေချာမှာပါဆိုတာကိုမေ့သွားလို့တဲ့ ရောက်လာပြီးမှပြန်သွားတယ်"
" ဗျာ Jungkook က သားကိုပြောဖို့မေ့သွားတယ်လို့ပြောတာလား "
" ဟုတ်ပါ့ အဲ့ကောင်လေးလည်းဒီရက်ပိုင်း ဒီဇိုင်းအသစ်တွက်အလုပ်တွေရှုပ်နေတာနဲ့သားကိုပြောပြီးလား မပြောရသေးဘူးလားတောင်မမှတ်မိဘူး တကယ်ပဲ "
Tae pov..Jungkook ငါတောင်းပန်ပါတယ်..
" အဲ့တာအမေဖြင့်သားဗိုက်ဆာနေမှာပဲဆိုပြီး ဟင်းတွေထည့်ပေးလိုက်တယ် စားလို့ကောင်းရဲ့လား အမေတို့ကသားနဲ့တူတူစားဖို့စောင့်နေကြသေးတာ "
" ဟုတ် အမေ.. အမေဒီမှာ အမေကြိုက်တဲ့ကိတ် "
" ဟယ် ဒီရက်ထဲအဲ့ကိတ်စားချင်နေတာ အဘွားကလည်းပြောနေသေးတာ အတော်ပဲ အမေတို့ကတ်ဆော့ရင်းစားကြမလား "
" ဟုတ် omma "
omma ဖြစ်သူဟာ Taehyung ရဲ့လက်ကလေးကိုချိတိလို့အိမ်ပေါ်ထပ်အဘွားအခန်းသို့တက်လာခဲ့ကြသည်..တနေ့ကုန် အဘွား ရယ် အမေရယ် နဲ့ ကတ်ဆော့ရင်းအချိန်တွေဘယ်လိုကုန်သွားမှန်းမသိလိုက် ညနေတောင်စောင်းလို့နေပြီ..
" အဘွား အမေ သားပြန်တော့မယ်နော် "
" သား Jungkook ကိုလာကြိုခိုင်းလိုက်လေ "
" ရတယ် omma သားဝယ်စရာလေးရှိလို့ အဲ့တာဝယ်ပြီးပြန်မှာမို့ သားပြန်တော့မယ်နော် "
" အေးကွယ် နောက်ခါတူတူလာကြနော် "
" ဟုတ် omma သွားလိုက်ပါအုံးမယ် "
Taehyung လည်း ဘာမှဝယ်စရာမရှိ Jungkook နဲ့ မျက်နှာခြင်းမဆိုင်ချင်သေးတာကြောင့် တယောက်ထဲပြန်လာခဲ့လိုက်သည််..
အိမ်ရောက်ပြန်တော့လည်း omma ဖြစ်သူက ညစာကျွေးတာမစားခဲ့ပဲ Jungkook နဲ့တူတူစားမယ်လို့ပြောခဲ့တာကြောင့် ခုတော့ အိမ်ထဲမှာတယောက်ထဲဗိုက်ဆာလို့နေသည်..
စိတ်ဆိုး နေသေးတဲ့တယောက်ကလည်း ပြန်လာရင်ချက်ကျွေးမယ့်ပုံကမပေါ်.. Taehyung တယောက် နောက်ဖေးခန်းသွားကာ ခေါက်ဆွဲလုပ်စားရန် ခေါက်ဆွဲထုတ်ယူနေချိန် ဝုန်းဆိုမီးကတအိမ်လုံးပျက်လို့သွားခဲ့သည်..
" ဘာလည်း မီးက ဘာဖြစ်တာလည်း "
ဖုန်းမီးလေးဖြင့် တအိမ်လုံးဟိုကြည့်ဒီကြည့်နေလျှောက်ကြည့်ပေမယ့် မီးကဘာကြောင့်ပျက်မှန်းမသိ..အိမ်ထဲမှာလည်းမနေရဲတော့တဲ့ Taehyung ဟာ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ရှေ့တံခါးဝမှာသာထွက်ထိုင်နေပြီး Jungkook ပြန်လာတာကိုမျှော်နေမိတော့သည်..
အရင်လိုအဆင်ပြေနေကြတုန်းက အိမ်ကိုဆိုသူထက်အရင်ေရာက်နေတက်တဲ့ Jungkook က ဒီနေ့တော့နောက်ကျနေသည်..
တော်တော်ကြာမှ အလုပ်ကနေပြန်ရောက်လာတဲ့ Jungkook.. အိမ်ထဲဝင်လာထဲက တအိမ်လုံးမီးတွေပိတ်နေတာကြောင့် Tae မရှိဘူးပဲထင်ကာ ဘယ်တွေသွားနေပြန်ပြီလည်းလို့ စိတ်ထဲရေရွတ်ရင်း ကားကိုစဥ်ဝင်အောက်ရပ်ကာ လက်ဆွဲအိတ်ကိုဆွဲလို့ ကားပေါ်ကဆင်းလာပြီး တံခါးအပိတ်မှာ မှောင်ထဲကနေ Taehyung ဟာ Jungkook ကိုလည်းမြင်ရော ပြေးဖတ်လိုက်သည်..ပြေးလာတဲ့အရှိန်ကြောင့် Jungkook ရဲ့ခန္တာကိုယ်ဟာအနည်းငယ်အနောက်ကိုတောင်ယိုင်လို့သွားသည်..
" ဘာလို့နောက်ကျနေတာလည်း "
သူကိုဖတ်ကာ ငိုနေပြီး သူ့ကိုပါနောက်ကျလို့ ပြောနေတဲ့ Taehyung ကို သူ့မှာပြန်မဖတ်ပဲ လက်နှစ်ဖက်မြှောက်ထားလျက် သူ့ရင်ခွင်ထဲက အကောင်သေးလေးကို ငုံ့ကာကြည့်နေမိသည်..
သူ့ကိုဖတ်ထားရင်း ရင်ခွင်ထဲကနေမော့ကြည့်ကာ နောက်ကျတဲ့အကြောင်းကိုမေးနေတဲ့ Taehyung ရဲ့မျက်နှာလေးကို လမင်းကြီး ရဲ့ အလင်းရောင်အကူအညီနဲ့သာ ကြည့်လိုက်တော့ ငိုထားတာမျက်လုံးလေးတွေဖောင်းလို့နေသည်..အဲ့တော့မှ Taehyung ရဲ့ ကျောပြင်လေးကို ဖတ်ထားပေးလိုက်သည်..
" မင်းကြောက်နေတာလား "
" အင်း "
ရင်ခွင်ထဲကနေ ခေါင်းလေးညိတ်ပြရှာတဲ့ Taehyung ကို သူပို၍ထွေးပွေ့ထားမိလိုက်သည်..
" ငါ အလုပ်တွေများနေလို့နောက်ကျသွားတာ မီးကဘာဖြစ်တာလည်း "
" မသိဘူး "
" လာဝင်ခဲ့ "
Jungkook ဟာ Taehyung ရဲ့ဘက်ကလေးကိုဆွဲလို့ အိမ်ထဲ ဝင်လာခဲ့ပြီး Taehyung ကိုဆိုဖာမှာထိုင်ခိုင်းထားကာ အိမ်အနောက်ခန်းက လျှပ်စစ်ခန်းကိုသွားကြည့်တော့ ဘရိတ်ကာကျသွားခြင်းဖြစ်သည်..
ဘရိတ်ကာပြန်တင်လိုက်တော့ တအိမ်လုံးပြန်လင်းလို့သွားသည်. Jungkook လည်း ထိုအခန်းကပြန်ထွက်လာပြီး အကြည့်တို့က နောက်ဖေးမီးဖိုဂျောင်ကို ရောက်သွားမိတော့ စားပွဲပေါ်က ခေါက်ဆွဲထုတ်လေး..
" Taehyung မင်းဘာမှမစားရသေးဘူးလား "
" ဟင် ငါ ငါ အိပ်တော့မယ် Jungkook "
Taehyung ဟာ ဆိုဖာကနေထကာ အိမ်ပေါ်ထပ်ကိုတက်ဖို့သွားတော့ အနောက်ကနေလိုက်သွားကာ လက်ကိုလှမ်းဆွဲလိုက်တဲ့ Jungkook မျက်နှာခြင်းဆိုင်နှစ်ယောက်သား တယောက်နဲ့တယောက်ကြည့်ကာ..
" လာခဲ့ ငါခေါက်ဆွဲလုပ်ပေးမယ် "
Jungkook ဟာ Taehyung ရဲ့ လက်ကိုဆွဲကာ နောက်ဖေးသို့ သွားဖို့လုပ်တော့ အနောက်ကနေ Taehyung ဟာ မနေ့ကကိစ္စကိုတောင်းပန်လို့လာသည်..
" Jungkook မနေ့က ငါတောင်းပန်ပါတယ် "
Jungkook ဟာ Taehyung ဘက်ပြန်လှည့်ကာ မျက်နှာခြင်းဆိုင်အနေအထားပြန်ဖြစ်သွားပြီး
" ဒီနေ့ မင်း Omma တို့စီ သွားပြီးပြီမဟုတ်လား ရပြီစိတ်ထဲမထားနဲ့တော့ အမေက မင်းလာလို့အရမ်းပျော်နေတယ် ဒီနေ့ အမေရယ်အဘွားရယ်နဲ့ ကတ်ဆော့ခဲ့သေးတယ်ဆို "
" အင်း မင်းက ငါမလာတာကို "
" တော်ပြီ လာတော့ "
Jungkook လုပ်ပေးတဲ့ ခေါက်ဆွဲကိုအားရပါးရစားလို့နေတဲ့ Taehyung..Jungkook ကတော့ Taehyung စားတာကိုသာထိုင်ကြည့်နေမိတော့သည်..
" ကျေးဇူးပါ Jungkook ကောင်းကောင်းစားခဲ့ရပါတယ် "
" မနက်က မင်းလုပ်ပေးတဲ့ မနက်စာ ငါမစားခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး Taehyung ငါမနက်ကစိတ်ဆိုးနေသေးလို့ "
" ရပါတယ် မစားတာပဲကောင်းပါတယ် ငါက အချက်အပြုတ်မတော်တော့ ကောင်းမှာလည်းမဟုတ်လောက်ဘူး.. ဟို..ငါနားတော့မယ် Jungkook မင်းလည်း ပင်ပန်းနေပြီမဟုတ်လား.ဒီဇိုင်းသစ်ထွက်ဖိုလုပ်နေတယ်လို့ omma ပြောတယ် နားတော့လေနော်.."
" အင်းကောင်းပြီ "
..
မနက်ခင်းနားရက်ကို အဝတ်အစားသက်သက်ရပ်ရပ်နဲ့ အိမ်ပေါ်ကဆင်းလာတဲ့ Taehyung..
" Taehyung ဘယ်သွားမလို့လည်း ဒီနေ့ပိတ်ရက်လေ "
" အင်း ငါသွားစရာရှိလို့ "
" ခဏ "
အိမ်နောက်ခန်းကိုပြေးဝင်သွားတဲ့ Jungkook.. ခဏအကြာပြန်ထွက်လာတော့ လက်ထဲမှာ ဂန္နမာပန်းအဖြူရောင် ပန်းစီးနှစ်စီး လက်ထဲမှာကိုင်လာသည်..
" ရော့ "
" ဒါက "
" မင်း မိဘတွေစီသွားမှာမဟုတ်လား "
Taehyung ဟာ Jungkook ပေးတဲ့ပန်းစီးကိုမယူသေးပဲ ခေါင်းလေးငုံ့ကာ ငိုလို့နေသည်..လူတွေရှေ့မှာ သန်မာချင်ယောင်ဆောင်ကာ ပျော်ပျော်နေတက်ပြီး အားလုံးနဲ့အဆင်ပြေအောင်နေလို့ အမြဲပြုံးပျော်နေတဲ့ ကောင်လေးမှာလည်း တချိန်ချိန်က ဝမ်းနည်းစရာအမှတ်တရတွေရှိလို့နေသည်..
လူတွေရှေ့မှာ မငိုတက်တဲ့ Taehyung ဟာ သူကိုအရိပ်တကြည့်ကြည့်နဲ့ နားလည်ပေးကာ ဝမ်းနည်းတိုင်းအနားမှာ အတူတူရှိလို့နေပေးတက်ပြီး နှစ်သိမ့်ပေးတက်တဲ့ Jungkook ရှေ့ရောက်ရင် ဘာမှ ဟန်မဆောင်နိုင် ငိုချမိတော့သည်..
သူရဲ့ရှေ့မှာ ငိုနေတဲ့ Taehyung ကို ဖတ်ပေးထားလိုက်တော့ Taehyung ဟာ Jungkook ရဲ့ ရင်ခွင်ထဲမှာ ပိုလို့ငိုနေမိတော့သည်..
" ငါလိုက်ပို့ပေးမယ် Taehyung "
BlackroseTK93
Taekookforever 🐰🐯
ကောင်းမကောင်းတော့မသိဘူး မြန်မြန်ရေးလိုက်ပြီ မကောင်းလည်းဖတ် ဒါပဲ 😒
zawgyi
" အင်း "
လုပျထားတဲ့မနကျစာတှကျေို သူလည်းမစားတော့ပဲ အမှိုက်ပုံးထဲပစ်ထည့်လိုက်တော့သည်..
တင်းတောင်
" ဘယ်သူလည်း "
"ဟုတ်ကဲ့ "
" ဟုတ် omma "
အရင်လိုအဆင်ပြေနေကြတုန်းက အိမ်ကိုဆိုသူထက်အရင်ရောကျနတေကျတဲ့ Jungkook က ဒီနေ့တော့နောက်ကျနေသည်..
" မင်းကြောက်နေတာလား "
" အင်း "
" မသိဘူး "
" လာဝင်ခဲ့ "
" အင်း မင်းက ငါမလာတာကို "
" တော်ပြီ လာတော့ "
" အင်းကောင်းပြီ "
..
" ခဏ "
" ရော့ "
" ဒါက "
BlackroseTK93
Taekookforever🐰🐯