ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာ...

By MyaHninn5

53.4K 4.9K 248

ပန်ဒိုရာဟာနိုင်ငံအစိုးရကတောင်ဖူးဖူးမှုတ်ထားရတဲ့လက်နက်ရာဇာကြီးတစ်ယောက်ဖြစ်သည်။သူ့ဘဝမှာတစ်ဖက်သတ်ချစ်ရတဲ့အကိုကြီ... More

1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36(Complete)
EXTRA

9

1.4K 139 12
By MyaHninn5

{}ကိုEngဘာသာစကားဖြင့်ပြောဆိုသည်ဟုမှတ်ယူပေးပါရန်

သူရမြတ်သူ,အိမ်ထဲမှာရုပ်တည်ကြီးနဲ့ထိုင်နေတဲ့အိမ်ရှေ့စံကြောင့်ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့။သူ့အိမ်တော်ကဧည့်သည်ကိုကြိုဆိုဖို့အတွက်ကူညီမယ်ဆိုတုန်းကအနောက်တိုင်းဘာသာစကားတတ်ကျွမ်းသူတစ်ယောက်ကိုရှာပေးလိမ့်မည်ဟုသာထင်ခဲ့မိသည်။အခုတော့အချွေအရံအနည်းငယ်နှင့်သူ့အိမ်ဆီရောက်လာခဲ့ပြီးဧည့်သည်ကိုကြိုဆိုဖို့ပြင်နေခဲ့သည်။

ဒါကသူ့မိသားစုကိုမင်းပြစ်မင်းဒဏ်သင့်ပြီးဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်အသတ်ခံရအောင်လုပ်နေတာမဟုတ်ဘူးလား။

တောင်အရပ်ကိုကာကွယ်ရသည့်စစ်သူကြီးမိသားစုကအိမ်ရှေ့စံကိုဧည့်ကြိုခိုင်းတယ်ဆိုတဲ့သတင်းသာလူတွေကြားပျံ့နှံ့ကုန်ရင်။သူရမြတ်သူဓါးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မိလိုက်သည်။

အိမ်ရှေ့စံကထီးနန်းရယူဖို့နီးကပ်လာပြီမို့သရုပ်မှန်ထုတ်ဖော်လာပြီဟူသောကောလဟာလတွေပျံ့နှံ့နေပြီးသူကိုယ်တိုင်လဲအိမ်ရှေ့စံရဲ့ပြောင်းလဲမှုကိုမျက်မြင်တွေ့ခဲ့ရသူဖြစ်သည်။သူတို့မိသားစုကမိဖုရားကြီးဘက်စိတ်ယိုင်နေတာသိလို့များသုတ်သင်ဖို့ရောက်လာတာလား။

'သတ္တိရှိရင်လုပ်ကြည့်လိုက်လေဘယ်သူ့ခေါင်းအရင်ပြတ်မလဲဆိုတာ!'

သူရမြတ်သူအတွေးများနေတုန်းဧည့်ကြိုခရာတီးမှုတ်လာတာမို့အလျှင်အမြန်ပြေးထွက်လာလိုက်သည်။ဧည့်သည်တော်ကိုတွေ့သည့်နှင့်ပြုံးပြလိုက်ပြီးဘာဆက်လုပ်ရမှန်းမသိတော့ပဲထိတ်လန့်သွားသည့်အချိန်နိုင်ငံခြားသားကသူ့ကိုအထင်သေးသလိုကြည့်လာတာကြောင့်သူရမြတ်သူ,လက်ထဲကဓါးကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်။

သူတို့ဘက်ကပါလာသောဘာသာပြန်ဖြစ်ပုံရသည့်လူကစတင်မိတ်ဆက်လာပါသော်လည်းမပီပြင်မှုကြောင့်ဘာမှမသဲကွဲ။လေထုကတစ်ဖြည်းဖြည်းတင်းမာလာသည့်အချိန်တွင်သာသာချိုမြိန်သည့်အသံလေးကဖြတ်ဝင်လာသည်။

{Hello!}

လူတွေအကုန်လုံးကအိမ်ရှေ့စံကိုကြောင်အစွကြည့်လာကြသည်။

{ငါကပါရှားပြည်ရဲ့အိမ်ရှေ့စံပါတောင်ပိုင်းစစ်သူကြီးလောင်းလျာလေးရဲ့သူငယ်ချင်းမို့သူ့ဧည့်သည်ကငါ့ဧည့်သည်ပါပဲမင်းငါတို့တိုင်းပြည်မှာအများကြီးပျော်ရွှင်ကြဖို့မျှော်လင့်ပါတယ်}

အိမ်ရှေ့စံရဲ့ကုန်းကုန်းသူ့ပါးသူဘယ်ပြန်ညာပြန်ရိုက်ချလိုက်ပြီး

"အိမ်မက်ကနိုးစမ်း!နိုးစမ်း!"

ဟုအော်ဟစ်နေတာကြောင့်အိမ်ရှေ့စံကသူ့လက်တွေကိုတားဆီးလိုက်ပြီး

"ဒီကိုယ်တော်ကအနောက်တိုင်းဘာသာစကားကိုအရင်ကတည်းကတတ်မြှောက်ပါတယ်ဒါကအိမ်မက်မဟုတ်ပါဘူး"

ဧည့်သည်တွေကခရီးပန်းလာတာကြောင့်အိပ်ဆောင်အတွင်းသို့ဝင်ရောက်အနားယူနေကြသည်။လာတုန်းကလိုမျိုးထောင်လွှားမောက်မာမှုတွေရှိမနေကျတော့။ပါရှားအိမ်ရှေ့စံကသူတို့ဘာသာစကားကိုပီပြင်အောင်ပြောနိုင်ပေမယ့်သူတို့ကတော့ပါရှားဘာသာစကားကိုပီပြင်အောင်မပြောနိုင်ကျဘူး။ဒါကအရမ်းရှက်စရာကောင်းတယ်။

သူရမြတ်သူကသူ့ဓါးအိမ်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိတာကြောင့်လက်များပင်သွေးစို့လာခဲ့သည်။မောပန်းသွားပုံရသည့်အိမ်ရှေ့စံကခုံပေါ်မှာခြေကားယားလက်ကားယားထိုင်ကာလက်ဖက်ရည်ကိုဇိမ်ခံသောက်နေသည်။အိမ်ရှေ့စံတို့ထိန်းသိမ်းသင့်သောကျင့်ဝတ်လည်းမရှိမာန်မာနလည်းမရှိ။သူ့မိသားစုကိုဒုက္ခပေးမည့်ပုံလည်းမပေါ်။တုန်လှုပ်စွာမေးခွန်းတွေတရစပ်မေးနေသည့်သူ့ကုန်းကုန်းရဲ့မေးခွန်းမြောက်များစွာကိုပင်စိတ်ရှည်ရှည်နှင့်ဖြေကြားပေးနေသေးသည်။သူဘယ်တုန်းကမှအိမ်ရှေ့စံနဲ့မရင်းနှီးသလိုရင်းနှီးဖို့လဲမကြိုးစားခဲ့။သူ့ရဲ့အခြားသူငယ်ချင်းတွေကတစ်ချိန်လုံးအိမ်ရှေ့အကြောင်းချီမွမ်းပြောဆိုနေတာကိုနားမလည်နိုင်ဖြစ်ခဲ့ဖူးပေမယ့်ဒီနေ့မှာတော့အရှင့်သားကချီးမွမ်းတာထက်ပင်ပို၍ကောင်းမွန်နေကြောင်းသိလိုက်ရပြီဖြစ်သည်။

သေးသွယ်ပြီးလှပတဲ့အိမ်ရှေ့စံကထိုင်ခုံပေါ်ပြစ်စလက်ခတ်ထိုင်နေပြီးနူးညံ့သေးသွယ်တဲ့ပါးစပ်သေးသေးလေးကပိတ်လိုက်ဖွင့်လိုက်ဖြင့်ကုန်းကုန်းရဲ့မေးခွန်းတွေကိုဖြေကြားနေသည်။သူရမြတ်သူ,အရှင့်သားကိုကြည့်ပြီးရင်ခုန်သံတွေမြန်လာသလိုရေတွေလဲဆာလောင်လာခဲ့သည်။နီရဲနေသောမျက်လုံးများဖြင့်အရှင့်သားကိုမေးခွန်းထုတ်လိုက်မိတော့

"မင်းကငါကိုယ်တော်ရဲ့သူငယ်ချင်းပဲကူညီရမှာပေါ့"

ဟုရိုးရိုးရှင်းရှင်းသာ​ပြန်ပြောခဲ့သည်။နောက်နေ့တွေမှာလည်းအရှင့်သားကသူ့တို့အိမ်တော်ဆီပြန်လာပြီးဧည့်သည်တွေပြန်သည်အထိဘာသာပြန်ဖို့ကူညီပေးအုန်းမည်ဖြစ်သည်။

လရောင်ကသူ့အိပ်ခန်းထဲအထိထိုးဖောက်လာပြီးအရာအားလုံးကိုပင်ရှင်းလင်းစွာမြင်နေရသည်။မိုးချုပ်သည်နှင့်အိပ်တတ်သည့်သူတို့အိမ်တော်ကဒီနေ့ကျမှဆူညံနေပြီးသူ့မိခင်နှင့်ညီမများကအိမ်ရှေ့စံအကြောင်းပြောဆိုနေကြသည်။သူရမြတ်သူ,သိုးတွေကိုရေတွက်နေပေမယ့်အိပ်မပျော်နိုင်သေး။အိပ်ပျော်လိုက်သည်နှင့်တစ်မိနစ်ပင်မကြာနုတ်ခမ်းနီနီရဲရဲလေးကြောင့်ပြန်လည်နိုးထလာရသည်။မတတ်နိုင်သည့်အဆုံးအရှင့်သားကိုမှန်းဆကာသူ့ညီလေးကိုချော့သိပ်လိုက်ရတော့သည်။

'တောင်းပန်ပါတယ်အရှင့်သားရေကျွန်တော်မျိုးအိပ်ဖို့လိုအပ်လို့ပါ'

သူရမြတ်သူ,လက်ထဲကစေးကပ်ကပ်အရည်တွေကိုကြည့်ပြီးသတိဝင်လာကာထိတ်လန့်သွားမိတော့သည်။

'မဖြစ်ဘူးနောက်နေ့တွေအိမ်ရှေ့စံနဲ့ဝေးဝေးနေမှ'

'ငါ-ိုးမ,လ'

ပန်ဒိုရာထိန်ထိန်သာနေတဲ့လမင်းကြီးကိုကြည့်ပြီးကျိန်ဆဲလိုက်သည်။

"အရှင့်သားသဘောကျရဲ့လား"

ဆွဲဆောင်မှုရှိလှတဲ့မင်းဆက်ဝဏ္ဏရဲ့မျက်နှာကအပြုံးပန်တွေဝေဆာနေလျှက်

"ဒီကိုယ်တော်ထင်တာကမင်းဆက်ဝဏ္ဏလိုစစ်သူကြီးအလောင်းလျာကအလုပ်တွေအရမ်းများနေမယ်ထင်တာလ,ကြည့်ဖို့အချိန်တွေပိုနေမယ်လို့မထင်ထားမိဘူး"

"ယောကျ်ားကောင်းဆိုတာမအားရင်တောင်လ,ကြည့်ဖို့အချိန်တော့ရအောင်ဖယ်ထုတ်ရတယ်လို့ရှေးဆိုရိုးရှိပါတယ်"

ပန်ဒိုရာမျက်မှောင်ကျုံ့လိုက်ပြီး

"အဲ့ဒီဆိုရိုးကချစ်သူတွေအတွက်ပဲအကျုံးဝင်တာပါစစ်သူကြီးအလောင်းလျာရယ်ဒီကိုယ်တော်ရယ်နဲ့မဆိုင်ပါဘူး"

မင်းဆက်ဝဏ္ဏကပြန်မဖြေပဲသူ့ကိုသာပြုံးပြုံးကြီးစိုက်ကြည့်နေတာကြောင့်ပန်ဒိုရာကြက်သီးတွေတစ်ဖြန်းဖြန်းထလာခဲ့သည်။

"ငါ-ိုးဒီအရန်ဇာတ်ကောင်ကဘာဖြစ်ချင်နေတာလဲ"

______________________________________

614❤️
အများကြီးနောက်ကျသွားတာသိပါတယ်Sorryပါလို့🥺
______________________________________

Continue Reading

You'll Also Like

38K 3.2K 12
الأدعج" قـاع الظلام " تنـتظـِركم لـيالـي قاسيه وعيـُون لاتنـّام وأيـام سوداويه فـْي أعـماق قــاع الضلام هـيا يـا رِفـاق انـتـّزعو ثـُوب النجاة ل...
129K 6K 149
Austin was a kid that loved to watch Anime, especially Pokemon. Annoyed at how the series was going after Sinnoh, he fell asleep before waking up, so...
61.3K 1.3K 35
Luliana, isang babae na puno ng misteryo, nagising sa isang hospital na walang maalala sa kanyang nakaraan. Ang kanyang mundo ay biglang naglaho, ngu...
36.1K 1.9K 19
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...