176 01
အခန်း (၁၇၆)
အတန်းခွဲဝေမှု (၁)
ရထားလုံးဟာ အမျိုးသမီး အကယ်ဒမီ၏ အရှေ့ဘက် ဂိတ်ရှေ့တွင် ရပ်တန့်သွားသည်။ လုလင်ကျစ်ဟာ ယဲ့ကျန်းကို အထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ရန်မသင့်လျော်ကြောင်း ခံစားမိသည်။ ထို့ကြောင့် ဂိတ်ဝတွင်သာ နှုတ်ဆက်စကား ဆိုလိုက်ရသည်။
"တတိယညီမလေးက ညီမလေးကို ကရုစိုက်ပေးဖို့ အစေခံကို ခေါ်မသွားချင်ဘူးဆိုတော့ အကယ်ဒမီထဲမှာ နေထိုင်ရတာ အခက်အခဲများရှိရင် လူလွှတ်ပြီး အကြောင်းကြားလိုက်ပါ"
သူကပြောသည်။
ယဲ့ကျန်းက ပြုံးပြီးခေါင်းညိမ့်သည်။
"ကျွန်မသိပါတယ် အကြီးဆုံးအစ်ကို မစိုးရိမ်ပါနဲ့"
သူမက ကိုယ့်ကိုယ်ကို ကောင်းကောင်း ကရုစိုက်နိုင်သည်။
လုလင်ကျစ်က ယဲ့ကျန်းကို အပြုံးနှင့်ကြည့်နေပြီးနောက် ရထားလုံးပေါ်သို့ ပြန်တက်ကာ ထွက်သွားသည်။
အခြားသော မိန်းကလေးများနှင့် မတူညီစွာပင် ယဲ့ကျန်းဟာ မည်သည့် အဝတ်အထည် အသုံးအဆောင် ပစ္စည်းများပါသော အိတ်များကိုမျှ သယ်ဆောင်လာရန် မလိုအပ်ချေ။ ဖေးရှီက နဂိုကတည်းက လူလွှတ်ကာ သူမ၏ အသုံးအဆောင် ပစ္စည်းတိုင်းကို အဆောင်သို့ ပို့ထားပြီးသားဖြစ်သည်။
"ယောင်ယောင်"
သူမက ဝင်ပေါက်တွင်သာ ရှိသေးသည်။ တစ်စုံတစ်ယောက်က သူမ၏နာမည်ကို လှမ်းခေါ်လိုက်သံကို ကြားလိုက်ရသည်။ ထို့ကြောင့် ချက်ချင်း လှည့်ကြည့်လိုက်သည့်အခါ နူးညံ့သော အဝါရောင် ပုံရိပ်လေးတစ်ခုက နီးကပ်လာကြောင်း မြင်လိုက်ရသည်။ ထိုကောင်မလေး၏အပြုံးက တောက်ပကာ ချိုမြိန်သည်။ သူမက ယဲ့ကျန်းကို စိတ်လှုပ်ရှားစွာဖြင့် လက်ယမ်းပြနေသည်။
သူမ၏ မျက်ဝန်းမှ တောက်ပမှုနှင့် စိတ်လှုပ်ရှားမှု၏ သက်ရောက်ခံလိုက်ရသော ယဲ့ကျန်းဟာလည်း ဒါကသူ ယခင်စာမေးပွဲတွင် တွေ့ဆုံခဲ့သော စွန်းဝမ်ဖြစ်ကြောင်း သတိရလိုက်သည်။ သူမက နေရာတွင်သာ ရပ်လျှက် စွန်းဝမ်က တောက်ပသောအပြုံးနှင့် နီးကပ်လာရန် စောင့်ဆိုင်းလိုက်သည်။
"ယောင်ယောင် ဒီပထမဦးဆုံးနေ့မှာတင် တွေ့ရမယ်လို့ မထင်ထားဘူး"
စွန်းဝမ်ကလည်း ယဲ့ကျန်းကို မြင်ရသည့်အတွက် ပျော်သွားသည်။
ယဲ့ကျန်းက စကားတစ်ခွန်းမှ မဆိုရချိန်မှာတင် တစ်ဖက်က ဆက်ပြောပြန်သည်။
"ကံကောင်းစွာနဲ့ ဒါကတကယ် ကံကောင်းတဲ့ တိုက်ဆိုင်မှုလို့ ပြောလို့ရတယ်။ ငါနင်နဲ့တွေ့တာ ဘယ်လောက် ကံကောင်းလိုက်သလဲ။ မဟုတ်ရင် ငါဘာလုပ်ရမယ်မှန်းတောင် သိမှာမဟုတ်ဘူး။ ငါက သိပ်မကြာခင်ကမှ မြို့တော်ကိုရောက်တာလေ။ ဘယ်သူနဲ့မှလည်း မသိဘူး။ ဒါကြောင့် စကားပြောဖော်လည်း ရှာမရဘူးဖြစ်နေတာ"
စွန်းဝမ်အတွက် စကားပြောရခြင်းက ပုံမှန်ကိစ္စဖြစ်နေသည်။ ယဲ့ကျန်းကလည်း ငြိမ်သက်စွာသာ နားထောင်ပေသည်။ နောက်ဆုံးမှသာ သူမစကားပြောရန် အခွင့်အရေး ရလာသည်။
"တို့လည်းအခုမှ ရောက်တာပဲ။ မမျှော်လင့်ထားဘဲ မင်းနဲ့တွေ့ရမယ်လို့ မထင်ထားမိဘူး"
သူတို့၏ စားမေးပွဲဖြေသော နေ့ကတည်းက စွန်းဝမ်ဟာ ယဲ့ကျန်းအပေါ် ချစ်ခင်နှစ်သက်မှုကို ပြသခဲ့သည်။ ယဲ့ကျန်းအနေနှင့်လည်း ထိုတက်ကြွသောမိန်းကလေးက ကောင်းမွန်သည်ဟု ခံစားရသည်။ စွန်းဝမ်အနေဖြင့် မိတ်ဆွေအမြောက်အများ ဖွဲ့ရခြင်းကို နှစ်သက်လေ့ရှိပြီး မျက်နှာကိုအဓိက ထားကြည့်သည်။ ရုပ်ချောကာ ကြည့်ကောင်းသော လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ထိုလူဟာ စွန်းဝမ်၏ သဘောအကျဆုံး မိတ်ဆွေဖြစ်သွားတော့သည်။
"ယောင်ယောင် ငါတို့အတန်းတူမယ်လို့ ထင်တယ်"
"တို့လည်း အဲ့ဒီလိုပဲထင်တယ်"
သူမယခင်ဘဝတွင် ယဲ့ကျန်းက အမြဲတစေ တသီးတသန့် နေထိုင်ရသည့်အတွက် ရင်းနှီးသော အမျိုးသမီး မိတ်ဆွေဟူ၍ မရှိခဲ့ချေ။ ယခုကဲ့သို့ တက်ကြွလွန်းသော စွန်းဝမ်နှင့် ကြုံရသည်က မပြင်ဆင်ထားဘဲ ကျူးကျော်ခံရသလိုမျိုး ရုတ်တရက် မည်သို့တုန့်ပြန်ရမည်ကို မနည်းစဉ်းစားရနေတော့သည်။
ယဲ့ကျန်း၏ တောင့်တင်းမှုကို သတိမထားမိသော စွန်းဝမ်က တက်ကြွစွာဖြင့် သူမ၏ မသက်မသာဖြစ်မှုကို ဖြေလျော့ပေးသည်။ ထို့နောက် ယဲ့ကျန်း၏လက်ကိုဆွဲကာ အဆောင်ထဲသို့ ခေါ်ကာဝင်သွားတော့သည်။
ဆေးဝါးအကယ်ဒမီဟာ အလွန်ကြီးသည်။ အကယ်ဒမီများထဲတွင်ပင် အကျယ်ဆုံးလည်းဖြစ်သည်။ စတင်တည်ထောင်ချိန်ကကဲ့သို့ အလွန်အမင်း ခမ်းနားမှု မရှိတော့သော်လည်း ဆေးပညာကိုရွေးချယ်ကာ သင်ယူလေ့လာလိုသော မိန်းကလေး အများအပြားကို မြင်နေရသေးသည်။ စဦးသင်ကြားမှု အတန်းတွင် ကျောင်းသူ အယောက်လေးဆယ်ရှိသည်။ နှစ်သုတ်ခွဲလိုက်သည့်အခါ အယောက်နှစ်ဆယ်စီ ဖြစ်သွားသည်။ ယဲ့ကျန်းနှင့် စွန်းဝမ်က ပထမအဖွဲ့တွင်ပါသည်။
"ယောင်ယောင် ငါတို့နှစ်ယောက်လုံး အခန်းနံပါတ်နှစ်မှာပဲ"
စွန်းဝမ်က တက်ကြွစွာပြောသည်။
တစ်နှင့်နှစ်ဟု ခွဲထားခြင်းရှိသည့်အတွက် တစ်က အကောင်းဆုံးဖြစ်မှန်း သေချာသည်။ သူတို့၏ စမ်းသပ်စစ်ဆေးမှု ရလဒ်များက မဆိုးရွားခဲ့ဟုထင်သည်။ သို့သော် သူတို့နှစ်ယောက်လုံးက ဘီဖြစ်နေကြသည်။
စွန်းဝမ်၏ မကျေနပ်မှုကို သတိထားမိသည့် ယဲ့ကျန်းက နှစ်သိမ့်ပေးသည်။
176 02
"အဆင်ပြေပါတယ် နှစ်တန်းလုံးက တူနေတာပဲ။ နှစ်ခုလုံးက ဆေးဝါးပညာကို သင်ကြားပေးကြလိမ့်မယ်"
"နင်ပြောတာမှန်တယ်"
စွန်းဝမ်က ခေါင်းညိမ့်ပြီး ပြန်ပြောသွားသည်။
ထို့နောက် တခဏတွင် သူတို့၏နားအတွင်းသို့ အထင်တသေး လှောင်ပြောင်ရယ်သံက ဝင်လာသည်။
"ဟမ့် တကယ်ကိုပဲ နှစ်ယောက်လုံးက တောကြိုအုံကြားက တက်လာကြတော့ တူတူပေါင်းမိသွားတာပေါ့"
ဒီအသံက...
စွန်းဝမ်က အသံအရင်းအမြစ်ကို ရှာတွေ့သည့် ပထမဦးဆုံး လူဖြစ်သည်။ သူမ၏ နှုတ်ခမ်းက ထိုလူကို မြင်သောအခါ မကျေမနပ် မဲ့ကျသွားသည်။ ယဲ့ကျန်းကလည်း အသံကို ရင်းနှီးသည်ဟု ခံစားရသည်။ သူမကလည်း လှည့်ကြည့်လိုက်၏။
လှောင်ပြုံး ပြုံးနေသော မျက်နှာထားနှင့် ပန်းရောင်ဝတ်စုံ ဝတ်ထားသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူတို့အား ရွံ့ရှာစွာကြည့်နေ၏။ သူတို့နှစ်ယောက်လုံး ထိုလူကို မှတ်မိလိုက်ကြသည်။ ဒါက ကောင်းရွှမ်ပင်းဖြစ်ပြီး စွန်းဝမ်နှင့် စာမေးပွဲဖြေချိန်က အတူတကွ ကျခဲ့သူလည်းဖြစ်သည်။
ထိုမိန်းကလေး၏ မောက်မာထောင်လွှားမှုနှင့် သူမ၏ နာမည်အကြောင်း ပြန်သတိရသည့်အခါ ယဲ့ကျန်းက လုံရှန်းမှ ကောင်းမိသားစုမှ သခင်မလေးဖြစ်ကြောင်း တန်းသိလိုက်သည်။
ကောင်းမိသားစုဟာ သက်တမ်း နှစ်ရာကျော်ရှည်သည့် အထက်တန်းလွှာ မိသားစုဟောင်း မဟုတ်သော်လည်း အထက်တန်းလွှာ မိသားစုဖြစ်နေသေးသည်။ ထို့ကြောင့် ကောင်းရွှမ်ပင်းက ဆေးဝါးအကယ်ဒမီကျောင်းကို တက်ရောက်နိုင်ခြင်းက အံ့သြစရာမကောင်းချေ။
"နယ်မြို့ကလာတာ ဘာများမှားနေလို့လဲ"
စွန်းဝမ်ကလည်း ထိုမိန်းကလေးကို စိုက်ကြည့်သည်။
ကောင်းရွှမ်ပင်းက အရပ်ရှည်သည်။ ထိုကြောင့် စွန်းဝမ်ကို အပေါ်စီးမှ ကြည့်နိုင်သည်။
"တို့ကရုပ်ဆိုးတဲ့လူတွေနဲ့ မပြောဘူး။ တို့ရဲ့လမ်းက ဖယ်စမ်းပါ"
စွန်းဝမ်ဟာ သူမကို ရုပ်ဆိုးသည်ဟုပြောသော လူများကို အမုန်းဆုံးဖြစ်သည်။
"နင်... နင်မလွန်လာနဲ့ နင်လွန်လာရင် နင်ပဲ နောင်တရလိမ့်မယ်"
စွန်းဝမ်လေသံထဲမှ သတိပေးသံကို ကြားသောအခါ ကောင်းရွှမ်ပင်းက တိုက်ရိုက်ပင် လျစ်လျူရှု့လိုက်ပြီးနောက် ယဲ့ကျန်းကိုသာ မျက်ခုံးပင့်ပြီးကြည့်သည်။
"နင်က လုယောင်ယောင်လား"
ပြန်ဖြေရမည့်အစား ယဲ့ကျန်းက စွန်းဝမ်၏လက်ကိုသာ ကိုင်သည်။
"သွားစို့ တို့ကလည်း ကိုယ့်ကိုယ်ကို လှတယ်လို့ထင်နေတဲ့ ရုပ်ဆိုးတဲ့လူတွေနဲ့ စကားမပြောချင်ဘူး"
"..."
စွန်းဝမ်က ယဲ့ကျန်းကို လေးစားအားကျစွာကြည့်ပြီး အတန်းဘက်သို့ ထွက်ခဲ့လိုက်သည်။ ကောင်းရွှမ်ပင်းကို အရှက်ခွဲရသည့်အတွက်ကိုလည်း စွန်းဝမ်က ပျော်သွားသည်။
ကောင်းရွှမ်ပင်းအတွက် ရွေးချယ်စရာ မရှိလေဘဲ ထွက်သွားသော ကျောပြင်များကို မုန်းတီးစွာ ကြည့်နေရသည်။ သူမ၏ စိတ်ထဲတွင်မူ ထိုနှစ်ယောက်လုံးကို တေးမှတ်ထားလိုက်လေပြီ။
ယဲ့ကျန်းက ရန်သူဖွဲ့ရခြင်းကို မကြိုက်သော်လည်း သူမ၏ မိတ်ဆွေများကို အရှက်ခွဲသူများကိုလည်း သဘောကျပေးနေမည် မဟုတ်ပေ။
"ယောင်ယောင် နင်ကောင်းရွှမ်ပင်းကို တကယ်အရှက်ခွဲလိုက်နိုင်တာပဲ"
စွန်းဝမ်က ဂုဏ်ယူသွားပြီး ယဲ့ကျန်းကို ပို၍ချစ်သွားသည်။
"စွန်းဝမ် ကောင်းရွှမ်ပင်းက စိတ်သဘောထား ကျဉ်းမြောင်းတဲ့ မိန်းကလေးပဲ။ ဒါကြောင့် အနာဂတ်မှာ ရန်မစတာ အကောင်းဆုံးပဲ"
ယဲ့ကျန်းက သတိပေးသည်။ သူမက ကောင်းရွှမ်ပင်းကို ထိတ်လန့်၍ မဟုတ်လေဘဲ ကောင်းမိသားစုက တော်ဝင်မင်းသမီးနှင့် ပတ်သတ်သောကြောင့်ဖြစ်သည်။ စွန်းဝမ်က အရာရှိတစ်ယောက်၏ သမီးဖြစ်သော်လည်း သူမအနေအထားမျိုးဖြင့် တော်ဝင်မိသားစုကို ကိုင်တွယ်နိုင်ရန် မလုံလောက်သေးချေ။
စွန်းဝမ်ကလည်း ရင်ထဲတွင် လက်သင့်မခံလိုမှုကို ခံစားရသည်။
176 03
"သူကငါ့ကို အရင်စတာလေ။ ငါတို့က ကိုယ့်ကိုယ်ကို ခုခံတာပဲ"
"ဒီအတိုင်းပဲ ရှောင်လိုက်ပါ လာပါ တို့တွေနောက်ကျတော့မယ်"
ယဲ့ကျန်း၏ စာမေးပွဲတွင် ပြောင်မြောက်သော ရလဒ်နှင့် သူမဟာ အတန်းနံပါတ်တစ်တွင် တက်ရသင့်သည်။ သို့ရာတွင် အကယ်ဒမီမှ ယဲ့ကျန်း၏ စစ်ဆေးမှုကို လက်သင့်ခံခဲ့သော ဆရာများက လျိုဟွား၏အမိန့်တို့ အားလုံးပေါင်းစပ်လိုက်သော် သူမကို သတိပေးသည့်အနေဖြင့် အတန်းနံပါတ်နှစ်တွင်သာ ထားလိုက်တော့သည်။
အတန်းများထံသို့ ရောက်သွားချိန်တွင် နှစ်တန်းက မျက်နှာချင်းဆိုင်ဖြစ်ကြောင်း မြင်လိုက်ရသည်။ စီစဉ်ခင်းကျင်းမှုအရ သတိထားမိရန် လွယ်သည်။ အတန်းနံပါတ်တစ်မှ မိန်းကလေးအများစုက မြို့တော်ကြီးမှလူများ ဖြစ်ကြပြီး နောက်ခံကောင်းကြသည်။ အတန်းနံပါတ်နှစ်မှ လူများကမူ စီရင်စုမြို့များမှ လာကြသည်။ ထိုသို့ခွဲဝေမှုအရ အကယ်ဒမီ၏ အရည်အသွေးကို ခွဲခြားလိုက်ခြင်းဖြစ်သွားသည်။ အဆင့်အတန်းအားဖြင့် ခွဲခြားလိုက်ခြင်းဖြစ်၏။
တော်ဝင်သမားတော်တစ်ယောက်ဖြစ်ရန် စိတ်အားထက်သန်နေသောကြောင့်သာ မဟုတ်လျှင် ယဲ့ကျန်းအနေဖြင့် ဒီလိုအကယ်ဒမီကို မတက်ချင်တော့ချေ။
"ယောင်ယောင် အဲ့ဒီမှာထိုင်ရအောင်"
စွန်းဝမ်က ရှေ့ဆုံးခုံများကို ညွှန်ပြပြီး ယဲ့ကျန်း၏လက်ကို ဆွဲသွားသည်။ အကယ်ဒမီက အလွန်ကျယ်သည်။ လူတိုင်းတွင်လည်း စားပွဲတစ်လုံးစီရပြီး ကြမ်းပြင်တွင်လည်း နူးညံ့သော ကောဇောများကို ခင်းထားသည်။ အထဲတွင် လူအများအပြား ရှိနေနှင့်ပြီး ယဲ့ကျန်းနှင့် စွန်းဝမ်တို့ ဝင်လာချိန်တွင် မျက်လုံးများက သူတို့ထံရောက်လာသည်။ ယဲ့ကျန်းက သူတို့ကို လေးစားစွာဖြင့် ခေါင်းညိမ့်ပြလိုက်ချိန်တွင် စွန်းဝမ်ကမူ သူတို့၏နေရာထံသို့ ဆွဲခေါ်သွားပြီဖြစ်သည်။
"နင်က လုယောင်ယောင်လား"
ယဲ့ကျန်း၏အနောက်မှ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က လှမ်းမေးသည်။ သူမက ယဲ့ကျန်း၏အနောက်တွင် ထိုင်ခြင်းဖြစ်သည်။ သူမက အသက်(၁၅)နှစ်အရွယ်သာလျှင်ရှိပြီး ချစ်စရာကောင်းပြီး တက်တက်ကြွကြွရှိသည်။ သူမက ရယ်လိုက်ချိန်တိုင်း နက်ရှိုင်းသော ပါးချိုင့်လေးက ထင်ရှားစွာပေါ်လာသည်။
ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ကြည့်ပြီးနောက်တွင် ယဲ့ကျန်းဟာ အချင်းချင်း အဖော်ပြုနေသော လူအများစုနှင့် ကွဲထွက်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက တစ်ယောက်ထဲ ရှိနေသည်။ သို့တိုင်အောင် မည်သူကမှ သူမအား စကားမပြောချင်နေသည့် ပုံစံမျိုးရှိနေလေသည်။
"ဟုတ်ပါတယ်"
ယဲ့ကျန်းက ဖြေသည်။ သူမ၏မျက်ခုံးကလည်း အနည်းငယ်တွန့်သွားသည်။ လူတိုင်းက သူမကို သိရလောက်သည်အထိ လုယောင်ယောင်က ကျော်ကြားနေသည်။ ထိုမိန်းကလေးက ဆက်ပြောသည်။
"တို့ရဲ့နာမည်က ချန်းကျွင်းယွီပဲ။ စာမေးပွဲဖြေတဲ့နေ့က တို့မင်းကိုတွေ့လိုက်တယ်။ မင်းကတကယ် တော်တယ်"
ယဲ့ကျန်းက သူမကို အနည်းငယ်သာ ပြန်ပြုံးပြလိုက်သည်။
"ငါ့ရဲ့နာမည်က စွန်းဝမ်ပါ။ ငါလည်းနင့်ကို တွေ့လိုက်တယ်။ နင့်ရဲ့ကုချင်းတီးတာက တော်တယ်"
ချန်းကျွင်းယွီက အခြားတစ်ယောက်က သူမကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ စကားပြောမည်ဟု မထင်ထားမိချေ။ စွန်းဝမ်၏ စရိုက်က နဂိုကတည်းက တက်ကြွကာ ရွှင်လန်းလာသည်။ ထို့ကြောင့် သူတို့ကြားမှ စကားပြောခန်းက သွက်သွက်လက်လက်လေးဖြစ်လာပြီး ချန်းကျွင်းယွီကလည်း အထီးကျန်သလို မခံစားရတော့ချေ။
သို့ရာတွင် ပတ်ဝန်းကျင်မှ လူများကမူ မသက်မသာ ဖြစ်နေကြသည်။ ယဲ့ကျန်းက သူတို့၏ကျောပြင်သို့ အပေါက်ဖောက်မတက် စူးစိုက်နေကြသော အကြည့်များကို ခံစားမိသည်။ အခြားမိန်းကလေးများဟာ ကျော်ကြားသော လုယောင်ယောင်၏ အကြောင်းကို ကြားဖူးကြသည်။ ယခုကဲ့သို့ သူမ၏အလှကို မြင်ရသည့်အခါ မကျေမနပ် ဖြစ်သွားကြတော့သည်။
"ဆိုတော့နင်က လုယောင်ယောင်ပေါ့"
ထိုအခိုက် ထက်ရှသော အသံဖြင့် တစ်ခန်းလုံးဟိန်းနေအောင် ပြောလိုက်သော မိန်းကလေး တစ်ယောက်၏အသံကို ကြားလိုက်ရသည်။
ယဲ့ကျန်းဟာ စွန်းဝမ်နှင့် ချန်းကျွင်းယွီတို့၏ စကားဝိုင်းထံ အာရုံရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်က သူမ၏နာမည်ကို ထည့်ပြောလာကြောင်း ကြားသောအခါ သံသယအပြည့်ဖြင့် ကြည့်လိုက်မိတော့သည်။
နောက်ထပ် ထောင့်တစ်နေရာတွင် ထိုင်နေသည့် နှစ်ယောက်သုံးယောက်ခန့် စုနေသော အမျိုးသမီးများထဲမှ တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။ အားလုံးက သူမကို ကြည့်နေကြသည်။ အငယ်ဆုံးတစ်ယောက်က မတ်တပ်ရပ်ပြီး ယဲ့ကျန်းကို လက်ညိုးထိုးကာ ဆက်ပြောသည်။
"နင်က အမျိုးသားတိုင်း သူတို့ရဲ့ပိုက်ဆံကိုသုံးပြီး နင့်အပေါ် လောင်းကြေးထပ်အောင် မြူဆွယ်တဲ့ အရှက်မရှိတဲ့ လုယောင်ယောင်မဟုတ်လား။ နင်က မင်းသမီးလျိုဟွားကို အရှက်ခွဲတဲ့လူပဲ"
ယဲ့ကျန်း၏ မျက်နှာကပျက်သွားပြီး ထိုမိန်းကလေးကို ရန်လိုမှုအပြည့်ဖြင့်ကြည့်သည်။
"နင်ဘာပြောလိုက်တာလဲ"
ယဲ့ကျန်းက သူမနှင့် ပြိုင်ပြောရဲမည်ဟု ထိုမိန်းကလေးက မထင်ချေ။ ထို့ကြောင့် ပို၍ပင် မောက်မာလာကာ ယဲ့ကျန်းကို လက်ညိုးဖြင့်ထိုးသည်။
"ငါပြောတာမှားလို့လား။ နင်က အရှက်မရှိဘူး။ နင်က မင်းသားငယ်နဲ့ အမတ်ထန်းကိုတောင် မြူဆွယ်ရဲသေးတယ်။ ဒါတောင်မှ နင်ဘယ်လိုများ ဒီနေရာကို မျက်နှာပြောင်တိုက်ပြီး လာရဲသေးတာလဲ။ နင့်ရဲ့ အဲ့ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် အကယ်ဒမီကို ဝင်ခွင့်ရမယ်လို့ထင်လား"
Telegram မှာ အပိုင်း ၄၇၅အထိ ရောက်ပါပြီနော်။
Zawgyi
176 01
အခန္း(၁၇၆)
အတန္းခြဲေဝမႈ (၁)
ရထားလုံးဟာ အမ်ိဳးသမီး အကယ္ဒမီ၏ အေရွ႕ဘက္ ဂိတ္ေရွ႕တြင္ ရပ္တန႔္သြားသည္။ လုလင္က်စ္ဟာ ယဲ့က်န္းကို အထဲသို႔ ကိုယ္တိုင္ကိုယ္က် ပို႔ရန္မသင့္ေလ်ာ္ေၾကာင္း ခံစားမိသည္။ ထို႔ေၾကာင့္ ဂိတ္ဝတြင္သာ ႏႈတ္ဆက္စကား ဆိုလိုက္ရသည္။
"တတိယညီမေလးက ညီမေလးကို က႐ုစိုက္ေပးဖို႔ အေစခံကို ေခၚမသြားခ်င္ဘူးဆိုေတာ့ အကယ္ဒမီထဲမွာ ေနထိုင္ရတာ အခက္အခဲမ်ားရွိရင္ လူလႊတ္ၿပီး အေၾကာင္းၾကားလိုက္ပါ"
သူကေျပာသည္။
ယဲ့က်န္းက ၿပဳံးၿပီးေခါင္းညိမ့္သည္။
"ကြၽန္မသိပါတယ္ အႀကီးဆုံးအစ္ကို မစိုးရိမ္ပါနဲ႔"
သူမက ကိုယ့္ကိုယ္ကို ေကာင္းေကာင္း က႐ုစိုက္ႏိုင္သည္။
လုလင္က်စ္က ယဲ့က်န္းကို အၿပဳံးႏွင့္ၾကည့္ေနၿပီးေနာက္ ရထားလုံးေပၚသို႔ ျပန္တက္ကာ ထြက္သြားသည္။
အျခားေသာ မိန္းကေလးမ်ားႏွင့္ မတူညီစြာပင္ ယဲ့က်န္းဟာ မည္သည့္ အဝတ္အထည္ အသုံးအေဆာင္ ပစၥည္းမ်ားပါေသာ အိတ္မ်ားကိုမွ် သယ္ေဆာင္လာရန္ မလိုအပ္ေခ်။ ေဖးရွီက နဂိုကတည္းက လူလႊတ္ကာ သူမ၏ အသုံးအေဆာင္ ပစၥည္းတိုင္းကို အေဆာင္သို႔ ပို႔ထားၿပီးသားျဖစ္သည္။
"ေယာင္ေယာင္"
သူမက ဝင္ေပါက္တြင္သာ ရွိေသးသည္။ တစ္စုံတစ္ေယာက္က သူမ၏နာမည္ကို လွမ္းေခၚလိုက္သံကို ၾကားလိုက္ရသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္း လွည့္ၾကည့္လိုက္သည့္အခါ ႏူးညံ့ေသာ အဝါေရာင္ ပုံရိပ္ေလးတစ္ခုက နီးကပ္လာေၾကာင္း ျမင္လိုက္ရသည္။ ထိုေကာင္မေလး၏အၿပဳံးက ေတာက္ပကာ ခ်ိဳၿမိန္သည္။ သူမက ယဲ့က်န္းကို စိတ္လႈပ္ရွားစြာျဖင့္ လက္ယမ္းျပေနသည္။
သူမ၏ မ်က္ဝန္းမွ ေတာက္ပမႈႏွင့္ စိတ္လႈပ္ရွားမႈ၏ သက္ေရာက္ခံလိုက္ရေသာ ယဲ့က်န္းဟာလည္း ဒါကသူ ယခင္စာေမးပြဲတြင္ ေတြ႕ဆုံခဲ့ေသာ စြန္းဝမ္ျဖစ္ေၾကာင္း သတိရလိုက္သည္။ သူမက ေနရာတြင္သာ ရပ္လွ်က္ စြန္းဝမ္က ေတာက္ပေသာအၿပဳံးႏွင့္ နီးကပ္လာရန္ ေစာင့္ဆိုင္းလိုက္သည္။
"ေယာင္ေယာင္ ဒီပထမဦးဆုံးေန႔မွာတင္ ေတြ႕ရမယ္လို႔ မထင္ထားဘူး"
စြန္းဝမ္ကလည္း ယဲ့က်န္းကို ျမင္ရသည့္အတြက္ ေပ်ာ္သြားသည္။
ယဲ့က်န္းက စကားတစ္ခြန္းမွ မဆိုရခ်ိန္မွာတင္ တစ္ဖက္က ဆက္ေျပာျပန္သည္။
"ကံေကာင္းစြာနဲ႔ ဒါကတကယ္ ကံေကာင္းတဲ့ တိုက္ဆိုင္မႈလို႔ ေျပာလို႔ရတယ္။ ငါနင္နဲ႔ေတြ႕တာ ဘယ္ေလာက္ ကံေကာင္းလိုက္သလဲ။ မဟုတ္ရင္ ငါဘာလုပ္ရမယ္မွန္းေတာင္ သိမွာမဟုတ္ဘူး။ ငါက သိပ္မၾကာခင္ကမွ ၿမိဳ႕ေတာ္ကိုေရာက္တာေလ။ ဘယ္သူနဲ႔မွလည္း မသိဘူး။ ဒါေၾကာင့္ စကားေျပာေဖာ္လည္း ရွာမရဘူးျဖစ္ေနတာ"
စြန္းဝမ္အတြက္ စကားေျပာရျခင္းက ပုံမွန္ကိစၥျဖစ္ေနသည္။ ယဲ့က်န္းကလည္း ၿငိမ္သက္စြာသာ နားေထာင္ေပသည္။ ေနာက္ဆုံးမွသာ သူမစကားေျပာရန္ အခြင့္အေရး ရလာသည္။
"တို႔လည္းအခုမွ ေရာက္တာပဲ။ မေမွ်ာ္လင့္ထားဘဲ မင္းနဲ႔ေတြ႕ရမယ္လို႔ မထင္ထားမိဘူး"
သူတို႔၏ စားေမးပြဲေျဖေသာ ေန႔ကတည္းက စြန္းဝမ္ဟာ ယဲ့က်န္းအေပၚ ခ်စ္ခင္ႏွစ္သက္မႈကို ျပသခဲ့သည္။ ယဲ့က်န္းအေနႏွင့္လည္း ထိုတက္ႂကြေသာမိန္းကေလးက ေကာင္းမြန္သည္ဟု ခံစားရသည္။ စြန္းဝမ္အေနျဖင့္ မိတ္ေဆြအေျမာက္အမ်ား ဖြဲ႕ရျခင္းကို ႏွစ္သက္ေလ့ရွိၿပီး မ်က္ႏွာကိုအဓိက ထားၾကည့္သည္။ ႐ုပ္ေခ်ာကာ ၾကည့္ေကာင္းေသာ လူတစ္ေယာက္ကို ျမင္လိုက္သည္ႏွင့္ ထိုလူဟာ စြန္းဝမ္၏ သေဘာအက်ဆုံး မိတ္ေဆြျဖစ္သြားေတာ့သည္။
"ေယာင္ေယာင္ ငါတို႔အတန္းတူမယ္လို႔ ထင္တယ္"
"တို႔လည္း အဲ့ဒီလိုပဲထင္တယ္"
သူမယခင္ဘဝတြင္ ယဲ့က်န္းက အၿမဲတေစ တသီးတသန႔္ ေနထိုင္ရသည့္အတြက္ ရင္းႏွီးေသာ အမ်ိဳးသမီး မိတ္ေဆြဟူ၍ မရွိခဲ့ေခ်။ ယခုကဲ့သို႔ တက္ႂကြလြန္းေသာ စြန္းဝမ္ႏွင့္ ႀကဳံရသည္က မျပင္ဆင္ထားဘဲ က်ဴးေက်ာ္ခံရသလိုမ်ိဳး ႐ုတ္တရက္ မည္သို႔တုန႔္ျပန္ရမည္ကို မနည္းစဥ္းစားရေနေတာ့သည္။
ယဲ့က်န္း၏ ေတာင့္တင္းမႈကို သတိမထားမိေသာ စြန္းဝမ္က တက္ႂကြစြာျဖင့္ သူမ၏ မသက္မသာျဖစ္မႈကို ေျဖေလ်ာ့ေပးသည္။ ထို႔ေနာက္ ယဲ့က်န္း၏လက္ကိုဆြဲကာ အေဆာင္ထဲသို႔ ေခၚကာဝင္သြားေတာ့သည္။
ေဆးဝါးအကယ္ဒမီဟာ အလြန္ႀကီးသည္။ အကယ္ဒမီမ်ားထဲတြင္ပင္ အက်ယ္ဆုံးလည္းျဖစ္သည္။ စတင္တည္ေထာင္ခ်ိန္ကကဲ့သို႔ အလြန္အမင္း ခမ္းနားမႈ မရွိေတာ့ေသာ္လည္း ေဆးပညာကိုေ႐ြးခ်ယ္ကာ သင္ယူေလ့လာလိုေသာ မိန္းကေလး အမ်ားအျပားကို ျမင္ေနရေသးသည္။ စဦးသင္ၾကားမႈ အတန္းတြင္ ေက်ာင္းသူ အေယာက္ေလးဆယ္ရွိသည္။ ႏွစ္သုတ္ခြဲလိုက္သည့္အခါ အေယာက္ႏွစ္ဆယ္စီ ျဖစ္သြားသည္။ ယဲ့က်န္းႏွင့္ စြန္းဝမ္က ပထမအဖြဲ႕တြင္ပါသည္။
"ေယာင္ေယာင္ ငါတို႔ႏွစ္ေယာက္လုံး အခန္းနံပါတ္ႏွစ္မွာပဲ"
စြန္းဝမ္က တက္ႂကြစြာေျပာသည္။
တစ္ႏွင့္ႏွစ္ဟု ခြဲထားျခင္းရွိသည့္အတြက္ တစ္က အေကာင္းဆုံးျဖစ္မွန္း ေသခ်ာသည္။ သူတို႔၏ စမ္းသပ္စစ္ေဆးမႈ ရလဒ္မ်ားက မဆိုး႐ြားခဲ့ဟုထင္သည္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံးက ဘီျဖစ္ေနၾကသည္။
စြန္းဝမ္၏ မေက်နပ္မႈကို သတိထားမိသည့္ ယဲ့က်န္းက ႏွစ္သိမ့္ေပးသည္။
176 02
"အဆင္ေျပပါတယ္ ႏွစ္တန္းလုံးက တူေနတာပဲ။ ႏွစ္ခုလုံးက ေဆးဝါးပညာကို သင္ၾကားေပးၾကလိမ့္မယ္"
"နင္ေျပာတာမွန္တယ္"
စြန္းဝမ္က ေခါင္းညိမ့္ၿပီး ျပန္ေျပာသြားသည္။
ထို႔ေနာက္ တခဏတြင္ သူတို႔၏နားအတြင္းသို႔ အထင္တေသး ေလွာင္ေျပာင္ရယ္သံက ဝင္လာသည္။
"ဟမ့္ တကယ္ကိုပဲ ႏွစ္ေယာက္လုံးက ေတာႀကိဳအုံၾကားက တက္လာၾကေတာ့ တူတူေပါင္းမိသြားတာေပါ့"
ဒီအသံက...
စြန္းဝမ္က အသံအရင္းအျမစ္ကို ရွာေတြ႕သည့္ ပထမဦးဆုံး လူျဖစ္သည္။ သူမ၏ ႏႈတ္ခမ္းက ထိုလူကို ျမင္ေသာအခါ မေက်မနပ္ မဲ့က်သြားသည္။ ယဲ့က်န္းကလည္း အသံကို ရင္းႏွီးသည္ဟု ခံစားရသည္။ သူမကလည္း လွည့္ၾကည့္လိုက္၏။
ေလွာင္ၿပဳံး ၿပဳံးေနေသာ မ်က္ႏွာထားႏွင့္ ပန္းေရာင္ဝတ္စုံ ဝတ္ထားေသာ မိန္းကေလးတစ္ေယာက္ကို ျမင္လိုက္ရသည္။ သူတို႔အား ႐ြံ႕ရွာစြာၾကည့္ေန၏။ သူတို႔ႏွစ္ေယာက္လုံး ထိုလူကို မွတ္မိလိုက္ၾကသည္။ ဒါက ေကာင္း႐ႊမ္ပင္းျဖစ္ၿပီး စြန္းဝမ္ႏွင့္ စာေမးပြဲေျဖခ်ိန္က အတူတကြ က်ခဲ့သူလည္းျဖစ္သည္။
ထိုမိန္းကေလး၏ ေမာက္မာေထာင္လႊားမႈႏွင့္ သူမ၏ နာမည္အေၾကာင္း ျပန္သတိရသည့္အခါ ယဲ့က်န္းက လုံရွန္းမွ ေကာင္းမိသားစုမွ သခင္မေလးျဖစ္ေၾကာင္း တန္းသိလိုက္သည္။
ေကာင္းမိသားစုဟာ သက္တမ္း ႏွစ္ရာေက်ာ္ရွည္သည့္ အထက္တန္းလႊာ မိသားစုေဟာင္း မဟုတ္ေသာ္လည္း အထက္တန္းလႊာ မိသားစုျဖစ္ေနေသးသည္။ ထို႔ေၾကာင့္ ေကာင္း႐ႊမ္ပင္းက ေဆးဝါးအကယ္ဒမီေက်ာင္းကို တက္ေရာက္ႏိုင္ျခင္းက အံ့ၾသစရာမေကာင္းေခ်။
"နယ္ၿမိဳ႕ကလာတာ ဘာမ်ားမွားေနလို႔လဲ"
စြန္းဝမ္ကလည္း ထိုမိန္းကေလးကို စိုက္ၾကည့္သည္။
ေကာင္း႐ႊမ္ပင္းက အရပ္ရွည္သည္။ ထိုေၾကာင့္ စြန္းဝမ္ကို အေပၚစီးမွ ၾကည့္ႏိုင္သည္။
"တို႔က႐ုပ္ဆိုးတဲ့လူေတြနဲ႔ မေျပာဘူး။ တို႔ရဲ႕လမ္းက ဖယ္စမ္းပါ"
စြန္းဝမ္ဟာ သူမကို ႐ုပ္ဆိုးသည္ဟုေျပာေသာ လူမ်ားကို အမုန္းဆုံးျဖစ္သည္။
"နင္... နင္မလြန္လာနဲ႔ နင္လြန္လာရင္ နင္ပဲ ေနာင္တရလိမ့္မယ္"
စြန္းဝမ္ေလသံထဲမွ သတိေပးသံကို ၾကားေသာအခါ ေကာင္း႐ႊမ္ပင္းက တိုက္႐ိုက္ပင္ လ်စ္လ်ဴရႈ႕လိုက္ၿပီးေနာက္ ယဲ့က်န္းကိုသာ မ်က္ခုံးပင့္ၿပီးၾကည့္သည္။
"နင္က လုေယာင္ေယာင္လား"
ျပန္ေျဖရမည့္အစား ယဲ့က်န္းက စြန္းဝမ္၏လက္ကိုသာ ကိုင္သည္။
"သြားစို႔ တို႔ကလည္း ကိုယ့္ကိုယ္ကို လွတယ္လို႔ထင္ေနတဲ့ ႐ုပ္ဆိုးတဲ့လူေတြနဲ႔ စကားမေျပာခ်င္ဘူး"
"..."
စြန္းဝမ္က ယဲ့က်န္းကို ေလးစားအားက်စြာၾကည့္ၿပီး အတန္းဘက္သို႔ ထြက္ခဲ့လိုက္သည္။ ေကာင္း႐ႊမ္ပင္းကို အရွက္ခြဲရသည့္အတြက္ကိုလည္း စြန္းဝမ္က ေပ်ာ္သြားသည္။
ေကာင္း႐ႊမ္ပင္းအတြက္ ေ႐ြးခ်ယ္စရာ မရွိေလဘဲ ထြက္သြားေသာ ေက်ာျပင္မ်ားကို မုန္းတီးစြာ ၾကည့္ေနရသည္။ သူမ၏ စိတ္ထဲတြင္မူ ထိုႏွစ္ေယာက္လုံးကို ေတးမွတ္ထားလိုက္ေလၿပီ။
ယဲ့က်န္းက ရန္သူဖြဲ႕ရျခင္းကို မႀကိဳက္ေသာ္လည္း သူမ၏ မိတ္ေဆြမ်ားကို အရွက္ခြဲသူမ်ားကိုလည္း သေဘာက်ေပးေနမည္ မဟုတ္ေပ။
"ေယာင္ေယာင္ နင္ေကာင္း႐ႊမ္ပင္းကို တကယ္အရွက္ခြဲလိုက္ႏိုင္တာပဲ"
စြန္းဝမ္က ဂုဏ္ယူသြားၿပီး ယဲ့က်န္းကို ပို၍ခ်စ္သြားသည္။
"စြန္းဝမ္ ေကာင္း႐ႊမ္ပင္းက စိတ္သေဘာထား က်ဥ္းေျမာင္းတဲ့ မိန္းကေလးပဲ။ ဒါေၾကာင့္ အနာဂတ္မွာ ရန္မစတာ အေကာင္းဆုံးပဲ"
ယဲ့က်န္းက သတိေပးသည္။ သူမက ေကာင္း႐ႊမ္ပင္းကို ထိတ္လန႔္၍ မဟုတ္ေလဘဲ ေကာင္းမိသားစုက ေတာ္ဝင္မင္းသမီးႏွင့္ ပတ္သတ္ေသာေၾကာင့္ျဖစ္သည္။ စြန္းဝမ္က အရာရွိတစ္ေယာက္၏ သမီးျဖစ္ေသာ္လည္း သူမအေနအထားမ်ိဳးျဖင့္ ေတာ္ဝင္မိသားစုကို ကိုင္တြယ္ႏိုင္ရန္ မလုံေလာက္ေသးေခ်။
စြန္းဝမ္ကလည္း ရင္ထဲတြင္ လက္သင့္မခံလိုမႈကို ခံစားရသည္။
176 03
"သူကငါ့ကို အရင္စတာေလ။ ငါတို႔က ကိုယ့္ကိုယ္ကို ခုခံတာပဲ"
"ဒီအတိုင္းပဲ ေရွာင္လိုက္ပါ လာပါ တို႔ေတြေနာက္က်ေတာ့မယ္"
ယဲ့က်န္း၏ စာေမးပြဲတြင္ ေျပာင္ေျမာက္ေသာ ရလဒ္ႏွင့္ သူမဟာ အတန္းနံပါတ္တစ္တြင္ တက္ရသင့္သည္။ သို႔ရာတြင္ အကယ္ဒမီမွ ယဲ့က်န္း၏ စစ္ေဆးမႈကို လက္သင့္ခံခဲ့ေသာ ဆရာမ်ားက လ်ိဳဟြား၏အမိန႔္တို႔ အားလုံးေပါင္းစပ္လိုက္ေသာ္ သူမကို သတိေပးသည့္အေနျဖင့္ အတန္းနံပါတ္ႏွစ္တြင္သာ ထားလိုက္ေတာ့သည္။
အတန္းမ်ားထံသို႔ ေရာက္သြားခ်ိန္တြင္ ႏွစ္တန္းက မ်က္ႏွာခ်င္းဆိုင္ျဖစ္ေၾကာင္း ျမင္လိုက္ရသည္။ စီစဥ္ခင္းက်င္းမႈအရ သတိထားမိရန္ လြယ္သည္။ အတန္းနံပါတ္တစ္မွ မိန္းကေလးအမ်ားစုက ၿမိဳ႕ေတာ္ႀကီးမွလူမ်ား ျဖစ္ၾကၿပီး ေနာက္ခံေကာင္းၾကသည္။ အတန္းနံပါတ္ႏွစ္မွ လူမ်ားကမူ စီရင္စုၿမိဳ႕မ်ားမွ လာၾကသည္။ ထိုသို႔ခြဲေဝမႈအရ အကယ္ဒမီ၏ အရည္အေသြးကို ခြဲျခားလိုက္ျခင္းျဖစ္သြားသည္။ အဆင့္အတန္းအားျဖင့္ ခြဲျခားလိုက္ျခင္းျဖစ္၏။
ေတာ္ဝင္သမားေတာ္တစ္ေယာက္ျဖစ္ရန္ စိတ္အားထက္သန္ေနေသာေၾကာင့္သာ မဟုတ္လွ်င္ ယဲ့က်န္းအေနျဖင့္ ဒီလိုအကယ္ဒမီကို မတက္ခ်င္ေတာ့ေခ်။
"ေယာင္ေယာင္ အဲ့ဒီမွာထိုင္ရေအာင္"
စြန္းဝမ္က ေရွ႕ဆုံးခုံမ်ားကို ၫႊန္ျပၿပီး ယဲ့က်န္း၏လက္ကို ဆြဲသြားသည္။ အကယ္ဒမီက အလြန္က်ယ္သည္။ လူတိုင္းတြင္လည္း စားပြဲတစ္လုံးစီရၿပီး ၾကမ္းျပင္တြင္လည္း ႏူးညံ့ေသာ ေကာေဇာမ်ားကို ခင္းထားသည္။ အထဲတြင္ လူအမ်ားအျပား ရွိေနႏွင့္ၿပီး ယဲ့က်န္းႏွင့္ စြန္းဝမ္တို႔ ဝင္လာခ်ိန္တြင္ မ်က္လုံးမ်ားက သူတို႔ထံေရာက္လာသည္။ ယဲ့က်န္းက သူတို႔ကို ေလးစားစြာျဖင့္ ေခါင္းညိမ့္ျပလိုက္ခ်ိန္တြင္ စြန္းဝမ္ကမူ သူတို႔၏ေနရာထံသို႔ ဆြဲေခၚသြားၿပီျဖစ္သည္။
"နင္က လုေယာင္ေယာင္လား"
ယဲ့က်န္း၏အေနာက္မွ အစိမ္းေရာင္ဝတ္စုံႏွင့္ မိန္းကေလးတစ္ေယာက္က လွမ္းေမးသည္။ သူမက ယဲ့က်န္း၏အေနာက္တြင္ ထိုင္ျခင္းျဖစ္သည္။ သူမက အသက္(၁၅)ႏွစ္အ႐ြယ္သာလွ်င္ရွိၿပီး ခ်စ္စရာေကာင္းၿပီး တက္တက္ႂကြႂကြရွိသည္။ သူမက ရယ္လိုက္ခ်ိန္တိုင္း နက္ရႈိင္းေသာ ပါးခ်ိဳင့္ေလးက ထင္ရွားစြာေပၚလာသည္။
ပတ္ဝန္းက်င္ကို တစ္ခ်က္လွည့္ၾကည့္ၿပီးေနာက္တြင္ ယဲ့က်န္းဟာ အခ်င္းခ်င္း အေဖာ္ျပဳေနေသာ လူအမ်ားစုႏွင့္ ကြဲထြက္ေနေသာ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ သူမက တစ္ေယာက္ထဲ ရွိေနသည္။ သို႔တိုင္ေအာင္ မည္သူကမွ သူမအား စကားမေျပာခ်င္ေနသည့္ ပုံစံမ်ိဳးရွိေနေလသည္။
"ဟုတ္ပါတယ္"
ယဲ့က်န္းက ေျဖသည္။ သူမ၏မ်က္ခုံးကလည္း အနည္းငယ္တြန႔္သြားသည္။ လူတိုင္းက သူမကို သိရေလာက္သည္အထိ လုေယာင္ေယာင္က ေက်ာ္ၾကားေနသည္။ ထိုမိန္းကေလးက ဆက္ေျပာသည္။
"တို႔ရဲ႕နာမည္က ခ်န္းကြၽင္းယြီပဲ။ စာေမးပြဲေျဖတဲ့ေန႔က တို႔မင္းကိုေတြ႕လိုက္တယ္။ မင္းကတကယ္ ေတာ္တယ္"
ယဲ့က်န္းက သူမကို အနည္းငယ္သာ ျပန္ၿပဳံးျပလိုက္သည္။
"ငါ့ရဲ႕နာမည္က စြန္းဝမ္ပါ။ ငါလည္းနင့္ကို ေတြ႕လိုက္တယ္။ နင့္ရဲ႕ကုခ်င္းတီးတာက ေတာ္တယ္"
ခ်န္းကြၽင္းယြီက အျခားတစ္ေယာက္က သူမကို ကိုယ္တိုင္ကိုယ္က် လာေရာက္ကာ စကားေျပာမည္ဟု မထင္ထားမိေခ်။ စြန္းဝမ္၏ စ႐ိုက္က နဂိုကတည္းက တက္ႂကြကာ ႐ႊင္လန္းလာသည္။ ထို႔ေၾကာင့္ သူတို႔ၾကားမွ စကားေျပာခန္းက သြက္သြက္လက္လက္ေလးျဖစ္လာၿပီး ခ်န္းကြၽင္းယြီကလည္း အထီးက်န္သလို မခံစားရေတာ့ေခ်။
သို႔ရာတြင္ ပတ္ဝန္းက်င္မွ လူမ်ားကမူ မသက္မသာ ျဖစ္ေနၾကသည္။ ယဲ့က်န္းက သူတို႔၏ေက်ာျပင္သို႔ အေပါက္ေဖာက္မတက္ စူးစိုက္ေနၾကေသာ အၾကည့္မ်ားကို ခံစားမိသည္။ အျခားမိန္းကေလးမ်ားဟာ ေက်ာ္ၾကားေသာ လုေယာင္ေယာင္၏ အေၾကာင္းကို ၾကားဖူးၾကသည္။ ယခုကဲ့သို႔ သူမ၏အလွကို ျမင္ရသည့္အခါ မေက်မနပ္ ျဖစ္သြားၾကေတာ့သည္။
"ဆိုေတာ့နင္က လုေယာင္ေယာင္ေပါ့"
ထိုအခိုက္ ထက္ရွေသာ အသံျဖင့္ တစ္ခန္းလုံးဟိန္းေနေအာင္ ေျပာလိုက္ေသာ မိန္းကေလး တစ္ေယာက္၏အသံကို ၾကားလိုက္ရသည္။
ယဲ့က်န္းဟာ စြန္းဝမ္ႏွင့္ ခ်န္းကြၽင္းယြီတို႔၏ စကားဝိုင္းထံ အာ႐ုံေရာက္ေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ လူတစ္ေယာက္က သူမ၏နာမည္ကို ထည့္ေျပာလာေၾကာင္း ၾကားေသာအခါ သံသယအျပည့္ျဖင့္ ၾကည့္လိုက္မိေတာ့သည္။
ေနာက္ထပ္ ေထာင့္တစ္ေနရာတြင္ ထိုင္ေနသည့္ ႏွစ္ေယာက္သုံးေယာက္ခန႔္ စုေနေသာ အမ်ိဳးသမီးမ်ားထဲမွ တစ္ေယာက္က ေျပာလိုက္ျခင္းျဖစ္သည္။ အားလုံးက သူမကို ၾကည့္ေနၾကသည္။ အငယ္ဆုံးတစ္ေယာက္က မတ္တပ္ရပ္ၿပီး ယဲ့က်န္းကို လက္ညိဳးထိုးကာ ဆက္ေျပာသည္။
"နင္က အမ်ိဳးသားတိုင္း သူတို႔ရဲ႕ပိုက္ဆံကိုသုံးၿပီး နင့္အေပၚ ေလာင္းေၾကးထပ္ေအာင္ ျမဴဆြယ္တဲ့ အရွက္မရွိတဲ့ လုေယာင္ေယာင္မဟုတ္လား။ နင္က မင္းသမီးလ်ိဳဟြားကို အရွက္ခြဲတဲ့လူပဲ"
ယဲ့က်န္း၏ မ်က္ႏွာကပ်က္သြားၿပီး ထိုမိန္းကေလးကို ရန္လိုမႈအျပည့္ျဖင့္ၾကည့္သည္။
"နင္ဘာေျပာလိုက္တာလဲ"
ယဲ့က်န္းက သူမႏွင့္ ၿပိဳင္ေျပာရဲမည္ဟု ထိုမိန္းကေလးက မထင္ေခ်။ ထို႔ေၾကာင့္ ပို၍ပင္ ေမာက္မာလာကာ ယဲ့က်န္းကို လက္ညိဳးျဖင့္ထိုးသည္။
"ငါေျပာတာမွားလို႔လား။ နင္က အရွက္မရွိဘူး။ နင္က မင္းသားငယ္နဲ႔ အမတ္ထန္းကိုေတာင္ ျမဴဆြယ္ရဲေသးတယ္။ ဒါေတာင္မွ နင္ဘယ္လိုမ်ား ဒီေနရာကို မ်က္ႏွာေျပာင္တိုက္ၿပီး လာရဲေသးတာလဲ။ နင့္ရဲ႕ အဲ့ဒီလိုလုပ္ခဲ့တဲ့ လုပ္ရပ္ေၾကာင့္ အကယ္ဒမီကို ဝင္ခြင့္ရမယ္လို႔ထင္လား"
Telegram မွာ အပိုင္း ၄၇၅အထိ ေရာက္ပါၿပီေနာ္။