ပုဂံမြေကိုတိုင်တည်၍

By Yeolmae3133

39K 519 38

ဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ... More

Intro Part
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
တောင်းပန်လွှာ
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
View
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
Request
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
EXTRA
view
Extra 2

အပိုင်း ၃၃

415 4 0
By Yeolmae3133

"ကဲရောက်ပြီဆင်း"
ဓာတ်ပုံတွေဘယ်သူဝယ်လဲသိချင်ရင်လိုက်ခဲ့ဆိုပြီးသွေးသစ်ကိုအိမ်တစ်အိမ်သို့ခေါ်လာလေသည်။အိမ်လို့သာပြောတာနန်းတော်တမျှခမ်းနာထည်ဝါပြီးရှိန်ဝါမှုအပြည့်နှင့်ပင်

"ဒါဘယ်နေရာလဲကွန်း"

"ကျွန်တော့်အိမ်လေ"

"ဒါဆိုငါ့ဓာတ်ပုံက"

"အော်ဟောစိတ်ကလဲလောတာလွန်ရောလာဆက်လိုက်ခဲ့"
အိမ်ကြီးကမဝင်ခင်ထဲကအပြင်ကမြင်နေရတာအကျယ်ကြီးပင်ဖြစ်သည်။အထဲထဲဝင်လိုက်တော့ရှိန်ဝါမှုကိုခံစားမိနေသည်။ဒီလူသားကလူတင်ရှိန်ဝါနေတာမဟုတ်ဘူးသူနေတဲ့နေရာကပါခမ်းနားရှိန်ဝါမှုတွေနဲ့ပြည့်နေတာပဲ

"မြနွယ်ဟိုတစ်ယောက်ရောက်လာပြီလား"

"မရောက်သေးဘူးအကိုလေး"

"ဪနှမြောစရာပဲ မရောက်သေးတာလဲကောင်းတာပါပဲ"ဒီအိမ်မှာကွန်းပါးစပ်ကဟိုတစ်ယောက်ရောလို့ပြောတာနဲ့အိမ်မှာရှိတဲ့ကွန်းအဖေတင်မကဘယ်သူမဆိုဒေါ်ပုလဲကိုပြောမှန်းသိသည်။ဒါကြောင့်လဲမြနွယ်ကတန်းပြောနိုင်တာဖြစ်သည်။အဲလိုခေါ်တာလဲကွန်းတစ်ယောက်ပင်ရှိသည်။

"ဘယ်သူလဲကွန်း"

"ပယင်းသိပြီးသားလူပါ"

"ငါသိပြီးသားလူ"

"အင်း လာအပေါ်လိုက်ခဲ့"

"နေဦးငါသိပြီးသားလူဆိုတာဘယ်သူလဲကွန်း ဘာကိုပြောချင်တာလဲ"

"ဘာမှမဟုတ်ပါဘူးအချိန်တန်ရင်သိရမှာပေါ့အခုတော့လိုက်ခဲ့ဦး"ဆိုပြီးအပေါ်ထပ်ဆက်တက်သွားသည်။အခန်းတစ်ခန်းရှေ့ရောက်တော့

"ဝင်"

"ဟင်"

"ဝင်လို့အထဲကို"သွေးသစ်ကနားမလည်သလိုကွန်းကိုဆက်ကြည့်နေတော့

"ကျစ်!လာဗျာလိုက်ခဲ့"
ဆိုပြီးစိတ်မရှည်မှုတစ်သိန်းနဲ့လက်ဆွဲခေါ်သွားလေသည်။
အခန်းထဲရောက်သွားတော့

"ကဲဘယ်သူလဲဝယ်တာလဲသိပြီလား"
အခန်းရဲ့နံရံပတ်ပတ်လည်မှာသွေးသစ်ဓာတ်ပုံတွေနဲ့ပြည့်နေလေသည်။ဒါဆိုပုံတွေအကုန်ကွန်းဝယ်သွားတာပေါ့

"ကျွန်တော်ဝယ်လိုက်တာပဲဒီပုံတွေကို အဲဒီအတွက်ပိုက်ဆံကိုမနက်ဖြန်ကြချေပေးမယ်"

"မပေးနဲ့"

"ဘာလို့လဲ"

"လက်ဆောင်ပေးတယ်ပဲသဘောထားလိုက်ပါ"

"မထားနိုင်ပါဘူးကျွန်တော်ကဘယ်သူ့ဆီကမှအလကားမယူတတ်ဘူးလိုချင်တာရှိရင်ကိုယ့်ဘာကိုယ်ပဲရအောင်ဝယ်တယ်"

"အဲတာဆိုလဲဒီပုံတွေအကုန်ငါပြန်ဖြုတ်ယူသွားမယ်"ဆိုပြီးသွားဖြုတ်ဖို့လုပ်နေလျှင်

"ဇွတ်တရွတ်လေးပဲခင်ဗျားက"

"မင်းလဲဇွတ်တရွတ်ပဲလေငါလက်ဆောင်ပေးပါတယ်ဆိုတာကိုမယူပဲဇွတ်ပေးမယ်လုပ်နေတာ"

"ခင်ဗျားပေးချင်ရင်တခြားဟာပေးတခြားဟာတောင်းမယ်အခုဟာတော့ယူလိုက်"

"ဘာတောင်းမှာလဲပေးမယ် ပြော"

"တောင်းဆိုမယ့်သူကဘာမှမပြောရသေးပဲဇွတ်အာမခံနေတာပဲ ခင်ဗျားအတွက်မဖြစ်နိုင်တာဆိုရင်ဘယ်လိုလုပ်မလဲ"

"မဖြစ်နိုင်တာမရှိစေရဘူးမင်းသာပြောကြည့်ပါကွန်း"

"အချစ်"

"ဟင်"

"ခင်ဗျားအချစ် ဟောဒီကပယင်းသွေးသစ်ရဲ့အချစ်တွေလိုချင်တယ်ပေးနိုင်မှာလား"

"မနောက်နဲ့ကွန်းငါအတည်ပြောနေတာကွ"

"ကျွန်တော်လဲအတည်ပြောနေတာပဲခင်ဗျားအချစ်တွေလိုချင်တယ်ခင်ဗျားချစ်သူဖြစ်ချင်တယ်ကုန်ကုန်ပြောမယ်ဗျာခင်ဗျားယောကျာ်း‌လုပ်ချင်တယ်လုပ်ခွင့်ပေးမှာလားပြော ခင်ဗျားအချစ်တွေကျွန်တော့်ကိုပေးနိုင်မှာလားပယင်းအခွင့်ရှိရင်ခင်ဗျားကိုကျွန်တော်ပိုင်ဆိုင်ချင်တယ်ပိုင်ဆိုင်လို့ရနိုင်မလားပယင်း"

"ကွန်း"
ကွန်းကသူ့ကိုစိုက်ကြည့်ပြီးထိုသို့ပြောနေလျှင်သွေးသစ်ကိုယ့်အသားကိုယ်ပြန်ဆိတ်မိနေသည်။ကွန်းကသူ့ကိုအခုချစ်တယ်လို့ပြောလိုက်တာလား။သူစတွေ့ထဲကချစ်ခဲ့ရတဲ့သူကလေ။သွေးသစ်ကိုယ့်အသားကိုယ်ဆိတ်ကြည့်လိုက်တော့ဆတ်ခနဲနာသည်။ဒါအိပ်မက်မဟုတ်ဘူးပဲသွေးသစ်ဝမ်းလဲသာသလိုအံ့လဲအံ့ဩနေသည်။ဒီ‌တစ်ညနေလုံးသူတောက်လျှောက်အံ့အားသင့်နေရသည်။

"ဘယ်လိုလဲခင်ဗျားပေးနိုင်မှာလားခင်ဗျားအချစ်တွေကို"
ပေးလိုက်စမ်းပါပယင်းသွေးသစ်။ကျုပ်ဆန္ဒတွေဖြည့်ဆည်းနိုင်ဖို့ခင်ဗျားပါးစပ်ကချစ်တယ်လို့ပြောလိုက်စမ်းပါ။ခင်ဗျားပါးစပ်ကသာချစ်တယ်ပြောရင်ကျုပ်တစ်သက်လုံးလက်တုံ့ပြန်ချင်နေတဲ့ကျုပ်ဆန္ဒတွေကထီပေါက်သလိုပြည့်သွားမှာပြောလိုက်စမ်းပါပယင်းသွေးသစ်

"ငါ ဟို ငါ......"
_____________________________
တိုက်ခန်းတွင်တော့သူခန့်ကပြန်ရောက်တာကြာနေပြီပေမယ့်သွေးသစ်ကတော့အခုထိပြန်မရောက်သေးပေဖုန်းဆက်တော့လဲမကိုင်ဒီကောင်ဘာဖြစ်နေတာပါလိမ့်။သူခန့်လဲရေချိုးပြီးကုတင်ပေါ်မှာလှဲနေရင်းသွေးသစ်ကိုစောင့်နေလိုက်သည်။အတော်အတန်ကြာတော့

"သူခန့်"

"ဟေ့ကောင်သွေးသစ်မင်းဘယ်တွေရောက်နေတာလဲငါ့မှာမင်းတစ်ယောက်ထဲဖြစ်နေမှာစိုးလို့ဆိုပြီးနေရာတွေလျှောက်ပို့မယ်ဆိုတာတောင်မလိုက်ပဲတန်းပြန်လာရတာမင်းကတော့လူမပြောနဲ့အရိပ်တောင်မမြင်ရသေးဘူးဖုန်းဆက်တော့လဲမကိုင်ဘူးဘယ်တွေရောက်နေတာလဲ ကွန်းနဲ့ဘယ်တွေသွားနေတာလဲ"
သွေးသစ်မှာပြောမယ့်စကားတွေတောင်လေထဲမှာကြက်ပျောက်ငှက်ပျောက်ပျောက်သွားရသည်။ဝင်ဝင်ချင်းသူခန့်လို့ခေါ်လိုက်တာနဲ့ဆူလိုက်တာဆိုတာသူ့မွေးသမိခင်နဲ့မွေးသဖခင်တောင်အဲလိုတစ်ခါမှမဆူခဲ့ဖူးဘူးသူကမှာတမ်းရှည်ဆူနေလေသည်။

"ကွန်းကသူ့အိမ်ခေါ်သွားလို့ပါကွ"

"သူ့အိမ်?ဘာလို့လဲ"

"ငါသူ့ကိုပုံတွေဝယ်တဲ့သူသိလောက်မလားဆိုပြီးမေးလိုက်တာအဲ့မှာသူကသိချင်ရင်လိုက်ခဲ့ဆိုပြီးခေါ်သွားတာဟိုရောက်မှသူ့အိမ်ဖြစ်နေမှန်းသိတာကွ"

"အဲတော့"

"အဲတာနဲ့သူ့အခန်းထဲပါခေါ်သွားတာအဲ့မှာဝင်ကြည့်လိုက်တော့နံရံပတ်ပတ်လည်မှာငါ့ပုံတွေချည်းပဲကွ"

"သူဝယ်ထားတာလား"

"အင်းပြီးတော့လေ"

"အေး"

"ငါ့ကိုသူချစ်တယ်လို့ပြောလိုက်တယ်ကွ"

"ဘာ ဘာ ဘယ်လို ဘယ်လို"

"အေးငါဖြင့်ယုံတောင်မယုံနိုင်ဘူးကွာကွန်းဆီကငါ့ကိုအဲလိုပြောမယ်တောင်ထင်မထားဘူးငါဖြင့်လေကြားကြားချင်းကမယုံနိုင်ဘူးကိုယ့်အသားကိုယ်ဆိတ်နေမိတာ"

"သူကဘယ်ကဘယ်လိုပြောတာလဲ"

"ပုံတွေဝယ်တာပိုက်ဆံကိုမနက်ဖြန်ချေမယ်တဲ့အဲတာနဲ့ငါလဲမပေးနဲ့လို့လက်ဆောင်လို့သဘောထားဆိုတာကိုသူကမယူဘူးလုပ်နေတာအဲတာနဲ့ငါကဒါဆိုလဲအဲ့ပုံတွေပြန်ယူမယ်လုပ်တော့ပေးချင်ရင်တခြားဟာပေးဆိုပြီးပြောတာကွ"

"အဲလိုပြောရင်းနဲ့မင်းကိုချစ်တယ်လို့ပြောလိုက်တာလား"

"အေး"

"မင်းဘာပြန်ပြောလိုက်လဲ"

"မင်းဘယ်လိုထင်လဲ"

"မင်းသေချာပေါက်အဖြေပြန်ပေးလိုက်တယ်မလား"

"ဟီးးမင်းကငါ့စိတ်သိနေတာပဲ"

"သိဆိုမင်းသူငယ်ချင်းလေကွာဘယ်ခြေလှမ်းလှမ်းမယ်ဆိုတာပါသိတယ်"

"ဟီးးအဲတာကြောင့်နောက်ကျနေတာငါ့သူငယ်ချင်းတော်တော်စောင့်လိုက်ရတယ်လား"

"စောင့်ရတာပေါ့သူတောင်းစားရတစ်နာရီခွဲတောင်ပဲ"

"ဆောရီးပါကွာ"

"မလိုပါဘူးbtw congratulationsပါကွာငါ့ကောင်"

"ဟီးကျေးဇူးပါကွာ"

"ငါလဲထပ်ပြီးအပြောခံလိုက်ရသေးတယ်"

"ဘာအပြောခံရတာလဲ"

"ဟိန်းမြတ်ကလေ"

"ဟုတ်လား"

"မင်းလဲသေချာဆုံးဖြတ်တော့ငါ့ကောင်ဟိန်းမြတ်ပုံစံကအပျော်ကြံမယ့်ရုပ်မဟုတ်ပါဘူးကွာသေချာစဉ်းစားကြည့်ပါ"

"အေးပါကွာငါလဲဟိုဟိုဒီဒီတွေပါလျှောက်စဉ်းစားရတာပေါ့သူကတော့ပြောပါတယ်နှလုံးသားရဲ့အသံကိုသေချာနားထောင်ကြည့်ပါတဲ့"

"အေးလေဟုတ်သား ငါလဲငါ့နှလုံးသားအသံသေချာနားထောင်ပြီးဆုံးဖြတ်လိုက်တာဟီး"

"ဪအေးပါကွာငါတော့မြင်ယောင်နေတယ်မင်းဒေါ်လေးကငါတို့ကိုရန်ကုန်ရောက်ရင်မိန်းမလည်တွေနဲ့တွေ့မှာစိုးလို့သတိတွေပေးလိုက်တာငါတို့ကမိန်းမလည်နဲ့မတွေ့ပဲယောကျာ်းတွေရတော့မယ်ထင်တယ်ဟေ့"

"အေးဟုတ်သားကွ"

"ဟားဟားဟား"နှစ်ယောက်သားပြိုင်တူရယ်မိကြသည်။
တစ်ဖက်တွင်အပျော်ကြီးပျော်ပြီးရင်ခုန်နေတဲ့ကောင်လေးတစ်ယောက်ရှိသလိုတစ်ဖက်တွင်လဲလက်တုံ့ပြန်ရတော့မှာမို့သူ့ရည်မှန်းချက်တွေဖြစ်လာဖို့မျှော်လင့်နေတဲ့ကောင်လေးတစ်ယောက်လဲရှိလေသည်။

Continue Reading

You'll Also Like

5.1K 221 18
ကချေသည်တစ်ယောက်ဟာ မင်းတစ်ပါး အရှေ့ဝယ် ကပြအသုံးတော်ခံလာရတယ်။မင်းကြီးက မေးတယ် " ကိုယ်တော်တို့ သိလား "တဲ့။ ကချေသည်လေးဟာ ပြန်ဖြေတယ်။ "ပထမဆုံးတွေ့ဆုံမှု"...
3M 87K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
13.6K 542 42
ချစ်ခံရတဲ့သူကတော့..ဘယ်သိမလဲ..ချစ်ရသူကတော့...
854K 70.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...