မြွေဖြူအရှင်
အပိုင်း၂၃
ဝဏ္ဏ သူ့အားအသင်္ခရာစိတ်ဆိုးသွားတာကြောင့်
စိတ်ပျက်လက်ပျက်ဖြစ်နေချိန်
သူငယ်ချင်းနှစ်ယောက်က သူမှားခဲ့သည့်အချက်ကိုထောက်ပြကာ
နှစ်ဦးသားပြန်အဆင်ပြေနိုင်မဲ့နည်းကိုပြောပြခဲ့သည်
"ဟေ့ကောင် ဝဏ္ဏ ထွက်သွားတုံးကရွှင်ရွှင်သာသာပါ
အခုတော့ဘယ်လိုဖြစ်လို့လဒမှိုင် မှိုင်နေတာလဲ"
"ငါ့ကို အသင်္ခရာစိတ်ဆိုးသွားတယ်"
" ဟမ် ဘယ်လိုဖြစ်ကြတာလဲ"
"ဦးရာမက ဘယ်ကနေဘယ်လိုကြားသွားတယ်မသိဘူး
ရွှေကိုသတ်တဲ့ လူကအသင်္ခရာပါဆိုပြီးစွပ်စွဲတယ်
ငါကလည်းစိတ်ထဲမရှင်းမရှင်းဖြစ်သွားတာနဲ့ အသင်္ခရာကိုမေးလိုက်တာ
'ရွှေသေတာမင်းနဲ့တကယ်မပက်သက်ဘူးလား 'လို့လေ
အဲ့မှာအသင်္ခရာက သူ့ကိုမယုံကြည်နိုင်သရွေ့ ငါတို့ဆက်ပက်သက်စရာမလိုဘူးပြောပြီးငါ့ကိုစိတ်ဆိုးသွားတယ်"
ဝဏ္ဏ အသင်္ခရာကမြွေဖြစ်တယ်ဟူသောအချက်ကိုသာဖယ်ချန်ထားပြီး
ဖြစ်ပျက်သမျှကိုပြန်ပြောပြလိုက်တော့ ဗညားကသူ့ခေါင်းကိုရိုက်ချပစ်တယ်
"ဟေ့ကောင်! မင်းဘာလို့ငါ့ကိုရိုက်တာလဲ"
"တုံးလွန်းလို့ရိုက်တာ
ချစ်သူရည်းစားကြားမှာယုံကြည့်မှုကအရေးကြီးဆုံးဘဲ
ဒါကိုမင်းကမယုံသင်္ကာနဲ့သွားမေးတော့ ဟိုကစိတ်ဆိုးသွားတာ
နည်းတောင်နည်းသေးတယ် ငါသာဆိုမင်းကိုတစ်ခါတည်းလမ်းခွဲပစ်မှာ"
"ငါကစိတ်ထဲမရှင်းလို့မေးရုံဘဲ"
"အဲ့တာကိုကသူ့ကိုမယုံကြည်ရာရောက်သွားပြီလေ
တုံးလိုက်တဲ့ကောင် ဒီလိုတုံးပုံတုံးနည်းနဲ့ရည်းစားထားနေသေးတယ်"
ဝဏ္ဏသူ့ပါးစပ်သူပြန်ရိုက်လိုက်သည်
တစ်ကယ်ဘဲ သူမေးလိုက်တဲ့မေးခွန်းကအဲ့ဒီလောက်ထိပြသနာကြီးသွားစေမယ်ဆို
မမေးခဲ့ပါဘူး ရှည်လိုက်တဲ့ပါးစပ်
"တော်တော့ ဗညားမဆူနဲ့တော့
မင်းလည်းတော်တော့ကိုယ့်ကိုယ်ရိုက်မနေနဲ့
အခုအချိန်ကအသင်္ခရာစိတ်ဆိုးပြေအောင်ချော့ဖို့ဘဲ"
"ငါဘယ်လိုချော့သင့်လဲ"
သူမေးတော့သူရိယက မေးပွတ်ကာစဥ်းစားဟန်လုပ်တယ်
ခနနေတော့မှ
"မင်းသူနေတဲ့နေရာထိလိုက်သွားပြီးခွင့်လွှတ်ဖို့တောင်းပန်သင့်တယ်
ချစ်သူစိတ်ဆိုးတဲ့အခါချော့နည်း ၃နည်းရှိတယ်
၁ သူသနားအောင်လုပ်ရမယ်
ဥပမာ _သူစိတ်ဆိုးလို့မင်းသေမတတ်ခံစားဝမ်းနည်းနေရတဲ့ပုံနဲ့သူသနားလာအောင်လုပ်ရမယ်
၂ _ ဖိအားပေးတာ
ဥပမာ_ သူကမင်းကိုစိတ်ဆိုးနေပေမဲ့ချစ်နေသေးတယ်ဆိုတော့ မင်းထိခိုက်မှာမလိုလားဘူး
အဲ့အချက်ကိုသုံးပြီး သူမင်းကိုပြန်လက်ခံလာအောင် ဖိအားပေးတာ
၃ _ သူစိတ်ဆိုးလို့ပြန်စိတ်ဆိုးတာ
ဒီအချက်ကတော့အသုံးမဝင်ဘူး အပေါ်နှစ်ချက်သာစဥ်စားရမယ်"
"ကောင်းပြီ"
ဝဏ္ဏ မတ်တတ်ထရပ်လိုက်သည်
"ငါ့သူ့ကိုအခုသွားချော့မယ်"
"ငါတို့ရောလိုက်မယ်"
ဝဏ္ဏချက်ချင်းငြင်းပစ်လိုက်တယ်
အသင်္ခရာရဲ့နေရာကိုသူတို့သိလို့မဖြစ်ဘူး
ပြီးတော့ ဂူထဲမှာရှိနေတဲ့ အသင်္ခရာက မြွေပုံနဲ့လားလူပုံနဲ့လားကြိုမသိနိုင်ဘူးလေ
________________________________________________
ဝဏ္ဏဂူထဲဝင်လာသည့်အခါ သေနေသည့်အလောင်းတစ်လောင်း ကိုဦးစွာတွေ့ရသည်
အဲ့ဒီနောက်အသင်္ခရာနေထိုင်ရာအနက်ဆုံးအပိုင်းဘက်ကိုသွားသည့်လမ်းတစ်လျှောက်
သွေးစက်တွေရှိနေတာမြင်တော့
ဝဏ္ဏစိတ်ထဲထိတ်ကနဲ ဖြစ်သွားသည်
အသင်္ခရာတစ်ခုခုများဖြစ်နေလား ဟူသောအတွေးဖြင့်
မပြေးရုံတမယ် ဂူထဲတိုးဝင်လာတော့သည်
ပါးစပ်ကလည်း အသင်္ခရာအားတကြော်ကြော်ခေါ်လျက်......
"အသင်ဘာလာလုပ်တာလဲ"
ဝဏ္ဏ အကောင်းပကတိအတိုင်းဖြစ်နေသည့်အသင်္ခရာကိုမြင်မှစိတ်သက်သာရာရပြီး
ပြေးဖက်လိုက်သည်
"ကျွန်ုပ်ကိုလွှတ်စမ်း!"
ဝဏ္ဏလွှတ်မပေးဘဲ ပိုတိုးလို့ဖက်ရင်း
"တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်" ဟုပြောလိုက်သည်
"ကျွန်ုပ်ကိုလွှတ်ဦး"
"ကိုယ့်ကိုစိတ်ဆိုးနေသေးလား"
"အဲ့တာတွေနောက်မှ ပြောမယ် အခုသိင်္ခကိုကယ်ရဦးမယ် "
အဲ့ဒီစကားကြားမှ ဝဏ္ဏလွှတ်ပေးလိုက်ပြီး
ကျောက်ဖြာကြီးအပေါ်လှမ်းကြည့်လိုက်သည်
သိင်္ခကအားနည်းဖြူဖျော့စွာ လှဲနေတယ်
ဒီမှာဘာတွေဖြစ်သွားတာလဲ
"အသင်္ခရာ..ဒီမှာဘာတွေဖြစ်နေတာလဲ"
"အဲ့တာနောက်မှရှင်းပြမယ် "
အဲဒီနောက် အသင်္ခရာ လင်္ကာယူဆောင်လာသည့်
ဆေးအား သိင်္ခဒဏ်ရာကိုလူးပေးလိုက်သည်
"အရှင် သိင်္ခဒဏ်ရာကဘာလို့မပျောက်သွားတာလဲ"
"လင်္ကာသူထိတဲ့ဓါးက အစီအရင်ဓါး
ဒီဒဏ်ရာကကျွန်ုပ်စွမ်းအားနဲ့တောင်ပျောက်အောင်မကုနိုင်ဘူး
ရသေ့ကြီးရဲ့ဆေးကိုအာကိုးရမှာ
အချိန်တော့ကြာမှာပေါ့.... အခုသိင်္ခကိုဆက်စောင့်ရှောက်ပေးလိုက်
ကျွန်ုပ်စကားသွားပြောလိုက်ဦးမယ်"
"မှန်ပါ့..."
အသင်္ခရာ ဝဏ္ဏအား
အပြင်ကိုလိုက်ခဲ့ဟုပြောပြီး ဦးဆောင်ထွက်သွားတယ်
ဝဏ္ဏလည်း အနောက်ကလိုက်ခဲ့ရတာပေါ့
သူတို့နှစ်ယောက်ရဲ့အချစ်ပေါင်းကူးတံတားလေးဖြစ်သည့်ခရေပင်ကြီးအောက်ရောက်မှ
ရပ်တန့်လိုက်ကြသည်
"အသင်္ခရာ...."
"အင်း...."
"ကိုယ်တောင်းပန်ပါတယ် မင်းကိုမယုံကြည်တာမဟုတ်ပါဘူး......"
"အင်းထားလိုက်တော့ ကျွန်ုပ်အဲ့ကိစ္စစိတ်ထဲမထားတော့ဘူး"
သို့သော် ဝဏ္ဏစိတ်ထဲမှာတော့ အသင်္ခရာဒီကိစ္စနဲ့ပက်သက်ပြီးစိတ်ခုနေသေးသည်ဟုခံစားနေရသည်
ဒါပေမဲ့အသင်္ခရာကအစမဖော်ချင်မှတော့ သူလည်းဆက်မပြောတော့ပါဘူး
အဲ့ဒီအစားခေါင်းစဥ်ပြောင်းလိုက်သည်
"သိင်္ခဘယ်လိုဖြစ်လို့ဒီလောက်ဒဏ်ရာရသွားတာလဲ"
"အဲ့တာက...."
အသင်္ခရာဖြစ်ကြောင်းကုန်စင်အား မခြွင်းမချန်ပြောပြလိုက်သည်
ဝဏ္ဏခင်ဗျာထိုအကြောင်းကြားရပြီးတော့ သူ့နားသူတောင်မယုံနိုင်တော့ဘူး
ဦးရာမက အသင်္ခရာကိုထိခိုက်ဖို့ကြိုးစားတယ်
လွန်လွန်းလိုက်တာ
"အသင်္ခရာ မင်းဒီနေ့ကစပြီးသတိထားရတော့မယ်နော်"
"ဘာလို့လဲ"
"ဦးရာမရဲ့အကျင့်အရ သူမင်းကိုဒုက္ခပေးဖို့လက်လျှော့မှာမဟုတ်ဘူး "
ဒါကိုသူလည်းသိပါသည်
ဒီလူရဲ့စိတ်ထားအရ သေချာပေါက်မိမိကိုဒုက္ခထပ်ပေးဦးမှာ
#စာလုံးပေါင်းပြန်မစစ်ထားပါ
နောက်၃ပိုင်းလောက်ဆိုပြီးပါပြီ ဇာတ်မြောကြီးဖြစ်နေတယ်ခံစားရတယ်
Zawgi
မြွေဖြူအရှင်
အပိုင်း၂၃
" ဟမ် ဘယ်လိုဖြစ်ကြတာလဲ"
"ငါဘယ်လိုချော့သင့်လဲ"
ခနနေတော့မှ
၂ _ ဖိအားပေးတာ
"ကောင်းပြီ"
"ငါတို့ရောလိုက်မယ်"
________________________________________________
"အသင်ဘာလာလုပ်တာလဲ"
ပြေးဖက်လိုက်သည်
"ကျွန်ုပ်ကိုလွှတ်ဦး"
"မှန်ပါ့..."
အသင်္ခရာ ဝဏ္ဏအား
ရပ်တန့်လိုက်ကြသည်
"အသင်္ခရာ...."
"အင်း...."
"အဲ့တာက...."
လွန်လွန်းလိုက်တာ
"ဘာလို့လဲ"
ဒါကိုသူလည်းသိပါသည်