ရွှေငိုယိုပြီးပြေးထွက်လာပေမဲ့ သူ့ကိုလိုက်ချော့မဲ့သူတစ်ယောက်တစ်လေတောင်မရှိ
မိသားစုရဲ့အလိုလိုက်ခံလေးမို့ အခုလိုပစ်ထားခံရတော့စိတ်အလိုမကျတော့"ရွှေကိုလိုက်မချော့ဘူးပေါ့လေ ကြည့်နေ ဒီကပြန်သွားတာနဲ့ အန်တီတို့ကိုပြောပြီးချက်ချင်းလက်ထပ်ပစ်မယ် အဟင့်!"
"ဟေ့ကောင်မလေး...."
ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူအိုကြီးတစ်ယောက်ဖြစ်နေသည်
လည်ပင်းမှာလည်းလူဦးခေါင်းခွံတွေကိုပုတီးလိုသီကာဆွဲထားတာမို့
မနှစ်မြို့စရာအသွင်အပြင်ကိုဆောင်နေတော့သည်"ဘယ်သူလဲ?"
"အဘက မင်းကိုကူညီပေးမလို့ပါ"
"ဘာတွေလာပြောနေတာလဲ! ဘာအကူအညီမှမလိုဘူး"
ဘောက်ဆက်ဆက်ပြောပြီးလှည့်ထွက်တော့မဲ့အချိန်
ကြားလိုက်ရတဲ့စကားတို့ကြောင့်ရွှေခြေလှမ်းတို့ရပ်တန့်သွားတယ်"အသင်္ခရာကလူမဟုတ်ဘူး......မြွေတစ်ကောင်"
"ရှင်ရူးနေတာလား သူကလူမှလူစစ်စစ်"
"မဟုတ်ဘူး သူကမြွေ မယုံရင်မင်းသူ့ကိုဒီဆေးရည်နဲ့ပက်ကြည့်လိုက် သူ့အသွင်အပြင်အစစ်ပေါ်လာလိမ့်မယ်
မင်းရဲ့ချစ်သူသူ့ကိုတမ်းတမ်းစွဲဖြစ်နေတာကလည်း သူပြုစားထားတာ"ရွှေဒီလူကြီးကမ်းပေးတဲ့အနီရောင်အရည်အပြည့်ပါသောဖန်ပုလင်းကိုယူဖို့ချီတုံချတုံဖြစ်နေသည်
သို့သော် သူမကိုဂရုစိုက်တဲ့ကိုကိုက သူ့ကိုအသင်္ခရာဆိုတဲ့လူအတွက်အော်ငေါက်တာပြန်စဥ်းစားမိတော့
လက်သင့်ခံလိုက်တယ်
ဒီအရည်လေးနဲ့ပက်ကြည့်ရုံဘဲမလား
အသင်္ခရာကမြွေဟုတ်တယ်ဆိုရင်အမြတ်ပေါ့
မဟုတ်လည်းသူအရှုံးမှမရှိဘဲသာဂမိမိဆေးရည်ကိုလက်ခံလိုက်တာမြင်တော့ ကြိတ်ပြုံးလိုက်တယ်
ဒီဆေးရည်ကိုထိတဲ့သူကလူဆိုရင် မီးလောင်ဒဏ်ရာလိုဖြစ်သွားမှာဆိုပေမဲ့
အသင်္ခရာတို့လိုမြွေတွေထိရင်တော့သူအစေအပါးဖြစ်သွားမှာ.....ရွှေလက်ထဲကဆေးနီဗူလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
အသင်္ခရာတို့ဆီပြန်ရောက်လာတယ်
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်