မြွေဖြူအရှင်
Final+ extra"အား!"
အသင်္ခရာတို့အားအန္တရာယ်ပြုဖို့ကြိုးစားနေသည့်ရွာသားတွေဟာ
အမြှီးနဲ့ပြင်းပြင်းထန်ထန်လွှဲရိုက်ခံလိုက်ရလို့ရုတ်တရက်လဲကျကုန်သည်
တရားခံကတော့ သိင်္ခနဲ့လင်္ကာလူတွေလဲကျလို့လမ်းရှင်းသွားတာနဲ့
သိင်္ခတို့ကအနားရောက်လာတယ်"အရှင်အဆင်ပြေရဲ့လား ...."
"ကျွန်ုပ်အဆင်ပြေပါတယ် ဒီနေရာကနေသာသွားကြရအောင်"
အသင်္ခရာတို့လေးဦးထွက်သွားတော့မဲ့အချိန်မှာ
ဦးရာမရဲ့လှောင်ရယ်သံကြားလိုက်ရတယ်"ဟားဟားဟား မင်းတို့ကထွက်ပြေးချင်တယ်ပေါ့
သေမှဘဲရမယ်
ကဲ ငါ့သားတွေရဲ့အစွမ်းကိုမြည်းကြည့်လိုက်စမ်း"ဦးရာမ အင်းပုဝါအနီအုပ်ထားတဲ့
မြေအိုးလေကိုဖွင့်လိုက်တာနဲ့များစွာသောအနက်ရောင်အခိုးအငွေ့တွေ
လျှံထွက်လာတယ်အသင်္ခရာမျက်မှောင်ကြုံ့လိုက်တယ်
လူတွေရဲ့မတရားသဖြင့်သတ်ဖြတ်ခံထားရတဲ့
သားရဲ တိရိစ္ဆာန်တွေရဲ့ ဝိညာဥ်တွေ"ယုတ်မာလိုက်တာ အသင်ဘယ်လိုများ
ဒီသနားစရာဝိညာဥ်တွေကိုအသုံးချနိုင်ရတာလဲ""မင်းကိုသတ်နိုင်မယ်ဆို ဒီထက်ယုတ်မာတာတွေတောင်ငါလုပ်နိုင်သေးတယ်"
"ငါ့ဆရာအမိန့် အဲ့ကောင်ကိုအခုချက်ချင်းသွားသတ်လိုက်ကြစမ်း"
ဦးရာမ အသင်္ခရာအား လက်ညှိုးထိုးကာအနက်အရောင်အခိုးအငွေ့တွေကိုအမိန့်ပေးလိုက်တာနဲ့
အနက်ရောင်အခိုးငွေ့တွေကအလုံးအရင်း သူ့ဘက်တိုးဝင်လာကြသည်"အရှင် ဒီအရာတွေကိုကျွန်ုပ်တို့တားထားမယ်
မင်းသားဝဏ္ဏ အရှင်ကိုသူနဲ့သက်ဆိုင်ရာနေရာခေါ်သွားပါ"သိင်္ခနဲ့လင်္ကာကအနက်အရောင်အခိုးအငွေ့တွေကို
တားဆီးထားရင်း လှမ်းပြောသည်
ဝဏ္ဏခေါင်းငြိမ့်ပြပြီး အသင်္ခရာကိုထွက်သွားဖို့
ဖျောင်းဖျသည်
သို့သော်အသင်္ခရာကငြင်းဆန်သည်"ဝဏ္ဏ အသင်သာဒီနေရာကအမြန်ထွက်သွားပါ
ကျွန်ုပ်ကတော့ ရာမကိုတရားစီရင်ဖို့နေခဲ့ရလိမ့်မယ်"
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်