သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း)...

By KazunoMora

39.5K 2.7K 26

Uni & Zawgyi အပိုင်း ၁ မှ ၁၇၇၀ More

ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186--190
191--200
201--210
211--220
221-230
231--240
241--250
251--260
261--270
271--280
281--290
291--300
301--310
311--320
321-330
331--340
341--350
351--360
361--370
371--380
381--390
391--400
401--410
411--420
421--430
431--440
441--450
451--460
461--470
471--480
481--490
491--500
501--510
511--520
521--530
531--540
541--550
551--560
561---570
571---580
581---590
591---600
601---610
611---620
621----630
631---640
641-----650
651----660
661----670
671-----680
681----690
691----700
701----710
711----720
721---730
731----740
741----750
751----760
761-----770
771----780
781-----790
791-----800
801-----810
811-----820
821----830
831-----840
841-----850
851----860
861----870
871-----880
881----890
891----900
901----910
911-----920
921----930
931-------940
941------950
951------960
961-----970
971-----980
981------990
991-------1000
1001-----1010
1011-------1020
1021------1030
1031------1034
1035
1036
1037
1038-------1050
1051-------1060
1061-----1070
1071--------1080
1081-------1090
1091-------1100
1101------1110
1111------1120
1121---------1130
1131------1140
1141------1150
1151-------1160
1161-------1170
1171------1180
1181-------1190
1191------1200
1201------1210
1211-------1220
1221-------1230
1231-----1240
1241-------1250
1251--------1260
1261------1270
1271------1280
1281--------1290
1291-------1300
1301------1310
1311-------1320
1321--------1330
1341------1350
1351---------1360
1361-------1370
1371-----1380
1381------1390
1391-------1400
1401-----1410
1411-----1420
1421------1430
1431------1440
1441-------1450
1451-------1460
1461-------1470
1471-------1480
1481------1490
1491-------1500
1501--------1510
1511------1520
1521------1530
1531--------1540
1541---------1550
1551--------1560
1561--------1570
1571------1580
1581--------1590
1591-------1600
1601------1610
1611------1620
1621---------1630
1631-------1640
1641-----1650
1651--------1660
1661-------1670
1671---------1680
1681-----------1690
1691---------1700
1701---------1710
1711-------1720
1721-------1730
1731----------1740
1741--------1750
1751--------1760
1761---------1770

1331------1340

128 5 2
By KazunoMora

အခန်း(၁၃၃၁) ဂိုဏ်းချုပ်သစ်

''ဒါ စီနီယာဟုန်းချန်ရဲ့ ခွန်အားလား ... သူ ဒီလောက် စွမ်းအားကောင်းနေတာ သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လို အဆင့်မျိုးမှာ ရှိနေလို့ပါလိမ့်''
ချူဖုန်းက စိတ်တွင်းမှ လေးစားမှုနှင့်အတူ အလေးအနက် မျက်မှောင်ကြုတ်ရင်း ပင့်သက်ရှိုက်လိုက်မိသည်။

''သူက အမြင့်ဆုံးအဆင့် သိုင်းဧကရာဇ်ငယ်တစ်ယောက် ဖြစ်ဖို့များတယ် ... ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အင်အား ဘယ်လောက်ပဲ စွမ်းအားကောင်းကောင်း၊ ဧကရာဇ်အဆင့် စွမ်းအားက မသန့်စင်သေးဘူး ... ဒါဟာ သူက သိုင်းဧကရာဇ်တစ်ယောက် ဖြစ်မလာသေးဘဲ သိုင်းဧကရာဇ်ငယ်တစ်ယောက် ဖြစ်နေသေးတဲ့ အဓိပ္ပာယ်ပဲ''
အက်ဂီက ရှင်းပြလိုက်ခြင်း ဖြစ်သည်။

''အမြင့်ဆုံးအဆင့် သိုင်းဧကရာဇ်ငယ်တစ်ယောက် ဟုတ်လား ... ဒါဆို အဲဒါ စီနီယာဟုန်းချန်က သိုင်းဧကရာဇ် ဖြစ်ခါနီးနေတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား''
ချူဖုန်း အံ့ဩတုန်လှုပ်သွားမိသည်။

ထွတ်မြတ်သိုင်းနယ်မြေသို့ ရောက်ရှိလာပြီးနောက် ချူဖုန်းက သိုင်းဧကရာဇ်ငယ် အတော်များများနှင့် ဆုံခဲ့ရသည်။ သို့သော် ဤသည်မှာ အမြင့်ဆုံးအဆင့် သိုင်းဧကရာဇ်ငယ် တစ်ဦးနှင့် သူ ဆုံတွေ့ရသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ဟုန်းချန် ဤရွေ့ဤမျှ စွမ်းအားကောင်းပြီး သိုင်းဧကရာဇ်ငယ် ပိုင်ယွမ်ပင် သူ့ထက် နိမ့်ကျနေသည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပါချေ။

''ဝီး''
ပြင်းထန်သော တုန်ခါမှုနှင့် အုံကြွနေသော လေပြင်းများနောက်တွင် နောက်ဆုံး၌ တစ်လောကလုံး ပုံမှန်ပြန်ဖြစ်သွား၏။

ပြောစရာရှိသည်မှာ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားချိန်တွင် လူတိုင်း၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြခြင်း ဖြစ်သည်။ သူတို့အားလုံး ကြက်သေသေနေလျက် ရှိကြသည်။ ချူဖုန်းပင် ခြွင်းချက်မရှိပါချေ။

ထိုအခိုက်အတန့်၌ လူအများအပြားမှာ လေထဲတွင် ပက်လက်ဖြစ်စေ မှောက်ခုံဖြစ်စေ လဲလျောင်းနေကြသည်။ ဤလူများမှာ စောစောပိုင်းက ဟုန်းချန် ပြသခဲ့သည့် အင်အားကြောင့် အကြီးအကျယ် သက်ရောက်ခံထားရကြောင်း ထင်ရှားပေသည်။

သို့သော် မည်သို့ဖြစ်စေကာမူ၊ သူတို့ အသက်ရှင်နေကြဆဲပင်။ အမှန်အားဖြင့် သူတို့က အနည်းငယ်မျှ ဒဏ်ရာရမထားခဲ့ကြပေ။

သို့သော်လည်း ရောင်စုံဝါးတော ခေါင်းဆောင်နှင့် ရွက်ကြွေဝါးတော ဂိုဏ်းချုပ်တို့ထံ အကြည့်ရွှေ့မိချိန်တွင်မူ ထိုနှစ်ဦးစလုံး ယခင် ရပ်နေခဲ့သည့် နေရာတွင် ရှိမနေကြတော့သည်ကို လူအုပ် တွေ့ရှိလိုက်ကြရသည်။ ထိုအစား သူတို့က မြေပြင်ပေါ်တွင် လဲလျောင်းနေလျက် ရှိကြသည်။

ထို့ပြင် သူတို့နှစ်ဦးစလုံး၏ ဦးခေါင်းများမှာ သူတို့၏ ခန္ဓာကိုယ်များမှ ပျောက်ကွယ်နေခဲ့ကြသည်။ သူတို့၏ လည်ပင်းများပေါ်တွင် ပုံမှန်မဟုတ်သော ပြတ်ရှရာတစ်ခုကို မြင်တွေ့နိုင်ပေသည်။ သူတို့၏ ဦးခေါင်းများ ဆွဲဖြတ်ခံထားရသည့် အလားပင်။ ထိုခဏ၌ သူတို့၏ ခန္ဓာကိုယ်များမှ မြောက်မြားစွာသော သွေးများ အရှိန်ပြင်းစွာ ပန်းထွက်နေလေသည်။

သူတို့နှစ်ဦးတွင် အသက်ဓာတ်လက္ခဏာ တစ်စုံတစ်ရာ မရှိတော့ရုံသာ မကဘဲ၊ သူတို့၏ ခန္ဓာကိုယ်များထံမှ ရင်းမြစ်စွမ်းအင်များပင် အလုံးစုံ ခြောက်ခန်းသည်အထိ စုပ်ယူခံထားရသည်။ သူတို့ အပြီးအပိုင် သေဆုံးသွားကြချေပြီ။

ဟုန်းချန်ထံ လူအုပ် ပြန်ကြည့်မိချိန်တွင် သူက မူလနေရာတွင် ရပ်နေဆဲ ဖြစ်ကြောင်း သူတို့ မြင်တွေ့လိုက်ကြရသည်။ သို့သော် သူ့လက်များတွင် အပိုပစ္စည်းနှစ်ခု ရှိနေခဲ့သည်။

၎င်းတို့ကား ရောင်စုံဝါးတော ခေါင်းဆောင်နှင့် ရွက်ကြွေဝါးတော ဂိုဏ်းချုပ်တို့၏ ဦးခေါင်းများပင် ဖြစ်ပေတော့သည်။

''သူ ... သူ ... သူက ရောင်စုံဝါးတော ခေါင်းဆောင်နဲ့ ဂိုဏ်းချုပ်သခင်တို့ကို တကယ် သတ်လိုက်တာလား''
ရုတ်တရက် သူတို့၏ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့သည့် တစ်စုံတစ်ဦးက တုန်ယင်နေသော အသံတစ်ခုဖြင့် အော်ပြောလိုက်မိသည်။

ထို့နောက် ချက်ချင်းဆိုသလို ကြောက်ရွံ့သော အော်သံမျိုးစုံ ထပ်ကာထပ်ကာ ထွက်ပေါ်လာကြသည်။ လူတိုင်း စတင် ထိတ်လန့်လာကြသည်။ ချာခနဲ နောက်လှည့်၍ ထွက်ပြေးလိုက်သူများပင် ရှိလာသည်။

ပထမလူ စတင် ထွက်ပြေးလိုက်သည့်နောက် ဒုတိယတစ်ဦး၊ ထို့နောက် တတိယတစ်ဦး ...။

တစ်ခဏချင်း၌ ရွက်ကြွေဝါးတော၏ လူထောင်သောင်းချီသည့် ခမ်းနားသော တပ်ဖွဲ့မှာ သူတို့၏ ယခင် အားမာန်အားလုံး ပျောက်ဆုံးသွားပြီး နှိမ်နင်းခံရသည့် စစ်သည်များကဲ့သို့ ကစဉ့်ကလျား စတင် ထွက်ပြေးလိုက်ကြသည်။ သူတို့အားလုံးက ဤနေရာမှ အလျင်အမြန် ထွက်ပြေးလွတ်မြောက်ရန် ရည်ရွယ်လိုက်ကြခြင်း ဖြစ်သည်။

သူတို့ အမှန်တကယ် သတိလက်လွတ် ထိတ်လန့်ချောက်ချားနေလျက် ရှိကြသည်။ အကြောင်းမူ ဟုန်းချန် ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ မည်သည့်အခါကမျှ မတွေးမိခဲ့ကြ၍ ဖြစ်သည်။ သူက ရောင်စုံဝါးတော ခေါင်းဆောင်နှင့် ရွက်ကြွေဝါးတော ဂိုဏ်းချုပ်တို့ကို အမှန်ပင် တစ်မုဟုတ်ချင်း ဖယ်ရှားနိုင်စွမ်း ရှိခဲ့သည်။

တစ်ဦးတစ်ယောက်အနေဖြင့် ထိုလူနှစ်ဦးမှာ ရွက်ကြွေဝါးတောတွင် စွမ်းအားအကောင်းဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်ကို သိရှိထားသင့်ပေသည်။ သူတို့နှစ်ဦးစလုံးမှာ အလွန် မြင့်မားသော ကျင့်ကြံမှု အဆင့်များနှင့် သိုင်းဧကရာဇ်ငယ်များ ဖြစ်ကြသည်။

သို့သော် ထိုမျှ စွမ်းအားကောင်းသော ပုဂ္ဂိုလ်များမှာ ဟုန်းချန်၏ ခေါင်းဖြတ်မှုကို ထိုမျှ အလွယ်တကူ ခံခဲ့ကြရသည်။ ထို့ပြင် သူတို့ သေဆုံးသွားချိန်တွင် တစ်ချက်မျှ အော်သံပြုရန်ပင် အချိန်မရခဲ့ကြပေ။

ဤအချက်က လူအုပ်ကို ယခင်က ခပ်လျှိုလျှို နေခဲ့သည့်တိုင် လက်ရှိ၌ စတင်လိုက်သည်နှင့် တားဆီးမရတော့သူ ဟုန်းချန်တွင် မည်သို့သော ကျင့်ကြံမှုမျိုး ပိုင်ဆိုင်ထားကြောင်း တွေးတောမိစေခဲ့သည်။

''သိုင်းဧကရာဇ် ... ဒီဟုန်းချန်က သိုင်းဧကရာဇ်တစ်ယောက် ဖြစ်နေနိုင်မလားပဲ''
အခြေအနေအရ ဟုန်းချန်မှာ သိုင်းဧကရာဇ်အဆင့် သိုင်းထိပ်သီးတစ်ဦး ဖြစ်နိုင်သည်ဟု လူအများအပြား ခံစားမိလိုက်ကြသည်။ အကြောင်းမူ သူတို့က ထိုမျှ စွမ်းအားကောင်းသော ပုဂ္ဂိုလ်တစ်ဦးကို ချူဖုန်းနည်းတူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း ဟုန်းချန် ပိုမို၍ စွမ်းအားကောင်းလေလေ၊ သူတို့ ပိုမို၍ ကြောက်ရွံ့မိလေလေ ဖြစ်၏။ တကယ်တမ်းတွင်လည်း ပြီးခဲ့ချိန်တွင် သူတို့က ဟုန်းချန်နှင့် ရန်သူများ ဖြစ်ခဲ့ကြသည် မဟုတ်ပါလော။

''ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ်''
သို့သော် မရေမတွက်နိုင်သော အကြီးအကဲများနှင့် တပည့်များ ထွက်ပြေးရန် ကြိုးစားလိုက်သည့် အချိန်ခဏ၌ပင် ဟုန်းချန်က သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက်တွင် စိတ်ဝိညာဉ်စွမ်းအားဖြင့် စုဖွဲ့ထားသည့် မြောက်မြားစွာသော အလင်းတန်းများက ဓားမိုးတစ်ခုကဲ့သို့ ထိန်းမနိုင်သိမ်းမရ ပြေးထွက်လာကြသည်။ ၎င်းတို့က အကြီးအကဲများနှင့် တပည့်များ၏ ခန္ဓာကိုယ်များအတွင်းသို့ တစ်လက်ပြီးတစ်လက် ဝင်ရောက်သွားကြသည်။

ထိုအလင်းတန်းများဖြင့် ထိုးဖောက်ခံရသူတိုင်း စူးစူးဝါးဝါး အော်ဟစ်လိုက်ကြရသည်။ ထို့နောက် ပျံသန်းနိုင်စွမ်း ဆုံးရှုံးသွားသည့် သူတို့က ဖျင်ကြမ်းအိတ်များနှယ် ကောင်းကင်မှ ပြုတ်ကျလာပြီး မြေပြင်သို့ ပြင်းထန်စွာ ဝင်ဆောင့်မိသွားကြသည်။

မရေမတွက်နိုင်သော လူရိပ်များ ကောင်းကင်မှ ပြုတ်ကျလာနေသည့် အလျောက် စွန့်ပစ်ဝါးတော၏ အထက်ကောင်းကင်တွင် လူမိုးရွာနေသကဲ့သို့ ဖြစ်၏။

''သောက်ပဲ ... ကျုပ်ရဲ့ ခွန်အားကို ဘာကြောင့် ဆုံးရှုံးသွားတာလဲ ... ကျုပ်ကို သူ ဘာလုပ်လိုက်တာလဲ''

''ဘုရားရေ ... ဘာတွေဖြစ်နေတာလဲ ... ဘာသိုင်းစွမ်းအားမှ ကျုပ် မခံစားမိတော့ဘူး ... ကျုပ်ရဲ့ ကျင့်ကြံမှု မရှိတော့ဘူး''
လူအုပ်တစ်ခုလုံး စတင် ထိတ်လန့်လာကြသည်။ သူတို့က ပျံသန်းနိုင်စွမ်း ဆုံးရှုံးသွားပြီး ခေါင်းအစခြေအဆုံး စွမ်းအားမဲ့မှုကို ခံစားနေရရုံသာ မကဘဲ၊ မည်သည့် သိုင်းစွမ်းအားကိုမျှလည်း ခံစားနိုင်စွမ်း မရှိကြတော့ပေ။ သူတို့၏ လက်ရှိ အခြေအနေမှာ ကျင့်ကြံမှု ဆုံးရှုံးသွားသည့် ဒုက္ခိတများနှင့် အလားသဏ္ဌာန် တူညီနေလျက် ရှိလေသည်။

ရွက်ကြွေဝါးတောမှ လူများ မြေနှင့်ဝမ်းကပ်လျက် ခွေးသေကောင်များကဲ့သို့ လဲလျောင်းနေရချိန်၌ ဟုန်းချန်က တောက်ပသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
''အားလုံးပဲ မလန့်ကြပါနဲ့ ... မင်းတို့အားလုံးမှာ ကျင့်ကြံမှုတွေ ရှိနေပါသေးတယ်''

ဟုန်းချန်ပြောသည်ကို ကြားလိုက်ရလျှင် ထိတ်လန့်နေသူများလည်း ချက်ချင်း ပါးစပ်ပိတ်သွားပြီး ဟုန်းချန်ထံ သောကကြီးစွာဖြင့် လှမ်းကြည့်လိုက်မိကြသည်။ ထိုခဏ၌ သူတို့ကို ဤကဲ့သို့ ပြောင်းလဲစေခဲ့သူမှာ ဟုန်းချန်ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။

''ရှေးခေတ်ဟောင်း အချိန်တွေကတည်းက ဂိုဏ်းပဲဖြစ်ဖြစ် ကျောင်းပဲဖြစ်ဖြစ်၊ ဂိုဏ်းချုပ် ဒါမှမဟုတ် ကျောင်းအုပ်ရာထူးကို အစွမ်းအထက်ဆုံး လူကပဲ တာဝန်ယူလေ့ရှိခဲ့တယ်''

''အစကတော့ ဟုန်းချန်ဆိုတဲ့ ငါက ဒီစွမ်းအားနဲ့ အခွင့်အာဏာ ဆိုတာတွေကို စိတ်မဝင်စားခဲ့ဘူး ... ဒါပေမဲ့ ရွက်ကြွေဝါးတောက ခေါင်းမရှိတဲ့ နဂါးတစ်ကောင် ဖြစ်သွားမှာ၊ နေ့စဉ်နဲ့အမျှ ကျဆင်းလာပြီး နောက်ဆုံးကျရင် ရွက်ကြွေဝါးတောရဲ့ အရင်ဂိုဏ်းချုပ်တွေ အားထုတ်ခဲ့သမျှ အချည်းနှီး ဖြစ်သွားမှာတွေကို စောင့်ကြည့်ဖို့လည်း ငါ ဆန္ဒမရှိဘူး''

''ဒါကြောင့် ဒီနေ့မှာ ဟုန်းချန်ဆိုတဲ့ ငါက ရွက်ကြွေဝါးတောရဲ့ ဂိုဏ်းချုပ်တာဝန်ကို မလိုလားပေမဲ့ ယာယီအားဖြင့် ယူထားရလိမ့်မယ်''

''မင်းတို့အားလုံးအတွက်တော့ မင်းတို့ရဲ့ အမှားတွေ ဘယ်လောက် ကြီးမားခဲ့ပါစေ၊ ဟုန်းချန်ဆိုတဲ့ ငါက အရင်ဂိုဏ်းချုပ်တွေကို ထောက်ထားတဲ့အနေနဲ့ မင်းတို့အားလုံးကို ဘဝသစ်စဖို့ အခွင့်အရေး ထပ်ပေးပြီး မင်းတို့ရဲ့ အမှားတွေကို အရေးမယူတော့ဘူး''
ဟုန်းချန်က ပြောလိုက်လေသည်။

''ဒီတော့ သူက ရွက်ကြွေဝါးတောရဲ့ ဂိုဏ်းချုပ်ဖြစ်လာဖို့ ရည်ရွယ်ထားတယ်ပေါ့''

''သူက ကျုပ်တို့ရဲ့ သူ့အပေါ် မလေးစားမှုတွေကို အရေးယူဖို့ စိတ်ကူးမရှိဘူးတဲ့လား''

''တကယ်လို့ ဒီကိစ္စသာ အမှန်ဆိုရင် ဒါက ကိစ္စကောင်းတစ်ခု ဖြစ်လာမှာပဲ မဟုတ်ဘူးလား''

''ဟုတ်တာပေါ့ ... ဒီဟုန်းချန်က ဒီလောက် စွမ်းအားကောင်းတာ၊ သူသာ ကျုပ်တို့ရဲ့ ဂိုဏ်းချုပ် ဖြစ်လာခဲ့ရင် ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူ မဟာမိတ်အဖွဲ့ကလွဲပြီး ဘယ်သူကများ ကျုပ်တို့ ရွက်ကြွေဝါးတောကို ယှဉ်နိုင်မှာတဲ့လဲ''
ဟုန်းချန်ပြောသည်ကို ကြားလိုက်ရပြီးနောက် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေခဲ့သည့် လူအုပ်မှာ နောက်ဆုံး၌ စိတ်သက်သာသွားကြသည်။ ဝမ်းမြောက်မှုနှင့် တက်ကြွမှုတို့ကို တိတ်တဆိတ် ခံစားမိသူ အချို့ပင် ရှိနေသည်။

သူတို့ ထိုမျှ ကြောက်ရွံ့နေခဲ့သည့် အကြောင်းရင်းမှာ သူတို့က ဟုန်းချန်အပေါ် မလေးမစား ပြုမိခဲ့ကြ၍ ဖြစ်သည်။ အတိတ်တွင် သူတို့ မည်သို့ ပြုလုပ်ခဲ့ကြသည်ကို မဆိုထားနှင့်၊ စောစောပိုင်းကပင် ရွက်ကြွေဝါးတော ဂိုဏ်းချုပ်၏ လှုံ့ဆော်မှုအောက်တွင် သူတို့က ဟုန်းချန်ကို ကျယ်ကျယ်လောင်လောင် အရှက်ခွဲခဲ့မိကြသည်။

ထို့ကြောင့် သူတို့အား ဟုန်းချန် သတ်ဖြတ်မည်ကို သူတို့ ကြောက်ရွံ့နေသည်မှာ သဘာဝကျပေသည်။

သို့သော် ဟုန်းချန်က သူတို့ကို သတ်ဖြတ်ရန် စိတ်မကူးဘဲ၊ ထိုအစား ရွက်ကြွေဝါးတော၏ ဂိုဏ်းချုပ်ဖြစ်လာရန် စိတ်ကူးထားခဲ့လျှင် ၎င်းမှာ သူတို့အတွက် သေချာပေါက် ကောင်းသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

ရွက်ကြွေဝါးတော၏ အကြီးအကဲများနှင့် တပည့်များ ဖြစ်သည့်အားလျော်စွာ သူတို့အနက် မည်သူက ရွက်ကြွေဝါးတော ပိုမိုသန်မာလာမည်ကို မလိုလားဘဲ ရှိမည်နည်း။

ဟုန်းချန်၏ ခွန်အားကို သူတို့အားလုံး ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြရပြီး ဖြစ်သည်။ သူက ယခင်ဂိုဏ်းချုပ်ထက် အနည်းငယ်မျှသာ ပိုမိုသန်မာသူ မဟုတ်ကြောင်း ကျိန်းသေနေလျက် ရှိသည်။ ဟုန်းချန်သာ ရွက်ကြွေဝါးတော၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့လျှင် ၎င်းမှာ သေချာပေါက် ကောင်းမွန်သော ကိစ္စတစ်ခုပင်။

''ဒါပေမဲ့ မင်းတို့အားလုံး သေသေချာချာ နားထောင်ကြ ... နောက်နောင်မှာ မင်းတို့က ဝါးတောတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖြစ်၊ အကြီးအကဲတစ်ယောက် ဖြစ်ဖြစ် ဒါမှမဟုတ် တပည့်တစ်ယောက် ဖြစ်ဖြစ်၊ မင်းတို့တွေ ကိုယ့်ရာထူးကို အခွင့်ကောင်းယူပြီး တခြားသူတွေအပေါ် အနိုင်ကျင့်တာမျိုး၊ ရွက်ကြွေဝါးတောရဲ့ ဂိုဏ်းတူ အဖွဲ့ဝင်တွေအပေါ် အထင်သေးတာမျိုး ဘယ်သူ့ကိုမှ ခွင့်မပြုဘူး''

''တကယ်လို့ တစ်ယောက်ယောက်က ရွက်ကြွေဝါးတောရဲ့ စည်းကမ်းတွေကို ဆန့်ကျင်ပြီး တစ်ခုခုလုပ်ရဲခဲ့ရင် အဲဒီလူ ဘယ်သူဖြစ်ဖြစ်၊ ငါက သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး''
ဟုန်းချန်က ဖြည့်စွက်ပြောလိုက်သည်။

ဟုန်းချန်ပြောသည်ကို တစ်စုံတစ်ရာ ကန့်ကွက်စကားဆိုသူ တစ်ဦးမှ မရှိပါချေ။ စည်းကမ်းများကို ကြပ်မတ်မှုမှာ ဂိုဏ်းချုပ်တစ်ဦး၏ အမြော်အမြင်ကြီးမှုကို ဖော်ပြပေသည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူတို့လည်း ရွက်ကြွေဝါးတော ပိုမို၍ အလုံးစုံ ရင်းနှီးလာပြီး ပိုမို၍ သန်မာလာစေရန် ဆန္ဒရှိနေခဲ့ကြသည်။ တကယ်တမ်းတွင်လည်း ရွက်ကြွေဝါးတော ပိုမိုသန်မာလာသည်နှင့် အမျှ သူတို့လည်း ပိုမိုသန်မာလာကြမည် မဟုတ်ပါလော။

ရုတ်တရက် ရွှေဝါးတော ခေါင်းဆောင်က မေးလိုက်၏။
''ဂိုဏ်းချုပ်သခင်၊ သခင်ပြောခဲ့တာတွေ အားလုံးကို ကျုပ်တို့ လိုက်နာပါ့မယ် ... တစ်ခုရှိတာက ရောင်စုံဝါးတော ခေါင်းဆောင် သေသွားပါပြီ ... ကျုပ်တို့တွေ ခေါင်းဆောင်ရာထူးကို အသစ်ခန့်အပ်ဖို့ လိုအပ်ပါလိမ့်မယ် ... ဂိုဏ်းချုပ်သခင်၊ သခင့်မှာ ရောင်စုံဝါးတောရဲ့ ခေါင်းဆောင်နေရာအတွက် သင့်တော်တဲ့ လျာထားသူတစ်ယောက်ယောက် ရှိပါသလားခင်ဗျာ''

ထိုစကားများကို ရွှေဝါးတော ခေါင်းဆောင် ပြောလိုက်သည်မှာ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်တစ်ခုနှင့် ဖြစ်သည်။ ရောင်စုံဝါးတော ခေါင်းဆောင် အသတ်ခံခဲ့ရပြီး ဖြစ်သော်လည်း ရောင်စုံဝါးတောက ရွက်ကြွေဝါးတောတွင် စွမ်းအားအကောင်းဆုံး ဖြစ်နေသေးသည်မှာ ငြင်းပယ်မရနိုင်ပါချေ။

ရွက်ကြွေဝါးတောရှိ အားလုံးသော သိုင်းပညာရှင်များအနက် ရောင်စုံဝါးတော၏ ခေါင်းဆောင်ရာထူးကို တာဝန်ယူရန် အရည်အချင်းအရှိဆုံး ပုဂ္ဂိုလ်မှာ ရွှေဝါးတော၏ ခေါင်းဆောင်ဖြစ်သည့် သူသာလျှင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ထိုစကားများကို သူပြောလိုက်သည်မှာ ရွက်ကြွေဝါးတောအတွက် စဉ်းစားထားခြင်းဟု ထင်မြင်ရသော်လည်း အမှန်တွင်မူ သူက သူ့အတွက် အကျိုးအမြတ်များကို ရှာဖွေပြီး ရာထူးတိုးမည့် အခွင့်အလမ်းအတွက် ကြိုးပမ်းနေခြင်းပင်။

အမှန်အားဖြင့် ရွှေဝါးတော ခေါင်းဆောင်သာ မကဘဲ၊ ကျန်သူ အများအပြားကလည်း ရောင်စုံဝါးတော၏ ခေါင်းဆောင်ရာထူးကို စိတ်ဝင်စားနေခဲ့ကြသည်။ သူတို့အားလုံးက တစ်ဦး၏ အောက်၊ သောင်းချီသူများ၏ အထက် ဖြစ်သည့် မြင့်မားသော ဤရာထူးကို ရယူနိုင်ရန် မျှော်လင့်နေမိကြသည်။

ထို့ကြောင့် ယခုခဏ၌ သူတို့အားလုံးက စိတ်တွင်းရှိ မျှော်လင့်ချက်နှင့်အတူ ဟုန်းချန်ထံ အသေအချာ စိုက်ကြည့်နေလျက် ရှိကြသည်။ သူတို့အားလုံးက သူတို့၏ အမည်ကို ဟုန်းချန် ပြောလိုက်စေရန် တောင့်တနေမိကြသည်။

ချူဖုန်းထံ လှမ်းကြည့်ရင်း သူ၏ နောက်ဆက်တွဲစကားများကို ဟုန်းချန် ပြောလိုက်ချိန်တွင်မူ ဤဝါးတော ခေါင်းဆောင်များကို မဆိုထားနှင့်၊ အကြီးအကဲများနှင့် တပည့်များပင် အသက်ရှူ မှားသွားကြလေတော့သည်။
''ရောင်စုံဝါးတောရဲ့ ခေါင်းဆောင်ရာထူးအတွက်တော့ အဲဒါကို ချူဖုန်း တာဝန်ယူလိမ့်မယ်''

***

အခန်း(၁၃၃၂) ဆက်ရန်...အခန်း(၁၃၃၂) ခရီးတစ်ခုအတွက် ထွက်ခွာခြင်း

''ဘယ်လို ... ချူဖုန်းတဲ့လား''

''ချူဖုန်းက ရောင်စုံဝါးတောရဲ့ ခေါင်းဆောင် ဖြစ်လာမှာလား''

''ဒါ ... ဒါ ... ဒါက ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ''
ထိုစကားများကို ဟုန်းချန် ပြောလိုက်သည်နှင့် လူအုပ်တစ်ခုလုံး ရုတ်ခြည်း အုတ်အော်သောင်းတင်း ဖြစ်သွား၏။ ထိုစကားများကြောင့် မအံ့ဩမတုန်လှုပ်သူ တစ်ဦးတလေပင် မရှိပါချေ။

ဟုန်းချန်က ရောင်စုံဝါးတော၏ ခေါင်းဆောင်ရာထူးကဲ့သို့ ထိုမျှ အရေးကြီးသော ရာထူးတစ်ခုကို တပည့်တစ်ဦးအား ပေးအပ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိခဲ့ကြပေ။

ထို့ပြင် သူက ထိုရာထူးကို အတွေ့အကြုံနှင့် အရည်အချင်းရှိသည့် တပည့်တစ်ဦးအား ပေးအပ်ခဲ့လျှင် မကြောင်းမဟုတ်ပါချေ။ သို့သော် ထိုရာထူးကို သူ ပေးအပ်ခဲ့သည့် တပည့်မှာ ရွက်ကြွေဝါးတောသို့ လွန်ခဲ့သော ရက်ပိုင်းကမှ ဝင်ရောက်ခဲ့သည့် အမည်ခံတပည့်တစ်ဦး ဖြစ်နေသည်။ ဤသည်ကား အမှန်တကယ် မလျော်ကန်လွန်းလှပေ။

ထိုခဏ၌ လူတိုင်းက ချူဖုန်းထံ အကြည့်ရွှေ့လာကြသည်။ သူတို့၏ အကြည့်များတွင် အားကျမှုနှင့် မနာလိုမှုတို့ အထင်းသား ပါဝင်နေလျက် ရှိကြသည်။

သို့သော် သူတို့၏ အကြည့်များတွင် သတိမထားမိနိုင်သည့် မထင်ရှားသော မုန်းတီးမှုတို့လည်း ပါဝင်နေပေသည်။ ဒေါသအချို့လည်း ပါဝင်နေသည်သာ ဖြစ်၏။

ထိုခဏ၌ ဤကိစ္စကို လက်ခံရန် မလိုလားဆုံး လူများမှာ ရွှေ၊ ငွေ၊ ကြေးနှင့်သံ ဝါးတောများ၏ ခေါင်းဆောင်လေးဦးနှင့် ရောင်စုံဝါးတော၏ အုပ်ချုပ်မှု အကြီးအကဲ အများအပြားတို့ပင်။

သူတို့က ရောင်စုံဝါးတော၏ ခေါင်းဆောင်ရာထူးကို ရယူရန် အရည်အချင်းအရှိဆုံး လူများ ဖြစ်ကြသည်။ တစ်ချိန်တည်းတွင် သူတို့က ရောင်စုံဝါးတော၏ ခေါင်းဆောင်ဖြစ်လာရန် အလိုလားဆုံး လူများလည်း ဖြစ်နေခဲ့ကြသည်။

သို့တိုင် အမည်ခံတပည့်တစ်ဦး ဖြစ်သည့် ချူဖုန်းက ဤရာထူးကို သိမ်းပိုက်သွားခဲ့သည်။ မည်သို့သော ခံစားချက်များကို သူတို့ ခံစားနေရမည်နည်း။ ဤကိစ္စကို လက်ခံရန် သူတို့ မည်သို့ ဆန္ဒရှိနိုင်မည်နည်း။

သို့သော် သူတို့က ဆန္ဒမရှိမှုဖြင့် ပြည့်နှက်နေသည့်တိုင် တစိုးတစိမျှ စောဒက မတက်ဝံ့ကြပေ။ သူတို့အနေဖြင့် တစ်စုံတစ်ရာ မပြောလိုကြခြင်း မဟုတ်ဘဲ၊ မပြောဝံ့ကြခြင်းသာ ဖြစ်သည်။

အမှန်အားဖြင့် လူအုပ်သာလျှင် အံ့ဩတုန်လှုပ်နေရသည် မဟုတ်ပါချေ။ ချူဖုန်းကိုယ်တိုင်ပင် အံ့ဩတုန်လှုပ်နေရသည်။ ရွက်ကြွေဝါးတောသို့ သူ လာရောက်ခဲ့သည်မှာ ဟုန်းချန်နှင့် တွေ့ဆုံရန်သာ ဖြစ်၏။ တပည့်တစ်ဦး ဟူသည့် သူ၏ အဆင့်အတန်းသည်ပင် အမည်ခံသာ ဖြစ်ခဲ့သည်။

ယခုမူ သူက ဟုန်းချန်နှင့် တွေ့ဆုံခဲ့ရပြီး ဖြစ်သောကြောင့် သူ၏ အမည်ခံတပည့် အဆင့်အတန်းကို ဖယ်ရှား၍ ရွက်ကြွေဝါးတောနှင့် မသက်ဆိုင်သူတစ်ဦး အဖြစ် လုံးလုံးလျားလျား ပြန်နေနိုင်ပြီ ဖြစ်ပေသည်။

သို့တိုင် ယခုခဏ၌ ဟုန်းချန်က သူ့ကို ရောင်စုံဝါးတော၏ ခေါင်းဆောင်ဖြစ်လာစေရန် အမှန်တကယ် ရည်ရွယ်နေခဲ့သည်။ ဤအချက်က ချူဖုန်းကို အလွန် ခက်ခဲသော အနေအထားတစ်ခုသို့ ရောက်ရှိသွားစေခဲ့သည်။ တကယ်တမ်းတွင်လည်း နောင်တစ်ချိန်တွင် သူက စန္ဒကူးတောင်သို့ ပြန်သွားရန် လိုအပ်သည် မဟုတ်ပါလော။

ဤအထိတွေးမိလျှင် ချူဖုန်းက အတန်ကြာ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
''စီနီယာဟုန်းချန်၊ ကျုပ်ရဲ့ ပါရမီက နိမ့်ကျလွန်းပါတယ် ... ကျုပ်က အရေးကြီးတဲ့ ရောင်စုံဝါးတော ခေါင်းဆောင်ရာထူးရဲ့ တာဝန်တွေကို မဖြည့်ဆည်းပေးနိုင်မှာ စိုးရတယ်''

''ဟုတ်ပါတယ် ... ဂိုဏ်းချုပ်သခင်၊ ချူဖုန်းပြောတာ မှန်ပါတယ် ... သူက ထူးကဲတဲ့ ပါရမီကို ပိုင်ဆိုင်ထားပေမဲ့ အတော် ငယ်ရွယ်ပါသေးတယ် ... သူသာ ရောင်စုံဝါးတောရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ရင် အများက လက်မခံမှာ ကျုပ် စိုးမိပါတယ်''
ရာထူးကို ချူဖုန်း အမှန်တကယ် ငြင်းပယ်လိုက်သည်ကို မြင်လျှင် အုပ်ချုပ်မှု အကြီးအကဲများ အလွန် ပျော်ရွှင်သွားကြသည်။ သူတို့က အခွင့်အရေးကို ချက်ချင်း ဖမ်းဆုပ်လျက် ရောင်စုံဝါးတော၏ ခေါင်းဆောင်ရာထူးကို ချူဖုန်း လက်လွှတ်ရစေရန် မျှော်လင့်ချက်ဖြင့် သူတို့၏ စိုးရိမ်မှုများကို ဖွင့်ဟလိုက်ကြသည်။

သို့သော် ထိုစကားများကို ကြားလျှင် ဟုန်းချန်က ထင်ရှားသော မျက်ခုံးများကို ပင့်လိုက်ပြီး ခြိမ်းခြောက်ဟန်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
''အများက လက်ခံမှာ မဟုတ်ဘူးတဲ့လား ... ဘယ်သူ လက်မခံဘဲ နေရဲသလဲ ငါ ကြည့်စမ်းမယ်''

ထိုခဏ၌ ခေါင်းဆောင်လေးဦး ဆွံ့အသွားကြသည်။ မျက်မှောက်ရှိနေသည့် ကျန်သူများလည်း တစ်စုံတစ်ရာ မပြောဝံ့ကြပါချေ။ ဟုန်းချန်ကြောင့် အပြင်းအထန် ကြောက်လန့်သွားသည့်နောက် သူတို့အားလုံးက ဦးခေါင်းများကို ငုံ့ထားလိုက်ကြသည်။

သူတို့အားလုံးကို အပြီးအပိုင် သုတ်သင်ပစ်နိုင်သည့် ဟုန်းချန် စွမ်းအားကောင်းပုံအရ သူတို့အနက် မည်သူက ချူဖုန်းကို လက်မခံဘဲ နေဝံ့မည်နည်း။

ချူဖုန်းကို သူတို့စိတ်တွင်းမှ လက်မခံခဲ့လျှင်ပင် ဟုန်းချန်ရှိနေသရွေ့ ချူဖုန်းကို သူတို့ လက်မခံကြောင်း မည်သူတစ်ဦးမျှ ပွင့်ပွင့်လင်းလင်း မပြောဝံ့ပါချေ။

''ချူဖုန်း၊ ရောင်စုံဝါးတောရဲ့ ခေါင်းဆောင်အဖြစ် အချိန်တစ်ခုအထိ ရှိနေပေးပါ ... တကယ်လို့ နောင်တစ်ချိန်မှာ ခေါင်းဆောင်အဖြစ် ဆက်မနေချင်ရင် မင်းအနေနဲ့ အချိန်မရွေး ရပ်လိုက်လို့ရပါတယ်''
ဟုန်းချန်က ချူဖုန်းထံ လှမ်းပြောလိုက်သည်။ သူ့လေသံမှာ အလွန်တရာ ညင်သာပြီး သူက ချူဖုန်းနှင့် ညှိနှိုင်းရန် ကြိုးစားနေသကဲ့သို့ပင်။

ထိုစကားများကို ကြားမိလျှင် ရွက်ကြွေဝါးတောမှ လူအုပ်အဖို့ ပိုမို၍ပင် အံ့ဩတုန်လှုပ်သွားရသည်။ ချူဖုန်းအပေါ် ဟုန်းချန် ပြသနေသည့် သဘောထားမှာ သူတို့ မနာလိုဖြစ်ရန် လုံလောက်သည်အထိ အမှန်တကယ် ခြားနားလွန်းလှသည်။

တပည့်တစ်ဦးက ရောင်စုံဝါးတော၏ ကြီးကျယ်ခမ်းနားသော ခေါင်းဆောင်ရာထူးကို ရယူခြင်းမှာ တစ်ချက်ဖြစ်ပေသည်။ သို့သော် ဟုန်းချန်က ချူဖုန်းကို အချိန်မရွေး နုတ်ထွက်နိုင်သည်ဟု ပြောခဲ့သည်။ ဤသို့သော ပြုစုဆက်ဆံမှုမျိုးကား အမှန်တကယ် ထူးခြားလွန်းပြီး ဤဟုန်းချန်က ချူဖုန်းကို အမှန်တကယ် ဖူးဖူးမှုတ်ထားခြင်း ဖြစ်နေတော့သည်။

သို့သော် ထိုအတွက် သူတို့ မည်သို့ တတ်နိုင်ပေမည်နည်း။ သူတို့အနေဖြင့် ချူဖုန်းကို အားကျခြင်း၊ မနာလိုဖြစ်ခြင်းနှင့် မုန်းတီးခြင်းတို့မှတစ်ပါး အခြားမည်သည်ကို ပြုလုပ်နိုင်ဦးမည်နည်း။ အကယ်၍ တစ်ဦးဦးကို သူတို့ အပြစ်တင်ရမည်ဆိုလျှင် ချူဖုန်းတွင် ဟုန်းချန်နှင့် ထိုမျှ ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် ရှိနေသည်ကိုသာ အပြစ်တင်နိုင်ပေလိမ့်မည်။

''စီနီယာဟုန်းချန် ဒီလိုပြောနေမှတော့ ချူဖုန်းက ရောင်စုံဝါးတောရဲ့ ခေါင်းဆောင်ရာထူးကို ယာယီ တာဝန်ယူပေးပါ့မယ် ... တကယ်လို့ နောင်တစ်ချိန်မှာ ဒီရာထူးအတွက် သင့်တော်သူတစ်ယောက်ကို စီနီယာဟုန်းချန် ရှာတွေ့ခဲ့ရင် ချူဖုန်း ပြန်လွှဲပေးပါ့မယ်''
ဟုန်းချန် ထိုကဲ့သို့ ပြောလာချိန်တွင် ချူဖုန်းလည်း ဆက်လက်ငြင်းပယ်ရန် မသင့်တော့ပါချေ။ ထို့ကြောင့် သူ့အဖို့ ယာယီအားဖြင့် ရောင်စုံဝါးတော၏ ခေါင်းဆောင် လုပ်နေရုံသာ ရှိပေတော့သည်။

အမှန်အားဖြင့် ထိုကဲ့သို့ အရေးကြီးသော ရာထူးတစ်ခုကို ချူဖုန်းအား လွှဲအပ်ရန် ဟုန်းချန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူက ချူဖုန်းကို အထင်ကြီးကြောင်း ပြသလိုက်ရုံသာ မကဘဲ၊ အလွန့်အလွန် အဖိုးတန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း လူတိုင်းကို ပြသလိုက်ခြင်းလည်း ဖြစ်ပေသည်။

ဟုန်းချန် ပြောဆိုခဲ့ပုံအရ အကယ်၍ ချူဖုန်းသာ ဆက်လက်ငြင်းပယ်ခဲ့လျှင် သူက ဟုန်းချန်အား မျက်နှာသာမပေးရာ ရောက်သွားပေလိမ့်မည်။

ထို့ကြောင့် ဤကိစ္စ ပြီးပြတ်သွားလေတော့သည်။

ဟုန်းချန်က ရွက်ကြွေဝါးတော၏ ဂိုဏ်းချုပ်သစ် ဖြစ်လာပြီး ချူဖုန်းက ရောင်စုံဝါးတော၏ ခေါင်းဆောင်သစ် ဖြစ်လာသည်။

သို့သော် ဟုန်းချန်ဖြစ်စေ သို့မဟုတ် ချူဖုန်းဖြစ်စေ၊ လက်တွေ့တွင် သူတို့က သူတို့၏ ရာထူးများကို အမည်ခံရုံသာ ရယူထားခဲ့ကြသည်။

သူတို့နှစ်ဦးက အရေးကြီးသော ထိုရာထူးနှစ်ခုကို ရယူထားကြသော်လည်း ထိုရာထူးများနှင့် အမှန်တကယ် သက်ဆိုင်သည့် မည်သည့်ကိစ္စကိုမျှ မပြုလုပ်ခဲ့ကြပေ။

ဟုန်းချန်က ရွက်ကြွေဝါးတောကို အမှန်တကယ် စီမံအုပ်ချုပ်မှု မပြုခဲ့ပါချေ။ ထိုအစား သူက ဖြေရှင်းရန် ကိစ္စအဝဝကို ဝါးတောအသီးသီး၏ ခေါင်းဆောင်များအား လွှဲအပ်ထားခဲ့သည်။

ချူဖုန်းအတွက်မူ သူလည်း ဟုန်းချန်နည်းတူပင် ဖြစ်၏။ သူက ရောင်စုံဝါးတော၏ ခေါင်းဆောင် ဖြစ်သော်လည်း ရောင်စုံဝါးတောနှင့် စပ်လျဉ်းသည့် အရာအားလုံးကို ရောင်စုံဝါးတော၏ အုပ်ချုပ်မှု အကြီးအကဲများအား လွှဲအပ်ထားခဲ့သည်။

သူ့ကို ဤအကြီးအကဲများ မနှစ်သက်ကြောင်း ချူဖုန်းသိနေသည်။ ထို့ပြင် သူကိုယ်တိုင်လည်း သူတို့ကို မယုံကြည်ပါချေ။ ထို့ကြောင့် သူက ဤအကြီးအကဲများကို သူတို့စိတ်ကြိုက် ပြုလုပ်ခွင့်ပေးလိမ့်မည် မဟုတ်သည်မှာ သဘာဝကျပေသည်။

ချူဖုန်းက သူတို့အတွက် စည်းကမ်းများ ချမှတ်ထားခဲ့သည်။ သူက သူတို့ကို ရောင်စုံဝါးတောအပေါ် စီမံအုပ်ချုပ်ခွင့် ပေးထားသော်လည်း စည်းကမ်းများကို ချိုးဖောက်၍ သူတို့စိတ်ကြိုက် ပြုလုပ်ရန်မူ ခွင့်ပြုမထားခဲ့ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းကို ချူဖုန်း တွေ့ရှိခဲ့လျှင် သူက သူတို့ကို ပေါ့ပါးသော ပြစ်ဒဏ်တစ်ခုမျှဖြင့် အလွတ်ပေးလိမ့်မည် မဟုတ်ပါချေ။

အနှစ်ချုပ်အားဖြင့် အုပ်ချုပ်မှု အကြီးအကဲများမှာ ချူဖုန်း၏ သစ္စာတော်ခံများ ဖြစ်လာပြီး အစစ်အမှန် အာဏာကား ချူဖုန်းလက်တွင်း၌ ရှိနေဆဲပင်။

ဟုန်းချန်နှင့် ချူဖုန်းတို့အပြင် ရွက်ကြွေဝါးတောတွင် လီရှန်းနှင့် မင်လေးတို့ ပိုင်ဆိုင်ထားသည့် အဆင့်အတန်းမှာလည်း ကြီးမားစွာ ထိုးတက်သွားခဲ့သည်။

တပည့်များကို မဆိုထားနှင့်၊ အကြီးအကဲများပင် သူတို့နှစ်ဦးကို ပြစ်မှားရန် မဝံ့ကြဘဲ၊ ထိုအစား သူတို့ကို အလွန် လေးစားစွာ ဆက်ဆံလာကြရသည်။ မြောက်မြားစွာသော လူများက သူတို့ကို ဖော်လံဖား၍ သူတို့နှင့် မိတ်ဆွေများဖြစ်ရန် ကြိုးပမ်းလာကြသည် အထိပင်။

အခြားသူများ၏ အမှိုက်ဟု ရှုမြင်ခြင်းကို ခံခဲ့ကြရသည့် စွန့်ပစ်ဝါးတော၏ ဤတပည့်နှစ်ဦးမှာ ရွက်ကြွေဝါးတောတွင် ကြီးမားသော ဩဇာကို ပိုင်ဆိုင်သွားသည့်အတွက် ချက်ချင်းဆိုသလို အဆများစွာ တိုးတက်သွားပြီး အထင်ပေါ်ဆုံးလူများ ဖြစ်လာကြသည်။

ပင်ကိုအားဖြင့် ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ချူဖုန်းကြောင့်ပင်။ သူတို့၏ လက်ရှိ အဆင့်အတန်းကို ရယူနိုင်ခြင်းနှင့် လူတိုင်း၏ လေးစားမှုကို ခံရခြင်းတို့မှာ သူတို့၏ ချူဖုန်းနှင့် ဆက်ဆံရေးကြောင့့် ဖြစ်သည်။

ထို့ကြောင့် လီရှန်းနှင့် မင်လေးတို့မှာ ချူဖုန်းနှင့် မိတ်ဆွေဖွဲ့ရန် ဆုံးဖြတ်ခဲ့သည့် သူတို့၏ ဆုံးဖြတ်ချက်အတွက် အမှန်တကယ် ကျေနပ်ပျော်ရွှင်နေလျက် ရှိကြသည်။

သို့သော် ပျော်ရွှင်နေသူ ရှိလျှင် ဝမ်းနည်းနေသူ ရှိမည်ဟု ဆိုရိုးရှိပေသည်။

လီရှန်းနှင့် မင်လေးတို့ ပျော်ရွှင်နေချိန်တွင် ချူဖုန်းနှင့် မိတ်ဆွေဖွဲ့ရန် အခွင့်အရေး ရခဲ့သော်လည်း ၎င်းကို လက်လွတ်ခဲ့ကြသည့် စီနီယာအစ်ကိုရှောင်နှင့် စွန့်ပစ်ဝါးတော၏ ကျန်တပည့်ဟောင်းများမှာ အဆုံးမရှိသော နောင်တဖြင့် ပြည့်နှက်နေလျက် ရှိကြသည်။

စီနီယာအစ်ကိုရှောင်နှင့် ကျန်သူများက ရွက်ကြွေဝါးတောကို စွန့်ခွာမသွားခဲ့ကြပေ။ သူတို့က သူတို့၏ တပည့်အဆင့်အတန်းကို ဆုံးရှုံးသွားပြီး အမှန်ပင် အစေခံများ ဖြစ်လာခဲ့ကြသည်။

သို့သော် ဤအတွက် သူတို့ အပြစ်တင်နိုင်မည့်သူ မရှိပါချေ။ တကယ်တမ်းတွင်လည်း ၎င်းတို့မှာ သူတို့၏ လုပ်ရပ်များအတွက် အကျိုးဆက်များပင် မဟုတ်ပါလော။

ရွက်ကြွေဝါးတောမှ အခြားသူများအတွက်မူ ယခင်ဂိုဏ်းချုပ်၏ သစ္စာခံများမှတစ်ပါး ကျန်သူများမှာ ရွက်ကြွေဝါးတော ဂိုဏ်းချုပ်နှင့် ရောင်စုံဝါးတော ခေါင်းဆောင်တို့၏ သေဆုံးမှုကြောင့် အမှန်တကယ် သက်ရောက်မှု မရှိခဲ့ပေ။

သူတို့ ဆန္ဒရှိသမျှမှာ ရွက်ကြွေဝါးတော ပိုမို၍ သန်မာလာရန်ပင်။ ဂိုဏ်းချုပ် မည်သူဖြစ်စေကာမူ၊ သူတို့က ဂိုဏ်းချုပ်ကို စွမ်းအားကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်စေရန်သာ အလိုရှိကြသည်။ ဟုန်းချန် စွမ်းအားကောင်းပုံအရ သူတို့က သူ့ကို ဂိုဏ်းချုပ်သစ်အဖြစ် အမှန်ပင် အလွန် လိုလားကြပေသည်။

သို့သော် နန်းတော်မှာ ဧကရာဇ်နှင့်အတူ ပြောင်းလဲသည်ဟု ဆိုရိုးရှိလေသည်။ မည်သို့ဖြစ်စေကာမူ ရွက်ကြွေဝါးတော၏ ဦးဆောင်သူ ပြောင်းလဲမှုက ရွက်ကြွေဝါးတော၏ အတွင်းနှင့်အပြင် ဆက်ဆံရေး နှစ်ရပ်စလုံးအတွက် ကြီးမားသော သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ ဤကိစ္စအားလုံးအတွက် အဓိက တရားခံကို ရှာဖွေရမည်ဆိုလျှင် ၎င်းမှာ ချူဖုန်းသာ ဖြစ်ပေလိမ့်မည်။ ချူဖုန်းကြောင့်သာ မဟုတ်ခဲ့လျှင် ရွက်ကြွေဝါးတောတွင် ထိုမျှ ကြီးမားသော အပြောင်းအလဲတစ်ခု ရှိလာခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော် ချူဖုန်းက ဤကိစ္စအားလုံးကို အရေးမစိုက်ပါချေ။ တကယ်တမ်းတွင်လည်း သူက အလွန် အရေးကြီးသော ကိစ္စတစ်ခုကို ပြုလုပ်ရန် ရှိနေသေးသည် မဟုတ်ပါလော။ ရောင်စုံဝါးတော ခေါင်းဆောင်၏ တာဝန်များကို အုပ်ချုပ်မှု အကြီးအကဲများအား လွှဲအပ်ပြီးနောက်တွင် ချူဖုန်းက ချိပ်ပိတ်ရှေးဟောင်းကျေးရွာသို့ ခရီးတစ်ခုအတွက် ထွက်ခွာသွားလေတော့သည်။

***

အခန်း(၁၃၃၃) ဆက်ရန်...အခန်း(၁၃၃၃) သေချင်နေတာပဲ

ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှာ မဟာမိတ်နယ်မြေ၏ အလယ်ပိုင်းဒေသတွင် တည်ရှိပေသည်။ အလယ်ပိုင်းဒေသမှာ မဟာမိတ်နယ်မြေတွင် အစည်ပင်ဆုံးဒေသ ဖြစ်သည်။ ၎င်းမှာ အသီးသီးသော အင်အားစုများမှ အဖွဲ့ခွဲများ အစုစည်းနေဆုံး နေရာပင်။

ထိုဒေသတွင် တည်ထောင်ထားနိုင်သည့် အင်အားစုအားလုံးမှာ သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ချိပ်ပိတ်ရှေးဟောင်းကျေးရွာကို ရွာတစ်ရွာဟု ခေါ်ဝေါ်ကြသော်လည်း အမှန်အားဖြင့် ၎င်းမှာ လျှော့တွက်၍မရသည့် အလွန် စွမ်းအားကောင်းသော နေရာတစ်ခု ဖြစ်၏။

မဟာမိတ်နယ်မြေ တစ်ခုလုံး၌ပင် ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှာ အလွန့်အလွန် ကျော်ကြားပေသည်။ ထို့ပြင် ၎င်းမှာ စွမ်းအားကောင်းသော ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများ လည်ပတ်ရန် အနှစ်သက်ဆုံး နေရာတစ်ခုလည်း ဖြစ်နေခဲ့သည်။

ချိပ်ပိတ်ရှေးဟောင်းကျေးရွာသို့ လည်ပတ်ရန် ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများ နှစ်သက်ကြသည်မှာ အချက်နှစ်ချက်ကြောင့်ပင်။

ပထမအချက်မှာ ချိပ်ပိတ်ရှေးဟောင်းကျေးရွာက ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများကို ဧည့်သည်တော်များအဖြစ် လက်ခံရန် နှစ်သက်သောကြောင့် ဖြစ်သည်။ တစ်ဦးတစ်ယောက်အဖို့ အရည်အချင်း ပြည့်မီသရွေ့ ရှေးဟောင်းကျေးရွာသို့ ဝင်ရောက်ပြီး ဖော်ရွေသော ဆက်ဆံမှုများကို ရယူနိုင်ပေသည်။

ဒုတိယအချက်မှာ ချိပ်ပိတ်ရှေးဟောင်းကျေးရွာတွင် ကြီးမားသော ပမာဏတစ်ခုရှိသည့် ချိပ်ပိတ်ရေခဲရေများကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ တစ်ဦးတစ်ယောက်အနေဖြင့် ချိပ်ပိတ်ရှေးဟောင်းကျေးရွာထံမှ ကောင်းမွန်သော အထင်အမြင်တစ်ခုကို ရယူနိုင်စွမ်းရှိလျှင် ချိပ်ပိတ်ရေခဲရေများကို လက်ဆောင်အဖြစ် ရရှိနိုင်ပေသည်။

ချိပ်ပိတ်ရေခဲရေတွင် ကမ္ဘာ့စိတ်ဝိညာဉ် အစီအရင်စည်းများ၏ ခွန်အားကို မြှင့်တင်နိုင်စွမ်း ရှိနေသည်။ အထူးသဖြင့် ပိတ်လှောင်စည်းများအတွက် ဖြစ်ပြီး ၎င်းက အံ့ဩဖွယ်ကောင်းသော အာနိသင်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။

ချိပ်ပိတ်ရေခဲရေမှာ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများအတွက် ရတနာတစ်မျိုးပင်။ ထို့ပြင် ၎င်းကို သူတို့ ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှသာ ဖြစ်ပေသည်။

ထို့ကြောင့် နှစ်စဉ်၊ လစဉ်၊ ရက်စဉ်ဆိုသလို ချိပ်ပိတ်ရှေးဟောင်းကျေးရွာသို့ သူတို့၏ ဧည့်သည်များ ဖြစ်လာရန် မျှော်လင့်ချက်ဖြင့် ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများ လာရောက်လေ့ရှိကြသည်။

သို့သော် မည်သူမဆို ချိပ်ပိတ်ရှေးဟောင်းကျေးရွာ၏ ဧည့်သည်တစ်ဦး ဖြစ်လာနိုင်သည် မဟုတ်ပါချေ။

ပထမအချက်အနေဖြင့် ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦး ဖြစ်ရပေမည်။ ဤသည်မှာ အနိမ့်ဆုံး လိုအပ်ချက်ပင်။

နောက်တစ်ချက်အနေဖြင့် ထူးကဲသော ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို ပိုင်ဆိုင်ထားရပေမည်။ သို့မဟုတ်လျှင် တစ်ဦးတစ်ယောက်အဖို့ ချိပ်ပိတ်ရှေးဟောင်းကျေးရွာသို့ ဝင်ရောက်မည့်အကြောင်းကို မေ့ထားလိုက်နိုင်ပြီ ဖြစ်ပေသည်။

၎င်းတို့မှာ ချိပ်ပိတ်ရှေးဟောင်းကျေးရွာ၏ ဧည့်သည်တစ်ဦးအဖြစ် လက်ခံမှုကို ရရှိရန်အတွက် လိုအပ်ချက်များ၊ အရည်အချင်းများပင်။

တစ်ဦးတစ်ယောက်တွင် ထူးကဲသော ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များ ပိုင်ဆိုင်ထားခြင်း ရှိမရှိ၊ ချိပ်ပိတ်ရှေးဟောင်းကျေးရွာ၏ ဧည့်သည်တစ်ဦးအဖြစ် လက်ခံရန် အရည်အချင်း ရှိမရှိကို ဆုံးဖြတ်ရန် စစ်ဆေးမှုတစ်ခု ရှိနေမြဲ ဖြစ်သည်။

ဤစစ်ဆေးမှုမှာလည်း ရိုးရှင်းသော စမ်းသပ်မှု မဟုတ်ပါချေ။ တစ်ဦးတစ်ယောက်အဖို့ အဆင့်နှစ်ခုကို ဖြတ်သန်းရပေမည်။

ပထမစစ်ဆေးမှုမှာ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦး ဟုတ်မဟုတ် ဆုံးဖြတ်ရန် ဖြစ်၏။ ဤစစ်ဆေးမှုကို ကျော်ဖြတ်ရန် အနိမ့်ဆုံး လိုအပ်ချက်မှာ ရွှေရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦး ဖြစ်ရန် လိုအပ်ပေသည်။

ဒုတိယစစ်ဆေးမှုမှာ စိတ်ဝိညာဉ်စွမ်းအား ခွန်အားကို ဆုံးဖြတ်ရန် ဖြစ်၏။ တစ်ဦးတစ်ယောက်အဖို့ ဤစစ်ဆေးမှုကို ကျော်ဖြတ်ခြင်းဖြင့်သာ ချိပ်ပိတ်ရှေးဟောင်းကျေးရွာသို့ ဝင်ရောက်ခွင့်ရပြီး နောက်ပိုင်းတွင် သူတို့၏ ဧည့်သည် ဖြစ်လာပေလိမ့်မည်။

ပထမစစ်ဆေးမှုကို အချိန်ရွေး ခံယူနိုင်ပေသည်။ သို့သော် ဒုတိယစစ်ဆေးမှုကိုမူ လစဉ် တစ်ရက်နေ့၊ ဆယ့်တစ်ရက်နေ့နှင့် နှစ်ဆယ့်တစ်ရက်နေ့တို့တွင်သာ ခံယူနိုင်ပေသည်။

လက်ရှိတွင် ချူဖုန်းက ချိပ်ပိတ်ရှေးဟောင်းကျေးရွာထံ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ထို့ပြင် သူက ပထမစစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီးချေပြီ။

သို့သော် ဒုတိယစစ်ဆေးမှု ဖွင့်လှစ်ရန် အချိန်မကျသေးသဖြင့် ချူဖုန်းလည်း ချိပ်ပိတ်ရှေးဟောင်းကျေးရွာသို့ မဝင်နိုင်သေးပါချေ။

ထို့ကြောင့် ယခုခဏ၌ ချူဖုန်းက ရှေးဟောင်းကျေးရွာ ပိုင်ဆိုင်သော်လည်း ၎င်း၏ အပြင်ဘက်တွင် တည်ရှိသည့် နေရာတစ်ခုတွင် နေထိုင်ရန် စီစဉ်ပေးခံထားရသည်။

''ဒါက နည်းနည်းတော့ စုတ်ပြတ်လွန်းမနေဘူးလား''
သူ့ရှေ့မှောက်ရှိ အရာများကို မြင်တွေ့မိလျှင် ချူဖုန်းအနေဖြင့် ပြင်ဆင်ထားသော်လည်း အံ့ဩသွားမိဆဲ ဖြစ်သည်။

ချူဖုန်းရှေ့တွင် ပေါ်ပေါက်နေသည့် မြင်ကွင်းမှာ သူ နောက်ထပ်ရက်အနည်းငယ် နေထိုင်ရမည့် နေရာပင်။ သူက ဤနေရာတွင် အခြားသူ အများအပြားနှင့် အတူနေထိုင်ပြီး ဒုတိယစစ်ဆေးမှု ဖွင့်လှစ်မည့်ရက်ကို စောင့်ဆိုင်းရပေလိမ့်မည်။

အမှန်အားဖြင့် ထိုနေရာရှိ ရှုခင်းမှာ မဆိုးလှပါချေ။ တကယ်တမ်းတွင်လည်း ၎င်းက ရွက်နီဆောင်းဦးသစ်ပင်များ၊ ရင်သပ်ရှုမောဖွယ် ပန်းပင်များ၊ တွေ့နေကျမဟုတ်သော မြက်ပင်များ၊ စီးဆင်းနေသော မြစ်များ၊ မြင့်မားသော ရေတံခွန်များနှင့် အလားတူအရာများ ပတ်ဝိုင်းနေသည့် တောင်များအတွင်း၌ တည်ရှိနေခဲ့သည် မဟုတ်ပါလော။ ထိုသို့သော ရှုခင်းအားလုံးမှာ ဤနေရာတွင် ရှိနေခဲ့ကြသည်။

သို့သော် ကံမကောင်းသည်မှာ ချိပ်ပိတ်ရှေးဟောင်းကျေးရွာက မည်သူတစ်ဦးကိုမျှ စိတ်ကြိုက်သွားလာရန် ခွင့်မပြုဘဲ၊ သတ်မှတ်ထားသော အပိုင်းတစ်ခုတည်းတွင်သာ သွားလာနိုင်မည့် စည်းကမ်းတစ်ခုကို ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

သတ်မှတ်ထားသော ထိုအပိုင်းမှာ ရှင်းလင်းနေသော မြေကွက်လပ်တစ်ခုပင်။ မြေကွက်လပ်မှာ များစွာ မကြီးမားလှဘဲ၊ အသွင်အပြင်အားဖြင့်လည်း အလွန် ရိုးစင်း၍ ကြမ်းတမ်းပေသည်။

မြေကွက်လပ်၏ မျက်နှာပြင်ကို အထူးဒြပ်ဝတ္ထုများဖြင့် ဖုံးလွှမ်းမထားသည့်အပြင် မျက်နှာပြင်ပေါ်တွင် ကျောက်ပြားတစ်ချပ်ပင် ရှိမနေခဲ့ပါချေ။ ထိုအစား ၎င်းက မြေကြီးသက်သက် ဖြစ်နေခဲ့သည်။ မှန်ပေသည်။ မြေကြီးသက်သက် ဖြစ်၏။ တောင်ကို ဖုံးလွှမ်းထားသည့် ညစ်ပတ်ပေရေသော မြေကြီးနှင့် အတူတူပင်။

ထို့ပြင် မြေကွက်လပ်တွင် ကျောက်သားအိမ်တစ်လုံး၊ သစ်သားအိမ်နှစ်လုံးနှင့် သက်ငယ်တဲဆယ်လုံးတို့သာ ရှိနေကြသည်။ ၎င်းတို့မှာ ဧည့်သည်များအတွက် ဂေဟာများ ဖြစ်ကြသည်။

အရေးအကြီးဆုံး အချက်မှာ မြေကွက်လပ်တွင် စိတ်ဝိညာဉ် အစီအရင်စည်းများ ခင်းကျင်းခြင်း သို့မဟုတ် ထူးခြားသော ရတနာများ အသုံးပြုခြင်းတို့ကို ခွင့်မပြုခြင်းပင်။ ချိပ်ပိတ်ရှေးဟောင်းကျေးရွာ သတ်မှတ်ပေးထားသည့် နေရာများတွင် အနားယူရန်သာ ခွင့်ပြုထားပြီး မြေပြင်ပေါ်တွင် စောင်တစ်ထည် ဖြန့်ခင်းခြင်းကိုပင် ခွင့်မပြုပါချေ။

သူတို့က အိမ်များတွင် နေထိုင်ခြင်း မဟုတ်လျှင် အပြင်ဘက်တွင် အိပ်စက်ရုံသာ တတ်နိုင်သည်အထိ ရိုးရှင်းပေသည်။ မည်သူမဆို စည်းကမ်းများကို လိုက်နာရန် ငြင်းပယ်ခဲ့လျှင် ဒုတိယစစ်ဆေးမှုတွင် ပါဝင်ခွင့်ကို ဆုံးရှုံးရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် မြေကွက်လပ်အနီးတွင် ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှ လူအများအပြား စခန်းချနေကြ၍ ဖြစ်သည်။ သူတို့က ချူဖုန်းနှင့် ကျန်သူများကို စောင့်ကြည့်နေသည့် အလျောက် ထိုနေရာတွင် ပန်းပုရုပ်များကဲ့သို့ မလှုပ်မယှက် ရပ်နေခဲ့ကြသည်။

''နင် ရောက်လာပြီးမှတော့ လက်ဗလာနဲ့ ပြန်သွားလို့ မဖြစ်ဘူးလေ ... မနက်ဖြန်က ဒုတိယစစ်ဆေးမှု ဖွင့်မယ့်နေ့ဆိုတော့ ဒီနေရာမှာ တစ်ညတာ နေရမှာပေါ့''

''အိုး ဒါနဲ့၊ ဟိုကျောက်အိမ်က အတော် ကောင်းပုံရတယ် ... အဲဒီမှာ တစ်ယောက်မှ မရှိဘူးဆိုတော့ နင် သွားနေသင့်တယ်''
အက်ဂီက ပြောလိုက်ခြင်း ဖြစ်သည်။

အက်ဂီပြောသည်ကို ကြားလိုက်ရလျှင် မြေကွက်လပ်တွင် ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှ လူများကို ထည့်မတွက်ပါက စုစုပေါင်း လူသုံးဆယ့်ရှစ်ဦး ရှိနေသည်ကို ချူဖုန်း သတိပြုမိလိုက်သည်။

ဤလူသုံးဆယ့်ရှစ်ဦးမှာ အိုမင်းသူနှင့် ငယ်ရွယ်သူ အသက်အရွယ်စုံပင်။ သူတို့အနက် အငယ်ဆုံးမှာ ချူဖုန်းနှင့် သက်တူရွယ်တူခန့် ရှိပေသည်။ အကြီးဆုံးအတွက်မူ သူ့အသက်မှာ ရာပေါင်းများစွာ သို့မဟုတ် တစ်ထောင်နီးနီး ရှိနေသည်။

သို့သော် ဤသည်မှာ အရေးမကြီးပါချေ။ အရေးကြီးသည်မှာ ဤသုံးဆယ့်ရှစ်ဦးအနက် ဆယ်ဦးက သက်ငယ်တဲဆယ်လုံးကို သိမ်းပိုက်ထားပြီး နှစ်ဦးက သစ်သားအိမ်နှစ်လုံးကို သိမ်းပိုက်ထားခြင်း ဖြစ်သည်။ ကျန်ရှိသူ နှစ်ဆယ့်ခြောက်ဦးစလုံးမှာ ညစ်ပတ်သော မြေပြင်ပေါ်တွင် ထိုင်နေလျက် ရှိကြသည်။ အိမ်အားလုံးအနက် အကောင်းဆုံးဖြစ်သည့် ထိုကျောက်သားအိမ်ကား အမှန်တကယ် လစ်လပ်နေခဲ့သည်။

ထို့ကြောင့် ယခုခဏ၌ ချူဖုန်းက အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ထိုကျောက်သားအိမ်ထံ လျှောက်လှမ်းသွားလိုက်သည်။

ကနဦးတွင် မည်သူတစ်ဦးကမျှ ချူဖုန်း၏ လုပ်ရပ်များကို အလေးမထားခဲ့ဘဲ၊ အားလုံးက ကိုယ့်အလုပ်ကိုယ် လုပ်နေခဲ့ကြသည်။

သို့သော် ထိုကျောက်သားအိမ်ထံ ချူဖုန်း စတင် လျှောက်လှမ်းသွားပြီးနောက် လူတိုင်းက ချူဖုန်းထံ အကြည့်ရွှေ့လာကြသည်။ ထို့ပြင် သူတို့၏ အကြည့်အားလုံးမှာ အံ့ဩမှုသို့ ပြောင်းလဲသွားကြသည်။

သူတို့အနက် အမှန်တကယ် အေးစက်စွာ ရယ်မောလိုက်သူအချို့ ရှိလာသည်အထိ ဖြစ်၏။ သူတို့က အခြားသူ၏ ဘေးဒုက္ခကို ပျော်ရွှင်နေကြသည့် အလားပင်။ သူတို့၏ အကျီရင်ဘတ်တွင်းမှ စားစရာများ ထုတ်ယူ၍ ပွဲကြည့်ရန် စောင့်မျှော်နေသကဲ့သို့ စတင် စားသောက်လိုက်သည်အထိ အရှက်မဲ့သူများပင် ရှိလာသည်။

''ဟေး ... အဲဒီကကောင်လေး၊ မင်းအနေနဲ့ အဲဒီကျောက်အိမ်ကို မစဉ်းစားဖို့ ငါ အကြံပေးပါရစေ''
သစ်သားအိမ်နှစ်လုံးကို ချူဖုန်း ဖြတ်လျှောက်မိချိန်တွင် ဘယ်ဘက်ရှိ သစ်သားအိမ်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

အသံလာရာသို့ ကြည့်လိုက်လျှင် သစ်သားအိမ်ရှေ့တွင် အပြာရောင် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်ကို ချူဖုန်း တွေ့ရှိလိုက်ရသည်။

ထိုအမျိုးသားမှာ သာမန် ရုပ်ရည်တစ်ခုနှင့် ဖြစ်၏။ သူ့မျက်လုံးများမှာ အားမာန်မရှိဘဲ၊ သူ့မျက်နှာထက်တွင် မသပ်ရပ်သော မုတ်ဆိတ်တိုတစ်ခု ရှိနေသည်။ ဘူးသီးခြောက် အရက်ဘူးတစ်လုံးကို ကိုင်ဆောင်ထားသည့် သူက သစ်သားအိမ်တံခါးကို မှီလျက် သူ့မျက်နှာထက်ရှိ အပြုံးတစ်ခုနှင့် သူ့မျက်လုံးများရှိ အထင်သေးမှုတို့နှင့်အတူ ချူဖုန်းထံ လှမ်းကြည့်နေသည်။

ဤအမျိုးသားက သိုင်းဘုရင် အဆင့်ခုနစ် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားလေသည်။ သူ၏ ကျင့်ကြံမှုက ချူဖုန်းထက် ပိုမိုမြင့်မားပေသည်။

ကံမကောင်းစွာဖြင့် သူ၏ တိုက်ပွဲဝင်စွမ်းအားမှာ မပြောပလောက်ပါချေ။ ၎င်းမှာ သာမန်မျှသာ ဖြစ်ပြီး ညံ့ဖျင်းသည်ဟုပင် ဆိုနိုင်ပေသည်။ သူကဲ့သို့သော လူတစ်ဦးမှာ အဆင့်ခုနစ် သိုင်းဘုရင်တစ်ဦး ဖြစ်နေခဲ့သည့်တိုင် ချူဖုန်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတစ်ဦးတည်းကို မဆိုထားနှင့်၊ တစ်ရာ တစ်ထောင် ရှိနေခဲ့လျှင်ပင် ချူဖုန်းက သူတို့ကို အရေးစိုက်ဦးမည် မဟုတ်ပါချေ။

''ကျုပ်က ဘာကြောင့် အဲဒီကျောက်အိမ်ကို မစဉ်းစားရမှာလဲ ... ကျောက်အိမ်ထဲမှာ တစ်ယောက်ယောက် ရှိနေလို့လား''
ချူဖုန်းက သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်၏။

''အင်း''
ထိုမသပ်ရပ်သော ယစ်ထုပ်အမျိုးသားက ခေါင်းညိတ်ပြလိုက်သည်။

''ဒါဆို ဘာကြောင့် အဲဒီကျောက်အိမ်ထဲမှာ ဘယ်သူ့ကိုမှ ကျုပ် မမြင်မိတာလဲ''
ချူဖုန်းက မေးလိုက်၏။

''အဲဒီလူက ရောက်မလာသေးဘူး''
ယစ်ထုပ်အမျိုးသားက ပြန်ဖြေလိုက်သည်။

''ဒါဆို အဲဒီမှာ ဘယ်သူမှ မရှိဘူးပဲ''
ချူဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ကျောက်သားအိမ်ထံ ဆက်လက် လျှောက်လှမ်းသွားလေသည်။

''ကောင်လေး၊ အဲဒီနေရာကို တခြားသူ သိမ်းထားတယ်လို့ မင်းကို သူ ပြောပြခဲ့ပြီးပြီလေ ... မင်းက လူစကား နားမလည်တာလား ဒါမှမဟုတ် ဘာလဲ''
ထိုခဏ၌ပင် ညာဘက်ရှိ သစ်သားအိမ်ထံမှ လူတစ်ဦး ရုတ်တရက် ထွက်လာသည်။

၎င်းမှာ နောက်ထပ် လူလတ်ပိုင်း အမျိုးသားတစ်ဦးပင်။ ဘယ်ဘက်သစ်သားအိမ်ရှေ့ရှိ အမျိုးသားနည်းတူ သူသည်လည်း အပြာရောင် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။ သူတို့၏ အသွင်အပြင်အရ သူတို့နှစ်ဦးမှာ အင်အားစုတစ်ခုတည်းမှ ဖြစ်ကြောင်း ထင်ရှားပေသည်။

ပြောစရာရှိသည်မှာ ဘယ်ဘက်သစ်သားအိမ်မှ အသုံးမကျသော ယစ်ထုပ်အမျိုးသားနှင့် နှိုင်းစာလျှင် ဤအမျိုးသားက အလွန် ဝဖြိုးနေခြင်း ဖြစ်သည်။ သူကား ရာနှုန်းပြည့် လူဝကြီးတစ်ဦးပင်။ သူ၏ အသွင်အပြင်အရ အနည်းဆုံးအားဖြင့် သူက ပေါင်ထောင့်တစ်ရာခန့် ရှိနေသည်။ သူ့ကို 'ဝက်'ဟူသည့် စကားလုံးဖြင့် ရှင်းပြခြင်းသာ အသင့်လျော်ဆုံး ဖြစ်ပေလိမ့်မည်။ ဤလူဝကြီးအတွက်မူ သူ၏ ကျင့်ကြံမှုမှာ ထိုအသုံးမကျသော ယစ်ထုပ်အမျိုးသားထက် အနည်းငယ် ပိုမိုအားနည်းပြီး သူက အဆင့်ခြောက် သိုင်းဘုရင်တစ်ဦး ဖြစ်ပေသည်။

''လူစကားကို ကျုပ် နားလည်တာပေါ့ ... ဝက်စကားကို နားမလည်တာပဲ ရှိတယ်''
ချူဖုန်းက ထိုလူဝကြီးထံ လှမ်းပြောလိုက်သည်။

''မျိုးမစစ်ကောင်၊ မင်းက အရိုက်ခံချင်နေတာပဲ''
ထိုစကားများကို ကြားလိုက်ရလျှင် လူဝကြီး ရုတ်ခြည်း ဒေါသထွက်သွား၏။ သူက သူ၏ ကြီးမားသော အိတ်သဏ္ဌာန် လက်သီးကို ဆုပ်လိုက်ပြီး ချူဖုန်းထံ ထိုးနှက်လိုက်သည်။

သူ့လက်သီးမှာ အလွန် ကြီးမားရုံသာ မကဘဲ၊ စွမ်းအားလည်း အလွန် ကောင်းပေသည်။ သူ၏ လက်သီးတိုက်ကွက်က လေတိုးသံများကို ဖြစ်ပေါ်လာစေသည်။ လေဟာနယ်ပင် စတင် တွန့်ရှုံ့၍ ပုံပျက်သွားရသည်။ ၎င်းကို လက်သီးတစ်လုံးဟု မည်သို့ သတ်မှတ်နိုင်မည်နည်း။ ၎င်းမှာ တူပျံကြီးတစ်လက် ဖြစ်ကြောင်း ထင်ရှားနေပေသည်။

ထိုခဏ၌ မျက်မှောက်ရှိနေသူ အများအပြားက သူတို့၏ ဦးခေါင်းများကို ခါယမ်းလိုက်ကြသည်။ ဆက်ကြည့်ရန် ဆန္ဒမရှိတော့ဘဲ မျက်လုံးမှိတ်လိုက်သူများပင် ရှိနေသည်။

သူတို့အမြင်အရ ချူဖုန်းအဖို့ ထိုလူဝကြီးကို သူ၏ သိုင်းဘုရင် အဆင့်ငါး ကျင့်ကြံမှုဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပါချေ။ ထိုလူဝကြီး၏ လက်သီးချက်က သေလောက်သည်အထိ မဟုတ်သော်လည်း ချူဖုန်းကို အပြင်းအထန် ဒဏ်ရာရသွားစေရန် လုံလောက်ပေသည်။

သို့သော် ချူဖုန်းအပေါ် ကပ်ကြီးတစ်ခု ကျရောက်လာတော့မည်ဟု လူတိုင်း တွေးထင်မိလိုက်သည့် အချိန်ခဏ၌ပင် ချူဖုန်းက အေးစက်စွာ ပြုံးလျက် ပြောလိုက်လေတော့သည်။
''သေချင်နေတာပဲ''

***

အခန်း(၁၃၃၄) ဆက်ရန်...အခန်း(၁၃၃၄) ခြိမ်းခြောက်မှု

ထိုလူဝကြီးမှာ အလွန် အလေးချိန်စီးသော်လည်း သူ၏ အမြန်နှုန်းကား မနှေးကွေးပါချေ။ သူက ချူဖုန်းရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

ချူဖုန်းထံ သူ နီးကပ်လာချိန်တွင် သူ၏ တိုက်ကွက်ကို ချူဖုန်း ပိုမို၍ပင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူ၏ ကြီးမားသော ဤလက်သီး ချူဖုန်းထံ ထိုးနှက်လာချိန်တွင် ပတ်ဝန်းကျင် လေဟာနယ်မှာ မရပ်မနား စတင် တုန်ခါလာပြီး လေလှိုင်းများကဲ့သို့သော ဝဲဂယက်အမြောက်အမြား ဖြစ်ပေါ်လာကြသည်။

ဤလက်သီး၏ အင်အားမှာ သေးငယ်သောအရာ မဟုတ်ပါချေ။ အကယ်၍ ချူဖုန်းသာ သတိမထားဘဲ ဤလက်သီးဖြင့် ထိုးနှက်ခံရပါက မသေလျှင်ပင် ဒုက္ခိတ ဖြစ်သွားနိုင်ပေသေးသည်။

ကံမကောင်းသည်မှာ လက်ရှိချူဖုန်းက ၎င်းကို တစ်စုံတစ်ရာ သတိမထားဘဲ မနေခဲ့ခြင်းပင်။ ဆန့်ကျင်ဘက်အားဖြင့် သူက လုံးလုံးလျားလျား သတိထားနေခဲ့သည်။

''ဝှစ်''
ရုတ်တရက် အလင်းတန်းတစ်ခု လင်းလက်သွား၏။ ချူဖုန်း တိုက်ခိုက်လိုက်ချေပြီ။

ချူဖုန်းက သူ၏ ညာလက်ကို လက်သီးတစ်ခုအသွင် ဆုပ်ထားလေသည်။ သူ့လက်သီးမှာ ထိုလူဝကြီး၏ လက်သီးအရွယ်အစား၏ ငါးပုံတစ်ပုံမျှ မရှိသော်လည်း သူ့လက်သီးနောက်ရှိ စွမ်းအားမှာမူ ထိုလူဝကြီး၏ လက်သီးထက် အဆတစ်ရာမက ပိုမိုကြီးမားပေသည်။

''အဲဒီငနဲက သူ့အသက်ကို လွှင့်ပစ်ဖို့ စိတ်ကူးနေတာလား''
ချူဖုန်းက ဝင်လာနေသည့် လက်သီးကို မရှောင်ဘဲ လူဝကြီး၏ လက်သီးကို သူ၏ လက်သီးဖြင့် ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်ထားသည်ကို သူတို့ မြင်တွေ့မိလျှင် ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှ လူများ အပါအဝင် မျက်မှောက်ရှိနေသည့် လူအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ ချူဖုန်းက သူ့အသက်ကို လွှင့်ပစ်ရန် ကြံရွယ်နေသည်ဟု သူတို့အားလုံး ခံစားမိလိုက်ကြသည်။

အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည့် လူအားလုံး၏ မျက်လုံးများအောက်တွင် နောက်ဆုံး၌ ချူဖုန်း၏ လက်သီးက လူဝကြီး၏ လက်သီးနှင့် တိုးတိုက်သွားလေတော့သည်။

တိုးတိုက်မှု၏ နိဂုံးရလဒ်က လူတိုင်း မျှော်လင့်ထားသည်နှင့် အလုံးစုံ ကွဲပြားနေခြင်းသာ ရှိပေသည်။

''ဖောက်''
ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ကြရပြီး လေထဲတွင် သွေးများ ဖြာထွက်သွား၏။ စွမ်းအားကောင်းသော သက်ရောက်မှုက အနီရင့်ရောင် သွေးများကို ထိုလူဝကြီး၏ မျက်နှာအနှံ့ ပက်ဖျန်းလိုက်သည်။

ထိုခဏ၌ လူနှစ်ဦးက သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြသည်။ လူဝကြီးမှာ ထိုနေရာတွင် ရပ်နေလျက် ရှိသည်။ သူက မည်သို့ ဖြစ်ပျက်ခဲ့သည်ကို အသိဝင်သေးဟန် မတူပါချေ။

သို့သော် အရာအားလုံးကို မြင်တွေ့ခဲ့ကြရသည့် ဘေးလူများမှာမူ သူတို့၏ မျက်နှာတစ်ပြင်လုံးတွင် အံ့ဩတုန်လှုပ်သော အမူအရာများဖြင့် ပြည့်နှက်နေလျက် ရှိကြသည်။

အကြောင်းမူ ထိုလူဝကြီး၏ လက်သီး ကျိုးကြေသွားသောကြောင့်ပင်။ ၎င်းက ဆိုးဆိုးရွားရွား ပုံပျက်သွားခဲ့သည်။ ချူဖုန်းလက်ချက်ဖြင့် အလုံးစုံ ချိုးခြေခံခဲ့ရခြင်း ဖြစ်သည်။

''အား ...''
နာကျင်မှုအတွက် လူဝကြီး၏ တုံ့ပြန်မှု မည်မျှ နှေးကွေးစေကာမူ၊ သွေးများဖြင့် ရွှဲနစ်နေသည့် သူ့လက်သီးကို မြင်တွေ့မိချိန်တွင် သူက ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

လူတစ်ဦးတစ်ယောက်၏ လက်ချောင်းများမှာ ထိုလူ၏ နှလုံးသားနှင့် ဆက်သွယ်နေပေသည်။ သူ့လက်သီး ချိုးခြေခံရမှုနှင့်အတူ လက်ရှိတွင် သူ့အဖို့ မနာကျင်ရန် မဖြစ်နိုင်ပါချေ။

''မင်းကို ငါ သတ်မယ်''
ဒေါသထွက်မှုဖြင့် ထိုလူဝကြီးက ချူဖုန်းကို အမှန်တကယ် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ သူက ကျန်လက်ကို မြှောက်လိုက်ပြီး သူ့လက်ကြီးကို ချူဖုန်း၏ ပါးပြင်ထံ လွှဲရိုက်လိုက်သည်။

သူ၏ လက်ဝါးချက်က အလွန် အားကောင်းပြီး အလင်းဖြင့်ပင် လှုပ်ခတ်နေသည့် လေပြင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ တောင်တစ်လုံးက ချူဖုန်း၏ မျက်နှာပေါ် ဖိခြေတော့မည့် အလားပင်။ ဤသည်မှာ သာမန် ကာယတိုက်ကွက်တစ်ခု မဟုတ်ဘဲ၊ စွမ်းအားကောင်းသော သိုင်းကွက်တစ်ခု ဖြစ်သည်။

သို့သော် ဤတိုက်ကွက်မျိုးနှင့် ရင်ဆိုင်ရချိန်၌ပင် ချူဖုန်းက တိမ်းရှောင်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူက သူ၏ ကျန်လက်ကို ကြုံသလို လွှဲယမ်းလိုက်လေသည်။ ထို့နောက် သူ့လက်က လူဝကြီး၏ လက်ကောက်ဝတ်ပေါ် ပြင်းထန်စွာ ကျရောက်သွားပြီး ဝင်လာနေသည့် တိုက်ကွက်ကို အလွယ်တကူ တားဆီးလိုက်သည်။

''ခင်ဗျားက ဒီလက်ကိုလည်း မလိုချင်ဘူးလား''
လူဝကြီး၏ ကျန်လက်ကို ဖမ်းဆုပ်မိပြီးနောက် ချူဖုန်းက အပြုံးတစ်ခုဖြင့် မေးလိုက်၏။

''သောက်ပဲဟေ့''
လူဝကြီးက ပါးစပ်ကြီးကို ဖွင့်ဟလိုက်ပြီး ချူဖုန်း၏ မျက်နှာထံ တံတွေးထွေးလိုက်သည်။

တံတွေးကို မြင်လျှင် ချူဖုန်းက ဘေးသို့ အသာရွှေ့၍ အလွယ်တကူ ရှောင်တိမ်းလိုက်၏။ ထို့နောက် သူ မျက်မှောင်ကြုတ်သွားပြီး သူ ထုတ်လွှတ်နေသည့် အေးစက်မှုမှာ များစွာ ပိုမိုသိပ်သည်းလာသည်။ သူက ပြောလိုက်သည်။
''ခင်ဗျားက ဒီလက်ကို တကယ် ဆက်မထားချင်တော့ပုံပဲ''

ထိုစကားများကို အဆုံးသတ်ပြီးနောက် ချူဖုန်းက သူ့လက်ကို တင်းတင်းဆုပ်လိုက်ပြီး ၎င်းထံမှ သိုင်းစွမ်းအားများ တိုးထွက်လာသည်။

''ဖြောက် ဖြောက်''
လူဝကြီး၏ လက်မောင်းထံမှ မြောက်မြားစွာသော အရိုးကျိုးသံများ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်း၌ ထိုလူဝကြီး၏ အမူအရာ ထူးထူးခြားခြား ရှုံ့မဲ့သွားပြီး သူ ငယ်သံပါအောင် အော်ဟစ်လိုက်ရသည်။

အကြောင်းမူ ချူဖုန်းက ထိုလူဝကြီး၏ သွေးကြောများနှင့် အကြောများကို သိုင်းစွမ်းအားဖြင့် ဖျက်ဆီးပစ်ခဲ့ရုံသာ မကဘဲ၊ ကြွက်သားများကို ဆုတ်ဖြဲ၍ အရိုးများကိုလည်း ချိုးပစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုလက်မောင်းမှာ အပေါ်ယံတွင် များစွာ ထိခိုက်ထားဟန် မရှိသော်လည်း ၎င်း၏ အတွင်းဘက် ဖွဲ့စည်းပုံမှာ ချူဖုန်းလက်ချက်ဖြင့် အလုံးစုံ ပြိုကွဲနေခဲ့ပြီးချေပြီ။

အခြေအနေအရ လက်ရှိတွင် သူနှင့် ချူဖုန်းတို့ အကြားရှိ ခွန်အားကွာခြားမှု အလွန် ကြီးမားသည်ကို လူဝကြီး သဘောပေါက်သွား၏။ သူ့လက်မောင်း နှစ်ဖက်စလုံး ချူဖုန်းကြောင့် မစွမ်းမသန် ဖြစ်သွားမှုနှင့်အတူ သူက မရပ်မနား အော်ဟစ်နေရပြီး ရှေ့သို့ ဆက်မတိုးဝံ့တော့ပါချေ။ ထိုအစား သူက ချူဖုန်းကို ထပ်မတိုက်ဝံ့ဘဲ ဆက်တိုက် နောက်ဆုတ်သွားလေတော့သည်။

''မင်းက တကယ်တမ်း ဘယ်သူများလဲ''
ထိုခဏ၌ပင် သိုင်းဘုရင် အဆင့်ခုနစ် ယစ်ထုပ်အမျိုးသားက မေးလိုက်သည်။

သို့သော် သူလည်း ချူဖုန်းကို တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သူက အလွန် ဉာဏ်ကောင်းပြီး ချူဖုန်းမှာ အလွန် စွမ်းအားကောင်း၍ ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း စဉ်းစားမိလိုက်ဟန် ရှိပေသည်။ ထို့ကြောင့် သူက ချူဖုန်းပိုင်ဆိုင်ထားသည့် ဇာစ်မြစ်ကို အတိအကျ သိရှိရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။

အမှန်အားဖြင့် ထိုခဏ၌ ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှ လူများ အပါအဝင် လူတိုင်းမှာ သူတို့၏ အကြည့်များကို ချူဖုန်းအပေါ် မြဲမြံစွာ စူးစိုက်ထားမိကြသည်။ ချူဖုန်း မည်သူဖြစ်ကြောင်းနှင့် မည်သည့်ဇာစ်မြစ်မျိုး ပိုင်ဆိုင်ထားကြောင်း သူတို့ အတိအကျ သိရှိလိုကြပေသည်။

တကယ်တမ်းတွင်လည်း အခြေအနေအရ ချူဖုန်းတွင် ကောင်းကင်ဆန့်ကျင်သော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူ၏ အစစ်အမှန် ခွန်အားကို သူ၏ ကျင့်ကြံမှုသက်သက်ဖြင့် မဆုံးဖြတ်နိုင်ကြောင်း လူတိုင်း အတပ်ပြောနိုင်နေသည် မဟုတ်ပါလော။

ထိုမျှ ငယ်ရွယ်သော အသက်အရွယ်၌ ထိုကဲ့သို့သော အစွမ်းသတ္တိမျိုးနှင့် ပုဂ္ဂိုလ်တစ်ဦးမှာ ရိုးရှင်းသူတစ်ဦး မဖြစ်နိုင်ပါချေ။ အနည်းနှင့်အများဆိုသလို သူတို့က အဆင့်အတန်းရှိ၍ စွမ်းအားကောင်းသော နောက်ခံအင်အားနှင့် လူများ ဖြစ်ပေလိမ့်မည်။

''ကျုပ် ဘယ်သူလဲ ဟုတ်လား ... အဲဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ''
ချူဖုန်းက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

''ဒါဆို ငါတို့ ဘယ်သူတွေလဲ မင်းသိလား''
ထိုယစ်ထုပ်အမျိုးသားက မေးလိုက်၏။

''စိတ်မဝင်စားဘူး''
ချူဖုန်းက ချာခနဲ နောက်လှည့်လိုက်ပြီး ထိုကျောက်သားအိမ်ထံ ဦးတည်လိုက်သည်။ သူ့ကို ယစ်ထုပ်အမျိုးသား တိုက်ခိုက်လိမ့်မည် မဟုတ်ကြောင်း သူသိနေသည်။ ထို့ကြောင့် သူက ယစ်ထုပ်အမျိုးသားနှင့် အချိန်ဖြုန်းရန် ဆန္ဒမရှိပါချေ။

''မင်း စိတ်မဝင်စားရင်တောင် ငါကတော့ မင်းကို ပြောပြရဦးမှာပဲ ... ငါ့အစ်ကိုကြီးက ထွတ်မြတ်သိုင်းနယ်မြေမှာ မသိသူမရှိတဲ့ အရှင်သခင်လေးကွ''

''ငါတို့က ဒီကျောက်အိမ်ကို သူ့ကိုယ်စား သိမ်းပိုက်ထားတာ ... တကယ်လို့ မင်း အသိရှိရင် ကျောက်အိမ်ထဲက အခုချက်ချင်း ဖယ်ပေးပြီး ငါတို့ ညီအစ်ကိုတွေကို လာတောင်းပန်သင့်တယ် ... မင်း အဲဒီလို လုပ်ခဲ့ရင် ငါ့အစ်ကိုကြီးက မင်းကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်လိမ့်မယ်''

''မဟုတ်ရင်တော့ ငါ့အစ်ကိုကြီး ရောက်လာတာနဲ့ မင်းအတွက် ငါ တောင်းပန်ပေးရင်တောင် သူ့စိတ်ထားအရ မင်းကို သူ အလွတ်မပေးမှာ ကျိန်းသေတယ်''

''ချိပ်ပိတ်ရှေးဟောင်းကျေးရွာက သူတို့နယ်မြေထဲမှာ တိုက်ခိုက်တာကို ခွင့်ပြုထားတယ်ဆိုတာ မင်းလည်း သိနေမယ်လို့ ငါ ယုံကြည်တယ် ... တကယ်လို့ မင်း သေသည်အထိ အရိုက်ခံရရင်တောင် သူတို့က ဒီကိစ္စကို အရေးစိုက်မှာ မဟုတ်ဘူး''
ယစ်ထုပ်အမျိုးသားက ချူဖုန်းကို အမှန်တကယ် စတင် ခြိမ်းခြောက်လိုက်သည်။

''အရှင်သခင်လေး ဟုတ်လား ... အဲဒါ ဘယ်သူလဲ ... ဘာဖြစ်လို့ သူ့အကြောင်းကို ကျုပ် တစ်ခါမှ မကြားဖူးခဲ့တာလဲ''
ထိုစကားများကို ထိုအမျိုးသား ပြောလိုက်ချိန်တွင် ချူဖုန်း မတုံ့ပြန်နိုင်မီ၌ပင် လူအုပ်ထံမှ လူအများအပြားက တစ်ဦးပြီးတစ်ဦး မေးမြန်းလိုက်ကြသည်။ သူတို့က ဤနယ်စားလေးအကြောင်းကို ချူဖုန်းနည်းတူ မသိရှိကြကြောင်း ထင်ရှားပေသည်။

''ကျုပ်အစ်ကိုကြီးက မကြာသေးခင်ကမှ အလုပ်စခဲ့တာ ... ဒါပေမဲ့ သိပ်မကြာခင်မှာ သူ့နာမည်က ထွတ်မြတ်သိုင်းနယ်မြေ တစ်ခုလုံး ပျံ့နှံ့သွားလိမ့်မယ်''
လူအုပ်က သူ့အား မယုံကြည်သည်ကို မြင်လျှင် ထိုယစ်ထုပ်အမျိုးသားက ရှင်းပြလိုက်သည်။

''မင်းအစ်ကိုကြီးက ထွတ်မြတ်သိုင်းနယ်မြေမှာ မသိသူမရှိတဲ့ လူတစ်ယောက်လို့ စောစောက မင်းပြောခဲ့တယ် မဟုတ်ဘူးလား ... အခုကျတော့ ဘယ်လိုဖြစ်ပြီး သူက အလုပ်စကာစ လူတစ်ယောက် ဖြစ်သွားရတာလဲ''
သက်ငယ်တဲတစ်လုံးကို သိမ်းပိုက်ထားသည့် သိုင်းဘုရင် အဆင့်ငါး ကျင်ကြံမှုနှင့် အဘိုးအိုတစ်ဦးက လှောင်ပြောင်ဟန်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။

''အမှိုက်အိုကြီး၊ ခင်ဗျား ဘာသိလို့လဲ ... ကျုပ်ပြောခဲ့တာ သူ့ရဲ့ အနာဂတ် ... ကျုပ်အစ်ကိုကြီးက ထွတ်မြတ်သိုင်းနယ်မြေမှာ မသိသူမရှိတဲ့ လူတစ်ယောက် ဖြစ်လာမယ်လို့ ကျုပ်ပြောတာ ... ခင်ဗျားရဲ့ နားလည်နိုင်စွမ်းက ဘာကြောင့် ဒီလောက် အားနည်းရတာလဲ''
ထိုယစ်ထုပ်အမျိုးသားက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ သူ၏ သဘောထားကား အလွန့်အလွန် ဆိုးရွားလှသည်။

''ကျွတ်''
ယစ်ထုပ်အမျိုးသား အကျိုးသင့်အကြောင်းသင့် လက်မခံသည်ကို မြင်လျှင် အဘိုးအိုက နှုတ်ခမ်းမဲ့လိုက်ပြီး အပိုစကားများဖြင့် အချိန်မဖြုန်းတော့ပါချေ။

ကျန်သူများအတွက်မူ သူတို့က ယစ်ထုပ်အမျိုးသားကို အလွန် ကြောက်ရွံ့သွားကြသည်။ စောစောပိုင်းက သူ့စကားများအရ အထင်သေးမှုကို သူတို့ ခံစားမိပြီး လှောင်ပြောင်မှုပင် ပြုခဲ့ကြသော်လည်း သူ့ခွန်အား အားမနည်းပုံကို တွေးတောကြည့်လျှင် သူ့အစ်ကိုကြီး၏ ခွန်အားမှာ သူ့ထက် သေချာပေါက် သာလွန်ပေလိမ့်မည်။ ထို့ကြောင့် သူတို့အနက် မည်သူကမျှ တစ်စုံတစ်ရာ မပြောဝံ့တော့ဘဲ၊ သူ့ကို စိတ်တွင်းမှသာ လှောင်ရယ်နေလိုက်ကြသည်။

အခြားမည်သူကမျှ သူ့အား ချေပရန် မကြိုးစားသည်ကို မြင်လျှင် ယစ်ထုပ်အမျိုးသားက ကျေနပ်အားရဟန်ဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်၏။ ထို့နောက် သူက သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်လိုက်ပြီး ချူဖုန်းထံ ထပ်ကြည့်လိုက်သည်။

သို့သော် လက်ရှိချူဖုန်းကို သူ မြင်တွေ့လိုက်ရချိန်တွင် သူ၏ ကျေနပ်အားရသော အသွင်အပြင်မှာ ရုတ်ခြည်း ပျက်ယွင်းသွားလေတော့သည်။

အကြောင်းမူ ချူဖုန်းက သူ၏ စကားများကြောင့် ထိတ်လန့်မသွားရုံသာ မကဘဲ၊ ကျောက်သားအိမ် အတွင်းသို့ပင် ဝင်ရောက်သွားခဲ့ပြီး သူ့လက်များကို သူ့ဦးခေါင်းနောက်တွင် ခေါင်းအုံးသဖွယ် ထားရှိ၍ ခြေတစ်ဖက်ကို ကျန်တစ်ဖက်အပေါ် ချိတ်လျက် အိပ်ရာပေါ် လဲလျောင်းနေသောကြောင့် ဖြစ်သည်။ သူ့အသွင်မှာ အလွန့်အလွန် အေးအေးဆေးဆေးရှိ၍ ပူပင်ကြောင့်ကြမဲ့နေသည်။

''သောက်ပဲ ... ခုနက ငါ ဘာပြောခဲ့သလဲ မင်း နားမလည်ဘူးလား ... ကျောက်အိမ်ထဲက ထွက်သွားဖို့ ငါ ပြောခဲ့တာလေ ... မင်းက ဘာကြောင့် အထဲကို ဝင်နေသေးတာလဲ ... မင်းက သေမှာကို တကယ် မကြောက်တာလား ဒါမှမဟုတ် ငါ့အစ်ကိုကြီးက မင်းကို သတ်လိမ့်မယ်ဆိုတာ မင်း မယုံတာလား''

''မင်းကို ငါ ပြောပြမယ် ... ငါ့အစ်ကိုကြီးရဲ့ ကြမ်းတမ်းတဲ့ စိတ်ထားနဲ့ဆို သူသာ မင်းကို သတ်ချင်ခဲ့ရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး''
ယစ်ထုပ်အမျိုးသားက ချူဖုန်းကို ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်သည်။

''အိုး ... ဒါဆို ကြမ်းတမ်းတဲ့ စိတ်ထားနဲ့ ခင်ဗျားအစ်ကိုကြီးကို ခေါ်ပြီး ကျုပ်ကို လာသတ်ခိုင်းလိုက်လေ''
ချူဖုန်းက မယုံကြည်သော ဟန်ပန်တစ်ခုဖြင့် ပြောလိုက်လေတော့သည်။

***

အခန်း(၁၃၃၅) ဆက်ရန်...အခန်း(၁၃၃၅) လူထူးဆန်းတစ်ဦး ရောက်ရှိလာခြင်း

''မင်း ...''
ချူဖုန်းပြောသည်ကို ကြားလျှင် ထိုယစ်ထုပ်အမျိုးသားမှာ ရုတ်ခြည်းဆိုသလို အလွန့်အလွန် ဒေါသထွက်သွားမိသည်။ သူက သူ့လက်သီးကို မြှောက်လိုက်ပြီး ချူဖုန်းကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

သို့သော် သူ တုံ့ဆိုင်းသွား၏။ နောက်ဆုံးတွင် သူက မြှောက်ထားသည့် လက်သီးကို ပြန်ချလိုက်ပြီး ပြောလိုက်သည်။
''လောလောဆယ် မင်းကို ဆက်ပြီး ထောင်လွှားခွင့် ပေးထားလိုက်မယ် ... ဒါပေမဲ့ ငါ့အစ်ကိုကြီး ရောက်လာတဲ့အခါ အဲဒါ မင်းရဲ့ လုပ်ရပ်တွေအတွက် မင်း နောင်တရတဲ့အချိန် ဖြစ်လိမ့်မယ်''

ထို့နောက်တွင် သူက လူဝကြီးထံ လျှောက်လှမ်းသွားပြီး ဒဏ်ရာများကို စတင် ကုသပေးလိုက်လေတော့သည်။

ဤနေရာသို့ ရောက်လာနိုင်သူ အားလုံးမှာ အနိမ့်ဆုံးအားဖြင့် ရွှေရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးခြင်းနှင့် ဒဏ်ရာများကို ကုသပေးခြင်းတို့မှာ သူတို့အတွက် ထမင်းစားရေသောက် ကိစ္စများပင်။

ချူဖုန်းအတွက်မူ သူက ထိုယစ်ထုပ်အမျိုးသားကို အရေးမစိုက်ပါချေ။ ထိုအစား သူက မျက်လုံးများကို မှိတ်၍ အနားယူရင်း နောက်တစ်နေ့ စစ်ဆေးမှုအတွက် ပြင်ဆင်ထားလိုက်သည်။

ဤသို့ဖြင့် ကိစ္စပြီးသွား၏။ ချူဖုန်းနောက်တွင် မြေကွက်လပ်ထံ နောက်ထပ် လူတစ်ရာ့ငါးဆယ် ရောက်ရှိလာသည်။ သူတို့အားလုံး အချိန်ကို ကွက်တိရွေးချယ်၍ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့အားလုံးက တစ်ညတာ အချိန်ဖြုန်းပြီး နောက်တစ်နေ့တွင် ဒုတိယစစ်ဆေးမှု ခံယူရန် ကြံရွယ်ထားကြသည်။

ထည့်ပြောသင့်သည့် ကိစ္စကား နောက်ပိုင်းမှ ရောက်ရှိလာသည့် ဤလူတစ်ရာ့ငါးဆယ်မှာလည်း သာမန်လူများ မဟုတ်ကြခြင်းပင်။ သူတို့အနက် အများအပြားမှာ သိုင်းထိပ်သီးများ ဖြစ်ကြသည်။ ထို့ပြင် သူတို့အနက် ကိုးဦးမှာ သိုင်းဧကရာဇ်ငယ်များပင် ဖြစ်နေခဲ့ကြသည်။

သို့သော် ဤသိုင်းဧကရာဇ်ငယ် ကိုးဦးစလုံးမှာ အသက်တစ်ရာကျော်သည့် လူအိုများ ဖြစ်ပေသည်။ သူတို့အနက် အငယ်ဆုံးမှာ အနည်းဆုံး အသက်တစ်ရာ ရှိနေပြီး အကြီးဆုံးမှာမူ အသက်ရာချီ၍ တစ်ထောင်နီးနီးပင် ရှိနေချေပြီ။ သူတို့အနက် ငါးဦးမှာ အဘိုးအိုများ ဖြစ်ကြပြီး လေးဦးမှာ အဘွားအိုများ ဖြစ်ကြသည်။

သူတို့ ရောက်ရှိလာချိန်တွင် ညအချိန်သို့ ချဉ်းနင်းနေခဲ့ပြီး ဖြစ်သည်။ သို့သော် သူတို့က အိမ်များကို လုယူရန် မကြိုးစားဘဲ၊ ထိုအစား ညစ်ပတ်သော မြေပြင်ပေါ်တွင် ထိုင်နေခဲ့ကြသည်။ ထိုအတွက် အကြောင်းရင်းကား သူတို့က အလွန် မွန်မြတ်သော ကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားပြီး အိမ်များကို သိမ်းပိုက်ထားသူ အများစုမှာ လူငယ်မျိုးဆက်များ ဖြစ်နေသောကြောင့်ပင်။

ညမှောင်သွားပြီးနောက် လာရောက်သူ အရေအတွက် လျော့ကျမသွားပါချေ။ ထိုအစား ပို၍ပို၍ များပြားသော လူများ ပေါ်လာကြသည်။

ညဉ့်နက်သွားချိန်တွင်မူ မြေကွက်လပ်ထံ လူတစ်ထောင်ကျော် ရောက်ရှိနေကြပြီ ဖြစ်၏။ ၎င်းက ပြီးခဲ့ချိန်တွင် ရှင်းလင်း၍ ကျယ်ဝန်းသော မြေကွက်လပ်ကို ဆူညံလှုပ်ရှားနေသော နေရာတစ်ခု ဖြစ်သွားစေတော့သည်။

ထိုခဏ၌ သိုင်းဧကရာဇ်ငယ်များပင် ငါးဆယ့်ခြောက်ဦး ရောက်ရှိလာပြီးချေပြီ။ ယခင် ရောက်ရှိနေသည့် သိုင်းဧကရာဇ်ငယ်များနည်းတူ သူတို့အားလုံးက နှစ်ရာချီ၍ ရှင်သန်နေခဲ့ကြသည့် မျိုးဆက်ဟောင်းများ ဖြစ်ကြသည်။

သူတို့အနက် အများစုမှာ အဆင့်တစ် သိုင်းဧကရာဇ်ငယ်များသာ ဖြစ်ကြောင်း ချူဖုန်း ခံစားမိနေသည်။ ထို့ပြင် သူတို့၏ အရှိန်အဝါများအရ သူတို့အနက် မည်သူတစ်ဦးကမျှ ထူးကဲသော ပါရမီ သို့မဟုတ် ကောင်းကင်ဆန့်ကျင်သော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်မထားပါချေ။ သူတို့အားလုံးမှာ လုံ့လရှိမှုနှင့် ဖြည်းဖြည်းမှန်မှန် ဆည်းပူးမှုတို့ဖြင့် သိုင်းဧကရာဇ်ငယ် အဆင့်သို့ ရောက်ရှိနိုင်ခဲ့သူများ ဖြစ်ကြသည်။

လူများသော နေရာတစ်ခုတွင် ရန်များလိမ့်မည်ဟု ဆိုရိုးရှိလေသည်။ အတော်အတန် သေးငယ်သော ဤမြေကွက်လပ်ထံ ပို၍ပို၍ များပြားသော လူများ ရောက်ရှိလာချိန်တွင် မြေကွက်လပ်မှာ ယခင်ကဲ့သို့ မငြိမ်းချမ်းတော့ပါချေ။

မျိုးဆက်ဟောင်းမှ သိုင်းပညာရှင်များမှာ အများအားဖြင့် တည်ငြိမ်စွာ ရှိနေကြပြီး လူငယ်မျိုးဆက်များနှင့် တိုက်ခိုက်ရန် စိတ်မဝင်စားကြပေ။ သို့သော် လူငယ်မျိုးဆက်များ အားလုံးမှာ မြေကြီးပေါ်တွင် အိပ်စက်ခြင်းဖြင့် ညတာကုန်ဆုံးစေရန် မလိုလားသည့် မာနကြီး၍ ထောင်လွှားသော ပုဂ္ဂိုလ်များချည်းသာ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အဆောက်အအုံများတွင် နေထိုင်ခွင့်အတွက် စတင် တိုက်ခိုက်လိုက်ကြသည်။

များပြားသော တိုက်ပွဲများနောက်တွင် သက်ငယ်တဲ ဆယ်လုံးစလုံးမှာ ပိုင်ရှင်ပြောင်းသွားကြသည်။ စောစော ရောက်ရှိနေပြီး သက်ငယ်တဲများကို သိမ်းပိုက်ထားသူများမှာ နောက်ပိုင်းမှ ရောက်ရှိလာသူများကို ရင်ဆိုင်နိုင်စွမ်း မရှိဘဲ၊ ညစ်ပတ်သော မြေပြင်ပေါ်တွင် ညတာကုန်ဆုံးစေရန် သက်ငယ်တဲများမှ တစ်ဦးပြီးတစ်ဦး နှင်ထုတ်ခံလိုက်ကြရသည်။

ယစ်ထုပ်နှင့် လူဝကြီးတို့ သိမ်းပိုက်ထားသည့် သစ်သားအိမ်နှစ်လုံးအတွက် သူတို့လည်း စိန်ခေါ်မှု အများအပြားကို လက်ခံခဲ့ရသည်။ သူတို့နှစ်ဦးက နိုင်ပွဲအချို့ ရယူနိုင်ခဲ့သော်လည်း နောက်ပိုင်း ရောက်လာသူများမှာ သန်မာသည်ထက် သန်မာလာကြသည်။ နောက်ဆုံးတွင် သူတို့ ခံစားရသည့် ဖိအားမှာ ပို၍ပို၍ ကြီးမားလာလေတော့သည်။

သိုင်းဘုရင် အဆင့်ကိုး ကျင့်ကြံမှုများနှင့် လင်မယားစုံတွဲတစ်တွဲ စိန်ခေါ်လာချိန်တွင်မူ ယစ်ထုပ်နှင့် လူဝကြီးတို့ နှစ်ဦးစလုံး အပြတ်အသတ် ရှုံးနိမ့်သွားကြသည်။

ရွေးချယ်စရာ မရှိတော့သဖြင့် သူတို့က သက်ငယ်တဲများကို သိမ်းပိုက်ထားသူများကို စတင် စိန်ခေါ်ခဲ့ကြသည်။ အဆုံးတွင် သက်ငယ်တဲနှစ်လုံးကို လုယူနိုင်ခဲ့သည့်တိုင် သူတို့နှစ်ဦးက ဖြစ်ပျက်ခဲ့သည်များကြောင့် ဒေါသထွက်နေကြဆဲပင်။ ထို့ကြောင့် သူတို့က သူတို့၏ သစ်သားအိမ်များကို လုယူခဲ့သည့် စုံတွဲဘက်လှည့်၍ ပြောလိုက်ကြသည်။
''ဖောက်ပြန်နေတဲ့ သောက်လင်မယား ... ခင်ဗျားတို့က ကျုပ်တို့ရဲ့ အိမ်တွေကို တကယ် လုယူရဲခဲ့တယ် ... ကျုပ်အစ်ကိုကြီး ရောက်လာတဲ့အခါ ခင်ဗျားတို့နှစ်ယောက် သေချာပေါက် ဒုက္ခတွေ့မယ်သာမှတ်''

သူတို့အတွက် ကံမကောင်းသည်မှာ ထိုစုံတွဲက ချူဖုန်းကဲ့သို့ စိတ်ထားမကောင်းကြခြင်း ဖြစ်၏။ ယစ်ထုပ်နှင့် လူဝကြီးတို့၏ ခြိမ်းခြောက်မှုကို ခံလိုက်ရပြီးနောက် ထိုစုံတွဲက သူတို့ကို အမှန်တကယ် ရက်ရက်စက်စက် ပြန်လည်ရိုက်နှက်လိုက်ကြသည်။

ယစ်ထုပ်နှင့် လူဝကြီးတို့ကို ပြင်းထန်စွာ ရိုက်နှက်ပြီးသည့်နောက် အနှီစုံတွဲက ပြိုင်တူ ပြောလိုက်ကြလေသည်။
''အမှိုက်တွေ''

သူတို့၏ ပြိုင်ဘက်များမှာ ရင်ဆိုင်ရန် ခက်ခဲသူများ ဖြစ်ကြောင်း တွေ့ရှိလိုက်ရပြီးနောက် ယစ်ထုပ်နှင့် လူဝကြီးတို့က ဟောင်ဖွာဟောင်ဖွာလုပ်၍ ခြိမ်းခြောက်ရန် မကြိုးစားကြတော့ပေ။

တကယ်တမ်းတွင်လည်း သူတို့နှစ်ဦးက ကျန်သူများထံမှ စိန်ခေါ်မှုများကို ရင်ဆိုင်ရဦးမည် မဟုတ်ပါလော။ သူတို့၏ သက်ငယ်တဲများကို ကာကွယ်ရန်အလို့ငှာ သူတို့နှစ်ဦးအနေဖြင့် အကောင်းဆုံး တိုက်ပွဲဝင်အနေအထားတွင် ရှိနေရန် လိုအပ်ပေသည်။

လူများ တဖွဲဖွဲ ထပ်ရောက်လာသည့် အလျောက် မြေကွက်လပ်မှာ စစ်တလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ထိုခဏ၌ ကောင်းကင်မှာ လင်းနေခဲ့ပြီးချေပြီ။ သို့သော် အိမ်များအတွက် တိုက်ပွဲများမှာ လျော့ကျမသွားရုံသာ မကဘဲ၊ ပိုမို၍ပင် ကြမ်းတမ်းလာကြသည်။ အမှန်အားဖြင့် ၎င်းမှာ တစ်ဦးချင်း တိုက်ပွဲများမှ အုပ်စုလိုက် တိုက်ပွဲများအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

စွမ်းအင်လှိုင်းများ နေရာအနှံ့ ဖြာထွက်နေပြီး ပေါက်ကွဲသံများ အဆက်မပြတ် အုန်းအုန်းထနေသည်။ ငြိမ်းချမ်းစွာ အိပ်စက်နိုင်သူ မရှိသလောက်ပင်။

အခြေအနေအရ လူငယ်မျိုးဆက် အများစုက အိမ်များကို နားနေရန်အတွက် ယှဉ်လုနေကြခြင်း မဟုတ်ကြောင်း ချူဖုန်း အတပ်ပြောနိုင်ပေသည်။ ထိုအစား သူတို့က သူတို့၏ ခွန်အားကို သက်သေပြရန် ထိုကဲ့သို့ ပြုလုပ်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က ခွန်အားပြရန်အလို့ငှာ အခြားသူများ၏ အိမ်များကို တိုက်ခိုက်၍ လုယူနေခဲ့ကြသည်။

သို့သော် ချူဖုန်းကို အံ့အားသင့်စေသည့် ကိစ္စတစ်ခု ရှိနေသည်။ ၎င်းမှာ အခြားအိမ်များအတွက် တိုက်ပွဲများ မည်မျှ ပြင်းထန်လာစေကာမူ၊ မည်သူတစ်ဦးကမျှ သူ၏ ကျောက်သားအိမ်ကို စိန်ခေါ်ရန် ရောက်မလာခြင်း ဖြစ်သည်။

လူအများက သူ့ထံ လေးစားသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည် အထိပင်။ သိုင်းဧကရာဇ်ငယ်အဆင့် သိုင်းထိပ်သီးအချို့ပင် ချူဖုန်းကို သူတို့ မြင်တွေ့မိချိန်တွင် သူ့ထံ ဖော်ရွေစွာဖြင့် ခေါင်းညိတ်ပြကြမြဲ ဖြစ်၏။

မူလတွင် လူအုပ်ထံမှ ဤသို့သော တုံ့ပြန်မှုမျိုးကြောင့် ချူဖုန်း လုံးလုံး ခေါင်းခြောက်သွားရသည်။

သို့သော် ထိုအကြောင်းကို တွေးတောကြည့်ပြီးနောက် မှန်းဆချက်တစ်ခုကို ချူဖုန်း ရရှိလိုက်သည်။ ထိုလူများအနေဖြင့် ချူဖုန်း၏ ကျင့်ကြံမှု မမြင့်မားသည့်တိုင် အကောင်းဆုံး ကျောက်သားအိမ်ကို သူ သိမ်းပိုက်ထားကြောင်း မြင်တွေ့ခဲ့ရသည့်အတွက် သူ့တွင် ထူးကဲသော ဇာစ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု တွေးတောမိပြီး သူ့ကို ရန်မစဝံ့ကြခြင်း ဖြစ်နိုင်ပေသည်။

ပင်ကိုအားဖြင့် စောစော ရောက်ရှိနေသူများ ချူဖုန်းကို ရန်မစဝံ့ချိန်တွင် နောက်ပိုင်းမှ ရောက်ရှိလာသူများအဖို့ ချူဖုန်းကို ရန်စဝံ့လိမ့်မည် မဟုတ်ပါချေ။ အဆုံးတွင်မူ မည်သူတစ်ဦးကမျှ ချူဖုန်းကို ရန်မစဝံ့တော့ပေ။

ဤသည်မှာ ချူဖုန်း၏ မှန်းဆချက်သာ ဖြစ်သော်လည်း သူ့ကို မည်သူမျှ အနှောင့်အယှက် မပေးသည်မှာ ကောင်းသော ကိစ္စတစ်ခု ဖြစ်နေဆဲပင်။

ကံမကောင်းသည်ကား ကောင်းသော ကိစ္စတစ်ခု ဟူသည်မှာ တာရှည်ခံလေ့မရှိခြင်း ဖြစ်၏။ ညက နေ့သို့ ပြောင်းသွားပြီး အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ နေမင်း စတင် ထွက်ပြူလာချိန်တွင် ချူဖုန်း၏ ငြိမ်းချမ်းမှုကို ဖျက်ဆီးမည့် အမျိုးသားတစ်ဦး ပေါ်လာလေတော့သည်။

သူ၏ အသက်အရွယ်အရ အကဲဖြတ်ကြည့်လျှင် ထိုအမျိုးသား၏ အသက်မှာ ချူဖုန်းနည်းတူ နှစ်ဆယ်သာသာတွင် ရှိပေလိမ့်မည်။

သို့သော် သူ၏ ရုပ်ရည်သွင်ပြင်နှင့် အဝတ်အစားများမှာ အလွန့်အလွန် ထူးခြားဆန်းပြားပေသည်။ သူ့တွင် ဆံပင်များများ မရှိသော်လည်း ရှိနေသည့် ဆံပင်တိုင်းက ထောင်မတ်နေလျက် ရှိကြသည်။ သူ၏ ဆံပင်ပုံစံမှာ ဖြူကောင်တစ်ကောင်နှင့် တူနေသည်။

သူ့မျက်လုံးများမှာ များစွာ မကြီးမားသော်လည်း မျက်လုံးအစုံမှာ ချာလည်လှည့်နေကြသည်။ သူကား စဉ်းလဲသူတစ်ဦးပင်။

သူ့ဆံပင်ပုံစံ၊ သူ့မျက်လုံးများနှင့် နှိုင်းစာလျှင် သူ့နှာခေါင်းမှာ အတော် ပုံမှန်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သူ့နှာခေါင်းမှာ ရှည်လည်းမရှည် ချွန်လည်းမချွန်ဘဲ၊ ကြက်သွန်ဖြူတစ်မြွှာနှင့် တထေရာတည်း တူညီနေလျက် ရှိသည်။

သို့သော် သူ၏ ပါးစပ်မှာ အလွန် စိတ်ပျက်စရာကောင်းပြီး အမှန်တကယ် ရွဲ့စောင်းနေသည်။ သူ့ပါးစပ် ရွဲ့စောင်းနေသည်မှာ အကြောင်းမဟုတ်သော်လည်း ၎င်းက သူ့တွင် လှောင်ပြောင်သည့် လှောင်ပြုံးတစ်ခု တစ်ချိန်လုံး ရှိနေသည့်အသွင်မျိုး ဖြစ်နေစေသည်အထိ အမှန်တကယ် ရွဲ့စောင်းနေခဲ့သည်။ တစ်ဦးတစ်ယောက်အဖို့ သူ့ထံ လှမ်းကြည့်မိရုံဖြင့် ရိုက်နှက်ရန် ဆန္ဒရှိလာပေလိမ့်မည်။

အထူးသဖြင့် သူဆင်မြန်းထားပုံကို သူ့မျက်နှာပေါက်နှင့် ပေါင်းစပ်လိုက်ချိန်တွင် သူ့အသွင်မှာ အရိုက်ခံရန် တောင့်တနေသူတစ်ဦးနှင့် ပိုတူသွားလေတော့သည်။

သူ့ခန္ဓာကိုယ် အပေါ်ပိုင်းမှာ အလုံးစုံ ဗလာကျင်းနေလျက် ရှိသည်။ သို့သော် သူက မီးခြစ်ဆံတစ်ချောင်းကဲ့သို့ ပိန်ပါးပြီး သူ့ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင် ဖြစ်နေသည်။ သူ့တွင် ကြွက်သားဟူ၍ တစိုးတစိမျှ ရှိမနေပါချေ။ မျောက်တစ်ကောင်ကို အမွေးရိတ်ထားလျှင်ပင် ၎င်းက သူ့ထက် ပိုမို၍ ဗလတောင့်ပေလိမ့်မည်။ ထိုကဲ့သို့သော ခန္ဓာကိုယ်တစ်ခုကို သူ ပြသထားဝံ့သည်မှာ အမှန်တကယ် အံ့ဩဖွယ်ရာပင်။

သူက သူ့အောက်ပိုင်းတွင် အဝတ်အစား ဝတ်ဆင်ထားသော်လည်း ၎င်းမှာ ကြီးမားသော အောက်ခံဘောင်းဘီ တစ်ထည်မျှသာ ဖြစ်ပေသည်။

ထိုဘောင်းဘီမှာ အစိမ်းရောင် ရှိလေသည်။ ထိုမျှသာ ရိုးရှင်းခဲ့လျှင် ထိုဘောင်းဘီမှာ ပြဿနာ မရှိနိုင်ပါချေ။ သို့သော် သူ၏ ဘောင်းဘီမှာ အောက်ပိုင်းတွင်သာ အစိမ်းရောင် ရှိနေပြီး ကျန်အပိုင်းများတွင် ပန်းများဖြင့် အမှန်တကယ် ပြည့်နှက်နေပေသည်။

အမှန်ပင် ဖြစ်၏။ သူ၏ ဘောင်းဘီတွင် ပန်းများဖြင့် ပြည့်နှက်နေသည်။

၎င်းတွင် အလှစိုက်ပန်းများ၊ တရုတ်နှင်းဆီများ၊ နှင်းဆီနီများ၊ ဆီးပန်းပွင့်များ၊ လက်ဖက်ရည်သံလွင်ပန်းပွင့်များ၊ မက်မွန်ပန်းပွင့်များနှင့် အခြားသော ပန်းမျိုးစုံ ရှိနေကြသည်။

၎င်းကား ပန်းများ ဝေဆာလွန်းလှသည်။ အရေးအကြီးဆုံးမှာ ထိုပန်းများအားလုံးကို သူ၏ ဘောင်းဘီပေါ်တွင် ပန်းထိုးထားခြင်း ဖြစ်သည်။ ပန်းထိုးမှုမှာ အမှန်တကယ် လက်ရာမြောက်၍ ထူးကဲပေသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဘောင်းဘီအပြင် သူ ဝတ်ဆင်ထားသည့် တစ်ခုတည်းသော အရာမှာ ဖိနပ်တစ်ရံ ဖြစ်၏။ ၎င်းမှာ ထူးခြားသော အပင်တစ်မျိုးဖြင့် ပြုလုပ်ထားသည့် ကြိုးသိုင်းဖိနပ်တစ်ရန်ပင်။ လူအများ ဝတ်ဆင်သည့် သာမန် ကြိုးသိုင်းဖိနပ်များ အားလုံးမှာ အသွင်အပြင်အားဖြင့် ရိုးစင်းပြီး ပေါ်လွင်မှု မရှိသော်လည်း သူ ဝတ်ဆင်ထားသည့် ဖိနပ်တစ်ရန်မှာမူ ထိုသို့ မဟုတ်ပါချေ။

၎င်းတို့က အမှန်ပင် မတူညီသော အရောင်များဖြင့် လိုက်ဖက်မညီဘဲ ရှိနေကြသည်။ တစ်ဖက်မှာ အစိမ်းရောင်ဖြစ်ပြီး ကျန်တစ်ဖက်မှာ အနီရောင် ဖြစ်နေသည်။ သူ့အသွင်ကား အမှန်တကယ် အံ့အားသင့်ဖွယ်ပင်။

ဤအမျိုးသား ရောက်ရှိလာချိန်တွင် လူတိုင်း၏ မျက်လုံးများမှာ အံ့ဩမှုဖြင့် တောက်ပသွားကြသည်။ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သူများပင် ရှိလာသည်။

သို့သော် လောကဟူသည်မှာ ကြီးမားပြီး ထူးခြားသော အရာများဖြင့် ပြည့်နှက်နေသည်ဟု ဆိုရိုးရှိလေသည်။ ချူဖုန်းအဖို့ လူမျိုးစုံနှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ သူကဲ့သို့သော လူတစ်ဦးအတွက် ချူဖုန်းက ပြုံးလိုက်ရုံမျှသာ ရှိပြီး များစွာ အာရုံမစိုက်မိပါချေ။

''အစ်ကိုကြီး၊ နောက်ဆုံးတော့ ခင်ဗျားရောက်လာပြီပေါ့''
သို့သော်ငြားလည်း ယခုခဏ၌ လူတိုင်း အံ့အားသင့်သွားရသည်မှာ ယစ်ထုပ်နှင့် လူဝကြီးတို့က ထိုလူထူးဆန်းရှေ့သို့ ပစ်ဝင်သွားကြပြီး မြေပြင်ပေါ် ဒူးထောက်လိုက်ကြခြင်း ဖြစ်သည်။ သူတို့က ထိုအမျိုးသား၏ ပေါင်များကို ဆုပ်ကိုင်လျက် စတင် ငိုညည်းလိုက်ကြသည်။

''သောက်ကျိုးနည်း ... ဒီလူက ဟိုယစ်ထုပ်ရဲ့ အစ်ကိုကြီးဆိုတာများ ဖြစ်နေမလားပဲ ... ထွတ်မြတ်သိုင်းနယ်မြေမှာ မသိသူမရှိမယ့် အဲဒီ အရှင်သခင်လေး ဆိုတာလား''
မျက်မှောက်ရှိနေသူတိုင်း စတင် ရေရွတ်လိုက်မိကြသည်။

အကြောင်းမူ သူတို့၏ အိမ်များကို တစ်စုံတစ်ဦး စိန်ခေါ်လာချိန်တိုင်းတွင် ယစ်ထုပ်နှင့် လူဝကြီးတို့က သူတို့၏ အစ်ကိုကြီးအကြောင်းကို အမြဲတမ်း ထုတ်ပြောခဲ့ကြ၍ ဖြစ်သည်။ သူတို့က သူတို့အစ်ကိုကြီး၏ အကြောင်းကို နတ်ဘုရားတစ်ပါး ဖြစ်နေသည့်နှယ် ကြွားဝါလေ့ရှိကြသည်။ ထို့ကြောင့် သူတို့ ကြွားဝါနေခြင်းသာ ဖြစ်သည်ကို လူတိုင်း သိရှိနေကြသည့်တိုင် သူတို့၏ ဤအစ်ကိုကြီးအကြောင်းကို စိတ်ဝင်စားလာခဲ့ကြသည်။

''သ ... သ ... သောက်ပဲ''

''ဘ ... ဘ ... ဘယ်သောက်ကောင်က မ ... မ ... မင်းတို့နှစ်ယောက်ကို ဒ ... ဒ ... ဒီသောက်ခွက်ဖြစ်အောင် ရ ... ရ ... ရိုက်ထားတာလဲ''
ထိုလူထူးဆန်းက အလွန် ဒေါသထွက်သော အမူအရာဖြင့် ပြောလိုက်သည်။

သူ့စကားများမှာ ဒေါသဖြင့် ပြည့်နှက်နေသည့်တိုင် သူ့စကားကို ကြားလိုက်ရချိန်တွင် လူအုပ်အဖို့ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘဲ၊ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်မိကြသည်။

ဤငနဲကား စကားထစ်သူတစ်ဦးလည်း ဖြစ်နေပေတော့သည်။

***

အခန်း(၁၃၃၆) ဆက်ရန်...အခန်း(၁၃၃၆) ဘယ်သူရှိသေးလဲ

''ခ ... ခ ... ခင်ဗျားတို့က ဘ ... ဘာကို ရယ်နေကြတာလဲ ... သ ... သ ... သိပ်မကြာခင်မှာ ခ ... ခင်ဗျားတို့ဘိုးဘိုးက ခင်ဗျားတို့ကို မ ... မ ... မရယ်နိုင်တဲ့အထိ လုပ်ပြမယ်''
လူထူးဆန်းက ရယ်မောနေသူများထံ လက်ညှိုးထိုးလိုက်ပြီး သူတို့ကို ခြိမ်းခြောက်လိုက်သည်။

ထိုစကားများကို သူ အဆုံးသတ်လိုက်ချိန်တွင် သူ၏ ကြီးမားသော ပန်းဘောင်းဘီ အနည်းငယ် လှုပ်ရှားသွားလေသည်။ ထို့နောက် ပန်းဘောင်းဘီထံမှ ဖိနှိပ်အားတစ်ခု ဖြန့်ထွက်လာပြီး မြေကွက်လပ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ဤဖိနှိပ်အား ထွက်ပေါ်လာချိန်တွင် မြေကွက်လပ်တစ်ခုလုံး စတင် တုန်ခါလာသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များ အပြင်းအထန် ယိမ်းထိုးသွားကြသည်။ ထိုဖိနှိပ်အားကို ခံစားမိလိုက်သည့် အားနည်းသော ကျင့်ကြံမှုများနှင့် လူအများအပြားမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး စွမ်းအားမဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ဤငနဲက သူ၏ အင်အားကို ပြသနေခြင်း ဖြစ်၏။ ထို့ပြင် သူက သူ၏ ရည်မှန်းချက်ကို ပြီးမြောက်ခဲ့လေသည်။

သိုင်းဘုရင် အဆင့်ခုနစ် ...။ ၎င်းမှာ ဤလူထူးဆန်း၏ ကျင့်ကြံမှုပင်။ သူ၏ ကျင့်ကြံမှုက ချူဖုန်း၏ အထက်တွင် ရှိနေသည်။

မြေကွက်လပ်တွင် မျက်မှောက်ရှိနေသူများနှင့် နှိုင်းယှဉ်လိုက်လျှင် သူ၏ သိုင်းဘုရင် အဆင့်ခုနစ် ကျင့်ကြံမှုမှာ များစွာ အရေးမပါလှပေ။ သို့သော်လည်း ထိုမျှ ငယ်ရွယ်သော အသက်အရွယ်၌ သူ၏ သိုင်းဘုရင် အဆင့်ခုနစ် ကျင့်ကြံမှုကို ရယူထားနိုင်ခြင်းကြောင့် လူအုပ်အဖို့ သူ့ကို အထင်ကြီးမှုဖြင့် ရှုမြင်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပါချေ။

ထို့ပြင် သူ၏ အရှိန်အဝါမှာလည်း ထူးကဲနေပေသည်။ မျက်မှောက်ရှိနေသူ အားလုံးမှာ ရွှေရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများ ဖြစ်သည့်အားလျော်စွာ သူတို့အားလုံးက အလွန် ထက်မြက်သော ထိုးထွင်းအမြင်များကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ဤလူထူးဆန်း၏ တိုက်ပွဲဝင်စွမ်းအားမှာ အဆင့်ခုနစ် သိုင်းဘုရင်တစ်ဦးကဲ့သို့ မရိုးရှင်းကြောင်း လူတိုင်း ခံစားမိနေကြသည်။

သို့ဖြစ်၍ ထိုခဏ၌ လူအများစုက အလျင်အမြန် ပါးစပ်ပိတ်ထားလိုက်ကြသည်။ ဤငနဲ၏ အသွင်အပြင် မည်မျှ ထူးဆန်း၍ မထည်ဝါစေကာမူ၊ သူ၏ ကျင့်ကြံမှုက စစ်မှန်ပေသည်။

သူ့နောက်တွင် စွမ်းအားကောင်းသော နောက်ခံတစ်ခု ရှိနိုင်သည် မရှိနိုင်သည်ကို မည်သူမျှ မသိပေ။ ထို့ကြောင့် မမျှော်လင့်သော အဖြစ်ကို ကာကွယ်ရန်အလို့ငှာ မည်သူတစ်ဦးကမျှ သူ့ကို ရန်စရန် မလိုလားပါချေ။

''စိတ်ဝင်စားစရာပဲ ... ဒီငနဲက သူ့ရဲ့ ကျင့်ကြံမှုထက် သုံးဆင့်သာတဲ့ တိုက်ပွဲဝင်စွမ်းအားကို တကယ် ပိုင်ဆိုင်ထားတယ်''
ထိုထူးဆန်းသော ငနဲထံ လှမ်းကြည့်နေသည့် ချူဖုန်း၏ အကြည့်က လေးနက်လာသည်။

သူ၏ ကျင့်ကြံမှုထက် သုံးဆင့်သာသည်မှာ ချူဖုန်း၏ တိုက်ပွဲဝင်စွမ်းအားနှင့် တူညီနေလျက် ရှိသည်။ ထို့ပြင် ချူဖုန်းအနေဖြင့် သူ၏ နတ်လျှပ်စီးကို အသုံးပြုခဲ့လျှင် သူက သိုင်းဘုရင် အဆင့်ခုနစ်သို့သာ ရောက်ရှိနိုင်ပေလိမ့်မည်။

ထိုလူထူးဆန်း၏ အသက်နှင့် ကျင့်ကြံမှုတို့ကို သုံးသပ်ကြည့်လျှင် သူက ချူဖုန်းနှင့် တန်းတူညီမျှ ဖြစ်နေသည်။ ထို့ကြောင့် သူ့ကို လျှော့တွက်၍ မရနိုင်သည်မှာ ကျိန်းသေပေသည်။

ထို့ပြင် ပိုင်ယွင်ရှောင်းထက်ပင် ပိုမို၍ အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို သူ့ထံမှ ချူဖုန်း ခံစားမိနေသည်။ ဤငနဲမှာ အပေါ်ယံ မြင်ရသကဲ့သို့ မရိုးရှင်းဘဲ၊ လျစ်လျူရှု၍ ရနိုင်သူတစ်ဦး မဟုတ်ပါချေ။

သို့သော် အရေးအကြီးဆုံးမှာ ပိုင်ယွင်ရှောင်းဖြစ်စေ ချင်လင်းယွင်ဖြစ်စေ၊ သူတို့က ချူဖုန်းထက် များစွာ အသက်ပိုကြီးကြခြင်း ဖြစ်သည်။ သို့တိုင် ဤလူထူးဆန်း ငနဲ၏ အသက်မှာ ချူဖုန်းအသက်ခန့်သာ ရှိနေသည်။

ထို့ကြောင့် ဤထူးဆန်းသော အမျိုးသားမှာ ထွတ်မြတ်သိုင်းနယ်မြေသို့ ချူဖုန်း ရောက်ရှိလာချိန်မှစ၍ ကြုံတွေ့ခဲ့သမျှ မျိုးဆက်တူသူများတွင် သူနှင့် ယှဉ်နိုင်သော ခွန်အားရှိသည့် ပထမဆုံးလူ ဖြစ်ပေသည်။

''ငါတို့တွေ ဒီထွတ်မြတ်သိုင်းနယ်မြေမှာ ရှိနေခဲ့တာ ဒီလောက်ကြာခဲ့ပြီး နောက်ဆုံးတော့ အဲဒါက စိတ်ဝင်စားစရာ ကောင်းလာပြီပဲ ... နင့်ရဲ့ မျိုးဆက်တူထဲမှာ နင်နဲ့ လက်ရည်တူ တိုက်ခိုက်နိုင်တဲ့ လူတစ်ယောက် ရှိနေပြီလေ''
အက်ဂီက တောက်ပသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

သူမ၏ အသွင်အပြင်အရ သူမက ချူဖုန်းနှင့် ထိုထူးဆန်းသော ငနဲတို့ အကြားရှိ တိုက်ပွဲတစ်ခုကို မျှော်လင့်နေဟန် တူပေသည်။

''ငါ့ကို အနိုင်ယူဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပါဘူး''
ချူဖုန်းက မိမိကိုယ်မိမိ ယုံကြည်မှုဖြင့် ပြောလိုက်၏။

''ယို့ ... နင် ဒီလောက် ယုံကြည်မှုရှိအောင် ဘယ်ဟာက လုပ်ပေးထားတာလဲ''
အက်ဂီက အပြုံးရပ်လိုက်ပြီး ချူဖုန်းကို သိလိုစွာဖြင့် မေးလိုက်သည်။

''ငါ့ဘေးမှာ မြင့်မြတ်တဲ့ ဘုရင်မ ရှိနေတယ်လေ ... သူက ငါ့ကို ဘယ်လို အနိုင်ယူနိုင်မှာတဲ့လဲ''
ချူဖုန်းက ပြောလိုက်၏။

''ကျွတ် ...''
ထိုစကားများကို ကြားလိုက်ရလျှင် အက်ဂီက သူမ၏ နှုတ်ခမ်းများကို ဆွဲဆောင်မှုရှိရှိ မဲ့ပြလိုက်သည်။ ထို့နောက် သူမက နှုတ်ခမ်းများကို ပင့်လိုက်ပြီး နှစ်သက်ဖွယ် အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။
''အဲဒါ မှန်တာပေါ့ ... ဒီဘုရင်မက နင့်ကို အမြဲတမ်း စောင့်ရှောက်မှာပါ''

''ဘာမဟုတ်တဲ့ အဆင့်ခုနစ် သိုင်းဘုရင်တစ်ယောက်ပဲ ... ဒါနဲ့တောင် မင်းက ဒီလောက် ထောင်လွှားပြီး ဒီကမင်းဖေဖေကို မရယ်နိုင်အောင် လုပ်ပြမယ်ဆိုတာမျိုး ပြောရဲတယ်ပေါ့ ... ဟားဟား ... မင်းအဆင့်လောက်နဲ့ စွမ်းနိုင်မယ်များ ထင်နေတာလား''
ထိုခဏ၌ပင် အကြောက်အရွံ့ကင်းသော အမျိုးသားတစ်ဦးက ကြိမ်းဝါးလိုက်သည်။

ထိုအမျိုးသားမှာ ကြီးမားသော ကျောပြင်တစ်ခုနှင့် တုတ်ခိုင်သော ခါးတစ်ခုတို့ကို ပိုင်ဆိုင်ထားပေသည်။ သူကား စံချိန်မီ လူထွားကြီးတစ်ဦးပင်။ သူက ထူးကဲသော ဟန်ပန်ကို ပိုင်ဆိုင်ထားသည့်အပြင် သူ၏ ကျင့်ကြံမှုမှာလည်း အားမနည်းဘဲ သိုင်းဘုရင် အဆင့်ကိုး ဖြစ်၏။

''ဟမ့် ... မင်းက ဟိုအမှိုက်နှစ်ကောင်ရဲ့ အစ်ကိုကြီးဆိုတာလား ... ငါတို့ လင်မယားက ဒီနေရာမှာ မင်းကို စောင့်နေခဲ့တာ အခုဆို အတော်ကြာသွားပြီ''
ထိုလူထွားကြီး ပြောလိုက်ပြီး ချက်ချင်းဆိုသလို လူလတ်ပိုင်း အမျိုးသမီးတစ်ဦး လှမ်းထွက်လာသည်။ ဤအမျိုးသမီးလည်း သိုင်းဘုရင် အဆင့်ကိုး ကျင့်ကြံမှုကို ပိုင်ဆိုင်ထားလေသည်။

ဤအမျိုးသားနှင့် အမျိုးသမီးတို့မှာ ယစ်ထုပ်နှင့် လူဝကြီးတို့ထံမှ သစ်သားအိမ်များကို လုယူခဲ့သည့်၊ ခြိမ်းခြောက်ခံရပြီးနောက် သူတို့ကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သည့် စုံတွဲပင် ဖြစ်ပေတော့သည်။

''အစ်ကိုကြီး၊ ကျုပ်တို့ရဲ့ သစ်သားအိမ်တွေကို လုယူပြီး ကျုပ်တို့ကို အခုလိုရုပ်တွေ ဖြစ်နေအောင် ရိုက်ထားကြတာ သူတို့ပါပဲ''
ထိုနှစ်ဦးကို မြင်လျှင် ယစ်ထုပ်နှင့် လူဝကြီးတို့က သူတို့၏ နာကြည်းချက်များကို သူတို့အစ်ကိုကြီးထံ အလျင်အမြန် ဖွင့်ဟလိုက်ကြသည်။

''သ ... သ ... သောက်ပဲ''

''ခ ... ခ ... ခင်ဗျားတို့က ကျုပ်ညီတွေရဲ့ သ ... သ ... သစ်သားအိမ်တွေကို လုယူခဲ့တယ်ပေါ့''

''သ ... သ ... သူတို့ကို ရိုက်ခဲ့တယ်ပေါ့''

''ခ ... ခ ... ခင်ဗျားတို့က သူတို့ကို ရိုက်ပြီး သ ... သ ... သူတို့ရဲ့ ပစ္စည်းကို လုယူထားတာတောင် ဒ ... ဒ ... ဒီလောက် ထောင်လွှားရဲသေးတယ်ပေါ့''

''ဒ ... ဒ ... ဒီလောကမှာ ဥ ... ဥ ... ဥပဒေတွေ ရှိသေးရဲ့လား ... ခ ... ခ ... ခင်ဗျားတို့မှာ ကိုယ်ကျင့်သိက္ခာရော ရှိရဲ့လား ... ခ ... ခ ... ခင်ဗျားတို့က လူတွေမှ ဟုတ်ကြရဲ့လား''
လူထူးဆန်းက ထိုစုံတွဲထံ လက်ညှိုးထိုးလိုက်ပြီး ဖြောင့်မတ်မှုနှင့် ယုံကြည်မှုတို့ဖြင့် သူတို့အပေါ် ပြင်းထန်စွာ အပြစ်တင်လိုက်သည်။

''ငါတို့လင်မယားကို အပြစ်တင်ဖို့ မကြိုးစားခင် အိမ်ပြန်ပြီး သောက်စကားကောင်းကောင်း ပြောတတ်အောင် လေ့ကျင့်လိုက်ဦး''
ထိုအမျိုးသမီးက ပြောလိုက်၏။

''သ ... သ ... သောက်ပဲ ... ကျ ... ကျ ... ကျုပ် ဘယ်သူဆိုတာရော ခ ... ခ ... ခင်ဗျား သိရဲ့လား''
ထူးဆန်းသော ငနဲက ပြောလိုက်သည်။

''ဟက် ... နင်က သူတို့ပြောတဲ့ အဲဒီအရှင်သခင်လေး မဟုတ်ဘူးလား''
အမျိုးသမီးက လှောင်ရယ်လိုက်လေသည်။

''မှ ... မှ ... မှားတယ်''
ထူးဆန်းသော ငနဲက ၎င်းကို ငြင်းပယ်လိုက်၏။

''ဒါဆို မင်းက ဘယ်သူလဲ''
အမျိုးသမီး၏ ခင်ပွန်းက သိလိုဟန်ဖြင့် မေးလိုက်သည်။

''ကျ ... ကျ ... ကျုပ်က တင့်တယ်ပြီး ကျ ... ကျက်သရေရှိရှိ ချ ... ချ ... ချောမောတဲ့ လူငယ်၊ ယ ... ယောက်ျားတွေကို ကြ ... ကြ ... ကြောက်ရွံ့စေပြီး မ ... မိန်းမတွေကို စ ... စ ... စွဲမက်စေတဲ့ အ ... အ ... အရှင်သခင်လေး ဝ ... ဝ ... ဝ ... ဝမ်ချန်ပဲ''
ထူးဆန်းသော ငနဲက ရှင်းပြလိုက်လေသည်။

''အိုး ... ဒီတော့ မင်းနာမည်က ဝ ... ဝ ... ဝ ... ဝမ်ချန်ပေါ့''
အမျိုးသားလည်း သူ့ကို ပြက်ရယ်မပြုမိဘဲ မနေနိုင်တော့ပါချေ။

''သ ... သ ... သောက်ပဲ ... ခ ... ခင်ဗျားကမှ ဝ ... ဝ ... ဝ ... ဝမ်ချန်ဆိုတဲ့ တစ်ယောက်ပဲ''

''ခ ... ခ ... ခင်ဗျားဘိုးဘိုး ကျုပ်က ဝ ... ဝ ... ဝမ်ချန်''
ထူးဆန်းသော ငနဲက ပြောလိုက်၏။

''အိုး ... လက်စသတ်တော့ မင်းနာမည်က ဝ ... ဝ ... ဝ ... ဝမ်ချန် မဟုတ်ဘဲ ဝ ... ဝ ... ဝမ်ချန်ကိုး''
အမျိုးသားက ကျယ်လောင်စွာ စတင် ရယ်မောလိုက်သည်။ သူက ထိုထူးဆန်းသော ငနဲ ဒေါသထွက်စေရန် တမင်ပြုလုပ်နေခြင်း ဖြစ်သည်။

''သ ... သ ... သောက်ပဲ ... ခ ... ခင်ဗျား တကယ် ယုတ်မာတယ် ... ကျ ... ကျ ... ကျုပ် စကားထစ်တာကို အ ... အနိုင်ယူနေတယ်ပေါ့''

''ည ... ည ... ညီလေး၊ သ ... သ ... သူတို့ကို င ... င ... ငါ့နာမည် ပြောလိုက်စမ်း''
အားကိုးရာမဲ့မှုကို ခံစားလိုက်ရလျှင် ထူးဆန်းသော ငနဲက သူ့ထက်များစွာ အသက်ကြီးသော ယစ်ထုပ်အမျိုးသားဘက်သို့ လှည့်လိုက်ပြီး အကူအညီတောင်းလိုက်သည်။

ထိုသို့ကြားလျှင် ယစ်ထုပ်အမျိုးသားက ချက်ချင်း ပြောလိုက်၏။
''ကျုပ်အစ်ကိုကြီးရဲ့ နာမည်က ဝမ်ချန်''

''ခ ... ခ ... ခင်ဗျားတို့ ကြားပြီလား ... ကျ ... ကျ ... ကျုပ်နာမည်က ဝ ... ဝ ... ဝမ်ချန်လို့ ခေါ်တယ်''
ဝမ်ချန်က ခါးမတ်လိုက်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။

''သောက်ရေးမပါတာတွေ တော်လောက်ပြီ ... မင်းရဲ့ ညီတွေအတွက် လက်စားချေချင်ရင် ငါတို့ဆီ လာခဲ့ ... သူတို့အတွက် မင်း လက်စားမချေချင်ရင် မင်းဖေဖေ ငါ့မှာ မင်းအတွက် အချိန်မရှိဘူး''
အမျိုးသားက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။

''ဝှစ်''
ထိုခဏ၌ ဝမ်ချန်၏ မျက်လုံးများတွင် အေးစက်မှုတစ်ခု လင်းလက်သွား၏။ သူ့ခြေလှမ်းများ ပြောင်းလဲသွားပြီး ထိုစုံတွဲထံ အရှိန်ပြင်းစွာ ပြေးဝင်သွားသည့် အလျောက် သူက အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။

''အချိန်ကိုက်ပဲဟေ့''
ထိုစုံတွဲက ဝမ်ချန်၏ တိုက်ခိုက်မှုကို ကြိုတွက်ထားမိပြီး ဖြစ်သည်။ ထို့ပြင် သူတို့က အဆင့်ကိုး သိုင်းဘုရင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးက ဝမ်ချန်၏ တိုက်ခိုက်မှုကို မျက်လုံးထဲပင် ထည့်မထားကြပေ။

''ဝီး''
သူတို့ထံ ရောက်ရှိတော့မည့် အချိန်ခဏ၌ပင် ဝမ်ချန်က အလင်းတစ်ခုနှင့်အတူ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာချိန်တွင် သူက အမျိုးသမီးနောက်သို့ ရောက်ရှိနေခဲ့ပြီးချေပြီ။

''ဖောင်း''
လျှပ်စီးအမြန်နှုန်းနှင့်အတူ ဝမ်ချန်က အမျိုးသမီး၏ လည်ကုပ်ကို လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည်။

''ဘုန်း''
ဝမ်ချန်၏ လက်ဝါးစောင်းဖြင့် အခုတ်ခံရခြင်းကြောင့် ထိုအမျိုးသမီးမှာ ပါးစပ်အပြည့် သွေးတစ်လုတ်ကို ရုတ်ခြည်း အန်ထုတ်လိုက်ရသည်။ ထို့နောက် သူမက မြေပြင်သို့ ခွေးသေတစ်ကောင်နှယ် လဲကျသွား၏။ သူမအနေဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့သော်လည်း ဆက်လက်၍ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါချေ။

သူ့ဇနီး တိုက်ခိုက်ခံခဲ့ရသည်ကို မြင်လျှင် အမျိုးသား၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူက ဒေါသတကြီး ဟစ်အော်လိုက်သည်။
''သေချင်နေတာပဲ''

ထိုခဏ၌ သိုင်းစွမ်းအားများက သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် လည်ပတ်သွားပြီး သူ့ခန္ဓာကိုယ်၏ မျက်နှာပြင်မှပင် ထွက်ပေါ်လာလေသည်။ သူက သာမန် တိုက်ခိုက်မှုတစ်ခုကို အသုံးပြုရန် ကြံရွယ်နေခြင်း မဟုတ်ဘဲ၊ သိုင်းကွက်တစ်ခုဖြင့် ဝမ်ချန့်ကို တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။

''ဝှစ်''
သို့သော် ထိုခဏ၌ပင် ဝမ်ချန်၏ ခြေလှမ်းများ ပြောင်းလဲသွားပြန်သည်။ သူက ထိုအမျိုးသားရှေ့သို့ အလင်းတန်းတစ်ခုအလား ရောက်ရှိသွားပြီး ခြေထောက်ဖြင့် အားပါသော ဝိုက်ကန်ချက်တစ်ချက်ကို ကန်ကျောက်လိုက်သည်။ နောက်ဆုံးတွင် သူက ထိုအမျိုးသား၏ တိုက်ကွက်ကို ဟန့်တားခဲ့ရုံသာ မကဘဲ၊ သူ၏ ဝိုက်ကန်ချက်ကလည်း ထိုအမျိုးသား၏ ဦးခေါင်းပေါ် အညှာအတာမဲ့စွာ ကျရောက်သွားလေတော့သည်။

''ဝို့အား''
ခြေထောက်ဖြင့် အကန်ခံရခြင်းက အမျိုးသားကို စူးစူးဝါးဝါး အော်ဟစ်လိုက်ရစေသည်။ ထို့နောက် သူ့ဇနီးနည်းတူ သူလည်း မြေပြင်ပေါ် မှောက်လျက်ကျသွားပြီး ဆန့်ငင်ဆန့်ငင်နှင့် အော်ဟစ်နေရလေတော့သည်။

ဝမ်ချန်က သူ့ထက် ကျင့်ကြံမှု ပိုမြင့်သူများကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။ သူတို့ ရှုံးနိမ့်သွားသည့် အချိန်ခဏ၌ သူ၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သော်လည်း သူက လူအုပ်ကို သူ၏ အင်အားဖြင့် ခြောက်လှန့်နိုင်ခဲ့လေသည်။

ထိုခဏ၌ မျက်မှောက်ရှိနေသူ အများအပြားမှာ သက်ပြင်းကိုယ်စီ မရှိုက်သွင်းမိဘဲ မနေနိုင်ကြတော့ပေ။ ဝမ်ချန့်ထံ လှမ်းကြည့်နေသည့် သူတို့၏ အကြည့်အားလုံး ပြောင်းလဲသွားခဲ့ချေပြီ။

ဝမ်ချန်ဟူသည့် ဤလူထူးဆန်းကား သူတို့ စိတ်ကူးထားမိသည်ထက် ကျိန်းသေပေါက် ပိုမိုသန်မာနေပေသည်။

လူအုပ်၏ မယုံကြည်နိုင်သော အကြည့်များနှင့် အံ့အားသင့်နေသော အမူအရာများကို မြင်လျှင် ဝမ်ချန်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်တက်သွားကြသည်။ သူက အောက်တန်းကျစွာ ရယ်မောလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်လေတော့သည်။
''ဘ ... ဘ ... ဘယ်သူရှိသေးလဲ''

***

အခန်း(၁၃၃၇) ဆက်ရန်...အခန်း(၁၃၃၇) ချူဖုန်း နှင့် ဝမ်ချန်

ယခုခဏ၌ လူတိုင်း ပါးစပ်ပိတ်သွားကြသည်။ ဝမ်ချန် ယခုပင် ပြုလုပ်ခဲ့သည့် ကိစ္စနောက်တွင် မည်သူတစ်ဦးကမျှ သူ့ကို လှောင်ပြောင်ရယ်မောရန် သို့မဟုတ် စော်ကားရန် မဝံ့တော့ပါချေ။

မျိုးဆက်ဟောင်းမှ သိုင်းပညာရှင်များ ဖြစ်စေ သို့မဟုတ် မာနကြီးသော လူငယ်မျိုးဆက်များ ဖြစ်စေ၊ သူတို့အားလုံး ဝမ်ချန် အလွန် စွမ်းအားကောင်းသည်ကို သဘောပေါက်သွားကြသည်။ သူတို့အနက် သူ့ကို နှိမ်နင်းနိုင်သူများ ရှိနေခဲ့လျှင်ပင် သူတို့က သူ့အပေါ် အကြောင်းမဲ့သက်သက် မပြစ်မှားလိုဘဲ ရှိနေကြဆဲ ဖြစ်သည်။

အမှန်အားဖြင့် လူအများ အကြောက်ရွံ့ဆုံးမှာ ဝမ်ချန်၏ ခွန်အား မဟုတ်ပါချေ။ ထိုအစား ၎င်းမှာ သူကဲ့သို့သော ပါရမီရှင်တစ်ဦးကို အမှန်တကယ် မွေးထုတ်ပေးနိုင်ခဲ့သည့် အင်အားစုပင်။

''အစ်ကိုကြီး၊ သူလည်း ရှိသေးတယ်''
ဝမ်ချန့်ကို လူတိုင်း ကြောက်ရွံ့သွားချိန်၌ ထိုလူဝကြီးက ချူဖုန်းထံ ရုတ်တရက် ညွှန်ပြလိုက်၏။

''ဟုတ်တယ် ... အစ်ကိုကြီး၊ အဲဒီကြွက်စုတ်က အရမ်း ထောင်လွှားတယ် ... ကျောက်အိမ်ကို အစ်ကိုကြီး ပိုင်တာမို့ သူ့ကို အဲဒီအိမ်နား မကပ်ဖို့ ကျုပ်ပြောခဲ့တယ် ... ဒါပေမဲ့ သူက နားမထောင်တဲ့အပြင် သူ့ကို လာရှာဖို့ ခင်ဗျားကို ပြောလိုက်လို့တောင် မောက်မောက်မာမာ ပြောခဲ့သေးတယ်''
ယစ်ထုပ်အမျိုးသားကလည်း ချူဖုန်းကို ဖော်ထုတ်ရန် ဝင်ပြောလိုက်သည်။

''သ ... သ ... သောက်ပဲ ... လ ... လ ... လူငယ်လေး၊ မ ... မ ... မင်းက အ ... အတော် ထောင်လွှားတယ်ပေါ့''
သူ့ညီများ ပြောသည်ကို ကြားလိုက်ရလျှင် ဝမ်ချန်က သူ၏ မတည်ကြည်သော အကြည့်ကို ချူဖုန်းထံ ရွှေ့ပြောင်းလာသည်။ ချူဖုန်းထံ လှမ်းကြည့်နေသည့် သူ့အကြည့်တွင် ရန်စမှုတို့ ပြည့်နှက်နေပေသည်။

ထိုခဏ၌ လူတိုင်း၏ အကြည့်များလည်း ဝမ်ချန်နောက်မှ လိုက်ပါ၍ ချူဖုန်းထံ ပြောင်းရွှေ့လာကြသည်။ အမှန်အားဖြင့် သူတို့၏ မျက်နှာများထက်တွင် မျှော်လင့်သော အမူအရာများပင် ရှိနေခဲ့ကြသည်။

မှန်ပေသည်။ သူတို့က မျှော်လင့်မှုဖြင့် ပြည့်လျှမ်းနေကြသည်။ ချူဖုန်းနှင့် ဝမ်ချန်တို့ အကြားရှိ တိုက်ပွဲတစ်ခုကို မျှော်လင့်နေကြခြင်း ဖြစ်သည်။

ဝမ်ချန် ရောက်မလာမီတွင် လူအများက ချူဖုန်းမှာ ထူးကဲသော ဇာစ်မြစ်နှင့် ပါရမီရှင်တစ်ဦး ဖြစ်သည်ဟု မှန်းဆထားကြသည်။ ထိုသိုင်းဘုရင် အဆင့်ငါး ကျင့်ကြံမှုမှာ ချူဖုန်း၏ အစစ်အမှန် ခွန်အား လုံးဝ မဖြစ်နိုင်ပါချေ။

ချူဖုန်း၏ ခွန်အားမှာ သူ ပြသထားသည်ထက် သာလွန်သည်ဟု လူအများ ခံစားမိနေသည့်တိုင် သိုင်းဘုရင် အဆင့်ခုနစ်ရှိ ဝမ်ချန်ကို သူ၏ သိုင်းဘုရင် အဆင့်ငါး ကျင့်ကြံမှုဖြင့် နှိမ်နင်းနိုင်မည်ဟု သူတို့ မယုံကြည်ကြပေ။

ထို့ကြောင့် လူအုပ် မျှော်လင့်နေသည်မှာ ချူဖုန်းနှင့် ဝမ်ချန်တို့၏ ခွန်အားများ ထိပ်တိုက်တွေ့မှု မဟုတ်ပါချေ။ ထိုအစား သူတို့က ချူဖုန်းနှင့် ဝမ်ချန်တို့နောက်တွင် ရပ်တည်နေသည့် အင်အားစုများ ထိပ်တိုက်တွေ့မှုကို မျှော်လင့်နေကြခြင်းပင်။

''အပိုစကားတွေ ငါ စိတ်မဝင်စားဘူး ... တကယ်လို့ မင်း တိုက်ခိုက်ချင်ရင် ငါ့ဆီ အခုလာခဲ့''
ချူဖုန်းက ဝမ်ချန်၏ ရန်စမှုကို ကြိုတွက်ထားမိပြီး ဖြစ်သည်။ အမှန်အားဖြင့် ချူဖုန်းသည်လည်း တိုက်ပွဲများကို ခုံမင်သူတစ်ဦး ဖြစ်ပေသည်။ မျိုးဆက်တူရှိ ဝမ်ချန်ကဲ့သို့ စွမ်းအားကောင်းသူနှင့် ကြုံတွေ့ရချိန်တွင် ချူဖုန်းလည်း သူနှင့် တိုက်ခိုက်ရန် အလွန် စိတ်ထက်သန်နေလျက် ရှိသည်။

ထို့ကြောင့် သူက ကျောက်သားအိမ်အတွင်းမှ ချက်ချင်း လှမ်းထွက်လိုက်ပြီး လေထဲသို့ ပျံသန်းသွားလျက် ဝမ်ချန်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

''သ ... သ ... သောက်ပဲ ... မ ... မ ... မင်းလို ဘာမဟုတ်တဲ့ အ ... အဆင့်ငါး သိုင်းဘုရင်တစ်ယောက်က င ... င ... ငါ့ကို အရေးမစိုက်ဘဲ စ ... စိန်ခေါ်ရဲတယ်ပေါ့ ... မ ... မ ... မင်းက တကယ်ကို ထ ... ထောင်လွှားပုံရတယ်''

''င ... င ... ငါက မင်းကို လှ ... လှုပ်တောင်မလှုပ်ဘဲ မ ... မ ... မြေပြင်ပေါ် မှောက်သွားအောင် မ ... မလုပ်နိုင်ဘူးလို့ မ ... မ ... မင်း ယုံကြည်နေတာလား''
ဝမ်ချန်က ပြောလိုက်လေသည်။

''အဟက်''
ချူဖုန်းက အဖြေမပေးပါချေ။ ထိုအစား သူက ဝမ်ချန့်ထံ အပြုံးသဲ့သဲ့ဖြင့် လှမ်းကြည့်လိုက်သည်။

''မ ... မ ... မင်းက ပြုံးရဲသေးတယ်ပေါ့ ... မ ... မ ... မင်း နောက်ထပ် မ ... မပြုံးနိုင်အောင် င ... ငါလုပ်ပြမယ်''
ဝမ်ချန်၏ မျက်လုံးများ အေးစက်သွားပြီး အတိုင်းအဆမဲ့သော ဖိနှိပ်အားတစ်ခုက ချူဖုန်းထံ မမြင်နိုင်သော မုန်တိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်လာသည်။

ထိုခဏ၌ ချူဖုန်းပင် မျက်မှောင်မကြုတ်မိဘဲ မနေနိုင်တော့ပါချေ။ သူ့အမူအရာ လေးနက်သွား၏။

ဝင်လာနေသည့် ဖိနှိပ်အားကို ခံစားလိုက်ရသည့် အလျောက် ဤဝမ်ချန် အမှန်ပင် အလွန့်အလွန် စွမ်းအားကောင်းသည်ကို ချူဖုန်း သတိပြုမိလိုက်သည်။ ယုတ်စွအဆုံး သူ့ပြိုင်ဘက်၏ အင်အားမှာ ချူဖုန်းအဖို့ သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့် ကြံ့ကြံ့ခံနိုင်သည့်အရာ မဟုတ်ပါချေ။

''ဝီး''
သူ့ပြိုင်ဘက် အလွန် စွမ်းအားကောင်းသည်ကို အတည်ပြုမိပြီးနောက် ချူဖုန်းက သူ၏ ခွန်အားကို ကွယ်ဝှက်ထားရန် မကြိုးစားတော့ပေ။ သူ့မျက်လုံးများတွင် လျှပ်စီးများ လှုပ်ခတ်သွားပြီးနောက် သူ့ကိုယ်ပေါ်တွင် လျှပ်စီးချပ်ဝတ်နှင့် လျှပ်စီးတောင်ပံများ အတူတကွ ထွက်ပေါ်လာကြသည်။

သူ၏ နတ်လျှပ်စီး ခွန်အားကို ထုတ်ဖော်လိုက်သည်နှင့် ချူဖုန်း၏ ကျင့်ကြံမှုက ချက်ချင်းဆိုသလို အဆင့်နှစ်ဆင့် မြင့်တက်သွား၏။ လက်ရှိတွင် အဆင့်ခုနစ် သိုင်းဘုရင်တစ်ဦး ဖြစ်သွားသည့် သူက ဝမ်ချန်၏ ဖိနှိပ်အားကို ကြောက်ရွံ့ရန် မည်သို့ ဖြစ်နိုင်ပေမည်နည်း။

ချူဖုန်းထံမှ အတွေးတစ်ချက်နှင့်အတူ သူ့အနီးရှိ လေဟာနယ်မှာ ပြင်းထန်စွာ စတင် တုန်ခါလာသည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် မျက်စိဖြင့် မြင်နိုင်သော လေစီးကြောင်းတစ်ခုက စူးရှသော အသံနှင့်အတူ ဝမ်ချန်၏ ဖိနှိပ်အားထံ ရိုက်ခတ်သွားလေသည်။

၎င်းမှာ ချူဖုန်း၏ ဖိနှိပ်အားပင်။ ၎င်းက အလွန့်အလွန် စွမ်းအားကောင်းသဖြင့် တားဆီး၍ မရနိုင်ဘဲ၊ ၎င်းရှေ့မှောက်ရှိ အရာအားလုံးကို ဖယ်ရှားနိုင်စွမ်း ရှိနေသည်။ ၎င်းက ဝမ်ချန်၏ ဖိနှိပ်အားကို အလွယ်တကူ ချေမှုန်းလိုက်သည်။

ထို့နောက်တွင် ချူဖုန်းက သူ၏ ဖိနှိပ်အားကို တိုးမြှင့်လိုက်ပြီး ဝမ်ချန့်အပေါ် အမှန်တကယ် ဖိခြေလိုက်လေသည်။

''သ ... သ ... သောက်ပဲ''
ချူဖုန်းထံမှ ဤဖိနှိပ်အားကို လုံးဝ မျှော်လင့်မထားမိသည့် ဝမ်ချန်မှာ လုံးလုံးလျားလျား အငိုက်မိသွားရသည်။ သူ အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။ သူက ချူဖုန်း၏ ဖိနှိပ်အား အများစုကို တားဆီးနိုင်ခဲ့သည့်တိုင် အကြွင်းအကျန်များဖြင့် ထိရိုက်ခံလိုက်ရဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ် တည်ငြိမ်သွားစေရန် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသည်။

''မ ... မ ... မင်း ...''
ချူဖုန်း၏ ဖိနှိပ်အားဖြင့် ထိရိုက်ခံရပြီးနောက် ဝမ်ချန် အလွန်အမင်း အံ့အားသင့်နေမိသည်။ သူ၏ ကျဉ်းမြောင်းသော မျက်လုံးအစုံမှာ သံလွင်သီးကြီးနှစ်လုံးကဲ့သို့ ပြူးကျယ်နေကြသည်။ သူ့အနေဖြင့် ချူဖုန်း ဤမျှ စွမ်းအားကောင်းမည်ဟု မျှော်လင့်မထားခဲ့ကြောင်း ထင်ရှားပေသည်။

ပတ်ဝန်းကျင်ရှိ လူအုပ်အတွက်မူ သူတို့၏ မျက်လုံးများလည်း အံ့ဩတုန်လှုပ်မှုဖြင့် ပြူးကျယ်ပြီး တောက်ပနေကြသည်။ ဝမ်ချန်နည်းတူ သူတို့အားလုံးက ချူဖုန်း ဤမျှ စွမ်းအားကောင်းပြီး သူ၏ ကျင့်ကြံမှုကို နှစ်ဆင့်မြှင့်နိုင်သည့် နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ကြပေ။

ထွတ်မြတ်သိုင်းနယ်မြေတွင် စွမ်းအားကောင်းသော နည်းလမ်းများနှင့် နည်းစနစ်များကို ဆုပ်ကိုင်ထားနိုင်သူများ၊ တားမြစ်နည်းစနစ်များကို အသုံးပြု၍ သူတို့၏ သိုင်းကွက်များကို ခွန်အားမြှင့်ခြင်း သို့မဟုတ် သူတို့၏ ထူးခြားသော မျိုးဆက်သွေးများကို အသုံးပြု၍ သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်ခြင်း ပြုလုပ်နိုင်သူများ အများအပြား ရှိနေသော်လည်း တစ်ဦးတစ်ယောက်၏ ကျင့်ကြံမှုကို ချူဖုန်း ယခုပင် ပြုလုပ်ခဲ့သကဲ့သို့ နှစ်ဆင့်မြှင့်နိုင်ရန်မူ အလွန်တရာ ခဲယဉ်းပေသည်။

''ကြည့်ရတာ မင်းရဲ့ ဖိနှိပ်အားကိုပဲ သုံးပြီး ငါ့ကို မြေပြင်ပေါ် မှောက်သွားအောင် လုပ်ပြဖို့ မင်းအတွက် မဖြစ်နိုင်တော့ပုံပဲ ... မင်းမှာ တခြားအစွမ်းတစ်ခုခု ကျန်သေးလား''
ထိုခဏ၌ ချူဖုန်းက တောက်ပသော အပြုံးတစ်ခုနှင့်အတူ ပြောလိုက်လေသည်။

''က ... က ... ကောင်လေး ... မ ... မ ... မင်းက တကယ်ကို ယ ... ယုတ်မာတာပဲ''

''မ ... မ ... မင်းက မင်းရဲ့ခွန်အားကို တ ... တကယ် ကွယ်ဝှက်ထားခဲ့တယ်''

''က ... က ... ကံကောင်းထောက်မပြီး င ... ငါ ဉာဏ်လျင်လို့သာပေါ့ ... မ ... မ ... မဟုတ်ရင် ငါတော့ အ ... အကြီးအကျယ် ဒုက္ခရောက်သွားလောက်ပြီ''

''ဒ ... ဒ ... ဒါပေမဲ့ မ ... မင်း သိပ်ပြီး ထ ... ထ ... ထောင်လွှားမနေနဲ့ ... မ ... မင်းဘိုးဘိုး ငါက သ ... သ ... သူ့ခွန်အားကို ပြပေးမယ်''
ပြောပြောဆိုဆိုဖြင့် ဝမ်ချန်၏ ခန္ဓာကိုယ် ရွေ့လျားသွားပြီး သူက လေထဲသို့ ပျံသန်းသွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက ချူဖုန်းရှေ့သို့ ရောက်ရှိသွား၏။

''ဝှစ် ဝှစ် ဝှစ်''
ချူဖုန်းရှေ့သို့ရောက်လျှင် ဝမ်ချန်က သူ၏ တိုက်ခိုက်မှုများကို ရုတ်ခြည်း ပစ်လွှတ်လိုက်သည်။ သူ၏ လက်သီးများနှင့် ခြေထောက်များကို အတူတကွ အသုံးပြုလိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုတိုင်းက အလွန့်အလွန် ကြမ်းကြုတ်ပေသည်။ သူက သာမန် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုသာ ပြုလုပ်နေသည် မဟုတ်ဘဲ၊ တိုက်ခိုက်မှုများ၏ အမြန်နှုန်းနှင့် စွမ်းအားတို့ကို အားကောင်းစေသည့် ထူးခြားသော သိုင်းကွက်တစ်မျိုးကိုလည်း အသုံးပြုထားခဲ့သည်။

အမှန်ပင် ဖြစ်၏။ ဝမ်ချန်၏ ခွန်အားကို လျှော့တွက်၍ မရနိုင်ပါချေ။ ဤသည်မှာ မျိုးဆက်တူတစ်ဦးနှင့် ရင်ဆိုင်ရသည့် အနီးကပ်တိုက်ပွဲတစ်ခုမှ ဖိအားကို ချူဖုန်း ခံစားမိလိုက်သည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

သို့သော် ဝမ်ချန် မည်မျှ စွမ်းအားကောင်းစေကာမူ၊ ၎င်းမှာ ချူဖုန်း အားနည်းသည့် အဓိပ္ပာယ် မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် ချူဖုန်း အကျွမ်းကျင်ဆုံး အရာမှာလည်း လက်သီးများနှင့် ခြေထောက်များဖြင့် အနီးကပ်တိုက်ခိုက်မှု ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် ဝမ်ချန်း၏ မုန်တိုင်းသဖွယ် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ချူဖုန်းက တွန့်ဆုတ်မသွားဘဲ၊ ဝင်လာနေသည့် လက်သီးများနှင့် ခြေထောက်များကို သူ၏ လက်သီးများနှင့် ခြေထောက်များဖြင့် ရင်ဆိုင်လိုက်သည်။

''ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း''
အပြန်အလှန် ထိုးနှက်မှုများမှတစ်ဆင့် တိုးတိုက်မှုများ ရှောင်လွှဲမရစွာ ဖြစ်ပေါ်လာကြသည်။ သူတို့၏ လက်သီးများနှင့် ခြေထောက်များ တစ်ခုနှင့်တစ်ခု တိုးတိုက်မိချိန်တွင် သံမဏိချင်း ထိခတ်သံများ ထွက်ပေါ်လာပြီး အကြီးအကျယ် ဖျက်ဆီးနိုင်သည့် စွမ်းအင်လှိုင်းများ ပေါ်ပေါက်လာကြသည်။

မျက်စိတစ်မှိတ်အတွင်း၌ နှစ်ဦးသား တိုက်ခိုက်နေသည့် လေဟာနယ်မှာ စွမ်းအင်လှိုင်းများနှင့် တောက်ပသော အလင်းတို့ဖြင့် ပြည့်နှက်သွားရသည်။ ကျင့်ကြံမှု အားနည်းသူများမှာ တိုက်ခိုက်နေသူ နှစ်ဦး၏ ခန္ဓာကိုယ်များနှင့် လှုပ်ရှားမှုများကို မမြင်နိုင်ကြတော့ပေ။ သူတို့ မြင်တွေ့နိုင်သည်မှာ တိုးတိုက်မှုတိုင်းမှ မီးပန်းကဲ့သို့ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများသာ ဖြစ်၏။

''စွမ်းအားကောင်းလိုက်တာ''
ဤသည်ကား မျက်မှောက်ရှိနေသူတိုင်း တွေးတောနေမိသည့် အရာပင်။ ချူဖုန်းနှင့် ဝမ်ချန်တို့ အလွန့်အလွန် စွမ်းအားကောင်းကြသည်ကို သူတို့အားလုံး ခံစားမိနေကြသည်။ သူတို့အားလုံး ချူဖုန်းနှင့် ဝမ်ချန်တို့၏ တိုက်ပွဲဝင်စွမ်းအားဖြင့် လွှမ်းမိုးခံထားကြရသည်။

''စ ... စ ... စိတ်ဝင်စားစရာပဲ ... ဒ ... ဒါပေမဲ့ မ ... မ ... မင်းရဲ့ စွမ်းအားကောင်းတဲ့ ဘ ... ဘိုးဘိုးရဲ့ နာမည်ပြောင်က အ ... အ ... အနီးကပ်တိုက်ပွဲရဲ့ အရှင်သခင်လေး၊ သ ... သ ... သံမဏိအရိုးများ တဲ့ ... င ... ငါ့ကို လ ... လ ... လက်သီးတွေ ခြေထောက်တွေနဲ့ တ ... တ ... တိုက်ခိုက်တဲ့အတွက် မ ... မ ... မင်း သေချာပေါက် ရှ... ရှုံးရတော့မယ်
ဝမ်ချန်က ချူဖုန်းနှင့် တိုက်ခိုက်နေစဉ် အတောအတွင်း သူ့ပါးစပ်ကို အလကားမထားခဲ့ပေ။ သူက စကားထစ်သူတစ်ဦး ဖြစ်သော်လည်း အလွန်တရာ စကားများသူလည်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်ရင်းမှ သူက ချူဖုန်းကို တစ်ချိန်လုံး ကြွားဝါပြီး နှိမ်ချပြောဆိုနေခဲ့သည်။

ချူဖုန်းအတွက်မူ သူက ဝမ်ချန်၏ လှောင်ပြောင်မှုကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည်။ ထိုအစား သူက ပြုံးနေလျက် ရှိသည်။ ဤဝမ်ချန်မှာ သူ့ပြိုင်ဘက် ဖြစ်သော်လည်း ချူဖုန်းအနေဖြင့် မည်သည့်အကြောင်းကြောင့်ဟု မသိရဘဲ၊ ဝမ်ချန်အပေါ် မုန်းတီးမှု တစ်စုံတစ်ရာ မခံစားရသလို ဤဝမ်ချန် အလွန် စိတ်တိုစရာ ကောင်းသည်ဟုလည်း မခံစားရပါချေ။ ထိုအစား ဤတိုက်ပွဲမှာ အလွန့်အလွန် ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ချူဖုန်း ခံစားနေရသည်။

သို့သော် သူတို့နှစ်ဦး တိုက်ခိုက်နေသည်မှာ ငြင်းပယ်မရသည့် အချက်ပင်။ ထို့ကြောင့် ချူဖုန်းက အလွယ်တကူ အရှုံးပေးလိမ့်မည် မဟုတ်ပါချေ။ ဝမ်ချန်က သူ့ခန္ဓာကိုယ် မည်မျှ စွမ်းအားကောင်းကြောင်း ကြွားဝါနေခဲ့သဖြင့်၊ ကျင့်ကြံမှု စတင်ခဲ့ချိန်ကတည်းက ခန္ဓာကိုယ်အားဖြင့် လုံးဝ အရှုံးမတွေ့ခဲ့သူ ချူဖုန်းအဖို့ ယနေ့တွင် ဝမ်ချန့်ကို သူ့ခန္ဓာကိုယ်ဖြင့် သေချာပေါက် ဆုံးမရပေလိမ့်မည်။

သူ ဆန္ဒပြုလိုက်လျှင် ချူဖုန်း၏ မျက်လုံးများရှိ လျှပ်စီးက စတင် လှုပ်ခတ်လာသည်။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် လျှပ်စီးမှာ အားကောင်းသည်ထက် အားကောင်းလာပြီး ဒေါသထွက်နေသကဲ့သို့ စူးရှပြင်းထန်သော အသံများကို စတင် ထုတ်လွှတ်လာသည်။ သူ၏ လျှပ်စီးများ ပြောင်းလဲမှုနှင့်အတူ ချူဖုန်း၏ လက်သီးများနှင့် ခြေထောက်များလည်း ပိုမို၍ပင် စွမ်းအားကောင်းလာကြသည်။

ထိုခဏ၌ လျှပ်စီးများ၏ အထောက်အပံ့နှင့်အတူ ချူဖုန်း၏ ခန္ဓာကိုယ်မှာ အတော်ပင် ပိုမို၍ စွမ်းအားကောင်းလာသည်။ မျိုးဆက်တူသူများအနက် သူ့ကို ယှဉ်နိုင်သူဟူ၍ မရှိသလောက် ဖြစ်ပေတော့သည်။

***

အခန်း(၁၃၃၈) ဆက်ရန်...အခန်း(၁၃၃၈) သိုင်းကွက်များ ထိပ်တိုက်ရင်ဆိုင်မှု

သူ့ခန္ဓာကိုယ်ကို အားကောင်းစေပြီးနောက် ချူဖုန်း၏ တိုက်ခိုက်မှုများက ပိုမို၍ပင် ကြမ်းကြုတ်လာသည်။ ဤသို့သော အခြေအနေမျိုးတွင် သံမဏိအရိုးများဟု သူ့ကိုယ်သူ အမွှန်းတင်ခဲ့သူ ဝမ်ချန်မှာ ချူဖုန်းကို ရင်ဆိုင်နိုင်စွမ်း မရှိတော့ပါချေ။

''ဘုန်း ဘုန်း ဘုန်း''
နှစ်ဦးသားက လက်သီးများနှင့် ခြေထောက်များဖြင့် ထပ်မံ တိုးတိုက်မိသွားကြသည်။ သူတို့ တိုးတိုက်မိချိန်တိုင်းတွင် ချူဖုန်းက ဝမ်ချန်ကို သူ၏ သံမဏိလက်သီးများနှင့် သံခြေထောက်များဖြင့် ရိုက်နှက်လိုက်စမြဲပင်။ ထို့ပြင် သူ့ထံမှ တိုက်ခိုက်မှုတိုင်းက ဝမ်ချန်၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေပြီး လက်သီးများနှင့် ခြေထောက်များကို ထုံကျဉ်သွားစေလျက် နာကျင်မှုဖြင့် ရှုံ့မဲ့သွားစေမြဲ ဖြစ်သည်။

ကနဦးတွင် သူ၏ ဂုဏ်သိက္ခာအတွက် ဝမ်ချန်က ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် တွန့်ဆုတ်မသွားခဲ့ပေ။ သူက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ၊ အံကြိတ်၍ သည်းခံနေခဲ့သည်။

သို့သော် သူတို့ ပိုမိုတိုက်ခိုက်မိသည့် အလျောက် သူ ခံစားရသည့် နာကျင်မှုမှာ ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးတွင်မူ သူ၏ ထုံကျဉ်နေသော လက်သီးများနှင့် ခြေထောက်များတွင် ပြတ်ရှဒဏ်ရာများနှင့် သွေးများဖြင့် ပြည့်နှက်သွားရသည်။

နောက်ဆုံး၌ ဝမ်ချန်လည်း နာကျင်မှုကို တင်းခံနိုင်စွမ်း မရှိတော့ပါချေ။ သူက ချူဖုန်း၏ တိုက်ကွက်ကို ရှောင်တိမ်းလိုက်ပြီး နောက်သို့ ခုန်ထွက်လိုက်၏။ ထို့နောက် သူက ချူဖုန်းထံ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
''ရ ... ရ ... ရပ်လိုက်''

''ဒါက ...''
ထိုခဏ၌ လူတိုင်း အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ချန်၏ တုန်ယင်နေသော ခြေလက်များတွင် ပြတ်ရှဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သွေးများဖြင့် ရွှဲနစ်နေသည်ကို သူတို့ မြင်တွေ့လိုက်ကြရ၍ ဖြစ်သည်။

သို့သော် ချူဖုန်းထံ သူတို့ လှမ်းကြည့်မိချိန်တွင်မူ သူ၏ ခြေလက်များမှာ ယခင်အတိုင်း အလုံးစုံ ကောင်းမွန်နေဆဲပင်။ အမှန်အားဖြင့် သူ့အခြေအနေမှာ ယခင်ထက်ပင် ပိုမိုကောင်းမွန်နေဟန် ရှိပေသည်။

ဤသည်ကို ကြည့်လျှင် ရုပ်ခန္ဓာကိုယ်များ၏ တိုက်ပွဲတွင် ချူဖုန်း အကြွင်းမဲ့ အနိုင်ရခဲ့ကြောင်း ထင်ရှားနေခဲ့ပြီး ဖြစ်သည်။

''ဘာဖြစ်တာလဲ ... မင်းမှာ ပြိုင်ဘက်ကင်း အရှင်သခင်လေးလို့ ကျော်ကြားတဲ့ သံမဏိအရိုးတွေ ရှိနေတယ် မဟုတ်ဘူလား''
ချူဖုန်းက တောက်ပသော အပြုံးတစ်ခုနှင့်အတူ ဝမ်ချန့်ထံ လှမ်းကြည့်လိုက်သည်။ သူက ဝမ်ချန့်ကို လှောင်ပြောင်လိုက်ခြင်း မဟုတ်ဘဲ၊ ကျီစယ်လိုက်ခြင်းသာ ဖြစ်ပေသည်။

''မ ... မ ... မင်းက ဟန်ဆောင်ကောင်းလွန်းတယ် ... င ... င ... ငါ့မှာ သ ... သံမဏိအရိုးတွေ ရှိပေမဲ့ မ ... မ ... မင်းက သံမဏိနတ်ဘုရားပဲ ... င ... ငါက မင်းကို ဘ ... ဘ ... ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ''

''ဒ ... ဒ ... ဒါပေမဲ့ မ ... မင်း သိပ်ပြီး ထ ... ထ ... ထောင်လွှားမနေနဲ့ ... င ... ငါ အကျွမ်းကျင်ဆုံးက ရ ... ရ ... ရုပ်ပိုင်းဆိုင်ရာ တ ... တိုက်ခိုက်မှုတွေ မဟုတ်ဘူး ... သ ... သ ... သိုင်းကွက်တွေပဲ
ဤဝမ်ချန်ကား အမှန်တကယ် အရှက်မဲ့လှ၏။ သူက ယခင် ကြွားဝါမှုအတွက် လုံးဝ မရှက်သည့်အပြင် သူ့စကားများကို ပြောင်းလဲပြီး ထပ်မံ၍ပင် ကြွားဝါလိုက်သည်။

''ကောင်းပြီလေ ... ဒါဆို မင်းရဲ့ သိုင်းကွက်ထိန်းချုပ်မှု ဘယ်လောက် စွမ်းအားကောင်းသလဲ ငါ ခံစားကြည့်ပါရစေ''
ချူဖုန်းက အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်၏။

''မ ... မ ... မင်း သေချာလား ... တ ... တကယ်လို့ ငါသာ သ ... သ ... သိုင်းကွက်တွေ သုံးခဲ့ရင် အ ... အရမ်း ကြောက်စရာကောင်းလိမ့်မယ်''
ဝမ်ချန်က ယုံကြည်မှုတို့ ပြည့်နှက်နေသော မျက်နှာတစ်ခုဖြင့် ပြောလိုက်သည်။

''အဲဒါ ဘယ်လောက်များ ကြောက်စရာကောင်းသလဲ သိရဖို့ ငါ စိတ်ဝင်စားပါတယ်''
ချူဖုန်းက တုံ့ပြန်လိုက်လေသည်။

''လ ... လ ... လူငယ်လေး၊ မ ... မ ... မင်းက က ... ကောင်းကင် ဘယ်လောက်မြင့်ပြီး မ ... မ ... မြေပြင် ဘယ်လောက်နက်လဲ တ ... တကယ် မသိဘူးပဲ ... င ... င ... ငါသာ သ ... သိုင်းကွက်တွေ သုံးခဲ့ရင် တ ... တ ... တကယ် ကြောက်စရာကောင်းလိမ့်မယ်''

''မ ... မ ... မင်းကို ငါ သ ... သတ်မိသွားနိုင်တယ် ... မ ... မ ... မင်း ပြန်စဉ်းစားဖို့ င ... ငါ အကြံပေးချင်တယ်''
ဝမ်ချန်က ချူဖုန်းကို ရင်းရင်းနှီးနှီး အကြံပြုလိုက်သည်။

''အဲဒီလိုဆို ငါက အဲဒါကို ပိုပြီးတော့တောင် ခံစားကြည့်ချင်သွားပြီ''
ချူဖုန်းက အကြောက်အရွံ့ကင်းစွာဖြင့် တုံ့ပြန်လိုက်၏။

''က ... က ... ကောင်းပြီလေ ... မ ... မ ... မင်းအသက်ကို လွှင့်ပစ်ချင်နေမှတော့ မ ... မင်းဆန္ဒပြည့်ဝအောင် င ... င ... ငါ ကူညီပေးလိုက်မယ်''
ထိုစကားများကို ပြောလိုက်ပြီးနောက် ဝမ်ချန်က စတင် တိုက်ခိုက်လိုက်သည်။ သူ့လက်ဖဝါးမှ လေပြင်းများ တိုးထွက်လာသည်။

လေပြင်းများ ထွက်ပေါ်လာမှုနှင့်အတူ ကောင်းကင်ပင် မှောင်မိုက်သွားရသည်။ နေရောင်ကိုပင် မမြင်နိုင်တော့ပါချေ။

ဤသည်မှာ သိုင်းကွက်တစ်ခုပင်။ သို့သော် ၎င်းမှာ အလွန် စွမ်းအားကောင်းသော သိုင်းကွက်တစ်ခု မဟုတ်ဘဲ၊ အဆင့်နိမ့်သော အဆင့်သုံး သိုင်းကွက်တစ်ခုသာ ဖြစ်သည်။

မှန်ပေသည်။ ၎င်းမှာ အရည်အသွေးအနိမ့်ဆုံး သိုင်းကွက်များအနက်မှ တစ်ခုဖြစ်သည့် အဆင့်သုံး သိုင်းကွက်တစ်ခု ဖြစ်၏။

သို့သော် ၎င်းမှာ အဆင့်သုံး သိုင်းကွက်တစ်ခုသာ ဖြစ်သော်လည်း ဝမ်ချန် အသုံးပြုထားချိန်တွင် ၎င်းက ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို သုတ်သင်နိုင်သည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်နေလျက် ရှိသည်။

ဤသည်မှာ သိုင်းဘုရင်များ ကြောက်မက်ဖွယ်ကောင်းနေသည့် အကြောင်းရင်းပင်။ ဤသိုင်းကွက်က ဤအဆင့်ရှိ စွမ်းအားကို ရယူထားနိုင်သည်မှာ ဝမ်ချန်ကြောင့်သာ ဖြစ်၏။ သူ၏ သိုင်းကွက်များကို ထိန်းချုပ်မှုမှာ အမှန်တကယ် အလွန် သန်မာပေသည်။

''အဟက်''
သို့သော် ချူဖုန်းမှာ မထီလေးစားလုပ်၍ ရနိုင်သူတစ်ဦး မည်သို့ ဖြစ်နိုင်ပေမည်နည်း။ သိုင်းကွက်များကို ထိန်းချုပ်မှုအရာတွင် ချူဖုန်းက မည်သူတစ်ဦးကိုမျှ လုံးဝ မရှုံးခဲ့ဖူးသည် အထိပင်။

ရုတ်တရက် ချူဖုန်းက သူ့လက်ဖဝါးများကို ဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ အရှိန်ပြင်းစွာ ရိုက်ထုတ်လိုက်သည်။ ဗျောက်အိုးငယ်များ ပေါက်ကွဲသကဲ့သို့သော အသံများ ထွက်ပေါ်လာကြသည်။

အလင်းဖြင့် တောက်ပနေသည့် မရေမတွက်နိုင်သော လက်ဖဝါးများက ချူဖုန်းရှေ့တွင် ဥက္ကာပျံ မုန်တိုင်းတစ်ခုနှယ် ပေါ်လာကြသည်။ နောက်ဆုံးတွင် ၎င်းတို့က ချူဖုန်းရှေ့ရှိ လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဝမ်ချန် ထုတ်လွှတ်ထားသည့် လေပြင်းများအထိတိုင် ဖြစ်ပေသည်။ လက်ဖဝါးများက လေပြင်းများနှင့် တိုးတိုက်သွားကြပြီး ပတ်ဝန်းကျင်ကို အကြီးအကျယ် ရိုက်ခတ်လိုက်သည့် မြောက်မြားစွာသော စွမ်းအင်လှိုင်များကို ဖြစ်ပေါ်လာစေသည်။

ဤသည်ကား မိုးပြာနဂါးကျောင်းတွင် ချူဖုန်း သင်ယူခဲ့သည့် သိုင်းကွက်တစ်ခု ဖြစ်သည့် ပုံရိပ်ယောင်လက်ဝါးပင်။

ဝမ်ချန် အသုံးပြုထားသည့် သိုင်းကွက်နည်းတူ ဤပုံရိပ်ယောင် လက်ဝါးမှာလည်း အဆင့်သုံး သိုင်းကွက်တစ်ခုသာ ဖြစ်၏။ သို့သော် ချူဖုန်း အသုံးပြုထားချိန်တွင် ၎င်းက ၎င်း၏ အဆင့်နှင့် မအပ်စပ်သော အင်အားတစ်ခုကို ထုတ်လွှတ်နေပေသည်။

သို့သော် ထိုဝမ်ချန်မှာ အမှန်တကယ် အလွန် စွမ်းအားကောင်းသူတစ်ဦး ဖြစ်သည်။ ချူဖုန်း၏ ပုံရိပ်ယောင်လက်ဝါး အလွန် စွမ်းအားကောင်းသည်ကို သူ မြင်တွေ့မိချိန်တွင် သူ၏ စဉ်းလဲသော မျက်လုံးများ လေးနက်သွားကြသည်။

ဝမ်ချန် အလေးအနက်ထားလာပြီးနောက် သူ၏ အဆင့်သုံး လေပြင်းသိုင်းကွက်၏ စွမ်းအားမှာ ပိုမို၍ပင် အားကောင်းလာသည်။ လေပြင်းကြောင့် ပတ်ပတ်လည် မိုင်ရာချီအထိ သက်ရောက်ခံထားရသည်။

သူ၏ လေပြင်းသိုင်းကွက်က ကောင်းကင်တွင် ပြည့်နှက်နေသည့် ချူဖုန်း၏ ပုံရိပ်ယောင်လက်ဝါးများကို ထိုးဖောက်မရသော တံတိုင်းတစ်ခုနှယ် အလုံးစုံ တားဆီးလိုက်သည်။

ထိုအဆင့်သုံး သိုင်းကွက်၏ အစွမ်းသတ္တိမှာ ဝမ်ချန်၏ အသုံးပြုမှုဖြင့် အမြင့်ဆုံးပုံစံကို ပြသနေပေတော့သည်။

ကံမကောင်းစွာဖြင့် သူ့ပြိုင်ဘက်မှာ ချူဖုန်း ဖြစ်နေခဲ့သည်။ ချူဖုန်း၏ သိုင်းကွက်များအပေါ် ထိန်းချုပ်မှုမှာ အားကောင်းလွန်းလှသဖြင့် သူက သိုင်းကွက်တစ်ခု၏ စွမ်းအားအလုံးစုံကို ထုတ်ဖော်နိုင်စွမ်း ရှိသည့်အပြင် သိုင်းကွက်၏ စွမ်းအားနှင့် ထူးခြားသော လက္ခဏာများကိုပင် လုံးလုံးအသစ်ဖြစ်သော အဆင့်တစ်ခုအထိ ခွန်အားမြှင့်နိုင်စွမ်းလည်း ရှိနေသည်။

ပုံရိပ်ယောင်လက်ဝါး၏ ထူးခြားသော လက္ခဏာမှာ လက်ဝါးအတုအစစ် ခွဲခြားရန် အလွန်တရာ ခက်ခဲပြီး ရန်သူအပေါ် အငိုက်ဖမ်း တိုက်ခိုက်ရန် အသုံးပြုခြင်း ဖြစ်သည်။

ပုံရိပ်ယောင်လက်ဝါးမှာ အနီးကပ် တိုက်ပွဲတစ်ခုတွင် ထူးကဲသော သက်ရောက်မှုကို ပိုင်ဆိုင်ထားလေသည်။ သို့သော် အဝေးမှ အသုံးပြုချိန်၊ အထူးသဖြင့် ဝမ်ချန် အသုံးပြုထားသည့် အတိုင်းအတာကြီးမားသော သိုင်းကွက်တစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ပုံရိပ်ယောင်လက်ဝါး၏ ထူးခြားသော လက္ခဏာများကို ပြသရန် အလွန့်အလွန် ခက်ခဲပေသည်။

သို့သော် ချူဖုန်း အသုံးပြုထားချိန်တွင်မူ ၎င်းက ၎င်း၏ ထူးခြားသော လက္ခဏာများနှင့် ၎င်း၏ သဘောသဘာဝထက် ကျော်လွန်သော အင်အားတစ်ခုတို့ကို ပြသနိုင်စွမ်း ရှိနေဆဲပင်။

ပုံရိပ်ယောင်လက်ဝါးကို ချူဖုန်း အသုံးပြုခဲ့ချိန်တွင် သူက ၎င်းတို့ ထုတ်လွှတ်နေသည့် အလင်းဖြင့် ဝမ်ချန်၏ အာရုံကို ဆွဲဆောင်နိုင်ရန် ၎င်းတို့ကို ရည်ရွယ်ချက်ရှိရှိ အမြောက်အမြား ဖန်တီးခဲ့သည်။

ထိုသို့ ပြုလုပ်ချိန်တွင် ချူဖုန်းက ပုံရိပ်ယောင်လက်ဝါးများ၏ အချို့အဝက်ကို ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များဖြင့် ကွယ်ဝှက်ထားခဲ့ပြီး ဝမ်ချန်၏ သိုင်းကွက်ဖြင့် ဖန်တီးထားသည့် လေတံတိုင်းကို ကွေ့ပတ်သွားစေခဲ့သည်။ သူ့ကို နောက်ကျောမှ တိုက်ခိုက်ရန် ဖြစ်၏။

''မ ... မ ... မင်းမှာ အစွမ်းနည်းနည်းရှိတယ် ... ကြ ... ကြည့်ရတာ မင်းလည်း ခ ... ခ ... ခေသူမဟုတ်ပုံပဲ''

''ဒ ... ဒ ... ဒါပေမဲ့ မ ... မင်း ကံမကောင်းတာက င ... င ... ငါနဲ့ လာတွေ့တာပဲ''

''မ ... မ ... မင်းရဲ့ အလင်း လက်ဖဝါးလေးတွေက အ ... အတုအစစ် ခွဲခြားဖို့ခက်တယ် ... သ ... သ ... သူတို့က အနီးကပ် တိုက်ပွဲတွေမှာပဲ အ ... အသုံးတည့်တယ်''

''ဒ ... ဒ ... ဒါပေမဲ့ င ... င ... ငါ့ရဲ့ လက်ဝါးချက်တွေက လ ... လေပြင်းတွေ ဖန်တီးပေးတယ် ... သ ... သ ... သူတို့က မ ... မင်းရဲ့ လက်ဖဝါးလေးတွေကို ထ ... ထ ... ထိန်းချုပ်နိုင်တာ အမှန်ပဲ''

''ဟီးဟီး ... င ... င ... ငါ အံ့ဩဖို့ကောင်းတာ ဒ ... ဒါကြောင့်ပဲ ... မ ... မ ... မင်း မကြောက်သေးဘူးလား''
ဝမ်ချန်မှာ အမှန်ပင် အလွန် ထူးခြားသူတစ်ဦး ဖြစ်ပေသည်။ သူက ချူဖုန်း၏ ပုံရိပ်ယောင်လက်ဝါးကို ခုခံနိုင်ခဲ့ရုံသာ မကဘဲ၊ ၎င်း၏ ထူးခြားသော လက္ခဏာများကိုလည်း သုံးသပ်နိုင်ခဲ့သည်။ ကံမကောင်းသည်ကား နောက်ကွယ်တွင် ချူဖုန်း ပြုလုပ်ထားသည်ကို သူ သတိမပြုမိခဲ့ခြင်းပင်။

ရုတ်တရက် ဝမ်ချန်၏ နောက်ကျောတွင် သတ်ဖြတ်လိုသည့် အသိတို့ ပြည့်နှက်သွား၏။ စိတ်ဝိညာဉ် နည်းစနစ်များဖြင့် ချူဖုန်း ကွယ်ဝှက်ထားသည့် ပုံရိပ်ယောင်လက်ဝါးများက ဝမ်ချန်၏ ကျောဘက်သို့ အောင်မြင်စွာ ကွေ့ပတ်သွားနိုင်ခဲ့သည့်အပြင် ဝမ်ချန့်ထံ တိုက်ခိုက်မှုများကိုပင် ပြုလုပ်လိုက်ကြသည်။

ထိုအခိုက်အတန့်၌ ဝမ်ချန်၏ အမူအရာ ကြီးမားစွာ ပြောင်းလဲသွားရသည်။ သူ အကြီးအကျယ် အံ့အားသင့်သွားခြင်း ဖြစ်၏။

သို့သော် ဝမ်ချန်မှာ ရိုးရှင်းသူတစ်ဦး မဟုတ်ပါချေ။ ချူဖုန်း၏ ပုံရိပ်ယောင်လက်ဝါးများ သူ့ကို ထိရိုက်တော့မည့် အချိန်ခဏ၌ သူက ၎င်းတို့ကို ထောက်လှမ်းလိုက်နိုင်သည်။

ထို့ကြောင့် သူ့ခြေလှမ်းများ ရွေ့လျားသွားပြီး သူက တီထွင်ထားပုံကောင်းသော ကိုယ်ဖော့သိုင်းကွက်တစ်ခုကို ရုတ်ခြည်း အသုံးပြုလျက် ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

ကနဦးတွင် လူအများအပြားမှာ မည်သည့်အတွက် ဝမ်ချန် ထိုကဲ့သို့ ပြုလုပ်ခဲ့သည်ကို နားမလည်ကြပေ။ ချူဖုန်း၏ ကွယ်ဝှက်ထားသည့် ပုံရိပ်ယောင်လက်ဝါးများ ပေါ်လာပြီး ဝမ်ချန် ယခင် ရပ်နေခဲ့သည့် နေရာတွင် ပေါက်ကွဲသွားချိန်မှသာ ချူဖုန်းက သူ၏ သိုင်းကွက်ကို ကွယ်ဝှက်ထားပြီး ဝမ်ချန့်ကို နောက်ကျောမှ အငိုက်ဖမ်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။

''အံ့ဩစရာ ကောင်းလွန်းတယ် ... သူ့ရဲ့ သိုင်းကွက်ထိန်းချုပ်မှုက တကယ်ကို ကြောက်စရာ ကောင်းလွန်းနေတာပဲ''
၎င်းကို သူတို့ မြင်တွေ့မိချိန်တွင် လူငယ်မျိုးဆက်များကို မဆိုထားနှင့်၊ မျိုးဆက်ဟောင်းမှ သိုင်းပညာရှင်များပင် ချူဖုန်းကို မချီးမွမ်းမိဘဲ မနေနိုင်ကြတော့ပေ။ သူတို့အားလုံး ချူဖုန်း၏ အစွမ်းသတ္တိဖြင့် လွှမ်းမိုးခံထားကြရသည်။

အကြောင်းမူ ချူဖုန်းအနေဖြင့် ထိုမျှ တိုတောင်းသော အချိန်တစ်ခုအတွင်း၌ ဤနည်းလမ်းမျိုးကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူတို့ပင် စိတ်မကူးမိခဲ့ကြ၍ ဖြစ်သည်။

''တ ... တ ... တကယ်ကို ယုတ်မာတာပဲ''

''မ ... မ ... မင်းက ငါ့ကို ခ ... ခ ... ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ တ ... တကယ် ကြိုးစားခဲ့တယ်''

''သ ... သ ... သောက်ပဲ ... မ ... မင်းက ငါ့ကို သ ... သ ... သေအောင် ခြောက်လိုက်တယ်''

''က ... က ... ကံကောင်းထောက်မပြီး င ... င ... ငါ ဉာဏ်လျင်လို့သာပေါ့ ... မ ... မဟုတ်ရင် ငါတော့ မ ... မ ... မင်းရိုက်ချက်ကြောင့် သေပြီးလောက်ပြီ''
ဝမ်ချန်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ကြောက်ရွံ့နေသော အမူအရာတစ်ခုဖြင့် ပြောလိုက်သည်။ သူ ဟန်ဆောင်နေသည်ဟု မထင်ရပါချေ။ ထိုအစား သူက ချူဖုန်း၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် အမှန်တကယ် ထိတ်လန့်သွားဟန် ရှိနေပေတော့သည်။

***

အခန်း(၁၃၃၉) ဆက်ရန်...အခန်း(၁၃၃၉) အနိုင်ရသူကို ဆုံးဖြတ်ခြင်း

''စစ်ပွဲမှာ ပရိယာယ်ပိုလွန်းတယ်လို့ မရှိဘူးတဲ့''

''မင်းက ငါ့ရဲ့ တိုက်ကွက်ကို ရှောင်နိုင်ခဲ့တယ် ... အဲဒါ မင်းရဲ့ အစွမ်းပဲ''

''အဲဒီလိုပဲ ငါ အလစ်အငိုက် တိုက်ခိုက်ခဲ့တာ ငါ့ရဲ့ အစွမ်း''

''တိုက်ပွဲတစ်ခုမှာ အရာရာကို ကိုယ့်အစွမ်းနဲ့ ဆုံးဖြတ်တယ် ... ဒါကြောင့် ငါ့ကို ယုတ်မာတယ်လို့ ဘယ်ပြောနိုင်ပါ့မလဲ''
ချူဖုန်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ဝမ်ချန်၏ ပါးစပ်မှာ အလွန် အရှက်မဲ့သည့်တိုင် ချူဖုန်းအဖို့ သူနှင့် ရင်ဆိုင်နေရချိန်တွင် ဝမ်ချန့်ကို မမုန်းနိုင်ဘဲ ဖြစ်နေသည်။ ထိုအစား သူက ဤဝမ်ချန် အလွန် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု တစ်ချိန်လုံး ခံစားမိနေခဲ့သည်။

''ပြောတာကောင်းတယ်ဟေ့''
ထိုစကားများကို ချူဖုန်း ပြောလိုက်ချိန်တွင် သူ့အတွက် ကြွေးကြော်လိုက်သူများ ရှိလာပြီး အချို့က လက်ခုပ်ပင် တီးလိုက်ကြသည်။

ဤလူများ၏ အများစုမှာ မျိုးဆက်ဟောင်းမှ သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့က ချူဖုန်းခွန်အားကြောင့် အမှန်တကယ် ဆွဲဆောင်ခံထားကြရသည်။

''မ ... မ ... မင်းက တ ... တော်တော် နှုတ်ရေးကောင်းမယ်လို့ င ... င ... ငါ လုံးဝ မျှော်လင့်မထားမိဘူး''

''ဒ ... ဒ ... ဒါပေမဲ့ ကျ ... ကျင့်ကြံသူတစ်ယောက် လိုအပ်တာက နှ ... နှ... နှုတ်ရေးကောင်းတဲ့ ပါးစပ်တစ်ခု မ ... မဟုတ်ဘူး ... အ ... အ ... အစစ်အမှန် ခွန်အားပဲ ... ဒ .. ဒ ... ဒီတစ်ခေါက် င ... ငါ အလေးအနက် ထားတော့မယ် ... င ... င ... ငါ့ရဲ့ ကြီးကျယ်ခမ်းနားမှုကို မ ... မင်းစဉ်းစားမိဖို့ အချိန်ကျပြီ''
ထိုစကားများကို ပြောလိုက်ပြီးနောက် ဝမ်ချန်က သူ့လက်ဖဝါးကို ဖြန့်လိုက်သည်။ သိုင်းစွမ်းအား ချက်ချင်း တိုးထွက်လာသည်။ ကောင်းကင်ထဲသို့ ထိုသိုင်းစွမ်းအား ထိုးတက်သွားသည့် အလျောက် ရွှေရောင် ကြာပန်းတစ်ပွင့် ပေါ်လာသည်။

ထိုကြာပန်း ဖြစ်ပေါ်လာပြီးနောက် ရုတ်ခြည်း အလင်းဖြာသွား၏။ အလင်းက နေရာအနှံ့ ပျံ့နှံ့သွားသည့် အလျောက် ထိုကြာပန်းထံမှ အပ်သဏ္ဌာန်ရှိသည့် မရေမတွက်နိုင်သော အလင်းဝတ္ထုများ အရှိန်အဟုန်ပြင်းစွာ ပြေးထွက်လာကြသည်။ ထိုအပ်သဏ္ဌာန် အရာဝတ္ထုအားလုံးက ချူဖုန်းထံ ပျံသန်းလာနေခြင်း ဖြစ်သည်။

ဤသည်မှာ သိုင်းကွက်တစ်ခုပင်။ ၎င်း၏ အဆင့်မှာလည်း များစွာ မမြင့်လှပေ။ သို့သော် ဝမ်ချန် အသုံးပြုထားချိန်တွင် ၎င်းက အလွန့်အလွန် စွမ်းအားကောင်း၍ လွှမ်းမိုးနိုင်သော အင်အားတစ်ခုကို ထုတ်လွှတ်နိုင်စွမ်း ရှိသွားလေသည်။

ယုတ်စွအဆုံး ဤသိုင်းကွက်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် ချူဖုန်း၏ ပုံရိပ်ယောင်လက်ဝါးမှာ ၎င်းကို ရင်ဆိုင်ရန် မဆိုထားနှင့်၊ တစ်စုံတစ်ရာ အသုံးတည့်ရန်ပင် အလွန်တရာ ခက်ခဲသွားရသည်။

သို့သော် ချူဖုန်းတွင် သိုင်းကွက်အများအပြား ပိုင်ဆိုင်ထားသည့်အားလျော်စွာ သူက အလွယ်တကူ အရှုံးပေးလိမ့်မည် မဟုတ်ပါချေ။ ချူဖုန်းက လေထဲတွင် ရပ်နေပြီး ဘက်လက်ဖြင့် လေးတစ်လက် စုဖွဲ့လိုက်ပြီး ညာလက်ဖြင့် မြားတစ်စင်း စုဖွဲ့လိုက်သည်။ တဒင်္ဂအတွင်း၌ ရွှေရောင်တောက်၍ ဝင်းလက်နေသော လေးတစ်လက်ကို သူ့လက်တွင်း၌ ဆုပ်ကိုင်ထားမိပြီး ဖြစ်သည်။

ထို့ပြင် လေးကို နောက်သို့ဆွဲလိုက်သည့် ခဏ၌ လေးကြိုးပေါ်တွင် မြားရောက်လာသည်။ သူ့လက် ခေါက်တုံ့ခေါက်ပြန် လှုပ်ရှားသွားသည့် အလျောက် တရွှစ်ရွှစ် အသံများကို အဆက်မပြတ် ကြားလိုက်ကြရသည်။ မရေမတွက်နိုင်သော ရွှေရောင်မြားများက ဝမ်ချန်၏ ရွှေရောင်ကြာပန်း အပ်များထံ ပြေးဝင်သွားကြသည်။

''ဘုန်း ဘုန်း ဘုန်း ...''
သိုင်းကွက်နှစ်ခုကြားရှိ တိုးတိုက်မှုက မြောက်မြားစွာသော စွမ်းအင်လှိုင်းများကို မွေးထုတ်ပေးလိုက်သည်။ သို့သော် ချူဖုန်း၏ အသွင်တစ်ရာ ပြောင်းလဲခြင်းလေးမှာ စွမ်းအားကောင်းရုံသာ မကဘဲ၊ အပြောင်းအလဲများလည်း အပြည့်ပင်။ ချူဖုန်း၏ ပြီးပြည့်စုံသော ထိန်းချုပ်မှုဖြင့် သူ၏ အသွင်တစ်ရာ ပြောင်းလဲခြင်းလေးက ဝမ်ချန်၏ သိုင်းကွက်အပေါ် အကြွင်းမဲ့ လွှမ်းမိုးထားလေသည်။

ချူဖုန်း၏ မြားလှိုင်းတိုင်းက ပြီးခဲ့သည့်လှိုင်းထက် ပိုမိုသန်မာလာသည်။ ဝမ်ချန်၏ တိုက်စစ်ထံ မြားတစ်လှိုင်းပြီးတစ်လှိုင်း ပြေးဝင်သွားသည့် အလျောက် ၎င်းတို့က ဝမ်ချန်၏ ရွှေရောင်ကြာပန်း အပ်များကို ဆက်တိုက် ဖျက်ဆီးနေကြသည်။

နောက်ဆုံးတွင် ၎င်းတို့က ဝမ်ချန်ရှေ့အထိ ရောက်ရှိသွားပြီး သူ၏ ရွှေရောင်ကြာပန်း အပ်အားလုံးကို အလုံးစုံ ခြေမွလုနီးနီး ဖြစ်သွားလေတော့သည်။

ယခုခဏ၌ အခြေအနေ မကောင်းသည်ကို ဝမ်ချန် သဘောပေါက်သွား၏။ ထို့ကြောင့် သူက သူ၏ သိုင်းကွက်ကို ပြောင်းလဲလိုက်ပြီး ပိုမို၍ စွမ်းအားကောင်းသော သိုင်းကွက်တစ်ခုကို ထုတ်လွှတ်လျက် တန်ပြန်တိုက်ခိုက်လိုက်သည်။

သို့သော် ဝမ်ချန် မည်သည့်သိုင်းကွက် အသုံးပြုသည်ဖြစ်စေ၊ ချူဖုန်းက ဝမ်ချန်အသုံးပြုသည့် သိုင်းကွက်နှင့် အဆင့်တူ သိုင်းကွက်တစ်ခုကို အသုံးပြု၍ ဝမ်ချန်၏ သိုင်းကွက်ကို မဆိုစလောက် အသာရမှုဖြင့် ဖိနှိပ်လိုက်မြဲပင်။

ဝမ်ချန်မှာ အကျောခံမည့်သူ မဟုတ်ပါချေ။ သူ၏ သိုင်းကွက်က ချူဖုန်း၏ သိုင်းကွက်ထက် နိမ့်ကျသည်ဟု သူ တွေးမိချိန်တိုင်းတွင် သူက ယခင်သိုင်းကွက်ထက် အဆင့်ပိုမြင့်သော သိုင်းကွက်တစ်ခုကို ထုတ်လွှတ်လိုက်မြဲ ဖြစ်သည်။

ဤသို့ဖြင့် ချူဖုန်းနှင့် ဝမ်ချန်တို့က သိုင်းကွက်တိုက်ပွဲတစ်ခုကို လေထဲတွင် ဘတစ်ပြန်ကျားတစ်ပြန် ဆင်နွှဲနေလျက် ရှိကြသည်။

သူတို့၏ သိုင်းကွက်များက အဆင့်သုံး သိုင်းကွက်များမှတစ်ဆင့် ဆက်လက်၍ အဆင့်မြင့်လာကြသည်။ အဆုံးတွင်မူ သူတို့နှစ်ဦးက အဆင့်ကိုး သိုင်းကွက်များကိုပင် အသုံးပြုနေကြပြီ ဖြစ်၏။

အဆင့်ကိုး သိုင်းကွက်များသို့ ရောက်ရှိလာချိန်တွင် ထိုသိုင်းကွက်များ၏ ဖျက်ဆီးနိုင်စွမ်းမှာ ပြီးခဲ့သည့် အဆင့်နိမ့်သိုင်းကွက်များ ယှဉ်နိုင်သည့်အရာ မဟုတ်တော့ပါချေ။ သူတို့သိုင်းကွက်များ၏ စွမ်းအားက ကောင်းကင်တစ်ခွင် အကြီးအကျယ် ရိုက်ခတ်ဖျက်ဆီးနေပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေကြသည်။

ဤအခြေအနေမျိုးတွင် ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှ လူများက မျက်မှောက်ရှိနေသည့် စွမ်းအားကောင်းသော ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများနှင့်အတူ ချူဖုန်းနှင့် ဝမ်ချန်တို့၏ တိုက်ပွဲစက်ကွင်းကို ပိတ်လှောင်ရန် စိတ်ဝိညာဉ် အစီအရင်စည်းများ စတင် ခင်းကျင်းလိုက်ကြသည်။ သူတို့သိုင်းကွက်များ၏ စွမ်းအင်လှိုင်းများက အခြားသူများကို ထိခိုက်စေခြင်း သို့မဟုတ် ပတ်ဝန်းကျင် ရှုခင်းကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ဖြစ်၏။

''ဘီလူးတွေ ... အဲဒီနှစ်ယောက်က ဘီလူးဆန်တဲ့ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တွေပဲ''
သူတို့ ခင်းကျင်းထားသည့် စိတ်ဝိညာဉ်စည်းများ ချူဖုန်းနှင့် ဝမ်ချန်တို့ အသုံးပြုနေသည့် သိုင်းကွက်များနှင့် ထိတွေ့မိချိန်တွင် သူတို့လည်း ထိုနှစ်ဦးအပေါ် လေးစားမှု တစ်ဆင့်တိုးသွားကြသည်။

အကြောင်းမူ ချူဖုန်းနှင့် ဝမ်ချန်တို့၏ သိုင်းကွက်များ တိုးတိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်လှိုင်းများမှာ အလွန့်အလွန် စွမ်းအားကောင်းကြ၍ပင်။ သိုင်းဧကရာဇ်ငယ်အဆင့် အောက်ရှိ မည်သူမဆို ထိုစွမ်းအင်လှိုင်းများကို ကြံ့ကြံ့ခံနိုင်စွမ်း မရှိပါချေ။

နောက်ဆုံး၌ အဆင့်တစ် သိုင်းဧကရာဇ်ငယ်များပင် ကြီးမားသော ဖိအားတစ်ခုကို စတင် ခံစားလာကြရသည်။ အဆင့်နှစ် သိုင်းဧကရာဇ်ငယ်များ ရှေ့ထွက်၍ ကူညီလိုက်ချိန်မှသာ စွမ်းအင်လှိုင်းများကို သူတို့ ကြံ့ကြံ့ခံနိုင်သွားကြသည်။

သို့သော်လည်း ချူဖုန်းနှင့် ဝမ်ချန်တို့ နှစ်ဦးစလုံးက သိုင်းဘုရင် အဆင့်ခုနစ် ကျင့်ကြံမှုများကိုသာ ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။ အဆင့်ခုနစ် သိုင်းဘုရင်နှစ်ဦးထံမှ တိုက်ခိုက်မှုများက အဆင့်တစ် သိုင်းဧကရာဇ်ငယ်များပင် ၎င်းတို့ကို တားဆီးရာတွင် ဖိအားဝင်စေရန် အမှန်တကယ် ပြုလုပ်နိုင်ခဲ့သည်။ ဤအချက်က မည်သည်ကို ညွှန်ပြနေပေသနည်း။

ဤအချက်က ချူဖုန်းနှင့် ဝမ်ချန်တို့ ပိုင်ဆိုင်ထားသည့် တိုက်ပွဲဝင်စွမ်းအားမှာ အမှန်ပင် ကောင်းကင်ဆန့်ကျင်သော အဆင့်တစ်ခု၌ ရှိနေပြီး အဆင့်သုံးဆင့်လုံးလုံး သာလွန်ကြောင်း ညွှန်ပြနေပေသည်။ သူတို့က ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ကျိန်းသေနေလျက် ရှိသည်။

''စွမ်းအားကောင်းလိုက်တာ ... ဒီသူငယ်လေးနှစ်ယောက်ရဲ့ ဇာစ်မြစ်တွေက ဘာများပါလိမ့်''
ချူဖုန်းနှင့် ဝမ်ချန်တို့၏ တိုက်ပွဲက ချိပ်ပိတ်ရှေးဟောင်းကျေးရွာကို နှိုးဆော်ခဲ့ပြီး ဖြစ်သည်။ ချိပ်ပိတ်ရှေးဟောင်းကျေးရွာမှ သိုင်းဧကရာဇ်ငယ် အဆင့်နှစ် ကျင့်ကြံမှုနှင့် အဘိုးအိုတစ်ဦးက ကောင်းကင်ရှိ တိုက်ခိုက်နေသူနှစ်ဦးထံ လှမ်းကြည့်နေသည်။ သူက အတွေးနက်နဲသော အမူအရာတစ်ခုဖြင့် စတင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုကဲ့သို့သော ထိပ်တန်းအဆင့် ပုဂ္ဂိုလ်နှစ်ဦး သူတို့၏ ချိပ်ပိတ်ရှေးဟောင်းကျေးရွာသို့ ရောက်ရှိလာခြင်းမှာ သူတို့အတွက် အကောင်းလော အဆိုးလော သူ မသိတော့ပါချေ။

''ဝူးအူး ...''
ရုတ်တရက် မိုးကုပ်စက်ဝိုင်းမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ဟိန်းဟောက်သံကို ကြားလိုက်ရသည့် တစ်ချိန်တည်းမှာပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက သိုင်းဧကရာဇ်ငယ်များ ခင်းကျင်းထားသည့် စိတ်ဝိညာဉ်စည်းကို ဖြတ်သန်း၍ အပြင်ဘက်သို့ ရောက်ရှိလာသည်။

သူတို့ လှမ်းကြည့်မိချိန်တွင် မျက်မှောက်ရှိနေသူတိုင်း ပါးစပ်များ ဟောင်းလောင်းပွင့်သွားကြသည်။ သူတို့အားလုံးက ကောင်းကင်ရှိ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြခြင်း ဖြစ်သည်။

ထိုခဏ၌ လက်ဟန်များကို သူ စတင် ပြုလုပ်နေသည့် အလျောက် ဝမ်ချန်၏ ဆံပင်များ လေထဲတွင် လှုပ်ခတ်နေကြသည်။ သူ၏ ကျဉ်းမြောင်းသော မျက်လုံးအစုံကို အေးစက်မှုက ဖြည့်ဆည်းထားပြီး သူ့ထံမှ အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလျက် ရှိသည်။

ထိုအခိုက်အတန့်၌ သူက ယခင်နှင့် အလုံးစုံ ခြားနားသူတစ်ဦးအလား ဖြစ်သွား၏။

ပြီးခဲ့ချိန်ရှိ သူ့ကို လူပြက်တစ်ဦးနှင့် တူသည်ဟု ဆိုနိုင်ခဲ့လျှင် လက်ရှိသူကား သွေးအေးသော လူသတ်သမားတစ်ဦးနှင့် တူနေပေလိမ့်မည်။

သို့သော် အံ့ဩတုန်လှုပ်ဖွယ် အကောင်းဆုံးမှာ ဝမ်ချန်၏ ပြောင်းလဲမှု မဟုတ်ပါချေ။ ထိုအစား ၎င်းမှာ သူ့ရှေ့တွင် ပေါ်ပေါက်နေသည့် ဧရာမ ဘီလူးကြီးပင်။

၎င်းမှာ ခရမ်းရောင် သားရဲတစ်ကောင် ဖြစ်သည်။ သားရဲမှာ အလွန် ကြီးမားပြီး ပေသုံးရာကျော် ရှည်လျား၍ ပေဆယ်ချီ မြင့်မားပေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခရမ်းရောင်ရှိသော သလင်းကျောက်တစ်မျိုးဖြင့် ဖွဲ့စည်းထားသည်။

ကောင်းကင်တွင် ရပ်နေသည့် ၎င်း၏ အသွင်မှာ ခရမ်းရောင် သလင်းကျောက်များဖြင့် ဖြစ်ပေါ်နေသည့် တောင်တစ်လုံးကဲ့သို့ပင်။ ၎င်း၏ အင်အားမှာ နေရာအနှံ့ ရှိနေပြီး အလွန်တရာ ချောက်ချားဖွယ်ကောင်းနေသည်။

၎င်း၏ ထိတ်လန့်ဖွယ် အရွယ်အစားအပြင် ၎င်း၏ ပုံပန်းမှာလည်း အလွန့်အလွန် ကြမ်းကြုတ်နေလျက် ရှိသည်။ ၎င်းက ခြင်္သေ့တစ်ကောင်နှင့် တူနေသည့်တိုင် ကျားတစ်ကောင်နှင့်လည်း တူနေခဲ့သည်။ သို့သော် ၎င်းက ခြင်္သေ့တစ်ကောင် သို့မဟုတ် ကျားတစ်ကောင်ထက် များစွာပိုမို၍ ကြောက်စရာကောင်းပေသည်။

၎င်း၏ ကြီးမားသော သားရဲလက်သည်းများမှာ အရာအားလုံးကို ဆုတ်ဖြဲနိုင်ဟန် ရှိနေကြသည်။ ချွန်ထက်သော အစွယ်များမှာမူ သက်ရှိအားလုံးကို ကိုက်ဝါးနိုင်စွမ်း ရှိသည်ဟု ထင်မြင်ရလေသည်။

သို့သော် ထိတ်လန့်ဖွယ်အကောင်းဆုံး အရာမှာ ၎င်း၏ မျက်လုံးများပင်။ ၎င်း၏ မျက်လုံးများမှာ များစွာ မကြီးမားဘဲ ကြိတ်ဆုံတစ်လုံး၏ အရွယ်အစားမျှသာ ရှိကြသည်။ သို့သော် ၎င်းက ထိုကဲ့သို့သော မျက်လုံးတစ်ရာကျော် ပိုင်ဆိုင်ထားပေသည်။ ထိုရာကျော်သော မျက်လုံးအားလုံးက ၎င်း၏ နဖူးတွင် ပြွတ်သိပ်စွာ ရှိနေကြသည်။ ထို့ပြင် မျက်လုံးတိုင်းက အလွန် အားကောင်းသော သတ်ဖြတ်လိုသည့် အသိကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့၏ အသွင်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းရုံသာ မကဘဲ၊ အလွန် အော်ဂလီဆန်ဖွယ်လည်း ဖြစ်နေသည်။ အခြေခံအားဖြင့် တစ်ဦးတစ်ယောက်အဖို့ ထိုမျက်လုံးများထံ လှမ်းကြည့်မိချိန်တွင် ကြောက်ရွံ့မှုဖြင့် တုန်ယင်လာပေလိမ့်မည်။

''မြေကမ္ဘာတားမြစ် သိုင်းကွက် ... ဘယ်လောက် စွမ်းအားကောင်းလိုက်တဲ့ မြေကမ္ဘာတားမြစ် သိုင်းကွက်တစ်ခုလဲ''
ရုတ်တရက် မျိုးဆက်ဟောင်းမှ သိုင်းပညာရှင်တစ်ဦးက တအံ့တဩဖြင့် ရေရွတ်လိုက်၏။ ကောင်းကင်ရှိ ထိုခရမ်းရောင် သလင်းသားရဲ မည့်သည့်အရာမျိုး ဖြစ်သည်ကို သူ မှတ်မိသွားခဲ့သည်။

၎င်းတွင် အလွန် အသက်ဝင်သော အသွင်အပြင်တစ်ခု ရှိနေပြီး အလွန် အသက်ဝင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသော်လည်း အမှန်အားဖြင့် ၎င်းမှာ တားမြစ်သိုင်းကွက်တစ်ခု ဖြစ်ပေသည်။ ထို့ပြင် ၎င်းမှာ အလွန့်အလွန် စွမ်းအားကောင်းသော မြေကမ္ဘာတားမြစ် သိုင်းကွက်တစ်ခုပင်။

''ဒီမြေကမ္ဘာတားမြစ် သိုင်းကွက်က အတော် ထူးခြားတယ် ... အဲဒါက နင့်ရဲ့ အရင်ပြိုင်ဘက်တွေ သုံးခဲ့တဲ့ သိုင်းကွက်အားလုံးထက် ပိုသန်မာတယ် ... အဲဒါ သေချာပေါက် အမြင့်ဆုံးအဆင့် မြေကမ္ဘာတားမြစ် သိုင်းကွက်တစ်ခုပဲ''

''ဒီအရှက်မရှိတဲ့ နှုတ်ခမ်းရွဲ့ကောင်က အဆင့်ကိုး သိုင်းကွက်တွေနောက်မှာ သေမျိုးတားမြစ် သိုင်းကွက်တွေကို ခုန်ကျော်ပြီး အဲဒီလောက် စွမ်းအားကောင်းတဲ့ မြေကမ္ဘာတားမြစ် သိုင်းကွက်တစ်ခုကို တိုက်ရိုက်သုံးခဲ့တယ် ... သူက ဒီသိုင်းကွက်ကို သုံးပြီး နင်နဲ့ ဒီတိုက်ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့ စိတ်ကူးထားပုံပဲ ... ချူဖုန်း၊ နင် ဂရုမစိုက်လို့ မရဘူး ... သူ့ကို ပွဲဖြတ်ဖို့ မြေကမ္ဘာတားမြစ် အဇဋာဓားချက်ကို တိုက်ရိုက်သုံးသင့်တယ်''
အက်ဂီက ပြောလိုက်ခြင်း ဖြစ်သည်။

''အင်း''
အက်ဂီပြောသည်ကို ကြားလိုက်ရလျှင် ချူဖုန်းက ခေါင်းညိတ်လိုက်သည်။ သူလည်း ထိုအတိုင်း တွေးတောနေ၍ ဖြစ်ပေတော့သည်။

***

အခန်း(၁၃၄၀) ဆက်ရန်...အခန်း(၁၃၄၀) ဒါကို အဆုံးသတ်ဖို့ အချိန်ကျပြီ

ထိုခဏ၌ပင် ဝမ်ချန်က ရုတ်တရက် မေးလိုက်သည်။
''က ... က ... ကောင်လေး၊ ဒ ... ဒ ... ဒါဘာလဲ မင်းသိလား''

ယခုခဏရှိ သူ့အကြည့်၌ သူ၏ မြေကမ္ဘာတားမြစ် သိုင်းကွက်ကို ပထမဆုံး ထုတ်ဖော်လိုက်ချိန်တွင် ကိန်းအောင်းနေခဲ့သည့် အေးစက်မှုတို့ မရှိတော့ပါချေ။ ထိုအစား ထိုမြေကမ္ဘာတားမြစ် သိုင်းကွက်ကို အောင်အောင်မြင်မြင် ထုတ်ဖော်ခဲ့ပြီးသည့် လက်ရှိတွင် ကျေနပ်အားရမှုတို့ဖြင့် ပြည့်နှက်နေပေသည်။

''သိုင်းကွက်တစ်ခုလေ''
ချူဖုန်းက ပြန်ဖြေလိုက်၏။

''မှ ... မှ ... မှားတယ် ... ဒ ... ဒါက သာမန် သိုင်းကွက်တစ်ခု မ ... မဟုတ်ဘူး ... အဲ ... အဲဒါ ...''

''မြေကမ္ဘာတားမြစ် သိုင်းကွက်''
ချူဖုန်းက ဝမ်ချန်၏ ဝါကျကို အပြီးသတ်ပေးလိုက်သည်။

''မှ ... မှ ... မှားတယ် ... ဒ ... ဒါက သာမန် မြေကမ္ဘာတားမြစ် သ ... သ ... သိုင်းကွက်တစ်ခု မဟုတ်ဘူး ... င ... ငါ့ရဲ့ နောက်ဆုံး သ ... သ ... သိုင်းကွက်ပဲ ... န ... န ... နာမည်က မြေကမ္ဘာတားမြစ် ကျ ... ကျ ... ကျောက်ခရမ်းသားရဲ တဲ့''

''က ... က ... ကောင်လေး၊ မ ... မင်းက ငါ့ကို ဒ ... ဒ ... ဒီသိုင်းကွက် သုံးရအောင် ဖ ... ဖ ... ဖိအားပေးနိုင်ခဲ့တယ် ... ဒ ... ဒါဟာ မင်းမှာ အ ... အ ... အစွမ်းတချို့ တကယ်ရှိနေတဲ့ အ ... အဓိပ္ပာယ်ပဲ''

''ဝ ... ဝ ... ဝမ်ချန်ဆိုတဲ့ ငါက မ ... မင်းကို လေးစားတယ် ... ဒ ... ဒ ... ဒါပေမဲ့ င ... ငါ့ရဲ့ မြေကမ္ဘာတားမြစ် ကျ ... ကျောက်ခရမ်းသားရဲကို ထ ... ထုတ်ဖော်လိုက်တာနဲ့ အဲ ... အဲဒါက ပြိုင်ဘက်ရဲ့ အသက်ကို သ ... သ ... သေချာပေါက် ယူလိမ့်မယ် ... ဘ ... ဘယ်သူမှ မလွတ်နိုင်ဘူး ... ဒ ... ဒါကြောင့် မ ... မ ... မင်းကို ငါလေးစားပေမဲ့ ဒ ... ဒီနေ့ မင်း အသတ်ခံရမှာ ကျ ... ကျ ... ကျိန်းသေတယ်''
ဝမ်ချန်က ပြောလိုက်လေသည်။

''အဲဒီလိုလား''
ချူဖုန်း စတင် ရယ်မောလိုက်၏။ သူက လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ခြင်း ဖြစ်သည်။ အကြောင်းမူ ဤဝမ်ချန် အလွန့်အလွန် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သူ ခံစားမိလိုက်၍ပင်။

''ဒ ... ဒ ... ဒါပေါ့ ... ဒ ... ဒါပေမဲ့ င ... ငါ့ရဲ့ မြေကမ္ဘာတားမြစ် ကျ ... ကျောက်ခရမ်းသားရဲက န ... န ... နာမည်မရှိတဲ့ လူတစ်ယောက်ကို သ ... သ ... သတ်မှာမဟုတ်ဘူး''

''မ ... မ ... မင်းမသေခင် င ... ငါ့ကို နာမည်ပြောပြဦး''
ဝမ်ချန်က မေးလိုက်သည်။

''ချူဖုန်း''
ချူဖုန်းက ဖြေလိုက်၏။

''က ... က ... ကောင်းပြီလေ ... ချ ... ချ ... ချူဖုန်း၊ သ ... သေချာနားထောင် ... ဒ ... ဒီနေ့က မ ... မ ... မင်းသေတဲ့နေ့ ဖြစ်လာလိမ့်မယ်''

''မ ... မ ... မင်းဘိုးဘိုးကို ရ ... ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ ... တ ... တ ... တကယ်လို့ မင်းအပြစ်တင်ချင်ရင် မ ... မပြစ်မှားသင့်တဲ့ လူတစ်ယောက်ကို ရ ... ရန်စခဲ့တဲ့အတွက် မ ... မ ... မင်းကိုယ်မင်းပဲ အပြစ်တင်ပေတော့''

''ချ ... ချ ... ချူဖုန်းရေ ... နှ ... နှုတ်ဆက်ပါတယ်ကွာ''
ထိုစကားများကို ပြောပြီးနောက်တွင် ဝမ်ချန်က သူ့လက်ဖဝါးများကို ရှေ့သို့တွန်းလိုက်ပြီး သူ၏ သေလောက်သော တိုက်ကွက်ကို ချူဖုန်းထံ ပစ်လွှတ်လိုက်လေတော့သည်။

''ဝူးအူး ...''
သူ၏ သိုင်းကွက်ကို ဝမ်ချန် နှိုးဆော်လိုက်ချိန်တွင် ထိုမြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲက ဒေသတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည့် ဟိန်းဟောက်သံတစ်ခုကို ဟစ်ကြွေးလိုက်သည်။ တစ်ချိန်တည်းတွင် စွမ်းအားကောင်းသော ဖိနှိပ်အားတစ်ခုက ခရမ်းရောင် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့ တိုက်ခတ်လာသည်။

ခရမ်းရောင် မုန်တိုင်းက ၎င်း၏ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေခိုက်တွင် ကြီးမားသော ကျောက်ခရမ်းသားရဲက လေဟာနယ်ကို ကြိတ်ခြေနေသည့် ခြေလှမ်းများနှင့်အတူ ချူဖုန်းထံ ရှေးရှု၍ စတင် ရွေ့လျားလာလေသည်။ ၎င်းက အလွန် ကြီးမားသော အရွယ်အစားတစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင် ၎င်း၏ အမြန်နှုန်းမှာမူ စိတ်ကူးမကြည့်နိုင်အောင် အလွန့်အလွန် မြန်ဆန်နေဆဲပင်။

အရေးအကြီးဆုံး အချက်မှာ ၎င်း၏ ကြီးမားသော အရွယ်အစားကြောင့် ၎င်းက ချူဖုန်းထံ တောင်တစ်လုံးကဲ့သို့ ပြေးဝင်လာရင်း ဝမ်ချန့်ကို ၎င်းနောက်တွင် လုံးလုံးလျားလျား ကာကွယ်ပေးထားခြင်း ဖြစ်သည်။ ဤမြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲ၏ စွမ်းအားကား အမှန်ပင် တိုက်စစ်ရော ခံစစ်ပါ အသုံးဝင်ပေသည်။

''ဒီသိုင်းကွက်မျိုးကို အဲဒီချူဖုန်း ဘယ်လို ရင်ဆိုင်မှာပါလိမ့်''
ထိုခဏ၌ လူအများအပြားမှာ သူတို့၏ အကြည့်များကို သူတို့ရှေ့မှောက်ရှိ မြင်ကွင်းအပေါ် အပြည့်အဝ စူးစိုက်ထားမိကြသည်။ သူတို့အားလုံးက မျက်မှောင်ကြုတ်နေကြပြီး ချူဖုန်းအတွက် ဇောချွေးပြန်နေလျက် ရှိကြသည်။ အကြောင်းမူ ဤမြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲ မည်မျှ စွမ်းအားကောင်းသည်ကို သူတို့အားလုံး ခံစားမိနေကြ၍ ဖြစ်သည်။

အခြေအနေအရ ချူဖုန်းကဲ့သို့ လူငယ်မျိုးဆက်မှ လူများကို မဆိုထားနှင့်၊ မျိုးဆက်ဟောင်း၏ အဆင့်တစ် သိုင်းဧကရာဇ်ငယ်များပင် မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲထံမှ သေလောက်သော ဖိနှိပ်မှုတစ်ခုကို ခံစားမိနေကြသည်။

မှန်ပေသည်။ ဤသည်မှာ မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲ စွမ်းအားကောင်းပုံ ဖြစ်၏။

စွမ်းအားအရာတွင် အဆင့်တစ် သိုင်းဧကရာဇ်ငယ်များပင် ၎င်းကို ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ဝမ်ချန်၏ နောက်ဆုံး သတ်ဖြတ်မှုနည်းစနစ် စွမ်းအားကောင်းပုံပင်။

ဝမ်ချန်ထံမှ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်တစ်ခုကို ချူဖုန်း ကြံ့ကြံ့ခံနိုင်စွမ်း ရှိမရှိ လူတိုင်း မှန်းဆနေမိသည့် အချိန်ခဏ၌ပင် ချူဖုန်းက သူ၏ တိုက်ကွက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ထို့ပြင် သူက သူ၏ တိုက်ကွက်ကို စိုးစဉ်းမျှ တုံ့ဆိုင်းမနေဘဲ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ချူဖုန်းက နေရာတွင် မလှုပ်မယှက် ရပ်နေသည်။ သူ၏ အနက်ရောင်ဆံပင်များက လေထဲတွင် လွင့်မျောနေပြီး သူ့အကြည့်က လေးနက်လာသည်။ ရုတ်တရက် ကောင်းကင်တွင် လျှပ်စီးများ ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး ပိန်းပိတ်အောင် မှောင်မိုက်သွားလျက် ပရမ်းပတာ ဖြစ်သွား၏။ နတ်ဆိုးတစ်ပါး ရောက်ရှိလာပြီး ကမ္ဘာပျက်နေ့ ဆိုက်ရောက်လာသကဲ့သို့ပင်။

ထိုခဏ၌ ချူဖုန်းက ကျယ်လောင်ပြင်းထန်စွာ ရုတ်တရက် ဟစ်ကြွေးလိုက်သည်။
''ပထမဓားချက်''

ထိုစကားများကို သူ ပြောပြီးနောက်တွင် ဤဒေသ၏ လေဟာနယ်တွင် အော်ညည်းသံများ ထွက်ပေါ်လာကြသည်။ မိစ္ဆာစိတ်ဝိညာဉ်များ အသံပြုနေသကဲ့သို့ ဖြစ်၏။

တစ်ချိန်တည်းမှာပင် သွေးနီရောင် အလင်းဓားသွားတစ်ခု ရုတ်တရက် ပေါ်လာပြီး မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲပေါ် ကျရောက်သွားလေသည်။

''ဘုန်း''
ဓားချက် ကျရောက်သွားချိန်တွင် ၎င်းက ပမာဏကြီးမားသော အလင်းကို ထုတ်လွှတ်လိုက်သည်။ သို့သော် မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲမှာ အနည်းငယ်မျှ ထိခိုက်မသွားပါချေ။ ၎င်း၏ ခြေလှမ်းများပင် အရှိန်လျော့မသွားခဲ့ပေ။

''ချူဖုန်းတောင် ဒီသိုင်းကွက်ကို ကြံ့ကြံ့ခံနိုင်စွမ်း မရှိတာလား''
မျိုးဆက်ဟောင်းမှ လူများအနေဖြင့် ချူဖုန်း အသုံးပြုလိုက်သည်မှာလည်း မြေကမ္ဘာတားမြစ် သိုင်းကွက်တစ်ခု ဖြစ်ကြောင်း အသေအချာ ပြောနိုင်ကြပေသည်။ ထို့ပြင် ၎င်းမှာ အရည်အသွေးမြင့် မြေကမ္ဘာတားမြစ် သိုင်းကွက်တစ်ခု ဖြစ်သည်။

သို့သော် ထိုသို့သော မြေကမ္ဘာတားမြစ် သိုင်းကွက်ပင် ဝမ်ချန်၏ မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။ ဤအချက်က လူအုပ်ကို ချူဖုန်းအနေဖြင့် ဝမ်ချန်၏ တိုက်ကွက်ကို ကြံ့ကြံ့မခံနိုင်ဟု တွေးမိသွားစေတော့သည်။

''ဒုတိယဓားချက်''
သို့သော် ထိုခဏ၌ပင် ချူဖုန်းက နောက်တစ်ကြိမ် ဟစ်ကြွေးလိုက်ပြန်သည်။ သူ့အသံ ထွက်ပေါ်လာသည်နှင့် နောက်ထပ် သွေးနီရောင် ဓားချက်တစ်ချက် ရုတ်တရက် ပေါ်လာသည်။ ထို့ပြင် ၎င်း၏ စွမ်းအားက ယခင်ဓားချက်ထက်ပင် ပိုမိုသန်မာပေသည်။

ဒုတိယဓားချက် ကျရောက်သွားချိန်တွင် မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲမှာ အမှန်ပင် လုံးဝ အကောင်းပကတိ ရှိနေဆဲ ဖြစ်သည်။ သို့သော် ၎င်းက ဓားချက်စွမ်းအားကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး ချူဖုန်းထံ ဆက်လက်ပြေးဝင်မလာမီ လေထဲတွင် ခြေဆောင့်လိုက်ရသည်။

''တတိယဓားချက်''

''စတုတ္ထဓားချက်''

''ပဉ္စမဓားချက်''
ထို့နောက်တွင် ချူဖုန်းက ဓားချက်သုံးချက်ကို ဆက်တိုက်ထုတ်လွှတ်လိုက်သည်။ ဓားချက်တိုင်းက ယခင်ဓားချက်ထက် ပိုမိုသန်မာ၍ ပိုမိုကြမ်းကြုတ်လာသည်။

ဓားချက်သုံးချက်နောက်တွင် မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲမှာ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရပြီး ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲ၊ ၎င်း၏ အလွန် ကြီးမားသော၊ ဖျက်ဆီးမရနိုင်သော ခရမ်းရောင်သလင်းကျောက် ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းကြီးများ ပေါ်လာကြသည်။ ထိုအက်ကြောင်းများမှ မြောက်မြားစွာသော ခရမ်းရောင်သလင်းကျောက် အစအနများ ပဲ့ထွက်လာကြသည်။

''အလို ... အဲဒါ ဘယ်လို သိုင်းကွက်မျိုးပါလိမ့်် ... အဲဒါက တကယ်ကို ဆက်တိုက်သုံးနိုင်ပြီး ဓားချက်တိုင်းက အရင်ဓားချက်ထက် ပိုသန်မာလာတယ်လေ''
ဤမြင်ကွင်းကို မြင်တွေ့မိချိန်တွင် ချူဖုန်း သေဘေးမှ မလွတ်နိုင်ဟု တွေးထင်ထားခဲ့သူများ အံ့ဩတုန်လှုပ်သွားကြသည်။ မြေကမ္ဘာတားမြစ် အဇဋာဓားချက်၏ ကြောက်စရာအကောင်းဆုံး လက္ခဏာသွင်ပြင်ကို ယခုမှသာ သူတို့ သဘောပေါက်သွားကြသည်။

မြေကမ္ဘာတားမြစ် အဇဋာဓားချက်၏ ပထမဓားချက်တွင် ကြီးမားသော အဖျက်စွမ်းအားတစ်ခု ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ လောက၏ တစ်စိတ်တစ်ဒေသကို ဖျက်ဆီး၍ ထိုနေရာရှိ သက်ရှိအားလုံးကို သုတ်သင်ရန် လုံလောက်သည့် စွမ်းအား ...။ ၎င်းမှာ သေချာပေါက် လျှော့တွက်၍ မရနိုင်သည့် အရာပင်။ ပထမဓားချက်နှင့်ပင် ဒေသတစ်ခုရှိ အရာအားလုံးကို သုတ်သင်၍ နောက်ဆုံးနေ့အဖြစ် ပြောင်းလဲသွားစေပြီး သွေးပင်လယ်ဝေသွားစေမည် ဖြစ်၏။

ပထမဓားချက်ကိုယ်နှိုက်က သာမန် မြေကမ္ဘာတားမြစ် သိုင်းကွက်များထက် သာလွန်နေသည် အထိပင်။

သို့သော် ဤပထမဓားချက်မှာ အစမျှသာ ဖြစ်ပေသည်။ ပထမဓားချက်နောက်တွင် အစဉ်လိုက် ဓားချက်တိုင်းက ယခင်ဓားချက်ထက် အဆများစွာ ပိုမိုသန်မာလာပေလိမ့်မည်။ မြေကမ္ဘာတားမြစ် အဇဋာဓားချက်၏ ကြောက်မက်ဖွယ်အကောင်းဆုံး အချက်မှာ ၎င်းတွင် စုစုပေါင်း ဓားချက်ကိုးချက် ပိုင်ဆိုင်ထားခြင်းပင်။

ဒဏ္ဍာရီအရ နဝမဓားချက်ကို အသုံးပြုချိန်တွင် မည်သို့သော အရည်အသွေးရှိသည့် မြေကမ္ဘာတားမြစ် သိုင်းကွက်မဆို အလုံးစုံ လွှမ်းမိုးခံရပေမည်။ နဝမဓားချက်ကို ဒဏ္ဍာရီလာ ကောင်းကင်တားမြစ် သိုင်းကွက်များသာ ကျော်ဖြတ်နိုင်ပေမည်။

ဤမြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲမှာ ကိုင်တွယ်ဖြေရှင်းရန် အလွန် ခက်ခဲသော်လည်း ၎င်းက ချူဖုန်းအဖို့ နဝမဓားချက်ကို အသုံးပြုရန် လိုအပ်သည်အထိ မသန်မာကြောင်း ထင်ရှားပေသည်။ ချူဖုန်း၏ တွက်ဆမှုအရ သူက ၎င်းကို သတ္တမဓားချက်ဖြင့် အဆုံးသတ်နိုင်မည့်ဟန် ရှိနေသည်။

သို့သော် ချူဖုန်းကို သတ္တမဓားချက် ထုတ်လွှတ်ရသည်အထိ ဖိအားပေးနိုင်ခဲ့သည်မှာ ဝမ်ချန် အသုံးပြုထားသည့် ဤမြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲ အလွန် စွမ်းအားကောင်းသည့် အဓိပ္ပာယ်ပင်။

''အူး ...''
ထိုခဏ၌ပင် မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲက ဟိန်းဟောက်လိုက်၏။ ၎င်း၏ ပါးစပ်ကြီးကို ဖွင့်ဟလိုက်ချိန်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည့် မရေမတွက်နိုင်သော လှံသဏ္ဌာန် ခရမ်းရောင် သလင်းဆူးချွန်များက ချူဖုန်းထံ ပြေးဝင်လာကြသည်။

ချူဖုန်းကို အနီးကပ် တိုက်ခိုက်နိုင်စွမ်း မရှိသဖြင့် ဤမြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲက အဝေးရောက် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဤအဝေးရောက် တိုက်ကွက်မှာလည်း အလွန့်အလွန် စွမ်းအားကောင်းပေသည်။

''ဆဋ္ဌမဓားချက်''
သို့သော် ချူဖုန်းက ၎င်းတို့အားလုံးကို လျစ်လျူရှုထားပြီး ဆဋ္ဌမဓားချက်ကို ထုတ်လွှတ်လိုက်၏။ ဘုန်းခနဲ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ကြရသည်။ တစ်ဆက်တည်းဆိုသလို ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုက ကောင်းကင်ကို အကြီးအကျယ် ရိုက်ခတ်သွားလေသည်။ ချူဖုန်းက မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲ ပစ်လွှတ်လိုက်သည့် တိုက်ကွက်ကို အပြီးအပိုင် ဖြိုခွဲလိုက်ခြင်း ဖြစ်သည်။

ထို့နောက်တွင် ချူဖုန်းက ဆက်လက်၍ ဟစ်ကြွေးလိုက်သည်။
''သတ္တမဓားချက်''

''ဝူးအူး ...''
သတ္တမဓားချက် ကျရောက်သွားချိန်တွင် မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲက တစ်ချက်ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ဟိန်းဟောက်သံက စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုနှင့် ပိုတူနေခြင်းသာ ရှိပေသည်။

သတ္တမဓားချက် ကျရောက်သွားချိန်တွင် အလွန့်အလွန် ခြိမ်းခြောက်နိုင်သော မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲမှာ ပြိုလဲလုနီးနီး ဖြစ်သွားကြောင်း လူအများ ရှင်းလင်းစွာ မြင်တွေ့နေကြရသည်။

၎င်းက အက်ကြောင်းများဖြင့် ပြည့်နှက်သွားသော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာမူ မပျက်စီးသေးပါချေ။

''အဲဒါကို ငါ လျှော့တွက်မိခဲ့ပုံပဲ ... ဒါပေမဲ့ ဒီတစ်ခေါက်တော့ အဆုံးသတ်သွားမှာပါ''
သူ၏ သတ္တမဓားချက်ပင် မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲကို ခြေမွနိုင်စွမ်း မရှိခဲ့ကြောင်း ချူဖုန်း အလွန် အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ တစ်ဦးတစ်ယောက်အနေဖြင့် ချူဖုန်း၏ သတ္တမဓားချက်က ပိုင်ယွင်ရှောင်း၏ အသက်ကို နုတ်ယူလုနီးပါး ဖြစ်ခဲ့သည်ကို သိရှိထားသင့်ပေသည်။

သို့သော် ယခုခဏ၌ သူက ဝမ်ချန်၏ မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲကို သတ္တမဓားချက်ဖြင့် ဖျက်ဆီးရန် မအောင်မြင်ခဲ့ပေ။

သို့သော်လည်း ဤသို့ဖြစ်သည့်တိုင် ချူဖုန်းက စိုးရွံ့မှု မရှိပါချေ။ အဘယ်ကြောင့်ဆိုသော် သတ္တမဓားချက်မှာ မြေကမ္ဘာတားမြစ် အဇဋာဓားချက်၏ အစစ်အမှန် ခွန်အားအတွက် ကိုယ်စားပြုမှုတစ်ခု မဟုတ်သောကြောင့်ပင်တည်း။

***

အခန်း(၁၃၄၁) ဆက်ရန်...

အခန္း(၁၃၃၁) ဂိုဏ္းခ်ဳပ္သစ္

''ဒါ စီနီယာဟုန္းခ်န္ရဲ႕ ခြန္အားလား ... သူ ဒီေလာက္ စြမ္းအားေကာင္းေနတာ သူ႕ရဲ႕ က်င့္ၾကံမႈက ဘယ္လို အဆင့္မ်ိဳးမွာ ႐ွိေနလို႔ပါလိမ့္''
ခ်ဴဖုန္းက စိတ္တြင္းမွ ေလးစားမႈႏွင့္အတူ အေလးအနက္ မ်က္ေမွာင္ၾကဳတ္ရင္း ပင့္သက္႐ိႈက္လိုက္မိသည္။

''သူက အျမင့္ဆုံးအဆင့္ သိုင္းဧကရာဇ္ငယ္တစ္ေယာက္ ျဖစ္ဖို႔မ်ားတယ္ ... ဘာေၾကာင့္လဲဆိုေတာ့ သူ႕ရဲ႕အင္အား ဘယ္ေလာက္ပဲ စြမ္းအားေကာင္းေကာင္း၊ ဧကရာဇ္အဆင့္ စြမ္းအားက မသန္႔စင္ေသးဘူး ... ဒါဟာ သူက သိုင္းဧကရာဇ္တစ္ေယာက္ ျဖစ္မလာေသးဘဲ သိုင္းဧကရာဇ္ငယ္တစ္ေယာက္ ျဖစ္ေနေသးတဲ့ အဓိပၸာယ္ပဲ''
အက္ဂီက ႐ွင္းျပလိုက္ျခင္း ျဖစ္သည္။

''အျမင့္ဆုံးအဆင့္ သိုင္းဧကရာဇ္ငယ္တစ္ေယာက္ ဟုတ္လား ... ဒါဆို အဲဒါ စီနီယာဟုန္းခ်န္က သိုင္းဧကရာဇ္ ျဖစ္ခါနီးေနတဲ့ အဓိပၸာယ္ မဟုတ္ဘူးလား''
ခ်ဴဖုန္း အံ့ဩတုန္လႈပ္သြားမိသည္။

ထြတ္ျမတ္သိုင္းနယ္ေျမသို႔ ေရာက္႐ွိလာၿပီးေနာက္ ခ်ဴဖုန္းက သိုင္းဧကရာဇ္ငယ္ အေတာ္မ်ားမ်ားႏွင့္ ဆုံခဲ့ရသည္။ သို႔ေသာ္ ဤသည္မွာ အျမင့္ဆုံးအဆင့္ သိုင္းဧကရာဇ္ငယ္ တစ္ဦးႏွင့္ သူ ဆုံေတြ႕ရသည့္ ပထမဆုံးအႀကိမ္ ျဖစ္ေပသည္။

ဟုန္းခ်န္ ဤေ႐ြ႕ဤမွ် စြမ္းအားေကာင္းၿပီး သိုင္းဧကရာဇ္ငယ္ ပိုင္ယြမ္ပင္ သူ႕ထက္ နိမ့္က်ေနသည္မွာ အံ့ဩဖြယ္ရာ မဟုတ္ေတာ့ပါေခ်။

''ဝီး''
ျပင္းထန္ေသာ တုန္ခါမႈႏွင့္ အုံႂကြေနေသာ ေလျပင္းမ်ားေနာက္တြင္ ေနာက္ဆုံး၌ တစ္ေလာကလုံး ပုံမွန္ျပန္ျဖစ္သြား၏။

ေျပာစရာ႐ွိသည္မွာ အရာအားလုံး ပုံမွန္ျပန္ျဖစ္သြားခ်ိန္တြင္ လူတိုင္း၏ အမူအရာမ်ား အႀကီးအက်ယ္ ေျပာင္းလဲသြားၾကျခင္း ျဖစ္သည္။ သူတို႔အားလုံး ၾကက္ေသေသေနလ်က္ ႐ွိၾကသည္။ ခ်ဴဖုန္းပင္ ႁခြင္းခ်က္မ႐ွိပါေခ်။

ထိုအခိုက္အတန္႔၌ လူအမ်ားအျပားမွာ ေလထဲတြင္ ပက္လက္ျဖစ္ေစ ေမွာက္ခုံျဖစ္ေစ လဲေလ်ာင္းေနၾကသည္။ ဤလူမ်ားမွာ ေစာေစာပိုင္းက ဟုန္းခ်န္ ျပသခဲ့သည့္ အင္အားေၾကာင့္ အႀကီးအက်ယ္ သက္ေရာက္ခံထားရေၾကာင္း ထင္႐ွားေပသည္။

သို႔ေသာ္ မည္သို႔ျဖစ္ေစကာမူ၊ သူတို႔ အသက္႐ွင္ေနၾကဆဲပင္။ အမွန္အားျဖင့္ သူတို႔က အနည္းငယ္မွ် ဒဏ္ရာရမထားခဲ့ၾကေပ။

သို႔ေသာ္လည္း ေရာင္စုံဝါးေတာ ေခါင္းေဆာင္ႏွင့္ ႐ြက္ေႂကြဝါးေတာ ဂိုဏ္းခ်ဳပ္တို႔ထံ အၾကည့္ေ႐ႊ႕မိခ်ိန္တြင္မူ ထိုႏွစ္ဦးစလုံး ယခင္ ရပ္ေနခဲ့သည့္ ေနရာတြင္ ႐ွိမေနၾကေတာ့သည္ကို လူအုပ္ ေတြ႕႐ွိလိုက္ၾကရသည္။ ထိုအစား သူတို႔က ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနလ်က္ ႐ွိၾကသည္။

ထို႔ျပင္ သူတို႔ႏွစ္ဦးစလုံး၏ ဦးေခါင္းမ်ားမွာ သူတို႔၏ ခႏၶာကိုယ္မ်ားမွ ေပ်ာက္ကြယ္ေနခဲ့ၾကသည္။ သူတို႔၏ လည္ပင္းမ်ားေပၚတြင္ ပုံမွန္မဟုတ္ေသာ ျပတ္႐ွရာတစ္ခုကို ျမင္ေတြ႕ႏိုင္ေပသည္။ သူတို႔၏ ဦးေခါင္းမ်ား ဆြဲျဖတ္ခံထားရသည့္ အလားပင္။ ထိုခဏ၌ သူတို႔၏ ခႏၶာကိုယ္မ်ားမွ ေျမာက္ျမားစြာေသာ ေသြးမ်ား အ႐ွိန္ျပင္းစြာ ပန္းထြက္ေနေလသည္။

သူတို႔ႏွစ္ဦးတြင္ အသက္ဓာတ္လကၡဏာ တစ္စုံတစ္ရာ မ႐ွိေတာ့႐ုံသာ မကဘဲ၊ သူတို႔၏ ခႏၶာကိုယ္မ်ားထံမွ ရင္းျမစ္စြမ္းအင္မ်ားပင္ အလုံးစုံ ေျခာက္ခန္းသည္အထိ စုပ္ယူခံထားရသည္။ သူတို႔ အၿပီးအပိုင္ ေသဆုံးသြားၾကေခ်ၿပီ။

ဟုန္းခ်န္ထံ လူအုပ္ ျပန္ၾကည့္မိခ်ိန္တြင္ သူက မူလေနရာတြင္ ရပ္ေနဆဲ ျဖစ္ေၾကာင္း သူတို႔ ျမင္ေတြ႕လိုက္ၾကရသည္။ သို႔ေသာ္ သူ႕လက္မ်ားတြင္ အပိုပစၥည္းႏွစ္ခု ႐ွိေနခဲ့သည္။

၎တို႔ကား ေရာင္စုံဝါးေတာ ေခါင္းေဆာင္ႏွင့္ ႐ြက္ေႂကြဝါးေတာ ဂိုဏ္းခ်ဳပ္တို႔၏ ဦးေခါင္းမ်ားပင္ ျဖစ္ေပေတာ့သည္။

''သူ ... သူ ... သူက ေရာင္စုံဝါးေတာ ေခါင္းေဆာင္နဲ႔ ဂိုဏ္းခ်ဳပ္သခင္တို႔ကို တကယ္ သတ္လိုက္တာလား''
႐ုတ္တရက္ သူတို႔၏ ေၾကာက္႐ြံ႕မႈႏွင့္ ထိတ္လန္႔မႈတို႔ကို ထိန္းခ်ဳပ္ထားႏိုင္စြမ္း မ႐ွိေတာ့သည့္ တစ္စုံတစ္ဦးက တုန္ယင္ေနေသာ အသံတစ္ခုျဖင့္ ေအာ္ေျပာလိုက္မိသည္။

ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို ေၾကာက္႐ြံ႕ေသာ ေအာ္သံမ်ိဳးစုံ ထပ္ကာထပ္ကာ ထြက္ေပၚလာၾကသည္။ လူတိုင္း စတင္ ထိတ္လန္႔လာၾကသည္။ ခ်ာခနဲ ေနာက္လွည့္၍ ထြက္ေျပးလိုက္သူမ်ားပင္ ႐ွိလာသည္။

ပထမလူ စတင္ ထြက္ေျပးလိုက္သည့္ေနာက္ ဒုတိယတစ္ဦး၊ ထို႔ေနာက္ တတိယတစ္ဦး ...။

တစ္ခဏခ်င္း၌ ႐ြက္ေႂကြဝါးေတာ၏ လူေထာင္ေသာင္းခ်ီသည့္ ခမ္းနားေသာ တပ္ဖြဲ႕မွာ သူတို႔၏ ယခင္ အားမာန္အားလုံး ေပ်ာက္ဆုံးသြားၿပီး ႏွိမ္နင္းခံရသည့္ စစ္သည္မ်ားကဲ့သို႔ ကစဥ့္ကလ်ား စတင္ ထြက္ေျပးလိုက္ၾကသည္။ သူတို႔အားလုံးက ဤေနရာမွ အလ်င္အျမန္ ထြက္ေျပးလြတ္ေျမာက္ရန္ ရည္႐ြယ္လိုက္ၾကျခင္း ျဖစ္သည္။

သူတို႔ အမွန္တကယ္ သတိလက္လြတ္ ထိတ္လန္႔ေခ်ာက္ခ်ားေနလ်က္ ႐ွိၾကသည္။ အေၾကာင္းမူ ဟုန္းခ်န္ ဤမွ် ေၾကာက္မက္ဖြယ္ေကာင္းလိမ့္မည္ဟု သူတို႔ မည္သည့္အခါကမွ် မေတြးမိခဲ့ၾက၍ ျဖစ္သည္။ သူက ေရာင္စုံဝါးေတာ ေခါင္းေဆာင္ႏွင့္ ႐ြက္ေႂကြဝါးေတာ ဂိုဏ္းခ်ဳပ္တို႔ကို အမွန္ပင္ တစ္မုဟုတ္ခ်င္း ဖယ္႐ွားႏိုင္စြမ္း ႐ွိခဲ့သည္။

တစ္ဦးတစ္ေယာက္အေနျဖင့္ ထိုလူႏွစ္ဦးမွာ ႐ြက္ေႂကြဝါးေတာတြင္ စြမ္းအားအေကာင္းဆုံး ပုဂၢိဳလ္မ်ား ျဖစ္ၾကသည္ကို သိ႐ွိထားသင့္ေပသည္။ သူတို႔ႏွစ္ဦးစလုံးမွာ အလြန္ ျမင့္မားေသာ က်င့္ၾကံမႈ အဆင့္မ်ားႏွင့္ သိုင္းဧကရာဇ္ငယ္မ်ား ျဖစ္ၾကသည္။

သို႔ေသာ္ ထိုမွ် စြမ္းအားေကာင္းေသာ ပုဂၢိဳလ္မ်ားမွာ ဟုန္းခ်န္၏ ေခါင္းျဖတ္မႈကို ထိုမွ် အလြယ္တကူ ခံခဲ့ၾကရသည္။ ထို႔ျပင္ သူတို႔ ေသဆုံးသြားခ်ိန္တြင္ တစ္ခ်က္မွ် ေအာ္သံျပဳရန္ပင္ အခ်ိန္မရခဲ့ၾကေပ။

ဤအခ်က္က လူအုပ္ကို ယခင္က ခပ္လွ်ိဳလွ်ိဳ ေနခဲ့သည့္တိုင္ လက္႐ွိ၌ စတင္လိုက္သည္ႏွင့္ တားဆီးမရေတာ့သူ ဟုန္းခ်န္တြင္ မည္သို႔ေသာ က်င့္ၾကံမႈမ်ိဳး ပိုင္ဆိုင္ထားေၾကာင္း ေတြးေတာမိေစခဲ့သည္။

''သိုင္းဧကရာဇ္ ... ဒီဟုန္းခ်န္က သိုင္းဧကရာဇ္တစ္ေယာက္ ျဖစ္ေနႏိုင္မလားပဲ''
အေျခအေနအရ ဟုန္းခ်န္မွာ သိုင္းဧကရာဇ္အဆင့္ သိုင္းထိပ္သီးတစ္ဦး ျဖစ္ႏိုင္သည္ဟု လူအမ်ားအျပား ခံစားမိလိုက္ၾကသည္။ အေၾကာင္းမူ သူတို႔က ထိုမွ် စြမ္းအားေကာင္းေသာ ပုဂၢိဳလ္တစ္ဦးကို ခ်ဴဖုန္းနည္းတူ ပထမဆုံးအႀကိမ္ ျမင္ေတြ႕ဖူးျခင္း ျဖစ္ေနေသာေၾကာင့္ပင္။

သို႔ေသာ္လည္း ဟုန္းခ်န္ ပိုမို၍ စြမ္းအားေကာင္းေလေလ၊ သူတို႔ ပိုမို၍ ေၾကာက္႐ြံ႕မိေလေလ ျဖစ္၏။ တကယ္တမ္းတြင္လည္း ၿပီးခဲ့ခ်ိန္တြင္ သူတို႔က ဟုန္းခ်န္ႏွင့္ ရန္သူမ်ား ျဖစ္ခဲ့ၾကသည္ မဟုတ္ပါေလာ။

''ဝွစ္ ဝွစ္ ဝွစ္ ဝွစ္ ဝွစ္''
သို႔ေသာ္ မေရမတြက္ႏိုင္ေသာ အႀကီးအကဲမ်ားႏွင့္ တပည့္မ်ား ထြက္ေျပးရန္ ႀကိဳးစားလိုက္သည့္ အခ်ိန္ခဏ၌ပင္ ဟုန္းခ်န္က သူ၏ အက်ႌလက္ကို ေဝွ႔ယမ္းလိုက္သည္။ ထို႔ေနာက္တြင္ စိတ္ဝိညာဥ္စြမ္းအားျဖင့္ စုဖြဲ႕ထားသည့္ ေျမာက္ျမားစြာေသာ အလင္းတန္းမ်ားက ဓားမိုးတစ္ခုကဲ့သို႔ ထိန္းမႏိုင္သိမ္းမရ ေျပးထြက္လာၾကသည္။ ၎တို႔က အႀကီးအကဲမ်ားႏွင့္ တပည့္မ်ား၏ ခႏၶာကိုယ္မ်ားအတြင္းသို႔ တစ္လက္ၿပီးတစ္လက္ ဝင္ေရာက္သြားၾကသည္။

ထိုအလင္းတန္းမ်ားျဖင့္ ထိုးေဖာက္ခံရသူတိုင္း စူးစူးဝါးဝါး ေအာ္ဟစ္လိုက္ၾကရသည္။ ထို႔ေနာက္ ပ်ံသန္းႏိုင္စြမ္း ဆုံး႐ႈံးသြားသည့္ သူတို႔က ဖ်င္ၾကမ္းအိတ္မ်ားႏွယ္ ေကာင္းကင္မွ ျပဳတ္က်လာၿပီး ေျမျပင္သို႔ ျပင္းထန္စြာ ဝင္ေဆာင့္မိသြားၾကသည္။

မေရမတြက္ႏိုင္ေသာ လူရိပ္မ်ား ေကာင္းကင္မွ ျပဳတ္က်လာေနသည့္ အေလ်ာက္ စြန္႔ပစ္ဝါးေတာ၏ အထက္ေကာင္းကင္တြင္ လူမိုး႐ြာေနသကဲ့သို႔ ျဖစ္၏။

''ေသာက္ပဲ ... က်ဳပ္ရဲ႕ ခြန္အားကို ဘာေၾကာင့္ ဆုံး႐ႈံးသြားတာလဲ ... က်ဳပ္ကို သူ ဘာလုပ္လိုက္တာလဲ''

''ဘုရားေရ ... ဘာေတြျဖစ္ေနတာလဲ ... ဘာသိုင္းစြမ္းအားမွ က်ဳပ္ မခံစားမိေတာ့ဘူး ... က်ဳပ္ရဲ႕ က်င့္ၾကံမႈ မ႐ွိေတာ့ဘူး''
လူအုပ္တစ္ခုလုံး စတင္ ထိတ္လန္႔လာၾကသည္။ သူတို႔က ပ်ံသန္းႏိုင္စြမ္း ဆုံး႐ႈံးသြားၿပီး ေခါင္းအစေျခအဆုံး စြမ္းအားမဲ့မႈကို ခံစားေနရ႐ုံသာ မကဘဲ၊ မည္သည့္ သိုင္းစြမ္းအားကိုမွ်လည္း ခံစားႏိုင္စြမ္း မ႐ွိၾကေတာ့ေပ။ သူတို႔၏ လက္႐ွိ အေျခအေနမွာ က်င့္ၾကံမႈ ဆုံး႐ႈံးသြားသည့္ ဒုကၡိတမ်ားႏွင့္ အလားသဏၭာန္ တူညီေနလ်က္ ႐ွိေလသည္။

႐ြက္ေႂကြဝါးေတာမွ လူမ်ား ေျမႏွင့္ဝမ္းကပ္လ်က္ ေခြးေသေကာင္မ်ားကဲ့သို႔ လဲေလ်ာင္းေနရခ်ိန္၌ ဟုန္းခ်န္က ေတာက္ပေသာ အျပဳံးတစ္ခုျဖင့္ ေျပာလိုက္သည္။
''အားလုံးပဲ မလန္႔ၾကပါနဲ႔ ... မင္းတို႔အားလုံးမွာ က်င့္ၾကံမႈေတြ ႐ွိေနပါေသးတယ္''

ဟုန္းခ်န္ေျပာသည္ကို ၾကားလိုက္ရလွ်င္ ထိတ္လန္႔ေနသူမ်ားလည္း ခ်က္ခ်င္း ပါးစပ္ပိတ္သြားၿပီး ဟုန္းခ်န္ထံ ေသာကႀကီးစြာျဖင့္ လွမ္းၾကည့္လိုက္မိၾကသည္။ ထိုခဏ၌ သူတို႔ကို ဤကဲ့သို႔ ေျပာင္းလဲေစခဲ့သူမွာ ဟုန္းခ်န္ျဖစ္ေၾကာင္း သူတို႔ သေဘာေပါက္သြားၾကသည္။

''ေ႐ွးေခတ္ေဟာင္း အခ်ိန္ေတြကတည္းက ဂိုဏ္းပဲျဖစ္ျဖစ္ ေက်ာင္းပဲျဖစ္ျဖစ္၊ ဂိုဏ္းခ်ဳပ္ ဒါမွမဟုတ္ ေက်ာင္းအုပ္ရာထူးကို အစြမ္းအထက္ဆုံး လူကပဲ တာဝန္ယူေလ့႐ွိခဲ့တယ္''

''အစကေတာ့ ဟုန္းခ်န္ဆိုတဲ့ ငါက ဒီစြမ္းအားနဲ႔ အခြင့္အာဏာ ဆိုတာေတြကို စိတ္မဝင္စားခဲ့ဘူး ... ဒါေပမဲ့ ႐ြက္ေႂကြဝါးေတာက ေခါင္းမ႐ွိတဲ့ နဂါးတစ္ေကာင္ ျဖစ္သြားမွာ၊ ေန႔စဥ္နဲ႔အမွ် က်ဆင္းလာၿပီး ေနာက္ဆုံးက်ရင္ ႐ြက္ေႂကြဝါးေတာရဲ႕ အရင္ဂိုဏ္းခ်ဳပ္ေတြ အားထုတ္ခဲ့သမွ် အခ်ည္းႏွီး ျဖစ္သြားမွာေတြကို ေစာင့္ၾကည့္ဖို႔လည္း ငါ ဆႏၵမ႐ွိဘူး''

''ဒါေၾကာင့္ ဒီေန႔မွာ ဟုန္းခ်န္ဆိုတဲ့ ငါက ႐ြက္ေႂကြဝါးေတာရဲ႕ ဂိုဏ္းခ်ဳပ္တာဝန္ကို မလိုလားေပမဲ့ ယာယီအားျဖင့္ ယူထားရလိမ့္မယ္''

''မင္းတို႔အားလုံးအတြက္ေတာ့ မင္းတို႔ရဲ႕ အမွားေတြ ဘယ္ေလာက္ ႀကီးမားခဲ့ပါေစ၊ ဟုန္းခ်န္ဆိုတဲ့ ငါက အရင္ဂိုဏ္းခ်ဳပ္ေတြကို ေထာက္ထားတဲ့အေနနဲ႔ မင္းတို႔အားလုံးကို ဘဝသစ္စဖို႔ အခြင့္အေရး ထပ္ေပးၿပီး မင္းတို႔ရဲ႕ အမွားေတြကို အေရးမယူေတာ့ဘူး''
ဟုန္းခ်န္က ေျပာလိုက္ေလသည္။

''ဒီေတာ့ သူက ႐ြက္ေႂကြဝါးေတာရဲ႕ ဂိုဏ္းခ်ဳပ္ျဖစ္လာဖို႔ ရည္႐ြယ္ထားတယ္ေပါ့''

''သူက က်ဳပ္တို႔ရဲ႕ သူ႕အေပၚ မေလးစားမႈေတြကို အေရးယူဖို႔ စိတ္ကူးမ႐ွိဘူးတဲ့လား''

''တကယ္လို႔ ဒီကိစၥသာ အမွန္ဆိုရင္ ဒါက ကိစၥေကာင္းတစ္ခု ျဖစ္လာမွာပဲ မဟုတ္ဘူးလား''

''ဟုတ္တာေပါ့ ... ဒီဟုန္းခ်န္က ဒီေလာက္ စြမ္းအားေကာင္းတာ၊ သူသာ က်ဳပ္တို႔ရဲ႕ ဂိုဏ္းခ်ဳပ္ ျဖစ္လာခဲ့ရင္ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူ မဟာမိတ္အဖြဲ႕ကလြဲၿပီး ဘယ္သူကမ်ား က်ဳပ္တို႔ ႐ြက္ေႂကြဝါးေတာကို ယွဥ္ႏိုင္မွာတဲ့လဲ''
ဟုန္းခ်န္ေျပာသည္ကို ၾကားလိုက္ရၿပီးေနာက္ ေၾကာက္႐ြံ႕မႈျဖင့္ ျပည့္ႏွက္ေနခဲ့သည့္ လူအုပ္မွာ ေနာက္ဆုံး၌ စိတ္သက္သာသြားၾကသည္။ ဝမ္းေျမာက္မႈႏွင့္ တက္ႂကြမႈတို႔ကို တိတ္တဆိတ္ ခံစားမိသူ အခ်ိဳ႕ပင္ ႐ွိေနသည္။

သူတို႔ ထိုမွ် ေၾကာက္႐ြံ႕ေနခဲ့သည့္ အေၾကာင္းရင္းမွာ သူတို႔က ဟုန္းခ်န္အေပၚ မေလးမစား ျပဳမိခဲ့ၾက၍ ျဖစ္သည္။ အတိတ္တြင္ သူတို႔ မည္သို႔ ျပဳလုပ္ခဲ့ၾကသည္ကို မဆိုထားႏွင့္၊ ေစာေစာပိုင္းကပင္ ႐ြက္ေႂကြဝါးေတာ ဂိုဏ္းခ်ဳပ္၏ လႈံ႕ေဆာ္မႈေအာက္တြင္ သူတို႔က ဟုန္းခ်န္ကို က်ယ္က်ယ္ေလာင္ေလာင္ အ႐ွက္ခြဲခဲ့မိၾကသည္။

ထို႔ေၾကာင့္ သူတို႔အား ဟုန္းခ်န္ သတ္ျဖတ္မည္ကို သူတို႔ ေၾကာက္႐ြံ႕ေနသည္မွာ သဘာဝက်ေပသည္။

သို႔ေသာ္ ဟုန္းခ်န္က သူတို႔ကို သတ္ျဖတ္ရန္ စိတ္မကူးဘဲ၊ ထိုအစား ႐ြက္ေႂကြဝါးေတာ၏ ဂိုဏ္းခ်ဳပ္ျဖစ္လာရန္ စိတ္ကူးထားခဲ့လွ်င္ ၎မွာ သူတို႔အတြက္ ေသခ်ာေပါက္ ေကာင္းေသာ ကိစၥတစ္ခု ျဖစ္ေပလိမ့္မည္။

႐ြက္ေႂကြဝါးေတာ၏ အႀကီးအကဲမ်ားႏွင့္ တပည့္မ်ား ျဖစ္သည့္အားေလ်ာ္စြာ သူတို႔အနက္ မည္သူက ႐ြက္ေႂကြဝါးေတာ ပိုမိုသန္မာလာမည္ကို မလိုလားဘဲ ႐ွိမည္နည္း။

ဟုန္းခ်န္၏ ခြန္အားကို သူတို႔အားလုံး ကိုယ္တိုင္ကိုယ္က် ျမင္ေတြ႕ခဲ့ၾကရၿပီး ျဖစ္သည္။ သူက ယခင္ဂိုဏ္းခ်ဳပ္ထက္ အနည္းငယ္မွ်သာ ပိုမိုသန္မာသူ မဟုတ္ေၾကာင္း က်ိန္းေသေနလ်က္ ႐ွိသည္။ ဟုန္းခ်န္သာ ႐ြက္ေႂကြဝါးေတာ၏ ဂိုဏ္းခ်ဳပ္ ျဖစ္လာခဲ့လွ်င္ ၎မွာ ေသခ်ာေပါက္ ေကာင္းမြန္ေသာ ကိစၥတစ္ခုပင္။

''ဒါေပမဲ့ မင္းတို႔အားလုံး ေသေသခ်ာခ်ာ နားေထာင္ၾက ... ေနာက္ေနာင္မွာ မင္းတို႔က ဝါးေတာတစ္ခုရဲ႕ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ျဖစ္၊ အႀကီးအကဲတစ္ေယာက္ ျဖစ္ျဖစ္ ဒါမွမဟုတ္ တပည့္တစ္ေယာက္ ျဖစ္ျဖစ္၊ မင္းတို႔ေတြ ကိုယ့္ရာထူးကို အခြင့္ေကာင္းယူၿပီး တျခားသူေတြအေပၚ အႏိုင္က်င့္တာမ်ိဳး၊ ႐ြက္ေႂကြဝါးေတာရဲ႕ ဂိုဏ္းတူ အဖြဲ႕ဝင္ေတြအေပၚ အထင္ေသးတာမ်ိဳး ဘယ္သူ႕ကိုမွ ခြင့္မျပဳဘူး''

''တကယ္လို႔ တစ္ေယာက္ေယာက္က ႐ြက္ေႂကြဝါးေတာရဲ႕ စည္းကမ္းေတြကို ဆန္႔က်င္ၿပီး တစ္ခုခုလုပ္ရဲခဲ့ရင္ အဲဒီလူ ဘယ္သူျဖစ္ျဖစ္၊ ငါက သူတို႔ကို အလြတ္ေပးမွာ မဟုတ္ဘူး''
ဟုန္းခ်န္က ျဖည့္စြက္ေျပာလိုက္သည္။

ဟုန္းခ်န္ေျပာသည္ကို တစ္စုံတစ္ရာ ကန္႔ကြက္စကားဆိုသူ တစ္ဦးမွ မ႐ွိပါေခ်။ စည္းကမ္းမ်ားကို ၾကပ္မတ္မႈမွာ ဂိုဏ္းခ်ဳပ္တစ္ဦး၏ အေျမာ္အျမင္ႀကီးမႈကို ေဖာ္ျပေပသည္။

အကယ္၍ ျဖစ္ႏိုင္မည္ဆိုလွ်င္ သူတို႔လည္း ႐ြက္ေႂကြဝါးေတာ ပိုမို၍ အလုံးစုံ ရင္းႏွီးလာၿပီး ပိုမို၍ သန္မာလာေစရန္ ဆႏၵ႐ွိေနခဲ့ၾကသည္။ တကယ္တမ္းတြင္လည္း ႐ြက္ေႂကြဝါးေတာ ပိုမိုသန္မာလာသည္ႏွင့္ အမွ် သူတို႔လည္း ပိုမိုသန္မာလာၾကမည္ မဟုတ္ပါေလာ။

႐ုတ္တရက္ ေ႐ႊဝါးေတာ ေခါင္းေဆာင္က ေမးလိုက္၏။
''ဂိုဏ္းခ်ဳပ္သခင္၊ သခင္ေျပာခဲ့တာေတြ အားလုံးကို က်ဳပ္တို႔ လိုက္နာပါ့မယ္ ... တစ္ခု႐ွိတာက ေရာင္စုံဝါးေတာ ေခါင္းေဆာင္ ေသသြားပါၿပီ ... က်ဳပ္တို႔ေတြ ေခါင္းေဆာင္ရာထူးကို အသစ္ခန္႔အပ္ဖို႔ လိုအပ္ပါလိမ့္မယ္ ... ဂိုဏ္းခ်ဳပ္သခင္၊ သခင့္မွာ ေရာင္စုံဝါးေတာရဲ႕ ေခါင္းေဆာင္ေနရာအတြက္ သင့္ေတာ္တဲ့ လ်ာထားသူတစ္ေယာက္ေယာက္ ႐ွိပါသလားခင္ဗ်ာ''

ထိုစကားမ်ားကို ေ႐ႊဝါးေတာ ေခါင္းေဆာင္ ေျပာလိုက္သည္မွာ တစ္ကိုယ္ေကာင္းဆန္ေသာ ရည္႐ြယ္ခ်က္တစ္ခုႏွင့္ ျဖစ္သည္။ ေရာင္စုံဝါးေတာ ေခါင္းေဆာင္ အသတ္ခံခဲ့ရၿပီး ျဖစ္ေသာ္လည္း ေရာင္စုံဝါးေတာက ႐ြက္ေႂကြဝါးေတာတြင္ စြမ္းအားအေကာင္းဆုံး ျဖစ္ေနေသးသည္မွာ ျငင္းပယ္မရႏိုင္ပါေခ်။

႐ြက္ေႂကြဝါးေတာ႐ွိ အားလုံးေသာ သိုင္းပညာ႐ွင္မ်ားအနက္ ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ရာထူးကို တာဝန္ယူရန္ အရည္အခ်င္းအ႐ွိဆုံး ပုဂၢိဳလ္မွာ ေ႐ႊဝါးေတာ၏ ေခါင္းေဆာင္ျဖစ္သည့္ သူသာလွ်င္ ျဖစ္ေပလိမ့္မည္။

ထို႔ေၾကာင့္ ထိုစကားမ်ားကို သူေျပာလိုက္သည္မွာ ႐ြက္ေႂကြဝါးေတာအတြက္ စဥ္းစားထားျခင္းဟု ထင္ျမင္ရေသာ္လည္း အမွန္တြင္မူ သူက သူ႕အတြက္ အက်ိဳးအျမတ္မ်ားကို ႐ွာေဖြၿပီး ရာထူးတိုးမည့္ အခြင့္အလမ္းအတြက္ ႀကိဳးပမ္းေနျခင္းပင္။

အမွန္အားျဖင့္ ေ႐ႊဝါးေတာ ေခါင္းေဆာင္သာ မကဘဲ၊ က်န္သူ အမ်ားအျပားကလည္း ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ရာထူးကို စိတ္ဝင္စားေနခဲ့ၾကသည္။ သူတို႔အားလုံးက တစ္ဦး၏ ေအာက္၊ ေသာင္းခ်ီသူမ်ား၏ အထက္ ျဖစ္သည့္ ျမင့္မားေသာ ဤရာထူးကို ရယူႏိုင္ရန္ ေမွ်ာ္လင့္ေနမိၾကသည္။

ထို႔ေၾကာင့္ ယခုခဏ၌ သူတို႔အားလုံးက စိတ္တြင္း႐ွိ ေမွ်ာ္လင့္ခ်က္ႏွင့္အတူ ဟုန္းခ်န္ထံ အေသအခ်ာ စိုက္ၾကည့္ေနလ်က္ ႐ွိၾကသည္။ သူတို႔အားလုံးက သူတို႔၏ အမည္ကို ဟုန္းခ်န္ ေျပာလိုက္ေစရန္ ေတာင့္တေနမိၾကသည္။

ခ်ဴဖုန္းထံ လွမ္းၾကည့္ရင္း သူ၏ ေနာက္ဆက္တြဲစကားမ်ားကို ဟုန္းခ်န္ ေျပာလိုက္ခ်ိန္တြင္မူ ဤဝါးေတာ ေခါင္းေဆာင္မ်ားကို မဆိုထားႏွင့္၊ အႀကီးအကဲမ်ားႏွင့္ တပည့္မ်ားပင္ အသက္႐ွဴ မွားသြားၾကေလေတာ့သည္။
''ေရာင္စုံဝါးေတာရဲ႕ ေခါင္းေဆာင္ရာထူးအတြက္ေတာ့ အဲဒါကို ခ်ဴဖုန္း တာဝန္ယူလိမ့္မယ္''

***

အခန္း(၁၃၃၂) ဆက္ရန္...အခန္း(၁၃၃၂) ခရီးတစ္ခုအတြက္ ထြက္ခြာျခင္း

''ဘယ္လို ... ခ်ဴဖုန္းတဲ့လား''

''ခ်ဴဖုန္းက ေရာင္စုံဝါးေတာရဲ႕ ေခါင္းေဆာင္ ျဖစ္လာမွာလား''

''ဒါ ... ဒါ ... ဒါက ဘယ္လိုလုပ္ၿပီး ေကာင္းႏိုင္မွာလဲ''
ထိုစကားမ်ားကို ဟုန္းခ်န္ ေျပာလိုက္သည္ႏွင့္ လူအုပ္တစ္ခုလုံး ႐ုတ္ျခည္း အုတ္ေအာ္ေသာင္းတင္း ျဖစ္သြား၏။ ထိုစကားမ်ားေၾကာင့္ မအံ့ဩမတုန္လႈပ္သူ တစ္ဦးတေလပင္ မ႐ွိပါေခ်။

ဟုန္းခ်န္က ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ရာထူးကဲ့သို႔ ထိုမွ် အေရးႀကီးေသာ ရာထူးတစ္ခုကို တပည့္တစ္ဦးအား ေပးအပ္လိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားမိခဲ့ၾကေပ။

ထို႔ျပင္ သူက ထိုရာထူးကို အေတြ႕အၾကဳံႏွင့္ အရည္အခ်င္း႐ွိသည့္ တပည့္တစ္ဦးအား ေပးအပ္ခဲ့လွ်င္ မေၾကာင္းမဟုတ္ပါေခ်။ သို႔ေသာ္ ထိုရာထူးကို သူ ေပးအပ္ခဲ့သည့္ တပည့္မွာ ႐ြက္ေႂကြဝါးေတာသို႔ လြန္ခဲ့ေသာ ရက္ပိုင္းကမွ ဝင္ေရာက္ခဲ့သည့္ အမည္ခံတပည့္တစ္ဦး ျဖစ္ေနသည္။ ဤသည္ကား အမွန္တကယ္ မေလ်ာ္ကန္လြန္းလွေပ။

ထိုခဏ၌ လူတိုင္းက ခ်ဴဖုန္းထံ အၾကည့္ေ႐ႊ႕လာၾကသည္။ သူတို႔၏ အၾကည့္မ်ားတြင္ အားက်မႈႏွင့္ မနာလိုမႈတို႔ အထင္းသား ပါဝင္ေနလ်က္ ႐ွိၾကသည္။

သို႔ေသာ္ သူတို႔၏ အၾကည့္မ်ားတြင္ သတိမထားမိႏိုင္သည့္ မထင္႐ွားေသာ မုန္းတီးမႈတို႔လည္း ပါဝင္ေနေပသည္။ ေဒါသအခ်ိဳ႕လည္း ပါဝင္ေနသည္သာ ျဖစ္၏။

ထိုခဏ၌ ဤကိစၥကို လက္ခံရန္ မလိုလားဆုံး လူမ်ားမွာ ေ႐ႊ၊ ေငြ၊ ေၾကးႏွင့္သံ ဝါးေတာမ်ား၏ ေခါင္းေဆာင္ေလးဦးႏွင့္ ေရာင္စုံဝါးေတာ၏ အုပ္ခ်ဳပ္မႈ အႀကီးအကဲ အမ်ားအျပားတို႔ပင္။

သူတို႔က ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ရာထူးကို ရယူရန္ အရည္အခ်င္းအ႐ွိဆုံး လူမ်ား ျဖစ္ၾကသည္။ တစ္ခ်ိန္တည္းတြင္ သူတို႔က ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ျဖစ္လာရန္ အလိုလားဆုံး လူမ်ားလည္း ျဖစ္ေနခဲ့ၾကသည္။

သို႔တိုင္ အမည္ခံတပည့္တစ္ဦး ျဖစ္သည့္ ခ်ဴဖုန္းက ဤရာထူးကို သိမ္းပိုက္သြားခဲ့သည္။ မည္သို႔ေသာ ခံစားခ်က္မ်ားကို သူတို႔ ခံစားေနရမည္နည္း။ ဤကိစၥကို လက္ခံရန္ သူတို႔ မည္သို႔ ဆႏၵ႐ွိႏိုင္မည္နည္း။

သို႔ေသာ္ သူတို႔က ဆႏၵမ႐ွိမႈျဖင့္ ျပည့္ႏွက္ေနသည့္တိုင္ တစိုးတစိမွ် ေစာဒက မတက္ဝံ့ၾကေပ။ သူတို႔အေနျဖင့္ တစ္စုံတစ္ရာ မေျပာလိုၾကျခင္း မဟုတ္ဘဲ၊ မေျပာဝံ့ၾကျခင္းသာ ျဖစ္သည္။

အမွန္အားျဖင့္ လူအုပ္သာလွ်င္ အံ့ဩတုန္လႈပ္ေနရသည္ မဟုတ္ပါေခ်။ ခ်ဴဖုန္းကိုယ္တိုင္ပင္ အံ့ဩတုန္လႈပ္ေနရသည္။ ႐ြက္ေႂကြဝါးေတာသို႔ သူ လာေရာက္ခဲ့သည္မွာ ဟုန္းခ်န္ႏွင့္ ေတြ႕ဆုံရန္သာ ျဖစ္၏။ တပည့္တစ္ဦး ဟူသည့္ သူ၏ အဆင့္အတန္းသည္ပင္ အမည္ခံသာ ျဖစ္ခဲ့သည္။

ယခုမူ သူက ဟုန္းခ်န္ႏွင့္ ေတြ႕ဆုံခဲ့ရၿပီး ျဖစ္ေသာေၾကာင့္ သူ၏ အမည္ခံတပည့္ အဆင့္အတန္းကို ဖယ္႐ွား၍ ႐ြက္ေႂကြဝါးေတာႏွင့္ မသက္ဆိုင္သူတစ္ဦး အျဖစ္ လုံးလုံးလ်ားလ်ား ျပန္ေနႏိုင္ၿပီ ျဖစ္ေပသည္။

သို႔တိုင္ ယခုခဏ၌ ဟုန္းခ်န္က သူ႕ကို ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ျဖစ္လာေစရန္ အမွန္တကယ္ ရည္႐ြယ္ေနခဲ့သည္။ ဤအခ်က္က ခ်ဴဖုန္းကို အလြန္ ခက္ခဲေသာ အေနအထားတစ္ခုသို႔ ေရာက္႐ွိသြားေစခဲ့သည္။ တကယ္တမ္းတြင္လည္း ေနာင္တစ္ခ်ိန္တြင္ သူက စႏၵကူးေတာင္သို႔ ျပန္သြားရန္ လိုအပ္သည္ မဟုတ္ပါေလာ။

ဤအထိေတြးမိလွ်င္ ခ်ဴဖုန္းက အတန္ၾကာ တုံ႔ဆိုင္းသြားၿပီးေနာက္ ေျပာလိုက္သည္။
''စီနီယာဟုန္းခ်န္၊ က်ဳပ္ရဲ႕ ပါရမီက နိမ့္က်လြန္းပါတယ္ ... က်ဳပ္က အေရးႀကီးတဲ့ ေရာင္စုံဝါးေတာ ေခါင္းေဆာင္ရာထူးရဲ႕ တာဝန္ေတြကို မျဖည့္ဆည္းေပးႏိုင္မွာ စိုးရတယ္''

''ဟုတ္ပါတယ္ ... ဂိုဏ္းခ်ဳပ္သခင္၊ ခ်ဴဖုန္းေျပာတာ မွန္ပါတယ္ ... သူက ထူးကဲတဲ့ ပါရမီကို ပိုင္ဆိုင္ထားေပမဲ့ အေတာ္ ငယ္႐ြယ္ပါေသးတယ္ ... သူသာ ေရာင္စုံဝါးေတာရဲ႕ ေခါင္းေဆာင္ ျဖစ္လာခဲ့ရင္ အမ်ားက လက္မခံမွာ က်ဳပ္ စိုးမိပါတယ္''
ရာထူးကို ခ်ဴဖုန္း အမွန္တကယ္ ျငင္းပယ္လိုက္သည္ကို ျမင္လွ်င္ အုပ္ခ်ဳပ္မႈ အႀကီးအကဲမ်ား အလြန္ ေပ်ာ္႐ႊင္သြားၾကသည္။ သူတို႔က အခြင့္အေရးကို ခ်က္ခ်င္း ဖမ္းဆုပ္လ်က္ ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ရာထူးကို ခ်ဴဖုန္း လက္လႊတ္ရေစရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ သူတို႔၏ စိုးရိမ္မႈမ်ားကို ဖြင့္ဟလိုက္ၾကသည္။

သို႔ေသာ္ ထိုစကားမ်ားကို ၾကားလွ်င္ ဟုန္းခ်န္က ထင္႐ွားေသာ မ်က္ခုံးမ်ားကို ပင့္လိုက္ၿပီး ၿခိမ္းေျခာက္ဟန္ျဖင့္ က်ယ္ေလာင္စြာ ေျပာလိုက္သည္။
''အမ်ားက လက္ခံမွာ မဟုတ္ဘူးတဲ့လား ... ဘယ္သူ လက္မခံဘဲ ေနရဲသလဲ ငါ ၾကည့္စမ္းမယ္''

ထိုခဏ၌ ေခါင္းေဆာင္ေလးဦး ဆြံ႕အသြားၾကသည္။ မ်က္ေမွာက္႐ွိေနသည့္ က်န္သူမ်ားလည္း တစ္စုံတစ္ရာ မေျပာဝံ့ၾကပါေခ်။ ဟုန္းခ်န္ေၾကာင့္ အျပင္းအထန္ ေၾကာက္လန္႔သြားသည့္ေနာက္ သူတို႔အားလုံးက ဦးေခါင္းမ်ားကို ငုံ႔ထားလိုက္ၾကသည္။

သူတို႔အားလုံးကို အၿပီးအပိုင္ သုတ္သင္ပစ္ႏိုင္သည့္ ဟုန္းခ်န္ စြမ္းအားေကာင္းပုံအရ သူတို႔အနက္ မည္သူက ခ်ဴဖုန္းကို လက္မခံဘဲ ေနဝံ့မည္နည္း။

ခ်ဴဖုန္းကို သူတို႔စိတ္တြင္းမွ လက္မခံခဲ့လွ်င္ပင္ ဟုန္းခ်န္႐ွိေနသေ႐ြ႕ ခ်ဴဖုန္းကို သူတို႔ လက္မခံေၾကာင္း မည္သူတစ္ဦးမွ် ပြင့္ပြင့္လင္းလင္း မေျပာဝံ့ပါေခ်။

''ခ်ဴဖုန္း၊ ေရာင္စုံဝါးေတာရဲ႕ ေခါင္းေဆာင္အျဖစ္ အခ်ိန္တစ္ခုအထိ ႐ွိေနေပးပါ ... တကယ္လို႔ ေနာင္တစ္ခ်ိန္မွာ ေခါင္းေဆာင္အျဖစ္ ဆက္မေနခ်င္ရင္ မင္းအေနနဲ႔ အခ်ိန္မေ႐ြး ရပ္လိုက္လို႔ရပါတယ္''
ဟုန္းခ်န္က ခ်ဴဖုန္းထံ လွမ္းေျပာလိုက္သည္။ သူ႕ေလသံမွာ အလြန္တရာ ညင္သာၿပီး သူက ခ်ဴဖုန္းႏွင့္ ညႇိႏိႈင္းရန္ ႀကိဳးစားေနသကဲ့သို႔ပင္။

ထိုစကားမ်ားကို ၾကားမိလွ်င္ ႐ြက္ေႂကြဝါးေတာမွ လူအုပ္အဖို႔ ပိုမို၍ပင္ အံ့ဩတုန္လႈပ္သြားရသည္။ ခ်ဴဖုန္းအေပၚ ဟုန္းခ်န္ ျပသေနသည့္ သေဘာထားမွာ သူတို႔ မနာလိုျဖစ္ရန္ လုံေလာက္သည္အထိ အမွန္တကယ္ ျခားနားလြန္းလွသည္။

တပည့္တစ္ဦးက ေရာင္စုံဝါးေတာ၏ ႀကီးက်ယ္ခမ္းနားေသာ ေခါင္းေဆာင္ရာထူးကို ရယူျခင္းမွာ တစ္ခ်က္ျဖစ္ေပသည္။ သို႔ေသာ္ ဟုန္းခ်န္က ခ်ဴဖုန္းကို အခ်ိန္မေ႐ြး ႏုတ္ထြက္ႏိုင္သည္ဟု ေျပာခဲ့သည္။ ဤသို႔ေသာ ျပဳစုဆက္ဆံမႈမ်ိဳးကား အမွန္တကယ္ ထူးျခားလြန္းၿပီး ဤဟုန္းခ်န္က ခ်ဴဖုန္းကို အမွန္တကယ္ ဖူးဖူးမႈတ္ထားျခင္း ျဖစ္ေနေတာ့သည္။

သို႔ေသာ္ ထိုအတြက္ သူတို႔ မည္သို႔ တတ္ႏိုင္ေပမည္နည္း။ သူတို႔အေနျဖင့္ ခ်ဴဖုန္းကို အားက်ျခင္း၊ မနာလိုျဖစ္ျခင္းႏွင့္ မုန္းတီးျခင္းတို႔မွတစ္ပါး အျခားမည္သည္ကို ျပဳလုပ္ႏိုင္ဦးမည္နည္း။ အကယ္၍ တစ္ဦးဦးကို သူတို႔ အျပစ္တင္ရမည္ဆိုလွ်င္ ခ်ဴဖုန္းတြင္ ဟုန္းခ်န္ႏွင့္ ထိုမွ် ေကာင္းမြန္ေသာ ဆက္ဆံေရးတစ္ရပ္ ႐ွိေနသည္ကိုသာ အျပစ္တင္ႏိုင္ေပလိမ့္မည္။

''စီနီယာဟုန္းခ်န္ ဒီလိုေျပာေနမွေတာ့ ခ်ဴဖုန္းက ေရာင္စုံဝါးေတာရဲ႕ ေခါင္းေဆာင္ရာထူးကို ယာယီ တာဝန္ယူေပးပါ့မယ္ ... တကယ္လို႔ ေနာင္တစ္ခ်ိန္မွာ ဒီရာထူးအတြက္ သင့္ေတာ္သူတစ္ေယာက္ကို စီနီယာဟုန္းခ်န္ ႐ွာေတြ႕ခဲ့ရင္ ခ်ဴဖုန္း ျပန္လႊဲေပးပါ့မယ္''
ဟုန္းခ်န္ ထိုကဲ့သို႔ ေျပာလာခ်ိန္တြင္ ခ်ဴဖုန္းလည္း ဆက္လက္ျငင္းပယ္ရန္ မသင့္ေတာ့ပါေခ်။ ထို႔ေၾကာင့္ သူ႕အဖို႔ ယာယီအားျဖင့္ ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ လုပ္ေန႐ုံသာ ႐ွိေပေတာ့သည္။

အမွန္အားျဖင့္ ထိုကဲ့သို႔ အေရးႀကီးေသာ ရာထူးတစ္ခုကို ခ်ဴဖုန္းအား လႊဲအပ္ရန္ ဟုန္းခ်န္ ဆုံးျဖတ္ခဲ့ျခင္းမွာ သူက ခ်ဴဖုန္းကို အထင္ႀကီးေၾကာင္း ျပသလိုက္႐ုံသာ မကဘဲ၊ အလြန္႔အလြန္ အဖိုးတန္ေသာ ပုဂၢိဳလ္တစ္ဦးအျဖစ္ သတ္မွတ္ထားေၾကာင္း လူတိုင္းကို ျပသလိုက္ျခင္းလည္း ျဖစ္ေပသည္။

ဟုန္းခ်န္ ေျပာဆိုခဲ့ပုံအရ အကယ္၍ ခ်ဴဖုန္းသာ ဆက္လက္ျငင္းပယ္ခဲ့လွ်င္ သူက ဟုန္းခ်န္အား မ်က္ႏွာသာမေပးရာ ေရာက္သြားေပလိမ့္မည္။

ထို႔ေၾကာင့္ ဤကိစၥ ၿပီးျပတ္သြားေလေတာ့သည္။

ဟုန္းခ်န္က ႐ြက္ေႂကြဝါးေတာ၏ ဂိုဏ္းခ်ဳပ္သစ္ ျဖစ္လာၿပီး ခ်ဴဖုန္းက ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္သစ္ ျဖစ္လာသည္။

သို႔ေသာ္ ဟုန္းခ်န္ျဖစ္ေစ သို႔မဟုတ္ ခ်ဴဖုန္းျဖစ္ေစ၊ လက္ေတြ႕တြင္ သူတို႔က သူတို႔၏ ရာထူးမ်ားကို အမည္ခံ႐ုံသာ ရယူထားခဲ့ၾကသည္။

သူတို႔ႏွစ္ဦးက အေရးႀကီးေသာ ထိုရာထူးႏွစ္ခုကို ရယူထားၾကေသာ္လည္း ထိုရာထူးမ်ားႏွင့္ အမွန္တကယ္ သက္ဆိုင္သည့္ မည္သည့္ကိစၥကိုမွ် မျပဳလုပ္ခဲ့ၾကေပ။

ဟုန္းခ်န္က ႐ြက္ေႂကြဝါးေတာကို အမွန္တကယ္ စီမံအုပ္ခ်ဳပ္မႈ မျပဳခဲ့ပါေခ်။ ထိုအစား သူက ေျဖ႐ွင္းရန္ ကိစၥအဝဝကို ဝါးေတာအသီးသီး၏ ေခါင္းေဆာင္မ်ားအား လႊဲအပ္ထားခဲ့သည္။

ခ်ဴဖုန္းအတြက္မူ သူလည္း ဟုန္းခ်န္နည္းတူပင္ ျဖစ္၏။ သူက ေရာင္စုံဝါးေတာ၏ ေခါင္းေဆာင္ ျဖစ္ေသာ္လည္း ေရာင္စုံဝါးေတာႏွင့္ စပ္လ်ဥ္းသည့္ အရာအားလုံးကို ေရာင္စုံဝါးေတာ၏ အုပ္ခ်ဳပ္မႈ အႀကီးအကဲမ်ားအား လႊဲအပ္ထားခဲ့သည္။

သူ႕ကို ဤအႀကီးအကဲမ်ား မႏွစ္သက္ေၾကာင္း ခ်ဴဖုန္းသိေနသည္။ ထို႔ျပင္ သူကိုယ္တိုင္လည္း သူတို႔ကို မယုံၾကည္ပါေခ်။ ထို႔ေၾကာင့္ သူက ဤအႀကီးအကဲမ်ားကို သူတို႔စိတ္ႀကိဳက္ ျပဳလုပ္ခြင့္ေပးလိမ့္မည္ မဟုတ္သည္မွာ သဘာဝက်ေပသည္။

ခ်ဴဖုန္းက သူတို႔အတြက္ စည္းကမ္းမ်ား ခ်မွတ္ထားခဲ့သည္။ သူက သူတို႔ကို ေရာင္စုံဝါးေတာအေပၚ စီမံအုပ္ခ်ဳပ္ခြင့္ ေပးထားေသာ္လည္း စည္းကမ္းမ်ားကို ခ်ိဳးေဖာက္၍ သူတို႔စိတ္ႀကိဳက္ ျပဳလုပ္ရန္မူ ခြင့္ျပဳမထားခဲ့ေပ။ ထိုသို႔မဟုတ္ဘဲ ၎ကို ခ်ဴဖုန္း ေတြ႕႐ွိခဲ့လွ်င္ သူက သူတို႔ကို ေပါ့ပါးေသာ ျပစ္ဒဏ္တစ္ခုမွ်ျဖင့္ အလြတ္ေပးလိမ့္မည္ မဟုတ္ပါေခ်။

အႏွစ္ခ်ဳပ္အားျဖင့္ အုပ္ခ်ဳပ္မႈ အႀကီးအကဲမ်ားမွာ ခ်ဴဖုန္း၏ သစၥာေတာ္ခံမ်ား ျဖစ္လာၿပီး အစစ္အမွန္ အာဏာကား ခ်ဴဖုန္းလက္တြင္း၌ ႐ွိေနဆဲပင္။

ဟုန္းခ်န္ႏွင့္ ခ်ဴဖုန္းတို႔အျပင္ ႐ြက္ေႂကြဝါးေတာတြင္ လီ႐ွန္းႏွင့္ မင္ေလးတို႔ ပိုင္ဆိုင္ထားသည့္ အဆင့္အတန္းမွာလည္း ႀကီးမားစြာ ထိုးတက္သြားခဲ့သည္။

တပည့္မ်ားကို မဆိုထားႏွင့္၊ အႀကီးအကဲမ်ားပင္ သူတို႔ႏွစ္ဦးကို ျပစ္မွားရန္ မဝံ့ၾကဘဲ၊ ထိုအစား သူတို႔ကို အလြန္ ေလးစားစြာ ဆက္ဆံလာၾကရသည္။ ေျမာက္ျမားစြာေသာ လူမ်ားက သူတို႔ကို ေဖာ္လံဖား၍ သူတို႔ႏွင့္ မိတ္ေဆြမ်ားျဖစ္ရန္ ႀကိဳးပမ္းလာၾကသည္ အထိပင္။

အျခားသူမ်ား၏ အမိႈက္ဟု ႐ႈျမင္ျခင္းကို ခံခဲ့ၾကရသည့္ စြန္႔ပစ္ဝါးေတာ၏ ဤတပည့္ႏွစ္ဦးမွာ ႐ြက္ေႂကြဝါးေတာတြင္ ႀကီးမားေသာ ဩဇာကို ပိုင္ဆိုင္သြားသည့္အတြက္ ခ်က္ခ်င္းဆိုသလို အဆမ်ားစြာ တိုးတက္သြားၿပီး အထင္ေပၚဆုံးလူမ်ား ျဖစ္လာၾကသည္။

ပင္ကိုအားျဖင့္ ဤသို႔ျဖစ္ရသည့္ အေၾကာင္းရင္းမွာ ခ်ဴဖုန္းေၾကာင့္ပင္။ သူတို႔၏ လက္႐ွိ အဆင့္အတန္းကို ရယူႏိုင္ျခင္းႏွင့္ လူတိုင္း၏ ေလးစားမႈကို ခံရျခင္းတို႔မွာ သူတို႔၏ ခ်ဴဖုန္းႏွင့္ ဆက္ဆံေရးေၾကာင့့္ ျဖစ္သည္။

ထို႔ေၾကာင့္ လီ႐ွန္းႏွင့္ မင္ေလးတို႔မွာ ခ်ဴဖုန္းႏွင့္ မိတ္ေဆြဖြဲ႕ရန္ ဆုံးျဖတ္ခဲ့သည့္ သူတို႔၏ ဆုံးျဖတ္ခ်က္အတြက္ အမွန္တကယ္ ေက်နပ္ေပ်ာ္႐ႊင္ေနလ်က္ ႐ွိၾကသည္။

သို႔ေသာ္ ေပ်ာ္႐ႊင္ေနသူ ႐ွိလွ်င္ ဝမ္းနည္းေနသူ ႐ွိမည္ဟု ဆို႐ိုး႐ွိေပသည္။

လီ႐ွန္းႏွင့္ မင္ေလးတို႔ ေပ်ာ္႐ႊင္ေနခ်ိန္တြင္ ခ်ဴဖုန္းႏွင့္ မိတ္ေဆြဖြဲ႕ရန္ အခြင့္အေရး ရခဲ့ေသာ္လည္း ၎ကို လက္လြတ္ခဲ့ၾကသည့္ စီနီယာအစ္ကိုေ႐ွာင္ႏွင့္ စြန္႔ပစ္ဝါးေတာ၏ က်န္တပည့္ေဟာင္းမ်ားမွာ အဆုံးမ႐ွိေသာ ေနာင္တျဖင့္ ျပည့္ႏွက္ေနလ်က္ ႐ွိၾကသည္။

စီနီယာအစ္ကိုေ႐ွာင္ႏွင့္ က်န္သူမ်ားက ႐ြက္ေႂကြဝါးေတာကို စြန္႔ခြာမသြားခဲ့ၾကေပ။ သူတို႔က သူတို႔၏ တပည့္အဆင့္အတန္းကို ဆုံး႐ႈံးသြားၿပီး အမွန္ပင္ အေစခံမ်ား ျဖစ္လာခဲ့ၾကသည္။

သို႔ေသာ္ ဤအတြက္ သူတို႔ အျပစ္တင္ႏိုင္မည့္သူ မ႐ွိပါေခ်။ တကယ္တမ္းတြင္လည္း ၎တို႔မွာ သူတို႔၏ လုပ္ရပ္မ်ားအတြက္ အက်ိဳးဆက္မ်ားပင္ မဟုတ္ပါေလာ။

႐ြက္ေႂကြဝါးေတာမွ အျခားသူမ်ားအတြက္မူ ယခင္ဂိုဏ္းခ်ဳပ္၏ သစၥာခံမ်ားမွတစ္ပါး က်န္သူမ်ားမွာ ႐ြက္ေႂကြဝါးေတာ ဂိုဏ္းခ်ဳပ္ႏွင့္ ေရာင္စုံဝါးေတာ ေခါင္းေဆာင္တို႔၏ ေသဆုံးမႈေၾကာင့္ အမွန္တကယ္ သက္ေရာက္မႈ မ႐ွိခဲ့ေပ။

သူတို႔ ဆႏၵ႐ွိသမွ်မွာ ႐ြက္ေႂကြဝါးေတာ ပိုမို၍ သန္မာလာရန္ပင္။ ဂိုဏ္းခ်ဳပ္ မည္သူျဖစ္ေစကာမူ၊ သူတို႔က ဂိုဏ္းခ်ဳပ္ကို စြမ္းအားေကာင္းေသာ ပုဂၢိဳလ္တစ္ဦး ျဖစ္ေစရန္သာ အလို႐ွိၾကသည္။ ဟုန္းခ်န္ စြမ္းအားေကာင္းပုံအရ သူတို႔က သူ႕ကို ဂိုဏ္းခ်ဳပ္သစ္အျဖစ္ အမွန္ပင္ အလြန္ လိုလားၾကေပသည္။

သို႔ေသာ္ နန္းေတာ္မွာ ဧကရာဇ္ႏွင့္အတူ ေျပာင္းလဲသည္ဟု ဆို႐ိုး႐ွိေလသည္။ မည္သို႔ျဖစ္ေစကာမူ ႐ြက္ေႂကြဝါးေတာ၏ ဦးေဆာင္သူ ေျပာင္းလဲမႈက ႐ြက္ေႂကြဝါးေတာ၏ အတြင္းႏွင့္အျပင္ ဆက္ဆံေရး ႏွစ္ရပ္စလုံးအတြက္ ႀကီးမားေသာ သက္ေရာက္မႈတစ္ခုကို ျဖစ္ေပၚေစခဲ့သည္။

အကယ္၍ ဤကိစၥအားလုံးအတြက္ အဓိက တရားခံကို ႐ွာေဖြရမည္ဆိုလွ်င္ ၎မွာ ခ်ဴဖုန္းသာ ျဖစ္ေပလိမ့္မည္။ ခ်ဴဖုန္းေၾကာင့္သာ မဟုတ္ခဲ့လွ်င္ ႐ြက္ေႂကြဝါးေတာတြင္ ထိုမွ် ႀကီးမားေသာ အေျပာင္းအလဲတစ္ခု ႐ွိလာခဲ့လိမ့္မည္ မဟုတ္ေပ။

သို႔ေသာ္ ခ်ဴဖုန္းက ဤကိစၥအားလုံးကို အေရးမစိုက္ပါေခ်။ တကယ္တမ္းတြင္လည္း သူက အလြန္ အေရးႀကီးေသာ ကိစၥတစ္ခုကို ျပဳလုပ္ရန္ ႐ွိေနေသးသည္ မဟုတ္ပါေလာ။ ေရာင္စုံဝါးေတာ ေခါင္းေဆာင္၏ တာဝန္မ်ားကို အုပ္ခ်ဳပ္မႈ အႀကီးအကဲမ်ားအား လႊဲအပ္ၿပီးေနာက္တြင္ ခ်ဴဖုန္းက ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာသို႔ ခရီးတစ္ခုအတြက္ ထြက္ခြာသြားေလေတာ့သည္။

***

အခန္း(၁၃၃၃) ဆက္ရန္...အခန္း(၁၃၃၃) ေသခ်င္ေနတာပဲ

ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွာ မဟာမိတ္နယ္ေျမ၏ အလယ္ပိုင္းေဒသတြင္ တည္႐ွိေပသည္။ အလယ္ပိုင္းေဒသမွာ မဟာမိတ္နယ္ေျမတြင္ အစည္ပင္ဆုံးေဒသ ျဖစ္သည္။ ၎မွာ အသီးသီးေသာ အင္အားစုမ်ားမွ အဖြဲ႕ခြဲမ်ား အစုစည္းေနဆုံး ေနရာပင္။

ထိုေဒသတြင္ တည္ေထာင္ထားႏိုင္သည့္ အင္အားစုအားလုံးမွာ သာမန္ပုဂၢိဳလ္မ်ား မဟုတ္ၾကေပ။ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာကို ႐ြာတစ္႐ြာဟု ေခၚေဝၚၾကေသာ္လည္း အမွန္အားျဖင့္ ၎မွာ ေလွ်ာ့တြက္၍မရသည့္ အလြန္ စြမ္းအားေကာင္းေသာ ေနရာတစ္ခု ျဖစ္၏။

မဟာမိတ္နယ္ေျမ တစ္ခုလုံး၌ပင္ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွာ အလြန္႔အလြန္ ေက်ာ္ၾကားေပသည္။ ထို႔ျပင္ ၎မွာ စြမ္းအားေကာင္းေသာ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ား လည္ပတ္ရန္ အႏွစ္သက္ဆုံး ေနရာတစ္ခုလည္း ျဖစ္ေနခဲ့သည္။

ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာသို႔ လည္ပတ္ရန္ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ား ႏွစ္သက္ၾကသည္မွာ အခ်က္ႏွစ္ခ်က္ေၾကာင့္ပင္။

ပထမအခ်က္မွာ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာက ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ားကို ဧည့္သည္ေတာ္မ်ားအျဖစ္ လက္ခံရန္ ႏွစ္သက္ေသာေၾကာင့္ ျဖစ္သည္။ တစ္ဦးတစ္ေယာက္အဖို႔ အရည္အခ်င္း ျပည့္မီသေ႐ြ႕ ေ႐ွးေဟာင္းေက်း႐ြာသို႔ ဝင္ေရာက္ၿပီး ေဖာ္ေ႐ြေသာ ဆက္ဆံမႈမ်ားကို ရယူႏိုင္ေပသည္။

ဒုတိယအခ်က္မွာ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာတြင္ ႀကီးမားေသာ ပမာဏတစ္ခု႐ွိသည့္ ခ်ိပ္ပိတ္ေရခဲေရမ်ားကို ပိုင္ဆိုင္ထားေသာေၾကာင့္ ျဖစ္သည္။ တစ္ဦးတစ္ေယာက္အေနျဖင့္ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာထံမွ ေကာင္းမြန္ေသာ အထင္အျမင္တစ္ခုကို ရယူႏိုင္စြမ္း႐ွိလွ်င္ ခ်ိပ္ပိတ္ေရခဲေရမ်ားကို လက္ေဆာင္အျဖစ္ ရ႐ွိႏိုင္ေပသည္။

ခ်ိပ္ပိတ္ေရခဲေရတြင္ ကမ႓ာ့စိတ္ဝိညာဥ္ အစီအရင္စည္းမ်ား၏ ခြန္အားကို ျမႇင့္တင္ႏိုင္စြမ္း ႐ွိေနသည္။ အထူးသျဖင့္ ပိတ္ေလွာင္စည္းမ်ားအတြက္ ျဖစ္ၿပီး ၎က အံ့ဩဖြယ္ေကာင္းေသာ အာနိသင္တစ္ခုကို ပိုင္ဆိုင္ထားေလသည္။

ခ်ိပ္ပိတ္ေရခဲေရမွာ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ားအတြက္ ရတနာတစ္မ်ိဳးပင္။ ထို႔ျပင္ ၎ကို သူတို႔ ရ႐ွိႏိုင္မည့္ တစ္ခုတည္းေသာ နည္းလမ္းမွာ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွသာ ျဖစ္ေပသည္။

ထို႔ေၾကာင့္ ႏွစ္စဥ္၊ လစဥ္၊ ရက္စဥ္ဆိုသလို ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာသို႔ သူတို႔၏ ဧည့္သည္မ်ား ျဖစ္လာရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ား လာေရာက္ေလ့႐ွိၾကသည္။

သို႔ေသာ္ မည္သူမဆို ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာ၏ ဧည့္သည္တစ္ဦး ျဖစ္လာႏိုင္သည္ မဟုတ္ပါေခ်။

ပထမအခ်က္အေနျဖင့္ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူတစ္ဦး ျဖစ္ရေပမည္။ ဤသည္မွာ အနိမ့္ဆုံး လိုအပ္ခ်က္ပင္။

ေနာက္တစ္ခ်က္အေနျဖင့္ ထူးကဲေသာ ကမ႓ာ့စိတ္ဝိညာဥ္ နည္းစနစ္မ်ားကို ပိုင္ဆိုင္ထားရေပမည္။ သို႔မဟုတ္လွ်င္ တစ္ဦးတစ္ေယာက္အဖို႔ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာသို႔ ဝင္ေရာက္မည့္အေၾကာင္းကို ေမ့ထားလိုက္ႏိုင္ၿပီ ျဖစ္ေပသည္။

၎တို႔မွာ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာ၏ ဧည့္သည္တစ္ဦးအျဖစ္ လက္ခံမႈကို ရ႐ွိရန္အတြက္ လိုအပ္ခ်က္မ်ား၊ အရည္အခ်င္းမ်ားပင္။

တစ္ဦးတစ္ေယာက္တြင္ ထူးကဲေသာ ကမ႓ာ့စိတ္ဝိညာဥ္ နည္းစနစ္မ်ား ပိုင္ဆိုင္ထားျခင္း ႐ွိမ႐ွိ၊ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာ၏ ဧည့္သည္တစ္ဦးအျဖစ္ လက္ခံရန္ အရည္အခ်င္း ႐ွိမ႐ွိကို ဆုံးျဖတ္ရန္ စစ္ေဆးမႈတစ္ခု ႐ွိေနၿမဲ ျဖစ္သည္။

ဤစစ္ေဆးမႈမွာလည္း ႐ိုး႐ွင္းေသာ စမ္းသပ္မႈ မဟုတ္ပါေခ်။ တစ္ဦးတစ္ေယာက္အဖို႔ အဆင့္ႏွစ္ခုကို ျဖတ္သန္းရေပမည္။

ပထမစစ္ေဆးမႈမွာ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူတစ္ဦး ဟုတ္မဟုတ္ ဆုံးျဖတ္ရန္ ျဖစ္၏။ ဤစစ္ေဆးမႈကို ေက်ာ္ျဖတ္ရန္ အနိမ့္ဆုံး လိုအပ္ခ်က္မွာ ေ႐ႊေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူတစ္ဦး ျဖစ္ရန္ လိုအပ္ေပသည္။

ဒုတိယစစ္ေဆးမႈမွာ စိတ္ဝိညာဥ္စြမ္းအား ခြန္အားကို ဆုံးျဖတ္ရန္ ျဖစ္၏။ တစ္ဦးတစ္ေယာက္အဖို႔ ဤစစ္ေဆးမႈကို ေက်ာ္ျဖတ္ျခင္းျဖင့္သာ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာသို႔ ဝင္ေရာက္ခြင့္ရၿပီး ေနာက္ပိုင္းတြင္ သူတို႔၏ ဧည့္သည္ ျဖစ္လာေပလိမ့္မည္။

ပထမစစ္ေဆးမႈကို အခ်ိန္ေ႐ြး ခံယူႏိုင္ေပသည္။ သို႔ေသာ္ ဒုတိယစစ္ေဆးမႈကိုမူ လစဥ္ တစ္ရက္ေန႔၊ ဆယ့္တစ္ရက္ေန႔ႏွင့္ ႏွစ္ဆယ့္တစ္ရက္ေန႔တို႔တြင္သာ ခံယူႏိုင္ေပသည္။

လက္႐ွိတြင္ ခ်ဴဖုန္းက ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာထံ ေရာက္႐ွိေနခဲ့ၿပီး ျဖစ္သည္။ ထို႔ျပင္ သူက ပထမစစ္ေဆးမႈကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ခဲ့ၿပီးေခ်ၿပီ။

သို႔ေသာ္ ဒုတိယစစ္ေဆးမႈ ဖြင့္လွစ္ရန္ အခ်ိန္မက်ေသးသျဖင့္ ခ်ဴဖုန္းလည္း ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာသို႔ မဝင္ႏိုင္ေသးပါေခ်။

ထို႔ေၾကာင့္ ယခုခဏ၌ ခ်ဴဖုန္းက ေ႐ွးေဟာင္းေက်း႐ြာ ပိုင္ဆိုင္ေသာ္လည္း ၎၏ အျပင္ဘက္တြင္ တည္႐ွိသည့္ ေနရာတစ္ခုတြင္ ေနထိုင္ရန္ စီစဥ္ေပးခံထားရသည္။

''ဒါက နည္းနည္းေတာ့ စုတ္ျပတ္လြန္းမေနဘူးလား''
သူ႕ေ႐ွ႕ေမွာက္႐ွိ အရာမ်ားကို ျမင္ေတြ႕မိလွ်င္ ခ်ဴဖုန္းအေနျဖင့္ ျပင္ဆင္ထားေသာ္လည္း အံ့ဩသြားမိဆဲ ျဖစ္သည္။

ခ်ဴဖုန္းေ႐ွ႕တြင္ ေပၚေပါက္ေနသည့္ ျမင္ကြင္းမွာ သူ ေနာက္ထပ္ရက္အနည္းငယ္ ေနထိုင္ရမည့္ ေနရာပင္။ သူက ဤေနရာတြင္ အျခားသူ အမ်ားအျပားႏွင့္ အတူေနထိုင္ၿပီး ဒုတိယစစ္ေဆးမႈ ဖြင့္လွစ္မည့္ရက္ကို ေစာင့္ဆိုင္းရေပလိမ့္မည္။

အမွန္အားျဖင့္ ထိုေနရာ႐ွိ ႐ႈခင္းမွာ မဆိုးလွပါေခ်။ တကယ္တမ္းတြင္လည္း ၎က ႐ြက္နီေဆာင္းဦးသစ္ပင္မ်ား၊ ရင္သပ္႐ႈေမာဖြယ္ ပန္းပင္မ်ား၊ ေတြ႕ေနက်မဟုတ္ေသာ ျမက္ပင္မ်ား၊ စီးဆင္းေနေသာ ျမစ္မ်ား၊ ျမင့္မားေသာ ေရတံခြန္မ်ားႏွင့္ အလားတူအရာမ်ား ပတ္ဝိုင္းေနသည့္ ေတာင္မ်ားအတြင္း၌ တည္႐ွိေနခဲ့သည္ မဟုတ္ပါေလာ။ ထိုသို႔ေသာ ႐ႈခင္းအားလုံးမွာ ဤေနရာတြင္ ႐ွိေနခဲ့ၾကသည္။

သို႔ေသာ္ ကံမေကာင္းသည္မွာ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာက မည္သူတစ္ဦးကိုမွ် စိတ္ႀကိဳက္သြားလာရန္ ခြင့္မျပဳဘဲ၊ သတ္မွတ္ထားေသာ အပိုင္းတစ္ခုတည္းတြင္သာ သြားလာႏိုင္မည့္ စည္းကမ္းတစ္ခုကို ခ်မွတ္ထားခဲ့ျခင္း ျဖစ္သည္။

သတ္မွတ္ထားေသာ ထိုအပိုင္းမွာ ႐ွင္းလင္းေနေသာ ေျမကြက္လပ္တစ္ခုပင္။ ေျမကြက္လပ္မွာ မ်ားစြာ မႀကီးမားလွဘဲ၊ အသြင္အျပင္အားျဖင့္လည္း အလြန္ ႐ိုးစင္း၍ ၾကမ္းတမ္းေပသည္။

ေျမကြက္လပ္၏ မ်က္ႏွာျပင္ကို အထူးျဒပ္ဝတၳဳမ်ားျဖင့္ ဖုံးလႊမ္းမထားသည့္အျပင္ မ်က္ႏွာျပင္ေပၚတြင္ ေက်ာက္ျပားတစ္ခ်ပ္ပင္ ႐ွိမေနခဲ့ပါေခ်။ ထိုအစား ၎က ေျမႀကီးသက္သက္ ျဖစ္ေနခဲ့သည္။ မွန္ေပသည္။ ေျမႀကီးသက္သက္ ျဖစ္၏။ ေတာင္ကို ဖုံးလႊမ္းထားသည့္ ညစ္ပတ္ေပေရေသာ ေျမႀကီးႏွင့္ အတူတူပင္။

ထို႔ျပင္ ေျမကြက္လပ္တြင္ ေက်ာက္သားအိမ္တစ္လုံး၊ သစ္သားအိမ္ႏွစ္လုံးႏွင့္ သက္ငယ္တဲဆယ္လုံးတို႔သာ ႐ွိေနၾကသည္။ ၎တို႔မွာ ဧည့္သည္မ်ားအတြက္ ေဂဟာမ်ား ျဖစ္ၾကသည္။

အေရးအႀကီးဆုံး အခ်က္မွာ ေျမကြက္လပ္တြင္ စိတ္ဝိညာဥ္ အစီအရင္စည္းမ်ား ခင္းက်င္းျခင္း သို႔မဟုတ္ ထူးျခားေသာ ရတနာမ်ား အသုံးျပဳျခင္းတို႔ကို ခြင့္မျပဳျခင္းပင္။ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာ သတ္မွတ္ေပးထားသည့္ ေနရာမ်ားတြင္ အနားယူရန္သာ ခြင့္ျပဳထားၿပီး ေျမျပင္ေပၚတြင္ ေစာင္တစ္ထည္ ျဖန္႔ခင္းျခင္းကိုပင္ ခြင့္မျပဳပါေခ်။

သူတို႔က အိမ္မ်ားတြင္ ေနထိုင္ျခင္း မဟုတ္လွ်င္ အျပင္ဘက္တြင္ အိပ္စက္႐ုံသာ တတ္ႏိုင္သည္အထိ ႐ိုး႐ွင္းေပသည္။ မည္သူမဆို စည္းကမ္းမ်ားကို လိုက္နာရန္ ျငင္းပယ္ခဲ့လွ်င္ ဒုတိယစစ္ေဆးမႈတြင္ ပါဝင္ခြင့္ကို ဆုံး႐ႈံးရေပလိမ့္မည္။

အဘယ္ေၾကာင့္ဆိုေသာ္ ေျမကြက္လပ္အနီးတြင္ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွ လူအမ်ားအျပား စခန္းခ်ေနၾက၍ ျဖစ္သည္။ သူတို႔က ခ်ဴဖုန္းႏွင့္ က်န္သူမ်ားကို ေစာင့္ၾကည့္ေနသည့္ အေလ်ာက္ ထိုေနရာတြင္ ပန္းပု႐ုပ္မ်ားကဲ့သို႔ မလႈပ္မယွက္ ရပ္ေနခဲ့ၾကသည္။

''နင္ ေရာက္လာၿပီးမွေတာ့ လက္ဗလာနဲ႔ ျပန္သြားလို႔ မျဖစ္ဘူးေလ ... မနက္ျဖန္က ဒုတိယစစ္ေဆးမႈ ဖြင့္မယ့္ေန႔ဆိုေတာ့ ဒီေနရာမွာ တစ္ညတာ ေနရမွာေပါ့''

''အိုး ဒါနဲ႔၊ ဟိုေက်ာက္အိမ္က အေတာ္ ေကာင္းပုံရတယ္ ... အဲဒီမွာ တစ္ေယာက္မွ မ႐ွိဘူးဆိုေတာ့ နင္ သြားေနသင့္တယ္''
အက္ဂီက ေျပာလိုက္ျခင္း ျဖစ္သည္။

အက္ဂီေျပာသည္ကို ၾကားလိုက္ရလွ်င္ ေျမကြက္လပ္တြင္ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွ လူမ်ားကို ထည့္မတြက္ပါက စုစုေပါင္း လူသုံးဆယ့္႐ွစ္ဦး ႐ွိေနသည္ကို ခ်ဴဖုန္း သတိျပဳမိလိုက္သည္။

ဤလူသုံးဆယ့္႐ွစ္ဦးမွာ အိုမင္းသူႏွင့္ ငယ္႐ြယ္သူ အသက္အ႐ြယ္စုံပင္။ သူတို႔အနက္ အငယ္ဆုံးမွာ ခ်ဴဖုန္းႏွင့္ သက္တူ႐ြယ္တူခန္႔ ႐ွိေပသည္။ အႀကီးဆုံးအတြက္မူ သူ႕အသက္မွာ ရာေပါင္းမ်ားစြာ သို႔မဟုတ္ တစ္ေထာင္နီးနီး ႐ွိေနသည္။

သို႔ေသာ္ ဤသည္မွာ အေရးမႀကီးပါေခ်။ အေရးႀကီးသည္မွာ ဤသုံးဆယ့္႐ွစ္ဦးအနက္ ဆယ္ဦးက သက္ငယ္တဲဆယ္လုံးကို သိမ္းပိုက္ထားၿပီး ႏွစ္ဦးက သစ္သားအိမ္ႏွစ္လုံးကို သိမ္းပိုက္ထားျခင္း ျဖစ္သည္။ က်န္႐ွိသူ ႏွစ္ဆယ့္ေျခာက္ဦးစလုံးမွာ ညစ္ပတ္ေသာ ေျမျပင္ေပၚတြင္ ထိုင္ေနလ်က္ ႐ွိၾကသည္။ အိမ္အားလုံးအနက္ အေကာင္းဆုံးျဖစ္သည့္ ထိုေက်ာက္သားအိမ္ကား အမွန္တကယ္ လစ္လပ္ေနခဲ့သည္။

ထို႔ေၾကာင့္ ယခုခဏ၌ ခ်ဴဖုန္းက အနည္းငယ္မွ် တုံ႔ဆိုင္းမေနဘဲ ထိုေက်ာက္သားအိမ္ထံ ေလွ်ာက္လွမ္းသြားလိုက္သည္။

ကနဦးတြင္ မည္သူတစ္ဦးကမွ် ခ်ဴဖုန္း၏ လုပ္ရပ္မ်ားကို အေလးမထားခဲ့ဘဲ၊ အားလုံးက ကိုယ့္အလုပ္ကိုယ္ လုပ္ေနခဲ့ၾကသည္။

သို႔ေသာ္ ထိုေက်ာက္သားအိမ္ထံ ခ်ဴဖုန္း စတင္ ေလွ်ာက္လွမ္းသြားၿပီးေနာက္ လူတိုင္းက ခ်ဴဖုန္းထံ အၾကည့္ေ႐ႊ႕လာၾကသည္။ ထို႔ျပင္ သူတို႔၏ အၾကည့္အားလုံးမွာ အံ့ဩမႈသို႔ ေျပာင္းလဲသြားၾကသည္။

သူတို႔အနက္ အမွန္တကယ္ ေအးစက္စြာ ရယ္ေမာလိုက္သူအခ်ိဳ႕ ႐ွိလာသည္အထိ ျဖစ္၏။ သူတို႔က အျခားသူ၏ ေဘးဒုကၡကို ေပ်ာ္႐ႊင္ေနၾကသည့္ အလားပင္။ သူတို႔၏ အက်ီရင္ဘတ္တြင္းမွ စားစရာမ်ား ထုတ္ယူ၍ ပြဲၾကည့္ရန္ ေစာင့္ေမွ်ာ္ေနသကဲ့သို႔ စတင္ စားေသာက္လိုက္သည္အထိ အ႐ွက္မဲ့သူမ်ားပင္ ႐ွိလာသည္။

''ေဟး ... အဲဒီကေကာင္ေလး၊ မင္းအေနနဲ႔ အဲဒီေက်ာက္အိမ္ကို မစဥ္းစားဖို႔ ငါ အၾကံေပးပါရေစ''
သစ္သားအိမ္ႏွစ္လုံးကို ခ်ဴဖုန္း ျဖတ္ေလွ်ာက္မိခ်ိန္တြင္ ဘယ္ဘက္႐ွိ သစ္သားအိမ္မွ အသံတစ္ခု ႐ုတ္တရက္ ထြက္ေပၚလာေလသည္။

အသံလာရာသို႔ ၾကည့္လိုက္လွ်င္ သစ္သားအိမ္ေ႐ွ႕တြင္ အျပာေရာင္ ဝတ္႐ုံတစ္ထည္ကို ဝတ္ဆင္ထားသည့္ လူလတ္ပိုင္း အမ်ိဳးသားတစ္ဦး ရပ္ေနသည္ကို ခ်ဴဖုန္း ေတြ႕႐ွိလိုက္ရသည္။

ထိုအမ်ိဳးသားမွာ သာမန္ ႐ုပ္ရည္တစ္ခုႏွင့္ ျဖစ္၏။ သူ႕မ်က္လုံးမ်ားမွာ အားမာန္မ႐ွိဘဲ၊ သူ႕မ်က္ႏွာထက္တြင္ မသပ္ရပ္ေသာ မုတ္ဆိတ္တိုတစ္ခု ႐ွိေနသည္။ ဘူးသီးေျခာက္ အရက္ဘူးတစ္လုံးကို ကိုင္ေဆာင္ထားသည့္ သူက သစ္သားအိမ္တံခါးကို မွီလ်က္ သူ႕မ်က္ႏွာထက္႐ွိ အျပဳံးတစ္ခုႏွင့္ သူ႕မ်က္လုံးမ်ား႐ွိ အထင္ေသးမႈတို႔ႏွင့္အတူ ခ်ဴဖုန္းထံ လွမ္းၾကည့္ေနသည္။

ဤအမ်ိဳးသားက သိုင္းဘုရင္ အဆင့္ခုနစ္ က်င့္ၾကံမႈကို ပိုင္ဆိုင္ထားေလသည္။ သူ၏ က်င့္ၾကံမႈက ခ်ဴဖုန္းထက္ ပိုမိုျမင့္မားေပသည္။

ကံမေကာင္းစြာျဖင့္ သူ၏ တိုက္ပြဲဝင္စြမ္းအားမွာ မေျပာပေလာက္ပါေခ်။ ၎မွာ သာမန္မွ်သာ ျဖစ္ၿပီး ညံ့ဖ်င္းသည္ဟုပင္ ဆိုႏိုင္ေပသည္။ သူကဲ့သို႔ေသာ လူတစ္ဦးမွာ အဆင့္ခုနစ္ သိုင္းဘုရင္တစ္ဦး ျဖစ္ေနခဲ့သည့္တိုင္ ခ်ဴဖုန္းကို ယွဥ္ႏိုင္လိမ့္မည္ မဟုတ္ေပ။ သူတစ္ဦးတည္းကို မဆိုထားႏွင့္၊ တစ္ရာ တစ္ေထာင္ ႐ွိေနခဲ့လွ်င္ပင္ ခ်ဴဖုန္းက သူတို႔ကို အေရးစိုက္ဦးမည္ မဟုတ္ပါေခ်။

''က်ဳပ္က ဘာေၾကာင့္ အဲဒီေက်ာက္အိမ္ကို မစဥ္းစားရမွာလဲ ... ေက်ာက္အိမ္ထဲမွာ တစ္ေယာက္ေယာက္ ႐ွိေနလို႔လား''
ခ်ဴဖုန္းက သူ႕ေျခလွမ္းမ်ားကို ရပ္လိုက္ၿပီး အျပဳံးတစ္ခုျဖင့္ ေမးလိုက္၏။

''အင္း''
ထိုမသပ္ရပ္ေသာ ယစ္ထုပ္အမ်ိဳးသားက ေခါင္းညိတ္ျပလိုက္သည္။

''ဒါဆို ဘာေၾကာင့္ အဲဒီေက်ာက္အိမ္ထဲမွာ ဘယ္သူ႕ကိုမွ က်ဳပ္ မျမင္မိတာလဲ''
ခ်ဴဖုန္းက ေမးလိုက္၏။

''အဲဒီလူက ေရာက္မလာေသးဘူး''
ယစ္ထုပ္အမ်ိဳးသားက ျပန္ေျဖလိုက္သည္။

''ဒါဆို အဲဒီမွာ ဘယ္သူမွ မ႐ွိဘူးပဲ''
ခ်ဴဖုန္းက ခပ္ဖြဖြ ျပဳံးလိုက္ၿပီးေနာက္ ေက်ာက္သားအိမ္ထံ ဆက္လက္ ေလွ်ာက္လွမ္းသြားေလသည္။

''ေကာင္ေလး၊ အဲဒီေနရာကို တျခားသူ သိမ္းထားတယ္လို႔ မင္းကို သူ ေျပာျပခဲ့ၿပီးၿပီေလ ... မင္းက လူစကား နားမလည္တာလား ဒါမွမဟုတ္ ဘာလဲ''
ထိုခဏ၌ပင္ ညာဘက္႐ွိ သစ္သားအိမ္ထံမွ လူတစ္ဦး ႐ုတ္တရက္ ထြက္လာသည္။

၎မွာ ေနာက္ထပ္ လူလတ္ပိုင္း အမ်ိဳးသားတစ္ဦးပင္။ ဘယ္ဘက္သစ္သားအိမ္ေ႐ွ႕႐ွိ အမ်ိဳးသားနည္းတူ သူသည္လည္း အျပာေရာင္ ဝတ္႐ုံတစ္ထည္ကို ဝတ္ဆင္ထား၏။ သူတို႔၏ အသြင္အျပင္အရ သူတို႔ႏွစ္ဦးမွာ အင္အားစုတစ္ခုတည္းမွ ျဖစ္ေၾကာင္း ထင္႐ွားေပသည္။

ေျပာစရာ႐ွိသည္မွာ ဘယ္ဘက္သစ္သားအိမ္မွ အသုံးမက်ေသာ ယစ္ထုပ္အမ်ိဳးသားႏွင့္ ႏိႈင္းစာလွ်င္ ဤအမ်ိဳးသားက အလြန္ ဝၿဖိဳးေနျခင္း ျဖစ္သည္။ သူကား ရာႏႈန္းျပည့္ လူဝႀကီးတစ္ဦးပင္။ သူ၏ အသြင္အျပင္အရ အနည္းဆုံးအားျဖင့္ သူက ေပါင္ေထာင့္တစ္ရာခန္႔ ႐ွိေနသည္။ သူ႕ကို 'ဝက္'ဟူသည့္ စကားလုံးျဖင့္ ႐ွင္းျပျခင္းသာ အသင့္ေလ်ာ္ဆုံး ျဖစ္ေပလိမ့္မည္။ ဤလူဝႀကီးအတြက္မူ သူ၏ က်င့္ၾကံမႈမွာ ထိုအသုံးမက်ေသာ ယစ္ထုပ္အမ်ိဳးသားထက္ အနည္းငယ္ ပိုမိုအားနည္းၿပီး သူက အဆင့္ေျခာက္ သိုင္းဘုရင္တစ္ဦး ျဖစ္ေပသည္။

''လူစကားကို က်ဳပ္ နားလည္တာေပါ့ ... ဝက္စကားကို နားမလည္တာပဲ ႐ွိတယ္''
ခ်ဴဖုန္းက ထိုလူဝႀကီးထံ လွမ္းေျပာလိုက္သည္။

''မ်ိဳးမစစ္ေကာင္၊ မင္းက အ႐ိုက္ခံခ်င္ေနတာပဲ''
ထိုစကားမ်ားကို ၾကားလိုက္ရလွ်င္ လူဝႀကီး ႐ုတ္ျခည္း ေဒါသထြက္သြား၏။ သူက သူ၏ ႀကီးမားေသာ အိတ္သဏၭာန္ လက္သီးကို ဆုပ္လိုက္ၿပီး ခ်ဴဖုန္းထံ ထိုးႏွက္လိုက္သည္။

သူ႕လက္သီးမွာ အလြန္ ႀကီးမား႐ုံသာ မကဘဲ၊ စြမ္းအားလည္း အလြန္ ေကာင္းေပသည္။ သူ၏ လက္သီးတိုက္ကြက္က ေလတိုးသံမ်ားကို ျဖစ္ေပၚလာေစသည္။ ေလဟာနယ္ပင္ စတင္ တြန္႔႐ႈံ႕၍ ပုံပ်က္သြားရသည္။ ၎ကို လက္သီးတစ္လုံးဟု မည္သို႔ သတ္မွတ္ႏိုင္မည္နည္း။ ၎မွာ တူပ်ံႀကီးတစ္လက္ ျဖစ္ေၾကာင္း ထင္႐ွားေနေပသည္။

ထိုခဏ၌ မ်က္ေမွာက္႐ွိေနသူ အမ်ားအျပားက သူတို႔၏ ဦးေခါင္းမ်ားကို ခါယမ္းလိုက္ၾကသည္။ ဆက္ၾကည့္ရန္ ဆႏၵမ႐ွိေတာ့ဘဲ မ်က္လုံးမွိတ္လိုက္သူမ်ားပင္ ႐ွိေနသည္။

သူတို႔အျမင္အရ ခ်ဴဖုန္းအဖို႔ ထိုလူဝႀကီးကို သူ၏ သိုင္းဘုရင္ အဆင့္ငါး က်င့္ၾကံမႈျဖင့္ ရင္ဆိုင္ရန္ မျဖစ္ႏိုင္ပါေခ်။ ထိုလူဝႀကီး၏ လက္သီးခ်က္က ေသေလာက္သည္အထိ မဟုတ္ေသာ္လည္း ခ်ဴဖုန္းကို အျပင္းအထန္ ဒဏ္ရာရသြားေစရန္ လုံေလာက္ေပသည္။

သို႔ေသာ္ ခ်ဴဖုန္းအေပၚ ကပ္ႀကီးတစ္ခု က်ေရာက္လာေတာ့မည္ဟု လူတိုင္း ေတြးထင္မိလိုက္သည့္ အခ်ိန္ခဏ၌ပင္ ခ်ဴဖုန္းက ေအးစက္စြာ ျပဳံးလ်က္ ေျပာလိုက္ေလေတာ့သည္။
''ေသခ်င္ေနတာပဲ''

***

အခန္း(၁၃၃၄) ဆက္ရန္...အခန္း(၁၃၃၄) ၿခိမ္းေျခာက္မႈ

ထိုလူဝႀကီးမွာ အလြန္ အေလးခ်ိန္စီးေသာ္လည္း သူ၏ အျမန္ႏႈန္းကား မေႏွးေကြးပါေခ်။ သူက ခ်ဴဖုန္းေ႐ွ႕သို႔ ခ်က္ခ်င္း ေရာက္႐ွိလာသည္။

ခ်ဴဖုန္းထံ သူ နီးကပ္လာခ်ိန္တြင္ သူ၏ တိုက္ကြက္ကို ခ်ဴဖုန္း ပိုမို၍ပင္ ႐ွင္းလင္းစြာ ျမင္ေတြ႕လိုက္ရသည္။ သူ၏ ႀကီးမားေသာ ဤလက္သီး ခ်ဴဖုန္းထံ ထိုးႏွက္လာခ်ိန္တြင္ ပတ္ဝန္းက်င္ ေလဟာနယ္မွာ မရပ္မနား စတင္ တုန္ခါလာၿပီး ေလလိႈင္းမ်ားကဲ့သို႔ေသာ ဝဲဂယက္အေျမာက္အျမား ျဖစ္ေပၚလာၾကသည္။

ဤလက္သီး၏ အင္အားမွာ ေသးငယ္ေသာအရာ မဟုတ္ပါေခ်။ အကယ္၍ ခ်ဴဖုန္းသာ သတိမထားဘဲ ဤလက္သီးျဖင့္ ထိုးႏွက္ခံရပါက မေသလွ်င္ပင္ ဒုကၡိတ ျဖစ္သြားႏိုင္ေပေသးသည္။

ကံမေကာင္းသည္မွာ လက္႐ွိခ်ဴဖုန္းက ၎ကို တစ္စုံတစ္ရာ သတိမထားဘဲ မေနခဲ့ျခင္းပင္။ ဆန္႔က်င္ဘက္အားျဖင့္ သူက လုံးလုံးလ်ားလ်ား သတိထားေနခဲ့သည္။

''ဝွစ္''
႐ုတ္တရက္ အလင္းတန္းတစ္ခု လင္းလက္သြား၏။ ခ်ဴဖုန္း တိုက္ခိုက္လိုက္ေခ်ၿပီ။

ခ်ဴဖုန္းက သူ၏ ညာလက္ကို လက္သီးတစ္ခုအသြင္ ဆုပ္ထားေလသည္။ သူ႕လက္သီးမွာ ထိုလူဝႀကီး၏ လက္သီးအ႐ြယ္အစား၏ ငါးပုံတစ္ပုံမွ် မ႐ွိေသာ္လည္း သူ႕လက္သီးေနာက္႐ွိ စြမ္းအားမွာမူ ထိုလူဝႀကီး၏ လက္သီးထက္ အဆတစ္ရာမက ပိုမိုႀကီးမားေပသည္။

''အဲဒီငနဲက သူ႕အသက္ကို လႊင့္ပစ္ဖို႔ စိတ္ကူးေနတာလား''
ခ်ဴဖုန္းက ဝင္လာေနသည့္ လက္သီးကို မေ႐ွာင္ဘဲ လူဝႀကီး၏ လက္သီးကို သူ၏ လက္သီးျဖင့္ ထိပ္တိုက္ေတြ႕ရန္ ဆုံးျဖတ္ထားသည္ကို သူတို႔ ျမင္ေတြ႕မိလွ်င္ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွ လူမ်ား အပါအဝင္ မ်က္ေမွာက္႐ွိေနသည့္ လူအားလုံး အံ့ဩတုန္လႈပ္သြားၾကသည္။ ခ်ဴဖုန္းက သူ႕အသက္ကို လႊင့္ပစ္ရန္ ၾကံ႐ြယ္ေနသည္ဟု သူတို႔အားလုံး ခံစားမိလိုက္ၾကသည္။

အံ့အားသင့္မႈျဖင့္ ျပည့္ႏွက္ေနသည့္ လူအားလုံး၏ မ်က္လုံးမ်ားေအာက္တြင္ ေနာက္ဆုံး၌ ခ်ဴဖုန္း၏ လက္သီးက လူဝႀကီး၏ လက္သီးႏွင့္ တိုးတိုက္သြားေလေတာ့သည္။

တိုးတိုက္မႈ၏ နိဂုံးရလဒ္က လူတိုင္း ေမွ်ာ္လင့္ထားသည္ႏွင့္ အလုံးစုံ ကြဲျပားေနျခင္းသာ ႐ွိေပသည္။

''ေဖာက္''
ခပ္အုပ္အုပ္ ေပါက္ကြဲသံတစ္ခုကို ၾကားလိုက္ၾကရၿပီး ေလထဲတြင္ ေသြးမ်ား ျဖာထြက္သြား၏။ စြမ္းအားေကာင္းေသာ သက္ေရာက္မႈက အနီရင့္ေရာင္ ေသြးမ်ားကို ထိုလူဝႀကီး၏ မ်က္ႏွာအႏွံ႔ ပက္ဖ်န္းလိုက္သည္။

ထိုခဏ၌ လူႏွစ္ဦးက သူတို႔၏ တိုက္ခိုက္မႈမ်ားကို ရပ္တန္႔လိုက္ၾကသည္။ လူဝႀကီးမွာ ထိုေနရာတြင္ ရပ္ေနလ်က္ ႐ွိသည္။ သူက မည္သို႔ ျဖစ္ပ်က္ခဲ့သည္ကို အသိဝင္ေသးဟန္ မတူပါေခ်။

သို႔ေသာ္ အရာအားလုံးကို ျမင္ေတြ႕ခဲ့ၾကရသည့္ ေဘးလူမ်ားမွာမူ သူတို႔၏ မ်က္ႏွာတစ္ျပင္လုံးတြင္ အံ့ဩတုန္လႈပ္ေသာ အမူအရာမ်ားျဖင့္ ျပည့္ႏွက္ေနလ်က္ ႐ွိၾကသည္။

အေၾကာင္းမူ ထိုလူဝႀကီး၏ လက္သီး က်ိဳးေၾကသြားေသာေၾကာင့္ပင္။ ၎က ဆိုးဆိုး႐ြား႐ြား ပုံပ်က္သြားခဲ့သည္။ ခ်ဴဖုန္းလက္ခ်က္ျဖင့္ အလုံးစုံ ခ်ိဳးေျခခံခဲ့ရျခင္း ျဖစ္သည္။

''အား ...''
နာက်င္မႈအတြက္ လူဝႀကီး၏ တုံ႔ျပန္မႈ မည္မွ် ေႏွးေကြးေစကာမူ၊ ေသြးမ်ားျဖင့္ ႐ႊဲနစ္ေနသည့္ သူ႕လက္သီးကို ျမင္ေတြ႕မိခ်ိန္တြင္ သူက ႐ုတ္တရက္ စူးစူးဝါးဝါး ေအာ္ဟစ္လိုက္သည္။

လူတစ္ဦးတစ္ေယာက္၏ လက္ေခ်ာင္းမ်ားမွာ ထိုလူ၏ ႏွလုံးသားႏွင့္ ဆက္သြယ္ေနေပသည္။ သူ႕လက္သီး ခ်ိဳးေျခခံရမႈႏွင့္အတူ လက္႐ွိတြင္ သူ႕အဖို႔ မနာက်င္ရန္ မျဖစ္ႏိုင္ပါေခ်။

''မင္းကို ငါ သတ္မယ္''
ေဒါသထြက္မႈျဖင့္ ထိုလူဝႀကီးက ခ်ဴဖုန္းကို အမွန္တကယ္ ထပ္မံ တိုက္ခိုက္လိုက္ျပန္သည္။ သူက က်န္လက္ကို ေျမႇာက္လိုက္ၿပီး သူ႕လက္ႀကီးကို ခ်ဴဖုန္း၏ ပါးျပင္ထံ လႊဲ႐ိုက္လိုက္သည္။

သူ၏ လက္ဝါးခ်က္က အလြန္ အားေကာင္းၿပီး အလင္းျဖင့္ပင္ လႈပ္ခတ္ေနသည့္ ေလျပင္းတစ္ခုကို ျဖစ္ေပၚလာေစသည္။ ေတာင္တစ္လုံးက ခ်ဴဖုန္း၏ မ်က္ႏွာေပၚ ဖိေျခေတာ့မည့္ အလားပင္။ ဤသည္မွာ သာမန္ ကာယတိုက္ကြက္တစ္ခု မဟုတ္ဘဲ၊ စြမ္းအားေကာင္းေသာ သိုင္းကြက္တစ္ခု ျဖစ္သည္။

သို႔ေသာ္ ဤတိုက္ကြက္မ်ိဳးႏွင့္ ရင္ဆိုင္ရခ်ိန္၌ပင္ ခ်ဴဖုန္းက တိမ္းေ႐ွာင္ရန္ မႀကိဳးစားခဲ့ေပ။ ထိုအစား သူက သူ၏ က်န္လက္ကို ၾကဳံသလို လႊဲယမ္းလိုက္ေလသည္။ ထို႔ေနာက္ သူ႕လက္က လူဝႀကီး၏ လက္ေကာက္ဝတ္ေပၚ ျပင္းထန္စြာ က်ေရာက္သြားၿပီး ဝင္လာေနသည့္ တိုက္ကြက္ကို အလြယ္တကူ တားဆီးလိုက္သည္။

''ခင္ဗ်ားက ဒီလက္ကိုလည္း မလိုခ်င္ဘူးလား''
လူဝႀကီး၏ က်န္လက္ကို ဖမ္းဆုပ္မိၿပီးေနာက္ ခ်ဴဖုန္းက အျပဳံးတစ္ခုျဖင့္ ေမးလိုက္၏။

''ေသာက္ပဲေဟ့''
လူဝႀကီးက ပါးစပ္ႀကီးကို ဖြင့္ဟလိုက္ၿပီး ခ်ဴဖုန္း၏ မ်က္ႏွာထံ တံေတြးေထြးလိုက္သည္။

တံေတြးကို ျမင္လွ်င္ ခ်ဴဖုန္းက ေဘးသို႔ အသာေ႐ႊ႕၍ အလြယ္တကူ ေ႐ွာင္တိမ္းလိုက္၏။ ထို႔ေနာက္ သူ မ်က္ေမွာင္ၾကဳတ္သြားၿပီး သူ ထုတ္လႊတ္ေနသည့္ ေအးစက္မႈမွာ မ်ားစြာ ပိုမိုသိပ္သည္းလာသည္။ သူက ေျပာလိုက္သည္။
''ခင္ဗ်ားက ဒီလက္ကို တကယ္ ဆက္မထားခ်င္ေတာ့ပုံပဲ''

ထိုစကားမ်ားကို အဆုံးသတ္ၿပီးေနာက္ ခ်ဴဖုန္းက သူ႕လက္ကို တင္းတင္းဆုပ္လိုက္ၿပီး ၎ထံမွ သိုင္းစြမ္းအားမ်ား တိုးထြက္လာသည္။

''ေျဖာက္ ေျဖာက္''
လူဝႀကီး၏ လက္ေမာင္းထံမွ ေျမာက္ျမားစြာေသာ အ႐ိုးက်ိဳးသံမ်ား ထြက္ေပၚလာၾကသည္။ တစ္ခ်ိန္တည္း၌ ထိုလူဝႀကီး၏ အမူအရာ ထူးထူးျခားျခား ႐ႈံ႕မဲ့သြားၿပီး သူ ငယ္သံပါေအာင္ ေအာ္ဟစ္လိုက္ရသည္။

အေၾကာင္းမူ ခ်ဴဖုန္းက ထိုလူဝႀကီး၏ ေသြးေၾကာမ်ားႏွင့္ အေၾကာမ်ားကို သိုင္းစြမ္းအားျဖင့္ ဖ်က္ဆီးပစ္ခဲ့႐ုံသာ မကဘဲ၊ ႂကြက္သားမ်ားကို ဆုတ္ၿဖဲ၍ အ႐ိုးမ်ားကိုလည္း ခ်ိဳးပစ္ခဲ့ေသာေၾကာင့္ ျဖစ္သည္။ ထိုလက္ေမာင္းမွာ အေပၚယံတြင္ မ်ားစြာ ထိခိုက္ထားဟန္ မ႐ွိေသာ္လည္း ၎၏ အတြင္းဘက္ ဖြဲ႕စည္းပုံမွာ ခ်ဴဖုန္းလက္ခ်က္ျဖင့္ အလုံးစုံ ၿပိဳကြဲေနခဲ့ၿပီးေခ်ၿပီ။

အေျခအေနအရ လက္႐ွိတြင္ သူႏွင့္ ခ်ဴဖုန္းတို႔ အၾကား႐ွိ ခြန္အားကြာျခားမႈ အလြန္ ႀကီးမားသည္ကို လူဝႀကီး သေဘာေပါက္သြား၏။ သူ႕လက္ေမာင္း ႏွစ္ဖက္စလုံး ခ်ဴဖုန္းေၾကာင့္ မစြမ္းမသန္ ျဖစ္သြားမႈႏွင့္အတူ သူက မရပ္မနား ေအာ္ဟစ္ေနရၿပီး ေ႐ွ႕သို႔ ဆက္မတိုးဝံ့ေတာ့ပါေခ်။ ထိုအစား သူက ခ်ဴဖုန္းကို ထပ္မတိုက္ဝံ့ဘဲ ဆက္တိုက္ ေနာက္ဆုတ္သြားေလေတာ့သည္။

''မင္းက တကယ္တမ္း ဘယ္သူမ်ားလဲ''
ထိုခဏ၌ပင္ သိုင္းဘုရင္ အဆင့္ခုနစ္ ယစ္ထုပ္အမ်ိဳးသားက ေမးလိုက္သည္။

သို႔ေသာ္ သူလည္း ခ်ဴဖုန္းကို တိုက္ခိုက္ျခင္း မျပဳခဲ့ေပ။ သူက အလြန္ ဉာဏ္ေကာင္းၿပီး ခ်ဴဖုန္းမွာ အလြန္ စြမ္းအားေကာင္း၍ ထူးျခားေသာ ပုဂၢိဳလ္တစ္ဦး ျဖစ္ေၾကာင္း စဥ္းစားမိလိုက္ဟန္ ႐ွိေပသည္။ ထို႔ေၾကာင့္ သူက ခ်ဴဖုန္းပိုင္ဆိုင္ထားသည့္ ဇာစ္ျမစ္ကို အတိအက် သိ႐ွိရန္ ရည္႐ြယ္လိုက္ျခင္း ျဖစ္သည္။

အမွန္အားျဖင့္ ထိုခဏ၌ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွ လူမ်ား အပါအဝင္ လူတိုင္းမွာ သူတို႔၏ အၾကည့္မ်ားကို ခ်ဴဖုန္းအေပၚ ၿမဲျမံစြာ စူးစိုက္ထားမိၾကသည္။ ခ်ဴဖုန္း မည္သူျဖစ္ေၾကာင္းႏွင့္ မည္သည့္ဇာစ္ျမစ္မ်ိဳး ပိုင္ဆိုင္ထားေၾကာင္း သူတို႔ အတိအက် သိ႐ွိလိုၾကေပသည္။

တကယ္တမ္းတြင္လည္း အေျခအေနအရ ခ်ဴဖုန္းတြင္ ေကာင္းကင္ဆန္႔က်င္ေသာ တိုက္ပြဲဝင္စြမ္းအားကို ပိုင္ဆိုင္ထားၿပီး သူ၏ အစစ္အမွန္ ခြန္အားကို သူ၏ က်င့္ၾကံမႈသက္သက္ျဖင့္ မဆုံးျဖတ္ႏိုင္ေၾကာင္း လူတိုင္း အတပ္ေျပာႏိုင္ေနသည္ မဟုတ္ပါေလာ။

ထိုမွ် ငယ္႐ြယ္ေသာ အသက္အ႐ြယ္၌ ထိုကဲ့သို႔ေသာ အစြမ္းသတၱိမ်ိဳးႏွင့္ ပုဂၢိဳလ္တစ္ဦးမွာ ႐ိုး႐ွင္းသူတစ္ဦး မျဖစ္ႏိုင္ပါေခ်။ အနည္းႏွင့္အမ်ားဆိုသလို သူတို႔က အဆင့္အတန္း႐ွိ၍ စြမ္းအားေကာင္းေသာ ေနာက္ခံအင္အားႏွင့္ လူမ်ား ျဖစ္ေပလိမ့္မည္။

''က်ဳပ္ ဘယ္သူလဲ ဟုတ္လား ... အဲဒါ ခင္ဗ်ားနဲ႔ ဘာဆိုင္လို႔လဲ''
ခ်ဴဖုန္းက အထင္ေသးဟန္ျဖင့္ ေျပာလိုက္သည္။

''ဒါဆို ငါတို႔ ဘယ္သူေတြလဲ မင္းသိလား''
ထိုယစ္ထုပ္အမ်ိဳးသားက ေမးလိုက္၏။

''စိတ္မဝင္စားဘူး''
ခ်ဴဖုန္းက ခ်ာခနဲ ေနာက္လွည့္လိုက္ၿပီး ထိုေက်ာက္သားအိမ္ထံ ဦးတည္လိုက္သည္။ သူ႕ကို ယစ္ထုပ္အမ်ိဳးသား တိုက္ခိုက္လိမ့္မည္ မဟုတ္ေၾကာင္း သူသိေနသည္။ ထို႔ေၾကာင့္ သူက ယစ္ထုပ္အမ်ိဳးသားႏွင့္ အခ်ိန္ျဖဳန္းရန္ ဆႏၵမ႐ွိပါေခ်။

''မင္း စိတ္မဝင္စားရင္ေတာင္ ငါကေတာ့ မင္းကို ေျပာျပရဦးမွာပဲ ... ငါ့အစ္ကိုႀကီးက ထြတ္ျမတ္သိုင္းနယ္ေျမမွာ မသိသူမ႐ွိတဲ့ အ႐ွင္သခင္ေလးကြ''

''ငါတို႔က ဒီေက်ာက္အိမ္ကို သူ႕ကိုယ္စား သိမ္းပိုက္ထားတာ ... တကယ္လို႔ မင္း အသိ႐ွိရင္ ေက်ာက္အိမ္ထဲက အခုခ်က္ခ်င္း ဖယ္ေပးၿပီး ငါတို႔ ညီအစ္ကိုေတြကို လာေတာင္းပန္သင့္တယ္ ... မင္း အဲဒီလို လုပ္ခဲ့ရင္ ငါ့အစ္ကိုႀကီးက မင္းကို ခြင့္လႊတ္ေကာင္း ခြင့္လႊတ္လိမ့္မယ္''

''မဟုတ္ရင္ေတာ့ ငါ့အစ္ကိုႀကီး ေရာက္လာတာနဲ႔ မင္းအတြက္ ငါ ေတာင္းပန္ေပးရင္ေတာင္ သူ႕စိတ္ထားအရ မင္းကို သူ အလြတ္မေပးမွာ က်ိန္းေသတယ္''

''ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာက သူတို႔နယ္ေျမထဲမွာ တိုက္ခိုက္တာကို ခြင့္ျပဳထားတယ္ဆိုတာ မင္းလည္း သိေနမယ္လို႔ ငါ ယုံၾကည္တယ္ ... တကယ္လို႔ မင္း ေသသည္အထိ အ႐ိုက္ခံရရင္ေတာင္ သူတို႔က ဒီကိစၥကို အေရးစိုက္မွာ မဟုတ္ဘူး''
ယစ္ထုပ္အမ်ိဳးသားက ခ်ဴဖုန္းကို အမွန္တကယ္ စတင္ ၿခိမ္းေျခာက္လိုက္သည္။

''အ႐ွင္သခင္ေလး ဟုတ္လား ... အဲဒါ ဘယ္သူလဲ ... ဘာျဖစ္လို႔ သူ႕အေၾကာင္းကို က်ဳပ္ တစ္ခါမွ မၾကားဖူးခဲ့တာလဲ''
ထိုစကားမ်ားကို ထိုအမ်ိဳးသား ေျပာလိုက္ခ်ိန္တြင္ ခ်ဴဖုန္း မတုံ႔ျပန္ႏိုင္မီ၌ပင္ လူအုပ္ထံမွ လူအမ်ားအျပားက တစ္ဦးၿပီးတစ္ဦး ေမးျမန္းလိုက္ၾကသည္။ သူတို႔က ဤနယ္စားေလးအေၾကာင္းကို ခ်ဴဖုန္းနည္းတူ မသိ႐ွိၾကေၾကာင္း ထင္႐ွားေပသည္။

''က်ဳပ္အစ္ကိုႀကီးက မၾကာေသးခင္ကမွ အလုပ္စခဲ့တာ ... ဒါေပမဲ့ သိပ္မၾကာခင္မွာ သူ႕နာမည္က ထြတ္ျမတ္သိုင္းနယ္ေျမ တစ္ခုလုံး ပ်ံ႕ႏွံ႔သြားလိမ့္မယ္''
လူအုပ္က သူ႕အား မယုံၾကည္သည္ကို ျမင္လွ်င္ ထိုယစ္ထုပ္အမ်ိဳးသားက ႐ွင္းျပလိုက္သည္။

''မင္းအစ္ကိုႀကီးက ထြတ္ျမတ္သိုင္းနယ္ေျမမွာ မသိသူမ႐ွိတဲ့ လူတစ္ေယာက္လို႔ ေစာေစာက မင္းေျပာခဲ့တယ္ မဟုတ္ဘူးလား ... အခုက်ေတာ့ ဘယ္လိုျဖစ္ၿပီး သူက အလုပ္စကာစ လူတစ္ေယာက္ ျဖစ္သြားရတာလဲ''
သက္ငယ္တဲတစ္လုံးကို သိမ္းပိုက္ထားသည့္ သိုင္းဘုရင္ အဆင့္ငါး က်င္ၾကံမႈႏွင့္ အဘိုးအိုတစ္ဦးက ေလွာင္ေျပာင္ဟန္ျဖင့္ ေမးလိုက္ျခင္း ျဖစ္သည္။

''အမိႈက္အိုႀကီး၊ ခင္ဗ်ား ဘာသိလို႔လဲ ... က်ဳပ္ေျပာခဲ့တာ သူ႕ရဲ႕ အနာဂတ္ ... က်ဳပ္အစ္ကိုႀကီးက ထြတ္ျမတ္သိုင္းနယ္ေျမမွာ မသိသူမ႐ွိတဲ့ လူတစ္ေယာက္ ျဖစ္လာမယ္လို႔ က်ဳပ္ေျပာတာ ... ခင္ဗ်ားရဲ႕ နားလည္ႏိုင္စြမ္းက ဘာေၾကာင့္ ဒီေလာက္ အားနည္းရတာလဲ''
ထိုယစ္ထုပ္အမ်ိဳးသားက အထင္ေသးဟန္ျဖင့္ ေျပာလိုက္သည္။ သူ၏ သေဘာထားကား အလြန္႔အလြန္ ဆိုး႐ြားလွသည္။

''ကြၽတ္''
ယစ္ထုပ္အမ်ိဳးသား အက်ိဳးသင့္အေၾကာင္းသင့္ လက္မခံသည္ကို ျမင္လွ်င္ အဘိုးအိုက ႏႈတ္ခမ္းမဲ့လိုက္ၿပီး အပိုစကားမ်ားျဖင့္ အခ်ိန္မျဖဳန္းေတာ့ပါေခ်။

က်န္သူမ်ားအတြက္မူ သူတို႔က ယစ္ထုပ္အမ်ိဳးသားကို အလြန္ ေၾကာက္႐ြံ႕သြားၾကသည္။ ေစာေစာပိုင္းက သူ႕စကားမ်ားအရ အထင္ေသးမႈကို သူတို႔ ခံစားမိၿပီး ေလွာင္ေျပာင္မႈပင္ ျပဳခဲ့ၾကေသာ္လည္း သူ႕ခြန္အား အားမနည္းပုံကို ေတြးေတာၾကည့္လွ်င္ သူ႕အစ္ကိုႀကီး၏ ခြန္အားမွာ သူ႕ထက္ ေသခ်ာေပါက္ သာလြန္ေပလိမ့္မည္။ ထို႔ေၾကာင့္ သူတို႔အနက္ မည္သူကမွ် တစ္စုံတစ္ရာ မေျပာဝံ့ေတာ့ဘဲ၊ သူ႕ကို စိတ္တြင္းမွသာ ေလွာင္ရယ္ေနလိုက္ၾကသည္။

အျခားမည္သူကမွ် သူ႕အား ေခ်ပရန္ မႀကိဳးစားသည္ကို ျမင္လွ်င္ ယစ္ထုပ္အမ်ိဳးသားက ေက်နပ္အားရဟန္ျဖင့္ သူ႕ႏွာေခါင္းကို ပြတ္လိုက္၏။ ထို႔ေနာက္ သူက သူ၏ အဝတ္အစားမ်ားကို သပ္ရပ္ေအာင္ ျပဳျပင္လိုက္ၿပီး ခ်ဴဖုန္းထံ ထပ္ၾကည့္လိုက္သည္။

သို႔ေသာ္ လက္႐ွိခ်ဴဖုန္းကို သူ ျမင္ေတြ႕လိုက္ရခ်ိန္တြင္ သူ၏ ေက်နပ္အားရေသာ အသြင္အျပင္မွာ ႐ုတ္ျခည္း ပ်က္ယြင္းသြားေလေတာ့သည္။

အေၾကာင္းမူ ခ်ဴဖုန္းက သူ၏ စကားမ်ားေၾကာင့္ ထိတ္လန္႔မသြား႐ုံသာ မကဘဲ၊ ေက်ာက္သားအိမ္ အတြင္းသို႔ပင္ ဝင္ေရာက္သြားခဲ့ၿပီး သူ႕လက္မ်ားကို သူ႕ဦးေခါင္းေနာက္တြင္ ေခါင္းအုံးသဖြယ္ ထား႐ွိ၍ ေျခတစ္ဖက္ကို က်န္တစ္ဖက္အေပၚ ခ်ိတ္လ်က္ အိပ္ရာေပၚ လဲေလ်ာင္းေနေသာေၾကာင့္ ျဖစ္သည္။ သူ႕အသြင္မွာ အလြန္႔အလြန္ ေအးေအးေဆးေဆး႐ွိ၍ ပူပင္ေၾကာင့္ၾကမဲ့ေနသည္။

''ေသာက္ပဲ ... ခုနက ငါ ဘာေျပာခဲ့သလဲ မင္း နားမလည္ဘူးလား ... ေက်ာက္အိမ္ထဲက ထြက္သြားဖို႔ ငါ ေျပာခဲ့တာေလ ... မင္းက ဘာေၾကာင့္ အထဲကို ဝင္ေနေသးတာလဲ ... မင္းက ေသမွာကို တကယ္ မေၾကာက္တာလား ဒါမွမဟုတ္ ငါ့အစ္ကိုႀကီးက မင္းကို သတ္လိမ့္မယ္ဆိုတာ မင္း မယုံတာလား''

''မင္းကို ငါ ေျပာျပမယ္ ... ငါ့အစ္ကိုႀကီးရဲ႕ ၾကမ္းတမ္းတဲ့ စိတ္ထားနဲ႔ဆို သူသာ မင္းကို သတ္ခ်င္ခဲ့ရင္ ဘယ္သူမွ ကယ္ႏိုင္မွာ မဟုတ္ဘူး''
ယစ္ထုပ္အမ်ိဳးသားက ခ်ဴဖုန္းကို ေဒါသတႀကီးျဖင့္ ၿခိမ္းေျခာက္လိုက္သည္။

''အိုး ... ဒါဆို ၾကမ္းတမ္းတဲ့ စိတ္ထားနဲ႔ ခင္ဗ်ားအစ္ကိုႀကီးကို ေခၚၿပီး က်ဳပ္ကို လာသတ္ခိုင္းလိုက္ေလ''
ခ်ဴဖုန္းက မယုံၾကည္ေသာ ဟန္ပန္တစ္ခုျဖင့္ ေျပာလိုက္ေလေတာ့သည္။

***

အခန္း(၁၃၃၅) ဆက္ရန္...အခန္း(၁၃၃၅) လူထူးဆန္းတစ္ဦး ေရာက္႐ွိလာျခင္း

''မင္း ...''
ခ်ဴဖုန္းေျပာသည္ကို ၾကားလွ်င္ ထိုယစ္ထုပ္အမ်ိဳးသားမွာ ႐ုတ္ျခည္းဆိုသလို အလြန္႔အလြန္ ေဒါသထြက္သြားမိသည္။ သူက သူ႕လက္သီးကို ေျမႇာက္လိုက္ၿပီး ခ်ဴဖုန္းကို တိုက္ခိုက္ရန္ ဟန္ျပင္လိုက္သည္။

သို႔ေသာ္ သူ တုံ႔ဆိုင္းသြား၏။ ေနာက္ဆုံးတြင္ သူက ေျမႇာက္ထားသည့္ လက္သီးကို ျပန္ခ်လိုက္ၿပီး ေျပာလိုက္သည္။
''ေလာေလာဆယ္ မင္းကို ဆက္ၿပီး ေထာင္လႊားခြင့္ ေပးထားလိုက္မယ္ ... ဒါေပမဲ့ ငါ့အစ္ကိုႀကီး ေရာက္လာတဲ့အခါ အဲဒါ မင္းရဲ႕ လုပ္ရပ္ေတြအတြက္ မင္း ေနာင္တရတဲ့အခ်ိန္ ျဖစ္လိမ့္မယ္''

ထို႔ေနာက္တြင္ သူက လူဝႀကီးထံ ေလွ်ာက္လွမ္းသြားၿပီး ဒဏ္ရာမ်ားကို စတင္ ကုသေပးလိုက္ေလေတာ့သည္။

ဤေနရာသို႔ ေရာက္လာႏိုင္သူ အားလုံးမွာ အနိမ့္ဆုံးအားျဖင့္ ေ႐ႊေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ား ျဖစ္ၾကသည္။ ထို႔ေၾကာင့္ အျခားသူတစ္ဦး၏ ခႏၶာကိုယ္ကို ျပန္လည္ျပဳျပင္ေပးျခင္းႏွင့္ ဒဏ္ရာမ်ားကို ကုသေပးျခင္းတို႔မွာ သူတို႔အတြက္ ထမင္းစားေရေသာက္ ကိစၥမ်ားပင္။

ခ်ဴဖုန္းအတြက္မူ သူက ထိုယစ္ထုပ္အမ်ိဳးသားကို အေရးမစိုက္ပါေခ်။ ထိုအစား သူက မ်က္လုံးမ်ားကို မွိတ္၍ အနားယူရင္း ေနာက္တစ္ေန႔ စစ္ေဆးမႈအတြက္ ျပင္ဆင္ထားလိုက္သည္။

ဤသို႔ျဖင့္ ကိစၥၿပီးသြား၏။ ခ်ဴဖုန္းေနာက္တြင္ ေျမကြက္လပ္ထံ ေနာက္ထပ္ လူတစ္ရာ့ငါးဆယ္ ေရာက္႐ွိလာသည္။ သူတို႔အားလုံး အခ်ိန္ကို ကြက္တိေ႐ြးခ်ယ္၍ ေရာက္႐ွိလာၾကျခင္း ျဖစ္သည္။ သူတို႔အားလုံးက တစ္ညတာ အခ်ိန္ျဖဳန္းၿပီး ေနာက္တစ္ေန႔တြင္ ဒုတိယစစ္ေဆးမႈ ခံယူရန္ ၾကံ႐ြယ္ထားၾကသည္။

ထည့္ေျပာသင့္သည့္ ကိစၥကား ေနာက္ပိုင္းမွ ေရာက္႐ွိလာသည့္ ဤလူတစ္ရာ့ငါးဆယ္မွာလည္း သာမန္လူမ်ား မဟုတ္ၾကျခင္းပင္။ သူတို႔အနက္ အမ်ားအျပားမွာ သိုင္းထိပ္သီးမ်ား ျဖစ္ၾကသည္။ ထို႔ျပင္ သူတို႔အနက္ ကိုးဦးမွာ သိုင္းဧကရာဇ္ငယ္မ်ားပင္ ျဖစ္ေနခဲ့ၾကသည္။

သို႔ေသာ္ ဤသိုင္းဧကရာဇ္ငယ္ ကိုးဦးစလုံးမွာ အသက္တစ္ရာေက်ာ္သည့္ လူအိုမ်ား ျဖစ္ေပသည္။ သူတို႔အနက္ အငယ္ဆုံးမွာ အနည္းဆုံး အသက္တစ္ရာ ႐ွိေနၿပီး အႀကီးဆုံးမွာမူ အသက္ရာခ်ီ၍ တစ္ေထာင္နီးနီးပင္ ႐ွိေနေခ်ၿပီ။ သူတို႔အနက္ ငါးဦးမွာ အဘိုးအိုမ်ား ျဖစ္ၾကၿပီး ေလးဦးမွာ အဘြားအိုမ်ား ျဖစ္ၾကသည္။

သူတို႔ ေရာက္႐ွိလာခ်ိန္တြင္ ညအခ်ိန္သို႔ ခ်ဥ္းနင္းေနခဲ့ၿပီး ျဖစ္သည္။ သို႔ေသာ္ သူတို႔က အိမ္မ်ားကို လုယူရန္ မႀကိဳးစားဘဲ၊ ထိုအစား ညစ္ပတ္ေသာ ေျမျပင္ေပၚတြင္ ထိုင္ေနခဲ့ၾကသည္။ ထိုအတြက္ အေၾကာင္းရင္းကား သူတို႔က အလြန္ မြန္ျမတ္ေသာ ကိုယ္က်င့္တရားကို ပိုင္ဆိုင္ထားၿပီး အိမ္မ်ားကို သိမ္းပိုက္ထားသူ အမ်ားစုမွာ လူငယ္မ်ိဳးဆက္မ်ား ျဖစ္ေနေသာေၾကာင့္ပင္။

ညေမွာင္သြားၿပီးေနာက္ လာေရာက္သူ အေရအတြက္ ေလ်ာ့က်မသြားပါေခ်။ ထိုအစား ပို၍ပို၍ မ်ားျပားေသာ လူမ်ား ေပၚလာၾကသည္။

ညဥ့္နက္သြားခ်ိန္တြင္မူ ေျမကြက္လပ္ထံ လူတစ္ေထာင္ေက်ာ္ ေရာက္႐ွိေနၾကၿပီ ျဖစ္၏။ ၎က ၿပီးခဲ့ခ်ိန္တြင္ ႐ွင္းလင္း၍ က်ယ္ဝန္းေသာ ေျမကြက္လပ္ကို ဆူညံလႈပ္႐ွားေနေသာ ေနရာတစ္ခု ျဖစ္သြားေစေတာ့သည္။

ထိုခဏ၌ သိုင္းဧကရာဇ္ငယ္မ်ားပင္ ငါးဆယ့္ေျခာက္ဦး ေရာက္႐ွိလာၿပီးေခ်ၿပီ။ ယခင္ ေရာက္႐ွိေနသည့္ သိုင္းဧကရာဇ္ငယ္မ်ားနည္းတူ သူတို႔အားလုံးက ႏွစ္ရာခ်ီ၍ ႐ွင္သန္ေနခဲ့ၾကသည့္ မ်ိဳးဆက္ေဟာင္းမ်ား ျဖစ္ၾကသည္။

သူတို႔အနက္ အမ်ားစုမွာ အဆင့္တစ္ သိုင္းဧကရာဇ္ငယ္မ်ားသာ ျဖစ္ေၾကာင္း ခ်ဴဖုန္း ခံစားမိေနသည္။ ထို႔ျပင္ သူတို႔၏ အ႐ွိန္အဝါမ်ားအရ သူတို႔အနက္ မည္သူတစ္ဦးကမွ် ထူးကဲေသာ ပါရမီ သို႔မဟုတ္ ေကာင္းကင္ဆန္႔က်င္ေသာ တိုက္ပြဲဝင္စြမ္းအားကို ပိုင္ဆိုင္မထားပါေခ်။ သူတို႔အားလုံးမွာ လုံ႔လ႐ွိမႈႏွင့္ ျဖည္းျဖည္းမွန္မွန္ ဆည္းပူးမႈတို႔ျဖင့္ သိုင္းဧကရာဇ္ငယ္ အဆင့္သို႔ ေရာက္႐ွိႏိုင္ခဲ့သူမ်ား ျဖစ္ၾကသည္။

လူမ်ားေသာ ေနရာတစ္ခုတြင္ ရန္မ်ားလိမ့္မည္ဟု ဆို႐ိုး႐ွိေလသည္။ အေတာ္အတန္ ေသးငယ္ေသာ ဤေျမကြက္လပ္ထံ ပို၍ပို၍ မ်ားျပားေသာ လူမ်ား ေရာက္႐ွိလာခ်ိန္တြင္ ေျမကြက္လပ္မွာ ယခင္ကဲ့သို႔ မၿငိမ္းခ်မ္းေတာ့ပါေခ်။

မ်ိဳးဆက္ေဟာင္းမွ သိုင္းပညာ႐ွင္မ်ားမွာ အမ်ားအားျဖင့္ တည္ၿငိမ္စြာ ႐ွိေနၾကၿပီး လူငယ္မ်ိဳးဆက္မ်ားႏွင့္ တိုက္ခိုက္ရန္ စိတ္မဝင္စားၾကေပ။ သို႔ေသာ္ လူငယ္မ်ိဳးဆက္မ်ား အားလုံးမွာ ေျမႀကီးေပၚတြင္ အိပ္စက္ျခင္းျဖင့္ ညတာကုန္ဆုံးေစရန္ မလိုလားသည့္ မာနႀကီး၍ ေထာင္လႊားေသာ ပုဂၢိဳလ္မ်ားခ်ည္းသာ ျဖစ္ၾကသည္။ ထို႔ေၾကာင့္ သူတို႔က အေဆာက္အအုံမ်ားတြင္ ေနထိုင္ခြင့္အတြက္ စတင္ တိုက္ခိုက္လိုက္ၾကသည္။

မ်ားျပားေသာ တိုက္ပြဲမ်ားေနာက္တြင္ သက္ငယ္တဲ ဆယ္လုံးစလုံးမွာ ပိုင္႐ွင္ေျပာင္းသြားၾကသည္။ ေစာေစာ ေရာက္႐ွိေနၿပီး သက္ငယ္တဲမ်ားကို သိမ္းပိုက္ထားသူမ်ားမွာ ေနာက္ပိုင္းမွ ေရာက္႐ွိလာသူမ်ားကို ရင္ဆိုင္ႏိုင္စြမ္း မ႐ွိဘဲ၊ ညစ္ပတ္ေသာ ေျမျပင္ေပၚတြင္ ညတာကုန္ဆုံးေစရန္ သက္ငယ္တဲမ်ားမွ တစ္ဦးၿပီးတစ္ဦး ႏွင္ထုတ္ခံလိုက္ၾကရသည္။

ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔ သိမ္းပိုက္ထားသည့္ သစ္သားအိမ္ႏွစ္လုံးအတြက္ သူတို႔လည္း စိန္ေခၚမႈ အမ်ားအျပားကို လက္ခံခဲ့ရသည္။ သူတို႔ႏွစ္ဦးက ႏိုင္ပြဲအခ်ိဳ႕ ရယူႏိုင္ခဲ့ေသာ္လည္း ေနာက္ပိုင္း ေရာက္လာသူမ်ားမွာ သန္မာသည္ထက္ သန္မာလာၾကသည္။ ေနာက္ဆုံးတြင္ သူတို႔ ခံစားရသည့္ ဖိအားမွာ ပို၍ပို၍ ႀကီးမားလာေလေတာ့သည္။

သိုင္းဘုရင္ အဆင့္ကိုး က်င့္ၾကံမႈမ်ားႏွင့္ လင္မယားစုံတြဲတစ္တြဲ စိန္ေခၚလာခ်ိန္တြင္မူ ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔ ႏွစ္ဦးစလုံး အျပတ္အသတ္ ႐ႈံးနိမ့္သြားၾကသည္။

ေ႐ြးခ်ယ္စရာ မ႐ွိေတာ့သျဖင့္ သူတို႔က သက္ငယ္တဲမ်ားကို သိမ္းပိုက္ထားသူမ်ားကို စတင္ စိန္ေခၚခဲ့ၾကသည္။ အဆုံးတြင္ သက္ငယ္တဲႏွစ္လုံးကို လုယူႏိုင္ခဲ့သည့္တိုင္ သူတို႔ႏွစ္ဦးက ျဖစ္ပ်က္ခဲ့သည္မ်ားေၾကာင့္ ေဒါသထြက္ေနၾကဆဲပင္။ ထို႔ေၾကာင့္ သူတို႔က သူတို႔၏ သစ္သားအိမ္မ်ားကို လုယူခဲ့သည့္ စုံတြဲဘက္လွည့္၍ ေျပာလိုက္ၾကသည္။
''ေဖာက္ျပန္ေနတဲ့ ေသာက္လင္မယား ... ခင္ဗ်ားတို႔က က်ဳပ္တို႔ရဲ႕ အိမ္ေတြကို တကယ္ လုယူရဲခဲ့တယ္ ... က်ဳပ္အစ္ကိုႀကီး ေရာက္လာတဲ့အခါ ခင္ဗ်ားတို႔ႏွစ္ေယာက္ ေသခ်ာေပါက္ ဒုကၡေတြ႕မယ္သာမွတ္''

သူတို႔အတြက္ ကံမေကာင္းသည္မွာ ထိုစုံတြဲက ခ်ဴဖုန္းကဲ့သို႔ စိတ္ထားမေကာင္းၾကျခင္း ျဖစ္၏။ ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔၏ ၿခိမ္းေျခာက္မႈကို ခံလိုက္ရၿပီးေနာက္ ထိုစုံတြဲက သူတို႔ကို အမွန္တကယ္ ရက္ရက္စက္စက္ ျပန္လည္႐ိုက္ႏွက္လိုက္ၾကသည္။

ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔ကို ျပင္းထန္စြာ ႐ိုက္ႏွက္ၿပီးသည့္ေနာက္ အႏွီစုံတြဲက ၿပိဳင္တူ ေျပာလိုက္ၾကေလသည္။
''အမိႈက္ေတြ''

သူတို႔၏ ၿပိဳင္ဘက္မ်ားမွာ ရင္ဆိုင္ရန္ ခက္ခဲသူမ်ား ျဖစ္ေၾကာင္း ေတြ႕႐ွိလိုက္ရၿပီးေနာက္ ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔က ေဟာင္ဖြာေဟာင္ဖြာလုပ္၍ ၿခိမ္းေျခာက္ရန္ မႀကိဳးစားၾကေတာ့ေပ။

တကယ္တမ္းတြင္လည္း သူတို႔ႏွစ္ဦးက က်န္သူမ်ားထံမွ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ရဦးမည္ မဟုတ္ပါေလာ။ သူတို႔၏ သက္ငယ္တဲမ်ားကို ကာကြယ္ရန္အလို႔ငွာ သူတို႔ႏွစ္ဦးအေနျဖင့္ အေကာင္းဆုံး တိုက္ပြဲဝင္အေနအထားတြင္ ႐ွိေနရန္ လိုအပ္ေပသည္။

လူမ်ား တဖြဲဖြဲ ထပ္ေရာက္လာသည့္ အေလ်ာက္ ေျမကြက္လပ္မွာ စစ္တလင္းတစ္ခု အျဖစ္သို႔ ေျပာင္းလဲသြားေလေတာ့သည္။

ထိုခဏ၌ ေကာင္းကင္မွာ လင္းေနခဲ့ၿပီးေခ်ၿပီ။ သို႔ေသာ္ အိမ္မ်ားအတြက္ တိုက္ပြဲမ်ားမွာ ေလ်ာ့က်မသြား႐ုံသာ မကဘဲ၊ ပိုမို၍ပင္ ၾကမ္းတမ္းလာၾကသည္။ အမွန္အားျဖင့္ ၎မွာ တစ္ဦးခ်င္း တိုက္ပြဲမ်ားမွ အုပ္စုလိုက္ တိုက္ပြဲမ်ားအျဖစ္ ေျပာင္းလဲသြားျခင္း ျဖစ္သည္။

စြမ္းအင္လိႈင္းမ်ား ေနရာအႏွံ႔ ျဖာထြက္ေနၿပီး ေပါက္ကြဲသံမ်ား အဆက္မျပတ္ အုန္းအုန္းထေနသည္။ ၿငိမ္းခ်မ္းစြာ အိပ္စက္ႏိုင္သူ မ႐ွိသေလာက္ပင္။

အေျခအေနအရ လူငယ္မ်ိဳးဆက္ အမ်ားစုက အိမ္မ်ားကို နားေနရန္အတြက္ ယွဥ္လုေနၾကျခင္း မဟုတ္ေၾကာင္း ခ်ဴဖုန္း အတပ္ေျပာႏိုင္ေပသည္။ ထိုအစား သူတို႔က သူတို႔၏ ခြန္အားကို သက္ေသျပရန္ ထိုကဲ့သို႔ ျပဳလုပ္ေနၾကျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔က ခြန္အားျပရန္အလို႔ငွာ အျခားသူမ်ား၏ အိမ္မ်ားကို တိုက္ခိုက္၍ လုယူေနခဲ့ၾကသည္။

သို႔ေသာ္ ခ်ဴဖုန္းကို အံ့အားသင့္ေစသည့္ ကိစၥတစ္ခု ႐ွိေနသည္။ ၎မွာ အျခားအိမ္မ်ားအတြက္ တိုက္ပြဲမ်ား မည္မွ် ျပင္းထန္လာေစကာမူ၊ မည္သူတစ္ဦးကမွ် သူ၏ ေက်ာက္သားအိမ္ကို စိန္ေခၚရန္ ေရာက္မလာျခင္း ျဖစ္သည္။

လူအမ်ားက သူ႕ထံ ေလးစားေသာ အၾကည့္မ်ားျဖင့္ လွမ္းၾကည့္ေနၾကသည္ အထိပင္။ သိုင္းဧကရာဇ္ငယ္အဆင့္ သိုင္းထိပ္သီးအခ်ိဳ႕ပင္ ခ်ဴဖုန္းကို သူတို႔ ျမင္ေတြ႕မိခ်ိန္တြင္ သူ႕ထံ ေဖာ္ေ႐ြစြာျဖင့္ ေခါင္းညိတ္ျပၾကၿမဲ ျဖစ္၏။

မူလတြင္ လူအုပ္ထံမွ ဤသို႔ေသာ တုံ႔ျပန္မႈမ်ိဳးေၾကာင့္ ခ်ဴဖုန္း လုံးလုံး ေခါင္းေျခာက္သြားရသည္။

သို႔ေသာ္ ထိုအေၾကာင္းကို ေတြးေတာၾကည့္ၿပီးေနာက္ မွန္းဆခ်က္တစ္ခုကို ခ်ဴဖုန္း ရ႐ွိလိုက္သည္။ ထိုလူမ်ားအေနျဖင့္ ခ်ဴဖုန္း၏ က်င့္ၾကံမႈ မျမင့္မားသည့္တိုင္ အေကာင္းဆုံး ေက်ာက္သားအိမ္ကို သူ သိမ္းပိုက္ထားေၾကာင္း ျမင္ေတြ႕ခဲ့ရသည့္အတြက္ သူ႕တြင္ ထူးကဲေသာ ဇာစ္ျမစ္တစ္ခုကို ပိုင္ဆိုင္ထားလိမ့္မည္ဟု ေတြးေတာမိၿပီး သူ႕ကို ရန္မစဝံ့ၾကျခင္း ျဖစ္ႏိုင္ေပသည္။

ပင္ကိုအားျဖင့္ ေစာေစာ ေရာက္႐ွိေနသူမ်ား ခ်ဴဖုန္းကို ရန္မစဝံ့ခ်ိန္တြင္ ေနာက္ပိုင္းမွ ေရာက္႐ွိလာသူမ်ားအဖို႔ ခ်ဴဖုန္းကို ရန္စဝံ့လိမ့္မည္ မဟုတ္ပါေခ်။ အဆုံးတြင္မူ မည္သူတစ္ဦးကမွ် ခ်ဴဖုန္းကို ရန္မစဝံ့ေတာ့ေပ။

ဤသည္မွာ ခ်ဴဖုန္း၏ မွန္းဆခ်က္သာ ျဖစ္ေသာ္လည္း သူ႕ကို မည္သူမွ် အေႏွာင့္အယွက္ မေပးသည္မွာ ေကာင္းေသာ ကိစၥတစ္ခု ျဖစ္ေနဆဲပင္။

ကံမေကာင္းသည္ကား ေကာင္းေသာ ကိစၥတစ္ခု ဟူသည္မွာ တာ႐ွည္ခံေလ့မ႐ွိျခင္း ျဖစ္၏။ ညက ေန႔သို႔ ေျပာင္းသြားၿပီး အေ႐ွ႕ဘက္ မိုးကုပ္စက္ဝိုင္းမွ ေနမင္း စတင္ ထြက္ျပဴလာခ်ိန္တြင္ ခ်ဴဖုန္း၏ ၿငိမ္းခ်မ္းမႈကို ဖ်က္ဆီးမည့္ အမ်ိဳးသားတစ္ဦး ေပၚလာေလေတာ့သည္။

သူ၏ အသက္အ႐ြယ္အရ အကဲျဖတ္ၾကည့္လွ်င္ ထိုအမ်ိဳးသား၏ အသက္မွာ ခ်ဴဖုန္းနည္းတူ ႏွစ္ဆယ္သာသာတြင္ ႐ွိေပလိမ့္မည္။

သို႔ေသာ္ သူ၏ ႐ုပ္ရည္သြင္ျပင္ႏွင့္ အဝတ္အစားမ်ားမွာ အလြန္႔အလြန္ ထူးျခားဆန္းျပားေပသည္။ သူ႕တြင္ ဆံပင္မ်ားမ်ား မ႐ွိေသာ္လည္း ႐ွိေနသည့္ ဆံပင္တိုင္းက ေထာင္မတ္ေနလ်က္ ႐ွိၾကသည္။ သူ၏ ဆံပင္ပုံစံမွာ ျဖဴေကာင္တစ္ေကာင္ႏွင့္ တူေနသည္။

သူ႕မ်က္လုံးမ်ားမွာ မ်ားစြာ မႀကီးမားေသာ္လည္း မ်က္လုံးအစုံမွာ ခ်ာလည္လွည့္ေနၾကသည္။ သူကား စဥ္းလဲသူတစ္ဦးပင္။

သူ႕ဆံပင္ပုံစံ၊ သူ႕မ်က္လုံးမ်ားႏွင့္ ႏိႈင္းစာလွ်င္ သူ႕ႏွာေခါင္းမွာ အေတာ္ ပုံမွန္ျဖစ္သည္ဟု ဆိုႏိုင္ေပသည္။ သူ႕ႏွာေခါင္းမွာ ႐ွည္လည္းမ႐ွည္ ခြၽန္လည္းမခြၽန္ဘဲ၊ ၾကက္သြန္ျဖဴတစ္ႁမႊာႏွင့္ တေထရာတည္း တူညီေနလ်က္ ႐ွိသည္။

သို႔ေသာ္ သူ၏ ပါးစပ္မွာ အလြန္ စိတ္ပ်က္စရာေကာင္းၿပီး အမွန္တကယ္ ႐ြဲ႕ေစာင္းေနသည္။ သူ႕ပါးစပ္ ႐ြဲ႕ေစာင္းေနသည္မွာ အေၾကာင္းမဟုတ္ေသာ္လည္း ၎က သူ႕တြင္ ေလွာင္ေျပာင္သည့္ ေလွာင္ျပဳံးတစ္ခု တစ္ခ်ိန္လုံး ႐ွိေနသည့္အသြင္မ်ိဳး ျဖစ္ေနေစသည္အထိ အမွန္တကယ္ ႐ြဲ႕ေစာင္းေနခဲ့သည္။ တစ္ဦးတစ္ေယာက္အဖို႔ သူ႕ထံ လွမ္းၾကည့္မိ႐ုံျဖင့္ ႐ိုက္ႏွက္ရန္ ဆႏၵ႐ွိလာေပလိမ့္မည္။

အထူးသျဖင့္ သူဆင္ျမန္းထားပုံကို သူ႕မ်က္ႏွာေပါက္ႏွင့္ ေပါင္းစပ္လိုက္ခ်ိန္တြင္ သူ႕အသြင္မွာ အ႐ိုက္ခံရန္ ေတာင့္တေနသူတစ္ဦးႏွင့္ ပိုတူသြားေလေတာ့သည္။

သူ႕ခႏၶာကိုယ္ အေပၚပိုင္းမွာ အလုံးစုံ ဗလာက်င္းေနလ်က္ ႐ွိသည္။ သို႔ေသာ္ သူက မီးျခစ္ဆံတစ္ေခ်ာင္းကဲ့သို႔ ပိန္ပါးၿပီး သူ႕ခႏၶာကိုယ္မွာ အ႐ိုးေပၚအေရတင္ ျဖစ္ေနသည္။ သူ႕တြင္ ႂကြက္သားဟူ၍ တစိုးတစိမွ် ႐ွိမေနပါေခ်။ ေမ်ာက္တစ္ေကာင္ကို အေမြးရိတ္ထားလွ်င္ပင္ ၎က သူ႕ထက္ ပိုမို၍ ဗလေတာင့္ေပလိမ့္မည္။ ထိုကဲ့သို႔ေသာ ခႏၶာကိုယ္တစ္ခုကို သူ ျပသထားဝံ့သည္မွာ အမွန္တကယ္ အံ့ဩဖြယ္ရာပင္။

သူက သူ႕ေအာက္ပိုင္းတြင္ အဝတ္အစား ဝတ္ဆင္ထားေသာ္လည္း ၎မွာ ႀကီးမားေသာ ေအာက္ခံေဘာင္းဘီ တစ္ထည္မွ်သာ ျဖစ္ေပသည္။

ထိုေဘာင္းဘီမွာ အစိမ္းေရာင္ ႐ွိေလသည္။ ထိုမွ်သာ ႐ိုး႐ွင္းခဲ့လွ်င္ ထိုေဘာင္းဘီမွာ ျပႆနာ မ႐ွိႏိုင္ပါေခ်။ သို႔ေသာ္ သူ၏ ေဘာင္းဘီမွာ ေအာက္ပိုင္းတြင္သာ အစိမ္းေရာင္ ႐ွိေနၿပီး က်န္အပိုင္းမ်ားတြင္ ပန္းမ်ားျဖင့္ အမွန္တကယ္ ျပည့္ႏွက္ေနေပသည္။

အမွန္ပင္ ျဖစ္၏။ သူ၏ ေဘာင္းဘီတြင္ ပန္းမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

၎တြင္ အလွစိုက္ပန္းမ်ား၊ တ႐ုတ္ႏွင္းဆီမ်ား၊ ႏွင္းဆီနီမ်ား၊ ဆီးပန္းပြင့္မ်ား၊ လက္ဖက္ရည္သံလြင္ပန္းပြင့္မ်ား၊ မက္မြန္ပန္းပြင့္မ်ားႏွင့္ အျခားေသာ ပန္းမ်ိဳးစုံ ႐ွိေနၾကသည္။

၎ကား ပန္းမ်ား ေဝဆာလြန္းလွသည္။ အေရးအႀကီးဆုံးမွာ ထိုပန္းမ်ားအားလုံးကို သူ၏ ေဘာင္းဘီေပၚတြင္ ပန္းထိုးထားျခင္း ျဖစ္သည္။ ပန္းထိုးမႈမွာ အမွန္တကယ္ လက္ရာေျမာက္၍ ထူးကဲေပသည္။

သူ႕ခႏၶာကိုယ္ေပၚတြင္ ႀကီးမားေသာ ေဘာင္းဘီအျပင္ သူ ဝတ္ဆင္ထားသည့္ တစ္ခုတည္းေသာ အရာမွာ ဖိနပ္တစ္ရံ ျဖစ္၏။ ၎မွာ ထူးျခားေသာ အပင္တစ္မ်ိဳးျဖင့္ ျပဳလုပ္ထားသည့္ ႀကိဳးသိုင္းဖိနပ္တစ္ရန္ပင္။ လူအမ်ား ဝတ္ဆင္သည့္ သာမန္ ႀကိဳးသိုင္းဖိနပ္မ်ား အားလုံးမွာ အသြင္အျပင္အားျဖင့္ ႐ိုးစင္းၿပီး ေပၚလြင္မႈ မ႐ွိေသာ္လည္း သူ ဝတ္ဆင္ထားသည့္ ဖိနပ္တစ္ရန္မွာမူ ထိုသို႔ မဟုတ္ပါေခ်။

၎တို႔က အမွန္ပင္ မတူညီေသာ အေရာင္မ်ားျဖင့္ လိုက္ဖက္မညီဘဲ ႐ွိေနၾကသည္။ တစ္ဖက္မွာ အစိမ္းေရာင္ျဖစ္ၿပီး က်န္တစ္ဖက္မွာ အနီေရာင္ ျဖစ္ေနသည္။ သူ႕အသြင္ကား အမွန္တကယ္ အံ့အားသင့္ဖြယ္ပင္။

ဤအမ်ိဳးသား ေရာက္႐ွိလာခ်ိန္တြင္ လူတိုင္း၏ မ်က္လုံးမ်ားမွာ အံ့ဩမႈျဖင့္ ေတာက္ပသြားၾကသည္။ သူတို႔ကိုယ္သူတို႔ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ က်ယ္ေလာင္စြာ ရယ္ေမာလိုက္သူမ်ားပင္ ႐ွိလာသည္။

သို႔ေသာ္ ေလာကဟူသည္မွာ ႀကီးမားၿပီး ထူးျခားေသာ အရာမ်ားျဖင့္ ျပည့္ႏွက္ေနသည္ဟု ဆို႐ိုး႐ွိေလသည္။ ခ်ဴဖုန္းအဖို႔ လူမ်ိဳးစုံႏွင့္ ၾကဳံေတြ႕ခဲ့ရၿပီး ျဖစ္သည္။ သူကဲ့သို႔ေသာ လူတစ္ဦးအတြက္ ခ်ဴဖုန္းက ျပဳံးလိုက္႐ုံမွ်သာ ႐ွိၿပီး မ်ားစြာ အာ႐ုံမစိုက္မိပါေခ်။

''အစ္ကိုႀကီး၊ ေနာက္ဆုံးေတာ့ ခင္ဗ်ားေရာက္လာၿပီေပါ့''
သို႔ေသာ္ျငားလည္း ယခုခဏ၌ လူတိုင္း အံ့အားသင့္သြားရသည္မွာ ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔က ထိုလူထူးဆန္းေ႐ွ႕သို႔ ပစ္ဝင္သြားၾကၿပီး ေျမျပင္ေပၚ ဒူးေထာက္လိုက္ၾကျခင္း ျဖစ္သည္။ သူတို႔က ထိုအမ်ိဳးသား၏ ေပါင္မ်ားကို ဆုပ္ကိုင္လ်က္ စတင္ ငိုညည္းလိုက္ၾကသည္။

''ေသာက္က်ိဳးနည္း ... ဒီလူက ဟိုယစ္ထုပ္ရဲ႕ အစ္ကိုႀကီးဆိုတာမ်ား ျဖစ္ေနမလားပဲ ... ထြတ္ျမတ္သိုင္းနယ္ေျမမွာ မသိသူမ႐ွိမယ့္ အဲဒီ အ႐ွင္သခင္ေလး ဆိုတာလား''
မ်က္ေမွာက္႐ွိေနသူတိုင္း စတင္ ေရ႐ြတ္လိုက္မိၾကသည္။

အေၾကာင္းမူ သူတို႔၏ အိမ္မ်ားကို တစ္စုံတစ္ဦး စိန္ေခၚလာခ်ိန္တိုင္းတြင္ ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔က သူတို႔၏ အစ္ကိုႀကီးအေၾကာင္းကို အၿမဲတမ္း ထုတ္ေျပာခဲ့ၾက၍ ျဖစ္သည္။ သူတို႔က သူတို႔အစ္ကိုႀကီး၏ အေၾကာင္းကို နတ္ဘုရားတစ္ပါး ျဖစ္ေနသည့္ႏွယ္ ႂကြားဝါေလ့႐ွိၾကသည္။ ထို႔ေၾကာင့္ သူတို႔ ႂကြားဝါေနျခင္းသာ ျဖစ္သည္ကို လူတိုင္း သိ႐ွိေနၾကသည့္တိုင္ သူတို႔၏ ဤအစ္ကိုႀကီးအေၾကာင္းကို စိတ္ဝင္စားလာခဲ့ၾကသည္။

''သ ... သ ... ေသာက္ပဲ''

''ဘ ... ဘ ... ဘယ္ေသာက္ေကာင္က မ ... မ ... မင္းတို႔ႏွစ္ေယာက္ကို ဒ ... ဒ ... ဒီေသာက္ခြက္ျဖစ္ေအာင္ ရ ... ရ ... ႐ိုက္ထားတာလဲ''
ထိုလူထူးဆန္းက အလြန္ ေဒါသထြက္ေသာ အမူအရာျဖင့္ ေျပာလိုက္သည္။

သူ႕စကားမ်ားမွာ ေဒါသျဖင့္ ျပည့္ႏွက္ေနသည့္တိုင္ သူ႕စကားကို ၾကားလိုက္ရခ်ိန္တြင္ လူအုပ္အဖို႔ သူတို႔ကိုယ္သူတို႔ ထိန္းခ်ဳပ္ထားႏိုင္စြမ္း မ႐ွိေတာ့ဘဲ၊ ႐ုတ္တရက္ က်ယ္ေလာင္စြာ ရယ္ေမာလိုက္မိၾကသည္။

ဤငနဲကား စကားထစ္သူတစ္ဦးလည္း ျဖစ္ေနေပေတာ့သည္။

***

အခန္း(၁၃၃၆) ဆက္ရန္...အခန္း(၁၃၃၆) ဘယ္သူ႐ွိေသးလဲ

''ခ ... ခ ... ခင္ဗ်ားတို႔က ဘ ... ဘာကို ရယ္ေနၾကတာလဲ ... သ ... သ ... သိပ္မၾကာခင္မွာ ခ ... ခင္ဗ်ားတို႔ဘိုးဘိုးက ခင္ဗ်ားတို႔ကို မ ... မ ... မရယ္ႏိုင္တဲ့အထိ လုပ္ျပမယ္''
လူထူးဆန္းက ရယ္ေမာေနသူမ်ားထံ လက္ညိႇဳးထိုးလိုက္ၿပီး သူတို႔ကို ၿခိမ္းေျခာက္လိုက္သည္။

ထိုစကားမ်ားကို သူ အဆုံးသတ္လိုက္ခ်ိန္တြင္ သူ၏ ႀကီးမားေသာ ပန္းေဘာင္းဘီ အနည္းငယ္ လႈပ္႐ွားသြားေလသည္။ ထို႔ေနာက္ ပန္းေဘာင္းဘီထံမွ ဖိႏွိပ္အားတစ္ခု ျဖန္႔ထြက္လာၿပီး ေျမကြက္လပ္တစ္ခုလုံးကို လႊမ္းျခဳံသြား၏။

ဤဖိႏွိပ္အား ထြက္ေပၚလာခ်ိန္တြင္ ေျမကြက္လပ္တစ္ခုလုံး စတင္ တုန္ခါလာသည္။ ပတ္ဝန္းက်င္႐ွိ သစ္ပင္မ်ား အျပင္းအထန္ ယိမ္းထိုးသြားၾကသည္။ ထိုဖိႏွိပ္အားကို ခံစားမိလိုက္သည့္ အားနည္းေသာ က်င့္ၾကံမႈမ်ားႏွင့္ လူအမ်ားအျပားမွာ ျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားၾကၿပီး စြမ္းအားမဲ့စြာျဖင့္ ေျမျပင္ေပၚသို႔ လဲက်သြားၾကသည္။

ဤငနဲက သူ၏ အင္အားကို ျပသေနျခင္း ျဖစ္၏။ ထို႔ျပင္ သူက သူ၏ ရည္မွန္းခ်က္ကို ၿပီးေျမာက္ခဲ့ေလသည္။

သိုင္းဘုရင္ အဆင့္ခုနစ္ ...။ ၎မွာ ဤလူထူးဆန္း၏ က်င့္ၾကံမႈပင္။ သူ၏ က်င့္ၾကံမႈက ခ်ဴဖုန္း၏ အထက္တြင္ ႐ွိေနသည္။

ေျမကြက္လပ္တြင္ မ်က္ေမွာက္႐ွိေနသူမ်ားႏွင့္ ႏိႈင္းယွဥ္လိုက္လွ်င္ သူ၏ သိုင္းဘုရင္ အဆင့္ခုနစ္ က်င့္ၾကံမႈမွာ မ်ားစြာ အေရးမပါလွေပ။ သို႔ေသာ္လည္း ထိုမွ် ငယ္႐ြယ္ေသာ အသက္အ႐ြယ္၌ သူ၏ သိုင္းဘုရင္ အဆင့္ခုနစ္ က်င့္ၾကံမႈကို ရယူထားႏိုင္ျခင္းေၾကာင့္ လူအုပ္အဖို႔ သူ႕ကို အထင္ႀကီးမႈျဖင့္ ႐ႈျမင္႐ုံမွတစ္ပါး ေ႐ြးခ်ယ္စရာ မ႐ွိေတာ့ပါေခ်။

ထို႔ျပင္ သူ၏ အ႐ွိန္အဝါမွာလည္း ထူးကဲေနေပသည္။ မ်က္ေမွာက္႐ွိေနသူ အားလုံးမွာ ေ႐ႊေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ား ျဖစ္သည့္အားေလ်ာ္စြာ သူတို႔အားလုံးက အလြန္ ထက္ျမက္ေသာ ထိုးထြင္းအျမင္မ်ားကို ပိုင္ဆိုင္ထားၾကသည္။ ထို႔ေၾကာင့္ ဤလူထူးဆန္း၏ တိုက္ပြဲဝင္စြမ္းအားမွာ အဆင့္ခုနစ္ သိုင္းဘုရင္တစ္ဦးကဲ့သို႔ မ႐ိုး႐ွင္းေၾကာင္း လူတိုင္း ခံစားမိေနၾကသည္။

သို႔ျဖစ္၍ ထိုခဏ၌ လူအမ်ားစုက အလ်င္အျမန္ ပါးစပ္ပိတ္ထားလိုက္ၾကသည္။ ဤငနဲ၏ အသြင္အျပင္ မည္မွ် ထူးဆန္း၍ မထည္ဝါေစကာမူ၊ သူ၏ က်င့္ၾကံမႈက စစ္မွန္ေပသည္။

သူ႕ေနာက္တြင္ စြမ္းအားေကာင္းေသာ ေနာက္ခံတစ္ခု ႐ွိႏိုင္သည္ မ႐ွိႏိုင္သည္ကို မည္သူမွ် မသိေပ။ ထို႔ေၾကာင့္ မေမွ်ာ္လင့္ေသာ အျဖစ္ကို ကာကြယ္ရန္အလို႔ငွာ မည္သူတစ္ဦးကမွ် သူ႕ကို ရန္စရန္ မလိုလားပါေခ်။

''စိတ္ဝင္စားစရာပဲ ... ဒီငနဲက သူ႕ရဲ႕ က်င့္ၾကံမႈထက္ သုံးဆင့္သာတဲ့ တိုက္ပြဲဝင္စြမ္းအားကို တကယ္ ပိုင္ဆိုင္ထားတယ္''
ထိုထူးဆန္းေသာ ငနဲထံ လွမ္းၾကည့္ေနသည့္ ခ်ဴဖုန္း၏ အၾကည့္က ေလးနက္လာသည္။

သူ၏ က်င့္ၾကံမႈထက္ သုံးဆင့္သာသည္မွာ ခ်ဴဖုန္း၏ တိုက္ပြဲဝင္စြမ္းအားႏွင့္ တူညီေနလ်က္ ႐ွိသည္။ ထို႔ျပင္ ခ်ဴဖုန္းအေနျဖင့္ သူ၏ နတ္လွ်ပ္စီးကို အသုံးျပဳခဲ့လွ်င္ သူက သိုင္းဘုရင္ အဆင့္ခုနစ္သို႔သာ ေရာက္႐ွိႏိုင္ေပလိမ့္မည္။

ထိုလူထူးဆန္း၏ အသက္ႏွင့္ က်င့္ၾကံမႈတို႔ကို သုံးသပ္ၾကည့္လွ်င္ သူက ခ်ဴဖုန္းႏွင့္ တန္းတူညီမွ် ျဖစ္ေနသည္။ ထို႔ေၾကာင့္ သူ႕ကို ေလွ်ာ့တြက္၍ မရႏိုင္သည္မွာ က်ိန္းေသေပသည္။

ထို႔ျပင္ ပိုင္ယြင္ေ႐ွာင္းထက္ပင္ ပိုမို၍ အႏၲရာယ္႐ွိေသာ အ႐ွိန္အဝါတစ္ခုကို သူ႕ထံမွ ခ်ဴဖုန္း ခံစားမိေနသည္။ ဤငနဲမွာ အေပၚယံ ျမင္ရသကဲ့သို႔ မ႐ိုး႐ွင္းဘဲ၊ လ်စ္လ်ဴ႐ႈ၍ ရႏိုင္သူတစ္ဦး မဟုတ္ပါေခ်။

သို႔ေသာ္ အေရးအႀကီးဆုံးမွာ ပိုင္ယြင္ေ႐ွာင္းျဖစ္ေစ ခ်င္လင္းယြင္ျဖစ္ေစ၊ သူတို႔က ခ်ဴဖုန္းထက္ မ်ားစြာ အသက္ပိုႀကီးၾကျခင္း ျဖစ္သည္။ သို႔တိုင္ ဤလူထူးဆန္း ငနဲ၏ အသက္မွာ ခ်ဴဖုန္းအသက္ခန္႔သာ ႐ွိေနသည္။

ထို႔ေၾကာင့္ ဤထူးဆန္းေသာ အမ်ိဳးသားမွာ ထြတ္ျမတ္သိုင္းနယ္ေျမသို႔ ခ်ဴဖုန္း ေရာက္႐ွိလာခ်ိန္မွစ၍ ၾကဳံေတြ႕ခဲ့သမွ် မ်ိဳးဆက္တူသူမ်ားတြင္ သူႏွင့္ ယွဥ္ႏိုင္ေသာ ခြန္အား႐ွိသည့္ ပထမဆုံးလူ ျဖစ္ေပသည္။

''ငါတို႔ေတြ ဒီထြတ္ျမတ္သိုင္းနယ္ေျမမွာ ႐ွိေနခဲ့တာ ဒီေလာက္ၾကာခဲ့ၿပီး ေနာက္ဆုံးေတာ့ အဲဒါက စိတ္ဝင္စားစရာ ေကာင္းလာၿပီပဲ ... နင့္ရဲ႕ မ်ိဳးဆက္တူထဲမွာ နင္နဲ႔ လက္ရည္တူ တိုက္ခိုက္ႏိုင္တဲ့ လူတစ္ေယာက္ ႐ွိေနၿပီေလ''
အက္ဂီက ေတာက္ပေသာ အျပဳံးတစ္ခုျဖင့္ ေျပာလိုက္သည္။

သူမ၏ အသြင္အျပင္အရ သူမက ခ်ဴဖုန္းႏွင့္ ထိုထူးဆန္းေသာ ငနဲတို႔ အၾကား႐ွိ တိုက္ပြဲတစ္ခုကို ေမွ်ာ္လင့္ေနဟန္ တူေပသည္။

''ငါ့ကို အႏိုင္ယူဖို႔ဆိုတာ သူ႕အတြက္ မျဖစ္ႏိုင္ပါဘူး''
ခ်ဴဖုန္းက မိမိကိုယ္မိမိ ယုံၾကည္မႈျဖင့္ ေျပာလိုက္၏။

''ယို႔ ... နင္ ဒီေလာက္ ယုံၾကည္မႈ႐ွိေအာင္ ဘယ္ဟာက လုပ္ေပးထားတာလဲ''
အက္ဂီက အျပဳံးရပ္လိုက္ၿပီး ခ်ဴဖုန္းကို သိလိုစြာျဖင့္ ေမးလိုက္သည္။

''ငါ့ေဘးမွာ ျမင့္ျမတ္တဲ့ ဘုရင္မ ႐ွိေနတယ္ေလ ... သူက ငါ့ကို ဘယ္လို အႏိုင္ယူႏိုင္မွာတဲ့လဲ''
ခ်ဴဖုန္းက ေျပာလိုက္၏။

''ကြၽတ္ ...''
ထိုစကားမ်ားကို ၾကားလိုက္ရလွ်င္ အက္ဂီက သူမ၏ ႏႈတ္ခမ္းမ်ားကို ဆြဲေဆာင္မႈ႐ွိ႐ွိ မဲ့ျပလိုက္သည္။ ထို႔ေနာက္ သူမက ႏႈတ္ခမ္းမ်ားကို ပင့္လိုက္ၿပီး ႏွစ္သက္ဖြယ္ အျပဳံးတစ္ခုကို ျပဳံးလိုက္ေလသည္။
''အဲဒါ မွန္တာေပါ့ ... ဒီဘုရင္မက နင့္ကို အၿမဲတမ္း ေစာင့္ေ႐ွာက္မွာပါ''

''ဘာမဟုတ္တဲ့ အဆင့္ခုနစ္ သိုင္းဘုရင္တစ္ေယာက္ပဲ ... ဒါနဲ႔ေတာင္ မင္းက ဒီေလာက္ ေထာင္လႊားၿပီး ဒီကမင္းေဖေဖကို မရယ္ႏိုင္ေအာင္ လုပ္ျပမယ္ဆိုတာမ်ိဳး ေျပာရဲတယ္ေပါ့ ... ဟားဟား ... မင္းအဆင့္ေလာက္နဲ႔ စြမ္းႏိုင္မယ္မ်ား ထင္ေနတာလား''
ထိုခဏ၌ပင္ အေၾကာက္အ႐ြံ႕ကင္းေသာ အမ်ိဳးသားတစ္ဦးက ႀကိမ္းဝါးလိုက္သည္။

ထိုအမ်ိဳးသားမွာ ႀကီးမားေသာ ေက်ာျပင္တစ္ခုႏွင့္ တုတ္ခိုင္ေသာ ခါးတစ္ခုတို႔ကို ပိုင္ဆိုင္ထားေပသည္။ သူကား စံခ်ိန္မီ လူထြားႀကီးတစ္ဦးပင္။ သူက ထူးကဲေသာ ဟန္ပန္ကို ပိုင္ဆိုင္ထားသည့္အျပင္ သူ၏ က်င့္ၾကံမႈမွာလည္း အားမနည္းဘဲ သိုင္းဘုရင္ အဆင့္ကိုး ျဖစ္၏။

''ဟမ့္ ... မင္းက ဟိုအမိႈက္ႏွစ္ေကာင္ရဲ႕ အစ္ကိုႀကီးဆိုတာလား ... ငါတို႔ လင္မယားက ဒီေနရာမွာ မင္းကို ေစာင့္ေနခဲ့တာ အခုဆို အေတာ္ၾကာသြားၿပီ''
ထိုလူထြားႀကီး ေျပာလိုက္ၿပီး ခ်က္ခ်င္းဆိုသလို လူလတ္ပိုင္း အမ်ိဳးသမီးတစ္ဦး လွမ္းထြက္လာသည္။ ဤအမ်ိဳးသမီးလည္း သိုင္းဘုရင္ အဆင့္ကိုး က်င့္ၾကံမႈကို ပိုင္ဆိုင္ထားေလသည္။

ဤအမ်ိဳးသားႏွင့္ အမ်ိဳးသမီးတို႔မွာ ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔ထံမွ သစ္သားအိမ္မ်ားကို လုယူခဲ့သည့္၊ ၿခိမ္းေျခာက္ခံရၿပီးေနာက္ သူတို႔ကို ျပင္းထန္စြာ ႐ိုက္ႏွက္ခဲ့သည့္ စုံတြဲပင္ ျဖစ္ေပေတာ့သည္။

''အစ္ကိုႀကီး၊ က်ဳပ္တို႔ရဲ႕ သစ္သားအိမ္ေတြကို လုယူၿပီး က်ဳပ္တို႔ကို အခုလို႐ုပ္ေတြ ျဖစ္ေနေအာင္ ႐ိုက္ထားၾကတာ သူတို႔ပါပဲ''
ထိုႏွစ္ဦးကို ျမင္လွ်င္ ယစ္ထုပ္ႏွင့္ လူဝႀကီးတို႔က သူတို႔၏ နာၾကည္းခ်က္မ်ားကို သူတို႔အစ္ကိုႀကီးထံ အလ်င္အျမန္ ဖြင့္ဟလိုက္ၾကသည္။

''သ ... သ ... ေသာက္ပဲ''

''ခ ... ခ ... ခင္ဗ်ားတို႔က က်ဳပ္ညီေတြရဲ႕ သ ... သ ... သစ္သားအိမ္ေတြကို လုယူခဲ့တယ္ေပါ့''

''သ ... သ ... သူတို႔ကို ႐ိုက္ခဲ့တယ္ေပါ့''

''ခ ... ခ ... ခင္ဗ်ားတို႔က သူတို႔ကို ႐ိုက္ၿပီး သ ... သ ... သူတို႔ရဲ႕ ပစၥည္းကို လုယူထားတာေတာင္ ဒ ... ဒ ... ဒီေလာက္ ေထာင္လႊားရဲေသးတယ္ေပါ့''

''ဒ ... ဒ ... ဒီေလာကမွာ ဥ ... ဥ ... ဥပေဒေတြ ႐ွိေသးရဲ႕လား ... ခ ... ခ ... ခင္ဗ်ားတို႔မွာ ကိုယ္က်င့္သိကၡာေရာ ႐ွိရဲ႕လား ... ခ ... ခ ... ခင္ဗ်ားတို႔က လူေတြမွ ဟုတ္ၾကရဲ႕လား''
လူထူးဆန္းက ထိုစုံတြဲထံ လက္ညိႇဳးထိုးလိုက္ၿပီး ေျဖာင့္မတ္မႈႏွင့္ ယုံၾကည္မႈတို႔ျဖင့္ သူတို႔အေပၚ ျပင္းထန္စြာ အျပစ္တင္လိုက္သည္။

''ငါတို႔လင္မယားကို အျပစ္တင္ဖို႔ မႀကိဳးစားခင္ အိမ္ျပန္ၿပီး ေသာက္စကားေကာင္းေကာင္း ေျပာတတ္ေအာင္ ေလ့က်င့္လိုက္ဦး''
ထိုအမ်ိဳးသမီးက ေျပာလိုက္၏။

''သ ... သ ... ေသာက္ပဲ ... က် ... က် ... က်ဳပ္ ဘယ္သူဆိုတာေရာ ခ ... ခ ... ခင္ဗ်ား သိရဲ႕လား''
ထူးဆန္းေသာ ငနဲက ေျပာလိုက္သည္။

''ဟက္ ... နင္က သူတို႔ေျပာတဲ့ အဲဒီအ႐ွင္သခင္ေလး မဟုတ္ဘူးလား''
အမ်ိဳးသမီးက ေလွာင္ရယ္လိုက္ေလသည္။

''မွ ... မွ ... မွားတယ္''
ထူးဆန္းေသာ ငနဲက ၎ကို ျငင္းပယ္လိုက္၏။

''ဒါဆို မင္းက ဘယ္သူလဲ''
အမ်ိဳးသမီး၏ ခင္ပြန္းက သိလိုဟန္ျဖင့္ ေမးလိုက္သည္။

''က် ... က် ... က်ဳပ္က တင့္တယ္ၿပီး က် ... က်က္သေရ႐ွိ႐ွိ ခ် ... ခ် ... ေခ်ာေမာတဲ့ လူငယ္၊ ယ ... ေယာက်္ားေတြကို ၾက ... ၾက ... ေၾကာက္႐ြံ႕ေစၿပီး မ ... မိန္းမေတြကို စ ... စ ... စြဲမက္ေစတဲ့ အ ... အ ... အ႐ွင္သခင္ေလး ဝ ... ဝ ... ဝ ... ဝမ္ခ်န္ပဲ''
ထူးဆန္းေသာ ငနဲက ႐ွင္းျပလိုက္ေလသည္။

''အိုး ... ဒီေတာ့ မင္းနာမည္က ဝ ... ဝ ... ဝ ... ဝမ္ခ်န္ေပါ့''
အမ်ိဳးသားလည္း သူ႕ကို ျပက္ရယ္မျပဳမိဘဲ မေနႏိုင္ေတာ့ပါေခ်။

''သ ... သ ... ေသာက္ပဲ ... ခ ... ခင္ဗ်ားကမွ ဝ ... ဝ ... ဝ ... ဝမ္ခ်န္ဆိုတဲ့ တစ္ေယာက္ပဲ''

''ခ ... ခ ... ခင္ဗ်ားဘိုးဘိုး က်ဳပ္က ဝ ... ဝ ... ဝမ္ခ်န္''
ထူးဆန္းေသာ ငနဲက ေျပာလိုက္၏။

''အိုး ... လက္စသတ္ေတာ့ မင္းနာမည္က ဝ ... ဝ ... ဝ ... ဝမ္ခ်န္ မဟုတ္ဘဲ ဝ ... ဝ ... ဝမ္ခ်န္ကိုး''
အမ်ိဳးသားက က်ယ္ေလာင္စြာ စတင္ ရယ္ေမာလိုက္သည္။ သူက ထိုထူးဆန္းေသာ ငနဲ ေဒါသထြက္ေစရန္ တမင္ျပဳလုပ္ေနျခင္း ျဖစ္သည္။

''သ ... သ ... ေသာက္ပဲ ... ခ ... ခင္ဗ်ား တကယ္ ယုတ္မာတယ္ ... က် ... က် ... က်ဳပ္ စကားထစ္တာကို အ ... အႏိုင္ယူေနတယ္ေပါ့''

''ည ... ည ... ညီေလး၊ သ ... သ ... သူတို႔ကို င ... င ... ငါ့နာမည္ ေျပာလိုက္စမ္း''
အားကိုးရာမဲ့မႈကို ခံစားလိုက္ရလွ်င္ ထူးဆန္းေသာ ငနဲက သူ႕ထက္မ်ားစြာ အသက္ႀကီးေသာ ယစ္ထုပ္အမ်ိဳးသားဘက္သို႔ လွည့္လိုက္ၿပီး အကူအညီေတာင္းလိုက္သည္။

ထိုသို႔ၾကားလွ်င္ ယစ္ထုပ္အမ်ိဳးသားက ခ်က္ခ်င္း ေျပာလိုက္၏။
''က်ဳပ္အစ္ကိုႀကီးရဲ႕ နာမည္က ဝမ္ခ်န္''

''ခ ... ခ ... ခင္ဗ်ားတို႔ ၾကားၿပီလား ... က် ... က် ... က်ဳပ္နာမည္က ဝ ... ဝ ... ဝမ္ခ်န္လို႔ ေခၚတယ္''
ဝမ္ခ်န္က ခါးမတ္လိုက္ၿပီး မိမိကိုယ္မိမိ ယုံၾကည္မႈ႐ွိစြာျဖင့္ ေျပာလိုက္သည္။

''ေသာက္ေရးမပါတာေတြ ေတာ္ေလာက္ၿပီ ... မင္းရဲ႕ ညီေတြအတြက္ လက္စားေခ်ခ်င္ရင္ ငါတို႔ဆီ လာခဲ့ ... သူတို႔အတြက္ မင္း လက္စားမေခ်ခ်င္ရင္ မင္းေဖေဖ ငါ့မွာ မင္းအတြက္ အခ်ိန္မ႐ွိဘူး''
အမ်ိဳးသားက စိတ္မ႐ွည္ဟန္ျဖင့္ ေျပာလိုက္ေလသည္။

''ဝွစ္''
ထိုခဏ၌ ဝမ္ခ်န္၏ မ်က္လုံးမ်ားတြင္ ေအးစက္မႈတစ္ခု လင္းလက္သြား၏။ သူ႕ေျခလွမ္းမ်ား ေျပာင္းလဲသြားၿပီး ထိုစုံတြဲထံ အ႐ွိန္ျပင္းစြာ ေျပးဝင္သြားသည့္ အေလ်ာက္ သူက အလင္းတန္းတစ္ခု အျဖစ္သို႔ ေျပာင္းလဲသြားေလသည္။

''အခ်ိန္ကိုက္ပဲေဟ့''
ထိုစုံတြဲက ဝမ္ခ်န္၏ တိုက္ခိုက္မႈကို ႀကိဳတြက္ထားမိၿပီး ျဖစ္သည္။ ထို႔ျပင္ သူတို႔က အဆင့္ကိုး သိုင္းဘုရင္မ်ား ျဖစ္ၾကသည္။ ထို႔ေၾကာင့္ သူတို႔ႏွစ္ဦးက ဝမ္ခ်န္၏ တိုက္ခိုက္မႈကို မ်က္လုံးထဲပင္ ထည့္မထားၾကေပ။

''ဝီး''
သူတို႔ထံ ေရာက္႐ွိေတာ့မည့္ အခ်ိန္ခဏ၌ပင္ ဝမ္ခ်န္က အလင္းတစ္ခုႏွင့္အတူ ေပ်ာက္ကြယ္သြား၏။ သူ ျပန္ေပၚလာခ်ိန္တြင္ သူက အမ်ိဳးသမီးေနာက္သို႔ ေရာက္႐ွိေနခဲ့ၿပီးေခ်ၿပီ။

''ေဖာင္း''
လွ်ပ္စီးအျမန္ႏႈန္းႏွင့္အတူ ဝမ္ခ်န္က အမ်ိဳးသမီး၏ လည္ကုပ္ကို လက္ဝါးေစာင္းျဖင့္ ခုတ္ခ်လိုက္သည္။

''ဘုန္း''
ဝမ္ခ်န္၏ လက္ဝါးေစာင္းျဖင့္ အခုတ္ခံရျခင္းေၾကာင့္ ထိုအမ်ိဳးသမီးမွာ ပါးစပ္အျပည့္ ေသြးတစ္လုတ္ကို ႐ုတ္ျခည္း အန္ထုတ္လိုက္ရသည္။ ထို႔ေနာက္ သူမက ေျမျပင္သို႔ ေခြးေသတစ္ေကာင္ႏွယ္ လဲက်သြား၏။ သူမအေနျဖင့္ ျပင္းျပင္းထန္ထန္ ဒဏ္ရာမရခဲ့ေသာ္လည္း ဆက္လက္၍ တိုက္ခိုက္ႏိုင္စြမ္း မ႐ွိေတာ့ပါေခ်။

သူ႕ဇနီး တိုက္ခိုက္ခံခဲ့ရသည္ကို ျမင္လွ်င္ အမ်ိဳးသား၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားၿပီး သူက ေဒါသတႀကီး ဟစ္ေအာ္လိုက္သည္။
''ေသခ်င္ေနတာပဲ''

ထိုခဏ၌ သိုင္းစြမ္းအားမ်ားက သူ႕ခႏၶာကိုယ္ တစ္ခုလုံးတြင္ လည္ပတ္သြားၿပီး သူ႕ခႏၶာကိုယ္၏ မ်က္ႏွာျပင္မွပင္ ထြက္ေပၚလာေလသည္။ သူက သာမန္ တိုက္ခိုက္မႈတစ္ခုကို အသုံးျပဳရန္ ၾကံ႐ြယ္ေနျခင္း မဟုတ္ဘဲ၊ သိုင္းကြက္တစ္ခုျဖင့္ ဝမ္ခ်န္႔ကို တန္ျပန္တိုက္ခိုက္ရန္ ၾကံ႐ြယ္ေနျခင္း ျဖစ္သည္။

''ဝွစ္''
သို႔ေသာ္ ထိုခဏ၌ပင္ ဝမ္ခ်န္၏ ေျခလွမ္းမ်ား ေျပာင္းလဲသြားျပန္သည္။ သူက ထိုအမ်ိဳးသားေ႐ွ႕သို႔ အလင္းတန္းတစ္ခုအလား ေရာက္႐ွိသြားၿပီး ေျခေထာက္ျဖင့္ အားပါေသာ ဝိုက္ကန္ခ်က္တစ္ခ်က္ကို ကန္ေက်ာက္လိုက္သည္။ ေနာက္ဆုံးတြင္ သူက ထိုအမ်ိဳးသား၏ တိုက္ကြက္ကို ဟန္႔တားခဲ့႐ုံသာ မကဘဲ၊ သူ၏ ဝိုက္ကန္ခ်က္ကလည္း ထိုအမ်ိဳးသား၏ ဦးေခါင္းေပၚ အညႇာအတာမဲ့စြာ က်ေရာက္သြားေလေတာ့သည္။

''ဝို႔အား''
ေျခေထာက္ျဖင့္ အကန္ခံရျခင္းက အမ်ိဳးသားကို စူးစူးဝါးဝါး ေအာ္ဟစ္လိုက္ရေစသည္။ ထို႔ေနာက္ သူ႕ဇနီးနည္းတူ သူလည္း ေျမျပင္ေပၚ ေမွာက္လ်က္က်သြားၿပီး ဆန္႔ငင္ဆန္႔ငင္ႏွင့္ ေအာ္ဟစ္ေနရေလေတာ့သည္။

ဝမ္ခ်န္က သူ႕ထက္ က်င့္ၾကံမႈ ပိုျမင့္သူမ်ားကို ျပတ္ျပတ္သားသား အႏိုင္ယူခဲ့သည္။ သူတို႔ ႐ႈံးနိမ့္သြားသည့္ အခ်ိန္ခဏ၌ သူ၏ တိုက္ခိုက္မႈမ်ားကို ရပ္တန္႔လိုက္ေသာ္လည္း သူက လူအုပ္ကို သူ၏ အင္အားျဖင့္ ေျခာက္လွန္႔ႏိုင္ခဲ့ေလသည္။

ထိုခဏ၌ မ်က္ေမွာက္႐ွိေနသူ အမ်ားအျပားမွာ သက္ျပင္းကိုယ္စီ မ႐ိႈက္သြင္းမိဘဲ မေနႏိုင္ၾကေတာ့ေပ။ ဝမ္ခ်န္႔ထံ လွမ္းၾကည့္ေနသည့္ သူတို႔၏ အၾကည့္အားလုံး ေျပာင္းလဲသြားခဲ့ေခ်ၿပီ။

ဝမ္ခ်န္ဟူသည့္ ဤလူထူးဆန္းကား သူတို႔ စိတ္ကူးထားမိသည္ထက္ က်ိန္းေသေပါက္ ပိုမိုသန္မာေနေပသည္။

လူအုပ္၏ မယုံၾကည္ႏိုင္ေသာ အၾကည့္မ်ားႏွင့္ အံ့အားသင့္ေနေသာ အမူအရာမ်ားကို ျမင္လွ်င္ ဝမ္ခ်န္း၏ ႏႈတ္ခမ္းမ်ားက အျပဳံးတစ္ခုအျဖစ္ တြန္႔တက္သြားၾကသည္။ သူက ေအာက္တန္းက်စြာ ရယ္ေမာလိုက္ၿပီးေနာက္ က်ယ္ေလာင္စြာ ေအာ္ေျပာလိုက္ေလေတာ့သည္။
''ဘ ... ဘ ... ဘယ္သူ႐ွိေသးလဲ''

***

အခန္း(၁၃၃၇) ဆက္ရန္...အခန္း(၁၃၃၇) ခ်ဴဖုန္း ႏွင့္ ဝမ္ခ်န္

ယခုခဏ၌ လူတိုင္း ပါးစပ္ပိတ္သြားၾကသည္။ ဝမ္ခ်န္ ယခုပင္ ျပဳလုပ္ခဲ့သည့္ ကိစၥေနာက္တြင္ မည္သူတစ္ဦးကမွ် သူ႕ကို ေလွာင္ေျပာင္ရယ္ေမာရန္ သို႔မဟုတ္ ေစာ္ကားရန္ မဝံ့ေတာ့ပါေခ်။

မ်ိဳးဆက္ေဟာင္းမွ သိုင္းပညာ႐ွင္မ်ား ျဖစ္ေစ သို႔မဟုတ္ မာနႀကီးေသာ လူငယ္မ်ိဳးဆက္မ်ား ျဖစ္ေစ၊ သူတို႔အားလုံး ဝမ္ခ်န္ အလြန္ စြမ္းအားေကာင္းသည္ကို သေဘာေပါက္သြားၾကသည္။ သူတို႔အနက္ သူ႕ကို ႏွိမ္နင္းႏိုင္သူမ်ား ႐ွိေနခဲ့လွ်င္ပင္ သူတို႔က သူ႕အေပၚ အေၾကာင္းမဲ့သက္သက္ မျပစ္မွားလိုဘဲ ႐ွိေနၾကဆဲ ျဖစ္သည္။

အမွန္အားျဖင့္ လူအမ်ား အေၾကာက္႐ြံ႕ဆုံးမွာ ဝမ္ခ်န္၏ ခြန္အား မဟုတ္ပါေခ်။ ထိုအစား ၎မွာ သူကဲ့သို႔ေသာ ပါရမီ႐ွင္တစ္ဦးကို အမွန္တကယ္ ေမြးထုတ္ေပးႏိုင္ခဲ့သည့္ အင္အားစုပင္။

''အစ္ကိုႀကီး၊ သူလည္း ႐ွိေသးတယ္''
ဝမ္ခ်န္႔ကို လူတိုင္း ေၾကာက္႐ြံ႕သြားခ်ိန္၌ ထိုလူဝႀကီးက ခ်ဴဖုန္းထံ ႐ုတ္တရက္ ၫႊန္ျပလိုက္၏။

''ဟုတ္တယ္ ... အစ္ကိုႀကီး၊ အဲဒီႂကြက္စုတ္က အရမ္း ေထာင္လႊားတယ္ ... ေက်ာက္အိမ္ကို အစ္ကိုႀကီး ပိုင္တာမို႔ သူ႕ကို အဲဒီအိမ္နား မကပ္ဖို႔ က်ဳပ္ေျပာခဲ့တယ္ ... ဒါေပမဲ့ သူက နားမေထာင္တဲ့အျပင္ သူ႕ကို လာ႐ွာဖို႔ ခင္ဗ်ားကို ေျပာလိုက္လို႔ေတာင္ ေမာက္ေမာက္မာမာ ေျပာခဲ့ေသးတယ္''
ယစ္ထုပ္အမ်ိဳးသားကလည္း ခ်ဴဖုန္းကို ေဖာ္ထုတ္ရန္ ဝင္ေျပာလိုက္သည္။

''သ ... သ ... ေသာက္ပဲ ... လ ... လ ... လူငယ္ေလး၊ မ ... မ ... မင္းက အ ... အေတာ္ ေထာင္လႊားတယ္ေပါ့''
သူ႕ညီမ်ား ေျပာသည္ကို ၾကားလိုက္ရလွ်င္ ဝမ္ခ်န္က သူ၏ မတည္ၾကည္ေသာ အၾကည့္ကို ခ်ဴဖုန္းထံ ေ႐ႊ႕ေျပာင္းလာသည္။ ခ်ဴဖုန္းထံ လွမ္းၾကည့္ေနသည့္ သူ႕အၾကည့္တြင္ ရန္စမႈတို႔ ျပည့္ႏွက္ေနေပသည္။

ထိုခဏ၌ လူတိုင္း၏ အၾကည့္မ်ားလည္း ဝမ္ခ်န္ေနာက္မွ လိုက္ပါ၍ ခ်ဴဖုန္းထံ ေျပာင္းေ႐ႊ႕လာၾကသည္။ အမွန္အားျဖင့္ သူတို႔၏ မ်က္ႏွာမ်ားထက္တြင္ ေမွ်ာ္လင့္ေသာ အမူအရာမ်ားပင္ ႐ွိေနခဲ့ၾကသည္။

မွန္ေပသည္။ သူတို႔က ေမွ်ာ္လင့္မႈျဖင့္ ျပည့္လွ်မ္းေနၾကသည္။ ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔ အၾကား႐ွိ တိုက္ပြဲတစ္ခုကို ေမွ်ာ္လင့္ေနၾကျခင္း ျဖစ္သည္။

ဝမ္ခ်န္ ေရာက္မလာမီတြင္ လူအမ်ားက ခ်ဴဖုန္းမွာ ထူးကဲေသာ ဇာစ္ျမစ္ႏွင့္ ပါရမီ႐ွင္တစ္ဦး ျဖစ္သည္ဟု မွန္းဆထားၾကသည္။ ထိုသိုင္းဘုရင္ အဆင့္ငါး က်င့္ၾကံမႈမွာ ခ်ဴဖုန္း၏ အစစ္အမွန္ ခြန္အား လုံးဝ မျဖစ္ႏိုင္ပါေခ်။

ခ်ဴဖုန္း၏ ခြန္အားမွာ သူ ျပသထားသည္ထက္ သာလြန္သည္ဟု လူအမ်ား ခံစားမိေနသည့္တိုင္ သိုင္းဘုရင္ အဆင့္ခုနစ္႐ွိ ဝမ္ခ်န္ကို သူ၏ သိုင္းဘုရင္ အဆင့္ငါး က်င့္ၾကံမႈျဖင့္ ႏွိမ္နင္းႏိုင္မည္ဟု သူတို႔ မယုံၾကည္ၾကေပ။

ထို႔ေၾကာင့္ လူအုပ္ ေမွ်ာ္လင့္ေနသည္မွာ ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔၏ ခြန္အားမ်ား ထိပ္တိုက္ေတြ႕မႈ မဟုတ္ပါေခ်။ ထိုအစား သူတို႔က ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔ေနာက္တြင္ ရပ္တည္ေနသည့္ အင္အားစုမ်ား ထိပ္တိုက္ေတြ႕မႈကို ေမွ်ာ္လင့္ေနၾကျခင္းပင္။

''အပိုစကားေတြ ငါ စိတ္မဝင္စားဘူး ... တကယ္လို႔ မင္း တိုက္ခိုက္ခ်င္ရင္ ငါ့ဆီ အခုလာခဲ့''
ခ်ဴဖုန္းက ဝမ္ခ်န္၏ ရန္စမႈကို ႀကိဳတြက္ထားမိၿပီး ျဖစ္သည္။ အမွန္အားျဖင့္ ခ်ဴဖုန္းသည္လည္း တိုက္ပြဲမ်ားကို ခုံမင္သူတစ္ဦး ျဖစ္ေပသည္။ မ်ိဳးဆက္တူ႐ွိ ဝမ္ခ်န္ကဲ့သို႔ စြမ္းအားေကာင္းသူႏွင့္ ၾကဳံေတြ႕ရခ်ိန္တြင္ ခ်ဴဖုန္းလည္း သူႏွင့္ တိုက္ခိုက္ရန္ အလြန္ စိတ္ထက္သန္ေနလ်က္ ႐ွိသည္။

ထို႔ေၾကာင့္ သူက ေက်ာက္သားအိမ္အတြင္းမွ ခ်က္ခ်င္း လွမ္းထြက္လိုက္ၿပီး ေလထဲသို႔ ပ်ံသန္းသြားလ်က္ ဝမ္ခ်န္ႏွင့္ တိုက္ခိုက္ရန္ ျပင္ဆင္လိုက္သည္။

''သ ... သ ... ေသာက္ပဲ ... မ ... မ ... မင္းလို ဘာမဟုတ္တဲ့ အ ... အဆင့္ငါး သိုင္းဘုရင္တစ္ေယာက္က င ... င ... ငါ့ကို အေရးမစိုက္ဘဲ စ ... စိန္ေခၚရဲတယ္ေပါ့ ... မ ... မ ... မင္းက တကယ္ကို ထ ... ေထာင္လႊားပုံရတယ္''

''င ... င ... ငါက မင္းကို လွ ... လႈပ္ေတာင္မလႈပ္ဘဲ မ ... မ ... ေျမျပင္ေပၚ ေမွာက္သြားေအာင္ မ ... မလုပ္ႏိုင္ဘူးလို႔ မ ... မ ... မင္း ယုံၾကည္ေနတာလား''
ဝမ္ခ်န္က ေျပာလိုက္ေလသည္။

''အဟက္''
ခ်ဴဖုန္းက အေျဖမေပးပါေခ်။ ထိုအစား သူက ဝမ္ခ်န္႔ထံ အျပဳံးသဲ့သဲ့ျဖင့္ လွမ္းၾကည့္လိုက္သည္။

''မ ... မ ... မင္းက ျပဳံးရဲေသးတယ္ေပါ့ ... မ ... မ ... မင္း ေနာက္ထပ္ မ ... မျပဳံးႏိုင္ေအာင္ င ... ငါလုပ္ျပမယ္''
ဝမ္ခ်န္၏ မ်က္လုံးမ်ား ေအးစက္သြားၿပီး အတိုင္းအဆမဲ့ေသာ ဖိႏွိပ္အားတစ္ခုက ခ်ဴဖုန္းထံ မျမင္ႏိုင္ေသာ မုန္တိုင္းတစ္ခုကဲ့သို႔ ႐ိုက္ခတ္လာသည္။

ထိုခဏ၌ ခ်ဴဖုန္းပင္ မ်က္ေမွာင္မၾကဳတ္မိဘဲ မေနႏိုင္ေတာ့ပါေခ်။ သူ႕အမူအရာ ေလးနက္သြား၏။

ဝင္လာေနသည့္ ဖိႏွိပ္အားကို ခံစားလိုက္ရသည့္ အေလ်ာက္ ဤဝမ္ခ်န္ အမွန္ပင္ အလြန္႔အလြန္ စြမ္းအားေကာင္းသည္ကို ခ်ဴဖုန္း သတိျပဳမိလိုက္သည္။ ယုတ္စြအဆုံး သူ႕ၿပိဳင္ဘက္၏ အင္အားမွာ ခ်ဴဖုန္းအဖို႔ သူ၏ လက္႐ွိ က်င့္ၾကံမႈျဖင့္ ၾကံ့ၾကံ့ခံႏိုင္သည့္အရာ မဟုတ္ပါေခ်။

''ဝီး''
သူ႕ၿပိဳင္ဘက္ အလြန္ စြမ္းအားေကာင္းသည္ကို အတည္ျပဳမိၿပီးေနာက္ ခ်ဴဖုန္းက သူ၏ ခြန္အားကို ကြယ္ဝွက္ထားရန္ မႀကိဳးစားေတာ့ေပ။ သူ႕မ်က္လုံးမ်ားတြင္ လွ်ပ္စီးမ်ား လႈပ္ခတ္သြားၿပီးေနာက္ သူ႕ကိုယ္ေပၚတြင္ လွ်ပ္စီးခ်ပ္ဝတ္ႏွင့္ လွ်ပ္စီးေတာင္ပံမ်ား အတူတကြ ထြက္ေပၚလာၾကသည္။

သူ၏ နတ္လွ်ပ္စီး ခြန္အားကို ထုတ္ေဖာ္လိုက္သည္ႏွင့္ ခ်ဴဖုန္း၏ က်င့္ၾကံမႈက ခ်က္ခ်င္းဆိုသလို အဆင့္ႏွစ္ဆင့္ ျမင့္တက္သြား၏။ လက္႐ွိတြင္ အဆင့္ခုနစ္ သိုင္းဘုရင္တစ္ဦး ျဖစ္သြားသည့္ သူက ဝမ္ခ်န္၏ ဖိႏွိပ္အားကို ေၾကာက္႐ြံ႕ရန္ မည္သို႔ ျဖစ္ႏိုင္ေပမည္နည္း။

ခ်ဴဖုန္းထံမွ အေတြးတစ္ခ်က္ႏွင့္အတူ သူ႕အနီး႐ွိ ေလဟာနယ္မွာ ျပင္းထန္စြာ စတင္ တုန္ခါလာသည္။ သူ႕ခႏၶာကိုယ္မွ ထုတ္လႊတ္လိုက္သည့္ မ်က္စိျဖင့္ ျမင္ႏိုင္ေသာ ေလစီးေၾကာင္းတစ္ခုက စူး႐ွေသာ အသံႏွင့္အတူ ဝမ္ခ်န္၏ ဖိႏွိပ္အားထံ ႐ိုက္ခတ္သြားေလသည္။

၎မွာ ခ်ဴဖုန္း၏ ဖိႏွိပ္အားပင္။ ၎က အလြန္႔အလြန္ စြမ္းအားေကာင္းသျဖင့္ တားဆီး၍ မရႏိုင္ဘဲ၊ ၎ေ႐ွ႕ေမွာက္႐ွိ အရာအားလုံးကို ဖယ္႐ွားႏိုင္စြမ္း ႐ွိေနသည္။ ၎က ဝမ္ခ်န္၏ ဖိႏွိပ္အားကို အလြယ္တကူ ေခ်မႈန္းလိုက္သည္။

ထို႔ေနာက္တြင္ ခ်ဴဖုန္းက သူ၏ ဖိႏွိပ္အားကို တိုးျမႇင့္လိုက္ၿပီး ဝမ္ခ်န္႔အေပၚ အမွန္တကယ္ ဖိေျခလိုက္ေလသည္။

''သ ... သ ... ေသာက္ပဲ''
ခ်ဴဖုန္းထံမွ ဤဖိႏွိပ္အားကို လုံးဝ ေမွ်ာ္လင့္မထားမိသည့္ ဝမ္ခ်န္မွာ လုံးလုံးလ်ားလ်ား အငိုက္မိသြားရသည္။ သူ အခ်ိန္မီ တုံ႔ျပန္ႏိုင္စြမ္း မ႐ွိခဲ့ေပ။ သူက ခ်ဴဖုန္း၏ ဖိႏွိပ္အား အမ်ားစုကို တားဆီးႏိုင္ခဲ့သည့္တိုင္ အႂကြင္းအက်န္မ်ားျဖင့္ ထိ႐ိုက္ခံလိုက္ရဆဲ ျဖစ္ၿပီး သူ႕ခႏၶာကိုယ္ တည္ၿငိမ္သြားေစရန္ ေျခလွမ္းမ်ားစြာ ေနာက္ဆုတ္လိုက္ရသည္။

''မ ... မ ... မင္း ...''
ခ်ဴဖုန္း၏ ဖိႏွိပ္အားျဖင့္ ထိ႐ိုက္ခံရၿပီးေနာက္ ဝမ္ခ်န္ အလြန္အမင္း အံ့အားသင့္ေနမိသည္။ သူ၏ က်ဥ္းေျမာင္းေသာ မ်က္လုံးအစုံမွာ သံလြင္သီးႀကီးႏွစ္လုံးကဲ့သို႔ ျပဴးက်ယ္ေနၾကသည္။ သူ႕အေနျဖင့္ ခ်ဴဖုန္း ဤမွ် စြမ္းအားေကာင္းမည္ဟု ေမွ်ာ္လင့္မထားခဲ့ေၾကာင္း ထင္႐ွားေပသည္။

ပတ္ဝန္းက်င္႐ွိ လူအုပ္အတြက္မူ သူတို႔၏ မ်က္လုံးမ်ားလည္း အံ့ဩတုန္လႈပ္မႈျဖင့္ ျပဴးက်ယ္ၿပီး ေတာက္ပေနၾကသည္။ ဝမ္ခ်န္နည္းတူ သူတို႔အားလုံးက ခ်ဴဖုန္း ဤမွ် စြမ္းအားေကာင္းၿပီး သူ၏ က်င့္ၾကံမႈကို ႏွစ္ဆင့္ျမႇင့္ႏိုင္သည့္ နည္းလမ္းတစ္ခု ပိုင္ဆိုင္ထားလိမ့္မည္ဟု ေမွ်ာ္လင့္မထားမိခဲ့ၾကေပ။

ထြတ္ျမတ္သိုင္းနယ္ေျမတြင္ စြမ္းအားေကာင္းေသာ နည္းလမ္းမ်ားႏွင့္ နည္းစနစ္မ်ားကို ဆုပ္ကိုင္ထားႏိုင္သူမ်ား၊ တားျမစ္နည္းစနစ္မ်ားကို အသုံးျပဳ၍ သူတို႔၏ သိုင္းကြက္မ်ားကို ခြန္အားျမႇင့္ျခင္း သို႔မဟုတ္ သူတို႔၏ ထူးျခားေသာ မ်ိဳးဆက္ေသြးမ်ားကို အသုံးျပဳ၍ သူတို႔၏ က်င့္ၾကံမႈကို ျမႇင့္တင္ျခင္း ျပဳလုပ္ႏိုင္သူမ်ား အမ်ားအျပား ႐ွိေနေသာ္လည္း တစ္ဦးတစ္ေယာက္၏ က်င့္ၾကံမႈကို ခ်ဴဖုန္း ယခုပင္ ျပဳလုပ္ခဲ့သကဲ့သို႔ ႏွစ္ဆင့္ျမႇင့္ႏိုင္ရန္မူ အလြန္တရာ ခဲယဥ္းေပသည္။

''ၾကည့္ရတာ မင္းရဲ႕ ဖိႏွိပ္အားကိုပဲ သုံးၿပီး ငါ့ကို ေျမျပင္ေပၚ ေမွာက္သြားေအာင္ လုပ္ျပဖို႔ မင္းအတြက္ မျဖစ္ႏိုင္ေတာ့ပုံပဲ ... မင္းမွာ တျခားအစြမ္းတစ္ခုခု က်န္ေသးလား''
ထိုခဏ၌ ခ်ဴဖုန္းက ေတာက္ပေသာ အျပဳံးတစ္ခုႏွင့္အတူ ေျပာလိုက္ေလသည္။

''က ... က ... ေကာင္ေလး ... မ ... မ ... မင္းက တကယ္ကို ယ ... ယုတ္မာတာပဲ''

''မ ... မ ... မင္းက မင္းရဲ႕ခြန္အားကို တ ... တကယ္ ကြယ္ဝွက္ထားခဲ့တယ္''

''က ... က ... ကံေကာင္းေထာက္မၿပီး င ... ငါ ဉာဏ္လ်င္လို႔သာေပါ့ ... မ ... မ ... မဟုတ္ရင္ ငါေတာ့ အ ... အႀကီးအက်ယ္ ဒုကၡေရာက္သြားေလာက္ၿပီ''

''ဒ ... ဒ ... ဒါေပမဲ့ မ ... မင္း သိပ္ၿပီး ထ ... ထ ... ေထာင္လႊားမေနနဲ႔ ... မ ... မင္းဘိုးဘိုး ငါက သ ... သ ... သူ႕ခြန္အားကို ျပေပးမယ္''
ေျပာေျပာဆိုဆိုျဖင့္ ဝမ္ခ်န္၏ ခႏၶာကိုယ္ ေ႐ြ႕လ်ားသြားၿပီး သူက ေလထဲသို႔ ပ်ံသန္းသြားလိုက္သည္။ မ်က္စိတစ္မွိတ္အတြင္း သူက ခ်ဴဖုန္းေ႐ွ႕သို႔ ေရာက္႐ွိသြား၏။

''ဝွစ္ ဝွစ္ ဝွစ္''
ခ်ဴဖုန္းေ႐ွ႕သို႔ေရာက္လွ်င္ ဝမ္ခ်န္က သူ၏ တိုက္ခိုက္မႈမ်ားကို ႐ုတ္ျခည္း ပစ္လႊတ္လိုက္သည္။ သူ၏ လက္သီးမ်ားႏွင့္ ေျခေထာက္မ်ားကို အတူတကြ အသုံးျပဳလိုက္ျခင္း ျဖစ္သည္။ တိုက္ခိုက္မႈတိုင္းက အလြန္႔အလြန္ ၾကမ္းၾကဳတ္ေပသည္။ သူက သာမန္ ႐ုပ္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈမ်ားကိုသာ ျပဳလုပ္ေနသည္ မဟုတ္ဘဲ၊ တိုက္ခိုက္မႈမ်ား၏ အျမန္ႏႈန္းႏွင့္ စြမ္းအားတို႔ကို အားေကာင္းေစသည့္ ထူးျခားေသာ သိုင္းကြက္တစ္မ်ိဳးကိုလည္း အသုံးျပဳထားခဲ့သည္။

အမွန္ပင္ ျဖစ္၏။ ဝမ္ခ်န္၏ ခြန္အားကို ေလွ်ာ့တြက္၍ မရႏိုင္ပါေခ်။ ဤသည္မွာ မ်ိဳးဆက္တူတစ္ဦးႏွင့္ ရင္ဆိုင္ရသည့္ အနီးကပ္တိုက္ပြဲတစ္ခုမွ ဖိအားကို ခ်ဴဖုန္း ခံစားမိလိုက္သည့္ ပထမဆုံးအႀကိမ္ ျဖစ္ေပသည္။

သို႔ေသာ္ ဝမ္ခ်န္ မည္မွ် စြမ္းအားေကာင္းေစကာမူ၊ ၎မွာ ခ်ဴဖုန္း အားနည္းသည့္ အဓိပၸာယ္ မဟုတ္ပါေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ ခ်ဴဖုန္း အကြၽမ္းက်င္ဆုံး အရာမွာလည္း လက္သီးမ်ားႏွင့္ ေျခေထာက္မ်ားျဖင့္ အနီးကပ္တိုက္ခိုက္မႈ ျဖစ္ေနေသာေၾကာင့္ပင္။

ထို႔ေၾကာင့္ ဝမ္ခ်န္း၏ မုန္တိုင္းသဖြယ္ တိုက္ခိုက္မႈမ်ားႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ ခ်ဴဖုန္းက တြန္႔ဆုတ္မသြားဘဲ၊ ဝင္လာေနသည့္ လက္သီးမ်ားႏွင့္ ေျခေထာက္မ်ားကို သူ၏ လက္သီးမ်ားႏွင့္ ေျခေထာက္မ်ားျဖင့္ ရင္ဆိုင္လိုက္သည္။

''ဘုန္း ဘုန္း ဘုန္း ဘုန္း ဘုန္း''
အျပန္အလွန္ ထိုးႏွက္မႈမ်ားမွတစ္ဆင့္ တိုးတိုက္မႈမ်ား ေ႐ွာင္လႊဲမရစြာ ျဖစ္ေပၚလာၾကသည္။ သူတို႔၏ လက္သီးမ်ားႏွင့္ ေျခေထာက္မ်ား တစ္ခုႏွင့္တစ္ခု တိုးတိုက္မိခ်ိန္တြင္ သံမဏိခ်င္း ထိခတ္သံမ်ား ထြက္ေပၚလာၿပီး အႀကီးအက်ယ္ ဖ်က္ဆီးႏိုင္သည့္ စြမ္းအင္လိႈင္းမ်ား ေပၚေပါက္လာၾကသည္။

မ်က္စိတစ္မွိတ္အတြင္း၌ ႏွစ္ဦးသား တိုက္ခိုက္ေနသည့္ ေလဟာနယ္မွာ စြမ္းအင္လိႈင္းမ်ားႏွင့္ ေတာက္ပေသာ အလင္းတို႔ျဖင့္ ျပည့္ႏွက္သြားရသည္။ က်င့္ၾကံမႈ အားနည္းသူမ်ားမွာ တိုက္ခိုက္ေနသူ ႏွစ္ဦး၏ ခႏၶာကိုယ္မ်ားႏွင့္ လႈပ္႐ွားမႈမ်ားကို မျမင္ႏိုင္ၾကေတာ့ေပ။ သူတို႔ ျမင္ေတြ႕ႏိုင္သည္မွာ တိုးတိုက္မႈတိုင္းမွ မီးပန္းကဲ့သို႔ ျဖာထြက္ေနသည့္ စြမ္းအင္လိႈင္းမ်ားသာ ျဖစ္၏။

''စြမ္းအားေကာင္းလိုက္တာ''
ဤသည္ကား မ်က္ေမွာက္႐ွိေနသူတိုင္း ေတြးေတာေနမိသည့္ အရာပင္။ ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔ အလြန္႔အလြန္ စြမ္းအားေကာင္းၾကသည္ကို သူတို႔အားလုံး ခံစားမိေနၾကသည္။ သူတို႔အားလုံး ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔၏ တိုက္ပြဲဝင္စြမ္းအားျဖင့္ လႊမ္းမိုးခံထားၾကရသည္။

''စ ... စ ... စိတ္ဝင္စားစရာပဲ ... ဒ ... ဒါေပမဲ့ မ ... မ ... မင္းရဲ႕ စြမ္းအားေကာင္းတဲ့ ဘ ... ဘိုးဘိုးရဲ႕ နာမည္ေျပာင္က အ ... အ ... အနီးကပ္တိုက္ပြဲရဲ႕ အ႐ွင္သခင္ေလး၊ သ ... သ ... သံမဏိအ႐ိုးမ်ား တဲ့ ... င ... ငါ့ကို လ ... လ ... လက္သီးေတြ ေျခေထာက္ေတြနဲ႔ တ ... တ ... တိုက္ခိုက္တဲ့အတြက္ မ ... မ ... မင္း ေသခ်ာေပါက္ ႐ွ... ႐ႈံးရေတာ့မယ္
ဝမ္ခ်န္က ခ်ဴဖုန္းႏွင့္ တိုက္ခိုက္ေနစဥ္ အေတာအတြင္း သူ႕ပါးစပ္ကို အလကားမထားခဲ့ေပ။ သူက စကားထစ္သူတစ္ဦး ျဖစ္ေသာ္လည္း အလြန္တရာ စကားမ်ားသူလည္း ျဖစ္ေနခဲ့သည္။ ထို႔ေၾကာင့္ တိုက္ခိုက္ရင္းမွ သူက ခ်ဴဖုန္းကို တစ္ခ်ိန္လုံး ႂကြားဝါၿပီး ႏွိမ္ခ်ေျပာဆိုေနခဲ့သည္။

ခ်ဴဖုန္းအတြက္မူ သူက ဝမ္ခ်န္၏ ေလွာင္ေျပာင္မႈကို လုံးလုံးလ်ားလ်ား လ်စ္လ်ဴ႐ႈထားခဲ့သည္။ ထိုအစား သူက ျပဳံးေနလ်က္ ႐ွိသည္။ ဤဝမ္ခ်န္မွာ သူ႕ၿပိဳင္ဘက္ ျဖစ္ေသာ္လည္း ခ်ဴဖုန္းအေနျဖင့္ မည္သည့္အေၾကာင္းေၾကာင့္ဟု မသိရဘဲ၊ ဝမ္ခ်န္အေပၚ မုန္းတီးမႈ တစ္စုံတစ္ရာ မခံစားရသလို ဤဝမ္ခ်န္ အလြန္ စိတ္တိုစရာ ေကာင္းသည္ဟုလည္း မခံစားရပါေခ်။ ထိုအစား ဤတိုက္ပြဲမွာ အလြန္႔အလြန္ ေပ်ာ္႐ႊင္ဖြယ္ေကာင္းသည္ဟု ခ်ဴဖုန္း ခံစားေနရသည္။

သို႔ေသာ္ သူတို႔ႏွစ္ဦး တိုက္ခိုက္ေနသည္မွာ ျငင္းပယ္မရသည့္ အခ်က္ပင္။ ထို႔ေၾကာင့္ ခ်ဴဖုန္းက အလြယ္တကူ အ႐ႈံးေပးလိမ့္မည္ မဟုတ္ပါေခ်။ ဝမ္ခ်န္က သူ႕ခႏၶာကိုယ္ မည္မွ် စြမ္းအားေကာင္းေၾကာင္း ႂကြားဝါေနခဲ့သျဖင့္၊ က်င့္ၾကံမႈ စတင္ခဲ့ခ်ိန္ကတည္းက ခႏၶာကိုယ္အားျဖင့္ လုံးဝ အ႐ႈံးမေတြ႕ခဲ့သူ ခ်ဴဖုန္းအဖို႔ ယေန႔တြင္ ဝမ္ခ်န္႔ကို သူ႕ခႏၶာကိုယ္ျဖင့္ ေသခ်ာေပါက္ ဆုံးမရေပလိမ့္မည္။

သူ ဆႏၵျပဳလိုက္လွ်င္ ခ်ဴဖုန္း၏ မ်က္လုံးမ်ား႐ွိ လွ်ပ္စီးက စတင္ လႈပ္ခတ္လာသည္။ သူ႕ခႏၶာကိုယ္ကို လႊမ္းျခဳံထားသည့္ လွ်ပ္စီးမွာ အားေကာင္းသည္ထက္ အားေကာင္းလာၿပီး ေဒါသထြက္ေနသကဲ့သို႔ စူး႐ွျပင္းထန္ေသာ အသံမ်ားကို စတင္ ထုတ္လႊတ္လာသည္။ သူ၏ လွ်ပ္စီးမ်ား ေျပာင္းလဲမႈႏွင့္အတူ ခ်ဴဖုန္း၏ လက္သီးမ်ားႏွင့္ ေျခေထာက္မ်ားလည္း ပိုမို၍ပင္ စြမ္းအားေကာင္းလာၾကသည္။

ထိုခဏ၌ လွ်ပ္စီးမ်ား၏ အေထာက္အပံ့ႏွင့္အတူ ခ်ဴဖုန္း၏ ခႏၶာကိုယ္မွာ အေတာ္ပင္ ပိုမို၍ စြမ္းအားေကာင္းလာသည္။ မ်ိဳးဆက္တူသူမ်ားအနက္ သူ႕ကို ယွဥ္ႏိုင္သူဟူ၍ မ႐ွိသေလာက္ ျဖစ္ေပေတာ့သည္။

***

အခန္း(၁၃၃၈) ဆက္ရန္...အခန္း(၁၃၃၈) သိုင္းကြက္မ်ား ထိပ္တိုက္ရင္ဆိုင္မႈ

သူ႕ခႏၶာကိုယ္ကို အားေကာင္းေစၿပီးေနာက္ ခ်ဴဖုန္း၏ တိုက္ခိုက္မႈမ်ားက ပိုမို၍ပင္ ၾကမ္းၾကဳတ္လာသည္။ ဤသို႔ေသာ အေျခအေနမ်ိဳးတြင္ သံမဏိအ႐ိုးမ်ားဟု သူ႕ကိုယ္သူ အမႊန္းတင္ခဲ့သူ ဝမ္ခ်န္မွာ ခ်ဴဖုန္းကို ရင္ဆိုင္ႏိုင္စြမ္း မ႐ွိေတာ့ပါေခ်။

''ဘုန္း ဘုန္း ဘုန္း''
ႏွစ္ဦးသားက လက္သီးမ်ားႏွင့္ ေျခေထာက္မ်ားျဖင့္ ထပ္မံ တိုးတိုက္မိသြားၾကသည္။ သူတို႔ တိုးတိုက္မိခ်ိန္တိုင္းတြင္ ခ်ဴဖုန္းက ဝမ္ခ်န္ကို သူ၏ သံမဏိလက္သီးမ်ားႏွင့္ သံေျခေထာက္မ်ားျဖင့္ ႐ိုက္ႏွက္လိုက္စၿမဲပင္။ ထို႔ျပင္ သူ႕ထံမွ တိုက္ခိုက္မႈတိုင္းက ဝမ္ခ်န္၏ ခႏၶာကိုယ္ကို တုန္ယင္သြားေစၿပီး လက္သီးမ်ားႏွင့္ ေျခေထာက္မ်ားကို ထုံက်ဥ္သြားေစလ်က္ နာက်င္မႈျဖင့္ ႐ႈံ႕မဲ့သြားေစၿမဲ ျဖစ္သည္။

ကနဦးတြင္ သူ၏ ဂုဏ္သိကၡာအတြက္ ဝမ္ခ်န္က ႐ုပ္ပိုင္းဆိုင္ရာ နာက်င္မႈေၾကာင့္ တြန္႔ဆုတ္မသြားခဲ့ေပ။ သူက တစ္စုံတစ္ရာ ေျပာဆိုျခင္းမ႐ွိဘဲ၊ အံႀကိတ္၍ သည္းခံေနခဲ့သည္။

သို႔ေသာ္ သူတို႔ ပိုမိုတိုက္ခိုက္မိသည့္ အေလ်ာက္ သူ ခံစားရသည့္ နာက်င္မႈမွာ ပိုမိုျပင္းထန္လာသည္။ ေနာက္ဆုံးတြင္မူ သူ၏ ထုံက်ဥ္ေနေသာ လက္သီးမ်ားႏွင့္ ေျခေထာက္မ်ားတြင္ ျပတ္႐ွဒဏ္ရာမ်ားႏွင့္ ေသြးမ်ားျဖင့္ ျပည့္ႏွက္သြားရသည္။

ေနာက္ဆုံး၌ ဝမ္ခ်န္လည္း နာက်င္မႈကို တင္းခံႏိုင္စြမ္း မ႐ွိေတာ့ပါေခ်။ သူက ခ်ဴဖုန္း၏ တိုက္ကြက္ကို ေ႐ွာင္တိမ္းလိုက္ၿပီး ေနာက္သို႔ ခုန္ထြက္လိုက္၏။ ထို႔ေနာက္ သူက ခ်ဴဖုန္းထံ က်ယ္ေလာင္စြာ ေအာ္ေျပာလိုက္သည္။
''ရ ... ရ ... ရပ္လိုက္''

''ဒါက ...''
ထိုခဏ၌ လူတိုင္း အံ့အားသင့္သြားရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဝမ္ခ်န္၏ တုန္ယင္ေနေသာ ေျခလက္မ်ားတြင္ ျပတ္႐ွဒဏ္ရာမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး ေသြးမ်ားျဖင့္ ႐ႊဲနစ္ေနသည္ကို သူတို႔ ျမင္ေတြ႕လိုက္ၾကရ၍ ျဖစ္သည္။

သို႔ေသာ္ ခ်ဴဖုန္းထံ သူတို႔ လွမ္းၾကည့္မိခ်ိန္တြင္မူ သူ၏ ေျခလက္မ်ားမွာ ယခင္အတိုင္း အလုံးစုံ ေကာင္းမြန္ေနဆဲပင္။ အမွန္အားျဖင့္ သူ႕အေျခအေနမွာ ယခင္ထက္ပင္ ပိုမိုေကာင္းမြန္ေနဟန္ ႐ွိေပသည္။

ဤသည္ကို ၾကည့္လွ်င္ ႐ုပ္ခႏၶာကိုယ္မ်ား၏ တိုက္ပြဲတြင္ ခ်ဴဖုန္း အႂကြင္းမဲ့ အႏိုင္ရခဲ့ေၾကာင္း ထင္႐ွားေနခဲ့ၿပီး ျဖစ္သည္။

''ဘာျဖစ္တာလဲ ... မင္းမွာ ၿပိဳင္ဘက္ကင္း အ႐ွင္သခင္ေလးလို႔ ေက်ာ္ၾကားတဲ့ သံမဏိအ႐ိုးေတြ ႐ွိေနတယ္ မဟုတ္ဘူလား''
ခ်ဴဖုန္းက ေတာက္ပေသာ အျပဳံးတစ္ခုႏွင့္အတူ ဝမ္ခ်န္႔ထံ လွမ္းၾကည့္လိုက္သည္။ သူက ဝမ္ခ်န္႔ကို ေလွာင္ေျပာင္လိုက္ျခင္း မဟုတ္ဘဲ၊ က်ီစယ္လိုက္ျခင္းသာ ျဖစ္ေပသည္။

''မ ... မ ... မင္းက ဟန္ေဆာင္ေကာင္းလြန္းတယ္ ... င ... င ... ငါ့မွာ သ ... သံမဏိအ႐ိုးေတြ ႐ွိေပမဲ့ မ ... မ ... မင္းက သံမဏိနတ္ဘုရားပဲ ... င ... ငါက မင္းကို ဘ ... ဘ ... ဘယ္လိုလုပ္ၿပီး ယွဥ္ႏိုင္မွာလဲ''

''ဒ ... ဒ ... ဒါေပမဲ့ မ ... မင္း သိပ္ၿပီး ထ ... ထ ... ေထာင္လႊားမေနနဲ႔ ... င ... ငါ အကြၽမ္းက်င္ဆုံးက ရ ... ရ ... ႐ုပ္ပိုင္းဆိုင္ရာ တ ... တိုက္ခိုက္မႈေတြ မဟုတ္ဘူး ... သ ... သ ... သိုင္းကြက္ေတြပဲ
ဤဝမ္ခ်န္ကား အမွန္တကယ္ အ႐ွက္မဲ့လွ၏။ သူက ယခင္ ႂကြားဝါမႈအတြက္ လုံးဝ မ႐ွက္သည့္အျပင္ သူ႕စကားမ်ားကို ေျပာင္းလဲၿပီး ထပ္မံ၍ပင္ ႂကြားဝါလိုက္သည္။

''ေကာင္းၿပီေလ ... ဒါဆို မင္းရဲ႕ သိုင္းကြက္ထိန္းခ်ဳပ္မႈ ဘယ္ေလာက္ စြမ္းအားေကာင္းသလဲ ငါ ခံစားၾကည့္ပါရေစ''
ခ်ဴဖုန္းက အျပဳံးတစ္ခုျဖင့္ တုံ႔ျပန္လိုက္၏။

''မ ... မ ... မင္း ေသခ်ာလား ... တ ... တကယ္လို႔ ငါသာ သ ... သ ... သိုင္းကြက္ေတြ သုံးခဲ့ရင္ အ ... အရမ္း ေၾကာက္စရာေကာင္းလိမ့္မယ္''
ဝမ္ခ်န္က ယုံၾကည္မႈတို႔ ျပည့္ႏွက္ေနေသာ မ်က္ႏွာတစ္ခုျဖင့္ ေျပာလိုက္သည္။

''အဲဒါ ဘယ္ေလာက္မ်ား ေၾကာက္စရာေကာင္းသလဲ သိရဖို႔ ငါ စိတ္ဝင္စားပါတယ္''
ခ်ဴဖုန္းက တုံ႔ျပန္လိုက္ေလသည္။

''လ ... လ ... လူငယ္ေလး၊ မ ... မ ... မင္းက က ... ေကာင္းကင္ ဘယ္ေလာက္ျမင့္ၿပီး မ ... မ ... ေျမျပင္ ဘယ္ေလာက္နက္လဲ တ ... တကယ္ မသိဘူးပဲ ... င ... င ... ငါသာ သ ... သိုင္းကြက္ေတြ သုံးခဲ့ရင္ တ ... တ ... တကယ္ ေၾကာက္စရာေကာင္းလိမ့္မယ္''

''မ ... မ ... မင္းကို ငါ သ ... သတ္မိသြားႏိုင္တယ္ ... မ ... မ ... မင္း ျပန္စဥ္းစားဖို႔ င ... ငါ အၾကံေပးခ်င္တယ္''
ဝမ္ခ်န္က ခ်ဴဖုန္းကို ရင္းရင္းႏွီးႏွီး အၾကံျပဳလိုက္သည္။

''အဲဒီလိုဆို ငါက အဲဒါကို ပိုၿပီးေတာ့ေတာင္ ခံစားၾကည့္ခ်င္သြားၿပီ''
ခ်ဴဖုန္းက အေၾကာက္အ႐ြံ႕ကင္းစြာျဖင့္ တုံ႔ျပန္လိုက္၏။

''က ... က ... ေကာင္းၿပီေလ ... မ ... မ ... မင္းအသက္ကို လႊင့္ပစ္ခ်င္ေနမွေတာ့ မ ... မင္းဆႏၵျပည့္ဝေအာင္ င ... င ... ငါ ကူညီေပးလိုက္မယ္''
ထိုစကားမ်ားကို ေျပာလိုက္ၿပီးေနာက္ ဝမ္ခ်န္က စတင္ တိုက္ခိုက္လိုက္သည္။ သူ႕လက္ဖဝါးမွ ေလျပင္းမ်ား တိုးထြက္လာသည္။

ေလျပင္းမ်ား ထြက္ေပၚလာမႈႏွင့္အတူ ေကာင္းကင္ပင္ ေမွာင္မိုက္သြားရသည္။ ေနေရာင္ကိုပင္ မျမင္ႏိုင္ေတာ့ပါေခ်။

ဤသည္မွာ သိုင္းကြက္တစ္ခုပင္။ သို႔ေသာ္ ၎မွာ အလြန္ စြမ္းအားေကာင္းေသာ သိုင္းကြက္တစ္ခု မဟုတ္ဘဲ၊ အဆင့္နိမ့္ေသာ အဆင့္သုံး သိုင္းကြက္တစ္ခုသာ ျဖစ္သည္။

မွန္ေပသည္။ ၎မွာ အရည္အေသြးအနိမ့္ဆုံး သိုင္းကြက္မ်ားအနက္မွ တစ္ခုျဖစ္သည့္ အဆင့္သုံး သိုင္းကြက္တစ္ခု ျဖစ္၏။

သို႔ေသာ္ ၎မွာ အဆင့္သုံး သိုင္းကြက္တစ္ခုသာ ျဖစ္ေသာ္လည္း ဝမ္ခ်န္ အသုံးျပဳထားခ်ိန္တြင္ ၎က ၎၏ လမ္းေၾကာင္းတစ္ေလွ်ာက္႐ွိ အရာအားလုံးကို သုတ္သင္ႏိုင္သည့္ စြမ္းအားတစ္ခုကို ထုတ္လႊတ္ေနလ်က္ ႐ွိသည္။

ဤသည္မွာ သိုင္းဘုရင္မ်ား ေၾကာက္မက္ဖြယ္ေကာင္းေနသည့္ အေၾကာင္းရင္းပင္။ ဤသိုင္းကြက္က ဤအဆင့္႐ွိ စြမ္းအားကို ရယူထားႏိုင္သည္မွာ ဝမ္ခ်န္ေၾကာင့္သာ ျဖစ္၏။ သူ၏ သိုင္းကြက္မ်ားကို ထိန္းခ်ဳပ္မႈမွာ အမွန္တကယ္ အလြန္ သန္မာေပသည္။

''အဟက္''
သို႔ေသာ္ ခ်ဴဖုန္းမွာ မထီေလးစားလုပ္၍ ရႏိုင္သူတစ္ဦး မည္သို႔ ျဖစ္ႏိုင္ေပမည္နည္း။ သိုင္းကြက္မ်ားကို ထိန္းခ်ဳပ္မႈအရာတြင္ ခ်ဴဖုန္းက မည္သူတစ္ဦးကိုမွ် လုံးဝ မ႐ႈံးခဲ့ဖူးသည္ အထိပင္။

႐ုတ္တရက္ ခ်ဴဖုန္းက သူ႕လက္ဖဝါးမ်ားကို ေဝွ႔ယမ္းလိုက္ၿပီး ေ႐ွ႕သို႔ အ႐ွိန္ျပင္းစြာ ႐ိုက္ထုတ္လိုက္သည္။ ေဗ်ာက္အိုးငယ္မ်ား ေပါက္ကြဲသကဲ့သို႔ေသာ အသံမ်ား ထြက္ေပၚလာၾကသည္။

အလင္းျဖင့္ ေတာက္ပေနသည့္ မေရမတြက္ႏိုင္ေသာ လက္ဖဝါးမ်ားက ခ်ဴဖုန္းေ႐ွ႕တြင္ ဥကၠာပ်ံ မုန္တိုင္းတစ္ခုႏွယ္ ေပၚလာၾကသည္။ ေနာက္ဆုံးတြင္ ၎တို႔က ခ်ဴဖုန္းေ႐ွ႕႐ွိ ေလဟာနယ္တစ္ခုလုံးကို ဖုံးလႊမ္းသြားၿပီး ဝမ္ခ်န္ ထုတ္လႊတ္ထားသည့္ ေလျပင္းမ်ားအထိတိုင္ ျဖစ္ေပသည္။ လက္ဖဝါးမ်ားက ေလျပင္းမ်ားႏွင့္ တိုးတိုက္သြားၾကၿပီး ပတ္ဝန္းက်င္ကို အႀကီးအက်ယ္ ႐ိုက္ခတ္လိုက္သည့္ ေျမာက္ျမားစြာေသာ စြမ္းအင္လိႈင္မ်ားကို ျဖစ္ေပၚလာေစသည္။

ဤသည္ကား မိုးျပာနဂါးေက်ာင္းတြင္ ခ်ဴဖုန္း သင္ယူခဲ့သည့္ သိုင္းကြက္တစ္ခု ျဖစ္သည့္ ပုံရိပ္ေယာင္လက္ဝါးပင္။

ဝမ္ခ်န္ အသုံးျပဳထားသည့္ သိုင္းကြက္နည္းတူ ဤပုံရိပ္ေယာင္ လက္ဝါးမွာလည္း အဆင့္သုံး သိုင္းကြက္တစ္ခုသာ ျဖစ္၏။ သို႔ေသာ္ ခ်ဴဖုန္း အသုံးျပဳထားခ်ိန္တြင္ ၎က ၎၏ အဆင့္ႏွင့္ မအပ္စပ္ေသာ အင္အားတစ္ခုကို ထုတ္လႊတ္ေနေပသည္။

သို႔ေသာ္ ထိုဝမ္ခ်န္မွာ အမွန္တကယ္ အလြန္ စြမ္းအားေကာင္းသူတစ္ဦး ျဖစ္သည္။ ခ်ဴဖုန္း၏ ပုံရိပ္ေယာင္လက္ဝါး အလြန္ စြမ္းအားေကာင္းသည္ကို သူ ျမင္ေတြ႕မိခ်ိန္တြင္ သူ၏ စဥ္းလဲေသာ မ်က္လုံးမ်ား ေလးနက္သြားၾကသည္။

ဝမ္ခ်န္ အေလးအနက္ထားလာၿပီးေနာက္ သူ၏ အဆင့္သုံး ေလျပင္းသိုင္းကြက္၏ စြမ္းအားမွာ ပိုမို၍ပင္ အားေကာင္းလာသည္။ ေလျပင္းေၾကာင့္ ပတ္ပတ္လည္ မိုင္ရာခ်ီအထိ သက္ေရာက္ခံထားရသည္။

သူ၏ ေလျပင္းသိုင္းကြက္က ေကာင္းကင္တြင္ ျပည့္ႏွက္ေနသည့္ ခ်ဴဖုန္း၏ ပုံရိပ္ေယာင္လက္ဝါးမ်ားကို ထိုးေဖာက္မရေသာ တံတိုင္းတစ္ခုႏွယ္ အလုံးစုံ တားဆီးလိုက္သည္။

ထိုအဆင့္သုံး သိုင္းကြက္၏ အစြမ္းသတၱိမွာ ဝမ္ခ်န္၏ အသုံးျပဳမႈျဖင့္ အျမင့္ဆုံးပုံစံကို ျပသေနေပေတာ့သည္။

ကံမေကာင္းစြာျဖင့္ သူ႕ၿပိဳင္ဘက္မွာ ခ်ဴဖုန္း ျဖစ္ေနခဲ့သည္။ ခ်ဴဖုန္း၏ သိုင္းကြက္မ်ားအေပၚ ထိန္းခ်ဳပ္မႈမွာ အားေကာင္းလြန္းလွသျဖင့္ သူက သိုင္းကြက္တစ္ခု၏ စြမ္းအားအလုံးစုံကို ထုတ္ေဖာ္ႏိုင္စြမ္း ႐ွိသည့္အျပင္ သိုင္းကြက္၏ စြမ္းအားႏွင့္ ထူးျခားေသာ လကၡဏာမ်ားကိုပင္ လုံးလုံးအသစ္ျဖစ္ေသာ အဆင့္တစ္ခုအထိ ခြန္အားျမႇင့္ႏိုင္စြမ္းလည္း ႐ွိေနသည္။

ပုံရိပ္ေယာင္လက္ဝါး၏ ထူးျခားေသာ လကၡဏာမွာ လက္ဝါးအတုအစစ္ ခြဲျခားရန္ အလြန္တရာ ခက္ခဲၿပီး ရန္သူအေပၚ အငိုက္ဖမ္း တိုက္ခိုက္ရန္ အသုံးျပဳျခင္း ျဖစ္သည္။

ပုံရိပ္ေယာင္လက္ဝါးမွာ အနီးကပ္ တိုက္ပြဲတစ္ခုတြင္ ထူးကဲေသာ သက္ေရာက္မႈကို ပိုင္ဆိုင္ထားေလသည္။ သို႔ေသာ္ အေဝးမွ အသုံးျပဳခ်ိန္၊ အထူးသျဖင့္ ဝမ္ခ်န္ အသုံးျပဳထားသည့္ အတိုင္းအတာႀကီးမားေသာ သိုင္းကြက္တစ္ခုႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ ပုံရိပ္ေယာင္လက္ဝါး၏ ထူးျခားေသာ လကၡဏာမ်ားကို ျပသရန္ အလြန္႔အလြန္ ခက္ခဲေပသည္။

သို႔ေသာ္ ခ်ဴဖုန္း အသုံးျပဳထားခ်ိန္တြင္မူ ၎က ၎၏ ထူးျခားေသာ လကၡဏာမ်ားႏွင့္ ၎၏ သေဘာသဘာဝထက္ ေက်ာ္လြန္ေသာ အင္အားတစ္ခုတို႔ကို ျပသႏိုင္စြမ္း ႐ွိေနဆဲပင္။

ပုံရိပ္ေယာင္လက္ဝါးကို ခ်ဴဖုန္း အသုံးျပဳခဲ့ခ်ိန္တြင္ သူက ၎တို႔ ထုတ္လႊတ္ေနသည့္ အလင္းျဖင့္ ဝမ္ခ်န္၏ အာ႐ုံကို ဆြဲေဆာင္ႏိုင္ရန္ ၎တို႔ကို ရည္႐ြယ္ခ်က္႐ွိ႐ွိ အေျမာက္အျမား ဖန္တီးခဲ့သည္။

ထိုသို႔ ျပဳလုပ္ခ်ိန္တြင္ ခ်ဴဖုန္းက ပုံရိပ္ေယာင္လက္ဝါးမ်ား၏ အခ်ိဳ႕အဝက္ကို ကမ႓ာ့စိတ္ဝိညာဥ္ နည္းစနစ္မ်ားျဖင့္ ကြယ္ဝွက္ထားခဲ့ၿပီး ဝမ္ခ်န္၏ သိုင္းကြက္ျဖင့္ ဖန္တီးထားသည့္ ေလတံတိုင္းကို ေကြ႕ပတ္သြားေစခဲ့သည္။ သူ႕ကို ေနာက္ေက်ာမွ တိုက္ခိုက္ရန္ ျဖစ္၏။

''မ ... မ ... မင္းမွာ အစြမ္းနည္းနည္း႐ွိတယ္ ... ၾက ... ၾကည့္ရတာ မင္းလည္း ခ ... ခ ... ေခသူမဟုတ္ပုံပဲ''

''ဒ ... ဒ ... ဒါေပမဲ့ မ ... မင္း ကံမေကာင္းတာက င ... င ... ငါနဲ႔ လာေတြ႕တာပဲ''

''မ ... မ ... မင္းရဲ႕ အလင္း လက္ဖဝါးေလးေတြက အ ... အတုအစစ္ ခြဲျခားဖို႔ခက္တယ္ ... သ ... သ ... သူတို႔က အနီးကပ္ တိုက္ပြဲေတြမွာပဲ အ ... အသုံးတည့္တယ္''

''ဒ ... ဒ ... ဒါေပမဲ့ င ... င ... ငါ့ရဲ႕ လက္ဝါးခ်က္ေတြက လ ... ေလျပင္းေတြ ဖန္တီးေပးတယ္ ... သ ... သ ... သူတို႔က မ ... မင္းရဲ႕ လက္ဖဝါးေလးေတြကို ထ ... ထ ... ထိန္းခ်ဳပ္ႏိုင္တာ အမွန္ပဲ''

''ဟီးဟီး ... င ... င ... ငါ အံ့ဩဖို႔ေကာင္းတာ ဒ ... ဒါေၾကာင့္ပဲ ... မ ... မ ... မင္း မေၾကာက္ေသးဘူးလား''
ဝမ္ခ်န္မွာ အမွန္ပင္ အလြန္ ထူးျခားသူတစ္ဦး ျဖစ္ေပသည္။ သူက ခ်ဴဖုန္း၏ ပုံရိပ္ေယာင္လက္ဝါးကို ခုခံႏိုင္ခဲ့႐ုံသာ မကဘဲ၊ ၎၏ ထူးျခားေသာ လကၡဏာမ်ားကိုလည္း သုံးသပ္ႏိုင္ခဲ့သည္။ ကံမေကာင္းသည္ကား ေနာက္ကြယ္တြင္ ခ်ဴဖုန္း ျပဳလုပ္ထားသည္ကို သူ သတိမျပဳမိခဲ့ျခင္းပင္။

႐ုတ္တရက္ ဝမ္ခ်န္၏ ေနာက္ေက်ာတြင္ သတ္ျဖတ္လိုသည့္ အသိတို႔ ျပည့္ႏွက္သြား၏။ စိတ္ဝိညာဥ္ နည္းစနစ္မ်ားျဖင့္ ခ်ဴဖုန္း ကြယ္ဝွက္ထားသည့္ ပုံရိပ္ေယာင္လက္ဝါးမ်ားက ဝမ္ခ်န္၏ ေက်ာဘက္သို႔ ေအာင္ျမင္စြာ ေကြ႕ပတ္သြားႏိုင္ခဲ့သည့္အျပင္ ဝမ္ခ်န္႔ထံ တိုက္ခိုက္မႈမ်ားကိုပင္ ျပဳလုပ္လိုက္ၾကသည္။

ထိုအခိုက္အတန္႔၌ ဝမ္ခ်န္၏ အမူအရာ ႀကီးမားစြာ ေျပာင္းလဲသြားရသည္။ သူ အႀကီးအက်ယ္ အံ့အားသင့္သြားျခင္း ျဖစ္၏။

သို႔ေသာ္ ဝမ္ခ်န္မွာ ႐ိုး႐ွင္းသူတစ္ဦး မဟုတ္ပါေခ်။ ခ်ဴဖုန္း၏ ပုံရိပ္ေယာင္လက္ဝါးမ်ား သူ႕ကို ထိ႐ိုက္ေတာ့မည့္ အခ်ိန္ခဏ၌ သူက ၎တို႔ကို ေထာက္လွမ္းလိုက္ႏိုင္သည္။

ထို႔ေၾကာင့္ သူ႕ေျခလွမ္းမ်ား ေ႐ြ႕လ်ားသြားၿပီး သူက တီထြင္ထားပုံေကာင္းေသာ ကိုယ္ေဖာ့သိုင္းကြက္တစ္ခုကို ႐ုတ္ျခည္း အသုံးျပဳလ်က္ ေဘးသို႔ လ်င္ျမန္စြာ ေ႐ွာင္တိမ္းလိုက္သည္။

ကနဦးတြင္ လူအမ်ားအျပားမွာ မည္သည့္အတြက္ ဝမ္ခ်န္ ထိုကဲ့သို႔ ျပဳလုပ္ခဲ့သည္ကို နားမလည္ၾကေပ။ ခ်ဴဖုန္း၏ ကြယ္ဝွက္ထားသည့္ ပုံရိပ္ေယာင္လက္ဝါးမ်ား ေပၚလာၿပီး ဝမ္ခ်န္ ယခင္ ရပ္ေနခဲ့သည့္ ေနရာတြင္ ေပါက္ကြဲသြားခ်ိန္မွသာ ခ်ဴဖုန္းက သူ၏ သိုင္းကြက္ကို ကြယ္ဝွက္ထားၿပီး ဝမ္ခ်န္႔ကို ေနာက္ေက်ာမွ အငိုက္ဖမ္း တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သူတို႔ သေဘာေပါက္သြားၾကသည္။

''အံ့ဩစရာ ေကာင္းလြန္းတယ္ ... သူ႕ရဲ႕ သိုင္းကြက္ထိန္းခ်ဳပ္မႈက တကယ္ကို ေၾကာက္စရာ ေကာင္းလြန္းေနတာပဲ''
၎ကို သူတို႔ ျမင္ေတြ႕မိခ်ိန္တြင္ လူငယ္မ်ိဳးဆက္မ်ားကို မဆိုထားႏွင့္၊ မ်ိဳးဆက္ေဟာင္းမွ သိုင္းပညာ႐ွင္မ်ားပင္ ခ်ဴဖုန္းကို မခ်ီးမြမ္းမိဘဲ မေနႏိုင္ၾကေတာ့ေပ။ သူတို႔အားလုံး ခ်ဴဖုန္း၏ အစြမ္းသတၱိျဖင့္ လႊမ္းမိုးခံထားၾကရသည္။

အေၾကာင္းမူ ခ်ဴဖုန္းအေနျဖင့္ ထိုမွ် တိုေတာင္းေသာ အခ်ိန္တစ္ခုအတြင္း၌ ဤနည္းလမ္းမ်ိဳးကို ထုတ္လႊတ္ႏိုင္လိမ့္မည္ဟု သူတို႔ပင္ စိတ္မကူးမိခဲ့ၾက၍ ျဖစ္သည္။

''တ ... တ ... တကယ္ကို ယုတ္မာတာပဲ''

''မ ... မ ... မင္းက ငါ့ကို ခ ... ခ ... ခိုးေၾကာင္ခိုးဝွက္ တိုက္ခိုက္ဖို႔ တ ... တကယ္ ႀကိဳးစားခဲ့တယ္''

''သ ... သ ... ေသာက္ပဲ ... မ ... မင္းက ငါ့ကို သ ... သ ... ေသေအာင္ ေျခာက္လိုက္တယ္''

''က ... က ... ကံေကာင္းေထာက္မၿပီး င ... င ... ငါ ဉာဏ္လ်င္လို႔သာေပါ့ ... မ ... မဟုတ္ရင္ ငါေတာ့ မ ... မ ... မင္း႐ိုက္ခ်က္ေၾကာင့္ ေသၿပီးေလာက္ၿပီ''
ဝမ္ခ်န္က သူ႕ရင္ဘတ္ကို ပုတ္လိုက္ၿပီး ေၾကာက္႐ြံ႕ေနေသာ အမူအရာတစ္ခုျဖင့္ ေျပာလိုက္သည္။ သူ ဟန္ေဆာင္ေနသည္ဟု မထင္ရပါေခ်။ ထိုအစား သူက ခ်ဴဖုန္း၏ အလစ္အငိုက္ တိုက္ခိုက္မႈေၾကာင့္ အမွန္တကယ္ ထိတ္လန္႔သြားဟန္ ႐ွိေနေပေတာ့သည္။

***

အခန္း(၁၃၃၉) ဆက္ရန္...အခန္း(၁၃၃၉) အႏိုင္ရသူကို ဆုံးျဖတ္ျခင္း

''စစ္ပြဲမွာ ပရိယာယ္ပိုလြန္းတယ္လို႔ မ႐ွိဘူးတဲ့''

''မင္းက ငါ့ရဲ႕ တိုက္ကြက္ကို ေ႐ွာင္ႏိုင္ခဲ့တယ္ ... အဲဒါ မင္းရဲ႕ အစြမ္းပဲ''

''အဲဒီလိုပဲ ငါ အလစ္အငိုက္ တိုက္ခိုက္ခဲ့တာ ငါ့ရဲ႕ အစြမ္း''

''တိုက္ပြဲတစ္ခုမွာ အရာရာကို ကိုယ့္အစြမ္းနဲ႔ ဆုံးျဖတ္တယ္ ... ဒါေၾကာင့္ ငါ့ကို ယုတ္မာတယ္လို႔ ဘယ္ေျပာႏိုင္ပါ့မလဲ''
ခ်ဴဖုန္းက အျပဳံးတစ္ခုျဖင့္ ေျပာလိုက္သည္။ ဝမ္ခ်န္၏ ပါးစပ္မွာ အလြန္ အ႐ွက္မဲ့သည့္တိုင္ ခ်ဴဖုန္းအဖို႔ သူႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ ဝမ္ခ်န္႔ကို မမုန္းႏိုင္ဘဲ ျဖစ္ေနသည္။ ထိုအစား သူက ဤဝမ္ခ်န္ အလြန္ စိတ္ဝင္စားဖြယ္ေကာင္းသည္ဟု တစ္ခ်ိန္လုံး ခံစားမိေနခဲ့သည္။

''ေျပာတာေကာင္းတယ္ေဟ့''
ထိုစကားမ်ားကို ခ်ဴဖုန္း ေျပာလိုက္ခ်ိန္တြင္ သူ႕အတြက္ ေႂကြးေၾကာ္လိုက္သူမ်ား ႐ွိလာၿပီး အခ်ိဳ႕က လက္ခုပ္ပင္ တီးလိုက္ၾကသည္။

ဤလူမ်ား၏ အမ်ားစုမွာ မ်ိဳးဆက္ေဟာင္းမွ သိုင္းပညာ႐ွင္မ်ား ျဖစ္ၾကသည္။ သူတို႔က ခ်ဴဖုန္းခြန္အားေၾကာင့္ အမွန္တကယ္ ဆြဲေဆာင္ခံထားၾကရသည္။

''မ ... မ ... မင္းက တ ... ေတာ္ေတာ္ ႏႈတ္ေရးေကာင္းမယ္လို႔ င ... င ... ငါ လုံးဝ ေမွ်ာ္လင့္မထားမိဘူး''

''ဒ ... ဒ ... ဒါေပမဲ့ က် ... က်င့္ၾကံသူတစ္ေယာက္ လိုအပ္တာက ႏွ ... ႏွ... ႏႈတ္ေရးေကာင္းတဲ့ ပါးစပ္တစ္ခု မ ... မဟုတ္ဘူး ... အ ... အ ... အစစ္အမွန္ ခြန္အားပဲ ... ဒ .. ဒ ... ဒီတစ္ေခါက္ င ... ငါ အေလးအနက္ ထားေတာ့မယ္ ... င ... င ... ငါ့ရဲ႕ ႀကီးက်ယ္ခမ္းနားမႈကို မ ... မင္းစဥ္းစားမိဖို႔ အခ်ိန္က်ၿပီ''
ထိုစကားမ်ားကို ေျပာလိုက္ၿပီးေနာက္ ဝမ္ခ်န္က သူ႕လက္ဖဝါးကို ျဖန္႔လိုက္သည္။ သိုင္းစြမ္းအား ခ်က္ခ်င္း တိုးထြက္လာသည္။ ေကာင္းကင္ထဲသို႔ ထိုသိုင္းစြမ္းအား ထိုးတက္သြားသည့္ အေလ်ာက္ ေ႐ႊေရာင္ ၾကာပန္းတစ္ပြင့္ ေပၚလာသည္။

ထိုၾကာပန္း ျဖစ္ေပၚလာၿပီးေနာက္ ႐ုတ္ျခည္း အလင္းျဖာသြား၏။ အလင္းက ေနရာအႏွံ႔ ပ်ံ႕ႏွံ႔သြားသည့္ အေလ်ာက္ ထိုၾကာပန္းထံမွ အပ္သဏၭာန္႐ွိသည့္ မေရမတြက္ႏိုင္ေသာ အလင္းဝတၳဳမ်ား အ႐ွိန္အဟုန္ျပင္းစြာ ေျပးထြက္လာၾကသည္။ ထိုအပ္သဏၭာန္ အရာဝတၳဳအားလုံးက ခ်ဴဖုန္းထံ ပ်ံသန္းလာေနျခင္း ျဖစ္သည္။

ဤသည္မွာ သိုင္းကြက္တစ္ခုပင္။ ၎၏ အဆင့္မွာလည္း မ်ားစြာ မျမင့္လွေပ။ သို႔ေသာ္ ဝမ္ခ်န္ အသုံးျပဳထားခ်ိန္တြင္ ၎က အလြန္႔အလြန္ စြမ္းအားေကာင္း၍ လႊမ္းမိုးႏိုင္ေသာ အင္အားတစ္ခုကို ထုတ္လႊတ္ႏိုင္စြမ္း ႐ွိသြားေလသည္။

ယုတ္စြအဆုံး ဤသိုင္းကြက္မ်ိဳးႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ ခ်ဴဖုန္း၏ ပုံရိပ္ေယာင္လက္ဝါးမွာ ၎ကို ရင္ဆိုင္ရန္ မဆိုထားႏွင့္၊ တစ္စုံတစ္ရာ အသုံးတည့္ရန္ပင္ အလြန္တရာ ခက္ခဲသြားရသည္။

သို႔ေသာ္ ခ်ဴဖုန္းတြင္ သိုင္းကြက္အမ်ားအျပား ပိုင္ဆိုင္ထားသည့္အားေလ်ာ္စြာ သူက အလြယ္တကူ အ႐ႈံးေပးလိမ့္မည္ မဟုတ္ပါေခ်။ ခ်ဴဖုန္းက ေလထဲတြင္ ရပ္ေနၿပီး ဘက္လက္ျဖင့္ ေလးတစ္လက္ စုဖြဲ႕လိုက္ၿပီး ညာလက္ျဖင့္ ျမားတစ္စင္း စုဖြဲ႕လိုက္သည္။ တဒဂၤအတြင္း၌ ေ႐ႊေရာင္ေတာက္၍ ဝင္းလက္ေနေသာ ေလးတစ္လက္ကို သူ႕လက္တြင္း၌ ဆုပ္ကိုင္ထားမိၿပီး ျဖစ္သည္။

ထို႔ျပင္ ေလးကို ေနာက္သို႔ဆြဲလိုက္သည့္ ခဏ၌ ေလးႀကိဳးေပၚတြင္ ျမားေရာက္လာသည္။ သူ႕လက္ ေခါက္တုံ႔ေခါက္ျပန္ လႈပ္႐ွားသြားသည့္ အေလ်ာက္ တ႐ႊစ္႐ႊစ္ အသံမ်ားကို အဆက္မျပတ္ ၾကားလိုက္ၾကရသည္။ မေရမတြက္ႏိုင္ေသာ ေ႐ႊေရာင္ျမားမ်ားက ဝမ္ခ်န္၏ ေ႐ႊေရာင္ၾကာပန္း အပ္မ်ားထံ ေျပးဝင္သြားၾကသည္။

''ဘုန္း ဘုန္း ဘုန္း ...''
သိုင္းကြက္ႏွစ္ခုၾကား႐ွိ တိုးတိုက္မႈက ေျမာက္ျမားစြာေသာ စြမ္းအင္လိႈင္းမ်ားကို ေမြးထုတ္ေပးလိုက္သည္။ သို႔ေသာ္ ခ်ဴဖုန္း၏ အသြင္တစ္ရာ ေျပာင္းလဲျခင္းေလးမွာ စြမ္းအားေကာင္း႐ုံသာ မကဘဲ၊ အေျပာင္းအလဲမ်ားလည္း အျပည့္ပင္။ ခ်ဴဖုန္း၏ ၿပီးျပည့္စုံေသာ ထိန္းခ်ဳပ္မႈျဖင့္ သူ၏ အသြင္တစ္ရာ ေျပာင္းလဲျခင္းေလးက ဝမ္ခ်န္၏ သိုင္းကြက္အေပၚ အႂကြင္းမဲ့ လႊမ္းမိုးထားေလသည္။

ခ်ဴဖုန္း၏ ျမားလိႈင္းတိုင္းက ၿပီးခဲ့သည့္လိႈင္းထက္ ပိုမိုသန္မာလာသည္။ ဝမ္ခ်န္၏ တိုက္စစ္ထံ ျမားတစ္လိႈင္းၿပီးတစ္လိႈင္း ေျပးဝင္သြားသည့္ အေလ်ာက္ ၎တို႔က ဝမ္ခ်န္၏ ေ႐ႊေရာင္ၾကာပန္း အပ္မ်ားကို ဆက္တိုက္ ဖ်က္ဆီးေနၾကသည္။

ေနာက္ဆုံးတြင္ ၎တို႔က ဝမ္ခ်န္ေ႐ွ႕အထိ ေရာက္႐ွိသြားၿပီး သူ၏ ေ႐ႊေရာင္ၾကာပန္း အပ္အားလုံးကို အလုံးစုံ ေျခမြလုနီးနီး ျဖစ္သြားေလေတာ့သည္။

ယခုခဏ၌ အေျခအေန မေကာင္းသည္ကို ဝမ္ခ်န္ သေဘာေပါက္သြား၏။ ထို႔ေၾကာင့္ သူက သူ၏ သိုင္းကြက္ကို ေျပာင္းလဲလိုက္ၿပီး ပိုမို၍ စြမ္းအားေကာင္းေသာ သိုင္းကြက္တစ္ခုကို ထုတ္လႊတ္လ်က္ တန္ျပန္တိုက္ခိုက္လိုက္သည္။

သို႔ေသာ္ ဝမ္ခ်န္ မည္သည့္သိုင္းကြက္ အသုံးျပဳသည္ျဖစ္ေစ၊ ခ်ဴဖုန္းက ဝမ္ခ်န္အသုံးျပဳသည့္ သိုင္းကြက္ႏွင့္ အဆင့္တူ သိုင္းကြက္တစ္ခုကို အသုံးျပဳ၍ ဝမ္ခ်န္၏ သိုင္းကြက္ကို မဆိုစေလာက္ အသာရမႈျဖင့္ ဖိႏွိပ္လိုက္ၿမဲပင္။

ဝမ္ခ်န္မွာ အေက်ာခံမည့္သူ မဟုတ္ပါေခ်။ သူ၏ သိုင္းကြက္က ခ်ဴဖုန္း၏ သိုင္းကြက္ထက္ နိမ့္က်သည္ဟု သူ ေတြးမိခ်ိန္တိုင္းတြင္ သူက ယခင္သိုင္းကြက္ထက္ အဆင့္ပိုျမင့္ေသာ သိုင္းကြက္တစ္ခုကို ထုတ္လႊတ္လိုက္ၿမဲ ျဖစ္သည္။

ဤသို႔ျဖင့္ ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔က သိုင္းကြက္တိုက္ပြဲတစ္ခုကို ေလထဲတြင္ ဘတစ္ျပန္က်ားတစ္ျပန္ ဆင္ႏႊဲေနလ်က္ ႐ွိၾကသည္။

သူတို႔၏ သိုင္းကြက္မ်ားက အဆင့္သုံး သိုင္းကြက္မ်ားမွတစ္ဆင့္ ဆက္လက္၍ အဆင့္ျမင့္လာၾကသည္။ အဆုံးတြင္မူ သူတို႔ႏွစ္ဦးက အဆင့္ကိုး သိုင္းကြက္မ်ားကိုပင္ အသုံးျပဳေနၾကၿပီ ျဖစ္၏။

အဆင့္ကိုး သိုင္းကြက္မ်ားသို႔ ေရာက္႐ွိလာခ်ိန္တြင္ ထိုသိုင္းကြက္မ်ား၏ ဖ်က္ဆီးႏိုင္စြမ္းမွာ ၿပီးခဲ့သည့္ အဆင့္နိမ့္သိုင္းကြက္မ်ား ယွဥ္ႏိုင္သည့္အရာ မဟုတ္ေတာ့ပါေခ်။ သူတို႔သိုင္းကြက္မ်ား၏ စြမ္းအားက ေကာင္းကင္တစ္ခြင္ အႀကီးအက်ယ္ ႐ိုက္ခတ္ဖ်က္ဆီးေနၿပီး အလြန္အမင္း ေၾကာက္မက္ဖြယ္ေကာင္းေနၾကသည္။

ဤအေျခအေနမ်ိဳးတြင္ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွ လူမ်ားက မ်က္ေမွာက္႐ွိေနသည့္ စြမ္းအားေကာင္းေသာ ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ားႏွင့္အတူ ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔၏ တိုက္ပြဲစက္ကြင္းကို ပိတ္ေလွာင္ရန္ စိတ္ဝိညာဥ္ အစီအရင္စည္းမ်ား စတင္ ခင္းက်င္းလိုက္ၾကသည္။ သူတို႔သိုင္းကြက္မ်ား၏ စြမ္းအင္လိႈင္းမ်ားက အျခားသူမ်ားကို ထိခိုက္ေစျခင္း သို႔မဟုတ္ ပတ္ဝန္းက်င္ ႐ႈခင္းကို ဖ်က္ဆီးျခင္းမွ ကာကြယ္ရန္ ျဖစ္၏။

''ဘီလူးေတြ ... အဲဒီႏွစ္ေယာက္က ဘီလူးဆန္တဲ့ ထိပ္တန္းအဆင့္ ပုဂၢိဳလ္ေတြပဲ''
သူတို႔ ခင္းက်င္းထားသည့္ စိတ္ဝိညာဥ္စည္းမ်ား ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔ အသုံးျပဳေနသည့္ သိုင္းကြက္မ်ားႏွင့္ ထိေတြ႕မိခ်ိန္တြင္ သူတို႔လည္း ထိုႏွစ္ဦးအေပၚ ေလးစားမႈ တစ္ဆင့္တိုးသြားၾကသည္။

အေၾကာင္းမူ ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔၏ သိုင္းကြက္မ်ား တိုးတိုက္မႈေၾကာင့္ ျဖစ္ေပၚလာသည့္ စြမ္းအင္လိႈင္းမ်ားမွာ အလြန္႔အလြန္ စြမ္းအားေကာင္းၾက၍ပင္။ သိုင္းဧကရာဇ္ငယ္အဆင့္ ေအာက္႐ွိ မည္သူမဆို ထိုစြမ္းအင္လိႈင္းမ်ားကို ၾကံ့ၾကံ့ခံႏိုင္စြမ္း မ႐ွိပါေခ်။

ေနာက္ဆုံး၌ အဆင့္တစ္ သိုင္းဧကရာဇ္ငယ္မ်ားပင္ ႀကီးမားေသာ ဖိအားတစ္ခုကို စတင္ ခံစားလာၾကရသည္။ အဆင့္ႏွစ္ သိုင္းဧကရာဇ္ငယ္မ်ား ေ႐ွ႕ထြက္၍ ကူညီလိုက္ခ်ိန္မွသာ စြမ္းအင္လိႈင္းမ်ားကို သူတို႔ ၾကံ့ၾကံ့ခံႏိုင္သြားၾကသည္။

သို႔ေသာ္လည္း ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔ ႏွစ္ဦးစလုံးက သိုင္းဘုရင္ အဆင့္ခုနစ္ က်င့္ၾကံမႈမ်ားကိုသာ ပိုင္ဆိုင္ထားၾကျခင္း ျဖစ္သည္။ အဆင့္ခုနစ္ သိုင္းဘုရင္ႏွစ္ဦးထံမွ တိုက္ခိုက္မႈမ်ားက အဆင့္တစ္ သိုင္းဧကရာဇ္ငယ္မ်ားပင္ ၎တို႔ကို တားဆီးရာတြင္ ဖိအားဝင္ေစရန္ အမွန္တကယ္ ျပဳလုပ္ႏိုင္ခဲ့သည္။ ဤအခ်က္က မည္သည္ကို ၫႊန္ျပေနေပသနည္း။

ဤအခ်က္က ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔ ပိုင္ဆိုင္ထားသည့္ တိုက္ပြဲဝင္စြမ္းအားမွာ အမွန္ပင္ ေကာင္းကင္ဆန္႔က်င္ေသာ အဆင့္တစ္ခု၌ ႐ွိေနၿပီး အဆင့္သုံးဆင့္လုံးလုံး သာလြန္ေၾကာင္း ၫႊန္ျပေနေပသည္။ သူတို႔က ထိပ္တန္းအဆင့္ ပုဂၢိဳလ္မ်ား ျဖစ္ေၾကာင္း က်ိန္းေသေနလ်က္ ႐ွိသည္။

''စြမ္းအားေကာင္းလိုက္တာ ... ဒီသူငယ္ေလးႏွစ္ေယာက္ရဲ႕ ဇာစ္ျမစ္ေတြက ဘာမ်ားပါလိမ့္''
ခ်ဴဖုန္းႏွင့္ ဝမ္ခ်န္တို႔၏ တိုက္ပြဲက ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာကို ႏိႈးေဆာ္ခဲ့ၿပီး ျဖစ္သည္။ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာမွ သိုင္းဧကရာဇ္ငယ္ အဆင့္ႏွစ္ က်င့္ၾကံမႈႏွင့္ အဘိုးအိုတစ္ဦးက ေကာင္းကင္႐ွိ တိုက္ခိုက္ေနသူႏွစ္ဦးထံ လွမ္းၾကည့္ေနသည္။ သူက အေတြးနက္နဲေသာ အမူအရာတစ္ခုျဖင့္ စတင္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ထိုကဲ့သို႔ေသာ ထိပ္တန္းအဆင့္ ပုဂၢိဳလ္ႏွစ္ဦး သူတို႔၏ ခ်ိပ္ပိတ္ေ႐ွးေဟာင္းေက်း႐ြာသို႔ ေရာက္႐ွိလာျခင္းမွာ သူတို႔အတြက္ အေကာင္းေလာ အဆိုးေလာ သူ မသိေတာ့ပါေခ်။

''ဝူးအူး ...''
႐ုတ္တရက္ မိုးကုပ္စက္ဝိုင္းမွ ဟိန္းေဟာက္သံတစ္ခု ထြက္ေပၚလာသည္။ ဟိန္းေဟာက္သံကို ၾကားလိုက္ရသည့္ တစ္ခ်ိန္တည္းမွာပင္ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အင္အားတစ္ခုက သိုင္းဧကရာဇ္ငယ္မ်ား ခင္းက်င္းထားသည့္ စိတ္ဝိညာဥ္စည္းကို ျဖတ္သန္း၍ အျပင္ဘက္သို႔ ေရာက္႐ွိလာသည္။

သူတို႔ လွမ္းၾကည့္မိခ်ိန္တြင္ မ်က္ေမွာက္႐ွိေနသူတိုင္း ပါးစပ္မ်ား ေဟာင္းေလာင္းပြင့္သြားၾကသည္။ သူတို႔အားလုံးက ေကာင္းကင္႐ွိ ျမင္ကြင္းေၾကာင့္ ထိတ္လန္႔သြားၾကျခင္း ျဖစ္သည္။

ထိုခဏ၌ လက္ဟန္မ်ားကို သူ စတင္ ျပဳလုပ္ေနသည့္ အေလ်ာက္ ဝမ္ခ်န္၏ ဆံပင္မ်ား ေလထဲတြင္ လႈပ္ခတ္ေနၾကသည္။ သူ၏ က်ဥ္းေျမာင္းေသာ မ်က္လုံးအစုံကို ေအးစက္မႈက ျဖည့္ဆည္းထားၿပီး သူ႕ထံမွ အႏၲရာယ္႐ွိေသာ အ႐ွိန္အဝါတစ္ခုကို ထုတ္လႊတ္ေနလ်က္ ႐ွိသည္။

ထိုအခိုက္အတန္႔၌ သူက ယခင္ႏွင့္ အလုံးစုံ ျခားနားသူတစ္ဦးအလား ျဖစ္သြား၏။

ၿပီးခဲ့ခ်ိန္႐ွိ သူ႕ကို လူျပက္တစ္ဦးႏွင့္ တူသည္ဟု ဆိုႏိုင္ခဲ့လွ်င္ လက္႐ွိသူကား ေသြးေအးေသာ လူသတ္သမားတစ္ဦးႏွင့္ တူေနေပလိမ့္မည္။

သို႔ေသာ္ အံ့ဩတုန္လႈပ္ဖြယ္ အေကာင္းဆုံးမွာ ဝမ္ခ်န္၏ ေျပာင္းလဲမႈ မဟုတ္ပါေခ်။ ထိုအစား ၎မွာ သူ႕ေ႐ွ႕တြင္ ေပၚေပါက္ေနသည့္ ဧရာမ ဘီလူးႀကီးပင္။

၎မွာ ခရမ္းေရာင္ သားရဲတစ္ေကာင္ ျဖစ္သည္။ သားရဲမွာ အလြန္ ႀကီးမားၿပီး ေပသုံးရာေက်ာ္ ႐ွည္လ်ား၍ ေပဆယ္ခ်ီ ျမင့္မားေပသည္။ ၎၏ ခႏၶာကိုယ္တစ္ခုလုံးကို ခရမ္းေရာင္႐ွိေသာ သလင္းေက်ာက္တစ္မ်ိဳးျဖင့္ ဖြဲ႕စည္းထားသည္။

ေကာင္းကင္တြင္ ရပ္ေနသည့္ ၎၏ အသြင္မွာ ခရမ္းေရာင္ သလင္းေက်ာက္မ်ားျဖင့္ ျဖစ္ေပၚေနသည့္ ေတာင္တစ္လုံးကဲ့သို႔ပင္။ ၎၏ အင္အားမွာ ေနရာအႏွံ႔ ႐ွိေနၿပီး အလြန္တရာ ေခ်ာက္ခ်ားဖြယ္ေကာင္းေနသည္။

၎၏ ထိတ္လန္႔ဖြယ္ အ႐ြယ္အစားအျပင္ ၎၏ ပုံပန္းမွာလည္း အလြန္႔အလြန္ ၾကမ္းၾကဳတ္ေနလ်က္ ႐ွိသည္။ ၎က ျခေသၤ့တစ္ေကာင္ႏွင့္ တူေနသည့္တိုင္ က်ားတစ္ေကာင္ႏွင့္လည္း တူေနခဲ့သည္။ သို႔ေသာ္ ၎က ျခေသၤ့တစ္ေကာင္ သို႔မဟုတ္ က်ားတစ္ေကာင္ထက္ မ်ားစြာပိုမို၍ ေၾကာက္စရာေကာင္းေပသည္။

၎၏ ႀကီးမားေသာ သားရဲလက္သည္းမ်ားမွာ အရာအားလုံးကို ဆုတ္ၿဖဲႏိုင္ဟန္ ႐ွိေနၾကသည္။ ခြၽန္ထက္ေသာ အစြယ္မ်ားမွာမူ သက္႐ွိအားလုံးကို ကိုက္ဝါးႏိုင္စြမ္း ႐ွိသည္ဟု ထင္ျမင္ရေလသည္။

သို႔ေသာ္ ထိတ္လန္႔ဖြယ္အေကာင္းဆုံး အရာမွာ ၎၏ မ်က္လုံးမ်ားပင္။ ၎၏ မ်က္လုံးမ်ားမွာ မ်ားစြာ မႀကီးမားဘဲ ႀကိတ္ဆုံတစ္လုံး၏ အ႐ြယ္အစားမွ်သာ ႐ွိၾကသည္။ သို႔ေသာ္ ၎က ထိုကဲ့သို႔ေသာ မ်က္လုံးတစ္ရာေက်ာ္ ပိုင္ဆိုင္ထားေပသည္။ ထိုရာေက်ာ္ေသာ မ်က္လုံးအားလုံးက ၎၏ နဖူးတြင္ ႁပြတ္သိပ္စြာ ႐ွိေနၾကသည္။ ထို႔ျပင္ မ်က္လုံးတိုင္းက အလြန္ အားေကာင္းေသာ သတ္ျဖတ္လိုသည့္ အသိကို ထုတ္လႊတ္ေနၾကသည္။ ၎တို႔၏ အသြင္မွာ အလြန္ ေၾကာက္မက္ဖြယ္ေကာင္း႐ုံသာ မကဘဲ၊ အလြန္ ေအာ္ဂလီဆန္ဖြယ္လည္း ျဖစ္ေနသည္။ အေျခခံအားျဖင့္ တစ္ဦးတစ္ေယာက္အဖို႔ ထိုမ်က္လုံးမ်ားထံ လွမ္းၾကည့္မိခ်ိန္တြင္ ေၾကာက္႐ြံ႕မႈျဖင့္ တုန္ယင္လာေပလိမ့္မည္။

''ေျမကမ႓ာတားျမစ္ သိုင္းကြက္ ... ဘယ္ေလာက္ စြမ္းအားေကာင္းလိုက္တဲ့ ေျမကမ႓ာတားျမစ္ သိုင္းကြက္တစ္ခုလဲ''
႐ုတ္တရက္ မ်ိဳးဆက္ေဟာင္းမွ သိုင္းပညာ႐ွင္တစ္ဦးက တအံ့တဩျဖင့္ ေရ႐ြတ္လိုက္၏။ ေကာင္းကင္႐ွိ ထိုခရမ္းေရာင္ သလင္းသားရဲ မည့္သည့္အရာမ်ိဳး ျဖစ္သည္ကို သူ မွတ္မိသြားခဲ့သည္။

၎တြင္ အလြန္ အသက္ဝင္ေသာ အသြင္အျပင္တစ္ခု ႐ွိေနၿပီး အလြန္ အသက္ဝင္ေသာ အ႐ွိန္အဝါတစ္ခုကို ထုတ္လႊတ္ေနေသာ္လည္း အမွန္အားျဖင့္ ၎မွာ တားျမစ္သိုင္းကြက္တစ္ခု ျဖစ္ေပသည္။ ထို႔ျပင္ ၎မွာ အလြန္႔အလြန္ စြမ္းအားေကာင္းေသာ ေျမကမ႓ာတားျမစ္ သိုင္းကြက္တစ္ခုပင္။

''ဒီေျမကမ႓ာတားျမစ္ သိုင္းကြက္က အေတာ္ ထူးျခားတယ္ ... အဲဒါက နင့္ရဲ႕ အရင္ၿပိဳင္ဘက္ေတြ သုံးခဲ့တဲ့ သိုင္းကြက္အားလုံးထက္ ပိုသန္မာတယ္ ... အဲဒါ ေသခ်ာေပါက္ အျမင့္ဆုံးအဆင့္ ေျမကမ႓ာတားျမစ္ သိုင္းကြက္တစ္ခုပဲ''

''ဒီအ႐ွက္မ႐ွိတဲ့ ႏႈတ္ခမ္း႐ြဲ႕ေကာင္က အဆင့္ကိုး သိုင္းကြက္ေတြေနာက္မွာ ေသမ်ိဳးတားျမစ္ သိုင္းကြက္ေတြကို ခုန္ေက်ာ္ၿပီး အဲဒီေလာက္ စြမ္းအားေကာင္းတဲ့ ေျမကမ႓ာတားျမစ္ သိုင္းကြက္တစ္ခုကို တိုက္႐ိုက္သုံးခဲ့တယ္ ... သူက ဒီသိုင္းကြက္ကို သုံးၿပီး နင္နဲ႔ ဒီတိုက္ပြဲရဲ႕ ရလဒ္ကို ဆုံးျဖတ္ဖို႔ စိတ္ကူးထားပုံပဲ ... ခ်ဴဖုန္း၊ နင္ ဂ႐ုမစိုက္လို႔ မရဘူး ... သူ႕ကို ပြဲျဖတ္ဖို႔ ေျမကမ႓ာတားျမစ္ အဇဋာဓားခ်က္ကို တိုက္႐ိုက္သုံးသင့္တယ္''
အက္ဂီက ေျပာလိုက္ျခင္း ျဖစ္သည္။

''အင္း''
အက္ဂီေျပာသည္ကို ၾကားလိုက္ရလွ်င္ ခ်ဴဖုန္းက ေခါင္းညိတ္လိုက္သည္။ သူလည္း ထိုအတိုင္း ေတြးေတာေန၍ ျဖစ္ေပေတာ့သည္။

***

အခန္း(၁၃၄၀) ဆက္ရန္...အခန္း(၁၃၄၀) ဒါကို အဆုံးသတ္ဖို႔ အခ်ိန္က်ၿပီ

ထိုခဏ၌ပင္ ဝမ္ခ်န္က ႐ုတ္တရက္ ေမးလိုက္သည္။
''က ... က ... ေကာင္ေလး၊ ဒ ... ဒ ... ဒါဘာလဲ မင္းသိလား''

ယခုခဏ႐ွိ သူ႕အၾကည့္၌ သူ၏ ေျမကမ႓ာတားျမစ္ သိုင္းကြက္ကို ပထမဆုံး ထုတ္ေဖာ္လိုက္ခ်ိန္တြင္ ကိန္းေအာင္းေနခဲ့သည့္ ေအးစက္မႈတို႔ မ႐ွိေတာ့ပါေခ်။ ထိုအစား ထိုေျမကမ႓ာတားျမစ္ သိုင္းကြက္ကို ေအာင္ေအာင္ျမင္ျမင္ ထုတ္ေဖာ္ခဲ့ၿပီးသည့္ လက္႐ွိတြင္ ေက်နပ္အားရမႈတို႔ျဖင့္ ျပည့္ႏွက္ေနေပသည္။

''သိုင္းကြက္တစ္ခုေလ''
ခ်ဴဖုန္းက ျပန္ေျဖလိုက္၏။

''မွ ... မွ ... မွားတယ္ ... ဒ ... ဒါက သာမန္ သိုင္းကြက္တစ္ခု မ ... မဟုတ္ဘူး ... အဲ ... အဲဒါ ...''

''ေျမကမ႓ာတားျမစ္ သိုင္းကြက္''
ခ်ဴဖုန္းက ဝမ္ခ်န္၏ ဝါက်ကို အၿပီးသတ္ေပးလိုက္သည္။

''မွ ... မွ ... မွားတယ္ ... ဒ ... ဒါက သာမန္ ေျမကမ႓ာတားျမစ္ သ ... သ ... သိုင္းကြက္တစ္ခု မဟုတ္ဘူး ... င ... ငါ့ရဲ႕ ေနာက္ဆုံး သ ... သ ... သိုင္းကြက္ပဲ ... န ... န ... နာမည္က ေျမကမ႓ာတားျမစ္ က် ... က် ... ေက်ာက္ခရမ္းသားရဲ တဲ့''

''က ... က ... ေကာင္ေလး၊ မ ... မင္းက ငါ့ကို ဒ ... ဒ ... ဒီသိုင္းကြက္ သုံးရေအာင္ ဖ ... ဖ ... ဖိအားေပးႏိုင္ခဲ့တယ္ ... ဒ ... ဒါဟာ မင္းမွာ အ ... အ ... အစြမ္းတခ်ိဳ႕ တကယ္႐ွိေနတဲ့ အ ... အဓိပၸာယ္ပဲ''

''ဝ ... ဝ ... ဝမ္ခ်န္ဆိုတဲ့ ငါက မ ... မင္းကို ေလးစားတယ္ ... ဒ ... ဒ ... ဒါေပမဲ့ င ... ငါ့ရဲ႕ ေျမကမ႓ာတားျမစ္ က် ... ေက်ာက္ခရမ္းသားရဲကို ထ ... ထုတ္ေဖာ္လိုက္တာနဲ႔ အဲ ... အဲဒါက ၿပိဳင္ဘက္ရဲ႕ အသက္ကို သ ... သ ... ေသခ်ာေပါက္ ယူလိမ့္မယ္ ... ဘ ... ဘယ္သူမွ မလြတ္ႏိုင္ဘူး ... ဒ ... ဒါေၾကာင့္ မ ... မ ... မင္းကို ငါေလးစားေပမဲ့ ဒ ... ဒီေန႔ မင္း အသတ္ခံရမွာ က် ... က် ... က်ိန္းေသတယ္''
ဝမ္ခ်န္က ေျပာလိုက္ေလသည္။

''အဲဒီလိုလား''
ခ်ဴဖုန္း စတင္ ရယ္ေမာလိုက္၏။ သူက လိႈက္လိႈက္လွဲလွဲ ရယ္ေမာလိုက္ျခင္း ျဖစ္သည္။ အေၾကာင္းမူ ဤဝမ္ခ်န္ အလြန္႔အလြန္ စိတ္ဝင္စားဖြယ္ေကာင္းသည္ဟု သူ ခံစားမိလိုက္၍ပင္။

''ဒ ... ဒ ... ဒါေပါ့ ... ဒ ... ဒါေပမဲ့ င ... ငါ့ရဲ႕ ေျမကမ႓ာတားျမစ္ က် ... ေက်ာက္ခရမ္းသားရဲက န ... န ... နာမည္မ႐ွိတဲ့ လူတစ္ေယာက္ကို သ ... သ ... သတ္မွာမဟုတ္ဘူး''

''မ ... မ ... မင္းမေသခင္ င ... ငါ့ကို နာမည္ေျပာျပဦး''
ဝမ္ခ်န္က ေမးလိုက္သည္။

''ခ်ဴဖုန္း''
ခ်ဴဖုန္းက ေျဖလိုက္၏။

''က ... က ... ေကာင္းၿပီေလ ... ခ် ... ခ် ... ခ်ဴဖုန္း၊ သ ... ေသခ်ာနားေထာင္ ... ဒ ... ဒီေန႔က မ ... မ ... မင္းေသတဲ့ေန႔ ျဖစ္လာလိမ့္မယ္''

''မ ... မ ... မင္းဘိုးဘိုးကို ရ ... ရက္စက္တယ္ဆိုၿပီး အျပစ္မတင္နဲ႔ ... တ ... တ ... တကယ္လို႔ မင္းအျပစ္တင္ခ်င္ရင္ မ ... မျပစ္မွားသင့္တဲ့ လူတစ္ေယာက္ကို ရ ... ရန္စခဲ့တဲ့အတြက္ မ ... မ ... မင္းကိုယ္မင္းပဲ အျပစ္တင္ေပေတာ့''

''ခ် ... ခ် ... ခ်ဴဖုန္းေရ ... ႏွ ... ႏႈတ္ဆက္ပါတယ္ကြာ''
ထိုစကားမ်ားကို ေျပာၿပီးေနာက္တြင္ ဝမ္ခ်န္က သူ႕လက္ဖဝါးမ်ားကို ေ႐ွ႕သို႔တြန္းလိုက္ၿပီး သူ၏ ေသေလာက္ေသာ တိုက္ကြက္ကို ခ်ဴဖုန္းထံ ပစ္လႊတ္လိုက္ေလေတာ့သည္။

''ဝူးအူး ...''
သူ၏ သိုင္းကြက္ကို ဝမ္ခ်န္ ႏိႈးေဆာ္လိုက္ခ်ိန္တြင္ ထိုေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲက ေဒသတစ္ခုလုံးကို ပဲ့တင္ထပ္သြားသည့္ ဟိန္းေဟာက္သံတစ္ခုကို ဟစ္ေႂကြးလိုက္သည္။ တစ္ခ်ိန္တည္းတြင္ စြမ္းအားေကာင္းေသာ ဖိႏွိပ္အားတစ္ခုက ခရမ္းေရာင္ မုန္တိုင္းတစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီး ေနရာအႏွံ႔ တိုက္ခတ္လာသည္။

ခရမ္းေရာင္ မုန္တိုင္းက ၎၏ ပတ္ဝန္းက်င္ကို ဖ်က္ဆီးေနခိုက္တြင္ ႀကီးမားေသာ ေက်ာက္ခရမ္းသားရဲက ေလဟာနယ္ကို ႀကိတ္ေျခေနသည့္ ေျခလွမ္းမ်ားႏွင့္အတူ ခ်ဴဖုန္းထံ ေ႐ွး႐ႈ၍ စတင္ ေ႐ြ႕လ်ားလာေလသည္။ ၎က အလြန္ ႀကီးမားေသာ အ႐ြယ္အစားတစ္ခုကို ပိုင္ဆိုင္ထားသည့္တိုင္ ၎၏ အျမန္ႏႈန္းမွာမူ စိတ္ကူးမၾကည့္ႏိုင္ေအာင္ အလြန္႔အလြန္ ျမန္ဆန္ေနဆဲပင္။

အေရးအႀကီးဆုံး အခ်က္မွာ ၎၏ ႀကီးမားေသာ အ႐ြယ္အစားေၾကာင့္ ၎က ခ်ဴဖုန္းထံ ေတာင္တစ္လုံးကဲ့သို႔ ေျပးဝင္လာရင္း ဝမ္ခ်န္႔ကို ၎ေနာက္တြင္ လုံးလုံးလ်ားလ်ား ကာကြယ္ေပးထားျခင္း ျဖစ္သည္။ ဤေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲ၏ စြမ္းအားကား အမွန္ပင္ တိုက္စစ္ေရာ ခံစစ္ပါ အသုံးဝင္ေပသည္။

''ဒီသိုင္းကြက္မ်ိဳးကို အဲဒီခ်ဴဖုန္း ဘယ္လို ရင္ဆိုင္မွာပါလိမ့္''
ထိုခဏ၌ လူအမ်ားအျပားမွာ သူတို႔၏ အၾကည့္မ်ားကို သူတို႔ေ႐ွ႕ေမွာက္႐ွိ ျမင္ကြင္းအေပၚ အျပည့္အဝ စူးစိုက္ထားမိၾကသည္။ သူတို႔အားလုံးက မ်က္ေမွာင္ၾကဳတ္ေနၾကၿပီး ခ်ဴဖုန္းအတြက္ ေဇာေခြၽးျပန္ေနလ်က္ ႐ွိၾကသည္။ အေၾကာင္းမူ ဤေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲ မည္မွ် စြမ္းအားေကာင္းသည္ကို သူတို႔အားလုံး ခံစားမိေနၾက၍ ျဖစ္သည္။

အေျခအေနအရ ခ်ဴဖုန္းကဲ့သို႔ လူငယ္မ်ိဳးဆက္မွ လူမ်ားကို မဆိုထားႏွင့္၊ မ်ိဳးဆက္ေဟာင္း၏ အဆင့္တစ္ သိုင္းဧကရာဇ္ငယ္မ်ားပင္ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲထံမွ ေသေလာက္ေသာ ဖိႏွိပ္မႈတစ္ခုကို ခံစားမိေနၾကသည္။

မွန္ေပသည္။ ဤသည္မွာ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲ စြမ္းအားေကာင္းပုံ ျဖစ္၏။

စြမ္းအားအရာတြင္ အဆင့္တစ္ သိုင္းဧကရာဇ္ငယ္မ်ားပင္ ၎ကို ၾကံ့ၾကံ့ခံႏိုင္စြမ္း မ႐ွိၾကေပ။ ဤသည္မွာ ဝမ္ခ်န္၏ ေနာက္ဆုံး သတ္ျဖတ္မႈနည္းစနစ္ စြမ္းအားေကာင္းပုံပင္။

ဝမ္ခ်န္ထံမွ ထိုကဲ့သို႔ ေၾကာက္မက္ဖြယ္ေကာင္းေသာ တိုက္ကြက္တစ္ခုကို ခ်ဴဖုန္း ၾကံ့ၾကံ့ခံႏိုင္စြမ္း ႐ွိမ႐ွိ လူတိုင္း မွန္းဆေနမိသည့္ အခ်ိန္ခဏ၌ပင္ ခ်ဴဖုန္းက သူ၏ တိုက္ကြက္ကို ႐ုတ္တရက္ ထုတ္လႊတ္လိုက္သည္။

ထို႔ျပင္ သူက သူ၏ တိုက္ကြက္ကို စိုးစဥ္းမွ် တုံ႔ဆိုင္းမေနဘဲ ထုတ္လႊတ္လိုက္ျခင္း ျဖစ္သည္။

ခ်ဴဖုန္းက ေနရာတြင္ မလႈပ္မယွက္ ရပ္ေနသည္။ သူ၏ အနက္ေရာင္ဆံပင္မ်ားက ေလထဲတြင္ လြင့္ေမ်ာေနၿပီး သူ႕အၾကည့္က ေလးနက္လာသည္။ ႐ုတ္တရက္ ေကာင္းကင္တြင္ လွ်ပ္စီးမ်ား ေပၚလာၿပီး ေကာင္းကင္တစ္ခုလုံး ပိန္းပိတ္ေအာင္ ေမွာင္မိုက္သြားလ်က္ ပရမ္းပတာ ျဖစ္သြား၏။ နတ္ဆိုးတစ္ပါး ေရာက္႐ွိလာၿပီး ကမ႓ာပ်က္ေန႔ ဆိုက္ေရာက္လာသကဲ့သို႔ပင္။

ထိုခဏ၌ ခ်ဴဖုန္းက က်ယ္ေလာင္ျပင္းထန္စြာ ႐ုတ္တရက္ ဟစ္ေႂကြးလိုက္သည္။
''ပထမဓားခ်က္''

ထိုစကားမ်ားကို သူ ေျပာၿပီးေနာက္တြင္ ဤေဒသ၏ ေလဟာနယ္တြင္ ေအာ္ညည္းသံမ်ား ထြက္ေပၚလာၾကသည္။ မိစၧာစိတ္ဝိညာဥ္မ်ား အသံျပဳေနသကဲ့သို႔ ျဖစ္၏။

တစ္ခ်ိန္တည္းမွာပင္ ေသြးနီေရာင္ အလင္းဓားသြားတစ္ခု ႐ုတ္တရက္ ေပၚလာၿပီး ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲေပၚ က်ေရာက္သြားေလသည္။

''ဘုန္း''
ဓားခ်က္ က်ေရာက္သြားခ်ိန္တြင္ ၎က ပမာဏႀကီးမားေသာ အလင္းကို ထုတ္လႊတ္လိုက္သည္။ သို႔ေသာ္ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲမွာ အနည္းငယ္မွ် ထိခိုက္မသြားပါေခ်။ ၎၏ ေျခလွမ္းမ်ားပင္ အ႐ွိန္ေလ်ာ့မသြားခဲ့ေပ။

''ခ်ဴဖုန္းေတာင္ ဒီသိုင္းကြက္ကို ၾကံ့ၾကံ့ခံႏိုင္စြမ္း မ႐ွိတာလား''
မ်ိဳးဆက္ေဟာင္းမွ လူမ်ားအေနျဖင့္ ခ်ဴဖုန္း အသုံးျပဳလိုက္သည္မွာလည္း ေျမကမ႓ာတားျမစ္ သိုင္းကြက္တစ္ခု ျဖစ္ေၾကာင္း အေသအခ်ာ ေျပာႏိုင္ၾကေပသည္။ ထို႔ျပင္ ၎မွာ အရည္အေသြးျမင့္ ေျမကမ႓ာတားျမစ္ သိုင္းကြက္တစ္ခု ျဖစ္သည္။

သို႔ေသာ္ ထိုသို႔ေသာ ေျမကမ႓ာတားျမစ္ သိုင္းကြက္ပင္ ဝမ္ခ်န္၏ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲကို ရင္ဆိုင္ႏိုင္စြမ္း မ႐ွိခဲ့ေပ။ ဤအခ်က္က လူအုပ္ကို ခ်ဴဖုန္းအေနျဖင့္ ဝမ္ခ်န္၏ တိုက္ကြက္ကို ၾကံ့ၾကံ့မခံႏိုင္ဟု ေတြးမိသြားေစေတာ့သည္။

''ဒုတိယဓားခ်က္''
သို႔ေသာ္ ထိုခဏ၌ပင္ ခ်ဴဖုန္းက ေနာက္တစ္ႀကိမ္ ဟစ္ေႂကြးလိုက္ျပန္သည္။ သူ႕အသံ ထြက္ေပၚလာသည္ႏွင့္ ေနာက္ထပ္ ေသြးနီေရာင္ ဓားခ်က္တစ္ခ်က္ ႐ုတ္တရက္ ေပၚလာသည္။ ထို႔ျပင္ ၎၏ စြမ္းအားက ယခင္ဓားခ်က္ထက္ပင္ ပိုမိုသန္မာေပသည္။

ဒုတိယဓားခ်က္ က်ေရာက္သြားခ်ိန္တြင္ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲမွာ အမွန္ပင္ လုံးဝ အေကာင္းပကတိ ႐ွိေနဆဲ ျဖစ္သည္။ သို႔ေသာ္ ၎က ဓားခ်က္စြမ္းအားေၾကာင့္ ေနာက္သို႔ တြန္းထုတ္ခံလိုက္ရၿပီး ခ်ဴဖုန္းထံ ဆက္လက္ေျပးဝင္မလာမီ ေလထဲတြင္ ေျခေဆာင့္လိုက္ရသည္။

''တတိယဓားခ်က္''

''စတုတၳဓားခ်က္''

''ပၪၥမဓားခ်က္''
ထို႔ေနာက္တြင္ ခ်ဴဖုန္းက ဓားခ်က္သုံးခ်က္ကို ဆက္တိုက္ထုတ္လႊတ္လိုက္သည္။ ဓားခ်က္တိုင္းက ယခင္ဓားခ်က္ထက္ ပိုမိုသန္မာ၍ ပိုမိုၾကမ္းၾကဳတ္လာသည္။

ဓားခ်က္သုံးခ်က္ေနာက္တြင္ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲမွာ ေျခလွမ္းမ်ားစြာ ေနာက္ဆုတ္လိုက္ရၿပီး ေ႐ွ႕သို႔ ဆက္မတိုးႏိုင္ေတာ့ဘဲ၊ ၎၏ အလြန္ ႀကီးမားေသာ၊ ဖ်က္ဆီးမရႏိုင္ေသာ ခရမ္းေရာင္သလင္းေက်ာက္ ခႏၶာကိုယ္ေပၚတြင္ အက္ေၾကာင္းႀကီးမ်ား ေပၚလာၾကသည္။ ထိုအက္ေၾကာင္းမ်ားမွ ေျမာက္ျမားစြာေသာ ခရမ္းေရာင္သလင္းေက်ာက္ အစအနမ်ား ပဲ့ထြက္လာၾကသည္။

''အလို ... အဲဒါ ဘယ္လို သိုင္းကြက္မ်ိဳးပါလိမ့္္ ... အဲဒါက တကယ္ကို ဆက္တိုက္သုံးႏိုင္ၿပီး ဓားခ်က္တိုင္းက အရင္ဓားခ်က္ထက္ ပိုသန္မာလာတယ္ေလ''
ဤျမင္ကြင္းကို ျမင္ေတြ႕မိခ်ိန္တြင္ ခ်ဴဖုန္း ေသေဘးမွ မလြတ္ႏိုင္ဟု ေတြးထင္ထားခဲ့သူမ်ား အံ့ဩတုန္လႈပ္သြားၾကသည္။ ေျမကမ႓ာတားျမစ္ အဇဋာဓားခ်က္၏ ေၾကာက္စရာအေကာင္းဆုံး လကၡဏာသြင္ျပင္ကို ယခုမွသာ သူတို႔ သေဘာေပါက္သြားၾကသည္။

ေျမကမ႓ာတားျမစ္ အဇဋာဓားခ်က္၏ ပထမဓားခ်က္တြင္ ႀကီးမားေသာ အဖ်က္စြမ္းအားတစ္ခု ပိုင္ဆိုင္ထားၿပီး ျဖစ္သည္။ ေလာက၏ တစ္စိတ္တစ္ေဒသကို ဖ်က္ဆီး၍ ထိုေနရာ႐ွိ သက္႐ွိအားလုံးကို သုတ္သင္ရန္ လုံေလာက္သည့္ စြမ္းအား ...။ ၎မွာ ေသခ်ာေပါက္ ေလွ်ာ့တြက္၍ မရႏိုင္သည့္ အရာပင္။ ပထမဓားခ်က္ႏွင့္ပင္ ေဒသတစ္ခု႐ွိ အရာအားလုံးကို သုတ္သင္၍ ေနာက္ဆုံးေန႔အျဖစ္ ေျပာင္းလဲသြားေစၿပီး ေသြးပင္လယ္ေဝသြားေစမည္ ျဖစ္၏။

ပထမဓားခ်က္ကိုယ္ႏိႈက္က သာမန္ ေျမကမ႓ာတားျမစ္ သိုင္းကြက္မ်ားထက္ သာလြန္ေနသည္ အထိပင္။

သို႔ေသာ္ ဤပထမဓားခ်က္မွာ အစမွ်သာ ျဖစ္ေပသည္။ ပထမဓားခ်က္ေနာက္တြင္ အစဥ္လိုက္ ဓားခ်က္တိုင္းက ယခင္ဓားခ်က္ထက္ အဆမ်ားစြာ ပိုမိုသန္မာလာေပလိမ့္မည္။ ေျမကမ႓ာတားျမစ္ အဇဋာဓားခ်က္၏ ေၾကာက္မက္ဖြယ္အေကာင္းဆုံး အခ်က္မွာ ၎တြင္ စုစုေပါင္း ဓားခ်က္ကိုးခ်က္ ပိုင္ဆိုင္ထားျခင္းပင္။

ဒ႑ာရီအရ နဝမဓားခ်က္ကို အသုံးျပဳခ်ိန္တြင္ မည္သို႔ေသာ အရည္အေသြး႐ွိသည့္ ေျမကမ႓ာတားျမစ္ သိုင္းကြက္မဆို အလုံးစုံ လႊမ္းမိုးခံရေပမည္။ နဝမဓားခ်က္ကို ဒ႑ာရီလာ ေကာင္းကင္တားျမစ္ သိုင္းကြက္မ်ားသာ ေက်ာ္ျဖတ္ႏိုင္ေပမည္။

ဤေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲမွာ ကိုင္တြယ္ေျဖ႐ွင္းရန္ အလြန္ ခက္ခဲေသာ္လည္း ၎က ခ်ဴဖုန္းအဖို႔ နဝမဓားခ်က္ကို အသုံးျပဳရန္ လိုအပ္သည္အထိ မသန္မာေၾကာင္း ထင္႐ွားေပသည္။ ခ်ဴဖုန္း၏ တြက္ဆမႈအရ သူက ၎ကို သတၱမဓားခ်က္ျဖင့္ အဆုံးသတ္ႏိုင္မည့္ဟန္ ႐ွိေနသည္။

သို႔ေသာ္ ခ်ဴဖုန္းကို သတၱမဓားခ်က္ ထုတ္လႊတ္ရသည္အထိ ဖိအားေပးႏိုင္ခဲ့သည္မွာ ဝမ္ခ်န္ အသုံးျပဳထားသည့္ ဤေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲ အလြန္ စြမ္းအားေကာင္းသည့္ အဓိပၸာယ္ပင္။

''အူး ...''
ထိုခဏ၌ပင္ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲက ဟိန္းေဟာက္လိုက္၏။ ၎၏ ပါးစပ္ႀကီးကို ဖြင့္ဟလိုက္ခ်ိန္တြင္ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းေသာ စြမ္းအားမ်ား ကိန္းေအာင္းေနသည့္ မေရမတြက္ႏိုင္ေသာ လွံသဏၭာန္ ခရမ္းေရာင္ သလင္းဆူးခြၽန္မ်ားက ခ်ဴဖုန္းထံ ေျပးဝင္လာၾကသည္။

ခ်ဴဖုန္းကို အနီးကပ္ တိုက္ခိုက္ႏိုင္စြမ္း မ႐ွိသျဖင့္ ဤေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲက အေဝးေရာက္ တိုက္ကြက္တစ္ခုကို ထုတ္လႊတ္ရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။ ထို႔ျပင္ ဤအေဝးေရာက္ တိုက္ကြက္မွာလည္း အလြန္႔အလြန္ စြမ္းအားေကာင္းေပသည္။

''ဆ႒မဓားခ်က္''
သို႔ေသာ္ ခ်ဴဖုန္းက ၎တို႔အားလုံးကို လ်စ္လ်ဴ႐ႈထားၿပီး ဆ႒မဓားခ်က္ကို ထုတ္လႊတ္လိုက္၏။ ဘုန္းခနဲ ေပါက္ကြဲသံတစ္ခုကို ၾကားလိုက္ၾကရသည္။ တစ္ဆက္တည္းဆိုသလို ျပင္းထန္ေသာ စြမ္းအင္လိႈင္းတစ္ခုက ေကာင္းကင္ကို အႀကီးအက်ယ္ ႐ိုက္ခတ္သြားေလသည္။ ခ်ဴဖုန္းက ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲ ပစ္လႊတ္လိုက္သည့္ တိုက္ကြက္ကို အၿပီးအပိုင္ ၿဖိဳခြဲလိုက္ျခင္း ျဖစ္သည္။

ထို႔ေနာက္တြင္ ခ်ဴဖုန္းက ဆက္လက္၍ ဟစ္ေႂကြးလိုက္သည္။
''သတၱမဓားခ်က္''

''ဝူးအူး ...''
သတၱမဓားခ်က္ က်ေရာက္သြားခ်ိန္တြင္ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲက တစ္ခ်က္ဟိန္းေဟာက္လိုက္သည္။ ၎၏ ဟိန္းေဟာက္သံက စူးစူးဝါးဝါး ေအာ္ဟစ္သံတစ္ခုႏွင့္ ပိုတူေနျခင္းသာ ႐ွိေပသည္။

သတၱမဓားခ်က္ က်ေရာက္သြားခ်ိန္တြင္ အလြန္႔အလြန္ ၿခိမ္းေျခာက္ႏိုင္ေသာ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲမွာ ၿပိဳလဲလုနီးနီး ျဖစ္သြားေၾကာင္း လူအမ်ား ႐ွင္းလင္းစြာ ျမင္ေတြ႕ေနၾကရသည္။

၎က အက္ေၾကာင္းမ်ားျဖင့္ ျပည့္ႏွက္သြားေသာ္လည္း ၎၏ ခႏၶာကိုယ္မွာမူ မပ်က္စီးေသးပါေခ်။

''အဲဒါကို ငါ ေလွ်ာ့တြက္မိခဲ့ပုံပဲ ... ဒါေပမဲ့ ဒီတစ္ေခါက္ေတာ့ အဆုံးသတ္သြားမွာပါ''
သူ၏ သတၱမဓားခ်က္ပင္ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲကို ေျခမြႏိုင္စြမ္း မ႐ွိခဲ့ေၾကာင္း ခ်ဴဖုန္း အလြန္ အံ့အားသင့္စြာ ေတြ႕႐ွိလိုက္ရသည္။ တစ္ဦးတစ္ေယာက္အေနျဖင့္ ခ်ဴဖုန္း၏ သတၱမဓားခ်က္က ပိုင္ယြင္ေ႐ွာင္း၏ အသက္ကို ႏုတ္ယူလုနီးပါး ျဖစ္ခဲ့သည္ကို သိ႐ွိထားသင့္ေပသည္။

သို႔ေသာ္ ယခုခဏ၌ သူက ဝမ္ခ်န္၏ ေျမကမ႓ာတားျမစ္ ေက်ာက္ခရမ္းသားရဲကို သတၱမဓားခ်က္ျဖင့္ ဖ်က္ဆီးရန္ မေအာင္ျမင္ခဲ့ေပ။

သို႔ေသာ္လည္း ဤသို႔ျဖစ္သည့္တိုင္ ခ်ဴဖုန္းက စိုး႐ြံ႕မႈ မ႐ွိပါေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ သတၱမဓားခ်က္မွာ ေျမကမ႓ာတားျမစ္ အဇဋာဓားခ်က္၏ အစစ္အမွန္ ခြန္အားအတြက္ ကိုယ္စားျပဳမႈတစ္ခု မဟုတ္ေသာေၾကာင့္ပင္တည္း။

***

အခန္း(၁၃၄၁) ဆက္ရန္...

Continue Reading

You'll Also Like

17.5K 335 10
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
56.8K 1.7K 23
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
179K 5.3K 103
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...