သာယာလှပသော နံနက်ခင်းလေး တစ်ခုမှာ Jeonဟာ မှိုင်းပြလျက်။
စီးကရက်တိုကို လက်ကြားညှပ်ကာ ခန်းစီးမှ တဆင့်မြင်နေရတဲ့ အပြာရောင်Companyကြီးကို အရသာခံကြည့်နေမိသည်။
ငါးနှစ်အတွင်း ဘယ်လိုများပြောင်းလဲသွားပါလိမ့်။
သူ့အတွက်အရာရာဟာ မနေ့တစ်နေ့ကလို ဖြစ်ပျက်ခဲ့ပေမယ့် အခြေနေတွေအကုန်လုံးကတော့ သူထင်ထားသလိုဖြစ်မလာခဲ့။
ကိုကိုဟာ သူ့အား ရင်ဖွင့်ကြိုဆိုမနေခဲ့။
အားငယ်တတ်တဲ့မျက်ဝန်းများက ဘာကြောင့်ခက်ထန်နေရသလဲ။
ကိုကိုဟာအရင်လိုဟုတ်မနေတော့ဘူး။
အများကြီးပြောင်းလဲသွားခဲ့သည်။
အမှောင်ထဲမှလွတ်ချိန် ပထမဦးဆုံးပြေးတွေ့ချင်မိသူဟာ ကိုကိုဖြစ်နေခဲ့ပေမယ့် ထင်မှတ်ထားသလိုမဖြစ်ခဲ့သောကာလ။
ဒုတိယအတွေ့ချင်ဆုံးသည် မညာတမ်းဝန်ခံရပါက Taeဖြစ်နေခဲ့သည်။သို့သော်.... Taeသည် အရိပ်လေးတောင်မမြင်ခဲ့ရပါ။
လွန်ခဲ့သော သုံးနှစ်လောက်ထဲက Taeဟာ ပျောက်ဆုံးသွားခဲ့ပါသည်တဲ့။
Taeမေမေဟာ အခုထိTaeကို ရှာလို့မတွေ့တာမို့ တငိုငိုတရယ်ရယ်ဖြင့် အရူးတပိုင်းဖြစ်နေပါသည်တဲ့လေ။သူတစ်ယောက်ထဲဆိုးဝါးသွားပြီထင်ခဲ့တာ အပြင်လောက က သူ့ထပ်တောင် ပိုဆိူးဝါးနေခဲ့သည်။အခြေအနေတွေကို လိုက်မမှီနိုင်တော့ပါ။
ကိုကို့နားပဲဆက်ရှိရမလား....ဒါမှမဟုတ်
ကမ္ဘာကြီးရဲ့တစ်နေရာရာမှာရှိနေမယ့် Taeကို ရှာရမလား။
မေးခွန်းနှစ်ခုလုံးအတွက် အဖြေဟာ သိပ်ခက်ခဲလှပါသည်....။
............
''Hyung ကျွန်တော်အလုပ်သွားတော့မယ် ပြန်ရင်Hoseokနဲ့ခဏ Barသွားမလို့ မနေ့ကသူ ဂျပန်ကပြန်လာတယ်လေ အာ့မို့နောက်ကျမယ် တာ့တာ''
ရှပ်အင်္ကျီအသားရောင်ကို စတိုင်ပင်အနက်ရောင်နဲ့တွဲဖက်ဝတ်ဆင်ကာထွက်သွားသောသူသည် တစ်ယောက်သောသူကလွဲရင် ကျန်အကြောင်းတရားများအား အမှတ်ရနေပါသေးသည်။
တစ်ခါတစ်လေ သူ့ရဲ့ကားအနက်လေးရှေ့မှာ အကြာကြီး ရပ်စဥ်းစားနေတတ်သည်။Coffeeတွေပိုသောက်ဖြစ်လာသည်။တစ်ခုခုကိုတွေးနေပုံပေါ်ပေမယ့် ဘာမှတော့ထုတ်မမေးပေ။သူ့ရဲ့ကူးငယ်လေးနဲ့မဆုံသေးပုံပါပဲ။
Companyရဲ့Car Parkingမှာ ပါကင်ထိုးလိုက်ပီး သူခပ်ကြော့ကြော့ပင် အဆောက်အအုံထဲဝင်လာခဲ့သည်။Park Jiminကိုမြင်သည်နှင့် လုပ်လက်စအလုပ်များပစ်ချကာနှုတ်ဆက်ကြသည်။
သူ့ရဲ့အတွေးရေးမှူးမလေးက Daily listကိုပြောပြနေပီး သူ့မျက်ဝန်းတွေကတော့ သူ့ရဲ့ဖုန်းမှအကြည့်မပျက်ပေ။ တစ်နေ့တာရဲ့Meetingတွေက Noteထဲ အများအပြားပင်။ နေ့လည်၂နာရီလောက်တော့ သူMeetingရှိမနေ။တော်သေးတာပေါ့ ထမင်းစားချိန်လေးကျန်သေးလို့။
''အင်း...ရပီ...ရပီ Coffeeတစ်ခွက်ဖျော်ပီး အခန်းထဲထည့်ထားလိုက် Car Showroomဘက်ခဏသွားလိုက်ဦးမယ်''
Park Jiminရဲ့ Companyက Jiminကိုယ်တိုင် စိတ်ကြိုက်ဒီဇိုင်းဆွဲထားတဲ့ Ji K Car Company။
သူကိုယ်တိုင်နာမည်ပေးကာ နာမည်ကြီးCar Companyတွေကြား ကျော်ကြားလာတဲ့Company။
တခြားကားတွေထပ်အရည်အသွေးအရည်အချင်းရောပုံစံပါသာနေသည်မို့ သူ့ကားတွေက သူ့နိူင်ငံမှာဘုရင်တစ်ဆူလို့ပေါက်မြောက်လှသည်။
အရင်ကတော့တခြားစီးပွားရေးတစ်ခုခုလုပ်ဖို့ဆုံးဖြတ်ထားပေမယ့် တစ်စုံတစ်ယောက်ကြောင့် ကားတွေဘက်လှည့်သွားတာတော့သိပေမယ့်တစ်စုံတစ်ယောက်ကဘယ်သူလဲမသိပေ။ကားတွေကိုထယ်လဲစီးနိူင်တဲ့ကလေး အဲ့ကလေးရဲ့ပုံရိပ်ရော နာမည်ရောက မှတ်ဉာဏ်ထဲပျောက်နေသလို။ဒါပေမယ့်လေ အဲ့ကလေးဆိုတာတော့သေချာပါသည်။
Car Showroomရဲ့ ကြမ်းပြင်ကို အနက်ရောင်ချည်းသုံးထားကာ စီတန်းရပ်ထားသော ကားများက ထည်ထည်ဝါဝါပင်။Brandအလိုက် စီထားသည်မို့ ဝယ်သူက လွယ်လွယ်ကူကူကြည့်ရှုလို့ရနိူင်သည်လေ။
ဝယ်သူတွေတိုးကြိတ်မနေပေမယ့် Showroomထဲ အနည်းဆုံး လူဆယ်ယောက်လောက်ရှိနေသည်။
''Hello MD Park ကိုယ်တိုင်ကိုယ်ကျလာတယ်ဆိုတော့ ဘာများအမှားရှိနေလဲမသိဘူးနော်''
သူ့ကိုတွေ့တော့ လုံခြုံရေးဦးလေးကြီးကစနှုတ်ဆက်သည်။သူကလည်းအပြုံးလေးပြန်ပေးကာ
''ဟုတ်တယ်ဗျ မနေ့ကအသစ်ရောက်လာတဲ့ကောင်တွေက ကျွန်တော်လိုချင်တဲ့အရောင်ဘက်မရောက်လို့ အတာလာကြည့်တာ''
''ဟုတ်ကဲ့ သေချာစစ်ကြည့်ပါဦး ဦးလေး ဟိုဘက်သွားဦးမယ်''
''ဂရုစိုက်သွားပါဗျ''
သူလည်းနှုတ်ဆက်ကာ မနေ့ကအသစ်ဝင်လာသော ကားတွေဘက်လျှောက်လာခဲ့သည်။
''ဧည့်သည်ရှင့် ဒီဘက်က ကားတွေက အရောင်းပိုင်းမတင်ရသေးလို့ မရောင်းသေးပါဘူးရှင့် ဟိုဘက်မှာစိတ်ကြိုက်လိုက်ကြည့်ပါနော်''
ကိုယ်ကြိုက်တဲ့အရောင်နဲ့စတစ်ကာကအစကိုယ်ကြိုက်တဲ့ပုံစံမို့ ကပ်နေပါသော်လည်း မရောင်းနိုင်ပါဘူးတဲ့လေ။မျက်စိထဲကမထွက်တဲ့ကားအလှလေးပါကွာ။
''ဘာဖြစ်လို့လဲ ''
''ဒီကဧည့်သည်က အရောင်းမတင်ရသေးတဲ့ ကားကို အတင်းဝယ်နေလို့ပါ ဆရာ''
ဆရာတဲ့။
အသံလေးကြားရုံထဲက MD Park ဆိုတာသိပါသည်။သောကြာနေ့တိုင်းလည်းShowroomဘက်လာတတ်တာသိတာမို့ သူ့ထပ်အရင်ကြိုစောင့်နေခြင်း။လူကိုတွေ့ချင်လို့စောင့်နေပေမယ့် လိုချင်သွားသည်က သူထုတ်တဲ့Limited Edition ကားပင်။
''အဲ့ကားက ကိုယ်ကြိုက်တဲ့အရောင်မဟုတ်လို့ မရောင်းတော့ဘူး''
''ဗျာ''
ဒီလောက်လှတဲ့ဇီးရောင်စိုစိုလေးကိုသူကမကြိုက်လို့မရောင်းပါဘူးတဲ့။သူမကြိုက်တိုင်းမရောင်းကြေးဆို ရောင်းကောင်းနေပါဦးမယ် Park Jimin shii။
''ကျွန်တော်ကဒါပဲလိုချင်တာ ပြီးတော့ဒီအရောင်ကျွန်တော်ကြိုက်တယ် မောင့်ထဲမှာဒီအရောင်မရှိသေးဘူးလေ ကိုကိုရာ''
အလိုမကျသည့်အခါတိုင်းပေါ်ထွက်လာတတ်တဲ့ယုန်ပေါက်စပုံစံက မမှတ်မိသူအား ခေါင်းကြီးသွားစေသည်။မထင်မှတ်ပဲ လွှတ်ခနဲထွက်သွားရတာပါ။ယုန်ကလေးသည်အမြန်အဆန်ပင်ပါးစပ်ကိုပိတ်လိုက်လေသည်။
သူ့ကိုယ်သူမောင်ဟုသုံးနှုန်းကာ ကိုကို ဟုရော ဘယ်သူ့ကိုခေါ်လိုက်သလဲ ဘေးကကောင်မလေးရော သူပါသိနေသည်။MD ကတော့ မျက်နှာတစ်ချက်လွှဲကာ မိန်းကလေးကတော့ မသိမသာပြုံးလေသည်။
''ဟေ့...ဟေ့... စကားကိုကောင်းကောင်းပြောစမ်းပါ ချစ်ဖို့ကောင်းသလိုပုံစံဖမ်းနေလဲ မရောင်းဘူးနော်''
''ရောင်းပေးပါဗျာ....နော်....နော် ''
လက်ညှိုးလေးထိုးကာ တနော်နော်နဲ့ယုန်ပေါက်လေးလိုကလေးလေးကို MDကြီးတို့အသဲယားစပြုလာသည်။ ဝတ်စားထားပုံက တကယ့်မိမိုက်နေပေမယ့် အပြုအမူကတော့ မူလတန်းကလေးပင်။
''မနက်ဖြန်ရောင်းမရောင်းစဥ်းစားမယ်''
''Okဗျာ...အာ့ဆို ကျွန်တော် ဒိုးပြီ''
ဆွေ့ဆွေ့ခုန်ထွက်သွားသောပေါက်စအားကြည့်ကာကောင်မလေးကတခစ်ခစ်ရယ်လေသည်။
''ချစ်စရာလေး''
''အဟမ်း...အလုပ်ကိုစိတ်နှစ်...ကဲ ပြောစမ်းပါဦး ဒီအရောင်ဖြစ်သွားရတဲ့အကြောင်းရင်း ကိုယ်ပြောတဲ့အရောင်က ဒီလိုဇီးကိုမှ လျှပ်တပြတ်ကြည့်လိုက်ရင် အနက်ဘက်ကိုသွားတာလေး လိုချင်တာ အခုမင်းတို့ဟာက လုံးဝကို ဇီးဖျော်ရည်ရောင်ဖြစ်နေတယ် ကိုယ်လိုချင်တာ ဇီးအနှစ် ဇီးဖျော်ရည်မဟုတ်ဘူး ၂ နာရီ ၁၅ Meetingခေါ်လိုက် ဒီကားProjectမှာ ပါတဲ့သူအကုန်တက်လို့ အကြောင်းအရင်းခိုင်မာဖို့သာပြင်ထားကြ မဟုတ်ရင် အဲ့ကားကို ဝယ်ရမယ်''
''ဆရာရယ် ခုနကအကိုဝယ်မယ်ပြောသားပဲ''
''မလိုချင်ဘူး နှစ်စီးထုတ်ထားတာ ဟုတ် တစ်စီးမင်းတို့ဝယ်''
တခြားနေရာတော့MDကသဘောကောင်းပေမယ့် အလုပ်မှာချို့ယွင်းရင်တော့နတ်ဆိုးလိုပင်။အရင်တစ်ခါကဘီးဒီဇိုင်းကမှားနေလို့ အကုန်လုံးစုကာ တကယ်ဝယ်ရတော့မည့်အခြေအနေမှာ ရောင်းထွက်သွားလို့တော်ကာကျသေးသည်။
MD ရဲ့ပုံစံကလေ သူကြိုက်တာနဲ့ထွက်လာတာနဲ့က ကွတ်တိ မတ်စိဖြစ်နေမှ မဟုတ်ရင် အဲ့ကားကို Showroomအရိပ်တောင်ပေးမနင်းချေ။ဒီဇီးဖျော်ရည်လေးတောင် သူစိတ်နှစ်ကိုယ်နှစ်ဒီဇိုင်းဖြစ်နေလို့ ပေါ့။ဒါတောင် အရောင်က လာလွဲနေတယ်။
..............
''Jin Hyung ကျွန်တော့်ကိုခေါ်တာ ဘာကိစ္စလဲ ဘာလဲ Hyung ထောင်ထဲပို့လိုက်တဲ့ကောင်က အစောကြီးပြန်ထွက်လာလို့ ပျော်နေလားဆိုပြီး လာကြည့်တာလား''
Jiminကိုအကြောင်းပြောပြချင်လို့ ချိန်းဆိူခဲ့ပေမယ့် တဖက်ကပစ်လွှတ်လိုက်သော စကားတွေကနာစေခဲ့သည်။
''မင်းကို ကလေးငယ်အကြောင်းပြောချင်တယ်''
''သူ့အနားမကပ်ဖို့အကြောင်းလား...အက်လိုဆိုရင်တော့Noနော် ငါးနှစ်ကြီးများတောင်ခွဲလာရတာဗျာ...လွမ်းလှပီ''
''သူကမင်းထပ်ပိုလွမ်းခဲ့တဲ့အကြောင်းရောမသိချင်ဘူးလား''
Jin ဟာ ဘာကြောင့်ဒီစကားပြောလဲ သူနားမလည်။ဝေးစေချင်လို့ခွဲထုတ်ခဲ့ပီးမှ လွမ်းနေတဲ့အကြောင်းတွေလာပြောပြဖို့လိုလို့လား။Jinတကယ်ဘာဖြစ်ချင်နေတာလဲ။
''ငါအရင်ဆုံးမင်းကိုတောင်းပန်ပါတယ် ကလေးငယ်ရဲ့စိတ်ကိုနားမလည်တာမို့ ငါမင်းရဲ့အဝေးဆုံးကိုတွန်းပို့မိခဲ့တယ် ငါသိလိုက်ရတာက မင်းနဲ့ဝေးချိန် သူကမင်းကိုသိပ်ချစ်မှန်းသိလိုက်ရတယ် ငါ့ကြောင့်သာမဟုတ်ရင်ငါ့ကလေးလေးက အမြဲတမ်းငိုနေရမှာမဟုတ်ဘူးလေ သူနေ့တိုင်းငိုတယ် ဘာမှလည်းမစားဘူး''
နေ့တိုင်းငိုတဲ့ဆိုတဲ့စကားမှာJeonမျက်ဝန်းတွေမှေးမှိန်သွားရသည်။
''သူကအကြောက်လွန်ရောဂါရှိတာမင်းကိုပြောပြဖူးပါတယ် သူမင်းကိုသိပ်ကြောက်တာအရင်ကဆိုအိပ်မက်မက်ဆိုးတွေမက်တယ်မင်းကိုလည်းမုန်းတယ်တဲ့လေ သူ့ရဲ့စကားတွေကို ငါက ယုံတယ် အမှန်တော့ သူက သူရဲ့ချစ်တတ်ခြင်းတွေကို အကြောက်စိတ်ကလွှမ်းမိုးနေတော့ ငါမမြင်ခဲ့မိဘူး ဒါကြောင့်မို့ သူ့ကိုနာကျင်စေတဲ့မင်းကို ငါအဝေးပို့ခဲ့တာ ဒါပေမယ့်လေ ငါမှားသွားခဲ့တယ် သူမင်းကိုသိပ်ချစ်တာ ....ဟင့်''
Jinကပြောရင်းမျက်ရည်စတွေပြိုဆင်းလာသည်။တကယ့်ခံစားချက်တွေပြောနေမှန်းသိတာမို့Tissueတစ်စအား လှမ်းပေးလိုက်သည်။
''ဒါပေမယ့်လေ...သူညဘက်ရောက်တိုင်းကြောက်စိတ်ကပြန်လွှမ်းလာတယ် မီးလောင်ရာလေပင့်ဆိူသလိုမျိုး သူစိတ်တွေမခိုင်ချိန် ငါကမင်းကိုမုန်းဖို့တွန်းအားပေးခဲ့မိတယ်....အဲ့လိုနဲ့ သူ့မှာ မင်းကိုချစ်တဲ့စိတ်တွေပျောက်သွားအောင်အထိကို မုန်းနေခဲ့တယ် ကူးငယ်ရယ်...မင်းကို မုန်းလွန်းလို့ မင်းပုံရိပ်တွေမမြင်အောင် မင်းအသံတွေမကြားအောင် အိပ်ဆေးတွေသောက်တယ် သူအိပ်ပျော်နေတဲ့အချိန်ကအအေးချမ်းဆုံးပဲ သူနိူးလာရင်တော့ သောင်းကျန်းနေခဲ့တာ....နောက်ဆုံးတော့.... ငါလေ...ငါ...သူ့ကိုအရမ်းသနားလို့...ပြီးတော့ မင်းအပေါ်လည်း သူ့ကြောက်စိတ်တွေလျော့ပါးသွားအောင်လို့....''
''ခင်များ Jiminကို ဘာလုပ်ခဲ့ပြန်တာလဲ ဗျာ...''
Jeonမေးသံမှာ ငိုသံတွေနဲ့။
''ငါ...သူ့ကိုDrနဲ့တိုင်ပင်ပီး...ကြောက်စိတ်ပျောက်ကုထုံးနဲ့ကုသခဲ့တယ်...သူအခုလေ...''
''ကျွန်တော့်ကိုမသိတော့ဘူးမလား....''
''ဟုတ်ပါတယ် ဒါပေမယ့်လေ မင်းကြိုးစားလို့ရတဲ့နည်း သူပြန်သိလာအောင်လုပ်တဲ့နည်း ငါလာပြောပြတာ''
''အဲ့တာကဘာလဲ''
''သူ့ကိုအရင်လိုလူမိုက်ကြီးပုံစံမဟုတ်ပဲ...ကလေးလေးတစ်ယောက်လိုပြုမူပေးပါ...သူကJeon Jung Kookကို မေ့နိုင်ပေမယ့် ကူးငယ်လေးကိုတော့ မှတ်မိနေပါသေးတယ်ကွာ''
6.10.2023
တစ်ခုခုမန့်ကြနော်
ဒါလေးပီးရင်အချစ်ဦးလေးUpdateပေးမယ်ကလေးတို့ရေ🥺